အခန်း ၁၅၂
Vol. 16 Ch. 152
🌻 Chapter 152
ကမ်းချန်ချန်က ပြောသည်။
"ရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သစ္စာတရားက နေ့နဲ့ညလို ရှင်းလင်းနေတာပဲ၊ ရှင် ကျွန်မကို မယုံသေးဘူးဆိုရင်တော့ ကျွန်မ သစ္စာဆိုရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး"
ယင်ကျန်း သရော်လိုက်သည်။
"မင်းက တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေကိုမှ မယုံတာ၊ သစ္စာဆိုတော့ကော ဘာအသုံးကျမှာမလို့လဲ"
ကမ်းချန်ချန်က ပြောသည်။
"ကျွန်မ တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေကို မယုံဘူးဆိုပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဝူကော်ကော်ကို အိပ်မက်မက်တယ်၊ အဲဒါ ထူးဆန်းမနေဘူးလား၊ သူမက မြေအောက်မှာ ပင်ပန်းဆင်းရဲလွန်းလို့ သေရတော့မယ်လို့တောင် ပြောပြီး သူမအတွက် ငွေစက္ကူတွေ မီးရှို့ပေးဖို့ တောင်းဆိုခဲ့သေးတယ်"
ယင်ကျန်းက ပြောသည်။
"အဲဒါ မင်း တစ်နေ့လုံး ဘာမှလုပ်စရာမရှိဘဲ လျှောက်တွေးနေလို့ ဖြစ်ရမှာပေါ့"
ကမ်းချန်ချန် မျက်လုံးများ ဟိုဟိုဒီဒီကစားကာ ထပ်ပြောသည်။
"ဟူး... သေချာပြန်တွေးကြည့်တော့လည်း သူမ တကယ့်ကို သနားစရာကောင်းပါတယ်၊ သူမ ထွက်သွားလို့ရနေပြီကို စံအိမ်မှာ ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောဂါနဲ့ သေဆုံးသွားရတာလဲ၊ သူမ ဆန္ဒတွေမှ မပြည့်ဝခဲ့တာ၊ ဘယ်လိုလုပ်အေး ချမ်းစွာ အနားယူနိုင်မှာလဲ"
"လူအဖြစ်မွေးဖွားလာမှတော့ အရာအားလုံးက ဘယ်လိုလုပ် ကိုယ့်ဆန္ဒအတိုင်း ဖြစ်နိုင်ပါ့မလဲ"
"သူမ ကျွန်မဆီ လာတွေ့တာက ကိစ္စသေးပေမဲ့ ရှင့်ဆီ လာတွေ့ရင် ရှင် လန့်သွားမှာကို ကျွန်မ စိုးရိမ်လို့ပါ၊ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက ရှင်သာ သူမကို အိမ်ပြန်ပို့လိုက်ရင် သူမ အပြင်ဘက်မှာ တစ်နှစ်လောက် လွတ်လွတ်လပ်လပ် နေရမှာလေ"
ယင်ကျန်း မျက်နှာက အေးစက်သွားပြီး မေးသည်။
"မင်း အဲဒါ ဘာသဘောနဲ့ ပြောတာလဲ"
ကမ်းချန်ချန် အမြန်ပြုံးကာ ဆက်ပြောသည်။
"ကျွန်မ တခြားရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး၊ ကျွန်မ အမှားပါ၊ သူမအကြောင်း မပြောသင့်ခဲ့ဘူး၊ တကယ်တော့ ဒီရက်ပိုင်း ခမည်းတော်က မင်းသားတစ်စုကို နယ်စပ်ဆီ ခေါ်သွားတော့ မြို့တော်မှာ အရှင်က အဓိကတာဝန်ယူထားရတာလေ၊ အရှင် စည်းမျဉ်းတွေကို လုံးဝဂရုမစိုက်ဘဲ ကျွမ်းကျင်တဲ့ ကိုယ်ရံတော်တချို့ကို လွှတ်ပြီး စုန့်ကော်ကော်ကို အိမ်ပြန်ပို့ပေးလို့ရတာပဲ၊ အနည်းဆုံးတော့ ကျွန်မ သူမကို လိုက်ပို့ပေးနိုင်ပါတယ်၊ ကျွန်မရဲ့သိုင်းပညာက တော်တော်လေး ကောင်းတယ်ဆိုတာ အရှင်သိသားပဲ"
"မင်းရဲ့ သာမန်လောက်ပဲရှိတဲ့ သိုင်းပညာနဲ့လား"
ယင်ကျန်း မလှောင်ဘဲ မနေနိုင်အောင် ဖြစ်သွားကာ နှုတ်ခမ်းကိုစေ့ပြီး လေးနက်စွာ ပြောသည်။
"ခမည်းတော် မရှိတဲ့အချိန်မို့လို့ပဲ ကိုယ်က ထူးထူးခြားခြား လှုပ်ရှားမှုတွေ လုပ်လို့မရတာပေါ့ မဟုတ်ရင် အခြားသူကသာ ကောလဟာလတွေ ဖြန့်လိုက်ရင် ကိုယ်က ကျန်းနန်က အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပုန်ကန်ဖို့ ကြံစည်တယ်ဆိုပြီး စွပ်စွဲခံရနိုင်တယ်"
ကမ်းချန်ချန် ရင်ထဲ ထိတ်သွားကာ မေးလိုက်သည်။
"တကယ်ပဲ အဲဒီလောက်ထိ ပြင်းထန်တာလား၊ ခမည်းတော်က ဉာဏ်ပညာကြီးမားပြီး သနားကြင်နာတတ်တဲ့ ဧကရာဇ်တစ်ပါး မဟုတ်ဘူးလား၊ သူက အဲဒီလို အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို တကယ်ပဲ ယုံကြည်မှာတဲ့လား၊ ရှင် လျှောက်တွေးပြီး စိုးရိမ်လွန်နေပြီ"
"နောင်တရတာထက်စာရင် ဘေးကင်းတာက ပိုကောင်းတာပေါ့၊ သတိထားတာ အမြဲတမ်းကောင်းတယ်"
"ဒါပေမဲ့ စုန့်ကော်ကော်က တကယ့်ကို ဒုက္ခရောက်ခဲ့ရတာ၊ သူမ တော်တော်လေးပိန်သွားတယ်"
"သူမ အသက် ၁၅ နှစ်အရွယ်မှာ ကိုယ့်အနားကို ရောက်လာခဲ့တာ၊ အခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ၁၈ နှစ်တောင် ကုန်လွန်သွားခဲ့ပြီ"
ယင်ကျန်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ကမ်းချန်ချန်ကို စူးစိုက်ကြည့်လာသည်။
"မင်းက သူမ ပိန်သွားတာကိုပဲ မြင်တယ်၊ ကိုယ်လည်း ပိန်သွားတာကိုရော သိရဲ့လား"
ကမ်းချန်ချန် သူ့ကို သေချာကြည့်လိုက်သော်လည်း သိပ်မသိသာလှသဖြင့် ပြန်ပြောသည်။
"ယောကျ်ားတွေက နည်းနည်းပိန်တာ ပိုကောင်းပါတယ်၊ မဟုတ်ရင် ရှင့်အသက်အရွယ်နဲ့ဆို အဆီဖုံးပြီး ကြည့်ရဆိုးသွားနိုင်တယ်"
"မင်းက ကိုယ့်ကို ရွံနေပြီလား"
သူ အနည်းငယ် နာကျင်သွားပုံရသည်။
ကျွတ်ကျွတ်... သူ ဘယ်လိုလုပ် ဒီလောက်တောင် ခံစားလွယ်နေရတာလဲ...
ကမ်းချန်ချန် သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
"ကျွန်မက ဘယ်လိုလုပ် ရွံရမှာလဲ၊ အရှင် ဘယ်လောက်ပဲ ပိန်ပိန်၊ ၀၀၊ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ် ရောက်သွားရင် တောင်မှ အရှင်က ကျွန်မရင်ထဲမှာ အမြဲတမ်းအရပ်ရှည်ပြီး ခန့်ညားတဲ့၊ တစ်သက်တာအတွက် ကျွန်မ မှီခိုရာကျော ထောက်နောက်ခံကြီးပါပဲ"
ယင်ကျန်း သူမကို စူးစိုက်ကြည့်လာသော်လည်း ထိုကိစ္စကို ဆက်မပြောတော့ချေ။
ကမ်းချန်ချန်က သူ့သက်တမ်းသည် အသက်ငါးဆယ်ကျော်သာ ရှိသည်ဟု ယခင်က ပြောခဲ့ဖူးသည်ကို သူ သတိရမိသော် လည်း အရေးမကြီးပေ။
အုပ်ချုပ်သူတစ်ယောက်အတွက် အသက်ကြီးလာပြီး အိုမင်း မစွမ်းဖြစ်လာခြင်းက မိုက်မဲသော လုပ်ရပ်များကို အလွယ် တကူ ဖြစ်ပေါ်စေနိုင်ပြီး ပြည်သူများအတွက် ဆိုးရွားလှပေလိမ့်မည်။
နောက်တစ်နေ့တွင် ယင်ကျန်းသည် ဘေးအိမ်ရှိ မင်းသားရှစ် စံအိမ်သို့ အထူးတလည် သွားရောက်သည်။ အဌမမင်းသားဖူကျင်းက ဟန်ဆောင်ပြုံးပြကာ ပြောသည်။
"အို... တိုက်ဆိုင်လိုက်တာ၊ ရှင့်ရဲ့အဌမညီတော်နဲ့ နဝမညီတော်တို့ အပြင်ထွက်သွားကြတယ်"
ယင်ကျန်း ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောသည်။
"ကျွန်တော် သိပါတယ်၊ မင်းကို လာတွေ့တာပါ"
အဌမမင်းသားဖူကျင်းက နားမလည်နိုင်စွာဖြင့် မေးသည်။
"ကျွန်မကို လာတွေ့တာလား"
ယင်ကျန်း သူ့အင်္ကျီလက်ထဲမှ ငွေစာရင်းတောင်းခံလွှာတစ်ခုကို ထုတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ပြောသည်။
"နဝမညီတော်က ငွေမက်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ လူကြီးလူကောင်းတစ်ယောက်က ငွေကို ချစ်ပေမဲ့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရှာဖွေရတာမျိုးလေ၊ သူက အဌမမင်းသားကို ပြည့်တန်ဆာတဲတွေဆီ အမြဲဆွဲခေါ်သွားပြီး ကိစ္စတွေ ဆွေးနွေးတယ်
လောဘကြီးပြီး ကာမဂုဏ်မက်တဲ့ ကုန်သည်တစ်စုနဲ့ ပေါင်း သင်းတယ်၊ ပြီးတော့ ပြည့်တန်ဆာတွေနဲ့ တရားမဝင် ပတ် သက်နေတယ်၊ နိုင်ငံခြားသူတွေနဲ့တောင် ရှုပ်ရှုပ်ထွေးထွေး ပတ်သက်နေသေးတယ်၊ ဒါတွေသာ အပြင်ကို သတင်းပေါက်ကြားသွားရင် ကျွန်တော့တို့ ချင်မင်းဆက်ရဲ့ မင်းသားတွေအတွက် အရှက်ရစရာ မဖြစ်သွားဘူးလား"
ထိုစကားကို ပြောပြီးနောက် ယင်ကျန်းသည် လက်ဖက်ရည်ပင် မသောက်တော့ဘဲ ထွက်သွားခဲ့သည်။ အဌမမင်းသားဖူကျင်းသည် ထိုတုန်လှုပ်ဖွယ်ရာ သတင်းများကို စဉ်းစားဆင်ခြင်ပြီးနောက် ရှင့်အပူ ပါလို့လားဟု ပြန်လည်ချေပရန် ပြင်သော်ငြား သူ ထွက်သွားပြီဖြစ်ကြောင်း မြင်သောအခါ သူမ အံ့ကြိတ်ကာ တိတ်တိတ်နေရသည်။
သူမသည် ပြည့်တန်ဆာအိမ်များနှင့် စားသောက်ဆိုင်များမှ ငွေစာရင်းတောင်းခံလွှာများကို ကြည့်ကာ သူမ ယုံကြည်ရသော လူယုံများကို ပြည့်တန်ဆာအိမ်များသို့ စုံစမ်းရန်စေ လွှတ်လိုက်သည်။ အစေခံများ၏ သတင်းပို့ချက်ကို ကြားပြီးနောက် သူမ စားပွဲကို လက်ဖြင့် ရိုက်ချလိုက်ကာ ဒေါသတကြီး အော်ဟစ်သည်။
"ယင်ထန်"
ထိုနေ့ညနေပိုင်းတွင် နဝမမင်းသားသည် အနည်းငယ် အရက် မူးနေပြီး သီချင်းတစ်ပုဒ်ကို ညည်းကာ အိမ်သို့ ရောက်လာသည်။ သို့သော် နဝမမင်းသားဖူကျင်းသည် အနီရောင်ပန်း ဖွားတပ် ငွေလှံကိုကိုင်ကာ ဒေါသကြောင့် မျက်နှာကြီး ရှုံ့မဲ့နေသော အဌမမင်းသားဖူကျင်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ နဝမမင်းသားဖူကျင်းက သူ့ကို မျက်စိမှိတ်ပြကာ အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် ပြေးတော့ဟု သတိပေးသည်။
ယင်ထန်သည် ချက်ချင်း နောက်ဆုတ်သွားကာ တုံ့ဆိုင်းမနေဘဲ လှည့်၍ နောက်သို့ ပြေးလေတော့သည်။ ဖိနပ်ပါးများအစား ဖိနပ်မြင့်များကို တမင်ရွေးချယ်စီးထားသော အဌမမင်းသားဖူကျင်းသည် သူ့နောက်သို့ အမြန်လိုက်ဖမ်းကာ ကျိန်ဆဲသည်။
"နင့်လို လူယုတ်မာကောင်၊ နင့်စိတ်က နင့်အစ်ကိုကို လမ်းမှားရောက်အောင် ဆွဲခေါ်ဖို့ပဲ သိတယ်၊ နင် လောဘတွေ ဖုံးလွှမ်းပြီး ငွေကိုပဲ မက်နေတာ၊ စောစောစီးစီး ဆိုးဆိုးရွားရွား သေရလိမ့်ဟဲ့"
သူမက ငွေလှံကို အံ့မခန်း ချောမွေ့မြန်ဆန်စွာ ကိုင်တွယ်လှုပ်ရှားကာ နဝမမင်းသား တင်ပါးကို နှစ်ကြိမ်တိတိ ထိုးလိုက်ပြီးနောက် ကျောပြင်ကို ပွတ်ဆွဲကာ အဆုံးတွင် လည်ပင်းကိုထိုးလိုက်သည်။
နဝမမင်းသားသည် သူ့အနောက်မှ အေးစက်စက် အလင်း ရောင်တစ်ချက်ကို ခံစားလိုက်ရပြီး ဆံပင်ကျစ်ဆံမြီးမှာ အင်အားပြင်းပြင်းဖြင့် နောက်သို့ ဆွဲခံလိုက်ရသည်။
"အား"
သူ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားပြီး သူ့ ကိုယ်တွင်းအင်္ဂါများမှာ နာကျင်စွာ တဆစ်ဆစ် ကိုက်ခဲသွားသည်။ သူ ထရန် ကြိုးစားလိုက်စဉ်မှာပင် အဌမမင်းသားဖူကျင်းက သူ့ရင်ဘတ်ကို နင်းထားလိုက်သဖြင့် သူ့မှာ အသက်ရှူရ ခက်ခဲသွားလေသည်။ နဝမမင်းသားဖူကျင်းက တောင်းပန်လေသည်။
"အဌမအစ်မတော်... ဒီတစ်ခါတော့ နဝမမင်းသားကို ခွင့်လွှတ်ပေးလိုက်ပါ၊ သူ မှတ်လောက်သွားပါပြီ၊ နောက်ဆို သေချာပေါက် လုပ်ရဲတော့မှာ မဟုတ်ပါဘူး"
အဌမမင်းသားဖူကျင်းက နဝမမင်းသားဖူကျင်းကို လှည့်ကြည့်လာရာ သူမ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
"သူ့ကို ခွင့်လွှတ်ရမယ် ဟုတ်လား၊ ဟွန်း... နင်ကတော့ သဘောကောင်းပြီး ဒီကိစ္စတွေကို ဝင်မရှုပ်ပေမဲ့ ငါကတော့ ပြဿနာကို သေချာပေါက် ရှာရမှဖြစ်မယ်၊ အဌမမင်းသားလို လူကောင်းတစ်ယောက်က နင့်ကြောင့် ပျက်စီးသွားရပြီ"
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါက နဝမမင်းသားကြောင့် ပျက်စီးသွားတယ်လို့ ဘယ်သူပြောလဲ"
အဌမမင်းသားသည် တိမ်တိုက်တစ်ခု သို့မဟုတ် လေညင်းတစ်ခုကဲ့သို့ လျင်မြန်စွာဝင်လာရာ သူ့ ဝတ်ရုံများမှာ တလူလူ လွင့်ခါနေသည်။ သူ ခြေလှမ်းများ လောနေသော်လည်း အံဝင်ခွင်ကျ ရှိနေဆဲဖြစ်သည်။
အဌမမင်းသားဖူကျင်းသည် သူမ လက်ထဲရှိ ငွေလှံကို အနောက်ရှိ အစေခံမလေးထံ ပစ်ပေးလိုက်ပြီး သူမခြေ ထောက်ကို ရုပ်သည်။ သူမ မျက်လုံးများထဲရှိ ကြမ်းကြုတ်မှုများ ပျောက်ကွယ်သွားကာ နွေးထွေးမှုများဖြင့် အစားထိုးဝင်ရောက်လာသည်။
"အဌမမင်းသား..."
အဌမမင်းသား နဝမမင်းသားကို တွဲထူပေးကာ မျက်မှောင် ကြုတ်လျက် ပြောသည်။
"မင်းက ဘာလို့ နဝမမင်းသားအတွက် ဒီလောက်တောင် အခက်တွေ့အောင် လုပ်နေရတာလဲ၊ ကိုယ် အပြင်ထွက်သွားရင် မင်းကို သစ္စာဖောက်မယ့် ကိစ္စတစ်ခုခု လုပ်မယ်လို့ မင်း ထင်နေရင်လည်း အပြင်မှာ ဘာတွေပဲဖြစ်နေဖြစ်နေ ကိုယ် ဒီရာထူးတွေကနေ ရိုးရိုးရှင်းရှင်းပဲ နှုတ်ထွက်လိုက်မယ်၊ ပြီးတော့ ဒီနေ့ကစပြီး နေ့တိုင်း မင်းနဲ့အတူ အိမ်မှာပဲ နေတော့မယ်၊ ဟုတ်ပြီလား"