← Chapters

အခန်း (၆၉၁-၆၉၂)

Vol. 70 Ch. 691-692

အခန်း (၆၉၁-၆၉၂)

Vol. 70 Ch. 691-692

အခန်း (၆၉၁) - မီးလျှံငါးတန် ငှက်ခုနှစ်ကောင်ယပ်တောင် ၊ လေလုံးဘုရင် ၊ တာလော့ဝိညာဉ်လက်ဝါး

​"မိုက်ရိုင်းလှချည်လား ဒီဖီးနစ်အဆီအနှစ်ကို မင်းတစ်ယောက်တည်း သိမ်းကျုံးယူချင်တယ်ပေါ့၊ ငါ့လက်ထဲက ဓားက သဘောတူ၊ မတူ အရင်မေးကြည့်လိုက်ဦး "

​ထိုထွားကျိုင်းသော လူသန်ကြီးသည် ဓားကိုဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ၁၀ ကိုက်ခန့် ထိရောက်သွားပြီး ကုဖေးယွီ၏ အနားသို့ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

​ကုဖေးယွီက သူ၏ ယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြန်ရာ လူသန်ကြီး၏ မြင်းဖြတ်ဓားကြီးမှာ အခြားတစ်ဖက်သို့ လမ်းကြောင်းလွဲသွားပြန်သည်။ သို့သော် ထိုသူသည် သူ၏ ရင်ဘတ်အတွင်းမှ ဓားမြှောင် နှစ်စင်းကို ထုတ်ယူကာ ကုဖေးယွီထံသို့ လှမ်း၍ ပစ်လွှတ်လိုက်သည်။

​ကုဖေးယွီ၏ လက်ထဲမှ ယပ်တောင်မှာ အသာအယာ တုန်ခါသွားပြီး ဓားမြှောင်များမှာလည်း အခြားတစ်ဖက်သို့ လွင့်စင်သွားတော့သည်။

​"ဖေးဟေးဟု... မင်း ဒီဖီးနစ်အဆီအနှစ်ကို လုချင်ရင်လည်း ငါတို့ကို ဒုက္ခမပေးနဲ့လေ "

ဟု ကလေးငယ် ယောကျ်ားလေးက အော်ဟစ်လိုက်သည်။

​ဤထွားကျိုင်းသော လူသန်ကြီးမှာ သူ၏ အမည်ဖြစ်သော ဖေးဟေးဟု ဆိုသည့်အတိုင်း တကယ့်ကို ကျားတစ်ကောင်ကဲ့သို့ ကြမ်းတမ်းလှပေသည်။ ယခုလည်း သူသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ကုဖေးယွီကို ထပ်မံ၍ ခုတ်ပိုင်းလိုက်ပြန်သည်။

ဤတစ်ကြိမ် ခုတ်ချက်မှာ မြန်လည်းမြန်၊ လေးလည်းလေးလှသဖြင့် လေထုကို ဖြတ်သန်းသွားသော အသံပေါက်ကွဲသံ ပင် ထွက်ပေါ်လာပြီး ဆန်းကြယ်သော လမ်းကြောင်းအတိုင်း ကျရောက်လာသည်။

​ကုဖေးယွီ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားသည်။ ဤလူသန်ကြီးမှာ ရိုးအသယောင်ရှိသော်လည်း အမှန်တကယ်တွင်မူ စိတ်ထားမှာ အလွန်ပင် ကောက်ကျစ်လှသည်။ ဓားမြှောင်များဖြင့် ခိုးယူတိုက်ခိုက်ရဲသည် မဟုတ်ပါလား။

အကယ်၍ သူ၏ ယပ်တောင်မှာ အစွမ်းထက်သော မှော်လက်နက် မဟုတ်ခဲ့ပါက ထိုသူ၏ အကြံမှာ အောင်မြင်သွားပေလိမ့်မည်။ ဤကဲ့သို့သော လူမိုက်မျိုးနှင့် ရင်ဆိုင်ရသည်မှာ အနည်းငယ်တော့ လက်ဝင်လှပေသည်။

​သူသည် ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ယပ်တောင်အတွင်းမှ ပြင်းထန်သော လေဟုန်များ ထွက်ပေါ်လာပြီး ထိုလေဟုန်မှာ ထက်မြက်လှသော ဓားသွားပေါင်း ထောင်သောင်းချီသည့်အလား ပြောင်းလဲသွားသည်။ ခဏချင်းမှာပင် ဖေးဟေးဟုကို နောက်သို့ လွင့်စင်သွားစေတော့သည်။

​ဒုန်း

​ဒေါက်... ဒေါက်... ဒေါက်

​ဖေးဟေးဟုမှာ နောက်သို့ ၇ လှမ်း၊ ၈ လှမ်းခန့် အရှိန်ပြင်းစွာ ဆုတ်လိုက်ရပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော ကျင်းများစွာ ထင်ကျန်ရစ်သည်။ ၎င်းမှာ သူ၏ ခြေထောက်ဖြင့် မြေပြင်ကို အတင်းနင်းကာ အရှိန်သတ်လိုက်ခြင်းကြောင့်ပင်။

သူ၏ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရဲရဲနီနေပြီး ကုဖေးယွီကို ကြည့်နေသော မျက်လုံးများတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်နေသည်။ အကယ်၍ သူ၏ ကိုယ်ပေါ်တွင် ဤချပ်ဝတ်တန်ဆာသာ မရှိပါက ခုနက တိုက်ကွက်ကြောင့် ကုဖေးယွီ၏ ယပ်တောင်အောက်တွင် အသက်ပျောက်နေလောက်ပြီ ဖြစ်သည်။

​ချန်ယန်မှာ ဒုတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး ဖေးဟေးဟုနှင့် တိုက်ခိုက်စဉ်က မည်သည့် အသာစီးမှ မရခဲ့ပေ။ သူသည် ဖေးဟေးဟု၏ အစွမ်းကို ကောင်းကောင်းသိသော်လည်း ဤကုဖေးယွီ၏ လက်အောက်တွင်မူ ဖေးဟေးဟုမှာ ဘာမှမတတ်နိုင်ဘဲ ဖြစ်နေသည်ကို မြင်လိုက်ရသည်။

တစ်ခဏအတွင်းမှာပင် ကုဖေးယွီ၏ အရှိန်အဝါမှာ နေရာတစ်ခုလုံးရှိ လူအားလုံးကို လွှမ်းမိုးသွားတော့သည်။

​"အားလုံးပဲ... ဒီနတ်ဘုရားနယ်မြေထဲမှာ အခွင့်အလမ်းတွေ အများကြီး ရှိပေမဲ့ ငါနဲ့အတူ ဒီနေရာမှာ ဆုံရတာကိုပဲ မင်းတို့တွေ ဝမ်းသာနေသင့်ပြီ။ ဒီရတနာကို ထပ်ပြီး လုဖို့ မကြိုးစားကြပါနဲ့တော့"

ကုဖေးယွီက အေးဆေးစွာ ပြုံးလျက် ပြောလိုက်သည်။

​ထိုစကားမှာ ရန်စစကား သက်သက်ပင် ရန်ငြိုးကို အမြင့်ဆုံးအဆင့်အထိ ဆွဲတင်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဦးကိုတစ်ဦး အပြန်အလှန် စိုးရိမ်နေကြသဖြင့် ထိုလူများမှာ ကုဖေးယွီကို ချက်ချင်း လက်မပါရဲကြသေးပေ။

​"ဟိဟိ... ဘယ်က သခင်လေးလဲ မသိဘူး၊ စကားပြောတာ တကယ့်ကို ရယ်စရာကောင်းတာပဲ"

​ဝါးခြင်းတောင်းလေးကို ချိတ်ဆွဲထားသော အလှပဂေးတစ်ဦးမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး မျက်နှာတွင် အေးဆေးသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။

​"ငါ့နာမည်က ကုဖေးယွီပါ၊ အစ်မက တကယ့်ကို လှတာပဲ"

ကုဖေးယွီက ပြုံး၍ ပြောလိုက်သည်။

​ဝါးခြင်းတောင်းလေးကို ချိတ်ကာ ကိုယ်လုံးကိုယ်ပေါက် လှပလွန်းသော ထိုအလှပဂေးမှာ ကုဖေးယွီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

​"နှုတ်ခမ်းလေးက တကယ့်ကို အပြောကောင်းတာပဲ၊ ဒီဖီးနစ်အဆီအနှစ်ကို ငါ့ကို လက်ဆောင်ပေးဖို့ မင်း ဆန္ဒရှိလား "

ဟု သူမက ချွဲနွဲ့စွာ မေးလိုက်သည်။

​ကုဖေးယွီက တည်ကြည်သော မျက်နှာဖြင့် "မပေးနိုင်ပါဘူး" ဟု ပြန်ပြောလိုက်သည်။

​အလှပဂေး : "..."

​သူမ အနည်းငယ် ခေါင်းကိုက်သွားသည်။ မကြာသေးမီကပင် အဘယ်ကြောင့် ဤကဲ့သို့သော လူစားမျိုးများနှင့်သာ ဆက်တိုက်တွေ့နေရသနည်း။

​"အစ်မကသာ ငါ့အိပ်ရာထဲကို ကိုယ်တိုင်လာမယ်ဆိုရင်တော့ ရနိုင်ပါတယ်၊ ဒါပေမဲ့ ဒီဖီးနစ်အဆီအနှစ်ကိုတော့ လက်ဆောင်မပေးနိုင်ဘူး"

ဟု ကုဖေးယွီက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်ပြန်သည်။

​လီယန်ချူး၏ နှုတ်ခမ်းမှာ မသိမသာ တွန့်သွားသည်။ ထိုကောင်မှာ ဦးနှောက်တော့ တော်တော်ရှင်းသည်။ အရှုံး လုံးဝမခံဘဲ သာ လုပ်ချင်နေခြင်းပင်။

​အလှပဂေး၏ မျက်နှာမှာ ပျက်သွားပြီး သက်ပြင်းချလျက် ပြောလိုက်သည်။

"မင်းက လူကဲခတ်တတ်တဲ့သူလို့ ငါထင်ခဲ့တာ၊ မင်းကလည်း ဟိုအပုပ်နံ့နံတဲ့ တာအိုဆရာနဲ့ အတူတူပါပဲလား "

​ကုဖေးယွီမှာ မျက်ခုံးပင့်သွားသည်။

အပုပ်နံ့နံတဲ့ တာအိုဆရာ

​သူ့မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလှပဂေးမှာ သူ၏ အနားသို့ ရောက်ရှိလာပြီး အေးစက်လှသော ဓားချီများမှာ သူ၏ မျက်ခုံးအကြားသို့ တိုးဝင်လာတော့သည်။

ကုဖေးယွီ စိတ်ထဲမှ အလွန်အံ့အားသင့်သွားသည်။ ဤဓားမှာ အလွန်မြန်ရုံသာမက ဓားချီမှာလည်း အလွန်ထက်မြက်လှသည်။ သူ အချိန်မီ တုံ့ပြန်ရန် မဖြစ်နိုင်တော့သဖြင့် နောက်သို့ အမြန် ဆုတ်ခွာလိုက်ရသည်။

​ထိုအလှပဂေး၏ ဓားအလင်းမှာ သူ၏ ဘယ်ဘက်လက်သို့ တစ်ဖန် ဦးတည်လာပြန်သည်။ ကုဖေးယွီသည် ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းမှာ လမ်းကြောင်းလွဲကာ ဘေးဘက်သို့ ထိုးစိုက်သွားသည်။

သို့သော် ထိုအမျိုးသမီးမှာ နောက်ထပ် ဓားချီတစ်ခုကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။ ၎င်းမှာ ကုဖေးယွီ၏ ဘယ်ဘက်လက်ကိုပင် ထပ်မံ ဦးတည်ခြင်း ဖြစ်သည်။ ဤဓားနှစ်ချက်မှာ ရှေ့ဆင့်နောက်ဆင့်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ပုံရိပ်ယောင်များ ထင်ကျန်ရစ်သည်အထိ မြန်ဆန်လှသဖြင့် တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်းပင် ဖြစ်သည်။

​ကုဖေးယွီ ထိတ်လန့်သွားပြီး လက်ထဲမှ ဖီးနစ်အဆီအနှစ်ကို ပစ်ထုတ်လိုက်ကာ နောက်သို့ အဝေးကြီး ဆုတ်ခွာသွားတော့သည်။ အလှပဂေးမှာ ထိုဖီးနစ်အဆီအနှစ်ကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

​သူမက ပြုံးလျက် ပြောလိုက်သည်။

"ငါ့မှာ အရေးကြီးတဲ့ကိစ္စ လုပ်စရာရှိလို့သာပေါ့၊ မဟုတ်ရင်တော့ မင်းလို ချောမောတဲ့ လူချောလေးကို ဒီနေ့ ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး"

​ကုဖေးယွီ၏ မျက်နှာမှာ ပျက်သွားသည်။ ဤအမျိုးသမီး၏ ဓားအလင်းမှာ အလွန်မြန်ရုံသာမက ပြောင်းလဲမှုများမှာလည်း အဆုံးအစမရှိလှပေ။

​"တတိယအဆင့်ဝက် လား"

ဟု သူက အံ့သြစွာ မေးလိုက်သည်။

​ထိုအလှပဂေး၏ ဓားအလင်းနှင့် အတတ်ပညာများအပေါ် နားလည်မှုမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။

​"မောင်လေး... လူကို အထင်မသေးစမ်းပါနဲ့၊ မမက အစစ်မှန် တတိယအဆင့် ပါ"

​ထိုအမျိုးသမီးသည် ဖီးနစ်အဆီအနှစ်ကို သူ၏ လက်ထဲမှ ပန်းခြင်းတောင်းလေးအတွင်းသို့ ထည့်လိုက်သည်။

​"ဘာတွေ လေကြီးနေတာလဲ"

ကုဖေးယွီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ထက် ပို၍ လေလုံးထွားနိုင်သူ ရှိနေသည်ကို သူ ခွင့်မပြုနိုင်ပေ။

​"မင်း မယုံရင်လည်း ဘာမှမတတ်နိုင်ဘူး၊ ဒီနေရာမှာ မယုံတဲ့သူရှိရင်လည်း လာစမ်းကြည့်လို့ ရတယ်"

ဟု အလှပဂေးက အေးဆေးစွာ ပြောလိုက်သည်။

​ဤနတ်ဘုရားနယ်မြေအတွင်းသို့ ဝင်လာချိန်တွင် သူမ၌ လျှို့ဝှက်အတတ် ရှိနေသော်လည်း သူမ၏ ကျင့်စဉ်အဆင့်မှာ ဖိနှိပ်ခြင်း ခံထားရသဖြင့် စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။

သို့သော်လည်း ဤယင်ဝိညာဉ်အဆင့်ရှိသူများကို ကိုင်တွယ်ရန်မှာမူ ဘာပြဿနာမျှ မရှိပေ။ သူမ၏ အတတ်ပညာ နားလည်မှုမှာ မြင့်မားလွန်းလှသလို တိုက်ပွဲအတွေ့အကြုံမှာလည်း ကြွယ်ဝလှသည်။ အင်အားတူညီနေလျှင်ပင် ထိုသူများမှာ သူမ၏ ပြိုင်ဘက် မဟုတ်ကြပေ။

​"ဒီမိန်းမက တကယ့်ကို မြူဆွယ်နိုင်တာပဲ၊ ငါ ဖီးနစ်အဆီအနှစ်ကို မလိုချင်ဘူး၊ သူ့ကိုပဲ လိုချင်တာ။ ကုဖေးယွီ... မင်းကော ငါနဲ့ပေါင်းပြီး သူ့ကို ဖမ်းမလား"

​ကျင့်ကြံသူနှင့် မတူဘဲ သူဌေးကြီးတစ်ဦးနှင့် တူသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပြုံးလျက် ပြောလိုက်သည်။

​"ဟက် ငါ ကုဖေးယွီက တစ်ခုခုကို လိုချင်ရင် သူတစ်ပါးနဲ့ ပူးပေါင်းဖို့ လိုအပ်လို့လား "

​သူသည် အေးစက်စွာ ရယ်မောလိုက်ပြီး ခြေတစ်လှမ်း လှမ်းကာ ထိုအလှပဂေးထံသို့ တိုက်ခိုက်ရန် ပြေးဝင်သွားတော့သည်။

​အသက်လတ်ပိုင်း သူဌေးကြီး : "..."

​သူသည် မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားတော့သည်။ ဤကုဖေးယွီမှာ ဤမျှအထိ လေလုံးထွားလှသည်ကို သိပါလျက်နှင့် သူ အဘယ်ကြောင့် ထိုသို့ စကားလှမ်းပြောမိသနည်း။

​ကုဖေးယွီသည် ယပ်တောင်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေဟုန်များမှာ ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ထိုအမျိုးသမီးထံသို့ ပျံသန်းသွားသည်။ အလှပဂေးမှာ အသာအယာ ပြုံးလျက် လက်ထဲမှ ဓားချီကို "ရွှမ်း ရွှမ်း ရွှမ်း" ဆိုသည့် အသံများနှင့်အတူ ဝှေ့ယမ်းကာ လေဟုန်များကို ပိုင်းဖြတ်ပစ်လိုက်သည်။

​"မင်းလက်ထဲက ယပ်တောင်ကသာ တကယ့် မီးလျှံငါးတန် ငှက်ခုနစ်ကောင် ယပ်တောင် အစစ်ဆိုရင်တော့ ငါ့အတွက် အခက်အခဲ ရှိနိုင်ပေမဲ့၊ အခုဟာက အတုအပ တစ်ခုပဲလေ"

ဟု သူမက အေးဆေးစွာ ပြောလိုက်သည်။

​"အတုဆိုရင်ကော ဘာဖြစ်လဲ၊ မင်းကို ဖမ်းနိုင်ရင် ပြီးတာပဲ"

ဟု ကုဖေးယွီက အော်ဟစ်လိုက်သည်။

​သူ၏ မာနကြီးလှသော စိတ်နေစိတ်ထားအရ ဤယပ်တောင်ကို အတုဟု အပြောခံရသော်လည်း သူ ဒေါသမထွက်ပေ။ သိသာသည်မှာ ထိုယပ်တောင်၏ အစစ်အမှန်မှာလည်း သူ၏ လက်ထဲတွင် ရှိနေခြင်း သို့မဟုတ် သူ အချိန်မရွေး ရရှိနိုင်ခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

​ယပ်တောင်အတွင်းမှ မီးလျှံလုံးကြီး ငါးလုံး ပေါက်ကွဲထွက်ပေါ်လာပြီး ဆန်းကြယ်သော မန္တန်စက်ကွင်းတစ်ခုအဖြစ် ပြောင်းလဲကာ အလှပဂေးကို ဝန်းရံလိုက်သည်။ ထိုအမျိုးသမီး၏ လက်ထဲတွင် ချင်းစောဓား တစ်စင်း ပေါ်ထွက်လာပြီး စိမ်းပြာရောင် ဓားအလင်းကို ခုတ်ချလိုက်ရာ မီးလျှံလုံး တစ်လုံးမှာ ကြေမွပျက်စီးသွားတော့သည်။

​သူမမှာ အံ့အားသင့်သွားပြီး မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူမ၏ ဤဓားချက်မှာ မီးလျှံငါးလုံးစလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အကြောင်းမှာ တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည်မှာ အစစ်အမှန် မဟုတ်သောကြောင့်ပင်။ သူမ ဇဝေဇဝါဖြစ်သွားသည့် ခဏအတွင်းမှာပင် ကျန်ရှိသော မီးလျှံလေးလုံးမှာ သူမထံသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။ အလှပဂေးမှာ ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားတော့သည်။

​ထိုနေရာတွင် သူမသည် တတိယအဆင့်ဝက် စွမ်းအားကိုသာ အသုံးပြုနိုင်သော်လည်း ကျန်သူများကို ဖိနှိပ်ရန်အတွက်မူ လုံလောက်လှပေသည်။ ကုဖေးယွီ၏ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားမှာ သူမအတွက်တော့ အသေးအဖွဲ ကိစ္စတစ်ခုသာ ဖြစ်သည်။

​ထိုအသက်လတ်ပိုင်း သူဌေးကြီးမှာ ထိုအလှပဂေးကို အမှန်တကယ်ပင် သဘောကျနေခြင်း ဖြစ်သည်။

ကုဖေးယွီ တိုက်ခိုက်နေသည့် အချိန်မှာပင် သူသည်လည်း အလှပဂေး၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။

ထိုအမျိုးသမီး ကိုယ်ယောင်ဖျောက်ရာမှ ပြန်လည် ထွက်ပေါ်လာသည်နှင့် သူသည် ချက်ချင်းပင် အာရုံခံမိလိုက်ပြီး ကြီးမားသော လက်ဝါးကြီးကို ဖြန့်ကာ လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ အလှပဂေးကို ချက်ချင်းပင် ပိတ်ဆို့လိုက်တော့သည်။

​"တာလော့ဝိညာဉ်လက်ဝါး လား"

အလှပဂေးမှာ ထိုအမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။

​သူမသည် ဓားကို တိုက်ရိုက် ဝှေ့ယမ်းကာ ထိုဝိညာဉ်လက်ဝါးကို ပိုင်းဖြတ်လိုက်တော့သည်။

အသက်လတ်ပိုင်း အမျိုးသားမှာ သူ၏ အတတ်ပညာအမည်ကို အသိခံလိုက်ရသော်လည်း ပျာယာခတ်ခြင်း မရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

သူသည် နောက်တစ်ကြိမ် ထပ်မံ၍ ဖမ်းဆုပ်လိုက်ပြန်ရာ ဤတစ်ကြိမ်မှာ ပို၍ မြန်ဆန်ပြီး ပို၍ ပြင်းထန်လှသည်။ သူသည် အလှပဂေး၏ ရင်ဘတ်တည့်တည့်သို့ ဖမ်းဆုပ်လိုက်ခြင်း ဖြစ်ရာ လူကို ဖမ်းမမိလျှင်ပင် ထိတွေ့ခွင့်ရရန် ကြံစည်နေသည့်အလားပင်။

​ရွှမ်း

​အလှပဂေး၏ မျက်လုံးများမှာ အေးစက်သွားပြီး ဓားအလင်းမှာ ထိုအမျိုးသား၏ လက်ဝါးကို ခဏချင်းမှာပင် ထိုးဖောက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အခွင့်အရေးကို အသုံးချကာ ခိုးယူတိုက်ခိုက်ရန် ပြင်နေသော ကလေးငယ်နှစ်ဦး၊ လူသန်ကြီးနှင့် အခြားသော ကျင့်ကြံသူများ အားလုံးမှာလည်း ထိုအမျိုးသမီး၏ ဓားအလင်းအောက်တွင် နောက်သို့ ဆုတ်ခွာသွားကြရတော့သည်။

အခန်း (၆၉၂) - ဓားတစ်ချက် ၊ ပန်းခြင်းတောင်းကို လုယူခြင်း ၊ မင်းရဲ့ခွေးမျက်လုံးကို ပြူးပြီးသေချာကြည့်စမ်း၊ ငါဘယ်သူလဲဆိုတာ

​ယခင်က လူတိုင်းသည် ကုဖေးယွီလက်ထဲမှ ဆန်းကြယ်သောယပ်တောင်ကို ကြောက်ရွံ့နေကြခြင်းမှာ မိမိတို့ကိုယ်မိမိ မှားယွင်းထိမှန်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ ထိုအလှပဂေး၏ အစွမ်းမှာ အလွန်မြင့်မားနေသော်လည်း ဤနေရာတွင် လူအများအပြားရှိနေသဖြင့် သူတို့သည် အကြောက်အလန့်မရှိဘဲ တစ်ဖန်ပြန်လည် တိုက်ခိုက်ရန် ပြေးဝင်သွားကြတော့သည်။

​အလှပဂေးက အေးစက်စွာ ရယ်မောလိုက်ပြီး "ပိုးစုန်းကြူးရဲ့ အလင်းရောင်လေးက နေနဲ့လရဲ့ တောက်ပမှုကို ယှဉ်ပြိုင်ချင်နေတာလား" ဟု ဆိုလိုက်သည်။

​သူမသည် မူလက ဖီးနစ်အဆီအနှစ်ကို လုယူပြီးနောက် ချက်ချင်းထွက်ခွာရန်သာ ကြံစည်ထားခြင်းဖြစ်သည်။ သို့သော် ဤဒုတိယအဆင့်ရှိ ကျင့်ကြံသူကလေးများက သူမကို ဝိုင်းဝန်းတိုက်ခိုက်ရဲလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

​သူမသည် လက်ထဲမှ ချင်းဓောဓားကို ဝှေ့ယမ်းလိုက်ရာ မြင်းဖြတ်ဓားကို ကိုင်ထားသော ဖေးဟေးဟုမှာ နောက်သို့ လွင့်စင်ထွက်သွားရပြီး လက်တစ်ပြင်လုံး သွေးချင်းချင်းနီသွားကာ ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာမှာလည်း အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။

အလှပဂေး၏ ဓားအလင်းများ ဝှေ့ယမ်းလိုက်သည့် ခဏအတွင်းမှာပင် မျက်စိတစ်မှိတ်အတွင်း၌ ထိုနေရာရှိ ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ ဒဏ်ရာအသီးသီး ရရှိသွားကြသည်။

​ကုဖေးယွီနှင့် ချန်ယန်တို့သည် အစွမ်းထက်သော နတ်စွမ်းအားများကို အသုံးပြုကာ အလှပဂေး၏ရှေ့တွင် ဝိုင်းရံပိတ်ဆို့ထားသော်လည်း သူမလက်ထဲမှ ချင်းစောဓားကိုမူ မယှဉ်နိုင်ကြသေးပေ။

ချန်ယန်၏ ကိုယ်ပေါ်မှ ငါးရောင်ခြည် အလင်းတန်းများမှာ ရိုက်ခွဲခံလိုက်ရပြီး သူကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။

ကုဖေးယွီမှာမူ အနည်းငယ် သာလွန်သော်လည်း သူ၏ယပ်တောင်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်ပြီးနောက် ရန်သူ့အစား မိမိအဖွဲ့သားများကိုသာ အမှားမှားအယွင်းယွင်း ထိမှန်သွားစေသဖြင့် ဘေးလူများက သူ့ကို နောက်ကျောမှနေ၍ ဓားဖြင့်ထိုးချင်စိတ်ပင် ပေါက်သွားကြရသည်။

​သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်စဉ်စွမ်းအား များမှာလည်း အလွန်အမင်း ကုန်ခမ်းနေပြီဖြစ်သည်။ ထိုအလှပဂေးမှာ သူတို့၏ တိုက်ကွက်အားလုံးကို ထိုးဖောက်မြင်နေသည့်အလား ရှိနေသည်။ ဤသည်မှာ သာမန်တိုက်ပွဲမျိုး မဟုတ်တော့ဘဲ မြင့်မားသော ကျင့်စဉ်အဆင့်ရှိသူက နိမ့်ပါးသူကို အနိုင်ကျင့်နေသည့်အလားပင်။

​"ဒီမိန်းမက တကယ်ပဲ သူပြောသလို ယန်ဝိညာဉ်အဆင့် များလား"

ဟု ကုဖေးယွီ စိတ်ထဲမှ တွေးလိုက်မိသည်။

​အလှပဂေးမှာ ထိုနေရာရှိ လူအားလုံးကို မျက်တောင်တစ်ခတ်အတွင်း အနိုင်ယူလိုက်ပြီး ချင်းစောဓားမှာလည်း အနည်းငယ် တုန်ခါလျက် အလင်းတန်းများ လှည့်ပတ်နေသည်။

သူမသည် ကုဖေးယွီကို တစ်ချက်ကြည့်ကာ အသက်လတ်ပိုင်း အမျိုးသားဘက်သို့ လှည့်၍ အေးစက်စွာ ရယ်မောလိုက်ပြီး

"ငါ့ခန္ဓာကိုယ်ကို သဘောကျနေတယ်ဆိုရင်တော့ မင်းရဲ့ အဲဒီစိတ်ဒုက္ခပေးတဲ့ အမြစ် (ယောက်ျားအင်္ဂါ) ကို အရင်ဆုံး ဖြတ်ပစ်ရမှာပေါ့"

ဟု ဆိုလိုက်သည်။

​အမျိုးသား၏ မျက်နှာမှာ ပျက်သွားသည်။

ယခုတစ်ကြိမ်တွင် သူသည် အမှန်တကယ်ပင် အစွမ်းထက်သော ပြိုင်ဘက်နှင့် တိုးနေပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဤသူမှာ ကျင့်စဉ်နယ်မြေ၏ ဟာကွက်ကို အသုံးချပြီး ခိုးဝင်လာသူများထဲမှ တစ်ဦး ဖြစ်ရပေလိမ့်မည်။ သူသည် နောက်သို့ ဆုတ်ခွာရင်း တာလော့ဝိညာဉ်လက်ဝါးဖြင့် တစ်ချက် ပုတ်ထုတ်လိုက်သည်။

​ဓားအလင်း တစ်ချက် လက်သွားသည်နှင့် သူ၏ ပေါင်ကြားထဲတွင် အေးစိမ့်သွားတော့သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါတွင်မူ မေ့လဲသွားချင်လောက်အောင်ပင် ထိတ်လန့်သွားရသည်။ သူ၏ ပေါင်ရင်းမှ သွေးများမှာ ဒလဟော စီးကျနေတော့သည်။

​အလှပဂေးက

"နင်တို့လောက်နဲ့ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေတာလား " ဟု လှောင်ပြောင်လိုက်သည်။

​သူမအတွက်မူ ဤအဆင့်ရှိ တိုက်ပွဲမှာ မည်သည့် စိန်ခေါ်မှုမျှ မရှိပေ။ သူမသည် တတိယအဆင့်ဝက် ဖြစ်နေလျှင်ပင် ဤသူများမှာ သူမ၏ ပြိုင်ဘက် မဟုတ်ကြပေ။

ထိုနေရာရှိ ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာလည်း ဤမျှကြီးမားသော စွမ်းအားကွာခြားမှုကို ခံစားလိုက်ရသည်။ ထိုအမျိုးသမီး၏ ကျင့်စဉ်အတတ်များအပေါ် နားလည်မှုမှာ အမှန်တကယ်ပင် အံ့မခန်းလှပေ။

​"လေကြီးလှချည်လား၊ ငါ့ရဲ့ အစွမ်းကို မင်းသိစေရမယ် "

​ကုဖေးယွီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ယပ်တောင်အတွင်းမှ နတ်ငှက်နှစ်ကောင် ပျံထွက်လာသည်။ တစ်ကောင်မှာ နတ်ကြိုးကြာဖြစ်ပြီး အခြားတစ်ကောင်မှာ သိန်းငှက်ကြီး ဖြစ်ကာ အလှပဂေးထံသို့ ပြင်းထန်စွာ ပြေးဝင်သွားကြသည်။

၎င်းတို့၏ အရှိန်အဝါမှာ ရွှေကိုဖောက်၊ ကျောက်ကိုခွဲနိုင်လောက်အောင် ပြင်းထန်လှသည်။ တစ်ချိန်တည်းမှာပင် မီးလျှံလုံး ငါးလုံးမှာ အလှပဂေးကို ထပ်မံဝန်းရံလိုက်ပြီး မရေမတွက်နိုင်သော လေဟုန်များကလည်း သူမကို ပိတ်ဆို့ထားလိုက်သည်။

​"မင်း ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ၊ ငါကတော့ ဓားတစ်ချက်တည်းနဲ့ အားလုံးကို ချေမှုန်းပြမယ် "

အလှပဂေးက အေးစက်စွာ ရယ်မောလျက် ချင်းစောဓားကို ဝှေ့ယမ်းလိုက်သည်။ ယခုတစ်ကြိမ်တွင် သူမသည် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ထုတ်ယူကာ စိတ်အာရုံ ကိုပါ ဓားအတွင်းသို့ ထည့်သွင်းလိုက်သည်။

​ဝုန်း

​ဓားတစ်ချက်တည်းဖြင့် မီးလျှံများကို ပိုင်းဖြတ်လိုက်ရုံသာမက နတ်ငှက်နှစ်ကောင်စလုံးကိုလည်း သတ်ဖြတ်လိုက်တော့သည်။ ကုဖေးယွီမှာ မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ခါသွားပြီး တုံ့ပြန်မှုစွမ်းအား ကြောင့် နောက်သို့ လွင့်စင်သွားရကာ အလှပဂေးကို ကြောက်လန့်တကြား ကြည့်နေတော့သည်။ အလှပဂေးမှာမူ ချင်းစောဓားကို ကိုင်ဆောင်ကာ ဝင့်ကြွားသော အမူအရာဖြင့် ရှိနေသည်။

​ရွှမ်း

​ရုတ်တရက်ပင် သူမ၏ ပန်းခြင်းတောင်းကို ချိတ်ဆွဲထားသော လက်မောင်းမှာ တစ်စုံတစ်ဦး၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။

ပန်းခြင်းတောင်းမှာ မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် သွေးချင်းချင်းနီနေသော လက်မောင်းနှင့်အတူ လူတစ်ဦး၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။

အလှပဂေးမှာ ပြင်းထန်သော ဝေဒနာကြောင့် ကိုယ်ဟန်ပျက်ကာ ယိမ်းယိုင်သွားပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။

​ထိုသူမှာ ကျောတွင် ဓားသေတ္တာ ကို လွယ်ထားသော ပုံပန်းသဏ္ဍာန် သာမန်မျှသာရှိသည့် လူငယ်တစ်ဦး ဖြစ်နေသည်။

သူကိုင်ဆောင်ထားသော ရှေးဟောင်းဓားမှာ အေးစိမ့်သော အလင်းတန်းများ ဖြာထွက်နေသည်။ သူမသည် ယခင်က ထိုလူငယ်ကို မသိမသာ မြင်တွေ့ခဲ့သော်လည်း အရေးတယူ မလုပ်ခဲ့ပေ။

သို့သော် ဤလူငယ်က သူမကို နောက်ကျောမှနေ၍ ခိုးယူတိုက်ခိုက်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

​တိတ်ဆိတ်ခြင်း

​တစ်ပတ်ဝန်းကျင်လုံးမှာ သေလူကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ လူတိုင်းမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြရသည်။ မည်သို့မျှ အနိုင်မရနိုင်ဟု ထင်ရသော ထိုအလှပဂေး၏ လက်မောင်းမှာ ဤလူငယ်၏ ဓားတစ်ချက်အောက်တွင် ပြတ်တောက်သွားရသည် မဟုတ်ပါလား။

​"မင်း သေချင်နေတာလား"

​အလှပဂေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားအလင်းများမှာ ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုလူငယ်သည် ပန်းခြင်းတောင်းကို လုယူပြီးနောက် ၎င်းပေါ်မှ ပုဆိုးစကို ဖယ်ရှားကာ အထဲသို့ ကြည့်ရန် ပြင်ဆင်နေစဉ်မှာပင် ချင်းစောဓားမှာ ရောက်ရှိလာသည်။

ဤဓားချက်မှာ ခုနက နတ်ငှက်နှစ်ကောင်ကို သတ်လိုက်သည့် ဓားချက်ထက်ပင် ပို၍ ပြင်းထန်နေသေးသည်။

​ဝုန်း

​ရုတ်တရက် မိုးတိမ်များမှာ ထိုအလှပဂေးကို ဝန်းရံသွားတော့သည်။ ၎င်းမှာ မိုးကြိုးသဲ များပင် ဖြစ်သည်။ မိုးတိမ်များနှင့် အလှပဂေး၏ ဓားအလင်းမှာ ထိပ်တိုက်တွေ့ဆုံသွားပြီး သူမ၏ ကိုယ်ဟန်မှာ ခဏတာ တန့်သွားတော့သည်။

​ရှူး

​မိုးကြိုးအလင်းများ၏ နောက်ကွယ်မှ ဓားအလင်းတစ်ချက်မှာ လေထုကို ဖြတ်သန်းကာ ရောက်ရှိလာသည်။ ၎င်းမှာ လီယန်ချူးက ပစ္စည်းထိန်းချုပ်ခြင်းအတတ် ဖြင့် ရှေးဟောင်းဓားကို စေခိုင်းလိုက်ခြင်းဖြစ်သည်။

ထိုဓားမှာ အလှပဂေး၏ မျက်ခုံးအကြားသို့ တည့်တည့် ဦးတည်နေသည်။ အလှပဂေးမှာ ဓားစေခိုင်းအတတ်တွင် ဆရာတစ်ဆူ ဖြစ်သော်လည်း တစ်ဖက်လူက သူမကို ဤအတတ်ဖြင့် ပြန်လည်တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားပေ။ သူမသည် ချင်းစောဓားကို ဝှေ့ယမ်းကာ ရှေးဟောင်းဓားကို ရိုက်ချလိုက်သည်။

​"ပညာရှင်ရှေ့မှာ လာကြွားနေတယ် "

​အလှပဂေး၏ စကားပင် မဆုံးသေးမီမှာပင် သူမ၏ ရင်ဘတ်မှာ ဓားချီတစ်ခု၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။ သူမသည် ဒဏ်ရာရသွားသော မိမိ၏ ရင်ဘတ်ကို မယုံကြည်နိုင်စွာ ကြည့်နေတော့သည်။

ခုနက ရှေးဟောင်းဓား၏ နောက်ကွယ်တွင် ဓားချီတစ်ခုမှာ ကပ်လျက် ပါလာခြင်းဖြစ်သည်။ သူမသည် ရှေးဟောင်းဓားကို ပုတ်ထုတ်နိုင်ခဲ့သော်လည်း ထိုထက်မြက်လှသော ဓားချီကိုမူ မကာကွယ်နိုင်ခဲ့ပေ။

​သူမ၏ အရှိန်အဝါမှာ တရှိန်ထိုး ကျဆင်းသွားတော့သည်။ သူမသည် ခန္ဓာကိုယ်ကျင့်ကြံသူ မဟုတ်သဖြင့် သူမ၏ ကိုယ်ခန္ဓာမှာ သာမန်ကျင့်ကြံသူထက် သိပ်မသာလွန်ပေ။ လက်တစ်ဖက် ပြတ်တောက်သွားရုံသာမက ရင်ဘတ်ပါ ထိုးဖောက်ခံလိုက်ရသဖြင့် အသက်အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

​လီယန်ချူးသည် ထိုပန်းခြင်းတောင်းကို သူ၏ သိုလှောင်အိတ် အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ယခင်က သူသည် ကျောက်စိမ်းပေတံ ကို အသုံးပြုကာ ထိုခြင်းတောင်းကို ရိုက်ချရန် ကြိုးစားခဲ့သော်လည်း ၎င်းမှာ မှော်လက်နက် မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။

သို့သော် သူသည် စွန်းကတော်၏ အငွေ့အသက်ကို ခံစားမိနေသဖြင့် ဤပန်းခြင်းတောင်းအတွင်း၌ အခြားကမ္ဘာတစ်ခု ရှိနေပြီး ၎င်းမှာ ဤအမျိုးသမီး၏ နတ်စွမ်းအားတစ်ခု ဖြစ်ရမည်ဟု တွေးဆခဲ့သည်။

စွန်းကတော်မှာလည်း ထိုအတွင်း၌ ရှိနေရပေမည်။ ခုနက ထိတွေ့လိုက်ရသည့် ခဏ၌ ဤပန်းခြင်းတောင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း အတွင်း၌ အမှန်တကယ်ပင် အခြားသော ဟင်းလင်းပြင်တစ်ခု ရှိနေကြောင်း သိလိုက်ရသည်။

​"သေချင်နေတာပဲ"

​အလှပဂေးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး တတိယအဆင့်ဝက် စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်လိုက်တော့သည်။

​ရှူး

​ချင်းစောဓားမှာ လေထုကို ဖြတ်သန်းကာ ရောက်ရှိလာသည်။ သူမ၌ ကိုယ်ပွားအတတ် ရှိသဖြင့် သေလုမြောပါး တိုက်ခိုက်မှုနှင့် ကြုံရပါက အခြားကိုယ်ပွားတစ်ခုနှင့် လဲလှယ်နိုင်သည်။

သို့သော် လီယန်ချူးမှာ ထိုအတတ်၏ ဟာကွက်ကို မြင်ထားပြီးဖြစ်သည်။ ထိုအတတ်မှာ အသေခံပေးနိုင်သော်လည်း ဒဏ်ရာကိုမူ မလဲလှယ်နိုင်ပေ။ ထို့ကြောင့်လည်း သူသည် ရှေ့တွင် လက်မောင်းကိုသာ ဖြတ်ပြီး ရင်ဘတ်ကိုသာ ထိုးဖောက်ခဲ့ခြင်းဖြစ်သည်။

ထိုရင်ဘတ်ကို ထိုးဖောက်ခဲ့သော ဓားချီမှာ ဓားသေတ္တာအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

​ကျွတ်

​လီယန်ချူး၏ ဒန်ထျန် အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ပျံထွက်လာသည်။ ထိုအလှပဂေး၏ ဓားအလင်းမှာ ရုတ်တရက် တန့်သွားပြီး ချင်းစောဓားမှာလည်း လေထုထဲတွင် ရပ်တန့်သွားတော့သည်။

​"ရွှေအမြုတေ "

​အလှပဂေး၏ စိတ်ထဲတွင် လေးလံသွားရသည်။ ယခုခေတ်တွင် ရွှေအမြုတေကို အသုံးပြုနိုင်သော ကျင့်ကြံသူ ရှိနေသေးသလား။

​လီယန်ချူးသည် ချင်းစောဓားကို လှမ်းဖမ်းလိုက်သည့် ခဏ၌ ပြင်းထန်သော တုံ့ပြန်မှုစွမ်းအားကို ခံစားလိုက်ရသည်။

ထိုချင်းစောဓားပေါ်တွင် အလှပဂေးက သူမ၏ အမှတ်အသားကို ထည့်သွင်းထားခြင်းဖြစ်သည်။ သူသည် ထိုအလှပဂေးကဲ့သို့ ကျင့်စဉ်နယ်မြေ၏ ဟာကွက်ကို အသုံးချနိုင်သည့် လျှို့ဝှက်အတတ် မရှိပေ။

သူသည် သန္ဓေပြောင်းရုပ်ဖျက်အတတ် ကို အသုံးပြုကာ ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားပြီး သူ၏ စွမ်းအားကို ဒုတိယအဆင့်တွင် အတင်းအကျပ် ဖိနှိပ်ထားခြင်းသာ ဖြစ်သည်။

အကယ်၍ ဤအဆင့်ထက် ကျော်လွန်သော စွမ်းအားကို ထုတ်ဖော်လိုက်ပါက သူသည် ထိုနယ်မြေအတွင်းမှ ချက်ချင်း နှင်ထုတ်ခံရပေလိမ့်မည်။

​"မင်းလို ကောင်ကလေးက ကောင်းကင်နဲ့ မြေကြီးကို နားမလည်ဘဲ ငါ့ပန်းခြင်းတောင်းကို ပြန်ပေးစမ်း "

​အလှပဂေး၏ အေးစက်သော အသံမှာ တစ်လောကလုံးတွင် ဟိန်းထွက်သွားတော့သည်။ ယခုအခါ သူမသည် ဒေါသအလွန်အမင်း ထွက်နေသဖြင့် အံ့မခန်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ရာ လူတိုင်း၏ မျက်နှာမှာ ပျက်သွားကြတော့သည်။

ဤသည်မှာ ယန်ဝိညာဉ်၏ ဖိအားပင် ဖြစ်သည်။ သူတို့၏ ဝိညာဉ်အတွင်း၌ ပြင်းထန်သော တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရကာ စိတ်အေးချမ်းမှု ကင်းမဲ့သွားကြသည်။

​လီယန်ချူး၏ မျက်နှာမှာ တည်ကြည်အေးစက်နေပြီး ချင်းစောဓားကို အသာအယာ ဆုပ်ကိုင်ထားသည်။ ယခုအခါ ပန်းခြင်းတောင်းကို ရရှိထားပြီးဖြစ်သဖြင့် စွမ်းအားကို ထိန်းထားရန် မလိုအပ်တော့ပေ။

​"မင်းရဲ့ ခွေးမျက်လုံးကို ပြူးပြီး သေချာကြည့်စမ်း၊ ငါဘယ်သူလဲဆိုတာ "

​လီယန်ချူး၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးချီစွမ်းအင် မီးခိုးတန်းကြီး မှာ ကောင်းကင်သို့ ထိုးတက်သွားပြီး ဦးခေါင်းထက်တွင် ရွှေရောင်တောက်ပနေသော နေမင်းကြီးတစ်စင်း ပေါ်ထွက်လာတော့သည်။

​သူသည် လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်သည်။ သူ၏ နောက်ကျောဘက်တွင်လည်း ကိုယ်ခံပညာ ပုံရိပ်ယောင်ကြီး ပေါ်ထွက်လာပြီး သူနှင့် တစ်သားတည်း လှုပ်ရှားလိုက်တော့သည်။

အလှပဂေး၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ ထိုခွေးကောင်ကပါ နောက်ကနေ လိုက်ဝင်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

​လီယန်ချူး၏ လက်သီးချက်အောက်တွင် အလှပဂေး၏ ကိုယ်ဟန်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

သူမ၌ အစားထိုး အသေခံအတတ် ရှိနေသော်လည်း ယခုကဲ့သို့ အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင်မူ သူမ၏ မူလခန္ဓာကိုယ်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားရပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ အလွန်ပင် သနားစဖွယ် ထွက်ပြေးသွားရတော့သည်။

​လီယန်ချူးသည်လည်း လင်ရွှီးနတ်ဘုရားနယ်မြေအတွင်းမှ အတင်းအကျပ် နှင်ထုတ်ခြင်း ခံလိုက်ရသည်။ အကယ်၍ သန္ဓေပြောင်းရုပ်ဖျက်အတတ်ဖြင့် ကောင်းကင်လျှို့ဝှက်ချက်ကို မဖုံးကွယ်ထားပါက သူသည် တိုက်ခိုက်ရန်ပင် အချိန်မရဘဲ ချက်ချင်း နှင်ထုတ်ခံရပေလိမ့်မည်။

​"..."

​ကျန်ရှိနေသော လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြောင်အမ်းနေကြတော့သည်။

​"ခုနက ဘာတွေ ဖြစ်သွားတာလဲ "

​"အဲဒီ လက်သီးချက်က... တတိယအဆင့် လား "

​လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ကာ မယုံကြည်နိုင်အောင် ဖြစ်နေကြတော့သည်။

All Chapters