အခန်း (၂၀၇-၂၀၈)
Vol. 21 Ch. 207-208
🫧 Chapter 207
"...."
ကျန်းလင်သည် ကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး အားလုံးကို အမူးပြေဆေးရည် လိုက်တိုက်နေသော သရဲမီးတောက်များကို ကြည့်ရင်း သတိမဝင်သေးသကဲ့သို့ ဖြစ်နေ၏။
သုသည်ယခု အရက်နာကျနေသည့် ခံစားချက်မျိုး ရနေ သည်။
သူ၏ မှတ်ဉာဏ်သည် ကျန့်အန်းမင်းသားနှင့် အရက်ခွက်ချင်း တိုက်ခဲ့သည့် အခိုက်အတန့်တွင်သာ ရပ်တန့်နေဆဲ ဖြစ်၏။
ထို့နောက် ကျန်းလင်သည် မိမိကိုယ်ကိုယ် အထက်အောက် အကဲခတ်ကြည့်လိုက်ရာ ပုံပန်းသွင်ပြင် အနည်းငယ် ရှုပ်ပွနေသည်မှလွဲ၍ ကျန်သည့်အရာများ အားလုံး အဆင်ပြေနေသည်ကို တွေ့လိုက်ရသည်။
ပိုက်ဆံအိတ်ကို စစ်ဆေးကြည့်လိုက်သောအခါမှသာ သူသည် သက်ပြင်းချနိုင်တော့၏။
ကြည့်ရသည်မှာ သူ အရက်မူးနေချိန်တွင် ပိုက်ဆံများကို လျှောက်မကြဲပစ်ခဲ့ပုံ ရသည်။
သို့သော် ရေတွက်ရင်း ရေတွက်ရင်းနှင့်ပင် ကျန်းလင် တစ်ခုခုကို သတိပြုမိသွား၏။
'တစ်ခုခု ထူးဆန်းနေတာလား'
ထူးဆန်းသည့်အချက်မှာ ပစ္စည်းများ လျော့နည်းသွားခြင်း မဟုတ်ဘဲ ငွေများ အများအပြားပိုလာခြင်းပင် ဖြစ်သည်။
ပိုက်ဆံအိတ်ထဲရှိ ပစ္စည်းများကို သူ အသိဆုံးဖြစ်ပြီး မှတ်ဉာဏ် မှားယွင်းသွားစရာ အကြောင်းလည်း မရှိချေ။
ထို့ကြောင့် သူ တွေဝေသွားတော့သည်။
ကျန်းလင်သည် ပိုက်ဆံအိတ်ကို တိတ်တဆိတ် ဖုံးအုပ်ထားလိုက်ပြီး ခေါင်းကို သတိထားကာ မော့ကြည့်၍ ခန်းမဆောင်ကြီး အတွင်းရှိ အခြားသော ဝိညာဉ်တမန်တော်များကို လှမ်းကြည့်လိုက်၏။ 'သူ အရက်မူးပြီးနောက် တစ်ယောက် ယောက်ကိုများ ဓားပြတိုက်ခဲ့မိသလား'
ခန်းမဆောင်ကြီး၏အခြား ထောင့်တစ်နေရာတွင် အသစ် တက်လာသော အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးလျိုသည်လည်း မိမိကိုယ်ပေါ်ရှိ အခြေအနေကို စစ်ဆေးနေလေသည်။
အရာအားလုံးက ကောင်းမွန်နေပေသည်။
သို့သော် နောက်ဆုံး သိုလှောင်အိတ်ကို ကြည့်လိုက်သည့် အချိန်တွင်တော့ သူ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။
သူ၏အိတ်ကပ်ထဲတွင် အဘယ်ကြောင့် ဤမျှများပြားသော စားပွဲများ ရောက်နေရသနည်း။
အဖွဲ့မှူးလျိုသည် ခေါင်းကိုကုတ်လိုက်ပြီး အခြား ဝိညာဉ်တမန်တော်များကို လှမ်းကြည့်လိုက်သည်။
' သူက ဒီလောက်များတဲ့ စားပွဲတွေကို ဘာလုပ်ဖို့ သိမ်းထားရတာလဲ'
'တစ်ယောက်ယောက်နဲ့ အရောင်းအဝယ်များလုပ်ခဲ့မိသလား'
ထိုသို့ တွေးနေစဉ်မှာပင် သူသည် စူးစမ်းနေသော အခြား အကြည့်တစ်စုံနှင့် ဆုံတွေ့သွားလေ၏။
ထိုအကြည့်ထဲတွင် သိချင်စိတ်၊ ထူးဆန်းမှုနှင့် ဝမ်းသာမှု အနည်းငယ်တို့ ရောနှောပါဝင်နေပေသည်။
မုန့်ပေါ်သည် စာရင်းများကို သေချာစွာ ထပ်မံ တိုက်ဆိုင်စစ်ဆေးလိုက်ရာ အိတ်ကပ်ထဲတွင် ပိုလာသော ပစ္စည်းများက လျော့သွားသော ပစ္စည်းများထက် များစွာ ပိုနေကြောင်း တွေ့ရှိလိုက်ရသည်။
ပိုလာသည့် အရာများမှာ သဘာဝကျကျပင် ငွေကြေးများ ဖြစ်ပြီး၊ လျော့သွားသည်မှာ ဆေးဘက်ဝင် အပင်များနှင့် အသုံးအဆောင် အချို့ဖြစ်၏။
ဤရက်ပိုင်းအတွင်း သူမ တစ်ယောက်ယောက်နှင့် အရောင်း အဝယ် လုပ်ခဲ့သည်မှာ ထင်ရှားလှပေသည်။
သို့သော် သူမ နားမလည်နိုင်သည်မှာ ထိုပစ္စည်းများကို ဝယ်ယူရန် မည်သူက ဤမျှလောက် ငွေအမြောက်အမြား အသုံးပြုမည်နည်း ဆိုသည်ကိုပင်။
သူမ၏အကြည့်များသည် ဝေ့ဝဲကြည့်ရှုနေရင်းမှ အသစ်တက်လာသော အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးလျို၏တွေဝေနေသော အကြည့်များနှင့် ရုတ်တရက် ဆုံတွေ့သွားတော့၏။
'ဒီကောင်များလား'
အဆင့်တစ်ခုတည်းတွင် အနှစ်တစ်ရာနီးပါး တစ်ဆို့နေခဲ့သော ပထမတန်းစား ဝိညာဉ်တမန်တော် တစ်ပါးသည်လည်း ဖြည်းညင်းစွာ နိုးထလာခဲ့သည်။
ထို့နောက် မိမိကိုယ်ကိုယ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိထားကြောင်းကို ပထမဆုံး အနေဖြင့် သတိပြုမိသွားရာ သူသည် ချက်ချင်းပင် လန့်ဖြန့်သွားတော့၏။
"တောက်၊ ဘယ်သူက ငါ့ကို ရိုက်သွားတာလဲ၊ ပြီးတော့ ငါ့ကိုတောင် နိုင်သွားသေးတယ်ပေါ့လေ"
သူသည် အဆင့်တစ်ခုတည်းတွင် အနှစ်တစ်ရာခန့် တစ်ဆို့နေခဲ့သော်လည်း မရဏတမန်တော်အဆင့် အလယ်အလတ်ပိုင်း ဆိုသည်မှာ အားနည်းလှသည်တော့ မဟုတ်ချေ။ မည်သူက သူ့ကို အနိုင်ယူပြီး ဒဏ်ရာရအောင် လုပ်နိုင်လောက်သည့် စွမ်းရည်မျိုး ရှိနေသနည်း။
ရုတ်တရက် သူ၏ ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့၏။ 'တောက်၊ သူ့ကို ရန်ငြိုးရှိနေတဲ့ တစ်ယောက် ယောက်ကများ သူ အရက်မူးနေချိန်ကို အခွင့်ကောင်းယူပြီး တိတ်တဆိတ် လုပ်ကြံသွားတာတော့ မဟုတ်ပါဘူးနော်'
သူသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်တမန်တော်များကို သတိထားကာ ကြည့်ရှုရင်း လက်ကို မိမိဝိညာဉ်လက်နက်ပေါ်သို့ တင်လိုက်သည်။
လက်တင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး အပြင်သို့ ထုတ်ကြည့်လိုက်သောအခါ သူ ကြက်သေ သေသွားတော့၏။
'သူ့ ဝိညာဉ်လက်နက်က ဘယ်လိုလုပ် ကျိုးသွားရတာလဲ'
ထိုလက်နက်မှာ အမည်းရောင် ဓားရိုးနှင့် အဖြူအမည်း ဓားသွားပါရှိသော ဓားရှည်တစ်လက် ဖြစ်သည်။
အသုံးပြုသည့် အချိန်တွင် ဓားကိုယ်ထည်၏အမည်းရောင် အစိတ်အပိုင်းများသည် မင်ရည်ကဲ့သို့ မည်းနက်နေပြီး အဖြူရောင် အစိတ်အပိုင်းများကမူ နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေတတ်၏။
အလွန်အမင်း မည်းနက်ခြင်းနှင့် ဖြူဖွေးခြင်းတို့ ပေါင်းစပ်ထားသဖြင့် ထူးခြားသော အလှတရား တစ်မျိုးကို ဖြစ်ပေါ်စေပေသည်။
သို့သော် ယခုအခါတွင် ထိုဓားကြီးမှာ ကျိုးပဲ့နေပြီ ဖြစ်၏။
'ကျိုးသွားပြီတဲ့လား'
'ဘယ်လိုလုပ် ကျိုးသွားတာလဲ'
'ဘယ်ကောင် လုပ်သွားတာလဲ'
'ဘယ်သူက သူ့ကို ဒီလောက်တောင် မုန်းတီးနေလို့ သူ့ရဲ့ ဓားကိုတောင် ကျိုးအောင်လုပ်သွားရတာလဲ'
ဤပထမတန်းစား ဝိညာဉ်တမန်တော်သည် အလွန်အမင်း တုန်လှုပ်သွားခဲ့ပြီး အလွန်နားမလည်နိုင် ဖြစ်နေတော့သည်။
'ဒီသုံးရက်အတွင်း ဘာတွေများ ဖြစ်ပျက်ခဲ့တာလဲ'
ယခင်က သူ နှစ်ပတ်လည်ပွဲတော်များကို တက်ရောက်ခဲ့စဉ်က ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။
တိတ်တဆိတ် လုပ်ကြံသွားသော ထိုသရဲကဘယ်သူနည်း။
ထို့နောက် သူသည် လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
ပြီးလျှင် ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်လိုက်ကာ ခန္ဓာကိုယ်တွင်း ကျန်ရှိနေသော အရက်များနှင့် အရက်မှတစ်ဆင့် ပါလာသော ယင်စွမ်းအင်များကို ချေဖျက်နိုင်ရန် မိမိ၏ တစ္ဆေစွမ်းအင်များကို စတင် လည်ပတ်စေတော့၏။
ယခုအခါ အားလုံး နိုးထနေကြပြီ ဖြစ်ရာ သူ့ကို လုပ်ကြံခဲ့သော ထိုဝိညာဉ်တမန်တော် အနေဖြင့် လူအများရှေ့တွင်တော့ ထပ်မံ လှုပ်ရှားရဲမည် မဟုတ်ချေ။
[....]
[....]
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် မည်သည့် မှတ်ချက်မှ မရှိတော့ချေ။
သို့သော် လူ့လောကရှိ ဖုန်းများနှင့် ကွန်ပျူတာ မျက်နှာပြင် အသီးသီးသည် ဤအခိုက်အတန့်တွင် ပြင်းထန်သော ဒဏ်ကို ခံလိုက်ရပြီး အမျိုးမျိုးသော ဟင်းရည်များ၊ တံတွေးများ၏ဖြန်းပက်မှုကို ခံလိုက်ရလေသည်။
ဝိညာဉ်တမန်တော်ကြီးများ နိုးလာပြီးနောက် သတိထားနေသော၊ တွေဝေနေသော၊ ထိတ်လန့်တုန်လှုပ်နေသော အမူအရာ အမျိုးမျိုးကိုကြည့်ရင်း ပရိသတ်များသည် ရယ်သံများ ထွက်မလာစေရန် မိမိတို့၏ပေါင်ကို အားကုန် ဆွဲလိမ်ထားရသည် သို့မဟုတ် ဘေးရှိ သူငယ်ချင်း၏ပေါင်ကို ရိုက်ထားရလေသည်။
ထိုသို့ ထိန်းချုပ်ထားသဖြင့် 'ဖူးဖူးဖူးဖူး' ဟူသော လေထွက်သံများကိုသာ ပြုလုပ်နိုင်ကြတော့၏။
ဤအရာက အမှန်တကယ်ကို ပျော်စရာ ကောင်းလွန်းလှပေသည်။
အထူးသဖြင့် Streamer ကြီး၏ သတိထားနေသော အကြည့်များနှင့် ပိုက်ဆံအိတ်ကို ဖုံးအုပ်ထားသည့် အမူအရာလေးပင် ဖြစ၏။
ကြည့်ရသည်မှာ သူ့ အိတ်ကပ်ထဲတွင် ပိုလာသော ငွေများက ဘယ်က ရောက်လာမှန်း သူ မသိသေးသည်မှာ အသေအချာပင် ဖြစ်သည်။
'ဟားဟားဟားဟား'
ကံကောင်းထောက်မစွာဖြင့် သူတို့သည် စောစောက အသက်ရှင်သန်ချင်စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းမှ ကြောက်လန့်တကြား ထွက်မသွားခဲ့မိချေ။
သို့သော် မည်မျှပင် စိတ်လှုပ်ရှားနေစေကာမူ ဤအခိုက် အတန့်တွင်တော့ မည်သည့် မှတ်ချက်ကိုမျှ လုံးဝရေးသား၍ မရသေးပေ။
ပရိသတ် တစ်ဦးချင်းစီတိုင်းသည် မိမိတို့၏လက်များကို ဖိထားပြီး မှတ်ချက်ပေးလိုက်ပါက အားလုံးပြီးဆုံးသွားမည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးနေကြ၏။
' ဖျန်း ဖျန်း ဖျန်း' အမြဲတမ်း မှတ်ချက် အလုအယက်ပေးလေ့ရှိသော ပရိသတ် အချို့ဆိုလျှင် မိမိတို့၏လက်ကိုပင် နှစ်ချက်ခန့် တိုက်ရိုက် ရိုက်ချလိုက်ကြပြီး ဘယ်ဘက်လက်က ညာဘက်လက်ကို ရိုက်၊ ညာဘက်လက်က ဘယ်ဘက်လက်ကို ပြန်ရိုက်နေကြသည်။
လက်ယားပြီး မည်သည့် ခလုတ်ကိုမျှ သွားမနှိပ်မိစေရန် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားရသည်။
' သည်းခံထားကြ ဖူးဖူးဖူးဖူး'
ကျန်းလင်သည် ယမမင်းကြီး ရှိမနေတော့ကြောင်း တွေ့လိုက်ရသဖြင့် ပစ္စည်းများ သိမ်းဆည်းကာ အဖွဲ့ ၁၈ ဆီသို့ ပြန်ရန် မူလက ရည်ရွယ်ထားခဲ့သည်။
နှစ်ပတ်လည်ပွဲတော် ပြီးဆုံးသွားပြီ ဖြစ်ရာ အားလုံး မိမိတို့၏ လုပ်ငန်းခွင် အသီးသီးသို့ ပြန်လည် သွားရောက်ရမည် ဖြစ်ကြောင်း ထင်ရှားလှပေ၏။
သို့သော် သူ အနည်းငယ် အကဲခတ်ကြည့်လိုက်သောအခါ ခန်းမဆောင်ကြီး အတွင်းရှိ ဝိညာဉ်တမန်တော် အများအပြားသည် တင်ပျဉ်ခွေ ထိုင်ကာ တစ်ခုခုကိုကျင့်ကြံနေကြကြောင်း သတိပြုမိသွားသည်။
"သူတို့က ခန္ဓာကိုယ်ထဲမှာ ကျန်နေတဲ့ အရက်တွေကို ချေဖျက်နေကြတာလေ၊ ဒီ 'မူးယစ်သေရည်' က ကျင့်ကြံဖို့အတွက် တော်တော်လေး ကောင်းမွန်တဲ့ အထောက်အကူပြု ပစ္စည်းပဲ" ကျန့်အန်းမင်းသား၏အသံသည် ဘေးဘက်မှ ထွက်ပေါ်လာပြီး တိုးတိုးလေးပြောလိုက်၏။
" 'မူးယစ်သေရည်' ကို ချေဖျက်ပြီးသွားရင် ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကိုလည်း အလျင်အမြန် ပြန်လည် ရရှိလာနိုင်တယ်"
"ကျေးဇူးပဲ"
ကျန်းလင်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ချက်ချင်းပင် တိုးတိုးလေး ကျေးဇူးတင်စကား ဆိုလိုက်ကာ သူလည်း အလျင်အမြန်တင်ပျဉ်ခွေ ထိုင်၍ ခန္ဓာကိုယ်တွင်းရှိ အရက်များကို စတင် ချေဖျက်နေတော့သည်။
သူ သောက်ခဲ့သည်မှာ သိပ်မများလှသဖြင့် ချေဖျက်သည့် အမြန်နှုန်းမှာလည်း ပိုမိုမြန်ဆန်မည် ဖြစ်၏။
အကယ်၍ သူ အရက်မူးပြီး တစ်ယောက်ယောက်ကို တကယ်ပဲ ဓားပြတိုက်ခဲ့မိမည် ဆိုပါက ပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်မည် မဟုတ်ပါလော။
'Streamer တို့ ဘာတွေ ပြောနေကြတာလဲ'
တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ်များမှာ မကြားရသဖြင့် တစ်ယောက်ပြီး တစ်ယောက် သိချင်စိတ်များ ပြင်းပြနေကြတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် မှတ်ချက် မပေးရဲကြသဖြင့် မိမိတို့ စိတ်ထဲတွင်သာ အကြိတ်အနယ် စိုးရိမ်ပူပန်နေကြရသည်။
သို့သော် ဤသို့သော ခံစားချက်မှာ အချိန်ခဏမျှသာကြာ မြင့်ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် Streamer ပြန်လည် မျက်လုံးမှိတ်သွားသည်နှင့်အမျှ မျက်ခုံးများ လှုပ်ရှားလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ချက်ချင်းပင် မျက်နှာပေါ်ရှိ ကြွက်သားများလည်း တစ်ချက် တွန့်သွားလေ။
Streamer ၏မျက်နှာ အမူအရာများသည် သိမ်မွေ့သော ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေတော့သည်။
ဤအချိန်တွင် မည်သူကမျှ အခြား ဝိညာဉ်တမန်တော်များကို သွားရောက် မကြည့်ရှုကြတော့ဘဲ Streamer သည်သာလျှင် သူတို့ အာရုံစိုက်ရမည့် အဓိက ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်လေ။
ရုတ်တရက် ပရိသတ်များ အားလုံးအသက်ရှူ ရပ်တန့်သွားကြတော့၏။
🫧 Chapter 208
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ကျန်းလင်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တစ္ဆေစွမ်းအင်များကို စတင်၍ လည်ပတ်နေစေပြီ ဖြစ်၏။
အရက်များကို ချေဖျက်လိုက်သည်နှင့်အမျှ ပြီးခဲ့သော ရက်ပိုင်းက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများသည် သူ၏ ခေါင်းထဲတွင် တစ်ခုပြီးတစ်ခု ပြန်လည် ထွက်ပေါ်လာတော့သည်။
အရက်များ အားလုံးကို ချေဖျက်ပြီးသွားသည့် အချိန်တွင် ကျန်းလင်သည် မျက်လုံးများကို ဖွင့်လိုက်လေ၏။
သို့သော် သူသည် မျက်လွှာကို ချထားသဖြင့် သူ့ ခံစားချက်ကို မည်သူကမျှ အကဲခတ်၍ မရနိုင်ချေ။
ရုတ်တရက် သူသည် ခေါင်းမော့လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာနှင့် မှတ်ချက်ကဏ္ဍဆီသို့ တိုက်ရိုက် ကြည့်ရှုလိုက်သည်။
မှတ်ချက်ကဏ္ဍတွင် မည်သည့် မှတ်ချက်မှ ရှိမနေပေ။
သန်းချီ၊ သန်းဆယ်ချီ၍ ရှိနေသော တိုက်ရိုက်ထုတ်လွှင့်မှု လူဦးရေသည် ဤအခိုက်အတန့်တွင် အတုအယောင် ဂဏန်းတစ်ခုလိုပင် ဖြစ်နေတော့၏။
Streamer ကြီး လှမ်းကြည့်လိုက်သည့် အခိုက်အတန့်မှာပင် ပရိသတ်များ၏ စိတ်လှုပ်ရှားမှုသည် အမြင့်ဆုံး အမှတ်သို့ ရောက်ရှိသွားလေသည်။
သူတို့သည် မျက်နှာပြင်ကို စူးစိုက်ကြည့်နေကြသော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် လိပ်ပြာမလုံဖြစ်ကာ Streamer ၏ အကြည့်ကို ရှောင်လွှဲချင်နေကြ၏။
နှလုံးများကလည်း တဒိတ်ဒိတ်ခုန်နေပြီး သေမင်း၏ နှုတ်ခမ်းဝတွင် အပြန်ပြန်အလှန်လှန် ခုန်ပေါက်နေရသကဲ့သို့ ခံစားနေကြရသည်။
၎င်းမှာ အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။
'Streamer က ငါတို့ကို ပါးစပ်ပိတ်ခိုင်းတော့မှာ မဟုတ်ပါဘူးနော်'
'ငါ ဘာမှ မမြင်လိုက်ဘူးနော်'
ပရိသတ်များသည် စိတ်ထဲတွင် အလွန် လိပ်ပြာမလုံ ဖြစ်နေကြသော်လည်း ဤအချိန်ရောက်မှ တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ရန် ပြောနေ၍လည်း အသုံးမဝင်တော့ချေ။
ထွက်သွားခြင်းက ပို၍ပင် သိသာထင်ရှားစေမည် မဟုတ်ပါလော။
ဤသို့ တင်းမာနေသော လေထုထဲတွင် သူတို့၏ အရှေ့ရှိ မျက်နှာပြင်သည် ရုတ်တရက် မည်းမှောင်သွားပြီး သူတို့ကိုယ်ပိုင် မျက်နှာများကို ပြန်လည် ထင်ဟပ်လာတော့၏။
"ဝါး အား အား"
"အား သရဲဟေ့ သရဲ"
မျက်နှာပြင် အရှေ့ရှိ ပရိသတ် တစ်ဦးချင်းစီတိုင်းသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး လေထဲသို့ပင် ခုန်တက်သွားကြတော့သည်။
မူလကတည်းက တင်းမာနေသော သူတို့၏ ဦးနှောက်ကြိုးလေးသည် ဤအခိုက်အတန့်တွင် တိုက်ရိုက်ပင်ပြတ်တောက်သွားခဲ့ပြီ ဖြစ်၏။
အချို့က ဖုန်းကို သုံးမီတာခန့် အဝေးသို့ လွှင့်ပစ်လိုက်ပြီး စောင်ခြုံထဲသို့ ပြန်ဝင်ပုန်းနေရန် ကြိုးစားကြသည်။
အချို့ကလည်း ချက်ချင်းပင် သူငယ်ချင်း၏အနောက်သို့ ပုန်းကွယ်သွားပြီး တစ်ဖက်လူကို အကာအကွယ်အဖြစ် အသုံးချလိုက်ကြ၏။
ပိုဆိုးသည်မှာ အချို့ဆိုလျှင် နေရာမှာတင် သေးထွက်ကျသွားကြတော့သည်။
ဤအခိုက်အတန့်တွင် အတွေ့အကြုံရှိပြီးသော ပရိသတ် တစ်ဦး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ 'ငါ အိမ်သာထဲမှာ နေရာယူထားမိတာ တော်သေးတယ်' ဟူ၍ပင် ဖြစ်လေ၏။
မျက်နှာပြင်ပေါ်တွင် မိမိတို့၏ မျက်နှာများ ပြန်လည်ထင် ဟပ်လာသည့် အခိုက်အတန့်တွင် ပရိသတ်များ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ Streamer ကြီးက အိမ်တိုင်ရာရောက် လာရှာပြီဟူ၍ ထင်မှတ်သွားကြခြင်းဖြစ်သည်။
ပုံမှန်အချိန်များတွင် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း၌ သူတို့သည် ငိုလိုက် ရယ်လိုက် လုပ်နေကြပြီး ရယ်စရာ စကားအချို့ကိုပင် ရေးသားနိုင်ကြသေးသည် မဟုတ်ပါလော။
သို့သော် တကယ်တမ်း သူတို့ကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပေါ်လာမည် ဆိုပါက ဤမျှလောက် ကြီးမားသော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကို ခံနိုင်ရည်ရှိမည့်သူ သိပ်များများစားစား ရှိမည် မဟုတ်ချေ။
အစပိုင်း ထိတ်လန့်မှုများ လွန်ဆုံးသွားပြီးနောက်မှသာ ပရိသတ် အချို့သည် ဖြည်းညင်းစွာ သဘောပေါက်လာကြသည်။
'ကြည့်ရတာ Streamer က တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တာ ထင်တယ်'
တစ်ခဏအတွင်းမှာပင် ပရိသတ်များသည် တံတွေး တစ်ချက် မျိုချလိုက်ကြ၏။
သူတို့သည် တုန်ယင်နေသောလက်များဖြင့် ဖုန်းကို ပြန်ကောက်ယူလိုက်ကြပြီး အခြားသူများနှင့် စကားပြောဆိုခြင်းဖြင့် ယခုလေးတင်က ခံစားလိုက်ရသော တုန်လှုပ်မှုကို အနည်းငယ် သက်သာအောင် ကြိုးစားလိုက်ကြသည်။
[ငါတော့ ငိုပြီကွာ ဝူးဝူးဝူး Streamer ကြီး ကျွန်တော် မှားသွားပါတယ်]
[တောက် အပေါ်ကလူ၊ မင်းလည်း သေးထွက်ကျသွားတာလား၊ ငါ အစကတည်းက ပြောသားပဲ နေရာကို ကြိုရွေးထားပါလို့]
[တောက် အပေါ်ကလူ၊ မင်း ဘာတွေ လျှောက်ပြောနေတာလဲ]
[တကယ်ကို နည်းနည်းလေးပဲ လိုတော့တာ ငါတော့ တကယ် သေတော့မလို့ပဲ၊ လန့်သေတော့မလို့ ခုနက ငါ့ကိုယ်ငါ တိုက်ရိုက်ထုတ်လွှင့်မှု ထဲကို ရောက်သွားပြီလို့တောင် ထင်လိုက်တာ]
[ငါ့အိမ်က ဆွေမျိုးတွေကတော့ ငါ ရုတ်တရက်ကြီး ဒူးထောက်ချလိုက်လို့ ကြောင်အမ်းအမ်းနဲ့ ကြည့်နေကြတယ် ▄█?█●]
[မင်းတို့က တော်သေးတာပေါ့၊ ငါက လမ်းမကြီးပေါ်မှာ 'သရဲတကယ်တွေ့သွားတဲ့ အချိန်က တုံ့ပြန်မှု' ကို တိုက်ရိုက် ဖျော်ဖြေပြလိုက်မိတာ]
ပရိသတ်များသည် စိတ်ထဲတွင် အလွန်ထိတ်လန့်နေကြပြီး တစ်ကိုယ်လုံးရှိ အားအင်များ ကုန်ခမ်းသွားသကဲ့သို့ ခံစားနေကြရ၏။
[#ကိုယ့်ကိုယ်ကိုယ် လန့်သေမတတ်ဖြစ်သွားပြီးနောက် လူပုံအလယ်မှာ အရှက်ကွဲခဲ့ရခြင်း အကြောင်းတစ်တစ်ရပ်]
[ဒါနဲ့ စကားမစပ်၊ ငါက ပန်းချီကားတွေ အများကြီးဆွဲထားတာ အခု အဲဒါတွေကို ဖျောက်ဖျက်ပစ်ဖို့ လိုမလား]
....
ခန်းမဆောင်ကြီးအတွင်းတွင် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍကို တိတ်ဆိတ်စွာ ကြည့်ရှုနေလေ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သော်လည်း မှတ်ချက်များကိုတော့ ဆက်လက် ကြည့်ရှုနိုင်သေးပေသည်။
သို့သော် ပုံမှန်နေ့ရက်များတွင်တော့ သူသည် မှတ်ချက်များကိုကြည့်ရန် ဤမျှလောက် အာရုံစိုက်လေ့ မရှိချေ။
သို့သော် ယခုမူသူ့အကြည့်များသည် ပန်းချီကားနှင့် ပတ်သက်သော နောက်ဆုံး မှတ်ချက်ပေါ်တွင် ရပ်တန့်သွားပြီးနောက် အကြည့်ကို ရုပ်သိမ်းလိုက်တော့သည်။
ဘေးဘက်သို့ ကြည့်လိုက်သောအခါ ကျန့်အန်းမင်းသားသည် မည်သည့်အချိန်က ထွက်ခွာသွားမှန်း မသိရအောင် ပျောက်ကွယ်နေပြီ ဖြစ်၏။
ပတ်ဝန်းကျင်တွင်လည်း ဝိညာဉ်တမန်တော်များ တစ်ယောက်ပြီးတစ်ယောက် ထလာကြကာ မျက်နှာမည်းကြီးများဖြင့် ထွက်ခွာသွားသူများ ရှိသကဲ့သို့ ထောင့်တစ်နေရာတွင် အေးအေးဆေးဆေး ထိုင်ကာ ပွဲကြည့်ရန် စောင့်နေသူများလည်း ရှိနေပေသည်။
အသစ်တက်လာသော ချိတ်ပိတ်ရေးတပ်ဖွဲ့ အဖွဲ့မှူးကြီးယွီသည် တိတ်တဆိတ် မျက်နှာကို ပွတ်သပ်လိုက်ပြီး ဤသုံးရက်အတွင်း ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ပြန်လည် တွေးတောရင်း သူ၏ မျက်နှာကို မြေကြီးထဲသို့ တူးမြှုပ်ထားချင်စိတ် ပေါက်သွားတော့၏။
၎င်းမှာ အလွန်ရှက်စရာ ကောင်းလွန်းလှပေသည်။
'ချိတ်ပိတ်ခြင်း စွမ်းရည်ကို သုံးမိသည်က ထားပါတော့၊ နောက်ပိုင်း သူ သွေးကြောထောက်တဲ့ကိစ္စက ဘာကြီးလဲ၊ ကလေးတွေ ကစားနေတာလား'
အခြား ဝိညာဉ်တမန်တော်များ သတိမထားမိချိန်တွင် သူသည် တိတ်တဆိတ် ထွက်ပြေးရန်ပြင်လိုက်သော်လည်း ခန်းမဆောင်ကြီး၏ ထောင့်တစ်နေရာတွင် ပြုံးစစဖြင့် ကြည့်နေကြသော အကြည့်တစ်စုံနှင့် ဆုံတွေ့သွားလေ၏။
ထိုပွဲကြည့်နေကြသော စီနီယာကြီးများကိုကြည့်ပြီးနောက် အဖွဲ့မှူးကြီးယွီသည် အံကိုတင်းတင်းကြိတ်ကာ မျက်နှာသေဖြင့် ခေါင်းငုံ့၍ ခန်းမဆောင်ကြီး အပြင်ဘက်သို့ ပြေးထွက်သွားတော့သည်။
သူ ထွက်သွားပြီး မကြာမီမှာပင် အသစ်တက်လာသော အမည်းရောင်ဝိညာဉ်တမန်တော် အဖွဲ့မှူးကြီးလျိုသည်လည်း မျက်လုံးများကို ဖွင့်လာခဲ့၏။
သူ့ မျက်နှာပေါ်တွင် မည်သည့် အမူအရာကိုမျှ မပြသဘဲ ခန်းမဆောင်ကြီး၏ ထောင့်တစ်နေရာသို့ တဖြည်းဖြည်း ဆုတ်ခွာသွားလေသည်။
သူသည် ခန်းမဆောင်ကြီး အတွင်းရှိ လှုပ်ရှားမှုများကို တစ်ဖက်မှ အကဲခတ်နေရင်း အခြားတစ်ဖက်မှလည်း သိုလှောင်အိတ်ထဲသို့ လက်ကို လျင်မြန်စွာ၊ တိတ်ဆိတ်စွာ ထည့်လိုက်သည်။
ထို့နောက် စားပွဲတစ်လုံးကို ထုတ်ယူလိုက်၏။
နောက်ထပ် စားပွဲတစ်လုံး။
သူစားပွဲ အမြောက်အမြားကို ထုတ်ယူလိုက်သည့် အချိန်တွင် ထိုနေရာ၌ တောင်ပူစာလေး တစ်ခုသဖွယ်စုပုံနေပြီ ဖြစ်ပေသည်။
သူ မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီ ဖြစ်သော်လည်း ထိုအချိန်က သူ ဘာဖြစ်လို့ ဒီလောက်များပြားတဲ့ စားပွဲတွေကို သိမ်းဆည်းခဲ့သလဲဆိုတာကိုတော့ သူကိုယ်တိုင်လည်း စဉ်းစား၍ မရနိုင်သေးချေ။
အိမ်ပြန်ပြီး ပွဲတည်ဖို့လည်း မဟုတ်ပါဘဲလျက် အဘယ့်ကြောင့် ခုံများသိမ်းဆည်းထားရပါသနည်း။
အဖွဲ့မှူးလျိုသည် မျက်နှာကိုတင်းထားကာ ပစ္စည်းများကို ချထားပြီးနောက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ခန်းမဆောင်ကြီး၏တံခါးဝဆီသို့ လျှောက်သွားတော့၏။
နေရာတစ်ခုကို ဖြတ်သွားချိန်တွင် သူသည် ရုတ်တရက်သွားဖြူဖြူ နှစ်တန်းကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ထိုသွားဖြူဖြူ ပိုင်ရှင်သည် အမှောင်ထဲတွင် ရပ်ကာ သူ့ကို ပြုံးရွှင်စွာဖြင့် ကြည့်နေလေ၏။
"..."
အဖွဲ့မှူးလျိုသည် လန့်ဖြန့်သွားပြီး တစ်ချိန်တည်းမှာပင် သူ၏ လှုပ်ရှားမှု အားလုံးကို တစ်ဖက်လူက မြင်တွေ့သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"အဟမ်း အဟမ်း"
ထို့အခါ သူ့ နားရွက်များ နီရဲသွားပြီး ချောင်းတစ်ချက်နှစ်ချက် ဟန့်ကာ လှည့်ထွက်သွားတော့၏။
သို့သော် နှစ်လှမ်းခန့်သာ လျှောက်ရသေးမီ သူသည် တစ်ခုခုနှင့် တိုက်မိပြီး ခလုတ်တိုက် လဲကျသွားကာ ထပ်မံ၍အလျင် အမြန် ကုန်းထကာ ထွက်ပြေးသွားတော့သည်။
....
ခန်းမဆောင်ကြီး အတွင်းတွင် ဝိညာဉ်တမန်တော်ကြီးများ သည် အဆက်မပြတ် မျက်လုံးများဖွင့်လာကြ၏။
သူတို့သည် အလွန် လျင်မြန်စွာ ထွက်ခွာသွားကြပြီး အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် နောက်ချန်အရိပ်များကိုပင် မမြင်ရတော့ချေ။
သို့သော် ထိုအရာနှင့်အတူ ပြဿနာများလည်း အများအပြား ထွက်ပေါ်လာခဲ့ပေသည်။
အဖွဲ့မှူးကြီးများသည် တစ်ယောက်ချင်း ဖြစ်စေ၊ သုံးယောက် တစ်ယောက်ဖြစ်စေ မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြလေ၏။
"ငါ့ခေါင်းပေါ်ကို ပန်းကန်လာမှောက်တာ မင်းပဲ မဟုတ်လား"
"ဒီအဘိုးကြီး၊ မင်း ငါ့ဆီက ဝိညာဉ်လက်နက် တစ်ခုထပ်လိမ်ယူသွားပြန်ပြီ၊ မြန်မြန် ပြန်ပေးစမ်း"
"ငါ့ဆီ ရောက်လာမှတော့ ငါ့ဟာ ဖြစ်သွားပြီပေါ့၊ မပေးနိုင်ပါဘူး"
"လီမုံ့ရှင်း၊ ငါ အရက်မူးနေတုန်း ငါ့မျက်နှာပေါ်မှာ လာပြီး လျှောက်ဆွဲထားတာ မင်းပဲ မဟုတ်လား၊ ဒီကိစ္စ မပြီးသေးဘူးနော်"
အဖွဲ့မှူးကြီးများသည် စတင် ရန်ဖြစ်ကြတော့သည်။
အချို့ဆိုလျှင် ခန်းမဆောင် အတွင်း၌ တစ်ယောက်အနောက် တစ်ယောက် လိုက်လံ ပြေးလွှားနေကြပြီး ခန်းမဆောင် အပြင်ဘက်အထိပင် ရောက်ရှိသွားကြ၏။
ဤသို့ ပြဿနာရှာနေကြသော အရိပ်အယောင်များ အကြားတွင် အခြား အရိပ်တစ်ခုမှာမူ မြေပြင်ပေါ်တွင် ထိုင်ကာ တိတ်တဆိတ် မျက်ရည်ကျနေလေသည်။
သူ့လက်ထဲတွင် နှစ်ပိုင်းကျိုးနေသော ဓားရှည်တစ်လက်ကို ပိုက်ထားပြီး ဓားရိုးမှာ အမည်းရောင် ဖြစ်ကာ ဓားသွားမှာမူ အလွန်အမင်း မည်းနက်ခြင်းနှင့် ဖြူဖွေးခြင်းတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားပေသည်။
'ဘာဖြစ်လို့လဲ'
'ငါ ဘယ်သူ့ကို သွားစိန်ခေါ် စိန်ခေါ်၊ ဘာဖြစ်လို့ ယမမင်းကြီးကို သွားပြီး စိန်ခေါ်ရတာလဲ'
'အခုတော့ ကြည့်စမ်း၊ အဆင့်ကလည်း မတက်တဲ့အပြင် အချစ်ရဆုံး ဝိညာဉ်လက်နက်ကိုပါ ဖျက်ဆီးပစ်လိုက်ရပြီ၊ တကယ်ကို မိန်းမလည်းဆုံး စစ်တပ်လည်းရှုံးတာပါပဲလား'
....
ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီးနောက် ချက်ချင်း မတ်တတ်မရပ်သေးဘဲ ခန်းမဆောင်ကြီး တစ်ခုလုံး၏ အခြေအနေကို တိတ်တဆိတ် အကဲခတ်နေလိုက်၏။
ကြည့်ရသည်မှာ သူ၏ ပိုက်ဆံများကို ပြန်တောင်းမည့်သူ မရှိပုံ ပေါ်ပေသည်။
သူ ခန်းမဆောင်ကြီး အတွင်းမှ ထွက်ခွာရန် ခြေလှမ်း ပြင်လိုက်စဉ် ဘေးရှိ ထောင့်တစ်နေရာမှ လုံးဝန်းသော ဥတစ်လုံး ရုတ်တရက် လိမ့်ထွက်လာခဲ့၏။
ထိုအရောင်ခုနစ်မျိုး ဥငယ်လေးသည် သူ့ကို သနားကမန်းဖြင့် မော့ကြည့်နေလေသည်။
ကျန်းလင်သည် မျက်ခုံးပင့်လိုက်မိ၏။
'ဒီဥလေးက ဒီလောက် ရှုပ်ပွနေတဲ့ ကြားထဲမှာ အခွင့်ကောင်း ယူပြီး အပြုတ်မခံ၊ အစားမခံလိုက်ရတာ အတော်လေး ကံကောင်းတာပဲ'
ထို့နောက်သူ လက်ကို မြှောက်လိုက်ရာ အရောင်ခုနစ်မျိုး ဥငယ်လေးသည် ချက်ချင်းပင် သခင်ဖြစ်သူ၏အင်္ကျီလက်စွပ်ထဲသို့ လိမ္မာစွာ ဝင်ရောက် ပုန်းအောင်းနေလိုက်တော့၏။
ကျန်းလင်သည် နန်းဆောင် ၁၈ ဆီသို့ အလျင်အမြန် ပြန်သွားချိန်တွင် အခြားအရိပ်တစ်ခုသည်လည်း ယမမင်းနန်းဆောင်ဆီသို့ ဦးတည် သွားနေပေသည်။
----
မုန့်ပေါ်သည် နိုးလာပြီးနောက် ခန်းမဆောင်ကြီး အတွင်း ဆက်မနေတော့ဘဲ ပိုက်ဆံအိတ်ကိုဖုံးအုပ်ကာ အလျင်အမြန် လစ်ထွက်သွားတော့၏။
မှတ်ဉာဏ်ပြန်လည်ရရှိခြင်း ကိစ္စများကို အိမ်ရောက်မှသာ ဆက်ပြောတော့မည်။
မည်သို့ပင်ဆိုစေကာမူ သူမ အမြတ်ထွက်ခဲ့သည်သာ ဖြစ်ပေသည်။
သို့သော် သူမ ခန်းမဆောင်ကြီး၏ တံခါးဝသို့ အရောက်တွင် ဝိညာဉ်တမန်တော် တစ်ပါး၏တားဆီးခြင်းကို ခံလိုက်ရလေ၏။
"မုန့်ပေါ်သခင်မကြီး၊ ယမမင်းကြီးက သခင်မကြီး နိုးလာရင် ယမမင်းနန်းဆောင်ကို လာခဲ့ဖို့ မှာလိုက်ပါတယ်"
မုန့်ပေါ်သည် ရပ်တန့်သွားပြီး "ယမမင်းကြီးက ဘာကိစ္စအတွက်လို့ ပြောလိုက်သေးလား"
တံခါးဝရှိ ဝိညာဉ်တမန်တော်သည် ခေါင်းခါပြလိုက်ပြီး မသိကြောင်း ဖော်ပြလေ၏။
သူက စကားလာပါးရုံ သက်သက်သာ ဖြစ်ပေသည်။
မုန့်ပေါ်သည် ခေါင်းညိတ်လိုက်ပြီး သိရှိကြောင်း ဖော်ပြလိုက်၏။
ယမမင်းနန်းဆောင်သို့ သွားရာလမ်းတစ်လျှောက်တွင် သူမသည် အလုပ်ကိစ္စများကြောင့်များလား၊ သို့မဟုတ် နှစ်ပတ် လည်ပွဲတော်တွင် သူမ တစ်ခုခု လုပ်ခဲ့မိ၍ ယမမင်းကြီးနှင့် ပတ်သက်သွားသလားဟု တွေးတောနေမိသည်။
သူမ စဉ်းစား၍ မရသကဲ့သို့ နားလည်း နားမလည်နိုင်ချေ။
ယမမင်းနန်းဆောင်သို့ ရောက်မှသာ ဘာကိစ္စလဲ ဆိုသည်ကို သိနိုင်မည် ဖြစ်၏။
သို့သော် သူမ ယမမင်းနန်းဆောင်သို့ ရောက်ရှိသွားသော အခါ ယမမင်းကြီးကို မတွေ့ရဘဲ အသစ်တက်လာသော အဖွဲ့မှူးကြီး အမျိုးသမီး တစ်ဦးကိုသာ တွေ့လိုက်ရပေသည်။
မုန့်ပေါ် : "...."
တစ်ဖက်ရှိ အဖွဲ့မှူးကြီးသည် သိသိသာသာကို စိုးရိမ်ထိတ် လန့်နေပုံ ရပြီး သူမကို သတိကြီးစွာဖြင့် ကြည့်ကာ မေးလိုက်၏။
"နင်က ဘယ်သူလဲ၊ ကျွန်မက ဘာလို့ ဒီကို ရောက်နေရတာလဲ”