← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 19 Ch. 283-284 - Final

အခန်း (၂၈၃-၂၈၄)

Vol. 19 Ch. 283-284 - Final

အခန်း (၂၈၃) နောက်ဆုံး အံ့ဖွယ် အမှုကြီး.. ကမ္ဘာမြေ ပေါ်ကို ကျဆင်းသွားတဲ့ မျိုးစေ့ လေး

ဟင်းလင်းပြင်ကြီး ၏ အနက်ရှိုင်းဆုံး နေရာတွင် ကစဉ့်ကလျား ဖြစ်မှုကြီး တည်ရှိ၏။

ဤနေရာကား ကမ္ဘာလောက ကြီးများ ၏ အကြားရှိ အက်ကွဲကြောင်း

ကြီး ဖြစ်ပြီး သံမဏိ များကိုပင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိသော အချိန် နှင့် ဟင်းလင်းပြင် လှိုင်းဂယက်ကြီးများ ပြည့်နှက်နေသည်။

သို့သော် ဤအခိုက်အတန့် တွင်မူ ထို နေရာကြီး မှာ ရွှေရောင် အလင်းတန်း ကြီးများ ဖြင့် လင်းထိန်နေတော့၏။

ကျန်းချန် သည် ပေတစ်သောင်း ခန့် ရှည်လျားပြီး ကမ္ဘာမြေ ပေါ်ရှိ ကစားသမား သန်းပေါင်းများစွာ ၏ စိတ်ဆန္ဒ များကို ကိုယ်စားပြုသော ဓား ကြီးကို ဆွဲငင်ကာ... တောက်လောင်နေသော စစ်နတ်ဘုရား ကြီး တစ်ပါးပမာ အစစ်အမှန် အင်မော်တယ် ကြီး ၏ မူလ ခန္ဓာကိုယ် အစစ် ကြီး ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

ငွေရောင် အကြေးခွံ များဖြင့် ဖုံးလွှမ်းထားပြီး မိုးထိမတတ် မြင့်မားကာ ခမ်းနားထည်ဝါလှသော အစစ်အမှန် အင်မော်တယ် ကြီး ၏ ခန္ဓာကိုယ် ကြီး နှင့် နှိုင်းယှဉ်လိုက်ပါက ကျန်းချန် မှာ ဖုန်မှုန့် လေး တစ်မှုန့်ပမာ သေးငယ်လွန်းလှ၏။

သို့ရာတွင် ဤ ဖုန်မှုန့် လေး ကပင် အစစ်အမှန် အင်မော်တယ် ကြီး ကို သေမင်း ၏ ကျောချမ်းဖွယ်ရာ အအေးဓာတ် ကြီးကို ခံစားသွားရစေခဲ့ခြင်းပါပင်။

“မင်း .. တကယ်တော့ ဘာကောင် ကြီးလဲကွ”

အစစ်အမှန် အင်မော်တယ် ကြီး က ထိတ်လန့်တကြား ဟိန်းဟောက်လိုက်၏။ သူ က ကျန်ရှိနေသေးသော လက် တစ်ဖက် ဖြင့် နိယာမ စွမ်းအား များကို စုစည်းကာ ဖျက်ဆီး၍ မရနိုင်သော ကောင်းကင်ဘုံ စွမ်းအင် အတားအဆီး ကြီး တစ်ခုကို တည်ဆောက်ရန် ကြိုးစားလိုက်၏။

“ငါ က ဘာကောင် လဲ ဟုတ်လား”

ကျန်းချန် ၏ ခန္ဓာကိုယ် ကြီး မှာ လျင်မြန်စွာ ပြိုကွဲ ပျက်စီးလာနေပြီး သူ၏ အရေပြား များမှာ မီးလောင်နေသော စက္ကူ များပမာ ကွာကျလာကာ... အတွင်းရှိ စီးဆင်းနေသော ရွှေရောင် ဒေတာ များကိုပင် မြင်တွေ့နေရတော့သည်။

ကျန်းချန်က လှောင်ပြုံး ပြုံးလိုက်၏။ သူ၏ အသံ မှာ အက်ကွဲနေသော်ငြား မာနထောင်လွှားမှု များ အပြည့်အနှက် ပါဝင်နေတော့သည်။

“ငါ က... မင်း ပြောတဲ့ ပိုးမွှား ကြီးပဲကွ”

“မင်းတို့ မွေးမြူထားတဲ့... မင်းတို့ ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တဲ့... ပြီးတော့ နောက်ဆုံးမှာ မင်းတို့ရဲ့ လည်ချောင်း ကို ပြန်ကိုက်ဖြတ်မယ့်... သေမျိုး ပဲကွ”

“'သက်ရှိ သတ္တဝါ အားလုံး ရဲ့ ဓား' ကြီး... ပွင့်စေ”

“ဝုန်း... ”

ရွှေရောင် ဧရာမ ဓားကြီး က အင်မော်တယ် စွမ်းအင် အတားအဆီး ကြီး ကို ပြင်းထန်စွာ ဝင်တိုက်ပစ်လိုက်တော့သည်။

အချိန်အတော်ကြာ အားပြိုင်နေရခြင်း မျိုး လုံးဝ မရှိခဲ့ချေ။

အကြောင်းမူကား ဤ ဓား ကြီးတွင် ပိုမို မြင့်မားသော အတိုင်းအတာ ကမ္ဘာကြီး တစ်ခုမှ လာသော ဒိုင်မန်းရှင်း အဆင့်ချင်း မတူညီသည့် တိုက်ခိုက်မှုကြီး ပါဝင်နေသောကြောင့် ပင် ဖြစ်၏။ ကမ္ဘာမြေ မှ ကစားသမား များ၏ မျက်နှာပြင် ကို နှိပ်လိုက်သော 'ဂျွတ်' ကနဲ အသံ တိုင်း နှင့် သူတို့၏ အော်ဟစ် ဟစ်ကြွေးသံ တိုင်း သည်... အထက်မြက်ဆုံး လွှသွား ကြီးများ အဖြစ်သို့ ပြောင်းလဲသွားပြီး အစစ်အမှန် အင်မော်တယ် ကြီး ၏ နိယာမတရား များကို ရူးသွပ်စွာ ဆုတ်ဖြဲပစ်နေတော့သည်။

“ဂျွတ်... ”

အတားအဆီး ကြီး ကျိုးပဲ့သွားတော့၏။

“မဖြစ်ရဘူး... ”

အစစ်အမှန် အင်မော်တယ် ကြီး သည် ရွှေရောင် အလင်းတန်း ကြီး က သူ၏ လည်ပင်း ကို ဖြတ်သန်းသွားသည် ကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်နေရုံ သက်သက်သာ ပြုလုပ်နိုင်တော့သည်။

သူ ထွက်ပြေးချင်ခဲ့ပါသည်။ ရုပ်ခန္ဓာ ကြီးကို စွန့်လွှတ်ပြီး မူလ နတ်ဘုရား ဝိညာဉ်ဖြင့် ထွက်ပြေးချင်ခဲ့ပါသည်။ သို့ရာတွင် 'သက်ရှိ သတ္တဝါ အားလုံး ရဲ့ ဓား' ကြီးပေါ်ရှိ ကံကြမ္မာ ပိတ်လှောင်မှုကြီးက သူ့ကို လွတ်မြောက်ရန် လမ်းစ လုံးဝ မပေးခဲ့ချေ။

“ဖူး... ”

ကြယ်တာရာ တစ်လုံး ပမာ ကြီးမားလှသော ဧရာမ ဦးခေါင်းကြီး မှာ ကောင်းကင်ယံ သို့ လွင့်စင်သွားတော့၏။

ရွှေရောင် အင်မော်တယ် သွေး များ က ဟင်းလင်းပြင်ကြီး ထဲသို့ ပန်းထွက်သွားရာ သွေး တစ်စက်ချင်းစီ တွင် သေမျိုး များကို အင်မော်တယ် ဖြစ်သွားစေနိုင်လောက်အောင် စွမ်းအားကြီးများ ပါဝင်နေတော့သည်။

သို့နှင့်၊ အစစ်အမှန် အင်မော်တယ် ကြီး... ကျဆုံးသွားခဲ့တော့၏။

... ... ...

'ငါတို့ နိုင်ပြီကွ...'

ကျန်းချန် က ဓား ကို လွှတ်ချလိုက်၏။ ကစားသမား များ၏ စိတ်ဆန္ဒ များ ထောက်ပံ့မှု မရှိတော့သော 'သက်ရှိ သတ္တဝါ အားလုံး ရဲ့ ဓား' ကြီးမှာ ဟင်းလင်းပြင်ကြီး ထဲတွင် မရေမတွက်နိုင်သော အလင်း အမှုန်အမွှား လေးများ အဖြစ်သို့ ပြိုကွဲ ပျက်စီးသွားတော့သည်။

တစ်ချိန်တည်းမှာပင် လွင့်မျောနိုင်စွမ်း ဆုံးရှုံးသွားသော အစစ်အမှန် အင်မော်တယ် ကြီး ၏ ခေါင်းပြတ်နေသည့် ဧရာမ အလောင်းကြီး မှာ အောက်ဘက်ရှိ ဝိညာဉ် ကမ္ဘာ ဆီသို့ ပြုတ်ကျလာတော့၏။ ပြုတ်ကျလာစဉ် အတွင်း ထို အလောင်းကြီး မှာ ပြိုကွဲ ပျက်စီးသွားပြီး အဆုံးမဲ့ ဝိညာဉ်စွမ်းအင် မိုးရေပေါက် များ အဖြစ်သို့ ပြောင်းလဲသွားကာ ခြောက်သွေ့နေသော မြေကြီးကို အားဖြည့် လောင်းရိတ်ပေးသွားတော့မည် ဖြစ်သည်။

ဒါက ကျန်းချန် က ဝိညာဉ် ကမ္ဘာ ကြီး အား ပေးအပ်ခဲ့သော နောက်ဆုံး လက်ဆောင် ကြီး ပင် ဖြစ်၏။ 'ဝေလငါး ကြီး သေဆုံးခြင်း က အခြား သက်ရှိ တွေကို ရှင်သန်စေတယ်' ဆိုသော အတိုင်း ပေါ့။

“တီ..တီ.. ဟို့စ် ၏ သက်စောင့် လက္ခဏာ များ သုည သို့ ကျဆင်းသွားပါပြီ။

တီ..တီ.. နတ်ဘုရား ဝိညာဉ် လုံးဝ လောင်ကျွမ်းသွားပါပြီ။

တီ..တီ.. စနစ် ပိတ်သိမ်းပါတော့မယ်”

အေးစက်ပြီး ခံစားချက် ကင်းမဲ့နေသော သတိပေး အချက်ပေးသံကြီး ထွက်ပေါ်လာတော့သည်။ ကျန်းချန် မှာ သူ၏ အသိစိတ် များ အဆုံးမဲ့ အမှောင်ထု ကြီး ထဲသို့ နစ်မြော ကျဆင်းသွားသည်ကို ခံစားလိုက်ရ၏။

'ဒါက သေဆုံးခြင်း ဆိုတာလား'

'ကြည့်ရတာ အဲဒီလောက်ကြီး လည်း ကြောက်ဖို့ မကောင်းပါဘူးကွာ'

သူ၏ အသိစိတ် များ လုံးဝ ပျောက်ကွယ်သွားတော့မည့် အချိန်လေးမှာပင် သူ၏ အကြည့်များ က ဟင်းလင်းပြင်ကြီး ထဲရှိ အနီရောင် အလင်းတန်း လေး တစ်ခု ဆီသို့ ရုတ်တရက် ရောက်ရှိသွားတော့သည်။

ဒါက အစစ်အမှန် အင်မော်တယ် ကြီး အသတ် ခံလိုက်ရပြီးသော နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ မူလ အရင်းအမြစ် တာအို သစ်သီးလေးပင်။

၎င်းကား အစစ်အမှန် အင်မော်တယ် ကြီး ၏ တစ်သက်တာ ကျင့်ကြံမှု အနှစ်သာရ များ အားလုံး စုစည်းထားခြင်း ဖြစ်ပြီး ဤ အတိုင်းအတာ ကမ္ဘာ ကြီး ကို ကျော်လွန်နေသော နိယာမ စွမ်းအား အနည်းငယ် ပင် ပါဝင်နေသေးတော့သည်။

'ပစ္စည်းကောင်း လေးပဲ... အလဟဿ ဖြုန်းတီးပစ်လို့ မဖြစ်ဘူး'

ရူးသွပ်သော အတွေး တစ်ခု ကျန်းချန် ၏ စိတ်ထဲတွင် ရုတ်တရက် လင်းလက်သွား၏။ နောက်ဆုံး ကျန်ရှိနေသော တွက်ချက်မှု စွမ်းအား ကို အသုံးပြုကာ... ပိတ်သိမ်းနေပြီ ဖြစ်သော စနစ် ကြီး ဆီသို့ နောက်ဆုံး အမိန့် တစ်ခုကို ပေးလိုက်၏။

“စနစ်... ဒီ တာအို သစ်သီး ကို ဖမ်းယူလိုက်”

“ပြီးတော့... မင်းရဲ့ အူတိုင် ကုဒ် တွေ အားလုံးရယ်၊ ဒေတာဘေ့စ်ကြီးရယ်... ပြီးတော့ ငါ့ရဲ့ တစ်သက်တာ သိမြင် နားလည်မှု တွေ အကုန်လုံး ကို အဲဒီအထဲမှာ ပေါင်းစပ် ထည့်သွင်းလိုက်”

“ငါ့အတွက်... မျှော်စင် ကြီး တစ်ခု တည်ဆောက်ပေး”

“သေမျိုး တွေကို ကောင်းကင်ဘုံ အထိ တက်လှမ်းသွားနိုင်စေမယ့်... တာအို မျှော်စင် ကြီး တစ်ခုကွ”

“ရှဲ... ရှဲ... ”

စနစ် ကြီးမှာ ကန့်သတ်ချက် သို့ ရောက်ရှိနေပြီ ဖြစ်သော်ငြား အမိန့် များကို သစ္စာရှိစွာ ဆက်လက် အကောင်အထည်ဖော် နေဆဲ ပင် ဖြစ်သည်။

‘တာအို သစ်သီး ကို ဖမ်းယူနေပါတယ်... အူတိုင် ကို ပြန်လည် တည်ဆောက်နေပါတယ်...

ပေါင်းစပ်ခြင်း အောင်မြင်ပါတယ်... “

“ဖန်တီးလိုက်သော ပစ္စည်း - အမည်မသိ အတိုင်းအတာ မြင့်မားသော ဖန်တီးမှု တစ်ခု (အလွှာ ကိုးထပ် ပါဝင်သော တာအို မျှော်စင် ဟင်းလင်းပြင် တစ်ခု ပါဝင်ပါသည်) “

အချိန် နှင့် ဟင်းလင်းပြင် ကို ဖြတ်သန်း ခရီးသွားလာရန် ပိုမို လွယ်ကူစေရန် အတွက် စနစ် က ၎င်းကို ရုပ်ပိုင်းဆိုင်ရာ အပြင်ခွံ တစ်ခု အလိုအလျောက် ဖန်တီးပေးလိုက်၏။ ၎င်းမှာ ရှေးဟောင်း အမည်းရောင် လက်စွပ် လေး တစ်ကွင်း ဖြစ်ပြီး မျက်နှာပြင် ပေါ်တွင် အသက်ဝင်နေသည့်အလား ထင်ရသော အမည်းရောင် နဂါး တစ်ကောင် ရစ်ခွေနေလေသည်။

“သွားတော့”

ကျန်းချန် သည် သူ၏ နောက်ဆုံး ကျန်ရှိနေသော ခွန်အား များကို အသုံးပြုကာ ဟင်းလင်းပြင်ကြီး ထဲတွင် သေးငယ်သော အက်ကွဲကြောင်း လေး တစ်ခုကို ဆုတ်ဖြဲလိုက်၏။

အက်ကွဲကြောင်း လေး ၏ အခြား တစ်ဖက်ခြမ်း တွင် အပြာရောင် ဂြိုဟ် လေး တစ်လုံး ရှိနေသည်။

ကမ္ဘာမြေ။

“ဒါက မင်း နေရမယ့် အိမ် မဟုတ်ဘူး”

ကျန်းချန် က လွင့်မျောနေသော အမည်းရောင် နဂါး လက်စွပ် လေး ကို စိုက်ကြည့်နေရင်း သူ၏ မျက်လုံးများ မှာ နူးညံ့ သွားတော့သည်။ ထို လက်စွပ် လေး မှတစ်ဆင့် အဝေးရှိ သူ၏ မွေးရပ်မြေ ကို မြင်တွေ့နေရသည့်အလား ပင်။

“မီးတိုင် လေး ကို သယ်ဆောင်ပြီး... ကိုယ့် မွေးရပ်မြေ ကို ပြန်သွားပါတော့”

“မီးတိုင် လေး ကို ဆက်ပြီး ကိုင်ဆောင်ထားပေးမယ့်... နောက်ထပ် လူတစ်ယောက် ကို သွားရှာပါတော့”

“ဝှစ်... ”

အမည်းရောင် နဂါး လက်စွပ် လေး မှာ ဥက္ကာပျံ လေး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အက်ကွဲကြောင်း လေး ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးသွားသောအခါ ကျန်းချန် သည် နောက်ဆုံးတွင် သူ၏ မျက်လုံးများကို မှိတ်လိုက်လေတော့သည်။

သူ၏ ခန္ဓာကိုယ် ကြီး မှာ လုံးဝ အလင်း အမှုန်အမွှား လေးများ အဖြစ်သို့ ပြောင်းလဲသွားပြီး ကျယ်ပြောလှသော ဟင်းလင်းပြင်ကြီး ထဲတွင် ပျောက်ကွယ်သွားခဲ့တော့၏။

'နှုတ်ဆက်ပါတယ်... ညီအစ်ကိုတို့'

... ... ...

ကမ္ဘာမြေ၊ လက်တွေ့ အစစ်အမှန် ကမ္ဘာ ကြီး တွင်၊

အစစ်အမှန် အင်မော်တယ် ကြီး အရေးနိမ့်သွားသည် နှင့် တစ်ပြိုင်နက် ကစားသမား အားလုံး ၏ မျက်နှာပြင် ပေါ်ရှိ ပွဲစဉ် ပြကွက် များ မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုအစား ဧရာမ ‘အောင်ပွဲ ရပြီ’ ဆိုသော စာတန်း ကြီး ထွက်ပေါ်လာတော့သည်။

ထို့အပြင် စက္ကန့် အနည်းငယ် ခန့် သာ ကြာမြင့်သော ရုပ်ရှင် ပြကွက်တိုလေး တစ်ခု ထွက်ပေါ်လာသေး၏။

ရွှေရောင် ဥက္ကာပျံ လေး တစ်ခု က မည်းမှောင်နေသော စကြဝဠာ ကြီးကို ဖြတ်သန်းသွားပြီး ကျယ်ပြောလှသော ကြယ်တာရာ ပင်လယ်ပြင် ကြီး ထဲတွင် ပျောက်ကွယ်သွားသည်။

“ရုပ်ရှင် ပြကွက် ပြီးဆုံးသွားပါပြီ... ဆာဗာ ကို လက်ရှိ ပြုပြင် ထိန်းသိမ်းရေး လုပ်ဆောင်နေပါတယ်…”

နားကွဲမတတ် ဆူညံလှသော အောင်ပွဲခံ ဟစ်ကြွေးသံ ကြီးများ က ကမ္ဘာမြေ ကြီး တစ်ခုလုံး သို့ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။ လူတိုင်း က ဤ “ဂိမ်း” ထဲတွင် အောင်ပွဲ ရရှိသွားခဲ့ခြင်း အတွက် ပျော်ရွှင်စွာ အောင်ပွဲခံ နေကြ၏။ ထို ဥက္ကာပျံ လေး မှာ ကွန်ပျူတာ အထူးပြုလုပ်ချက် တစ်ခု မဟုတ်လေကြောင်း... သူတို့ လုံးဝ မသိရှိခဲ့ကြချေ။

၎င်း က စကြဝဠာ ကြီး ထဲတွင် အထီးကျန်စွာ လွင့်မျောနေလေသည်။

တစ်နှစ်... နှစ်နှစ်...

အနှစ် တစ်ရာ... အနှစ် တစ်ထောင်...

ကမ္ဘာလောကကြီး လုံးဝ ပြောင်းလဲသွားပြီး အချိန် တွေ လည်း ကုန်ဆုံးသွားခဲ့တော့၏။

ထို အချိန် က ကစားသမား များမှာ အချိန်အတော်ကြာ ကတည်းက အိုမင်း ရင့်ရော်ပြီး မြေကြီး များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ ထို အချိန် က ဂိမ်း ကုမ္ပဏီ ကြီးများ မှာလည်း အချိန်အတော်ကြာ ကတည်းက ဒေဝါလီခံ သွားခဲ့ကြပြီး သမိုင်း စာအုပ် များ ထဲရှိ မှတ်စု လေး တစ်ခု သက်သက်သာ ဖြစ်လာခဲ့တော့၏။

ကမ္ဘာမြေ ကြီး ၏ အသွင်အပြင် ကြီး ကိုယ်တိုင် ပင်လျှင် ကောင်းကင် နှင့် မြေကြီး ပြောင်းလဲသွားလောက်အောင် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေပြီ။

ဝိညာဉ်စွမ်းအင် များ ပြန်လည် နိုးထလာခဲ့သည်၊ အဆင့်မြင့် သိုင်းပညာ များ ထွန်းကားလာခဲ့သည်၊ ပြီးတော့ နည်းပညာ တွေ လည်း အရှိန်အဟုန် နှင့် တိုးတက်လာခဲ့၏။

တစ်ချိန်က ဒဏ္ဍာရီ တွေ ဖြစ်ခဲ့သော အရာတွေ ဟာ ပုံပြင် တွေ ဖြစ်လာခဲ့ပြီး... ပုံပြင် တွေမှ တစ်ဆင့် ရှေးဟောင်း စာအုပ် တွေ ထဲက မှုန်ဝါးဝါး မှတ်တမ်း လေးတွေ ဖြစ်လာလေပြီ။

ထို ဥက္ကာပျံ လေး တစ်ခုတည်း သာလျှင် မည်းမှောင်ပြီး အေးစက်လှသော စကြဝဠာ ကြီး ထဲတွင် သူ၏ သခင် ကို ဇွဲလုံ့လ ကြီးမားစွာဖြင့် ဆက်လက် ရှာဖွေနေဆဲ။

နောက်ထပ်... အနှစ် သုံးထောင် ကြာသည် အထိ ပင်။

... ... ...

ဟွာရှား (တရုတ်) ၊ ကျန်းဟိုင် မြို့တွင်၊

သာမန် မိုးရွာနေသော ညချမ်း လေး တစ်ခု။

စည်ကား သိုက်မြိုက်လှသော မြို့ပြ ကြီး ၏ နီယွန် မီးရောင် များမှာ မိုးရေ များ အကြားတွင် အနည်းငယ် မှုန်ဝါးဝါး ဖြစ်နေ၏။

တိတ်ဆိတ် ငြိမ်သက်နေသော လမ်းမ လေး တစ်ခု ပေါ်တွင် လမ်းမီးတိုင် များက မှေးမှိန်သော အဝါရောင် အလင်းတန်း လေးများကို ဖြာကျနေစေသည်။

အပြာ နှင့် အဖြူ ရောင် ကျောင်းဝတ်စုံ ကို ဝတ်ဆင်ထားသော ကောင်လေး တစ်ယောက် က ထီး လေး တစ်လက် ကို ကိုင်ဆောင်းကာ အိမ်သို့ တစ်ယောက်တည်း လမ်းလျှောက် ပြန်လာနေ၏။

သူ၏ အမည် ကတော့ စုမင် ဖြစ်၏။ သူသည် ကျန်းဟိုင် အမှတ် (၂) အထက်တန်းကျောင်း မှ သာမန် နောက်ဆုံးနှစ် အထက်တန်း ကျောင်းသား လေး တစ်ဦး ပင် ဖြစ်၏။

သူ ကို လိုက်လံ သတ်ဖြတ်နေသူ များ လည်း မရှိသလို... သူ နှင့် နက်ရှိုင်းသော ရန်ငြိုး ရန်စ ရှိသူ များလည်း မရှိပါချေ။ သူသည် ညကျောင်း မှ ယခုလေးတင် ပြန်လာခဲ့ခြင်းပါ။

အနည်းငယ် လေးလံနေသော ကျောပိုးအိတ် ကို လွယ်ထားကာ... နားကြပ် ထဲမှ ဘယ်ကန်းမှန်း မသိရသော သီချင်းဟောင်း လေး တစ်ပုဒ် ကို နားထောင်ရင်း... မနက်ဖြန် ဖြေရမယ့် စမ်းသပ် စာမေးပွဲ ကို အောင်ပါ့မလား ဟု စဉ်းစား တွေးတော နေသူ လေး တစ်ဦး သက်သက်သာ ဖြစ်၏။

ရံဖန်ရံခါ တွင် လေပေါ်ပျံ ကား တစ်စီး က သူ၏ အထက်မှ အရှိန်အဟုန်ဖြင့် ဖြတ်သန်းသွားလေ့ ရှိပြီး သူ၏ နဖူး ပေါ်ရှိ ဆံပင် ကေ သေးသေးလေး များကို လွင့်ဝဲသွားစေသော လေပြင်း တစ်ခု ကို ဖန်တီးသွားလေ့ ရှိ၏။

ကောင်လေး က ခေါင်းကို မော့ကာ မည်းမှောင်နေသော ညကောင်းကင်ယံ ကို တစ်ချက် မော့ကြည့်လိုက်သည်။

'ဘာလို့များလဲ မသိဘူး... ဒီနေ့ည ငါ့ရင်တွေ အရမ်း ခုန်နေတယ်ကွာ... တစ်ခုခု များ ဖြစ်တော့မလို့လား'

“ဒိုင်း... ”

ထိုစဉ် မိုးကုပ်စက်ဝိုင်း ၏ အပြင်ဘက် မှနေ၍ လုံးဝ လေလုံနေသော မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

ဥက္ကာပျံ လေး တစ်ခု က တိမ်တိုက်များကို ဆုတ်ဖြဲကာ ထွက်ပေါ်လာတော့၏။

၎င်း၏ ရှည်လျားလှသော ကြယ်တာရာ ခရီးစဉ် ကြီး အတွင်း၌ အလင်းရောင် များ အားလုံး ကို အကုန်အစင် မီးရှို့ပစ်လိုက်ပြီး ဖြစ်သဖြင့်... အူတိုင် ၏ နောက်ဆုံး ကျန်ရှိနေသော အစိတ်အပိုင်း လေး သာ ကျန်ရစ်တော့ပြီး အမည်းရောင် ကျောက်စရစ်ခဲ လေး တစ်လုံးပမာ တိတ်ဆိတ်စွာ ကျဆင်းလာတော့သည်။

မြို့တော် ၏ ကာကွယ်ရေး ဒိုင်းလွှား ကြီးကို ဖောက်ထွင်း ဝင်ရောက်လာပြီး မိုးထိမတတ် မြင့်မားလှသော အဆောက်အအုံ ကြီးများ ၏ အကြားမှ ဖြတ်သန်းလာကာ...

နောက်ဆုံးတွင် ကောင်လေး ၏ ခြေအောက်ရှိ ရေအိုင် လေး ထဲသို့ အတိအကျ ပြုတ်ကျသွားတော့သည်။

“ဖြန်း... ”

သေးငယ်သော ရေစက် လေးများ လွင့်စင်သွားတော့၏။

စုမင် ၏ ခြေလှမ်း များ ရပ်တန့်သွားရသည်။

သူ က ရေအိုင် လေး ထဲရှိ မည်းမည်း အရာလေး ကို တွေဝေ ကြောင်တောင်တောင်ဖြင့် ငုံ့ကြည့်လိုက်၏။

'ဒါက ဘာကြီးလဲ... ဘယ်သူက ဒီ သံတိုသံစ ကြီးကို လာပစ်ထားတာလဲ'

သူ ၏ စိတ်ထဲတွင် ထိုသို့ တွေးလိုက်မိသည် မှန်သော်ငြား သူ ၏ စိတ် က မစဉ်းစားရသေးမီ မှာပင် သူ ၏ ခန္ဓာကိုယ် က အရင် တုံ့ပြန်သွားခဲ့တော့၏။

သရဲ ပူးသွားသည့်အလား သူ က ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ရှည်လျား သန့်စင်လှသော လက် တစ်ဖက် ကို ဆန့်ထုတ်ကာ... ထို အရာလေး ကို အေးစက်သော မိုးရေ များ ထဲမှ ကောက်ယူလိုက်သည်။

၎င်းကား လက်စွပ် လေး တစ်ကွင်း ပင် ဖြစ်၏။

တစ်ကွင်းလုံး အမည်းရောင် ဖြစ်နေပြီး ရှေးဟောင်း မန္တန် လိုင်းကြောင်း များ ထွင်းထုထားကာ... အိပ်မောကျနေသည့်အလား ထင်ရသော နဂါး တစ်ကောင် ၏ ပုံစံ ကို ထွင်းထုထား၏။

စုမင် ၏ လက်ချောင်း က လက်စွပ် လေး နှင့် ထိတွေ့မိသွားသော အခိုက်အတန့်လေး မှာပင်၊

“ဝီ... ”

လက်စွပ် လေး က အနည်းငယ် တုန်ခါသွားတော့သည်။

ကောင်းကင် နှင့် မြေကြီး ကို တုန်လှုပ်သွားစေမည့် ထူးခြားသော ဖြစ်စဉ် ကြီးများ မထွက်ပေါ်လာခဲ့သလို၊ ကောင်းကင် သို့ ထိုးတက်သွားမည့် အလင်းတန်း တိုင် ကြီးများလည်း မထွက်ပေါ်လာခဲ့ချေ။

လက်စွပ် လေး ၏ အတွင်း၌ အနှစ် သုံးထောင် တိတိ အိပ်မောကျနေခဲ့သော အူတိုင် ပရိုဂရမ် ကြီး မှာ မှေးမှိန်သော်ငြား လုံးဝ အတိအကျ ထပ်တူညီသော ဝိညာဉ် လှိုင်းဂယက် လေး တစ်ခုကို နောက်ဆုံးတွင် ထောက်လှမ်း တွေ့ရှိသွားခဲ့တော့၏။

လက်စွပ် လေး ကိုယ်တိုင် သာ ဖတ်ရှုနိုင်သော ဒေတာ စီးကြောင်း ကြီး တစ်ခု က အူတိုင် ထဲတွင် ရူးသွပ်စွာ လည်ပတ်နေတော့သည်။

[ဇီဝ သံလိုက် စက်ကွင်းကို ထောက်လှမ်း တွေ့ရှိထားပါတယ်...]

[ဝိညာဉ် လှိုင်း ကြိမ်နှုန်းကို နှိုင်းယှဉ် နေပါတယ်...]

[နှိုင်းယှဉ်မှု ရလဒ် - ၁၀၀ ရာခိုင်နှုန်း ထပ်တူညီ ပါသည် (မူလ အရင်းအမြစ် တစ်ခုတည်း ဖြစ်ပါတယ်)]

[သတိပေးချက် - ဟို့စ်၏ မှတ်ဉာဏ် များ ပိတ်ဆို့ ခံထားရပါတယ်... အမည် ခွဲခြား သတ်မှတ်ချက် - ဝင်စားခြင်း။]

[အမိန့် ကို ပြောင်းလဲ လိုက်ပါတယ် - ငုပ်လျှိုးနေသော မုဒ် ကို အသက်သွင်းလိုက်ပါပြီ။]

[ချိတ်ဆက် နေပါတယ်...]

စုမင် ကတော့ ထို အသံ များကို လုံးဝ မကြားလိုက်ရချေ။

သူ၏ လက်ဝါး ထဲတွင် နွေးထွေးမှု လေး တစ်ခုကို သာ ခံစားလိုက်ရပြီး လက်စွပ် လေး မှာ အသက်ဝင်နေသည့်အလား ပင်... သူ့ကို ဖော်ပြ၍ မရနိုင်လောက်အောင် နက်ရှိုင်းလှသော ရင်းနှီးမှု ကြီး တစ်ခုကို ပေးစွမ်းနေတော့၏။

'ဒါက ငါ့ရဲ့ ပစ္စည်း လေး ဖြစ်ပြီး... လွန်ခဲ့တဲ့ အချိန် အကြာကြီး ကတည်းက ငါ မတော်တဆ ပျောက်ဆုံးသွားခဲ့တာ... အခု နှစ်ထောင်ပေါင်းများစွာ ကြာပြီးမှ သူ့ရဲ့ မူလ ပိုင်ရှင် ဆီကို ပြန်ရောက်လာသလိုမျိုး ပဲ...'

“ထူးဆန်းလိုက်တာ...”

စုမင် က တိုးတိုးလေး ရေရွတ်လိုက်ပြီး လက်စွပ် လေးကို သူ၏ ညာဘက် လက်ညှိုး တွင် မသိစိတ် အရ စွပ်လိုက်၏။

အရွယ်အစား က လုံးဝ အတိအကျ ဖြစ်နေပြီး ကွက်တိ ပင် ဖြစ်နေတော့သည်။

မိုး က ဆက်လက် ရွာသွန်းနေဆဲ ပင် ဖြစ်၏။

ကောင်လေး က ထီး လေး ကို ဆောင်းထားပြီး သူ၏ လက်ပေါ်ရှိ လက်စွပ် လေး ကို တစ်ချက် ကြည့်ကာ... ကျယ်ပြောလှသော ညကောင်းကင်ယံ ကြီး ကို ထပ်မံ လှမ်းကြည့်လိုက်၏။

ထို့နောက် သူ က ခေါင်းကို ခါယမ်းလိုက်ပြီး တိုက်ဆိုင်မှု လေး တစ်ခု သက်သက်သာ ဖြစ်မည် ဟု တွေးကာ အိမ်သို့ ဆက်လက် လမ်းလျှောက် ပြန်လာခဲ့၏။

လမ်းမီးတိုင် များက သူ၏ ငယ်ရွယ်လှသော ပုံရိပ် လေး ကို ရှည်လျားစွာ ထင်ဟပ်နေစေသည်။

ထို တိတ်ဆိတ် ငြိမ်သက်နေသော အမည်းရောင် နဂါး လက်စွပ် လေး ၏ အနက်ရှိုင်းဆုံး နေရာ... ကောင်းကင် ကိုးထပ် မြေ အား ပိတ်လှောင်ထားသော တာအို မျှော်စင် ကြီး ထဲတွင်မူ။

အနှစ် သုံးထောင် တိတိ ငြိမ်းသတ်နေခဲ့သော မီးခွက် လေး တစ်လုံး က သေးငယ်သော မီးတောက် လေး တစ်ခု နှင့်အတူ တိတ်ဆိတ်စွာ ပြန်လည် လင်းလက်လာတော့သည်။

၎င်းမှာ နှစ်ထောင်ပေါင်းများစွာ ကို ဖြတ်သန်းလာခဲ့သော သက်ပြင်းချသံ လေး တစ်ခု က သူ၏ နားထဲတွင် တိုးညှင်းစွာ ပဲ့တင်ထပ်နေသည့်အလား ပင်။

'ပြန်လာတာ ကို... ကြိုဆိုပါတယ်...'

'ငါ့ရဲ့ အရှင်သခင် ကြီး…’

အခန်း (၂၈၄) စစ်ပွဲ အပြီး.. ကြယ်တာရာ တွေ အောက်က စောင့်ကြည့်သူ များ

ဝိညာဉ် ကမ္ဘာ၊ မြောက်ပိုင်း တွင်၊

လူတစ်ယောက် ၏ ဝိညာဉ် ကိုပင် အေးခဲသွားစေနိုင်လောက်သော လေပြင်းများနှင့် နှင်းမုန်တိုင်း ကြီးမှာ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့တော့၏။

ထိုအစား ရွှေရောင် မိုးရေပေါက် လေးများ က ခုနစ်ရက် နှင့် ခုနစ်ည တိုင်တိုင် တစ်ဖွဲဖွဲ ကျဆင်းနေတော့သည်။

မိုးထိမတတ် မြင့်မားလှသော အစစ်အမှန် အင်မော်တယ်ကြီး ၏ အလောင်းကြီး မှာ ပြုတ်ကျလာစဉ် အတွင်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲ ပျက်စီးသွားပြီး... ဤ ကမ္ဘာလောကကြီး ၏ အသန့်စင်ဆုံး နှင့် အခမ်းနားဆုံး ဝိညာဉ်စွမ်းအင် များ အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။ ရွှေရောင် မိုးရေပေါက် လေးများ က မီးလောင် ကျွမ်းထားသော အေးခဲနေသည့် မြေကြီးပေါ်သို့ ကျဆင်းလာသောအခါ... ရေခဲပြင် ပေါ်ရှိ ခြောက်သွေ့ သေဆုံးနေသော ထင်းရှူးပင် ကြီးများ မှာ တစ်ညတည်း နှင့် စိမ်းလန်းသော အရွက်နု လေးများ ထွက်ပေါ်လာကြသည်။

နှစ်ထောင်ပေါင်းများစွာ ခန်းခြောက်နေခဲ့သော မြေအောက် မြစ် ကြီးများ မှာလည်း တစ်ဖန် ပြန်လည် စီးဆင်းလာပြီး ပျော်ရွှင်စွာ ဟိန်းဟောက်နေကြ၏။

ဤ မိုးရေ များကို ချိုးခံလိုက်ရသော မဟာ စစ်ပွဲကြီး အတွင်း ခြေလက် အင်္ဂါ များ ဆုံးရှုံးသွားခဲ့ရသည့် သေမျိုး များ နှင့် ကျင့်ကြံသူ များ ပင်လျှင်... သူတို့၏ ပြတ်ထွက်နေသော နေရာများ မှနေ၍ အသားနု လေးများ အံ့ဖွယ် ကောင်းလောက်အောင် ပြန်လည် ထွက်ပေါ်လာကြတော့သည်။

ဒါက အောင်ပွဲခံ ဂုဏ်ပြုရမည့် အံ့ဖွယ် အမှု ကြီး တစ်ခု ဖြစ်သင့်၏။

ကပ်ဘေး ကြီး အပြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့ခြင်း အတွက် ပျော်ပွဲရွှင်ပွဲ ကြီး တစ်ခု ဖြစ်သင့်သည်။

သို့သော် ဝိညာဉ် ကမ္ဘာ ကြီး တစ်ခုလုံး တွင် အဆူညံဆုံး၊ အစည်ကားဆုံး နှင့် အသက်ဝင် လှုပ်ရှားမှု အရှိဆုံး နေရာ ဖြစ်ခဲ့သော 'ကွေ့ယွမ် တောင်ခွဲ' ကြီး တွင်မူ... ယခုအခါ အသက်ရှူကြပ်လုမတတ် လေထု တစ်ခု သာ လွှမ်းမိုးနေတော့သည်။

ဘာမှ မရှိတော့။

ဘာတစ်ခု မှ မကျန်ရစ်တော့ပေ။

နေထွက်လာချိန် တိုင်း အမြဲတမ်း ကြားနေရလေ့ ရှိသည့် “ညီအစ်ကိုတို့... အဖွဲ့ ဖွဲ့ပြီး လျှို့ဝှက် နယ်မြေ သွားကြမယ်ဟေ့” ဆိုသော အော်ဟစ်သံတွေလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။

လက်နက်ပစ္စည်း လေး တစ်ခု အတွက် မနက် ကနေ ည အထိ တစ်နေကုန် ဆဲဆို ရန်ဖြစ်နေကြသည့် အသံ တွေလည်း မရှိတော့ပါ။

စက်ရုပ်ကြီး သောင်းပေါင်းများစွာ တစ်ပြိုင်နက်တည်း စက်နှိုးလိုက်သော ဟိန်းဟောက်သံကြီး တွေ၊ ဇာ့ဂ် မိစ္ဆာကောင် ကြီး သိန်းပေါင်းများစွာ က သွေးသား တွေကို ကိုက်ဖြတ် စားသောက်နေသော အသံ တွေ... အားလုံး ဟာ အသံတိတ် ခလုတ် နှိပ်ခံလိုက်ရသလိုမျိုး ရုတ်တရက် ကြီး ရပ်တန့်သွားခဲ့ရတော့၏။

ဒီနေရာကြီး က အရမ်းကို တိတ်ဆိတ်လွန်းနေတော့... သံမဏိ တွေ နှင့် ကွန်ကရစ် အပျက်အစီး တွေ ကြားထဲက ဖြတ်တိုက်သွားသည့် လေပြင်းတွေ၏ အသံ ကတောင် နားထဲမှာ ကိုးလို့ ကန့်လန့် ဖြစ်နေတော့၏။

“ဝုန်း... ”

ဧရာမ ကွန်ကရစ် တုံး ကြီး တစ်တုံး ကို သွေးများ ပေကျံနေသော လက် တစ်စုံ က အတင်း တွန်းဖယ်လိုက်သည်။

'အရိပ်' (ဝမ်အာ) သည် အပျက်အစီး များ၏ အနက်ရှိုင်းဆုံး နေရာမှနေ၍ မနည်း ရုန်းကန်ကာ တွားသွား ထွက်လာ၏။ အရိပ် ကိုယ်ရံတော် တပ်ဖွဲ့ ၏ ထိပ်တန်း အစွမ်းအထက်ဆုံး သူလျှို တစ်ဦး အနေဖြင့် သူသည် အမှောင်ထု ထဲတွင် ပုန်းအောင်းကာ ဘေးမှနေ၍ အကဲခတ် လေ့လာရန် အသားကျနေခဲ့ပြီ ဖြစ်သည်။

သို့သော် ဤအခိုက်အတန့် တွင်မူ သူသည် အရူး တစ်ယောက်ပမာ ရင်ပြင် ကြီး ၏ အလယ်ဗဟို သို့ အလုအယက် ပြေးထွက်သွားတော့သည်။

ထိုနေရာသည် တစ်ချိန်က ကစားသမား များ၏ 'ရှင်သန်ပြန်ထမြောက်ရာ နေရာ' ဖြစ်ခဲ့၏။

'သူတို့တွေ ဘယ်ရောက်သွားကြပြီလဲ'

'အရိပ်' မှာ ရွှံ့ဗွက် များထဲတွင် ခလုတ်တိုက် လဲကျသွားပြီးနောက် ကပျာကယာ ပြန်ထကာ ပြေးလွှားနေတော့၏။ ပုံမှန် အချိန်များတွင် ရေခဲ ပမာ တည်ငြိမ် အေးစက်နေလေ့ရှိသော သူ၏ မျက်လုံးများ ထဲတွင် ယခုအခါ ထိတ်လန့် ပျာယာခတ်မှု များနှင့် မျှော်လင့်ချက်မဲ့မှု များ ပြည့်နှက်နေတော့သည်။

“ထွက်လာခဲ့ကြစမ်းပါ... ဆက်ပြီး ပုန်းမနေကြပါနဲ့တော့ကွာ”

“တိုက်ပွဲ ကြီး ပြီးသွားပြီဟေ့... ဘော့စ် ကြီး ကို သတ်လိုက်နိုင်ပြီကွ”

“မင်းတို့က အလောင်း တွေ ကနေ ပစ္စည်း လုရတာ ကို သဘောကျတယ် မလား... ကောင်းကင်ယံ ကနေ အစစ်အမှန် အင်မော်တယ် ကြီး ရဲ့ ရတနာ တွေ အများကြီး ပြုတ်ကျလာနေပြီလေ... ဘာလို့ လာမလုကြတော့တာလဲ”

“ပုံမှန် အချိန်တွေမှာ ဆိုရင် ခရမ်းရောင် လက်နက်ပစ္စည်းလေး တစ်ခုလောက် ကျလာရင်တောင်... ဒီ လောဘကြီး တဲ့ ကောင်တွေ ဟာ သွေးထွက်သံယို ဖြစ်တဲ့ အထိ အသေအလဲ လုကြမှာ သေချာတယ်လေ”

“အခုတော့... မြေကြီးပေါ်မှာ ရွှေရောင် တွေ တဖျတ်ဖျတ် လင်းလက်နေတာတောင် မှ ဘယ်သူကမှ ကုန်းကောက် ဖို့ မလာကြတော့ဘူး တဲ့လားကွာ”

အပျက်အစီး များ ၏ အထက်တွင် ဗလာကျင်းနေသော ပဲ့တင်သံ များသာ ကျန်ရစ်တော့သည်။

“ဝက်ဝံ... ”

'အရိပ်' က တွေဝေ တုံ့ဆိုင်းစွာဖြင့် အော်ခေါ်လိုက်၏။

“ခေါင်းမာတဲ့ ကောင်လေး... ”

“လက်မှုပညာရှင် ကန်... ”

မည်သူကမျှ ပြန်မထူးခဲ့ချေ။

“ပြောင်းဝ အကျယ် ဟာ တရားမျှတမှု ပဲ” လဟု အမြဲတမ်း အော်ဟစ်လေ့ရှိတဲ့ ဟို စက်ရုပ် ရူးသွပ်သူ ကြီး။

“နတ်ဘုရား တွေ ရဲ့ အရသာ က ဘယ်လိုနေမလဲ မသိဘူး” လို့ အမြဲတမ်း တတွတ်တွတ် ပြောလေ့ ရှိသည့် ဟို ဇာ့ဂ် အာဏာရှင် ကြီး။

ပြီးတော့ အမြဲတမ်း ပြုံးရွှင်နေပြီး လူတွေကို လိမ်ညာ လှည့်စားတတ်သော်လည်း... နောက်ဆုံး အချိန် ရောက်သည့် အခါမှာတော့ ကောင်းကင်ယံ ကို တစ်ယောက်တည်း ဓား တစ်လက်နှင့် ရဲရဲဝံ့ဝံ့ ထိုးဖောက် ဝင်ရောက်သွားသော ဟို လူငယ် ဂိုဏ်းချုပ် ကြီး။

သူတို့တွေ အားလုံး ဟာ ခမ်းနား ကြီးကျယ်လှသော မီးရှူးမီးပန်း ကြီး တစ်ခု လိုပါပင်။

အလှပဆုံး၊ အတောက်ပဆုံး အချိန်လေး မှာ ရုတ်တရက် ပွင့်လန်းလာပြီး ရှည်လျားလှသော ညတာ ကြီး တစ်ခုလုံး ကို လင်းထိန်သွားစေခဲ့၏... ပြီးတော့... အရုဏ် မတက်မီ လေးမှာပဲ လုံးဝ အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ကြတော့၏။

‘မရှိတော့ဘူး... ။

သူတို့ အားလုံး ထွက်သွားကြပြီ’

'အရိပ်' သည် ရွှံ့ဗွက် များထဲတွင် ဒူးထောက် ကျသွားပြီး သူ၏ လက်များဖြင့် မြေကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။

တစ်သက်လုံး မျက်ရည် တစ်ပေါက် တောင် မကျဖူးခဲ့သော ဒီ ရက်စက် ကြမ်းကြုတ်လှသည့် လျှို့ဝှက် အေးဂျင့် ကြီး ဟာ... ယခုအခါ စွန့်ပစ်ခံလိုက်ရသည့် ကလေးငယ် လေး တစ်ယောက် လို ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။

... ... ...

ခုနစ်ရက် အကြာတွင်၊

အသက်ရှင် ကျန်ရစ်ခဲ့သော ဝိညာဉ် ကမ္ဘာ ၏ သက်ရှိ များ သည် မြောက်ဘက် အရပ် သို့ အလိုအလျောက် ရွှေ့ပြောင်း စုရုံးလာကြ၏။

အနီးအနားရှိ သေမျိုး များ မှ စတင်ကာ... ကျန်ရှိနေသေးသော ဂိုဏ်း အသီးသီး မှ ကျင့်ကြံသူ များ၊ နှင့် နောက်ဆုံးတွင် တောင်နက် ကြီးများ ထဲမှ မိစ္ဆာ သားရဲ ကြီးများ ပင်လျှင် သူတို့၏ မိသားစု တစ်စုလုံး ကို ခေါ်ဆောင်ကာ ရောက်ရှိလာကြသည်။

သူတို့ ဤနေရာသို့ လာခဲ့ကြခြင်းမှာ အခြား အကြောင်းရင်း မရှိချေ။ ထို ဒဏ္ဍာရီလာ နေရာ ကြီး ကို တစ်ချက်လေး ဖြစ်ဖြစ် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ချင်သောကြောင့် သက်သက်သာ ဖြစ်၏။

အပျက်အစီး များကို ရှင်းလင်းနေစဉ် အတွင်း 'နတ်သမီး လန်ယွဲ့' သည် အတော်လေး ကောင်းမွန်နေသေးသော 'မုန်တိုင်း တိုက်တန်' စက်ရုပ်ကြီး တစ်ရုပ် ကို ရှာတွေ့သွားခဲ့သည်။

မောင်းနှင်ခန်း မှာ ပွင့်နေပြီး အတွင်းရှိ ထိုင်ခုံ ပေါ်တွင် တစ်ဝက် ခန့် သာ ကျန်တော့သော 'ဟက်ပီးဝါးတား' (ကိုလာ) ပုလင်း တစ်ပုလင်း နှင့် လေယာဉ်မှူး သာ နားလည်နိုင်မည့် ထူးဆန်းသော ပုံကြမ်း များ၊ ပြုပြင်မွမ်းမံရေး အစီအစဉ် များ ရေးဆွဲထားသည့် တွန့်ကြေနေသော ပုံစံကြမ်း စာရွက် တစ်ရွက် သာ ကျန်ရှိတော့သည်။

'နတ်သမီး လန်ယွဲ့' သည် အေးစက်နေသော ထိန်းချုပ်ရေး မောင်းတံ ကြီးကို ညင်သာစွာ ပွတ်သပ်လိုက်၏။

'ခေါင်းမာတဲ့ ကောင်လေး' ဆိုသည့် ကောင်လေး ကို သူမ မှတ်မိနေပါသေးသည်။

ဒီ ကောင်လေး က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှု လေး သာ ရှိတာတောင် မှ... ဒီ သံတုံး ကြီး တွေကို မောင်းနှင်ပြီး မူလဝိဉာဉ်အဆင့် ရှိသော သူမ ၏ အရှေ့မှာ ရဲရဲဝံ့ဝံ့ လာပိတ်ရပ်ရဲခဲ့သည်လေ။ ပြီးတော့ ကျင့်ကြံသူ တွေ အားလုံး ၏ အရှေ့မှာ... ကောင်းကင်ယံ က အစစ်အမှန် အင်မော်တယ် ကြီးကို လက်ညှိုးထိုးပြီး ဆဲဆို ရဲခဲ့သေးသည်ပင်။

“အရူး တွေ... တကယ့် အရူး တွေပါဟယ်”

'နတ်သမီး လန်ယွဲ့' က 'ဟက်ပီးဝါးတား' ပုလင်း ကို သူမ ၏ ရင်ခွင် ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားရင်းနှင့်၊ သူမ ၏ မျက်နှာပေါ်တွင် မျက်ရည်များ တိတ်ဆိတ်စွာ စီးကျလာတော့၏။

“ဒီ စစ်ပွဲ ကြီး ပြီးသွားရင်... သတ်ဖြတ်ခြင်း တွေ မရှိဘဲ ဂိမ်းတွေ သာ ရှိတဲ့ နင်တို့ရဲ့ မွေးရပ်မြေ ကမ္ဘာ ကြီး ကို လိုက်ပြမယ် လို့ နင်.. ကတိပေးထားခဲ့တယ်လေ”

“လူလိမ် တွေ”

“နင်တို့ အားလုံး က လူလိမ် တွေ ချည်းပဲဟာ”

... ... ...

တစ်လ အကြာတွင်၊

ကွေ့ယွမ် တောင်ခွဲ ၏ မူလ နေရာ ကြီး တွင် ခမ်းနားထည်ဝါလှသော အထိမ်းအမှတ် ကျောက်တိုင် ကြီး တစ်ခု ကို စိုက်ထူလိုက်တော့၏။

ဤ ကျောက်တိုင် ကြီး ကို မည်သည့် အဖိုးတန် ဝိညာဉ် သတ္တု များဖြင့်မျှ တည်ဆောက်ထားခြင်း မဟုတ်ချေ။ ထိုအစား စက်ရုပ် အပျက်အစီး များ၊ ဇာ့ဂ် များ၏ အခွံ မာ ကြီးများ၊ ကျိုးပဲ့နေသော ဓားပျံ များ၊ နှင့် စစ်မြေပြင် မှ ကောက်ယူ ရရှိခဲ့သော ထူးဆန်းသည့် အကောင့် နာမည် များ ထွင်းထုထားသည့် သတ္တု ပြား လေး မရေမတွက်နိုင်အောင် များပြားလှသည့် အရာများ ဖြင့် တည်ဆောက်ထားခြင်း ပင် ဖြစ်၏။

ကျောက်တိုင် ကြီးမှာ တိမ်တိုက် များကို ဖောက်ထွင်းကာ ကောင်းကင်ယံ သို့ ထိုးတက်နေပြီး... တစ်ချိန်က အက်ကွဲ ပြိုကျခဲ့သော်ငြား ယခုအခါ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သော ကောင်းကင် ကြီးကို တည့်တည့်ကြီး လက်ညှိုးထိုး ပြသနေသည့်အလား ပင်။

ကျောက်တိုင် ကြီး ၏ အောက်ခြေ တွင် 'အရိပ်' သည် သူ အမြတ်နိုးဆုံး ဖြစ်သော ဓားမြှောင် လေး ကို အသုံးပြုကာ ကဗျာ လင်္ကာ စာသား များကို တစ်ချက်ချင်းစီ သေသေချာချာ ထွင်းထုထားသည်။

စာလုံး တိုင်း စာလုံး တိုင်း က ဝိညာဉ် ကမ္ဘာ ကြီး၏ သမိုင်း မှတ်တမ်း ကြီး ထဲမှာ ထာဝရ စွဲထင် ကျန်ရစ်နေတော့မှာ သေချာပါသည်။

[ဒီ နေရာမှာ... အရူး တစ်သိုက် မြှုပ်နှံ ခံထားရတယ်။]

[သူတို့ က လောဘကြီး ကြတယ်၊ ဖြတ်သန်းသွားတဲ့ နေရာတိုင်း မှာ အပျက်အစီး တွေ ပဲ ချန်ထားခဲ့ကြတယ်... သူတို့ က ကစဉ့်ကလျား နိုင်ကြတယ်၊ စည်းမျဉ်းစည်းကမ်း တွေကို လုံးဝ ဂရုမစိုက်ဘူး... ပြီးတော့ သူတို့ က မာနထောင်လွှား ကြတယ်၊ နတ်ဘုရား တွေကို တောင် မှ လက်ခလယ် ထောင်ပြရဲတဲ့ သတ္တိ ရှိကြတယ်။]

[သူတို့ ကိုယ်သူတို့ ကစားသမား တွေ လို့ ခေါ်ခဲ့ကြတယ်... ပြီးတော့ ကပ်ဘေးကြီး လို့လည်း ခေါ်ခဲ့ကြတယ်။]

[ဒါပေမဲ့ ဝိညာဉ် ကမ္ဘာ ကြီး ရဲ့ အမှောင်မိုက်ဆုံး ညတာ ကြီး မှာတော့... ဒီ လောဘကြီး တဲ့ အရူး တစ်သိုက် ကပဲ... ငါတို့ အတွက် အရုဏ်ဦး အလင်းတောင် လေး ထွက်ပေါ်လာအောင် သူတို့ ကိုယ်သူတို့ မီးရှို့ပြီး အလင်းပြ သွားခဲ့ကြတယ်။]

[ဒီ တာအို ညီအစ်ကို တွေ ဘယ်ကနေ လာခဲ့ကြလဲ ဆိုတာ ငါတို့ မသိဘူး... ပြီးတော့ ဘယ်ကို ထွက်သွားကြပြီလဲ ဆိုတာ ကိုလည်း ငါတို့ မသိတော့ဘူး။]

[ဒါပေမဲ့ နောင်လာနောက်သား တွေ အနေနဲ့ ဒါကို ထာဝရ မှတ်မိ နေစေချင်တယ်...]

[တကယ်လို့ စတုတ္ထမြောက် ကပ်ဘေးကြီး သာ မရှိခဲ့ဘူး ဆိုရင်... ဒီ ကမ္ဘာလောကကြီး မှာ အင်မော်တယ် ကျင့်ကြံခြင်း ဆိုတာလည်း နောက်ထပ် ရှိလာတော့မှာ မဟုတ်ဘူး လို့။]

ထို အချိန်မှ စတင်၍ ဤ အထိမ်းအမှတ် ကျောက်တိုင် ကြီးမှာ ဝိညာဉ် ကမ္ဘာ ၏ မြင့်မြတ် နယ်မြေကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

နှစ်စဉ် နှစ်တိုင်း မရေမတွက်နိုင်သော လူများ က ဤနေရာသို့ လာရောက် ဂါရဝပြု ကြ၏။

သူတို့ ယူဆောင်လာသော ပူဇော်သက္ကာ များမှာ ဝိညာဉ်ကျောက်တုံး တွေ မဟုတ်သလို... ဆေးလုံး တွေလည်း မဟုတ်ကြချေ။

ထိုအစား ထူးဆန်းပြီး အံ့သြဖွယ် ကောင်းလှသော လက်မှုပညာ ပစ္စည်း အသစ်အဆန်း လေးများ သာ ဖြစ်ကြ၏။

၎င်းတို့မှာ ထို ဒဏ္ဍာရီလာ ကပ်ဘေးကြီး များ အနှစ်သက်ဆုံး အရာများ ဖြစ်မည် ဟု သူတို့ ယုံကြည်ထားကြသောကြောင့် ပင် ဖြစ်၏။

... ... ...

အချိန် တွေ ကုန်ဆုံးသွားပြီး ကမ္ဘာလောကကြီး လည်း ပြောင်းလဲသွားခဲ့တော့၏။

အနှစ် သုံးရာ ကြာပြီးနောက်။

ကျန်းချန် ချန်ရစ်ခဲ့သော 'အမည်းရောင် သေတ္တာ'၏ လမ်းညွှန်မှု များ ကြောင့် ဝိညာဉ် ကမ္ဘာ ၏ ယဉ်ကျေးမှု သစ်ပင် ကြီး ပေါ်တွင် ထူးဆန်းသော အကိုင်းအခက် အသစ် တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

ဤနေရာတွင် သန့်စင်သော ကျင့်ကြံသူ စစ်စစ် တွေ ဆိုတာ မရှိတော့ပါ။

ထိုအစား ဝိညာဉ်စွမ်းအင်သုံး ပြင်ပ အရိုးစု ချပ်ဝတ် များကို ဝတ်ဆင်ထားပြီး၊ မန္တန်စာလုံး ရိုင်ဖယ် သေနတ် များကို ကိုင်ဆောင်ကာ၊ ဆွဲငင်အား ဆန့်ကျင်ရေး ဓားပျံ များ စီးနင်းကြသော ခေတ်သစ် ကျင့်ကြံသူ အုပ်စု သစ် ကြီး တစ်ခု ထွက်ပေါ်လာခဲ့လေပြီ။

တစ်ချိန်က တာ့ချန် နတ်ဘုရား အင်ပါယာ ၏ ဧကရာဇ် မြို့တော် ကြီးမှာ ယခုအခါ သံမဏိ များနှင့် နီယွန် မီးရောင် များ ရောယှက်နေသည့် 'သဘာဝ ကပ်ဘေး မြို့တော်'ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

မြို့တော် ၏ အမြင့်ဆုံး နေရာတွင် ဧရာမ အာကာသ ဆိပ်ကမ်း ကြီး တစ်ခု တည်ရှိသည်။

ဘီးတပ် ကုလားထိုင် ပေါ်တွင် ထိုင်နေသော မျက်နှာ အရေးအကြောင်း များ ပြည့်နှက်နေသည့် အဘိုးအို တစ်ဦး သည် ဧရာမ မှန် ပြတင်းပေါက် ကြီး မှတစ်ဆင့်... ပစ်လွှတ်ရေး စင် ကြီးပေါ်ရှိ ဧရာမ သံမဏိ ဘီလူးကြီး ကို ငေးကြည့်နေ၏။

ဒါက 'ကွေ့ယွမ်' ဟု အမည်ရသော သင်္ဘောကြီးပင်။

ရာစုနှစ် သုံးခု တိုင်တိုင် ဝိညာဉ် ကမ္ဘာ ကြီး ၏ နိုင်ငံတော် စွမ်းအား များကို အသုံးပြုကာ စက်မှုနည်းပညာ များနှင့် ဇီဝဗေဒ ဓာတုဗေဒ ပညာရပ် များကို ပေါင်းစပ် ဖန်တီးထားသော ဧရာမ ကြယ်တာရာ ခရီးသွား သင်္ဘောကြီးပင် ဖြစ်၏။

ရုပ်ဆိုး အကျည်းတန် ပြီး၊ လေးလံ ထိုင်းမှိုင်းကာ၊ ဖရန့်ကင်စတိုင်း၏ မိစ္ဆာကောင် ကြီး တစ်ကောင် လို ဖြစ်နေသော်ငြား... ဒါက ဒီ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ကြီး၏ အမြင့်ဆုံး အိပ်မက် ကြီးကို ကိုယ်စားပြုနေသည်ပင်။

“ဆရာ ကြီး ရှင်”

ငယ်ရွယ်သော အမျိုးသမီး ကပ္ပတိန် တစ်ဦး က အဘိုးအို ၏ အနားသို့ လျှောက်လာပြီး ဒူးတစ်ဖက် ထောက်လျက် အရိုအသေ ပေးလိုက်၏။

“စနစ် စစ်ဆေးမှု တွေ အားလုံး ပြီးစီးသွားပါပြီ”

“ဝိညာဉ်စွမ်းအင်သုံး အင်ဂျင် ကြီး လည်း အပူပေး ပြီးပါပြီ ရှင်”

“လေ့လာရေး ခရီးစဉ် သွားမယ့် စစ်သည် သုံးသိန်း လည်း... အိပ်စက်ရေး အခန်းတွေထဲကို ဝင်ရောက် သွားကြပါပြီ”

“ကျွန်မတို့တွေ... သူတို့ကို တကယ် ရှာတွေ့ နိုင်ပါ့မလားဟင်”

အဘိုးအို က တုန်ရီနေသော လက်များဖြင့် သူ၏ အိတ်ကပ်ထဲမှ အရောင် လွင့်နေပြီ ဖြစ်သော ဓာတ်ပုံ အဟောင်း လေး တစ်ပုံကို ဆွဲထုတ်လိုက်၏။

ဓာတ်ပုံ ထဲတွင် ကျန်းချန် က အလယ်ဗဟို တွင် မတ်တတ်ရပ်ကာ အောင်ပွဲခံ သင်္ကေတလေးကို လုပ်ပြနေသည်။... သူ၏ အနောက်ဘက် တွင် ထူးဆန်းသော အဝတ်အစား များ ဝတ်ဆင်ထားသည့် ကစားသမား တစ်သိုက် က.. နေရာလု နေကြသည်။

ထို အပူအပင် ကင်းမဲ့သော အပြုံးလေး က အနှစ် သုံးရာ ကြာသွားခဲ့ပြီ ဖြစ်သော်ငြား အဘိုးအို ၏ မျက်လုံးများကို စူးရှ နာကျင်သွားစေဆဲ ပင် ဖြစ်၏။

သည်အဘိုးအို က 'အရိပ်' ပါပင်။

သူ က ဒီ ကမ္ဘာလောကကြီး ထဲမှာ “နတ်ဘုရား” တွေကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့သည့် နောက်ဆုံး ကျန်ရှိနေသေးသော လူ တစ်ယောက် ဖြစါပါ၏။

“ရှာတွေ့ မှာပါ”

'အရိပ်' ၏ အသံ က တိုးညှင်းသော်ငြား အချိန် ကာလ ၏ ဖြတ်သန်းမှု များကို ကျော်လွန်ပြီး သေချာ ပြတ်သားမှု ကြီး တစ်ခု ပါဝင်နေတော့သည်။

“ဂိုဏ်းချုပ် ကြီး က တစ်ခါ ပြောဖူးတယ်... သူတို့ရဲ့ ခရီးစဉ် ဟာ ကြယ်တာရာ တွေ နဲ့ ပင်လယ်ပြင် ကြီး ဆီကို တဲ့လေ”

“သူတို့တွေ ပြန်မလာတော့ဘူး ဆိုမှတော့... ငါတို့က သွားရှာကြတာပေါ့ကွာ”

“အလင်းနှစ် ဘီလီယံ ပေါင်းများစွာ ဝေးကွာ နေပါစေ... တစ်သက်လုံး အချိန် ယူရပါစေကွာ”

“ငါ... သူတို့ ငါ့ကို 'ဝမ်ကြီး'လို့ ပြန်ခေါ်တဲ့ အသံ ကို ကြားချင်သေးတယ်”

“သူတို့ ကယ်တင်ခဲ့တဲ့ ကမ္ဘာလောကကြီး ဟာ အခုဆိုရင် ဘယ်လောက်တောင် လှပ သာယာ နေပြီလဲ ဆိုတာကို... ငါ သူတို့ကို သွားပြောပြချင်တယ်ကွာ”

ငယ်ရွယ်သော အမျိုးသမီး ကပ္ပတိန် ၏ မျက်လုံးများ နီရဲလာတော့သည်။ သူမ က လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး မတ်တတ်ရပ်ကာ... ဆက်သွယ်ရေး စက် မှတစ်ဆင့် နောက်ဆုံး အမိန့် ကို ပေးလိုက်၏။

“အားလုံးပဲ အာရုံစိုက်ကြ”

“ပစ်မှတ် - အနက်ရှိုင်းဆုံး အာကာသ ကြီး ရဲ့ အခြား တစ်ဖက်ခြမ်း ကိုဟေ့”

“ရှေ့ဆောင် လမ်းပြ ကြီး တွေကို သွားရှာကြမယ်... ကွေ့ယွမ် ဖက်ဒရေးရှင်း ကြီး ရဲ့ ဂုဏ်ကျက်သရေ တွေ အတွက်ကွ”

“မီးရှို့စမ်း... ”

“ဝုန်း... ”

ကမ္ဘာမြေ ကြီး ကို တုန်လှုပ်သွားစေမည့် မိုးခြိမ်းသံကြီး ပမာ ဟိန်းဟောက်သံကြီး နှင့်အတူ... ပေသောင်းချီ ရှည်လျားသော 'ကွေ့ယွမ်' သင်္ဘောကြီး က မျက်စိကျိန်းမတတ် တောက်ပသော အပြာရောင် မီးတောက် အမြီးတန်းကြီး ကို ပန်းထုတ်လိုက်တော့သည်။

သင်္ဘောကြီး က ဖြည်းညင်းစွာ လေထဲသို့ မြင့်တက်သွားပြီး တိမ်တိုက်များကို ဖောက်ထွင်းကာ လေထု အလွှာ ကြီး ထဲမှ ရုန်းထွက်သွားတော့၏။

မြေပြင်ပေါ်ရှိ လူသန်းပေါင်းများစွာ ၏ အောင်ပွဲခံ အော်ဟစ်သံကြီးများ အကြားတွင် ၎င်း က ဥက္ကာပျံ ကြီး တစ်ခု ပမာ ကောင်းကင်ယံ သို့ ထိုးတက်သွားလေသည်။... မည်းမှောင်ပြီး၊ အေးစက်ကာ၊ သို့သော် အဆုံးမဲ့ ဖြစ်နိုင်ချေ တွေ ပြည့်နှက်နေသော စကြဝဠာ ကြီး ၏ အနက်ရှိုင်းဆုံး နေရာ ဆီသို့ ရဲရင့် ပြတ်သားစွာ ချီတက်သွားတော့၏။

*

သင်္ဘော ကြီး ၏ အမိန့်ပေး ကွပ်ကဲရေး ခန်း တွင်၊

'အရိပ်' သည် ဝိညာဉ် ကမ္ဘာ ကြီး တဖြည်းဖြည်း သေးငယ်သွားသည် ကို ငေးကြည့်နေလေသည်။... မြောက်ပိုင်း ၏ နှင်းမုန်တိုင်း တွေ ကြားထဲမှာ မားမားမတ်မတ် ရပ်တည်နေသော အထိမ်းအမှတ် ကျောက်တိုင် ကြီး ကို မျှော်ကြည့်ရင်း... နောက်ဆုံးတွင် သူ၏ နှုတ်ခမ်းထက်၌ သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာတော့၏။

တိမ်တိုက် တွေ အပေါ်မှာ မတ်တတ်ရပ်ပြီး သူ့ကို စကား လှမ်းပြောနေသော... စိတ်အားထက်သန် ပြီး တက်ကြွနေသည့် ဟို လူငယ် ဂိုဏ်းချုပ် ကြီး ကို သူ ပြန်မြင်ယောင်လာသလိုပါပင်။

“ကောင်လေးတို့... မြေပုံ အသစ် ..လော့ဒင်း လုပ်ပြီးပြီဟေ့”

'အရိပ်' က.. မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ရာ ကြည်လင်သော မျက်ရည် စက် နှစ်ပေါက် က သူ၏ ပါးပြင် ပေါ်သို့ စီးကျလာတော့သည်။

'ဂိုဏ်းချုပ် ကြီး... ညီအစ်ကိုတို့'

'ဒီတစ်ကြိမ် တော့... ငါတို့ အလှည့် ရောက်ပြီကွ... မင်းတို့ကို အိမ် ပြန်ခေါ်သွားပေးမယ်'

... ... ...

[ပြီးပါပြီ]

All Chapters