← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

Chapter 57

ယင်ကျန်း လက်ဝှေ့ယမ်းပြကာ သူမအား ထွက်သွားစေသည်။

"ယွင်ကျွမ်..."

ကမ်းကော်ကော်သည် အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေသဖြင့် ယွင်ကျွမ်အားရှာရန် အောက်သို့ ဆင်းမည်ပြုသော်လည်း ယင်ကျန်းက သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

သူသည် သူမ ဘောင်းဘီခြေထောက်များကို ဖြည်းညှင်းစွာ ခေါက်တင်ပေးလာသည်။ သူမခြေဖဝါးများဆီမှ နွေးထွေးသော ခံစားချက်နှင့်အတူ သူမခြေမများအား ကြီးမားသော လက်တစ်စုံက နှိပ်နယ်ပေးနေသည်ကို ခံစားလိုက်ရသော အခါ ကမ်းကော်ကော် တစ်ယောက် အနည်းငယ် တုန်ရီမိသွားသည်။

သူမ ပတ်ဝန်းကျင်ကို မေ့လျော့သွားပြီး ခြေထောက်နှိပ်နယ်သည့် ဆိုင်တစ်ဆိုင်သို့ ရောက်နေသည်ဟုပင် ထင်မှတ်သွားရသည်။ ထို့ကြောင့် သူမ ဗလုံးဗထွေးပြောလာသည်။

"တိတိ... နည်းနည်း နာတယ်၊ ဖြည်းဖြည်းလုပ်လေ၊ နင့်ရဲ့ အနှိပ်ပညာက တော်တော်လေး အတွေ့အကြုံနုသေးတာပဲ၊ ဒါပထမဆုံးအကြိမ် နှိပ်ဖူးတာလား"

(တိတိ - မောင်လေး )

ယင်ကျန်းသည် ဝူကော်ကော်ဆီတွင် တွေ့ခဲ့သော ချွင်းလင်၏ နှိပ်နယ်ပုံနည်းစနစ်များကို အတုခိုးနေခဲ့သော သူမအသံကို ကြားသောအခါ မော့ကြည့်လိုက်သည်။

"မင်း ဘာပြောလိုက်တယ်"

ကမ်းကော်ကော် လျှာလေးအာလေးဖြင့် မေးလာသည်။

"ရှင် ဒီလိုလုပ်တာ ဒါ ပထမဆုံးအကြိမ်လားလို့ မေးတာလေ"

ယင်ကျန်း ခေတ္တမျှတန့်သွားပြီး သူ ငယ်စဉ်က ထုံကျား၏ ခြေထောက်များကို မည်သို့ဆေးကြောပေးခဲ့ရသည်ကို ပြန်လည်အမှတ်ရသွားကာ တိုးညှင်းစွာ ပြန်‌ဖြေသည်။

"ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူး"

အမြဲတစေ အငြင်းသန်တတ်သော ကမ်းကော်ကော်ကလည်း ပြန်ပြောသည်။

"အို... တကယ်လား၊ ကျွန်မ မယုံဘူး"

ယင်ကျန်းမျက်နှာတွင် လွမ်း‌‌ဆွေးမှုများ ဖုံးလွှမ်းသွားသည်။

"ကိုယ့်ရဲ့ပထမဆုံးအကြိမ်က ခမည်းတော်ရဲ့ မိဖုရားကြီးအတွက် ခြေဆေးပေးခဲ့တာပါ၊ သူမက အရမ်း နူးညံ့သိမ်မွေ့ပြီး သဘောကောင်းတဲ့သူလေ၊ နန်းဆောင်ထဲက လူတိုင်းအပေါ်မှာလည်း အရမ်းကောင်းခဲ့ပါတယ်"

ကမ်းကော်ကော် : "ရှင်..."

"မိဖုရားကြီးဟုတ်လား၊ ရှင့် အမေကိုပြောချင်တာလား"

သူမသည် အရက်မူးနေသဖြင့် ပွင့်ပွင့်လင်းလင်းပင် မေးမိသော်လည်း ယင်ကျန်း ဂရုစိုက်ပုံမပေါ်ချေ။

"မဟုတ်ဘူး၊ သူက ကိုယ့်ကို မွေးစားခဲ့တဲ့သူပါ"

ကမ်းကော်ကော်သည် သမိုင်းအကြောင်းကို ကြိုသိထားသူဖြစ်သည်။

"ကျွန်မ မှတ်မိပြီ၊ ရှင်က တခြားတစ်ယောက်ဆီမှာ ကြီးပြင်းခဲ့ရတာလေ၊ ဒါပေမဲ့ ရှင့်ရဲ့ညီတော် ဆယ့်လေးပါးမြောက် မင်းသားကတော့ ရှင့်ရဲ့အမေအရင်းဆီမှာ ကြီးပြင်းခဲ့ရတာဆိုတော့ ရှင့်အမေက သူ့ကို ပိုချစ်တာပေါ့"

ထိုစကားကို ကြားသောအခါ ယင်ကျန်း၏လေသံ ပြောင်းသွားပြီး တင်းမာသွားလေသည်။

"ကမ်းကော်ကော်... မင်း ပြောတာလွန်နေပြီနော်"

ကမ်းကော်ကော်မှာ သူမ ခေါင်းကိုကွယ်လိုက်ပြီး ရီဝေဝေဖြင့် ပြောသည်။

"ဝူးဝူးး... ငါ ဘာလုပ်မိလို့ အအော်ခံရပြန်တာလဲ"

ယင်ကျန်းမှာ အံကြိတ်လိုက်ပြီး ရေဇလုံထဲမှ ကမ်းကော်ကော် ခြေထောက်များကိုဆွဲထုတ်ကာ သူ့ခန္ဓာကိုယ်ဖြင့် သူမကို ဖိချလိုက်သည်။

ကမ်းကော်ကော်မှာ ရုန်းကန်အားလည်းမရှိသလို အရက်အရှိန်ကြောင့်ပူနွေးလာသလို ခံစားရလေသည်။

"ရှင်ရော ခြေထောက်ဆေးပြီးပြီလား"

ယင်ကျန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ကုတင်ပေါ်သို့ ပြန်ထိုင်ကာ သူမ ယခုလေးတင် သုံးထားသောရေဖြင့် သူ့ခြေထောက်များကို ဆေးကြောလိုက်သည်။

ကမ်းကော်ကော်သည် ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူမခြေထောက်ဖြင့် သူ့ကျောကို တွန်းလာသည်။ ယင်ကျန်း ဟန်ချက်ပျက်သွားပြီး သူ့ ခြေထောက်လည်း ရေဇလုံထဲသို့ အရှိန်ပြင်းစွာကျလာကာ ရေများလည်း နေရာအနှံ့ ပက်ဖြန်းသွားတော့သည်။

"ကမ်းကော်ကော်"

ယင်ကျန်းလှည့်ကြည့်လိုက်ပြီး ရုန်းကန်နေဆဲဖြစ်သော ကမ်းကော်ကော်အား ဖမ်းဆွဲလိုက်ရာ သူတို့နှစ်ယောက်မှာ အရှက် ရဖွယ် အခြေအနေကြားတွင် လုံးထွေးသတ်ပုတ်နေကြတော့သည်။

ယွင်ကျွမ်သည် အသံကြားသောအခါ စိုးရိမ်တကြီးဖြင့် ရေဇလုံကို ရှင်းလင်းရန် အလျင်အမြန်ဝင်လာခဲ့သည်။ ယင်ကျန်း ခြေမဆေးရသေးဘူးဟု ထင်သဖြင့် သူမသည် အခြားရေတစ်ဇလုံကိုပငမ ထပ်ယူလာပြီး အခန်းထဲတွင် ချထားကာပြန်ထွက်သွားသည်။

ကမ်းကော်ကော်မှာ သူ့ထက် ခွန်အားပိုနည်းသဖြင့် ရုန်းကန်ခြင်းကို ရပ်တန့်လိုက်ပြီး ယင်ကျန်းအားကြည့်ကာ လက်ခုပ် တီးလျက် အရူးတစ်ယောက်လို ရယ်မောသည်။

"အသားစားမယ်၊ အသားစားမယ်... အသားစားပြီးရင် ခြေထောက်ဆေးကြစို့"

ယင်ကျန်းမှာ မျက်လုံးသာ လှန်မိသွားပြီး သူမနှင့် ဆက်မငြင်းခုံတော့ဘဲ ဖယောင်းတိုင်မီးကိုငြိမ်းသတ်လိုက်သည်။

ယွင်ကျွမ်မှာ ကုလားကာအပြင်ဘက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီး ဖယောင်းတိုင်မီး ငြိမ်းသွားသည်ကို မြင်သောအခါ ကြက်သေသေသွားရသည်။ ဘာတွေဖြစ်နေတာလဲ..

သူမသည် အထဲဝင်ပြီး သူတို့ကို မနှောင့်ယှက်ရဲသဖြင့် အပြင်ဘက်တွင်သာနေခဲ့ရသည်။ သူတို့နှစ်ယောက်မှာ အစပိုင်းတွင် သီးခြားစီ လှဲလျောင်းနေခဲ့ကြသော်လည်း အမြဲတစေ ဂနာမငြိမ်ဖြစ်တတ်သော ကမ်းကော်ကော်က သူမခြေထောက်များကို ယင်ကျန်းဗိုက်ပေါ်သို့ ဖိတင်လာသည်။ ယင်ကျန်းက သူမ ခြေထောက်များကို ဖယ်ရှားလိုက်သော်လည်း သူမက ထပ်ပြီးတင်ပြန်သည်။

သုံးကြိမ်မြောက် တင်ပြီးတွင် သူမ စိတ်မရှည်တော့ဘဲ ယင်ကျန်း၏ ဗိုက်ကြွက်သားများပေါ်သို့ တိုက်ရိုက်တက်ထိုင်ကာ သူ့အား စူးစိုက်ကြည့်လာသည်။

ယင်ကျန်း အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်သော်လည်း မအောင်မြင်ခဲ့ပေ။

"ကမ်းကော်ကော်... ကိုယ်တော်ပေါ်က ဆင်းစမ်း"

"မဆင်းဘူး၊ ရှင့်ကို မြင်းစီးသလို စီးမှာ"

"မင်း ဘာပြောနေလဲဆိုတာ မင်းသိရဲ့လား၊ မင်းမှာ အရှက်မရှိဘူးလား"

ကမ်းကော်ကော် မျက်နှာလေး ရှုံ့မဲ့သွားရသည်။

[သူ ငါ့ကို အော်တယ်]

သူမသည် ဒေါသတကြီး လက်လှမ်းကာ သူ့ပါးပြင်ကိုဆွဲဆိတ်လိုက်ပြီး ပြောသည်။

"ငါ့ကို အော်ရဲအောင် နင့်ကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ၊ ဟယ် နင့်အသားအရေကတော့ တော်တော်ကောင်းတယ်ဟ၊ နွေးထွေးတဲ့ ကျောက်စိမ်းလေးအတိုင်းပဲ"

ယင်ကျန်းမှာ သူမလက်ကို ဆွဲဖယ်လိုက်ပြီး မျက်လုံးကို မှေးကျဉ်းကာ မေးသည်။

"ကမ်းကော်ကော်... မင်း ဟန်ဆောင်နေတာလား၊ ကိုယ့်ကို တမင်သက်သက် ကလဲ့စားချေနေတာလား"

ထိုသို့ပြောပြီးနောက် သူကိုယ်တိုင်ပင် ရယ်စရာကောင်းနေသည်ဟု ထင်လိုက်မိသည်။ သူမက သူ့ကို ကလဲ့စားချေရန် အရက်မူးဟန်ဆောင်ရလောက်အောင် ကမ်းကော်ကော်အပေါ် သူ ဘယ်လောက်တောင် ဆိုးရွားစွာဆက်ဆံခဲ့မိလို့လဲ...

ကမ်းကော်ကော် လက်ချောင်းထိပ်လေးများက သူ့လည်စေ့ကို ပွတ်ဆွဲသွားပြီး မေးစေ့ကို ပေါ့ပေါ့ပါးပါး ပင့်တင်လိုက်သည်။

"ပြုံးလိုက်စမ်းပါဦး လူချောကြီးရဲ့၊ ဒီလောက်ချောတဲ့ မျက် နှာလေးကို အနမ်းလေးတော့ ပေးမှဖြစ်မယ်"

သူမသည် ရုတ်တရက် အောက်သို့ ငုံ့ချလိုက်ပြီး သူမနှုတ် ခမ်းများကို သူ့နှုတ်ခမ်းများနှင့် ဖိကပ်ကာ အနမ်းတစ်ပွင့် ပေးလိုက်သည်။

ယင်ကျန်း ဒေါသများ အနည်းငယ် လျော့ပါးသွားသော် လည်း သူ မကျေမနပ် ဖြစ်နေဆဲပင်။

"ဒီလောက်ပဲလား"

[နောက်ထပ် ဘာရှိသေးလို့လဲ]

[အိုး ငါ နားလည်ပြီ]

ကမ်းကော်ကော် ခေါင်းမော့လာပြီး သူ့အား ရှုပ်ထွေးစွာ ကြည့်သည်။ ထို့နောက် အတွေးတစ်ခု သူမခေါင်းထဲ ဖြတ်ပြေးသွားပြီး အလျင်အမြန်ပင် ထပ်မံ ငုံ့ချလိုက်သည်။

ယင်ကျန်းက သူမ သူ့ကို နမ်းချင်သည်ဟု ထင်ခဲ့သော်လည်း အံ့အားသင့်စရာကောင်းစွာပင် သူမနဖူးဖြင့် သူ့နှုတ်ခမ်းကို ဒိုင်းခနဲ ဆောင့်တိုက်ချလေသည်။

ယင်ကျန်းမှာ သူ့နှုတ်ခမ်းကို အုပ်ကိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားကာ အော်ဟစ်လာသည်။

"ကမ်းကော်ကော်"

"အား... နာလိုက်တာ၊ ရှင် ဘာလို့ လာတိုက်တာလဲ"

ကမ်းကော်ကော်မှာ သူ့ကို အရင်ဦးအောင် အပြစ်တင်လိုက်ပြီးနောက် သူမနဖူးကို ဖိကိုင်ကာ သူ့ကိုယ်ပေါ်မှ လဲကျသွားပြီး သူ့ဘေးတွင် လှဲလျောင်းကာ အချိန်အတော်ကြာအောင် မလှုပ်မယှက်ဘဲနေနေရာမှ အိပ်မောကျသွားတော့သည်။

ယင်ကျန်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူမကို ဤမျှ လွယ်လွယ်နှင့် သူ အလွတ်မပေးနိုင်ချေ။

ရုတ်တရက် သူ ပြုံးလိုက်ပြီး သူတို့၏အတွင်းဝတ်များ အားလုံးချွတ်ချလိုက်ကာ သူမ၏ရင်ခံကိုပင်ဖြုတ်၍ သူ့ခါးတွင် ရစ်ပတ်ထားလေသည်။

ထို့နောက် သူလည်း သူမဘေးတွင် လှဲလျောင်းလိုက်ရာ ဆီးသီးဝိုင်အနံ့နှင့် ရောနှောနေသော သူမ၏ကိုယ်သင်းနံ့ကို ရှူရှိုက်ကြည့်သည်။ ယင်ကျန်း မျက်မှောင်ကြုတ်သွားပြီး သူ့မကို ဒုက္ခပေးချင်လွန်းသဖြင့် ကိုယ်တိုင်ပင် ဒုက္ခတွေ့နေကြောင့် သတိပြုမိသွားသည်။

သူသည် စိတ်နှလုံးတည်ငြိမ်စေသည့်ဂါထာတော်ကို ငါးကြိမ်မျှ ရွတ်ဆိုလိုက်ပြီးနောက် သူ့ဘေးရှိလူကို ပိုတင်းကျပ်စွာ ပွေ့ဖက်ထားကာ ဖြည်းညှင်းစွာ အိပ်ပျော်သွားတော့သည်။

ကမ်းကော်ကော်သည် အိပ်မောကျနေရာမှ ဆီးသွားချင်သောကြောင့် နိုးလာခဲ့သည်။ သူမသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရှုပ်ပွနေသော အခန်းနှင့် သူမ၏ ကိုယ်လုံးတီးဖြစ်နေသော ခန္ဓာကိုယ်ကို မြင်လိုက်သောအခါ လန့်နိုးသွားရသည်။

[မနေ့ညကများ...]

သူမသည် ဘေးရှိ ယင်ကျန်း‌စောင်ကို လက်ချောင်းထိပ်လေးများဖြင့် ဆွဲယူကာဖြည်းဖြည်း မကြည့်သည်။

[အား]

ယင်ကျန်း၏တောင့်တင်းလှသော ခန္ဓာကိုယ်ကြီးမှာ ကိုယ် လုံးတီးဖြစ်နေပြီး သူမ၏ပန်းရောင်ရင်ခံလေးမှာ သူ့ခါးတွင် ရစ်ပတ်နေသည်ကို ကမ်းကော်ကော် မြင်လိုက်ရသောအခါ သူမ ပိုထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို သူမ ပါးစပ်ကို အုပ်ထားလိုက်မိသည်။

[မနေ့ညကပုံစံရ... ငါ... သူ...၊ သူက တကယ်တော့ သဘော ကောင်းသားပဲ၊ ငါ့ခြေထောက်တွေကိုတောင် ဆေးပေးခဲ့တာပဲ]

[ငါတို့ သူ့မိခင်အကြောင်းပြောခဲ့ပြီး ဘာဖြစ်သွားတာလဲ၊ မှောင်သွားတာရယ်၊ နဖူး နည်းနည်းနာသွားတာရယ်ပဲ မှတ်မိတော့တယ်]

[ဒါပေမဲ့ ငါတို့ အတူတူ အိပ်ခဲ့ကြရင်တောင်မှ ဒီလောက်တောင် ပြင်းထန်လို့လား၊ ငါ့ရဲ့ အတွင်းခံလေးတောင် သူ့ကိုယ်ပေါ် ရောက်နေတယ်]

[ဟူး... အရက်မူးရင် ပြဿနာတက်တယ်ဆိုတာ တကယ်ပဲ၊ အရက်မူးရင် တကယ်ပြဿနာကြီးတက်တာပဲ]

သူမသည် ယင်ကျန်း၏ခန္ဓာကိုယ်ပေါ်မှ အတွင်းခံလေးကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်ပြီး သူမအတွက် ပြန်ဝတ်ဆင်ကာ အားလုံးကအိပ်မက်တစ်ခုသာဖြစ်သည်ဟု သူမကိုယ်သူမ အတင်းယုံကြည်စေလျက် ပြန်လှဲအိပ်ကြည့်သည်။

နောက်နေ့တွင် ယင်ကျန်းနိုးလာရာ သူ့ဗိုက်ကြွက်သားများကို တင်ထားသော ဖြူဖွေးချောမွေ့သည့် လက်မောင်းလေးနှင့် သူ့ရင်ဘတ်ကို ဖိကပ်ထားသော လှပသည့် မျက်နှာလေးကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။

ရုတ်တရက်ပင် အချို့သော ဧကရာဇ်မင်းများ နံနက်ခင်းညီလာခံကို အဘယ်ကြောင့် မနှစ်သက်ကြသနည်းအား သူ နားလည်သွားခဲ့သည်။

🌻 Chapter 58

ဖူး... အဓိပ္ပာယ်မရှိတာတွေ၊ ငါ ဒီလို အရူးမလေးဆီက ဆွဲဆောင်ခံလိုက်ရတာလား၊ ဒါနဲ့အဲဒီ ရင်ခံက သူမဆီ ဘယ်လိုလုပ် ပြန်ရောက်သွားတာလဲ...

ယင်ကျန်း နှုတ်ခမ်းများ ကွေးတက်သွားအောင် ပြုံးလိုက်ပြီး သူ့ကိုပြုစုရန် လူခေါ်ခေါင်းလောင်းကိုမတီးခဲ့ပဲ သူမ မှန်တင် ခုံပေါ်မှ အနီရောင် နှုတ်ခမ်းနီနှင့် အဖြူရောင် မျက်နှာလိမ်းခရင်မ်တို့အား သူရှာတွေ့သွားရာအဖုံးဖွင့်ပြီး သူ ယခုလေး တင် လှဲလျောင်းခဲ့သော မွေ့ယာပေါ်သို့ လက်ချောင်းများဖြင့် အနည်းငယ် သုတ်လိမ်းလိုက်သည်။ ထို့နောက် သူသည် သူမအား ပန်းထိုးပဝါလေးတစ်ထည်ဖြင့် ဖုံးအုပ်ပေးလိုက်ပြီး အပေါ်မှ စောင်ကို ထပ်ခြုံပေးသည်။

ယမန်နေ့က ယွင်ကျွမ် ယူလာခဲ့သော ရေဇလုံဖြင့် လက်ကို ဆေးကြောလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ကာ ထွက်ခွာသွားလေသည်။

ကမ်းကော်ကော်မှာ အရက်သောက်ထားသဖြင့် အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့ပြီး ယင်ကျန်း ထွက်သွားသော်လည်း မနိုးသေးချေ။ ဟွာယွီ သူမကို လာနှိုးသောအခါ ကမ်းကော်ကော် ထထိုင်လိုက်သည်။ သူမ အိပ်ချင်မူးတူးဖြင့် အဝတ်အစား ဝတ်ဆင်နေစဉ် ဟွာယွီက ရုတ်တရက် အော်လိုက်သဖြင့် သူမလည်း လန့်သွားရသည်။

"အား"

"ဘာဖြစ်လို့လဲ"

"ကုတင်ပေါ်မှာ... ကုတင်ပေါ်မှာ တစ်ခုခု ရှိနေတယ်..."

"ကုတင်ပေါ်မှာ ဘာဖြစ်လို့လဲ၊ ကြောင် ချီးပါထားလို့လား"

အစေခံများအားလုံး ရောက်လာကြပြီး အနီနှင့် အဖြူရောင် တောက်ပြောင်နေသော အစွန်းအထင်းတစ်ခုကို မြင်လိုက်ရတော့သည်။

ကမ်းကော်ကော်မှာ မနေ့ညက သူမ မြင်ခဲ့ရသည်များကို ပြန်လည်စဉ်းစားမိသောအခါ တောင့်တင်းသွားရသည်။

[သွားပါပြီ... ငါ တကယ်ကြီး သူနဲ့ လုပ်ခဲ့တာပဲ]

ကိုယ်လုံးတီးဖြစ်နေခြင်းမှာ မတော်တဆဆိုလျှင်တောင် သွေးများနှင့် ထိုအရာများက ခိုင်လုံသော သက်သေနှစ်ရပ်ပင် ဖြစ်နေသည်။

[ဒါပေမဲ့ ထူးဆန်းလိုက်တာ၊ ဘာလို့ နည်းနည်းမှ မနာရတာလဲ]

သူမ၏တက္ကသိုလ်ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် ပြောဖူးသည်ကို သူမ မှတ်မိသေးသည်။ လူတိုင်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံချင်း မတူညီကြဘဲ ချွင်းချက်မှာရှိတတ် သည်။ အချို့သော စုံတွဲငယ်လေးများဆိုလျှင် တည်းခိုခန်းမှ ထွက်လာပြီးနောက် ဘာမှမဖြစ်သလိုမျိုး လှုပ်ရှားနိုင်သည်ဟုဆို၏။

[ဒါပေမဲ့ မဖြစ်နိုင်ပါဘူး၊ ယင်ကျန်းက ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတောင် ငါ့လက်တွေ ညောင်းကိုက်သွားအောင် လုပ်ခဲ့တာလေ၊ သူက တော်တော်နဲ့ မပြီးတဲ့ အမျိုးအစားဖြစ်ရမှာပေါ့]

ကမ်းကော်ကော်မှာ ကိုယ့်ကိုယ်ကိုယ် သံသယဝင်သွားတော့ သည်။

[ငါ့ခန္ဓာကိုယ်ကများ ထူးခြားနေလို့ အဲဒီလိုကိစ္စတွေ လုပ်ပြီးတာတောင်မှ မပင်ပန်း၊ မနာကျင်တာများလား၊ အကယ်လို့ အဲဒီလိုဆိုရင်လည်း ဆိုးတဲ့ကိစ္စမှ မဟုတ်တာ]

မနေ့ညက ညစောင့်ခဲ့ရသော ယွင်ကျွမ်မှာ အိပ်မောကျနေပြီဖြစ်သော်လည်း သူမ မအိပ်မီက မင်းသားရေလိုသည်ဟုမပြောခဲ့ပေ။

အားလုံးမှာ နားမလည်နိုင်အောင် ဖြစ်နေကြစဉ် ကမ်းကော်ကော်ကမူ သူမ ဗိုက်ကို စိုးရိမ်တကြီး ဖိကိုင်ထားရင်း စိတ်ထဲမှ တွေးနေမိသည်။

[တကယ်လို့ ငါ ကိုယ်ဝန်ရသွားပြီး စံအိမ်တော်ရဲ့ မှတ်တမ်းမှာလည်းမရှိဘူးဆိုရင် နောက်ကျ သူကလည်း ငြင်းပယ်လိုက်မယ်ဆို ဒီလိုစောက်ချိုးမပြေတဲ့ ခေတ်ကြီးထဲမှာ ငါ့ကို ဝက်လှောင်ချိုင့်ထဲထည့်ပြီး ရေနစ်သတ်ကြတော့မှာ မဟုတ်ဘူးလား]

ဖူကျင်း၏အိပ်ဆောင်အတွင်း၌ ဝူကော်ကော် ခြံဝင်းထဲမှ မိန်းမစိုးလေး ပေါ်ဖုန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်နေလေသည်။ ဖူကျင်းက သူမ လက်ဖက်ရည်ပန်းကန်ထဲမှ ရေနွေးကြမ်းကို မှုတ်၍ တစ်ငုံ သောက်လိုက်သည်။

ချွေ့မားမားက "လုံးဝ မလွှဲသာမရှောင်သာတဲ့ အခြေအနေကလွဲရင် ဒီကိုမလာဖို့ ငါတို့ သဘောတူထားတယ် မဟုတ်ဘူးလား၊ တစ်ယောက်ယောက် သိသွားရင် ဘယ်လိုလုပ်မလဲ၊ ပြဿနာ တက်သွားနိုင်တယ်လေ"

ပေါ်ဖုန်းသည် ခေါင်းကို ညွှတ်ချကာ ရိုသေစွာလျှောက်တင်သည်။

"ဒီလိုအသေးအဖွဲ ကိစ္စလေးနဲ့ ကြင်ယာတော်ကို ဘယ်နှောင့် ယှက်ရဲပါ့မလဲ၊ ဒီကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်တာကြောင့် လာရောက် လျှောက်တင်ရခြင်း ဖြစ်ပါတယ်"

ဖူကျင်း မျက်လွှာကိုပင့်ကာ "ပြောစမ်း... ဘာကိစ္စလဲ"

ပေါ်ဖုန်း "ဝူကော်ကော်က ချွင်းလင်ကိုလက်ပါလိုက်ပါတယ်"

ဖူကျင်း တည်ငြိမ်စွာပင် "အဲဒါ ငါသိတယ်လေ၊ မင်း ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက တင်ပြပြီးသားပဲကို"

ပေါ်ဖုန်းမှာ မခံစားနိုင်သဖြင့် ထပ်ပြောသည်။

"ဒါပေမဲ့ အခု ချွင်းးလင်က အဖျားကြီးပြီး ကယောင်ကတမ်းတွေ ပြောနေပါပြီ၊ သမားတော်ဆီကနေ အချိန်မီကုသမှုမခံ ယူရရင် သူ့အသက် အန္တရာယ်ရှိနိုင်ပါတယ်"

ဖူကျင်း "သူ လှုပ်ရှားနိုင်သေးရဲ့လား"

ပေါ်ဖုန်းမှာ ခေတ္တမျှ တွေဝေသွားပြီးနောက် ပြန်ဖြေသည်။

"ခြေတစ်လှမ်းတောင် မလှမ်းနိုင်တော့ဘူး ထင်ပါတယ်"

သူက အခြေအနေကို တမင်သက်သက် ပိုပိုသာသာပြောလိုက်ခြင်းဖြစ်သော်လည်း သူ့ အတွေးလေးမှာ ဖူကျင်းအကဲခတ်မှုမှ မလွတ်ကင်းနိုင်ပေ။ ဖူကျင်း လှောင်ပြုံးပြုံးလိုက်ပြီး အမိန့်ပေးလိုက်သည်။

"မထနိုင်ရင်တောင်မှ ထရမှာပဲ၊ သူ့ကို ကြိုးစားထပြီး ချန်ကော်ကော်ကို သွားရှာဖို့ပြောလိုက်၊ ချန်ကော်ကော်က သူ့ကို သေချာပေါက် ကယ်တင်နိုင်မှာပဲ၊ ပြီးတော့ နင်လည်း အဲဒီအချိန် ဝူကော်ကော် သတိမထားမိခင် သူ ထွက်ပြေးနိုင်အောင် ကူညီပေးလိုက်"

"မှန်လှပါ"

ပေါ်ဖုန်းသည် ခေါင်းငုံ့ကာ ထွက်ခွာသွားလေသည်။ ယခုအချိန်တွင် အခြားကောင်းမွန်သော နည်းလမ်းမရှိတော့သဖြင့် ဖူကျင်း၏စကားကိုသာ နားထောင်ရတော့မည်။

ပေါ်ဖုန်း၏ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချွေ့မားမားက မေးသည်။

"ဖူကျင်းက တကယ်ပဲ သူ့ကိုအားလုံး ကိုယ်တိုင်လုပ်ခိုင်းမလို့လား"

ဖူကျင်းမှာ ဒေါသထွက်နေမိသည်။

"သူသာ ငါ့အပေါ် ဒီလိုကောက်ကျစ်တဲ့ အကြံအစည်တွေ မသုံးခဲ့ဘူးဆိုရင် ငါ သူ့ကို ကူညီကောင်း ကူညီပေးခဲ့လိမ့်မယ်၊ ဒါပေမဲ့ အခု သူ ဒီလိုလုပ်နေမှတော့ သူ့ဘာသာ သူပဲ ရှင်းပါစေ"

ချွေ့မားမားမှာ ဖူကျင်း၏စရိုက်ကို သိထားသည်။ ဖူကျင်းသည် သစ္စာဖောက်များကို အမုန်းဆုံး ဖြစ်သော်လည်း သူမကအကြံပေးလိုက်ဆဲပင်။

"ဖူကျင်း... ကျွန်မ အမြင်ကိုပြောရရင် ပေါ်ဖုန်းနဲ့ ချွင်းလင်ကိုချည်းပဲ အားကိုးနေလို့ မလုံလောက်နိုင်ပါဘူး၊ အဲဒီ ကောက် ကျစ်တဲ့ ကောင်စုတ်လေးပေါ်ဖုန်းက ဉာဏ်များနေတာ၊ သူ့ကို နည်းနည်းလောက် ခြောက်လှန့်လိုက်ရုံနဲ့ ရပါတယ်ထ ဒါပေမဲ့ ဒါက ချန်ကော်ကော်နဲ့ ဝူကော်ကော်တို့ကြား ရန်တိုက်ပေးဖို့ ရွှေလိုအဖိုးတန်တဲ့ အခွင့်အရေးတစ်ခုပဲလေ"

ဖူကျင်းသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သိသိသာသာ တည်ငြိမ်သွားကာ ပြောလိုက်သည်။

"ယင်းလော့ကို သွားပြောလိုက်၊ အခြေအနေကြည့်ပြီး လှုပ်ရှားကြစို့”

ယွင်ကျွမ်မှာ ညစောင့်ရသဖြင့် ပင်ပန်းနွမ်းနယ်နေကာ နေ့လယ်စာစားချိန် ရောက်မှသာ နိုးလာခဲ့ပြီး အခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်း ထထိုင်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွားသည်။

အကြောင်းရင်းမှာ နှင်းလုံးလေး ပျောက်သွား၍ အားလုံး ကြောင်လေးကို ထွက်ရှာနေကြပြီး သူမကို အိပ်ရေးပျက်မည်စိုးသဖြင့် မနှိုးခဲ့ကြခြင်းဖြစ်သည်။

ဟွာယွီသည် သိကျွမ်းသူများပြားသဖြင့် ယနေ့နံနက် ၁၀ နာရီခန့်တွင် ကြက်တူရွေး နှစ်ကောင်ပါသော ငှက်လှောင်အိမ်တစ်ခုကို ကိုင်ဆောင်လျက် အနောက်ဘက် ခြံဝင်းအတွင်း မသင်္ကာဖွယ် လှည့်လည်သွားလာနေသော ယန်လင်းကို တစ်စုံတစ်ယောက်က မြင်တွေ့ခဲ့ကြောင်း သိလိုက်ရသည်။

All Chapters