← Chapters

အခန်း (၆၉၃-၆၉၄)

Vol. 70 Ch. 693-694

အခန်း (၆၉၃-၆၉၄)

Vol. 70 Ch. 693-694

အခန်း (၆၉၃) - ချူကျိုးမြို့ ၊ မိစ္ဆာစစ်သည် ရှစ်ရာ ၊ ကပ်ဘေးကြီး ဆိုက်ရောက်ခြင်း ၊ မုရုံကျိန်း

​ချူကျိုးမြို့

​ဤနေရာသည် မြောက်ပိုင်းတံဆိပ်ခတ်နယ်မြေ ၏ မြို့ကြီးတစ်မြို့ဖြစ်ပြီး နယ်စပ်အနီးတွင် တည်ရှိကာ စစ်သည်အင်အား သုံးသောင်း တပ်စွဲထားသည်။ မြောက်ပိုင်းစောင့်နယ်စားကြီး၏ မွေးစားသား ရွှီတန် က အုပ်ချုပ်မင်းလုပ်၍ စောင့်ကြပ်နေခြင်းပင်။

​ထိုစဉ် လူတစ်ဦးမှာ ဝေးရာမှနေ၍ အပြင်းအထန် ပြေးလာနေသည်။ သူသည် ပုံပန်းသဏ္ဍာန် သန့်ပြန့်ကြည်လင်သော လူငယ်စစ်ဗိုလ် တစ်ဦးဖြစ်ပြီး ခါးတွင် စစ်သုံးဓားတစ်စင်းကို ချိတ်ဆွဲထားကာ ကျောတွင် ကြက်ခြေခတ် လေးမြား ကို လွယ်ထားသည်။ သူ၏ ကိုယ်ပေါ်တွင်လည်း သွေးစွန်းရာများဖြင့် ပြည့်နှက်နေ၏။

​သူသည် မှောင်မိုက်သော ညယံအောက်တွင် လေဟုန်စီး၍ ပြေးဝင်လာရာ ချူကျိုးမြို့ရိုးပေါ်ရှိ ကင်းစောင့်စစ်သည်များက တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ဓားကိုဆွဲထုတ်၍ သတိပေးလိုက်ပြီး "ဘယ်သူလဲ" ဟု အေးစက်စွာ ဟောက်လိုက်ကြသည်။

​သန့်ပြန့်ကြည်လင်သော ထိုလူငယ်စစ်ဗိုလ်မှာ အမိန့်ပေးတံဆိပ်တစ်ခုကို မြို့ရိုးပေါ်သို့ လှမ်း၍ ပစ်တင်လိုက်သည်။ သူ၏ အားအင်မှာ အလွန်ပင် တိကျလှပေသည်။

​"ငါက မြင်းဖြူတပ်စခန်း ရဲ့ စစ်ဗိုလ် ဟုန်ချင့် ပါ၊ မြို့တံခါးကို အမြန်ဖွင့်ကြစမ်း၊ အရေးကြီးတဲ့ သတင်းပို့စရာ ရှိတယ်"

ဟု ဟိန်းထွက်သော အသံဖြင့် အော်ပြောလိုက်သည်။

​မြို့စောင့်စစ်ဗိုလ်သည် အမိန့်ပေးတံဆိပ်ကို လက်ခံရရှိ၍ စစ်ဆေးကြည့်ရာ မှားယွင်းမှုမရှိသဖြင့် ချက်ချင်းပင် မြို့တံခါးဖွင့်ပေးရန် အမိန့်ပေးလိုက်တော့သည်။ ဤမြင်းဖြူတပ်စခန်းဆိုသည်မှာ ထူးခြားသော အတတ်ပညာများ ပိုင်ဆိုင်ထားပြီး ရွှီမိသားစုအပေါ် သေမြေကြီး ရှင်ရွှေတီး သစ္စာရှိကြသည့် သေဖော်သေဖက် တပ်သားများ ဖြစ်ကြသည်။

​ဟုန်ချင့်သည် ဓားအတတ်နှင့် ကိုယ်ဖော့ အတတ် တွင် ကျွမ်းကျင်သူဖြစ်ပြီး လေကဲ့သို့ မြန်ဆန်ကာ ဓားချီကိုပင် ဖော်ထုတ်နိုင်သူဖြစ်သည်။ မီးတောက်များ၏ အလင်းရောင်အောက်တွင် မြို့စောင့်စစ်ဗိုလ်သည် ဟုန်ချင့်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဟုန်ချင့်မှာ မြင်းဖြူတပ်စခန်းတွင် အတော်ပင် နာမည်ကြီးသူ ဖြစ်သည်။ သူသည် မြောက်ပိုင်းနယ်မြေရှိ သူဌေးကြီး ဟုန်မိသားစု၏ ဒုတိယသားဖြစ်ပြီး မူလက လေလွင့်နေသော သူဌေးသား တစ်ဦးသာ ဖြစ်သည်။

နောက်ပိုင်းတွင် မည်သို့ဖြစ်သည်မသိ၊ အမျိုးသမီးတစ်ဦးအတွက်ကြောင့် မြင်းဖြူတပ်စခန်းသို့ ဝင်ရောက်လာခဲ့ပြီး သေဘေးနှင့် အကြိမ်ကြိမ် ရင်ဆိုင်ကာ စစ်မှုထမ်းကောင်းမှုများကို တည်ဆောက်ခဲ့သူဖြစ်သည်။ သူ၏ ဇာတ်လမ်းမှာ ချူကျိုးမြို့ရှိ စစ်သည်များအကြား ထမင်းစားရေသောက်ချိန်တွင် ပြောမကုန်နိုင်သော ပုံပြင်တစ်ပုဒ်ပင် ဖြစ်နေတော့သည်။

​ဟုန်ချင့်သည် မြင်းပေါ်သို့ ခုန်တက်ကာ စခန်းအတွင်းသို့ အပြင်းအထန် ဝင်ရောက်သွားသည်။ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် အသက်လတ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက သူ့ကို လက်ခံတွေ့ဆုံလိုက်သည်။

​"ချင့်လေး... ဘာဖြစ်လို့လဲ ကျန်တဲ့လူတွေရော ဘယ်မှာလဲ"

​ထိုအသက်လတ်ပိုင်း စစ်ဗိုလ်ချုပ်မှာ ကျူးမုန့် ဖြစ်ပြီး မြင်းဖြူတပ်စခန်း၏ တပ်မှူးကြီးဖြစ်သည်။ သူသည် ငယ်စဉ်က မြင်းခိုးသူပုန် တစ်ဦးဖြစ်သော်လည်း နောက်ပိုင်းတွင် ရွှီတန်၏ မျက်စိကျခြင်းကို ခံရကာ မြင်းဖြူတပ်စခန်းသို့ ဝင်ရောက်လာခဲ့သူဖြစ်သည်။

တစ်ကိုယ်လုံး ကျောက်သားကဲ့သို့ မာကျောသော ကိုယ်ခံပညာ ကို ကျင့်ကြံထားပြီး သိုင်းလောကတွင် ပထမတန်းစား ပညာရှင်တစ်ဦး ဖြစ်ပေသည်။

​"မကောင်းတော့ဘူး ရွှေတဲနန်းတော် ရဲ့ မှော်ဆရာ ဝမ်ယွမ်စူး က မိစ္ဆာစစ်သည် တစ်ဖွဲ့ကို ဖန်တီးလိုက်ပြီ။ သူတို့က တစ်ဝက်က လူ၊ တစ်ဝက်က သားရဲတွေပဲ၊ ခွန်အားကလည်း အံ့မခန်းပဲ။ ညီအစ်ကိုတွေအားလုံး အဲဒီမှာပဲ ကျဆုံးကုန်ပြီ။ နောက်ကျဆုံး မနက်ဖြန်ဆိုရင် သူတို့တွေ လှုပ်ရှားလာတော့မယ်"

​ကျူးမုန့်၏ မျက်မှောင်မှာ နက်ရှိုင်းစွာ ကြုတ်သွားသည်။

"မိစ္ဆာစစ်သည် ဟုတ်လား"

​"အဲဒီလူတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ ဘယ်လိုနည်းနဲ့ ဖန်တီးထားတယ်ဆိုတာ မသိရဘူး၊ သေနတ်၊ မြား၊ လေးမြားတွေ တစ်ခုမှ သူတို့ကို ဒဏ်ရာမပေးနိုင်ဘူး။ ဓားချီနဲ့တောင် သူတို့ရဲ့ အပေါ်ယံအရေပြားကို မထိခိုက်နိုင်ဘူး။

လျန် တာအိုဆရာက သူ့ရဲ့ မှော်အတတ်တွေကို အသက်နဲ့လဲပြီး သုံးခဲ့တာတောင် မိစ္ဆာစစ်သည် တစ်ယောက်ကိုပဲ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်။ အဲဒီ မိစ္ဆာစစ်သည်တပ်ဖွဲ့က စုစုပေါင်း လူရှစ်ရာတောင် ရှိတာဗျ "

ဟု ဟုန်ချင့်က လေးနက်စွာ ပြောလိုက်သည်။

​ကျူးမုန့်၏ မျက်နှာမှာ အလွန်ပင် တည်ကြည်သွားတော့သည်။ ဤ လျန်ဟူ တာအိုဆရာဆိုသည်မှာ မော်ရှန်း တပည့်တစ်ဦးဖြစ်ပြီး မှော်ပညာများတွင် အလွန်နှံ့စပ်သူ ဖြစ်သည်။

စစ်မြေပြင်ရှိ မကျွတ်မလွတ်သော ဝိညာဉ်ဆိုးများ သို့မဟုတ် ရန်သူ့ဘက်မှ ဆန်းကြယ်သော လှည့်ကွက်များကို သူက အမြဲဖြေရှင်းပေးနိုင်သူဖြစ်သည်။

ထိုမျှအစွမ်းထက်သော ပညာရှင်ပင် မိစ္ဆာစစ်သည် တစ်ဦးကိုမျှ မယှဉ်နိုင်ဟုဆိုလျှင် တစ်ဖက်ရန်သူ၏ အစွမ်းမှာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

​"မင်းတို့ နောက်ယောင်ခံခံလိုက်ရပြီဆိုတော့... မနက်ဖြန်အထိ စောင့်မှာမဟုတ်ဘူး၊ ဒီညမှာတင် စခန်းကို လာတိုက်ဖို့ များတယ်"

ဟု ကျူးမုန့်က သုံးသပ်လိုက်သည်။ သူသည် ချက်ချင်းပင် စခန်းအတွင်းရှိ မြို့စောင့်စစ်ဗိုလ်ချုပ် ရွှီတန် ထံသို့ သတင်းပို့ရန် သွားရောက်ခဲ့သည်။

​ရွှီတန်မှာ စာပေတတ်မြောက်သော စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်ပြီး ကိုယ်ခံပညာတွင် မကျွမ်းကျင်သော်လည်း ပညာရှင်ကြီး ဝမ်ကျင်ချင်း ၏ တပည့်တစ်ဦးဖြစ်သည်။ အခြေအနေကို နားလည်ပြီးနောက် ရွှီတန်သည် ပြတ်သားစွာပင် မြို့တံခါးများကို ပိတ်ဆို့ရန် အမိန့်ပေးလိုက်တော့သည်။

​"လူလွှတ်ပြီး ပေါင်ချင်း ဆရာတော်ကို ပင့်ပေးကြပါ"

ဟု ရွှီတန်က ညွှန်ကြားလိုက်သည်။

​"မလိုတော့ဘူး၊ ငါကိုယ်တိုင် ရောက်လာပြီ"

​အသက်လတ်ပိုင်း ရဟန်းတစ်ပါးမှာ အသံနှင့်အတူ ထွက်ပေါ်လာသည်။

သင်္ကန်းကို ဝတ်ရုံထားပြီး လက်တွင်လည်း တောင်ဝှေးကို ကိုင်ဆောင်ထားကာ သူ၏ မျက်လုံးအစုံမှာ မှောင်မိုက်သော ညယံတွင် အရောင်တောက်နေသည်။

ပေါင်ချင်းဆရာတော်မှာ ယင်ဝိညာဉ် နောက်ဆုံးအဆင့် ရှိသော ပညာရှင်ဖြစ်ပြီး စိန်ကိုယ်ထည် ကို ကျင့်ကြံအောင်မြင်ထားသူ ဖြစ်သဖြင့် ချူကျိုးမြို့၏ အဆင့်မြင့်ဆုံး ပညာရှင်ပင် ဖြစ်သည်။ သူသည် အကြောင်းစုံကို ကြားပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

​"လူအရှင်တွေကို အသုံးပြုပြီး မိစ္ဆာစစ်သည်တွေ ဖန်တီးတယ်ဆိုတာ ကောင်းကင်ဘုံရဲ့ နိယာမကို ဆန့်ကျင်တာပဲ။ ဒီအတွက်ကြောင့် သေဆုံးရတဲ့ လူဦးရေဟာ ၁၀ ဆမက ရှိနိုင်တယ်။ ဝမ်ယွမ်စူးဟာ တကယ့်ကို သေသင့်တဲ့သူပဲ"

ဟု ပေါင်ချင်းဆရာတော်က လေးနက်စွာ ပြောလိုက်သည်။

​"ဝမ်ယွမ်စူးဆိုတာကလည်း နာမည်ကြီး တရားဝင်ဂိုဏ်းက တပည့်တစ်ဦးပါပဲ၊ အခုတော့ အောက်တန်းကျကျနဲ့ နိုင်ငံကို သစ္စာဖောက်ပြီး မျက်နှာသာပေးခံချင်နေတာပေါ့။ အခုလည်း မိစ္ဆာစစ်သည် ရှစ်ရာကို ဖန်တီးလိုက်ပြန်ပြီ၊ အခွင့်အရေးရရင် ဒီစစ်ဗိုလ်ချုပ်ကိုယ်တိုင် သူ့ကို သတ်ပစ်မယ်"

ဟု ရွှီတန်က အေးစက်စွာ ဆိုလိုက်သည်။ သူသည် လက်နက်ကိုင်ရုံသာ တတ်သည့် စာသင်သားမဟုတ်ဘဲ စကားတစ်ခွန်းတည်းဖြင့် မိစ္ဆာများကို နှိမ်နင်းနိုင်သော ကွန်ဖြူးရှပ်ပညာရှိ တစ်ဦးပင် ဖြစ်သည်။

​"ဒါနဲ့ ဟုန်ချင့်ပြောတာတော့ ရန်သူ့စခန်းထဲမှာ ထူးဆန်းတဲ့သူ တစ်ယောက်ရှိသတဲ့။ သူ့မှာ လက်မောင်း လေးဖက် ရှိပြီး မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရဘူး၊ ဒါပေမဲ့ အဝတ်အစားကတော့ အလယ်ပိုင်းဒေသက လူတွေလိုပဲ ဝတ်ထားတယ်တဲ့"

ဟု ကျူးမုန့်က ဖြည့်စွက်ပြောလိုက်သည်။

​ရွှီတန်နှင့် ပေါင်ချင်းဆရာတော်တို့မှာ ထိုစကားကို ကြားသည်နှင့် မျက်နှာများ ချက်ချင်း ပျက်သွားတော့သည်။

​"ဒါက မုရုံမျိုးနွယ်ရဲ့ ပညာရှင် မုရုံကျိန်း ပဲ"

ဟု ပေါင်ချင်းဆရာတော်က တည်ကြည်စွာ ဆိုသည်။

​"မုရုံကျိန်း ရောက်လာပြီဆိုရင်တော့... နန်းတော်ထဲက တခြားပညာရှင်တွေလည်း နောက်က လိုက်လာနိုင်တယ်"

ဟု ရွှီတန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ဤမုရုံကျိန်းဆိုသည်မှာ မြောက်ပိုင်း ရွှေတဲနန်းတော်ရှိ ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ မဟာမိစ္ဆာသွေး ရှိသဖြင့် ခေါင်းဖြတ်ခံရလျှင်ပင် မသေဘဲ ခွန်အားမှာလည်း အံ့မခန်းလှပေ။ ပေါင်ချင်းဆရာတော်ပင်လျှင် သူ့ကို အနိုင်ရရန် မသေချာလှပေ။

​အကယ်၍ ပေါင်ချင်းဆရာတော်သာ အထိန်းချုပ်ခံလိုက်ရပြီး ရန်သူ့ဘက်မှ အခြားပညာရှင်များပါ ပါဝင်လာလျှင် ယနေ့ည ချူကျိုးမြို့သည် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

ရွှီတန်သည် တစ်မြို့လုံးကို အသင့်ပြင်ထားရန် အမိန့်ပေးလိုက်သလို တစ်ဖက်မှလည်း စစ်ကူတောင်းရန် လူလွှတ်လိုက်သည်။ ယခုတစ်ကြိမ်တွင် မြောက်ပိုင်းနန်းတော်သည် အကြီးအကျယ် လှုပ်ရှားလာခြင်းဖြစ်သဖြင့် ပေါ့ဆ၍ မဖြစ်ပေ။

​မြို့ရိုးပေါ်တွင် ရွှီတန်၊ ပေါင်ချင်းဆရာတော်နှင့် စစ်ဗိုလ်ချုပ်အချို့မှာ ရပ်နေကြသည်။

ရွှီတန်၏ အမူအရာမှာ တည်ကြည်အေးစက်နေသည်။ ပေါင်ချင်းဆရာတော်သည် ဝေးရာသို့ မျှော်ကြည့်လိုက်ပြီး

"အဲဒီ မိစ္ဆာစစ်သည် ရှစ်ရာရဲ့ အစွမ်းကသာ ဟုန်ချင့်ပြောသလို တကယ်ဖြစ်နေရင်... ဒီညဟာ ကြီးမားတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်"

ဟု ဆိုသည်။

​လျန်ဟူ၏ အစွမ်းကို သူသိသည်။ လျန်ဟူသည် ချီလေ့ကျင့်မှု အထွတ်အထိပ် အဆင့်ရှိသူဖြစ်သည်။ အကယ်၍ လျန်ဟူက မိစ္ဆာစစ်သည် တစ်ဦးတည်းကိုသာ ယှဉ်နိုင်ပြီး မိမိကလည်း မုရုံကျိန်း၏ အထိန်းချုပ်ခံလိုက်ရလျှင် ချူကျိုးမြို့မှာ ပျက်စီးပေလိမ့်မည်။

မြောက်ပိုင်းနန်းတော်၏ ယနေ့ည လှုပ်ရှားမှုသည် ချူကျိုးမြို့သူမြို့သားများကိုပါ ချန်ထားမည်မဟုတ်ဘဲ တစ်မြို့လုံးကို ပြာပုံဘဝ ရောက်စေလိမ့်မည်။ မုရုံကျိန်းနှင့် မြောက်ပိုင်းနန်းတော်မှ ပုန်းကွယ်နေသော ပညာရှင်များ၏ ပေါ်ထွက်လာမှုသည် ရွှီတန်နှင့် ပေါင်ချင်းဆရာတော်တို့၏ စိတ်ကို လေးလံစေသည်။

​ပေါင်ချင်းဆရာတော်၏ ကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းတန်းများ ပေါ်ထွက်လာပြီး ဝေးရာသို့ ကြည့်လိုက်သည်။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူ၏ အကြည့်ကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်သည်။

​"ဆရာတော်... ဘယ်လိုလဲ"

ဟု ရွှီတန်က ဘေးမှ မေးလိုက်သည်။

​"လာကြပြီ"

ပေါင်ချင်းဆရာတော်က လေးနက်စွာ ပြောလိုက်သည်။ သူသည် ဗုဒ္ဓဘာသာ၏ နတ်အာရုံ ကို အသုံးပြုကာ ဝေးရာမှ ပြင်းထန်သော မိစ္ဆာချီများ တိုးဝင်လာသည်ကို အာရုံခံမိလိုက်ခြင်းဖြစ်သည်။

သူ၏ ယန်ဝိညာဉ် အထွတ်အထိပ် ကျင့်စဉ်နှင့်ပင်လျှင် ထိုအငွေ့အသက်ကြောင့် စိတ်ထဲမှ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

​ချူကျိုးမြို့ပြင်၊ လွင်ပြင်ကျယ်ကြီးတစ်ခုပေါ်တွင်၊

​အလင်းတန်းတစ်ခု လက်သွားပြီးနောက်၊

​ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

​၎င်းမှာ လက်တွင် ပန်းခြင်းတောင်းကို ချိတ်ဆွဲထားသော လူငယ်တစ်ဦးပင် ဖြစ်သည်။ ထိုလူငယ်၏ နောက်ကျောတွင် ဓားသေတ္တာတစ်ခုရှိပြီး ခါးတွင်လည်း ရှေးဟောင်းဓားတစ်စင်းကို ချိတ်ဆွဲထားသည်။ သူ၏ ပုံပန်းသဏ္ဍာန်မှာ သာမန်မျှသာဖြစ်ပြီး လူအုပ်ကြားထဲတွင် တစ်ချက်ကြည့်ရုံဖြင့် မျက်စိလျှံသွားနိုင်သော လူစားမျိုး ဖြစ်သည်။

​ရုတ်တရက် ထိုလူငယ်၏ ကိုယ်ပေါ်မှ အလင်းတန်းတစ်ခု လက်သွားပြီးနောက် ခန့်ညားထည်ဝါလှသော လူငယ်တာအိုဆရာတစ်ဦးအဖြစ် ပြောင်းလဲသွားတော့သည်။

သူ၏ မျက်နှာမှာ ထင်ရှားပြတ်သားပြီး မျက်ခုံးများမှာ ဓားကဲ့သို့ ထက်မြက်ကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သားတစ်ပါး ကဲ့သို့ အရှိန်အဝါမျိုး ရှိနေသည်။

​"ဒါက ဘယ်နေရာလဲ"

လီယန်ချူးသည် ကြောင်အမ်းသွားပြီး ပတ်ဝန်းကျင်မှ လွင်ပြင်ကြီးကို ကြည့်လိုက်သည်။ ဝေမြို့ အနီးအနားကို သူ တော်တော်လေး သိသော်လည်း ဤကဲ့သို့သော လွင်ပြင်ကြီးကိုမူ သူ အနည်းငယ် စိမ်းနေသည်။

​"တကယ့်ကိုပဲ... နတ်ဘုရားနယ်မြေ တိုင်းက နည်းနည်းတော့ လူကို ဒုက္ခပေးတာပဲ။ ငါ့ကို နှင်ထုတ်လိုက်တာတောင် ဒီလိုနေရာမျိုးကို ကျပန်း ပို့ပစ်လိုက်တာလား "

​လီယန်ချူးသည် နတ်ဘုရားနယ်မြေအပြင်ဘက်တွင် မစောင့်နေခဲ့မိသည်မှာ ကံကောင်းသည်ဟု တွေးလိုက်မိသည်။

မဟုတ်လျှင် သူသည် အပြင်တွင် တစ်စုံတစ်ဦး ထွက်လာမည်ကို တုံးအစွာ စောင့်နေမိပြီး မည်သူ့ကိုမျှ တွေ့ရမည် မဟုတ်ပေ။ သူသည် လက်ထဲမှ ပန်းခြင်းတောင်းကို ကြည့်လိုက်ပြီး အပေါ်မှ ပုဆိုးစကို ဖယ်ရှားလိုက်ရာ အလင်းတန်းတစ်ခုက ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။

သူသည် ချက်ချင်းပင် ကျင့်စဉ်စွမ်းအားများကို မျက်လုံးအတွင်းသို့ ထည့်သွင်းကာ ကြည့်လိုက်ရာ ထိုအလင်းတန်းမှာ ဖြည်းဖြည်းချင်း ကွယ်ပျောက်သွားတော့သည်။

​လီယန်ချူး ကြည့်လိုက်သည့်အခါတွင် ပန်းခြင်းတောင်းအတွင်း၌ ဘာမှမရှိသလို ဖြစ်နေသည်။

သို့သော် သေချာ ထပ်မံကြည့်လိုက်သည့်အခါတွင်မူ အတွင်း၌ ပဲစေ့အရွယ်အစားရှိသော အရာဝတ္ထုလေးတစ်ခုကို တွေ့လိုက်ရသည်။

သူသည် အာရုံစိုက်၍ ကြည့်လိုက်ရာ ထိုပဲစေ့မှာ အမှန်တကယ်တွင် လူရှင်တစ်ဦး ဖြစ်နေကြောင်း တွေ့လိုက်ရ၏ ၎င်းမှာ သူယခင်က တွေ့ခဲ့ဖူးသော စွန်းကတော်ပင် ဖြစ်သည်။

​"ဒါက ဘယ်လို နတ်စွမ်းအားမျိုးလဲ"

ဟု လီယန်ချူးက မျက်မှောင်ကြုတ်၍ တွေးလိုက်သည်။

​သူသည် ပဲစေ့ကို စစ်သည်အဖြစ် ပြောင်းလဲသောအတတ် အကြောင်း ကြားဖူးသော်လည်း ယခုအတတ်မှာမူ ပြောင်းပြန်ဖြစ်နေသည့်အလားပင်။ သူ သေချာ စစ်ဆေးရန် အချိန်မရမီမှာပင် ရုတ်တရက် လေထုကို ဖြတ်သန်းလာသော ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ ၎င်းမှာ အမည်းရောင် လှံရှည်တစ်စင်း ဖြစ်နေသည်။

​ချန်

​သူသည် ခါးမှ ရှေးဟောင်းဓားကို ဆွဲထုတ်ကာ ထိုလှံရှည်ကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သည်။ လှံရှည်မှာ အလယ်တည့်တည့်မှနေ၍ တိကျသေသပ်စွာ နှစ်ခြမ်းကွဲသွားတော့သည်။

​"ဘယ်သူလဲ"

​အေးစက်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး လီယန်ချူး သေချာကြည့်လိုက်ရာ လူအုပ်စုကြီးတစ်ခုမှာ သူရှိရာသို့ အပြင်းအထန် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ထွားကျိုင်းသော လူသန်ကြီးတစ်ဦးဖြစ်ပြီး ကျောတွင် လှံရှည်ငါးစင်းကို စိုက်ထားကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ရှိနေတော့သည်။

အခန်း (၆၉၄) - ကျပန်းနေရာရွှေ့ပြောင်းခြင်း ၊ သူ့ကိုသတ်ပစ် ၊ပုံမှန်လူ သုံးယောက်သာရှိတယ်

​"လူရိုင်းတွေလား"

​လီယန်ချူးသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေတွင် ရှိစဉ်က လူရိုင်း များနှင့် ရင်ဆိုင်ခဲ့ဖူးသဖြင့် စိတ်ထဲတွင် အနည်းငယ် ထူးဆန်းနေမိသည်။

​ဒီခွေးမသား လင်ရွှီးနတ်ဘုရားနယ်မြေက ငါ့ကို နယ်စပ်အပြင်ဘက် အထိ ပို့လိုက်တာလားမသိဘူး

​သူသည် ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီး၏ နောက်ကွယ်မှ တပ်ဖွဲ့ကို ကြည့်လိုက်မိပြီး မျက်မှောင်ကြုတ်ခြင်းက ပို၍ နက်ရှိုင်းသွားသည်။ ၎င်းတို့မှာ တစ်ဝက်ကလူ၊ တစ်ဝက်က သားရဲဖြစ်နေသော ကောင်များဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော အသွင်ရှိကာ မိစ္ဆာချီများမှာလည်း ကောင်းကင်သို့ ထိုးတက်နေသည်။

​"မိစ္ဆာလား မဟုတ်သေးဘူး... ဘာလို့ လူသားတွေရဲ့ အငွေ့အသက် ပါနေရတာလဲ"

လီယန်ချူး တစ်ချက်ကြည့်လိုက်သော်လည်း ဤအရာများမှာ မည်သည့် အောက်တန်းစား အကောင်များဖြစ်ကြောင်း ချက်ချင်း မသိနိုင်ပေ။

​ထိုအကောင်များ၏ ခြေလက်အင်္ဂါများသည် တောရိုင်းတိရစ္ဆာန်များနှင့် ဆက်စပ်နေသကဲ့သို့ ရှိသည်။ တိတိကျကျ ပြောရလျှင် မိစ္ဆာမျိုးနွယ်များနှင့် အင်္ဂါချင်း လဲလှယ်ထားသည့်အလားပင်။ အချို့မှာ အလွန်ပင် ကြီးမားလှသည်။

ဥပမာအားဖြင့် ခန္ဓာကိုယ်တစ်ဝက်မှာ ပင့်ကူကြီးပေါ်တွင် တည်ရှိနေသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦးကဲ့သို့ပင်။ ၎င်းမှာ ပင့်ကူမိစ္ဆာမဟုတ်ဘဲ လူနှင့် ပင့်ကူကို ပေါင်းစပ်ထားသော ထွက်ကုန်တစ်ခုနှင့် တူနေသည်။

​ထိုမိစ္ဆာကောင်များ၏ အမူအရာမှာ အေးစက်နေပြီး မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေကာ အသိဉာဏ် သိပ်ရှိပုံမရပေ။ ဤနေရာတွင် ပုံမှန်လူဟူ၍ သုံးယောက်သာ ရှိပုံရသည်။

​ပုံမှန်လူဟု ပြောရခြင်းမှာ ၎င်းတို့ သုံးဦးသာ မြင်းစီးထားသောကြောင့် ဖြစ်သည်။ တစ်ဦးမှာ ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး မိစ္ဆာအသွင်ပြောင်းနေသော မြင်းကြီးတစ်ကောင်ကို စီးနင်းထားသည့် လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်သည်။

​နောက်တစ်ဦးမှာ မျက်နှာဖုံးစွပ်ထားသော လူငယ်စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ သူ၏ မြင်းနောက်တွင် ကြိုးတစ်ချောင်းဖြင့် သွေးချင်းချင်းနီနေသော လူတစ်ဦးကို ချည်နှောင်ကာ တရွတ်တိုက် ဆွဲလာခဲ့သည်။

ကြည့်ရသည်မှာ အလယ်ပိုင်းဒေသ မှ လူတစ်ဦး ဖြစ်ပုံရသည်။ တစ်ချိန်တည်းမှာပင် သူ၏ မြင်းကိုယ်ပေါ်တွင်လည်း လူခေါင်းများစွာကို ချိတ်ဆွဲထားပြီး ထိုလူခေါင်းများမှာ မျက်လုံးမပိတ်နိုင်ဘဲ သေဆုံးသွားကြသူများ ဖြစ်သည်။ ကြည့်ရသည်မှာ စစ်တပ်အတွင်းမှ စစ်သည်များ ဖြစ်ပုံရပေသည်။

​နောက်ဆုံးတစ်ဦးမှာမူ ကျောတွင် လှံရှည်များ စိုက်ထားသော၊ ဆံပင်ကျစ်ဆံမြီးများစွာ ကျစ်ထားသည့် ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီးပင် ဖြစ်သည်။

​"မင်းကို မေးနေတာလေ ဒီတာအိုဆရာက ဘယ်က ရောက်လာတာလဲ "

ဟု ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီးက လေးနက်သော အသံဖြင့် မေးလိုက်သည်။

​သူ စကားပြောနေချိန်တွင်မှ လီယန်ချူး သတိထားမိလိုက်သည်မှာ ထိုသူ၌ လက်မောင်း လေးဖက် ရှိနေခြင်းပင်။ ကျန်လက်မောင်း နှစ်ဖက်မှာ နံဘေးမှ ထွက်ပေါ်နေပြီး ကြွက်သားများမှာလည်း အလွန်ပင် ထွားကျိုင်းလှသည်။

​ဒါ ဘာကောင်လဲ... လီယန်ချူး မျက်မှောင်ကြုတ်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင်

​မြင်းနောက်တွင် ချည်နှောင်ခံထားရသော သွေးသံရဲရဲ ပုံရိပ်မှာ အားနည်းစွာဖြင့်

"တာအိုဆရာ... အမြန်ပြေးပါ သူတို့တွေက မြောက်ပိုင်းနန်းတော်ရဲ့ မိစ္ဆာစစ်သည်တွေပဲ၊ ဒီည ချူကျိုးမြို့ကို ဝင်တိုက်ဖို့ ပြင်နေကြတာ "

​ချူကျိုးမြို့

လီယန်ချူး ချက်ချင်းပင် သဘောပေါက်သွားသည်။ သို့ဆိုလျှင် ဤနေရာသည် ချူကျိုးမြို့အပြင်ဘက် ဖြစ်ရပေမည်။

​"အသက်ရှူနေတုန်းပဲကိုး"

ဟု မျက်နှာဖုံးစွပ် လူငယ်စစ်ဗိုလ်ချုပ်က အေးစက်စွာ ရယ်မောလိုက်သည်။

​ရွှမ်း

​သူသည် ဝှေ့ယမ်းဓား ကို နောက်သို့ ဝှေ့ယမ်း ပစ်လိုက်ရာ ဓားသည် လေထဲတွင် လမင်းသဏ္ဌာန် ဝိုက်ထွက်သွားသည်။ သွေးသံရဲရဲနှင့် ထိုလူမှာ ခုနက စကားတစ်ခွန်း ပြောနိုင်ရန်အတွက် ရှိသမျှ အားအင်ကို သုံးလိုက်ရသဖြင့် ရှောင်တိမ်းရန် အားအင်မရှိတော့ပေ။ သူသည် မိမိမျက်စိရှေ့တွင် ကြီးထွားလာသော ဝှေ့ယမ်းဓားကိုသာ ငေးကြည့်နေရတော့သည်။

​ဤဓားမတိုင်မီကပင် သူ၏ ညီအစ်ကိုများစွာမှာ ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပြီးပြီ ဖြစ်သည်။

မျက်စိမမြင်ရသော အမေအိုအတွက် ရွာတွင် အိမ်သုံးလုံး ဆောက်ပေးချင်နေသော ချန်လျန်၊ ဇနီးသည်အတွက် လက်ဝတ်ရတနာလေးတွေ လုပ်ပေးချင်နေသော လျိုချောင်း... သူတို့အားလုံးမှာ ဤဓားပိုင်ရှင်၏ လက်ချက်ဖြင့် ခေါင်းပြတ်ခဲ့ကြရသည်။

​ဤလူသည် ထိုစကားကို ပြောပြီးနောက် စိတ်သက်သာရာရသွားသည့် ခံစားချက်မျိုး ရှိနေသည်။ သူသည် အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ။ သို့သော် ထက်မြက်လှသော ဝှေ့ယမ်းဓားမှာ သူ မျှော်လင့်ထားသလို သူ၏ ကိုယ်ပေါ်သို့ ကျရောက်မလာခဲ့ပေ။

​ရှူး

​ရှေးဟောင်းဓားမှာ လေထုကို ဖြတ်သန်းကာ ရောက်ရှိလာပြီး ထိုဝှေ့ယမ်းဓားကို ရိုက်ချလိုက်သည်။ ရှေးဟောင်းဓားမှာ မြက်ခင်းပေါ်တွင် စိုက်ဝင်သွားပြီး တုန်ခါနေကာ မည်သည့် ထိခိုက်မှုမျှ မရှိပေ။ သို့သော် ဝှေ့ယမ်းဓားမှာမူ အလယ်မှနေ၍ ကျိုးပြတ်သွားတော့သည်။

​လူငယ်စစ်ဗိုလ်ချုပ်၏ အကြည့်မှာ အေးစက်သွားပြီး လီယန်ချူးကို သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ကြည့်လိုက်သည်။

ဤဝှေ့ယမ်းဓားမှာ အအေးဓာတ်ရှိသော သံမှ သွန်းလုပ်ထားခြင်းဖြစ်ပြီး အလွန်ထက်မြက်ကာ သံကိုပင် ရွှံ့ကဲ့သို့ ပိုင်းဖြတ်နိုင်သည့်အပြင် အလွန်ခိုင်ခံ့လှသည်။ ထိုသို့သော ဓားကို ဤလူက ဓားတစ်ချက်တည်းဖြင့် ချိုးပစ်လိုက်နိုင်သည်လား။

​သို့သော် ထိုလူငယ်မှာ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ရသေးမီမှာပင် မျက်စိတစ်မှိတ်အတွင်း၌ လူငယ်တာအိုဆရာမှာ သူ၏ရှေ့မှ ပျောက်ကွယ်သွားတော့သည်။

​"မင်းရဲ့ နောက်မှာ"

ဟု ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီးက အော်ဟစ်လိုက်သည်။

​လူငယ်စစ်ဗိုလ်ချုပ်သည် ခြေထောက်ဖြင့် မြင်းကို ညှပ်ကာ ဝေဟင်သို့ ပျံတက်ပြီး သူစီးလာသော မြင်းနှင့် ဝေးရာသို့ အမြန်ရှောင်တိမ်းလိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှသည်။

​သို့သော် လီယန်ချူးသည် သူ့ကို ဆက်လက်တိုက်ခိုက်ခြင်း မပြုဘဲ သွေးသံရဲရဲနှင့် အမျိုးသားကိုသာ မလိုက်သည်။

​ဟီးးးးးးး

​မိစ္ဆာအသွင်ပြောင်းနေသော၊ မျက်လုံးအစုံ နီမြန်းနေသော မြင်းနက်ကြီးမှာ လန့်ဖျန့်သွားပြီး လှုပ်ရှားရန် ပြင်လိုက်သဖြင့် ကြိုးမှာ ခဏချင်း တင်းသွားတော့သည်။ လီယန်ချူးသည် လက်ဝါးဖြင့် အသာအယာ ရိုက်ချလိုက်ရာ မြင်းကြီးမှာ အရိုးများ အပိုင်းပိုင်းကျိုးကြေကာ ချက်ချင်းပင် သေဆုံးသွားတော့သည်။

​သူသည် တာအိုကျင့်စဉ်မှ ထွက်ပေါ်လာသော အသက်စွမ်းအား ကို ထိုအမျိုးသား၏ ကိုယ်အတွင်းသို့ ထည့်သွင်းလိုက်ရာ ထိုသူ၏ ကိုယ်ထဲတွင်လည်း တာအိုစွမ်းအားတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ သို့သော် သူ၏ ကိုယ်တွင်းအင်္ဂါအားလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်သည်။

​လီယန်ချူးသည် တွန့်ဆုတ်မနေဘဲ သိုလှောင်အိတ် အတွင်းမှ ကျန်းထင်ရှန်း စပျစ်သီး တစ်လုံးကို ထုတ်ယူကာ စွမ်းအားဖြင့် ကြိတ်ခြေ၍ ထိုသူအား တိုက်ကျွေးလိုက်သည်။

​ဤလူသည် မူလက ပါးစပ်ကို ပိတ်ဆို့ခံထားရပြီး မြင်းနောက်တွင် တရွတ်တိုက် ဆွဲခေါ်ခြင်း ခံထားရသဖြင့် တစ်ကိုယ်လုံး သွေးချင်းချင်းနီနေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် မည်သည့်အချိန်က ပါးစပ်မှ အဆို့ကို ထွေးထုတ်လိုက်သည်မသိ၊ သူသည် နောက်ဆုံးကျန်ရှိသော အသက်ရှူအားကို သုံးကာ လီယန်ချူးကို သတိပေးခဲ့ခြင်းပင်။

​ကျန်းထင်ရှန်း စပျစ်သီးတွင် ကြီးမားလှသော အသက်ဓာတ်များ ပါဝင်သဖြင့် လီယန်ချူး ကြိတ်ခြေလိုက်သောအခါ ၎င်းသည် ထိုသူ၏ ပါးစပ်အတွင်းမှနေ၍ တစ်ကိုယ်လုံးရှိ သွေးကြောများဆီသို့ စီးဝင်သွားတော့သည်။ ထိုသူမှာလည်း အသက်ပြန်ရှင်လာသည့်အလား ဖြစ်သွားပြီး စတင်ဝါးစားနိုင်လာသည်။

​ကျန်းထင်ရှန်း စပျစ်သီးကို စားသုံးပြီးနောက် သူ၏ ဒဏ်ရာများမှာ ချက်ချင်းပင် သိသိသာသာ သက်သာသွားပြီး ကိုယ်တွင်းရှိ စွမ်းအားများနှင့် သွေးချီများမှာလည်း ပြန်လည် နိုးထလာကာ မျက်လုံးအစုံတွင်လည်း အရောင်များ ပြန်လည် တောက်ပလာတော့သည်။

​ရှူး ရှူး

​လေထုကို ဖြတ်သန်းလာသော ပြင်းထန်သော အသံများ ထွက်ပေါ်လာသည်။ လက်မောင်းလေးဖက်နှင့် ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီးမှာ လှံတိုနှစ်စင်းကို ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းမှာ ပေါက်ကွဲထွက်တော့မည့် အရှိန်အဝါများနှင့်အတူ လေထုကိုပင် ပွတ်တိုက်ကာ အပူရှိန် အလွန်မြင့်မားလျက် ပျံသန်းလာခြင်းပင်။

​ဒေါင်

​လီယန်ချူးသည် လှုပ်ရှားခြင်းမရှိဘဲ သူ၏ရှေ့တွင် မမြင်ရသော ကာကွယ်ရေး အကာအကွယ် တစ်ခု ပေါ်ထွက်လာပြီး ထိုလှံတိုများကို ခဏချင်းပင် တားဆီးလိုက်သည်။ ၎င်းတင်မကသေးဘဲ သူ၏ ရှေ့သုံးလံအကွာတွင် ရှိနေသော မိစ္ဆာစစ်သည် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာလည်း ပြင်းထန်သော တုန်ခါမှုကြောင့် ချက်ချင်းပင် အမှုန့်ဖြစ်သွားရတော့သည်။

​"ကျွန်တော်က လျန်ဟူ ပါ၊ ချူကျိုးမြို့ မြင်းဖြူတပ်စခန်းမှာ အမှုထမ်းနေပါတယ်၊ ကျေးဇူးတင်ပါတယ် တာအိုဆရာ "

ထိုသူသည် လီယန်ချူး၏ ကယ်တင်မှုကို ခံရပြီးနောက် ကျေးဇူးတင်စကား ဆိုလိုက်သည်။

​ယခင်က သူသည် လီယန်ချူးကို လှံတိုများမှ ရှောင်ရန် သတိပေးဖို့ ကြံရွယ်ခဲ့သော်လည်း လီယန်ချူး၏ ရှေ့မှ မမြင်ရသော အကာအကွယ်က လှံတိုများကို ချိုးရုံသာမက ပတ်ဝန်းကျင်ရှိ မိစ္ဆာစစ်သည်များကိုပါ အမှုန့်ဖြစ်သွားစေသည်ကို မြင်လိုက်ရသောအခါ

​လျန်ဟူသည် မိမိမှာ အမှန်တကယ်ပင် ပညာရှင်ကြီးတစ်ဦးနှင့် ဆုံတွေ့နေပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

​"ကိစ္စမရှိပါဘူး... ခုနက မင်းပြောတာက သူတို့တွေဟာ မြောက်ပိုင်းနန်းတော်ကလူတွေ၊ ချူကျိုးမြို့ကို တိုက်ဖို့ ကြံနေကြတာဆိုတာ ဟုတ်လား "

ဟု လီယန်ချူးက မေးလိုက်သည်။

​"ဟုတ်ပါတယ်"

လျန်ဟူက နာကျင်ခံစားရသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

​"ကျွန်တော်တို့ မြင်းဖြူတပ်စခန်းက ၁၂ ယောက် သတင်းစုံစမ်းဖို့ ထွက်လာကြတာပါ၊ ဒါပေမဲ့ သူတို့နဲ့ တိုးမိသွားတယ်။ မဟာမှော်ဆရာ ဝမ်ယွမ်စူး က လူရှင်တွေနဲ့ မိစ္ဆာတွေကို သုံးပြီး မိစ္ဆာစစ်သည်တွေ ဖန်တီးထားတယ်၊ ချူကျိုးမြို့ကို ဝင်တိုက်ဖို့ ပြင်နေတာပါ။ ညီအစ်ကို တစ်ယောက်ပဲ ထွက်ပြေးလွတ်မြောက်သွားနိုင်တယ်၊ သူလည်း အခု ဘယ်လိုနေမလဲ မသိဘူး"

ဟု လျန်ဟူက အမြန်ပြောပြလိုက်သည်။

​ချူကျိုးမြို့မှာ မြောက်ပိုင်းနယ်စပ်တွင် ရှိနေသည်။

လီယန်ချူး ဤနေရာသို့ မရောက်ဖူးသော်လည်း မိမိရောက်နေသော နေရာကို အကြမ်းဖျင်း သိလိုက်ရပြီ။ သူသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ရှိနေသော်လည်း အကြည့်များမှာမူ အေးစက်နေတော့သည်။

​"လူရှင်တွေကို သုံးပြီး မိစ္ဆာစစ်သည်တွေ ဖန်တီးတယ်... မိစ္ဆာလမ်းစဉ် မှာတောင် ဒီလိုနည်းလမ်းမျိုးက သိပ်မတွေ့ရဘူး"

ဟု လီယန်ချူးက အသာအယာ ပြောလိုက်သည်။

​လျန်ဟူသည် လီယန်ချူး၏ ဘေးမှနေ၍ သူ၏ စကားထဲတွင် ပါဝင်နေသော အေးစက်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ဤသူမှာ မိမိတို့ဘက်တော်သား ဖြစ်သည်ကို သိနေသော်လည်း ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ စိတ်ထဲမှ အအေးဓာတ်များ စိမ့်ထွက်လာတော့သည်။

​"ငါအရင်ဆုံး မင်းလို ကောင်ကို သတ်ပစ်မယ် "

ဟု မျက်နှာဖုံးစွပ် လူငယ်က ဟောက်လိုက်ပြီး

​ဘုန်း

​လီယန်ချူးထံသို့ လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။ ပြင်းထန်သော စွမ်းအားကြောင့် လေထုမှာ ပေါက်ကွဲထွက်သွားပြီး ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများမှာ လွင့်စင်ကုန်တော့သည်။ လျန်ဟူသည် ထိုလူငယ်၏ အစွမ်းကို သိသဖြင့် စိုးရိမ်သွားသည်။

​ဝုန်း

​နောက်တစ်စက္ကန့်တွင် ထိုလူငယ်စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်တစ်ဝက်မှာ ပျောက်ကွယ်သွားပြီး သွေးငွေ့များအဖြစ် ပြောင်းလဲသွားတော့သည်။ ဤသည်မှာ လီယန်ချူးက လက်ဝါးဖြင့် တစ်ချက်သာ ရိုက်လိုက်ရုံမျှသာ ရှိသေးသည်။

​"စုန်းပု "

​လက်မောင်းလေးဖက်နှင့် ထွားကျိုင်းသော စစ်ဗိုလ်ချုပ်ကြီးမှာ အော်ဟစ်လိုက်သည်။ သူသည် ပေါင်ချင်းဆရာတော်ပင် ကြောက်ရွံ့ရသော နန်းတော်၏ ထိပ်တန်းပညာရှင် မုရုံကျိန်း ပင် ဖြစ်သည်။ ဤလူငယ်မှာ သူ၏ ညီအရင်းဖြစ်သော မုရုံစုန်းပု ဖြစ်ပြီး ကျင့်စဉ်အဆင့်မှာ မနိမ့်လှသော်လည်း ယခုအခါတွင်မူ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။

​"သူ့ကို သတ်ကြစမ်း"

​မုရုံကျိန်းက ဒေါသတကြီး အမိန့်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော မိစ္ဆာစစ်သည်များမှာ လီယန်ချူးထံသို့ ရေလွှမ်းမိုးသကဲ့သို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

All Chapters