← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉) ထူးဆန်းသော ခံစားချက်

"ယွီအာ... ဘာဖြစ်လို့လဲ..."

နန်ကုန်းယွီ၏ အမူအရာ အပြောင်းအလဲကို သတိထားမိသွားသဖြင့် ရှန်ကွမ်ယွဲ့ရှီးက မေးလိုက်လေသည်။

နန်ကုန်းယွီက ခေါင်းခါပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး မယ်တော်... အထဲဝင်ကြရအောင်..."

"မင်းသမီးကို ဂါရဝပြုပါတယ်... မင်းသားငယ်ကို ဂါရဝပြုပါတယ်..."

တံခါးဝရှိ အစောင့်များ၏ အသံများ ထွက်ပေါ်လာပြီး စံအိမ်အတွင်းသို့ ရောက်ရှိသွားလေ၏။ သတင်းကြားချိန်တွင် ဒေါ် လေးရှန်နှင့် အခြားသူများ ပြေးလာကြပေသည်။

"မင်းသမီးကို ဂါရဝပြုပါတယ်... မင်းသားငယ်ကို ဂါရဝပြုပါတယ်..."

"ဂါရဝပြုတာတွေ မလိုပါဘူး..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် လက်ယမ်းပြလိုက်ပြီး နန်ကုန်းယွီကို အထဲသို့ ခေါ်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် ဒေါ် လေးရှန်နှင့်အတူ သားနှစ်ကောင်၊ ချင်းလင်နှင့် ချွဲချိုက်အာတို့ လိုက်ပါသွားကြပေသည်။

ဒေါ် လေးရှန်က အနီးကပ် လိုက်ပါလာပြီး တိုးတိုးလေး ပြောလိုက်၏။

"မင်းသမီး... နန်းတော်က လူတွေ လာသွားတယ်... မေးခွန်းတချို့ မေးပြီး ပြန်သွားကြတယ်... ယွီအာ့ကို ဘယ်သူ အန္တရာယ်ပေးလဲဆိုတာ သူတို့ ရှာတွေ့ပြီလား မသိဘူးနော်..."

ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် အကူအညီမဲ့နေဟန်ဖြင့် ညွှန်ကြားလိုက်လေသည်။

"ဒေါ် လေးရှန်... အခုကစပြီး ယွီအာ မီးဖိုချောင်ထဲ အဝင်အထွက်လုပ်တဲ့အခါတိုင်း တစ်ယောက်ယောက် အမြဲတမ်း အဖော်လိုက်သွားဖို့ စီစဉ်ပေးပါ... သူ ဘာမှ လျှောက်မစားမိအောင်သတိထားပေးပါ."

ဤစကားကို ကြားချိန်တွင် ဒေါ် လေးရှန်သည် အနည်းငယ် အံ့အားသင့်သွား၏။ သူမသည် အပြစ်ကင်းစင်သော အမူအရာဖြင့် ရှိနေသည့် နန်ကုန်းယွီကို ငုံ့ကြည့်လိုက်ပြီးနောက် သူမ နားလည်သွားလေသည်။

ဒါဆို လုပ်ကြံသူဆိုတာ တစ်ခါမှ မရှိခဲ့ဘဲ လူတိုင်းက အရမ်းတွေးနေကြတာပေါ့လေ။

ဤအရာကို နားလည်သွားချိန်တွင် ဒေါ် လေးရှန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ မင်းသမီး... ကျွန်မ အခုပဲ စီစဉ်လိုက်ပါ့မယ်..."

"ဒါ့အပြင်... မင်းလည်း ပြင်ဆင်ထားပါ... မနက်ဖြန် ငါတို့ ယွီအာကို ကြီးကြပ်ရေးရုံးကို ပို့ပြီး လေ့ကျင့်ရေးကာလ တစ်ခုအတွက် ထားခဲ့မယ်..."

နန်ကုန်းယွီကလည်း သွားကြည့်ချင်နေသဖြင့် ရှန်ကွမ်ယွဲ့ရှီးသည် သဘာဝကျကျ တားဆီးမည်မဟုတ်ဘဲ အလွန်ပျော်ရွှင်နေမည် ဖြစ်ပေသည်။

ဒေါ် လေးရှန်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါ မင်းသမီး..."

ရှန်ကွမ်ယွဲ့ရှီးသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နန်ကုန်းယွီကို ကြည့်ကာ ပြောလိုက်သည်။

"ယွီအာ... သားရဲ့ ဝိညာဉ်သားရဲတွေနဲ့ ခဏလောက် သွားကစားလိုက်ပါလား... မယ်တော်နဲ့ ဒေါ် လေးရှန် တချို့ကိစ္စတွေ ဆွေးနွေးစရာ ရှိလို့လေ... ဟုတ်ပြီလား..."

"ဟုတ်ကဲ့ပါ..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး ချင်းလင်ကို နောက်ဘက်ခြံဝင်းသို့ ခေါ်သွားလေသည်။

ချွဲချိုက်အာနှင့် မြွေဖြူလေးတို့အတွက်မူ သူတို့သည်ချင်းလင်၏ ပခုံးပေါ်သို့ ခုန်တက်သွားကြပေသည်။

ထိုသားရဲနှစ်ကောင်မှာ လိုဏ်ဂူကောင်းကင်အဆင့်တွင်သာ ရှိသေးပြီး လူအသွင် မပြောင်းနိုင်သေးသကဲ့သို့ အရွယ်အစားလည်း သိပ်မကြီးသဖြင့် ချင်းလင်နောက်သို့ လိုက်သွားကြခြင်း ဖြစ်လေသည်။

ထိုမြွေဖြူလေးမှာ တိတိကျကျ ပြောရလျှင် နဂါးဖြူလေး တစ်ကောင် ဖြစ်ပေသည်။

နဂါးဖြူလေးသည် နဂါးဖြူ ဝိညာဉ်သားရဲ ဥမှ ပေါက်ဖွားလာခြင်းဖြစ်ပြီး နန်ကုန်းယွီက ယင်ရွှမ် (ငွေရောင်နှင်းခဲ) ဟု အမည်ပေးထားလေသည်။

ထိုသားရဲနှစ်ကောင်သည် နန်ကုန်းယွီနှင့် သခင်နှင့် အစေခံ စာချုပ် ချုပ်ဆိုထားပြီး သူ၏ ဝိညာဉ်အလှမွေးတိရစ္ဆာန်များ ဖြစ်လာကြပေသည်။ မူလက နဂါးဖြူလေးသာ ရှိလေ၏။ မည်သို့ပင်ဆိုစေ ချွဲချိုက်အာသည် ဝိညာဉ်သားရဲ စံအိမ်မှ တစ်နှစ်တိုင်တိုင် အစာကျွေးမွေးထားသော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ပင် မရောက်ရှိသေးသဖြင့် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားသူများက သူမကို သိပ်ဂရုမစိုက်ခဲ့ကြချေ။

စာချုပ်အဆောင်များထဲတွင် အနိမ့်ဆုံးအဆင့်မှာ အဆင့်ငါးဖြစ်ပြီး ထိုထက်နိမ့်သော စာချုပ်အဆောင်များ မရှိသောကြောင့် ၎င်းကို အလဟဿ မဖြုန်းတီးလိုကြသဖြင့် သူတို့က သူမနှင့် စာချုပ်ချုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ကြချေ။

သို့သော် ကံမကောင်းစွာဖြင့် နန်ကုန်းယွီသည် ချွဲချိုက်အာ၏ အခြေအနေကို သိနေပေသည်။

မျိုးကွဲ ဝိညာဉ်သားရဲ... အရောင်ခုနစ်မျိုးရှိသော စာကလေး။

ရွှမ်လင်တိုက်ကြီးတွင် မျိုးသုဉ်းလုနီးပါးဖြစ်နေသော မျိုးစိတ်များ ရှိပြီး ၎င်းမှာ နိုးထလာသော သွေးမျိုးဆက်တွင် တည်ရှိလေသည်။

၎င်းမှာ နန်ကုန်းယွီက သူမကို ဝယ်ယူခဲ့ရသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။

ဝယ်ယူပြီး မကြာမီမှာပင် နန်ကုန်းယွီသည် ရှဲဒိုးချမ်းကို အဆင့်နိမ့် ဝိညာဉ်ခြင်ဆီ တစ်ခု ကျွေးခိုင်းကာ ဝိညာဉ်ခြင်ဆီ၏ ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ သူမ၏ သွေးမျိုးဆက်ကို နိုးထစေရန် ကူညီပေးခဲ့လေသည်။

ဤကောင်လေးသည် မျှော်လင့်ချက်များကို ပြည့်ဝစေခဲ့ပြီး ရှဲဒိုးချမ်း၏ အကူအညီဖြင့် တစ်နှစ်အချိန်ယူကာ သန့်စင်သော သွေးမျိုးဆက်အဖြစ် နိုးထလာခဲ့ပေသည်။

ထို့နောက် သူမသည် ယင်ရွှမ်ကို အလွယ်တကူ ကျော်ဖြတ်သွားခဲ့ပြီး ယခုအခါ သူမ၏ ကျင့်ကြံမှုအဆင့်မှာ လိုဏ်ဂူကောင်းကင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ထို့အပြင် သူမသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းချိန်တွင် သူမ၏ ကျင့်ကြံမှုအဆင့် လျင်မြန်စွာ တိုးတက်လာသဖြင့် ရှန်ကွမ်ယွဲ့ရှီးသည် ပုံမှန်မဟုတ်မှုများကို သတိပြုမိသွားပြီး များများစားစား မစဉ်းစားဘဲ အဆင့်ငါး စာချုပ်အဆောင် တစ်ခုကို အသုံးပြုကာ သူမကို နန်ကုန်းယွီနှင့် သခင်နှင့် အစေခံ စာချုပ် ချုပ်ဆိုစေခဲ့လေသည်။

ထို့ကြောင့် နန်ကုန်းယွီ၏ လက်ရှိ အပေါ်ယံ ကျင့်ကြံမှုအဆင့်မှာ ဝိညာဉ်စုပ်ယူခြင်း အလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း လိုဏ်ဂူကောင်းကင်အဆင့် ဝိညာဉ်အလှမွေးတိရစ္ဆာန် နှစ်ကောင် ရှိနေသဖြင့် နန်ကုန်းကျင်းချီနှင့် အခြားသူများကို အားကျစေခဲ့ပေသည်။

လူနှစ်ဦးနှင့် တိရစ္ဆာန်နှစ်ကောင်သည် နောက်ဘက်ခြံဝင်းသို့ ရောက်ရှိလာကြလေသည်။

ချင်းလင်သည် ရုတ်တရက် ဒူးထောက်ချလိုက်ပြီး ပြောလိုက်သည်။

"ချင်းလင်က အမှားလုပ်မိသွားပါတယ်... သခင်လေး ကျေးဇူးပြုပြီး အပြစ်ပေးပါ..."

"ကောင်းပြီ... ထပါ..."

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"မင်း ဘာအမှားလုပ်ခဲ့လို့လဲ... မင်း မမြင်တဲ့အချိန်မှာ ငါက တစ်ခုခု မှားစားမိရုံလေးပါ... မင်းနဲ့ ဘာမှမဆိုင်ဘူး... အပြစ်မယူပါနဲ့..."

"ကျွန်မ... ချင်းလင်က သခင်လေးရဲ့ ဘေးမှာ အမြဲတမ်း နေသင့်တာ..."

ချင်းလင် စကားဆက်ပြောရန် ပြင်လိုက်ချိန်တွင် နန်ကုန်းယွီက လက်လှမ်းကာ သူမကို တားလိုက်လေသည်။

"ဘယ်သူမှ ခြေလှမ်းတိုင်းမှာ မင်းဘေးနား ရှိမနေနိုင်ပါဘူး... ပြီးတော့ မင်းလည်း သေချာပေါက် မလုပ်နိုင်ဘူး... ထပါ... အဲ့ဒီအကြောင်း ဆက်မတွေးပါနဲ့တော့..."

နန်ကုန်းယွီ ပြောနေစဉ် သူ ဒန်းပေါ်တွင် ထိုင်လိုက်သည်။

"ငါ မနက်ဖြန် ကြီးကြပ်ရေးရုံးကို လေ့ကျင့်ရေးဆင်းဖို့ သွားရလောက်တယ်... မင်းတို့ သုံးယောက်လည်း ငါနဲ့အတူ လိုက်လာဖို့ လိုအပ်လိမ့်မယ်..."

"သခင်လေးရဲ့ အမိန့်ကို နာခံပါ့မယ်..."

ချင်းလင်က အလျင်အမြန် ပြန်ဖြေလိုက်ရာ သူမ၏မျက်လုံးများ နီရဲလာပြီး သူမ၏မျက်နှာတွင် တည်ကြည်လေးနက်မှုများ ပြည့်နှက်နေပေသည်။

"သခင်ရဲ့ အမိန့်ကို နာခံပါ့မယ်..."

သားရဲနှစ်ကောင်ဖြစ်သော ချွဲချိုက်အာနှင့် ယင်ရွှမ်တို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့သော်လည်း သူ၏အကြည့်များက မြို့တော်၏ အနောက်ဘက်သို့ အလိုအလျောက် ရောက်ရှိသွားပြန်လေသည်။

'ထူးဆန်းတဲ့ ခံစားချက်တစ်ခု... မူလအစတူညီတဲ့ အရာတစ်ခုလိုပဲ... အဲ့ဒီဘက်မှာ ဘာများရှိနေတာလဲ...'

နန်ကုန်းယွီသည် ရှုပ်ထွေးနေပေသည်။

သူသည် သူ၏မိခင်နောက်မှ မင်းသားစံအိမ်ထဲသို့ ဝင်လာချိန်တွင် ထိုနေရာမှ ထွက်ပေါ်လာသော မူလအစတူညီသည့် ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရလေသည်။

နန်ကုန်းယွီ၏ စိတ်က အနည်းငယ် လှုပ်ရှားသွားပြီး သူ၏ မျက်လုံးများ နက်ရှိုင်းရာတွင် မိစ္ဆာဆန်သော အလင်းရောင်တစ်ခု တောက်ပသွားကာ တစ်စုံတစ်ခုကို မရေမရာ မြင်လိုက်ရပေသည်။

'ဒါက တာအိုယန် နတ်ဆိုးမျက်လုံးကြောင့်ပဲ... အဲ့ဒီဘက်မှာ တာအိုယန် နတ်ဆိုးမျက်လုံးနဲ့ မူလအစတူညီတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူ တစ်ယောက် ရှိနေတယ်... အဲ့ဒါကြောင့် တာအိုယန် နတ်ဆိုးမျက်လုံးကို ပိုင်ဆိုင်ထားတဲ့ ငါက အဲ့ဒါကို အာရုံခံမိတာပဲ...'

'ဒီအရာက လူတစ်ယောက်ဆီမှာ ရှိနေရမယ်... ပြီးတော့ အဲ့ဒီလူက မကြာသေးခင်ကမှ ချင်းယို ဧကရာဇ်မြို့တော်ကို ရောက်လာတဲ့ ယောက်ျားလေးအသွင် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်...'

နန်ကုန်းယွီက စိတ်ထဲမှ တွေးလိုက်သည်။

"အဲ့ဒါက င။မြင်နိုင်သမျှပဲ... ကျန်တာတွေက ငါ ဆီကနေ ဖုံးကွယ်ထားပုံပဲ... အနားကပ်သွားမှပဲ ငါသိနိုင်လိမ့်မယ် ထင်တယ်..."

'တာအိုယန် နတ်ဆိုးမျက်လုံးနဲ့ မူလအစတူညီတဲ့ အရာတစ်ခုဆိုတော့... တာအိုယန် နတ်ဆိုးမျက်လုံးရဲ့ ထောက်လှမ်းမှုကိုတောင် ဖုံးကွယ်ထားနိုင်တယ်... တကယ်ကို အံ့ဩစရာပဲ...'

နန်ကုန်းယွီက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

တာအိုယန် နတ်ဆိုးမျက်လုံးက အရာခပ်သိမ်းကို ထိုးထွင်းသိမြင်နိုင်သည်။ အတိတ်နဲ့ အနာဂတ် ဖြစ်ရပ်တွေကို စူးစမ်းနိုင်သည်။ ကမ္ဘာလောကရဲ့ ကံတရားကို မြင်နိုင်တယ်။ မဟာတာအိုရဲ့ အခွင့်အရေးများကို ရှာတွေ့နိုင်သည်ကို သူသိလေသည်။

သူ၏ ကျင့်ကြံမှုအဆင့် နိမ့်ပါးမှုကြောင့် ဖိနှိပ်ခံထားရလျှင်ပင်၊ သူသည် ချင်းယိုအင်ပါယာငယ်လေးအတွင်း၌ ဖုံးကွယ်ကာ စူးစမ်းလေ့လာနိုင်သည့်သူ တစ်ဦး မဟုတ်ချေ။ သို့သော် သူလုပ်နိုင်ခဲ့၏။

နန်ကုန်းယွီက သွားကြည့်ချင်သော်လည်း ယခုအချိန်က သင့်တော်သော အချိန်မဟုတ်ကြောင်း သူ သိပေသည်။

မည်သို့ပင်ဆိုစေ သူသည် မကြာသေးမီကမှ မတော်တဆမှုတစ်ခု ဖြစ်ထားလေ၏။ အကယ်၍ သူသာ အချိန်ဆွဲနေပြီး ပြန်မလာနိုင်ဘဲ ရုတ်တရက် ပျောက်သွားပါက သူ၏မိခင်နှင့် အခြားသူများ စိုးရိမ်ပူပန်မှု မဖြစ်ရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။

ဤအရာကို တွေးမိသည်နှင့် သူသည် ကိုယ်တိုင်သွားကြည့်ရန် အကြံအစည်ကို ယာယီ ဖယ်ထားလိုက်ပြီး ရှဲဒိုးချမ်းထံသို့ တိတ်တဆိတ် စာပို့လိုက်လေသည်။

"ရှဲဒိုးချမ်း... မကြာသေးခင်ကများ ချင်းယို ဧကရာဇ်မြို့တော် အနောက်ဘက်ကို ရောက်လာတဲ့ ယောက်ျားလေးအသွင် ဝတ်ဆင်ထားတဲ့ အမျိုးသမီး တစ်ယောက် ရှိလားဆိုတာ တိရှားကို မေးခိုင်းလိုက်..."

"ပြီးတော့... သူမရဲ့ ပတ်ဝန်းကျင်မှာ ထူးဆန်းတာ တစ်ခုခု ရှိနိုင်တယ်... အဲ့ဒါကို သတိထားကြည့်ခိုင်းလိုက်..."

"ဟုတ်ကဲ့ပါ..."

ရှဲဒိုးချမ်းက သဘောတူလိုက်ပြီး နန်ကုန်းယွီ၏ အမိန့်ကို တိရှားနှင့် အခြားသူများထံ အကြောင်းကြားလိုက်လေသည်။

ခဏအကြာတွင် ရှဲဒိုးချမ်း၏ အသံ ထပ်မံထွက်ပေါ်လာသည်။

"သခင်ကို သတင်းပို့ပါတယ်... မြို့တော်ရဲ့ အနောက်ဘက်မှာ သခင် ဖော်ပြထားတဲ့ ပုံစံနဲ့ ကိုက်ညီတဲ့ မိန်းမငယ်လေး တစ်ယောက် ပေါ်လာတယ်လို့ တိရှားဆီက သတင်းရပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ အမူအရာ တောက်ပသွားလေ၏။

"အဲ့ဒီမိန်းကလေးရဲ့ အခြေအနေက ဘယ်လိုလဲ..."

တိရှား၏ အဆိုအရ ထိုမိန်းကလေး၏ အမည်မှာ စူးရှင်းမုန်း ဖြစ်ပြီး သူမ၏ အရိုးသက်တမ်းမှာ ဆယ့်ခုနစ်နှစ် ဖြစ်ကာ လက်ရှိတွင် ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်၌ ရှိနေပြီး မည်သည့် ကျင့်စဉ်ကိုမျှ မကျင့်ကြံဖူး‌ ပေ။

"စူးရှင်းမုန်းက ချင်းယို ဧကရာဇ်မြို့တော်ကို လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်လာတာပါ... ယောက်ျားလေးအသွင် ဝတ်ဆင်ထားပြီး လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဆေးကုသပြီး လူတွေကို ကယ်ဆယ်နေပါတယ်... ပြီးတော့ သူမကို ဝိညာဉ်အရှင်မြတ်အဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်က တိတ်တဆိတ် ကာကွယ်ပေးနေပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ မျက်လုံးများထဲ၌ စူးရှသော အလင်းရောင်တစ်ခု တောက်ပသွားလေသည်။

သူသာ အမှားမလုပ်မိဘူးဆိုရင် တာအိုယန် နတ်ဆိုးမျက်လုံးကို တုံ့ပြန်မှုဖြစ်စေခဲ့တဲ့သူက စူးရှင်းမုန်း ဖြစ်ရပေမည်။

စူးရှင်းမုန်းဆီမှာ ဘာများရှိနေတာလဲ မသိဘူး။

အခန်း (၉၀) တန်ရဲ့လား...

နန်ကုန်းယွီ၏ မျက်လုံးများ ထပ်မံ အရောင်လက်သွားပြီး စူးရှင်းမုန်းဟူသော အမည်မှတစ်ဆင့် ပိုမိုသိမြင်နိုင်ရန် ကြိုးစားလိုက်လေသည်။

ခဏအကြာတွင် သူသည် အနည်းငယ် ပြုံးမိသွားလေသည်။

"စိတ်ဝင်စားစရာပဲ..."

"ဘာဖြစ်လို့လဲ သခင်လေး..."

နန်ကုန်းယွီက ရုတ်တရက် ရယ်မောပြီး ရှင်းပြ၍မရသော စကားတစ်ခွန်း ပြောလိုက်သည်ကို မြင်ချိန်တွင် ချင်းလင်သည် အံ့အားသင့်စွာမေးမိသွားသည်။

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... ပျော်စရာကောင်းတဲ့ အရာတချို့ကို စဉ်းစားမိလို့ပါ..."

သူ စကားပြောပြီးနောက် ကျင့်ကြံရင်း ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ အိပ်နေသော သားရဲနှစ်ကောင်ဖြစ်သည့် ချွဲချိုက်အာနှင့် ယင်ရွှမ်တို့ကို မော့ကြည့်လိုက်လေသည်။

ဖြစ်နိုင်တာက ဒီကောင်လေး နှစ်ကောင်ပဲ သူက အနည်းငယ် ပုံမှန်မဟုတ်ဘူးဆိုတာကို စာချုပ်ကတစ်ဆင့် အာရုံခံနိုင်တာ ဖြစ်မယ်..

ဒါပေမဲ့ ဒါက ခံစားချက်တစ်ခု သက်သက်ပါပဲ။

နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။

"ချင်းလင်... သွားပြီး သစ်သီးနဲ့ မုန့်တချို့ ယူလာခဲ့... ငါ တစ်ခုခု စားချင်လို့..."

"ဟုတ်ကဲ့ပါ..."

ချင်းလင်က သဘောတူလိုက်သည်။

"ချိုက်အာ... ယင်ရွှမ်... သခင်လေးကို စောင့်ကြည့်ထားနော်... ငါ အခု ပြန်လာခဲ့မယ်..."

ချင်းလင် စကားပြောအပြီးတွင် သူမသည် အလျင်အမြန် ပြေးထွက်သွားလေသည်။

နန်ကုန်းယွီသည် သူ အခုလေးတင် မြင်ခဲ့ရသည်များကို ပြန်တွေးမိပြီး ပြုံးမိသွား လေသည်။

သူက လုံးဝ အခြားအရာတစ်ခုခု ဖြစ်မယ်လို့ ထင်ခဲ့ပေမဲ့ စူးရှင်းမုန်းရဲ့ ဝိညာဉ်အမြစ်က အပြစ်အနာအဆာ ဖြစ်နေတာကိုး။

တာအို ဖြစ်ပေါ်ခြင်း ဝိညာဉ်အမြစ်။

စူးရှင်းမုန်း အသက် သုံးနှစ်အရွယ်တွင် သူမ၏ ဝိညာဉ်အမြစ်ကို ဝိညာဉ်အမြစ် တိုင်းတာရေး ကျောက်တိုင်ဖြင့် တိုင်းတာ၍မရသောကြောင့် ဝိညာဉ်အမြစ်မရှိသူအဖြစ် သတ်မှတ်ခံခဲ့ရလေသည်။

ရလဒ်အနေဖြင့် သူမကို မိဘများက စွန့်ပစ်ခဲ့ကြပြီး တောရိုင်းထဲတွင် သေလုနီးပါး ဖြစ်ခဲ့ရပေသည်။

အကယ်၍ ဆံဖြူအဘိုးအို တစ်ယောက်က ယွင်မုန်း တောင်ထွတ်ပေါ်ကို ခေါ်မသွားခဲ့ရင် သူလည်း သေတာ ကြာလောက်ပြီပေါ့...

သူမတွင် ကျင့်ကြံသူများ အများသုံးသော ကျင့်စဉ် မရှိသလို သူမ၏ ဝိညာဉ်အမြစ်မှာလည်း ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေလေ၏။ ဆံဖြူအဘိုးအိုက ထိုကဲ့သို့သော ဝိညာဉ်အမြစ်မျိုးကို အရင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ။

အဘိုးအိုသည် သူမကို တပည့်အဖြစ် လက်ခံခဲ့ပြီး သူမအတွက် မရေမတွက်နိုင်သော ကျင့်စဉ်များကို ရှာဖွေပေးခဲ့သော်လည်း ၎င်းတို့ထဲမှ မည်သည့်အရာကမျှ စူးရှင်းမုန်း၏ ကျင့်ကြံမှုကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

လွန်ခဲ့သော သုံးနှစ်ခွဲခန့်က အဘိုးအိုသည် ချင်းယိုအင်ပါယာတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း ခန့်မှန်းခဲ့ပြီး သူမ၏ အခွင့်အရေးမှာ ချင်းယိုအင်ပါယာတွင် ရှိနေကြောင်းကိုလည်း ခန့်မှန်းခဲ့လေရာ ထို့ကြောင့် သူမကို တောင်ပေါ်မှ ဆင်းခိုင်းခဲ့ခြင်း ဖြစ်လေသည်။

သူမ၏ ပစ်မှတ်မှာ ချင်းယို ဧကရာဇ်မြို့တော် ဖြစ်သော်လည်း ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် ပျံသန်း၍မရသောကြောင့် ယခုမှသာ ချင်းယို ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

သေချာသည်မှာ သူမသည် လမ်းတစ်လျှောက်တွင် ဆေးကုသပေးပြီး လူများကို ကယ်ဆယ်ခဲ့သောကြောင့် အချိန်အတော်ကြာသွားရခြင်းလည်း ဖြစ်လေသည်။

'ကြင်နာတတ်တဲ့ နှလုံးသားပဲ... ချီးကျူးစရာပဲ...'

နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး မနှစ်က အခမဲ့ ဝယ်ယူမှုမှ ရခဲ့သည့် တာအို ဖြစ်ပေါ်ခြင်း ကောင်းကင်ကျမ်းကို အလိုအလျောက် သတိရသွားလေသည်။

အဲ့ဒါက တာအို ဖြစ်ပေါ်ခြင်း ဝိညာဉ်အမြစ်အတွက် အထူးပြင်ဆင်ထားတဲ့ ကျင့်စဉ် မဟုတ်ဘူးလား။

အဲ့ဒီအဘိုးကြီးက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ...

နန်ကုန်းယွီသည် အနည်းငယ် သိချင်စိတ်ဝင်သွားပြီး တစ်ဖက်လူကို စူးစမ်းချင်သွားသော်လည်း သူ၏စိတ်ထဲတွင် သတိပေးမှုတစ်ခု အမြဲ လွှမ်းမိုးနေပေသည်။

နန်ကုန်းယွီသည် ခဏတာ စဉ်းစားလိုက်ပြီးနောက် နားလည်သွားလေသည်။ သူသည် တာအိုယန် နတ်ဆိုးမျက်လုံးကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး သူ၏ ဝိညာဉ်စွမ်းအင်မှာ လုံးလုံးလျားလျား ကုန်ခန်းလုနီးပါး ဖြစ်နေပြီ ဖြစ်ပေသည်။

သူ ခုလောလောဆယ် ဆံဖြူအဘိုးအိုအား မည်သို့မျှ ပြုလုပ်နိုင်မည် မဟုတ်ချေ။ အကယ်၍ အတင်းအကျပ် ပြုလုပ်မည်ဆိုပါက ဆိုးကျိုးများသာ ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်သည်။

ထို့အပြင် ဆံဖြူအဘိုးအိုက ဝိညာဉ်အမြစ် ပိုင်ရှင်အကြောင်း အချို့ကို တွက်ချက်နိုင်ပါက သူသည် အတော်လေး ထူးကဲသောသူ ဖြစ်ရ​ေပမည်။ ယခုအချိန်တွင် တစ်ဖက်လူ၏ သတင်းအချက်အလက်များကို စူးစမ်းရန် မလိုအပ်တော့ချေ။

နန်ကုန်းယွီသည် သူ၏ စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားလိုက်ပြီး ခဏတာ တွေးတောပြီးနောက် ရှဲဒိုးချမ်းထံသို့ ဆက်သွယ်ပြောလိုက်လေသည်။

"သူမ မသင်္ကာမှုမဖြစ်စေဘဲ ကြီးကြပ်ရေးရုံးမှာ နေရာချထားဖို့ ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းတစ်ခု ရှာဖို့ တိရှားကို ပြောလိုက်..."

"ဟုတ်ကဲ့ပါ..."

ရှဲဒိုးချမ်းက သဘောတူလိုက်ပြီး နန်ကုန်းယွီ၏ အမိန့်ကို တိရှားနှင့် အခြားသူများထံ ဆက်လက် အကြောင်းကြားလိုက်လေသည်။

နန်ကုန်းယွီက မြို့တော်၏ အနောက်ဘက်ကို ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ကွေးညွတ်သွားပြီး စိတ်ထဲမှ တွေးလိုက်သည်။

"မင်းရဲ့ အခွင့်အရေးက ငါ့ဆီမှာ ရှိနေနိုင်တယ်... မင်း အဲ့ဒါကို ဆုပ်ကိုင်နိုင်၊ မဆုပ်ကိုင်နိုင်ဆိုတာက မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်တယ်..."

"သခင်လေး... ချင်းလင် ပြန်ရောက်ပါပြီ..."

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ချင်းလင်သည် နန်ကုန်းယွီ၏ ဘေးသို့ အပြေးအလွှား ရောက်လာလေသည်။

သူမ ချွေးတွေရွှဲနေပြီး အပြည့်အဝ ပွင့်လန်းနေတဲ့ သူမရဲ့ လှပလွန်းတဲ့ မျက်နှာကို ကြည့်ရင်း နန်ကုန်းယွီရဲ့ နှလုံးသားထဲမှာ အနည်းငယ် လှုပ်ရှားမိသွား လေသည်။

သူသည် ချင်းလင်က သူ၏ရှေ့တွင် ချပေးသော ဝိညာဉ်သစ်သီး တစ်လုံးကို ကောက်ယူကာ တစ်ကိုက် ကိုက်စားလိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

"ချင်းလင်... ဒီသုံးနှစ်အတွင်း မင်း ငါ့ကို စာဖတ်၊ စာရေး သင်ပေးတယ်... ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီကိုလည်း သင်ပေးခဲ့တယ်... မင်း လိုချင်တာ တစ်ခုခု ရှိလား..."

ဤစကားကို ကြားချိန်တွင် ချင်းလင်သည် နန်ကုန်းယွီ ဘာကိုဆိုလိုမှန်း နားမလည်ဘဲ ရှုပ်ထွေးသွားပုံရလေသည်။

"သခင်လေး... သခင်လေးကို သင်ပေးနိုင်တာက ချင်းလင်ရဲ့ ဂုဏ်ယူစရာပါ... ချင်းလင်မှာ ဘာဆန္ဒမှ မရှိပါဘူး... သခင်လေးရဲ့ ဘေးမှာပဲ အလုပ်အကျွေးပြုချင်တာပါ..."

ချင်းလင်က လေးစားသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။

"ချင်းလင် အသက်ကြီးလာပြီး အလှတရားတွေ ပျောက်ကွယ်သွားတဲ့ တစ်နေ့ကျရင်... သခင်လေးက ချင်းလင်ကို နန်းတော်ကနေ ထွက်သွားခွင့်ပေးပြီး အိုမင်းရင့်ရော်တဲ့ အချိန်လေးကို ငြိမ်းချမ်းစွာ ဖြတ်သန်းခွင့်ပေးဖို့ပဲ မျှော်လင့်ပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက သူမကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။

"မင်း ဒီကိုရောက်လာတုန်းက ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်... အခုဆို မင်း ဆယ့်ရှစ်နှစ် ရှိလောက်ပြီမလား..."

ဤစကားကို ကြားချိန်တွင် ချင်းလင်သည် အနည်းငယ် အံ့အားသင့်သွားသည်။

"ဟုတ်ပါတယ် သခင်လေး... ချင်းလင် အသက် ဆယ့်ရှစ်နှစ် ပြည့်ပါပြီ..."

ချင်းလင် စကားပြောနေစဉ် သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု အလိုအလျောက် ဖြတ်ပြေးသွားလေသည်။သာမန်အမျိုးသမီးတစ်ယောက်မှာ အသက်ဆယ့်ရှစ်နှစ်အရွယ် အချိန်ဘယ်လောက်များများ ရှိနိုင်မှာလဲ။

သူမ သခင်လေးနဲ့ နောက်ထပ် နှစ်ဘယ်နှနှစ် နေနိုင်ဦးမလဲ။

သုံးနှစ် အတူနေပြီးနောက် သူမသည် သခင်လေးကို အလွန်ဂရုစိုက်လာပြီး သူနှင့် ထာဝရ အတူနေချင်စိတ်တွေ ဖြစ်ပေါ်လာပုံရလေသည်။

ထိုအချိန်မှာပင် နန်ကုန်းယွီ၏ အသံ လွင့်ပျံလာ၏။

"ချင်းယိုအင်ပါယာမှာ အမျိုးသမီးတွေက အသက် ဆယ့်ငါးနှစ်ပြည့်ရင် အိမ်ထောင်ပြုလို့ရတယ်လေ... မင်းမှာ အဲ့ဒီလို အတွေးတွေ ရှိလား... တကယ်လို့ ရှိတယ်ဆိုရင် မင်း ဘယ်သူ့ကို သဘောကျလဲ... ငါ့ရဲ့ ဦးရီးတော်ကို မင်းအတွက် လက်ထပ်ခွင့်ပေးဖို့ ငါ တောင်းဆိုပေးလို့ ရတယ်နော်..."

ဤစကားကို ကြားချိန်တွင် ချင်းလင် ထိတ်လန့်သွားပြီး ဒူးထောက်ချလိုက်ကာ သစ်သီးပန်းကန်နှင့် မုန့်များကို ကိုင်ထားလိုက်လေသည်။

"သခင်လေး... ချင်းလင်ကို စွန့်ပစ်မလို့လား..."

နန်ကုန်းယွီက သူမကို ထူမမပေးဘဲ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ပြောလိုက်သည်။

"မဟုတ်ပါဘူး... ထပါ... မင်း ငါ့ကို သုံးနှစ်တိုင်တိုင် အလုပ်အကျွေးပြုခဲ့တဲ့အတွက် ငါ ကျေးဇူးတင်လို့ မင်းအကြောင်း စဉ်းစားပေးသင့်တယ်လို့ ခံစားရလို့ပါ..."

"မင်း အခြေချပြီး ဇနီးနဲ့ မိခင်တစ်ယောက် ဖြစ်လာဖို့ ရွေးချယ်မလား (ဒါမှမဟုတ်) နန်းတွင်းထဲဝင်ပြီး ရာထူးတခုခုယူဖို့ ရွေးချယ်မလား... မင်းဆန္ဒရှိသရွေ့ ငါ့ရဲ့ မျက်နှာကို ထောက်ပြီး ဦးရီးတော်က မင်းအတွက် ခြွင်းချက်အနေနဲ့ အမိန့်တော် တစ်ခု ထုတ်ပြန်ပေးလိမ့်မယ်"

ဤစကားကို ကြားချိန်တွင် ချင်းလင်သည် အလျင်အမြန် ခေါင်းခါပြလိုက်ပြီး သူမ၏ အကြည့်များမှာ ခိုင်မာနေပေသည်။

"ချင်းလင်က သခင်လေးရဲ့ အစေခံ ဖြစ်လာကတည်းက သခင်လေးရဲ့ အစေခံ အမြဲတမ်း ဖြစ်နေမှာပါ... သခင်လေးကို သနားညှာတာဖို့ တောင်းပန်ပါတယ်... ချင်းလင် အိုမင်းရင့်ရော်လာပြီး အလှတရားတွေ ပျောက်ကွယ်သွားတဲ့အထိ သခင်လေးရဲ့ ဘေးမှာ နေခွင့်ပြုပါ... အဲ့ဒီအချိန်ကျမှ ချင်းလင် ထွက်သွားပါ့မယ်..."

နန်ကုန်းယွီ၏ အမူအရာ အနည်းငယ် တင်းမာသွားသည်။

"ဘဝရဲ့ အကောင်းဆုံးနှစ်တွေကို ဒီမှာပဲ ဖြုန်းတီးလိုက်တာ... အဲ့ဒါက ထိုက်တန်လို့လား..."

"တန်ပါတယ်..."

ချင်းလင်က တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။

"သခင်လေးက ချင်းလင် ဘာပဲလုပ်လုပ် တန်ပါတယ်... ကျွန်မက သခင်လေးရဲ့ အစေခံ ဖြစ်လာတာနဲ့တစ်ပြိုင်နက် သခင်လေးရဲ့ အစေခံပဲ အမြဲတမ်း ဖြစ်နေမှာပါ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ရိုးရိုးသားသား ပြောရရင် ငါ တကယ် နားမလည်ဘူး... ဒါပေမဲ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ လေးစားပါတယ်..."

"ကျေးဇူးတင်ပါတယ် သခင်လေး..."

ချင်းလင်သည် သစ်သီးပန်းကန်နှင့် မုန့်များကို ကိုင်ထားရင်း အလျင်အမြန် ဦးညွှတ်လိုက်လေသည်။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"တကယ်လို့ တစ်နေ့နေ့မှာ မင်းက မတော်တဆ ကြီးမားတဲ့ အခွင့်အရေးတစ်ခုကို ရရှိပြီး ငါ့မယ်တော်နဲ့ တခြားသူတွေထက်တောင် ပိုစွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမယ်ဆိုရင်... မင်းက ငါ့ရဲ့ အမိန့်တွေကို နာခံရမယ့် အရေးမပါတဲ့ အစေခံမလေး တစ်ယောက်အနေနဲ့ ငါ့ဘေးမှာ ဆက်နေချင်သေးလား..."

"နေချင်ပါတယ်..."

ချင်းလင်က ခေါင်းညိတ်လိုက်သည်။

"ဖြစ်နိုင်ခြေ လုံးဝမရှိ​ေတာ့ဘူးဆိုရင်တောင်... ချင်းလင်က သခင်လေးကို တောက်တိုမယ်ရ အလုပ်အကျွေးပြုပြီး သခင်လေးရဲ့ လိုအပ်ချက်တွေကို ဂရုစိုက်ပေးသွားမှာပါ..."

နန်ကုန်းယွီက သူမကို စိုက်ကြည့်နေသော်လည်း ခဏတာမျှ သူ၏ရှေ့ရှိ လူကို နားမလည်နိုင်ဖြစ်နေခဲ့ပေသည်။

"ဘာဖြစ်လို့လဲ... မင်းက ငါ့မယ်တော်မှ မဟုတ်တာ... ငါ မင်းကို ခဏခဏ အမိန့်ပေးခိုင်းစေရုံတင်မကဘူး... မင်းကို ဘာအကျိုးကျေးဇူးမှလည်း မပေးခဲ့ဘူးလေ... မင်း ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းရတာလဲ..."

ချင်းလင်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဒါက သစ္စတရား ဖြစ်နိုင်ပါတယ်... ဒါမှမဟုတ် ချင်းလင် တန်ဖိုးထားတဲ့ အရာတစ်ခုခုကြောင့် ဖြစ်နိုင်တယ်... ချင်းလင် အတိအကျ မပြောပြတတ်ပေမဲ့ ဒါက ချင်းလင်ရဲ့ အမှန်ကန်ဆုံး အတွေးပါပဲ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒီနေ့ ငါပြောခဲ့တာတွေကို မင်း အမြဲမှတ်ထားဖို့ မျှော်လင့်ပါတယ်... ထတော့..."

"ကျေးဇူးတင်ပါတယ် သခင်လေး..."

ချင်းလင်သည် ဝမ်းသာအားရဖြစ်သွားပြီး နန်ကုန်းယွီ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ဗန်းကိုင်သူတစ်ဦးကဲ့သို့ အလုပ်အကျွေးပြုနေလေသည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး သူ၏လက်ကို လှန်ကာ ဆေးလုံးတစ်လုံး ထုတ်ယူပြီး ကမ်းပေးလိုက်ပေသည်။

All Chapters