← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

🐽 Chapter 47

ယွီရွေ့ကျူး မူလကပင် တစ်ခုခု ပြောဆိုလိုခဲ့သော်လည်း သူမ စကားမဆုံးမီမှာပင် ယန်ချိုးကျွီးက သူမအား အံ့အားသင့်စွာ လှည့်လည်ကြည့်ရှုလိုက်ပြီး အသံမှာ ရုတ်တရက် ကျယ်လောင်သွားကာ၊ သူ့မျက်နှာသည် နီရဲသွားစဥ် သေစေလောက်သော စကားတစ်ခွန်းကို ပြောဆိုလိုက်သကဲ့သို့ ဖြစ်သွားရချေသည်။

ယန်ချိုးကျွီး၏ အသံမှာ တုန်ရီနေလေတော့၏။

"နင်၊ နင် ချွေးမလေး၊ ဒီလိုစကားမျိုးကို ဘယ်လိုများ ပြောထွက်ရတာလဲ၊ နင် မရှက်ဘူးလား၊ အရှက်မရှိဘူးလား၊ နင် ဘာမဆို လျှောက်ပြောနေတာပဲ၊ ဒါက နေ့ခင်းကြောင်တောင်ကြီးကိုလေ”

ယွီရွေ့ကျူးမှာ မည်သည်ကိုမျှ နားမလည်နိုင်ဘဲ ဝေခွဲမရ ဖြစ်သွားရ၏။

မိမိ မည်သည်ကို ပြောဆိုလိုက်သနည်း၊ ဤသည်မှာ ပုံမှန်ပင် မဟုတ်ပါလော။

ယွီရွေ့ကျူးက နောက်ကျမှ သဘောပေါက်သွားပြီး နားလည်သွားပြီးနောက် ခေတ္တမျှ စကားမပြောနိုင်အောင် ဖြစ်သွားလေသည်။

ဤအဒေါ်သည် တွေးခေါ်ပုံ အလွန်ထူးဆန်းလှပေသည်။ ဤကိစ္စကို ထိုဘက်သို့ပင် ဆက်စပ်တွေးတောနိုင်ပါသလော။

လေးနက်၍ ခေတ်ဟောင်းပုံစံပေါက်နေသော်လည်း အဘယ့် ကြောင့် ကောက်ကျစ်သော နေရာများကို တွေးတောနေနိုင်ရသနည်း။ မည်သူက အရှက်မရှိခြင်း ဖြစ်သနည်း။

ယန်ချိုးကျွီးက "အရှက်မရှိသူ" နှင့် "မြေခွေးမ" ဆိုသည့် စကားလုံးများကို အဆက်မပြတ် ပြောဆိုနေတော့သည်။

သူ့မျက်နှာ ဤမျှနီရဲပြီး ဤမျှ စိတ်လှုပ်ရှားနေသည်ကို ကြည့်ရှုကာ ယွီရွေ့ကျူးက မိမိအနေဖြင့် နောက်ထပ် အနည်းငယ်ခန့် ထပ်မံပြောဆိုလိုက်လျှင် သူမကို ဒေါသထွက်အောင် ပြုလုပ်နိုင်မည်လောဟု တွေးမိလေသည်။

ထိုမျှလောက်တော့ မဟုတ်ပါချေ။

ဤသည်မှာ လိင်တူချစ်သူများကို မုန်းတီးသူတစ်ဦးနှင့် အနည်းငယ် တူညီနေပေသည်။ နက်ရှိုင်းသော ဗီရိုအတွင်း၌ ရှိနေသကဲ့သို့ပင် အလွန် စိတ်လှုပ်ရှားလွယ်ပြီး ထိုအ ကြောင်းအရာကို တွေးတောရန် အလွန်လွယ်ကူနေခြင်း ဖြစ်သည်။ ဤအဒေါ်သည် နေ့စဉ် မည်သည်တို့ကို တွေးတောနေပါသနည်း။

သူမအား ဤသို့ကြည့်ရှုရင်း ယွီရွေ့ကျူး၏ မူလဒေါသများမှာ တဖြည်းဖြည်း ပြေပျောက်သွားလေတော့၏။

သူမသည် ဟော်ချန်ယဲ့၏ အဒေါ် ယန်ချိုးကျွီး ထိုနေရာ၌ ရူးသွပ်နေခြင်းကို ကြည့်ရှုရန် အချိန်ရသွားကာ ပြုံးလျက် ပြောဆိုလိုက်လေသည်။

"အဒေါ်၊ အရင်က ကျွန်မ တင်ပါးကို ပုတ်ပြီး ကလေးမွေးနိုင်မယ်လို့ အဒေါ် ပြောခဲ့တယ် မဟုတ်လား၊ တစ်ယောက်က လုပ်ငန်းစဉ်ကို ပြောတာဖြစ်ပြီး နောက်တစ်ယောက်က ရလဒ်ကို ပြောတာပါ၊ ကျွန်မ ပြောလိုက်တဲ့ စကားကို အဒေါ် ဘာလို့ ဒီလောက်တောင် အကဲဆတ်နေရတာလဲ၊ ကျွန်မ ဘာမှ မဟုတ်တာတွေ မပြောပါဘူး"

"အဲ့ဒါက တူလို့လား”

ယန်ချိုးကျွီးမှာ ပို၍ပင် ဒေါသထွက်သွားပြီး ယွီရွေ့ကျူးအား လက်ညှိုးထိုးပြကာ ဒေါသကို မြိုသိပ်ထားရချေသည်။

"ဟော်ချန်ယဲ့က တစ်နေ့လုံး ဆိုင်မှာ ဝက်သားရောင်းရတာ ပင်ပန်းနေပါပြီ၊ ပြီးတော့ နင်က သူ့ကို နေ့တိုင်း ဆွဲနေသေးတယ်၊ နေ့တိုင်း အဲ့ဒီလိုကိစ္စမျိုး လုပ်နေတာလေ၊ နင် သူ့ကို ဒီလို ဆက်ပူဆာနေရင် သူ ခံနိုင်ရည် ရှိပါ့မလား၊ နင် ကိုယ့်အဖော်ကိုတောင် ဘယ်လိုစာနာရမလဲဆိုတာ လုံးဝ မသိဘူး၊ မြေခွေးမ၊ နင်က လူတွေကို ဘယ်လို မြှူဆွယ်ရမလဲဆိုတာပဲ သိတာ”

ဤအဒေါ်၏ ပါးစပ်မှ ပြောဆိုချက်အရ ဟော်ချန်ယဲ့မှာ တော်တော်လေး ဟာလာဟင်းလင်းဖြစ်နေချေပြီ။ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း သူ ခံနိုင်ရည် မရှိတော့မည်ကို စိုးရိမ်နေဟန် ရှိပေသည်။

ကျွတ် ကျွတ်~

ယွီရွေ့ကျူးသည် မိမိနှင့် ဟော်ချန်ယဲ့ အနီးကပ် မဆက်ဆံရသေးသည့် အမှန်တရားကို ရှင်းပြရန် ရည်ရွယ်ခြင်းမရှိဘဲ၊ ယန်ချိုးကျွီး၏ စကားများကို တမင်သက်သက် အဓိပ္ပာယ်လွဲမှားစွာ ယူဆလိုက်လေသည်။

သူမသည် ခေါင်းခါယမ်းလိုက်ပြီး ကောက်ကျစ်စွာ ပြုံးလျက် ပြောဆိုလိုက်၏။

"အဒေါ်ပြောတာကို ကြည့်ပါဦး၊ ဟော်ချန်ယဲ့က ကျွန်မရဲ့ ယောင်္ကျားလေ၊ သေချာပေါက် သူ့ကို ပူဆာရမှာပေါ့၊ မဟုတ်ရင် ကျွန်မက ဘယ်သူ့ကို ပူဆာရမှာလဲ၊ ချန်ယဲ့က အရပ်ရှည်ပြီး ခန္ဓာကိုယ် တောင့်တင်းတယ်၊ သူ့ကို ဘာလို့ ပူဆာရမှာလဲဆိုတော့ ကျွန်မက ကျွန်မရဲ့ ယောင်္ကျားကို ပူဆာရတာ ကြိုက်လို့လေ၊ ဒါက ပူဆာတာ မဟုတ်ပါဘူး၊ မဟုတ်ရင် အဒေါ်ပြောသလို ကလေးတွေ ဘယ်လိုမွေးနိုင်မှာလဲ”

ယန်ချိုးကျွီး၏ မျက်နှာမှာ နီရဲသွားလေသည်။

"နင်၊ နင်၊ နင်"

သူမ၏ လက်ညှိုးမှာ ယွီရွေ့ကျူးအား ထိုးပြနေဆဲဖြစ်ပြီး လက်ချောင်းထိပ်များမှာ တဆတ်ဆတ် တုန်ရီနေလေသည်။

သူမ တစ်ခုခု ပြောဆိုလိုသော်လည်း ရုတ်တရက် ရပ်တန့်သွားကာ မျက်လုံးများမှာ ဘေးသို့ လှည့်သွားပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်၏။

"ချန်၊ ချန်ယဲ့”

ယွီရွေ့ကျူး အစပိုင်းတွင် သူမ နောက်ပြောင်နေသည်ဟု ထင်မှတ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဟော်ချန်ယဲ့သည် အဘယ်ကြောင့် ဤမျှ မြန်မြန်ဆန်ဆန် ပြန်လာနိုင်မည်နည်း၊ မွန်းလွဲပိုင်းသာ ရှိသေးသဖြင့် ယခင်နေ့က ညနေပိုင်းမှသာ ပြန်လာခဲ့ခြင်း ဖြစ်သည်။

ပြုံးနေသော မျက်နှာသည် တံခါးဆီသို့ ရွေ့လျားသွားသော် လည်း ထိုနေရာ၌ ရပ်နေသော အရပ်ရှည်ရှည် အမျိုးသားကို အမှန်တကယ် မြင်လိုက်ရပြီး ယွီရွေ့ကျူး၏ မျက်လုံးများမှာ သူ၏ မည်းနက်သော မျက်လုံးများနှင့် ဆုံမိသွားသည့်အချိန်တွင် ခေတ္တမျှ ကြောင်အမ်းသွားလေသည်။

မဟုတ်သေးချေ၊ ပြောသည့်အတိုင်းပင် အမှန်တကယ်ဖြစ် လာခဲ့ပြီ။ ဟော်ချန်ယဲ့မှာ အမှန်တကယ်ပင် ဤမျှ မြန်မြန် ပြန်လာခဲ့ခြင်းဖြစ်သည်။

ယခင်က ခြံအတွင်း၌ သူမ ပြောဆိုခဲ့သော အဓိပ္ပာယ်မရှိသည့် စကားများကို သူ ကြားသွားလေသလော မသိနိုင်ချေ။

ယွီရွေ့ကျူး၏အကြည့်မှာ အနည်းငယ် လွင့်မျောသွားလေသည်။

တံခါးဝ၌ ဟော်ချန်ယဲ့၏ အထုပ်ကြီး အထုပ်ငယ်များကို မြေပြင်ပေါ်တွင် ချထားပြီး၊ သူသည် ယွီရွေ့ကျူးအား အဓိပ္ပာယ်ပါပါ ကြည့်ရှုကာ အထုပ်များကို ခြံအတွင်းသို့ ဆွဲသွင်းလာလေသည်။

ဘေးရှိ ယန်ချိုးကျွီး၏ပုံစံမှာ ယွီရွေ့ကျူးကို အနည်းငယ် အံ့အားသင့်စေသည်။ သူမ ခန္ဓာကိုယ်မှာ တုန်ရီသွားပုံရပြီးနောက် အပြုံးတစ်ခုကို ပြသလိုက်လေတော့သည်။

“ချန် ချန်ယဲ့၊ မင်း ဒီလောက် မြန်မြန် ပြန်လာတာပဲ၊ လူစုခွဲသွားပြီလား"

ဟော်ချန်ယဲ့ ပြန်ဖြေလိုက်၏။

"အင်း၊ ဒီနေ့ လူအများကြီးပဲ၊ ပြီးတော့ အရောင်းလည်း သွက်တယ်”

သူသည် အသားနှပ်များ ပါဝင်သော ဒယ်အိုးကြီးများကို ယွီရွေ့ကျူးရှေ့၌ ချထားပြီး ခေါင်းမော့ကာ ယန်ချိုးကျွီးအား မေးမြန်းလိုက်၏။

"အဒေါ်၊ ဘာလို့ ဒီရောက်နေတာလဲ"

ဤသည်မှာ အလွန် သာမန်ကာလျှံကာ နှုတ်ဆက်စကားဖြစ်ပြီး အသံမှာ အတော်လေး ပြန့်ပြူးနေဟန် ရှိသော်လည်း ယန်ချိုးကျွီးက အသက်ကို ပြင်းပြင်းရှူပြီးမှ စကားပြောလိုက်လေသည်။

"ငါ၊ ငါ မင်းကို ဂရုစိုက်လို့ပေါ့၊ မင်း လက်ထပ်လိုက်ပြီဆိုတော့ မင်းတို့ ဇနီးမောင်နှံလေး ဘယ်လိုနေလဲဆိုတာ ငါ လာကြည့်တာပါ၊ ပြီးတော့ နင့်ရဲ့ ချွေးမ ဘယ်လိုလဲဆိုတာလည်း လာကြည့်တာလေ၊ မင်းရဲ့ မိဘတွေက စောစော ကွယ်လွန်သွားတော့ မင်းကို ဆုံးမဖို့ ကူညီပေးမယ့် လူကြီးတစ်ယောက် အိမ်မှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”

ယွီရွေ့ကျူး ဤအဒေါ်ထံ၌ အကြောင်းပြချက်မရှိသော ကြောက်ရွံ့မှု အနည်းငယ်ကို တွေ့ရှိလိုက်ရ၏။

ဟော်ချန်ယဲ့မှာ အရပ်ရှည်၍ တောင့်တင်းကာ မျက်နှာပေါ်၌ အမာရွတ်များ ရှိပြီး သူ ခေတ္တမျှ တိတ်ဆိတ်နေသည့်အခါ အေးစက်နေဟန် ရှိသဖြင့် ရွာသူရွာသားများကို ကြောက်ရွံ့စေရန် လွယ်ကူသည်မှာ သေချာလှပေသည်။

သို့သော် ဟော်ချန်ယဲ့၏ အဒေါ်တစ်ဦးအနေဖြင့် သူမကလည်း ဟော်ချန်ယဲ့အား ကြောက်ရွံ့နေပါသလော။

ထို့အပြင် 'ဆုံးမခြင်း' ဟူသော စကားလုံးကို သူမ အမှန်တကယ် သုံးစွဲခဲ့ပြီး ယွီရွေ့ကျူးကို ရည်ညွှန်းနေခြင်းမှာ ထင်ရှားလှသည်။

" ဆုံးမရန် အဘယ်ကြောင့် သူမကို သုံးနေရသနည်း" ဟု ယွီရွေ့ကျူးက သူမ၏ကြောင်မျက်လုံးများကိုပင့်ကာ ဘေးတစောင်း ကြည့်ရှုလိုက်လေသည်။

🐽 Chapter 48

ယန်ချိုးကျွီး၏ စကားမှာ မဆုံးသေးချေ။

"မဟုတ်ဘူး၊ ငါ ဒီမှာ ရောက်နေတာ ခဏပဲ ရှိသေးတယ်၊ မင်းရဲ့ လက်ထပ်ခါစ မိန်းမက ဒီခွေးခြေပေါ်မှာ လှဲနေတာကို ငါ မြင်တယ်၊ ဘာ အလုပ်မှ မလုပ်ဘူး၊ မြေကြီးထဲက မြက်တွေကို မနုတ်ဘူး၊ အဝတ်အစား ဘယ်လို လျှော်ရမလဲဆိုတာ မသိဘူး၊ ပြီးတော့ အိမ်မှာ ဘယ်လို ရှင်းလင်းရမလဲဆိုတာ မသိဘူး"

သူမသည် ဒေါသထွက်နေပြီး ယွီရွေ့ကျူးအား အလွန် မကျေနပ်သည်မှာ သိသာထင်ရှားလှပေသည်။ ပဲစေ့များ ထွေးထုတ်နေသကဲ့သို့ သူမ၏ ပါးစပ်မှ ယွီရွေ့ကျူးအကြောင်း မကောင်းစကားများကို အဆက်မပြတ် ပြောဆိုနေပြီး သူမ၏ စကားများမှာ ပို၍ပို၍ပင် ချောမွေ့လာတော့သည်။

နောက်ဆုံးတွင် သူမက ညည်းညူကာ နိဂုံးချုပ်လိုက်၏။

"ချန်ယဲ့၊ မင်းရဲ့ မိန်းမကို သေချာ ဆုံးမရမယ်”

ခြံအတွင်းရှိ လူအချို့မှာ စကားတစ်ခွန်းမျှ မဟကြချေ။ ယန်ချိုးကျွီး မော့ကြည့်လိုက်သည့်အခါ မြေခွေးမနှင့်တူသော ချွေးမလေးမှာ ခွေးခြေပေါ်၌ ပျင်းရိစွာ ထိုင်နေပြီး လုံးဝ ကြောက်ရွံ့ပုံမပေါ်သည့်အပြင် ပြုံးယောင်သန်းနေသော အပြုံးကိုပင် ပြသနေသဖြင့် ယန်ချိုးကျွီးကို ပိုမိုဒေါသထွက်သွားစေသည်။

ယန်ချိုးကျွီး ဒေါသထွက်သွားပြီး ယွီရွေ့ကျူးအား လက်ညှိုးထိုးကာ အသံကို မြှင့်လိုက်လေသည်။

"ချန်ယဲ့၊ မင်းရဲ့ မိန်းမကို ကြည့်ပါဦး၊ သူက သိပ်ကို သင်ယူမှု နည်းလွန်းတယ်၊ သူ့ကို ကြည့်စမ်း”

ယန်ချိုးကျွီး စကားမဆုံးမီမှာပင် ယွီရွေ့ကျူးပုံရိပ်မှာ ကွယ်သွားပြီး ဟော်ချန်ယဲ့၏ ကျယ်ပြန့်သော ပုံရိပ်က သူမအား တင်းကျပ်စွာ ဖုံးအုပ်ထားလိုက်လေသည်။

ဟော်ချန်ယဲ့ မျက်နှာထားမှာ အေးစက်နေပြီး ယန်ချိုးကျွီး မျှော်လင့်ထားသကဲ့သို့ သူ့ ဇနီးကို ဆုံးမခြင်း လုံးဝမပြုဘဲ သူမကို မျက်မှောင်ကြုတ်ကာကြည့်ရှုလိုက်၏။

"သူ ပင်ပန်းတဲ့အခါ နားလိမ့်မယ်၊ လယ်ထဲက မြက်တွေကို ကျနော် နုတ်မယ်၊ အိမ်အလုပ်တွေကိုလည်း ကျနော် ရှင်း လင်းမယ်၊ အဒေါ်၊ ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး”

သူ့နောက်ကွယ်မှ ယွီရွေ့ကျူးမှာ အံ့အားသင့်စွာ မျက်ခုံးပင့်လိုက်လေသည်။ ယန်ချိုးကျွီးမျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားပြီး နီမြန်းကာ ဒေါသထွက်သွားရချေသည်။

"ဟော်ချန်ယဲ့၊ မင်း၊ မင်းက ဘယ်လိုလုပ် မိန်းမကို ဒီလောက် အလိုလိုက်ရတာလဲ၊ အိမ်မှာ အိမ်အလုပ်မလုပ်ဘဲ အပြင်မှာ မျက်နှာထွက်ပြတဲ့ ဒီလို မိန်းမမျိုး ဘယ်မှာရှိလို့လဲ၊ မင်း သူ့ကို သိပ်အလိုလိုက်နေတာပဲ”

ယန်ချိုးကျွီးက ဤစကားကို အကြိမ်ကြိမ်ပြောဆိုနေပြီး ဒေါသထွက်နေသကဲ့သို့ မယုံကြည်နိုင်လောက်အောင်လည်း အံ့အားသင့်နေပေသည်။

ဟော်ချန်ယဲ့ မျက်နှာအမူအရာမှာ မပြောင်းလဲချေ။

ယွီရွေ့ကျူး မရှိစဉ်ကပင် သူသည် ဤအိမ်အလုပ်အားလုံးကို ကိုယ်တိုင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယွီရွေ့ကျူး ဤနေရာ၌ ရှိနေချိန်တွင် သူမအား ဤအလုပ်များလုပ်ခိုင်းရန် သူ အဘယ်သို့ တောင်းဆိုနိုင်မည်နည်း။

သို့သော် ယန်ချိုးကျွီးမှာ သူတို့ အိမ်ထောင်ရေး၏တကယ့်အခြေအနေကို မသိရှိသည်မှာ ထင်ရှားသည်။ သူ ယွီရွေ့ကျူးအား အလိုလိုက်နေသည်ဟု အထင်လွဲနေသော်လည်း ဟော်ချန်ယဲ့က ရှင်းပြရန် မကြိုးစားတော့ချေ။

သူ ခေါင်းကို အနည်းငယ် လှည့်ကာ သူ့နောက်ကွယ်ရှိ ယွီရွေ့ကျူးကို တစ်ချက်ကြည့်ရှုလိုက်ရာ သူမ၏ဖြူဖွေးသော မျက်နှာနှင့် တောက်ပသော မျက်လုံးများက ထူထဲသော မျက်တောင်များအောက်မှ သူ့ကို မော့ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ဟော်ချန်ယဲ့မှာ အမြန်အကြည့်လွှဲလိုက်လေတော့သည်။

သူနှင့် ယွီရွေ့ကျူးကြား၌ "အလိုလိုက်ခြင်း" နှင့် "အလိုလိုက်ခံရခြင်း" ဆိုသည့် ဆက်ဆံရေးမျိုးမှာ မည်သို့ ရှိနိုင်ပါမည်နည်း။

ယခုလည်း မရှိသကဲ့သို့ နောင်အနာဂတ်၌လည်း ရှိလာမည်မဟုတ်ပေ။

သူသည် သူမနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်လာရန် မလိုလားသကဲ့သို့၊ ယွီရွေ့ကျူးထွက်ခွာသွားမည့် အချိန်ကိုစောင့်ဆိုင်းရန်လည်း မလိုလားချေ။ ခြံနှင့် အိမ်ကို ကြည့်ရှုသည့်အခါ ယွီရွေ့ကျူး ထိတွေ့ထားသော အရာများကို သူ မြင်တွေ့နေရလေသည်။

ဟုတ်ပေသည်။

ဟော်ချန်ယဲ့သည် သူ့စိတ်ခံစားချက်များကို ရှင်းလင်းလိုက်စဥ် မျက်နှာအမူအရာမှာ အနည်းငယ် တည်ငြိမ်သွားသော် လည်း၊ အဒေါ်ဖြစ်သူ ယန်ချိုးကျွီးက အချိန်အတော်ကြာ တိုးတိုးလေး ညည်းတွားနေကာ ရုတ်တရက် ဒေါသတကြီး ပြောဆိုလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"တခြားဟာတွေ မေ့ထားလိုက်၊ တချို့ကိစ္စတွေက ဒီအတိုင်း ဆက်သွားလို့ မရဘူး၊ ငါလည်း မင်းတို့လို အချိန်ရှိခဲ့ဖူးပါတယ်၊ မင်းတို့ လက်ထပ်ခါစအချိန်က ဆက်ဆံရေးက အရမ်းအတက်ကျများပြီး ပင်ပန်းမယ့်အချိန်ဆိုတာ ငါ သိတယ်၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်၊ မဟုတ်ရင် ခန္ဓာကိုယ်ကို ထိခိုက်လိမ့်မယ် ချန်ယဲ့"

ယန်ချိုးကျွီး ခါးသီးစွာ ပြောဆိုကာ လေးနက်စွာတိုက်တွန်းလိုက်လေ၏။

ဟော်ချန်ယဲ့မှာ အစပိုင်း၌ မတုံ့ပြန်နိုင်ဘဲရှိနေကာမျက်မှောင် ကြုတ်လိုက်လေသည်။

“ဘာပြောတာလဲ”

ထို့နောက် သူ ရုတ်တရက် ရပ်တန့်သွားပြီး မည်းနက်သော မျက်လုံးများမှာ အနည်းငယ် ဝိုင်းစက်သွားကာ၊ မျက်နှာအမူအရာမှာလည်း ဖော်ပြရန် အလွန်ခက်ခဲသွားရချေသည်။

"အန်တီ ဘာတွေပြောနေတာလဲ"

"နင် ငါ့ကို လှည့်စားနေတုန်းပဲ၊ တစ်ရွာလုံးမှာ ဘယ်သူမသိလို့လဲ၊ အကုန်လုံး ငါ့နားထဲ ရောက်လာပြီ၊ မဟုတ်ရင် နင်တို့ကို ငါ ဘာလို့ လာတွေ့ရမှာလဲ၊ နင့် မိန်းမလေး၊ မင်္ဂလာဦးညတုန်းက ဆေးရုံရောက်တဲ့အထိ ဒုက္ခပေးခံရတဲ့သူလေ၊ နင်၊ ဟော်ချန်ယဲ့မှာ နှစ်ပေါင်းများစွာ ဘေးနားမှာ မိန်းမမရှိခဲ့ဘူးဆိုတာ ငါ သိပါတယ်၊ ပြီးတော့ နင့်မှာ ခွန်အားတွေ ရှိတယ်၊ ဒါပေမဲ့ နင် ဒီလိုလုပ်လို့ မရဘူးလေ၊ ဘယ်လိုပဲပြောပြော နင့်မိန်းမကလည်း နုနယ်တဲ့ မိန်းကလေးပဲလေ၊ ဒါကို သူ ဘယ်လို ခံနိုင်ရည် ရှိမှာလဲ”

"နင့်မိန်းမက မလက်ထပ်ခင်က ဆက်ဆံရေးရှုပ်ထွေးခဲ့တယ်လို့ ကြားတယ်၊ သူက အတွေ့အကြုံတချို့ ရှိနိုင်ပြီး အတွေ့ အကြုံမရှိတဲ့ ကောင်လေးက ဒါကို သဘောမပေါက်နိုင်ဘူး၊ ဒါပေမဲ့ နင်က ထိန်းချုပ်ရမယ်လေ၊ နင့်မိန်းမက သူ ခါးနာတယ်၊ ခါးကုန်းလို့ မရဘူးလို့ ခုလေးတင်ပြောတယ်၊ နင်၊ ကလေးလိုချင်ရင် ဒီလိုလုပ်လို့ မရဘူး”

ယန်ချိုးကျွီး မျက်နှာမှာ စကားပြောလေလေ ပိုနေရခက်လာလေလေ ဖြစ်ပြီး၊ သူမ၏မည်းနက်သော မျက်နှာမှာ အနည်း ငယ် နီမြန်းလာကာ သည်းခံ၍စကားဆုံးအောင် ပြောဆိုလိုက်လေသည်။

"နင့်မိန်းမ၊ ငါ တင်ပါးကို ထိလိုက်ရုံနဲ့တင် ကလေးမွေးနိုင်မယ်လို့ ပြောလို့ရတယ်၊ မင်းတို့ နှစ်ယောက် ဒီလိုလုပ်စရာမလိုပါဘူး၊ မင်းတို့ နှစ်ယောက် နောင်ကျရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရမယ်၊ အဟမ်း ဟမ်း”

ဟော်ချန်ယဲ့မှာမူ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ ဆွံ့အသွားရရှာ၏။

ယန်ချိုးကျွီး ဤစကားများကို ပြောဆိုသည့်အခါ သူ့ပါးလွှာ သော နှုတ်ခမ်းများမှာ တဖြည်းဖြည်း ပွင့်ဟလာလေသည်။

ထို့နောက် ယန်ချိုးကျွီးအသံကြောင့် သူသည် နဖူးကို ပွတ်သပ်ရန် လက်မြှောက်လိုက်မိသော်လည်း၊ မျက်မှောင်များကို ပွတ်သပ်လေလေ ပိုတင်းကျပ်စွာ ကျုံ့လာလေလေဖြစ်ပြီး သူ့စိတ်အတွင်း၌ "ဤသည်မှာ မည်သည်နည်း" နှင့် "မည်သို့သော ရှုပ်ထွေးမှုနည်း" ဟူသော အတွေးများဖြင့် ပြည့်နှက်နေတော့သည်။

သို့သော် မည်သို့သော စိတ်ကူးပေါက်သွားသည်မသိဘဲ ဟော်ချန်ယဲ့က သူ့နောက်ကွယ်ရှိ ယွီရွေ့ကျူးကို တစ်ချက်လှမ်း၍ ကြည့်ရှုလိုက်မိ၏။

ပြုစုပျိုးထောင်ရန် ကောင်းမွန်လှပေသည်။

မိုးကြိုးမုန်တိုင်းကျသည့်ညက အဖြစ်အပျက်များမှာ သူ့ခေါင်းထဲ၌ ရုတ်တရက် ပေါ်လာတော့သည်။ ယွီရွေ့ကျူးက သူ့အား ပူဆာကာ သူ့ရင်ဘတ်နှင့် လက်မောင်းများကြား၌ တင်းကျပ်စွာ ဖက်တွယ်ထားပြီးနောက်၊ နွေးထွေးသော အသားအရေကို သူ မတော်တဆ ထိတွေ့မိသွားခဲ့သည်။

သူမ၏ခါးမှာ နူးညံ့ပျော့ပျောင်းကာ အိပ်ရာပေါ်၌ သူမ၏ ခါးသည် သူ့ရင်ခွင်အတွင်း အလွန်သိသာထင်ရှားသော အကွေးတစ်ခုကို ဖန်တီးထားခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်ထားပြီး မလှုပ်ရှားရဲဘဲ လက်မြှောက်မိခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း အထိအတွေ့ကိုမူ ခံစားခဲ့ရသည်မှာ အမှန်ပင်။

ထို့ပြင် ထိုညကမီးဖိုဘေး၌ ယွီရွေ့ကျူး သူ့လည်ပင်းကို ဖက်တွယ်ကာ သူ့ရင်ခွင်အတွင်း ထိုင်နေခဲ့သည် မဟုတ်ပါလော။

All Chapters