← Chapters

တန်ခန်း

Vol. 39 Ch. 389

တန်ခန်း

Vol. 39 Ch. 389

ဝမ်ရှိုယီ၏ မျက်နှာပြောင်တိုက်မှုနှင့် မျက်နှာလိုက်မှုက သိသာထင်ရှားနေသော်လည်း ပတ်ဝန်းကျင်ရှိ တက်လှမ်းသူများထဲမှ မည်သူမျှ စကားတစ်ခွန်း မဟရဲကြပေ။ ထိုလူက အစွမ်းထက်ရုံသာမက ခွန်းလွန် အင်မော်တယ်နန်းတော်မှ ဖြစ်နေသည်။ သူတို့အနေဖြင့် ပြဿနာမရှာရဲသည့် လူတစ်ယောက် ဖြစ်နေသည်။

စီနီယာချန် ကတော့… သူက တကယ့်လူစစ်စစ်ပင်။

အရေးကြီးဆုံး အချိန်များတွင် တရားမျှတမှုဘက်၌ အမြဲတမ်း ရပ်တည်ပေးသည်။

လူတိုင်းက ချန်ဟွိုက်အန်ကို လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

အရှင်လတ်လတ် သူတော်စင်ကြီးပါလား။

အကယ်၍ သူတို့သာ ဝမ်ရှိုယီကို လူအယောက်နှစ်ဆယ်စီ အဖွဲ့ခွဲပြီး အမြောက်စာအဖြစ် ဆက်လွှတ်ခိုင်းနေမည်ဆိုလျှင် တက်လှမ်းသူ တစ်ထောင် ဆိုလျှင်တောင် အထဲမှ မိစ္ဆာများ၏ သတ်ဖြတ်မှုကို ဖြည့်ဆည်းပေးရန် လုံလောက်မည် မဟုတ်ပေ။

ထို့ကြောင့် အဖွဲ့က အတိုချုံး ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် မိစ္ဆာချိပ်ပိတ်မျှော်စင် အတွင်းသို့ အတူတကွ ဝင်ရောက်ခဲ့ကြသည်။

အဓိက ထိပ်တန်းလူများကို ကာကွယ်ရန်အတွက် အားနည်းပြီး ပါရမီ အနည်းဆုံး တက်လှမ်းသူများကို ရှေ့တန်းသို့ လွှတ်ခဲ့သည်။ ချန်ဟွိုက်အန်၊ လီချင်းရန်နှင့် အခြား မိစ္ဆာနှိမ်နင်းသူဗျူရိုမှ အဖွဲ့ဝင်များကို ရွှေရောင်အနှစ်သာရနှင့် အခြေခံအုတ်မြစ်အဆင့် တက်လှမ်းသူများနှင့်အတူ အလယ်တွင် ထားရှိခဲ့သည်။ နောက်ပိုင်းကိုတော့ ချီစုစည်ခြင်းအဆင့် အမြောက်စာများက စောင့်ကြပ်ခဲ့သည်။

ချန်ဟွိုက်အန်က မိစ္ဆာချိပ်ပိတ်မျှော်စင်၏ အတွင်းပိုင်းတွင် မိစ္ဆာများ အပြည့် ဖြစ်နေမည်ဟု ထင်ခဲ့သည်။

အဆိုးဆုံး အခြေအနေဆိုလျှင် ခေါင်းဆောင်မိစ္ဆာတစ်ကောင်က ထွက်လာပြီး သူတို့ကို ပါးချသွားလိမ့်မည်။

သို့သော် ထိုအစား မိစ္ဆာချိပ်ပိတ်မျှော်စင်၏ ပထမထပ်က ခမ်းနားသော ခန်းမကြီးတစ်ခု ဖြစ်နေ၏။

ထို့အပြင် အပြင်ဘက်မှ ကြည့်ရသလောက် မမှောင်မိုက်ပေ။ နံရံများတွင် အထူး အလင်းရောင်ထွက်သော ကျောက်တုံးများ စီတန်းထားပြီး နေရာတစ်ခုလုံးကို မှိုင်းဝေဝေနှင့် နူးညံ့သော အလင်းရောင်ဖြင့် လွှမ်းခြုံပေးထားသည်။

သူတို့၏ အထက်တွင် အမိုးခုံးက အတွင်းသို့ ကွေးဝင်နေပြီး ၎င်းပေါ်တွင် အသေးစိတ်ရေးဆွဲထားသော နံရံဆေးရေးပန်းချီတစ်ခု ရှိနေသည်။ ဟောင်းနွမ်းနေမှုကို အကဲခတ်ကြည့်လျှင် အနည်းဆုံး နှစ်ရာနှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး နှစ်တစ်ထောင်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အံ့ဩစရာ ကောင်းလောက်အောင် ရှင်းလင်းနေဆဲ ဖြစ်သည်။

နံရံဆေးရေးပန်းချီတွင် ကျင့်ကြံသူတစ်ဦးက သူ့ကိုယ်သူ ဓားဖြင့် ထိုးချလိုက်သည်ကို ပြသထားသည်။

ထို့နောက် သူက သုံးပိုင်း ကွဲသွား၏။

ပွားများလာသော ကိုယ်ပွားတစ်ခုစီက မတူညီသော နယ်ပယ်တစ်ခုတွင် သွားရောက် လေ့ကျင့်ကြသည်။

နောက်ဆုံးတွင် သုံးယောက်စလုံးက ကိုယ်ပိုင်လမ်းစဉ်များကို ကျွမ်းကျင်ပိုင်နိုင် သွားကြပြီး တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစပ်လိုက်သောအခါ ကျင့်ကြံသူက တိမ်တိုက်တစ်ခုကို စီးလျက် တက်လှမ်းသွားခဲ့သည်။

"ဒီနံရံဆေးရေးပန်းချီက တော်တော်လေး ဖန်တီးဉာဏ် ကောင်းတာပဲ။ ဒီလူက သူ့ရဲ့ ကျင့်စဉ်မှာ အခက်အခဲကြုံတော့ သူ့ကိုယ်သူ သုံးပိုင်းပိုင်းလိုက်ပြီး သီးခြားစီ သွားလေ့ကျင့်ခိုင်းလိုက်တယ်ပေါ့။ ပြီးတော့မှ အဆင့်တက်ဖို့အတွက် အားလုံးကို ပြန်ပေါင်းလိုက်တာလား။ တကယ့် ဉာဏ်ကြီးရှင်ပဲ"

ချန်ဟွိုက်အန်သည် ၎င်း၏ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းကို အံ့ဩသွားခဲ့သည်။

သူသာ အခွင့်အရေးရရင် သေချာပေါက် စမ်းကြည့်ချင်မိသည်။

"ဆရာ။ ဒီနံရံဆေးရေးပန်းချီက အလောင်းကောင်သုံးခု ဖြတ်တောက်ခြင်း ဆိုတဲ့ ဒဏ္ဍာရီနဲ့ နည်းနည်း တူနေတယ်…" လီချင်းရန်က နံရံဆေးရေးပန်းချီကို မျက်မှောင်ကြုတ်ကြည့်ရင်း ပြောလိုက်သည်။

"မရီး။ အလောင်းကောင် သုံးခု ဖြတ်တောက်ခြင်းဆိုတာ ဘာလဲ။"

ဝမ်ရှိုယီက ရှေ့သို့ ကိုင်းလာပြီး ထိုဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးကြောင်း သိသာနေသည်။

"အလောင်းကောင် သုံးခု ဖြတ်တောက်တယ် ဆိုတာက နှလုံးသားကို သန့်စင်ပြီး ဉာဏ်အလင်းပွင့်ဖို့ ပိုမိုလွယ်ကူအောင် ကိုယ့်ကိုယ်ကိုယ်ထဲက အခြေခံ တပ်မက်မှု သုံးခုကို ဖြတ်တောက်လိုက်တာ…" လီချင်းရန်က ချန်ဟွိုက်အန်ကို တစ်ချက်ကြည့်ကာ ရှင်းပြလိုက်သည်။

သူက အသေအချာ နားထောင်နေသည်ကို မြင်သောအခါ သူ့ကို စမ်းသပ်နေသည်ဟု ထင်ကာ ပိုမို အသေးစိတ် ရှင်းပြလေသည်။ "အလောင်းကောင် သုံးခုဆိုတာ အပေါ်ပိုင်း အလောင်းကောင် ဖန်ဟောက်က လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်တယ်။ အလယ်ပိုင်း အလောင်းကောင် ဖန်ကျိက စည်းစိမ်ဥစ္စာကို တပ်မက်တယ်၊။ ပြီးတော့ အောက်ပိုင်း အလောင်းကောင် ဖန်ကျောင်းက အလှအပကို စွဲလမ်းတယ်။ ဉာဏ်အလင်းပွင့်လုနီးပါး ဖြစ်နေတဲ့ ကျင့်ကြံသူ တစ်ယောက်ဟာ တစ်နေ့မှာ ဉာဏ်အလင်းရပြီး အဲဒီသုံးခုလုံးကို ဖြတ်တောက်ပြီး တက်လှမ်းသွားနိုင်တယ်။"

"ဪ။ နားလည်ပြီ။" ဝမ်ရှိုယီက သူ၏ လက်ဖဝါးကို လက်သီးဖြင့် ထုလိုက်ပြီး မြူခိုးများ ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါဆို မဟာတာအိုကို လိုက်နာဖို့အတွက် ဆန္ဒအားလုံးကို စွန့်လွှတ်ရမယ်ပေါ့…"

လီချင်းရန်က မဖြေခဲ့ပေ။ ထိုအစား သူက လှည့်ကာ ချန်ဟွိုက်အန်ကို ဝိုင်းစက်သော မျက်လုံးများဖြင့် စောင့်စားနေသည့်အလား စိုက်ကြည့်နေခဲ့သည်။

"ဆရာ။ ဆရာရော တစ်နေ့ကျရင် အလောင်းကောင် သုံးခုကို ဖြတ်တောက်မှာလား။"

"အစားအသောက်နဲ့ အလှအပကို တပ်မက်တာ သဘာဝပါပဲ။" ချန်ဟွိုက်အန်က ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။ "သေချာတာပေါ့။ အလောင်းကောင် သုံးခုကို ဖြတ်တောက်တာ အင်မော်တယ်လမ်းစဉ် ဖြစ်နိုင်ပေမဲ့ အဲဒါတွေ ဖြတ်တောက်လိုက်ရင် မင်းက အေးစက်စက် စက်ရုပ်တစ်ရုပ် ဖြစ်မသွားဘူးလား။ အဲဒီလို လူမျိုးက လောကကြီးရဲ့ နာကျင်မှုကို ခံစားနိုင်ပါဦးမလား။ အသက်ရှင်ရတဲ့ ပျော်ရွှင်မှုကိုရော ခံစားနိုင်ပါဦးမလား။ ကောင်းကင်ဘုံက ရက်စက်ကောင်း ရက်စက်နိုင်ပေမဲ့ လူသားတွေကတော့ အဲဒီလို မဖြစ်သင့်ဘူး။"

"ဟုတ်တယ်။ ဆရာပြောတာ မှန်တယ်။"

လီချင်းရန်က အစာကောက်နေသော ကြက်ကလေး တစ်ကောင်လို ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်သည်။

သူ၏ဆရာက အလောင်းကောင်သုံးခုကို ဖြတ်တောက်လိုက်မည်ကို သူ သေချာပေါက် မလိုလားပေ။

အကယ်၍ သူသာ ထိုသို့လုပ်လိုက်ပါက သူ့ကို နှစ်သက်တော့မည် မဟုတ်ပေ။ ထိုကဲ့သို့ ဖြစ်လာမည်ကို သူက ဘယ်လိုလုပ် ခွင့်ပြုနိုင်မည်နည်း။

"ဒီနံရံဆေးရေးပန်းချီက အလောင်းကောင် သုံးခုကို ဖြတ်တောက်တဲ့ ကွဲပြားတဲ့ နည်းလမ်းတစ်ခုကို ပြသနေတာ ဖြစ်မယ်လို့ ကျွန်မ ထင်တယ်။" လီချင်းရန်က သူ၏ မေးစေ့ကို တွေးတောကာ ပုတ်ရင်း ခန့်မှန်းလိုက်သည်။ "အလောင်းကောင် သုံးခုကို ဖယ်ရှားရမယ့် အပြစ်အနာအဆာတွေလို့ သဘောမထားဘဲ ဒီကျင့်ကြံသူက သူတို့ကို ကိုယ်ပွားတွေအဖြစ် ပြောင်းလဲပြီး သီးခြားစီ လေ့ကျင့်ခိုင်းခဲ့တယ်။ ပြီးတော့ အချိန် ကျလာတဲ့အခါမှာ သူတို့က တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး တက်လှမ်းသွားကြတာပေါ့။"

"ဒါဆို ဒီလိုနံရံဆေးရေးပန်းချီက မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲမှာ ဘာလုပ်နေတာလဲ။"

ချန်ဟွိုက်အန်က မျက်နှာမဲ့လိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါကို မိစ္ဆာချိပ်ပိတ်မျှော်စင်လို့ ခေါ်တယ်လေ။

နံရံဆေးရေးပန်းချီက ကျင့်ကြံသူတွေ မိစ္ဆာတွေကို တိုက်ခိုက်နေတဲ့ပုံ မဖြစ်ရဘူလား။

အနီးကပ် သေချာကြည့်သောအခါ နံရံဆေးရေးပန်းချီက မိစ္ဆာများနှင့် လုံးဝ မပတ်သက်သည်တော့ မဟုတ်ပေ။

သေချာကြည့်ပါက ကျင့်ကြံသူနှင့် သူ၏ကိုယ်ပွားများ ပတ်လည်ရှိ နေရာတွင် မိစ္ဆာများ ပြည့်နှက်နေသည်ကို မြင်ရမည် ဖြစ်သည်။

သို့သော် သူတို့အားလုံးက ကျင့်ကြံသူသည် သူတို့၏ သခင်နှင့် ဘုရင်ဖြစ်သည့်အလား ရိုသေလေးစားပြီး နှိမ့်ချသော အသွင်ရှိကြသည်။

သို့တိုင်အောင် ကျင့်ကြံသူတွင် မိစ္ဆာများနှင့်ဆိုင်သော လက္ခဏာ လုံးဝ မရှိပေ။

တစ်ခုလုံးက ထူးဆန်းနေ၏။

မည်သို့ပင်ဆိုစေ သူတို့က အနုပညာလက်ရာများကို ကြည့်ရှုခံစားရန် ဤနေရာသို့ ရောက်လာခြင်း မဟုတ်ပေ။

ဝမ်ရှိုယီသည် ထိုနေရာကို ဝေ့ကြည့်လိုက်သည်။ မိစ္ဆာများ မရှိ၊ တက်လှမ်းသူများ မရှိ၊ အလောင်းများပင် မရှိပေ။ သို့သော် ခန်းမ၏ အလယ်ဗဟိုတွင် မီတာတစ်ရာကျော် ကျယ်ဝန်းသော စက်ဝိုင်းပုံ ရေကန်တစ်ခု ရှိနေပြီး ခန်းမထဲရှိ အလင်းရောင်များ အားလုံး ထိုနေရာသို့ စုဆုံနေပုံရသည်။ အဝေးမှ ကြည့်လျှင် ဧရာမ ပုလဲလုံးကြီး တစ်လုံးနှင့် တူနေသည်။

ရေတွင်းဝ။

ထိုစကားလုံးက သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့သည်။

အရှင်မ၏ အဆိုအရ မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ထိုးဖောက်ဝင်ရောက်ခြင်း၏ အစစ်အမှန် ပန်းတိုင်မှာ ရေတွင်းဝကို ဖွင့်ရန် ဖြစ်သည်။ ကိုးခုလုံးကို ဖွင့်လိုက်ပါက အထဲရှိ စိတ်ဝိညာဉ်ချီစွမ်းအင်များကို အပြည့်အဝ လွတ်မြောက်စေပြီး ပြန်လည်နိုးထမှုနှင့် ကြီးပွားချမ်းသာမှု ခေတ်ကာလတစ်ခုကို ဖော်ဆောင်ပေးလိမ့်မည်။

သို့သော် ရေတွင်းဝကို ဖွင့်ခြင်းက မိစ္ဆာများကို ချိပ်ပိတ်ခွာပေးခြင်းလည်း ဖြစ်သည်။

တက်လှမ်းသူများ၏ တာဝန်မှာ မိစ္ဆာများ တတ်နိုင်သမျှ အနည်းဆုံး လွတ်မြောက်စေရန် ဖြစ်သည်။ အကောင်းဆုံးကတော့ လုံးဝ မလွတ်မြောက်စေရန်ပင်။

ဆိုလိုသည်မှာ ရေတွင်းဝ မဖွင့်မီ မျှော်စင်ထဲရှိ မိစ္ဆာများကို ရှင်းလင်းပစ်ရပေမည်။ ၎င်းက အခြေခံအားဖြင့် မဖြစ်နိုင်ပေမဲ့ပေါ့။

"စီနီယာ။ အဲဒါ ရေတွင်းဝ ဖြစ်ရမယ်။ သွားကြည့်ရအောင်။"

သူက ချန်ဟွိုက်အန်ကို အမှန်တကယ် မေးနေခြင်း မဟုတ်ဘဲ တက်လှမ်းသူ တစ်စုကို ဦးဆောင်ကာ အလင်းရောင် ထွက်နေသော ရေကန်ဆီသို့ မသွားမီ ကြိုတင် အသိပေးရုံသာ ဖြစ်သည်။

"အုပ်ချုပ်ရေးမှူး။ ကျွန်မတို့ သွားမကြည့်ဘူးလား။ အဲဒီ တောက်ပနေတဲ့ ရေကန်ထဲမှာ ရတနာတွေ ရှိနေရင်ကော…"

မိန်းကလေးများက တောက်ပသောအရာများကို တကယ် သဘောကျကြသည်။

လင်းလင်လင်က ရေကန်၏ တောက်ပမှုကြောင့် အနည်းငယ် ဆွဲဆောင်ခံနေရသည်။

ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ အချင်းချင်း အကဲခတ် ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို သတိထားကြည့်ရှုရင်း အဖွဲ့၏ အနောက်မှ ဖြည်းဖြည်းချင်း လိုက်သွားခဲ့ကြသည်။

ခန်းမထဲတွင် မြူခိုးပါးပါးများ အချိန်မရွေး စတင် ပြည့်နှက်လာသည်ကို ချန်ဟွိုက်အန် သတိပြုမိလိုက်သည်။

ဝမ်ရှိုယီ ပြောသော "ရေတွင်းဝ" နှင့် နီးကပ်လာလေလေ…

မြူခိုးများက ပိုမို သိပ်သည်းလာလေလေ ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ ဘာကိုမျှ ရှင်းလင်းစွာ မမြင်ရတော့ပေ။

အရာအားလုံး အဖြူရောင် မြူခိုးများ ဖုံးလွှမ်းသွားခဲ့၏။

ယခင်က ကြားနေရဆဲဖြစ်သော ဝမ်ရှိုယီနှင့် အခြား တက်လှမ်းသူများ၏ အသံများ ပျောက်ကွယ်သွားခဲ့သည်။

သိသာထင်ရှားသည်မှာ ဤမြူခိုးများက အရာများကို ဖုံးကွယ်ရန် သက်သက် မဟုတ်ဘဲ သူတို့ကို ခွဲထုတ်နေခြင်း ဖြစ်သည်။

သူ၏ ပခုံးပေါ်မှ ပါ့ကျီပင် ပျောက်ကွယ်သွားခဲ့သည်။

ပြီးတော့ လီချင်းရန်ကကော...

ချန်ဟွိုက်အန်က ဘေးနားကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။

"ဆရာ။ ဒီမြူခိုးတွေက ထူးဆန်းတယ်။"

လီချင်းရန်က လက်ကို ဓားလက်ကိုင်ပေါ်တွင် တင်ထားပြီး မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေရင်း သူ၏လက်ကို ဆုပ်ကိုင်ထားမှုက ပိုမို တင်းကျပ်လာသည်။

ချန်ဟွိုက်အန် အနည်းငယ် စိတ်အေးသွားသည်။

ဒီမြူခိုးတွေက အစွမ်းထက်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူတွေကို တစ်ယောက်ချင်းစီ တိတ်တဆိတ် ပိတ်လှောင်နေတယ်။

ဒါပေမဲ့ ဘာဖြစ်လဲ။

ပုံရိပ်ယောင်ကောာင်မလေးဂိမ်းက ပိုပြီး အစွမ်းထက်တယ်။

ငါတို့က "လက်ကိုင်စနစ်" ထဲမှာ ရှိနေတယ်။ ဆိုလိုတာက ငါကိုယ်တိုင် အမှားမလုပ်သရွေ့ အတူတူ ပိတ်လှောင်ခံထားရမှာပဲ။

လီချင်းရန်၏ အမူအရာက လေးနက်သွားသည်။

"ဆရာ၊ ကျွန်မတို့ အရင်ခန်းမထဲမှာ မဟုတ်တော့ဘူးလို့ ထင်တယ်။"

"ဟိုမှာတုန်းက ကျွန်မတို့ လမ်းကြောင်းတွေကို ရှင်းရှင်းလင်းလင်း အာရုံခံလို့ ရသေးတယ်။ ဒါပေမဲ့ ဒီမှာ... ဘာမှ ခွဲခြားလို့ မရဘူး။ ဒါက သီးခြား နေရာလွတ်တစ်ခု ဖြစ်နိုင်တယ်။"

သူ စကားပြောနေစဉ်မှာပင်…

ချန်ဟွိုက်အန်၏ အမြင်အာရုံ အစွန်းတွင် မြူခိုးများကြားမှ အနီရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပေါ်လာသည်။

အရုဏ်တက်ချိန် နေထွက်သကဲ့သို့ အလင်းရောင်က ကြီးမားလာပြီး စိမ်းလန်း စိုပြည်သော တောင်ကြားတစ်ခုကို ပေါ်ထွက်လာသည်။

ရုတ်တရက် ကျယ်လောင်သော သားရဲဟိန်းဟောက်သံကြီးတစ်ခု တောင်ကြား တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

အသံက ပိုမို၍ ရှင်းလင်းလာပြီး တစ်ခုနှင့်တစ်ခု ရောနှောသွား၏။

ထို့ပြင် ပိုမို၍ နီးကပ်လာနေသည်။

ချန်ဟွိုက်အန်က ခေါင်းစောင်းကာ နားထောင်လိုက်ပြီး အံ့ဩစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဟမ်။ ဘာလို့ ဟိန်းသံက စကားလုံး နှစ်လုံးကို ပြောနေသလို ကြားနေရတာလဲ…"

"ဆရာ ကြားတာ မမှားဘူး။"

လီချင်းရန်က နံနက်ခင်း အလင်းရောင်ဖြင့် တောက်ပနေသော တောင်ကြားဆီသို့ ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

"တန်ခန်း…"

သူက ပြောလိုက်သည်။

"ဟိန်းဟောက်သံပြောနေတာက “တန်ခန်း”တဲ့…"

…

All Chapters