← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

🌻 Chapter 182

ယင်ကျန်း အသံသြသြဖြင့် ပြောလာသည်။

"ဒီရက်ပိုင်း ကိုယ်မင်းကို အရမ်းအလိုလိုက်ထားမိပြီလား"

ကမ်းချန်ချန် နောက်တွန့်သွားပြီး သူမဆီမှ ခက်ထန်နေသော အမူအရာများ ပျော့ပျောင်းသွားသည်။ လီစဲဖူသည် ထိုသူတို့နှစ်ဦးကြားရှိ အပြန်အလှန် ပြောဆိုဆက်ဆံမှုများကို ကြည့်ရင်း သူမ အခန်းထဲတွင် သူတို့ ထိပ်တိုက်တွေ့ခဲ့ကြသော မြင်ကွင်းကို ပြန်လည် အမှတ်ရသွားကာ ရင်ထဲတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အရာရာတိုင်း ပြောင်းလဲသွားပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဟုန်လီ ယင်ကျန်း ခြေထောက်ကို ဖက်တွယ်လာသည်။

"ခမည်းတော်... သား မြင်းစီးချင်တယ်"

ယင်ကျန်း သူ့ကို လှည့်ကြည့်လာသညိ။

"ကောင်းပြီ၊ မင်း ဗိုက်ဝအောင် စားပြီးရင် ခမည်းတော် နောက်ကို လိုက်ခဲ့"

ဟုန်လီ ပြုံးဖြီးဖြီးဖြင့် "ဟုတ်ကဲ့"

ထမ်းစင်ထဲတွင် ထိုင်နေသော ကန်ရှီးသည် ယင်ကျန်းမြင်းပေါ်တွင် ကလေးတစ်ယောက်ပါလာသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် လိုက်ကာကို မ၍ ကြည့်သည်။ အံ့သြစရာကောင်းသည်မှာ ထိုကလေးက သူ့မျက်စိထဲတွင် ကြည့်လို့ကောင်းနေခြင်းပင်။

ထိုကလေးသည် ချောမောခန့်ညားကာ တောက်ပသော မျက်လုံးများ၊ ဖြူဝင်းသော သွားများနှင့်အတူ မင်းမျိုးမင်း နွယ် အရှိန်အဝါကို ထုတ်လွှင့်နေလေသည်။ အရေးအကြီးဆုံးမှာ ထိုကလေးသည် အိမ်ရှေ့စံမင်းသား ငယ်ရွယ်စဉ်အခါက ပုံစံနှင့် ဆင်တူနေခြင်းပင်။

ကန်ရှီးသည် အတိတ်ကို ပြန်လည် တမ်းတနေစဉ် သူ့မျက် လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး ရထားလုံးကို ရပ်ရန် အမိန့်ပေးသည်။

"အရှင်မင်းကြီး... တစ်ခုခု အရေးကိစ္စ ရှိလို့ပါလား"

လျန်ကျိုကုန်းက ခါးကို ကိုင်းညွှတ်လျက် အလျင်စလို ပြေးလာသည်။ ကန်ရှီးကပြောသည်။

"သွား... စတုတ္ထမင်းသားကို သွားခေါ်ချေ"

ယင်ကျန်းက ခမည်းတော် သူ့ကို ခေါ်နေကြောင်း ကြားသော အခါဟုန်လီကို မြင်းပေါ်မှ အမြန် ချပေးပြီးနောက် သူကိုယ် တိုင်လည်း ဆင်းကာ ဟုန်လီကို ခေါ်ဆောင်၍ ရထားလုံးဘေးတွင် ဒူးထောက်လိုက်သည်။ ကန်ရှီးက ဟုန်လီကို ကြည့်ကာ လက်ယက်ခေါ်သည်။

"ဒီနားကို တိုးလာခဲ့"

ဟုန်လီက ရဲတင်းစွာ ထရပ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။

ကန်ရှီးသည် ဟုန်လီကို အနီးကပ် ကြည့်လေလေ ပိုကျေနပ် လေလေ ဖြစ်လာသည်။ သူက ဟုန်လီကို ပွေ့ချီကာ သူ့ရင်ခွင်ထဲတွင် ထားလိုက်သည်။

"မင်းက ဘယ်သူလဲ"

ဟုန်လီက ရှင်းလင်းပြတ်သားစွာဖြင့် ပြန်ဖြေသည်။

"ဘိုးဘိုးဧကရာဇ်ကို ပြန်လည်လျှောက်တင်ရရင်... သားတော်က ခမည်းတော်ရဲ့သား အိုက်စင်ကျွယ်လော့ ဟုန်လီပါ"

ယင်ကျန်း လက်ဖဝါးများမှာ စိုးရိမ်ပူပန်မှုကြောင့် ချွေးများပင်ထွက်နေလေသည်။

ကန်ရှီးက အားပါးတရ ရယ်မောလိုက််သည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ဘယ်သူကများ အဖေရဲ့ သားတွေ မဟုတ်လို့လဲ"

ယင်ကျန်းက ပြောသည်။

"ခမည်းတော်... သူက ကျွန်တော့်ရဲ့ စတုတ္ထသားတော်ပါ"

ကန်ရှီး လက်ယမ်းပြသည်။

"ကောင်းပြီ၊ မင်း မြင်းကို မင်းဘာသာ စီးတော့၊ ဟုန်လီကို ငါကိုယ်တော်နဲ့အတူ ရထားလုံးထဲ လိုက်စီးခိုင်းလိုက်"

ယင်ကျန်းသည် ဟုန်လီကို ထပ်မံကြည့်လိုက်ရင်း ဟုန်ကျိုးက သူ့နောက်သို့ လိုက်မစီးခဲ့သည်ကို ကံကောင်းသည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် ဟုန်ကျိုးက ခမည်းတော်ကို ဒေါသထွက်အောင် လုပ်မိမည်မှာ သေချာပေသည်။ ပြန်ရောက်သောအခါ ဟုန်ကျိုးကို သွန်သင်ဆုံးမရန် အချိန်ပေးရမည်ဟု သူ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ကန်ရှီးသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ခမ်းနားကြီးကျယ်သော ယာဉ်တန်းကြီး နွေရာသီ အပန်းဖြေစံအိမ်သို့ ရောက်ရှိရန် ခုနစ်ရက် ရှစ်ရက်ခန့် အချိန်ယူခဲ့ရသည်။

ဟုန်လီသည် ကန်ရှီးအနားတွင်သာ တောက်လျှောက်နေခဲ့ရသည်။ ဤသားတော်သည် အနာဂတ်တွင် ဧကရာဇ်ဖြစ်လာမည်ဟု တွေးမိသော ကမ်းချန်ချန်သည် သူ့ကို ကလေးတစ်ယောက်လို သာမန် ဆက်ဆံ၍မရနိုင်တော့ပေ။ ယ

ခုအခါ ကန်ရှီးက သူ့ကို တကယ်ပင် အချစ်ပိုလာသည်ကို မြင်သောအခါ ကံကြမ္မာကို သူမ သက်ပြင်းမချဘဲ မနေနိုင်အောင်ဖြစ်သွားသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဟုန်ကျိုးက သူမ သားအရင်းနှင့် ပိုတူပြီး အလွန်ဆော့ကစားတတ်ကာ ချစ်စရာကောင်းလှသည်။ ကမ်းချန်ချန်သည် ဟုန်ကျိုး၏လုံးဝန်းနေသော

ဗိုက်လေးကို ပွတ်သပ်ကာ သူ့ကို ဖက်ထားပြီး ထပ်မံ နမ်းလိုက်ပြန်သည်။

ဟုန်ကျိုးက သူ့မျက်နှာပေါ်မှ သွားရည်များကို သုတ်လိုက်ပြီး ပြွတ်စ်ခနဲ မြည်အောင် ကမ်းချန်ချန်မျက်နှာကို ပြန်နမ်းလေသည်။

ကမ်းချန်ချန် "လူဆိုးလေး... ဘာလုပ်တာလဲ"

ဟုန်ကျိုး ချက်ချင်းပင် ချိုသာစွာ ပြုံးပြလာသည်။

"ဟီးဟီး"

ထိုနေ့ ညနေပိုင်းတွင် ကန်ရှီးသည် ညစာစားပွဲ တစ်ခုကို ကျင်းပခဲ့သည်။

ကမ်းချန်ချန်နှင့် ဟုန်ကျိုးတို့သည် စားသောက်နေကြစဉ် သူမ ခေါင်းလှည့်ကြည့်လိုက်ရာ နန်းတွင်းအစေခံမလေး တစ်ယောက်သည် အဝေးမှ ကပြဖျော်ဖြေနေမှုကို ငေးကြည့်ကာ အာရုံလွင့်နေသည်ကို တွေ့လိုက်ရသည်။

သူမ ဟင်းရည်ပန်းကန်ကို ကိုင်ထားသော လက်မှာ ယိုင်သွားပြီး အငွေ့တထောင်းထောင်းထနေသော ဟင်းရည်များက ဟုန်ကျိုး ခေါင်းပေါ်သို့ ဖိတ်ကျလုနီးပါး ဖြစ်နေသည်။

သူမ မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်းပင် လက် လှမ်း၍ တားလိုက်သည်။ ဟင်းရည်ပန်းကန်သည် မြေကြီးပေါ်သို့ ကျကွဲသွားပြီး သူမ လက်မောင်းမှာ ရွှဲနစ်သွားသော် လည်း ကံကောင်းစွာဖြင့် ဟုန်ကျိုးမှာ အထိအခိုက် မရှိခဲ့ပေ။

ထိုအစေခံမလေးသည် ချက်ချင်းမြေပြင်ပေါ်၌ ဒူးထောက်ချကာ ခေါင်းကိုမြေကြီးဖြင့်ထိလျက် တောင်းပန်သည်။

"တောင်းပန်ပါတယ် စဲဖူ... ကျွန်မရဲ့ တာဝန်ဝတ္တရားပျက် ကွက်သွားတာပါ"

ကမ်းချန်ချန်သည် အလုပ်လုပ်ကိုင်နေရသူများ အခက်အခဲများကို နားလည်နိုင်ပေသည်။ အထူးသဖြင့် နန်းတော်ထဲရှိ လူများအတွက်ဆိုလျှင် အမှားတစ်ခုလေးက သူတို့၏ အသက်ကိုပါ ပေးဆပ်ရနိုင်သည် မဟုတ်ပါလား။

သူမအနေဖြင့် ဤကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ကောင်းဖြစ်မည်ဖြစ်ရာ စိတ်လှုပ်ရှားသွားသည်မှာ နားလည်ပေးနိုင်စရာပင် ဖြစ်သည်။ ထို့ကြောင့် ကမ်းချန်ချန်က သူမကို ထရန် ပြောသည်။

"ရပါတယ်၊ နင် တမင်တကာ လုပ်တာမှ မဟုတ်တာ"

ယွင်ကျွမ်းက သူမ အင်္ကျီလက်များကို ခေါက်တင်ပေးရန် ကူညီလေသည်။ ကံကောင်းစွာဖြင့် အင်္ကျီလက်မှာ အတော်လေး ထူထဲသောကြောင့် သူမ အပူလောင်သွားသော်လည်း သိပ်မပြင်းထန်လှပေ။

သို့သော် သူမ အင်္ကျီလက်ပေါ်ရှိ ဟင်းရည်စွန်းထင်းမှုများမှာမူ ကြည့်ရအတော်ဆိုးနေသည်။

ယွင်ကျွမ်း "စဲဖူ အဝတ်အစားလဲပြီး ဆေးလူးဖို့ ကျွန်မ ပြန်လိုက်ပို့ပေးရမလား"

ကမ်းချန်ချန် နာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ ပြောသည်။

"ငါတို့နေရာက ဒီနဲ့ အရမ်းဝေးတယ်၊ ညစာစားပွဲပြီးတာနဲ့ ငါ ပြန်သွားလိုက်မယ်"

အစေခံမလေးက အမြန်ပြောလေသည်။

"စဲဖူ... ကျွန်မရဲ့ အခန်းက ဒီနားနဲ့ အတော်လေး နီးပါတယ်၊ ကျွန်မဆီမှာ လိမ်းဆေးနည်းနည်း ရှိတယ်၊ အားလုံးက ကျွန်မ အမှားတွေပါ၊ ကျွန်မရဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေး တစ်ကြိမ်လောက်ပေးပါ"

ကမ်းချန်ချန်သည် လက်ခံနိုင်ဖွယ်ရှိသည်ဟု ထင်လိုက်ကာ ဟုန်ကျိုးအတွက် စိုးရိမ်နေသဖြင့် သူမက ယွင်ကျွမ်းနှင့် ဟွာယွီတို့ကို ကလေးကိုစောင့်ရှောက်ရန် ထားခဲ့ပြီး ထိုအစေခံမလေးနှင့်အတူ ထွက်သွားခဲ့သည်။

ဒါက နန်းတော်ထဲမှာဖြစ်ပြီး သူမမှာ အားကိုးစရာ သိုင်းပညာစွမ်းရည်တွေ ရှိနေတာဆိုတော့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး...

ထို့ကြောင့် ကမ်းချန်ချန်သည် ထိုအစေခံမလေး နောက်မှလိုက်ကာ အခန်းထဲသို့ ဝင်သွားပြီး အစေခံမလေးအား အအေးဓာတ်ပေးသော လိမ်းဆေးကို လူးခိုင်းသည်။ သူမက အနည်းငယ် သံသယဖြင့် မေးသည်။

"နင့်လို အစေခံတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ဒဏ်ရာလိမ်းဆေးမျိုး သုံးနိုင်တာလဲ"

အစေခံမလေးကမူ မျက်နှာအမူအရာ မပျက်ဘဲ ဖြေသည်။

"ဒါက ပြီးခဲ့တဲ့တစ်ခေါက် ကိုယ်လုပ်တော်ယီ ပေးထားတဲ့ လက်ဆောင်ပါ ကျွန်မက မသုံးရက်လို့ သိမ်းထားတာပါ"

ကမ်းချန်ချန်သည် သူမ ငယ်စဉ်ကလေးဘဝက ရုပ်မြင်သံ ကြားတွင် ဤကိုယ်လုပ်တော်ကို မကြာခဏမြင်တွေ့ခဲ့ဖူးသဖြင့် ကိုယ်လုပ်တော်ယီဟူသော နာမည်ကို ကြားလိုက်ရသောအခါ စိတ်ဝင်စားသွားလေသည်။

"နင်က ကိုယ်လုပ်တော်ယီရဲ့ နန်းဆောင်ကလား"

"ကျွန်မက အရင်က ကိုယ်လုပ်တော်ယီကို အလုပ်အကျွေးပြုခဲ့တာပါ၊ အခုတော့ ဒီနေရာကိုတာဝန်ချထားခံရတာပါ"

နန်းတွင်းကိစ္စများကို စုံစမ်းမေးမြန်းနေခြင်းက ကောင်းသောအကြံ မဟုတ်ကြောင်း ကမ်းချန်ချန် ရုတ်တရက် သဘော ပေါက်သွားလေသည်။ တကယ်လို့ ကန်ရှီးဧကရာဇ်သာ သိသွားပါက သူ နောက်တစ်ကြိမ် သံသယဝင်သွားပေလိမ့်မည်။ ထို့ကြောင့် သူမ စကားရပ်လိုက်ပြီး ပြောလေသည်။

"ဒီမှာ ငါ့လို ဝတ်စုံမျိုး နင့်ဆီမှာ ရှိမှာမဟုတ်ဘူး၊ ငါ ရေနဲ့ပဲ ဆေးလိုက်ပါ့မယ်၊ နွေရာသီဆိုတော့ ပူတယ်လေ၊ အမြန်ခြောက်သွားမှာပါ"

အစေခံမလေးက တောင်းပန်သည့် လေသံဖြင့် ထပ်ပြောသည်။

"ဒါဆို စဲဖူအတွက် ရေသွားခပ်ပေးပါ့မယ်၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ စဲဖူ"

ကမ်းချန်ချန်သည် အခန်းထဲတွင် ထိုင်စောင့်နေသော်လည်း မကြာမီမှာပင် တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားသည်။ ဘာလို့များ သူမရဲ့ လက်မောင်းက ပိုပိုပြီး ပူလာရတာလဲ၊ အဲဒီလိမ်းဆေးမှာများ တစ်ခုခုမှားယွင်းနေလို့လား...

All Chapters