← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း ၁၃၃: ပုရွက်ဆိတ်... မင်းက ပုရွက်ဆိတ် သက်သက်ပဲ...

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားချီအလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။

"အား..."

သနားစရာကောင်းသော အော်ဟစ်သံတစ်ခုနှင့်အတူ ဒူးထောက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်နေသော အမျိုးသား သူတော်စင်၏ ပုံရိပ် လုံးဝပျောက်ကွယ်သွားသည်။

စူးချန်ကဲသည် သူ့ကို မည်သို့ အလွတ်ပေးနိုင်မည်နည်း....

ချက်ချင်းပင်...

အမျိုးသား သူတော်စင်၏ သိုလှောင်လက်စွပ်သည် သူ၏လက်ထဲသို့ ကျရောက်လာကာ သူ၏ အကြည့်သည် မြေပြင်ပေါ်တွင် ခွေးတစ်ကောင်အလား နာကျင်စွာ အော်ဟစ်နေသော ယွီတောက်ရွှမ်အပေါ်သို့ ကျရောက်သွားပေ၏။ သူ့ကို သတ်ရန် သူ ကိုယ်တိုင် မလှုပ်ရှားခဲ့ဘဲ လျှိုရူယန် အတွက် ချန်ထားခဲ့ရန် စီစဉ်လိုက်သည်။

ဤလုပ်ရပ်မှာ နောက်ထပ် နွေးထွေးသည့် အပြုအမူတစ်ခုဟု သတ်မှတ်၍ ရမည်လော...

ဤလုပ်ရပ်သည် အသေးစိတ် ဂရုစိုက်ခြင်း မဟုတ်လော....

ထို့ပြင် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ တစ်ဖက်လူထံတွင် အသက်ကယ်ပစ္စည်းများ ရှိနေနိုင်သေးသောကြောင့်ပင်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် နတ်ဘုရားအင်ပါယာတစ်ခု၏ နတ်ဘုရားသားတော်တစ်ပါးပင်။ သူ့ထံတွင် ဝှက်ဖဲများစွာ ရှိနေခြင်းမှာ ပုံမှန်သာ ဖြစ်ပေ၏။

ကောင်းကင်နှင့်မြေကြီးကြားရှိ အသက်ရှူမွန်းကြပ်စေသော သူတော်စင်အရှိန်အဝါနှင့် ဓားစိတ်ဆန္ဒတို့ လုံးဝငြိမ်သက်သွားချိန်၌ ဖျက်ဆီးခြင်းအရှိန်အဝါသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အောက်ဘက်ရှိ အထီးကျန်ကောင်းကင် မြို့တော်မှ သက်ရှိများသည် နောက်ဆုံးတွင် ရလဒ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

"နိုင်... ငါတို့ နိုင်သွားပြီလား..."

"သခင် စူးက... သူတော်စင် တစ်ပါးကို သတ်လိုက်ပြီ..."

"ဘုရားရေ... သခင်စူးက အဆင့်တွေကို ကျော်ဖြတ်ပြီး သူတော်စင်တွေကို သတ်ဖို့ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံဆင့်ကို အသုံးပြုခဲ့တယ်... ပြီးတော့ သူတို့ဘက်က သုံးယောက်တောင် ရှိတာနော်... ဒါက အရင်က မရှိဖူးတဲ့... အရင်က မရှိဖူးတဲ့ အံ့ဩစရာတစ်ခုပဲ..."

"သူတော်စင်တွေတောင်မှ ဒူးထောက်ပြီး အသက်ချမ်းသာခွင့် တောင်းရုံပဲ တတ်နိုင်တယ်... ဟားဟား... ငါတို့ နိုင်ပြီ... ငါတို့ နိုင်ပြီ..."

အချိန်တခဏကြာအောင် သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်သွားပြီးနောက် မြေပြိုခြင်း သို့မဟုတ် ဆူနာမီ တစ်ခုအလား အော်ဟစ် အားပေးသံများနှင့် ဘေးအန္တရာယ်မှ အသက်ရှင်ကျန်ရစ်သူများ၏ ရူးသွပ်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

အသက်ရှင်ကျန်ရစ်သူ အားလုံးသည် ခြွင်းချက်မရှိ ကောင်းကင်ယံတွင် ဂုဏ်ယူစွာ မတ်တတ်ရပ်နေသော အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်ကို အလွန်အမင်း ရူးသွပ်ပြီး ယုံကြည်ကိုးကွယ်သော အကြည့်များဖြင့် အာရုံစိုက်လိုက်ကြ၏။

ယနေ့ သူတို့သည် သက်ရှိဒဏ္ဍာရီတစ်ခုအဖြစ် ယွမ်ယန်နယ်မြေတွင် ထာဝရမှတ်တမ်းတင်ခံရမည်ဖြစ်ပြီး အနာဂတ်မျိုးဆက်များမှ မည်သူကမျှ မကျော်လွန်နိုင်သော ဒဏ္ဍာရီတစ်ခုကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သူတို့ သိထားကြသည်။

"သခင် စူးက... အရမ်းအံ့အားသင့်စရာကောင်းတာပဲ..."

ရှောင်မေ့သည် သူမ၏ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်ထားပြီး သူမ၏ လှပသော မျက်လုံးများ တောက်ပနေကာ တီးတိုးရေရွတ်လိုက်သည်။

သူမ၏နံဘေးရှိ လီဖိုကျွင်း သည်လည်း ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုကို ပြသကာ ခေါင်းညိတ်ပြီး တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်သည်။

"သေချာတာပေါ့... မင်းရဲ့ အမျိုးသားက ဘယ်လို အမြင်မျိုး ရှိလဲဆိုတာကို မင်း မမြင်ဘူးလား... တကယ်လို့ သူသာ သာမန်ဖြစ်နေရင် ငါက သူ့နောက်ကို အစွမ်းကုန် လိုက်ပါ့မလား..."

သို့ရာတွင် သူ၏ နှလုံးသား နက်ရှိုင်းရာတွင်မူ မြင်းကောင်ရေတစ်သောင်းသည် သူ၏ စိတ်ထဲတွင် ပြေးလွှားနေသကဲ့သို့ ခံစားနေရသည်။

ဆူညံနေသော လူအုပ်ကြီးထဲတွင် ယွမ်ရှန်းဂိုဏ်း ၏ ဂိုဏ်းခေါင်းဆောင် ကျန်းကျစ်ယွမ်သာလျှင် ဤနေရာနှင့် လုံးဝအံမဝင်ဘဲ ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်နေခဲ့သည်။

သူသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သူ၏အကြည့်သည် စူးချန်ကဲအပေါ် စူးစိုက်၍ ကျရောက်နေပေ၏။

"အံ့ဩစရာ... 'အံ့ဩစရာ' လို့ပဲ ဒါကို ဖော်ပြနိုင်တယ်... သူက... ဒီနယ်မြေမှာ ပြိုင်ဘက်ကင်းနေပြီ..."

"ဒီလို ပါရမီရှင် တစ်ယောက် ရှိနေဖို့ ထိုက်ချင်ဂိုဏ်းရဲ့ကံက တကယ့်ကို ကောင်းလွန်းတယ်..."

"ဒါပေမဲ့..."

ကျန်းကျစ်ယွမ် ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး ယခင်က မရှိဖူးသော လေးနက်မှုတစ်ခုကို ပြသလိုက်သည်။ သူသည် မြေပြင်ပေါ်ရှိ သနားစရာကောင်းသော ပုံရိပ်ကို စူးစိုက်၍ ကြည့်လိုက်ပြီး သူ့ဘာသာသူ တွေးတောလိုက်၏။

"တကယ်ပဲ ပြီးသွားပြီလား..."

ထို့နောက် အမျိုးမျိုးသော အမူအရာများဖြင့် လူအုပ်ကြီး၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ယွီတောက်ရွှမ်သည် သူ၏တစ်ကိုယ်လုံးရှိ ဆုတ်ဖြဲခံရသည့် နာကျင်မှုကို အံကြိတ်ခံကာ သူ၏စွမ်းအားများအားလုံးကို အသုံးပြုပြီး မြေပြင်ပေါ်မှ ဖြည်းညှင်းစွာ တွားသွားထလာခဲ့သည်။

မြေပြင်ကို တုန်ခါစေသော အော်ဟစ်အားပေးသံများနှင့် စူးချန်ကဲကို ယုံကြည်ကိုးကွယ်သော အသံများသည် သူ၏နားထဲသို့ ရောက်ရှိလာပြီး ယွီတောက်ရွှမ်ကို တခဏမျှ ကြောင်အမ်းသွားစေခဲ့သည်။

သူသည် ခေါင်းကို ကြောင်အမ်းအမ်းဖြင့် လှည့်လိုက်ရာ သူ၏မြင်ကွင်းထဲသို့ ပထမဆုံး ဝင်လာသောအရာမှာ ခါးမှ နှစ်ပိုင်းပြတ်ကာ မျက်လုံးပြူး၍ သေဆုံးနေသော အမျိုးသား သူတော်စင်၏အလောင်းပင်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏မှတ်ဉာဏ်အားလုံးသည် ဒီရေအလား ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။

အရှက်ရမှု၊ ဒေါသ၊ အကြောက်တရား၊ မနာလိုမှု... အမျိုးမျိုးသော စိတ်ခံစားမှုများသည် သူ့ကို ချက်ချင်းနစ်မြုပ်သွားစေခဲ့သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူသည် ဉာဏ်ကောင်းရန် သင်ယူခဲ့ပြီး ဖြစ်ပေ၏။

သူ အပြည့်အဝ သတိဝင်မလာမီ သူ၏နတ်ဘုရား စိတ်ဝိညာဉ်ထဲရှိ စူးရှသော နာကျင်မှုကို အံကြိတ်ခံကာ အချိန်အကြာကြီး သိမ်းဆည်းထားခဲ့သော အသက်ကယ် နတ်ဘုရား အဆောင်လက်ဖွဲ့တစ်ခုကို မတုံ့ဆိုင်းဘဲ အသုံးပြုလိုက်သည်။

နူးညံ့သော်လည်း မယုံနိုင်လောက်အောင် ခိုင်မာသော အလင်းရောင်တစ်ခုက သူ့ကို ချက်ချင်းလွှမ်းခြုံသွားသည်။

သူ ကြောက်နေခဲ့လေ၏။

အကယ်၍ စူးချန်ကဲသာ နောက်တစ်ကြိမ် တိုက်ခိုက်ပါက သူ နောက်တစ်ကြိမ် သတိလစ်သွားနိုင်ချေ ရှိနေသည်။

ဤအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် သူသည် သူ၏ စိတ်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ကာ သူ၏အကြည့်သည် အမျိုးသား သူတော်စင်၏ အလောင်းပေါ်သို့ ကျရောက်သွားပြီး ထိုနေရာကို အချိန်ကြာမြင့်စွာ သူ ကြည့်နေခဲ့သည်။

သို့ရာတွင် ဤတစ်ကြိမ်တွင် သူ ဒေါသတကြီး မပေါက်ကွဲခဲ့ချေ။ ထိုအစား သူသည် အမူအရာ ကင်းမဲ့နေပြီး ထူးဆန်းသော တည်ငြိမ်မှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေခဲ့သည်။ သူသည် သူ၏သိုလှောင်လက်စွပ်ထဲမှ အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး စိတ်ဝိညာဉ်စွမ်းအားများအားလုံး ပျောက်ဆုံးနေသော အသက်စိတ်ဝိညာဉ် ကျောက်စိမ်းပြားသုံးခုကို ထုတ်ယူလိုက်၏။

"သူတို့အားလုံး သေကုန်ပြီ..."

"အဖိုးအိုရွှမ်လည်း... သူ့လက်ချက်နဲ့ သေသွားတယ်..."

"နတ်ဘုရားမီးတောက်နယ်ပယ်က သူတော်စင်နယ်ပယ် ကို သတ်ဖြတ်တာ... ပြီးတော့ သူက သုံးယောက် ဆက်တိုက် သတ်ပစ်ခဲ့တယ်..."

ယွီတောက်ရွှမ်သည် ဤအမှန်တရားကြောင့် လုံးဝကြောင်အမ်းသွားခဲ့လေ၏။

သူ၏လက်ထဲရှိ အေးစက်ပြီး ကျိုးပဲ့နေသော ကျောက်စိမ်းပြားများကို ဆုပ်ကိုင်ထားရင်း ဤလူ၏ ပါရမီအဆင့်သည် သူ၏ စိတ်ကူးယဉ်တွေးတောနိုင်စွမ်းကို ကျော်လွန်နေပြီဖြစ်ကြောင်း သူ၏နှလုံးသားထဲတွင် သူ ဝန်ခံခဲ့ရသည်။

ကျယ်ပြန့်သော စိတ်ဝိညာဉ်နယ်မြေတွင်ပင် သူတို့၏ခေတ်ပြိုင်များအနက် ပြိုင်ဘက်ကင်းဟု သတ်မှတ်ခံရသော ထိုလူငယ်အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်များသည် ဤအဆင့်လောက်သာ ရှိလိမ့်မည် မဟုတ်လော...

ထိုအရာမှာ သူ အမြဲတစေ လိုက်လံဖမ်းဆုပ်နေခဲ့သော ပန်းတိုင်ဖြစ်ကာ သူ စိတ်ကူးယဉ်ပြီး ရောက်ရှိရန် တောင့်တခဲ့သော နယ်ပယ်ပင်။

သို့ရာတွင် ယခုချိန်၌ သူ အထင်သေးဆုံး အောက်ဘုံတွင် သူ ပုရွက်ဆိတ် တစ်ကောင်အဖြစ် ရှုမြင်သော လူငယ်လေးတစ်ယောက်တွင် ဤကဲ့သို့သော နယ်ပယ်ကို သူ မြင်တွေ့ခဲ့ရသည်။

အချိန်တခဏမျှ သူသည် သူ့ကိုယ်သူ အနည်းငယ် ရယ်စရာကောင်းသည်ဟုပင် ခံစားလိုက်ရသည်။

"ဟီးဟီးဟီး... ဟားဟား... ဟားဟားဟားဟားဟား..."

ယွီတောက်ရွှမ်က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်၏။ သူ၏ရယ်မောသံသည် အစပိုင်းတွင် တိုးညှင်းနေပြီးနောက် ပိုပိုပြီးကျယ်လောင်လာကာ ပို၍ရူးသွပ်လာပြီး ဤအားပေးသံ ပင်လယ်ထဲတွင် အထူးသဖြင့် စူးရှပြီး ထူးဆန်းစွာ မြည်ဟီးနေခဲ့လေသည်။

ဤမြင်ကွင်းသည် အနီးအနားရှိ လီဖိုကျွင်းနှင့် အခြားသူများကို သူ ရူးသွားပြီဟုပင် ထင်မှတ်သွားစေခဲ့သည်။

"တစ်ခုခုတော့ မှားနေပြီ..."

လီဖိုကျွင်းသည် တစ်ခုခုကို ချက်ချင်း နားလည်သဘောပေါက်သွားပြီး သူ၏နှလုံးသားသည် အကြောက်တရားဖြင့် ခုန်ပေါက်နေခဲ့လေ၏။

"ဒီလူရဲ့ အဆင့်အတန်းက အရမ်းမြင့်မြတ်တယ်.. သူ့မှာ အသက်ကယ် ဝှက်ဖဲတွေနဲ့ အရန် အစီအစဉ်တွေ ဘယ်လိုလုပ်ပြီး မရှိဘဲ နေမှာလဲ... သူ့မှာ အားကိုးစရာ တစ်ခုခု ရှိနေသေးတာ သေချာတယ်..."

ထို့ပြင် ယွီတောက်ရွှမ်သည် ထိုရူးသွပ်သော ရယ်မောသံကြားတွင် သူ၏အသံကို ဖြည်းညှင်းစွာ ဖိနှိပ်လိုက်သည်။

သူ၏မျက်နှာပေါ်မှ အမူအရာအားလုံး ပျောက်ကွယ်သွားပြီး နှလုံးခုန်မြန်စေသော အေးတိအေးစက်နိုင်မှု တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူသည် ခေါင်းမော့လိုက်ရာ သူ၏အကြည့်သည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး စူးချန်ကဲအပေါ် စူးစိုက်၍ ကျရောက်သွားကာ အက်ရှသော အသံဖြင့် ပြောလိုက်သည်။

"မင်းက ပါရမီရှင် တစ်ယောက်... အရမ်းကို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက် ဆိုတာကို ဒီအရှင်က ဝန်ခံတယ်... ဒီအရှင်က အရိုးထဲထိ စွဲနေအောင် မနာလို ဖြစ်မိတဲ့အထိပဲ..."

"ဒါပေမဲ့..."

"မင်း နိုင်သွားပြီလို့ ထင်လောက်အောင် မင်းက အဲ့ဒီလောက်တော့ ရိုးအမနေဘူးမလား..."

နောက်ဆုံးစကားလုံးအနည်းငယ်ကို သူ ပြောလိုက်သောအခါ ထိုစကားလုံးများကို သူ၏ အံ့ကြိတ်ထားသော သွားများကြားမှ ညှစ်ထုတ်လိုက်လုနီးပါးပင်။

တစ်ချိန်တည်းမှာပင် သူသည် လက်ကို ရုတ်တရက် မြှောက်လိုက်၏။ မည်သည့်အချိန်ကမှန်းမသိရဘဲ ရွှေနက်ဖြင့် သွန်းလုပ်ထားပြီး ကောင်းကင်သို့ ပျံတက်နေသော ပုံစံရှိသည့် မရေမတွက်နိုင်သော နတ်ဘုရားငှက်များ ရေးထွင်းထားသည့် ရှေးဟောင်းတံဆိပ်ပြားတစ်ခုကို သူ ကိုင်ထားပြီးဖြစ်သည်။

သူသည် တံဆိပ်ပြား၏ထောင့်တစ်နေရာကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ခြေမွှလိုက်ပြီး သူ၏ ကိုယ်ပိုင်သွေးများကို ထိုအရာထဲသို့ စိမ့်ဝင်ခွင့် ပေးလိုက်သည်။

ဝီ...

ခေတ်ကာလအဆက်ဆက် အိပ်မောကျနေခဲ့သော သမိုင်းမတင်မီ ရှေးဦးသားရဲကြီးတစ်ကောင် နိုးထလာသည့်အလား ဖော်ပြ၍မရနိုင်လောက်အောင် အမြင့်မြတ်ဆုံး အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ယွီတောက်ရွှမ်ကို ဗဟိုပြုကာ ထိုအရှိန်အဝါသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် သူ၏နဖူး အလယ်ဗဟိုတွင် တောက်ပသော ရွှေရောင်အမွှေးအတောင် သင်္ကေတတစ်ခုသည် အမှတ်အသား တစ်ခုအလား ဖြည်းညှင်းစွာ လင်းလက်လာပြီး လောကကြီးကို အထက်စီးမှ ကြည့်ရှုနေသော တောက်ပသည့် နတ်ဘုရား အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။

ဤအရှိန်အဝါ ပျံ့နှံ့သွားသည့် အချိန်အခိုက်အတန့်တွင် အထီးကျန်ကောင်းကင် မြို့တော် တစ်ခုလုံး....

မဟုတ်သေး....

မိုင်ပေါင်းသောင်းနှင့်ချီသော ဧရိယာပတ်လည်အတွင်းရှိ သက်ရှိများအားလုံးသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုထဲသို့ အလိုအလျောက် ဆွဲသွင်းခံလိုက်ရသည့်အလား ခံစားလိုက်ကြရသည်။

လွင့်မျောနေသော နတ်ဘုရားတောင်များနှင့် အင်မော်တယ် နန်းတော် အစုအဝေးများ ပါဝင်သော မယုံနိုင်လောက်အောင် ကျယ်ပြန့်လှသည့် ရှေးဟောင်းနယ်မြေတစ်ခုသည် ဤနေရာတွင် ထွက်ပေါ်လာခဲ့ပေ၏။

ကောင်းကင်သို့ ထိုးတက်နေသော နတ်ဘုရား နန်းတော်တစ်ခုသည် အလယ်ဗဟိုတွင် လွင့်မျောနေပြီး အရာအားလုံးကို ဖိနှိပ်ထားသော လောကီနှင့် ကင်းကွာသည့် အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။

ဤသည်မှာ စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ် သုံးထောင်ထဲမှ တစ်ခုဖြစ်သော ကောင်းကင် အမွှေးအတောင် စိတ်ဝိညာဉ်ပြည်နယ်၏ အကြွင်းမဲ့ အုပ်စိုးသူဖြစ်သည့် ရွှီဟွာနတ်ဘုရားအင်ပါယာပင်။

ဤအမြင့်မြတ်ဆုံး ဖိအားအောက်တွင် သက်ရှိများအားလုံး တုန်ရီသွားကြသည်။

"မင်း အကြိမ်ကြိမ် အရှက်ခွဲခဲ့တဲ့ လူက ဘယ်သူလဲဆိုတာကို မင်း သိလား..."

"ဒီအားနည်းပြီး သနားစရာကောင်းတဲ့ အောက်ဘုံရဲ့ အထက်မှာ သက်ရှိတွေအားလုံးကို အထက်စီးကနေ ကြည့်နေတဲ့ စစ်မှန်တဲ့ ဘုရင်တွေ ရှိတယ်ဆိုတာကို မင်း သိလား..."

"ငါ ယွီတောက်ရွှမ်က ရွီဟွာ နတ်ဘုရားအင်ပါယာရဲ့ လက်ရှိ နတ်ဘုရားသားတော် ဆိုတာကိုရော မင်း သိလား..."

ယွီတောက်ရွှမ်၏ လှောင်ပြောင်သော အသံ ထွက်ပေါ်လာသည်နှင့် သူ၏ မူလက စုတ်ပြတ်ပြီး သနားစရာကောင်းသော ပုံစံသည် ရုတ်တရက် ပြောင်းလဲသွားခဲ့လေ၏။

ခြေသည်းလေးချောင်း ရွှေရောင်စပါးကြီးမြွေ တစ်ကောင်ပုံစံ ​ထိုးထားသည့် တောက်ပပြီး ခမ်းနားသော ရွှေရောင်စပါးကြီးမြွေ ဝတ်ရုံတစ်ထည်သည် လေဟာနယ်မှ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံသွားသည်။ ထို့နောက် ရှေးဟောင်း ရွှေရောင်တော်ဝင်သရဖူတစ်ခုသည် သူ၏ခေါင်းပေါ်တွင် ဖြည်းညှင်းစွာ ပုံပေါ်လာခဲ့သည်။

သူ၏အရှိန်အဝါသည် လောကကြီးကို တုန်လှုပ်စေသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရပြီး သန်းရာနှင့်ချီသော လူများ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားသည့် ရွီဟွာနတ်ဘုရားအင်ပါယာ၏ အထက်စီးဆန်သော နတ်ဘုရားသားတော်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

သူ၏နောက်တွင် နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများအလား ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ထောင်ပေါင်းများစွာသည် ဖြည်းညှင်းစွာ ထင်ဟပ်လာပြီး လူအများကို မျှော်လင့်ချက်မဲ့စေသော ဖိအားတစ်ခုကို ယူဆောင်လာပုံရသည်။

တော်ဝင်သရဖူသည် ယွီတောက်ရွှမ်၏ ခေါင်းပေါ်တွင် အခြေကျသွားသောအခါ သူ၏အမူအရာသည် ရုတ်တရက် ရူးသွပ်သွားခဲ့လေ၏။ သူသည် အံ့ကြိတ်ကာ စူးချန်ကဲကို ကြည့်ပြီး အော်ဟစ်လိုက်သည်။

"ဒီအရှင်က ဒီမှာ ရပ်နေတယ်... မင်း ငါ့ကို သတ်ရဲလား... ဟမ့်..."

"ပုရွက်ဆိတ်... မင်းက ပုရွက်ဆိတ်သက်သက်ပဲ..."

"မင်းက ဘယ်လောက်ပဲ ထူးချွန်တဲ့ ပါရမီရှင် ဖြစ်နေပါစေ.... ဒီအရှင်ရဲ့ရှေ့မှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ..."

"ဒီအရှင် အလိုရှိသရွေ့ ငါ မင်းကို အချိန်မရွေး ခြေမွှပစ်နိုင်တယ်..."

"ဟီးဟီး... ဒါပေမဲ့ ဒီအရှင်က မင်းကို ကျေးဇူးတင်ရမယ်... ငါ ဒီလောက်ထိ ဒေါသမထွက်ခဲ့တာ အတော်ကြာပြီ... မြေအောက်ကမ္ဘာလမ်းမှာ မင်း အထီးကျန်နေမှာကို စိတ်ပူစရာ မလိုပါဘူး... ဒီနယ်မြေက ပုရွက်ဆိတ်တွေ အားလုံး သေရမယ်..."

အခန်း ၁၃၄: ယနေ့ မိစ္ဆာဝိညာဉ်များကို ဖိနှိပ်ပြီး နတ်ဘုရားအင်ပါယာက အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်း...

အစောပိုင်းက သူ ဆုံးရှုံးခဲ့ရသော ဂုဏ်သိက္ခာကို ဤနည်းဖြင့် ပြန်လည်ရယူရန် ကြိုးစားနေသည့်အလား တစ်ဖက်လူကို သူ၏စိတ်နှလုံးသား ကျေနပ်သည်အထိ နှိမ့်ချရန် သူ၏ စကားလုံးများကို အသုံးပြုခဲ့သည်။

ဤမြင်ကွင်းနှင့်အတူ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသော နတ်ဘုရားအင်ပါယာ၏ သဘာဝလွန်ဖြစ်စဉ်သည် မူလက အားပေးနေကြသော အောက်ဘက်ရှိ လီဖိုကျွင်းနှင့်တခြားသူများကို လုံးဝကြောင်အမ်းသွားစေခဲ့သည်။

ထိုအရာသည် သဘာဝလွန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အစစ်အမှန်မဟုတ်ကြောင်း သူတို့ သိထားကြသော်လည်း ထိုစွမ်းအားကြောင့် ဖြစ်ပေါ်လာသော ဖိအားနှင့် ကြောက်မက်ဖွယ်ကောင်းပုံကို သူတို့အားလုံး ရှင်းလင်းစွာ ခံစားနိုင်ကြ၏။ ထို့ပြင် သူတို့၏ကိုယ်ပိုင်အရေးမပါမှုကို ပို၍ပင် ရှင်းလင်းစွာ ခံစားနိုင်ကြသည်။

"ဒါက သူ့ရဲ့နောက်က အင်အားစုလား..."

"ရွှီဟွာနတ်ဘုရားအင်ပါယာ..."

"တကယ်ပဲ..."

"သူက သူတော်စင်နယ်ပယ်တွေတောင် သူ့ရဲ့ အစေခံတွေပဲ ဖြစ်နိုင်တဲ့ စိတ်ဝိညာဉ်နယ်မြေက လာတာပဲ..."

"သခင်စူး ..."

လီဖိုကျွင်းသည် လေထဲတွင် ဂရုမစိုက်သော အမူအရာဖြင့် ရှိနေဆဲဖြစ်သော စူးချန်ကဲဆီသို့ အလိုအလျောက် ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် ယခင်က မရှိဖူးသော စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားရာ သူ၏လက်သည်းများသည် သူ၏ လက်ဝါးထဲသို့ နစ်ဝင်သွားပြီး နက်ရှိုင်းသော ခွန်အားမဲ့မှု ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ တစ်ခုခု လုပ်ချင်ခဲ့သော်လည်း ဤအဆင့်ရှိ ထိပ်တိုက်ရင်ဆိုင်မှု တစ်ခုရှေ့တွင် သူသည် ရိုးရှင်းစွာ အလွန်အားနည်းနေခဲ့သည်။ ဤကိစ္စအတွင်းသို့ ဝင်ပါရန် အရည်အချင်းပင် မရှိလောက်အောင် သူ အားနည်းနေပေ၏။

ဤသည်မှာ စစ်မှန်သော မျှော်လင့်ချက်မဲ့မှုနှင့် ခွန်အားမဲ့မှုပင်။ သူတို့အနိုင်ရပြီဟု တွေးထင်ထားချိန်၌ ထိုအရာသည် ရန်သူ၏ ရေခဲတောင်ထိပ်ဖျားလေးသာဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိုက်ရခြင်းပင်။

သို့ရာတွင်...

ယွီတောက်ရွှမ်၏အမူအရာ ပို၍သုန်မှုန်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ ဘာပဲပြောပြော စူးချန်ကဲသည် တည်ငြိမ်ပြီး ဂရုမစိုက်သော အမူအရာကို ထိန်းသိမ်းထားကြောင်း သူ တွေ့ရှိခဲ့သောကြောင့်ပင်။ ထိုအရာမှာ သူ၏ အရိုးတွင်းမှ လာသော လျစ်လျူရှုမှုတစ်ခုဖြစ်ပြီး ယခင်က အောက်ဘုံမှ ထိုပုရွက်ဆိတ်များကို ယွီတောက်ရွှမ် ကြည့်ခဲ့သည့် ပုံစံအတိုင်းဖြစ်သည်။

စူးချန်ကဲသည် ဤကဲ့သို့ ယုံကြည်မှုမျိုးကို ဘယ်ကရသည်အား သူ မသိခဲ့ချေ။

သို့ရာတွင် ထိုအရာသည် အရေးမပါတော့ပေ။

အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဖြစ်စေကာမူ သူ ရှုံးနိမ့်မည် မဟုတ်သောကြောင့်ပင်။

ဤအခိုက်အတန့်တွင် စူးချန်ကဲသည် သူ့ကို လုံးဝလျစ်လျူရှုထားခဲ့သည်။

သူ၏အမြင်အာရုံတွင်...ထို့ပြင် သူ တစ်ယောက်တည်းသာ မြင်နိုင်သည်မှာ သန်မာအားကောင်းသော အမျိုးသားတစ်ဦးသည် ရှေ့တွင် မတ်တတ်ရပ်နေပြီး စူးချန်ကဲကို ညာဘက် မျက်လုံးမှိတ်ပြကာ သူ၏အကြည့်တွင် ကြင်နာမှု စိတ်ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ဦးလေးကျန်း... သူက ဘယ်လိုလုပ်ပြီးတော့ ဒီသဘာဝလွန်ဖြစ်စဉ်ထဲကို ရောက်သွားတာလဲ..."

စူးချန်ကဲ တခဏမျှ ကြောင်အမ်းသွားခဲ့သည်။

ထိုအချိန်မှာပင်...

"ဒီသောက်ကောင်..."

ကောင်းကင်ဘုံကိုးလွှာမှနေ၍ မိုးကြိုးအလား ကောင်းကင်ကို မှောက်လှန်ပစ်နိုင်သော ဒေါသများ ပါဝင်နေပုံရသည့် ဟိန်းဟောက်သံတစ်သံသည် နတ်ဘုရားအင်ပါယာ သဘာဝလွန်ဖြစ်စဉ်အတွင်း၌ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။

ဤအသံသည် အမြင့်မြတ်ဆုံးစွမ်းအားကို သယ်ဆောင်ထားပြီး နတ်ဘုရားအင်ပါယာ၏ ကြီးကျယ်ခမ်းနားသော ပုံရိပ်ယောင်ကိုပင် ပြင်းထန်စွာ တုန်ခါသွားစေသည်။

ဤရင်းနှီးနေသော ဒေါသတကြီး အော်ဟစ်သံကို ကြားသောအခါ ယွီတောက်ရွှမ်သည် အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် ထိန်းချုပ်၍မရသော အလွန်အမင်း ဝမ်းသာမှုသည် သူ၏မျက်နှာပေါ်တွင် ချက်ချင်းပွင့်အံ့ထွက်လာခဲ့သည်။

တာအိုအစောင့်အရှောက်တစ်ဦးကို ဆင့်ခေါ်ရန် ရည်ရွယ်၍ အသက်ကယ်တံဆိပ်ပြားကို ခြေမွှဖျက်ဆီးခြင်းဖြင့် အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော သူ၏ဧကရာဇ်ဖခင် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာစေရန် တိုက်ရိုက်ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

သူသည် စူးချန်ကဲကို ချက်ချင်းလှည့်ကြည့်လိုက်ကာ သူ၏မျက်နှာပေါ်တွင် အထက်စီးဆန်သော အမူအရာတစ်ရပ် ထွက်ပေါ်လာပြီး ပြောလိုက်သည်။

"ဟားဟားဟား... မင်း ကြားလား... ပုရွက်ဆိတ်ကောင်... ငါ့ရဲ့ဧကရာဇ်ဖခင် ရောက်လာပြီ..."

သူ၏စကားများ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်တွင်....

ထိုကျယ်ပြန့်သော နတ်ဘုရားအင်ပါယာ သဘာဝလွန်ဖြစ်စဉ် အပါအဝင် လောကကြီးတစ်ခုလုံးသည် မမြင်နိုင်သော ဧရာမလက်ကြီးတစ်ခုဖြင့် ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရသည့်အလားပင်။

ဟင်းလင်းပြင် အေးခဲတောင့်တင်းသွားပေ၏။

ကိုယ်ပွားတစ်ခုသည် အကွာအဝေးအားလုံးကို လျစ်လျူရှုကာ လေဟာနယ်မှ ထွက်လာပြီး ယွီတောက်ရွှမ်၏နံဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာည်။

ယခုရောက်လာသူမှာ ဖီးနစ်ကို မျက်နှာမူနေသော အမွှေးအတောင်တစ်သောင်းပုံစံ ရေးထိုးထားသည့် တောက်ပသော ဧကရာဇ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပန်းပွားဆယ့်နှစ်ခုပါသော သရဖူတစ်ခုကို ဆောင်းထားသည်။ သူ၏ မျက်နှာသည် ဒေါသအရိပ်အယောင်မရှိဘဲ လေးစားမှုကို ရရှိစေပြီး မိုင်ပေါင်းသန်းနှင့်ချီသောနယ်မြေကို အုပ်ချုပ်သည့် ကျယ်ပြန့်သော ဥပဒေသစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် စီးဆင်းနေပေ၏။

လောကကြီးကို အထက်စီးမှ ကြည့်ရှုနေသော ဤအုပ်စိုးသူ၏မျက်နှာပေါ်တွင် ဤအခိုက်အတန့်၌ ကြီးကျယ်ခမ်းနားမှု အနည်းငယ်မျှ မရှိချေ။ သူ့ထံတွက် ဖုံးကွယ်၍မရနိုင်သော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့သာ ရှိနေသည်။ ဧကရာဇ်ဝတ်ရုံအောက်ရှိ သူ၏ လက်များပင်လျှင် အနည်းငယ် တုန်ရီနေခဲ့သည်။

သူ ဆင်းသက်လာချိန်၌....

အောက်ဘက်ရှိ လီဖိုကျွင်းနှင့် တခြားသူများသည် စစ်မှန်သော နတ်ဘုရားတစ်ပါး လောကကြီးသို့ ဆင်းသက်လာသည်ကို မြင်တွေ့ရသည့်အလား သူတို့၏စိတ်ဝိညာဉ်များ တုန်ရီနေသည်ကို ခံစားလိုက်ရသည်။

သူတို့ထံ၌ မျှော်လင့်ချက်မဲ့မှု ခံစားချက်တစ်ခု စတင်၍ ပျံ့နှံ့လာခဲ့သည်။

ယခုထွက်ပေါ်လာသော တည်ရှိမှုမှာ သူတို့ မော့ကြည့်ရန်ပင် မျှော်လင့်၍ မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း သူတို့ သိထားကြသည်။

"ဒူးထောက်..."

ရွှီဟွာ​ဧကရာဇ်၏ ပါးစပ်မှ အေးစက်သော ဆူပူကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ယွီတောက်ရွှမ်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သောအပြုံးသည် ပို၍ပင် ကျယ်ပြန့်လာပြီး စူးချန်ကဲကို အောင်ပွဲခံသည့်ဟန်ဖြင့် ကြည့်လိုက်၏။

"မင်း ကြားလား... ငါ့ရဲ့ဧကရာဇ်အဖေက မင်းကို ပြောနေတာ....."

သို့ရာတွင် သူ၏စကား မပြီးဆုံးသေးချိန်မှာပင်...

ဘုန်း...

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒတစ်ရပ်က ယွီတောက်ရွှမ်ကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။

သူ၏မျက်နှာပေါ်ရှိ အောင်ပွဲခံမှုမှာ လုံးဝအေးခဲတောင့်တင်းသွားခဲ့လေသည်။ သူသည် သူ့ဆီသို့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်လွှတ်ထားသော လူလတ်ပိုင်းအမျိုးသားကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"အဖေ... ဘာလို့လဲ..."

သို့ရာတွင် သူ ရရှိခဲ့သော တုံ့ပြန်မှုမှာ ဥပဒေသစွမ်းအားများဖြင့် စုစည်းထားသော ကြောက်မက်ဖွယ်ကောင်းသည့် လက်တစ်ဖက်ပင်။ ခွေးသေတစ်ကောင်ကို ဆုပ်ကိုင်ထားသည့်အလား ထိုလက်ကြီးသည် သူ့ကို လည်ပင်းမှ ဆုပ်ကိုင်လိုက်၏။

"အား..."

သူသည် စိတ်ရှုပ်ထွေးမှုများကို ထပ်မံ၍ မဖော်ပြနိုင်မီမှာပင် လက်ဝါးပုံရိပ်ယောင်သည် သူ့ကို ဆုပ်ကိုင်လိုက်ပြီး ခွေးသေတစ်ကောင်ကို လွှဲရိုက်သည့်အလား မြေကြီးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဘုန်း...

ကျယ်လောင်သော အသံတစ်သံ မြည်ဟီးလာခဲ့သည်။

မြေပြင်သည် မိုင်ပေါင်းထောင်နှင့်ချီ ကျယ်ပြန့်သော ကြောက်မက်ဖွယ်ကောင်းသည့် ချောက်ကမ်းပါးကြီးတစ်ခုအဖြစ် ကွဲအက်သွားခဲ့လေ၏။

ထို့ပြင် ယွီတောက်ရွှမ်သည် ဖော်ပြ၍မရနိုင်လောက်အောင် သနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။

သူ၏ခန္ဓာကိုယ်ရှိ အရိုးတိုင်းသည် ဤရိုက်ခတ်မှုအောက်တွင် ကြေမွှပျက်စီးသွားပြီး နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့သော သူ၏ကျင့်ကြံခြင်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားတစ်ခုဖြင့် ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။

မသန်မစွမ်း...

သူ မသန်မစွမ်း ဖြစ်သွားခဲ့လေပြီ...

ယခုအခါ သူသည် အသက်တစ်ရှိုက်စာသာ ကျန်တော့သော်လည်း မမြင်နိုင်သော စွမ်းအားသည် သူ့ကို သတိလစ်သွားခြင်း သို့မဟုတ် လဲကျသွားခြင်း မရှိစေဘဲ အရှက်ရစေသော ကိုယ်ဟန်အနေအထားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေစေရန် အတင်းအကြပ် ပြုလုပ်ထားခဲ့သည်။

"ငါ မင်းကို ဒူးထောက်ခိုင်းတာလေ... သောက်ကောင်ရဲ့..."

ရွှီဟွာဧကရာဇ်၏အသံ အလွန်အမင်း အေးစက်နေခဲ့သည်။

ထို့နောက် စိတ်ဝိညာဉ် ပြည်နယ်တစ်ခုလုံးကို အုပ်စိုးသော ဤလောကီရေးရာနှင့် ကင်းကွာသည့် တည်ရှိမှုသည် သူ ကိုယ်တိုင်ကိုယ်ကျ မသန်မစွမ်းဖြစ်အောင် လုပ်ခဲ့သော သားဖြစ်သူကို တစ်ချက်မျှပင် မကြည့်ခဲ့ချေ။ သူသည် ကောင်းကင်ယံကို မော့ကြည့်လိုက်ကာ သူ၏ မျက်နှာပေါ်ရှိ ဒေါသနှင့် ကြီးကျယ်ခမ်းနားမှုများအားလုံးသည် လွန်ကဲသော လေးစားမှုနှင့် နှိမ့်ချမှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

မရေမတွက်နိုင်သည့် မယုံကြည်နိုင်သော မျက်လုံးများစွာ၏ စောင့်ကြည့်မှုအောက်တွင် သူသည် နက်နက်ရှိုင်းရှိုင်းနှင့် ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

"ယွီဟုန်ထျန်းက သခင်ချန်ကဲကို အရိုအသေပေးပါတယ်..."

တိတ်ဆိတ်မှု...

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှု...

လွန်ကဲသော နာကျင်မှုကို အံ့ကြိတ်ခံကာ ယွီတောက်ရွှမ်သည် သူ၏ခေါင်းကို မော့ရန် ရုန်းကန်လိုက်လေသည်။ ဤမြင်ကွင်းကို မြင်သောအခါ သူ လုံးဝရူးသွပ်သွားပေ၏။

စိတ်ဝိညာဉ်နယ်မြေ၏ ပြည်နယ်သုံးထောင်တလျှောက် ကျယ်ပြန့်သော နာမည်ဂုဏ်သတင်းကို ရရှိထားသော သူ၏ဧကရာဇ်ဖခင်သည် ဤမျှ နှိမ့်ချသော ကိုယ်ဟန်အနေအထားကို ပြသခဲ့သလော...

"သခင်စူး ..."

"ငါ့ရဲ့အဖေက သူ့ကို ဦးညွှတ်နေတယ်... အဖေက သူ့ကို ဦးညွှတ်နေတယ်လား..."

"ဘာလို့... ဘာလို့လဲ..."

သူ၏လောကအမြင် ဤအချိန်အခိုက်အတန့်တွင် ပြိုလဲပျက်စီးသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ယွီဟုန်ထျန်း၏ အေးစက်ပြီး လူသတ်ချင်နေသော အသံက သူ၏နားထဲတွင် မြည်ဟီးလာခဲ့သည်။

"မင်း.... သေသင့်တဲ့ ငါယိုးမသား..."

"မင်း သိလား... အောက်ဘုံမှာ မင်းရဲ့အဆင်အခြင်မဲ့မှုကြောင့်... မင်းရဲ့ကန်းနေတဲ့ မျက်လုံးတွေက သခင်ချန်ကဲကို အသိအမှတ်မပြုနိုင်ခဲ့လို့... ငါတို့ ရွှီဟွာနတ်ဘုရားအင်ပါယာရဲ နှစ်သုံးသန်းသက်တမ်းရှိတဲ့ အခြေခံအုတ်မြစ်က... တစ်ရက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရပြီ..."

ဘုန်း...

ရွှီဟွာဧကရာဇ်၏စကားများ အဆုံးသတ်သွားသည့် အချိန်အခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုသည် ယွီတောက်ရွှမ်၏ ကျိုးပဲ့လုနီးပါး ဖြစ်နေသော စိတ်ထဲသို့ အတင်းအကြပ် ထိုးသွင်းခံလိုက်ရသည်။

မြင်ကွင်းထဲတွင်...

စိတ်ဝိညာဉ်နယ်မြေ ပြည်နယ် သုံးထောင်ထဲမှ တစ်ခုဖြစ်သော ထျန်းယွီစိတ်ဝိညာဉ်ပြည်နယ်ပင်။

မူလက မင်္ဂလာရှိသော တိမ်တိုက်များဖြင့် ဝန်းရံထားသည့် ရွှီဟွာနတ်ဘုရားနန်းတော်မှာ ထိုအရာ၏ အထွတ်အထိပ် ကြီးပွားချမ်းသာမှုနှင့် ငြိမ်းချမ်းမှုတွင် ရှိနေခဲ့သည်။

ရုတ်တရက်...

ဝုန်း...

မိုးကောင်းကင်ယံသည် ကုလားကာတစ်ခုအလား ပြင်းထန်စွာ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။

အရာအားလုံးကို ဂရုမစိုက်ဘဲ အထက်စီးမှ ကြည့်ရှုနေသော သန်မာအားကောင်းသည့် ပုံရိပ်တစ်ခုသည် ထိုအက်ကွဲကြောင်းမှ ထွက်လာခဲ့လေ၏။

သူ၏လက်ထဲတွင် သန်းရာနှင့်ချီသော ရွှေရောင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသည့် တရားဝင်အမိန့်စာတစ်ခု ကိုင်ထားကာ ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။

ထို့နောက်ကြီးကျယ်ခမ်းနားသော မဟာတာအို၏ အသံတစ်သံသည် ထျန်းယွီစိတ်ဝိညာဉ်ပြည်နယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။

"ကျန်းလင်း... မဟာဧကရာဇ်ချုံးယွီရဲ့လက်အောက်ခံ..."

"မဟာဧကရာဇ်ရဲ့ အမိန့်တော်အရ..."

"ဒီနေ့ ငါက ရွီဟွာ နတ်ဘုရားအင်ပါယာ ကို ဖိနှိပ်မယ်..."

မြင်ကွင်းသည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး ယွီဟုန်ထျန်း၏အသံက ချက်ချင်းဆိုသလိုပင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

"မင်းကိုယ်မင်း အရမ်းမြင့်မြတ်တယ်လို့ ထင်နေတာလား... မင်းက ဘယ်သူမလို့လဲ..."

"ပြီးတော့ သူက ဘယ်သူလဲဆိုတာကိုရော မင်း သိရဲ့လား..."

"သူ့ရဲ့အဆင့်အတန်းက အရမ်းမြင့်မြတ်တာကို မင်းလို အောက်တန်းစား ကောင်က ဘယ်လိုလုပ် ရဲရတာလဲ... သူ့ကို စော်ကားဖို့ မင်း ဘယ်လိုလုပ် ရဲရတာလဲ..."

သူ စကားပြောနေစဉ် ယွီဟုန်ထျန်းမှာ ဒေါသကြောင့် တုန်ရီနေခဲ့သည်။

ယွီတောက်ရွှမ်၏အကြည့်သည် ဗလာကျင်းနေခဲ့လေ၏။ ဤခံနိုင်ရည်မရှိသော စကားဖြင့် စော်ကားမှုများကို နားထောင်ရင်း သူ၏ စိတ်များ လုံးဝဗလာကျင်းနေပြီး ထိုကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းထဲတွင် ပိတ်မိနေဆဲ ဖြစ်ပုံရသည်။

"သူက ချုံးယွီ မဟာဧကရာဇ်နဲ့ မြေအောက်ကမ္ဘာဧကရီတို့ရဲ့ သားတော်... ရှေးဟောင်း စူးမိသားစု ရဲ့ သတ်မှတ်ထားတဲ့ ဆက်ခံသူခေါင်းဆောင်ပဲ... မင်းကသာ သောက်ရေးမပါတဲ့ကောင်..."

သူ၏ဧကရာဇ်ဖခင်သည် တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်လိုက်သည်ကို သူ ကြားလိုက်ရမှသာ...

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်...

သူ၏နှလုံးသားသည် ချောက်ကမ်းပါး၏ အောက်ခြေအထိ ထိုးကျသွားခဲ့သည်။

သူ၏အထောက်အထားကို ကြားပြီးနောက်တွင်ပင် တစ်ဖက်လူက အဘယ်ကြောင့် ထိုဂရုမစိုက်သော အမူအရာ ရှိနေရသနည်း ဆိုသည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့သည်။

တစ်ဖက်လူမှာ စစ်မှန်သော မြင့်မြတ်သည့်ပုဂ္ဂိုလ်ဖြစ်ပြီး သူသည် စစ်မှန်သော လူပြက်ပုရွက်ဆိတ်သာ ဖြစ်နေကြောင်း ပေါ်လွင်သွားခဲ့သည်။ အရှက်ရမှုနှင့် အကြောက်တရားတို့ ရောနှောနေသော စိတ်ခံစားမှုများသည် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ၏ သွားများ စတင်၍ တဂတ်ဂတ် ရိုက်ခတ်လာခဲ့သည်။

ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်နိုင်မှာလဲ...

ဘာလို့ သူ ဖြစ်နေရတာလဲ... ဘာလို့လဲ...

All Chapters