← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

🌻 Chapter 37

ဖူကျင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေကာ အလွန် အလုပ်ရှုပ်နေပုံပေါ်ပြီး ဆန်ပြုတ်ချက်သည့် လုပ်ငန်းစဉ်၏ အဆင့်တိုင်းကို တင်းကြပ်စွာ စစ်ဆေးနေသည်။ သူမသည် လူစုံပြီကို မြင်သောအခါ ကျယ်လောင်စွာ ပြောလိုက်သည်။

"ဒီနှစ် လာပါ့ပွဲတော် ဆန်ပြုတ်ချက်ဖို့ အသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေထဲမှာ မနှစ်က စပါးတွေလည်း ပါဝင်တယ်၊ ဒါက တစ်အိမ်လုံး အလုပ်ကြိုးစားခဲ့ကြလို့ စပါးကျီထဲမှာ စပါးတွေ ပိုလျှံနေခဲ့တာကြောင့်ပဲ၊ ကျွန်မတို့ ကောင်းကင်နဲ့ မြေကြီးကို လေးစားသင့်တယ်၊ ဘိုးဘွားတွေကို ကျေးဇူးတင်သင့်တယ်၊ ဘုရားရှင်ကို ရိုသေသင့်တယ်၊ ကိုယ့်ရဲ့ ကံကောင်းမှုတွေကို တန်ဖိုးထားပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်သင့်ပါတယ်၊ မင်းသားတွေနဲ့ ကော်ကော်တွေ အားလုံးက ရိုးသားပြီး မိဘကို ရိုသေသင့်သလို နှိမ့်ချမှု ရှိရမယ်၊ အစေခံတွေကလည်း လေးစားမှုရှိဖို့နဲ့ စကားနားထောင်ဖို့ မှတ်ထားရမယ်"

အားလုံးက တညီတညွတ်တည်း ပြန်ဖြေသည်။

"နားလည်ပါပြီရှင်"

ထို့နောက် ပဲများနှင့် ဆန်များ အပြည့်ပါသော ပန်းကန်လုံးများကို လောင်းထည့်လိုက်ရာ 'ရတနာ ရှစ်ပါး' ဖြစ်ပေါ်လာပြီး လေထုထဲတွင် လတ်ဆတ်သော ကောက်နှံရနံ့များ ဖုံးလွှမ်းသွားသည်။

ခေါင်မိုးများထံမှ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး လူများစွာရှိနေခြင်းနှင့် နေထွက်လာခြင်းတို့ကြောင့် ကမ်းချန်ချန်မှာ မအေးတော့ပေ။ သူမသည် ထုံကျင်နေသော ခြေထောက်များကို အနည်းငယ် ဆောင့်လိုက်ပြီး ခေါင်းကိုလှည့်ကာ ရှေ့သို့ ကြည့်မိသည်။ သူမမိသားစုမှာ ရတနာရှစ်ပါး ဆန်ပြုတ်အတွက် ပါဝင်ပစ္စည်း ရှစ်မျိုးကို ရောသမမွှေပြီး ချက်တတ်ကြသော်လည်း ဤလူများမှာမူ တော်ဝင်မိသားစုဝင်များ ဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။ သူတို့က ခရင်မ်၊ စပျစ်သီးခြောက်၊ သကြားညို၊ သစ်ကြားသီး၊ ထင်းရှူးစေ့နှင့် အခြားသော ရတနာပေါင်း တစ်ရာနီးပါးကို ထည့်သွင်းထားကြခြင်း ဖြစ်သည်။

အင်း... သူမ မနက်က စားထားခဲ့ပေမယ့် ဗိုက်ဆာနေတုန်းပဲ၊ ဟေး... ဒီဆန်ပြုတ်က ချက်ဖို့ ရက်အတော်ကြာတယ်လို့ ကြားဖူးတယ်၊ ပထမအိုးကို နတ်ဘုရားတွေနဲ့ ဘိုးဘွားတွေကို ပူဇော်ဖို့၊ ဒုတိယအိုးကို နန်းတော်ထဲပို့ပြီး ခန်ရှီးဧကရာဇ်ရဲ့ မိဖုရား တဲ့ဖေးကို ဆက်သဖို့တဲ့။

အချုပ်အားဖြင့်ဆိုရသော် ဆယ့်နှစ်လပိုင်း ရှစ်ရက်နေ့ရောက်မှသာ သူမ ဤဆန်ပြုတ်ကို သောက်ရမည်ဖြစ်သည်။ ကမ်းချန်ချန် တိတ်တဆိတ် တံတွေးမျိုချလိုက်မိစဉ် အသံတစ်သံကို ကြားလိုက်ရသည်။ သူမ လှည့်ကြည့်လိုက်ရာ ဝူကော်ကော်သည် အသားခြောက် ခိုးစားနေသည်ကို ဖမ်းမိသွားသည်။ ကမ်းချန်ချန်၏ အကြည့်ကို သတိထားမိသွားသော ဝူကော်ကော်မှာ မော့ကြည့်လာပြီး ခေတ္တမျှ တုံ့ဆိုင်းသွားကာ နှုတ်ပိတ်ခအဖြစ် အသားခြောက် နှစ်တုံးကို ကမ်းပေးလာသည်။

ကမ်းချန်ချန်က လုံးဝမတုံ့ဆိုင်းဘဲ လက်ခံလိုက်ပြီး အေးစိမ့်သော ဆောင်းရာသီတွင် အားရပါးရ စားသောက်လိုက်လေသည်။ နှစ်နာရီကြာ မတ်တပ်ရပ်ပြီးနောက် အဆုံးတွင် ဖူကျင်းက လက်ရမ်းပြကာ အားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်လေသည်။

"စုန့်ကော်ကော်"

စုန့်ကော်ကော်သည် ယိမ်းယိုင်သွားပြီး မေ့လဲလုနီးပါး ဖြစ်သွားသည်။ ကမ်းချန်ချန်မှာ အလျင်အမြန် ရှေ့တိုးကာ သူမကို တွဲကူသည်။

"အဆင်ပြေရဲ့လားဟင်"

တခြားသူများလည်း စိုးရိမ်တကြီးဖြင့် ရောက်လာကြသည်။ လီစဲဖူက ကျယ်လောင်စွာ အော်ပြောသည်။

"ကြည့်စမ်း၊ ဖူကျင်းက အရမ်းကို စိတ်သဘောထားကြီးတာပဲ၊ ကျွန်မတို့ ခန္ဓာကိုယ်တွေကတောင် မခံနိုင်တော့လို့ မေ့လဲတော့မယ်"

ဖူကျင်းမှာ ထိုစကားကို ကြားသော်လည်း မကြားဟန်ဆောင်ကာ ဆန်ပြုတ်ချက်နည်းကို ဆက်လက် ညွှန်ကြားနေသည်။ စုန့်ကော်ကော်ပြုံးကာ ခေါင်းခါလိုက်ပြီးနောက် သူမ၏ အစေခံမလေး အကူအညီဖြင့် ထွက်ခွာသွားသည်။

လာပါ့ပွဲတော်ပြီးနောက်တွင် ကမ်းချန်ချန်သည် နေ့စဉ် လာပါးဆန်ပြုတ် သောက်နိုင်ပြီး တောက်ပသော အစိမ်းရောင် လာပါးကြက်သွန်ဖြူနှင့် တွဲဖက်စားသောက်ရသည်။ ထိုအရသာမှာ ချဉ်ပြုံးပြုံးနှင်း ချိုမြိန်မှုတို့ ပေါင်းစပ်ကာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။

သို့သော် အကောင်းဆုံး အရာများပင်လျှင် ရက်အနည်းငယ် ကြာသောအခါ ငြီးငွေ့လာတတ်သည်။ ကမ်းချန်ချန်သည် သူမ အနည်းငယ် မောက်မာလာကြောင်း ဝန်ခံမိသည်။ ယခင်က သူမ မတတ်နိုင်ခဲ့သည့် တန်ဖိုးကြီး ပါဝင်ပစ္စည်း အမျိုးမျိုးကို ယခု သူမ မြည်းစမ်းခွင့် ရနေပြီ မဟုတ်ပါလား။

ဤသာယာသော နေ့တစ်နေ့တွင် ကမ်းချန်ချန်သည် အပြင်မထွက်မီ နှင်းလုံးလေးအား ကာကွယ်ရေးဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပေးလိုက်သည်။ ချစ်စရာကောင်းသောကြောင်နားရွက်ဖုံးများ၊ ကျားရုပ် ပန်းထိုးထားသော ကုတ်အင်္ကျီနှင့် ၎င်း၏ ခြေဖဝါးလေးဖက်တွင် ဖိနပ်လေးများစွပ်ပေးလိုက်သည်။

အစပထမတွင် ဖိနပ်များ စီးထားသော နှင်းလုံးလေးသည် အလွန် ခက်ခဲစွာလမ်းလျှောက်နေပြီး ခြေဆွံ့နေသကဲ့သို့ ဒရွတ်ဆွဲလာရသည်။ လမ်းတစ်လျှောက်တွင် အစေခံမလေးများ၊ မိန်းမစိုးများနှင့် မားမားများမှာ အလွန်ရယ်မောချင်စရာ ကောင်းသဖြင့် လှည့်မကြည့်ဘဲ မနေနိုင်ကြချေ။ သို့သော် ကြောင်များသည် အခြေအနေနှင့် အလျင်အမြန် လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ကြရာ မကြာမီတွင် ပြန်လည် ပြေးလွှား ခုန်ပေါက်နေပြီး ကမ်းချန်ချန် မကြည့်နေချိန်တွင် ဆီးသီးပင်ပေါ်သို့ပင် တက်သွားလေသည်။

ဆီးသီးပင် ကိုင်းများပေါ်တွင် တောက်ပနေသော ဆီးနှင်းများ ဖုံးလွှမ်းနေဆဲဖြစ်ပြီး တောက်ပသော ပါးနီတွင် နှစ်ထားသကဲ့သို့ ငါးပွင့်ဆိုင် ဆီးပန်းပွင့်လေးများက မျက်စိကျိန်းမတတ် ပွင့်လန်းနေကြသည်။ ဤအေးစိမ့်သော ဆောင်းရာ သီတွင် ၎င်းတို့သည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာသည်။

"မြောင်~"

"သတ္တိခဲလေး... အခုချက်ချင်း အောက်ဆင်းခဲ့စမ်း"

ကမ်းချန်ချန် စိုးရိမ်တကြီး အော်ပြောသည်။

ဤနေရာရှိ ဆီးသီးပင်များအား ဆယ့်သုံးယောက်မြောက် မင်းသားနှင့် စတုတ္ထမင်းသားတို့က စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယင်ကျန်း (အနာဂတ် ယုံကျိန်းဧကရာဇ်) သည် စိတ်အပန်း ဖြေလိုသောအခါ ဤနေရာသို့ လာရောက်၍ ဆီးပန်းပွင့်များကို ကြည့်ရှုခံစားလေ့ရှိကြောင်း သူမ ကြားဖူးသည်။

နှင်းလုံးလေးသာ ဆီးပန်းပွင့်ကို ဖျက်ဆီးလိုက်ရင် ကြောင်လေးက ဧကရာဇ်မင်းမြတ် ပေးသနားထားတဲ့ လက်ဆောင်ဖြစ်တာကို ထောက်ထားပြီး ယင်ကျန်းက ကြောင်လေးကို အပြစ်တင်မှာ မဟုတ်ပေမယ့် သူမကိုတော့ သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူးလေ။

ထို့နောက် သူမ အကြောက်ဆုံးအရာက တကယ်ပဲ ဖြစ်လာခဲ့သည်။ ကြောင်ဖိနပ်လေးများမှာ အလွန်ကောင်းသော်လည်း ကြောင် လက်သည်း၏ ကုတ်ယူအားကို နိမ့်ပါးစေသည်။ ၎င်း အမြင့်ဆုံး ဆီးပန်းပင် ကိုင်းဖျားကို နင်းမိပြီးသည်နှင့် ဂုဏ်ယူဝံ့ကြွားစွာပင် မရပ်ရသေးခင် ကံမကောင်းစွာဖြင့် ခြေချော်ကျသွားတော့သည်။

"မြောင်!"

ကမ်းချန်ချန် ချက်ချင်း စိုးရိမ်တကြီး ပြေးသွားသည်။ ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ် သူမ သတိထားခဲ့ပြီး ခေါ်လာခဲ့သော အစေခံမလေး နှစ်ယောက်မှာ ဟွာယွီနှင့် ဟွာစန်းတို့ဖြစ်သည်။ သွက်လက်ပြီး သာမန်မိန်းမများထက် အရပ်ပိုရှည်သော ဟွာစန်းက အလျင်အမြန် ရှေ့တိုးလာပြီး နှင်းလုံးလေးကို ရင်ခွင်ထဲသို့ ဖမ်းယူလိုက်နိုင်သည်။

တော်ပါသေးရဲ့...

ကမ်းချန်ချန် လက်ညှိုးတစ်ချောင်းဖြင့် နှင်းလုံးလေး၏ နဖူးကို တောက်လိုက်ပြီး "ဘာလို့ ဒီလို လုပ်နေတာလဲ၊ နောက်တစ်ခါ ဒီလို ထပ်လုပ်ရင် နင့်ကို အပြင်မခေါ်လာတော့ဘူးနော်"

နှင်းလုံးလေးက သူမ၏ လက်ချောင်းကို ၎င်း လက်ဖဝါးလေးဖြင့် ဖယ်ရှားလိုက်ပြီး သနားစရာကောင်းအောင် အော်သံပြုလေသည်။

ကမ်းချန်ချန် အနံ့ခံကြည့်လိုက်ရာ ကြောင်လေးဆီမှ လန်းဆန်းစေသော ဆီးပန်းပွင့် ရနံ့သင်းသင်းလေးတောင် ရနေသည်။ ဒီကောင်လေးက တဖြည်းဖြည်းနဲ့ ပိုပြီးဆွဲဆောင်မှု ရှိလာတာပဲ၊ သူမ သူလေးရဲ့ ဗိုက်လေးကို တကယ် ပွတ်ပေးချင်သွားတယ်၊ အင်း... အဆောင်ပြန်ရောက်ရင် ပွတ်ပေးရမယ်။

တိုက်ဆိုင်စွာပင် စုန့်ကော်ကော်လည်း သူမ၏ အစေခံမလေးနှင့်အတူ ဥယျာဉ်ထဲတွင် လမ်းလျှောက်ရန် ရောက်လာလေသည်။ ကမ်းချန်ချန်က သူမကို ဦးစွာအရိုအသေပေးလိုက်သည်။

"အစ်မတော်စုန့်"

ကမ်းချန်ချန် သူမကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်သည်။ စုန့်ကော်ကော်က အနည်းငယ် ပိန်သွားသော်လည်း ယခင်လို ကျက်သရေရှိနေဆဲဖြစ်သည်။ လီစဲဖူဘေးတွင်သာ သူမ ရပ်နေမည်ဆိုလျှင် သူတို့၏ သွယ်လျသော ခန္ဓာကိုယ်နှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ်ကြားက ခြားနားချက်ကသိသိသာသာ ထင်ရှားနေမည် ဖြစ်သည်။

စုန့်ကော်ကော်က ယဉ်ကျေးစွာ ပြန်လည် နှုတ်ဆက်လိုက်ပြီး သူမ၏ လက်ချောင်းများကြားတွင် ဆီးပန်းပွင့် အခက်လေးတစ်ခုကို ညှပ်ထားကာ "ဒီက အနီရောင် ဆီးပန်းပွင့်တွေက အဆွဲဆောင်နိုင်ဆုံးပဲ၊ လေထဲမှာ သိမ်မွေ့တဲ့ရနံ့လေး သင်းပျံ့ နေတာပဲ၊ ညီမတော်က အမြင်စူးရှတာပဲ၊ ဆီးပန်းပွင့်တွေကို ခံစားဖို့ ဒီကို ရောက်လာတာကိုး"

ကမ်းချန်ချန်က ကြောင်လေးကို မြှောက်ကိုင်ပြလိုက်ပြီး "ဟုတ်တယ်၊ ဒီဆီးပန်းပွင့်တွေက စိတ်ပျော်စရာကောင်းပါတယ်၊ ကျွန်တော်မျိုးမတင် မဟုတ်ပါဘူး၊ သူတောင်မှ အရမ်းကြိုက်နေတာလေ"

သူမ အနောက်တွင် အစေခံမလေးတစ်ယောက်က ကြာပန်းနွယ် အဆင်များဖြင့် အလှဆင်ထားသော သွယ်လျပြီး ကျက်သရေရှိသည့် ကြေးညိုရောင် ပန်းအိုးတစ်လုံးကို ကိုင်ဆောင်ထားသည်။

စုန့်ကော်ကော်၏ အကြည့်က ပန်းပွင့်များပေါ်တွင် ခေတ္တရပ်တန့်သွားပြီးနောက် ရုတ်တရက် ကတ်ကြေးတစ်လက်ကို ကိုင်မြှောက်ကာ မပွင့်သေးသော ဖူးတံလေးတစ်ခု ပါဝင်သည့် အခက်တစ်ခုကို ညှပ်ယူလိုက်သည်။ ၎င်းမှာ ၁၅ စင်တီမီတာခန့် ရှည်ပြီး အခက်အလက်များ မထွက်သေးပေ။

ကမ်းချန်ချန် အခန်းထဲတွင်လည်း တစ်ခါတစ်ရံ ပန်းအလှဆင်ထားလေ့ရှိသော်လည်း ၎င်းတို့မှာ ယွင်ရှုက ပေါ့ပေါ့ပါးပါး စီစဉ်ထားခြင်းသာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ အခက်များကို ညှပ်ယူသော စုန့်ကော်ကော်နှင့်တော့ မတူချေ။

အင်း... တကယ့်ကို ပန်းချီကားတစ်ချပ်လိုပါပဲ၊ စုန့်ကော်ကော်က ပန်းချီကားထဲက နတ်သမီးလေး တစ်ပါးနဲ့ တူလိုက်တာ...

ဤအချိန်တွင် ကမ်းချန်ချန်သည်လည်း သွေးဆောင်ဖြား ယောင်းခံလိုက်ရပြီး သူမ မျက်လုံးများ တောက်ပလာကာ မေးသည်။

"ဒီက ဆီးပန်းပွင့်တွေကို ကျွန်တော်မျိုးမရော ခူးလို့ ရမလားဟင်"

စုန့်ကော်ကော်က သူမကို ကြည့်လိုက်သော်လည်း စကားမပြောနိုင်မီ သူမအနောက်မှ အစေခံမလေးက ရှေ့တိုးလာပြီး "ကမ်းကော်ကော်... ဒီဆီးသီးပင်က ပန်းအလှဆင်ဖို့အတွက် ကျွန်မတို့ စုန့်ကော်ကော်ကို အရှင်မင်းသားက အထူးအခွင့်အ ရေး ပေးထားတာပါ၊ ကော်ကော်လည်း လိုချင်တယ်ဆိုရင် စတုတ္ထမင်းသားဆီမှာ မျက်နှာသာပေးဖို့ သွားတောင်းဆိုနိုင်ပါတယ်"

ကမ်းချန်ချန် မျက်နှာမှာ အနေရခက်မှုကြောင့် အနည်းငယ် နီမြန်းသွားသည်။

"သြော်... ဒါကြောင့်ကိုး၊ အရှင်မင်းသားက အစ်မတော်ကို အထူးအခွင့်အရေး ပေးထားတာပဲ၊ ဘယ်သူမဆို ဒီအနီရောင် ဆီးပန်းပွင့်တွေကို ခူးခွင့်ရှိတာ မဟုတ်ဘူးပေါ့"

စုန့်ကော်ကော် အနောက်မှ အစေခံမလေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်ခုံးပင့်ပြသည်။

"အဲဒါ ဘာဖြစ်လို့လဲ"

စုန့်ကော်ကော်မှာ ပြုံးကာ ကတ်ကြေးကို မြှောက်လိုက်ပြီး ဖူးပွင့်စ ဆီးပန်းပွင့်လေး တစ်ပွင့်ကို ရွေးချယ်ညှပ်ယူကာ ကမ်းချန်ချန်ထံ ကမ်းပေးလိုက်ပြီး "ဟုန်ရှို့က နားမလည်လို့ ပြောတာပါ၊ ပန်းတစ်ပွင့်တည်းပါပဲ ညီမတော်ရယ်၊ စိတ်ထဲ မထားပါနဲ့”

🌻 Chapter 38

စုန့်ကော်ကော်နှင့် သူမ၏ အစေခံမလေး ထွက်သွားပြီးနောက် ဟွာယွီ မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်ပြီး "ဆီးပန်းပွင့်လေး တစ်ပွင့်ကိုများ ဘာတွေ ဒီလောက် ကြွားဝါနေကြတာလဲ"

ကမ်းချန်ချန်မှာ ဆီးပန်းပွင့်လေးကို သေချာ ဂရုတစိုက် ကြည့်ရှုလိုက်ပြီး မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းကာ "ဒါက ဆီးပန်းပွင့်သက်သက် မဟုတ်ဘူး၊ အရှင်မင်းသားရဲ့ စစ်မှန်တဲ့ မေတ္တာပဲ"

အေးစိမ့်လှသော ဆောင်းရာသီတွင် ဤစစ်မှန်သော မေတ္တာမှာ ပိုတန်ဖိုးရှိပုံရသည်။

သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး "အစ်မတော်စုန့်က မကောင်းတဲ့သူ မဟုတ်ဘူး၊ နောက်ဆို နင်တို့ သူတစ်ပါးကို ကွယ်ရာမှာ အဲဒီလို မပြောရဘူးနော်၊ အရမ်းအေးနေပြီ၊ ပြန်ကြစို့"

ညစာစားပြီးနောက် ယင်ကျန်းသည် ပုံမှန်အတိုင်း ဤနေရာသို့ ထပ်မံရောက်ရှိလာသည်။ သူသည် ထမင်းစားပြီးနောက် အစာကြေစေရန် ကမ်းချန်ချန် ခြံဝင်းထဲတွင် အချိန်ခဏဖြုန်းခြင်းမှာ အလေ့အကျင့်တစ်ခု ဖြစ်လာပုံရသည်။

ကမ်းချန်ချန်က သူ့အား အရိုအသေပေးရန် ထိုင်ချလိုက်သည်နှင့် ယင်ကျန်းက ရှေ့တိုးလာပြီး သူမကို ဆွဲထူပေးသည်။ ယင်ကျန်း၏ အနည်းငယ် အေးစက်နေသော လက်က သူမ၏နွေးထွေးသော လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်လျကိ "ဒီနေ့ အခြေအနေ ဘယ်လိုလဲ"

ကမ်းချန်ချန်က မျက်လွှာချကာ ပြုံးလျက် "စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းသား၊ ချန်အာ အဆင်ပြေပါတယ်"

[အားရား... အရှင်မင်းသားရဲ့ ရေခဲလိုအေးစက်နေတဲ့ လက်ကြီးတွေကို ကျွန်မ လက်တွေပေါ်ကနေ ဖယ်လိုက်ရင် ပိုကောင်းမှာပဲ]

ထိုစကားကို ကြားသောအခါ ယင်ကျန်းမှာ သူ့လက်ကို သူမပါးပြင်ပေါ်သို့ ဖိတင်လိုက်ပြီး နောက်ပြောင်ချင်ဟန်ပြော သည်။

"မင်း နည်းနည်း ဝလာသလိုပဲ"

[ဘယ်သူ ဝလာတာလဲ၊ ငါလေးတို့ မတွေ့ရတာ တစ်ရက်လေးပဲ ရှိသေးတာကို သိနိုင်တယ်ပေါ့၊ နောက်နေတာလားဟ... လှပတဲ့ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း မဝေဖန်စမ်းပါနဲ့]

[အေးလိုက်တာဟ၊ အရှင်မင်းသား တမင်သက်သက် လုပ်နေတာလား... အနံ့ဆိုးတဲ့ လူကြီးရဲ့]

ယင်ကျန်းမှာ သူမပါးပြင်အား ညှစ်ထားမှုကို ပိုတင်းကျပ်လိုက်ပြီး သူ့အား အနံ့ဆိုးသည်ဟုခေါ်သဖြင့် ဒေါပွရတော့သည်။

ကမ်းချန်ချန်သည် အလိုအလျောက် နောက်ဆုတ်ရန်ကြိုး စားလိုက်သော်လည်း မဝံ့ရဲသဖြင့် တောင့်တင်းစွာ ရပ်နေလိုက်ပြီး

"အရှင်မင်းသား... နောက်ဆို အပြင်ထွက်ရင် လက်နွေးအိတ်လေး ယူသွားပါရှင်၊ မဟုတ်ရင် အရှင်သာ အအေးမိရင် ကျွန်တော်မျိုးမကို ရင်ကွဲနာကျစေလိမ့်မယ်"

ယင်ကျန်းက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောသည်။

"ကိုယ် အေးနေတယ်ဆိုရင်တောင် ဒီကိုလာပြီး လက်လာနွေးရင် မလုံလောက်ဘူးလား"

[ဟွန်း... မျက်နှာပြောင်တိုက်လိုက်တာ၊ ရှင်ကပဲ မျက်နှာသာ ပေးနေသလိုလိုနဲ့၊ ဘယ်သူက အရှင်မင်းသားရဲ့ လက်နွေးအိုး လုပ်ချင်မှာလဲ၊ အရှင်မင်းသားကသာ ကျွန်မအတွက် ခြေဖဝါးနွေးအိတ် လုပ်ပေးရမှာ]

ယင်ကျန်းမှာ လှောင်ပြုံးပြုံးလိုက်သည်။ ခမည်းတော်က ငါ့ စိတ်ထားကို ပြုစုပျိုးထောင်ဖို့နဲ့ သဘောထားမသေးသိမ်ဖို့ ပြောထားတာပဲ၊ ငါ ဒီနေရာမှာ နေ့တိုင်းလာရင် အနာဂတ်မှာ အခက်အခဲတွေ ကြုံလာရရင်တောင် ငါ သေချာပေါက်တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မှာပဲ။

သူ မော့ကြည့်လိုက်ရာ ပြတင်းပေါက်ဘေးရှိ အထီးကျန် ပွင့်လန်းနေသော ပန်းပွင့်အား မြင်သွားပြီး မေးသည်။

"ဒီဆီးပန်းပွင့်က..."

ကမ်းချန်ချန် ကပျာကယာ ရှင်းပြလိုက်သည်။

"ဒါ ကျွန်တော်မျိုးမ ကိုယ်တိုင် ခူးထားတာ မဟုတ်ပါဘူး၊ ဒီနေ့ ဆီးသီးပင်အောက်မှာ အစ်မတော်စုန့်နဲ့ အမှတ်မထင် ဆုံလို့ သူက ကျွန်တော်မျိုးမကို ပေးလိုက်တာပါ၊ အရှင်မင်းသားက သူ့ကို အဲဒါခူးဖို့ အထူးခွင့်ပြုထားတယ်လို့လည်း ပြောပါတယ်"

သူမ စကားများလေလေ သူမလေသံမှာ ပိုထူးဆန်းလာလေလေ ဖြစ်ပြီး ထိုအရာကို သူမကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

ယင်ကျန်း ခေတ္တမျှ ရပ်တန့်သွားသည်။ ဤအရာက အမျိုးသမီးတစ်ဦးအတွက် ဘာကို ဆိုလိုသနည်းဆိုတာကို နားလည်သွားပြီး စိတ်လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာကာ သူ ပြုံးလျက်ပင် "ဟုတ်တယ်၊ အဲဒီအပင်ကို သုံးဖို့ ကိုယ် သူ့ကို ခွင့်ပြုထားတာပါ၊ မင်း သဘောကျတယ်ဆိုရင် နောက်ကျ တခြားအပင်တွေက ဆီးပန်းခက်တွေကို ခူးလို့ရတယ်၊ စတုတ္ထမင်းသား အိမ်တော်ရဲ့ ဖုန်းရွှေက ပန်းတွေ စိုက်ပျိုးဖို့ အရမ်း ကောင်းတယ်လေ၊ တခြားအပင်တွေက အနီရောင် ဆီးပန်းပွင့်တွေကလည်း အရမ်း လှပပြီး နှင်းတွေထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ဖူးပွင့်နေကြတာပဲ"

"အာ... မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်မက အဲဒီလို သဘောမဟုတ်ပါဘူး"

ကမ်းချန်ချန်မှာ အလောတကြီး လက်ရမ်းပြလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျွန်တော်မျိုးမဟု သုံးနှုန်းရန်ပင် မေ့သွားရသည်။

"ဒါပေမဲ့ ကိုယ်က အဲဒီသဘောနဲ့ ပြောတာ"

ယင်ကျန်းမှာ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူမျက်နှာပေါ်ရှိ အနည်းငယ် အလိုလိုက်ချင်သော အပြုံးက သူမ၏ ထိတ်လန့်နေသော နှလုံးသားကို ငြိမ်သက်သွားစေသည်။

ယခုလေးတင် ဖြစ်ပေါ်ခဲ့သော သူမ၏ အကြောင်းပြချက်မဲ့ မနာလိုစိတ်ကို ပြန်သတိရသွားပြီး ပါးပြင်များပေါ်တွင် သွေးကြောလေးများပင် နီမြန်းလာပြီး ခေါင်းငုံ့လျက် သူမ၏ စိုစွတ်နေသော နှုတ်ခမ်းများကို တိတ်တဆိတ် ကိုက်ထားလိုက်သည်။ ဤရှင်းပြ၍မရသော ခံစားချက်မှာ တစ်သက်လုံး အပျိုကြီးဘဝဖြင့် နေထိုင်လာခဲ့သော အမျိုးသမီးအား တွေဝေသွားစေသည်။

[သူ... သူ ဘာတွေ ပြောနေတာလဲ]

[အို ဘုရားရေ... ဘာလို့ ငါ့နှလုံးခုန် အရမ်းမြန်နေရတာလဲ]

[အသက်ပြင်းပြင်းရှူ၊ ဟုတ်တယ်၊ အသက်ပြင်းပြင်းရှူလိုက်၊ညအခန်းထဲမှာ မီးသွေးတွေ အရမ်းများနေလို့ အောက်ဆီဂျင် ပြတ်လပ်သွားတာ ဖြစ်ရမယ်]

ယင်ကျန်းမှာ သူမ ဤမျှ ရှက်သွေးဖြာနေသည်ကို မြင်ရခဲသဖြင့် သူမ မေးစေ့ကို ထပ်မံပင့်တင်လိုက်ပြီး မျက်နှာအမူအရာကို သေချာဂရုတစိုက် ကြည့်ရှုလိုက်သည်။ သူ့ အကြည့်က သူမ၏ သဘာဝအတိုင်း နီရဲနေသော နှုတ်ခမ်းများပေါ်တွင် ရပ်တန့်သွားပြီး ထိုနေရာကိုသာ စူးစိုက်ကြည့်နေတော့သည်။

ကမ်းချန်ချန်သည် သူ့မျက်လုံးများကို တိုက်ရိုက်မကြည့်၀ံ့ပေ။ သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု တောက်ပနေသည်ကို သူမ ခံစားလိုက်ရပြီး သူမသာ တိုက်ရိုက်ကြည့်လိုက်လျှင် ရုန်းထွက်၍မရအောင် ဆွဲဆောင်ခံရမည်ကို စိုးရိမ်နေမိသည်။

ယင်ကျန်းက ကမ်းချန်ချန် ခေါင်းပေါ်မှ ဆံထိုးကို သူ၏ လက်ချောင်းထိပ်များဖြင့် ဖယ်ရှားလိုက်ရာ သူမ၏ ရှည်လျားသော နက်မှောင်သောဆံကေသာများက ပြေကျလာပြီး သူမအား အသစ်ပွင့်လန်းစ ဟိုင်ထန်ပန်းပွင့်ကဲ့သို့ နူးညံ့ပြီး တက်ကြွလန်းဆန်းနေကာ သန့်စင်ပြီး အသက်ဝင်နေစေသည်။

သို့သော် သူမ၏ သဘာဝကမှာ ရိုင်းစိုင်းခက်ထန်သလိုလိုနှင့် နူးညံ့သိမ်မွေ့ကာ လိမ္မာကျိုးနွံနေပြန်ရာ လုံးဝကိုဆန့်ကျင် ဘက် အစွန်းနှစ်ဖက် ဖြစ်နေသည်။

သို့တိုင်အောင် သူမတွင် လူတစ်ယောက်ကို အမြဲတမ်း ရှာဖွေစူးစမ်းချင်စိတ် ဖြစ်ပေါ်စေပြီး သူမ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ ထိန်းချုပ်ချင်လာစေသည့် အသက်အန္တရာယ် ပေးနိုင်လောက်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။

ယင်ကျန်းသည် ခေါင်းငုံ့ကာ သူမနှုတ်ခမ်းများကို သူ့ နှုတ်ခမ်းများဖြင့် ဖုံးအုပ်လိုက်ပြီး ညင်သာစွာ ပွတ်သပ်သည်။

တစ်ခါတစ်ရံတွင် ထိုသို့ပင် ဖြစ်တတ်သည်။ တစ်ခုခုကို မကြာခဏ လုပ်မိသောအခါ အလေ့အကျင့်တစ်ခု ဖြစ်လာတတ်ပြီး ထို့အပြင် ယင်ကျန်းထံတွင် သဘာဝဆေးဖက်ဝင်အပင် ရနံ့သင်းသင်းလေးလည်းရှိနေသည်။

All Chapters