← Chapters

အခန်း (၁၈၁)

Vol. 19 Ch. 181

အခန်း (၁၈၁)

Vol. 19 Ch. 181

အမှတ်မထင် ဖူးစာ

အပိုင်း ၁၈၁

ချီဖန့်၏ မျက်နှာထားမှာ တည်ငြိမ်နေသော်လည်း၊ သူ၏မျက်ဝန်းများမှာမူ တိတ်ဆိတ်သော သန္နိဋ္ဌာန်များဖြင့် တောက်ပနေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။

ချူမင်လီသည် လူငယ်များတွင် ထိုကဲ့သို့သော စိတ်ဓာတ်မျိုးကို မြင်တွေ့ရသည်ကို နှစ်သက်သဖြင့် ပြုံးလိုက်ပြီး ဆိုသည်။

"ဒါဆိုရင် မင်းရဲ့စက်ရုံကို ငါအကြောင်းကြားပေးမယ်၊ ပစ္စည်းအားလုံးကို မင်းဆီ လွှဲပေးလိုက်ဖို့ပေါ့"

"ကျေးဇူးတင်ပါတယ်"

ချီဖန့် စိတ်ရင်းဖြင့် ပြောလိုက်သည်။ ချူမင်လီက သူစီးနင်းမည့် ဘက်သို့ တစ်ချက်ကြည့်ပြီး မေးသည်။

"အိမ်ပြန်မလို့လား"

"ယန်ရွှယ်ကို သွားကြိုမလို့ပါ"

သို့သော် ချီဖန့်သည် မှိုစိုက်ပျိုးရေးဌာနဘက်သို့ စီးသွားခြင်းမဟုတ်ဘဲ ချန်ရှန်းခရိုင် အမှတ် (၁) သစ်တောအထက်တန်းကျောင်းဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။

ယန်ရွှယ်သည် ယနေ့ ထိုကျောင်း၌ စာမေးပွဲဖြေဆိုနေခြင်း ဖြစ်သည်။ ကျောင်းက သူမအတွက် စာသင်ခန်း၏ နောက်ဆုံးတန်းတွင် နေရာတစ်ခု သီးသန့်စီစဉ်ပေးထားသည်။ သူမနှင့် မရင်းနှီးသော အခြားကျောင်းသားများက သူမကို ကျောင်းပြောင်းလာသူအသစ်ဟု ထင်မှတ်နေကြသည်။

ယန်ရွှယ်အနေဖြင့် သူမ၏ ယခင်ဘဝမှာဖြစ်စေ၊ ယခုဘဝမှာဖြစ်စေ ဤကဲ့သို့ စာသင်ခန်းထဲတွင် ပြန်ထိုင်ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ စာမေးပွဲမေးခွန်းလွှာကို ပထမဆုံး လက်ခံရရှိချိန်တွင် သူမ ခဏမျှ ဝေဝေဝါးဝါး ဖြစ်သွားမိသည်။

သို့သော် မေးခွန်းများကို မြင်လိုက်ရသောအခါ သူမ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး၊ စာရွက်၏ အပေါ်ဆုံးတွင် သူမ၏အမည်ကို သပ်ရပ်စွာ ရေးသားကာ စနစ်တကျ စတင်ဖြေဆိုတော့သည်။

ယန်ရွှယ်သည် သူမ၏ အသက်ထက် ပို၍ နုပျိုသဖြင့် မိမိထက် အသက်ကြီးပုံရသော ဆယ်ကျော်သက်များကြားတွင် ထိုင်နေရသော်လည်း သိသိသာသာ ထူးခြားမနေပေ။

သို့သော် သူမ၏ တည်ငြိမ်သော အမူအရာမှာမူ ထင်ရှားနေသည်။ သူမ၏ ဘေးတွင် ထိုင်နေသော ကောင်လေးမှာ သူမကို တစ်ချက်၊ သူမ၏ ဖြေဆိုလွှာကို တစ်ချက် လှမ်းကြည့်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ အဖြေများပေါ်၌ အကြည့်များ ရပ်တန့်သွားသည်။

သူမက အတော်လေး မြန်မြန် ရေးနေသည်။ ဒီကျောင်းသူးသစ်လေးက တကယ်ပဲ စာတော်တာလား။ ဒါမှမဟုတ် မှန်းပြီး ရေးနေတာလား။

သူကိုယ်တိုင်လည်း မှန်းပြီး ဖြေနေသူဖြစ်ရာ ထိုကောင်လေးသည် သူမ၏ အဖြေအချို့ကို ကူးယူလိုက်သည်။ စာမေးပွဲအပြီး အတန်းထဲတွင် အဖြေတိုက်ကြည့်ကြသောအခါ သူမ၏ အဖြေများက မှန်ကန်နေသည်!

သူက ယန်ရွှယ်ကို ပြန်ရှာကြည့်ချိန်တွင် သူမမှာ ထွက်သွားနှင့်ပြီ ဖြစ်သည်။ နောက်ဘာသာရပ်များတွင်လည်း ဤအတိုင်းပင် ထပ်ဖြစ်ရာ သူမသည် ထိုအတန်း၏ လျှို့ဝှက်ဆန်းပြားသော ကျောင်းသူသစ်လေး ဖြစ်လာတော့သည်။

လျှို့ဝှက်ဆန်းပြားသော ယန်ရွှယ်သည် ကျောင်းဂိတ်ဝမှ ထွက်လာသည်နှင့် လူအုပ်ကြားထဲတွင် ရင်းနှီးနေသော အရပ်ရှည်ရှည် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။

ထိုလူသည် သူ၏ စက်ဘီးကို မှီရပ်နေသည်။ သူမကို မြင်သောအခါ သူက ဘေးနားရှိ လူကို တစ်ခုခု ပြောလိုက်ရာ၊ ထိုလူက ပုလင်းဝကျယ်ကျယ် ရေနွေးအိုးကို ဖွင့်ကာ နို့ဖြူရောင် ရေခဲမုန့်တစ်ခွက်ကို ခပ်ထုတ်ပေးသည်။

ထိုရေနွေးအိုးမှာ အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ပုံမှန်အိမ်သုံး ရေနွေးအိုးများနှင့်မတူဘဲ ၎င်း၏ အဝမှာ ရေခဲချောင်းများ ထည့်နိုင်လောက်အောင် ကျယ်သည်။

ထိုလူ (ချီဖန့်)သည် ၁ ဆင့် ပေးချေလိုက်ပြီး ရေခဲခြစ်နှင့် ဇွန်းကို ယန်ရွှယ်ဆီ တိုက်ရိုက် ကမ်းပေးလိုက်သည်။

"စာမေးပွဲတွေ အားလုံး ဖြေပြီးပြီလား"

ယခုမှာ ဇူလိုင်လလယ်ဖြစ်၍ ရာသီဥတုမှာ အမှန်တကယ် ပူပြင်းလှသည်။ ယန်ရွှယ်သည် ရေခဲမုန့်ကို တစ်ဇွန်း ခပ်စားလိုက်ရာ ပါးစပ်ထဲတွင် အေးမြမှုများ ချက်ချင်း ပျံ့နှံ့သွားသည်။

"စာမေးပွဲတွေ အကုန်ပြီးပြီ၊ နောက်ရက်အနည်းငယ်အတွင်းမှာ ရလဒ်ထွက်လိမ့်မယ်"

ယန်ရွှယ် အနည်းငယ် စားပြီးနောက် ပြောလိုက်သည်။ အပြင်တွင် ဖြစ်သဖြင့် ချီဖန့်ကို ခွံ့ကျွေးရန် မသင့်တော်သောကြောင့် သူမက ခွက်အောက်ခြေတွင် အနည်းငယ် ချန်ထားပေးလိုက်သည်။

ချီဖန့်က သတိထားမိလိုက်ပြီး ကျန်ရှိနေသည်များကို တစ်ဇွန်းချင်းစီ အသာအယာ စားလိုက်ကာ ခွက်ကို ရောင်းသူထံ ပြန်ပေးလိုက်သည်။

ဈေးသည်က ပိုက်ဆံအမြန်ရသဖြင့် ကျေနပ်နေပြီး ခွက်ကို ဆေးကြောရင်း ပြုံးကာ မေးလိုက်သည်။ "ဒီနေ့ တော်တော်ပူတယ်။ မင်းညီမလေးအတွက် နောက်တစ်ခွက် ထပ်မဝယ်ပေးဘူးလား"

ချီဖန့်က သူ့ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ "သူမက ငါ့ညီမလို့ ဘာလို့ ထင်ရတာလဲ"

သူ၏ အကြည့်မှာ ခက်ထန်နေသည်။

ဈေးသည်လည်း မှင်သက်သွားခဲ့သည်။ အကယ်၍ သူမက ညီမမဟုတ်လျှင် သူက ဘာလို့ စောင့်နေရသနည်း။ ဒီနေ့က အလယ်တန်း စာမေးပွဲဖြေတဲ့နေ့ မဟုတ်လား။

ဈေးသည်၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ယန်ရွှယ် ချီဖန့်ကို ချက်ချင်း ပုတ်လိုက်သည်။

"ပြန်ကြရအောင်။ နောက်မှ အဘွားနဲ့ ကျိအန်း အတွက် ရေခဲမုန့် ထပ်ဝယ်ပေးတာပေါ့။"

ချီယန်ယွီလေး အတွက်မူ တစ်ခါတစ်လေ တစ်ပွဲစာလောက်ဆိုလျှင် ရပါသည်။ အအေးများလွန်းလျှင် ကလေး ဗိုက်နာတတ်သည်။

သို့သော် သူတို့ အပြင်မှာ စားခဲ့သည်ကို ထိုကလေးငယ်အား မသိစေရပေ။ ယန်ရွှယ် ပြုံးကာ ပြောလိုက်သည်။ "ယန်ယွီ မစားရရင် မေမေနဲ့ ဖေဖေလည်း မစားဘူး"

ဖက်တီးလေးမှာ ပိုစားချင်နေသေးသော်လည်း အောင်မြင်စွာ ချော့မော့ခံလိုက်ရသည်။ သူသည် သူလျက်ထားသော ဇွန်းကိုပင် မိခင်ဖြစ်သူအား မြည်းစမ်းရန် ကမ်းပေးလိုက်သေးရာ ယန်ရွှယ်၏ ကိုယ်ချင်းစာစိတ်မှာ အနည်းငယ် တွန့်သွားမိသည်။

သို့သော် ခဏမျှသာ ဖြစ်သည်။ နောက်တစ်နေ့ အလုပ်တွင် ထိုကလေး၏ နောက်၌ သူမ ရေခဲချောင်း ခိုးစားခဲ့ပြန်သည်။ မကြာသေးမီက အပူလှိုင်းကြောင့် လူတိုင်း ရေခဲချောင်းများ ယူလာကာ ဝေမျှစားကြခြင်းမှာ ထုံးစံလို ဖြစ်နေသည်။

ရက်အနည်းငယ်အကြာတွင် စာမေးပွဲရလဒ်များ ထွက်လာသည်။ ယန်ရွှယ်မှာ အောင်ရုံသာမက ဘာသာရပ်တိုင်းတွင်လည်း အမှတ်ကောင်းကောင်း ရရှိခဲ့သည်။ သူမ၏ ဖိုင်ကို ယခု လွှဲပြောင်းနိုင်ပြီဖြစ်ကာ မကြာမီ တရားဝင်ကျောင်း စတင်တက်ရောက်ရတော့မည်။

သူမတွင် အလယ်တန်းအောင်လက်မှတ် ရှိထားပြီးဖြစ်သဖြင့် ၎င်းမှာ ကျောင်းပြောင်းခြင်း သဘောမျိုးသာ ဖြစ်သည်။ သူမအနေဖြင့် ကျောင်းဝင်းအတွင်း ပုံမှန် အမြဲတမ်း တက်ရောက်ရန် မလိုပေ။

ထိုကိစ္စ ပြေလည်သွားပြီးနောက်၊ ဖန်အိုးများထဲတွင် မှိုစိုက်ပျိုးသည့် ယန်ရွှယ်၏ စမ်းသပ်မှုမှာ နောက်ဆုံးတွင် အသီးအပွင့်များ စတင်ရရှိလာသည်။

ပထမဆုံး မှိုငုံလေးများ ပေါ်ထွက်လာသောအခါ တစ်ဌာနလုံး အံ့အားသင့်သွားကြသည်။ ကျွမ်းချီရှန်းအပါအဝင် လူတိုင်းသည် အဝတ်အစားများ လဲလှယ်ကာ အထဲသို့ ဝင်ရောက် ကြည့်ရှုကြသည်။

ဘာပဲဖြစ်ဖြစ် ယန်ရွှယ်က စမ်းကြည့်မည်ဟုသာ ပြောခဲ့ခြင်း ဖြစ်သည်။ သစ်မှုန်ကနေ မှိုတကယ် ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

သို့သော် သူတို့ တစ်ရက်ပြီးတစ်ရက် စစ်ဆေးရာတွင် မှိုငုံလေးများမှာ ပေါက်လာရုံသာမက ပို၍ ကြီးထွားလာကာ လျင်မြန်စွာ ရင့်မှည့်လာကြသည်။

နှစ်ပတ်အကြာတွင် သူတို့၏ ပထမဆုံး လတ်ဆတ်သော မှိုအုပ်စုကို ခူးဆွတ်နိုင်ခဲ့သည်။ သေးငယ်သော်လည်း ၎င်းမှာ ငြင်းမရသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

ကျွမ်းချီရှန်းသည် မှိုခူးခြင်းကို ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး ဖန်အိုးများကို အံ့သြစွာ ကြည့်နေမိသည်။

"သစ်မှုန်ကနေ ဒီလိုလုပ်လို့ရမယ်လို့ ဘယ်သူ သိမှာလဲ"

အနည်းဆုံးတော့ သစ်တုံးများ သို့မဟုတ် စံမမီသော သစ်သားစများမှာ သစ်သားပင် ဖြစ်သေးသည်။ ဤအရာမှာမူ လူတို့ လောင်စာအဖြစ်သာ သုံးလေ့ရှိသည့် အပိုပစ္စည်း သစ်မှုန်များသာ ဖြစ်သည်။

အမှန်တရားမှာ ဖန်အိုးထဲတွင် မှိုစိုက်ပျိုးခြင်းမှာ အစပိုင်းတွင် မှိုမျှင်မွေးမြူခြင်းနှင့် တူပြီး ၃၀ ရက်ခန့်တွင် အိုးတစ်ခုလုံး မှိုမျှင်များ ပျံ့နှံ့သွားသည်။

သို့သော် မှိုများ ပေါက်လာစေရန်အတွက် သစ်တုံးစိုက်ပျိုးခြင်း၏ သဘာဝ အခြေအနေများကို တတ်နိုင်သမျှ တုပရမည် ဖြစ်သည်။

ယန်ရွှယ်နှင့် ကောချန်အန်းတို့သည် ဖန်အိုးများကို အုပ်စုများစွာ ခွဲလိုက်ပြီး အလင်းရောင်၊ စိုထိုင်းဆနှင့် အပူချိန်တို့ကို အမျိုးမျိုး ပြောင်းလဲကြည့်ကြသည်။ ရလဒ်များမှာ သိသိသာသာ ကွဲပြားသည်။

အကောင်းဆုံး ကြီးထွားမှုမှာ အခန်းအပူချိန်တွင် ထားရှိပြီး အရိပ်ရကာ နေ့စဉ် ရေမှုန်ရေမွှား ဖြန်းပေးသော အိုးများမှ ဖြစ်သည်။ ဆယ်ရက်ခန့်တွင် မှိုငုံလေးများ ပေါ်လာသည်။

ဤသစ်နားရွက်မှိုအုပ်စုမှာ ပထမဆုံး ခူးဆွတ်ရရှိခြင်း ဖြစ်သည်။ ခူးဆွတ်ပြီး အခြောက်ခံပြီးနောက် ယန်ရွှယ်သည် အိုးတစ်လုံးယူကာ စိုက်ပျိုးရေးဌာန၏ ခြံအတွင်း၌ ယာယီမီးဖိုတစ်ခု လုပ်လိုက်သည်။

"ကျွန်မတို့ ဒါတွေကို နှိုင်းယှဉ်ကြည့်ကြရအောင်။ ရေစိမ်တဲ့အခါ ရေစုပ်ယူမှုကနေ အထိအတွေ့အထိပေါ့။ ဒီနေရာမှာတင် ရေစိမ်မယ်၊ ကြော်မယ်၊ ပြီးတော့ မြည်းစမ်းကြည့်ကြမယ်။"

မှိုစိုက်ပျိုးရေးဌာနသို့ ပြောင်းလာကတည်းက ကျွမ်းချီရှန်းသည် ယခင်က မလုပ်ဖူးသည့်အရာများစွာကို လုပ်ခဲ့ရသည်။ မှိုမျိုးစေ့ရောင်းခြင်း၊ လေ့လာရေးခရီးများ စီစဉ်ခြင်းနှင့် ယခုအခါ အစားအစာ မြည်းစမ်းခြင်းအထိပင်။

သို့သော် သူတို့က သုတေသန လုပ်နေခြင်း ဖြစ်သဖြင့် အချို့အရာများကို ကိုယ်တိုင် စမ်းသပ်ရမည်။ သူသည် ညည်းညူခြင်းမရှိဘဲ ယန်ရွှယ်၏ ညွှန်ကြားချက်များအတိုင်း နှိုင်းယှဉ်မှုများကို လုပ်ဆောင်သည်။

သစ်တုံးပေါ်တွင် စိုက်သောမှိုများနှင့် ယှဉ်လျှင် သစ်မှုန်ဖြင့် စိုက်သောမှိုများမှာ သိသိသာသာ ပို၍ ပါးလွှာပြီး သစ်တုံးမှိုများကဲ့သို့ ထွားကြိုင်းမှု မရှိပေ။

ရေစိမ်ပြီး ကြော်လိုက်သောအခါ ၎င်းတို့၏ အထိအတွေ့မှာ ပို၍ နူးညံ့ပြီး စေးကပ်သည်၊ အလွန်အကျွံ ချက်ပြုတ်မိပါက ပျော့ဖတ်သွားတတ်ပြီး သစ်တုံးမှိုများကဲ့သို့ ဝါးရသည်မှာ ခံနိုင်ရည် မရှိပေ။

"ဒါတွေက အရသာ သိပ်မကောင်းဘူး"

ကျွမ်းချီရှန်းက သစ်မှုန်မှိုများကို တုတ်ဖြင့် ထောက်ပြရင်း ဆိုသည်။ အခြားသူများကလည်း ခေါင်းညိတ် ထောက်ခံကြသည်။

သို့သော် ကျိုးဝမ်ဟွေ့က ခဏမျှ စဉ်းစားပြီး ထပ်ပြောလိညက်သည်။ "သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကတော့ ဒါကို ပိုကြိုက်နိုင်တယ်၊ အထူးသဖြင့် သွားမရှိတော့တဲ့သူတွေပေါ့"

ယခုအချိန်တွင် သွားတုများ ရှိနေပြီဖြစ်သော်လည်း သက်ကြီးရွယ်အို အများအပြားမှာ မဝယ်နိုင်ကြသဖြင့် နူးညံ့ပြီး ဝါးရလွယ်သော အစားအစာများကိုသာ မှီဝဲနေကြရသည်။

ကောချန်အန်းသည် အနားတွင် ရပ်နေပြီး သူ၏ မှတ်စုစာအုပ်ထဲတွင် မှတ်တမ်းတင်နေသည်။ အားလုံး ပြောပြီးမှ သူ ပြောလိုက်သည်။ "အိုးတစ်လုံးကနေ လတ်ဆတ်တဲ့မှို တစ်ပေါင်ခွဲလောက် ထွက်နိုင်တယ်"

"တစ်ပေါင်ခွဲတောင်လား"

အားလုံး အမှန်တကယ် အံ့သြသွားကြသည်။ တစ်မီတာရှည်သော သစ်တုံးတစ်တုံးမှ ငါးပေါင် သို့မဟုတ် ခြောက်ပေါင်ခန့်သာ ထွက်ရှိရာ၊ ဤကဲ့သို့ ဖန်အိုးလေးတစ်လုံးက မည်သို့ ယှဉ်နိုင်မည်နည်း။

ပြီးတော့ သစ်တုံးတွေက သစ်သားအကောင်းစားတွေ သုံးရတာ၊ ဒီအိုးတွေက သစ်မှုန်တွေကိုပဲ သုံးထားတာ။ ပြီးတော့ ဒါက သူတို့ သုတေသနရဲ့ အစပဲ ရှိသေးတယ်...

ကောချန်အန်း ခေါင်းညိတ်ပြသည်ကို မြင်သောအခါ အခြားသူများ တိတ်ဆိတ်သွားကြသည်။ ဤမျှ ထွက်နှုန်းကောင်းပါက အရသာ အနည်းငယ် ညံ့ခြင်းနှင့် မှိုပါးခြင်းမှာ ကြီးမားသော ပြဿနာ မဟုတ်တော့ပေ။

ထွက်နှုန်းများခြင်းမှာ ဈေးနှုန်းသက်သာခြင်းကို ဆိုလိုပြီး၊ အရင်က မဝယ်နိုင်ခဲ့သူများအတွက်ပါ လက်လှမ်းမီလာစေမည် ဖြစ်သည်။

"ဒါပေမဲ့ တစ်ခါစိုက်ရင် ဘယ်နှစ်နှစ်အထိ ခူးလို့ရမလဲ"

ကျွမ်းချီရှန်းက လူတိုင်း သိလိုနေသော မေးခွန်းကို မေးလိုက်သည်။

မည်သူမျှ သေချာ မပြောနိုင်ပေ။ ကျွမ်းချီရှန်းက ကောချန်အန်းကို ကြည့်သည်၊ ကောချန်အန်းကလည်း ယန်ရွှယ်ကို ပြန်ကြည့်သည်။ ခဏကြာမှ ယန်ရွှယ် ပြောလိုက်သည်။

"နောက်နှစ်ကျရင် သိရမှာပါ"

"ဒါဆိုရင် ဆက်ပြီး သုတေသန လုပ်ကြတာပေါ့"

ကျွမ်းချီရှန်း ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ယန်ရွှယ်သာ ဤအကြံကို မပေးခဲ့ပါက သစ်မှုန်ကနေ မှိုပေါက်နိုင်မည်ဟု သူ လုံးဝ ယုံကြည်ခဲ့မည် မဟုတ်ပေ။

သူတို့ ဆွေးနွေးနေစဉ်မှာပင် လုံခြုံရေးဂိတ်မှ အစောင့်တစ်ဦး ရောက်လာသည်။ အားလုံးက သူ့ကို ဟင်းများ မြည်းစမ်းရန် ချက်ချင်း ဖိတ်ခေါ်ကြသည်။

အစောင့်က မငြင်းနိုင်မီ သူ၏လက်ထဲသို့ တုတ်များ ထည့်ပေးလိုက်သော်လည်း သူက အရင်ဆုံး သတင်းစကား ပါးလိုက်သည်။

"ဂိတ်ဝမှာ အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ယောက် ရောက်နေတယ်၊ စာရင်းကိုင်ကျိုးကို တွေ့ချင်လို့တဲ့။"

အသက်လေးဆယ်ကျော် အမျိုးသမီးဆိုသည်မှာ ဖြစ်နိုင်ခြေများစွာ ရှိသည်။ ဟွမ်ဖန့်ယင်းမှစ၍ ကျိုးဝမ်ဟွေ့၏ မိခင် သို့မဟုတ် သူမ၏ အိမ်ရှင်ပင် ဖြစ်နိုင်ပါသည်။

ကျိုးဝမ်ဟွေ့က သွားကြည့်လိုက်ပြီး မကြာမီပင် ထိုအမျိုးသမီးကို ခေါ်လာကာ အားလုံးနှင့် မိတ်ဆက်ပေးခဲ့သည်။ "ဒါ ကျွန်မအမေပါ။"

၎င်းမှာ အမေကျိုး စိုက်ပျိုးရေးဌာနသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ရာ သူမ အနည်းငယ် စိတ်မလုံမလဲ ဖြစ်နေပုံရသည်။ ကံကောင်းစွာဖြင့် ယန်ရွှယ်သည် သူမကို သိထားပြီးဖြစ်သဖြင့် ကုလားထိုင်တစ်လုံး ချက်ချင်း ယူလာပေးကာ ဟင်းမြည်းစမ်းရန် တိုက်တွန်းခဲ့သည်။

သို့သော် အမေကျိုးမှာ သဘောကောင်းသူဖြစ်ရာ ဘာကိုမြည်းမြည်း အားလုံး အရသာရှိသည်ဟုသာ ပြောနေသည်။ သူမသည် ကျိုးဝမ်ဟွေ့ အလုပ်ဆင်းချိန် မွန်းတည့်ချိန်အထိ နေထိုင်ပြီး သူမနှင့်အတူ ထွက်ခွာသွားသည်။

မွန်းလွဲပိုင်းတွင် အမေကျိုး ပြန်မလာတော့ပေ။ သူမသည် ချန်ရွှေ့သို့ ဘတ်စ်ကားဖြင့် ပြန်သွားပုံရသည်။ ကျိုးဝမ်ဟွေ့သည် သူမကို လိုက်ပို့ပြီးမှ အလုပ်ပြန်လာရာ သူမ၏ မျက်နှာမှာ သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

ယန်ရွှယ်သည် ကျိုးဝမ်ဟွေ့ကို မြင်သောအခါ အဖေကျိုး ယခင်က လာရောက်ခဲ့သည်ကို ချက်ချင်း သတိရသွားပြီး၊ လူရှင်းချိန်တွင် သီးသန့် မေးလိုက်သည်။

"အိမ်မှာ အဆင်ပြေရဲ့လား"

ပြီးခဲ့သည့်အကြိမ်က ကျိုးဝမ်ဟွေ့၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက် အဖေကျိုး ထပ်ပေါ်မလာတော့သော်လည်း၊ သူ ဤမျှလွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ကြောင်း ခန့်မှန်းရန် မခက်ပေ။

မှန်းဆထားသည့်အတိုင်းပင် ကျိုးဝမ်ဟွေ့၏ မျက်နှာတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

"အဲဒီလူ ကျွန်မအဖေက သူ အလုပ်လုပ်တဲ့ စက်ရုံမှူးကို 'စက်ရုံမှူးသားအတွက် ဒီစိုက်ပျိုးရေးဌာနမှာ အလုပ်ရအောင် ကျွန်မ စီစဉ်ပေးနိုင်တယ်' လို့ ပြောလိုက်တယ်တဲ့။ ပြီးတော့ ကျွန်မကို ဖျောင်းဖျဖို့ အမေ့ကိုတောင် လွှတ်လိုက်သေးတယ်။"

'အရှက်မရှိလိုက်ပုံများ! အဖေကျိုးရဲ့ အထက်လူကြီးသား မပြောနဲ့ ခရိုင်သစ်တောဌာနက ခေါင်းဆောင်တွေတောင် လူသွင်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ကြဘူး'

ယန်ရွှယ်မှာ ဆွံ့အသွားမိသည်။ အမေကျိုး၏ စရိုက်ကို တွေးမိရင်း သူမက မေးလိုက်သည်။"ဒါနဲ့ နင့်အမေက ဘာပြောလဲ"

အမေကျိုးအကြောင်း ပြောလိုက်သောအခါမှ ကျိုးဝမ်ဟွေ့ သက်ပြင်းချနိုင်တော့သည်။"အမေက ဘယ်လိုပဲဖြစ်ဖြစ် ဝင်မပါနဲ့တဲ့။ ဒါက ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူး၊ ပြီးတော့ ငါက ဒီအလုပ်ရဖို့ တော်တော် ကြိုးစားခဲ့ရတာလို့ ပြောတယ်။"

အမေကျိုးက သမီးဖြစ်သူကို ဂရုစိုက်ဆဲပင်။ ဘာပဲဖြစ်ဖြစ် သူမသည် အရင်ကလည်း ကျိုးဝမ်ဟွေ့ ကိုယ်ဝန်ရှိနေသည်ဟု အဖေကျိုးကို ယုံကြည်အောင် လိမ်ပေးပြီး လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးခဲ့ဖူးသည်။

သို့သော် ကျိုးဝမ်ဟွေ့မှာ ဒေါသထွက်နေဆဲပင်။ သူမသည် အဖေကျိုးကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားပင်။ သူမသည် လျို မိသားစုထံ သူ ရောင်းစားလိုက်သည့် ဂျင်ဆင်းမြစ်ဟောင်း တစ်ခုထက် မပိုတော့ဘူးဆိုတာကိုပေါ့။ သို့သော် သူက သူမကို အမြတ်ထုတ်ရမည့် အရင်းအမြစ်တစ်ခုအဖြစ် မြင်နေဆဲ ဖြစ်သည်။

သူမအနေဖြင့် သူ့ကို လျစ်လျူရှုထားနိုင်သော်လည်း ၎င်းမှာ ပင်ပန်းလှသည်။ ပိုဆိုးသည်မှာ ဝေကောသည် ချန်ရွှေ့တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။ အကယ်၍ သူမအဖေက သူမကို ဖိအားပေးလို့မရလျှင် ဝေကောနောက်ကို လိုက်သွားပါက မည်သို့လုပ်မည်နည်း။

သူမ ဒေါသထွက်နေစဉ်မှာပင် ယန်ရွှယ်၏ တည်ငြိမ်သော အသံက ကြားဝင်လာသည်။"ဒါက ထာဝရ ဒီလိုပဲ ဆက်သွားလို့ မဖြစ်ဘူး။ ဒါကို အပြီးတိုင် ရပ်တန့်ပစ်ဖို့ မစဉ်းစားမိဘူးလား"

"ကျွန်မ လက်ထပ်တုန်းက ဒါကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လို့ ထင်တာပဲ"

ကျိုးဝမ်ဟွေ့က အားကိုးရာမဲ့စွာ ပြောလိုက်သည်။ ထိုစဉ်က သူမသည် သူနှင့် အဆက်အသွယ် အပြီးတိုင် ဖြတ်တောက်ရန် အပြည့်အဝ ဆုံးဖြတ်ခဲ့သည်။

နောက်ထပ် သုံးနှစ်ကြာအောင် သူမသည် သူ့ကို စကားတစ်ခွန်းမှ မပြောခဲ့သလို၊ သူကလည်း အဆက်အသွယ် မလုပ်ခဲ့ပေ။ သို့သော် သူမ ခရိုင်သို့ ပြောင်းလာပြီး ဝေကော မြို့နယ်သို့ ပြောင်းသွားသည့် အချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ဤကဲ့သို့ တစ်ဝက်တစ်ပျက် ဖြတ်တောက်ထားသော ဆက်ဆံရေးမျိုးမှာ အမှန်တကယ် ဒုက္ခပေးလှသည်၊ အထူးသဖြင့် ကျိုးဝမ်ဟွေ့သည် သူ့ကို လျစ်လျူရှုထားနိုင်လောက်အောင် ဝေးဝေးတွင် ရှိမနေသောကြောင့် ဖြစ်သည်။

ယန်ရွှယ် သူမကို ကြည့်လိုက်သည်။"အကြောင်းပြချက်တွေနဲ့ ပြောလို့မရရင် တခြားနည်းလမ်းတစ်ခု စမ်းကြည့်ရမယ့်အချိန် ရောက်ပြီ ထင်တယ်။ သူ့ကို မလာအောင် တားဖို့ မဟုတ်ဘဲ သူ နောက်တစ်ခါ ထပ်မလာရဲအောင် လုပ်ဖို့ပေါ့။"

All Chapters