← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

🐽 Chapter 15

"အမာရွတ်မျက်နှာ၊ ဘာဖြစ်လို့လဲ၊ မျက်နှာက ချို့ယွင်းနေပေမယ့် နှလုံးသားက မကန်းဘူး"

အရင်က ကလေးငယ်တစ်ဦးပင်ဖြစ်ပြီး ဆော့ကစားထားသဖြင့် ဆံပင်တိုတိုနှင့် မျက်နှာကမည်းသည်းနေကာ လမ်းမပေါ်တွင် ဘေးနားရှိ ကလေးများနှင့် ပြေးလွှားဆော့ကစားရင်း ကလေးကဗျာကို ဆိုနေလေသည်။

ရှဲ့ချီမှာ အင်္ကျီလက်များကို တစ်ဝက်ခန့် ခေါက်တင်ထားပြီး ကလေးဆိုနေသော ကဗျာကို ခေတ္တမျှသေချာနားထောင်ပြီးနောက် ရုတ်တရက် အံ့ဩစွာဖြင့် မျက်လုံးများပြူးကျယ်သွားကာ ဟော်ချန်ယဲ့ကို အံ့ဩသော မျက်နှာဖြင့် နောက်လှည့်ကြည့်လိုက်၏။

ဒီစာသားတွေရဲ့အဓိပ္ပာယ်က အရင်က သွေးထိုးပြီး ဆိုခိုင်းထားတဲ့ အရုပ်ဆိုးတဲ့ ကလေးကဗျာတွေ မဟုတ်ပါလား။

ပတ်ဝန်းကျင်ရှိ ဈေးသည်များနှင့် ဖြတ်သွားသော ရွာသားများကလည်း ပုံမှန်မဟုတ်သည်ကို သတိထားမိကြကာ အများအပြားက ရပ်တန့်၍ကောင်လေး သီဆိုနေသည်ကို စိတ်ဝင်တစား နားထောင်နေကြလေသည်။

မလှမ်းမကမ်းတွင် ရှဲ့ချီနှင့် ဟော်ချန်ယဲ့တို့ထံမှ ဝက်ကလီစာများကို တောင်းယူရန်ပျက်ကွက်ခဲ့သော အမျိုးသမီးမှာ လေထဲတွင် ကျန်ရစ်နေသော မွှေးပျံ့သည့်အနံ့ကို ရှူရှိုက်ရင်း ဝက်သားဆိုင်ဆီသို့ လမ်းသွယ်လေးထဲမှ အမြန်လျှောက်လာ၏။

သူမက မထီမဲ့မြင်ပြုနေပြီး မနေ့က ဟော်မိသားစုရဲ့လက် ထပ်ခါစ ချွေးမလေးက သူမကို ဝက်ကလီစာ မပေးခဲ့ကြောင်း၊ ပြီးတော့ ဒီလို လျှောက်လုပ်နေတာ ဘာတွေများ ပျက်စီးသွားပြီလဲ မသိဘူးဟု တွေးနေပေသည်။

ထိုအရာက သန့်ရှင်းရေးလုပ်ဖို့နှင့် ချက်ပြုတ်ဖို့ မလွယ်ကူသလို၊ ညှီနံ့ထွက်လွယ်ပြီး ကိုင်တွယ်ရတာ ရှုပ်ထွေးလှ၏။

ထိုကောင်မလေးက အဲ့ဒီအချိန်တုန်းကတော့ ဂျစ်ကန်ကန်နိုင်ခဲ့ပေမယ့် အိမ်ပြန်ရောက်သွားတဲ့အခါ ဒီအရာကို ကိုင်တွယ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ သိသွားမှာပဲ၊ ဒါကြောင့် ဒီနေ့ သူတို့ ဘယ်လောက် အရှက်ကွဲမလဲဆိုတာ လာကြည့်တာပင်။

စကားမစပ်၊ ယခုကိစ္စကို ဖြတ်သန်းပြီးနောက် သူတို့မှာ ပစ္စည်းတွေကို ကိုင်တွယ်နိုင်စွမ်း မရှိဘူးဆိုတာ သိသွားပေလိမ့်မည်။ သူတို့က သူမကို အလကားမပေးရင်တောင် အနည်းဆုံးတော့ တခြားသူတွေကလည်း ဒီအရာကို သိပ်မလိုချင်ကြဘူးဆိုတော့ သူမက ဈေးပေါပေါနဲ့ ပြန်ဝယ်လို့ ရနိုင်တာပဲဟု တွေးလိုက်သည်။

အမျိုးသမီးက ပျော်ရွှင်စွာ ရှေ့သို့လျှောက်သွားပြီး အခွင့်အ ရေးလေးတစ်ခု ရတော့မည်ဖြစ်၍ သူမ စိတ်ထဲဝမ်းသာမှုများ ပြည့်နှက်နေလေသည်။

ဒါပေမယ့် လေထဲက ဒီမွှေးပျံ့နေတဲ့ အနံ့က ဘာလဲ၊ ဘာလို့ သူမ အရင်က မရခဲ့ဖူးတာလဲ။

အနီးအနားက အိမ်နီးချင်းတွေဆီကလည်း ဒီအနံ့လေးနည်းနည်းရနေသလိုပဲ၊ ဘယ်နေရာမှာ ဆိုင်အသစ်ဖွင့်လိုက်တာလဲ၊ ဒါမှမဟုတ် ဒီလူတွေက အရသာရှိတဲ့ အစားအစာတွေ လုပ်နေကြတာလား။

သူမ နားမလည်နိုင်ဖြစ်ကာ ရီဝေဝေဖြင့် ခြေလှမ်းအနည်း ငယ်အမြန်လှမ်းသွားပြီးနောက် ဟော်ချန်ယဲ့၏ အသားဆိုင်ကို မြင်လိုက်ရသည်။ ဟိုဟိုဒီဒီ ကြည့်လိုက်သော်လည်း မနေ့က လှပသော ချွေးမသစ်လေးကို မတွေ့ရသဖြင့် သူမ စိတ်ထဲတွင် ဝမ်းသာသွားပြီး သူမအတွေးများ မှန်ကန်သည်ဟု ခံစားလိုက်ရ၏။

ဒီချွေးမလေးက အိမ်ပြန်သွားပြီး ပစ္စည်းတွေကို မကိုင်တွယ်နိုင်လို့ အသားဆိုင်ကို ပြန်လာဖို့ရှက်နေတာ သေချာသည်။

အမျိုးသမီး၏ မျက်နှာမှာ နီမြန်းနေပြီး ဂုဏ်ယူစွာ ပြုံးလိုက် ကာ တစ်ခုခုပြောရန် ပြင်လိုက်စဉ် သူမ နားထဲတွင် ကလေးကဗျာသံကို ကြားလိုက်ရလေသည်။

"အမာရွတ်မျက်နှာ၊ ဘာဖြစ်လို့လဲ၊ မျက်နှာက ချို့ယွင်းနေပေမယ့် နှလုံးသားက မကန်းဘူး။ အမာရွတ်မရှိ၊ ချို့ယွင်းချက်မရှိတဲ့ မျက်နှာထက် ပိုကောင်းပါတယ်။ အသားအရေမှာ အမာရွတ်မရှိပေမယ့် အတွင်းစိတ်ကပုပ်စပ်နေတယ်"

"လျှာက စမ်းရေလိုပဲ၊ လှည့်စားဖို့ ကျွမ်းကျင်တယ်၊ အပေါ်ယံမှာ ပြုံးနေပြီး နောက်ကွယ်မှာတော့ လုယက်တယ်"

"အပြင်ပန်းသဏ္ဍာန်ကိုကြည့်ပြီး အားနည်းချက်တွေကို မဆုံးဖြတ်ပါနဲ့၊ အမာရွတ်မျက်နှာနဲ့ ရိုင်းစိုင်းတဲ့ကျန်းကိုတော့ ပြောစရာတောင် မလိုဘူး"

ကလေးကဗျာကို တစ်လုံးချင်းစီ သူမ ရှင်းလင်းစွာကြားနိုင်ပြီး လမ်းမပေါ်တွင် ပဲ့တင်ထပ်နေလေသည်။ အထူးသဖြင့် နောက်ဆုံး စာကြောင်းအနည်းငယ်မှာ တစ်ယောက်ယောက်က သူမကို တမင်သက်သက် လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသဖြင့် အမျိုးသမီးမျက်နှာမှာ ချက်ချင်းနီရဲသွား၏။

သူ ငုံ့ကြည့်လိုက်ရာ ကလေးတစ်စု ထိုနေရာတွင် ဆော့ကစားနေသည်ကို တွေ့လိုက်ရပြီး အပျော်ရွှင်ဆုံးသီဆိုနေသော ကလေးမှာ သူမ၏အဆော့မက်လွန်းသော သားလေး မဟုတ်ရင် ဘယ်သူဖြစ်မလဲ။

ပတ်ဝန်းကျင်ရှိ ကလေးများကလည်း အတုယူကာ ကစားရင်း တညီတညွတ်တည်း ဆိုနေကြ၏။

"လျှာက စမ်းရေလိုပဲ၊ လှည့်စားဖို့ ကျွမ်းကျင်တယ်"

ထိုစကားလုံးများကို အဆက်မပြတ်ကြားနေရကာ သူတို့က "အမာရွတ်မျက်နှာ၊ မျက်ရည်ကျ" ဟု ဆိုခဲ့စဉ်ကထက် အများကြီး ပိုမြန်မြန်သင်ယူတတ်မြောက်ခဲ့ကြပေသည်။

အမျိုးသမီးမှာ အလွန်ဒေါသထွက်သွားပြီး အထူးသဖြင့် သူမ၏ ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသူ အများအပြား ရှိနေသည်ကို တွေ့ရှိလိုက်ရသောအခါ သူမမျက်နှာမှာ ဝက်အသည်းကဲ့သို့ အရောင်ပြောင်းသွားလေတော့သည်။

သူက အပြေးသွားပြီး သူမ ကလေးကို ဆွဲယူလိုက်ရာ မျက်နှာမှာ တစ်ခဏအတွင်း နီလိုက်၊ ပြာလိုက် ပြောင်းသွားပြီး မျက်နှာထားမှာ ရက်စက်နေကာ အပြစ်ရှိသလိုခံစားချက်ဖြင့် အော်ပြောလိုက်၏။

"နင် ဘာတွေ လျှောက်ဆိုနေတာလဲ၊ ဘယ်သူက နင့်ကို ဒီမှာ ဒါတွေ ဆိုခိုင်းတာလဲ"

ရွာက ကြီးသည့်အပြင် သူမက အခွင့်အရေးလေးတွေ ယူရတာ ကြိုက်တတ်သည်။ တကယ်တော့ လွန်ခဲ့တဲ့အချိန်အတန်ကြာက သူမကလေးက အရုပ်ဆိုးတဲ့ ကလေးကဗျာတွေ ဆိုတုန်းက တားဆီးခံခဲ့ရတာကို ရွာသားတော်တော်များများ သိကြပေမယ့် ကလေးက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သေးပါဘူး။

လူတော်တော်များများရဲ့ စိတ်ထဲမှာ မှန်တစ်ချပ်လို ရှင်းလင်းနေပေသည်။ ကလေးရဲ့ စကားတွေနဲ့ လုပ်ရပ်တွေက အခြေ ခံအားဖြင့် လူကြီးတွေသင်ပေးထားတာပင်။ လွန်ခဲ့တဲ့ အချိန်အတန်ကြာက ကလေးက ဒါကို ဆိုခဲ့တုန်းက သူမ ဂရုမစိုက်ခဲ့တာ သိသာပေမယ့် အခုစာသားတွေ ပြောင်းသွားတော့မှ သူမက စပြီး ဂရုစိုက်လာလေပြီ။

ပတ်ဝန်းကျင်ရှိ လူများက သူတို့ကို ထူးဆန်းစွာကြည့်နေကြပြီး အများအပြားက ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ ကျယ်လောင်စွာ ရယ်မောနေကြလေသည်။

ကောင်လေးက သူ့ နှပ်များကို သုတ်ကာ မိခင်ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်လိုက်ရသောအခါ မျက်လုံးများ ချက်ချင်း တောက်ပလာ၏။

"မေမေလား၊ မေမေ ဘာလို့ ဒီရောက်နေတာလဲ၊ သား အသားစားချင်တယ်၊ ဝက်သား"

"ဘာကို စားမှာလဲ၊ နင်က စားဖို့ပဲ သိတယ်၊ ငါ နင့်ကို မေးမယ်၊ အဲ့ဒီ စာသားတွေကို ဘယ်သူ သင်ပေးတာလဲ"

"မနေ့က လှတဲ့ အစ်မလေ၊ အစ်မက ပြောတယ်၊ အပြင်ပန်းသဏ္ဍာန်ကို ကြည့်ပြီး အရှည်အတိုကို မဆုံးဖြတ်ရဘူးတဲ့၊ ဟိုဦးလေးက အရင်က ရောင်းမကုန်တဲ့ ဝက်ကလီစာတွေကို ကျွန်တော်တို့ အများကြီးပေးဖူးတယ်၊ သူက သဘောကောင်းတယ်၊ အရင်က ဆိုခဲ့တဲ့ စာသားတွေကမှားနေတယ်၊ သား နောက်မဆိုတော့ဘူး"

ကောင်လေး ဂလုခနဲ မြည်အောင် တံတွေးမြိုချလိုက်၏။

"ပြီးတော့ အစ်မက သားကို ဝက်ကလီစာ အသားနှပ်အတုံးကြီးတစ်တုံး ပေးသေးတယ်၊ အရမ်းမွှေးတာပဲ၊ မေမေ၊ သားလည်း စားချင်တယ်၊ အရမ်းစားချင်နေပြီ၊ မနက်ဖြန် နည်းနည်းဝယ်ပြီး အိမ်ပြန်စားလို့ရမလား၊ တခြားသူတွေ လုပ်တဲ့ အသားနှပ်က မေမေလုပ်တာထက် အများကြီးပိုအရသာရှိတယ်၊ မေမေ၊ သား စားလို့မဝသေးဘူး၊ မနက်ဖြန် လာကြမယ်၊ စောစောလာမယ်၊ ဒီနေ့ အစ်မရဲ့အသားတွေက ခဏလေးနဲ့ ရောင်းကုန်သွားတယ်၊ နှမြောစရာပဲ"

အမျိုးသမီးမှာ အသက်ရှူရခက်ခဲလာပြီး ဦးနှောက်ထဲတွင် ဆူညံနေကာ သွားကို ကြိတ်ပြီး သူမ ကလေးကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်လေလေ ပို မိုက်မဲသည်ဟု ခံစားရလေလေဖြစ်ပြီး ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားလေသည်။

ဝက်ကလီစာ နည်းနည်းလေးနဲ့ သူ့ကို ဝယ်လိုက်တာလား။

ဘာလို့ နောက်မဆိုတော့ဘူးလို့ မပြောရတာလဲ၊ တစ်ခွန်းတည်းနဲ့ လှတဲ့ အစ်မလို့ခေါ်ပြီး တစ်ဖက်လူ နှပ်ထားတဲ့ ဝက်သားက အရသာရှိတယ်လို့ ဘာလို့ ပြောရတာလဲ။ ရောင်းအား ကောင်းတယ်တဲ့လား။

မနေ့က ချွေးမလေး ယူသွားတဲ့ ဝက်သားတွေကို ပြန်နှပ်ပြီး ရောင်းလိုက်တာလား။ ရောင်းအားက တော်တော်လေး ကောင်းတယ်ပေါ့။

အမျိုးသမီးက အသက်အောင့်ထားပြီး ပတ်ဝန်းကျင်ရှိ လူများ၏လှောင်ပြောင်နေသော မျက်နှာများကို တစ်ချက်ကြည့်ကာ ဟော်ချန်ယဲ့ အသားဆိုင်သို့ တည့်တည့် ကြည့်လိုက်လေသည်။

မြင်ကွင်းက သူမရဲ့ နှလုံးသားကို ချက်ချင်းသတ်ပစ်လိုက်သလိုပင်။

ဒီနေ့ ဝက်ကလီစာတွေ မရှိရုံတင်မကဘဲ၊ အသားတချို့တောင် အများကြီးပျောက်နေလေ၏။

သူမကလေးက တစ်ဖက်လူရဲ့ ဝက်သားတွေက အရောင်းသွက်တယ်၊ ခဏလေးနဲ့ အကုန်ရောင်းကုန်သွားတယ်၊ ပြီးတော့ အရသာက သူမလုပ်တာထက် ပိုကောင်းတယ်လို့ ပြောသေးသည်။

ထွက်လာတုန်းက သူမ ရခဲ့တဲ့ မွှေးပျံ့တဲ့ အနံ့တွေကို တွေးကြည့်တော့ အမျိုးသမီး ချက်ချင်းနားလည်သွားလေ၏။

ဒီလူတွေအကုန်လုံးက အရသာရှိတဲ့ အစားအစာတွေ လုပ်နေကြတာ မဟုတ်ဘဲ ဟော်ချန်ယဲ့ရဲ့ လက်ထပ်ခါစ ချွေးမလေး ရောင်းတဲ့ ဝက်သားတွေကို သူတို့အကုန်လုံး ဝယ်သွားကြတာပင်။

အမျိုးသမီး မျက်နှာမှာ ချက်ချင်းနီရဲသွားပြီး ပတ်ဝန်းကျင်ရှိ အကြည့်များကို မကြည့်ရဲတော့ဘဲ သူမ ကလေး၏အင်္ကျီကို ဆွဲကာ စူးရှသော အသံဖြင့် အော်လိုက်လေသည်။

"အိမ်ပြန်မယ်"

ရှက်စရာကောင်းလိုက်လေစွ။

ထို့အပြင် နောက်ပိုင်းတွင် အခွင့်အရေးယူရန် တကယ်ကို မဖြစ်နိုင်တော့သကဲ့သို့ပင်။

ဟော်ချန်ယဲ့ ထိုမိန်းမလေးကိုလက်ထပ်တာ၊ သူမ တကယ်ကို အရည်အချင်းရှိတာပဲဟု တွေးလိုက်မိသည်။

ပတ်ဝန်းကျင်ရှိ လူများက ခေတ္တမျှသက်ပြင်းချကြပြီး ဇာတ်လမ်းကို ကြည့်ပြီးနောက် တဖြည်းဖြည်း လူစုခွဲသွားကြသည်။ လမ်းတစ်ဖက်ခြမ်းတွင် ရှဲ့ချီဆိုင်ထဲတွင် ကြောင် အမ်းအမ်းဖြင့် ရပ်နေကာ ဤအရာအားလုံးကို ကြည့်ရင်း ဘေးရှိ ဟော်ချန်ယဲ့ကိုကြည့်ရန် ခေါင်းကို တောင့်တင်းစွာ လှည့်လိုက်လေသည်။

သူ့ သံသယများကို မဖော်ပြခင် အချိန်အတော်ကြာတိတ် ဆိတ်နေခဲ့၏။

"အစ်ကိုဟော်၊ တစ်ခုခု မှားနေတာလား၊ မရီးက အစ်ကို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိပုံမရဘူးလို့ ကျွန်တော် ဘာလို့ ထင်နေရတာလဲ"

ပုံမှန်အားဖြင့် ဟော်ချန်ယဲ့ပြောသလို တကယ်ဖြစ်ခဲ့လျှင် မင်္ဂလာဦးညမှာ ယွီရွေ့ကျူးမှပစ္စည်းတွေ ပစ်ပေါက်ပြီး ရိုက်နှက်ခဲ့သည်၊ ဟော်ချန်ယဲ့အား နည်းမျိုးစုံနှင့်စော်ကားခဲ့ပြီး သူ့ကို ရွံရှာကာမုန်းတီးခဲ့သည်။

🐽 Chapter 16

ယွီရွေ့ကျူး ဒီအသားနှပ်တွေကို လာမရောင်းခင်မှာ ကလေးကဗျာဆိုတဲ့ ကောင်လေးအတွက် စာသားတွေကို ပြန်ပြင်ပေးခဲ့ပြီး အသားနှပ်နဲ့ လာဘ်ထိုးပြီး ဆိုခိုင်းခဲ့တယ်ဆိုတာကို သူ မသိခဲ့ပါဘူး။

ကောင်လေး ကိုယ်တိုင် မပြောခဲ့ဘူးဆိုရင် ယွီရွေ့ကျူး ဒါကို လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမှာ မဟုတ်ပါဘူး။

သူမ လာခဲ့ပေမယ့် ဘာမှ မပြောခဲ့ပါဘူး။

ထို့အပြင် ဟိုချန်ယဲ့ကို ရွံရှာပြီး မုန်းတီးနေသောသူ၊ မင်္ဂလာဦးညတွင် မင်္ဂလာပွဲမှ ထွက်ပြေးရန်နှင့် ပြတင်းပေါက်မှ ခုန်ချကာ ဒဏ်ရာရရန် တွေးနေသေးသောသူသည် သူမ၏ လက်ရှိ အိမ်ထောင်ရေးကို ရွံရှာသင့်လေသည်။

ဒါပေမယ့် ယွီရွေ့ကျူးက ပိုက်ဆံရှာဖို့၊ ဝက်ကလီစာ အသားနှပ်ဖို့၊ ပစ္စည်းတွေ ကူရောင်းဖို့ အရမ်းကို အလေးအနက်ထား ကြိုးစားနေတယ်ဆိုတာ ပြသနေပြီး သူမတစ်ကိုယ်လုံးက တက်ကြွမှုနဲ့ အရမ်းကို အပြုသဘောဆောင်တဲ့ သဘောထားတွေ ထွက်ပေါ်နေကာ သူမရဲ့ မျက်လုံးတွေကလည်း လေးနက်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။

ဒီမိသားစုကို ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲဆိုတာကို သူမက တကယ်ပဲ စဉ်းစားနေသလိုပါပဲ။

ဒါက ဟိုချန်ယဲ့ပြောတဲ့ ယွီရွေ့ကျူး တကယ်ပဲလား......?

ရှဲ့ချီမှာ မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း အချိန်အတော်ကြာ မေးပြီးနောက် အဖြေ မရခဲ့ပေ။

သူက ဟိုချန်ယဲ့ကို ကြည့်ရန် မျက်လုံးပင့်လိုက်သောအခါ အလင်းရောင် အားနည်းသော ဝက်သားဆိုင်တွင် ဟိုချန်ယဲ့၏ မျက်လုံးများက မှိုင်းညို့နေပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းများက တင်းကျပ်စွာ စိထားသည်ကို တွေ့လိုက်ရလေသည်။

ဒါက ဟိုချန်ယဲ့လည်း စဉ်းစားနေတဲ့ မေးခွန်းတစ်ခုပါ။

ယွီရွေ့ကျူးက အရမ်းပြောင်းလဲသွားတယ်၊ ဘာကြောင့်လဲ။

သူမက ဟိုမိသားစုမှာ တကယ် နေချင်တာလား၊ ဒါမှမဟုတ် သူမက...... တခြား အတွေးတစ်ခုခု ရှိနေတာလား။

……

ယွီရွေ့ကျူးက ဟိုချန်ယဲ့၏ အဖိုးတန် စက်ဘီးကို ဖြည်းညင်းစွာ တွန်းကာ အိမ်ပြန်လာခဲ့လေသည်။

သူမက ဒီစက်ဘီးနဲ့ ပတ်သက်ပြီး ဘာမှမခံစားရသလို အရုပ်ဆိုးတယ်လို့တောင် ရွံရှာနေမိပါတယ်။ ၂၈ လက်မဘီးတွေက အထူးသဖြင့် အရပ်ရှည်ပုံပေါက်ပြီး စီးရတာလည်း အရမ်းလေးလံကာ နောက်ပိုင်းခေတ်တွေမှာ တီထွင်ခဲ့တဲ့ ပေါ့ပါးပြီး လှပတဲ့ စက်ဘီးတွေနဲ့ဆို အများကြီး ကွာခြားပါတယ်။

သို့သော် ဟိုချန်ယဲ့က ၎င်းကို အလွန် တန်ဖိုးထားပြီး သူမက ဒီပစ္စည်းနဲ့ ဝက်သားဆိုင်ကို လာချိန်မှာတောင် သူမကို ဘေးကို ဆွဲခေါ်ကာ ဒယ်အိုးကြီးကို သယ်တဲ့အခါ စက်ဘီးကျိုးပြီး ခြစ်ရာမထင်အောင် သတိထားဖို့ ပြောခဲ့သေးလေသည်။

ယွီရွေ့ကျူး: "......"

ဒီလောက်အထိတော့ မဟုတ်ပါဘူး၊ သူ စက်ဘီးအတွက် သိပ်စိတ်မပူပါဘူးလေ။

ဒါပေမယ့် နားလည်ပေးလို့ရသည်။ မည်သို့ပင်ဆိုစေကာမူ ဒီခေတ်ကြီးမှာ စက်ဘီးဆိုတာ တကယ်ကို တန်ဖိုးကြီးသည့်ပစ္စည်းတစ်ခုပင်။ ယခင် အိမ်မှာ စက်ဘီးဝယ်ပြီး ခိုးခံရမှာကြောက်သဖြင့် အပြင်မှာ မထားရဲဘဲ နေ့တိုင်း ခန်ပေါ်တင်ပြီး ကြည့်ကာကိုင်တွယ်ပြီးမှ စိတ်အေးရသည့် သူတွေရှိသည်ဟု ယွီရွေ့ကျူး ကြားဖူးနားဝရှိခဲ့သည်။

ထိုသို့နှိုင်းယှဉ်ကြည့်လိုက်ရာ ဟိုချန်ယဲ့သညိ သိပ်ပြီးနှမြောတွန့်တိုပြီး ထူးဆန်းနေတာမျိုးတော့ မဟုတ်ချေ။

ဝက်သားဆိုင်နှင့် ဟိုချန်ယဲ့အိမ်ကြားတွင် လမ်းတစ်လမ်းရှိပြီး လာစဉ်က နောက်ခုံတွင် အသားနှပ်အိုးကြီး ပါလာသဖြင့် ယွီရွေ့ကျူးက တစ်လမ်းလုံးလက်ဖြင့် တွန်းလာခဲ့ပြီး မစီးခဲ့ပေ။

ပြန်သွားချိန်တွင် အိုးက ပုံမှန်အားဖြင့်အလွတ်ဖြစ်နေရာ ယွီရွေ့ကျူး စီးသွား၍ရသော်လည်း ဤလမ်းက တကယ်ကို သွားရခက်ကာ ချိုင့်ခွက်များနှင့် မြေသားလမ်းကကြောက်စရာကောင်းလောက်အောင် ဆောင့်ပြီး ကျောက်ခဲများဖြင့် ပြည့်နှက်နေလေသည်။

ယွီရွေ့ကျူး ခဏလောက် စီးကြည့်ပေမယ့် မခံနိုင်တော့သဖြင့် စက်ဘီးပေါ်က ဆင်းပြီး တွန်းသွားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် လမ်းက သိပ်မဝေးပါဘူး၊ အနည်းဆုံးတော့ တစ်လမ်းလုံး ဆောင့်ပြီး ဦးနှောက်တွေ ဆူညံသွားတာထက်တော့ ပိုကောင်းသည်။

ပြန်ရောက်သောအခါ အချိန်အနည်းငယ် နောက်ကျနေပြီဖြစ်ပြီး နေဝင်ဆည်းဆာက ကောင်းကင်တွင် မီးတောက်တစ်ခုကဲ့သို့ တွဲလွဲခိုနေကာ လမ်းဘေးရှိ လူအများအပြားက စိုက်ပျိုးရေးသုံး ကိရိယာများကို သယ်ဆောင်ကာ အိမ်သို့ အမြန်ပြန်နေကြလေသည်။

ဟိုချန်ယဲ့၏ အိမ်လမ်းဆုံသို့ ရောက်သောအခါ ယွီရွေ့ကျူးက လမ်းဘေးတွင် ထိုင်ကာ စကားစမြည်ပြောနေသော လူနှစ်စု သုံးစုခန့်ကို တွေ့လိုက်ရလေသည်။

ယနေ့ခေတ်တွင် လူများ၌ မိုဘိုင်းဖုန်းများ မရှိကြသလို အပန်းဖြေရန်နှင့် ဖျော်ဖြေရန် အရာများလည်း နည်းပါးလေသည်။

ရွာတစ်ရွာတည်းမှာရှိတဲ့ လူတိုင်းက ရင်းနှီးကြသည်။ လမ်းဘေးမှာ ကျောက်ခဲတစ်လုံးရွှေ့၊ ထိုင်ဖို့ ဖျာတစ်ချပ်ရှာ၊ ပြီးတော့ အိမ်မပြန်ခင် မှောင်တဲ့အထိပင် ယပ်တောင်ခတ်နေတတ်ကြသည်။

ယခု ဤလမ်းဆုံတွင် လူနှစ်စု ရှိနေပြီး တစ်စုမှာ အသက်အနည်းငယ် ကြီးသော ယောက္ခမများနှင့် အန်တီများဖြစ်ကာ ဆံပင်ဖြူများနှင့် မျက်လုံးများကို မှေးလျက် ထိုနေရာတွင် ထိုင်ကာ ယွီရွေ့ကျူးဆီသို့ လှမ်းကြည့်နေကြလေသည်။

တစ်စုမှာ လူငယ် ချွေးမများဖြစ်ပြီး နှစ်ယောက် သုံးယောက်ခန့် ထိုနေရာတွင် ရပ်ကာ စကားပြောနေကြလေသည်။

၎င်းတို့ယွီရွေ့ကျူးအား အတူတကွ နောက်လှည့်ကြည့်လိုက်ကြပြီး ရွာထဲတွင် သူစိမ်းမျက်နှာတစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်သောအခါ လူအများအပြားက မှတ်မိသွားကြသည်။ ဤသည်မှာ ဟိုချန်ယဲ့၏ လက်ထပ်ခါစ ချွေးမသစ်လေးပင်။

၎င်းတို့မျက်လုံးများက တစ်ခဏအတွင်း အနည်းငယ် ပြောင်းလဲသွားလေသည်။

မူလကိုယ်ပိုင်ရှင်ရှိသော ရွာနှင့် ဟိုချန်ယဲ့၏ရွာမှာ အကွာအဝေး အနည်းငယ်ကွာဝေးသော်လည်း ရွာနှစ်ရွာမှ လူများမှာ လုံးဝ အဆက်အသွယ်မရှိ၊ အသွားအလာ မရှိသည်တော့ မဟုတ်ပေ။ မင်္ဂလာဆောင်ချိန်တွင် မည်သူမျှ တုံ့ပြန်မှုမရှိခဲ့သလို ယွီရွေ့ကျူး၏ဂုဏ်သတင်းကိုလည်း မစုံစမ်းခဲ့ကြသော်လည်း နှစ်ရက်ခန့် စောင့်ပြီးနောက်တွင်တော့ ယွီရွေ့ကျူး၏ဂုဏ်သတင်းမှာ အနည်းနှင့်အများ ပျံ့နှံ့သွားခဲ့လေပြီ။

၈၀ ပြည့်လွန်နှစ်တွေမှာ လက်မထပ်ရသေးသည့် အပျိုတစ်ယောက်မှာ လူတစ်ယောက်အတွက် အဝတ်လျှော်၊ ထမင်းဟင်းချက်ပေးဖို့ ပြေးသွားတယ်ဆိုတာက ရိုးရှင်းစွာအလွန်ကိုအံ့သြစရာကောင်းတဲ့ ကိစ္စတစ်ခုပင်။

အဓိကအချက်က မူလကိုယ်ပိုင်ရှင်က စုန့်ချင်းရှန်းကို အချိန်အကြာကြီး ပြုစုစောင့်ရှောက်ပေးခဲ့ပြီး နောက်ဆုံးမှာတော့ တစ်ဖက်လူက သူမရဲ့ လက်ထပ်ဖို့ တောင်းဆိုချက်ကို ငြင်းပယ်ပြီး သူမနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းသာ။

ဇာတ်လမ်းအစအဆုံးကိုသိသည့် ရွာသားတွေကမူ ယွီရွေ့ကျူး၏ လုပ်ရပ်အပေါ် အနည်းနဲ့အများရှက်ရွံ့နေကြပြီး ယွီရွေ့ကျူးကိုကြည့်လာသည့် ၎င်းတို့၏ မျက်လုံးတွေကလည်း အရမ်းကိုထူးဆန်းနေသည်။

ဒါက ရွာနှစ်ရွာကြားက ကိစ္စဖြစ်ပြီး ဟိုချန်ယဲ့နဲ့ ရွာတူသူတွေအနေနဲ့ တခြားရွာကလူဖြစ်တဲ့ ယွီရွေ့ကျူးက ဟိုချန်ယဲ့ရဲ့ ခံစားချက်တွေကို လှည့်စားပြီး ဟိုချန်ယဲ့ကို အစားထိုးခံတစ်ယောက်အနေနဲ့ သဘောထားတယ်လို့ သဘာဝကျကျ ခံစားရပါတယ်။

အရင်က ယွီရွေ့ကျူး မလာခင်မှာ လမ်းဆုံမှာ စကားပြောသံတွေ၊ ရယ်မောသံတွေ၊ ဆော့ကစားသံတွေနဲ့ ပြည့်နှက်နေပေမယ့် အခု သူမ ရောက်လာတဲ့အခါ လေထုက ငြိမ်သက်သွားပြီး လူတော်တော်များများ စကားမပြောဘဲ သူမကို လှမ်းကြည့်နေကြတာက အထူးသဖြင့် ထူးဆန်းနေသည်။

ယွီရွေ့ကျူး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

သူမက အံကြိတ်ကာ ပြဿနာရှာပြီး သူမအတွက် ဒီလို ရှုပ်ပွနေတဲ့ အခြေအနေကြီးကိုချန်ထားခဲ့တဲ့ မူလကိုယ်ပိုင်ရှင်ကို စိတ်ထဲတွင် တိတ်တဆိတ်ဆဲဆိုနေသော်လည်း သူမ မျက်နှာထားကတော့ ပုံမှန်အတိုင်းဖြစ်နေလေသည်။

နှစ်ယောက် သုံးယောက်လောက်စုပြီး စကားပြောရတာကို ကြိုက်တဲ့ ဒီရွာထိပ်က လူတွေဟာ ရွာထဲက သတင်းအချက် အလက်ဖြန့်ချီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ရွာထဲကအိမ်တိုင်းမှာ ဘာပဲဖြစ်ဖြစ် ၎င်းတို့မျက်စိအောက်ကနေ မလွတ်ကင်းနိုင်ဘူးဟု ပြောကြသည်။ တကယ်လည်း ထိုသို့ပင်။

ယွီရွေ့ကျူး စိတ်ပြောင်းသွားပြီး ‌၎င်းတို့ကို ပြုံးပြကာ နှုတ်ဆက်လိုက်လေသည်။

"အန်တီတို့၊ အားလုံး... ထမင်းစားပြီးကြပြီလား၊ ဒီနေ့ ထမင်း စားတာ တကယ်စောတာပဲ၊ ကျမအိမ်မှာတောင် မချက်ရသေးဘူး။ ဝက်သားဆိုင်ကနေ အခုလေးတင် ပြန်လာတာ၊ ပြန်ရောက်ရင် ရှင်းလင်းရေးလုပ်ရဦးမယ်"

လူနှစ်စုလုံးက မျက်မှောင်ကြုတ်ကာ ယွီရွေ့ကျူးကို ကြည့်လိုက်ကြပြီး တစ်ယောက်ယောက်က "အင်း" ဟု ပြန်ဖြေလိုက်လေသည်။

အနည်းငယ် ပြီးစလွယ်ဖြေလိုက်သော်လည်း ယွီရွေ့ကျူးက ဂရုမစိုက်ပေ။

သူမက စက်ဘီးကို ပြုံးလျက် ရပ်လိုက်ပြီးနောက်ခုံရှိ ဒယ် အိုးကြီးထဲမှ အသားနှပ် တစ်ဝက်ခန့်ကို ထုတ်ယူကာ အိတ်သေးသေးလေး နှစ်လုံးခွဲ၍ သူတို့ နှစ်စုကို အသီးသီး ကမ်းပေးလိုက်လေသည်။

ထိုသည်မှာ မူလက ယွီရွေ့ကျူး သူနှင့် ဟိုချန်ယဲ့ ညဘက်စားဖို့အထူးဖယ်ထားခြင်းပင်။ သို့သော် ထိုသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေဘူးလား။ သူမရဲ့ကိုယ်ပိုင် အသားနှပ်ဆိုင်ကို ကြော်ငြာဖို့သုံးသင့်တာပေါ့။ ပြီးတော့ ဝါဒဖြန့်ချိရေးအဖွဲ့ရဲ့ သတင်းအချက်အလက်အဖွဲ့ကို အလကားရလိုက်တာဆိုတော့ အလကားအဖြစ်မခံနိုင်ဘူးလေ။

All Chapters