← Chapters

အခန်း (၁၇၀၇-၁၇၀၈)

Vol. 171 Ch. 1707-1708

အခန်း (၁၇၀၇-၁၇၀၈)

Vol. 171 Ch. 1707-1708

အခန်း (၁၇၀၇) - ကျန်းရှောက်မင်

​ရောက်ရှိလာသော ဤကြာပန်းပုံစံ မသေမျိုးလှေအုပ်စုမှာ အလွန်အမင်း အရေးကြီးနေသည့်ဟန်ရှိပြီး ၎င်း၏အရွယ်အစားမှာ ရွှမ်အမာခံ၏ အုပ်စုထက်ပင် တစ်ပတ်ခန့် သေးငယ်နေသေးသည်။

​စုစုပေါင်း မသေမျိုးလှေ အစင်းရေ နှစ်ထောင်ကျော်သာ ရှိ၏။

​ဖန့်ချန်နှင့် ရွှမ်အမာခံတို့က ကြိုဆိုရန် အနီးသို့ကပ်သွားသောအခါ ထိုလှေအုပ်စုမှာ အရှိန်ချက်ချင်း လျှော့ချလိုက်ပြီး တစ်ဆက်တည်းမှာပင် စိုးရိမ်တကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

​"စီနီယာအစ်မရွှမ်... အခု ကုတိန်ကြယ်ရဲ့ အခြေအနေက ဘယ်လိုလဲ နံပါတ်တစ်ဆယ်စီနီယာအစ်ကိုက သူတို့လမ်းမှာ ချုံခိုတိုက်ခိုက်ခံရလို့ ဒီကိုရောက်ဖို့ အနည်းဆုံး နောက်ထပ် အနှစ်ငါးဆယ်လောက် ကြာဦးမယ်လို့ ပြောလိုက်တယ် "

​"အနှစ်ငါးဆယ်"

ရွှမ်အမာခံမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

"ကုတိန်ကြယ်ရဲ့ အခြေအနေက အဆင်ပြေပါတယ်။ ငါတို့ ကျွယ်မင်နန်းတော်က စစ်ကူတွေကို စောင့်ကြိုနိုင်ခဲ့လို့ပါ"

​"ဪ... ဒါ ကျွယ်မင်နန်းတော်ရဲ့ နဂါးနက်လှေအုပ်စုကိုး၊ ဘာလို့ မြင်ဖူးသလိုလို ဖြစ်နေတာလဲလို့"

လူရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာပြီး ဖန့်ချန်တို့ဘက်ကို တစ်ချက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

​ထို့နောက် သူသည် ရွှမ်အမာခံကို ကြည့်၍

"စီနီယာအစ်မရွှမ်... ကျွယ်မင်နန်းတော်က မိတ်ဆွေတွေ ကူညီပေးနေတာဆိုမှတော့ ကျွန်တော်တို့ သုံးယောက်ပူးပေါင်းပြီး ကုတိန်ကြယ်ကို အရင်သိမ်းပိုက်ကြရအောင်။

ကျွန်တော် မလာခင်က ကြားတာတော့ ကုတိန်ကြယ်ဘက်မှာ မိစ္ဆာဝင်နေတဲ့သူက တာ့ဝေ့စာကြည့်တိုက် က ဝမ်ကျန့်ချီ လို့ ကြားတယ်။ အဲဒီကောင်က ကိုင်တွယ်ရ သိပ်မလွယ်ဘူး၊ အစ်မ အခုထိ ကြံ့ကြံ့ခံနိုင်တာ တကယ်ကို ချီးကျူးဖို့ကောင်းတယ်"

​ရွှမ်အမာခံ၏ မျက်နှာတွင် အနည်းငယ် အနေရခက်သွားသည့် အရိပ်အယောင်များ ပေါ်လာကာ

"ဝမ်ကျန့်ချီကို ငါတို့ သတ်လိုက်ပြီ။ ကုတိန်ကြယ်ပေါ်က မိစ္ဆာဝင်နေသူတွေကိုလည်း ရှင်းလင်းပြီးသလောက် ရှိနေပြီမို့လို့ ဒီနေရာကို ငါတို့ ထိန်းချုပ်ထားနိုင်ပါပြီ"

​"ဘာ"

ရောက်ရှိလာသူမှာ ခေတ္တမျှ မှင်တက်သွားပြီး အလွန်အံ့သြသွားဟန်ရှိသလို တစ်ချိန်တည်းမှာပင် ဝမ်းသာသွားပုံရသည်။

​"ဝမ်အမာခံ... မိတ်ဆက်ပေးပါရစေ၊ သူက ချန်တုန်းတုန်း ပါ၊ ကျွန်မတို့ ဝမ်တောက်မသေမျိုးဂိုဏ်းရဲ့ အမာခံတပည့်တွေထဲက တစ်ယောက်ပေါ့။ သူက လွန်ခဲ့တဲ့ နှစ်ခြောက်ရာကမှ အမာခံတပည့် ဖြစ်လာတာဆိုတော့ သိပ်မရင့်ကျက်သေးဘူး"

​ရွှမ်အမာခံက ထိုသူကို ဖန့်ချန်အား မိတ်ဆက်ပေးလိုက်သလို၊ ဖန့်ချန်ကိုလည်း ကုတိန်ကြယ်ပေါ်တွင် ကြုံတွေ့ခဲ့ရသည်များကို ထိုသူအား ပြန်ပြောပြလိုက်သည်။

​ချန်တုန်းတုန်းမှာ နားထောင်ရင်းနှင့်ပင် ထိတ်လန့်တုန်လှုပ်နေပြီး ဇာတ်လမ်းအဆုံးတွင်တော့ အေးစက်သော လေကို တစ်ချက် ရှူသွင်းလိုက်ကာ ဖန့်ချန်ဘက်သို့ ချက်ချင်း လက်အုပ်ချီ အရိုအသေပြုတော့သည်။

"အငယ်တန်း ချန်တုန်းတုန်း... ဝမ်အမာခံကို ဂါရဝပြုပါတယ်"

​"အားမနာပါနဲ့၊ ဒါနဲ့... ကျွန်တော်တို့ စစ်ကူတွေ ရောက်ဖို့က အမြန်ဆုံး အနှစ်ငါးဆယ်လောက် ကြာဦးမယ်ဆိုတဲ့ သဘောလား "

ဖန့်ချန်က မေးလိုက်သည်။

​"ဟုတ်ပါတယ်၊ နံပါတ်တစ်ဆယ်စီနီယာအစ်ကိုက အဲဒီအတိုင်း ပြောလိုက်တာပါ"

ချန်တုန်းတုန်းက ချက်ချင်း ခေါင်းညိတ်ပြကာ

"နံပါတ်တစ်ဆယ်စီနီယာအစ်ကိုတို့ ရောက်လာတဲ့အထိ ကုတိန်ကြယ်ကို ထိန်းထားနိုင်ရင် ဒါဟာ မိစ္ဆာဝင်နေသူတွေကို ပြန်လည်တိုက်စစ်ဆင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အဓိက ထောက်ပို့အခြေစိုက်စခန်း ဖြစ်လာမှာပါ"

​ပြန်လည်တိုက်စစ်ဆင်ဖို့...

ဖန့်ချန် စိတ်ထဲမှ သက်ပြင်းချမိသည်။ ထိုက်ချန်းနယ်မြေ၏ အခြေအနေမှာ တကယ့်ကို မကောင်းလှပေ။

စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့ဆီ စစ်ကူတောင်းသည်မှာလည်း အံ့သြစရာ မဟုတ်တော့။

​"အနှစ်ငါးဆယ်... သိပ်လည်း မရှည်သလို သိပ်လည်း မတိုဘူး။ ဝမ်ကျန့်ချီရဲ့ နောက်ကွယ်က သွေးမိစ္ဆာခန်းမ က လူတွေ စောစောစီးစီး ရောက်မလာဖို့ပဲ မျှော်လင့်ရတာပဲ"

ရွှမ်အမာခံက တိုးညင်းစွာ ရေရွတ်သည်

"သွေးမိစ္ဆာခန်းမက အရင်ရောက်လာရင်တော့ ကုတိန်ကြယ်ကို သူတို့လက်ထဲ ပြန်အပ်လိုက်ရမှာပဲ"

​"သွေးမိစ္ဆာခန်းမ ကျွန်တော်တို့ ရင်ဆိုင်ရမှာက သွေးမိစ္ဆာခန်းမလား"

ချန်တုန်းတုန်းမှာ အံ့သြသွားပြီး ထူးဆန်းသော အမူအရာဖြင့် ဆိုသည်။

"ကျွန်တော့်အမြင်တော့ အချိန်မရွေး ထွက်ပြေးဖို့ ပြင်ထားတာ ပိုကောင်းမယ် ထင်တယ်။ သွေးမိစ္ဆာခန်းမက လူတွေက တစ်ယောက်ထက်တစ်ယောက် ပိုအစွမ်းထက်ကြတာ၊ ဝမ်ကျန့်ချီ ဆိုတာ သူတို့ထဲမှာ ဘာမှမဟုတ်ဘူး"

​"ဝမ်အမာခံ... ရှင့်အမြင်က ဘယ်လိုလဲ ကျွန်မတို့ လုပ်ငန်းစဉ်တွေကို မြန်မြန်လုပ်ပြီး ထောက်ပို့ပစ္စည်းတွေကို တတ်နိုင်သလောက် များများယူသွားကြမလား။

အကယ်၍ သွေးမိစ္ဆာခန်းမက လူတွေ ရောက်လာခဲ့ရင်တောင် ဒီနေရာကို ခေတ္တဖယ်ပေးပြီး အချိန်ဆွဲလို့ ရတာပေါ့"

ရွှမ်အမာခံက ဆုံးဖြတ်ချက် မချနိုင်သဖြင့် ဖန့်ချန်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

​"ထောက်ပို့ပစ္စည်းတွေအတွက်တော့ အရှိန်မြှင့်ဖို့ လိုတာ အမှန်ပဲ။ မသေမျိုးကျောက်တုံးတွေ စုဆောင်းတဲ့နှုန်းကိုလည်း မြှင့်ထားရမယ်။ အကယ်၍ သွေးမိစ္ဆာခန်းမက ရောက်လာလို့ ကျွန်တော်တို့ မယှဉ်နိုင်ရင်တော့ အရင်ဆုတ်ခွာတာက အကောင်းဆုံးပါပဲ။

လောလောဆယ်တော့ သူတို့ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးတာမို့ အလျင်စလို ထွက်ပြေးဖို့တော့ မလိုသေးပါဘူး"

ဖန့်ချန်က စဉ်းစားဆင်ခြင်ကာ ပြောလိုက်သည်။

​ရှဲ့အာမန် မှာထားသော လူကို သူ အခုထိ ရှာမတွေ့သေးပေ။ ထိုသူကို ရှာဖွေရာတွင်လည်း ကျိကန်း ဖြစ်စေ၊ ရွှမ်အမာခံ ဖြစ်စေ၊ မည်သူ့ကိုမျှ အကူအညီ တောင်း၍ မရပေ။

ထိုနှစ်ပေါင်းများစွာအတွင်း ဖန့်ချန်သည် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်ကာ နေရာအနှံ့ လှည့်လည်စုံစမ်းနေခဲ့သည်မှာ ထိုလူငယ်၏ သဲလွန်စကို ရှာဖွေရန် ဖြစ်သည်။

သို့သော် တစ်ကိုယ်တော် ရှာဖွေရသည်ဖြစ်ရာ အကန့်အသတ်များ ရှိနေပြီး အချို့သော တိုက်ဆိုင်မှုများကြောင့် ထိုလူသားစစ်စစ်ကို ရှာမတွေ့နိုင်သေးခြင်း ဖြစ်၏။

​"ကောင်းပါပြီ၊ ဝမ်အမာခံ ပြောသလိုပဲ လုပ်ကြတာပေါ့။ ရန်သူတွေ မရောက်လာသေးခင်မှာ ဒီအတိုင်းပဲ ဆက်နေပြီး ထောက်ပို့ပစ္စည်းတွေကို တတ်နိုင်သမျှ တူးဖော်ကြရအောင်"

ရွှမ်အမာခံက ခေါင်းညိတ်လိုက်ပြီး ချန်တုန်းတုန်းကို ကြည့်ကာ

"နောက်ပိုင်း မင်းအတွက် အလုပ်များလိမ့်မယ်။ မင်းရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ကို ဦးဆောင်ပြီး ကုတိန်ကြယ် အနီးအနားမှာ ကင်းလှည့်ပေးပါ။ ရန်သူ့ခြေရာတွေ့တာနဲ့ ချက်ချင်း သတင်းပို့ပါ"

​"ဒီကိစ္စကို ကျွန်တော့်အပေါ် စိတ်ချလိုက်ပါ"

ချန်တုန်းတုန်းက ချက်ချင်းပင် တာဝန်ယူလိုက်သည်။

​...

...

​ပိုင်ရှန့် သတ္တုတွင်း ၊ ဤနေရာသည် ဝိညာဉ်ကျောက်တုံးများနှင့် မီးဓာတ်ပါဝင်သော ကုန်ကြမ်းများစွာ ထွက်ရှိရာ နေရာဖြစ်သည်။ ကျင့်ကြံဆင့်နိမ့် ကျင့်ကြံသူ ထောင်ပေါင်းများစွာမှာ မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော နေရာအနှံ့တွင် သတ္တုတွင်းလုပ်သားများအဖြစ် ပျံ့နှံ့နေကြသည်။

​စစ်ပွဲများ စတင်လာသောကြောင့် ထိုနေရာရှိ အလုပ်သမားများသည် နေ့မအား ညမနား အလုပ်လုပ်ကြရပြီး နှစ်စဉ် နှစ်တိုင်း ပင်ပန်းနွမ်းနယ်ကာ သေဆုံးရသူ အလုပ်သမားမှာလည်း မရေမတွက်နိုင်အောင် ရှိသည်။

သို့သော် မည်သူမျှ မကျေမနပ် မပြောရဲကြပေ။ အကယ်၍ ရှိခဲ့လျှင်ပင် စိတ်ထဲ၌သာ မြိုသိပ်ထားကြရသည်။

သူတို့သည် ကမ္ဘာပေါ်တွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေမှန်း အတိအကျ မသိကြသော်လည်း လောကကြီးတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်ဟုတော့ ကြားထားကြသည်။

အကယ်၍ ရှုံးနိမ့်သွားပါက သူတို့အားလုံး သေကြရမည် ဖြစ်သည်။

​ပူပြင်းလှသော နေရောင်ခြည်သည် ကျန်းရှောက်မင် ၏ ကိုယ်ပေါ်သို့ ကျရောက်နေသည်။ လောင်မြိုက်နေသော အပူရှိန်နှင့်အတူ ချွေးနံ့များ၊ သတ္တုကျောက်များ၏ ထူးဆန်းသောအနံ့များက သူ့ကို မူးနောက်နောက် ဖြစ်စေသည်။

​"ငါ့ခန္ဓာကိုယ်က အားကုန်နေပြီ..."

ကျန်းရှောက်မင်က သက်ပြင်းတစ်ချက် အသာအယာချကာ အရိပ်ရသော နေရာတစ်ခုကို ရွေး၍ ခေတ္တနားရန် ထိုင်လိုက်သည်။

​နှစ်ပေါင်းများစွာ မြေအောက်သို့ဝင်ကာ ဝိညာဉ်ကျောက်တုံးများ တူးဖော်ခဲ့ရခြင်း၊ ခန္ဓာကိုယ်နှင့် ကျောက်တွင်းနံရံများ အမြဲ ပွတ်တိုက်နေခဲ့ရခြင်းတို့ကြောင့် တစ်ချိန်က ဖြူစင်နုနယ်ခဲ့သော သူ၏ အသားအရေမှာ ယခုအခါ ကြမ်းတမ်းမည်းမှောင်နေပြီ ဖြစ်သည်။

​"ဟေး... ဒါ တို့ကျန်း မိသားစုရဲ့ သခင်လေး မဟုတ်လား ဘာလို့ အခုလောက်တောင် သနားစရာကောင်းတဲ့ အခြေအနေ ဖြစ်နေရတာလဲ "

ကျင့်ကြံသူတစ်စု စုရုံးကာ လျှောက်လာကြသည်။ သူတို့၏ အဝတ်အစားများကို ကြည့်လျှင် ဤနေရာမှ အလုပ်သမားများပင် ဖြစ်သော်လည်း ကျန်းရှောက်မင်ထက်စာလျှင် ပို၍ သန့်ပြန့်ကြည်လင်ကာ အနည်းဆုံးတော့ ဝတ်ကောင်းစားလှ တစ်ထည်စီ ရှိကြသည်။

​ကျန်းရှောက်မင်က ရောက်လာသူများကို ကြည့်လိုက်သောအခါ မျက်နှာပျက်သွားပြီး အလိုလို ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုလူများက ဝိုင်းထားလိုက်ကြသည်။

ပထမဆုံး လှောင်ပြောင်ပြောဆိုခဲ့သူက ကျန်းရှောက်မင်၏ ပုခုံးကို ဖိထားကာ ပြန်ထိုင်ခိုင်းလိုက်သည်။

​"ဘယ်ကို သွားမလို့လဲ ဘာမှ မဟုတ်တာကြီးကို၊ ဘာကို ကြောက်နေတာလဲ"

တစ်ဖက်လူက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီးနောက် အသားခြောက်တစ်ဖဲ့ကို ထုတ်၍ ကျန်းရှောက်မင်အား ကမ်းပေးလိုက်သည်။

"စားလိုက်ပါ၊ ဒါက ကောင်းတဲ့အရာပဲ"

​"ချန်ရှန်း... မင်း ဘာကို ဆိုလိုတာလဲ"

ကျန်းရှောက်မင်က မျက်မှောင်ကြုတ်ကာ အသားခြောက်ကို မယူဘဲ နေသော်လည်း သူ၏ တံတွေးကို အလိုလို မျိုချမိလိုက်သော အမူအရာက ထိုအသားခြောက်ကို မည်မျှ တောင့်တနေသည်ကို ဖော်ပြနေ၏။

​"ဘာကို ဆိုလိုတာလဲ ဟုတ်လား မင်းက အရင်တုန်းကလို ထင်နေတုန်းပဲလား"

ချန်ရှန်းက မျက်မှောင်ကြုတ်ကာ

"အရင်က ရန်ငြိုးအသေးအဖွဲလေးတွေကို အခုထိ ဆက်ထားနေဦးမှာလား မင်းသိတဲ့လူတွေနဲ့ ငါသိတဲ့လူတွေ အကုန်လုံးနီးပါး သေကုန်ကြပြီ မဟုတ်လားငါမှတ်မိသေးတယ်... အဲဒီနှစ်က မီးလုံးကြီးတစ်လုံး ကောင်းကင်ကနေ ပြုတ်ကျလာတာကို"

​သူက ကောင်းကင်သို့ လက်ညှိုးထိုးပြကာ သူ့ကိုယ်သူ လှောင်ပြုံး ပြုံးလိုက်သည်။

"အဲဒီ တစ်ချက်တည်းနဲ့တင် မြို့ပျက်ပြီး လူတွေ အကုန်သေကုန်ကြတာ။ ဘယ်လို စွမ်းအားမျိုးလဲတောင် မသိပါဘူး"

​"မပြောပါနဲ့တော့"

ကျန်းရှောက်မင်၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။

​"ဖြစ်ပျက်ခဲ့တာတွေက ဖြစ်ပြီးသွားပြီ ငါ့ရဲ့ သခင်လေးကျန်း။ မင်းက အခုထိ ရှောင်လွှဲနေဦးမှာလားမင်းက တစ်ချိန်က ငါတို့မြို့မှာ ကျင့်ကြံခြင်း ပါရမီ အကောင်းဆုံး ပါရမီရှင်တစ်ယောက်ပဲလေ။ ဘာလို့ ဒီလောက်နှစ်တွေ ကြာနေတာတောင် ကျင့်ကြံဆင့်က တိုးမလာရတာလဲ "

​ချန်ရှန်း၏ မျက်နှာမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းလာပြီး ကျန်းရှောက်မင်၏ လည်ပင်းကို ဆွဲညှစ်လိုက်သည်။

"မင်း အသေအလဲ ကျင့်ကြံသင့်တယ်။ တစ်နေ့ကျရင် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာပြီး ငါတို့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးမိတ်ဆွေတွေအတွက် ကလဲ့စားချေပေးရမယ်ဆိုတာ သိလား မင်း အသေအလဲ ကျင့်ကြံရမယ်"

​နောက်ဆုံးတွင်တော့ သူသည် အော်ဟစ်ငိုကြွေးနေသကဲ့သို့ ဖြစ်သွားတော့သည်။

ကျန်းရှောက်မင်မှာ မှင်တက်သွား၏။ သူသည် ချန်ရှန်း၏ ဤကဲ့သို့သော အမူအရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။

​"နောက်ဆုံးတော့... ရှာတွေ့ပြီ"

ဖန့်ချန်၏ ဝိညာဉ်သည် ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာကာ ကျန်းရှောက်မင်ကို အကြိမ်အနည်းငယ် အကဲခတ်ကြည့်ပြီးနောက် ရှဲ့အာမန် ရှာခိုင်းထားသည့် လူမှာ ဤသူပင်ဖြစ်ကြောင်း အတည်ပြုလိုက်တော့သည်။

အခန်း (၁၇၀၈) - ငါက မိစ္ဆာအရှင်သခင်ပဲ

​ကျန်းရှောက်မင်သည် ချန်ရှန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေပြီး ဘာစကားမှ ပြန်မပြောပေ။

​ချန်ရှန်းသည် ထိုအမူအရာကို မြင်သောအခါ ရုတ်တရက် လက်ကို လွှတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဟန်ဖြင့် ဆိုလိုက်သည်။

"ကျန်းရှောက်မင်... အကယ်၍ မင်းတောင်မှ ထွက်ပေါက်မရှာနိုင်ဘူးဆိုရင် သေသွားတဲ့သူတွေ အကုန်လုံး အလကားဖြစ်ကုန်ပြီ။ မင်း သေချာစဉ်းစားကြည့်ပါဦး"

​ပြောပြီးနောက် သူသည် လူများကို ဦးဆောင်ကာ လှည့်ထွက်သွားတော့သည်။ ကျန်းရှောက်မင် တစ်ယောက်တည်း ထိုနေရာတွင် ကျန်ရစ်ခဲ့ကာ ငေးငိုင်စွာ စဉ်းစားနေမိသည်။

​"ထွက်ပေါက်လား"

ကျန်းရှောက်မင်က မိမိကိုယ်ကို လှောင်ရယ်သလိုမျိုး ရုတ်တရက် ပြုံးလိုက်သည်။

​ဘယ်လိုလုပ်ပြီး ထွက်ပေါက်ရှိမှာလဲ။

သူသည် အရင်က ပါရမီထူးချွန်သည်ဆိုဦးတော့ ချီသန့်စင်ခြင်း ကျင့်ကြံဆင့် သာ ရှိသေးသည်။

မြို့ပျက်ပြီး လူတွေ အကုန်သေဆုံးခဲ့ရတဲ့ နောက်ကွယ်က ကြောက်မက်ဖွယ် ဘေးအန္တရာယ်က ဘယ်လောက်တောင် ကြီးမားလိုက်သလဲ။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျန်းရှောက်မင်သည် ထိုနေရာမှာပင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကာ မျက်လုံးများကို တင်းတင်းမှိတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ လက်ချောင်းထိပ်များမှ ဖြူဖွေးသော အငွေ့အသက် ပါးပါးလေးတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်သွားတော့သည်။

​စက္ကန့်အနည်းငယ် ကြာသောအခါ သူ၏ မျက်နှာမှာ ရုတ်တရက် နီမြန်းလာပြီး လည်ချောင်းထဲမှ ချိုအီအီ အရသာတစ်ခု ခံစားလိုက်ရကာ "ဗူး" ကနဲ သွေးမြူတိမ်တစ်ခုကို အန်ထုတ်လိုက်ရသည်။

​ကျန်းရှောက်မင်၏ အမူအရာမှာ အားအင်ချည့်နဲ့သွားပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

"တွက်ချက်လို့ မရဘူး... လုံးဝကို တွက်ချက်လို့ မရပါလား။ ငါ ဘယ်လိုနည်းနဲ့ ရလာမှန်းမသိတဲ့ ဒီ ရွှမ်မန် ပညာရပ်ကတောင် ငါ့ရဲ့ အနာဂတ်လမ်းစကို တွက်ချက်ဖို့ ခက်ခဲနေတယ်။ ဒီဘေးအန္တရာယ်က ဘယ်ကလာသလဲဆိုတာတောင် တွက်လို့မရဘူး။

ဒါတွေကိုတောင် ရှင်းရှင်းလင်းလင်း မသိရဘဲနဲ့ ငါက ဘယ်လိုလုပ် မိသားစုအတွက် ကလဲ့စားချေပေးနိုင်မှာလဲ မြို့ထဲက အပြစ်မဲ့တဲ့ လူတွေအတွက်ကော ဘယ်လိုလုပ်ပေးနိုင်မှာလဲ "

​"ကျန်းရှောက်မင်... အဲဒီမှာ ဘာခိုးပြီး နားနေတာလဲ မြန်မြန် လာတော့... တွင်းထဲ ဆင်းရတော့မယ်"

တစ်စုံတစ်ယောက်က အဝေးမှ လှမ်းအော်လိုက်သည်။

​"လာပြီ"

ကျန်းရှောက်မင်က ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ပြီး မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။

​ဖန့်ချန်သည် သူ၏ ကျောပြင်ကို ကြည့်ရင်း တွင်းဝထဲသို့ ပျောက်ကွယ်သွားသည်အထိ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

​"ရွှမ်မန် ပညာရပ်..."

ဖန့်ချန်၏ မျက်ဝန်းထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။

​ယခုလေးတင် ကျန်းရှောက်မင် အသုံးပြုခဲ့သည့် နည်းစနစ်က သူ့ကို လီတောက်ယဲ့ ကို သတိရစေသည်။

ဆင်တူသော ဖြူဖွေးသည့် အငွေ့အသက်၊ ထပ်တူကျသော ဗေဒင်တွက်ချက်ခြင်း နည်းလမ်း။

ဤနှစ်ယောက်ကြားမှာ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေသလား။

​"တစ်ယောက်က အထက်ပိုင်း နယ်မြေသုံးခုထဲက ထိုက်ချန်းနယ်မြေမှာ၊ နောက်တစ်ယောက်က အောက်ပိုင်း နယ်မြေခြောက်ခုထဲက ရှေးဟောင်းနယ်မြေမှာ။

သူတို့နှစ်ယောက်က အရမ်းဝေးကွာလွန်းတယ်။ အထူးနည်းလမ်း မရှိဘဲနဲ့ အဆင့် ၉ မသေမျိုး တစ်ယောက်တောင် တစ်ခေါက်သွားဖို့ နှစ်ပေါင်းများစွာ ကြာမှာပဲ..."

​ခေတ္တမျှ စဉ်းစားပြီးနောက် ဖန့်ချန်သည် သူ၏ အတွေးများကို ဖိနှိပ်ကာ ဝိညာဉ်ကို ကောင်းကင်သို့ ပျံတက်စေပြီး ခန္ဓာကိုယ်ရှိရာ အရပ်သို့ ပြန်လည် ပျံသန်းသွားတော့သည်။

​ခတစ်လခွဲခန့် ကြာသောအခါ...

​ကျန်းရှောက်မင်သည် သတ္တုတွင်းထဲမှ တွားသွား၍ ထွက်လာပြီး ယခုတစ်ခေါက် တူးရရှိသော ကျောက်များကို စောင့်ကြပ်ကြည့်ရှုသူ ထံ အပ်နှံလိုက်သည်။ ထို့နောက် သူသည် ခြေထောက်ကို တစ်ရွတ်တိုက်ဆွဲလျက် အဝေးသို့ ထွက်ခွာသွားသည်။

ယခုတစ်ခေါက် သတ္တုတွင်း အနက်ပိုင်းတွင် ဘေးအန္တရာယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသဖြင့် သူ၏ ဘယ်ဘက်ခြေထောက် ဒဏ်ရာရသွားခြင်း ဖြစ်သည်။

​ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးနောက် သူ ရုတ်တရက် ကြောင်စီစီဖြင့် ရပ်တန့်သွားသည်။

သူ၏ ရှေ့တွင် သတ္တုတွင်း အလုပ်သမားတစ်စု ဝိုင်းအုံနေသည်ကို တွေ့လိုက်ရ၏။

ထိုအုပ်စုနှစ်ခုလုံးကို သူ သိသည်။ သူတို့သည် ပိုင်ရှန့်သတ္တုတွင်းတွင် အနည်းငယ် ဩဇာရှိသော အုပ်စုများ ဖြစ်ကြသည်။

​သူတို့သည် ပြင်းထန်စွာ အငြင်းပွားနေကြပုံရပြီး ထိုအသံများကြောင့် အနီးနားရှိ စောင့်ကြပ်ကြည့်ရှုသူများပင် အေးစက်သော အကြည့်များဖြင့် လှမ်းကြည့်နေကြသည်။

ပိုင်ရှန့်သတ္တုတွင်းတွင် ထိုကဲ့သို့ အငြင်းပွားမှုများက ခဏခဏ ဖြစ်လေ့ရှိသည်။ ကျန်းရှောက်မင်ကို မှင်တက်သွားစေသည်မှာ လူအုပ်စုနှစ်ခုကြားတွင် လဲလျောင်းနေသည့် လူတစ်ယောက်ကြောင့်ပင် ဖြစ်သည်။

​ထိုသူမှာ သူနှင့် တစ်နယ်တည်းသားဖြစ်သော ချန်ရှန်း ဖြစ်သည်။

ချန်ရှန်း၏ မျက်နှာမှာ သွေးမရှိသလို ဖြူလျော်နေပြီး မျက်လုံးများ ပိတ်လျက် မြေပြင်ပေါ်တွင် အသံတိတ် လဲလျောင်းနေသည်။ အသက်ဓာတ် ကင်းမဲ့နေသကဲ့သို့ပင်။

​ကျန်းရှောက်မင်သည် ခေတ္တမျှ ကြည့်နေပြီးနောက် ချန်ရှန်းရှိရာသို့ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။

နီးကပ်လာသည်နှင့်အမျှ နှစ်ဖက်စလုံး၏ အော်ဟစ်ဆဲဆိုသံများက ပိုမို ရှင်းလင်းလာသည်။

နားထောင်ကြည့်ရသလောက်တော့ နှစ်ဖက်အုပ်စုသည် သတ္တုတွင်းအောက်တွင် ပြဿနာတက်ခဲ့ကြပြီး ထိုပြဿနာမှာ အပြင်ရောက်သည့်တိုင် မပြီးသေးခြင်း ဖြစ်သည်။

ချန်ရှန်းသည်လည်း ထိုပြဿနာကြောင့်ပင် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်၏။

​"ကျန်းရှောက်မင် လာနေပြီ"

တစ်ယောက်က ကျန်းရှောက်မင် လာနေသည်ကို သတိပြုမိသွားသည်။

နှစ်ဖက်စလုံး၏ ဆဲဆိုသံများ တဖြည်းဖြည်း တိုးသွားပြီး သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

​ကျန်းရှောက်မင်သည် ချန်ရှန်း၏ ရုပ်အလောင်းရှေ့သို့ ရောက်လာပြီး သူ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ရုပ်အလောင်းကို မယူ၍ ထွက်ခွာရန် ပြင်လိုက်သည်။

​"နေဦး... ကိစ္စမပြတ်သေးဘဲနဲ့ ဘယ်သူမှ ထွက်မသွားရဘူး"

တစ်ယောက်က ကျန်းရှောက်မင်၏ လမ်းကို ပိတ်ရပ်လိုက်သည်။

"ချန်ရှန်းရဲ့ အလောင်းကို ပြန်ချထားလိုက်စမ်း"

​"သူ သေနေပြီလေ"

ကျန်းရှောက်မင်က သတိပေးလိုက်သည်။

​"သေလည်း သွားလို့မရဘူး။ ငါတို့ ပျောက်သွားတဲ့ ကျောက်တွေက သူ့ကိုယ်ပေါ်မှာ ရှိနေနိုင်သေးတယ်"

တစ်ဖက်လူက လှောင်ပြုံး ပြုံးလိုက်သည်။

​"မင်းတို့ကြားမှာ ဘယ်လို ပြဿနာတွေပဲ ရှိရှိ ငါ ဂရုမစိုက်ဘူး။ ချန်ရှန်းက ငါနဲ့ တစ်နယ်တည်းသား။

သူ့ရဲ့ မိသားစုဝင်တွေလည်း အကုန်သေကုန်ကြပြီဆိုတော့ သူ ဒီမှာ သေသွားရင် ငါပဲ သူ့ကို အလောင်းသိမ်းပေးရမှာပဲ"

ကျန်းရှောက်မင်က တည်ငြိမ်စွာ ပြောလိုက်သည်။

​"အလောင်းသိမ်းမယ် ဟုတ်လား ကိစ္စပြတ်မှ သိမ်းလည်း မနောက်ကျပါဘူး။ ဒါမှမဟုတ် ချန်ရှန်းက ပစ္စည်းတွေကို ဘယ်မှာ ဖုံးထားလဲဆိုတာ မင်း သိနေတာလား။

ဗိုက်ထဲ မျိုချထားတာလား ဒါဆိုရင်တော့ ငါတို့ သူ့ဗိုက်ကို ခွဲကြည့်ရလိမ့်မယ်"

တစ်ဖက်လူများထဲမှ တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် လူတစ်ယောက်က ရုတ်တရက် စကားပြောလိုက်သည်။

သူ စကားပြောလိုက်သည်နှင့် ကျန်သူများမှာ ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ ကျင့်ကြံဆင့်မှာ မနိမ့်ဘဲ ချီသန့်စင်ခြင်းအဆင့် ၁၂ ဖြစ်ပြီး မကြာမီ အခြေခံတည်ဆောက်ခြင်းအဆင့် သို့ တက်လှမ်းတော့မည့်သူ ဖြစ်သောကြောင့်ပင်။

​"မိတ်ဆွေ ရှန်း... ဒီမှာက အပူရှိန် အရမ်းပြင်းတယ်။ ချန်ရှန်းရဲ့ အလောင်းကို ဒီအတိုင်း ထားထားရင် ခဏနေရင် ပုပ်စော်နံလာလိမ့်မယ်"

ကျန်းရှောက်မင်က တစ်ဖက်လူကို အကျိုးအကြောင်းပြ၍ ပြောကြည့်သည်။

​သို့သော် တစ်ဖက်လူက နားမထောင်သည့်အပြင် ကျန်းရှောက်မင် ရှေ့သို့ တိုက်ရိုက်လျှောက်လာပြီး ပါးရိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားစေသည်။

သူသည် ကျန်းရှောက်မင်ကို အထက်စီးမှ ငုံ့ကြည့်ကာ

"ငါ ပြောပြီးပြီလေ... ကိစ္စမရှင်းမချင်း ချန်ရှန်းရဲ့ အလောင်းကို ယူမသွားရဘူး။ ပုပ်စော်နံရင်လည်း မရဘူး"

​"ပုပ်စော်နံရင်လည်း မရဘူးလား"

ကျန်းရှောက်မင်သည် တစ်ဖက်လူကို ကြောင်စီစီဖြင့် ကြည့်နေမိပြီး သူ၏ မျက်ဝန်းထဲတွင် တွေဝေမှုများ ဖြတ်ပြေးသွားသည်။

"ကျွန်တော်တို့အားလုံးက သတ္တုတွင်း အလုပ်သမားတွေပဲ၊ ဘာလို့ တစ်ယောက်ကိုတစ်ယောက် နှိပ်စက်နေကြတာလဲ လက်ရှိ အခြေအနေမှာ ကျွန်တော်တို့ထက် ပိုသနားစရာကောင်းတဲ့ ကျင့်ကြံသူတွေ ရှိသေးလို့လား "

​"ဘာတွေ လျှောက်ပြောနေတာလဲ"

တစ်ဖက်လူက မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းရှောက်မင်မှာ သူ၏ လက်ရှိ အဆင့်အတန်းကို အသားမကျသေးဟုသာ မှတ်ယူလိုက်သည်။

နှစ်ဖက်စလုံးသည် နောက်တစ်ကြိမ် အငြင်းပွားမှုထဲသို့ ပြန်လည် နစ်မြုပ်သွားကြပြန်သည်။

​"သူတို့ကို သတ်ပစ်ချင်သလား"

အသံတစ်ခုက ကျန်းရှောက်မင်၏ နားစည်ထဲတွင် ရုတ်တရက် မြည်ဟည်းသွားသည်။

​"ခင်ဗျားက ဘယ်သူလဲ"

​"ငါလား ငါက မိစ္ဆာအရှင်သခင်ပဲ။ မင်း သူတို့ကို သတ်ပစ်ချင်တယ်ဆိုရင် ငါ မင်းကို ကူညီနိုင်တယ်"

​"မိစ္ဆာအရှင်သခင်"

ကျန်းရှောက်မင်၏ အမူအရာမှာ တွေဝေသွားသည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း သူ့ကို စကားပြောနေသူမှာ မည်သူမှန်း မတွေ့ရပေ။

​"ဟုတ်တယ်... ငါက မိစ္ဆာအရှင်သခင်ပဲ။ မြန်မြန် ဖြေစမ်း... သူတို့ကို သတ်ချင်သလား သူတို့ကို သတ်ပစ်လိုက်ရင် မင်းရဲ့ သူငယ်ချင်းကို ကောင်းကောင်း သင်္ဂြိုဟ်ပေးလို့ ရပြီပေါ့"

​"ဪ... ငါ မိစ္ဆာဘေးသင့်နေတာကိုး "

ကျန်းရှောက်မင်က ရုတ်တရက် သဘောပေါက်သွားသည်။ ထို့နောက် သူသည် နားထဲမှ အသံကို ဂရုမစိုက်တော့ဘဲ ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်ချလိုက်ကာ ပါးစပ်မှ တိုးညင်းစွာ ရွတ်ဆိုနေတော့သည်။ စိတ်ငြိမ်စေသည့် ကျမ်းစာတစ်ပုဒ်ကို ရွတ်ဆိုနေပုံရသည်။

​လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ အနီးနားရှိ လူများအားလုံး မိစ္ဆာဘေးသင့်ခြင်း ကို ကြုံတွေ့ခဲ့ရသည်။ ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စအချို့မှာ ယခုတိုင် မျက်စိထဲ၌ မြင်ယောင်နေဆဲ ဖြစ်သည်။

ထိုစဉ်က သူသည် မိမိကိုယ်တိုင် ဘာကြောင့် မိစ္ဆာဘေး မသင့်ရသနည်းဟုပင် ထူးဆန်းနေခဲ့သေးသည်။

အခု ပြန်စဉ်းစားကြည့်တော့မှ ဤမိစ္ဆာဘေးက အရောက်နောက်ကျနေခြင်းသာ ဖြစ်ပုံရသည်။

​အချိန်မည်မျှ ကြာသွားသည်မသိ... အငြင်းပွားနေသည့် နှစ်ဖက်စလုံးမှာ ကျန်းရှောက်မင်၏ ထူးဆန်းသော အခြေအနေကို နောက်ဆုံးတွင် သတိပြုမိသွားကြသည်။

​"ဒါ... မိစ္ဆာဘေးသင့်တာလား"

တစ်ယောက်က မတင်မကျဖြင့် မေးလိုက်သည်။

​"ဘာလို့ မိစ္ဆာဘေးက နောက်တစ်ခါ ပြန်ရောက်လာတာလဲ "

နောက်တစ်ယောက်က အေးစက်သော လေကို ရှူသွင်းရင်း အော်ဟစ်လိုက်သည်။

​အနားတွင် အခြေအနေကို ကြည့်နေသော စောင့်ကြပ်ကြည့်ရှုသူသည် ကောင်းကင်မှ ပျံသန်းရောက်ရှိလာပြီး ကျန်းရှောက်မင်မှာ မိစ္ဆာဘေးသင့်နေပြီဖြစ်ကြောင်း တွေ့ရှိသောအခါ သူ၏ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။

စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် ရုတ်တရက် ဓားပျံ ကို ထုတ်ယူကာ ကျန်းရှောက်မင်ကို ခုတ်ပိုင်းရန် ရွယ်လိုက်တော့သည်။

​လူတိုင်း ထိတ်လန့်သွားကြသော်လည်း မည်သူမျှ တားဆီးရန် မဝံ့ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုစောင့်ကြပ်ကြည့်ရှုသူမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သဖြင့် သူတို့အားလုံး ပူးပေါင်းလျှင်ပင် တားနိုင်မည် မဟုတ်သောကြောင့်ပင်။

​ဓားပျံမှာ ကျန်းရှောက်မင်၏ ကိုယ်ပေါ်သို့ ကျရောက်တော့မည့် ဆဲဆဲတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဓားဦးဖျားကို လက်ဖြင့် အသာအယာ ညှပ်၍ ဖမ်းလိုက်သည်။

အရှိန်ဖြင့် ပြေးဝင်လာသော ဓားမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဓားပေါ်မှ အင်အားများက ချက်ချင်း မပျယ်သွားသေးသဖြင့် ဓားရိုးမှာ တုန်ခါနေပြီး 'ဝွီ' ကနဲ မြည်သံ ထွက်ပေါ်နေတော့သည်။

​"မင်းက ဘယ်သူလဲ"

ထိုစောင့်ကြပ်ကြည့်ရှုသူမှာ ထိတ်လန့်တုန်လှုပ်သွားသည်။

"ဘာလို့ ငါ ဒီလူကို သတ်တာကို တားတာလဲ သူက မိစ္ဆာဘေးသင့်နေပြီ၊ မိစ္ဆာဝင်တော့မှာ "

​"မိစ္ဆာဘေးသင့်တိုင်းလည်း မိစ္ဆာဝင်မှာ မဟုတ်ပါဘူး"

ဖန့်ချန်က ဓားကို ပိုင်ရှင်ထံသို့ အမှတ်မထင် ပြန်ပစ်ပေးလိုက်သည်။

"မင်းတို့ ဒီမှာ လူစုမနေကြနဲ့တော့... အကုန်လုံး လူစုခွဲလိုက်ကြတော့"

​ပြောပြီးနောက် သူ၏ အကြည့်မှာ ကျန်းရှောက်မင်ဆီသို့ ကျရောက်သွားကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိတော့သည်။

All Chapters