← Chapters

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁-၂၇၃)

Vol. 19 Ch. 271-273

အခန်း (၂၇၁) ပထမဆုံး သွေးစွန်းခြင်း..ကျင့်ကြံသူ တွေက အသားကြိတ်စက် ကြီး တွေနဲ့ သွားတွေ့တဲ့ အခါမှာတော့...

ကွေ့ယွမ် ပထမ တောင်ခွဲ ၏ အနောက်ဘက် မိုင်သုံးရာ ခန့် အကွာတွင် တစ်နှစ်ပတ်လုံး နှင်းများ ကျဆင်းနေလေ့ရှိသော တောင်ကြား လေး တစ်ခု ရှိသည်။ ထိုနေရာကို 'အေးစက်သော ဓား ဂိုဏ်း' ဟု ခေါ်ဆိုကြ၏။

'အေးစက်သော ဓား ဂိုဏ်း’ကား လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ၏ လက်အောက်ခံ ဂိုဏ်းခွဲ တစ်ဆယ့်ရှစ်ခု အနက် တစ်ခု အပါအဝင် ဖြစ်၏။ အဆင့်နိမ့် ဝိညာဉ် ကျောက်ရိုင်း သတ္တုတွင်း တစ်ခုကို ပိုင်ဆိုင်ထားသည်။ ဂိုဏ်းချုပ် 'တာအိုဆရာ ဟန်ရှန်' သည် မူလဝိဉာဉ်အဆင့် အစောပိုင်း တွင် ရှိသော ကျင့်ကြံသူ တစ်ဦးပင်။ သူ၏ လက်အောက်တွင် ဓားသိုင်း ကျင့်ကြံသူ တပည့် ငါးရာ ခန့် ရှိကာ ဤ ဧရိယာ တစ်ဝိုက်တွင် နာမည် တစ်လုံး နှင့် ရပ်တည်နေသော ဒေသခံ အာဏာရှင် ကြီး တစ်ဦး ပင် ဖြစ်၏။

ဤအခိုက်အတန့်တွင် အေးစက်သော ဓား ဂိုဏ်း ၏ အပြင်ဘက်ရှိ ဆီးနှင်းများ ဖုံးလွှမ်းနေသော ကုန်းစောင်း လေး တစ်ခု၏ အနောက်ဘက် တွင်၊

သတိထားမိစရာ မရှိလှသော ကျောက်တုံး လေး တစ်တုံး က ရုတ်တရက် အနည်းငယ် လှုပ်ခတ်သွား၏။

၎င်းကား 'တာ့ချန် နတ်ဘုရား အင်ပါယာ' မှ အရိပ် ကိုယ်ရံတော် တပ်ဖွဲ့ ၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမား ... 'အရိပ်' ပင် ဖြစ်သည်။

သူသည် “ကောင်းကင်ယံ မှ ပြုတ်ကျလာသော ဥက္ကာပျံ ကြီး” နှင့် “မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း ကြီး ပျောက်ကွယ်သွားခြင်း” တို့၏ အကြောင်းရင်း အမှန် ကို စုံစမ်း ထောက်လှမ်းရန် မြောက်ဘက် သို့ သွားရောက်ရန် အမိန့်ပေးခံခဲ့ရခြင်း ဖြစ်သည်။ အလွန်တရာ အတွေ့အကြုံ ရင့်ကျက်ပြီး ထိပ်တန်း အဆင့်ရှိသော သူလျှို ကြီး တစ်ဦး အနေဖြင့် သူသည် အမည်မသိ ဥက္ကာပျံ ကြီး ပြုတ်ကျထားသော နေရာသို့ တိုက်ရိုက် မသွားရောက်ဘဲ... အနီးစပ်ဆုံး ရှိနေသော ဂိုဏ်း ၏ အပြင်ဘက် တွင် ချုံခို စောင့်ဆိုင်းနေရန် ရွေးချယ်လိုက်လေ၏။

သူ စောင့်ဆိုင်းနေခြင်း ပင် ဖြစ်သည်။

'တကယ်လို့ ဟို အပျက်အစီး တွေထဲမှာ ပြည်ပ က ရန်သူ တွေ တကယ် ရှိနေတယ် ဆိုရင်... သူတို့ သေချာပေါက် အပြင်ဘက် ကို တိုးချဲ့ လာကြမှာပဲ'

'သူတို့သာ အေးစက်သော ဓား ဂိုဏ်း ကို လာတိုက်ရဲတယ် ဆိုရင်... ငါက သူတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား တွေနဲ့ ကျင့်ကြံခြင်း နည်းလမ်း တွေကို အကဲဖြတ်ပြီး အရှင်မင်းကြီး ဆီကို သတင်း ပြန်ပို့လို့ ရပြီကွ'

'အရိပ်' က သူ၏ စိတ်ထဲတွင် စဉ်းစား တွေးတောနေပြီး သူ၏ နှုတ်ခမ်းထောင့် တွင် ယုံကြည်မှု အပြည့် ရှိကာ အေးစက်လှသော အပြုံးတစ်ခု ပေါ်လာတော့သည်။

'ဟွန့်... ဘယ်လို ပြည်ပ က မိစ္ဆာကောင် တွေပဲ ဖြစ်နေပါစေ... ဒီ ဝိညာဉ် ကမ္ဘာ ကြီးထဲမှာ ရှိနေသရွေ့... ငါတို့ တာ့ချန် အင်ပါယာ ရဲ့ မျက်လုံး တွေ အောက်ကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးကွ'

သို့သော် ထို အပြုံးလေး မှာ ကြာကြာ မခံလိုက်ချေ။

“ဝုန်း... ဝုန်း... ဝုန်း... ”

မြေကြီး စတင် တုန်ခါလာတော့သည်။

အစပိုင်း တွင် အနည်းငယ်သာ တုန်ခါနေသော်ငြား မကြာမီတွင် ပြင်းထန်သော မြေငလျင် ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီးပေါ်ရှိ ဆီးနှင်း များ ပင်လျှင် လွင့်စင်သွားရတော့၏။

'သူတို့... ရောက်လာကြပြီလား'

'အရိပ်' မှာ သူ၏ ကျောရိုး တစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး 'လိပ် အသက်ရှူ ကျင့်စဉ်'ကို ချက်ချင်း အသက်သွင်းလိုက်ကာ သူ၏ ခန္ဓာကိုယ်ကို ရေခဲ များနှင့် ဆီးနှင်း များ အကြားတွင် ပေါင်းစပ် ဖုံးကွယ်လိုက်သည်။... အရှေ့ဘက် အရပ် သို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသော သူ၏ မျက်လုံး နှစ်လုံး ကိုသာ ချန်ရစ်ထားခဲ့လေ၏။

နောက်တစ်စက္ကန့်တွင် သူ၏ မျက်ဝန်းအိမ် များမှာ အပ်ပေါက် အရွယ်အစား ခန့် အထိ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။

သူ ဘာမြင်လိုက်ရတာလဲ။

မိုးကုပ်စက်ဝိုင်း တွင် မည်းမှောင်ပြီး ဖြူဖွေးနေသော “ဆူနာမီ လှိုင်းလုံး ကြီး” တစ်ခုက မယုံနိုင်လောက်အောင် မြန်ဆန်လှသော အမြန်နှုန်း ဖြင့် တိုက်ခတ်လာနေ၏။

ဒါ နှင်းပြိုကျ တာ မဟုတ်။

... မိစ္ဆာကောင် တွေပင်။

... ... ...

ရှေ့ဆုံးမှ ပြေးဝင်လာသူများမှာ ထူးဆန်းသော ပုံပန်းသဏ္ဍာန် ရှိသည့် သတ္တဝါ ထောင်ပေါင်းများစွာ ပင် ဖြစ်၏။

အချို့က မတ်တတ်ရပ်နေသော အရိုးစု များ နှင့် တူပြီး သူတို့၏ လက်မောင်း များသည် ရှည်လျားပြီး ကျောချမ်းဖွယ်ရာ ကောင်းလှသော ဓားရှည် ကြီး နှစ်လက် အဖြစ်သို့ ပြောင်းလဲထားကြ၏။ အချို့က ဖောင်းကားနေသော အသားတုံး ကြီးများ နှင့် တူပြီး သူတို့၏ ကျောကုန်း ပေါ်တွင် တဆတ်ဆတ် ခုန်လှုပ်နေသော အစိမ်းရောင် အဆိပ် အိတ် ကြီးများ ပါရှိကြသည်။ အချို့ကမူ ဝံပုလွေ ခေါင်း၊ မြွေ အမြီး၊ နှင့် လူသား ၏ ခြေလက် များ ပါဝင်သော အပ်ချုပ်ထားသည့် မိစ္ဆာကောင် ကြီးများ နှင့် ပင် တူနေကြသေးတော့၏။

သူတို့တွင် မည်သည့် စစ်ရေးပြ တန်းစီမှု မျှ မရှိသလို၊ မည်သည့် ဟစ်ကြွေးသံ မျှလည်း မရှိချေ။ နားကွဲမတတ် ဆူညံလှသော ဟိန်းဟောက်သံကြီး များနှင့် သူတို့၏ ပါးစပ်များမှ စီးကျနေသော လောဘကြီးလှသည့် သွားရည် များ သာ ရှိ၏။

၎င်းတို့ကား 'မျိုးရိုးဗီဇ အဆင့်တက်ခြင်း' အား ယခုလေးတင် ပြီးမြောက်ထားကြသော ပထမဆုံး အသုတ် ဇာ့ဂ် ကစားသမား များ ပင် ဖြစ်တော့သည်။

သို့ရာတွင် ဤ မိစ္ဆာကောင် ကြီးများ၏ အနောက်ဘက် တွင်မူ ပို၍ပင် မျှော်လင့်ချက်မဲ့ဖွယ် ကောင်းလှသော သံမဏိ မုန်တိုင်း ကြီး တစ်ခု လိုက်ပါလာ၏။

တစ်ဆယ် မီတာ ခန့်စီ မြင့်မားသော ချပ်ဝတ် အထူစား စက်ရုပ်ကြီး ရာပေါင်းများစွာ မှာ အပျက်အစီး များ ထဲမှ ယခုလေးတင် ကောက်ရလာသော ချပ်ဝတ် ပြား ကြီးများ ဖြင့် လွှမ်းခြုံထားကြ၏။ (အချို့၏ ကိုယ်ပေါ်တွင် 'မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း' ဟူသော ဆိုင်းဘုတ် ကြီး ပင် ပါဝင်နေသေးသည်။)

သူတို့က မည်းမှောင်သော မီးခိုးလုံးကြီးများ နှင့် အပြာရောင် မီးတောက်များ ကို မှုတ်ထုတ်နေကြ၏။ သူတို့၏ ဧရာမ အမြောက်ပြောင်းဝ ကြီးများကို ကောင်းကင်ယံ သို့ ချိန်ရွယ်ထားကြသည်။... သူတို့၏ လေးလံလှသော စက်ယန္တရား ခြေထောက် ကြီးများ က ခြေတစ်လှမ်း လှမ်းလိုက်တိုင်း အေးခဲနေသော မြေကြီးပေါ်တွင် နက်ရှိုင်းသော တွင်းပေါက်ကြီး တစ်ခုစီ ချန်ရစ်ခဲ့ကြ၏။

၎င်းတို့ကား 'ဝိညာဉ်စွမ်းအင်သုံး အကြီးစား စက်မှုလုပ်ငန်း' ကြီးကို ယခုလေးတင် ဖွင့်လှစ်ထားကြသော စက်မှုနည်းပညာ မျိုးနွယ်စုဝင် ကစားသမား များ ပင် ဖြစ်တော့သည်။

'ဒါ... ဒါတွေက ဘာသောက်ချိုး တွေလဲကွာ'

'အရိပ်' မှာ သူ၏ ကမ္ဘာ့အမြင်ကြီး တစ်ခုလုံး ပြိုကျ ပျက်စီးသွားသည်ကို ခံစားလိုက်ရ၏။

ဝိညာဉ် လှေ လည်း မရှိ... ဓားပျံ လည်း မပါ... ပြီးတော့ ကာကွယ်ရေး နတ်ဘုရား အလင်းတန်း လည်း မရှိပေ။

ဒါတွေက ရှင်းရှင်းကြီးကို ငရဲဘုံ ထဲကနေ တွားသွား ထွက်လာကြသော မိစ္ဆာကောင် တွေနှင့် ဘီလူး တွေပင်။

... ... ...

အေးစက်သော ဓား ဂိုဏ်း အတွင်း၌၊

ဤအခိုက်အတန့်တွင် သတိပေး ခေါင်းလောင်းသံကြီး များ မရပ်မနား ထွက်ပေါ်နေတော့၏။

'တာအိုဆရာ ဟန်ရှန်' သည် တပည့် ငါးရာ ကို ဦးဆောင်ကာ ဓားပျံ များကို စီးနင်းလျက် ကောင်းကင်ယံ သို့ တက်လာခဲ့ပြီး... အောက်ဘက်တွင် ပုရွက်ဆိတ် အုပ်ကြီးပမာ အလုအယက် ပြေးဝင်လာနေကြသော မိစ္ဆာကောင် ကြီးများကို ကြည့်ကာ သူ၏ မျက်နှာ တစ်ခုလုံး သွေးဆုတ် ပြာနှမ်းသွားတော့၏။

“ဘယ်ကောင် တွေလဲကွ”

'တာအိုဆရာ ဟန်ရှန်' က အတင်းအဖျင်း တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သူ၏ လက်ထဲရှိ လှပ သေသပ်လှသော ဝိညာဉ် မှော်ရတနာ ဓားပျံ ကြီးကို ဆွဲထုတ်ကာ စူးရှစွာ အော်ဟစ်လိုက်၏။

“ဒီနေရာက လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ရဲ့ လက်အောက်မှာ ရှိတဲ့ အေးစက်သော ဓား ဂိုဏ်း ရဲ့ ပိုင်နက် ပဲကွ... ငါ က ဟန်ရှန်...”

“ဝုန်း... ”

သူ့ကို ပြန်လည် တုံ့ပြန်လိုက်သည်မှာ ကီလိုမီတာ နှစ်ထောင် ခန့် အကွာမှနေ၍ ပစ်လွှတ်လိုက်သော စွမ်းအားမြင့် ဝိညာဉ်စွမ်းအင်သုံး ပေါက်ကွဲရေး ကျည်ဆန် ကြီး တစ်လုံး ပင် ဖြစ်၏။

'ခေါင်းမာတဲ့ ကောင်လေး' သည် 'မုန်တိုင်း တိုက်တန်' စက်ရုပ်ကြီး ၏ မောင်းနှင်ခန်း ထဲတွင် ထိုင်လျက် ဟိုလိုဂရမ် ချိန်ရွယ် မှန်ဘီလူး ထဲတွင် ဟန်ရေးပြနေဆဲ ဖြစ်သော အဘိုးကြီး ကို ကြည့်ကာ အထင်သေးစွာ နှုတ်ခမ်းမဲ့လိုက်၏။

“ငါတို့က နယ်မြေ လာသိမ်းတာလေကွာ... မင်းရဲ့ ကိုယ်ရေးရာဇဝင် ကို ဘယ်ကောင်က နားထောင်ချင်နေမှာလဲ”

“သေစမ်း... ”

“ဒိုင်း... ”

ဖိသိပ်ထားသော ဝိညာဉ်စွမ်းအင်သုံး ကျည်ဆန် ကြီးက လေထုထဲတွင် မည်းမှောင်သော အပြာရောင် လမ်းကြောင်း ကြီး တစ်ခုကို ရေးဆွဲသွားပြီး အေးစက်သော ဓား ဂိုဏ်း ၏ တောင်စောင့် မဟာအခင်းအကျင်း ကြီးကို အလွန် တိကျစွာ သွားရောက် ဝင်တိုက်ပစ်လိုက်တော့သည်။

“ဂျွတ်... ”

မူလဝိဉာဉ်အဆင့် အလယ်အလတ်အဆင့် ၏ တိုက်ခိုက်မှု ကိုပင် တောင့်ခံနိုင်စွမ်း ရှိသော... အစွမ်းကုန် ဖွင့်လှစ်ထားသည့် 'နှင်းခဲ ဝိညာဉ် သော့ခတ်ခြင်း အခင်းအကျင်း' ကြီးမှာ... ဤ အလွန်အမင်း ရက်စက် ကြမ်းကြုတ်လှသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် သုံး တိုက်ခိုက်မှု ကြီး၏ အရှေ့တွင် ကြက်ဥခွံ လေး တစ်ခုပမာ ကျိုးပဲ့လွယ်လွန်းလှပေသည်။

အလင်းတန်း မျက်နှာပြင် ကြီးမှာ မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

ပေါက်ကွဲမှု ၏ လှိုင်းဂယက် ကြောင့် 'တာအိုဆရာ ဟန်ရှန်' မှာ လေထဲတွင် လိမ့်ကျသွားပြီး သူ၏ ဆံပင် များ ပင်လျှင် မီးလောင် ကျွမ်းသွားတော့၏။

'အခင်းအကျင်း... အခင်းအကျင်း ကြီး ပေါက်သွားပြီလား... တစ်ချက်တည်း နဲ့လေ...'

'တာအိုဆရာ ဟန်ရှန်' ကြောက်ရွံ့ရန် အချိန်ပင် မရလိုက်မီ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

“အတွေ့အကြုံမှတ် တွေ... လုံးဝကို အတွေ့အကြုံမှတ် အစစ် တွေပဲကွ”

“ဟို အဘိုးကြီး ရဲ့ မူလဝိဉာဉ်အဆင့် ကို ငါ အရင် ယူမယ်ဟေ့”

“ချီတက်ကြ... အရင် ရောက်တဲ့ ကောင် အရင် ရမယ်ကွ”

မဟာအခင်းအကျင်း ကြီး ကြေမွသွားသည် နှင့် တစ်ပြိုင်နက် မြေပြင်ပေါ်ရှိ ဇာ့ဂ် ကစားသမား များမှာ လုံးဝကို ရူးသွပ်သွားကြတော့သည်။

'ဝက်ဝံ' က ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ၏ အရိုး တောင်ပံ ကြီးများ (လင်းယုန် ၏ မျိုးရိုးဗီဇ နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။) ကို ရုတ်တရက် ဖြန့်ကြက်လိုက်ကာ ဖြူဖွေးသော အမြောက်ဆံ ကြီး တစ်လုံးပမာ ကောင်းကင်ယံ သို့ ထိုးတက်သွားတော့၏။

“ရှီး... ”

သူက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့် တစ်သိုက် ၏ အလယ်ဗဟို သို့ တည့်တည့်ကြီး ဝင်တိုက်ပစ်လိုက်၏။

အရိုး ဓားကြီး နှစ်လက် က လေရဟတ် ကြီး တစ်ခုပမာ လည်ပတ်သွားတော့၏။

“ဖောင်း... ဖောင်း... ဖောင်း... ဖောင်း... ”

သွေး များနှင့် ပြတ်ထွက်သွားသော ခြေလက် အင်္ဂါ များ အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။

ပုံမှန် အချိန်များတွင် သံမဏိ ကို ရွှံ့စေး ပမာ အလွယ်တကူ ဖြတ်တောက်နိုင်သော ထို ဓားပျံ များမှာ 'ဝက်ဝံ' ၏ 'နှင်း မိစ္ဆာ ၏ ထူထဲသော သားရေ' ကို ထိမှန်သောအခါ မီးပွား လေးများ သာ ထွက်ပေါ်လာစေနိုင်တော့၏။

“အရမ်း ကျွတ်တာပဲ... အရမ်းကို ကျွတ်လွန်းတယ်ကွာ”

'ဝက်ဝံ' က ရူးသွပ်စွာ ရယ်မောလိုက်၏။

“မင်းတို့ရဲ့ ဓားပျံ တွေက ထမင်း မစားထားကြဘူးလား... ဒါကို ကျင့်ကြံသူ တွေ လို့ ခေါ်တာလား”

“ဟို ရေခဲ မာမွတ် ဆင်ကြီး လောက်တောင် စွမ်းအား မရှိပါလားကွာ”

မြေပြင်ပေါ်တွင်မူ စက်မှုနည်းပညာ မျိုးနွယ်စုဝင် ကစားသမား များက လွှမ်းခြုံ ပစ်ခတ်မှု ကြီးများကို စတင်နေကြတော့၏။

“သေနတ် အမှတ် (၁)... ကိုဩဒိနိတ် ( - တည်နေရာ) (၁၂၅, ၃၄၀)... အဲဒီ ဧရိယာ တစ်ခုလုံးကို ပစ်ခတ်”

“ဟို ပင်မ ခန်းမဆောင် ကြီးကို အမှုန့်ဖြစ်အောင် ပစ်ခွဲပစ်လိုက်... ဟို တိုင် ကြီးတွေက ကြေးဝါတွေနဲ့ လုပ်ထားတဲ့ ပုံပဲကွ”

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ”

မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်သုံး ကျည်ဆန် များဖြင့် ဖွဲ့စည်းထားသည့် သတ္တု မုန်တိုင်း ကြီးက အေးစက်သော ဓား ဂိုဏ်း ၏ ထောင့်တိုင်းကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ တံမြက်စည်း လှည်းသလို ရှင်းလင်းပစ်နေတော့သည်။

ဒါက မှော်မန္တန် များ အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မျိုး မဟုတ်တော့ချေ။

ဒါက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကြီး တစ်ခု ပင် ဖြစ်၏။

၎င်းမှာ ရိုးရာ လက်မှုပညာ များ အပေါ်သို့ အကြီးစား စက်မှုလုပ်ငန်း ကုန်ထုတ်လုပ်မှု လိုင်း ကြီးများ ၏ အလွန်အမင်း ရက်စက် ကြမ်းကြုတ်လှသော ထိုးနှက်ချက် ကြီး ပင် ဖြစ်တော့သည်။

... ... ...

အဝေးရှိ ကျောက်တုံး ကြီး တစ်တုံး ၏ အနောက်ဘက် တွင်၊

'အရိပ်' မှာ တစ်ကိုယ်လုံး အေးစက်နေပြီး သူ၏ ခြေလက် များမှာလည်း တောင့်တင်းနေတော့၏။

တပ်မတော် နှစ်ခု အပြန်အလှန် တိုက်ခိုက်ကြသည်ကို သူ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့ပါသည်။ စွမ်းအားကြီးမားသော သခင်ကြီး များ အချင်းချင်း တိုက်ခိုက်ကြသည်ကိုလည်း သူ မြင်ဖူးခဲ့ပါ၏။

သို့ရာတွင် ဤကဲ့သို့သော... ကိုယ်ကျင့်တရား နှင့် စည်းမျဉ်းစည်းကမ်း ဆိုသည်မှာ လုံးဝ မရှိသော စစ်ပွဲ မျိုးကိုမူ သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဇာ့ဂ် မိစ္ဆာကောင် (ကစားသမား) တစ်ကောင်က တပည့် တစ်ဦး၏ လည်ချောင်း ကို ကိုက်ဖြတ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။ သို့သော် သတ်ပစ်ရန် မဟုတ်ဘဲ... သူ၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် သွေး များကို သောက်သုံးနေခြင်း ပင် ဖြစ်၏။ သောက်သုံးပြီးသွားသောအခါ ထို ကစားသမား က အလောင်းကို ဆွဲငင်သွားပြီး “ဥ ဖောက်ဖို့” အတွက် ပြန်သယ်သွားမည် ဟုပင် ပြောဆိုနေသေးတော့၏။

စက်ရုပ်ကြီး တစ်ရုပ်က အေးစက်သော ဓား ဂိုဏ်း ၏ ပင်မ တံခါးကြီး ကို အစိတ်စိတ်အမွှာမွှာ ဖြုတ်ပစ်လိုက်ပြီး... စကျင်ကျောက် ဖြူ ဖြင့် ပြုလုပ်ထားသော ကျောက်ခြင်္သေ့ ရုပ် နှစ်ရုပ်ကို သိုလှောင်ခန်း ထဲသို့ အတင်းအကြပ် ထိုးသိပ်ထည့်ကာ... “ဒီအကောင် တွေကို အခြေစိုက် စခန်း ရဲ့ တံခါးဝ မှာ သွားထားလိုက်ရင် လုံးဝ အမိုက်စား ဖြစ်နေမှာပဲကွ” ဟု အော်ဟစ်နေသည်ကိုလည်း သူ တွေ့လိုက်ရ၏။

နံ့သာတိုင် တစ်ဝက်စာ ခန့် အချိန်တိုလေး အတွင်းမှာပင်၊ အေးစက်သော ဓား ဂိုဏ်း မှာ လုံးဝ အမြစ်ပြတ် ရှင်းလင်းခံလိုက်ရတော့၏။

တပည့် ငါးရာ လုံး နီးပါး သေဆုံး၊ သို့မဟုတ် အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့ကြ၏။

'တာအိုဆရာ ဟန်ရှန်' ပင်လျှင် မလွတ်မြောက်နိုင်ခဲ့ချေ။ သူသည် စက်ရုပ်ကြီး ဒါဇင်ပေါင်းများစွာ ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး သူ၏ ရုပ် ခန္ဓာကိုယ်မှာ ပေါက်ကွဲ ထွက်သွား၏။ သူ၏ မူလဝိဉာဉ်အဆင့် ဝိညာဉ် လေး နေရာရွှေ့ပြောင်း ထွက်ပြေးရန် ကြိုးစားလိုက်သည့် အခိုက်အတန့်လေးမှာပင် ဧရာမ ဝိညာဉ်စွမ်းအင်သုံး ကွန်ရက် ကြီး တစ်ခု၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။

“ဖမ်းမိပြီဟေ့... တောရိုင်း မူလဝိဉာဉ်အဆင့်ကြီး တစ်ကောင်ကွ”

'ခေါင်းမာတဲ့ ကောင်လေး' သည် ကွန်ရက် ထဲတွင် စူးရှစွာ အော်ဟစ်နေသော လူရုပ် သေးသေးလေး ကို ကိုင်ဆောင်ကာ ဆက်သွယ်ရေး စက် မှတစ်ဆင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

“ညီအစ်ကိုတို့... စွမ်းအင်မြင့် ဘက်ထရီတွေ ရပြီဟေ့”

“မြန်မြန်... ပူပူနွေးနွေး လေး ရှိနေတုန်း ဓာတ်ပေါင်းဖို ထဲကို သွားသိပ်ထည့်လိုက်ကြ”

... ... ...

လေပြင်းများနှင့် နှင်းမုန်တိုင်း များက ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်၏။

သို့သော် အေးစက်သော ဓား ဂိုဏ်း ကတော့ မရှိတော့ချေ။

ကျန်ရှိနေခဲ့သည်မှာ အပျက်အစီး များနှင့်... စစ်မြေပြင် ကို ကျိုင်းကောင် အုပ်ကြီးပမာ အလုအယက် ရှင်းလင်းနေကြသော ဓားပြ တစ်သိုက် သာ ရှိတော့သည်။

ကြမ်းပြင်ပေါ်ရှိ ကြွေပြား များကိုပင် သုံးလွှာ အထိ နက်အောင် ကလော်ထုတ် သွားကြသေးတော့၏။

'အရိပ်' က သူ၏ ပါးစပ်ကို တင်းကျပ်စွာ ပိတ်ထားပြီး အသံ နည်းနည်းလေး ပင် ထွက်မလာအောင် ကြိုးစားနေရ၏။

'အရမ်း ကြောက်ဖို့ ကောင်းတာပဲ'

'ဒါ ပြည်ပ က မိစ္ဆာကောင် တွေ လုံးဝ မဟုတ်ဘူးကွ'

'ဒါ ကပ်ဘေး ကြီး တစ်ခုပဲဟေ့'

'ဒီအရာတွေကိုသာ ဆက်ပြီး ပြန့်နှံ့ခွင့် ပေးလိုက်မယ် ဆိုရင်... ဝိညာဉ် ကမ္ဘာ ကြီး တစ်ခုလုံး...'

'သတင်း ပြန်ပို့ ရမယ်... အခုချက်ချင်း... အခုချက်ချင်း ပြန်ပို့ရမယ်ကွ'

'အရိပ်' သည် သူ၏ အိတ်ကပ်ထဲမှ နေရာရွှေ့ပြောင်းရေး မန္တန် အဆောင် တစ်ခုကို တုန်ရီနေသော လက်များဖြင့် ဆွဲထုတ်လိုက်၏။

သို့သော် သူ မန္တန် အဆောင် ကို ချေမွတော့မည့် အချိန်လေးမှာပင်...

“တီ... ”

[စွမ်းအင်မြင့် တုံ့ပြန်မှု တစ်ခုကို ရှာဖွေ တွေ့ရှိထားပါတယ်။]

[ကိုဩဒိနိတ် - အရှေ့ဘက် တည့်တည့်၊ မီတာ (၅၀၀) အကွာ၊ ကျောက်တုံး များ၏ အနောက်ဘက် တွင်၊]

[ပစ်မှတ် အမျိုးအစား - လူသား ပုံစံ၊ စွမ်းအင် အဆင့် - မူလဝိဉာဉ်အဆင့် နှောင်းပိုင် ။]

'ခေါင်းမာတဲ့ ကောင်လေး' ၏ စက်ရုပ်ကြီး ထဲရှိ ရေဒါတွင် ရုတ်တရက် သတိပေး အချက်ပေးသံ ထွက်ပေါ်လာတော့၏။

“ဟင်”

'ခေါင်းမာတဲ့ ကောင်လေး' က ဧရာမ စက်ရုပ် ခေါင်းကြီးကို လှည့်လိုက်ရာ သူ၏ အနီရောင် အီလက်ထရောနစ် မျက်လုံးများက 'အရိပ်' ပုန်းအောင်းနေသော ကျောက်တုံး ဆီသို့ အတိအကျ ချိန်ရွယ်သွားတော့သည်။

“လွတ်နေတဲ့ ကောင်တွေ ရှိသေးတာလား”

“ပြီးတော့ အနီရောင် နာမည် ပြနေတဲ့ ဘော့စ်... မူလဝိဉာဉ်အဆင့် နှောင်းပိုင်း တဲ့လား”

“ညီအစ်ကိုတို့...”

လှောင်ပြောင်နေသော အရိပ်အယောင် အနည်းငယ် ပါဝင်သည့် 'ခေါင်းမာတဲ့ ကောင်လေး' ၏ အသံကြီးက အသံချဲ့စက် မှတစ်ဆင့် ကွင်းပြင် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

“ဟိုဘက်မှာ 'ဆဋ္ဌမ ညီအစ်ကို'

(ပုန်းအောင်းနေသူ / ချုံခို တိုက်ခိုက်သူ) တစ်ယောက် ပုန်းနေတယ်ဟေ့”

“ကြည့်ရတာ အဆင့်မြင့် ဘော့စ် တစ်ကောင် ဖြစ်မယ့် ပုံပဲ... ချပေးမယ့် ပစ္စည်း တွေက တော်တော် မိုက်မှာ သေချာတယ်ကွ”

“အရင် ရတဲ့ ကောင် အပိုင်ပဲဟေ့”

“ဝုန်း... ”

စကားသံ ဆုံးသွားသည် နှင့် တစ်ပြိုင်နက် မျက်လုံး ထောင်ပေါင်းများစွာ... အနီရောင် အီလက်ထရောနစ် မျက်လုံးများ၊ အစိမ်းရောင် အင်းဆက် မျက်လုံးများ နှင့် လောဘကြီးလှသော လူသား မျက်လုံးများ အားလုံး က 'အရိပ်' ပုန်းအောင်းနေသော နေရာဆီသို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြတော့သည်။

'ပြေး... မြန်မြန် ပြေးစမ်း... ။'

'အရိပ်' ၏ စိတ်ထဲတွင် ဤ စကားလုံး တစ်ခွန်းတည်း သာ ကျန်ရစ်တော့သည်။

သူ ဆက်ပြီး မပုန်းအောင်း နေရဲတော့ချေ။ မူလဝိဉာဉ်အဆင့် နှောင်းပိုင်း ၏ စွမ်းအား များကို အစွမ်းကုန် ထုတ်လွှတ်လိုက်ပြီး အမည်းရောင် အလင်းတန်း ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲကာ တောင်ဘက် အရပ် သို့ ရူးသွပ်စွာ အသက်လု ထွက်ပြေးတော့သည်။

“ဘော့စ် ကြီး ထွက်ပြေးသွားပြီဟေ့”

“လိုက်ဖမ်းကြ... လိုက်ဖမ်းကြ”

“သူ့ဆီမှာ ထိပ်တန်း အဆင့် လက်နက်ပစ္စည်း တွေ သေချာပေါက် ရှိရမယ်ကွ”

သူ၏ အနောက်ဘက် တွင် အင်ဂျင် ဟိန်းဟောက်သံကြီး များနှင့် အင်းဆက် များ၏ စူးရှသော အော်ဟစ်သံကြီး များက ထပ်ချပ်မကွာ လိုက်ပါလာတော့သည်။

တာ့ချန် အင်ပါယာ ၏ ထိပ်တန်း သူလျှို ကြီးကို ပစ်မှတ်ထားသော... ဆာဗာတစ်ခုလုံးဆိုင်ရာ လူဖမ်းပွဲ ကြီး ... စတင်ခဲ့တော့၏။

အခန်း (၂၇၂) သံမဏိ ဓား ဂိုဏ်း ရဲ့ အိပ်မက်ဆိုး ကြီး.. ဒါကို မင်းတို့က ရင်းနှီးစွာ သိုင်းပညာ ဖလှယ် တာ လို့ ခေါ်တာလား

ကွေ့ယွမ် ပထမ တောင်ခွဲ ၏ သုံးရာ မိုင် အကွာတွင် သစ်ပင် ပန်းမန် များ စိမ်းလန်း စိုပြည်နေသော တောင်ကြား လေး တစ်ခု ရှိပြီး ထိုနေရာကို 'သံမဏိ ဓား ဂိုဏ်း' ဟု ခေါ်ဆိုကြ၏။

‌၎င်းက လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ၏ လက်အောက်ခံ ဂိုဏ်းခွဲ တစ်ခု ဖြစ်သည်။ အလယ်အလတ် အရွယ်အစား ရှိသော ဝိညာဉ် ကျောက်ရိုင်း သတ္တုတွင်း တစ်ခုကို ပိုင်ဆိုင်ထားကာ ဓားပျံ များ ဖန်တီးခြင်း ကို အဓိကထား လုပ်ဆောင်လေ့ ရှိကြသည်။ မိုင်တစ်ထောင် ပတ်လည် အတွင်း တွင် သံမဏိ ဓား ဂိုဏ်း ၏ ဂိုဏ်းချုပ် 'တာအိုဆရာ ချီဟော့' သည် နာမည် တစ်လုံး နှင့် ရပ်တည်နေသော ပုဂ္ဂိုလ် ကြီး တစ်ဦးပင်။... ရွှေအမြုတေအဆင့် အထွတ်အထိပ် တွင် ရှိသော ကျင့်ကြံသူ တစ်ဦး ဖြစ်ကာ သူ၏ လက်အောက်တွင် တပည့် စစ်သည်တော် ငါးရာ ခန့် ရှိသဖြင့် ပုံမှန် အချိန်များတွင် သူသည် အလွန်တရာ မာနထောင်လွှားပြီး ဂုဏ်ယူဝင့်ကြွားလေ့ ရှိ၏။

သို့သော် ယနေ့တွင်မူ 'တာအိုဆရာ ချီဟော့' ၏ ညာဘက် မျက်ခွံ က တဆတ်ဆတ် ခုန်လှုပ်နေတော့သည်။

ဤအခိုက်အတန့်တွင် ဂိုဏ်း ၏ ပင်မ တံခါးကြီး ၏ အပြင်ဘက် တွင်၊

မီတာ သုံးဆယ် ခန့် မြင့်မားသော 'မုန်တိုင်း တိုက်တန်' စက်ရုပ်ကြီး က တဝီဝီ မြည်ဟည်းလျက် ပင်မ တံခါးကြီး ၏ အရှေ့တွင် ရပ်တန့်သွားတော့သည်။

စက်ရုပ်ကြီး ၏ ခြေထောက်ရှိ ခြင်းတောင်း ထဲတွင် တာ့ချန် နတ်ဘုရား အင်ပါယာ ၏ ထိပ်တန်း သူလျှို ကြီး 'အရိပ်' သည် လက်ရန်း ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်နှာ တစ်ခုလုံး သွေးဆုတ် ပြာနှမ်းနေ၏။ အလွန်အမင်း ဆောင့်တက် ဆောင့်ကျ ဖြစ်လှသော ခရီးစဉ် ကြောင့် သူ၏ သည်းခြေရည် များ ပင် အန်ထွက်လုမတတ် ဖြစ်နေခဲ့ရတော့၏။

“ရောက်ပြီ... ဒီနေရာပဲဟေ့”

မောင်းနှင်ခန်း အတွင်းမှနေ၍ 'ခေါင်းမာတဲ့ ကောင်လေး' ၏ အသံကြီးက အသံချဲ့စက် မှတစ်ဆင့် မိုးခြိမ်းသံကြီး တစ်ခုပမာ ထွက်ပေါ်လာပြီး တောင်ကြား တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေတော့သည်။

“မြေပုံ အရ ဆိုရင် ဒီနေရာမှာ သတ္တုတွင်း အကြီးကြီး တစ်ခု ရှိတယ်... ပြီးတော့ သတ္တု တွေ အများကြီး ပါဝင်တဲ့ လက်နက် ဖန်တီးရေး အခန်း လည်း ရှိတယ်တဲ့ကွ”

အရှေ့ဘက်ရှိ မြူခိုးများ ရစ်သိုင်းနေပြီး နတ်ဘုရား နယ်မြေ တစ်ခုပမာ လှပ သေသပ်လှသော ပင်မ တံခါးကြီး ကို ကြည့်ရင်း 'အရိပ်' မှာ တဆတ်ဆတ် တုန်ရီလာပြီး သတိပေး စကား ဆိုလိုက်၏။

“ဟို... ဟိုလေ... သူရဲကောင်း ကြီး ခင်ဗျာ... သံမဏိ ဓား ဂိုဏ်း မှာ တောင်စောင့် မဟာအခင်းအကျင်း ကြီး ရှိတယ်ဗျ... ပြီးတော့ တာအိုဆရာ ချီဟော့ က ရွှေအမြုတေအဆင့် အထွတ်အထိပ် သခင်ကြီး နော်... ကျွန်တော်တို့ အရင်ဆုံး သံတမန် နည်းလမ်း တွေ သုံးပြီး စကား သွားပြောကြည့်ရအောင်လား... ဒါမှမဟုတ် အရင်ဆုံး ကင်းထောက် ကြည့်တာမျိုးလေး ဘာလေး... မကောင်းဘူးလားဟင်”

“ကင်းထောက် မယ် ဟုတ်လား”

'ခေါင်းမာတဲ့ ကောင်လေး' က အထင်သေးစွာ နှာမှုတ်လိုက်၏။

“ငါ့ရဲ့ ရေဒါ ကြီး က စစ်ဆေး ပြီးသွားပြီကွ... အထဲမှာ အနီရောင် အစက်လေး ၅ဝဝ ရှိတယ်... အစွမ်းအထက်ဆုံး ကောင် ရဲ့ တိုက်ခိုက်ရေး စွမ်းအား က (၅၀၀၀) ပဲ ရှိတာ”

“'ယဉ်ယဉ်ကျေးကျေး အရင် ဆက်ဆံပြီးမှ အကြမ်းဖက် မယ်' ဆိုတဲ့ နည်းဗျူဟာ တွေလား... ဆောရီး ပဲကွာ... ငါတို့ အရမ်း လောနေတယ်... အခြား တပ်မတော် တွေလည်း ဒီမြေ ကို လုဖို့ တန်းစီ နေကြတယ်... ဒါကြောင့် မြန်မြန် လုပ်မှ ရမယ်ဟေ့”

ထိုစဉ် သံမဏိ ဓား ဂိုဏ်း အတွင်းမှ သတိပေး ခေါင်းလောင်းသံကြီး များ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

“ဘယ်ကောင် တွေက ငါ့ရဲ့ သံမဏိ ဓား ဂိုဏ်း ရဲ့ ပိုင်နက် ထဲကို ကျူးကျော် ဝင်ရောက်လာရဲတာလဲကွ”

ဒေါသတကြီး ဟိန်းဟောက်သံကြီး နှင့်အတူ 'တာအိုဆရာ ချီဟော့' သည် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲ ဒါဇင်ပေါင်းများစွာ ကို ဦးဆောင်ကာ ဓားပျံ များကို စီးနင်းလျက် ကောင်းကင်ယံ သို့ ထွက်ပေါ်လာတော့၏။ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ ကြီးများကို ပြင်းထန်စွာ ထုတ်လွှတ်လိုက်၏။

သူ၏ အနောက်ဘက်တွင် တပည့် ငါးရာ ခန့် က သပ်ရပ်သော စစ်ရေးပြ တန်းစီမှု ဖြင့် မတ်တတ်ရပ်နေကြပြီး သူတို့၏ ဓား များမှာလည်း ကောင်းကင်ယံ သို့ ထိုးတက်နေတော့သည်။

'တာအိုဆရာ ချီဟော့' သည် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော ဧရာမ သံမဏိ ဘီလူးကြီး ကို ကြည့်ကာ အံ့အားသင့် သံသယ ဝင်သွားသည် မှန်သော်ငြား ဂိုဏ်းချုပ် တစ်ယောက်၏ ဂုဏ်သိက္ခာ အရ သူ့ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှု အရိပ်အယောင် ကိုမျှ မထွက်ပေါ် စေနိုင်ချေ။

“ငါ က တာအိုဆရာ ချီဟော့ ပဲ... ဒီနေရာက လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ရဲ့ လက်အောက်မှာ ရှိတဲ့...”

'တာအိုဆရာ ချီဟော့' သည် တစ်ဖက်လူကို ခြိမ်းခြောက်ရန် သူ၏ ပုံမှန် ပြောနေကျ လေလုံးထွား သည့် စကားများကို ပြောဆိုရန် ပြင်လိုက်သည့် အချိန်လေးမှာပင်၊

“ပစ်”

'ခေါင်းမာတဲ့ ကောင်လေး' သည် ထို အဘိုးကြီး ဘာတွေ ပြောနေသနည်း ဆိုတာကို လုံးဝ နားမထောင်တော့ဘဲ သူ၏ လက်ချောင်းဖြင့် အနီရောင် ပစ်လွှတ်ရေး ခလုတ် ကို တိုက်ရိုက် နှိပ်ချလိုက်တော့သည်။

“ဝုန်း... ”

စက်ရုပ်ကြီး ၏ ပခုံး နှစ်ဖက်ပေါ်တွင် တပ်ဆင်ထားသော ပြောင်းနှစ်မြွှာ ဝိညာဉ်စွမ်းအင်သုံး ဗုံးကြဲ အမြောက်ကြီး များ က သတိပေးချက် မရှိဘဲ ရုတ်တရက် ဟိန်းဟောက်သွားတော့၏။

မည်းမှောင်သော အပြာရောင် အလင်းတန်းများ တောက်လောင်နေသည့် စွမ်းအားမြင့် ပေါက်ကွဲရေး ကျည်ဆန် ကြီး နှစ်လုံး က ကီလိုမီတာ တစ်ထောင် ခန့် အကွာအဝေး ကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားတော့သည်။

“ဘာ”

'တာအိုဆရာ ချီဟော့' ၏ မျက်ဝန်းအိမ် များမှာ အပ်ပေါက် အရွယ်အစား ခန့် အထိ ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။

'အင်မော်တယ် လောက ကြီးမှာ... မတိုက်ခင် စကားနိုင်လု ပြီး အချင်းချင်း စော်ကား ကြရတယ် ဆိုတဲ့ စည်းမျဉ်း တွေ မရှိတော့ဘူးလားကွာ... ဘယ်ကောင် ကများ စစချင်းမှာတင် တိုက်ခိုက်မှု စတင် လိုက်တာလဲ'

မည်သို့ပင် ဆိုစေကာမူ သူသည် ဝါရင့် ကျင့်ကြံသူ တစ်ဦး ပီပီ အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်နိုင်ပြီး လိပ်ခွံ ပုံစံ ဒိုင်းလွှား ကြီး တစ်ခုကို ချက်ချင်း ဖန်တီးလိုက်၏။

“ဒိုင်း... ”

ဒိုင်းလွှား ကြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့၏။

ထို့အပြင် တောင်စောင့် မဟာအခင်းအကျင်း ကြီး ၏ အလင်းတန်း မျက်နှာပြင်ကြီး မှာလည်း စက္ကူ တစ်ရွက်ပမာ ဆုတ်ဖြဲခံလိုက်ရတော့သည်။

ပြင်းထန်လှသော ပေါက်ကွဲမှုကြီး ကြောင့် ပင်မ တံခါးကြီး တွင် ဧရာမ မှိုပွင့် ပုံစံ မီးခိုးလုံးကြီး တစ်ခု ထိုးတက်သွားပြီး ကြောက်မက်ဖွယ်ကောင်းလှသော လှိုင်းဂယက်ကြီး က စစ်ရေးပြ တန်းစီနေကြသော တပည့် စစ်သည်တော် ငါးရာ ကို မုန့်လုံးလေး များပမာ လေထဲသို့ လွင့်စင်သွားစေတော့သည်။

“ဒါ... ဒါက ဘယ်လို မှော်ရတနာ မျိုးလဲကွ”

'တာအိုဆရာ ချီဟော့' မှာ လေလှိုင်း ၏ ရိုက်ခတ်မှု ကြောင့် လွင့်စင်သွားပြီး သူ၏ မျက်နှာ တစ်ခုလုံး မည်းတူးနေကာ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှု များ ပြည့်နှက်နေတော့သည်။

'မန္တန် ရွတ်ဖို့ မလိုဘူးလား... လက်ဟန် တွေ ပြုလုပ်ဖို့ မလိုဘူးလား... ချက်ချင်း တန်းပြီး ပစ်လွှတ်လိုက်တာလား... ပြီးတော့ စွမ်းအား ကလည်း ဒီလောက်တောင် ကြီးမားနေတာလား'

သူ သတိ ပြန်ဝင်လာရန် အချိန်ပင် မရလိုက်မီ...

ထို သံတုံးကြီး ထဲမှနေ၍ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော အသံကြီး တစ်သံ ထွက်ပေါ်လာတော့သည်။

“ညီအစ်ကိုတို့... ငါတို့ ဖောက်ထွင်း နိုင်ပြီဟေ့... အဝစား ဘူဖေး စားသောက်ပွဲ ကြီး စတင်ပြီကွ”

“ချီတက်ကြစမ်း... ”

ထို့နောက် ချက်ချင်းဆိုသလိုပင် 'အရိပ်' နှင့် သံမဏိ ဓား ဂိုဏ်း မှ ကျင့်ကြံသူ များ အားလုံး သူတို့ တစ်သက်လုံး မေ့ဖျောက်၍ မရနိုင်တော့မည့် မြင်ကွင်းကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

စက်ရုပ်ကြီး ၏ အနောက်ဘက်ရှိ နှင်းဖုံး ကုန်းစောင်း လေး၏ အနောက်မှနေ၍... မရေမတွက်နိုင်သော မိစ္ဆာကောင် ကြီးများ ရုတ်တရက် အလုအယက် ပြေးထွက်လာကြတော့၏။

သစ်ခုတ်လွှ ဓားကြီး များကို ကိုင်ဆောင်ထားပြီး မီးမှုတ်စက် များကို လွယ်ထားကြသော ရူးသွပ်နေသည့် စက်မှုနည်းပညာ ကစားသမား တွေ ရှိ၏။

အရိုး ဓားကြီး တွေ ပါရှိပြီး သူတို့ရဲ့ ခန္ဓာကိုယ် ထဲမှာ အက်ဆစ် တွေ စီးဆင်းနေသော ဇာ့ဂ် ဂြိုဟ်သား ကြီးတွေ လည်း ပါလေသည်။

သူတို့သည် မည်းမှောင်သော ဒီရေလှိုင်းကြီး တစ်ခုပမာ ဖြူဖွေးနေသော ပင်မ တံခါးကြီး ကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံ ဝါးမျိုသွားကြတော့၏။

“သတ်ကြဟေ့... ဟို အနီရောင် ဝတ်ရုံ နဲ့ အဘိုးကြီး က ငါ့အပိုင် ပဲနော်... သူက ဘော့စ် ပဲကွ”

“မလုနဲ့... ဟို သေဆေး ဖော်စပ်ရေး မီးဖို ကြီးက ငါ့ဟာကွ... ငါ အဲဒါကြီးကို ဓာတ်ပေါင်းဖို အဖြစ် ပြောင်းလဲပစ်ဖို့ ပြန်သယ်သွားမလို့ဟေ့”

“ဟိုဘက်က အမျိုးသမီး ကျင့်ကြံသူ လေးကို မသတ်လိုက်နဲ့ဦး... သူက ရှားပါး အန်ပီစီ လေးကွ... အရှင် ဖမ်းပြီး ငါတို့ရဲ့ ကြော်ငြာ မော်ဒယ် အဖြစ် ပြန်ခေါ်သွားရမယ်ဟေ့”

'တာအိုဆရာ ချီဟော့' သည် လူတွေကို သတ်ဖြတ်ရုံ သာမက သူတို့၏ ဝိညာဉ် များကိုပါ ဖျက်ဆီးပစ်ရန် ကြိုးစားနေကြသည်။ ကြမ်းပြင်ပေါ်ရှိ ကြွေပြား များကိုပင် ကလော်ထုတ် နေကြသော ဤ ဓားပြ တစ်သိုက် ကို ကြည့်ကာ အကြီးအကျယ် ထိတ်လန့်သွားတော့၏။

“မိစ္ဆာ ကျင့်ကြံသူ တွေပဲ... မင်းတို့တွေက တိရစ္ဆာန် တွေပဲကွ”

“တပည့် တွေ... ဓား တစ်ထောင် အခင်းအကျင်း ကို ဖွဲ့ကြစမ်း... သူတို့ကို သေသည်အထိ တိုက်ကြမယ်ဟေ့”

'တိုက်မယ် ဟုတ်လား... ဘာနဲ့ သွားတိုက်မှာလဲ'

ကောင်းကင်ယံ တွင် ဧရာမ နဂါးပျံ ကြီး တစ်ကောင် (ဆင့်ကဲပြောင်းလဲထားသော 'ဝက်ဝံ' ၏ ပုံစံသစ်) ထိုးဆင်းလာတော့သည်။

'ဝက်ဝံ' ၏ လက်ရှိ ပုံစံကြီး မှာ လုံးဝကို ကြောက်မက်ဖွယ် ကောင်းလှ၏။ သူ၏ ထက်မြက်လှသော ခြေသည်း လက်သည်း လေးချောင်း က ပြေးဝင်လာသော ဓားပျံ များကို အလွယ်တကူ တိုက်ချိုးပစ်လိုက်သည်။... အလွန်အမင်း အေးခဲလှသော အသက်ရှူငွေ့ ကြီး တစ်ခုကို ပန်းထုတ်လိုက်ရာ တပည့် ဒါဇင်ပေါင်းများစွာ မှာ ချက်ချင်း ရေခဲရုပ် ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြတော့၏။

ထို့နောက် သူက 'တာအိုဆရာ ချီဟော့' ၏ ကာကွယ်ရေး နတ်ဘုရား အလင်းတန်း ကြီးကို ကိုက်ဖြတ်လိုက်၏။

“ဂျွတ်... ”

အလင်းတန်း ကြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့သည်။

“မလုပ်နဲ့... ”

'တာအိုဆရာ ချီဟော့' မှာ စူးရှစွာ အော်ဟစ်လိုက်သော်ငြား 'ဝက်ဝံ' ၏ မြေကြီးပေါ်သို့ ဖိချခြင်းကို ခံလိုက်ရတော့၏။

'ဝက်ဝံ' က သူ့ကို တိုက်ရိုက် မသတ်ပစ်ဘဲ ကျွမ်းကျင်စွာဖြင့် အတွင်းသို့ လက်နှိုက်ကာ သူ၏ လက်နက် ကို ဆွဲထုတ်လိုက်သည်။

“ဖူး... ”

ရွှေအမြုတေ လေး တစ်ခု ဆွဲထုတ်ခံလိုက်ရတော့၏။

“ကျေးဇူးပဲ ညီအစ်ကိုရာ... မီး လေး နည်းနည်းလောက် ငှားလို့ ရမလား”

'ဝက်ဝံ' က ရွှေအမြုတေ လေးကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး သကြားလုံး လေး တစ်လုံးပမာ ဝါးစားလိုက်သည်။

“အင်း... မီး စွမ်းအင် တွေ ပါတာပဲ... နည်းနည်းတော့ စပ်တယ်... ဒါပေမဲ့ အတွေ့အကြုံမှတ် တွေကတော့ တော်တော်လေး များတာပဲကွ”

'ဂိုဏ်းချုပ် ကြီး... အစားခံလိုက်ရပြီလား'

ကျန်ရှိနေသေးသော တပည့် များမှာ လုံးဝကို ပြိုကျ ပျက်စီးသွားကြတော့သည်။

ဒါ တိုက်ပွဲ ကြီး တစ်ခု လုံးဝ မဟုတ်တော့ပါ။

ဒါက ရှင်းရှင်းကြီးကို အမဲလိုက် သားကောင် ဖမ်းသည့် ပွဲကြီး တစ်ခု သက်သက်ပင်။

“ပြေးကြ... ”

တစ်ယောက်ယောက်က တစ်စုံတစ်ရာကို အော်ဟစ်လိုက်ပြီး သံမဏိ ဓား ဂိုဏ်း ကြီးမှာ မျက်စိတစ်မှိတ်အတွင်း ကစဉ့်ကလျား ဖြစ်သွားတော့သည်။

သို့ရာတွင် အလုပ်မဖြစ်ခဲ့ချေ။

အပြင်ဘက် ပတ်လည် တစ်ခုလုံးကို မျက်စိဖြင့် မမြင်ရသော ဘိန်းလင်းများနှင့် မြေမြှုပ်မိုင်း များက လုံးဝ ပိတ်ဆို့ထားပြီး ဖြစ်၏။

နံ့သာတိုင် တစ်ဝက်စာ ခန့် အချိန်တိုလေး အတွင်းမှာပင်၊ သံမဏိ ဓား ဂိုဏ်း မှာ လုံးဝ အမြစ်ပြတ် ရှင်းလင်းခံလိုက်ရတော့၏။

'အရိပ်' သည် စက်ရုပ်ကြီး ၏ ခြင်းတောင်း ထဲတွင် ကွေးကွေးလေး ထိုင်နေပြီး ဤ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကြီး တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရ၏။ သူ၏ တစ်ကိုယ်လုံး အေးစက်နေပြီး သွားများ ပင် တဂတ်ဂတ် ရိုက်နေတော့သည်။

'အရမ်း... အရမ်းကို မြန်ဆန်လွန်းတယ်'

'အရမ်းကို ရက်စက် ကြမ်းကြုတ်လွန်းတယ်'

ကျင့်ကြံသူ များ အကြားတွင် ထားရှိရမည့် စည်းမျဉ်းစည်းကမ်း များနှင့် လေးစားမှု တွေ ဆိုတာ လုံးဝ မရှိတော့... ဒါက သတ်ဖြတ်ခြင်း၏ အထိရောက်ဆုံး နည်းလမ်းတွေကို အသုံးချပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာ သက်သက်ပင်။

သူတို့က ကျင့်ကြံသူ တွေကို ဘက်ထရီ လိုမျိုး သဘောထားကြ၏။ မှော်ရတနာ တွေကို သံတိုသံစ တွေလို သဘောထားကြ၏။... ပြီးတော့ ဂိုဏ်း ကြီးကို သတ္တုတွင်း တစ်ခု လို သဘောထားကြသည်။

တာ့ချန် နတ်ဘုရား အင်ပါယာ ကြီး အနေနှင့်. ဒီလို ရန်သူ မျိုးကို တကယ်ပဲ တောင့်ခံနိုင်ပါ့မည်လော။

“ဟေး... လူသစ် လေး”

ထိုစဉ် 'ခေါင်းမာတဲ့ ကောင်လေး' ၏ အသံကြီးက သူ့ကို လက်တွေ့ဘဝ ဆီသို့ ပြန်လည် ဆွဲခေါ်လာတော့၏။

စက်ရုပ်ကြီး ၏ ဧရာမ လက်မောင်းကြီး က ဆန့်ထွက်လာပြီး သူ၏ လက်ဝါး ပေါ်တွင် သွေးများ ပေကျံနေသော သိုလှောင်အိတ် တစ်လုံး ကို ကိုင်ဆောင်ထားသည်။

“ကြောင် မနေနဲ့... ဒီအထဲက ဝိညာဉ်ကျောက်တုံး တွေကို သွားခွဲခြားလိုက်”

“ငါတို့တွေ နောက်ထပ် ပွဲစဉ် တစ်ခု ဆီကို အပြေးအလွှား သွားရဦးမယ်ကွ... မိုင်နှစ်ရာ လောက် အကွာမှာ ဆေးပင် ဥယျာဉ် ကြီး တစ်ခု ရှိတယ် လို့ ကြားတယ်... ငါတို့ နောက်ကျသွားရင်... အဲဒီက ဝိညာဉ် ဆေးပင် တွေကို ဟို ဇာ့ဂ် မိစ္ဆာကောင် တွေက အကုန် စားပစ်လိုက်လိမ့်မယ်ဟေ့”

ခံစားချက် ကင်းမဲ့နေသော 'ခေါင်းမာတဲ့ ကောင်လေး' ၏ မျက်နှာကြီး ကို ကြည့်ရင်း 'အရိပ်' မှာ နောက်ဆုံးတွင် လုံးဝကို ပြိုကျ ပျက်စီးသွားတော့သည်။

အကယ်၍၊ သူ ထွက်မပြေးနိုင်လျှင်... နောက်ဆုံးမှာ သူလည်း ဒီ မိစ္ဆာကောင် ကြီးတွေ၏ ပါးစပ် ထဲက အတွေ့အကြုံမှတ်တွေ အဖြစ် ပြောင်းလဲသွားရလိမ့်မည် ဆိုတာကို သူ သဘောပေါက်သွားခဲ့တော့၏။

'ငါ မဖြစ်မနေ ထွက်ပြေးရမယ်'

'ဒီနေရာမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အရှင်မင်းကြီး ဆီ ပြန်ပြောပြရမယ်ကွ'

'ဒါက ဂိုဏ်း တွေ အချင်းချင်း ကြားက ပဋိပက္ခ တွေ မဟုတ်တော့ဘူး... ဒါက ဂြိုဟ်သား တွေရဲ့ ကျူးကျော် ဝင်ရောက်မှု ကြီးပဲဟေ့'

'ခေါင်းမာတဲ့ ကောင်လေး' က ဖြိုဖျက်ရေး လုပ်ငန်းများကို ဦးဆောင်ရန် လှည့်ထွက်သွားသည့် အချိန်လေးမှာပင် 'အရိပ်' သည် သူ၏ လျှာ ကို ရုတ်တရက် ကိုက်ဖြတ်လိုက်၏။ သူ၏ သက်စောင့် အနှစ်သာရ များကို လောင်မြိုက်စေကာ အရိပ် ကိုယ်ရံတော် တပ်ဖွဲ့ ၏ တားမြစ် မှော်မန္တန် ဖြစ်သော 'သွေး အရိပ် လွတ်မြောက်ခြင်း ကျင့်စဉ်'အား အသက်သွင်းလိုက်၏။

“ဝှစ်... ”

သူသည် မှေးမှိန်သော သွေး မျဉ်းကြောင်း လေး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး မြေကြီး အောက်သို့ မျက်စိတစ်မှိတ်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားကာ တောင်ဘက် အရပ် သို့ ရူးသွပ်စွာ အသက်လု ထွက်ပြေးတော့သည်။

“ဟင်”

'ခေါင်းမာတဲ့ ကောင်လေး' မှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ရေဒါ မျက်နှာပြင် ကို တစ်ချက် လှမ်းကြည့်လိုက်၏။

“အိုးရှစ်... ဟို အဆောင် လေး ထွက်ပြေးသွားပြီကွ”

“ဟေး ..ညီအစ်ကို... ငါတို့ လိုက်ဖမ်းကြမလား”

ဘေးနားရှိ ကစားသမား တစ်ယောက်က မေးလိုက်၏။

“မင့် အမေ ဖင် ကို သွားဖမ်း... ယုန် ထက်တောင် ပိုမြန်နေသေးတယ်ကွာ”

'ခေါင်းမာတဲ့ ကောင်လေး' က လက်ကို ဝှေ့ယမ်းလိုက်ပြီး ဂရုမစိုက်ဟန် ဖြင့် ဆို၏။

“မိစ္ဆာကောင် သေးသေးလေး တစ်ကောင် ပါကွာ... ကြည့်ရတာ အရမ်း လန့်သွားလို့ နေမှာပါ”

“သူ့ကို ဂရုစိုက်မနေနဲ့တော့... ဖြိုသာ ဖြိုချလိုက်ကြ... ဟို ပင်မ ခန်းမဆောင် ကြီးက တိုင် တွေက ကြေးဝါတွေနဲ့ လုပ်ထားတာနော်... ဘယ်ကောင်မှ ငါ့ဆီက မလုနဲ့ဟေ့”

... ... ...

မြေကြီး၏ အနက်ရှိုင်းဆုံး နေရာတွင်၊

'အရိပ်' မှာ သွေးများ အန်ကျနေသည့် ကြားမှပင် ရူးသွပ်စွာ ပြေးလွှားနေတော့သည်။

သူ အနောက်သို့ လှည့်မကြည့်ရဲသလို၊ ခဏ ပင် မရပ်နားရဲချေ။

သူ၏ စိတ်ထဲတွင် ထို ငရဲဘုံ ကဲ့သို့သော မြင်ကွင်းကြီးများသာ ပြည့်နှက်နေတော့သည်။ ဝါးစားခံလိုက်ရသော ရွှေအမြုတေ လေး၊ အစိတ်စိတ်အမွှာမွှာ ဖြုတ်ချခံလိုက်ရသော ပင်မ ခန်းမဆောင် ကြီး၊ နှင့် ထို မိစ္ဆာကောင် ကြီးများ၏ လောဘကြီးလှသော မျက်လုံးများ။

ကမ္ဘာကြီး ကတော့ လုံးဝ ပြောင်းလဲသွားခဲ့တော့၏။

'အရိပ်' က သူ၏ စိတ်ထဲတွင် အော်ဟစ်လိုက်၏။

'ဝိညာဉ် ကမ္ဘာ ကြီး အတွက်... ကောင်းကင်ကြီး ပြိုကျလာတော့မယ်’

အခန်း (၂၇၃) - သေမင်းတမန်၊ အရှင်မင်းကြီး... ကမ္ဘာပျက်ကိန်း ဆိုက်ပါပြီ

တာ့ချန် နတ်ဘုရား အင်ပါယာ ၏ ဧကရာဇ် မြို့တော်။

ဤနေရာကား ဝိညာဉ် ကမ္ဘာ ၏ နှလုံးသား ဗဟိုချက် ဖြစ်ပြီး အဆုံးမဲ့ ဂုဏ်ကျက်သရေ များဖြင့် ထွန်းလင်း တောက်ပနေသော နေရာ ပင် ဖြစ်၏။

မိုးထိမတတ် မြင့်မားလှသော မြို့ရိုး ကြီးများ ပေါ်တွင် ကာကွယ်ရေး နတ်ဘုရား မန္တန်စာလုံး များ ထွင်းထုထားသည်။ ကောင်းကင်ယံ တွင် မရေမတွက်နိုင်သော ဝိညာဉ် လှေ ကြီးများက အလင်းရောင် များ တဖျတ်ဖျတ် လင်းလက်လျက် အသွားအလာ ပြုလုပ်နေကြ၏။ ခမ်းနားထည်ဝါလှသော ဧကရာဇ် နန်းတော် ကြီးမှာ တိမ်တိုက် များ အကြားတွင် နတ်ဘုရား နန်းတော် ကြီး တစ်ခုပမာ လွင့်မျောနေပြီး သက်ရှိ သတ္တဝါ အားလုံးကို အထက်စီး မှနေ၍ ငုံ့ကြည့်နေတော့သည်။

ဤနေရာတွင် အင်မော်တယ် ကျင့်ကြံခြင်း ဆိုသည်မှာ လှပ သေသပ်ပြီး မြင့်မြတ်လှသော အရာ တစ်ခု ပင် ဖြစ်၏။ ကျင့်ကြံသူ များသည် အချစ်ရေး နှင့် ကဗျာ လင်္ကာ များ အကြောင်းကို ဆွေးနွေးလေ့ ရှိကြပြီး ကြီးမြတ်သော တာအို ၏ အခွင့်အရေး များကို ယဉ်ကျေးစွာ အပြိုင်အဆိုင် လုယူလေ့ ရှိကြသည်။

သို့သော် ယနေ့တွင်မူ ဤ ငြိမ်းချမ်းသော မြေမြတ် ကြီးဆီသို့ သွေးနံ့များ ရောနှောနေသော လေပြင်း တစ်ခု တိုက်ခတ်လာခဲ့တော့၏။

ရွှေရောင် နန်းတော် ကြီး အတွင်း၌၊

တာ့ချန် အင်ပါယာ ၏ အရှင်သခင်... ဧကရာဇ် ချန်းဝူကျီ သည် မဟာယာန အဆင့် သို့ ရောက်ရန် ခြေတစ်လှမ်း သာ လိုတော့သည့် ပြိုင်ဘက်ကင်း သခင်ကြီး တစ်ပါးပင်။ သူ၏ နဂါး ကိုးကောင် ရွှေ ပလ္လင် ကြီးပေါ်တွင် မတ်မတ် ထိုင်လျက် မျက်လုံး များကို အနည်းငယ် မှိတ်ထားကာ အောက်ဘက်ရှိ အမတ် များ၏ အစီရင်ခံစာ များကို နားထောင်နေ၏။

“အရှင်မင်းကြီး ခင်ဗျာ... တောင်ပိုင်း ပြည်နယ် သုံးခု က ဒီနှစ် ဝိညာဉ်ကျောက်တုံး အထွက်တိုးပါတယ်... ပြီးတော့ ဝိညာဉ် ကျောက်ရိုင်း သတ္တုတွင်း အသစ် နှစ်ခု ကိုလည်း ရှာဖွေ တွေ့ရှိထားပါတယ် ခင်ဗျာ”

“ဒါ့အပြင် မီးတောက် တံခါး ဂိုဏ်းချုပ် ကတော့ အရှက်ကွဲလွန်းလို့ မနေ့ကတင် သူ့ရဲ့ ကိုယ်ပိုင် သွေးကြော တွေကို ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရှာပါပြီ... မြောက်ပိုင်း က အခြေအနေ တွေက လောလောဆယ် နည်းနည်းလေး ကစဉ့်ကလျား ဖြစ်နေပြီး... ဂိုဏ်း တွေ အချင်းချင်း နယ်မြေ လုဖို့ အပြင်းအထန် တိုက်ခိုက်နေကြပါတယ် ခင်ဗျာ”

ဧကရာဇ် ချန်းဝူကျီ က ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။

'သေပါစေပေါ့ကွာ... အလကား အောက်ခြေ က အမှိုက်ကောင်တွေ... မြောက်ပိုင်း ဆိုတဲ့ တောကြိုအုံကြား က ကောင်တွေ ဘာဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ... ငါ့ဆီ အခွန်ရောက်ဖို့ က အဓိကပဲ'

သူ စိတ်ထဲက လှောင်ပြုံး ပြုံးကာ တွေးလိုက်သည်။

“အောက်ခြေ က ကောင်တွေ သောင်းကျန်းချင် သောင်းကျန်းပါစေကွာ... ငါတို့ နန်းတော် ဆီ ဆက်သရမယ့် ပဏ္ဏာဆက် တွေ မလျော့သရွေ့... ဂရုစိုက်စရာ မလိုဘူး”

သူ၏ မျက်လုံးထဲတွင် မြောက်ပိုင်း ဆိုသည်မှာ လူသူကင်းမဲ့သော မြေရိုင်းပြင်ကြီး တစ်ခု သက်သက်သာ ဖြစ်ပြီး ဂိုဏ်းချုပ် အနည်းငယ် သေဆုံးသွားခြင်းမှာ အရေးတယူ လုပ်စရာ ကိစ္စ တစ်ခု မဟုတ်ပေ။

သို့ရာတွင် ထို အခိုက်အတန့်လေး မှာပင်၊

“ဝုန်း...”

နားကွဲမတတ် ဆူညံလှသော ပေါက်ကွဲသံကြီး တစ်ခုက နန်းတော် တံခါးဝ မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့၏။

အစောင့်အကြပ်အဖြစ် တာဝန်ကျနေသော ရွှေရောင် ချပ်ဝတ် စစ်သည်တော် နှစ်ဦး မှာ ကြိုးပြတ်သွားသော စွန် လေးများပမာ လေထဲတွင် လွင့်စင်လာ၏။ ရင်ဘတ် ကြီးများ ချိုင့်ဝင်ကာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာတော့သည်။

“ရိုင်းစိုင်းလိုက်တာ... ဧကရာဇ် နန်းတော် ထဲကို ဘယ်ကောင် ကများ ကျူးကျော် ဝင်ရောက်လာရဲတာလဲကွ”

ခန်းမဆောင် အတွင်းရှိ စစ်ဗိုလ်ချုပ် များက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ဓား များကို ချက်ချင်း ဆွဲထုတ်လိုက်ကြ၏။

“ကျွန်တော်... ကျွန်တော် သေရေးရှင်ရေး သတင်း လာပို့တာပါ ခင်ဗျာ”

သွေးများ ရွှဲရွှဲစိုနေသော ပုံရိပ် တစ်ခု က ယိမ်းထိုး ယိမ်းထိုး ဖြင့် ဝင်ရောက်လာတော့သည်။

သူ၏ တစ်ကိုယ်လုံး သွေးများ ပေကျံနေပြီး အဝတ်အစား များမှာလည်း စုတ်ပြတ်သတ်နေကာ အရိုး တစ်ဝက်ခန့် မှာ ကျိုးပဲ့နေတော့၏။ ရှင်းရှင်းလင်းလင်း ပင် သူသည် သူ၏ သက်စောင့် အနှစ်သာရ များကို မီးရှို့ပြီး အသက်လု ထွက်ပြေးလာခဲ့ရခြင်း ပင် ဖြစ်၏။

သူက အက်ကွဲနေသော အမိန့်ပေး တံဆိပ်ပြား လေးကို အပေါ်သို့ မြှောက်ပြလိုက်၏။

“အရိပ် ကိုယ်ရံတော်... အမှတ် (၁)... သေရေးရှင်ရေး သတင်း ပို့ပါတယ် ခင်ဗျာ”

“အရိပ် ကိုယ်ရံတော် တဲ့လား”

ဧကရာဇ် ချန်းဝူကျီ ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ် ဖိအားကြီး က နေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။

“မင်း က မြောက်ဘက် နယ်စပ် ကို စုံစမ်းဖို့ ငါ လွှတ်လိုက်တဲ့ 'အရိပ်' မဟုတ်လား”

'အရိပ်' မှာ ကြမ်းပြင်ပေါ်သို့ ဒုန်း ခနဲ ဒူးထောက် ကျသွားပြီး သူ၏ သွေးများက ရွှေရောင် ကြွေပြား များကို ချက်ချင်း နီရဲသွားစေတော့သည်။

“အရှင်မင်းကြီး ခင်ဗျာ... မြောက်ပိုင်း... မြောက်ပိုင်း ကြီး မရှိတော့ဘူး ဗျာ”

“မရှိတော့ဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ”

ဧကရာဇ် ချန်းဝူကျီ က မျက်မှောင်ကြုတ်လိုက်၏။ 'ဒီကောင် ဘာတွေ လာပြောနေတာလဲ... ရေခဲတောင်တွေ အရည်ပျော်ကုန်လို့လား' ဟု သူ စိတ်ထဲက တွေးလိုက်သည်။

“ဒါက ဂိုဏ်း တွေ အချင်းချင်း ကြားက ပဋိပက္ခ မဟုတ်ပါဘူး... မိစ္ဆာ ကျင့်ကြံသူ တွေ သောင်းကျန်းနေတာ လည်း မဟုတ်ပါဘူး အရှင်မင်းကြီး”

'အရိပ်' က ခေါင်းကို မော့လိုက်ရာ ပုံမှန် အချိန်များတွင် ရေခဲ ပမာ တည်ငြိမ် အေးစက်နေလေ့ရှိသော သူ၏ မျက်လုံးများ ထဲတွင် ယခုအခါ အဆုံးမဲ့ အကြောက်တရား များ ပြည့်နှက်နေတော့သည်။

'သူတို့က လူတွေ မဟုတ်ဘူး... ဘီလူးတွေ... သရဲတစ္ဆေတွေ ထက်တောင် ကြောက်ဖို့ ကောင်းသေးတယ်'

“မိစ္ဆာကောင် တွေပါ အရှင်မင်းကြီး... လူကို အရိုးတောင် မကျန်အောင် ဝါးစားတဲ့ ကောင်တွေ... မှော်ရတနာ တွေကို ထမင်းစားသလို စားပြီး... ရွှေအမြုတေ တွေကို လောင်စာ လို သုံးနေကြတာပါ ခင်ဗျာ”

“သံမဏိ ဓား ဂိုဏ်း တစ်ခုလုံး... တပည့် ငါးရာ လုံး... နံ့သာတိုင် တစ်ဝက်စာ အချိန်လေး အတွင်းမှာတင်... ပြာ တောင် မကျန်တော့ပါဘူး ခင်ဗျာ”

“ဟာ...”

နန်းတွင်း အမတ် များ အားလုံး အကြီးအကျယ် ဆူညံ ပွက်လောရိုက်သွားကြတော့သည်။

‘သံမဏိ ဓား ဂိုဏ်း က ဂိုဏ်းငယ်လေး တစ်ခု ဆိုပေမဲ့... မျက်စိတစ်မှိတ် အတွင်းမှာ အမြစ်ပြတ် ရှင်းလင်း ခံလိုက်ရတယ် ဟုတ်လား... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် သခင်ကြီး ကိုယ်တိုင် လာတိုက်ရင်တောင် ဒီလောက် ထိ သပ်သပ်ရပ်ရပ် နဲ့ မြန်မြန်ဆန်ဆန် လုပ်နိုင်မှာ မဟုတ်ဘူး‌လေ’

အားလုံး၏ စိတ်ထဲတွင် သံသယ များ ဝင်လာကြ၏။

“စကားသက်သက် နဲ့တော့ ယုံစရာ အကြောင်း မရှိဘူး”

ဧကရာဇ် ချန်းဝူကျီ ၏ အသံမှာ အေးစက်နေတော့သည်။

“မင်း ဘာတွေ မြင်ခဲ့ရလဲ ပြ”

'အရိပ်' ၏ လက်များ တုန်ရီနေပြီး သူ၏ ရင်ခွင် ထဲမှ သွေးများ ပေကျံနေသော ရုပ်ပုံ ဖမ်းယူရေး ကျောက်တုံးလေး တစ်ခုကို ဆွဲထုတ်လိုက်၏။

“အရှင်မင်းကြီး... ကိုယ်တိုင် ရှုစားတော်မူပါ ခင်ဗျာ”

“ဝီ...”

ရွှေရောင် နန်းတော် ကြီး၏ အထက်တွင် ဧရာမ အလင်းတန်း မျက်နှာပြင်ကြီး တစ်ခု ပွင့်လာတော့သည်။

နောက်တစ်စက္ကန့်တွင် ခန်းမဆောင် အတွင်းရှိ လေထုကြီး တစ်ခုလုံး အေးခဲသွားသည့်အလား ပင်။

မြင်ကွင်း ပေါ်တွင် ပေါ်လာသည်မှာ သံမဏိ ဓား ဂိုဏ်း ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့် မြင်ကွင်း ကြီး ပင် ဖြစ်၏။

အပြာရောင် မီးတောက်များ မှုတ်ထုတ်နေသည့် ဧရာမ သံမဏိ ဘီလူးကြီး များက တောင်စောင့် မဟာအခင်းအကျင်း ကြီးကို အမြောက် တစ်ချက်တည်း နှင့် အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ပစ်ခွဲပစ်လိုက်သည်ကို အမတ် များ အားလုံး ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရ၏။

ကြောက်မက်ဖွယ်ကောင်းလှသော အင်းဆက် မိစ္ဆာကောင် ကြီးများက ဓားပျံ များကို ဖောက်ထွင်း ပြေးဝင်လာပြီး ကျင့်ကြံသူ များကို အသားစ များ အဖြစ် ဆုတ်ဖြဲပစ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရ၏။

ထို့အပြင် ကျင့်ကြံသူ များ အားလုံး၏ ကျောရိုး တစ်လျှောက် အေးစက်သွားစေမည့် ကျောချမ်းဖွယ် အကောင်းဆုံး မြင်ကွင်းကြီး ကိုပါ သူတို့ မြင်တွေ့လိုက်ရသေးတော့သည်။

အရိုးစုကြီး တစ်ကောင် (ဝက်ဝံ) သည် တာအိုဆရာ ချီဟော့ ၏ အလောင်း ထဲမှ ရွှေအမြုတေ လေးကို ဆွဲထုတ်လိုက်ပြီး သကြားလုံး လေး တစ်လုံးပမာ ပါးစပ်ထဲ ပစ်ထည့်ကာ 'ကျွတ်' ကနဲ မြည်အောင် ဝါးစားလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အလွန်တရာ အရသာ ရှိနေသည့် အမူအရာ ကြီး ထွက်ပေါ်နေသည်ကို ပင်။

'ဘုရားရေ... အနှစ်ရာချီ ကျင့်ကြံထားတဲ့ ရွှေအမြုတေ ကြီးကို သကြားလုံး ဝါးစားသလို စားနေတယ်ဟ... သေပါပြီကွာ...' အမတ်များ စိတ်ထဲတွင် အော်ဟစ်နေကြ၏။

“ဝေါ့...”

အရပ်ဘက် အမတ် အချို့ မှာ နေရာမှာတင် သွေးဆုတ် ပြာနှမ်းသွားကြပြီး အန် ပင် အန်ချလုမတတ် ဖြစ်သွားကြတော့သည်။

‘ရွှေအမြုတေ ဆိုတာ... ကျင့်ကြံသူ တစ်ယောက် ရဲ့ တစ်သက်တာ ကျင့်ကြံမှု အနှစ်သာရ တွေ အကုန်လုံး စုစည်းထားတဲ့ အရာ ကြီးလေကွာ... အဲဒါကြီးကို အစိမ်းလိုက် ဝါးစားပစ်တယ် တဲ့လား’

‘ဒါ့အပြင် ဒီ မိစ္ဆာကောင် ကြီးတွေက အိမ် တွေကို ဖြိုဖျက်နေကြတယ်၊ ကြမ်းပြင် က ကြွေပြား တွေကို ကလော်ထုတ် နေကြတယ်... ပြီးတော့ အလောင်း တွေကိုတောင် အိတ်ထဲ ထည့်ပြီး ပါကင် ထုပ် သယ်သွားနေကြသေးတယ်’

'လူမဆန်လိုက်တာ... ဒီလောက် ယုတ်မာတဲ့ ကောင်တွေ တစ်ခါမှ မမြင်ဖူးဘူး... ကြွေပြား က ဘာလုပ်ဖို့လဲကွာ... ဒီကောင်တွေက အမွှေး တစ်ပင် တောင် အလွတ်မပေးတဲ့ အကျင့်စရိုက် ရှိတာပဲ'

“ဒါက မိစ္ဆာ လမ်းစဉ် လိုက်တဲ့ ကောင်တွေ ထက်တောင် ပိုပြီး ယုတ်မာသေးတယ်... တောရိုင်း မိစ္ဆာ သားရဲ တွေ ထက်တောင် ပိုပြီး ရိုင်းစိုင်းနေပါလားကွာ”

ဗီဒီယို ပြီးဆုံးသွားတော့၏။

ရွှေရောင် နန်းတော် ကြီး အတွင်း၌ အပ်ကျသံပင် ကြားရလောက်အောင်မှုကြီး တစ်ခု လွှမ်းမိုးသွားတော့သည်။

'အရိပ်' ၏ လေးလံလှသော အသက်ရှူသံ ကြီးများ သာ ပဲ့တင်ထပ်နေ၏။

“အရှင်မင်းကြီး ခင်ဗျာ... သူတို့က စစ်တိုက်နေတာ မဟုတ်ပါဘူး... သူတို့က ထမင်းစား နေကြတာပါ”

“တကယ်လို့သာ သူတို့ကို မတားဆီးနိုင်ရင်... သုံးလ အတွင်းမှာ ဒီ အမည်းရောင် ဒီရေလှိုင်းကြီး က မြောက်ဘက် နယ်စပ် တစ်ခုလုံးကို ဝါးမျိုသွားပါလိမ့်မယ်... နောက်ထပ် တစ်နှစ် အတွင်းမှာတင် တာ့ချန် နတ်ဘုရား အင်ပါယာ ကြီး လည်း... သူတို့ရဲ့ အမဲလိုက် ကွင်း ကြီး ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ”

“ဒုန်း...”

ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

ဧကရာဇ် ချန်းဝူကျီ ၏ လက်ထဲရှိ နဂါး ပလ္လင် ကြီး၏ လက်ရန်း မှာ အမှုန့်များ အဖြစ်သို့ ကြေမွသွားခဲ့တော့၏။

သူ မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်လုံးများထဲရှိ ပျင်းရိ ငြီးငွေ့မှု များနှင့် မာနထောင်လွှားမှု များ အားလုံး ပျောက်ကွယ်သွားခဲ့ပြီး အရင်က တစ်ခါမှ မရှိခဲ့ဖူးသော လေးနက် တည်ကြည်မှု ကြီး တစ်ခု အစားထိုး ဝင်ရောက်လာတော့သည်။

သူ သဘောပေါက်သွားခဲ့တော့၏။

'ဒါ အာဏာလုပွဲ မဟုတ်ဘူး... မျိုးစိတ် တွေ အချင်းချင်း ရှင်သန်ရေး အတွက် သတ်ဖြတ်ကြမယ့် ပွဲ ကြီးပဲ... ဒီကောင်တွေကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး'

“ငါ့ရဲ့ အမိန့်တော် ကို ထုတ်ပြန်လိုက်”

ဧကရာဇ် ချန်းဝူကျီ ၏ အသံကြီး က ကောင်းကင် ကိုးထပ် မှ မိုးခြိမ်းသံကြီး တစ်ခုပမာ နန်းတော် တစ်ခုလုံး သို့ ပဲ့တင်ထပ်သွားပြီး ဝိညာဉ် ကမ္ဘာ ကြီး တစ်ခုလုံး သို့ လွှမ်းခြုံသွားတော့မည့်အလား ပင်။

“ဒီအချိန် က စပြီး တာ့ချန် နတ်ဘုရား အင်ပါယာ ကြီး ဟာ အမြင့်ဆုံး စစ်ရေး အသင့်အနေအထား ကို ရောက်ပြီ”

“ဘဏ္ဍာတိုက် တွေကို ဖွင့်ပြီး စစ်သုံး မှော်ရတနာ တွေ အကုန် ထုတ်ယူကြ”

“မြင့်မြတ် နယ်မြေ ခုနစ်ခု၊ ဂူ နယ်မြေ သုံးဆယ့်ခြောက်ခု နဲ့ ကောင်းကင် နယ်မြေ ခုနစ်ဆယ့်နှစ်ခု လုံး ဆီကို 'နတ်ဘုရား အင်ပါယာ ရဲ့ အမိန့်တော်' ကို ပို့လိုက်”

“အချင်းချင်း ချနေတာတွေ ရပ်လိုက်တော့ လို့ ပြောလိုက်”

“အကုန်လုံး မပေါင်းစည်းရင်... အကုန်လုံး သေပြီး ဟို မိစ္ဆာကောင် တွေရဲ့ ဗိုက်ထဲ ရောက်သွားလိမ့်မယ်”

“အရှင်မင်းကြီး”

စစ်ရေး ဝန်ကြီး က တုန်ရီနေသော အသံဖြင့် မေးလိုက်၏။

“တပ်ဖွဲ့ဝင် ဘယ်လောက် စုရမလဲ ခင်ဗျာ”

ဧကရာဇ် ချန်းဝူကျီ က မြောက်ဘက် အရပ်ရှိ မှိုင်းညို့နေသော ကောင်းကင်ယံ ကို လှမ်းကြည့်လိုက်ပြီး စကားလုံး အနည်းငယ် ကို ဖြည်းညင်းစွာ ဆိုလိုက်၏။

“အကုန်လုံး ထွက်ခဲ့ကြ”

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် က စပြီး တိုက်ခိုက်ရေး သမား တွေ အကုန် စု”

“ငါ ကိုယ်တိုင် ဦးဆောင်ပြီး ချီတက်မယ်”

“ဒီ ဝိညာဉ် ကမ္ဘာ ကြီး ပျက်စီးသွားရင်တောင် မှ... ဟို ပြည်ပ က မိစ္ဆာကောင် တွေကို အမြစ်ပြတ် ရှင်းလင်းပစ်ရမယ်ကွ”

... ... ...

တစ်ချိန်တည်းမှာပင် ကွေ့ယွမ် တောင်ခွဲ တွင်၊

ကျန်းချန် သည် မြေပုံ ပေါ်တွင် ရုတ်တရက် လင်းလက်လာသော အနီရောင် အစက်လေး မရေမတွက်နိုင်အောင် များပြားလှသည့် အရာများ နှင့် မြောက်ဘက်သို့ ရွေ့လျားလာနေသော ဧရာမ စွမ်းအင် အစုအဝေး ကြီးကို ငေးကြည့်နေ၏။

စနစ် ၏ သတိပေး အချက်ပေးသံများ က သူ၏ နားထဲတွင် ရူးသွပ်စွာ ဆူညံနေတော့သည်။

[သတိပေးချက်... ကမ္ဘာ့ အဆင့် ရန်သူ့ တုံ့ပြန်မှု ကြီးကို ထောက်လှမ်း တွေ့ရှိထားပါတယ်]

[တာ့ချန် နတ်ဘုရား အင်ပါယာ က ဆာဗာတစ်ခုလုံး ဆိုင်ရာ ဖမ်းဝရမ်း ထုတ်လိုက်ပါပြီ]

[မြင့်မြတ် နယ်မြေ ခုနစ်ခု လုံး စုရုံးနေကြပါပြီ]

[ရန်သူ့ အင်အား ခန့်မှန်းခြေ - ကျင့်ကြံသူ တပ်မတော် သန်းဆယ်ချီ ပါဝင်ပါသည်]

[ခန့်မှန်းခြေ ရောက်ရှိမည့် အချိန် - သုံးရက်]

“သန်းဆယ်ချီ တဲ့လား”

ကျန်းချန် မှာ အနည်းငယ်မျှ ပင် ကြောက်ရွံ့ခြင်း မရှိသည့်အပြင် အားပါးတရ ပင် ရယ်မောလိုက်သေးတော့သည်။

'သန်းဆယ်ချီ တဲ့လား... ဟားဟားဟား... ပစ္စည်းတွေ လာပို့ပေးတဲ့ ကယ်တင်ရှင် ကြီးတွေပဲကွ'

သူက လှည့်ကာ ရင်ပြင် ပေါ်တွင် လက်နက်ပစ္စည်း များကို လုယက် ရန်ဖြစ်နေကြဆဲ ဖြစ်သော ကစားသမား များကို လှမ်းကြည့်လိုက်၏။

“ဟေး... ကောင်လေးတို့”

ကျန်းချန် ၏ အသံကြီး က ကမ္ဘာလောက ကြီး၏ ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွားတော့သည်။

“ဟို သံချေးတက်နေတဲ့ အမှိုက် တွေကို လုမနေကြနဲ့တော့”

“တကယ့် ပွဲကြီးပွဲကောင်း လာပြီကွ”

“နတ်ဘုရား အင်ပါယာ ရှင် ဆိုတဲ့ လူက... ဝိညာဉ် ကမ္ဘာ ကြီး တစ်ခုလုံး ရဲ့ စည်းစိမ် တွေ အကုန် သယ်ပြီး... ငါတို့ဆီကို ပါဆယ် အရောက် ပို့ပေးမလို့တဲ့ဟေ့”

အချင်းချင်း ရန်ဖြစ်နေကြသော ကစားသမား များမှာ ချက်ချင်း ရပ်တန့်သွားကြပြီး ခေါင်းများကို တစ်ပြိုင်နက်တည်း မော့လာကြသည့်အခိုက်၊ မျက်လုံးများထဲတွင် ယခင်ကထက် ပိုမို တောက်ပပြီး ပိုမို လောဘကြီးလှသော အစိမ်းရောင် အလင်းတန်း များ တဖျတ်ဖျတ် လင်းလက်လာတော့သည်။

'ဘာ... ဆာဗာတစ်ခုလုံး ဆိုင်ရာ ဘော့စ် ဖမ်းပွဲ ကြီး တဲ့လား... သန်းဆယ်ချီ တဲ့ မွန်းစတားတွေတဲ့လား... ဘုရားရေ... လက်နက်ပစ္စည်း တွေ ဘယ်လောက်တောင် များလိုက်မလဲကွာ'

သူတို့၏ မျက်လုံးများက အလင်းရောင်များ ပင် ထွက်နေတော့သည်။ ထိုအရာကို စစ်တပ် ကြီး တစ်ခုဟာ မမြင်ကြတော့ဘဲ လမ်းလျှောက်နေသည့် ရတနာ သေတ္တာ ကြီးတွေ ဟုသာ မြင်နေကြတော့၏။

ကျန်းချန် က သူ၏ ဓားရှည် ကို ဆွဲထုတ်လိုက်ပြီး တောင်ဘက် အရပ် သို့ ချိန်ရွယ်လိုက်၏။

“ဆာဗာတစ်ခုလုံး ဆိုင်ရာ ပင်မ တာဝန် ကို ထုတ်ပြန်လိုက်ပြီ... 'နတ်ဘုရားများ နေဝင်ချိန်' တဲ့ကွ”

“တိုက်ပွဲဝင် ဖို့ ပြင်ထားကြ”

“ဒီတစ်ကြိမ် တော့... ငါတို့ ဒီ ကမ္ဘာလောက ကြီး တစ်ခုလုံးကို... အမှုန့်ဖြစ်အောင် ရိုက်ချိုးပစ်မယ်ဟေ့”

All Chapters