အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း ၁၄၇: မင်း အဲ့ဒီမှာ ဘာတွေ အကြာကြီး မွှေနှောက် ရှာဖွေနေတာလဲ...
ရိုးရိုးသားသား ပြောရလျှင် ယခုအချိန်၌ ယဲ့ရွှမ်သည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်တွင် ရှိနေသော်လည်း သူ ယခင်ဘဝက မည်သို့ သေဆုံးသွားခဲ့သည်ကို စူးချန်ကဲ နားမလည်နိုင်သေးချေ။
သူ၏ယခင်ဘဝက ဟန်ယွီ မသေနိုင်သော ကျမ်းစာဖြင့် သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ထားပြီး စိတ်ဝိညာဉ်လမင်း နတ်ဘုရား စေတီကဲ့သို့ သူတော်စင်အဆင့် ရတနာတစ်ခု ရှိနေသည်။ ထို့ကြောင့် သူသည် မည်သည့် ဝှက်ဖဲကို သုံးစေကာမူ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ သတ်ဖြတ်ခြင်းကို မခံရသင့်ပေ။
သူ၏ကိုယ်ပိုင်အသက်ထက် တရားမျှတမှုနှင့် အမှန်တရားကို ပို၍ဦးစားပေးလောက်အောင် သူ မိုက်မဲနေခဲ့ခြင်းလော....
ထိုအရာက အဓိပ္ပာယ်မရှိပေ။
သူသည် ဗီလိန် တစ်ယောက်ဖြစ်ရာ မည်သည့် ဗီလိန်က အကြောင်းပြချက် ပေးနေမည်နည်း...
သို့မဟုတ် တစ္ဆေပူးကပ်၍ ပြုလုပ်ခြင်း ဖြစ်သလော....
စူးချန်ကဲ ဤအကြောင်းကို တခဏမျှ စဉ်းစားနေစဉ်တွင်.....
မြေပြင်ပေါ်၌ ဝပ်တွားနေသော ယဲ့ရွှမ်သည် သူ၏ခေါင်းကို အားယူ၍ မော့လာပြီး သူ၏ မျက်လုံးများ နီရဲနေကာ စူးချန်ကဲကို စူးစူးဝါးဝါး စိုက်ကြည့်နေရင်း အံ့ကြိတ်ထားခဲ့လေ၏။ နက်ရှိုင်းသော ခွန်အားမဲ့မှု ခံစားချက်တစ်ခုသည် သူ၏နှလုံးသားထဲ၍ တလိမ့်လိမ့်ထလာခဲ့သည်။
သူ ရှုံးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဤမျှထိ သနားစရာကောင်းအောင် ရှုံးနိမ့်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သူ၏ဆရာ ဝင်ပါခဲ့သည့်တိုင် ပြိုင်ဘက်၏ အကြည့်တစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ချေ။
ကွာဟချက်မှာ အလွန်ကြီးမားလွန်းသဖြင့် သူ့ကို လုံးဝမျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားရစေသည်။
အထူးသဖြင့် မလှမ်းမကမ်း၌ သီးခြားဖြစ်နေသော ပုံရိပ်က သူ့ကို ဂရုမစိုက်စွာ ကြည့်နေသည်ကို ယဲ့ရွှမ် မြင်သောအခါ သူ၏နှလုံးသားသည် တစ်ခုခုဖြင့် ပြင်းထန်စွာ ထိုးဖောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
"သူ့ရဲ့ ရှေ့မှာ ငါက ဒီလိုမျိုး ခွေးတစ်ကောင်လို ဖိနှိပ်ခံရတာပဲ... သူ ငါ့ကို ပိုကြည့်လာအောင် လုပ်ဖို့တောင် ငါ့မှာ အခွင့်အရေး မရှိတော့ဘူးလား..."
"ဟမ့်... ငါ... ငါ..."
ယဲ့ရွှမ် အော်ဟစ်ချင်ခဲ့သော်လည်း ဤကြီးမားသော ဖိအားအောက်တွင် သူ အသံတစ်သံမျှပင် မထွက်နိုင်ခဲ့ချေ။
"ယဲ့ရွှမ်... နင် ဘာလို့ ကြောင်အမ်းနေသေးတာလဲ... သူ နင့်ကိုမသတ်ခင် အဲ့ဒီကျောက်စိမ်းပြားကို မြန်မြန်သုံးလိုက်လေ..."
လက်စွပ်ထဲရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေပြီး ကျိန်ဆဲချင်စိတ်ပင် ပေါက်လာခဲ့သည်။
ဤကဲ့သို့ အချိန်မျိုးတွင် သူ မိုက်မဲနေဆဲလော.....
ဤသည်မှာ တူညီသောအဆင့်တွင် ရှိသည့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု မဟုတ်ပေ။
စူးချန်ကဲသည် စူးမိသားစုဝင်တစ်ယောက် ဖြစ်သည်မှာ သေချာပေါက်ပင်။ ဤအသက်အရွယ်ဖြင့် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းပြီး ပြိုင်ဘက်ကင်းသည့် ခွန်အားမျိုး ပိုင်ဆိုင်ထားခြင်းမှာ စူးမိသားစုမှ မဟုတ်လျှင် တခြားမည်သူ ဖြစ်နိုင်မည်နည်း။
ရိုးရိုးသားသား ပြောရလျှင် သူမ အနည်းငယ် နောင်တရမိသည်။ သူမကိုယ်တိုင် ယဲ့ရွှမ်ကို လာရောက်သေဆုံးခွင့် ပြုမိလောက်အောင် သူမ မိုက်မဲခဲ့ခြင်းပင်။
"ကျောက်စိမ်းပြား ... ဟုတ်တယ်... အဲ့ဒီ ကျောက်စိမ်းပြား ..."
ယဲ့ရွှမ်၏စိတ် အနည်းငယ် ရှင်းလင်းလာသည်။ သူသည် ကျန်ရှိနေသော စွမ်းအားများအားလုံးကို အသုံးပြုပြီး သူ၏လက်ကို သူ၏ ရင်ဘတ်ဆီသို့ ခက်ခက်ခဲခဲ ရွှေ့လိုက်သည်။
သူ၏ လက်ချောင်းထိပ်များမှတဆင့် သိုလှောင်လက်စွပ်အတွင်းမှ ကြိုတင်၍ ထုတ်ယူထားသော အဖြူရောင်ကျောက်စိမ်းပြားကို ထိမိသွားခဲ့လေ၏။
သူ၏ ဆရာ ခန့်မှန်းထားသည့်အတိုင်း သူ ရှုံးသွားသည်နှင့် သိုလှောင်လက်စွပ်ကို ဖွင့်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုရန် မည်သည့်အခွင့်အရေးမျှ ရရှိမည် မဟုတ်ချေ။
ကျောက်စိမ်းပြားကို ဆုပ်ကိုင်ထားရင်း ယဲ့ရွှမ်သည် အသက်ကယ်ကြိုးတစ်ချောင်းကို ရရှိသည့်အလား ခံစားလိုက်ရသည်။ သူ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စူးချန်ကဲကို ပြိုင်ဘက်ကင်းသော ပြတ်သားသည့် အမူအရာဖြင့် ကြည့်လိုက်၏။
"စူး... ချန်... ကဲ..."
"နောက်တစ်ကြိမ်... ငါတို့ တွေ့ရင်..."
"ငါ... ဘယ်တော့မှ... ရှုံးမှာ... မဟုတ်ဘူး..."
သူ၏စကားလုံးတိုင်းက အဆုံးမဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို သယ်ဆောင်ထားသည်။
သို့ရာတွင် နောက်တစ်စက္ကန့်တွင်...
ယဲ့ရွှမ်၏မျက်လုံးသူငယ်အိမ်များ ချက်ချင်း အုံ့မှိုင်းသွားပြီး ယခင်က မရှိဖူးသော ထိတ်လန့်မှုတစ်ခု ထွက်ပေါ်လာကာ သူ၏ ရင်ဘတ်ထဲတွင် အလျင်အမြန် မွှေနှောက်ရှာဖွေရင်း သူ၏မျက်နှာ ပို၍ပို၍ အရုပ်ဆိုးလာခဲ့သည်။ ယခုလေးတင် သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သော ကျောက်စိမ်းမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
"ပြီးသွားပြီ..."
လက်စွပ်ထဲရှိ အဖြူရောင်ဝတ်စုံဝတိအမျိုးသမီး၏မျက်နှာ ဖြူရော်သွားခဲ့သည်။
ဤအရူးသည် တိုက်ရိုက်ထွက်ပြေးရမည်ကိုပင် မသိဘဲ ကြိုတင်၍ ရုန့်ရင်းကြမ်းတမ်းသော စကားများပင် ပြောဆိုနေသည်။ သူ ဤမျှထိ တုံးအမှန်း သူမ ယခင်က မသိခဲ့ချေ။ တစ်ချိန်တည်းမှာပင် ယဲ့ရွှမ်၏ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရှေ့သို့ချဉ်းကပ်လာပေ၏။
"မင်း အဲ့ဒီမှာ ဘာတွေကို အချိန်အကြာကြီး မွှေနှောက်ရှာဖွေနေတာလဲ..."
"ဒါလား..."
စူးချန်ကဲ၏ လက်ချောင်းနှစ်ချောင်းကြားတွင်အဖြူရောင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ထားပြီး သူ၏မျက်ခုံးများတွင် ထူးဆန်းသော အမူအရာမျိုး ထင်ဟပ်နေကာ မြေပြင်ပေါ်ရှိ ယဲ့ရွှမ်ကို ငုံ့ကြည့်၍ ပြောလိုက်သည်။
အစောပိုင်းက မြေပြင်ပေါ်တွင် ဝပ်တွားနေသော ယဲ့ရွှမ်သည် သူ့ရှေ့တွင်ပင် ရင်ဘတ်ကြား၌ မွှေနှောက်ရှာဖွေနေသည်ကို သူ ကြည့်နေခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနယ်ပယ်အရ ပြိုင်ဘက်၏လှုပ်ရှားမှုများမှာ အလွန်နှေးကွေးလှ၏။ ဤသည်မှာ သူ၏ဉာဏ်ရည်ကို မြေကြီးထဲသို့ ပွတ်တိုက်နေခြင်းပင်။
သူ ဤနေရာတွင် မရှိဟု ယဲ့ရွှမ် ထင်နေသလော...
"ဒါ... ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..."
ယဲ့ရွှမ်သည် စူးချန်ကဲ၏လက်ထဲရှိ ကျောက်စိမ်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး သူ၏ဦးနှောက်ငယ်လေး ချက်ချင်းကျုံ့သွားခဲ့သည်။
ဘယ်တော့မှ...
သူ ဤသို့သော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးချေ။ ယခင်က သူသည် အမြဲတမ်း ကံကြမ္မာ၏အစပြုမှုကို ဆုပ်ကိုင်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် စူးချန်ကဲသည် ကျောက်စိမ်းပြားကို ဂရုတစိုက် ကြည့်လိုက်၏။ သူ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များ ထွက်ပေါ်လာပြီး သူ၏အမူအရာ ရုတ်တရက် တည်ကြည်လေးနက်သွားခဲ့သည်။ သာမန်လူများ မမြင်နိုင်သော ဖျော့တော့ပြီး လောကီရေးရာနှင့် ကင်းကွာသည့် အင်မော်တယ် အလင်းရောင် တစ်ခုသည် ရှေးဟောင်းကျောက်စိမ်းပြားမှ ဖြာထွက်နေသည်။ ထိုအရာ၏ကိုယ်ထည်သည် စကြဝဠာကို ဖြတ်ကျော်ကာ အဆုံးမရှိပုံရသော ကောင်းကင်လှေကားတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားပေ၏။
"ဒါက... အဖေ ပြောခဲ့တဲ့ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားလား..."
စူးချန်ကဲသည် အဖြူရောင်ကျောက်စိမ်းပြားကို ချက်ချင်းမှတ်မိသွားပြီး သူ၏မျက်နှာပေါ်တွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။
ကောင်းကင်တက်လှမ်းခြင်းလှေကား မပွင့်မီ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားက အရင်ထွက်ပေါ်လာလိမ့်မည်ဟု သူ၏ ဖခင် ပြောခဲ့သည်ကို သူ သတိရလိုက်သည်။ ကောင်းကင် တက်လှမ်းခြင်း ကျောက်စိမ်းကို ကိုင်ဆောင်ထားသူများသည် အားသာချက်တစ်ခု ရရှိနိုင်ပြီး ကောင်းကင်တက်လှမ်းခြင်း လှေကားပွင့်မည့် အတိအကျ တည်နေရာကို သိရှိနိုင်ကာ အရေးအကြီးဆုံးမှာ ကောင်းကင်တက်လှမ်းခြင်းလှေကားသို့ တက်ရန် အရည်အချင်းကို သူတို့ ရရှိနိုင်သည်။ ကြီးမားသော ကံကြမ္မာ ရှိသူများသာ ထိုအရာကို ရရှိနိုင်ပေ၏။
ပြိုင်ဘက်ကင်းသော စွမ်းအားရှိပြီး သူတို့နှင့် သက်တူရွယ်တူများထဲတွင် ပြိုင်ဘက်ကင်းသူများသာ ထိုအရာကို ရရှိနိုင်သည်။
"ကျွတ် ကျွတ် ကျွတ် ... အိုး ဘုရားရေ... ကံကြမ္မာသားတော်ဖြစ်ဖို့ တကယ့်ကို ထိုက်တန်ပါတယ်...သူ့ရဲ့ကံက တကယ်ကို ကောင်းတာပဲ... ဒီစွမ်းအားလောက်နဲ့ နယ်မြေတွေအားလုံးက ကျွမ်းကျင်သူတွေကို ရူးသွပ်သွားစေနိုင်တဲ့ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကိုတောင် သူ ရနိုင်တယ်..."
စူးချန်ကဲက ညည်းတွားခြင်းမပြုဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။ ဖခင်ဖြစ်သူ၏ အဆိုအရ အတိတ်တွင် သူ၏ကိုယ်ပိုင် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ပြိုင်ဘက်အများအပြားကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တုန်းက စူးချုံးထံတွင် သူတော်စင်နယ်ပယ် အထွတ်အထိပ်အဆင့်စွမ်းအား ရှိနေလေပြီ။
ယခု ယဲ့ရွှမ်ကို ကြည့်လိုက်လျှင်...
သူသည် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၌ ရှိနေသည့်တိုင် ထိုအရာကို ရရှိခဲ့သည်။
ကောင်းကင်တက်လှမ်းခြင်းလှေကား ပွင့်လာမယ့် နေရာက ဘယ်နေရာမှာ ဖြစ်မလဲ...
စူးချန်ကဲသည် သူ၏ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များဖြင့် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားပေါ်ရှိ ပြောင်းလဲမှုများကို ဂရုတစိုက် စောင့်ကြည့်လိုက်သည်။ ထိုအရာ၏ မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းသည် အဆက်မပြတ် ပြောင်းလဲနေပုံရပြီး တစ်ခါတစ်ရံတွင် ကောင်းကင်တက်လှမ်းခြင်း လှေကားကို ပြသကာ တစ်ခါတစ်ရံတွင် တိမ်တိုက်များထဲသို့ ထိုးတက်နေသော အင်မော်တယ်နန်းတော် မြင်ကွင်းများကို ပြသပေ၏။ နောက်ဆုံးတွင် ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်၌၌ ကျိုးပဲ့နေသော ကျောက်တိုင် အများအပြားရှိသည့် လူသူကင်းမဲ့သည့် မြေတစ်နေရာအဖြစ် ပြောင်းလဲသွားသည်။ ထိုကျောက်တိုင်များထဲမှ တစ်ခုတွင် ရှေးဟောင်းအက္ခရာများ ရေးထွင်းထားသည်။
'မြောက်ပိုင်းဒေသ ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါး ဆယ့်ခြောက်ပေါက်'
"မြောက်ပိုင်းဒေသ..."
"အဲ့ဒါက တကယ်ပဲ ယွမ်ယန်နယ်မြေမှာလား..."
စူးချန်ကဲ၏မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့သည်။
ပင်မခန်းမထဲရှိ လူတိုင်းသည်လည်း စူးချန်ကဲ၏ လက်ထဲရှိ အဖြူရောင် ကျောက်စိမ်းပြားအပေါ် သူတို့၏အကြည့်များကို အာရုံစိုက်လိုက်ကြသည်။ ပိုင်းခြားသိမြင်နိုင်စွမ်းရှိသူများသည် စူးချန်ကဲ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို ရိပ်စားမိလိုက်ပြီး ဤပစ္စည်းမှာ သာမန် မဟုတ်ကြောင်း သိလိုက်ကြ၏။ စူးချန်ကဲကို စိတ်လှုပ်ရှားစေနိုင်သည့် အရာက မည်သို့ ရိုးရှင်းနိုင်မည်နည်း။
သို့ရာတွင် မည်သူကမျှ ဘာမျှမပြောဘဲ သတိမထားမိချင်ယောင် ဆောင်နေကြသည်။
လျှိုရူယန်သည်လည်း မျက်မှောင်အနည်းငယ် ကြုတ်ကာ စူးချန်ကဲ၏လက်ထဲရှိ ကျောက်စိမ်းပြားကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမသည် ထိုအရာနှင့်ပတ်သတ်၍ ထူးခြားသောအရာ တစ်ခုကိုမျှ မမြင်ခဲ့ချေ။
ဤအချိန်အခိုက်အတန့်တွင် ယဲ့ရွှမ်သည်လည်း စူးချန်ကဲ၏အမူအရာကို သတိပြုမိသည်။ သူသည် ကြောင်အမ်းသွားပြီး မယုံကြည်နိုင်စွာ တွေးတောလိုက်၏။
"ဒါက ဘာလဲဆိုတာကို သူ သိသွားတာလား..."
"မဟုတ်ဘူး... မဖြစ်နိုင်ဘူး..."
"ဆရာ့ရဲ့ ကျယ်ပြန့်တဲ့ ဗဟုသုတနဲ့တောင်မှ ဒီပစ္စည်းရဲ့ မူလအစကို မခွဲခြားနိုင်ဘူး.. သူက ဘယ်လိုလုပ်..."
"သောက်ကျိုးနည်း... ဒီကျောက်စိမ်းက ငါ့ဟာ..."
သူသည် သူ၏ နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်ရာ သူ၏မျက်နှာ ချက်ချင်းနီရဲလာပြီး အံ့ကြိတ်ကာ ပြောလိုက်သည်။
"ငါ့ကို ပြန်ပေး..."
"အဲ့ဒါ ငါ့ပစ္စည်း..."
ဤအချိန်အခိုက်အတန့်တွင် လက်စွပ်ထဲရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စိတ်ပျက်သွားပြီး ဝမ်းနည်းဖွယ် အပြုံးတစ်ခုကို ပြသကာ သူမ၏နှလုံးသားထဲတွင် သက်ပြင်းချလိုက်၏။
"ဟူး... ထားလိုက်ပါတော့.... ငါ့ရဲ့စိတ်ဝိညာဉ်ကိုပဲ ငါ လောင်ကျွမ်းလိုက်ပါ့မယ်..."
ယဲ့ရွှမ်၏အသံ ထွက်လာပြီးနောက် ပင်မခန်းမထဲရှိ ကြီးမြတ်သော ပုဂ္ဂိုလ်များကို အော်ဟစ်ရယ်မောလုနီးပါး ဖြစ်သွားစေခဲ့သည်။ ဂိုဏ်းခေါင်းဆောင် တစ်ယောက်က မဟာယန်၏ ဧကရာဇ်အိုကြီးကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။
"ဒီကောင်လေးက မင်းတို့အင်ပါယာက လူငယ်တွေကြားမှာ ဘယ်လို ထင်ရှားကျော်ကြားပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်အထိ ကျင့်ကြံခဲ့တာလဲ... သူက သိပ်ဉာဏ်ကောင်းပုံ မရဘူး..."
မဟာယန်၏ ဧကရာဇ်အိုကြီးသည် တိတ်ဆိတ်သွားပေ၏။
"ဆူညံလိုက်တာ..."
စူးချန်ကဲက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲကျနေသော ယဲ့ရွှမ်ကို ဂရုမစိုက်စွာ တစ်ချက်ကြည့်လိုက်သည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် သူ့ထံမှ ချက်ချင်းဖြာထွက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုဖိအားအတွင်း၌ အသက်ကို ချေမှုန်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရှိနေသည်။
ဟင်းလင်းပြင်သည် ဤခံနိုင်ရည်မရှိသော စွမ်းအားအောက်တွင် ညည်းတွားနေပြီး အထူး စိတ်ဝိညာဉ်သံမဏိဖြင့် သွန်းလုပ်ထားသော ကြမ်းပြင်ပင်လျှင် တိတ်ဆိတ်စွာ အက်ကွဲသွားသည်။
ဤအချိန်အခိုက်အတန့်တွင် စူးချန်ကဲသည် ယဲ့ရွှမ်၏အသက်ကို အဆုံးသတ်ရန် ဆုံးဖြတ်ပြီးလေပြီ။
တစ်ဖက်လူကို လွှတ်ပေးရန် သူ ဘယ်တော့မှ အစီအစဉ် မရှိခဲ့ချေ။ သူ့အပေါ် သေရာပါရန်ငြိုးများ သိုဝှက်ထားသော ကံကြမ္မာသားတော်တစ်ယောက်ကို သူ ထွက်သွားခွင့် ပြုရမည်လော။
ထိုအရာသည် သူ့ကိုယ်သူ ဒုက္ခရှာနေခြင်း မဟုတ်လော....
ယဲ့ရွှမ်သည် စူးချန်ကဲအတွက် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်နိုင်တော့သော်လည်း သူသည် ပြဿနာများကို မည်သို့မျှ သဘောမကျသူတစ်ယောက်ပင်။
အခန်း ၁၄၈ : မင်း ငါ့ကို သတ်ခွင့် မပေးဘူးဆိုရင်တောင် ငါက သတ်မှာပဲ...
"မကောင်းတော့ဘူး... သူ သတ်ဖို့ ပြင်နေပြီ..."
လက်စွပ်ထဲရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ အကြွင်းအကျန်စိတ်ဝိညာဉ်သည် ရုတ်တရက် သူမ၏မျက်လုံးသူငယ်အိမ်များကို ကျုံ့လိုက်သည်။
ကျဆင်းလာသော ဤဖိအားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ယဲ့ရွှမ်ထက် သူမ ပို၍ရှင်းလင်းစွာ အာရုံခံနိုင်သည်။
ထိုအရာသည် ယဲ့ရွှမ်ကို အမှုန်အမွှားအဖြစ် ချက်ချင်းခြေမွှဖျက်ဆီးပစ်ရန် လုံလောက်သည်။
သို့ရာတွင် သူမသည် ဤအဆင့်ကို မျှော်မှန်းထားပြီးဖြစ်ကာ အချိန်ကြာမြင့်စွာ စွမ်းအားများ စုဆောင်းနေလေ၏။
နောက်တစ်စက္ကန့်တွင် အဖြူရောင်ဝတ်စုံဝတိ အမျိုးသမီးသည် ပြတ်သားသော အမူအရာကို ပြသလိုက်ပြီး အံ့ကြိတ်လိုက်သည်။ သူမသည် ကူကယ်ရာမဲ့သလို ခံစားရသော်လည်း ရွေးချယ်စရာ မရှိချေ။ ယဲ့ရွှမ် သေသွားပါက သူမ၏ အကြွင်းအကျန်ဝိညာဉ် အသက်ရှင်ကျန်ရစ်ရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။
ယခုချိန်၌ တစ်ခုတည်းသော အစီအစဉ်မှာ အသည်းအသန် တိုက်ပွဲဝင်ရန်ပင်။
"တပည့်... ဒီတိုက်ပွဲအပြီးမှာ အချိန်တော်တော်ကြာမှ ငါ နိုးလာနိုင်တယ် ဒါမှမဟုတ် ငါ ဘယ်တော့မှ ပြန်နိုးမလာတော့တာလည်း ဖြစ်နိုင်တယ်... မင်း ရှေ့က လမ်းကို မင်း တစ်ယောက်တည်း လျှောက်ရလိမ့်မယ်... အဲ့ဒါက မဖြစ်နိုင်ဘူးဆိုတာကို ငါ သိပေမဲ့ မင်း လက်စားချေတာကို စွန့်လွှတ်နိုင်ဖို့ ငါ မျှော်လင့်တုန်းပဲ... သူ့ရဲ့နောက်က အင်အားက မင်းရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို အများကြီး ကျော်လွန်နေတယ်..."
ဤစကားများကို ကြားသောအခါ ယဲ့ရွှမ်သည် တခဏမျှ အေးခဲသွားပြီး သူ၏မျက်လုံးများ ချက်ချင်းနီရဲသွားသည်။
"ငါ့ရဲ့ အကြွင်းအကျန်ဝိညာဉ် ကို လောင်ကျွမ်းစေ... ငါ့ရဲ့ မူလအစကို စတေးမယ်... ထျန်းရှူး စွမ်းအားကို ငှားပေးစမ်း..."
ရှေးဟောင်းမန္တန်တစ်ခုသည် ယဲ့ရွှမ်၏စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာတွင် မြည်ဟီးလာသည်။ ရုတ်ချည်းဆိုသလိုပင် ရှေးဟောင်းဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်သည် ယဲ့ရွှမ်၏ခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားခဲ့လေ၏။
အသိစိတ်တစ်ခုသည် ယဲ့ရွှမ်၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ချက်ချင်းနေရာယူလိုက်ရာ ထိုအရာသည် ဤမျှထိ ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားကို တောင့်ခံရခြင်းကြောင့် ပြိုလဲပျက်စီးမည့် လက္ခဏာများကို ပြသနေလေပြီ။
သူ၏အရှိန်အဝါသည် ရူးသွပ်စွာ မြင့်တက်လာပြီး ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်၏ အကန့်အသတ်များကို ချက်ချင်းချိုးဖျက်ကာ နတ်ဘုရားမီးတောက်နယ်ပယ်သို့ ရောက်ရှိသွားပြီး ဆက်လက်၍ပင် မြင့်တက်နေသည်။
သူ၏မျက်လုံးသူငယ်အိမ်များမှာ အပြာနှင့် အဖြူတို့ဖြင့် အစားထိုးခံလိုက်ရပြီး စိတ်ခံစားမှု အရောင်အသွေးအားလုံး ကင်းမဲ့သွားကာ သေမျိုးလောကကို အထက်စီးမှ ကြည့်ရှုနေသော ဂရုမစိုက်မှုနှင့် စိုးရိမ်ပူပန်မှုတို့သာ ကျန်ရစ်ခဲ့သည်။
ထိုအရာသည် သူ့ဆရာ၏ အကြည့်ပင်။
"နတ်ဘုရားမီးတောက်နယ်ပယ် ..."
"နေအုံး... ဒါက... ဝိညာဉ် ပူးကပ်ခြင်းလား... မူလအစကို လောင်ကျွမ်းတာလား..."
"ဘယ်လောက်တောင် ရှေးဟောင်းဆန်ပြီး သန့်စင်တဲ့ အရှိန်အဝါလဲ... ဒီအကြွင်းအကျန် စိတ်ဝိညာဉ်က အသက်ရှင်တုန်းက မယုံနိုင်လောက်အောင် အစွမ်းထက်ခဲ့ရမယ်..."
ခန်းမကြီးထဲတွင် စုရုံးနေကြသော ကျွမ်းကျင်သူများသည် ဤရုတ်တရက် အပြောင်းအလဲကြောင့် နောက်တစ်ကြိမ် အံ့အားသင့်သွားကြ၏။
ယဲ့ရွှမ်ထံမှ ဖြာထွက်လာသော အရှိန်အဝါသည် နတ်ဘုရားမီးတောက် အထွတ်အထိပ်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားကြောင်းကို သူတို့ ရှင်းလင်းစွာ အာရုံခံနိုင်သည်။ သို့ရာတွင် ထိုအရှိန်အဝါသည် ရှင်းလင်းမှုမရှိဘဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် အပြည့်အဝ မကိုက်ညီသဖြင့် ထိုအရာမှာ သူ၏ ကျင့်ကြံခြင်း အခြေခံ မဟုတ်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။
သို့ရာတွင် သူတို့ မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ကြချေ။ သခင်စူးသည် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးကိုပင် သတ်ဖြတ်နိုင်သဖြင့် ငှားရမ်းထားသော နတ်ဘုရားမီးတောက်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းကိုထည့်ပြောနေရန် မလိုတော့ချေ။
ယဲ့ရွှမ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည်လည်း သူတို့၏အတွေးများကို မျှဝေခံစားထားပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။
သူမ၏ အကြွင်းအကျန် စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်းဖြင့်ပင် သူမသည် စူးချန်ကဲ၏ပြိုင်ဘက် လုံးဝဖြစ်မလာနိုင်ကြောင်းကို သူမက မည်သူ့ထက်မဆို ပိုသိသည်။
အရှိန်အဝါ တိုတောင်းသော ပေါက်ကွဲမှုနှစ်ခုတည်းဖြင့် ဤလူငယ်လေးသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာအသင်္ချေတလျှောက် အစွမ်းထက်ဆုံး နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူ ထိပ်တန်းဆယ်ဦးဝင်ရန်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သူမ ပြောနိုင်သည်။
ထို့ကြောင့် သူမ၏ ရည်မှန်းချက်မှာ ရိုးရှင်းလေ၏။ ယဲ့ရွှမ်နှင့်အတူ ထွက်ပြေးရန်အတွက် သူမ အထူးချွန်ဆုံးဖြစ်သော ဟင်းလင်းပြင် မှော်စာလုံးများကို အသုံးပြုရန်ပင်။
"သွား..."
နောက်တစ်စက္ကန့်တွင် သူမသည် ရှုပ်ထွေးပြီး ရှေးဟောင်းဆန်သော မှော်လက်စည်းသင်္ကေတတစ်ခုကို လက်နှစ်ဖက်ဖြင့် လျင်မြန်စွာ ဖန်တီးလိုက်သည်။ ထို့နောက် လောင်ကျွမ်းနေသော စိတ်ဝိညာဉ်စွမ်းအားများကို ထိုနည်းစနစ်ထဲသို့ ခြွင်းချက်မရှိ ထိုးသွင်းလိုက်ပြီး သူမ၏နံဘေးရှိ လေဟာနယ်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်၏။
ခရက်...
လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပွင့်သွားခဲ့သည်။
ထိုအရာအတွင်း၌ ဗလာဟင်းလင်း ဖြစ်မနေဘဲ စီးဆင်းနေသော ငွေရောင်ဟင်းလင်းပြင် ဖရိုဖရဲလှိုင်းများ ရှိနေသည်။
မြင့်မြတ်အရှင်နယ်ပယ် ကျွမ်းကျင်သူများသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သော်လည်း ကန့်သတ်ချက် ရှိနေသည်။ ဥပမာအားဖြင့် သူတို့သည် အကွာအဝေး တိုတောင်းသော အပြောင်းအလဲများကိုသာ လုပ်ဆောင်နိုင်ခြင်း ပင်။ ဤသည်မှာ ဟင်းလင်းပြင် ဖရိုဖရဲလှိုင်းထန်ခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်ပေ၏။ ဤသည်ကအကွာအဝေး ပို၍ဝေးလေလေ အန္တရာယ် ပို၍ကြီးမားလေလေပင်။ အကယ်၍ လူတစ်ယောက်သည် သူတို့၏ ဟင်းလင်းပြင် ထိန်းညှိမှုများကို ဆုံးရှုံးသွားပါက သူတို့ လမ်းပျောက်သွားနိုင်လေသည်။ သူတော်စင်နယ်ပယ်သို့ ရောက်ရှိမှသာ ဟင်းလင်းပြင်ကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်သည်။ သေချာသည်မှာ ဤအချက်သည် အောက်ဘုံတွင်သာ မှန်ကန်လေ၏။ အကယ်၍ ဤနေရာသာ စိတ်ဝိညာဉ်နယ်မြေ ဖြစ်ပါက ဟင်းလင်းပြင်ကို ဆုတ်ဖြဲခြင်းသည် ဖရိုဖရဲ စကြဝဠာဆီသို့ ဦးတည်သွားစေမည်ဖြစ်ပြီး ထိုနေရာတွင် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူများပင် အလွယ်တကူ မသွားလာဝံ့ကြချေ။
ဤသည်မှာ သူမ၏ အထွတ်အထိပ်အချိန်တွင် သူမ ကျွမ်းကျင်ခဲ့သော လျှို့ဝှက်နည်းစနစ် တစ်ခုဖြစ်ပြီး နယ်မြေအတားအဆီးများကို ဖြတ်ကျော်နိုင်စွမ်းရှိသည်။ ယခုအချိန်၌ သူမသည် မိုင်ပေါင်း သန်းနှင့်ချီ ဝေးကွာသော နေရာသို့သာ ထွက်ပြေးနိုင်သော်လည်း ထိုအရာမှာ လုံလောက်သည်။
ယဲ့ရွှမ်သည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တွင် ဆက်နေ၍ မရနိုင်ချေ။ ရုတ်ချည်းဆိုသလိုပင် သူမသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲ ယဲ့ရွှမ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားခဲ့လေ၏။
ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ မြန်ဆန်ပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ပြီးစီးသွားခဲ့လေသည်။
သို့ရာတွင် စူးချန်ကဲ၏ ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များ၏အမြင်တွင် နှေးကွေးနေဆဲပင်။ သူ၏ အမူအရာ အလွန်အမင်း တည်ငြိမ်နေသည်။ သူသည် သူ၏ညာလက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ယဲ့ရွှမ်ကို ဝါးမျိုတော့မည့် လေဟာနယ် အက်ကွဲကြောင်းဆီသို့ ဦးတည်ကာ အဝေးမှနေ၍ လက်သီးဆုပ်လိုက်၏။
ဘုန်း...
ထူးဆန်းသော လှိုင်းတစ်ခု ပျံ့နှံ့သွားသည်။
ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖြင့် ဖိနှိပ်ခြင်း မဟုတ်ဘဲ ထိုလေဟာနယ် အပိုင်းအစရှိ အချိန် အေးခဲတောင့်တင်းသွားခြင်းပင်။
သူသည် အချိန်ဥပဒေသကို အသုံးပြုလိုက်၏။ ထိုအရာမှာ တာအိုစည်းချက်၏ အစအနလေးတစ်ခုသာ ဖြစ်သော်လည်း ဤရက်များအတွင်း သူ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသုံးပြု၍ ရံဖန်ရံခါ နားလည်သဘောပေါက်မှုမှတစ်ဆင့် ယခုအချိန် သူသည် အသေးစား အချိန်ရပ်တန့်မှု ကို ရရှိနိုင်လေပြီ။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင်....
ပြင်းထန်စွာ လှိုင်းထနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ရပ်တန့်ခြင်း ခံလိုက်ရပုံရသည်။ ထိုအရာအတွင်းရှိ ယဲ့ရွှမ်သည် မလှုပ်မယှက် ဖြစ်နေပြီး သူ၏နံဘေးပတ်လည်ရှိ ငွေရောင် ဖရိုဖရဲလှိုင်းများသည် ပန်းချီကားတစ်ချပ်အလား အေးခဲတောင့်တင်းနေသည်။
ရှင်သန်မှုဆီသို့ လမ်းကြောင်းသည် သူမ၏ မျက်စိရှေ့တွင် ရှိနေသော်လည်း အဖြူရောင် ဝတ်စုံဝတ်အမျိုးသမီးသည် ထိုခြေလှမ်းကို မလှမ်းနိုင်ကြောင်း မျှော်လင့်ချက်မဲ့စွာ သဘောပေါက်သွားခဲ့သည်။ သူမကို ခြားနားထားသောအရာမှာ အကွာအဝေး မဟုတ်ချေ။
"အချိန်... ဒါက... အချိန်ရဲ့ စွမ်းအားလား..."
ယဲ့ရွှမ်၏မျက်နှာပေါ်တွင် လွန်ကဲသော အံ့အားသင့်မှု အမူအရာတစ်ခု ထွက်ပေါ်လာသော်လည်း အသံမှာ အမျိုးသမီး တစ်ဦး၏ အသံပင်။
ရုတ်ချည်းဆိုသလိုပင် အသက်ရှူမွန်းကြပ်သည့် ခံစားချက်တစ်ခုကို သူမ ရုတ်တရက် ခံစားလိုက်ရသည်။
မဟာတာအို တစ်သောင်း၏ စွမ်းအားဖြင့် ဖွဲ့စည်းထားသော ကြောက်မက်ဖွယ်ကောင်းသည့် လက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်သည် သူ့ကို ရုတ်တရက် ဆုပ်ကိုင်လိုက်၏။
ဤသည်ကို သူ ခုခံရန် လုံးဝမဖြစ်နိုင်ချေ။
မမြင်နိုင်သော လက်ဝါးပုံရိပ်ယောင်ကြီးမှ ပိတ်လှောင်မှုနှင့်အတူ ခုခံ၍မရသော စွမ်းအားက အရပ်မျက်နှာအဘက်ဘက်မှ ညှစ်ဝင်လာကာ သူမနှင့် ယဲ့ရွှမ်၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
"ပြီးသွားပြီ... တပည့်... ငါတို့ ဒီတစ်ကြိမ်တော့ ပြီးသွားပြီ..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ချက်ချင်းဆိုသလိုပင် လုံးဝမျှော်လင့်ချက်မဲ့သွားသည်ကို ခံစားလိုက်ရသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်တွင် သူမသည် ယဲ့ရွှမ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ချက်ချင်းဆုံးရှုံးသွားပြီး ဖြစ်ပျက်နေသော အရာအားလုံး သနားစရာကောင်းအောင်သာ ကြည့်နေနိုင်သည်။
"အား..."
သူ နိုးလာသည်နှင့် တပြိုင်နက် ယဲ့ရွှမ်က အော်ဟစ်လိုက်လေသည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် ပြိုကျနေပြီး ခြေမွှဖျက်ဆီးခြင်း ခံနေရလေ၏။ ဤနာကျင်မှုကို သူ စိတ်ကူးယဉ်တွေးတောကြည့်၍ပင် မရနိုင်ချေ။
အကြွင်းမဲ့သေခြင်းတရား၏ အရိပ်သည် ယခုကဲ့သို့ မည်သည့်အချိန်မျှ ရှင်းလင်းသွားခဲ့ခြင်း မရှိချေ။
တဖြည်းဖြည်းနှင့် သူသည် နာကျင်မှုကို မခံစားရတော့ပုံရပြီး သူ၏အသိစိတ် ဝေဝါးလာသည်။ ဤသည်မှာ သူ၏ဘဝအဆုံးသတ်သည် သူ၏မျက်စိရှေ့တွင် ဖြတ်သန်းသွားခဲ့သည့်အလားပင်။
"ငါ သေတော့မှာလား..."
"ငါ ယဲ့ရွှမ်က ဒီနေရာမှာ သေရလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ခဲ့ဘူး..."
"ဆရာ... ကျွန်တော် တောင်းပန်ပါတယ်..."
အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ဖြူရော်သော အပြုံးတစ်ခုကို ပြသလိုက်၏။
အခုမှ တောင်းပန်ပါတယ်လို့ ပြောတာ ဘာအကျိုးရှိမှာလဲ...
သို့ရာတွင် စူးချန်ကဲက ယဲ့ရွှမ်၏စိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးရန် ရည်ရွယ်လိုက်သည့် အချိန်လေးမှာပင်...
ဘုန်း...
မမြင်နိုင်သော ထိတွေ့၍မရသော အရှိန်အဝါ တစ်ခုသည် သူ၏နှလုံးသားထဲ၌ သတိပေးချက်မရှိဘဲ လှိုင်းထလာသည်။
"ဟင်..."
စူးချန်ကဲ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဆုပ်ကိုင်ထားသော လက်ချောင်းများ မတုံ့ဆိုင်းဘဲ မနေနိုင်အောင် ဖြစ်သွားပေ၏။
ဤအရှိန်အဝါသည် သူ့ကို ရုပ်ပိုင်းဆိုင်ရာ ရွံရှာမှု ခံစားချက်တစ်ခုအား ခံစားရစေသည်။
အတိအကျ ပြောရလျှင် ဤသည်မှာ စိတ်ဆန္ဒ တစ်ခုပင်။ ထိုအရာသည် တိုက်ခိုက်မှုတစ်ခု မဟုတ်ဘဲ ယဲ့ရွှမ်ကို သတ်ဖြတ်ခြင်းမှ တားမြစ်ထားပြီး သူ့ကို မသတ်ရဟု ဖော်ပြထားသည့် သတိပေးချက်တစ်ခုနှင့် ပို၍တူညီသည်။
"ဒါက ဘာကြီးလဲ..."
"ဒီအရှိန်အဝါက ငါ့အပေါ် ရန်လိုနေတာလား..."
"သောက်ကျိုးနည်း... ငါ မင်းကို စော်ကားမိလို့လား... မင်း ငါ့ကို သူ့ကို သတ်ခွင့် မပေးဘူးဆိုရင်တောင် ငါက သတ်မှာပဲ..."
စူးချန်ကဲ၏အမူအရာ အေးစက်တင်းမာသွားခဲ့လေသည်။ ဖိနှိပ်မှုကို သည်းမခံသော သူ၏ အရိုးတွင်းရှိ ဒေါသက ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် ပြင်းထန်စွာ ဖျသ်ညှစ်လိုက်ရာ ယဲ့ရွှမ်၏စိတ်ဝိညာဉ်မှာ ချက်ချင်းအက်ကွဲသွားပြီး သူ၏အသက်စွမ်းအား လုံးဝပျောက်ကွယ်သွားသည်။
ငါ့ကို ခြိမ်းခြောက်တာလား... မင်းရဲ့အစွမ်းလောက်ကို ငါက ဂရုစိုက်ရမှာလား...
နောက်တစ်စက္ကန့်တွင်...
ထိုက်ချင်ဂိုဏ်း၏ အထက်ရှိ မိုးကောင်းကင်ကြီး ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့ပေ၏။ တိမ်မည်းများ တလိမ့်လိမ့်တက်လာပြီး မည်းနက်သော မိုးကြိုးများ လှိုင်းထကာ ကောင်းကင်ကြီးက ဒေါသထွက်နေသည့်အလား ကမ္ဘာပျက်မည့် မြင်ကွင်းတစ်ခုနှင့် တူညီနေသည်။
ခန်းမကြီးထဲရှိ လူတိုင်း ဤရုတ်တရက် အပြောင်းအလဲကြောင့် လုံးဝကြောင်အမ်းသွားခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်....
တတိယတောင်ထိပ်၌...
ပျင်းရိနေသော ရွှီချီသည် ရုတ်တရက် သူ၏ လက်ထဲရှိ 'အာဏာရှင်ဆန်တဲ့ ဓားအင်မော်တယ်က ငါ့ကို ချစ်မိသွားတယ်'စာအုပ်ကို ချထားလိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်ကာ အထက်ရှိ ကောင်းကင်ကြီးကို မျက်မှောင်ကြုတ်ပြီး လှောင်ပြောင်လိုက်သည်။
"ညစ်ပတ်တဲ့ ကစားကွက်တွေ ကစားနေတာလား..."
"လှုပ်ရှားဖို့ ကြိုးစားကြည့်လေ..."
"မလှုပ်ရှားရဲရင်... ထွက်သွားလိုက်..."