အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃ - ရှန်ဖိုးဖိုး၏ အကြံပြုချက်။
အတန်ကြာပြီးနောက် ရှန်မိသားစုနေအိမ်၏ တိုက်အရှေ့ဘက်ခြမ်းတွင် ဖြစ်သည်။
ရှန်ကျစ်ရှား၏ ဖခင်ဖြစ်သူ ရှန်ကျန့်လင်သည်
အသက်အနည်းငယ်ကြီးသော အမျိုးသမီးတစ်ဦးနှင့်အတူ
အခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ ရှန်ကျစ်ရှားက
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် တံခါးကို
အမြန်ပိတ်လိုက်သည်။
“စူးချီ... ဒါက ငါ့အဖေ ရှန်ကျန့်လင်၊ ဒါကတော့ ငါ့အစ်မ ရှန်ချွမ်းဟွား”
“အဖေ... အစ်မ... ဒါက စူးချီ၊ အဖေတို့ သိပြီးသားပဲမလား”
ရှန်ကျစ်ရှားက စူးချီနှင့် သူ၏ မိသားစုဝင်များကို မိတ်ဆက်ပေးပြီးနောက် သူမ၏
ဖခင်နှင့် အစ်မကို တစ်ဖက်သို့ ခေါ်သွားကာ တိုးတိုးတိတ်တိတ် တစ်ခုခု
ပြောလိုက်သည်။ စူးချီမှာတော့ လူကြီးမိဘများကို မြင်လိုက်ရသည့်အခါ အနည်းငယ်
စိတ်မလုံဖြစ်သွားသည်။ စောစောလေးတင် သူတို့သမီးကို အခန်းထဲ၌
ဖက်ထားမိသည် မဟုတ်ပါလား။ ယခုမူ သူမ၏ မိဘများ ရောက်ရှိလာလေပြီ။
သို့သော် ရှန်ကျန့်လင်မှာ ထိုကိစ္စများကို သိပ်ပြီး သတိထားမိပုံမပေါ်ပေ။ သူက
စူးချီကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သမီးဖြစ်သူ၏
ပြောပြချက်များကို နားထောင်နေသည်။
“ဒီပုလဲက ရလာမယ့် အကျိုးအမြတ်က အရမ်းကြီးမားတယ်”
“သူက ရှန်မိသားစုနဲ့ ပူးပေါင်းချင်နေတာ၊ အမြတ် ၁၀ ရာခိုင်နှုန်းပေးမယ်၊
ထုတ်လုပ်မှုကိုလည်း ကန့်သတ်ထားမှာ မဟုတ်ဘူး”
ရှန်ကျစ်ရှား၏ စကားသံများကို စူးချီက သဲ့သဲ့မျှ ကြားနေရသည်။ ရှန်ကျစ်ရှားမှာ
တင်တောင်းလက်ဆောင်အကြောင်း ကြားပြီးနောက်တွင် သူမ၏ မိသားစုထံမှ
ခိုင်မာသော ကတိကဝတ်များ ရရှိရန် ရဲရဲဝံ့ဝံ့ပင် ငြင်းခုံနေပုံရသည်။
ထိုအခိုက်တွင် ရှန်မိသားစုဝင် သုံးဦးမှာ အချင်းချင်း အချေအတင် ဖြစ်နေကြပြီးနောက်
ရယ်မောပျော်ရွှင်သွားကြသည်။
အတန်ကြာ ဆွေးနွေးပြီးနောက် ရှန်ကျန့်လင်နှင့် ရှန်ကျစ်ရှား၏ အစ်မဖြစ်သူတို့မှာ
စူးချီရှိရာသို့ လျှောက်လာကြသည်။
“စူးချီလေး... ဦးလေး ဒီကိစ္စကို နားလည်ပါပြီ”
ရှန်ကျန့်လင်က သဘောကျစွာ ရယ်မောလိုက်သည်။
သူတို့က လူကုံထံ အသိုင်းအဝိုင်းက လူကြီးတွေ မဟုတ်ပါလား။ သမီးဖြစ်သူကို
ခိုးယူသွားမည့်သူအား ရန်လိုသော အမူအရာ ပြသသင့်သည်
မဟုတ်ပါလား။ သူက ဘာကြောင့် ဤမျှအထိ ပျော်ရွှင်နေရသနည်း။
“မင်းနဲ့ ရှန်ကျစ်ရှားတို့ ကိစ္စကို ဦးလေး ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။
ရှန်ကျစ်ရှားက တစ်ခါတလေ စိတ်တိုတတ်တော့ မင်းကပဲ
သည်းခံပေးပါဦး”
စူးချီမှာ အံ့ဩသွားရသည်။ မည်သည့် ဖိအားမှ မရှိသည့်အပြင် ရင်းနှီးမှုကိုပင်
ပြသနေသေးသည်။ ဝတ္ထုတွေထဲမှာဆိုလျှင် ယောက္ခမလောင်းက
သမက်လောင်းကို နည်းမျိုးစုံဖြင့် ဒုက္ခပေးရမည် မဟုတ်ပါလား။
ထို့နောက် သန်းပေါင်း ရာနှင့်ချီသော ငွေများကို ပစ်ပေးကာ ငါ့သမီးနဲ့
ဝေးဝေးနေစမ်း ဟု ဟိန်းဟောက်ရမည် မဟုတ်ပါလား။ ဤနေရာတွင်မူ
အားလုံးက ပြောင်းပြန် ဖြစ်နေသည်။
စူးချီ မသိသည်မှာ ချမ်းသာသော မိသားစုများမှ သားသမီးများသည် စီးပွားရေး
ဖိအားမရှိသဖြင့် အိမ်ထောင်ပြု စောကြလေ့ရှိသည်။
ရှန်ကျစ်ရှားကဲ့သို့ အသက် ၂၈ နှစ်အထိ တစ်ဦးတည်း ရှိနေခြင်းမှာ
ရှန်ဖိုးဖိုးအတွက် အလွန်ပင် စိတ်ပူစရာ ဖြစ်နေခဲ့သည်။ သူမကို
စိတ်ဝင်စားသူများကို သူမက ပြန်မကြိုက်ဘဲ
သူမကိုယ်တိုင်ကလည်း ပါရမီ အားနည်းလှသဖြင့် ဂုဏ်သရေရှိ
လူငယ်များမှာ သူမ၏ သတင်းကို ကြားသည်နှင့် နောက်ဆုတ်သွားကြသည်။
ထို့ကြောင့် ဖခင်ဖြစ်သူမှာ သမီးအတွက် စိတ်မအေးနိုင်
ဖြစ်နေခဲ့ရသည်။
ယခုမူ မိုးပေါ်မှ ကျလာသည့်အလား ထူးချွန်ထက်မြက်လှသော ပါရမီရှင်တစ်ဦး ပေါ်လာသဖြင့်
သူသည် ဤသမက်လောင်းကို အလွန် သဘောကျနေခြင်း ဖြစ်သည်။ သူ၏ သမီးမှာပင် ဤမျှ
ထူးချွန်သောသူနှင့် မတန်ဟုပင် ခံစားနေရသည်။ ရှန်ကျန့်လင်သည် စူးချီ
ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် အလွန်ပင် ဖော်ဖော်ရွေရွေ ဆက်ဆံနေခြင်း
ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဦးလေး”
ဘဝနှစ်ခုစာ ဖြတ်သန်းခဲ့သော စူးချီသည်လည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ယဉ်ကျေးစွာ
ပြန်လည် ထူးလိုက်သည်။
“လာ... လာ... ဒီမှာ ထိုင်ပြီး စကားပြောကြရအောင်”
ရှန်ကျန့်လင်က စူးချီကို ဧည့်ခန်းရှိရာသို့ ခေါ်သွားသည်။ သူတို့ နှစ်ဦးမှာ
စကားအနည်းငယ် ပြောရုံမျှဖြင့် မိသားစုဝင်များကဲ့သို့
ရင်းနှီးသွားသည်ကို ကြည့်ကာ ရှန်ကျစ်ရှားမှာ အံ့ဩနေမိသည်။
“ဦးလေး သမီးက ငယ်ငယ်ကတည်းက နည်းနည်းတော့ ခေါင်းမာတတ်တယ်။ ခရီးသစ် ကျောင်းကြီး
ဒီလောက်အထိ အောင်မြင်လာတာ မင်းကြောင့် ပါပါတယ်”
စူးချီက ဘေးနားရှိ ရှန်ကျစ်ရှားကို တစ်ချက် ကြည့်လိုက်သည်။
“ဦးလေး... ခရီးသစ် ကျောင်းရဲ့ အောင်မြင်မှုက ကျွန်တော့် တစ်ယောက်တည်းကြောင့်
မဟုတ်ပါဘူး။ ကျောင်းအုပ်ကြီး ရှန်ရဲ့ ကြိုးစားမှုတွေလည်း အများကြီး
ပါပါတယ်”
“ဟဲဟဲ...”
ရှန်ကျန့်လင်က မယုံကြည်သလို ရယ်လိုက်သည်။
“သူလား... သူက ငယ်ငယ်ကတည်းက ပါရမီလည်း မရှိဘူး၊ ကိုယ်ခံပညာကိုလည်း သေသေချာချာ
မသင်ယူခဲ့ဘူး။ ဒါပေမဲ့ ကိုယ်ခံပညာသင်ကျောင်း ဖွင့်ချင်တယ်လို့
ပြောလာတော့တာပဲ။ ဒါက အဓိပ္ပာယ် မရှိတာ မဟုတ်လား”
ဘေးနားရှိ ရှန်ကျစ်ရှားမှာတော့ စိတ်ထဲမှ ကြိတ်ကာ မကျေမနပ် ဖြစ်နေသည်။ ဒါ ဘယ်လို
အဖေမျိုးလဲ။ ငါ့အကြောင်း ကောင်းတာ တစ်ခုမှ မပြောဘူး။ စူးချီတောင် ပြောနေတယ်
မဟုတ်လား၊ ငါလည်း ကြိုးစားခဲ့ပါတယ်ဆိုတာကို။
“ဒါပေမဲ့ ခြောက်နှစ်၊ ခုနစ်နှစ်ဆိုတဲ့ အချိန်က မျက်စိတစ်မှိတ်အတွင်း
ကုန်ဆုံးသွားလိမ့်မယ်လို့ ဦးလေး မထင်ထားခဲ့ဘူး။
မူလကတော့ သူမကို အလုပ်တစ်ခုခု လုပ်နေစေချင်လို့ ကျောင်းဖွင့်ခွင့်
ပေးခဲ့တာပါ။ ဒါပေမဲ့ သူမက မင်းလို ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ပြီး
ခရီးသစ်ကို ဒီအဆင့်အထိ ရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ဦးလေး
မမျှော်လင့်ထားခဲ့ဘူး”
ရှန်ကျစ်ရှားမှာ အိမ်ပေါ်ကပင် ဆင်းသွားချင်စိတ် ပေါက်လာသည်။ ဤအိမ်တွင် တစ်မိနစ်ပင်
ဆက်မနေချင်တော့ပေ။ ငါသာ ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့နေ့ကျရင်တော့ ဒီအဖိုးကြီးကို
သိအောင် ပြလိုက်ဦးမယ် ဟု တေးထားလိုက်သည်။
စူးချီသည် ရှန်ကျန့်လင်၏ သမီးအပေါ် မကျေနပ်ချက်များကို နားထောင်ရင်း ရယ်လည်း
ရယ်ချင်၊ သနားလည်း သနားမိသွားသည်။
“ဦးလေးရှန်... ခွင့်လွှတ်ပါ၊ ကျွန်တော် ကျောင်းအုပ်ကြီးဘက်ကနေ တရားမျှတအောင်
အနည်းငယ် ပြောပါရစေ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်
ရှန်ကျစ်ရှားနဲ့ မတွေ့ခင်က အလုပ်လျှောက်လွှာတွေ
ရာနဲ့ချီ တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူမ တစ်ယောက်တည်းကပဲ အားလုံးကို
ဆန့်ကျင်ပြီး ကျွန်တော့်ကို အဓိကဆရာကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။
သူမမှာ လူကဲခတ်တတ်တဲ့ မျက်လုံး မရှိဘူးဆိုရင် ကျွန်တော့်ရဲ့ ပညာကို ပြသခွင့်
ရမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်
ဖြည့်ဆည်းပေးခဲ့ကြတာပါ”
စူးချီ၏ စကားများကြောင့် ရှန်ကျစ်ရှားမှာ အလွန်ပင် ဝမ်းသာသွားသည်။ မူလက သူမ
စူးချီကို ခန့်အပ်ခဲ့သည့် အကြောင်းရင်းမှာ မရိုးသားခဲ့သော်လည်း
ရလဒ်ကတော့ ကောင်းမွန်သွားခဲ့သည်။ စူးချီက ဆက်ပြောသည်။
“သူမနဲ့ အတူရှိနေတဲ့ အချိန်မှာ ကျွန်တော့်ကို အထင်ကြီးစေတဲ့ အချက်တွေ အများကြီး
ရှိပါတယ်။ ကျွန်တော် ဘယ်လို ကျင့်စဉ်မျိုးကိုပဲ ထုတ်ဖော်ပြသပါစေ၊
တစ်ကမ္ဘာလုံးက ကျွန်တော့်ရဲ့ အတွေးအခေါ်တွေကို
ငြင်းပယ်နေရင်တောင် သူမကတော့ ဘယ်တော့မှ
မမေးခွန်းထုတ်ဘဲ ကျွန်တော့်ကို အမြဲတမ်း အပြည့်အဝ
ယုံကြည်ပြီး ထောက်ခံပေးခဲ့ပါတယ်။ ခရီးသစ်ရဲ့ အောင်မြင်မှုက
ကျွန်တော့်ကို အာဏာလွှဲအပ်ပြီး အပြည့်အဝ ယုံကြည်ပေးခဲ့တဲ့ သူမရဲ့
စိတ်ထားကြောင့်ပါပဲ။ ခြင်္သေ့သားမှန်ရင် ခြင်္သေ့ပဲ
ဖြစ်ရမှာပေါ့၊ သူမက ဦးလေးဆီကနေ ဒီလို စရိုက်ကောင်းတွေ အမွေရခဲ့တာ
ဖြစ်ပါလိမ့်မယ်”
စူးချီ၏ စကားများမှာ အကျိုးအကြောင်း ခိုင်လုံလှသဖြင့် ရှန်ကျစ်ရှားမှာ အတိုင်းမသိ
ပျော်ရွှင်သွားသလို ရှန်ကျန့်လင်လည်း သဘောကျသွားရသည်။
“ဟားဟား... ရှန်ကျစ်ရှားမှာလည်း ဒီလို ထူးခြားတဲ့ အရည်အချင်းတွေ ရှိတာပဲကိုး”
ဘေးနားမှ ရှန်ကျစ်ရှား၏ အစ်မဖြစ်သူက သတိပေးသည့်အနေဖြင့် ချောင်းဟန့်လိုက်သည်။
“အဖေ... အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးရအောင်လေ”
ရှန်ကျန့်လင်က ရယ်မောရင်း တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲလိုက်သည်။ ထို့နောက်
အလေးအနက်ထား၍ စကားပြောလိုက်သည်။
“မြွေနက်ရုပ်ကြွ ဆန္ဒပြည့်ပုလဲအကြောင်း ရှန်ကျစ်ရှား ပြောပြလို့ ဦးလေး သိရပါပြီ။
ဦးလေးအပေါ် ယုံကြည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဦးလေးက မင်းကို
ကိုယ့်မိသားစုဝင်လို သတ်မှတ်ထားတဲ့အတွက် ရင်ထဲက စကားအချို့
ပြောပါရစေ”
ရှန်ကျန့်လင်က မတ်တတ်ရပ်ကာ ရှီဂါးတစ်လိပ်ကို ထုတ်လိုက်သည်။
“မင်းက ပါရမီရှင်တစ်ယောက် ဖြစ်တဲ့အတွက် အရာအားလုံးကို နားလည်ထားတယ်ဆိုတာ ဦးလေး
သိပါတယ်။ ဒါကြောင့် အကျိုးအမြတ်အချို့ကို မင်းက ဂရုမစိုက်တာ
ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့သူတွေ
ဘာလို့ ပြန်မလာကြတော့တာလဲဆိုတာ မင်း သတိထားမိသလား”
စူးချီက အနည်းငယ် အံ့ဩသွားသည်။
“အနက်ရှိုင်းဆုံးချောက်ရဲ့ အန္တရာယ်ကြောင့် အဲဒီကို သွားပြီး ကာကွယ်နေကြရတာမလား”
ရှန်ကျန့်လင်က အနည်းငယ် အံ့ဩသွားပုံရသည်။
“အော်... မင်း အဲဒါကို သိနေတာလား။ ဒါဆို ရှင်းပြရတာ ပိုလွယ်သွားတာပေါ့။
ကမ္ဘာပျက်ကိန်း အန္တရာယ်ကို မင်း တစ်ယောက်တည်း သိတာ
မဟုတ်ပါဘူး၊ လူကုံထံ မိသားစုကြီးတွေ အားလုံးက ဒါကို သိထားကြတယ်။
ဒါကြောင့် မိသားစုခေါင်းဆောင်တွေက သူတို့ရဲ့ ကျင့်စဉ်အဆင့်ကို
တက်မသွားအောင် ထိန်းထားကြတာပေါ့။ ငါတို့က အဲဒီကို
မသွားချင်သေးဘူး”
ရှန့်ကျန့်လင်က ရှီဂါးငွေ့များကို မှုတ်ထုတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့မှာ မိသားစုကို ဆက်ခံမယ့်သူ မရှိသေးလို့ပဲ။ ငါတို့
ဘာကြောင့် ဆက်ခံသူကို ပျိုးထောင်နေရသလဲဆိုတာ မင်း သိချင်နေမှာပဲ”
စူးချီက ခေါင်းညိတ်ပြလိုက်သည်။ ကမ္ဘာပျက်ကိန်းက နီးနေပြီ ဖြစ်သော်လည်း ဤလူကြီးများက
ဘာကြောင့် အစွမ်းကုန် မကြိုးစားကြသနည်း ဟု သူ တွေးမိသည်။
“ဒါက အိမ်ရှေ့စံ နို့ချက်လုပ်ငန်းနဲ့ ရှင်းတုန်း လေကြောင်းလိုင်းတို့လို
ကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ အရင်တုန်းက လီမိသားစုနဲ့
လန်မိသားစုတွေဟာ အရမ်းကို ထင်ရှားကျော်ကြားခဲ့ကြတယ်။ ဒါပေမဲ့
သူတို့ရဲ့ ဘိုးဘေးတွေက ဧကရာဇ်အဆင့်ကို ရောက်ပြီး ပြန်မလာနိုင်တော့တဲ့အခါ သူတို့
ကျန်ရစ်ခဲ့တဲ့ လုပ်ငန်းတွေကို တခြားလူတွေက ဝိုင်းပြီး လုယူကြတော့တာပဲ။ လီမိသားစုရဲ့
အဓိကလုပ်ငန်းကို လင်မျိုးနွယ်တွေက သိမ်းပိုက်လိုက်သလို လန်မိသားစုရဲ့
လုပ်ငန်းကိုလည်း ယွမ်မိသားစုက နည်းမျိုးစုံနဲ့
လိမ်လည်ပြီး ယူသွားခဲ့ကြတယ်”
ရှန်ကျန့်လင်က ရှေးဟောင်း ဖြစ်ရပ်များကို ပြောပြနေခြင်းမှာ စူးချီအတွက်
အကျိုးအကြောင်းများကို နားလည်စေရန် ဖြစ်သည်။ ဧကရာဇ်အဆင့်
ရောက်သွားသူများနောက်တွင် ထူးချွန်သော ဆက်ခံသူ ကျန်မနေခဲ့ပါက ကျန်ရစ်ခဲ့သော
လုပ်ငန်းများမှာ အခြားသူများအတွက် စားကျက်မြေ ဖြစ်သွားတတ်သည်။
ဩဇာအာဏာရှိသူများနှင့် အခြားမိသားစုများက ထိုလုပ်ငန်းများကို ရယူရန်
နည်းမျိုးစုံဖြင့် ကြိုးစားကြလိမ့်မည်။ အကယ်၍ မိမိကိုယ်ကိုယ်
ကာကွယ်နိုင်စွမ်း မရှိပါက မိသားစု၏ အကျိုးစီးပွားကို
ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
“ဒီမြွေနက်ရုပ်ကြွ ဆန္ဒပြည့်ပုလဲ ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် မင်းက ဒီကိစ္စကို
ရှေ့ဆက်ချင်တယ်ဆိုရင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့်
အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ဖို့ ဦးလေး
အကြံပေးချင်တယ်။ ပြီးတော့ မင်းကို
ဒုက္ခပေးချင်တဲ့သူတွေအတွက်လည်း
ကျင်းတွေတူးပြီး ကြိုတင် မြှုပ်နှံထားဖို့ ပြင်ဆင်ထားလိုက်ပါ”
အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ

စူးချီက ခေါင်းညိတ်ပြလိုက်သည်။ ကမ္ဘာပျက်ကိန်းက နီးနေပြီ ဖြစ်သော်လည်း ဤလူကြီးများက ဘာကြောင့် အစွမ်းကုန် မကြိုးစားကြသနည်း ဟု သူ တွေးမိသည်။
“ဒါက အိမ်ရှေ့စံ နို့ချက်လုပ်ငန်းနဲ့ ရှင်းတုန်း လေကြောင်းလိုင်းတို့လို
ကိစ္စတွေနဲ့ ဆက်စပ်နေတယ်။ အရင်တုန်းက လီမိသားစုနဲ့
လန်မိသားစုတွေဟာ အရမ်းကို ထင်ရှားကျော်ကြားခဲ့ကြတယ်။ ဒါပေမဲ့
သူတို့ရဲ့ ဘိုးဘေးတွေက ဧကရာဇ်အဆင့်ကို ရောက်ပြီး ပြန်မလာနိုင်တော့တဲ့အခါ သူတို့
ကျန်ရစ်ခဲ့တဲ့ လုပ်ငန်းတွေကို တခြားလူတွေက ဝိုင်းပြီး လုယူကြတော့တာပဲ။ လီမိသားစုရဲ့
အဓိကလုပ်ငန်းကို လင်မျိုးနွယ်တွေက သိမ်းပိုက်လိုက်သလို လန်မိသားစုရဲ့
လုပ်ငန်းကိုလည်း ယွမ်မိသားစုက နည်းမျိုးစုံနဲ့
လိမ်လည်ပြီး ယူသွားခဲ့ကြတယ်”
ရှန်ကျန့်လင်က ရှေးဟောင်း ဖြစ်ရပ်များကို ပြောပြနေခြင်းမှာ စူးချီအတွက်
အကျိုးအကြောင်းများကို နားလည်စေရန် ဖြစ်သည်။ ဧကရာဇ်အဆင့်
ရောက်သွားသူများနောက်တွင် ထူးချွန်သော ဆက်ခံသူ ကျန်မနေခဲ့ပါက ကျန်ရစ်ခဲ့သော
လုပ်ငန်းများမှာ အခြားသူများအတွက် စားကျက်မြေ ဖြစ်သွားတတ်သည်။
ဩဇာအာဏာရှိသူများနှင့် အခြားမိသားစုများက ထိုလုပ်ငန်းများကို ရယူရန်
နည်းမျိုးစုံဖြင့် ကြိုးစားကြလိမ့်မည်။ အကယ်၍ မိမိကိုယ်ကိုယ်
ကာကွယ်နိုင်စွမ်း မရှိပါက မိသားစု၏ အကျိုးစီးပွားကို
ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။
“ဒီမြွေနက်ရုပ်ကြွ ဆန္ဒပြည့်ပုလဲ ထုတ်လုပ်မှုနဲ့ ပတ်သက်ရင် မင်းက ဒီကိစ္စကို
ရှေ့ဆက်ချင်တယ်ဆိုရင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့်
အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ဖို့ ဦးလေး
အကြံပေးချင်တယ်။ ပြီးတော့ မင်းကို
ဒုက္ခပေးချင်တဲ့သူတွေအတွက်လည်း
ကျင်းတွေတူးပြီး ကြိုတင် မြှုပ်နှံထားဖို့ ပြင်ဆင်ထားလိုက်ပါ”
အဆင့်မြင့်သိုင်းလောက၏ရှန်းရှဆရာ
အခန်း ၁၉၄ - မူးအောင် သောက်လို့မရဘူးလား
ရှန်မိသားစု နေအိမ်၏ တိုက်အရှေ့ဘက်ခြမ်းတွင် ဖြစ်သည်။ ရှန်ကျန့်လင်သည် တည်ကြည်သော
မျက်နှာထားဖြင့် ကြင်နာတတ်သော အပြုံးတစ်ခုကို ပြသနေသော်လည်း စူးချီကမူ
ထိုအပြုံး၏ နောက်ကွယ်တွင် သွေးချောင်းစီးခဲ့သော
တိုက်ပွဲများကို မြင်ယောင်နေမိသည်။
အတိတ်ကာလက ဧကရာဇ်အဆင့်သို့ ရောက်ရှိသော ကျင့်ကြံသူများသည် လူသားတို့၏ အနာဂတ်နှင့်
မျှော်လင့်ချက်အတွက် အနက်ရှိုင်းဆုံးချောက်၏ ကျူးကျော်မှုကို ခုခံရန်
ကောင်းကင်ဘုံ၏ စေလွှတ်ခြင်းကို ခံကြရသည်။ ထိုသူများသည်
မည်သည့်အခါမျှ ငြင်းဆန်ခြင်း မရှိကြပေ။ သို့သော် ဩဇာရှိသော
မိသားစုကြီးနှစ်ခုမှ ဧကရာဇ်အဆင့်ရှိသူများ ကောင်းကင်ဘုံ၏
ခေါ်ဆောင်ခြင်းကို ခံရပြီးနောက်တွင် အခြေအနေများ
ပြောင်းလဲသွားသည်။
ထိုသူများ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် နောက်ကွယ်၌ ကျန်ရစ်သော မိသားစု၏
ပင်မလုပ်ငန်းများကို အခြားမိသားစုများက ဝိုင်းဝန်းလုယူကြပြီး
မိသားစုဝင် အများအပြားမှာလည်း ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသည်။
ထိုသို့ လုပ်ဆောင်ခဲ့သူများ၏ အတွေးမှာ ရိုးရှင်းသည်။ ထိုဧကရာဇ်နှစ်ဦးမှာ
ပါရမီ အလွန်အမင်း ထူးချွန်သူများ မဟုတ်ဘဲ ပထမအဆင့်တွင်သာ ရှိနေကြခြင်း
ဖြစ်သည်။ ထိုအဆင့်တွင် ဝိညာဉ်အာရုံ အနည်းငယ်ကိုသာ ဤလောကသို့ ပြန်လည်
စေလွှတ်နိုင်သဖြင့် ဤနေရာတွင် ဖြစ်ပျက်နေသည်များကို သိနိုင်စွမ်း မရှိသလို
လက်စားချေရန်လည်း ပြန်မလာနိုင်တော့ဟု ယူဆခဲ့ကြသည်။
ဤဖြစ်ရပ်၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ အလွန်ပင် ကြီးမားလှသည်။ အစိုးရအဖွဲ့အတွင်းသို့
ထိုးဖောက် ဝင်ရောက်ထားသော ထိုမိသားစုကြီးများ၏ လုပ်ရပ်ကို အာဏာပိုင်များက အခြေအနေ
မရှုပ်ထွေးစေရန်အတွက် ဖုံးဖိထားခဲ့ကြသည်။ သို့သော် ထိုအချိန်မှစ၍ မိသားစုကြီး
အားလုံးမှာ ကိုယ်ပိုင် အစီအစဉ်များ ထားရှိလာကြသည်။ အချို့သော
မိသားစုခေါင်းဆောင်များသည် ဧကရာဇ်အဆင့်သို့ ရောက်ရန် အခြေအနေ
ပြည့်စုံနေသော်လည်း မိမိတို့၏ ကျင့်စဉ်အဆင့်ကို တမင်နှိမ်ထားကြသည်။
မိသားစုအတွင်း ဒုတိယမြောက် ဧကရာဇ်လောင်း တစ်ဦး
ပေါ်ထွက်လာပြီး မိမိတို့၏ အဆင့်ကို ဆက်လက် ထိန်းထားရန်
မဖြစ်နိုင်တော့သည့် အခါမှသာ ဧကရာဇ်အဆင့်သို့ တက်လှမ်းကြတော့သည်။
ဤသည်မှာ ပြဿနာကို ဖြေရှင်းနိုင်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မည်သူကမျှ
တစ်ဖက်လူကို မယုံကြည်ရဲသည့် တောနက်ဥပဒေသတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် မိသားစုကြီးများမှ လူများသည် အလွန်အမင်း အရေးမကြီးပါက
ဧကရာဇ်အဆင့်သို့ မတက်လှမ်းချင်ကြတော့ပေ။ အပြင်ပန်းတွင် ဖိအားများ
ရှိနေသော်လည်း ဧကရာဇ်အဆင့်သို့ ရောက်ရှိသူ
နည်းပါးနေခြင်းကြောင့် ကောင်းကင်ဘုံမှာပင်
သောကရောက်ရသည့် အခြေအနေ ဖြစ်နေသည်။
အခြားတစ်ဖက်တွင်မူ ရှန်ကျစ်ရှားမှာ ဤလျှို့ဝှက်ချက်များကို ကြားရသောအခါ အေးစက်သော
ချွေးများ ထွက်လာရသည်။
“အဖေ... အဖေ ပြောချင်တာက ဧကရာဇ် ပထမအဆင့်က ဝိညာဉ်အာရုံကိုပဲ ပြန်ပို့နိုင်တာလား။
ငါးဆင့် ခြောက်ဆင့်လောက် ရောက်မှပဲ အသိစိတ် ပြန်လာလို့ရပြီး ခုနစ်ဆင့်
ရှစ်ဆင့်လောက် ရောက်မှပဲ ဟင်းလင်းပြင်ကို ဖြတ်ပြီး ဒီလောကကို
ပြန်လာလို့ရတာလား။ ဒါတွေကို သမီးကို ဘာလို့ စောစောက မပြောခဲ့တာလဲ”
ရှန်ကျစ်ရှားသည် စိုးရိမ်တုန်လှုပ်စွာ မေးလိုက်သည်။ သူမသာ စောစောက အဆင့်တက်သွားပါက
ဤလောကသို့ ပြန်လာနိုင်တော့မည် မဟုတ်ပေ။ နောင်တွင် သူမသည် အဆင့်တက်ရန် အလျင်မလိုဘဲ
သေချာစွာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
ရှန်ကျန့်လင်က သမီးဖြစ်သူကို ကြည့်ကာ စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။
“ငါ မင်းကို မပြောခဲ့ဘူးလား။ မင်း အသက်ခုနစ်နှစ်တုန်းက ဒါတွေကို သင်ပေးတော့ မင်းက
ပါရမီမရှိလို့ သင်ရတာ အလကားပဲဆိုပြီး ငြင်းခဲ့တာလေ။ အခုမှ လာမေးမနေနဲ့”
ရှန်ကျစ်ရှားမှာ စကားမပြန်နိုင်တော့ပေ။ သူမ၏ ဖခင်သည် စူးချီကိုတော့ သားအရင်းကဲ့သို့
ဆက်ဆံနေပြီး သူမကိုကျမှ အရာရာ အပြစ်တင်နေသည် မဟုတ်ပါလား။ သူမသည် စိတ်ဆိုးကာ
ခြေဆောင့်လိုက်သည်။
“ငါက မသိလို့ မေးတာပါနော်။ စူးချီတောင် ပြောတယ်၊ ငါ့ရဲ့ မေးခွန်းတွေက သူ့ကို
အတွေးအမြင်သစ်တွေ ရစေတယ်တဲ့။ အဖေက ငါ့ကို အထင်သေးလွန်းတယ်”
ရှန်ကျန့်လင်က သူမကို ဂရုမစိုက်ဘဲ စူးချီကို ပြုံးကြည့်ကာ ပြောသည်။
“ကျောင်းမှာလည်း သူက ဒီလိုပဲ အသုံးမကျတာလား။ မင်း ဘယ်လို သည်းခံနေရလဲ”
“ဟဲဟဲ... တကယ်တော့ သူက တော်ပါတယ် ဦးလေး။ ကျောင်းမှာ လူတိုင်းက ကျောင်းအုပ်ကြီးကို
ချစ်ကြတယ်။ သူ မရှိရင် ခရီးသစ် ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”
ဟု စူးချီက ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။ ရှန်ကျစ်ရှားမှာ ထိုစကားကြောင့်
ဝမ်းသာလွန်း၍ မျက်ရည်ပင် ဝဲသွားရသည်။ စူးချီကတော့
အားကိုးထိုက်သူပင် ဖြစ်သည်။
“ထားလိုက်ပါတော့။ အသုံးမကျတဲ့ ငါ့သမီးအကြောင်း မပြောတော့ဘူး။ ညစာစားပြီးရင် ခဏလောက်
နေခဲ့ဦး။ ဦးလေး မင်းကို ပြောစရာ စကားလေးတွေ ရှိသေးတယ်။ မင်းအတွက် အကျိုးရှိမယ်
ထင်ရင် နားထောင်ပေါ့။ အကျိုးမရှိဘူး ထင်ရင်လည်း ဦးလေးရဲ့
လေကြောရှည်မှုလို့ပဲ သတ်မှတ်လိုက်ပါ”
…
“အစ်ကိုကြီး ရှန်... နောက်မှ ပြန်တွေ့ကြတာပေါ့”
“ညီလေး စူးချီ... နောက်တစ်ခါကျရင်လည်း အလည်လာရမယ်နော်”
“လာမှာပေါ့... ကျွန်တော် စူးချီက ပြောပြီးရင် ဘယ်တော့မှ မပျက်ကွက်ပါဘူး”
“ကောင်းပြီ... ကောင်းပြီ”
“ဟိခ်... ဒါဆို ကျွန်တော် အရင် သွားတော့မယ်နော်”
“လမ်းမှာ ဂရုစိုက်ဦး။ ရှန်ကျစ်ရှား... မင်းရဲ့ ဦးလေးလေး စူးချီကို သေချာ
လိုက်ပို့လိုက်ဦး”
ရှန်ကျစ်ရှားမှာ စိတ်ပျက်လက်ပျက် ဖြစ်နေရသည်။ ညစာစားပြီးနောက်တွင် ရှန်ကျန့်လင်သည်
စူးချီကို သီးသန့် ခေါ်ထားကာ အရက်များစွာ တိုက်ပြန်သည်။ သူသည်
လျှို့ဝှက်နယ်မြေတစ်ခုမှ ရရှိထားသည့်
ဧကရာဇ်အဆင့်ရှိသူပင် မူးစေနိုင်သော ဧကရာဇ်ယစ်မူး စပျစ်ရည်ကို ထုတ်ယူခဲ့သည်။
သူတို့၏ အခေါ်အဝေါ်များသည်လည်း ဦးလေးနှင့် တူမှသည် ညီအစ်ကိုများအထိ
ပြောင်းလဲသွားသည်။ ရှန်ကျန့်လင်က စူးချီအား ရှန်ကျစ်ရှား၏ ဦးလေးအဆင့်ဟုပင်
သတ်မှတ်ပြောဆိုခဲ့သဖြင့် သူမမှာ ရယ်ရခက် ငိုရခက် ဖြစ်နေရသည်။
ဧည့်ခံပွဲအပြီးတွင် ရှန်ကျစ်ရှားသည် မူးနေသော စူးချီကို တွဲကာ အိမ်ပြင်သို့
ထွက်လာခဲ့သည်။ ရှန်ကျန့်လင်မှာတော့ သမီးကြီး၏ အကူအညီဖြင့်
မတ်တတ်ရပ်ကာ သူတို့ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်။ သူတို့
ထွက်သွားပြီးနောက်တွင် ရှန်ကျန့်လင်သည် ချက်ချင်းပင် ကိုယ်ကို
မတ်လိုက်သည်။
“အဖေ... အဖေ မမူးဘူးလား။ ဧကရာဇ်ယစ်မူး စပျစ်ရည်ကို သောက်တာတောင် မမူးဘူးလား”
“နည်းနည်းပဲ ရှိန်တာပါ။ ဒါပေမဲ့ စူးချီလေးကတော့ တကယ် မူးသွားပုံရတယ်။ ဒါက
ပိုကောင်းပါတယ်၊ သူက နွေဦးလေပြေအပေါ် ဘယ်လောက်
စိတ်ရင်းရှိလဲဆိုတာ သိရတာပေါ့”
သမီးကြီး ရှန်ချွမ်းဟွားက ပြုံးလိုက်သည်။ သူမ၏ အဖေသည် စူးချီ၏ စိတ်ရင်းကို
သိရန်အတွက် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ စူးချီသည် လုံးဝ
မူးနေချိန်တွင်ပင် ရှန်ကျစ်ရှားကို ကာကွယ်ပြောဆိုနေသည်ကို
ကြည့်ကာ သူတို့နှစ်ဦးလုံး ကျေနပ်နေကြသည်။
“ဒါပေမဲ့ အဖေ ဒီနေ့ ပြောတာတွေ မများသွားဘူးလား။ နည်းပညာကို ကိုယ်တိုင်
ထိန်းချုပ်ဖို့ရယ်၊ အကျိုးအမြတ် ခွဲဝေပြီး မဟာမိတ်
တည်ဆောက်ဖို့ရယ် သူကို အကြံပေးလိုက်တာလေ။ အဲဒီစကားတွေ ပေါက်ကြားသွားရင်
ကျန်တဲ့လူတွေ အဖေကို အပြစ်တင်ကြမှာ မစိုးရိမ်ဘူးလား”
“ဟဲဟဲ... စူးချီရဲ့ ပါရမီက ကိုယ်ပိုင် အင်အားစုတစ်ခု တည်ထောင်နိုင်တဲ့အထိ ရှိနေလို့
ငါက သတိပေးလိုက်တာပါ။ အဲဒီစကားတွေ အားလုံးက မူးနေတုန်း ပြောခဲ့တာပဲလေ။
မူးနေတဲ့လူက စကားမှားတာကို ဘယ်သူက အပြစ်တင်နိုင်မှာလဲ”
ရှန်ချွမ်းဟွားသည် ဖခင်ဖြစ်သူ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။ သူမ၏ အဖေသည်
စူးချီနှင့် ရှန်ကျစ်ရှားတို့ ပေါင်းစည်းကာ အသစ်စက်စက် အင်အားစုတစ်ခု
ဖြစ်လာစေရန် ကြိုတင် ပြင်ဆင်ပေးနေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ရှန်ကျစ်ရှားသည် စူးချီကို တွဲကာ လျှောက်လာရင်း
သက်ပြင်းချလိုက်သည်။
“အဖေက နင်နဲ့ ဘာလို့ ဒီလောက်တောင် အဆင်ပြေနေရတာလဲ မသိဘူး”
ထိုစဉ် စူးချီ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။
“ဟဲဟဲ။ မင်းအဖေက ငါ့ကို အဖိုးတန်တဲ့ အကြံပေးချက်တွေ အများကြီး ပေးလိုက်တာပါ။ ငါ
အများကြီး သင်ယူလိုက်ရတယ်”
ရှန်ကျစ်ရှား လှည့်ကြည့်လိုက်သောအခါ စူးချီ၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေသော်လည်း
မျက်ဝန်းများမှာမူ ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။
“နင်... နင် မမူးဘူးလား။ ဧကရာဇ်ယစ်မူး စပျစ်ရည်ကို သောက်တာတောင် ဘာမှ မဖြစ်ဘူးလား”
စူးချီက ပြုံးလျက် ကိုယ်ကို မတ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှတစ်ဆင့်
အရည်အချို့မှာ ရေဓားသဏ္ဌာန် ထွက်ပေါ်လာပြီး မြောင်းထဲသို့
စီးဝင်သွားသည်။ ထိုအခါ ပြင်းထန်သော အရက်နံ့များ ထွက်ပေါ်လာသည်။
“နည်းနည်းပဲ ရှိန်တာပါ။ ကိုယ်ခံပညာနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စက ပြဿနာ မဟုတ်ပါဘူး”
စူးချီသည် ခြောက်သွေးကြော နတ်ဘုရားဓားသိုင်းကို အသုံးပြုကာ အရက်ရှိန်များကို
ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ဤပညာရပ်မှာ
အရက်သောက်ပြိုင်ရာတွင် အလွန်ပင် ထိရောက်လှသည်။
“ဘာလို့ မူးချင်ယောင် ဆောင်နေတာလဲ”
“ဘာလို့လဲဆိုတော့ အချို့သော ကိစ္စရပ်တွေကို သူ မူးနေတဲ့ အချိန်မှာမှ ငါ့ကို
ပွင့်ပွင့်လင်းလင်း ပြောပြနိုင်မှာ မို့လို့ပါ။ မင်းအဖေက
အရက်ရှိန်ကို အသုံးချပြီး ငါ့ကို မြွေနက်ရုပ်ကြွ
ဆန္ဒပြည့်ပုလဲတွေ ထုတ်လုပ်တဲ့အခါ ဘယ်လို
စီစဉ်ရမလဲဆိုတာ လမ်းပြပေးလိုက်တာပဲ။ ဒီတစ်ခေါက်တော့ ငါ
အမှန်တကယ် အကျိုးရှိသွားတယ်”