အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁ - အန္တရာယ်ကျရောက်နေသော တာလီယာ
သူမ နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်ပြီး တည်ငြိမ်အောင် အတင်းကြိုးစားလိုက်သည်။ "ဟုတ်လား... သိပြီ"
တာလီယာက ဘာမှ ထပ်မပြောတော့ဘဲ အိုင်ဗီ၏ ခရီးဆောင်အိတ်ကို သဘာဝကျကျပင် ဆွဲယူလိုက်သည်။ "လာ... သွားကြရအောင်"
အိုင်ဗီသည် လေးလံသော စိတ်ဖြင့် သူမနောက်မှ တိတ်တဆိတ် လိုက်ခဲ့သည်။ 'ဆိုင်းလပ်စ်... ရှင် ဘာလို့ အဲဒီလိုမျိုး...' သူမ ထိုအတွေးကို အတင်းဖိသိပ်ထားလိုက်သည်။ တာလီယာ၏ စေ့စပ်ထားသူနှင့် တွေ့ဆုံပြီးမှပဲ သူမ၏ အိတ်ကို ပြန်ယူတော့မည်ဟု ဆုံးဖြတ်လိုက်၏။
သူတို့သည် စစ်သုံးဂျစ်ကားတစ်စီးပေါ်သို့ တက်လိုက်ကြသည်။ ကားအင်ဂျင်သံမှလွဲ၍ လမ်းခရီးတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် တာလီယာ၏ ဆက်သွယ်ရေးစက်မှ အချက်ပေးသံ မြည်လာသည်။ သူမ ဖွင့်ဖတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"ငါ့စေ့စပ်ထားတဲ့သူဆီကပဲ" တာလီယာက ပြောသည်။ "သူ ဆယ်မိနစ်လောက် နောက်ကျမယ်တဲ့။ ချိန်းထားတဲ့နေရာမှာ စောင့်နေလိုက်တော့လို့ ပြောတယ်"
အိုင်ဗီက ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
တာလီယာက သူမကို ခိုးကြည့်လိုက်ရာ ရင်ထဲတွင် အနည်းငယ် မကောင်းဖြစ်သွားရသည်။ 'မောင်လေးက ငါ့ကို ဒီလိုသရုပ်ဆောင်ခိုင်းတာပေမဲ့... အိုင်ဗီ ကြည့်ရတာ တကယ့်ကို နာကျင်နေပုံပဲ။ သူ ဒါမျိုးနဲ့ မတန်ပါဘူး။ ဒါပေမဲ့လည်း... ငါ သူပြောထားကို လုပ်ပေးရမှာပဲ'
ငါးမိနစ်ခန့်အကြာတွင် သူတို့နှစ်ဦးလုံး ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရသည်။ အိုင်ဗီက သူမ၏ လည်ပင်းကို လက်ဖြင့် အုပ်လိုက်မိ၏။
'လေထုက... ထူးဆန်းနေတယ် ထိုင်းမှိုင်းနေတာပဲ အဆိပ်လား'
တာလီယာ၏ မျက်လုံးများ ဝိုင်းစက်သွားကာ အိုင်ဗီကို လှမ်းကြည့်လိုက်ရာ အကြည့်ချင်း ဆုံသွားသည်။ သူတို့နှစ်ယောက်လုံး ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။
"မြဲမြဲကိုင်ထား" တာလီယာ အော်ဟစ်လိုက်ပြီး လီဗာကို အစွမ်းကုန် နင်းလိုက်သည်။ ဂျစ်ကားသည် လမ်းမပေါ်တွင် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားတော့သည်။
သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် တာလီယာ၏ လက်များ တုန်ယင်လာကာ လက်ကိုင်ဘီးကို ဆုပ်ကိုင်ထားနိုင်စွမ်း လျော့နည်းလာသည်။
"ငါ့... ငါ့လက်မောင်းတွေ..." သူမ အသံများ တုန်ယင်နေ၏။ ခြေထောက်များမှာလည်း အားအင်ကုန်ခမ်းလာပြီး ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လှုပ်ရှားမရတော့ပေ။
အိုင်ဗီ၏ အမြင်အာရုံများလည်း ဝေဝါးလာသည်။ 'အဆိပ်က ပျံ့နှံ့နေပြီ။ ဒါ... သိပ်မြန်လွန်းတယ်...'
တာလီယာသည် သတိမလွတ်စေရန် သွားကို တင်းတင်းကြိတ်ပြီး ခုခံနေသော်လည်း မျက်ခွံများမှာ လေးလံလာသည်။ သတိမေ့မသွားခင် သူမ၏ စိတ်ထဲတွင် နောက်ဆုံးအတွေးတစ်ခု ဝင်လာသည်။
'အိုင်ဗီကို မခေါ်လာခဲ့သင့်ဘူး... အခုတော့ သူလည်း ဒုက္ခရောက်ရတော့မှာပဲ...'
ထို့နောက် အမှောင်ထုက သူမကို ဝါးမြိုသွားတော့သည်။
.......
တာလီယာ မျက်လုံးပြန်ပွင့်လာသောအခါ တစ်ကိုယ်လုံး နာကျင်နေသည်။ သူမကို ကုလားထိုင်တစ်ခုတွင် ထူထဲသော ကြိုးများဖြင့် တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားသဖြင့် ကြိုးစများက အရေပြားထဲသို့ နစ်ဝင်နေ၏။ ဆီနံ့နှင့် သံနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူတို့ ဂိုဒေါင်တစ်ခုထဲ ရောက်နေသည်ကို သိလိုက်ရသည်။
သူမ အသက်ရှူပင် မှားသွားရသည်။ သူတို့ကို ဝန်းရံထားသော လူများမှာ ရုပ်ဆိုးပန်းဆိုးနှင့် ညစ်ပတ်ပေရေနေကာ သူတို့၏ မျက်လုံးများတွင် ယုတ်မာသော ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။
သူမ ခေါင်းကို လှည့်ကြည့်လိုက်သည်။ အိုင်ဗီကတော့ ခေါင်းလေး ဘေးစောင်းလျက် သတိမေ့နေဆဲပင်။
"အိုင်ဗီ" တာလီယာက ထိတ်လန့်တကြား တိုးတိုးလေး ခေါ်လိုက်သည်။ "ထဦး... ကျေးဇူးပြုပြီး ထပါဦး..."
သို့သော် အိုင်ဗီက မလှုပ်မယှက်။
တာလီယာ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်လျှံလာသည်။ 'မဖြစ်ဘူး၊ မဖြစ်ဘူး။ သူလည်း ငါ့လိုပဲ ကြုံရတော့မှာလား... ငါတို့... ငါတို့ လွတ်လမ်းမရှိတော့ဘူး'
သူမ ကြိုးများကို အတင်းရုန်းကြည့်သော်လည်း ကြိုးထုံးများမှာ အရေပြားထဲသို့ ပို၍သာ နစ်ဝင်သွားတော့သည်။
ထိုလူများထဲမှ တစ်ယောက်က အကျည်းတန်သော အသံဖြင့် ရယ်မောလိုက်သည်။ သူ့မှာ ဗိုက်ပူပူနှင့် မျက်လုံးမှ နားရွက်အထိ ရောက်နေသော အမာရွတ်ကြီး ရှိသည်။ သူက အနားသို့ တိုးကပ်လာပြီး စပ်ဖြဲဖြဲရယ်လိုက်၏။
"ရုန်းမနေဲ့ နင် ဘယ်လောက်ပဲ ရုန်းရုန်းပါ မိန်းကလေးရယ်၊ လွတ်မှာ မဟုတ်ပါဘူး"
တာလီယာ၏ မျက်နှာက ဒေါသကြောင့် တွန့်ရှုံ့သွားသည်။ "နင်တို့က တကယ်ပဲ ယောက်ျားတွေဆိုရင် ငါ့ကို ကြိုးဖြေပေးပြီး မျှမျှတတ တိုက်စမ်းပါ"
ထိုလူအုပ်ကြီးမှာ အော်ဟစ်ရယ်မောလိုက်ကြသည်။
"ဟားဟားဟား….ကြားလိုက်ကြလား သူက ငါတို့ကို ယောက်ျားဖြစ်ကြောင်း သက်သေပြခိုင်းနေတယ်ဟေ့"
အမာရွတ်နှင့်လူက လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း ရယ်သည်။ "စိတ်မပူပါနဲ့ မိန်းကလေး ငါတို့ သက်သေပြပေးမှာပါ နင် လိုချင်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့"
တာလီယာ ရင်ထဲတွင် ဗုန်းဗုန်းလဲမတတ် ခံစားလိုက်ရကာ ဒေါသနှင့် ကြောက်ရွံ့မှုတို့ကြောင့် ရင်ဘတ်ထဲတွင် ပူလောင်နေတော့သည်။ "နင်တို့လို ရွံစရာကောင်းတဲ့ လူယုတ်မာတွေ"
သူမ၏ အသံမှာ ဂိုဒေါင်ထဲတွင် ဟိန်းထွက်သွားသော်လည်း ထိုလူများက ပို၍ပင် ကျယ်လောင်စွာ ရယ်မောကြသည်။
သူမ အိုင်ဗီဘက်သို့ အသည်းအသန် ပြန်လှည့်ကြည့်သည်။ အိုင်ဗီက နိုးမလာသေးပေ။
'အိုင်ဗီ... ကျေးဇူးပြုပြီး... နင် နိုးလာမှ ဖြစ်မယ်။ နင်သာ နိုးမလာရင်... နင် ဒီအတိုင်း ဆက်ရှိနေရင်... သူတို့က...'
သူမ၏ ရင်ခုန်သံမှာ ပေါက်ကွဲထွက်တော့မတတ် မြန်ဆန်နေသည်။
အမာရွတ်နှင့်လူက သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။ "သိလား ငါက နင်လိုမျိုး ဇွဲကောင်းတဲ့ မိန်းကလေးတွေကို ကြိုက်တာ။ နင့်မျက်လုံးထဲက မခံချင်စိတ်က ငါ့ကို ပိုပြီး စိတ်လှုပ်ရှားစေတယ်"
တာလီယာက သူ့ကို တံတွေးနှင့် ထွေးလိုက်သည်။ တံတွေးက သူ့ပါးပေါ်သို့ ကျသွား၏။
ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ထိုလူ၏ အပြုံးမှာ ဒေါသအဖြစ် ပြောင်းလဲသွားတော့သည်။ သူက ပါးပေါ်မှ တံတွေးကို ဖြည်းဖြည်းချင်း သုတ်လိုက်ပြီး မျက်လုံးများက ဓားကဲ့သို့ ထက်မြက်လာသည်။
"နင် ဒါအတွက် နောင်တရစေရမယ် ကောင်မ"
သူက လက်ကို မြှောက်လိုက်သည်။
တာလီယာ မျက်လုံးကို တင်းတင်းမှိတ်ထားမိသည်။ သူမ တစ်ကိုယ်လုံး တုန်ယင်နေ၏။ 'မဖြစ်ဘူး... မဖြစ်ဘူး... အိုင်ဗီကို ဒီကို မခေါ်လာခဲ့သင့်ဘူး... ဒါ ငါ့အမှားတွေပဲ...'
ထိုအချိန်တွင် အိုင်ဗီသည် အနည်းငယ် လှုပ်ရှားလာကာ ညည်းသံသဲ့သဲ့ ထွက်ပေါ်လာသည်။
တာလီယာ ချက်ချင်း မျက်လုံးပွင့်လာကာ ရင်ထဲတွင် မျှော်လင့်ချက်များ ခုန်ပေါက်သွားသည်။ "အိုင်ဗီ ကျေးဇူးပြုပြီး နိုးပါဦး နင် ငါတို့ကို ကူညီမှ ဖြစ်မယ်"
သို့သော် အိုင်ဗီ၏ ခေါင်းက အနည်းငယ်သာ လှုပ်ရှားသေးသည်။ သူမ၏ နှုတ်ခမ်းများ ဟဟလေး ဖြစ်သွားကာ ကြားရရုံမျှ တိုးတိုးလေး တစ်ခုခုကို ရေရွတ်နေ၏။
အမာရွတ်နှင့်လူက နှာခေါင်းရှုံ့လိုက်ပြီး တာလီယာ၏ မျက်နှာကို လှမ်းကိုင်ရန် ကြိုးစားသည်။ "သူ့ကို မေ့လိုက်စမ်းပါ။ သူ အချိန်မီ နိုးလာမှာ မဟုတ်ဘူး။ ဒီညကတော့ နင်နဲ့ ငါတို့ပဲ ရှိမယ်"
ကျန်သော လူများကလည်း မှိန်ပျပျ ဂိုဒေါင်ထဲတွင် အော်ဟစ်ရယ်မောလိုက်ကြပြန်သည်။
တာလီယာ၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံလာသော်လည်း သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေဆဲပင်။ "နင်တို့ နောင်တရရလိမ့်မယ်။ နင်တို့လို တိရစ္ဆာန်တွေ ပေးဆပ်ရစေရမယ်"
ထိုလူများမှာ သူတို့အိတ်ထဲမှ အနက်ရောင် ကင်မရာများကို ထုတ်ယူရင်း လှောင်ရယ်လိုက်ကြသည်။ သူတို့က ကင်မရာများကို ဒေါက်တိုင်များပေါ်တွင် တစ်ခုပြီးတစ်ခု တင်လိုက်ပြီး မှန်ဘီလူးများကို တာလီယာထံသို့ ချိန်ရွယ်လိုက်ကြသည်။ ကင်မရာ ရိုက်သံများက ဂိုဒေါင်ထဲတွင် ပဲ့တင်ထပ်နေ၏။
အမာရွတ်နှင့်လူက ကျယ်လောင်စွာ ရယ်မောသည်။ "ဒီလိုဆိုရင် ငါတို့ ဒီညကို ဘယ်တော့မှ မေ့မှာ မဟုတ်တော့ဘူး။ လှပတဲ့ အမှတ်တရတစ်ခုပေါ့ ဟုတ်လား ဟေ့ရောင်တွေ"
ကျန်တဲ့လူတွေကလည်း အော်ဟစ်အားပေးကာ တစ်ယောက်နှင့်တစ်ယောက် ပခုံးချင်းပုတ်ရင်း ခေါင်းညိတ်ကြသည်။
တာလီယာ၏ ရင်ထဲတွင် အေးစက်သွားသည်။ သူမ အော်ဟစ်ချင်သော်လည်း လည်ချောင်းထဲတွင် တင်းကျပ်နေ၏။ သူမသည် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့်သာ သူတို့ကို စိုက်ကြည့်နေနိုင်သည်။
'ဒါဆို ဒါပဲလား သူတို့က အကုန်လုံးကို မှတ်တမ်းတင်ထားချင်တာလား မိစ္ဆာတွေ... ရွံစရာကောင်းတဲ့ မိစ္ဆာတွေ...'
လူတစ်ယောက်က ကင်မရာကို အနေအထားညှိရင်း လေချွန်လိုက်သည်။ "ငါတို့အတွက် ပြုံးပြလိုက်ပါဦး အသည်းလေးရယ်။ နင် နာမည်ကြီးသွားအောင် ငါတို့ လုပ်ပေးမှာပါ"
ထိုလူအုပ်ကြီး ထပ်မံ ရယ်မောကြပြန်သည်။
တာလီယာ နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားမိသည်။ သူမသည် သူတို့လက်မောင်းပေါ်မှ ထူးဆန်းသော အမှတ်အသားများကို မှတ်မိကြောင်း အော်ပြောချင်သော်လည်း ထိန်းထားလိုက်ရသည်။
'သူတို့ ဘယ်သူတွေလဲဆိုတာ ငါသိတယ်။ ဘလက်ခ်ဗာချာ အဖွဲ့ ... တစ်ချိန်လုံး သူတို့ လက်ချက်ပဲပေါ့။ ငါသာ တစ်ခုခု ပြောလိုက်ရင် သူတို့ ငါ့ကို ချက်ချင်း သတ်ပစ်ကြလိမ့်မယ်။ ပြီးတော့ ငါ့စေ့စပ်ထားသူရဲ့ သစ္စာဖောက်မှုအကြောင်း သိတယ်လို့ ပြောလိုက်ရင်လည်း သူတို့ ငါ့ကို နှုတ်ပိတ်မှာ သေချာတယ်။ မရဘူး။ ငါ သည်းခံရမယ်။ သည်းခံမှ ဖြစ်မယ်...'
သူမသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
အမာရွတ်နှင့်လူက အနားတိုးကပ်လာပြီး သူ၏ ညစ်ပတ်သော လက်ချောင်းများဖြင့် တာလီယာ၏ ပါးကို ပွတ်သပ်လိုက်သည်။ "နင်က ဇွဲကောင်းပေမဲ့ မကြာခင်မှာတော့ တခြားလူတွေလိုပဲ ငိုယိုတောင်းပန်လာမှာပါ။ စိတ်မပူပါနဲ့၊ ငါတို့ ပျော်စရာကောင်းအောင် လုပ်ပေးပါ့မယ်"
တာလီယာက ရွံရှာလွန်းသဖြင့် ခေါင်းကို လွှဲလိုက်သည်။
လူအများအပြားက သူမကို ဝိုင်းရံလာကြပြီး အချို့က အနားသို့ တိုးကပ်လာကြသည်။ သူတို့၏ ပုပ်စော်နံသော အသက်ရှူသံများကြောင့် သူမ ပျို့အန်ချင်လာတော့သည်။ သူတို့ထဲမှ တစ်ယောက်က သူမ၏ ဆံပင်ကို နမ်းရှိုက်လိုက်ပြီး နောက်တစ်ယောက်က သူမ၏ နားထဲသို့ လေမှုတ်ကာ ရယ်မောနေကြသည်။
အခန်း ၁၆၂ - အန္တရာယ်ကျရောက်နေသော တာလီယာ (၂)
တာလီယာသည် မျက်လုံးများကို တင်းတင်းမှိတ်ထားမိသည်။ သူမ၏ နှလုံးသားမှာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် နစ်မြုပ်နေတော့၏။
သို့သော် ရုတ်တရက်ပင်၊ ခပ်ဖွဖွ ရယ်မောသံတစ်ခုက ဂိုဒေါင်တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
ထိုလူများအားလုံး တောင့်ခဲသွားကြပြီး အသံလာရာဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကြသည်။
သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
ထိုသူမှာ အိုင်ဗီပင် ဖြစ်သည်။ သူမသည် မျက်လုံးများ ပွင့်နေပြီး တည်ငြိမ်စွာ ထိုင်နေကာ သူတို့ကို အေးအေးဆေးဆေး စိုက်ကြည့်နေသည်။
အမာရွတ်နှင့်လူက အံ့သြတကြီး မျက်တောင်ခတ်လိုက်ပြီးမှ ဟားတိုက်ရယ်မောလိုက်သည်။ "ဟေး... ဟေး... အိပ်ပျော်နေတဲ့ အလှလေး နိုးလာပြီပဲ"
နောက်တစ်ယောက်ကလည်း လှောင်ပြောင်သည်။ "ဘာဖြစ်လို့လဲ မိန်းကလေးရယ်။ ငါတို့က နင့်ကို လျစ်လျူရှုထားလို့ ဝမ်းနည်းနေတာလား"
အိုင်ဗီက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး ခပ်ဖွဖွ ခေါင်းညိတ်ပြသည်။ "ဟုတ်တယ် ဘာလို့ သူ့ကိုပဲ ကြည့်နေတာလဲ ကျွန်မကိုလည်း ကြည့်သင့်တာပေါ့ ပြောရမယ်ဆိုရင် ကျွန်မက သူ့ထက် ပိုလှတာပဲကို"
ထိုလူများမှာ ခေတ္တမျှ မှင်သက်သွားကြပြီးနောက် အော်ဟစ်ရယ်မောလိုက်ကြပြန်သည်။
"ကြားလိုက်ကြလား သူက ပိုလှတယ်လို့ ထင်နေတာတဲ့!"
"ဟား ဘယ်လိုတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ ကောင်မလေးလဲ"
တာလီယာမှာ ထိတ်လန့်တုန်လှုပ်လျက် မျက်လုံးများ ဝိုင်းစက်သွားသည်။ "အိုင်ဗီ မလုပ်နဲ့ မလုပ်နဲ့"
အိုင်ဗီသည် တာလီယာကို အန္တရာယ်မှ လွတ်စေရန် သူတို့၏ အာရုံကို လွှဲနေခြင်းဖြစ်ကြောင်း တာလီယာ နားလည်လိုက်သည်။
သို့သော်လည်း တာလီယာကြောင့် အိုင်ဗီ တစ်ခုခု ဖြစ်သွားမည်ဆိုလျှင် သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူမ ခေါင်းကို အသည်းအသန် ခါယမ်းနေမိသည်။
သို့သော် အိုင်ဗီက သူမကို လျစ်လျူရှုကာ တည်ငြိမ်သော အပြုံးကိုသာ ဆက်လက် ဆင်မြန်းထားသည်။
အမာရွတ်နှင့်လူက ဖြဲရယ်ကာ အနားတိုးကပ်လာသည်။ "ဒါဆို နင်ကလည်း အာရုံစိုက်ခံချင်တာပေါ့ ဟုတ်လား စိတ်မပူပါနဲ့ ငါတို့ နင့်ကို အဝကြီး အာရုံစိုက်ပေးပါ့မယ်"
အိုင်ဗီ၏ အသံမှာ အေးစက်သွားသည်။ "အဲဒါတင် မဟုတ်ဘူး။ သူ့ထက်စာရင် ကျွန်မက ပိုပြီး သန်မာတယ်၊ ပိုပြီး စွမ်းအားကြီးတယ် ပြီးတော့ နင်တို့ကို တစ်ခု ကတိပေးမယ် နင်တို့ တစ်ယောက်ချင်းစီကို ကျွန်မ လက်နဲ့ကိုယ်တိုင် သတ်ပစ်မယ်"
ရယ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။ ဂိုဒေါင်အတွင်းရှိ လေထုမှာ လေးလံလာတော့၏။
"နင် ဘာပြောလိုက်တာလဲ" လူတစ်ယောက်က ဟိန်းဟောက်လိုက်သည်။
"ဒီကောင်မကတော့" နောက်တစ်ယောက်ကလည်း သွားကြားထဲမှ လေထွက်သံဖြင့် "ငါတို့ကို ဒီလိုပြောရဲတယ်ပေါ့ နင့်ကို ငါတို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်လိုက်စမ်း"
သူတို့၏ မျက်နှာများတွင် ဒေါသရိပ်များ ပျံ့နှံ့သွားသည်။ လူတစ်ယောက်က ရှေ့သို့ ပြေးထွက်လာကာ သူမကို ပါးရိုက်ရန် လက်ကို အားဖြင့် မြှောက်လိုက်သည်။
သို့သော် လက်ဝါးနှင့် မထိတွေ့ခင်မှာပင် အိုင်ဗီ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့သည်။
ကုလားထိုင်ကတော့ ထိုနေရာမှာပင် ကျန်ရစ်သော်လည်း သူမမှာ မရှိတော့ပေ။
စက္ကန့်အနည်းငယ်မျှ ဂိုဒေါင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဒါ ဘာကြီးလဲ"
"သူ ဘယ်ကို ရောက်သွားတာလဲ"
"ကိုယ်ယောင်ဖျောက်တာလား သူ... ကိုယ်ယောင်ဖျောက်သွားတာလား"
"ငါတို့ရထားတဲ့ သတင်းထဲမှာ သူက ကိုယ်ယောင်ဖျောက်နိုင်တဲ့ စွမ်းအားရှိတယ်လို့ မပါပါဘူး!"
အမာရွတ်နှင့်လူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "မဖြစ်နိုင်ဘူး ငါတို့ရထားတဲ့ သတင်းအရ သူက ဉာဏ်ရည်စွမ်းအားပဲ ရှိတာ ကိုယ်ယောင်ဖျောက်တာ မဟုတ်ဘူး"
ကျန်တဲ့လူတွေကလည်း ခေါင်းညိတ်ထောက်ခံကြသည်။ "ဟုတ်တယ် သူမှာ အဲဒီလို စွမ်းရည်မရှိပါဘူး"
တာလီယာမှာ စိတ်တွေ လည်ထွက်လျက် တောင့်တောင့်ကြီး ထိုင်နေမိသည်။ 'ဖရီယာ ပေးတဲ့ သတင်းမှာလည်း အတူတူပဲ... အိုင်ဗီမှာ ဉာဏ်ရည်စွမ်းအားပဲ ရှိတာ။ ဒါဆို သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ သူက သူ့ရဲ့ ဒုတိယမြောက်စွမ်းအားကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာလား အဲဒီလိုဆိုရင်တော့... သူက ငါတို့အားလုံးထက် ပိုပြီး ဉာဏ်ကောင်းတာပဲ'
သို့သော် သူမ ထပ်မံ မစဉ်းစားနိုင်ခင်မှာပင် လူတစ်ယောက်က မြေကြီးပေါ်သို့ တံတွေးထွေးလိုက်သည်။ "သူ့ကို ထားလိုက်စမ်းပါ ထွက်ပြေးသွားပြီ ငါတို့ရဲ့ တကယ့်ပစ်မှတ်က ဒီတစ်ယောက်ပဲ" သူက တာလီယာကို လက်ညှိုးထိုးပြသည်။
အမာရွတ်နှင့်လူက ခေါင်းညိတ်သည်။ "အေး အချိန်မဖြုန်းနဲ့ အဲဒီကောင်မလေးနောက် လိုက်နေတာ တန်ဖိုးမရှိဘူး ငါတို့ရမယ့် ဆုလာဘ်ကိုပဲ အာရုံစိုက်စမ်း"
အကြည့်အားလုံး တာလီယာထံသို့ ပြန်ရောက်လာသည်။ သူမ၏ ရင်ခုန်သံမှာ ကြောက်ရွံ့မှုကြောင့် မြန်ဆန်နေ၏။ သူမ ကြိုးများကို အတင်းရုန်းကြည့်ရာ လက်ကောက်ဝတ်များမှာ သွေးပင် ထွက်လာသည်။
'ကောင်းပြီလေ။ အနည်းဆုံးတော့ အိုင်ဗီ လွတ်သွားပြီ။ သူ ဘေးကင်းသွားပြီ။ ဒါဆိုရင် ရပါပြီ။ ငါသာ...'
ရုတ်တရက်၊ ဂိုဒေါင်၏ ထောင့်တစ်နေရာတွင် အလင်းတစ်ချက် လလက်သွားကာ ခပ်ဖွဖွ ရယ်မောသံတစ်ခု နောက်ကွယ်မှ ထွက်ပေါ်လာသည်။
"ရှင်တို့အားလုံး ကျွန်မကို သတိထားမိမှာကို စောင့်နေတာ။ ဒါပေမဲ့ နင်တို့က သူ့ကိုပဲ ဆက်ပြီး အာရုံစိုက်ချင်နေတုန်းပဲလား သိပ်ကို ပျင်းစရာကောင်းတာပဲ"
လူတိုင်း ခေါင်းကို ဝုန်းခနဲ လှည့်ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများ ဝိုင်းစက်သွားရ၏။
အိုင်ဗီသည် ထိုနေရာတွင် လက်မှတ်ထိုးလျက် ပြန်လည်ရပ်နေပြီး သူမ၏ မျက်လုံးများမှာ ထက်မြက်နေသည်။
ဒီတစ်ကြိမ်တွင် သူမကို ကြိုးဖြင့် တုပ်နှောင်မထားပါ။ သူမသည် လွတ်လပ်စွာ ရပ်နေကာ သူမ၏ အကြည့်များက သူတို့တစ်ယောက်ချင်းစီကို ထိုးဖောက်ကြည့်နေသည်။
"ဘာ... ဘာကြီးလဲ..." လူတစ်ယောက်က ရေရွတ်မိသည်။
နောက်တစ်ယောက်ကလည်း ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ "မဖြစ်နိုင်ဘူး... သူ ပြန်လာတယ်လ"
အမာရွတ်နှင့်လူ၏ မျက်နှာ ညိုမှောင်သွားသည်။ "နင်... စုန်းမလေး... ငါတို့နဲ့ ကစားနေတယ်လို့ ထင်နေတာလား"
အိုင်ဗီ၏ နှုတ်ခမ်းများက အေးစက်သော အပြုံးအဖြစ် တွန့်ကွေးသွားသည်။ "ကစားတာလား မဟုတ်ပါဘူး။ ဒါက ကစားပွဲမဟုတ်ဘူး နင်တို့ ဒီည ပစ်မှတ်ကို မှားရွေးလိုက်မိပြီ"
လူတစ်ယောက်က ဟိန်းဟောက်ကာ လက်သီးကို မြှောက်လျက် သူမထံသို့ ပြေးဝင်လာသည်။ "ဒီကောင်မက ငါ့အစီအစဉ်ကို ဖျက်ဆီးတာ ငါ အဖြစ်မခံနိုင်ဘူး"
သူ၏ လေးလံသော ခြေလှမ်းသံများမှာ ဂိုဒေါင်ထဲတွင် ဟိန်းထွက်သွားကာ သူမထံသို့ တိုက်ရိုက်ခုန်အုပ်လိုက်သည်။
တာလီယာ မျက်လုံးများ ပြူးသွားကာ ရင်ခုန်သံများ မြန်လာသည်။ 'အိုင်ဗီ... ဘာလုပ်နေတာလဲ။ ဘာလို့ ပြန်လာတာလဲ။ ပြေး ကျေးဇူးပြုပြီး ပြေး'
သို့သော် အိုင်ဗီက မလှုပ်ရှားခဲ့ပါ။ သူမသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး သူမ၏ အကြည့်များမှာ သူမထံသို့ ပြေးဝင်လာသော လူထံမှ လွဲချော်မသွားခဲ့ပေ။
ထိုလူသည် အော်ဟစ်ကာ အိုင်ဗီထံသို့ တိုးဝင်လာပြီး လက်သီးဖြင့် တူနှင့်ထုသလို ဝှေ့ယမ်းလိုက်သည်။
သို့သော် အိုင်ဗီ၏ ခန္ဓာကိုယ်မှာ မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူမက ကိုယ်ကို ငုံ့ကာ လက်သီးချက်ကို ရှောင်လိုက်ပြီး သူမ၏ ဒူးဖြင့် ၎င်း၏ ဗိုက်ကို အားပြင်းပြင်းဖြင့် တိုက်လိုက်သည်။
"အု"
ထိုလူ၏ ပါးစပ်မှ တံတွေးများ လွင့်စင်သွားကာ အသက်ရှူပင် မဝတော့ဘဲ ကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
ကျန်သောသူများက ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ "ဖမ်းစမ်း"
ဘေးတစ်ဖက်စီမှ နောက်ထပ် လူနှစ်ယောက် အိုင်ဗီထံသို့ ပြေးဝင်လာကြသည်။ သူမက ကိုယ်ကို လှည့်ကာ ခြေလှမ်းကို ခိုင်ခံ့အောင် ပြင်လိုက်သည်။
ပထမလူက ရမ်းသန်းကာ လက်သီးနှင့် ထိုးသော်လည်း သူမက ၎င်း၏ လက်မောင်းကို ဖမ်းကိုင်ကာ ရှေ့သို့ ဆွဲယူလိုက်ပြီး တံတောင်ဖြင့် ၎င်း၏ မေးရိုးကို အားကုန် လွှဲရိုက်လိုက်သည်။ ဂျောက်ခနဲ မြည်သံနှင့်အတူ ထိုလူမှာ ကျောက်တုံးကြီး တစ်တုံးကဲ့သို့ လဲကျသွား၏။
ဒုတိယလူက သူမကို နောက်ကွယ်မှ ဖမ်းရန် ကြိုးစားသော်လည်း အိုင်ဗီက နောက်သို့ မှီချလိုက်ကာ သူမ၏ ဦးခေါင်းဖြင့် ၎င်း၏ နှာခေါင်းကို ဆောင့်တိုက်လိုက်ပြီး ၎င်း၏ ဒူးခေါင်းကို ခြေထောက်ဖြင့် ကန်လိုက်သည်။ ထိုလူမှာ ကျိုးသွားသော ခြေထောက်ကို ဆုပ်ကိုင်လျက် အော်ဟစ်ကာ လဲကျသွားပြန်သည်။
အမာရွတ်နှင့်လူ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေသည်။ "သတ်ပစ်ကြစမ်း"
နောက်ထပ် လူသုံးယောက်က အင်အားသုံးပြီး သူမကို နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်ကာ ရှေ့သို့ အတူတူ ပြေးဝင်လာကြသည်။ အိုင်ဗီ၏ မျက်လုံးများမှာ တည်ငြိမ်နေဆဲပင်။
သူမက လက်သီးချက်တစ်ခုကို ငုံ့ရှောင်လိုက်ကာ ခါးကို လှည့်၍ သူမ၏ လက်သီးကို ထိုလူ၏ မေးစေ့အောက်မှနေ၍ ပင့်ထိုးလိုက်သည်။ ထိုလူ၏ ခန္ဓာကိုယ်မှာ မြေပြင်မှ မြောက်တက်သွားပြီးနောက် ဘုန်းခနဲ မြည်သံနှင့်အတူ ပြန်လည် ကျဆင်းသွားတော့သည်။