← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း။ ၂၁၉

"ဒါပေမဲ့ စီနီယာက နတ်သမီးဖန်းကို အရိပ်အမြွက်ပေးလိုက်တာပဲ။ သူတို့ကို တောင်ဘက်ကို တစ်ပါတည်း ခေါ်သွားဖို့ ပြီးတော့... ဂိုဏ်းထဲကိုတောင် လက်ခံပေးဖို့ပေါ့။

ထွက်သက်တစ်ချက်စာလောက်နဲ့တင် သေသွားနိုင်တဲ့ သာမန်လူသား ခြောက်ယောက်

လေးတင်ပါ အဲဒါကို စီနီယာက... ဂရုစိုက်နေတုန်းပဲလား"

"မောက်မာလိုက်တာ"

စုန်ယန်က အေးစက်စွာ ပြန်ထူးလိုက်သည်။

ယုတ္တိဗေဒအရဆိုလျှင် ထန်းဖန်သည် သူ့ကိုယ်သူ လူကောင်းတစ်ယောက်ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်နိုင်သည်။ သို့သော် စုန်ယန်သည် လူတစ်ယောက်ကို စကားလုံးများဖြင့် အကဲဖြတ်သည့်အဆင့်ထက် များစွာကျော်လွန်နေပြီဖြစ်သည်။

ထန်းဖန်၏ လှုပ်ရှားမှုတိုင်းမှာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက်သာဖြစ်ပြီး သူ၏ စရိုက်အမှန်၊ ရည်ရွယ်ချက်အစစ်အမှန် သို့မဟုတ် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကိုမူ စုန်ယန် မသိသလို သိရန်လည်း မလိုပေ။

လူတစ်ယောက်၏ မျက်နှာကိုသာ မြင်နိုင်ပြီး စိတ်ကိုမူ မမြင်နိုင်ချေ။

"တစ်ခါတလေကျရင် ကိုယ့်စိတ်ထဲမှာ ဘာတွေးနေမှန်းတောင် ကိုယ်တိုင် မသိနိုင်တာ။ အဲဒီတော့ တခြားသူတွေကိုကျမှ ဘယ်လိုလုပ်ပြီး လူကောင်း လူဆိုးလို့ ဆုံးဖြတ်နိုင်မှာလဲ"

စုန်ယန် သေချာပေါက် သိထားသည့်အချက် တစ်ခုသာရှိသည်။

အကယ်၍ သူသာ ယခုအချိန်တွင် အားနည်းချက်တစ်ခုခု ပြမိပါက သူ၏ရှေ့မှ ဤကောင်လေးက သူ့ကို ဒုက္ခပေးရန် ဝန်လေးလိမ့်မည်မဟုတ်ပေ။

ရွှမ်းယွမ်၊ အဟွိုင်နှင့် အဟွမ်တို့၏ ကိစ္စများကို ဖြေရှင်းပြီးနောက် သူသည် အစီအရင်အတတ်၏ စစ်မှန်သော နားလည်မှုကျမ်းကို ဆက်လက်ဖတ်ရှုနေမိသည်။

ဤကျမ်းတွင် အစီအရင်အတတ်၏ အမွေအနှစ် ဗဟုသုတများ၊ အစီအရင်ပြားများနှင့် အစီအရင်အလံများ ပြုလုပ်ပုံကို ရှင်းပြထားရုံသာမက ထူးခြားလှသော အစီအရင်တစ်ခုအကြောင်းကိုလည်း ဖော်ပြထားသည်။ ၎င်းမှာ ဓာတ်ကြီးငါးပါး စွမ်းအင်စုစည်းမှု အစီအရင်ပင်။

ဓာတ်ကြီးငါးပါး စွမ်းအင်စုစည်းမှုဆိုသည်မှာ ထူးကဲချီများကို စုစည်းပေးခြင်းဖြစ်ပြီး ရိုးရိုး စွမ်းအင်စုစည်းမှု အစီအရင်ထက် အဆပေါင်းများစွာ ပိုမိုမြင့်မားသည်။ သို့သော် မညသည့်စွမ်းအင်အမျိုးအစားကို စုစည်းမလဲဆိုသည်မှာ အစီအရင်ပြား၏ အလယ်ဗဟိုရှိ ကျောက်မျက်ရတနာပေါ်တွင် မူတည်သည်။

ဤကျောက်မျက်အမျိုးအစားမှာ အလွန်ထူးခြားပြီး ဂူဖြူကျောက်မျက်ဟု အမည်ရသည်။

ဂူဖြူကျောက်မျက် ဆိုသည်မှာ မူလက ထူးကဲချီများဖြင့် ပြည့်နှက်နေသောကျောက်မျက်တစ်ခုဖြစ်သော်လည်း အမည်မသိ အကြောင်းရင်းတစ်ခုကြောင့် အလယ်ဗဟိုတွင် အဖြူရောင် အပေါက်ငယ်တစ်ခု ဖြစ်ပေါ်နေခြင်းပင်။

ဤဟာလာဟင်းလင်းဖြစ်မှုကပင် ၎င်းနှင့်သက်ဆိုင်သော ထူးကဲချီကို ပြင်းထန်စွာ ဆွဲယူနိုင်သည့်အစွမ်းကို ပေးစွမ်းသည်။

၎င်းကို အစီအရင်ပြား၏ အချက်အချာတွင် ထားလိုက်သောအခါ ကျောက်မျက်၏ မှတ်မိနိုင်စွမ်းနှင့် ဆွဲဆောင်မှုကို အသုံးချ၍ သက်ဆိုင်ရာ စွမ်းအင်များကို စတင်စုစည်းပေးတော့သည်။

သို့သော် အစီအရင်ပြားအတွင်း၌ ကျောက်မျက်၏ မျက်နှာပြင်ပေါ်တွင် အကာအကွယ်အလွှာတစ်ခု ပါရှိသဖြင့် စွမ်းအင်များသည် ကျောက်မျက်အတွင်းသို့ မဝင်နိုင်ဘဲ အပြင်ဘက်၌သာ အဆက်မပြတ် စုစည်းနေခြင်းပင်။

ဤဂူဖြူကျောက်မျက်မှာ အလွန်ရှားပါးလှပြီး မြေစွမ်းအင် ပေါက်ကွဲမှုဖြစ်ပေါ်ချိန်များတွင်သာ ထွက်ပေါ်တတ်သည်။ အချိန်မီ ရှာဖွေမတွေ့ရှိပါက ၎င်းသည် စွမ်းအင်များ ပြည့်သွားပြီး ဂုဏ်သတ္တိ ပျောက်ကွယ်သွားတတ်သည်။

မြေစွမ်းအင် ပေါက်ကွဲသည့် နေရာများမှာလည်း အလွန်အန္တရာယ်များသဖြင့် ဤကျောက်မျက်မှာ တကယ်ပင် တန်ဖိုးကြီးလှသည်။

ထောင်ကရိန်းဂိုဏ်းတွင် သစ်သားဓာတ် ဂူဖြူကျောက်မျက်တစ်ခု ရှိသဖြင့် သစ်သားဓာတ် စွမ်းအင်စုစည်းမှု အစီအရင်ကို အသုံးပြုနိုင်ခြင်းပင်။

စုန်ယန်သည် ၎င်းကို ဖြည်းဖြည်းချင်း လေ့လာတွေးတောနေမိသည်။ ညနေစောင်းသောအခါ သူ၏ရှေ့မှ ထန်းဖန် တစ်ဖန် ထွက်ပြေးသွားပြန်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူသည် စိတ်အာရုံကို အနည်းငယ် ဖြန့်ကြက်လိုက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ထိုကောင်လေးကို ပြန်လည်ဖမ်းဆီး၍ ခေါ်ဆောင်လာခဲ့သည်။

ထန်းဖန်မှာ သက်ပြင်းချရုံမှတစ်ပါး မတတ်နိုင်တော့ဘဲ နားနေဆောင်တိုင်ကို အသာအယာ ပြန်မှီလိုက်သည်။ သူ၏ မျက်လုံးများကမူ ဟိုဟိုဒီဒီ ဝေ့ဝဲနေဆဲဖြစ်ရာ နောက်တစ်ကြိမ် ထွက်ပြေးရန် အကြံထုတ်နေသည်မှာ သိသာလှသည်။

"လွတ်မှာမဟုတ်ဘူးဆိုတာ သိနေတာတောင်မှ ဘာလို့ သူက ဆက်တိုက် ထွက်ပြေးနေတာလဲ"

စုန်ယန် ထိုအကြောင်းကို မမေးတော့ပေ။

၎င်းမှာ အာရုံလွှဲခြင်းအကွက်တစ်ခုသာ ဖြစ်သည်။ သူ ထပ်ခါတလဲလဲ ထွက်ပြေးခြင်းဖြင့် စုနယန်ကို ရိုးအီသွားစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး တစ်နေ့တွင် စုန်ယန်၏ သတိလက်လွတ်ဖြစ်မှုကို အခွင့်ကောင်းယူကာ သူ၏ ဝှက်ဖဲကို ထုတ်သုံး၍ အမှန်တကယ် ထွက်ပြေးရန် ကြံစည်နေခြင်းပင်။

ဤဝှက်ဖဲမှာ သူ၏ လျှို့ဝှက်အတတ်တစ်ခု ဖြစ်နိုင်သလို သို့မဟုတ်လည်း အပြင်ဘက်တွင် တစ်စုံတစ်ဦးက သူ့ကို စောင့်ကြိုနေခြင်းလည်း ဖြစ်နိုင်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် ထန်းဖန်အတွက်တော့ လွတ်မြောက်နိုင်ခြေက တော်တော်လေး မြင့်နေပုံပဲ။ သူက ငတုံးမှမဟုတ်တာ ဘာမျှော်လင့်ချက်မှမရှိဘဲနဲ့တော့ ဒီလောက်အထိ အားစိုက်ပြီး ရုန်းကန်နေမှာမဟုတ်ဘူး။ တစ်ခုခုတော့ ရှိနေမှာပဲ"

ဤသို့တွေးမိရင်း စုန်ယန်သည် ထန်းဖန်ကို အနီးကပ် စေ့စေ့စပ်စပ် ကြည့်လိုက်မိရာ ဤလူငယ်လေးမှာ တော်တော်လေး ရုပ်ဖြောင့်သည်ကို တွေ့လိုက်ရသည်။

ဒါဆို... သူ့ကိုစောင့်နေတာ အမျိုးသမီးတစ်ယောက်များလား။

ဖန်းချင်းမုန်းလား။

မဖြစ်နိုင်လောက်ပါဘူး။ ထောင်ကရိန်းဂိုဏ်းချုပ်က ဒီလောက်အထိတော့ မိုက်မဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်ကသာ မသိခဲ့ဘူးဆိုရင်ရော…..

စုန်ယန်သည် မျက်မှောင်ကြုတ်လျက် ထန်းဖန်၏ ခုနက ပျို့အန်သံကို ပြန်လည်ကြားယောင်ကာ သူ၏အတွေးမှာ ပိုမိုခိုင်မာလာသည်။ ဤသို့တွေးမိသောအခါ သူသည် စကားပင်မဆိုနိုင်တော့ဘဲ ဤကောင်လေးကို မှောက်ခုံထားပြီး ခပ်နာနာလေး ရိုက်ပစ်ချင်စိတ် ပေါက်လာတော့သည်။

မင်း ကောင်းကင်ကိုမော့ပြီးအော်လို့ မြေခွေးနဲ့ ဝံပုလွေတွေ ရောက်လာတယ်။ ပြီးတော့ မင်း ရွှေရောင်ချပ်ဝတ်ကြီးနဲ့ လူကြားထဲ ကြွားနေလို့ ငါ ရောက်လာရတာ။

အခုလည်း မင်းက အပိုအလုပ်တွေလုပ်ပြီး ဖန်းချင်းမုန်းနဲ့ မင်းရဲ့ပတ်သက်မှုကို ငါ့ကို သတိထားမိအောင် လုပ်နေပြန်ပြီ။

မင်းကတော့ တကယ့်ကို... သင်ခန်းစာမရှိတဲ့ကောင်ပဲ။

လောလောဆယ်တွင် စုန်ယန်သည် ဤစုံတွဲ သို့မဟုတ် တစ်ဦးတစ်ယောက်ချင်းစီက သူ့ကို အမှန်တကယ် ဒေါသထွက်အောင် မလုပ်မိဖို့သာ မျှော်လင့်နေမိသည်။

မဟုတ်ရင် ဝိညာဉ်ကျင့်ကြံသူဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို ထန်းဖန် သိအောင်လုပ်ပြလိုက်

မယ်။

ထန်းဖန်၏ ကိုယ်ပေါ်တွင်မူ စုန်ယန်က ခြေရာခံအငွေ့အသက်တစ်ခုကို တိတ်တဆိတ် ထည့်သွင်းထားသည်မှာ ကြာလှပြီဖြစ်သည်။ ၎င်းမှာ ရုပ်သေးဂိုဏ်း၏ လျှို့ဝှက်အတတ်လေးတစ်ခုဖြစ်ပြီး ဂူဟွမ်ကျိ သင်ပေးထားခြင်းပင်။

ယခုအခါ စုန်ယန်က အသုံးပြုလိုက်သောအခါတွင်မူ ဂူဟွမ်ကျိ အသုံးပြုခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှရာ ထန်းဖန်၏ ဝိညာဉ်စွမ်းအားကသာ မသာလွန်ခဲ့လျှင် ၎င်းကို လုံးဝသိရှိနိုင်မည် မဟုတ်ပေ။

အချိန်လည်း ရှိနေသေးသည်ဖြစ်ရာ ထန်းဖန်၏ လျှို့ဝှက်ချက်များကိုလည်း သူ စိတ်ဝင်စားနေမိသည်။ ထို့ကြောင့် ကျားကို တောင်ပေါ်ပြန်လွှတ်ပေးပြီးစောင့်ကြည့်ရသည့် အစီအရင်ကို သူ စမ်းသပ်ကြည့်ချင်နေသည်။

စွမ်းအင်ကြည့်ပုတီးစေ့၊ ခြေရာခံအငွေ့အသက်နှင့် ခရမ်းရောင်နန်းတော်အဆင့် စွမ်းအားများက သူ့ကို ယုံကြည်မှုအပြည့် ပေးထားသည်။ သူသည် သူ၏ ဝှက်ဖဲများကို အမှန်တကယ်ပင် ဖြည့်တင်းရန် လိုအပ်နေခြင်းပင်။

ထန်းဖန်အတွက် အချိန်က အကန့်အသတ်ရှိသလို သူ၏အချိန်ကလည်း အကန့်အသတ်နှင့်သာ ဖြစ်သည်။

သွေးရောင်လွှမ်းနေသော နေဝင်ချိန်တွင် ဆည်းဆာရိပ်များ ဖုံးလွှမ်းနေသော တောင်တန်းကြီးများ။

ထောင်ကရိန်းဂိုဏ်း၏ ကျောက်လှေကားထစ်များပေါ်တွင် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေသော ရွှမ်းယွမ်သည် နောက်ဆုံးတွင် အဖြေတစ်ခုကို ရရှိခဲ့သည်။

ရောင်စုံအလင်းတန်းတစ်ခုသည် သူမနှင့် ကလေးငါးယောက်၏ ရှေ့တွင် ဆင်းသက်လာခဲ့သည်။ အဖြူရောင်ဝတ်စုံနှင့် အေးစက်လှသော နတ်သမီးလေး ပေါ်ထွက်လာပြီး လှေကားထစ်များပေါ်တွင် ဦးညွှတ်စောင့်ဆိုင်းနေသော လူခြောက်ဦးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီမှာ ချန်ချွန်းခန်းမက ဆရာဝန်လီဆိုတာ မရှိဘူး"

ရွှမ်းယွမ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ဆရာဝန်လီ ဤနေရာတွင် ရှိနေသည်ကို သူမ သေချာပေါက် သိပါသည်။

ထိုနေ့က ဆရာဝန်လီ မည်သည့်နေရာတွင် ဆင်းသက်ခဲ့သည်ကို လူတိုင်း မြင်တွေ့ခဲ့ကြခြင်းပင်။

ဖြစ်နိုင်ခြေရှိသော တစ်ခုတည်းသော အဖြေမှာ သူမ သိကျွမ်းခဲ့သော ဆရာဝန်လီသည် ဤနေရာတွင် မရှိတော့ဘဲ ထိုဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူကြီးသာ ကျန်ရစ်တော့သည်ဟူသော အချက်ပင်။

အခန်း။ ၂၂၀

အဟွိုင်က တုံ့ပြန်မှု အလွန်မြန်လှသည်။ ရွှမ်းယွမ်၏ တိတ်ဆိတ်သွားမှုနှင့် လေထုကြီး တင်းမာအေးစက်လာသည်ကို မြင်သောအခါ သူသည် အမြန်ပင် ရှေ့သို့တိုး၍ အရိုအသေပေးကာ "ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်... ကျွန်တော်တို့ မှားသွားတာပါ။ တကယ့်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဟု ထပ်ခါတလဲလဲ ပြောတော့သည်။

ထိုစဉ် ဖန်းချင်းမုန်းက ရုတ်တရက် ပြောလိုက်၏။

"နောက်ထပ် ရက်သတ္တပတ် နှစ်ပတ်လောက်နေရင် ငါတို့ ထောင်ကရိန်းဂိုဏ်းက တောင်ဘက်ကို ပြောင်းရွှေ့တော့မယ်။ မင်းတို့ ခြောက်ယောက်လည်း အဆင်သင့်ပြင်ထားပြီး ငါတို့နဲ့အတူ လိုက်ခဲ့ကြ။ ပြီးရင် ငါတို့ ထောင်ကရိန်းဂိုဏ်းမှာပဲ နေထိုင်ကြပေါ့။

အရင်ဆုံး မင်းတို့ရဲ့ ထူးကဲအမြစ်ကို စမ်းသပ်မယ်။ အလားအလာရှိတဲ့သူက ငါ့ဂိုဏ်းကိုဝင်ပြီး ငါ့ရဲ့ တပည့်ဖြစ်လာမယ်။ အလားအလာမရှိတဲ့သူတွေကတော့ အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်ရမယ်"

"ဗျာ..."

အမြဲတမ်း တည်ငြိမ်လှသော အဟွိုင်ပင်လျှင် ဆွံ့အသွားပြီး ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်အောင် ဖြစ်နေရသည်။ သူ ကြားလိုက်ရသည့် စကားမှာ သူ့နားကိုပင် သူ မယုံနိုင်လောက်အောင်ပင်။

ထောင်ကရိန်းဂိုဏ်းဆိုသည်မှာ အထက်ကောင်းကင်ယံမှ ဧရာမ အင်အားကြီးအဖွဲ့အစည်းတစ်ခုပင်။ ထောင်ကရိန်းဂိုဏ်း၏ အုပ်ချုပ်ရေးမှူး တစ်ယောက်ဆိုသည်မှာ ပြင်ပလောကတွင် မည်မျှအရှိန်အဝါကြီးမားသည်ကို သူ စိတ်ကူးကြည့်ရုံတင်မကဘဲ ကိုယ်တိုင်လည်း မြင်ဖူးခဲ့သည်။ ၎င်းမှာ ဧကရာဇ်တစ်ပါး တိုင်းခန်းလှည့်လည်နေသကဲ့သို့ပင် ခန့်ညားသည်။

သို့သော် ယခုမူ သူသည် ထောင်ကရိန်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်လာနိုင်သည့်အပြင် အဆိုးဆုံးအခြေအနေ၌ပင် အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်လာနိုင်ပေတော့မည်။

ဤသည်မှာ အဟွိုင်တင်မကဘဲ ရွှမ်းယွမ်၊ ရှောင်ဟွမ်နှင့် အခြားသူများအားလုံးမှာလည်း ကြောင်အသွားကြပြီး အိပ်မက်တစ်ခုမက်နေသကဲ့သို့ပင် ရင်ထဲ၌ တလှပ်လှပ် ဖြစ်နေကြတော့သည်။

ဖန်းချင်းမုန်းက အသာအယာပြုံးလျက် "ငါက အနည်းဆုံးတော့ သွေးနီရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးပဲ။ ပါရမီရှိတဲ့သူတွေကို ငါ့တပည့်အဖြစ် လက်ခံချင်တာတောင် မင်းတို့က မလိုလားဘူးလား" ဟု ပြောလိုက်သည်။

အဟွိုင်၊ ရှောင်ဟွမ်နှင့် ရွှမ်းယွမ်တို့မှာ အလျင်အမြန်ပင် ဒူးထောက်ရန် ပြင်ကြတော့သည်။ သို့သော် ဖန်းချင်းမုန်းက သူတို့၏ ဒူးထောက်မှုကို လက်မခံဘဲ လက်ကို အသာအယာ မြှောက်လိုက်ရာ မြေပြင်မှ လန်းဆန်းသော နွေဦးလေပြေတစ်ခု တိုက်ခတ်လာသကဲ့သို့ သူတို့ ခြောက်ဦးလုံးကို အသာအယာ မတင်ပေးလိုက်သည်။

ထို့နောက် ဖန်းချင်းမုန်းက စိမ်းပြာရောင် ကျောက်စိမ်းပြား ခြောက်ခုကို ပစ်ပေးလိုက်ပြီး "နောက်ရက်အနည်းငယ်အတွင်းမှာ အဆင်သင့်ပြင်ထားကြ ပြီးရင် ဂိုဏ်းဆီကို ကြိုတင်လာခဲ့ကြပါ။ အချိန်မလင့်စေနဲ့ဦး" ဟု မှာကြားလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် အဖြူရောင်ဝတ်စုံနှင့် နတ်သမီးလေးမှာ လှပတင့်တယ်စွာဖြင့် လှည့်ထွက်သွားတော့သည်။ အဝေးတစ်နေရာဆီသို့ လွင့်ပါးသွားသော သူမ၏အသံမှာ လေထဲတွင် ဝဲပျံနေဆဲပင်။

"ငါ့ကို ချင်းမုန်းကျိန်းရန်လို့သာ ခေါ်ကြ။ တစ်ယောက်ယောက်က လာနှိပ်စက်ရင် ငါ့နာမည်ကို ပြောလိုက်... ငါ မင်းတို့ဘက်က ရပ်တည်ပေးမယ်"

ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ပုစဉ်းရင်ကွဲများ၏ အော်သံမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ပူပြင်းလှသော နေရောင်ခြည်မှာ သစ်တောရိပ်များကြားသို့ ထိုးဖောက်ဝင်ရောက်နေ၏။

ဧရာမ ရွှေဝါရောင် ဗူးသီးခြောက်ကြီးတစ်ခုမှာ စွမ်းအင်လှိုင်းများ ဝန်းရံလျက် ရှိပြီး ၎င်းပေါ်တွင် သုံးထပ်ပါသော အဆောက်အအုံတစ်ခု တည်ရှိနေသည်။ ၎င်းမှာ လေပြင်းများအကြားတွင် လှိုင်းစီးနေသော လှေတစ်စင်းပမာ ဝဲပျံနေသည်။

လေပြင်းတစ်ချက် တိုက်ခတ်လိုက်သည်နှင့် ထိုဗူးသီးခြောက်ကြီးမှာ တိမ်ပင်လယ်ကို ဖြတ်သန်းကာ တောင်ဘက်အရပ်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

၎င်းပေါ်တွင် ထောင်ကရိန်းဂိုဏ်းမှ ကျင့်ကြံသူ အများအပြားနှင့်အတူ ရွှမ်းယွမ်၊ အဟွိုင်နှင့် အခြားသူများလည်း ပါဝင်လာခဲ့သည်။

သို့သော် အဟွိုင်ကို ယခုအခါ အဟွိုင်ဟု မခေါ်တော့ပေ။ ထောင်ကရိန်းဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးကို ဝင်ရောက်မည့်သူတစ်ဦးမှာ မျိုးရိုးအမည် မရှိလို့မဖြစ်ပေ။ ထိုကြောင့် သူ့ကို ယခုအခါ လီဟွိုင်ဟုသာ ခေါ်ကြတော့သည်။

တောင်းရမ်းစားသောက်ခဲ့ကြဖူးသည့် ကျန်ရှိသောကလေးများမှာလည်း လီဟူသော မျိုးရိုးအမည်ကိုပင် ယူခဲ့ကြသည်။

အထီးကျန်လှသော ချောက်ကမ်းပါးထိပ်တစ်ခုပေါ်တွင် ရပ်ရင်း စုန်ယန်သည် ရွှေဝါရောင်ဗူးသီးခြောက်ကြီး ဝေးရာသို့ ပျံသန်းကွယ်ပျောက်သွားသည်ကို ငေးကြည့်နေမိသည်။

သူ၏ စိတ်အာရုံမှာ ဗူးသီးခြောက်ပေါ်ရှိ လူတိုင်းအပေါ်သို့ အတားအဆီးမဲ့ ဖြန့်ကြက်ထားပြီး ရွှမ်းယွမ်၊ လီဟွိုင်နှင့် ရှောင်ဟွမ်တို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

သူ၏ ကံကြမ္မာ အနှောင်အဖွဲ့များမှာ အလွန်ပင် ကြီးမားလှကြောင်း သူ သိရှိထားပြီးဖြစ်သည်။ သာမန်လူသားများအနေဖြင့် သူနှင့် အနည်းငယ်မျှ ပတ်သက်မိရုံဖြင့်ပင် ဝိညာဉ်များ လွင့်စင်ကာ ကြေကွဲဖွယ်ရာ အဆုံးသတ်မျိုးနှင့် ရင်ဆိုင်ရနိုင်သည်။

သို့ဖြစ်ရာ သူသည် ထိုကလေးများနှင့်အတူ စားပွဲတစ်လုံးတည်းတွင် ထိုင်ကာ ဝမ်တွန်းများ အတူတူ ပြန်မစားနိုင်တော့ပေ။

လီဟွိုင်ကလည်း "ဦးလေးလီ... ဖြည်းဖြည်းစားပါ" ဟု စိုးရိမ်တကြီးဖြင့် ပူပူနွေးနွေး ဝမ်တွန်းပန်းကန်ကို သူ့ထံသို့ လာရောက် ပေးအပ်နိုင်တော့မည် မဟုတ်တော့ချေ။

ရွှမ်းယွမ်သည်လည်း သူ့ကို ထိုကဲ့သို့သော မျက်ဝန်းမျိုးဖြင့် ငေးကြည့်ကာ ရင်ဖွင့်ဖို့ ကြိုးစားရင်း အငြင်းခံရမည်ကို ကြောက်လန့်နေစရာ မလိုတော့ပေ။

ရှောင်ဟွမ်လေးမှာလည်း သူ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ခေါင်းကို ပွတ်သပ်ခံရင်း "ဆရာဝန်အတုကလည်း လူကောင်းတစ်ယောက်ပါပဲ ဟုတ်တယ်မလား" ဟု ပြုံးစစဖြင့် နောက်ပြောင်နိုင်တော့မည် မဟုတ်ချေ။

ထိုလူ ခြောက်ယောက်မှာ ထောင်ကရိန်းဂိုဏ်းအထိ ရောက်အောင်လာပြီး သူ့ကို ရှာဖွေခဲ့ကြခြင်းမှာ မည်မျှအထိ သတ္တိမွေးခဲ့ရမည်ကို စုန်ယန် မတွေးရဲပေ။

သို့သော် သူတို့ ပြန်ရခဲ့သော အဖြေမှာမူ "ဆရာဝန်လီ ဆိုတာ မရှိဘူး" ဟူသော စကားပင်။

ထိုအခိုက်အတန့်တွင် သူတို့၏ စိတ်ခံစားချက်မှာ မည်သို့ရှိမည်ကိုလည်း သူ မခန့်မှန်းနိုင်ချေ။

စုန်ယန်သည် သူ၏ စိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်သည်။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ပြုံးလျက် "အသားကျသွားပါပြီလေ" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်မိသည်။

ရွှေဝါရောင်ဗူးသီးခြောက်ကြီးမှာ အလွန်ပင် ကြီးမားလှပြီး အခန်းတစ်ခုချင်းစီမှာလည်း သပ်ရပ်လှပသည်။

ရှောင်ဟွမ်သည် ပြတင်းပေါက်တွင် မှီလျက် အပြင်ဘက်ကို ငေးကြည့်နေသည်။ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ရှိနေသော်လည်း ထိုပျော်ရွှင်မှုများနောက်ကွယ်တွင် ဝမ်းနည်းမှု အနည်းငယ် ကပ်ပါနေ၏။

ရွှမ်းယွမ်၊ လီဟွိုင်နှင့် အခြားကလေး သုံးဦးမှာလည်း တိမ်ပင်လယ်ကြီးကို ငေးမောနေကြသည်။ ၎င်းမှာ သူတို့တစ်သက်တွင် တစ်ခါမှ မမြင်ဖူးသလို မြင်ရလိမ့်မည်ဟုလည်း အိမ်မက်ပင် မမက်ဖူးသော မြင်ကွင်းမျိုး ဖြစ်သည်။

ရှောင်ဟွမ်က ကလေးသံလေးဖြင့် "ဦးလေးလီသာ ဒီမှာရှိရင် သိပ်ကောင်းမှာပဲ" ဟု တိုးတိုးလေး ပြောလိုက်သည်။

လီဟွိုင်က ရှေ့သို့တိုးကာ ကလေးမလေး၏ ခေါင်းကို ပုတ်ပေးရင်း "ဦးလေးလီက ငါတို့နဲ့အတူ အမြဲရှိနေပါတယ်" ဟု ပြောလိုက်သည်။

ရှောင်ဟွမ်က အံ့ဩတကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်

လိုက်သည်။

"ဦးလေးလီလား ဦးလေးလီ ဘယ်မှာလဲ"

သူမသည် အော်ဟစ်ရင်း ပြေးလွှားရှာဖွေတော့သည်။ ကုတင်အောက်သို့ ငုံ့ကြည့်ကာ ဗီရိုများကို ဖွင့်ကြည့်သည်။ သို့သော် စုန်ယန်၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။ နောက်ဆုံးတွင် သူမသည် ကြောင်တောင်တောင်လေး ရပ်နေမိစဉ် အပြင်ဘက်စင်္ကြံလမ်းမှ ခြေသံများကို ကြားလိုက်ရသည်။

သူမ အလျင်အမြန်ပင် တံခါးကို ဖွင့်လိုက်ပြီး စိုးရိမ်တကြီးဖြင့် "ဖေဖေ" ဟု ခေါ်လိုက်မိသည်။

သို့သော် တံခါးအပြင်ဘက်တွင် ဘယ်သူမှ မရှိပေ။ ဘာအဖြေမှလည်း ပြန်မလာခဲ့ချေ။

ရှောင်ဟွမ်၏ မျက်နှာလေးမှာ ဒေါသကြောင့် နီမြန်းလာကာ "လူလိမ်ကြီး အစ်ကိုကြီးကလည်း လိမ်တယ်။ အဒေါ်ရွှမ်းကလည်း လိမ်တယ်... ဦးလေးလီကလည်း... လူလိမ်ကြီးပဲ" ဟု ပြောကာ မျက်ရည်များ တဖြောက်ဖြောက် ကျလာတော့သည်။

ရွှမ်းယွမ်က တံခါးကို ပြန်ပိတ်လိုက်ပြီး ရှောင်ဟွမ်ကို ရင်ခွင်ထဲထည့်ကာ အသာအယာ ချော့မော့နေမိကာ သူမသည် ထိုသူ၏ အတွေးများကို နားလည်သွားခဲ့ပြီဖြစ်သည်။

ထိုသူ စီစဉ်ပေးခဲ့သော အရာများကိုလည်း သူမ သဘောပေါက်သွားခဲ့ကာ သူမတင်မကဘဲ လီဟွိုင်လည်း သိပါသည်။ ကျန်သောကလေးများမှာမူ အရွယ်ရောက်လာသောအခါမှ ပို၍ နားလည်လာကြပေလိမ့်မည်။

သို့သော် သူမ သိချင်နေသည်မှာ သူတို့အားလုံး နားလည်သွားပြီဆိုတာကို ထိုသူ သိပါ့မလား ဆိုသည့် အချက်ပင်။ အကယ်၍ တစ်နေ့မှာ ပြန်တွေ့ခွင့်ရခဲ့မယ်ဆိုရင် "ကျေးဇူးတင်ပါတယ်" ဟူသော စကားကို သူမ သေချာပေါက် ပြောပြချင်မိသည်။

စုန်ယန်သည် ထိုနေရာတွင် အတော်ကြာအောင် ရပ်နေမိပြီးမှ အကြည့်ကို လွှဲလိုက်သည်။ မျက်စိတစ်ဆုံးတွင်မူ အဝေးက ကျောက်ဆောင်ပေါ်မှာ ထိုင်နေခဲ့သော ထန်းဖန်မှာ ပျောက်ကွယ်သွားခဲ့သည်။

ဤနေရာမှာ သူ နဂါးနေကျ နားနေဆောင် မဟုတ်ဘဲ အခြားတစ်နေရာ ဖြစ်သည်။ ဖန်းချင်းမုန်းက ဤနေရာကို ပြောပြခဲ့ခြင်းပင်။ ဤနေရာမှနေ၍ ရွှေဝါရောင်ဗူးသီးခြောက်က တောင်ဘက်သို့ ဦးတည်သွားမည်ဖြစ်သည်။

ထို့ကြောင့် သူသည် ထန်းဖန်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး အတိတ်၏ အမှတ်တရများထဲတွင် ခေတ္တမျှ နစ်မျောနေခဲ့ခြင်းပင်။ ထိုခဏအတွင်းမှာပင် ပြင်ပပတ်ဝန်းကျင်၏ သိမ်မွေ့သော ပြောင်းလဲမှုများကို သူ လျစ်လျူရှုမိသွားခဲ့ခြင်းပင်။

ဒီကောင် ထွက်ပြေးသွားပြန်ပြီ။

All Chapters