မင်း ဒါကို ပြောင်းရမယ်
Vol. 39 Ch. 381
"စီနီယာကို ကာကွယ်ကြ။"
ဝမ်ရှိုယီက မျက်မှောင်ကြုတ်ကာ အပြင်းအထန် အော်ဟစ်လိုက်ပြီး သူ၏ဓားကြီးကို ဆွဲထုတ်လိုက်သည်။
ဝမ်တယ်ပြောင်က ချန်ဟွိုက်အန်၏ အရှေ့သို့ ချက်ချင်း ဝင်ရပ်လိုက်ပြီး ဒုတိယမြောက် လူသားဒိုင်းအဖြစ် ခံယူလိုက်သည်။
ထိုမြင်ကွင်းကြောင့် ချန်ဟွိုက်အန် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားသည်။ အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်လမ်းထဲကလို ခံစားလိုက်ရ၏။
"စီနီယာ" နေရာတွင် "ဆရာတော်"ဟု အစားထိုးလိုက်လျှင် အရာအားလုံးက ကွက်တိ ဖြစ်သွားပေမည်။
လီချင်းရန်က စွန်းဝူခုန်း၊ ဝမ်ရှိုယီက ရှားဝူကျင့်၊ ထို့နောက် ဝမ်တယ်ပြောင်က ကျူးပါကျဲ ဖြစ်သည်။
ကျန်ရှိနေသော တက်လှမ်းသူများကို ပေါင်းထည့်လိုက်လျှင် နဂါးမြင်းဖြူတစ်ကောင် ရရှိမည်ဖြစ်သည်။ ပြီးပြည့်စုံသော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးသွားလေပြီ။
"စီနီယာ၊ ဒီသရဲတစ္ဆေ လက်ပါးစေတွေက အရမ်းများလွန်းတယ်။ ပြီးတော့ သူတို့က တော်တော်လေးလည်း သန်မာတယ်။ သူတို့က အဲဒီတောင်သခင် သတ်ဖြတ်လိုက်တဲ့ သေဆုံးသွားတဲ့ တက်လှမ်းသူတွေနဲ့ နိုးထလာသူတွေနဲ့ တူတယ်။" ဝမ်ရှိုယီက သရဲတစ္ဆေများကို မျက်လုံးမှေးကြည့်လိုက်ပြီး ရင်းနှီးနေသော မျက်နှာအချို့ကို ဝေဝါးဝါး မှတ်မိသွားသည်။
သူတို့က သူ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် တွေ့ဖူးသော တက်လှမ်းသူများ ဖြစ်သည်။
သရဲတစ္ဆေ လက်ပါးစေများ ဖြစ်သွားပြီးနောက်တွင်ပင် သူတို့၏ ခွန်အားမှာ သိပ်ပြီး မကျဆင်းသွားခဲ့ပေ။
ဆိုလိုသည်မှာ သူတို့သည် ယခုအခါတွင် ထောင်ပေါင်းများစွာသော အပိုရန်သူများကို ရင်ဆိုင်နေရပြီ ဖြစ်သည်။
"လခွမ်းတဲ့မှ။ သတင်းအချက်အလက်အဖွဲ့က လုံးဝကို အသုံးမကျဘူး။ ချင်လင်း တောင်တန်းမှာ သရဲတစ္ဆေ လက်ပါးစေတွေ ဒီလောက်အများကြီး ပုန်းနေတာကို သူတို့ ဘာတစ်ခုမှ မသိခဲ့ကြဘူး။"
သို့သော်လည်း သူ၏ ဝှက်ဖဲများကို တွေးမိခြင်းက သူ့ကို လုံးဝ အထိတ်တလန့် မဖြစ်စေရန် တားဆီးထားသည်။
"စီနီယာ။ စီနီယာနဲ့ မရီးက ဒီမှာပဲနေ။ ကျန်တာကို ကျွန်တော်တို့ကိုသာ လွှဲထားလိုက်ပါ။"
ဝမ်ရှိုယီက ချန်ဟွိုက်အန် သေဆုံးသွားမည်ကို အလွန်ကြောက်ရွံ့နေခဲ့သည်။ မည်သို့ပင် ဆိုစေ ချန်ဟွိုက်အန်က ဤမစ်ရှင်သို့ လာရန်ပင် ဆန္ဒမရှိခဲ့ပေ။
ထို့အပြင် လမ်းတစ်လျှောက်လုံးတွင် သူတို့ မိစ္ဆာများကို အမဲလိုက်ပြီး မိစ္ဆာအမြုတေများ ရိတ်သိမ်းချိန်တွင်လည်း ချန်ဟွိုက်အန်က စိတ်ဝင်စားမှု လုံးဝမရှိသလောက်ပင် ပြသခဲ့သည်။
သူ့အတွက် ထိုမိစ္ဆာအမြုတေများက အခြေခံအားဖြင့် အမှိုက်အဆင့် အရင်းအမြစ်များသာ ဖြစ်သည်။
တကယ်တမ်းတွင်လည်း... ထိုကဲ့သို့ ဖြစ်နေခဲ့သည်။
ချင်းယွန်ဘုံတွင် မိစ္ဆာအများအပြား ရှိသည်။
ထိုနေရာမှ ကျင့်ကြံသူများသည် ကျင့်ကြံရန်အတွက် မိစ္ဆာအမြုတေများကို အသုံးပြုခဲသည်။ ၎င်းတို့တွင် စိတ်ဝိညာဉ်ချီစွမ်းအင်များ ပါဝင်သော်လည်း ၎င်းကို ထုတ်ယူရသည်မှာ ဒုက္ခများပြီး ဘေးထွက်ဆိုးကျိုး အန္တရာယ်လည်း ရှိသောကြောင့်ပင်။
ပုံမှန်အားဖြင့် မိစ္ဆာအမြုတေများကို ဆေးဖော်စပ်ခြင်း သို့မဟုတ် လက်နက်ပုံ သွင်းခြင်းတို့တွင် အရန်ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုကြပြီး ထိုအချိန်၌ပင် အထူးဂုဏ်သတ္တိရှိသော အဆင့်မြင့် အမြုတေများသာလျှင် တန်ဖိုးရှိကြသည်။
ဤကျားမိစ္ဆာများ၏ အမြုတေများက အရည်အချင်း မပြည့်မီပေ။
သို့သော် ကျားဘုရင်၏ အမြုတေက ချန်ဟွိုက်အန်၏ စိတ်ဝင်စားမှုကို အနည်းငယ် ဆွဲဆောင်နိုင်ပေလိမ့်မည်။
သို့သော် သရဲတစ္ဆေ လက်ပါးစေများက အလွန် များပြားလွန်းနေ၏။
ဝမ်ရှိုယီက တက်လှမ်းသူများကို ဦးဆောင်ကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း သရဲတစ္ဆေ လက်ပါးစေများက အပြီးတိုင် သေမသွားကြောင်းကိုသာ တွေ့ရှိလိုက်ရသည်။ သူတို့က ဖျက်ဆီးခံရပြီး မကြာမီမှာပင် ပြန်လည်ရှင်သန်လာကြသည်။
ပြန်လာတိုင်း သူတို့ ပိုမိုအားနည်းလာကြသော်လည်း...
အရေအတွက်က သောက်ကျိုးနည်း များလွန်းနေသည်။
ချန်ဟွိုက်အန် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိခဲ့ပေ။ သူက ပါ့ကျီနှင့် လီချင်းရန်တို့ကို အတွေ့အကြုံ ရစေရန်အတွက်သာ ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်ပြီး အဆင့်တက်ရန် အတွက် အားကောင်းသော မိစ္ဆာများကို တိုက်ခိုက်ရမည် ဖြစ်သည်။
ဤအဆင့်နိမ့် မိစ္ဆာများနှင့် သရဲတစ္ဆေ လက်ပါးစေများက ၎င်းအတွက် အထောက်အကူ ဖြစ်မည်မဟုတ်ပေ။
သို့သော် ကျောက်ရင်းနှင့် အခြားသူများ သရဲတစ္ဆေအုပ်စုကြီးအောက်တွင် ရုန်းကန် နေရသည်ကို မြင်သောအခါ သူ ဤအတိုင်း ထိုင်မနေနိုင်တော့။ သူက တပည့်လေး၏ လက်ကို ညှစ်လိုက်ပြီး ပြောလိုက်သည်။
"ချင်းရန်၊ ကျောက်ရင်းနဲ့ တခြားသူတွေကို သွားကူညီလိုက်ပါဦး။"
လီချင်းရန် တုံ့ဆိုင်းသွား၏။
"ဒါပေမဲ့ ဆရာ၊ ကျွန်မက ကျောက်ရင်းကို သွားကူညီရင် ဆရာ့ရဲ့ လုံခြုံရေးက…"
"စိတ်မပူပါနဲ့။" ချန်ဟွိုက်အန်က ပခုံးပေါ်ရှိ ပါ့ကျီ၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးလျက် ပြောလိုက်သည်။ "ပါ့ကျီ ရှိနေသေးတယ် မဟုတ်လား။ သူက မိစ္ဆာအမြုတေအဆင့်ရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ပဲ။ ဘယ်သူက သူ့ကို ကျော်ပြီး ငါ့ကို အန္တရာယ်ပြုနိုင်မှာလဲ။"
လီချင်းရန်က ပါ့ကျီကို လှမ်းကြည့်ပြီး ပါးကို ဖောင်းလိုက်သည်။
အင်း။ ငါလည်း ဆရာ့ဆီကနေ အဲဒီလိုမျိုး အပွတ်သပ်ခံချင်တယ်။
ထိုမနာလိုဖြစ်ပြီး အနည်းငယ် နာကြည်းနေပုံရသော အကြည့်ကြောင့် ချန်ဟွိုက်အန်၏ ပခုံးပေါ်တွင် ငိုက်မျဉ်းနေသော ပါ့ကျီ ချက်ချင်း သတိဝင်သွားသည်။ ပါ့ကျီက သူ၏ ကျောပြင်တစ်လျှောက် အေးစိမ့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
နေပါဦး။ အဲဒီအကြည့်က ဘာအဓိပ္ပာယ်လဲ။
ဒီမိန်းမက ငါ့ကို တစ်ပိုင်းပိုင်းလုပ်ပြီး ဝိုင်နဲ့ တွဲသောက်ဖို့ စီစဉ်နေတာများလား။
ငါက ဘာမှတောင် မလုပ်ရသေးဘူး။ စကားတစ်ခွန်းတောင် မပြောရသေးဘူး။
"ဟွန့်၊ ဒါဆိုရင် ဆရာက ပါ့ကျီကို တစ်သက်လုံး ကာကွယ်ခိုင်းထားလိုက်တော့။ ကျွန်မ ကျောက်ရင်းကို သွားကာကွယ်ပေးတော့မယ်။" လီချင်းရန် နှုတ်ခမ်းစူကာ ချန်ဟွိုက်အန်ကို မကြည့်ဘဲ မျက်နှာကို တမင်သက်သက် လွှဲသွားသည်။
လီချင်းရန်က ထိုသို့ပြောလိုက်သော်လည်း စုရှန်ဓားကို ဆွဲထုတ်ကာ ချန်ဟွိုက်အန်နှင့် ပါ့ကျီ၏ ပတ်ပတ်လည်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
လေးနက်သော အမူအရာဖြင့် သူက သတိပေးလိုက်သည်။
"ဆရာ၊ ဒီစက်ဝိုင်းက ဆရာ့ကို ကာကွယ်ပေးလိမ့်မယ်။ ကျွန်မ သူတို့ကို သွားကူညီလိုက်တာနဲ့ ဆရာ့ကို စောင့်ကြည့်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဆရာ ဒီစက်ဝိုင်း အပြင်ဘက်ကို ခြေတစ်လှမ်းမှ မထွက်ရဘူးနော်။"
ချန်ဟွိုက်အန် - "......"
ဟုတ်ပါပြီ။ ဒီဇာတ်ကွက် တိုးတက်မှုက နည်းနည်း လွဲချော်နေသလို ခံစားရတယ်။
အရိုးဖြူ မိစ္ဆာမက တတိယအချီအတွက် ပေါ်လာတော့မှာများလား။
"စိတ်မပူပါနဲ့။ မင်းရဲ့ ဆရာက ဒီအပြင်ကို ခြေတစ်လှမ်းမှ ထွက်မှာ မဟုတ်ပါဘူး။"
ချန်ဟွိုက်အန်၏ ကတိကြောင့် လီချင်းရန် စိတ်အေးသွားသည်။ သူက စုရှန်ဓားကို ဆွဲထုတ်ပြီး ကျောက်ရင်းထံသို့ ပြေးဝင်သွားသည်။ လီချင်းရန်ကဲ့သို့ ရွှေရောင်အနှစ်သာရ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး တိုက်ပွဲထဲသို့ ဝင်ရောက်လာခြင်းကြောင့် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ ဖိအားမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
တိုက်ပွဲက တဖြည်းဖြည်း ပိုမို ပြင်းထန်လာသည်နှင့်အမျှ…
ဝမ်တယ်ပြောင်နှင့် ဝမ်ရှိုယီတို့က သွေးများ ပေကျံနေပြီး အရူးများကဲ့သို့ တိုက်ခိုက် နေကြသည်။
တဖြည်းဖြည်းနှင့် သစ်ပင်အောက် အေးအေးလူလူ အနားယူနေသော ချန်ဟွိုက်အန်နှင့် ပါ့ကျီတို့သည် ဇာတ်ပို့ဇာတ်ရံများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့ပြင် ကာကွယ်ထားသော ဗဟိုချက်ဟု ခေါ်သည့်နေရာက လုံးဝ ဖော်ထုတ်ခံ ထားရသော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။
တောက်ပနေသော ရွှေရောင်စက်ဝိုင်းကြီးဖြင့် ရစ်ပတ်ထားဆဲပင်။
၎င်းထံမှ အလင်းရောင်ကို တစ်ကီလိုမီတာ အကွာမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
“လာဖမ်းကြပါ မိစ္ဆာတို့ရေ”ဟု အော်ဟစ်နေသော ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခုကဲ့သို့ပင်။
...
"ငါတို့ အခွင့်အရေး ရောက်လာပြီ။"
မိစ္ဆာချိပ်ပိတ်မျှော်စင်၏ အရှေ့ဘက်တွင်၊
သွေးပယင်းတောင်သခင်က ကြေးဝါကြေးမုံမှ သူ၏ အကြည့်ကို ရုပ်သိမ်းလိုက်သည်။
သရဲတစ္ဆေ လက်ပါးစေများကို ပြန်လည်ရှင်သန်စေရန် စွမ်းအင်လိုအပ်သည်။
ယခု နီရဲနေသော ထိုစမ်းချောင်းက စွမ်းအင်အရင်းအမြစ် ဖြစ်သည်။ ထို့ပြင် ၎င်းက လျင်မြန်စွာ မှေးမှိန်လာနေပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် အဝေးသို့ သွေးဆောင်သည့် နည်းဗျူဟာက အတော်လေး အဆင်ပြေခဲ့သည်။
သူက သရဲတစ္ဆေ လက်ပါးစေများ၏ ရှင်သန်ရာ နေရာများကို ဖြည်းဖြည်းချင်း နေရာရွှေ့ပြောင်းရန် ထိန်းချုပ်နေခဲ့သည်။
အဓိက ပစ်မှတ်သည် ဗဟိုချက်မှ အစွန်အဖျားသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့ပြီ ဖြစ်သည်။
လှုပ်ရှားရမည့်အချိန် ရောက်လာပြီ။
"လောင်းဟူတ။"
သွေးပယင်းတောင်သခင်က အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။
သူ၏ သားကြီးက အနောက်ဘက်မှ ထွက်လာခဲ့သည်။
"အဖေ…"
ကျားမိစ္ဆာငယ်လေးက ကျားဘုရင်ရှေ့တွင် ရိုသေလေးစားစွာ ဒူးထောက်လိုက်ပြီး မျက်လုံးများက အနည်းငယ် တောက်ပနေသည်။
သူ စိတ်လှုပ်ရှားနေပုံရသည်။ နောက်ဆုံးတွင် သူ၏ဖခင်ကို ကူညီနိုင်တော့မည်ဖြစ်သည်။
"မင်းက အသွင်ပြောင်းတဲ့နေရာမှာ ကျွမ်းကျင်တယ်။ အဲဒီလူကို စက်ဝိုင်းအပြင်ဘက်ကို ရောက်အောင် သွားဆွဲဆောင်…" ကျားဘုရင်က အမိန့်ပေးလိုက်သည်။
"ဟမ်။ ကျွန်တော်လား…" လောင်းဟူတက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ဇဝေဇဝါ ဖြစ်သွားသည်။
သူက တိုက်ခိုက်ရမည်ဟု ထင်နေခဲ့သည်။
သို့သော် သူ လုပ်ရမည့်အရာမှာ တစ်စုံတစ်ယောက်ကို လှည့်စားရန် အသွင်ပြောင်းခြင်း မှော်ပညာကို အသုံးပြုရုံလား။
နည်းနည်းတော့ စိတ်ပျက်စရာပဲ...
"ဟုတ်တယ်။ မင်းပဲ…" သွေးပယင်းကျားဘုရင်က ဆက်ပြောသည်၊ "သူ့ကို အပြင် ထွက်လာအောင် သွေးဆောင်လိုက်။ ပြီးရင် ငါက ချက်ချင်း တိုက်ခိုက်ပြီး သူ့ကို သွေးပယင်း အကန့်အသတ်မဲ့ နေရာလွတ်ထဲကို ဆွဲခေါ်သွားမယ်။ အပြင်ဘက်က တက်လှမ်းသူတွေ သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး။"
"ဒါက အဖေနဲ့သား ပေါင်းစပ်တိုက်ခိုက်တဲ့ အကောင်းဆုံး တိုက်ခိုက်မှုပေါ့။" လောင်းဟူတ၏ မျက်လုံးများ တောက်ပသွားသည်။ သူက အနောက်ဘက်ရှိ အခြား ကျားမိစ္ဆာလေး တစ်ကောင်ကို လက်ညှိုးထိုးပြလိုက်သည်။ "လောင်းဟူအာ ကရော ဘာလုပ်ရမှာလဲ။ သားက အဖေနဲ့အတူ ပစ်မှတ်ကို အမဲလိုက်နေရင် သူက ဘာလုပ်နေရမှာလဲ။"
"လောင်းဟူအာမှာ ကြမ်းတမ်းတဲ့ ခွန်အားရှိတယ်။ သူက တံခါးကို စောင့်ကြပ်ဖို့ ငါ့နေရာကို ယူလိမ့်မယ်။"
သွေးပယင်းကျားဘုရင်က သူ၏ အနောက်ဘက်ရှိ ဗလာကျင်းနေသော အကြည့်များဖြင့် ရှိနေသော ဒုတိယသားကို လှမ်းကြည့်လိုက်သည်။
"ကောင်းပြီ။ လောင်းဟူအာ။ သတင်းအချက်အလက် စုဆောင်းတဲ့ တက်လှမ်းသူတွေ ထပ်လာမှာ မဟုတ်တော့ဘူး။ ကျားပေါက်လေး တစ်ကောင်လို ဟန်ဆောင်နေစရာ မလိုတော့ဘူး။"
"ဟုတ်ကဲ့ပါ အဖေ။"
လောင်းဟူအာက ပြန်ဖြေလိုက်ပြီး သူ၏ အသံမှာ ပိုမို၍ ကြမ်းတမ်းလာသည်။ သူ စကားပြောနေစဉ်ပင် ခန္ဓာကိုယ်က တုတ်ခိုင်သော ခြေလက်များနှင့် ဖောင်းကြွနေသော ကြွက်သားများရှိသည့် ဧရာမ သားရဲကြီးတစ်ကောင်အဖြစ် လျင်မြန်စွာ ကြီးထွား လာခဲ့သည်။ သူက ကျားဘုရင်ထက်ပင် ပိုမို ကြီးမားနေသည်။ သူ၏ တစ်ကိုယ်လုံးမှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ဖြာထွက်နေ၏။
သူက အလွန် ရက်စက်ကြမ်းကြုတ်ပုံရသဖြင့် တကယ့် ကျားဘုရင် ဖြစ်ကြောင်းကို မည်သူမျှ သံသယဝင်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် လောင်းဟူတက မြူခိုးများကြားတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ဦး၏ ပုံစံအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
သူက ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်သည်။ "အဖေ၊ လူသားတွေက ကိလေသာ များကြတယ်။ သား တစ်ခါက ရုပ်ရည်သန့်သန့်နဲ့ တက်လှမ်းသူ တစ်ယောက်ကို စားဖူးတယ်။ သူ အပြင်ထွက်လာအောင် သွေးဆောင်ဖို့ ဒီအရေခွံကို သုံးလို့ရနိုင်တယ်။"
"ငတုံး…"
သွေးပယင်းတောင်သခင်က ခေါင်းခါလိုက်သည်။
ဒီလို တောရိုင်းထဲမှာ ချောမောတဲ့ အမျိုးသမီးတစ်ယောက် ဘယ်ကနေ ရောက်လာမှာလဲ။ လုံးဝ အဓိပ္ပာယ်မရှိဘူး။
အကယ်၍ ထိုအမျိုးသမီးက တက်လှမ်းသူတစ်ဦး ဖြစ်ခဲ့လျှင်ပင် ထိုအဖွဲ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်ရပေမည်။
သူစိမ်းတစ်ယောက် ပေါ်လာခြင်းက ချက်ချင်း သံသယဝင်စေလိမ့်မည်။ ထို့ပြင် ပိုပြီး အာရုံစိုက်ခံရစေလိမ့်မည်။
လောင်းဟူတက အဆူခံရပြီးနောက် ခေါင်းငိုက်စိုက်ကျကာ တိတ်ဆိတ်သွားသည်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ကျားဘုရင်က သူ့ကို ပစ္စည်းတစ်ခု ကမ်းပေးကာ လက်ညှိုးထိုးပြလိုက်သည်။
"မင်း ဒါကို ပြောင်းရမယ်"
...
…