အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇) ကျီကျစ်ယွီ၏ သံသယများ
ဤအချိန်အတွင်း နန်ကုန်းယွီသည် ဝိညာဉ်သိုင်းပညာ အများကြီး မသင်ယူခဲ့သော်လည်း အသိဉာဏ်အလင်းပွင့်ခြင်း အချို့ကိုတော့ သူ နားလည်သဘောပေါက်ခဲ့လေသည်။
ဓားများ၊ လှံများနှင့် အခြား လက်နက်များ...
ဤကိုးမျိုးစလုံးသည် ပြီးပြည့်စုံခြင်း အသိဉာဏ်အလင်းပွင့်ခြင်း၏ အစိတ်အပိုင်းများ ဖြစ်ကြပေသည်။
ထို့အပြင် လုပ်စရာ ဘာမှမရှိသဖြင့် သူသည် ဒုတိယအသက်မွေးဝမ်းကျောင်းပညာရပ် သုံးခုလုံးဖြစ်သော ဆေးဖော်စပ်ခြင်း၊ ဝင်္ကပါရေးဆွဲခြင်းနှင့် ရတနာဖန်တီးခြင်းတို့ကို အဆင့်ကိုးအထိ မြှင့်တင်ခဲ့ပြီး ရတနာဖန်တီးရှင်ကို ဝိညာဉ်အဆင့်အထိ မြှင့်တင်ကာ ကျန်ဒုတိယအသက်မွေးဝမ်းကျောင်းပညာရပ် နှစ်ခုကို အလယ်အလတ်အဆင့်အထိ မြှင့်တင်ခဲ့လေသည်။
ထို့အပြင် ဟင်းလင်းပြင်ငှက်မွေးသည်လည်း ကြီးထွားလာပြီး အဆင့်မြှင့်တင်ခံခဲ့ရကာ စွမ်းအားမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပေသည်။
လမင်းကြည်လင် ဇီတာနှင့် ဝိညာဉ်သိုင်းပညာတို့သည် လွန်ခဲ့သော တစ်နှစ်ခန့်က နန်ကုန်းယွီက ဝိညာဉ်စုပ်ယူခြင်းအဆင့်ကို သူ၏ အပေါ်ယံအဆင့်အဖြစ် ပေါင်းစပ်လိုက်ချိန်တွင် သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးက ပေးခဲ့သော လက်ဆောင်များ ဖြစ်လေသည်။
စောင်းတီးခတ် သတ်ဖြတ်ခြင်းသည် လူ့သားအဆင့်သာ ဖြစ်သော်လည်း သူက ကျင့်ကြံဆဲ ဖြစ်ပေသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်မတွေးတော့ဘဲ သူ၏ အသိစိတ်သည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားလေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်ထပ် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း
အဆင့်: ၃
ချိတ်ဆက်ထားသူ: နန်ကုန်းယွီ
လက်ကျန်အမှတ်များ: ၁,၀၆၉,၉၇၆,၁၉၀
စုစုပေါင်းအမှတ်များ: ၅၁၃,၄၆၀
မှတ်ချက်: ဝိညာဉ်ကျောက်တုံးများနှင့် အမှတ်များကို တူညီသောတန်ဖိုးဖြင့် လဲလှယ်နိုင်သည်။ အမှတ် ၁ ထရီလီယံ စုဆောင်းမိပါက အဆင့် ၄ ဆင့် ပွင့်သွားမည်ဖြစ်ပြီး အဆင့်တစ်ခုစီတိုင်းတွင် အဆတစ်ထောင် တိုးလာမည်...
...
အလင်းမျက်နှာပြင်ကို ကြည့်ရင်း နန်ကုန်းယွီသည် ကျေနပ်စွာ ခေါင်းညိတ်ကာ အနည်းငယ် ပြုံးမိသွားပေသည်။
လွန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ထျန်းကန်း ခေါင်းဆောင်နှင့် အခြားသူများက ကျန်းပေ့စစ်တပ်ကို ဦးဆောင်ကာ ဝိညာဉ်ကျောက်တုံး သတ္တုတွင်းများကို အရူးအမူး ရှာဖွေခဲ့ခြင်းနှင့်အတူ သတ္တမအဆင့်နှင့် အဋ္ဌမအဆင့် ဆေးလုံးအချို့ကို ဖော်စပ်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ရောင်းချခဲ့ခြင်းတို့ကြောင့် သူ၏ အမှတ်များမှာ လျင်မြန်စွာ စုဆောင်းမိလာခဲ့ခြင်း ဖြစ်လေသည်။
သေချာတာပေါ့... အဲ့ဒါတွေက မြန်မြန်လည်း ကုန်သွားမှာပါပဲ...
အဆင့်နိမ့် ဝိညာဉ်ခြင်ဆီ ၃၆ ခုကို ဖယ်ထားလိုက်လျှင်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ခြင်ဆီ ၃၆ ခုအတွက် ၃.၆ ဘီလီယံ ကုန်ကျမည်ဖြစ်ရာ သေချာပေါက် အသုံးအစွဲကြီးသူ တစ်ဦး ဖြစ်ပေသည်။
ရလဒ်တွေကတော့ အံ့ဩစရာပါပဲ...
ဝိညာဉ်ခြင်ဆီမှ ထုတ်လွှတ်သော ဝိညာဉ်စွမ်းအင်နှင့် ၎င်းအတွင်း၌ ပါဝင်သော ဝိညာဉ်စွမ်းအင်တို့ကို မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်ဖြင့် စုပ်ယူကာ သန့်စင်ခဲ့လေသည်။ ထို့ကြောင့် သူသည် သုံးနှစ်တာအတွင်း သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် သူ၏ ကျင့်ကြံမှုအဆင့်ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း ၃၆ ခုနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သတ္တုတွင်း ၇၂ ခုတို့ကို အသုံးပြု၍ တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။
"ဝိညာဉ်ဘုရင် ဆေးလုံး ပြင်ဆင်ဖို့ အချိန်တန်ပြီ..."
နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
ရိုးရိုးသားသားပြောရလျှင် တတိယအဆင့်ကို ဖွင့်ပြီးကတည်းက သူသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို သေချာ မလေ့လာရသေးချေ။
"နေဦး... ဝိညာဉ်ဘုရင် ဆေးလုံး ဆေးဖော်စပ်နည်းက တကယ်ပဲ အမှတ် ၂ ဘီလီယံ လိုတာလား..."
နန်ကုန်းယွီက အံ့အားသင့်စွာ အော်လိုက်ပြီး သူ၏ ကျန်ရှိနေသော အမှတ် ၁ ဘီလီယံကျော်ကို ကြည့်ကာ နက်ရှိုင်းသော အတွေးနွံထဲသို့ နစ်ဝင်သွားလေသည်။
"ဒါပေမယ့် အဓိပ္ပာယ်ရှိတော့ရှိတယ်"
ခဏအကြာတွင် နန်ကုန်းယွီသည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ခါးသက်သက် ပြုံးလိုက်သည်။
ယင်းက အဓိပ္ပာယ်ရှိ၏။
‘ဝိညာဉ်အရှင်မြတ်အဆင့်ကို တက်ဖို့ သုံးတဲ့ ဝိညာဉ် ဆေးလုံး ဆေးဖော်စပ်နည်းက ၃၀၀ သန်း ကုန်ကျတာပဲ... ဝိညာဉ်ဘုရင်အဆင့်ကို တက်ဖို့ သုံးတဲ့ ဝိညာဉ်ဘုရင် ဆေးလုံးကတော့ ပြောစရာတောင် မလိုတော့ဘူး...တာအိုရဲ့ အဆင့်မြင့် ထုတ်ကုန်တွေအတွက် လိုအပ်မယ့် အမှတ်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ မသိဘူး... ‘
လေ့လာပြီးနောက် နန်ကုန်းယွီသည် တတိယအဆင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် အဆင့်အမြင့်ဆုံး ထုတ်ကုန်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်သွားလေသည်။
ဝိညာဉ်ဧကရာဇ်အဆင့်အတွက် သင့်လျော်သော ကျင့်ကြံခြင်း၊ အဆင့်တက်ခြင်း ဆေးလုံးများ၊ ဧကရာဇ်လက်နက် အဆောင် စသည်တို့ ဖြစ်ပေသည်။
သေချာသည်မှာ မြင့်မြတ်နယ်မြေတွင်လည်း အသုံးပြုနိုင်သော်လည်း ကျင့်ကြံခြင်းနှင့် အဆင့်တက်ခြင်း ဆေးလုံးများကို အသုံးမပြုနိုင်ပါက အခြား ကုသခြင်းနှင့် အားအင်ပြန်ပြည့်ခြင်း ဆေးလုံးများမှာ အကျိုးသက်ရောက်မှု အလွန်နည်းပါးမည် ဖြစ်လေသည်။
ထို့အပြင် အလယ်အလတ်အဆင့်ထက် ပိုကောင်းသော အဆင့်မြင့် ဝိညာဉ်ခြင်ဆီများလည်း ရှိသေးသော်လည်း ကံမကောင်းစွာဖြင့် နန်ကုန်းယွီက လောလောဆယ်တွင် ၎င်းတို့ကို မလဲလှယ်နိုင်သေးပေ။
မည်သို့ပင်ဆိုစေ ၎င်းအတွက် အမှတ် ၁၀ ဘီလီယံ လိုအပ်ပေသည်။
နန်ကုန်းယွီက အများကြီး မတွေးတော့ဘဲ လှည့်ကာ စားပွဲဝိုင်းတွင် ထိုင်လိုက်သည်။ ကျောက်စိမ်းဖြူစင်ပေါ်ရှိ ပရီမီယံ ဝိညာဉ် ဆေးလုံး ပုလင်း ၄၀ ကျော်ကို ကြည့်ရင်း သူ အနည်းငယ် ပြုံးမိသွားလေ သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပုလင်း ၃၀ ကို တိုက်ရိုက် ရောင်းချလိုက်ရာ အမှတ် ၈.၁ ဘီလီယံ ရရှိခဲ့လေသည်။
ဤသည်ကို မြင်ချိန်တွင် သူသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွားသည်။
"တကယ်ပါပဲ... ဝိညာဉ်ကျောက်တုံးတွေကို အမှတ်တွေနဲ့ လဲလှယ်ရတာ အပြင်ဘက်မှာက အလုပ်ရှုပ်တယ်... ဒီအချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှာ ဆေးလုံးတွေ ပြန်ရောင်းတာက ပိုတောင်ကောင်းသေး."
"ငါတို့ ဝိညာဉ် ဆေးလုံး ပုလင်း ၅၀၀၀ ဖော်စပ်နေသရွေ့တော့ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကို အဆင့် ၄ အထိ မြှင့်တင်တာက အလွယ်လေးပဲ ဖြစ်မှာပဲ"
သို့သော် သူ ဤသို့တွေးနေစဉ်မှာပင် စားပွဲဝိုင်းပေါ်တွင် စာတစ်ကြောင်း ပေါ်လာလေသည်။
[ရောင်းချသည့် တူညီသော ပစ္စည်းအရေအတွက်သည် ၁၀၀၀၀ ထက် မကျော်လွန်နိုင်ပါ... ပြီးတော့ အချိန်ကန့်သတ်ချက်က သုံးနှစ်ပါ…]
ဤအချက်အလက်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက ဤသို့သော မေးခွန်းမျိုးကို ဖြေနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့။
၁၀၀၀၀ ဟုတ်လား...
ဒါက ဆေးလုံးဆိုရင် ပုလင်း ၁၀၀၀၀ လား၊ ဒါမှမဟုတ် ဆေးလုံး ၁၀,၀၀၀ လား...
ပြီးတော့ ဒီ သုံးနှစ် အချိန်ကန့်သတ်ချက်က... သုံးနှစ်ကြာပြီးရင် ဆက်ရောင်းလို့ရတယ်ဆိုတဲ့ သဘောလား...
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး ဆက်မတွေးတော့ဘဲ ဝိညာဉ်ဘုရင် ဆေးလုံး ဆေးဖော်စပ်နည်းနှင့် သက်ဆိုင်ရာ ဆေးဖက်ဝင်အပင် ၁၀ ဖုံ တို့ကို အမှတ် ၂.၄ ဘီလီယံ အသုံးပြု၍ တိုက်ရိုက် လဲလှယ်လိုက်လေသည်။
သို့သော် နန်ကုန်းယွီသည် ဆေးဖော်စပ်နည်းကို ချက်ချင်း မလေ့လာဘဲ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်လာခဲ့ပေသည်။
...
ရှိုးရှန်းနန်းဆောင်တွင် ဖြစ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီကို ကျီကျစ်ယွီ၏ အိပ်ဆောင်သို့ သယ်ဆောင်သွားပြီး ကုတင်ပေါ်တွင် ညင်သာစွာ ချထားလိုက်လေသည်။
သူမသည် နန်ကုန်းယွီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။
"မယ်တော်... အဆိပ်ပြေသွားပြီလေ... ယွီအာက ဘာလို့ မနိုးသေးတာလဲ..."
ကျီကျစ်ယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ဒီမယ်တော်ကြီး ယွီအာကို စစ်ဆေးပြီးပြီ... သူက ထိတ်လန့်ပြီး ယာယီ သတိလစ်နေတာပါ... မင်း စိုးရိမ်စရာ မလိုပါဘူး..."
"ဘယ်သူက... ဘယ်သူက ယွီအာကို အန္တရာယ်ပေးချင်နေရတာလဲ..."
ရှန်ကွမ်ယွဲ့ရှီး၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး ဘာတွေဖြစ်နေလဲဆိုတာ သူမ နားမလည်နိုင်ချေ။
သူတို့ သားအမိသည် ဥပဒေကို အမြဲလိုက်နာသော နိုင်ငံသားများ ဖြစ်ကြလေ၏။ သူမ၏ ယွီအာကို အဆိပ်ခတ်ရန် မည်သူက ဤမျှလောက် ရက်စက်နိုင်မည်နည်း။
"ငါလည်း မသိဘူး..."
ကျီကျစ်ယွီက အနည်းငယ် ခေါင်းခါလိုက်သည်။
"အခု မင်းနဲ့ ရှန်ပိယွင် နှစ်ယောက်စလုံးက ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့်ကို ရောက်နေကြပြီ... ပြီးတော့ ငါကလည်း ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်မှာ နေလာတာ နှစ်အတော်ကြာပြီဆိုတော့ ငါတို့ မျက်စိအောက်မှာတင် မင်းနဲ့ ငါ့ကို အဆိပ်ခတ်ဖို့ဆိုတာ သိပ်မလွယ်လောက်ဘူး..."
ဤနေရာတွင် ကျီကျစ်ယွီသည် ရှန်ကွမ်ယွဲ့ရှီးကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးပြီး တွေဝေနေပုံရပေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်က အဘယ်ကြောင့် ကျန်းပေ့စစ်တပ်အပေါ် အထူးမျက်နှာသာပေးခဲ့သလဲ ဆိုသည်မှာ ရှင်းလင်းစွာ မသိရသေးချေ။ ထို့အပြင် ရှားပါးပြီး လူအများ လိုချင်ကြသော နတ်ဘုရားပေါင်းစည်းခြင်း ဆေးလုံးများ၊ ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးများနှင့် ဝိညာဉ် ဆေးလုံးများကိုပင် သူတို့ကို ရောင်းချခဲ့သေးသည်။
'တကယ်လို့ ကျန်းပေ့တပ်သား ၅၀၀ သာ အဆင့်မြင့် ဝိညာဉ်အမြစ် မရှိခဲ့ရင် အင်အား ၃၀၀၀ ပဲရှိတဲ့ကျန်းပေ့စစ်တပ် တစ်ခုလုံး ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်ကို ဝင်ရောက်လုနီးပါး ဖြစ်နေပြီလို့ ထင်တယ်’
သို့သော် ထိုသို့ဖြစ်လျှင်ပင် ကျန်းပေ့စစ်တပ်၏ စစ်သူကြီး သုံးဦးသည် ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျန်းပေ့တပ်သား ၅၀၀ မှာ ကပ်ဘေးပျက်သုဉ်းခြင်း အစောပိုင်းအဆင့်သို့ ဝင်ရောက်သွားကြပြီ ဖြစ်ကာ ကျန်ရှိသောသူများမှာ ဝိညာဉ်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြလေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် ရှန်ပိယွင်တို့သည်လည်း ဤအရာမှ အကျိုးအမြတ်များ ရရှိခဲ့ပြီး နှစ်ဦးစလုံး ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့်သို့ ဝင်ရောက်သွားကြပေသည်။
ဤအင်အားသည် ချင်းယို တော်ဝင်မိသားစုပင်လျှင် သတိထားရမည့် အရာတစ်ခု ဖြစ်လေသည်။
သေချာသည်မှာ နန်ကုန်းအောက်ထျန်းသည်လည်း ရှန်ကွမ်ယွဲ့ရှီး ပေးသော ဝိညာဉ် ဆေးလုံး၏ ကျေးဇူးကြောင့် ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် ရင်းနှီးသော ဟန်လီယန်သည်လည်း အကျိုးအမြတ်များ ရရှိခဲ့ပြီး ယခုအခါ ကပ်ဘေးပျက်သုဉ်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ကျီကျစ်ယွီသည်လည်း ဝိညာဉ် ဆေးလုံး တစ်လုံး ရရှိခဲ့သော်လည်း သူမက မသောက်ခဲ့ပေ။
ယခုအခါ သူမသည် ဝိညာဉ်အရှင်မြတ် နောက်ပိုင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့ပေသည်။ ဝိညာဉ် ဆေးလုံးကို သောက်သုံးလိုက်ပါက အဆင့်တက်သွားမည်မှာ သေချာပြီး သူမကို သေမျိုးနယ်ပယ်တွင် ဆက်နေခွင့် ပေးတော့မည် မဟုတ်ပေ။
သူတို့သုံးဦးအပြင် ရှန်ကွမ် မိသားစုမှ ရွှမ်ယွမ်လင်ယွင်သည် ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်သို့ ဝင်ရောက်သွားပြီး ရှန်ကွမ်ဖေးဟုန်သည် ကပ်ဘေးပျက်သုဉ်းခြင်း အထွတ်အထိပ်အဆင့်သို့ ဝင်ရောက်သွားကာ ယခုအခါ တံခါးပိတ်ကျင့်ကြံ နေသည်ဟု ဆိုကြလေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် သူမ၏သားတို့နှင့် ရင်းနှီးသူများသည် အတိုင်းအတာတစ်ခုအထိ အကျိုးအမြတ်များ ရရှိခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။
ထိုအချိန်အတွင်း ကျန်းပေ့စစ်တပ်သည် ချင်းယိုအင်ပါယာ၏ အနောက်မြောက်ဘက်ရှိ တောင်တန်း တစ်သိန်းတွင် ရှိနေပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန်အတွက် လျှို့ဝှက်ဆန်းကြယ်သူအတွက် အလုပ်လုပ်ပေးနေရလေသည်။
ဤအချက်ကို ရှန်ကွမ်ယွဲ့ရှီးက ပြောခဲ့ခြင်း ဖြစ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် ကျီကျစ်ယွီ၏ အကြည့်ကို သတိထားမိသော်လည်း နန်ကုန်းယွီအကြောင်းကိုသာ စိတ်ပူနေသဖြင့် သိပ်မတွေးခဲ့ပေ။
"မယ်တော်..."
ထိုအချိန်မှာပင် နန်ကုန်းယွီက ညင်သာစွာ ခေါ်လိုက်ပြီး ဖြည်းညင်းစွာ နိုးလာလေသည်။
ရှန်ကွမ်ယွဲ့ရှီး၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသဖြင့် သူသည် လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်သည်။
"ယွီအာ..."
နန်ကုန်းယွီ ဘေးကင်းလုံခြုံသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် ဝမ်းသာအားရဖြစ်သွားပြီး နန်ကုန်းယွီကို ဖက်လိုက်သည်။
သူမသည် နန်ကုန်းယွီကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး သူမ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပေသည်။ သူ့ကို ဆုံးရှုံးရမည်ကို သူမ အလွန်အမင်း ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်လေသည်။
ကြောက်ရွံ့မှုကြောင့် သူမ၏ နူးညံ့သော ခန္ဓာကိုယ် အနည်းငယ် တုန်ရီနေသည်ကို ကြည့်ရင်း နန်ကုန်းယွီသည် မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခု ခံစားလိုက်ရပေသည်။
အခန်း (၈၈) တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ ကြည့်နေကြခြင်း
"မယ်တော်... မငိုပါနဲ့... ယွီအာ အဆင်ပြေပါတယ်..."
နန်ကုန်းယွီသည် မိခင်ဖြစ်သူ၏ ကျောပြင်ကို ညင်သာစွာ ပုတ်ကာ တိုးတိုးလေး နှစ်သိမ့်ပေးလိုက်လေသည်။
"ကောင်းပြီ...ကောင်းပါပြီ"
ရှန်ကွမ်ယွဲ့ရှီးက သူမ၏ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး ပြုံးကာ ဆိုလိုက်သည်။
"မယ်တော် မငိုပါဘူး... မယ်တော် အရမ်းဝမ်းသာလွန်းသွားလို့ပါ..မယ်တော် မငိုဘူးနော်.."
ရှန်ကွမ်ယွဲ့ရှီးက ဤသို့ပြောသော်လည်း သူမသည် နန်ကုန်းယွီ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။
သူမသည် နန်ကုန်းယွီကို ရင်ခွင်ထဲတွင် ဖက်ထားပြီး ကုတင်ပေါ်တွင် ထိုင်ကာ မေးလိုက်သည်။
"ယွီအာ... သား ဒီနေ့ ဘယ်သူတွေနဲ့ တွေ့ခဲ့သေးလဲ..."
နန်ကုန်းယွီက ခေါင်းခါပြလိုက်သည်။
"ဒီမနက် နိုးတော့ နံနက်စာစားတယ်... ပြီးတော့ ပျင်းလို့ အပေါ်ထပ်ကို ခဏတက်သွားတာ... တခြားဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ခဲ့ပါဘူး..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။
ထိုအချိန်တွင် ကျီကျစ်ယွီက ထိုင်လိုက်ပြီး မေးလိုက်၏။
"ဒီနေ့ ယွီအာ ဘာတွေစားခဲ့လဲ..."
နန်ကုန်းယွီက ခဏတာ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။
"နံနက်စာပဲ စားတာပါ... အော်... ပြီးတော့ မီးဖိုချောင်ထဲမှာ အပြာရောင်မရဏ သစ်သီး တစ်လုံးနဲ့ မုန်လာဥနီ တစ်ဝက် စားခဲ့သေးတယ်..."
"အပြာရောင်မရဏ သစ်သီး... မုန်လာဥနီ ဟုတ်လား..."
ရှန်ကွမ်ယွဲ့ရှီး အံ့အားသင့်သွားပြီးနောက် သူမ ရင်ခုန်သွားလေသည်။
"ယွီအာ... သား မှားမစားခဲ့တာ သေချာလား... မီးဖိုချောင်ထဲမှာ ဘာလို့ မုန်လာဥနီ ရှိနေရတာလဲ..."
မုန်လာဥနီဆိုသည်မှာ သာမန် အစားအစာတစ်ခုသာ ဖြစ်ပေသည်။ သူမနှင့် နန်ကုန်းယွီတို့ စားသော အစားအစာများမှာ ဆေးဖက်ဝင်အစားအစာများ ဖြစ်ပြီး သာမန် ပါဝင်ပစ္စည်းများ အလွန်နည်းပါးစွာ ပါဝင်သင့်ပေသည်။
မင်းသားစံအိမ်က အစေခံတွေ လောဘတက်ပြီး အပြင်ဘက် မီးဖိုချောင်ကနေ ယူလာတာများလား...
နန်ကုန်းယွီက ခေါင်းကုတ်လိုက်သည်။
"သား မှတ်မိတာ မမှားပါဘူး... မုန်လာဥနီက အရသာမရှိလို့ တစ်ကိုက်လောက် ကိုက်ပြီး ထွေးထုတ်လိုက်တာ..."
ဤစကားကို ကြားချိန်တွင် ကျီကျစ်ယွီနှင့် အခြားတစ်ဦးတို့သည် အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး ဘာဖြစ်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားကြလေသည်။
ကျီကျစ်ယွီသည် တံခါးအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ချင်းကျူ... နန်းတွင်းသမားတော် ကျန်းကို သွားခေါ်ခဲ့..."
"ဟုတ်ကဲ့ပါ မယ်တော်ကြီး..."
မကြာမီမှာပင် နန်းတွင်းသမားတော် ကျန်း ရောက်ရှိလာလေသည်။
သူသည် ထိုသုံးဦးကို တစ်ချက်ကြည့်လိုက်သော်လည်း အောက်သို့ ငုံ့ကြည့်လိုက်ချိန်တွင် သူ ရှုပ်ထွေးမိ သွားသည်။ သူတို့အားလုံး အဆင်ပြေပုံရသည်ကို ဘာကြောင့် သူ့ကို ခေါ်ရသနည်း။
နေပါဦး... မင်းသားငယ် နိုးလာပြီပဲ... ဒါဆို သူက နောက်ဆက်တွဲ စစ်ဆေးဖို့ လာရတာများလား...
နန်းတွင်းသမားတော် ကျန်းသည် များများစားစား မတွေးတော့ဘဲ အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လေ၏။
"မယ်တော်ကြီးကို ဂါရဝပြုပါတယ်... ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်... မင်းသားငယ်ကို ဂါရဝပြုပါတယ်..."
"ထပါ..."
ကျီကျစ်ယွီက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နန်းတွင်းသမားတော် ကျန်းကို ကြည့်ကာ မေးလိုက်သည်။
"ပြောပြပါဦး... ဒီမျက်ကန်း အဆိပ်က ဖော်စပ်ရခက်လား..."
နန်းတွင်းသမားတော် ကျန်းက အနည်းငယ် ခေါင်းခါပြလိုက်သည်။
"မယ်တော်ကြီးကို လျှောက်တင်ပါတယ်... ဒီမျက်ကန်း အဆိပ်က ဖော်စပ်ရမခက်ပါဘူး... အပြာရောင်မရဏ သစ်သီးနဲ့ ဟယ်မင် ဂျင်ဆင်းတို့ရဲ့ ဆေးဖက်ဝင် အာနိသင်တွေကို ထုတ်ယူပြီး ရောစပ်ဖို့ပဲ လိုတာပါ... အဆိပ်ပညာရှင် မဟုတ်တဲ့သူတောင် လုပ်နိုင်ပါတယ်..."
"ဟယ်မင် ဂျင်ဆင်း..."
ကျီကျစ်ယွီနှင့် ရှန်ကွမ်ယွဲ့ရှီးတို့သည် အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး ခါးသက်သက် ပြုံးမိသွားလေသည်။
ရှန်ကွမ်ယွဲ့ရှီးက သူမ၏ နှုတ်ခမ်းများကို အနည်းငယ် ဟကာ မေးလိုက်၏။
"နန်းတွင်းသမားတော် ကျန်း... တကယ်လို့ အပြာရောင်မရဏ သစ်သီး တစ်လုံး စားပြီး ဟယ်မင် ဂျင်ဆင်း တစ်ကိုက် ကိုက်စားမိရင် ဘာဖြစ်မလဲ..."
"သူ အဆင်ပြေဖို့ အခွင့်အလမ်း များပေမဲ့ အနည်းငယ် ထိခိုက်တာ ဒါမှမဟုတ် ဘာမှမဖြစ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်..."
နန်းတွင်းသမားတော် ကျန်းက တွေဝေမနေဘဲ ဖြေကြားလိုက်သော်လည်း ထို့နောက် သူ တစ်စုံတစ်ခုကို သတိထားမိသွားပြီး အနည်းငယ် မော့ကြည့်လိုက်လေသည်။
"မင်းသမီး... မင်းသမီး ဆိုလိုတာက မင်းသားငယ်က အဲ့ဒီနှစ်ခုစလုံးကို စားမိသွားတာလို့ ပြောတာလား..."
"ဖြစ်နိုင်တယ်..."
ရှန်ကွမ်ယွဲ့ရှီး၏ အမူအရာမှာ ရှုပ်ထွေးနေလေ၏။ ဘာမုန်လာဥနီလဲ... အဲ့ဒါက ဟယ်မင် ဂျင်ဆင်း ဖြစ်ဖို့ အခွင့်အလမ်း များတယ်လေ။
ဤစကားကို ကြားချိန်တွင် နန်းတွင်းသမားတော် ကျန်းသည် ခါးသက်သက် ပြုံးမိသွားရချေသည်။
ဒါဆို နန်းတွင်း ဆေးခန်းမ တစ်ခုလုံး ထိတ်လန့်သွားရတဲ့ အကြောင်းရင်းက ကျန်းပေ့မင်းသားက ဆေးဖက်ဝင်အပင် နှစ်မျိုးကို မှားစားမိလို့ပေါ့လေ။
ခဏတာမျှ သူ ဘာပြောရမည်ကိုပင် မသိတော့ချေ
ကျီကျစ်ယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ချင်းကျူ... မင်းကြီး ဘာတွေစုံစမ်းသိရလဲဆိုတာ သွားမေးကြည့်... ပြီးတော့ ကျန်းပေ့မင်းသား စံအိမ်ရဲ့ မီးဖိုချောင်ကို သွားပြီး အပြာရောင်မရဏ သစ်သီးနဲ့ ဟယ်မင် ဂျင်ဆင်း ဆိုတဲ့ ဆေးဖက်ဝင်အပင် နှစ်မျိုး ရှိ၊ မရှိ သွားကြည့်လိုက်ဦး..."
"ဟုတ်ကဲ့ပါ..."
ချင်းကျူက သဘောတူလိုက်ပြီး အလျင်အမြန် ထွက်သွားလေသည်။
နန်ကုန်းယွီသည် သူမ ထွက်သွားသည်ကို ကြည့်နေသော်လည်း ဘာမျှမပြောခဲ့ချေ။ မည်သို့ပင်ဆိုစေ ရှဲဒိုးချမ်းက အားလုံးကို စီစဉ်ပြီးသွားပြီ ဖြစ်လေသည်။
ယနေ့နံနက်ပိုင်းတွင် ကျန်းပေ့မင်းသား စံအိမ်ရှိ အစေခံအချို့ကို ရှဲဒိုးချမ်းက ညှို့ယူကာ မှတ်ဉာဏ်အသစ်များ ထည့်သွင်းပေးခဲ့ပေသည်။ ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ နန်ကုန်းယွီ မီးဖိုချောင်သို့ သွားခဲ့သည်ဟူသော သဲလွန်စတစ်ခု ဖြစ်လာခဲ့လေသည်။
ထို့အပြင် မီးဖိုချောင်ထဲတွင် သက်သေအထောက်အထားအချို့ ကျန်ရှိနေရမည်ဖြစ်ရာ စစ်ဆေးရန် အလွန်လွယ်ကူပေသည်။
ကျီကျစ်ယွီက နန်းတွင်းသမားတော် ကျန်းဘက်သို့ လှည့်ကြည့်လိုက်၏။
"မင်း ပြန်သွားလို့ရပါပြီ... လိုအပ်ရင် ငါတို့ မင်းကို ခေါ်လိုက်မယ်..."
"ဟုတ်ကဲ့ပါ အရှင်..."
နန်းတွင်းသမားတော် ကျန်းက အနည်းငယ် ဦးညွှတ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားနှစ်ဦးသာ အခန်းထဲတွင် ကျန်ရစ်ခဲ့ကြလေသည်။ သူတို့သည် နန်ကုန်းယွီကို စကားမပြောနိုင်သော အမူအရာများဖြင့် ကြည့်နေကြပေသည်။
ကျီကျစ်ယွီက ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ ပြောလိုက်သည်။
"ယွီအာက အခု လေးနှစ်ရှိပြီလေ... သူ့ကို ကြီးကြပ်ရေးရုံး ပို့လိုက်ကြရအောင်... တခြားအရာတွေ သင်ယူဖို့ သူ့ကို ငါတို့ အလျင်စလို မလုပ်ဘူးဆိုပေမဲ့ သူက ဆေးပညာနဲ့ အဆိပ်ပညာ အကြောင်းနည်းနည်းတော့ သင်ယူသင့်တယ်... အနည်းဆုံးတော့ ဆေးဖက်ဝင်အပင် အမျိုးမျိုးရဲ့ ဂုဏ်သတ္တိတွေကို သူ သိသင့်တယ်လေ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက မငြင်းဆန်ခဲ့။
"မနက်ဖြန် ကျွန်မ သူ့ကို အဲ့ဒီကို ခေါ်သွားလိုက်ပါ့မယ်..."
နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး သူ အမှားလုပ်မိသွားကြောင်း သဘောပေါက်သွားသကဲ့သို့ တိတ်ဆိတ်စွာနေကာ ရှန်ကွမ်ယွဲ့ရှီး၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ မှီနေလိုက်လေသည်။
အချိန်အတော်ကြာပြီးနောက်။
နန်ကုန်းအောက်ထျန်းနှင့် ချင်းကျူတို့ ဝင်လာကြပြီး နှစ်ဦးစလုံးက နန်ကုန်းယွီကို စကားမပြောနိုင်သော အမူအရာများဖြင့် တစ်ချက်ကြည့်လိုက်ကြပေသည်။
နန်ကုန်းအောက်ထျန်းက ကျီကျစ်ယွီကို ကြည့်ကာ ပြောလိုက်သည်။
"စုံစမ်းပြီးသွားပါပြီ... မင်းသားစံအိမ်က လူအတော်များများ ယွီအာ မီးဖိုချောင်ထဲ ဝင်သွားတာကို မြင်လိုက်ကြတယ်... မီးဖိုချောင်က အစောင့်နှစ်ယောက်လည်း သူ ဝင်သွားတာကို မြင်ပေမဲ့ သူ့ကို မတားရဲကြသလို အကြာကြီးလည်း မကြည့်ရဲကြဘူးလေ..."
"ဘယ်သူကမှ သူက ဒါတွေကို စားပြီး အဆိပ်မိသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြဘူး..."
နန်ကုန်းအောက်ထျန်းက ရှန်ကွမ်ယွဲ့ရှီးကို အကူအညီမဲ့စွာ တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ယွဲ့ရှီး... မင်း သူ့ကို ကြီးကြပ်ရေးရုံးကို ပို့သင့်တယ်... သူ အဲ့ဒီမှာ ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတတချို့ကို စနစ်တကျ သင်ယူလို့ရတာပေါ့..."
"အစ်ကိုတော်... မနက်ဖြန် ယွီအာကို အဲ့ဒီ ပို့ပေးမယ်လို့ မယ်တော်ကြီးကို ခုနကပဲ ပြောပြီးပါပြီ..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်ပြီး မငြင်းဆန်ခဲ့ပေ။
"ကောင်းပြီလေ..."
နန်ကုန်းအောက်ထျန်းက ခေါင်းညိတ်လိုက်ပြီး ထိုင်ကာ လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် ထွက်သွားလေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် ကျီကျစ်ယွီနှင့် မိနစ်အနည်းငယ်မျှ စကားပြောပြီးနောက် နန်ကုန်းယွီနှင့်အတူ ထွက်ခွာလာခဲ့ပေသည်။ နန်ကုန်းယွီကို မနက်ဖြန် ထိုနေရာသို့ ပို့ရန် ပြင်ဆင်မှုအချို့ ပြုလုပ်ရန် သူတို့ ပြန်သွားရမည် ဖြစ်လေသည်။
မင်းသားစံအိမ်သို့ လမ်းလျှောက်ပြန်လာချိန်တွင် ဖြစ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးက မေးလိုက်သည်။
"ယွီအာ... သား ကြီးကြပ်ရေးရုံးကို သွားချင်လား... တကယ်လို့ သား မသွားချင်ရင် မယ်တော်က သားကို အတင်းမခေါ်သွားပါဘူး... သားအတွက် အိမ်မှာသင်ပေးဖို့ ဆရာနှစ်ယောက်လောက် ခေါ်ပေးမယ်လေ... ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"မယ်တော်... ယွီအာ သွားကြည့်ချင်တယ်... နောက်ကျရင်လည်း တစ်ခုခုတော့ သင်ယူရဦးမှာပဲလေ... ယွီအာ ကြီးကြပ်ရေးရုံးကို သွားရင် မယ်တော်လည်း နေ့ခင်းဘက်မှာ သေချာ ကျင့်ကြံလို့ရတာပေါ့..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါလိုက်သည်။
"မယ်တော့်ရဲ့ ကျင့်ကြံမှုက လောလောဆယ် လုံလောက်နေပါပြီ... ပြီးတော့ မယ်တော်က ယွီအာနဲ့အတူ အချိန်ပိုပေးချင်တာပါ..."
နန်ကုန်းယွီက သူမ၏လက်ကို ကိုင်ကာ ပြုံးလိုက်သည်။
"အနာဂတ်မှာ အချိန်တွေ အများကြီး ရှိပါသေးတယ်... မယ်တော်က စိတ်မရှိဘူး၊ မငြီးငွေ့ဘူးဆိုရင် ယွီအာက မယ်တော်နဲ့ ထာဝရ အတူနေလို့ရတာပဲလေ..."
"မငြီးငွေ့ပါဘူး..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းခါပြလိုက်ပြီး နန်ကုန်းယွီ၏ လက်သေးသေးလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"မယ်တော်က သားကို ဘယ်လိုလုပ်ပြီး ငြီးငွေ့နိုင်မှာလဲ... မယ်တော် ယွီအာနဲ့ တစ်သက်လုံး အတူနေရမယ်ဆိုရင်တောင် မယ်တော် ဘယ်တော့မှ ငြီးငွေ့မှာ မဟုတ်ဘူး..."
"ဒါ မယ်တော် ပြောတာနော်... ယွီအာနဲ့ တစ်သက်လုံး အတူနေရမယ်... ယွီအာကို ဘယ်တော့မှ မငြိုငြင်ရဘူး... ပြီးတော့ ယွီအာနဲ့ နေရတာကို ဘယ်တော့မှ မငြီးငွေ့ရဘူး..."
နန်ကုန်းယွီ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းနေကာ သူ အလွန်ပျော်ရွှင်နေကြောင်း ပြသနေလေသည်။
"ဟုတ်ပါပြီ..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး သူမ၏အသံမှာ ခိုင်မာနေပေသည်။
"ဘယ်တော့မှ မငြီးငွေ့ပါဘူး..."
"ဟီးဟီး..."
နန်ကုန်းယွီက ရယ်မောလိုက်ပြီး ရှန်ကွမ်ယွဲ့ရှီး၏ လက်ကိုဆွဲကာ ခြေလှမ်းများကို သိသိသာသာ သွက်လိုက်လေသည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ကျန်းပေ့မင်းသား စံအိမ်သို့ ပြန်ရောက်လာကြသည်။
သို့သော် သူ တံခါးထဲသို့ မဝင်မီမှာပင် နန်ကုန်းယွီ ရုတ်တရက် တန့်သွားပြီး သူ၏အကြည့်များက မြို့တော်၏ အနောက်ဘက်သို့ ရောက်ရှိသွားပေ၏။