အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
🐽 Chapter 25
သို့သော် ပြတင်းပေါက်အပြင်ဘက်က တဖျောက်ဖျောက် ရွာနေသော မိုးသံမှာ သားချော့တေးတစ်ပုဒ်လိုပင်။ နေ့ဘက်၌ အချိန်အကြာကြီး အလုပ်လုပ်ပြီးနောက် ညဘက် ရေချိုးပြီးချိန်မှာ ခန္ဓာကိုယ်က အထူးသဖြင့် ပင်ပန်းနွမ်းနယ်နေ၏။
မူလက မျက်လုံးမှိတ်ပြီး အနားယူဖို့သာတွေးထားသည့် ဟော်ချန်ယဲ့က မသိလိုက်ဘဲ အိပ်ပျော်သွားပြီး မိုးလင်းသည့်အထိ အိပ်မောကျသွားလေသည်။
သူ မျက်လုံးဖွင့်လိုက်သည့် အခိုက်အတန့်တွင် အနည်းငယ် မူးဝေနေဆဲပင်။
သူ ဤမျှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရတာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ပုံမှန်ဆိုလျှင် သူက အရမ်းအအိပ်ဆတ်သည်။ အတွေးများကာ အိပ်စက်မှုအရည်အသွေး ညံ့ဖျင်းလှ၏။
သို့သော် မနေ့ညကတော့ မိုးလင်းသည့်အထိ အိပ်မက်ဆိုးများ၊ ပင်ပန်းနွမ်းနယ်မှုများ မရှိဘဲ အိပ်ပျော်ခဲ့သည်။ မနက်စောစော မျက်လုံးဖွင့်လိုက်သည့်အခါ စိတ်ဝိညာဉ်ကြည် လင်နေပြီး မနေ့က ပင်ပန်းနွမ်းနယ်မှုများ အားလုံးလွင့်စင်သွားရ၏။
ဟော်ချန်ယဲ့က ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မနက်ခင်းအလင်းရောင်မှာ အနည်းငယ် မှောင်နေပြီး အချိန်မည်မျှရှိပြီဆိုတာကို သူ မခွဲခြားနိုင်ပေ။
ကောင်းကင်အပြင်ဘက်တွင် မိုးအနည်းငယ် ရွာနေဆဲဖြစ်သော်လည်း မနေ့ကလောက် မသည်းထန်တော့ပေ။
ဤမိုး မည်မျှကြာအောင် ရွာဦးမလဲမသိနိုင်ပေ။
ဟော်ချန်ယဲ့က ပြတင်းပေါက်အပြင်ဘက်သို့ နောက်ထပ် အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းမှုကို ရုတ်တရက် သတိပြုမိသွားကာ ခေါင်းကို လှည့်လိုက်ရာ သူ့ရင်ခွင်ထဲတွင် အိပ်မောကျနေသော ယွီရွေ့ကျူးကို တွေ့လိုက်ရလေသည်။
ဟော်ချန်ယဲ့လက်မောင်းမှာ ဆန့်တန်းနေပြီး ယွီရွေ့ကျူးက ထိုအပေါ်တွင် မှီကာ သူ့ကို မျက်နှာမူလျက်မှီခိုနေသောအနေ အထားဖြင့် ကွေးကွေးလေး အိပ်နေ၏။ သူမမျက်လုံးများ မှိတ်ထားပြီး လက်တစ်ဖက်က သူ့ရင်ဘတ်ပေါ်တွင် ရှိနေဆဲဖြစ်ကာ ရင်အုပ်ကြွက်သားများကို အနည်းငယ်ထိတွေ့နေလေသည်။
ဟော်ချန်ယဲ့မှာ ချက်ချင်း ကြောင်အမ်းသွားပြီး ရှုပ်ထွေးနေသော အတွေးများထဲတွင် မနေ့ညကဖြစ်ခဲ့သည့် အဖြစ်အ ပျက်များကို စိတ်ထဲတွင် ရုတ်တရက် သတိရသွားလေသည်။
တစ်ခဏအတွင်း ရှုပ်ထွေးသော ခံစားချက်အမျိုးမျိုးက သူ့ကို ရိုက်ခတ်သွားပြီး ဟော်ချန်ယဲ့က အမြန် ထထိုင်ကာ ယွီရွေ့ကျူးနိုးလာမည့် အခြေအနေကို ဂရုမစိုက်နိုင်တော့ဘဲ လက်မောင်းကို ပြန်ဆွဲယူလိုက်ပြီး ကိုယ်ပိုင်အိပ်ရာသို့ အမြန် ပြန်သွားကာ ခန္ဓာကိုယ်ပေါ်တွင် စောင်ကိုခြုံလိုက်ပြီး ယွီရွေ့ကျူး၏အိပ်ရာသို့ တစ်ခါမှ မသွားခဲ့ဖူးသကဲ့သို့ ဟန်ဆောင်လိုက်လေသည်။
သို့သော် တစ်ညလုံး ခေါင်းအုံးခံထားရသည့် လက်မောင်းတွေက အာရုံခံစားမှု ပျောက်ဆုံးလုမတတ် ထုံကျဉ်နေပြီး ခန္ဓာကိုယ်မှာလည်း ယွီရွေ့ကျူး၏ပြင်းထန်သော အငွေ့အ သက်များ ပိုမိုစွန်းထင်းနေ၏။
ယခင်က ယွီရွေ့ကျူးဘက်မှာ သူ ထိတွေ့သမျှ အရာအားလုံးက နွေးထွေးနေသော်လည်း သူ့အိပ်ရာကို ပြန်ရောက်သည့်အခါ တစ်ညလုံး သိပ်မအိပ်ခဲ့ရသလို ပြတင်းပေါက်မှ တိုက် ခတ်လာသော လေအေးတွေကလည်း အေးစက်လှ၏။
ဟော်ချန်ယဲ့က မျက်လုံးကို မှိတ်ကာ တည်ငြိမ်သွားသည်အထိ ခေတ္တမျှ လှဲနေလိုက်လေသည်။
မည်သို့မည်ပုံ ဤသို့ ဖြစ်သွားရသနည်း။
သူက မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားပြီး အိပ်ချင်ယောင်ဆောင်ချင်သော်လည်း ယခုအခါ အိပ်ချင်ယောင်ဆောင်၍မရတော့ပေ။
စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက် အမျိုးမျိုးဖြင့် ဟော်ချန်ယဲ့က တစ်ဖက်ရှိ ယွီရွေ့ကျူးကိုကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး ရိုးရှင်းစွာ ထထိုင်ကာ အဝတ်အစားစတင် ဝတ်ဆင်လေသည်။
ထင်သည့်အတိုင်းပင်၊ စောစော ကွာရှင်းတာ ပိုကောင်းပါလိမ့်မည်။
ယင်းနောက်၌ မိုးလင်းသည်နှင့် တပြိုင်နက် ရှဲ့ချီက သန်းဝေကာ ဝက်သားဆိုင်၏ သော့ကို ဖွင့်လိုက်လေသည်။ မျက်ရည်များဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ လမ်းဆုံတွင် ဤဘက်သို့ လာနေသော ဟော်ချန်ယဲ့ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားရ၏။
သူက မေးလိုက်သည်။
"အစ်ကိုဟော်၊ စောသေးတယ်၊ ဘာလို့ ဒီလောက်စောစော ရောက်လာတာလဲ"
ဟော်ချန်ယဲ့က ပြန်ပြောလိုက်လေသည်။
"အိမ်ပြန် လက်ဆောင်ပေးဖို့ အသားနည်းနည်းလာဖြတ်မလို့"
ဟော်ချန်ယဲ့၏ လက်ထဲရှိ လှည်းပေါ်တွင် သူ မနက်စောစော သတ်လာသော ဝက်များဖြင့်ပြည့်နေပြီး အဖြူရောင် အဆီခဲများက လှည်းတစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။
သူ မနက်စောစောထပြီး ဝက်ခြံကိုသွားကာ ဝက်တွေကို ရွေးချယ်ပြီး သတ်လာခြင်းဖြစ်သည်။
ယွီရွေ့ကျူးအပေါ် အမြင် သိပ်မကောင်းသော်လည်း မည်သို့ပင်ဆိုစေကာမူ မိသားစုနှစ်စုက ငယ်စဉ်ကတည်းက စေ့စပ်ထားသည့် ဆက်ဆံရေးရှိပြီး ယွီမိသားစု၏မိဘများကို လက်ဗလာဖြင့် ပြန်သွားတွေ့ရန်မကောင်းပေ။ သို့နှင့် သူ စောစော ထလာခဲ့ကာ အသားအနည်းငယ်ဖြတ်ပြီး ယူသွားဖို့ ပြင်ဆင်နခြင်းဖြစ်၏။
သူက လှည်းကို တံခါးဝတွင် ရပ်လိုက်ပြီး ရှဲ့ချီကို ကောင်တာ မရန် ကူညီပေးလိုက်လေသည်။
သို့သော် ရှဲ့ချီ စိုးရိမ်တကြီး ပြောတာကို သူ ကြားလိုက်ရ၏။
"ပြန်မလို့လား၊ မရဘူး အစ်ကိုဟော်၊ သွားလို့မရဘူး၊ မနေ့ညက မိုးအရမ်းသည်းပြီး လျှပ်စီးတွေလက်ကာ မိုးခြိမ်းတယ်လေ၊ ပြီးတော့ ကျွန်တော်တို့နားက တောင်ပတ်လမ်းက ပြိုကျသွားလို့ လောလောဆယ် ဖြတ်သွားလို့မရဘူး"
သူက ဆက်ပြောလိုက်လေသည်။
"ကျွန်တော်တို့ရွာက ဒုတိယကောင်လေးလည်း လွန်ခဲ့တဲ့ အချိန်အတန်ကြာက လက်ထပ်ခဲ့တာ၊ ဒီမနက် သူ့မိန်းမကို အဲ့ဒီဘက် ခေါ်သွားတော့ လုံးဝဖြတ်သွားလို့ မရဘူး၊ နောက်ဆုံးတော့ နောက်တစ်နေ့မှပြန်မယ်လို့ပြောပြီး သူ ပြန်လာရတယ်၊ အစ်ကိုဟော်၊ မသိဘူးလား၊ ကျွန်တော် ဒီမနက်ထတော့ ရွာထိပ်မှာ သူတို့ ဒါကိုဆွေးနွေးနေတာ ကြားခဲ့တာ"
ခွပ်ခနဲ အသံတစ်ခု ထွက်ပေါ်လာ၏။
မူလက သစ်သားဟောင်းဖြင့် တည်ဆောက်ထားသော ကောင်တာမှာ ယခုအချိန်တွင် ဟော်ချန်ယဲ့၏ သစ်သားခြေထောက်ကြောင့် တိုက်ရိုက်ကျိုးပဲ့သွားပြီး အပိုင်းအစများဖြင့် ပြည့်နှက်နေလေသည်။
ဟော်ချန်ယဲ့ အေးစက်သော မျက်နှာထားဖြင့် နှုတ်ခမ်းကိုစိကာ မြေကြီးကို ခေတ္တမျှကြည့်နေပြီးနောက် ကောင်တာကို အပြင်သို့ ရွှေ့လိုက်လေသည်။
သူ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"နောက်မှ သစ်သားခြေထောက်အခံတစ်ခု ငါ ရှာလိုက်မယ်"
ရှဲ့ချီမှာ ကြောင်အမ်းသွားရလေ၏။
သူက ခေါင်းကို ကုတ်လိုက်ပြီး ဒီမိုးကြောင့် တောင်လမ်း ပိတ်ဆို့သွားတာ ဘာအဓိပ္ပာယ်လဲဆိုတာကို သဘောပေါက်သွားသည်။
ဟော်ချန်ယဲ့နှင့် ယွီရွေ့ကျူးတို့ ယနေ့ ကွာရှင်းနိုင်ခဲ့သော် လည်း ယခုအခါ တောင်လမ်းပိတ်ဆို့သွားပြီး ပြန်ရန်လမ်း မရှိတော့ပေ။
အို၊ မဟုတ်သေးဘူး။
ရှဲ့ချီက မနေနိုင်ဘဲ အကြံပြုလိုက်၏။
"တကယ်တော့ ကျွန်တော် ထင်တာက မရီးက အရမ်းကောင်းပုံရတယ်၊ အစ်ကိုဟော်၊ ယခင်က အစ်ကို့ဘေးမှာ မရီးမရှိတုန်းက အစ်ကိုက ထမင်းအေးတွေ၊ ချဉ်ဖတ်တွေ စားရပြီး အိမ်ပြန်တဲ့အခါ အေးအတူပူအမျှ ခံစားပေးမယ့်သူ မရှိခဲ့ဘူးလေ၊ အခု မရီးက စိတ်သဘောထား ကောင်းပြီး အစ်ကို့ဘက်မှာ ရှိနေတယ်၊ အစ်ကို့ကို ကူညီပြောဆိုပေးပြီး ကလေးကဗျာ လုပ်တဲ့သူတွေကို ဆဲဆိုပေးတယ်၊ ပြီးတော့ အစ်ကို့အတွက် အရသာရှိတဲ့ အစားအစာတွေလည်း လုပ်ပေးတယ်၊ သူမက အရမ်းကောင်းပါတယ်၊ အစ်ကိုတို့ နှစ်ယောက် ဒီလို ကောင်း ကောင်းမွန်မွန် ဘဝကိုဖြတ်သန်းဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
ရှဲ့ချီ စကားပြောနေစဉ် တဖြည်းဖြည်း အသံတိတ်သွားလေသည်။
အကြောင်းမှာ သူ့ထံသို့ လှမ်းကြည့်နေသော ဟော်ချန်ယဲ့၏ အကြည့်ကို မြင်လိုက်ရသောကြောင့် ဖြစ်၏။ ထိုမည်းနက် သော မျက်လုံးများကအေးစက်နေပြီး ကြည့်လိုက်သည်နှင့် လူများကို ထိတ်လန့်သွားစေလေသည်။
ရှဲ့ချီ အမြန် စကားပြောင်းကာ ကာကွယ်ပြောလိုက်ပြန်သည်။
"ကောင်းပြီ၊ ကောင်းပြီ၊ အစ်ကိုဟော်၊ ကျွန်တော် မှားပြောမိတာပါ၊ မရီးရွေ့ကျူးကို ဂရုမစိုက်ပါနဲ့၊ သူမက ထူးဆန်းတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စရိုက်ဆိုးတွေရှိတယ်၊ မောက် မာပြီး သဘောထားကြီးတယ်၊ သူမက အဆိပ်ပြင်းတယ်၊ လူတွေကို အထင်သေးပြီး အစ်ကို့ကို အဲ့ဒီလိုဆက်ဆံတယ်၊ သူမက ဒီအချိန်အတွင်းမှာ အဲ့ဒီလို ဟန်ဆောင်နေတာ ဖြစ်ရမယ်၊ သူမက လူကောင်း မဟုတ်ဘူး၊ သူမကို ကွာရှင်းလိုက်"
ဤသို့ပြောပါက ဟော်ချန်ယဲ့ စိတ်ပြေသွားမည်ဟု ရှဲ့ချီ ထင်ခဲ့သော်လည်း ပြောပြီးသွားသည့်အခါ ဟော်ချန်ယဲ့၏ ပုံစံက ပိုဆိုးသွားပုံရမည်ဟု သူ မထင်ထားခဲ့ချေ။
ရှဲ့ချီမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရ၏။
သူ ဘာလို့ လျှောက်ပြောနေရသနည်း။ မည်သို့ဆိုဆို ဤလူနှစ်ယောက်၏အိမ်ထောင်ရေးက သူနှင့် မဆိုင်ပေ။
သို့သော်ငြား ယွီရွေ့ကျူးကို လက်ထပ်ပြီးကတည်းကအစ်ကို ဟော်က အမှန်ပင် နည်းနည်းပြောင်းလဲသွားပုံရသည်။ သူ့၏ စိတ်ခံစားချက် အတက်အကျတွေက ပိုကြီးလာသည်မဟုတ်ပါလား။ တစ်နေ့ထက်တစ်နေ့ သူ့မျက်နှာက သိပ်မပျော်ရွှင်သည့်ပုံ ပေါက်နေသည်။
ဒီအိမ်ထောင်ရေးက တကယ်ပဲ သူ့အတွက် သိပ်မသင့်တော်ဘူးဆိုရင် လူနှစ်ယောက်ခွဲနေတာက ပျော်စရာကိစ္စလို့ မှတ်ယူလို့ ရပါတယ်။
သူ သက်ပြင်းချလိုက်သည့်အချိန်၌ ဟော်ချန်ယဲ့၏ အသံကို ကြားလိုက်ရလေသည်။
ဟော်ချန်ယဲ့က ပြောလိုက်၏။
"ငါ အရင် ပြန်ဦးမယ်"
ပြန်သွားရခြင်းအကြောင်းမှာ ထုံးစံအတိုင်း ယွီရွေ့ကျူးအား ယနေ့ အိမ်ပြန်လို့ မရကြောင်းပြောဖို့ပင်။
အပြင်ဘက်တွင် မိုးဖွဲဖွဲလေး ရွာနေဆဲဖြစ်ပြီး ဟော်ချန်ယဲ့၏ အမည်းရောင်ဆံနွယ်များကို စိုစွတ်စေလေ၏။
သူ အိမ်ရောက်သောအခါ ယွီရွေ့ကျူးက အိပ်နေဆဲဖြစ် သည်။
ဟော်ချန်ယဲ့ မျက်လုံးများက ခန်ပေါ်သို့ ကျရောက်သွားချိန်တွင် သူ့မျက်မှောင်များ ကျုံ့သွားလေသည်။
ယွီရွေ့ကျူး အိပ်နေသော ပုံစံမှာ တကယ်ကို ဆိုးရွားလေ၏။ ယခင်က သူ သတိမထားမိခဲ့သော်လည်း ယခု ဤသို့ ကြည့်လိုက်ရာ စောင်အများစုမှာ သူမကိုယ်အောက်တွင် လိပ်နေပြီး စောင်ဖျားလေးသာ ကိုယ်ပေါ်တွင် ရှိကာ ခေါင်းအုံးစွပ်မှာ လည်ပင်းအောက်တွင် လိမ်ယှက်နေလေသည်။
ဟော်ချန်ယဲ့က ၎င်းကို အကြိမ်ကြိမ် ကြည့်ပြီးနောက် လက် ဆေးရန် ရေယူရန် အကြည့်ကိုအတင်းလွှဲလိုက်သော်လည်း၊ လက်ဆေးပြီး ပြန်လာသောအခါ ယွီရွေ့ကျူး၏စောင်မှာ ကိုယ်ပေါ်တွင် သေချာ မခြုံထားဆဲဖြစ်ပြီး စောင်ဖျားက လက်မောင်းအောက်တွင် ဖိမိနေလေ၏။
သူက ခန်အောက်တွင် ရပ်ကာ ခေတ္တမျှကြည့်နေပြီး လက်သီးများကိုဆုပ်ထားသော်လည်း နောက်ဆုံးမနေနိုင်တော့ပေ။
ကိုယ်ကို ကိုင်းညွတ်ကာ ယွီရွေ့ကျူး၏ လက်မောင်းအောက်တွင် ဖိထားသော စောင်ကိုဆွဲယူပြီး ကိုယ်ပေါ်တွင် ခြုံပေး လိုက်လေသည်။
ယခုအချိန်တွင် ဟော်ချန်ယဲ့၏ မျက်မှောင်များမှာ နောက်ဆုံးတွင် ပြေလျော့သွားပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားပြီဖြစ်သည်။
ဤသို့ဆိုပါက ကြည့်ရတာ အများကြီးပိုသက်သောင့်သက် သာ ရှိကြောင်းတွေးမိသည်။
သို့သော် ကောင်းသည့်အချိန်တွေက သိပ်မကြာလှ။ စောင်ကို လှန်လိုက်သည်နှင့် ယွီရွေ့ကျူး၏လက်မောင်းတွေက ပြန်ဖိချလာပြီး မကြာခင်မှာပင် သူမသည် အိပ်မက်ထဲမှာ တတွတ် တွတ်ပြောကာ တစ်ဖက်သို့လှည့်လိုက်ရာ အောက်က မွေ့ရာက အပြင်ထွက်လာပြီး တွန့်ကြေသွားလေသည်။
ဟော်ချန်ယဲ့မှာ ဆွံ့အသွားရလေ၏။
ယွီရွေ့ကျူးသည် အမှန်ပင် အဘက်ဘက်က သူ့ရန်သူဖြစ်လေသည်။
🐽 Chapter 26
သူနှင့် ယွီရွေ့ကျူးတို့မှာ အမှန်တကယ်လက်ထပ်ပြီး အချိန်အကြာကြီး အတူတူနေထိုင်ရမည် ဆိုပါက၊ သူ သေချာ ပေါက်ဒေါသထွက်နေရမည်ဟု ဟော်ချန်ယဲ့ တွေးလိုက်မိ၏။
ဟော်ချန်ယဲ့က ယွီရွေ့ကျူးကို စောင်ခြုံပေးရန် အကြိမ်ကြိမ် ကြိုးစားပေးခဲ့ပြီးနောက်၊ နောက်ဆုံး၌ ယွီရွေ့ကျူး မျက်လုံးဖွင့်လာကာ သူ့ကို ဖြည်းညင်းစွာကြည့်လာလေတော့သည်။
သူမသည် အကြိမ်အနည်းငယ် လူးလှိမ့်နေရင်း နိုးလာခြင်း ဖြစ်၏။
ယွီရွေ့ကျူးက သမ်းဝေကာ မျက်လုံးများကို ပွတ်ရင်း သူ့ကို ကြည့်လိုက်လေသည်။
"ဟော်ချန်ယဲ့၊ ရှင် အစောကြီး ထလာတာပဲ၊ အိမ်ပြန်ဖို့လား၊ ကျွန်မ ခဏနေရင် မျက်နှာသစ်လိုက်ပါ့မယ်"
မနေ့ညက သူမ အစောကြီး အိပ်ရာဝင်ခဲ့တာ အမှန်ပင် သေချာသော်လည်း အိပ်ရေးမဝသေးသလို ခံစားနေရဆဲ ဖြစ်၏။
နာရီနှိုးစက် မရှိခြင်းက အမှန်တကယ်တွင် ဒုက္ခပေးလှပြီး အရာအားလုံးက မိမိသိစိတ်အချိန်အပေါ်မှာသာ မူတည်နေရလေသည်။
ဟော်ချန်ယဲ့မှာ သူမကို ခံစားချက်မဲ့သော မျက်နှာဖြင့် ကြည့်လိုက်လေ၏။
“စောစောထစရာ မလိုတော့ဘူး၊ မနေ့ညက မိုးရွာလို့ တောင်လမ်း ပြိုကျသွားပြီ၊ လောလောဆယ် ဘယ်သူမှ သွားလို့မရဘူး"
ယွီရွေ့ကျူးမှာ ခေတ္တမျှ ရပ်တန့်သွားပြီးပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။
ထင်သည့်အတိုင်းပင် မနေ့ညက သည်းထန်စွာ ရွာသွန်းထားသော မိုးနံ့များမှာ ပြတင်းပေါက်မှန်နှင့် အိမ်အပြင်ဘက် မြေကြီးပေါ်၌ ကျန်ရှိနေဆဲ ဖြစ်၏။
စိုစွတ်သော အပူချိန်နှင့် စိုစွတ်နေသော မြေကြီး။
လတ်တလော အိမ်ပြန်ရန် မလိုသေးခြင်းမှာ သူမအနေဖြင့် ဤနေရာ၌ ပိုက်ဆံပိုမို ရှာဖွေနိုင်ပြီး အနာဂတ် ထွက်ပေါက်အတွက် စဉ်းစားရန် အချိန်ပိုရမည်ဟု ဆိုလိုခြင်းပင်ဖြစ်ကြောင်း ယွီရွေ့ကျူး တွေးလိုက်မိသည်။
ယွီရွေ့ကျူးက သူမမေးစေ့ကို ပွတ်သပ်လိုက်၏။
မနေ့ညက ထိုမိုးခြိမ်းသံနှင့် လျှပ်စီးများမှာ အမှန်တကယ်ပင် မလွဲသော်လည်း၊ သူမ၌ တခြား မှတ်ဉာဏ်အချို့ ရှိနေသေးသလို ခံစားနေရသည်။ နွေးထွေးပြီး ဂနာမငြိမ်ဖြစ်နေသည့် ခံစားချက်မျိုး ဖြစ်သော်လည်း လောလောဆယ်တွင်မူ မှတ်မိရုံမျှသာရှိသော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
ဟော်ချန်ယဲ့၏ သတင်းကြောင့် ယွီရွေ့ကျူး၏ စိတ်နှလုံးမှာ အနည်းငယ် ပိုမို ပေါ့ပါးသွားပြီး စိတ်ခံစားချက်မှာ ယခင်ကလောက် တင်းမာမနေတော့ပေ။
သူမက စောင်ခေါက်ရန် အမြန်ထလိုက်ပြီး မျက်နှာသစ်ရန် ပြင်ဆင်စဉ် ဟော်ချန်ယဲ့မှာ ထွက်မသွားသေးဘဲ တံခါးဝ၌ ရပ်ကာ အလွန် ထူးဆန်းသော မျက်နှာအမူအရာဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
အစောပိုင်း သူမနိုးလာစဉ်ကလည်း ဟော်ချန်ယဲ့၏ မျက်နှာအမူအရာမှာ ထူးဆန်းနေပြီး မျက်နှာညိုမည်းနေသကဲ့သို့ ဖြစ်နေ၏။
သူ့အာ သူမပြဿနာ မရှာခဲ့သည်မှာသေချာ၏။ သူမထူးဆန်းသွားရသည်။
ယွီရွေ့ကျူးက သူ့ကို ကြည့်ရန် မျက်လုံးပင့်လိုက်လေသည်။
သူမက မေးလိုက်၏။
"ရှင် ဘာလုပ်နေတာလဲ"
ဟော်ချန်ယဲ့က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
ဟော်ချန်ယဲ့က တံခါးကို တွန်းဖွင့်ကာ အပြင်ထွက်မည်အပြုတွင် ခေတ္တရပ်တန့်ကာ နောက်လှည့်ကြည့်လိုက်ပြီး မှိုင်းညို့နေသော မျက်လုံးများမှာ ယွီရွေ့ကျူးအပေါ် ကျရောက်လာလေသည်။
သူက သတိပေးလိုက်လေ၏။
"နောက်ဆိုရင် စောင်မခြုံဘူးဆိုရင်လည်း ခေါက်ထားသင့်တယ်၊ မဟုတ်ရင် တွန့်ကြေသွားပြီး ကိုယ်အောက်မှာ ဖိမိနေရင် နေရခက်လိမ့်မယ်"
ယွီရွေ့ကျူးမှာ ကြောင်အမ်းသွားရ၏။
သူမက ပြန်မေးလိုက်သည်။
"ရှင် ဘာပြောတာလဲ"
သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဟော်ချန်ယဲ့ကို အံ့သြစွာဖြင့် ကြည့်လိုက်ပြီး၊ သူက ရုတ်တရက် ဘာကြောင့် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော စကားမျိုး ပြောရသနည်းဆိုတာ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ဟော်ချန်ယဲ့မှာ မူလကတည်းက ဤသို့ ထိန်းချုပ်ချင်သော စရိုက်မျိုး ရှိသည်လာား။ စောင်ဘယ်လိုခြုံသည်ဆိုတာကအစ သူ့အတွက် အရေးကြီးလို့လားဟု သူမ တွေးမိ၏။
ယွီရွေ့ကျူးထံမှ ထူးဆန်းသော အကြည့်ကို သတိထားမိသော ဟော်ချန်ယဲ့က ခေါင်းကို လှည့်လိုက်လေသည်။
"ငါ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"
သူက တံခါးကို တွန်းဖွင့်ကာ ထွက်သွားပြီး ယွီရွေ့ကျူးကိုသာ မေးခွန်းများစွာဖြင့် ချန်ထားခဲ့လေတော့သည်။
ယနေ့ ဝက်သားဆိုင်၌ အရောင်းအဝယ် ကောင်းမွန်သည့်အပြင် ပုံမှန် ဝက်သားစီးပွားရေးအပြင် ဝက်ကလီစာအသားနှပ် လာရောက်ရှာဖွေသူ အချို့လည်းရှိနေလေ၏။
ယွီရွေ့ကျူး ယခင်က လုပ်ဆောင်ခဲ့သည့် ကြိုတင်ပြင်ဆင်မှုများမှာ အမှန်တကယ်ပင် အလုပ်ဖြစ်ပုံရပြီး ဟော်ချန်ယဲ့နှင့် ရှဲ့ချီတို့ကိုပင် အံ့အားသင့်သွားစေခဲ့သည်။
အန်တီများနှင့် ဒေါ်လေးများပင် ယွီရွေ့ကျူးထံလာရောက်ကြသော်လည်း၊ ယွီရွေ့ကျူးက သူမရောက်ရှိလာသည့် တိုတောင်းသော နှစ်ရက်အတွင်း ဤလူကြီးများနှင့် မည်သို့ ဆက်သွယ်ခဲ့သည်ကိုမူ သူတို့ မသိရှိကြပေ။
ရှဲ့ချီ သက်ပြင်းချရင်း ပြောလိုက်လေသည်။
"မွေးရာပါ စီးပွားရေးလုပ်ဖို့ပါလာတဲ့ ဗီဇက တကယ်ကို အံ့သြစရာ ကောင်းတာပဲနော်"
ဟော်ချန်ယဲ့မှာ စကားမပြောပဲ အနောက်ဘက် သိုလှောင်ရုံသို့ သွားကာ သစ်သားပြားကို ယူပြီး အသားရောင်းသောဆိုင်နှင့် ယှဉ်လျက် ထားလိုက်လေသည်။ ယွီရွေ့ကျူးနှင့် အခြားသူများ အသားနှပ်အိုးတင်ရန်အတွက် နေရာချန်ထားပေးရန် ပြင်ဆင်လိုက်ခြင်းဖြစ်၏။
မူလက ဟော်ချန်ယဲ့မှာ ရာသီဥတု ပူပြင်းလာပြီးနောက် ရောင်းမကုန်ပါက အလွယ်တကူ ပျက်စီးသွားမည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ယွီရွေ့ကျူး၏ ပြုပြင်စီမံမှုအောက်တွင် နေ့ဘက်၌ ရောင်းမကုန်သော အသားအချို့ကို ညဘက် ၌ နှပ်ထားပြီး အချိန်အတိုင်းအတာတစ်ခုအထိ ပြန်လည် ထုတ်ရောင်းနိုင်လေသည်။
ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် စီးပွားရေးတစ်ခုပင် ဖြစ်ရ၏။
ဟော်ချန်ယဲ့ နေရာချပေးပြီးနောက်၌ ရှဲ့ချီကလည်း အဝတ်စုတ်တစ်ထည်ယူကာ သုတ်ပေးလိုက်ပြီး ယွီရွေ့ကျူး အသုံးပြုရန် စောင့်ဆိုင်းနေလိုက်လေသည်။
မနက်စောစော ထမင်းစားချိန် မရောက်သေးသဖြင့် အသားဝယ်သူ နည်းပါးပြီး ၎င်းတို့ အားလပ်နေကြလေ၏။
ထိုအချိန်၌ အစားအသောက်ဆိုင်ရှေ့သို့ ဧည့်သည်တစ်ယောက် ရုတ်တရက် ရောက်ရှိလာလေသည်။
ရာသီဥတုမှာ မှိုင်းညို့နေပြီး မြူခိုးများနှင့်အတူ မိုးဖွဲဖွဲလေး ရွာသွန်းနေသဖြင့် ထောင်ဟွာရွာရှိ ရွာသားအများစုအတွက် အဆင်မပြေလှပေ။ လမ်းပေါ်၌ ထီးဆောင်းထားသူ အနည်း ငယ်သာ ရှိသော်လည်း၊ ရောက်ရှိလာသူမှာ လက်ထဲ၌ ထီးတစ်လက် ကိုင်ဆောင်ထားသဖြင့် ဆိုင်ရှေ့တွင် အမှန်ပင် ပိုမှောင်သွားလေသည်။
ရှဲ့ချီက မျက်လုံးပင့်ကြည့်လိုက်ရာ ရုတ်တရက် အံ့အားသင့်သွားပြီး မျက်နှာထားမှာ ထူးဆန်းသွားလေ၏။
ရှဲ့ချီက မေးလိုက်သည်။
"ဆရာဝန်ချင် မဟုတ်လား"
ဆိုင်ရှေ့၌ ရပ်နေသူမှာ လှပသော မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားကာ ပန်းပွင့်လေးများပါသော အင်္ကျီအောက်တွင် အပြာနုရောင် စကတ်ကိုဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ အတော်လေး ကျက်သရေရှိလှလေ၏။
သူမမျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး ဆိုင်နောက်ကွယ်ရှိ ဟော်ချန်ယဲ့ကို တည့်တည့် စိုက်ကြည့်နေခြင်းဖြစ်သည်။
ချင်စုလန် ထီးကိုရုပ်လိုက်ရင်း ပြောလိုက်လေသည်။
"ကျွန်မကို အသားနည်းနည်းဖြတ်ပေးပါဦး"
ရှဲ့ချီ အရှိန်လျှော့ကာ အမြန်ပြောလိုက်၏။
"ဟုတ်ကဲ့ပါ ဆရာဝန်ချင်၊ ကျွန်တော် ဖြတ်ပေးပါ့မယ်"
ချင်စုလန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဟော်ချန်ယဲ့ကို တစ်ချက်ကြည့်လိုက်လေသည်။
"ရှင် လက်ထပ်တုန်းက ကျွန်မ အိမ်ပြန်သွားလို့ ဒီမှာ မရှိဘူး၊ ဟော်ချန်ယဲ့၊ ရှင် လက်ထပ်သွားတာ ဂုဏ်ပြုပါတယ်"
ချင်စုလန်ရဲ့ပေါ့ပါးသော စကားများကြောင့် အသားဖြတ်နေသော ရှဲ့ချီမှာပြုံးမိသွားလေသည်။
ဟော်ချန်ယဲ့ရဲ့ မျက်နှာအမူအရာမှာမူ အလွန်တည်ငြိမ်နေ၏။
"အင်း၊ ကျေးဇူးပါပဲ"
ချင်စုလန် သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ အတင်းပြုံးလိုက်လေသည်။
"ရှင့်မိန်းမက အရမ်းလှမှာပဲနော်၊ သူက ဆယ်မိုင်ရှစ်ရွာမှာ နာမည်ကြီးတဲ့ မိန်းမချောလေးလို့ကြားတယ်။ ဟော်ချန်ယဲ့၊ ရှင် တကယ် ကံကောင်းတာပဲ"
ဟော်ချန်ယဲ့မှာ ယွီရွေ့ကျူး၏မျက်နှာ၊ ဖြူဖွေးသော မျက်နှာပေါ်ရှိ အရည်လဲ့နေသည့် မျက်လုံးများ၊ အနီရောင် နှုတ်ခမ်းများနှင့် ဆွဲဆောင်မှုရှိသော သွင်ပြင်လက္ခဏာများကို တွေးလိုက်မိလေသည်။
သူ အမှန်တကယ် ဘာငြင်းရမလဲဆိုသည်ကို မပြောနိုင်တော့ပေ။
အလှတရားဆိုသည်မှာ အမှန်တကယ်ပင် ယွီရွေ့ကျူး၏ အထူး သိသာထင်ရှားသည့် အချက်တစ်ခုပင် ဖြစ်ရ၏။ သူကိုယ်တိုင်ပင် ယွီရွေ့ကျူးမှာ မလှပကြောင်းမငြင်းဆိုနိုင်ပေ။
ယင်းနောက်၌ သူက မျက်မှောင်ကြုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝန်ခံလိုက်၏။
"အင်း၊ မဆိုးပါဘူး"
ချင်စုလန်မှာ ဆို့နင့်သွားပြီး စိတ်နှလုံးမှာ ပိုထိတ်လန့်သွားကာ စကတ်ကိုကိုင်ထားသော လက်များမှာလည်း တင်းကျပ်စွာ ဆုပ်နယ်မိသွားလေ၏။
ယခုအချိန်တွင် ရှဲ့ချီ အသားကို ဖြတ်ပြီးချိန်တွယ်ကာ သူမထံ ကမ်းပေးလိုက်လေသည်။ ရှဲ့ချီ မည်သို့ပြောလိုက်သည်ကို မကြားလိုက်ခင်မှာပင် ချင်စုလန် နားထဲ၌ ဆူညံသံတစ်ခုကိုသာ ကြားလိုက်ရပြီး၊ ပိုက်ဆံကိုရှဲ့ချီထံ ပစ်ပေးကာ ထီးကို ကိုင်လျက် အသားဆိုင်မှ အမြန်ထွက်ခွာသွားလေသည်။ သူမ လှည့်ထွက်သွားသည့် အခိုက်အတန့်တွင် မျက်လုံးများမှာ ပိုနီရဲလာလေတော့သည်။
သူမ ထီးဖွင့်ရန်ပင် မေ့လျော့နေခဲ့၏။
မလှမ်းမကမ်း၌ သူမ အဖော်က စောင့်ဆိုင်းနေပြီး ချင်စုလန် ထွက်လာသည်ကို မြင်သောအခါ ထီးဖွင့်ရန်ကူညီပေးကာ မေးလိုက်လေသည်။
"ဘယ်လိုလဲ၊ ဟော်ချန်ယဲ့ရဲ့ သဘောထားက ဘယ်လိုလဲဟင်"
ချင်စုလန် ခေါင်းခါလိုက်ပြီး မျက်လုံးများ နီရဲလျက် ပြောလိုက်၏။
"သူနဲ့ သူ့မိန်းမက ဆက်ဆံရေး ကောင်းပုံရတယ်။ သူက တစ်ဖက်လူကို အရမ်းသဘောကျပုံပဲ။ သတို့သမီးက လှတယ်လို့ ငါပြောတော့ သူ မငြင်းဘူးလေ။ ထင်တဲ့အတိုင်းပဲ၊ ထင်တဲ့အတိုင်းပဲ”
"ဘာ”
အဖော်ဖြစ်သူမှာ ဒေါသထွက်သွားလေသည်။
"ဟော်ချန်ယဲ့က ဘယ်လို အမြင်မျိုး ရှိတာလဲ၊ ပြီးတော့ စုလန်၊ နင် မကြားဖူးဘူးလား၊ ဟော်ချန်ယဲ့ရဲ့သတို့သမီးက လုံးဝ မသင့်တော်တဲ့ ကောင်မလေးလေ၊ သူက မလက်ထပ်ခင်ကတည်းက တခြားလူတွေနဲ့ တွဲနေခဲ့တာ၊ မပြတ်မသားနဲ့ အချိန်အကြာကြီးပဲ၊ နောက်ဆုံးတော့ ဟော်ချန်ယဲ့ကို လက်မထပ်ခင် တစ်ဖက်လူက သူ့ကို မလိုချင်တော့လို့လေ၊ ဒါက ဟော်ချန်ယဲ့ အရင်ကမသိဘဲ သူ့ကို လက်ထပ်လိုက်တာပဲ၊ မဟုတ်ရင် ဘယ်ယောကျ်ားက သဘောတူမှာလဲ၊ ဒီလိုမှန်း သိခဲ့ရင် သူ လက်ထပ်နိုင်မှာမဟုတ်ဘူး"