အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း ၁၅၁ - စစ်တပ်ကနေ နုတ်ထွက်တော့မလား
ထိုကြောက်ရွံ့စိတ်ကပင် သူတို့၏မျက်စိကို ကွယ်စေခဲ့ပြီး ဖရန့်ခ်၏ အကွက်ချစီစဉ်မှုများကို မသိကျိုးကျွန်ပြုရန် တွန်းအားပေးခဲ့သည်။
'ဖရန့်ခ်ကလည်း ဒီလိုမျိုး လုပ်နိုင်တယ်ဆိုတာကို သူတို့ တစ်ခါမှ ထည့်မတွက်ခဲ့ကြဘူး' ဟု ဒန်နီယယ်က ခါးသီးစွာ တွေးတောနေမိသည်။
'ငါတစ်ယောက်တည်းပဲ သူတို့ကို ပြန်ပုန်ကန်လိမ့်မယ်လို့ ဘာလို့ ထင်နေကြတာလဲ။ ဖရန့်ခ်မှာလည်း အင်အားတွေ အပြည်အစုံရှိတာပဲ၊ သူက မရှိသလို ဟန်ဆောင်နေလို့ သူတို့က ပိုယုံကြည်နေကြတာ။ သူ ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာသာ သူတို့သိလိုက်ရင် သိပ်ကောင်းမှာပဲ'
ဒန်နီယယ်သည် တင်းမာသော မျက်နှာထားဖြင့် ဆိုင်းလပ်စ်ကို ပြန်ကြည့်လိုက်သည်။
"ဘလက်ခ် ဗာချာအဖွဲ့ကို ငါတို့ရဲ့ အင်အားတွေ ဒီအတိုင်း ဆက်ပြီး ခိုးယူခွင့် မပေးနိုင်ဘူး။ သူတို့သာ အောင်မြင်သွားရင် ပြင်ပရန်သူတွေကို မတိုက်ခိုက်ရသေးခင်မှာတင် ဒီစခန်းကြီးက ပြိုလဲသွားလိမ့်မယ်"
ဆိုင်းလပ်စ်သည် ဒန်နီယယ်ကို အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ စကားစလာသည်။
"အဖေ ကျွန်တော် ပြောစရာရှိတယ်။ ဘလက်ခ်သော်န် မိသားစုအနေနဲ့ စစ်တပ်ထဲကနေ အပြီးအပိုင် ထွက်လိုက်တာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်တယ်"
ဗိုလ်ချုပ်ကြီး ဒန်နီယယ် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ မျက်နှာက တည်ငြိမ်နေသော်လည်း ရင်ထဲတွင်မူ လေးလံသွား၏။ သူ ဒေါသမထွက်သလို အံ့သြခြင်းလည်း မရှိပေ၊ အရေးမပါသလိုသာ သဘောထားလိုက်သည်။
သူ့သားသမီးအားလုံးထဲတွင် ဆိုင်းလပ်စ်က အမြော်အမြင်အရှိဆုံးနှင့် အကွက်အကျဆုံးဖြစ်ကြောင်း သူသိထားသည်။
ဆိုင်းလပ်စ်သည် အမြဲတမ်း ခြေလှမ်းမှန်သူဖြစ်ပြီး ဘယ်သောအခါမှ ပေါ့ပေါ့ဆဆ မလုပ်တတ်ပေ။ ဆိုင်းလပ်စ် စစ်တပ်ထဲ စဝင်ကတည်းက ဒန်နီယယ်သည် သူ မနှစ်သက်သော အခြေအနေမျိုးထဲသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ခဲ့ဖူးချေ။
ထိုသို့ဖြစ်မည့်အစား ဆိုင်းလပ်စ်၏ အစီအမံများကြောင့် သူ၏အရှိန်အဝါက ပို၍ပင် ကြီးထွားလာခဲ့သေးသည်။
ဒန်နီယယ်သည် သားဖြစ်သူအတွက် အမြဲတမ်း ဂုဏ်ယူခဲ့ရသူဖြစ်သည်။ သားကို အလွန်ချစ်သော်လည်း သား၏ အချစ်ရေးနှင့် ပတ်သက်လျှင်မူ စိုးရိမ်မကင်း ဖြစ်ရဆဲပင်။ သို့သော် ထိုအချက်က သားအပေါ်ထားသော သူ့မေတ္တာကို လျော့ပါးမသွားစေခဲ့ပါ။
သားဖြစ်သူကို ကြည့်ရင်း ဒန်နီယယ်က ခပ်တိုးတိုး မေးလိုက်သည်။ "မင်း ဆိုလိုတာက ဘာလဲ"
ဆိုင်းလပ်စ်၏ မျက်နှာထားက ပို၍ ညှိုးမှိန်သွားသည်။
"အိုင်ဗီ မကြာခင်က နိမိတ်တစ်ခု မြင်ခဲ့တယ်။ ဘလက်ခ်သော်န်မိသားစုက မတရား စွပ်စွဲခံရလိမ့်မယ်တဲ့ အဖေက အဆိုးဆုံး စွပ်စွဲခံရပြီးတော့ ကျန်တဲ့ မိသားစုဝင်တွေရဲ့ တန်ဖိုးကလည်း ဘာမှမရှိသလို ဖြစ်သွားလိမ့်မယ်လို့ သူပြောတယ်"
ဒန်နီယယ်၏ မျက်လုံးများ မှေးစပြုလာသည်။ သူသည် မွေးရာပါ သတိကြီးသူဖြစ်သလို သံသယစိတ်လည်း များသူဖြစ်သည်။
ယခင်ကလည်း မှန်ကန်ကြောင်း သက်သေပြခဲ့ဖူးသူတစ်ဦးထံမှ လာသော စကားဖြစ်၍ သူ လျစ်လျူမရှုဝံ့ပေ။ ကျောပြင်တစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရသည်။
'အိုင်ဗီ နောက်တစ်ခါပေါ့' ဟု သူက ခါးသီးစွာ တွေးလိုက်မိသော်လည်း စိတ်မအေးနိုင် ဖြစ်ရသည်။ 'သူ့စကားတွေက ငါ့ကို မကြောက်ချင်ဘဲနဲ့တောင် ကြောက်စိတ်ဝင်အောင် ဆွပေးနေသလိုပဲ'
ဒန်နီယယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း "သူ တိတိကျကျ ဘာမြင်ခဲ့တာလဲ" ဟု မေးလိုက်သည်။
ဆိုင်းလပ်စ်က သက်ပြင်းတစ်ချက်ချလိုက်ကာ "အဖေ စွပ်စွဲခံရတာကို သူမြင်တယ်။ ဘာကြောင့်လဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ အဆုံးသတ်ကတော့ အတူတူပဲ။ အဖေ သေသွားတယ်လေ"
အခန်းထဲတွင် လေထုက လေးလံထိုင်းမှိုင်းသွားသည်။ ဗိုလ်ချုပ်ကြီး ဒန်နီယယ် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်သွား၏။ ငါလား၊ စွပ်စွဲခံရပြီး သေသွားတယ်တဲ့ ဟုတ်လား။
'ငါတောင် မလွတ်မြောက်နိုင်ဘဲ သေရလောက်အောင်အထိ ဒီပြစ်မှုက ဘယ်လောက်တောင် ကြီးမားနေလို့လဲ' ဟု သူက တွေးနေမိသည်။
သူ့အသံက ခပ်တိုးတိုး ထွက်လာသည်။ "ဒါဆို မင်းကရော"
ဆိုင်းလပ်စ်က လက်ကို တင်းတင်းဆုပ်ထားရင်းမှ ပြန်ဖြေသည်။ "ကျွန်တော်ကတော့ အသက်ရှင်နေပေမဲ့ အဝေးတစ်နေရာကို ရောက်နေတာ အဖေ့အပေါ် ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် မတားဆီးနိုင်ခဲ့ဘူး"
ဒန်နီယယ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ သားဖြစ်သူ၏ စကားကို သူ မယုံကြည်ခြင်း မရှိပါ။ သို့သော် ရင်ထဲတွင် တစ်မျိုးကြီး ခံစားနေရသည်။ ဆိုင်းလပ်စ်က အမှန်တရားအားလုံးကို မပြောဘဲ ချန်ထားခဲ့ကြောင်း သူ ရိပ်မိသော်လည်း မသိကျိုးကျွန်ပြုလိုက်သည်။
နောက်ဆုံးတွင် ဒန်နီယယ်က "အိုင်ဗီနဲ့ တွေ့ဖို့ စီစဉ်ပေးနိုင်မလား" ဟု ဆိုလာသည်။
ဆိုင်းလပ်စ်က ခပ်ပြုံးပြုံးဖြင့် "ကျွန်တော့်ချစ်သူက အလုပ်များနေတာ။ အဖေ့အတွက် အချိန်ပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်"
ဒန်နီယယ်၏ မေးရိုးများ တင်းသွားရသည်။ နောင်တစိတ်က သူ့ကို ထိုးဆွနေသလိုပင်။
ဆိုင်းလပ်စ်က နောက်ကို မှီလိုက်ရင်း အထက်စီးဆန်ဆန် ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အိုင်ဗီရဲ့ အကာအကွယ် မလိုတော့ဘူးလို့ ကြုံးဝါးခဲ့တဲ့ လူတစ်ယောက်အကြောင်း အဖေ မှတ်မိဦးမှာပါ။ အခု အဲဒီလူကပဲ အိုင်ဗီရဲ့ အကူအညီကို လိုချင်နေပြီလို့ ကျွန်တော် သွားပြောရင် အိုင်ဗီ ဘယ်လို တုံ့ပြန်မလဲဆိုတာ သိချင်မိသား"
ဒန်နီယယ်က သားဖြစ်သူကို မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်နေမိသည်။ သားဖြစ်သူ၏ စကားများက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ "မင်း အပြစ်ပေးမခံချင်ရင် ငါပြောသလို လုပ်စမ်း" ဟု ဒန်နီယယ်က အေးစက်စက် ဆိုလိုက်သည်။
ဆိုင်းလပ်စ် တစ်ချက်တုန်သွားသော်လည်း အားယူကာ ပြုံးလိုက်ရင်း "ကျွန်တော် အပြစ်ပေးခံရမှာ မကြောက်ပါဘူး။ ကျွန်တော့်ချစ်သူက ကျွန်တော့်ကို ကာကွယ်ပေးမှာပဲ။ သူက ကျွန်တော့်ကို အထိခိုက်ခံမှာ မဟုတ်ဘူး"
ခဏမျှ ဒန်နီယယ်၏ ရင်ထဲတွင် နာကျင်မှုတစ်ချက် ဖြစ်သွားသည်။ အချစ်တွေ ပြည့်လျှံနေသော ဆိုင်းလပ်စ်၏ အထက်စီးဆန်သည့် အကြည့်ကို ကြည့်ရင်း သူ့ဇနီးသည်ကို ရုတ်တရက် လွမ်းဆွတ်သွားမိသည်။ ရင်ထဲတွင် နွေးထွေးမှုနှင့် နာကျင်မှုတို့ ရောယှက်နေ၏။
ထိုသို့ ဂုဏ်ယူဝင့်ကြွားနေသော အပြုံးကို ရပ်တန့်သွားစေရန် သားဖြစ်သူကို ရိုက်ပင် ရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။ သူ အသက်ကို ပြင်းပြင်းရှူလိုက်ရင်းမှ -
"ငါလည်း တစ်ခုခု ထူးဆန်းနေတာ သတိထားမိသားပဲ။ အိုင်ဗီနဲ့ တိုင်ပင်ဖို့ အစကတည်းက စီစဉ်ထားတာ။ မင်းပြောတာသာ အမှန်ဆိုရင် အထက်လူကြီးတွေက ငါ့ကို အကွက်ဆင်ပြီး ထောင်ချောက်ဆင်ဖို့ ပြင်နေကြတာ ဖြစ်ရမယ်"
ထိုစကားကြားသည်နှင့် ဆိုင်းလပ်စ်၏ မျက်နှာက ချက်ချင်း တည်ကြည်သွားသည်။ "အဲဒီလိုသာဆိုရင်တော့ တွေ့ဆုံဖို့ ကျွန်တော် စီစဉ်ပေးပါ့မယ်"
ဒန်နီယယ်က ကျေနပ်သည့်ဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ သူ စကား ဆက်ပြောရန် ပြင်နေစဉ်မှာပင် တံခါးပွင့်လာသည်။
တာလီယာသည် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ဝင်လာသည်။ သူမက ခေါင်းငုံ့ထားရင်း တိုးညှင်းစွာ ပြောလိုက်သည်။ "ကြားဖြတ်ပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အိုင်ဗီကို ပြောစရာရှိလို့ပါ။ ကျွန်တော့်ရဲ့ စေ့စပ်ထားတဲ့သူက ဆက်သွယ်လာပြီး တွေ့ဖို့ ပြောနေတယ်"
အခန်းတွင်းရှိ လေထုက ချက်ချင်း တင်းမာသွားသည်။ ဆိုင်းလပ်စ်နှင့် ဒန်နီယယ်တို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း တောင့်တင်းသွားကြ၏။ အခုအချိန်အထိ အိုင်ဗီသည် တာလီယာကို အပြင်ထွက်ခွင့် လုံးဝ မပြုခဲ့ပေ။
အိုင်ဗီ ဘယ်လို နိမိတ်မျိုး မြင်ထားလဲဆိုတာ သူတို့ မသိသော်လည်း အလွန်စိုးရိမ်စရာကောင်းမည်ကိုတော့ ခန့်မှန်းမိကြသည်။ တာလီယာကို အပြင်မထွက်ရန် အိုင်ဗီက တားမြစ်ထားသည်ဆိုလျှင် တစ်ခုခု အကြီးအကျယ် စောင့်ကြိုနေသည်မှာ အမှန်ပင်။
'ဘာလို့ အခုမှလဲ' ဟု ဒန်နီယယ်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ 'သူ့စေ့စပ်ထားတဲ့သူက ဘာဖြစ်လို့ ဒီလိုအချိန်မျိုးကျမှ လှမ်းခေါ်ရတာလဲ'
ဆိုင်းလပ်စ်၏ မျက်လုံးများက တာလီယာ၏ စကားကို ကြားသည်နှင့် ထက်မြက်သွားသည်။ သူက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။ "မရဘူး။ အခုအချိန်မှာ သူ့ကို မတွေ့တာက ပိုကောင်းလိမ့်မယ်"
တာလီယာသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ သူမက ခေါင်းကို မော့လိုက်ကာ အသံများ တုန်ယင်နေသော်လည်း ဇွဲမလျှော့ဘဲ ပြောလာသည်။ "သူက ပြောတယ်၊ အခုသာ မတွေ့ရင် စေ့စပ်ထားတာကို ဖျက်ပစ်မယ်တဲ့"
ဒန်နီယယ်၏ မျက်ခုံးများ ပို၍ တွန့်ချိုးသွားကာ အသံက အေးစက်သွားသည်။ "ဒါဆိုလည်း ပျက်ပါစေ။ ငါတို့က ဒီစေ့စပ်ကြောင်းလမ်းမှုအတွက် သေမတတ် အလိုရှိနေတာ မဟုတ်ဘူး"
တာလီယာ၏ မျက်နှာက ညိုမှောင်သွားသည်။ သူမက လက်သီးကို တင်းတင်းဆုပ်ထားရင်းမှ တည်ငြိမ်သော်လည်း လေးလံသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်မ သူ့ကို ချစ်တယ်။ စေ့စပ်ထားတာကို အပျက်မခံနိုင်ဘူး"
ခဏမျှ ဒန်နီယယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူမ၏ ခေါင်းမာသော အမူအရာကို စိုက်ကြည့်နေမိသည်။ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကြောင့် တင်းကျပ်သွား၏။
'ဒီပုံစံမျိုး... ငါ အရင်က မြင်ဖူးပါတယ်' ဟု သူက ခါးသီးစွာ တွေးလိုက်မိသည်။
သူ့အကြည့်က ဆိုင်းလပ်စ်ဆီသို့ ရောက်သွားပြီး ရုတ်တရက် သူ အမှတ်ရသွားသည်။ ဆိုင်းလပ်စ်သည် အိုင်ဗီကို ကာကွယ်ပြောဆိုချိန်တိုင်း ယခုကဲ့သို့ပင် မည်သူ့စကားကိုမျှ နားမထောင်ဘဲ ချစ်ခြင်းမေတ္တာနှင့် အာခံလိုစိတ်တို့ ပြည့်နှက်နေသော မျက်နှာထားမျိုး ဖြစ်တတ်တယ်လေ။
'နှစ်ယောက်လုံးပဲ... ငါ့သားသမီး နှစ်ယောက်လုံးက အချစ်ရူးတွေ ဖြစ်နေကြပြီ' ဟု ဒန်နီယယ်က ရင်ထဲတွင် ဒေါသများ ပေါက်ကွဲလျက် တွေးနေမိသည်။
'တစ်ယောက်က မိန်းကလေးတစ်ယောက်အတွက် မျက်စိကွယ်နေပြီး နောက်တစ်ယောက်က ယောင်္ကျားလေးတစ်ယောက်အတွက် မျက်စိကွယ်နေတယ်။ ငါ ဘာတွေများ မှားခဲ့လို့ ဒီလိုတွေ ကြုံနေရတာလဲ'
သူက သက်ပြင်းတစ်ချက်ချရင်း နဖူးကို ပွတ်လိုက်မိသည်။ စိတ်ပျက်အားလျော့မှုနှင့်အတူ အပြင်သို့ ထုတ်မပြနိုင်သော ဒေါသများက ရောယှက်နေ၏။ "ဒါဆိုလည်း" ဟု သူက လေးလံစွာ ပြောလိုက်သည်။ "မင်းနဲ့အတူ လူတစ်ယောက်ယောက် ထည့်ပေးလိုက်ရမယ်"
အခန်း ၁၅၂ - ထူးခြားသော စွမ်းဆောင်ရည်
တာလီယာသည် ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်။ "ကျွန်မလည်း အိုင်ဗီကို အတူခေါ်သွားဖို့ စိတ်ကူးထားတာ"
သူမ၏ စကားပင် မဆုံးသေးမီမှာပင် ဆိုင်းလပ်စ်နှင့် ဒန်နီယယ်တို့ နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း အသံထွက်လာကြသည်။
"မရဘူး"
ထိုစကားလုံးသည် အခန်းထဲတွင် ပဲ့တင်ထပ်သွား၏။
ဒန်နီယယ်သည် မေးရိုးကို တင်းတင်းစေ့ထားသည်။ သူ့မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ အထင်အသား မြင်နေရသည်။ အကယ်၍ ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံလာရပါက အိုင်ဗီအနေဖြင့် တာလီယာကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
သူ့အတွက်မူ ထိုအချက်သည် လက်မခံနိုင်လောက်အောင် ကြီးမားသည့် စွန့်စားမှုတစ်ခု ဖြစ်နေသည်။ ဆိုင်းလပ်စ်၏ မျက်နှာကလည်း တည်ကြည်လေးနက်နေသည်။ သူ၏ အတွေးက ဖခင်ဖြစ်သူနှင့် မတူသော်လည်း ခိုင်မာမှုမှာမူ အတူတူပင်။ သူ၏ ချစ်သူ အိုင်ဗီကို ဘယ်လို အန္တရာယ်မျိုးထဲကိုမှ ခြေမလှမ်းစေချင်ရုံသက်သက်သာ။ သူ၏ ငြင်းဆန်မှုသည် သူမကို ဆုံးရှုံးရမှာ ကြောက်သည့်စိတ်မှ မြစ်ဖျားခံနေခြင်းဖြစ်သည်။
တာလီယာသည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ယှက်သန်းသွားသည်။ သူမ၏ အကြံဉာဏ်ကို သူတို့နှစ်ယောက်လုံးက ချက်ချင်းဆိုသလို ငြင်းပယ်လိုက်ကြသည်ကို စိတ်ဝင်တစား ရှိနေမိသည်။ သို့သော် သူမ ဇွတ်မတောင်းဆိုခဲ့ပါ။
သူမသည် မိမိအလိုမကျတိုင်း ငိုယိုခြင်း၊ ဗျာများခြင်းတို့ ပြုလုပ်တတ်သည့် မိန်းကလေးမျိုး မဟုတ်ပေ။ သူမဘက်ကလည်း အမှတ်မထင် အကြံပြုခဲ့ခြင်းသာ ဖြစ်သောကြောင့် ထိုကိစ္စကို လက်လွှတ်လိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။
သူမက ဆိုင်းလပ်စ်ကို ကြည့်လိုက်ရင်း "ဒါဆိုရင် မောင်လေးကရော ကျွန်မနဲ့ အတူလိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား"
ဆိုင်းလပ်စ်က ခေါင်းကို ဖြည်းဖြည်းချင်း ခါပြသည်။ "မရဘူး။ ကျွန်တော် ခရီးတစ်ခု သွားစရာရှိတယ်။ ဘယ်တော့ ပြန်ရောက်မလဲဆိုတာလည်း အတပ်မသိသေးဘူး"
ထိုစကားကြားသော် တာလီယာက ဒန်နီယယ်ကို လှမ်းကြည့်လိုက်သည်။ ဒန်နီယယ်က ချက်ချင်းပင် ခေါင်းညိတ်ပြကာ တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလာသည်။ "ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်"
ဒန်နီယယ်၏ စကားကြောင့် တာလီယာသည် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိသည်။ သူမ၏ ပခုံးများလည်း လျော့ကျသွား၏။
အနည်းဆုံးတော့ သူတို့ထဲက တစ်ယောက်က သူမနှင့်အတူ လိုက်ခဲ့ပေးမည်မဟုတ်ပါလား။ ထို့နောက် သူမက ဆိုင်းလပ်စ်ကို ထပ်ကြည့်လိုက်ပြန်သည်။
"ဒါဆိုရင်လည်း မောင်လေး သွားတော့လေ။ အိုင်ဗီဆီသွားပြီး သူ အပြင်ထွက်လို့ ရမရ အရင်မေးကြည့်ဦး။ သူနဲ့ အရင်တိုင်ပင်လိုက်ပါဦး"
ဆိုင်းလပ်စ်က တွန့်ဆုတ်မနေဘဲ သဘောတူလိုက်သည်။ "အခုပဲ သွားလိုက်မယ်"
ထိုသို့ဆိုကာ သူသည် ထရပ်၍ ထွက်ခွာသွားတော့သည်။
...........
ငှားရမ်းထားသော တိုက်ခန်းလေးထဲတွင်မူ အိုင်ဗီသည် ထိုင်ချလိုက်ပြီး စိတ်အာရုံကို အချိန်ပိုင်းသိုလှောင်ခန်းအတွင်းသို့ နစ်မြှပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး နောက်တစ်ခဏတွင်မူ သိုလှောင်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားတော့သည်။
သူမ ပထမဆုံး လုပ်ဆောင်သည့်အချက်မှာ စိတ်ထဲမှနေ၍ မေးမြန်းလိုက်ခြင်းပင်။ "ဘာစွမ်းဆောင်ရည်အသစ်တွေ ထပ်ပွင့်သွားတာလဲ"
[ချက်ချင်းဆိုသလိုပင် သူမ၏ ဦးခေါင်းထဲတွင် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။ အချိန်ပိုင်းသိုလှောင်ခန်းအတွင်း တည်ဆောက်ထားသော ပစ္စည်းအားလုံးကို ယခုအခါ ပြန်လည်စစ်ဆေးနိုင်သည်။ ထို့အပြင် ပစ္စည်းများကို လူကိုယ်တိုင် သွားစရာမလိုဘဲ ဤနေရာမှ တိုက်ရိုက် ပြန်လည်ဖြည့်တင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်သည်။]
အိုင်ဗီသည် ဝေခွဲမရဖြစ်ကာ မျက်တောင်တဖြတ်ဖြတ် ခတ်နေမိသည်။ "အဲဒါက အတိအကျ ဘာကို ဆိုလိုတာလဲ"
သို့သော် နောက်တစ်ခဏမှာပင် သူမ သဘောပေါက်သွားသည်။ သူမအနေဖြင့် ကုန်စုံဆိုင်သို့ နေ့တိုင်း လူကိုယ်တိုင် သွားစရာမလိုဘဲ ဤနေရာမှနေ၍ ကုန်ပစ္စည်းများကို တိုက်ရိုက် ဖြည့်တင်းနိုင်ပြီဖြစ်သည်။
ခြင်းတောင်းတွေ မလိုတော့သလို၊ ကုန်ပစ္စည်းတွေ လိုက်စီနေရတာမျိုး ဒါမှမဟုတ် မနက်တိုင်း အပြေးအလွှား သွားနေရတာမျိုးလည်း လုပ်စရာ မလိုတော့ပေ။ အရာအားလုံးကို စိတ်ကူးလိုက်ရုံဖြင့် ပြီးမြောက်နိုင်ပြီဖြစ်သည်။
သူမ၏ မျက်လုံးများ တောက်ပသွားကာ ရင်ခုန်သံများပင် မြန်လာသည်။ 'ဒါက သိပ်ကို အသုံးဝင်တာပဲ။ ငါ့အတွက် အချိန်တွေ အများကြီး သက်သာသွားပြီ'
ထို့နောက် နောက်ထပ် အတွေးတစ်ခု သူမဆီ ရောက်လာပြန်သည်။ 'နေပါဦး... စွမ်းအင်းသိုလှောင်ခန်းထဲမှာ အဆောက်အဦးတစ်ခု ဆောက်ထားတယ်ဆိုရင် အဲဒီထဲက လူတစ်ယောက်ကို ငါ မောင်းထုတ်လို့ရတယ်လို့ ဆိုလိုတာလား'
အဖြေက ချက်ချင်း ပြန်ရောက်လာသည်။ [ရပါသည်]
အိုင်ဗီသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရကာ ရင်ထဲတွင်လည်း တက်ကြွမှုများ ဖြတ်သန်းသွားသည်။
'ဒါဆိုရင် ဒီစခန်းတစ်ခုလုံးကို ငါ အပြည့်အဝ ထိန်းချုပ်နိုင်ပြီပေါ့။ ဘယ်သူပဲ ပြဿနာရှာရှာ သူတို့ကို ချက်ချင်း ထုတ်ပစ်လို့ ရပြီ။ ငါ့မှာ ကင်းသမားတွေ ဒါမှမဟုတ် ခြိမ်းခြောက်မှုတွေ ရှိနေဖို့ မလိုဘူး။ ငါကိုယ်တိုင်ပဲ ဒီနေရာရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်တော့မှာ'
သူမ၏ ရင်ထဲတွင် နွေးထွေးသော ပျော်ရွှင်မှုများ ပျံ့နှံ့သွားသည်။ စခန်းတစ်ခုလုံးကို စီမံခန့်ခွဲပြီး ပြစ်မှုဖြစ်ပွားနှုန်းကို လျှော့ချနိုင်မည်ဟူသော အတွေးက သူမကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ တိုးပွားစေသည်။
ထို့နောက် သူမက သတိထား၍ မေးလိုက်ပြန်သည်။
"ဒီနေရာကို အကဲခတ် စောင့်ကြည့်လို့ရော ရမလား"
ဤတစ်ကြိမ်တွင်မူ အဖြေက ပြတ်သားလှသည်။ [မရပါ]
အိုင်ဗီ၏ မျက်နှာလေး အနည်းငယ် ငြိုးငယ်သွားသည်။ 'နှမြောစရာပဲ။ အဲဒါသာ ရရင် ပိုပြီး လွယ်ကူသွားမှာ'
သို့သော် သူမသည် စိတ်မကောင်းဖြစ်နေခြင်းကို အချိန်အကြာကြီး အဖြစ်မခံခဲ့ပါ။ သူမသည် ဆိုင်အကြောင်းနှင့် ကုန်စုံပစ္စည်းများကို ဘယ်လောက်တောင် ဈေးပေါပေါနှင့် ရောင်းချနေသည်ကို ပြန်စဉ်းစားလိုက်သည်။ ထို့နောက် နောက်ထပ် အကြံတစ်ခု ရလာပြန်သည်။
'တိုက်ခန်းတွေရဲ့ အိမ်လခကိုသာ လျှော့ချပေးလိုက်ရင် နောက်ထပ် တစ်ခုခု ထပ်ပွင့်လာဦးမလား'
ထိုမေးခွန်းက စိတ်ထဲမှာ ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သာယာနာပျော်ဖွယ်ကောင်းသော ခေါင်းလောင်းသံလေး တစ်ချက်ကို သူမ ကြားလိုက်ရသည်။ သို့သော် ထိုအသံသည် မကြာမီမှာပင် ဘာမှမရှိခဲ့သလိုမျိုး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
သူမ၏ မျက်လုံးများ မှေးစပြုလာသည်။ 'ထူးဆန်းလိုက်တာ။ ဒီစွမ်းအင်သိုလှောင်ခန်းက ကောင်းမှုကုသိုလ်တွေအပေါ် တုံ့ပြန်နေသလိုပဲ'
ထိုအတွေးက စိတ်ထဲတွင် စွဲထင်သွားပြီး ခေါင်းလောင်းသံလေးက နောက်ထပ် တစ်ချက် ပြန်လည်မြည်ဟည်းလာပြန်သည်။
သူမ၏ မျက်ခုံးများ ပင့်တက်သွားသည်။ ယခုမှ သူမ သဘောပေါက်တော့သည်။ အစကတည်းက အချိန်ပိုင်းသိုလှောင်ခန်းသည် သူမကို ကောင်းသော ကံတရားများဆီသို့ ဦးတည်စေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကြင်နာမှုနှင့် ရက်ရောမှုများကို ဆုလာဘ် ပြန်လည်ပေးသနားတတ်သည်။
အိုင်ဗီသည် ခေတ္တမျှ စဉ်းစားခန်း ဝင်နေမိသည်။ 'ဒါဆိုရင် ဒီမှာနေတဲ့ လူတွေအပေါ် ငါ ကြင်နာမှုပြရင် နောက်ထပ် ဝှက်ဖုံးနေတဲ့ စွမ်းဆောင်ရည်တွေ ပွင့်လာနိုင်တာပေါ့။ ငါ့ကိုယ်ငါ လူတွေအရှေ့ ထုတ်ပြစရာ ဒါမှမဟုတ် လူတွေရဲ့ အနိုင်ကျင့်တာကို ခံနေဖို့ မလိုဘဲ မျှမျှတတနဲ့ ကူညီပေးလို့ ရတာပဲ။ ဒီနေရာက အဲဒီလိုမျိုးကို နှစ်သက်ပုံရတယ်'
ထိုရိုးရှင်းသော သိမြင်နားလည်မှုက သူမ၏ စိတ်ကို ကြည်လင်သွားစေသည်။ သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ယှက်သန်းသွားကာ အပြင်သို့ ပြန်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် အချိန်ပိုင်းသိုလှောင်ခန်းမှ ထွက်၍ သူမ၏ တိုက်ခန်းလေးဆီသို့ ပြန်ရောက်လာခဲ့သည်။ ဆိုင်းလပ်စ် ပြန်မရောက်သေးသောကြောင့် သူမသည် မီးဖိုချောင်ထဲသို့ ဝင်ကာ အစားအစာများ စတင်ပြင်ဆင်တော့သည်။ သူမ၏ လှုပ်ရှားမှုများက တည်ငြိမ်နေပြီး ပစ္စည်းပြတ်လပ်သွားမှာကိုလည်း စိုးရိမ်မနေတော့ပေ။
ဘာပဲဖြစ်ဖြစ် ဒီနေ့ သူမမှာ ခရမ်းချဉ်သီးတွေ ရှိနေပြီလေ။ သူမသည် ခရမ်းချဉ်သီးများကို စားပွဲပေါ်တွင် အသာအယာ တင်လိုက်ပြီး ဆေးကြောလိုက်သည်။ ၎င်းတို့ကို လှီးနေစဉ်မှာပင် သူမက တွေးနေမိသည်။
'မနက်ဖြန်ကျရင်ရော ဘာဟင်းသီးဟင်းရွက်တွေ ရလာဦးမလဲ။ အသစ်အဆန်းတစ်ခုခုများ ဖြစ်မလား... တကယ်ကို မျှော်လင့်မိပါရဲ့'
ချက်ပြုတ်ထားသော အစားအစာများ၏ မွှေးရနံ့က တိုက်ခန်းလေးထဲတွင် ပြည့်နှက်သွားသည်။ အိုင်ဗီသည် ဟင်းရည်ကို မွှေရင်း၊ စားပွဲပြင်ရင်းနှင့် ခပ်တိုးတိုး သီချင်းလေး ညည်းနေမိသည်။ နောက်ဆုံး ပန်းကန်ပြားကို ချလိုက်ပြီးချိန်မှာပင် တံခါးပွင့်လာသည်။ အရပ်အမောင်း မြင့်မားလှသော ဆိုင်းလပ်စ်သည် လမ်းလျှောက်လာရင်း အလင်းရောင်ကို ပိတ်ဆို့ကာ ဝင်လာခဲ့သည်။
သူသည် အိုင်ဗီကို ခဏမျှ စိုက်ကြည့်နေမိသည်။ အိုင်ဗီသည် အလွန်ပင် တည်ငြိမ်အာရုံစိုက်နေပြီး မီးဖိုချောင်ထဲတွင် သွားလာလှုပ်ရှားနေပုံမှာ အကြိမ်ပေါင်း ထောင်ချီလုပ်ဖူးနေသည့်အလား။ ဆိုင်းလပ်စ်၏ နှုတ်ခမ်းဖျားမှ ရယ်သံသဲ့သဲ့လေး တစ်ချက် ထွက်လာသည်။
'အခုချိန်မှာ သူက တကယ့်ကို ငါ့ဇနီးသည်လေးနဲ့ တူနေတာပဲ' ဟု ဆိုင်းလပ်စ်က တွေးလိုက်မိရာ ရင်ထဲတွင် နွေးထွေးမှုများ ပျံ့နှံ့သွားသည်။
အိုင်ဗီ လှည့်မကြည့်နိုင်ခင်မှာပင် သူက သူမ၏ နောက်ကနေ အနားတိုးသွားပြီး ခါးလေးကို သိုင်းဖက်လိုက်သည်။ သူမ အနည်းငယ် လန့်သွားကာ ပါးလေးများ ရဲတက်သွား၏။
"ဆိုင်းလပ်စ်၊ လွှတ်ဦးလေ" ဟု သူမက အသာအယာ ရုန်းရင်း တိုးတိုးလေး ပြောလိုက်သည်။
သို့သော် ဆိုင်းလပ်စ်က သူ၏ ဦးခေါင်းကို သူမ၏ နားနားသို့ ကပ်လိုက်ကာ အသံကို ခပ်အုပ်အုပ်ဖြင့် "မလှုပ်နဲ့" ဟု ဆိုလိုက်သည်။
အိုင်ဗီ ချက်ချင်းပင် ငြိမ်ကျသွားသည်။ သူမ၏ နောက်ဘက်မှနေ၍ ထူးဆန်းသော တင်းမာမှုတစ်ခုက လာရောက်ဖိကပ်ထားသည်ကို ခံစားလိုက်ရသောအခါ သူမ၏ ရင်ခုန်သံများ ဗရမ်းပတာ ဖြစ်သွားရပြီး သူမ၏ မျက်နှာတစ်ခုလုံးလည်း နီမြန်းသွားတော့သည်။
'သွားပြီ... ဒီလူ... သူကတော့လေ... မဟုတ်မှလွဲရော'