အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
Chapter 45
ကမ်းချန်ချန်သည် သူမ၏လက်ဝတ်ရတနာသေတ္တာကို ဖွင့်ကာ အချိန်အတော်ကြာအောင် မွှေနှောက်ရှာဖွေလိုက်သည်။ အစ်မတော်များထံမှ ရရှိသော လက်ဆောင်များမှလွဲ၍ ထူးဆန်းသောပုံစံရှိသော သံလိုက်ကျောက်နက် တစ်လုံးသာလျှင် အနည်းငယ် ကြည့်ကောင်းနေသည်။
ဤသံလိုက်ကျောက်နက်သည် မူလခန္ဓာကိုယ်ပိုင်ရှင် ငယ်စဉ်က လမ်းပေါ်တွင် ကောက်ရခဲ့သောအရာဖြစ်သည်။ အနက်ရောင် အရောင်အဆင်းရှိပြီး တောက်ပနေသောကြောင့် မူလပိုင်ရှင်က တန်ဖိုးထားကာ ဆော့ကစားရန် သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
ကမ်းချန်ချန်က ၎င်းကို အနည်းငယ်လှပသော သံလိုက်တစ်ခုမျှသာဟု ထင်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် သံကိုသာ ဆွဲငင်နိုင်ပြီး ခေတ်သစ် ဗဟုသုတများအရ အချိန်ကြာမြင့်စွာ ဝတ်ဆင်ထားခြင်းအှာ မည်သည့်အန္တရာယ်မျှ မဖြစ်စေနိုင်ပေ။
အကျိုးကျေးဇူးများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးချေ။ သူမတွင် ပါးစပ်ပါသဖြင့် ထိုအကြောင်းကို လုပ်ကြံပြောနိုင်သည်။
ကောင်းပြီ၊ ဒါဆိုရင် ဒါပဲရွေးလိုက်မယ်၊ အရည်အသွေးလည်း ကောင်းပြီး စျေးလည်းမကြီးဘူးလေ...
ကမ်းချန်ချန်သည် လီဝမ်အား ထိုအရာကို ယူသွားစေပြီး ကျောက်တုံးကို ချောမွေ့ဝိုင်းစက်လာအောင် သွေးခိုင်းသည်။ ထို့နောက် ၎င်းကို S ပုံစံထောင့်ချိုး နှစ်ခုဖြတ်ကာ တစ်ဝက်စီတွင် အပေါက်ဖောက်ခိုင်းလိုက်သည်။
နှစ်ရက်မပြည့်မီမှာပင် လက်ဆောင်ကို ပြုလုပ်ပြီးစီးလေ၏။ ထိုအရာမှာ သူနှင့် သူမအတွက် တစ်ယောက်တစ်ခုစီ ဆင်တူလက်ဆောင်လေးဖြစ်သည်။
ထိုသို့ဆိုလျှင် သူက လက်ဆောင်ကို မကြိုက်များအား သူမ ပူပန်စရာမလိုတော့ချေ။
နှစ်သစ်ကူး အကြိုနေ့တွင် ကမ်းချန်ချန် အသင့်ဖြစ်နေလေသည်။ ဒါက နောက်ဆုံးရက်ပဲ၊ ဒီနေ့ လက်ဆောင်ကို ပေးရမယ်...
သို့သော် ယင်ကျန်းမှာ တစ်နေ့လုံး စံအိမ်တော်တွင်မရှိပေ။ သူသည် မင်းသားများနှင့်အတူ အလုပ်များနေပြီး ခန်းရှီဧကရာဇ်နောက်သို့ လိုက်ကာ ဘိုးဘွားပူဇော်ခြင်းကဲ့သို့သော ရိုးရာဓလေ့ထုံးတမ်းများကို ဆောင်ရွက်နေရသည်။
သန်းခေါင်ယံအချိန်အထိပင် သူသည် နန်းတော်တွင်းရှိ ညစာစားပွဲကို တက်ရောက်နေဆဲဖြစ်သည်။ အဆုံးတွင် ခန်းရှီးဧကရာဇ်က ပြောလိုက်သည်။
"ညဉ့်နက်နေပြီ၊ မီးဖိုချောင်မှာ မပြင်ဆင်ရသေးတဲ့ ဟင်းလျာတွေ အများကြီး ကျန်နေသေးတယ်၊ အားလုံးပဲ ကိုယ့်မိသား စုနဲ့ မျှစားဖို့ ဟင်းတစ်ပွဲစီ ယူသွားကြပါ"
အိမ်ရှေ့စံမင်းသားမှစ၍ ယင်ကျန်း အလှည့်ရောက်သည့်တိုင်အောင် ဟင်းပွဲများစွာကျန်ရှိနေသေးသည်။
ယင်ကျန်းသည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အလွန်နူး ညံ့ပုံရသော မြည်းသားဟင်းတစ်ပွဲကို မြင်လိုက်သည်။ သူသည် ကမ်းချန်ချန်မှာ မြည်းသားကို အလွန်နှစ်သက်ကြောင်း သတိရသွားပြီး ထိုအရာကိုသာရွေးမိသွားသည်ာ
"ဒီဟာကို ထုပ်ပေးပါ"
"မှန်လှပါ အရှင်မင်းသား"
မိန်းမစိုးလေးက အရိုအသေပေးကာ ဘေးမှနေ၍ပြောလာ သည်။
"စတုတ္ထမင်းသား... ဒီမြည်းသားပေါင်းက ဒီနှစ်အတွက် ဟင်းပွဲသစ်ပါ"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယင်ကျန်းသည် မည်သည့်ခံစားချက်မျှ မပြဘဲ ခေါင်းညိတ်သည်။
"ဒါ မြည်းသားပေါင်းပေါ့၊ ကိုယ်တော် ကြားဖူးပါတယ်၊ တော်တော် နာမည်ကြီးတာပဲ"
စံအိမ်တော်သို့ ပြန်ရောက်သောအခါ နှစ်သစ်ကူး ညစာစားပွဲမှာ ပြီးဆုံးနေပြီဖြစ်ပြီး ယင်ကျန်းမှာ ကမ်းချန်ချန်ရှိရာသို့ တိုက်ရိုက်သွားခဲ့သည်။
ကမ်းချန်ချန်မှာ သမ်းဝေလိုက်ပြီး အိပ်ပျော်တော့မည့်ဆဲဆဲတွင် ယင်ကျန်းကို မြင်လိုက်ရသဖြင့် ချက်ချင်းနိုးကြားသွား၏။
"အရှင်မင်းသား... အရမ်း ညဉ့်နက်နေပြီကို ရောက်လာတာလား ပြီးတော့ ကျွန်တော်မျိုးမအတွက် တစ်ခုခုယူလာတာလား"
ယင်ကျန်းမှာ "အင်း... ကိုယ်တော့် အကြွေးလာတောင်းတာ၊ ပြီးတော့ မင်းအတွက် ဟင်းတစ်ပွဲလည်း ယူလာတယ်"
ကမ်းချန်ချန်၏မျက်လုံးများ အရောင်လက်သွားပြီး သူမ နှုတ်ခမ်းကို သပ်လိုက်သည်။
"နန်းတော်ထဲကနေ ယူလာတာလား"
[ဒီည တော်တော်များများစားခဲ့ပေမယ့် နန်းတော်က ဟင်းပွဲဆိုတော့လည်း မြင်တော့ မြင်ဖူးချင်သား]
[ငါ့အသက်အရွယ်နဲ့ဆို အစားအသောက်ကောင်းတွေကို ကောင်းကောင်းစားသင့်တယ်၊ ဘာလို့လဲဆိုတော့ အစာချေဖျက်မှုက အရမ်းမြန်လို့လေ]
[အသက်ကြီးလာတာနဲ့အမျှ ဇီဝကမ္မဖြစ်စဉ်တွေက ပိုခက်ခဲလာလိမ့်မယ်၊ ယင်ကျန်းဆို အဲ့လိုအရွယ်ရောက်နေပြီ]
[အကြွေးလာတောင်းတယ်ဆိုတာကရော ဘာကြီးလဲ၊ ငါလေး မကြားချင်ယောင်ဆောင်နေလိုက်မယ်]
ယင်ကျန်း ရုတ်တရက် လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။
"ဒါက ခမည်းတော် ဧကရာဇ်ပေးလိုက်တဲ့ လက်ဆောင်ပဲ၊ မြန်မြန် မြည်းကြည့်လိုက်"
ကမ်းချန်ချန်မှာ အစားအသောက်သေတ္တာကို မဖွင့်ကြည့်ဘဲ မနေနိုင်တော့ပေ။ ဝိုး... မြည်းသားပဲ
[ပြင်ဆင်ထားပုံကတော့ တော်တော်လေးလှပပေမယ့် ထူးထူးခြားခြားတော့ သိပ်မတွေ့ရပါလား၊ ဘာပဲဖြစ်ဖြစ် ငါက မြည်းသားကို ကြိုက်တယ် ဟီးဟီး၊ သူ ငါ့အတွက် ယူလာပေးတာ အံ့ဩစရာမရှိပါဘူး၊ သူ တကယ်တော့ တော်တော်လေး ဂရုစိုက်တတ်တာပဲ]
ကမ်းချန်ချန်မှာ အကြီးကြီးတစ်ကိုက်ကိုက်လိုက်ပြီး အရသာ ခံလိုက်ကာ မြှောက်ပင့်ပြောဆိုတော့သည်။
"အင်း... အရသာရှိလိုက်တာ၊ အရသာ အရမ်းရှိတာပဲ၊ တကယ်ကို စားကောင်းမှကောင်း၊ နန်းတွင်းစားဖိုမှူးတွေရဲ့ လက်ရာက တကယ့်ကို အံ့မခန်းပဲ"
[ဒါပေမဲ့ မြည်းသားနဲ့ သိပ်မတူသလိုပဲ၊ မြည်းသားက ဒီလောက်ထိ ပျော့ပျောင်းပြီး နူးညံ့မနေသင့်ဘူးလေ]
ယင်ကျန်း "ဒီဟင်းပွဲနာမည်က မြည်းသန္ဓေသားပေါင်းလို့ ခေါ်တယ်၊ ခုနစ်လသားအရွယ် မြည်းသန္ဓေသားဆီကနေ အသားကိုယူပြီး ပါးပါးလှီးပေါင်းထားတာ ခန္ဓာကိုယ်အား နည်းပြီး အအေးကြောက်တတ်တဲ့သူတွေအတွက် အရမ်း အားရှိစေတယ်"
ထိုသို့ပြောနေစဉ် သူ့ မျက်ဝန်းများသည် ကမ်းချန်ချန်၏ တုံ့ပြန်မှုကို အကဲခတ်လျက်ရှိသည်။
ကမ်းချန်ချန် မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားရသည်။ သူမသည် တူကို ချထားလိုက်သော်လည်း ဘာမှမဖြစ်သကဲ့သို့ အဟန်ဆောင်ကာ သူမ ဗိုက်ကို ပွတ်သပ်လိုက်သည်။
"အို... ဟုတ်လား၊ ဟူး... နှမြောစရာကောင်းလိုက်တာ၊ ကျွန်တော်မျိုးမ ဒီည စားထားတာ အရမ်းများသွားလို့ တစ်လုတ်ပဲ စားရသေးတယ်၊ ဗိုက်ပြည့်သွားပြီ၊ ကျွန်တော်မျိုးမမှာ ဒီလို အစားအစာမျိုးကို ခံစားဖို့ ကံမပါဘူးထင်ပါတယ်..."
[ခုနစ်လသားအရွယ် မမွေးသေးတဲ့ မြည်းလေး ဟုတ်လား]
[ဘယ်လိုများ ထုတ်ယူလိုက်တာလဲ၊ သိုးသန္ဓေသားပေါင်းဆိုတဲ့ ဟင်းပွဲက ကိုယ်ဝန်ဆောင် သိုးမကြီးဆီကနေ သိုးလေးကို ခွဲထုတ်ယူရတာဆို၊ ဟုတ်တယ် မလား]
[နှစ်သစ်ကူးကြီးကို... ငါတော့ ရွံသွားပြီ၊ ဒါကြီးက အရမ်း ရက်စက်လွန်းတယ်၊ အဲဒါကိုတောင် ငါ့ကို စားဖို့ ယူလာပေးသေးတယ်၊ ငါ ဆဲချင်နေပြီ၊ ဒါပေမဲ့ သူက မင်းသားဆိုတော့ ငါထဆဲလို့ မရတော့ဘူး]
ယင်ကျန်းသည် သူမ၏အတွင်းစိတ်အတွေးများကို နားထောင်နေရသော်လည်း ဒေါသထွက်မည့်အစား သူ၏ မျက်ဝန်းများတွင် ကျေနပ်သဘောကျသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူသည် လက်ကောက်ဝတ်ရှိ ဗုဒ္ဓပုတီးစေ့များကိုချွတ်ကာ လှည့်ကစားရင်း ပြောသည်။
"ဒါဆိုရင်လည်း သိမ်းလိုက်တော့"
အစေခံမလေးသည် မြည်းသားကိုယူဆောင်သွားသည်။ အနံ့ကြောင့် နေမထိထိုင်မသာ ဖြစ်နေဆဲဖြစ်သော ကမ်းချန်ချန် သည် ထူးထူးခြားခြားပင် ဗီရိုထဲမှ အမွှေးတိုင်များကိုထုတ် ယူကာ ထွန်းညှိလိုက်ပြီး သမ်းဝေကာ ပြောလိုက်သည်။
"အရှင်မင်းသားကို အနားယူဖို့ ပြင်ဆင်ပေးပါရစေ"
ကမ်းချန်ချန်သည် အိပ်စက်သည့်အခါတွင် အမွှေးတိုင်များကိုအသုံးပြုလေ့မရှိပေ။ အဘယ့်ကြောင့်ဆို သူမသည် နန်းတွင်းဇာတ်လမ်းများကို အကြည့်များထားသဖြင့် ၎င်းတို့သည် အလွန်အန္တရာယ်များသည်ဟု အမြဲခံစားရသော ကြောင့် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ကလေးမရနိုင်စေသည့် ဆေးများ သို့မဟုတ် လိင်စိတ်ကြွ ဆေးများ ထည့်သွင်းထားပါက အန္တရာယ်ရှိနိုင်သည်။
ယနေ့တွင်မူ သူမသည် ချွင်းချက်အနေဖြင့် ပန်းရနံ့နှင့် လေးညှင်းပွင့် ရောစပ်ထားသည့် အမွှေးတိုင်ကို ထွန်းညှိလိုက်သည်။ ၎င်းသည် မြည်းသားအနံ့ကို ဖုံးလွှမ်းပေးနိုင်ပြီး သူ စိတ်ကိုတည်ငြိမ်စေကာ အိပ်မက်လှလှ မက်စေရန် အထောက်အကူပြုကောင်းပြုနိုင်သည်။
ယင်ကျန်းသည် သူမ၏လှုပ်ရှားမှုတိုင်းကို တည်ငြိမ်စွာ အကဲခတ်နေပြီး လက်ကိုကမ်းပေးသည်။
"ကိုယ်တော့် လက်ဆောင်ကရော ဘယ်မှာလဲ"
ကမ်းချန်ချန်သည် သူမ နဖူးသူမ ရိုက်လိုက်မိသည်။
"ကျွန်တော်မျိုးမ မေ့တော့မလို့ပဲ"
သူမသည် ဗီရိုထဲမှသေသပ်လှပသော သေတ္တာငယ်တစ်ခုကို ထုတ်ယူလယသည်။ ထိုသေတ္တာအတွင်း၌ သံလိုက်ကျောက်နက်နှစ်လုံး ရှိနေသည်။
ယင်ကျန်း မျက်မှောင်ကြုတ်သွားကာ "ဒါလေးပဲလား"
ထိုပစ္စည်းသည် တန်ဖိုးကြီးမားခြင်းလည်းမရှိသလို အထူးတ လည် လှပနေခြင်းမျိုး မရှိသည့်အပြင် ပြုလုပ်ရာတွင်လည်း အချိန်အနည်းငယ်သာ ယူရသဖြင့် သူ သဘောကျမည်မဟုတ်ကြောင်း ကမ်းချန်ချန် သိထားပြီးဖြစ်သည်။ သူမသည် ကြိုတင်ပြင်ဆင်ထားသော စကားများကို အမြန်ရွတ်ဆိုလိုက်သည်။
"အရှင်မင်းသား... ဒါက စုံတွဲဆင်တူလေးပါ၊ အာ... ချစ်သူတွေအတွက်လို့ ဆိုလိုတာပါ၊ အကြီးက အရှင်မင်းသားအတွက်၊ အသေးက ကျွန်တော်မျိုးမအတွက်ပါ၊ အသေးလေးက အကြီးလေးကို အမြဲတမ်း ချစ်နေမှာပါ၊ အကြီးလေးကတော့ အရှင်မင်းသားရဲ့သဘောဆန္ဒအတိုင်းပါပဲ၊ ဒါက အရှင်မင်းသားအပေါ် ထားတဲ့ ချန်အာရဲ့ ခံစားချက်တွေကို ကိုယ်စားပြုပါတယ်"
"ပြီးတော့ ဒါကို ဝတ်ဆင်ထားရင် ကျန်းမာသက်ရှည်စေပြီး ကောင်းချီးမင်္ဂလာတွေလည်း ရစေတယ်၊ အင်း... ကံဆိုးတာတွေကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပေးနိုင်တယ်၊ ကံကောင်းစေတယ်၊ ဆန္ဒတွေ ပြည့်ဝစေတယ်၊ ပြီးတော့ ကြီးမြတ်တဲ့ အောင်မြင်မှုတွေ ရရှိအောင်လည်း ကူညီပေးနိုင်သေးတယ်"
[နောက်နှစ်တွေကြာလို့ နင် ထီးနန်းကို အောင်မြင်စွာဆက်ခံနိုင်တဲ့အချိန်အထိ ဒါလေးကို ဝတ်ထားဆဲဆိုရင်တော့ နင် ငါ့ကိုသေချာပေါက် ကျေးဇူးတင်ရလိမ့်မယ်]
[ကံမကောင်းတာက ငါ့ရဲ့ခေါင်းလေး မပြတ်သွားအောင် ဒီကိစ္စတွေကို ပွင့်ပွင့်လင်းလင်းမပြောရဲဘူး၊ မဟုတ်ရင်တော့ နက္ခတ်တာရာ လေ့လာရေးဌာနထက်တောင်ပိုမှန်တဲ့ ကြိုတင်ဟောကိန်းထုတ်သူ ဖြစ်နေလောက်ပြီ]
ထိုစကားများမှာ နားထောင်၍ ကောင်းလှသည်။ ယင်ကျန်းသည် အသေးတစ်ခုကိုထုတ်ယူကာ သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး "ကိုယ်တော် မင်းကို ဆွဲပေးမယ်"
ကမ်းချန်ချန်သည် လည်ပင်းကို ဆန့်ကာခေါင်းညိတ်ပြ သည်။ နှစ်ယောက်စလုံး လည်ဆွဲများကို ဝတ်ဆင်ပြီးသော အခါ ယင်ကျန်းမှာ သူမ နားရွက်ဖျားလေးကို ဆွဲညှစ်ကစားရင်းပြောလာသည်။
"ဒီလက်ဆောင်က နည်းနည်းနောက်ကျနေတယ်လို့ မထင်ဘူးလား"
"နောက်ကျတယ် ဟုတ်လား"
ကမ်းချန်ချန် မသိယောင်ဆောင်လိုက်သည်။
"ဘယ်လိုလုပ် နောက်ကျရမှာလဲ၊ လုံးဝ နောက်မကျပါဘူး”
🌻 Chapter 46
"နှစ်သစ်ကူးအကြိုညလွန်သွားရင် နှစ်သစ်ကူးရောက်သွားပြီလေ ကမ်းချန်ချန်၊ နောက်ကျသွားရင် ဘာဖြစ်မယ်ဆိုတာကို ပြီးခဲ့တဲ့တစ်ခေါက်က ကိုယ်တော် ပြောခဲ့တယ်မလား"
အရက်ရှိန်ကြောင့် သူသည် ပုံမှန်ထက် များစွာ ပို၍ အိန္ဒြေမဲ့နေပြီး ကိုယ်ဟန်အနေအထားမှာလည်း ယခင်ကဲ့သို့ တည့်မတ်မနေတော့ပေ။
သူ့လက်ချောင်းများက သူမ ခါးရှိ ပန်းဖွားလေးများကို လမ်းယူကာ ညင်သာစွာ လွှဲကစားနေပြီး သူမ နားအနီးသို့ နှုတ် ခမ်းကိုကပ်ကာ စကားပြောနေလျကိ တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ သူမနားထဲသို့ လေအေးများမှုတ်သွင်းနေလေသည်။
[ဘုရားရေ... အဲဒီတော့ ငါ့ကို ဒါလုပ်ဖို့ စောင့်နေတာပေါ့၊ ငါလေးကို ဘယ်လိုလုပ် အပြစ်တင်လို့ရမှာလဲ၊ နင့်ကို ဘယ်သူက တစ်နေ့လုံး အလုပ်ရှုပ်ခိုင်းလို့လဲ]
ကမ်းချန်ချန်သည် သူမ၏ခေါင်းကို သူ့ ရင်ဘတ်ပေါ်သို့ မှီချလိုက်ပြီး ချွဲနွဲ့ကာ ပွတ်သီးပွတ်သပ်လုပ်သည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ ဒီနေ့အရမ်းပင်ပန်းနေလို့ ခွင့်လွှတ်ပေးပါနော်၊ မနက်ဖြန်ကျမှ ထပ်ပြောကြရအောင်၊ ဟုတ်ပြီလား"
[နင်က နွားလား၊ မနက်ကနေ သန်းခေါင်ယံအထိ အလုပ်များနေတာတောင် အားအင်တွေပြည့်ဝနေတုန်းပဲလား၊ ပြီးတော့ ငါ့ခန္ဓာကိုယ်ကိုပါ တောင့်တနေသေးတယ်ပေါ့လေ]
ယင်ကျန်းသည် သူမကိုပွေ့ချီကာ အပူပေးထားသော အုတ်ခုတင်ပေါ်သို့ တင်လိုက်သည်။
"ဒါဆို နောက်တစ်ကြိမ်ကျရင် ရပြီပေါ့"
"နောက်... နောက်တစ်ကြိမ်ကျမှပဲ ပြောကြတာပေါ့"
-
သူမ၏ အိပ်မောကျနေသော မျက်လုံးလေးများမှာ မပွင့်တ ပွင့်ဖြစ်နေပြီး နောက်တစ်နေ့တွင် ယင်ကျန်းမှာ တစ်နာရီမျှ နောက်ကျမှ နိုးလာသည်။
ကမ်းချန်ချန်မှာမူ သူမ နောက်တွင် မြည်းတစ်ကောင်မှာ ရဲရဲတောက်နေသော သံတုတ်ကြီးကို ကိုင်ဆောင်လျက် သူမအား ထိုးသတ်တော့မည့်ဟန်ဖြင့် အော်ဟစ်နေသည်ဟု အိပ်မက်မက်နေလေသည်။
"ခုနစ်လကိုယ်ဝန်ရှိနေတဲ့ ငါ့ဇနီးကို ပြန်ပေး၊ မမွေးသေးတဲ့ ငါ့ကလေးကို ပြန်ပေးစမ်း"
"အငြိုးအာဃာတမှာ မြစ်ဖျားခံရာရှိတယ်၊ အကြွေးမှာ အကြွေးရှင် ရှိတယ်၊ နင့်ရဲ့ ဇနီးနဲ့ ကလေးကို သတ်ဖို့ ငါ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူး၊ ငါ့ကို လာမရှာနဲ့"
"အသားကို စားတာ မင်းပဲလေ၊ အားလုံး မင်းအပြစ်တွေပဲ"
"ငါ မသိခဲ့ဘူး၊ ငါ စားတုန်းက ဘာမှ မသိခဲ့ရဘူး၊ သောက်ယင်ကျန်းစုတ်... ဘာလို့အဲ့တာကြီးကို ငါ့ဆီ ယူလာရတာလဲ"
ကမ်းချန်ချန်သည် ထပ်၍မပြေးနိုင်တော့ဘဲ မြည်း၏ ဖိထားခြင်းကို ခံလိုက်ရကာ သူမလည်ပင်းကို ကိုက်ဖြတ်တော့မည့်အလားထင်ရသည်။
"အား"
ကမ်းချန်ချန် ထအော်လိုက်သဖြင့် သူမဘေးရှိ လူကိုပါ လန့်သွားစေသည်။ မိုးလင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသော အခါ ကမ်းချန်ချန်မှာ နားမလည်နိုင်ဖြစ်သွားသည်။
[သူ ဘာလို့ မထသေးတာလဲ]
ယင်ကျန်းသည် သူမအား ရင်ခွင်ထဲသို့ဆွဲသွင်းကာ သူမကျောပြင်ကို ညင်သာစွာပွတ်သပ်ပေးရင်း သူ့ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် မေးသည်။
"ဘာဖြစ်လို့လဲ၊ မနက်ခင်းကြီးကို အိပ်မက်ဆိုးတွေ မက်နေတာလား"
[ဟွန့်... အားလုံး နင့်အပြစ်တွေချည်းပဲ၊ ညသန်းခေါင်ကြီးမှာ ခုနစ်လသားအရွယ် မြည်းကို ငါ့ကို ကျွေးခဲ့တယ်လေ]
ကမ်းချန်ချန်သည် သူ အတော်လေးစိတ်အခြေအနေကောင်း နေသည်ကို မြင်သောအခါ သတိထား၍ မေးလိုက်သည်။
"အရှင်မင်းသား၊ အရှင်မင်းသားက ဗုဒ္ဓဘာသာကို လေ့လာခဲ့တာ နှစ်တွေအတော်ကြာပြီဆိုတော့၊ ကျွန်တော်မျိုးမ မေးချင်တဲ့ မေးခွန်းလေးတစ်ခု ရှိလို့ပါ၊ မေတ္တာကရုဏာဆိုတာ ဘာလဲဟင်"
ယင်ကျန်းက "ပျော်ရွှင်မှုကို ပေးစွမ်းပြီး ဆင်းရဲဒုက္ခတွေကို ကင်းဝေးစေတာပေါ့"
ကမ်းချန်ချန် ပြုံးလိုက်ပြီး သူမလက်ဖဝါးသေးသေးလေးကို သူ့ ရင်ဘတ်ပေါ်သို့တင်ကာ ပြောသည်။
"မနေ့ညက အရှင်မင်းသား နန်းတွင်းညစာစားပွဲကို တက်ရောက်နေတာတောင် ကျွန်တော်မျိုးမအတွက် အစားအ သောက်ယူလာပေးဖို့ စဉ်းစားပေးခဲ့တာကို ကျွန်တော်မျိုးမ အရမ်း ဝမ်းသာပီတိဖြစ်ရပါတယ်၊ ဒါပေမဲ့ ခုနစ်လသားအရွယ်မြည်းလေးကိုစားတာက မိခင်မြည်းမကြီးအတွက် အတိုင်းအဆမသိတဲ့ နာကျင်မှုကိုဖြစ်စေသလို မြည်းပေါက်လေးရဲ့အသက်ရှင်သန်ခွင့် မျှော်လင့်ချက်ကိုလည်း သတ် ဖြတ်လိုက်သလိုမျိုး ခံစားရတယ်"
"ဆိုရိုးစကားအတိုင်းဆို အဲ့တာက သဘာဝတရားကြီးကိုချိုးဖောက်ပြီး ဗုဒ္ဓရဲ့မေတ္တာကရုဏာတရားကိုလည်း ဖျက်ဆီးရာကျပါတယ်"
ယင်ကျန်းက "မင်း ဘာဆိုလိုချင်လဲဆိုတာကို ကိုယ်တော် နားလည်ပါတယ်၊ အခုကစပြီး လိုအပ်လာတာမျိုး မဟုတ်ရင် ဒီလိုမျိုးဟာတွေကို ကိုယ်တော်တို့ ထပ်မစားကြရအောင်"
ကမ်းချန်ချန်မှာ အလွန်တရာဝမ်းသာသွားပြီး အမြန်ပြုံးကာ ပြောသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား"
ယင်ကျန်းလည်း ပြန်မေးလိုက်သည်။
"သာမာန်မေတ္တာကရုဏာအငယ်နဲ့ အဟာမေတ္တာကရုဏာ ဘာကွာလဲဆိုတာကိုရော မင်း သိလား"
ကမ်းချန်ချန် ခေါင်းရမ်းပြသည်။
ယင်ကျန်း "သာမာန်မေတ္တာကရုဏာအဆိုတာ အားနည်းသူတွေကို သနားကြင်နာရုံ သက်သက်ပဲ၊ မဟာမေတ္တာကရုဏာဆိုတာကတော့ ခွဲခြားဆက်ဆံမှုတွေကို စွန့်လွှတ်ပြီး သက်ရှိသတ္တဝါအားလုံးကို တန်းတူညီမျှ ကယ်တင်တာကိုခေါ်တယ်"
[ခွဲခြားဆက်ဆံမှု မရှိဘူး ဟုတ်လား၊ အဲဒီလိုဆို အသား လုံးဝမစားရဘူးလို့ ပြောချင်တာလား၊ ငါက တိရစ္ဆာန်လေးတွေကို ချစ်ပေမယ့် အသားလည်း စားချင်တာပဲလေ၊ အသားမပါဘဲ ငါ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ]
[သူ့ဘာသာ သေနေတဲ့အကောင်ရဲ့ အသားနည်းနည်းစားတာက ဘာဖြစ်မှာကျနေတာပဲ၊ ဒါဝင်ရဲ့သီအိုရီဖြစ်တဲ့ စွမ်းအာကြီးသူသာ ရှင်သန်ရစ်မယ်ဆိုတာကို နင် မသင်ဖူးဘူးလား]
ကမ်းချန်ချန် မျက်လုံးများ ကလယ်ကလယ်လေးဖြင့်
"ကျွန်တော်မျိုးမက မိန်းမသားတစ်ယောက်ဆိုတော့ ပုံမှတ်မေတ္တာကရုဏာအငယ်ကိုပဲ ကျင့်ကြံနိုင်ပါတယ်၊ အရှင်မင်းသားက ကြီးမြတ်တဲ့ယောက်ျားသားဆိုတော့ မဟာမေတ္တာကရုဏာကို ကျင့်ကြံသင့်တာပေါ့"
ယင်ကျန်းသည် သူမလက်ကို သူ့ခန္ဓာကိုယ်ဆီသို့ ဆွဲယူပြီး အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
"ဗုဒ္ဓက မေတ္တာကရုဏာဆိုတာ အရာအားလုံးကို ရှင်သန်စေတဲ့ မိုးရေနဲ့တူတယ် လို့ ဟောကြားခဲ့တယ်၊ ချန်အာ... မင်းကလည်း သဘာဝတရားရဲ့အစိတ်အပိုင်း တစ်ခုပါပဲ"
သူ့လက်က သူမကို ထိတွေ့လာသည့်အချိန်အထိ သူ့စကားအဓိပ္ပာယ်ကို ကမ်းချန်ချန် ချက်ချင်းနားမလည်ခဲ့ပေ။ ထို့နောက် သူမသည် ထိတ်လန့်တကြား နောက်ဆုတ်သွားမိသည်။
[ဗုဒ္ဓတရားတော်တွေအကြောင်း ပြောနေရင်းနဲ့ သူက ဘယ် လိုလုပ်ပြီး ဒီလောက်တောင် အချစ်ကြောင်းပါလာရတာလဲ]
[အရာအားလုံးကို ရှင်သန်စေတယ်ဟုတ်လား၊ အေးပါ ရှင် သန်ရလွန်းလို့ နင် အဝါဘက် (ညစ်ညမ်း) ပြောင်းသွားတာပဲ ဖြစ်ရမယ်]
[နေပါဦး... ခုနက ငါအိပ်မက်မက်ခဲ့တဲ့ မြည်းကိုသတိရသွားပြီ၊ အဲ့တာ နင့်ကြောင့်ဟဲ့]
ယင်ကျန်း သူမပခုံးကို ဖိချထားလိုက်ပြီး သူ့လေသံမှာ ရုတ်တရက် အေးစက်သွားသည်။
"မင်း ထပ်ပြီးဆုတ်မယ်ဆိုရင် လက်ကောက်ဝတ် ပြုတ်ထွက်သွားလိမ့်မယ်"
ကမ်းချန်ချန် မျက်လုံးများ ပြူးကျယ်သွား၏။
"အရှင်မင်းသား၊ ကျွန်တော်မျိုးမကို မခြောက်ပါနဲ့"
"မင်း ဒါကို မသင်ခဲ့ရဘူးလား"
"သင်... သင်ခဲ့ရပါတယ်"
"ဒါဆိုလည်း မြန်မြန်လုပ်လေ"
"အို"
[အဲဒီစကားကို ငါက နင့်ကို ပြန်ပြောရမှာ]
[ငါတို့ရဲ့ဆက်ဆံရေးအခြေအနေအရဆိုရင် အရမ်းမြန်နေသလိုပဲလို့ ခံစားရတယ်]
ခဏအကြာတွင် မျက်နှာတစ်ခုလုံး နီမြန်းကာ လက်များ တုန်ယင်နေသော ကမ်းချန်ချန်မှာ ပြောလာသည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ လက်တွေ ညောင်းနေပြီ"
"တခြားနေရာ ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ"
"ဟုတ်"
ကမ်းချန်ချန်သည် သူမ လက်များကို ရုပ်သိမ်းလိုက်ပြီး သူ၏ မျက်နှာပေါ်သို့တင်ကာ မြန်မြန်ဆန်ဆန်ပွတ်သပ်လိုက်သည်။
ယင်ကျန်း၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး အံ့ကြိတ်ကာ တစ်လုံးချင်းစီပြောသည်။
"ကမ်း - ချန် - ချန်"
သူမသည် အပြစ်ကင်းစင်သည့်ဟန်ဖြင့် မော့ကြည့်လာပြီး
"အရှင်မင်းသားပဲ တခြားတစ်နေရာ ပြောင်းပါဆိုလို့ ပြောင်းလိုက်တာလေ"
"မင်း ခေါင်းကိုပါ ဖြုတ်လဲချင်နေတာလား"
"ဟင့်အင်း... ဟင့်အင်း"
[ဒီလူ တကယ်ပဲ၊ နောက်တာကိုတောင် မခံနိုင်ဘူး]
[မနက်ခင်းစောစောစီးစီးကို ဒေါသထွက်လွယ်လိုက်တာ၊ ဟူး... ဂန္ဓမာပန်း လက်ဖက်ရည် များများ သောက်သင့်တယ်]
[အရမ်းကြာတာကလည်း ရောဂါတစ်မျိုးပဲလို့ ငါ ကြားဖူးတယ်၊ တခြားဧကရာဇ်တွေလည်း ဒီလိုဆိုတာ ငါ မယုံဘူး]
[ဒါပေမဲ့ ယုံကျိန်းဧကရာဇ်က သမိုင်းမှာနာမည်ကြီးတဲ့ ဂရုဏာအထားသက်ဆုံး ဧကရာဇ်မို့လို့ ညဘက်တွေဆို မအိပ်ဘဲ အသနားခံစာတွေကို စစ်ဆေးလေ့ရှိတယ် ကြားဖူးတယ်၊ အဲဒါက သူ ညတိုင်း ခွန်အားတွေ အပြည့်ရှိနေလို့များလား]
ယင်ကျန်း: "..."
ထို့နောက် သူလည်းထုတ်လွှတ်မိသွားသည်။ ကမ်းချန်ချန် အဆုံးတွင် ကိုယ်လုပ်တော်တစ်ပါးအနေဖြင့် သူမ၏ပထမဆုံးတရားဝင်တာဝန်ကို ပြီးစီးသွားခဲ့ပြီဖြစ်သည်။ သူမ ခုတင်ပေါ်တွင် လှဲလျောင်းကာ သက်ပြင်းချလေသည်။
"အရှင်မင်းသား... ကျွန်တော်မျိုးမ အဝတ်လဲပေးပါရစေ"
ယင်ကျန်းမှာ သူမကို အေးတိအေးစက်တစ်ချက်ကြည့်လိုက်ပြီး သူ့အသံမှာ အနည်းငယ်အက်ရှနေဆဲဖြစ်သည်။
"မလိုဘူး"
သူသည် ခေါင်းလောင်းကို တီးလိုက်ပြီးနောက် လက်ကိုင်ပဝါတစ်ထည်ကိုယူကာ သူမလက်များကို ဂရုတစိုက် သုတ်ပေးရန်ငုံ့ကိုင်းလိုက်သည်။
မိန်းကလေးတစ်ဦးတွင် လှပသော လက်ကလေးများရှိနေခြင်းသည် သဘာဝတရား၏အကြီးမားဆုံးသော လက် ဆောင်ဖြစ်ပြီး ကမ်းချန်ချန်တွင် ထိုသို့သော လက်ကလေးများကို ပိုင်ဆိုင်ထားလေသည်။
သူမ လက်ကောက်ဝတ် အရိုးအဆစ်လေးများ၏ကွေးညွတ်မှုသည် အလွန်တရာ ကျက်သရေရှိပြီး သဘာဝကျလှသည်။ နွေဦးကြက်သွန်မြိတ်နှင့် ကျောက်စိမ်းမျှစ်လေးများအလား နှင်းဖုံးနေသော ရေခဲပိုးသားလေးကဲ့သို့ပင် ထိတွေ့ရသည်မှာ နူးညံ့ပျော့ပျောင်းလှသဖြင့် ၎င်းတို့ကို အသုံးပြုရသည်မှာ ပိုသက်သောင့်သက်သာရှိလှသည်။
[အို... နင်က လူတွေကိုတောင် ပြုစုတတ်နေပြီပေါ့၊ နေကများ မြောက်ဘက်က ထွက်လာတာလား]
ယင်ကျန်း ရပ်တန့်သွားပြီး စူးရှသော မျက်ဝန်းများဖြင့် သူမအား လှမ်းကြည့်လာသည်။
"ဒီနေ့ လုပ်တာ သိပ်မကောင်းသေးဘူး၊ နောက်ဆို ပိုပြီး လေ့ကျင့်ထား"
[ခေါင်းမာလိုက်တာ၊ နင် ကျေနပ်သွားတာကို]
[ခုနက အရေးကြီးတဲ့အချိန်ရောက်တော့ နင့်ရဲ့လည်စေ့ အမြန်လှုပ်ရှားသွားတာ ဘယ်သူ မသိတာမှတ်လို့၊ သူ့မျက်လုံးတွေလည်း မှိုင်းဝေသွားတာ၊ အင်း... တော်တော်လေးကျေ နပ်ဖို့ ကောင်းတာပဲ]
အဲ့မိန်းမမှာ အခုလိုအတွေးတွေသာမရှိရင် အဖက်ဖက်က ပြည့်စုံသွားမှာ!