← Chapters

အခန်း (၇၄၈-၇၅၀)

Vol. 50 Ch. 748-750

အခန်း (၇၄၈-၇၅၀)

Vol. 50 Ch. 748-750

Chapter 748 - ဒီအခွင့်အရေးတွေက မဆိုးပါဘူး၊ ငါ့ရဲ့ ကျင့်စဉ်တက်လှမ်းမှုကို အရှိန်မြှင့်ပေးနိုင်လိမ့်မယ်

အောင်းရှန်မှာ ရှန်မိုကို အကဲခတ်ကြည့်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ရှန်မို၏ ပုံစံမှာ သူ စိတ်ကူးထားသော မဟာတောရ အရှင်မြတ်၏ အမွေဆက်ခံသူနှင့် လုံးဝ ကွဲပြားနေသည်။ သူ ထင်ထားသည်မှာ ကမ္ဘာကြီးကို လွှမ်းမိုးမည့် ဟန်ပန်မျိုး ရှိမည်ဟု ဖြစ်သော်လည်း ပထမဆုံး အမြင်မှာမူ သာမန် လူသားတစ်ယောက်နှင့်သာ တူနေသည်။

အောင်းရှန်မှ ခပ်အေးအေးပင်

"တစ်ကြိမ် တွေ့ဖူးတာက အကြိမ် တစ်ရာ ကြားဖူးတာထက် ပိုကောင်းတာပေါ့"

ရှန်မို၏ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိသော်လည်း သူ၏ အကြည့်မှာ အောင်းရှန်၏ နဂါးဘဝ ကံကြမ္မာဆီသို့ ကျရောက်သွားသည်။

ခဏကြာ ကြည့်ပြီးနောက် သူလည်း မျက်မှောင်ကြုတ်လိုက်မိသည်။

ရှန့်ယွမ်၏ နတ်ဆိုးဘဝ ကံကြမ္မာစနစ်မှာ ပုံမှန်ပင် ဖြစ်သည်။ သူ အချိန်ကြာလာသည်နှင့်အမျှ ခွန်အားများ တည်ဆောက်လာသော နတ်ဆိုးသူတော်စင် တစ်ပါးသာ ဖြစ်သည်။ နောင်တွင်လည်း နတ်ဆိုးများကို တိုက်ခိုက်ရာတွင် သူ ဆက်လက် တောက်ပနေမည် ဖြစ်ပြီး လောလောဆယ်တွင် အသက်အန္တရာယ် မရှိပေ။ ဒါပေမဲ့ အောင်းရှန်ကတော့...

[အမည် - အောင်းရှန်။]

[အဆင့် - ပထမအဆင့် မြေကမ္ဘာ နဂါးသူတော်စင်။]

[ကံကြမ္မာပုံစံများ - သွေးစစ်နဂါး၊ အံ့သြဖွယ် ကံကြမ္မာ၊ နဂါးသူတော်စင် ခန္ဓာ၊ ခွန်အားမဟာတာအို၊ နတ်ဆိုးသူတော်စင် ကပ်ပါးကောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းခြင်း၊ နက်ရှိုင်းသော ငရဲနဂါး ခန္ဓာ။]

[သွေးစစ်နဂါး - ရွှေရောင် ကံကြမ္မာပုံစံ။ မင်းက သွေးစစ်နဂါးအဖြစ် မွေးဖွားလာတာ။ မင်း စားပြီး အိပ်နေရုံနဲ့တောင် မင်းရဲ့ အဆင့်က လျင်မြန်စွာ တက်လာလိမ့်မယ်။]

[အံ့သြဖွယ် ကံကြမ္မာ - ခရမ်းရောင် ကံကြမ္မာပုံစံ။ မင်းရဲ့ ကံတရားက အရမ်းကောင်းတယ်၊ တခြားသူတွေကို အမြဲတမ်း အံ့သြသွားစေတယ်။]

[နဂါးသူတော်စင် ခန္ဓာ - အနီရောင် ကံကြမ္မာပုံစံ။ မင်း နဂါးသူတော်စင် ဖြစ်လာပြီ။ မင်းရဲ့ ခန္ဓာကိုယ်က မဟာတာအိုရဲ့ အစအနတွေနဲ့ ပေါင်းစပ်သွားတာကြောင့် မင်းရဲ့ အသွေးအသားရော သူတော်စင် ဝိညာဉ်ပါ အထူးသဖြင့် သန်မာနေလိမ့်မယ်။]

[ခွန်အားမဟာတာအို - ရွှေရောင် ကံကြမ္မာပုံစံ။ မင်း ခွန်အားမဟာတာအိုရဲ့ အခြေခံကို နားလည်သွားပြီ။ မင်း လက်တစ်ဖက် မြှောက်လိုက်ရုံနဲ့ တောင်တွေကို ဖြိုချနိုင်ပြီး ခြေတစ်ချက် နင်းလိုက်ရုံနဲ့ မြစ်တွေကို ဖြတ်တောက်နိုင်တယ်။ လှုပ်ရှားမှုတိုင်းက ကောင်းကင်နဲ့ မြေကြီးကို ပြိုကျစေနိုင်တဲ့ စွမ်းအားတွေ ပါဝင်နေတယ်။]

[နတ်ဆိုးသူတော်စင် ကပ်ပါးကောင် - ရွှေရောင် ကံကြမ္မာပုံစံ။ မင်းရဲ့ ငယ်စဉ်ကတည်းက နတ်ဆိုးသူတော်စင် ယူဟွမ် ရဲ့ ကပ်ပါးပြုခြင်းကို ခံခဲ့ရတာ။ ယူဟွမ် ရဲ့ စွမ်းအားကြောင့် မင်းရဲ့ ကျင့်စဉ်က အရမ်းမြန်ခဲ့တာ။ တစ်နေ့မှာတော့ မင်းဟာ ယူဟွမ် ရဲ့ နောက်ထပ် ကိုယ်ပွားတစ်ခု ဖြစ်လာလိမ့်မယ်။]

[ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းခြင်း - အဖြူရောင် ကံကြမ္မာပုံစံ။ မင်းက သဘာဝအတိုင်း စကားနည်းပြီး တသီးတခြား နေတတ်သူပဲ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ယုံကြည်ပြီး တခြားသူတွေရဲ့ စကားကို နားမထောင်တတ်ဘူး။ ဒါကြောင့်မို့လို့ မကြာခဏ အမှားတွေ လုပ်တတ်ပေမဲ့ နောင်တရတာတော့ ရှားပါတယ်။]

[နက်ရှိုင်းသော ငရဲနဂါး ခန္ဓာ - ရွှေရောင် ကံကြမ္မာပုံစံ။ သူတော်စင်အဆင့် ခန္ဓာကိုယ်။ ပင်လယ်နက်ရဲ့ အအေးဓာတ်တွေကို စုပ်ယူပြီး မင်းရဲ့ ကျင့်စဉ်ကို အရှိန်မြှင့်နိုင်တယ်။ ပတ်ဝန်းကျင်က ပိုပြီး အေးလေ၊ အဆင့်တက်တာ ပိုမြန်လေပဲ။]

ဤကံကြမ္မာပုံစံများကို ဖတ်ပြီးနောက် ရှန်မို၏ အကြည့်မှာ [နတ်ဆိုးသူတော်စင် ကပ်ပါးကောင်] ဆိုသည့် စကားလုံး လေးလုံးပေါ်တွင် ရပ်တန့်သွားသည်။

နတ်ဆိုးသူတော်စင် ယူဟွမ်။

သူ ဤနာမည်ကို သိသည်။

နတ်ဆိုးနိုင်ငံတော် ငါးခုကို ယူဌာန၊ မတ်ဌာန၊ အမှောင်ဌာန၊ အလောင်းဌာန နှင့် အညစ်အကြေးဌာန ဟု ငါးခု ခွဲခြားထားသည်။

ယူဌာနသည် အသန်မာဆုံးဟု အားလုံးက လက်ခံထားကြပြီး မတ်ဌာနမှာ ဒုတိယဖြစ်သည်။ ယူဌာနတွင် နတ်ဆိုးသူတော်စင် အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။

ထို့အပြင် ယူဟွမ်သည် သူတို့ထဲတွင် အသန်မာဆုံးပင်။ နတ်ဆိုးနိုင်ငံတော် ငါးခုလုံးမှာ အင်အားအကြီးဆုံး နတ်ဆိုးသူတော်စင်သည် ယူဟွမ်ဟု ပြောနိုင်၏။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သုံးမျိုးနွယ်စု၏ အပြည့်အဝ ထောက်ပံ့မှုကို ရခဲ့သော်လည်း နောက်မှ နတ်ဆိုးဘက်ကို ဘက်ပြောင်းသွားသော လူသားအထွတ်အထိပ်ပညာရှင်မှာလည်း ယူဟွမ်၏ သွေးဆောင်မှုကို ခံခဲ့ရသည်။

ထိုဖြစ်ရပ်မှာ အားလုံးအတွက် ခါးသီးသည့် အရှက်ရမှု တစ်ခု ဖြစ်ခဲ့ရသည်။

ယူဟွမ်သည် ကိုယ်ပွား အများဆုံး ရှိတဲ့သူအဖြစ်လည်း လူသိများ၏။

ရှန်မို အမြဲ သံသယရှိခဲ့သည်မှ။ သူတော်စင်တွေထဲမှာပင် ယူဟွမ်၏ ကိုယ်ပွါးများ ရှိနိုင်ခြင်းပင်။

မမျှော်လင့်ဘဲ ဒီနေ့ အမှန်ပင် တစ်ယောက်ကို တွေ့လိုက်ရပြီ။

ရှန်မိုသည် အောင်းရှန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

သူ၏ မကြာမီ ရရှိတော့မည့် အခွင့်အရေးများကိုလည်း သူ ကြည့်လိုက်၏။ အောင်းရှန်သည် နောက်ဆုံးတွင် သစ္စာဖောက်တစ်ယောက် ဖြစ်လာပြီး နတ်ဆိုးဘက်သို့ ဘက်ပြောင်းသွားမည် ဖြစ်သည်။ အောင်းရှန်၏ အခွင့်အရေးများကို ကြားဖြတ် ရယူခြင်းမှာ သဘာဝကျလှ၏။

ရှန်မို၏ မျက်လုံးများ တောက်ပသွားပြီး

"ဒီအခွင့်အရေးတွေက မဆိုးပါဘူး… ငါ့ရဲ့ ကျင့်စဉ်တက်လှမ်းမှုကိုလည်း အရှိန်မြှင့်ပေးနိုင်လိမ့်မယ်"

ထိုစဉ် ရှန့်ယွမ်မှ စကားပြောလာသည်။ "မင်းတို့နှစ်ယောက်လုံး သတင်းကို သိပြီးသား ဖြစ်မှာပါ… အချိန်မဆွဲဘဲ အခုပဲ ထွက်ကြစို့"

ရှန်မိုနှင့် အောင်းရှန်တို့ ခေါင်းညိတ်လိုက်ကြသည်။ လူသားတစ်ယောက်၊ နတ်ဆိုးတစ်ပါး နှင့် နဂါးတစ်ပါး… သူတို့ သုံးဦးစလုံး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ကသောင်းကနင်း ဖြစ်နေသော ဟင်းလင်းပြင် လျှပ်စီးကြောင်းများထဲသို့ လှမ်းဝင်လိုက်ကြသည်။ ရှန့်ယွမ်မှ အောင်းရှန်ကို ကြည့်ကာ

"အောင်းရှန်ဆီမှာ ကိုယ့်ရဲ့ နဂါးရိုးတွေနဲ့ လုပ်ထားတဲ့ နဂါးရိုးသင်္ဘော ရှိတယ်လို့ ကြားတယ်… ဒီတစ်ခါတော့ အဲ့ဒါကိုပဲ သုံးရတော့မှာပေါ့"

အောင်းရှန် ခေါင်းညိတ်လိုက်ပြီး လက်ဝေ့ယမ်းလိုက်ရာ အေးစက်လှသော အရိုးဖြူများဖြင့် ပြုလုပ်ထားသည့် နဂါးရိုးသင်္ဘောကြီးမှာ ရှန်မိုနှင့် ရှန့်ယွမ် ရှေ့တွင် ပေါ်လာသည်။

ရှန်မို၊ ရှန့်ယွမ် နှင့် အောင်းရှန်တို့ သင်္ဘောပေါ် တက်လိုက်ကြပြီး သင်္ဘောကြီးမှာ ဟင်းလင်းပြင် လျှပ်စီးကြောင်းများကြားမှ လျင်မြန်စွာ ပြေးထွက်သွားသည်။

ကသောင်းကနင်း ဟင်းလင်းပြင်ဆိုသည်မှာ ရှုပ်ထွေးလှသော ဟင်းလင်းပြင် နေရာလွတ်ကို ခေါ်ခြင်းဖြစ်သည်။ အချို့နေရာများတွင် လျှပ်စီးကြောင်းများမှာ ပိုမိုမြန်ဆန်ပြီး စည်းစနစ်မရှိသဖြင့် ဟင်းလင်းပြင် ဝဲဂယက်များ ဖြစ်ပေါ်တတ်သည်။ သူတော်စင်များပင် ထိုနေရာထဲသို့ မဝင်ရဲကြပေ။ နဂါးရိုးသင်္ဘောမှာ အလွန်မြန်သော်လည်း ကာကွယ်ရေးအပိုင်းတွင်မူ သိပ်မသန်မာပေ။ ထို့ကြောင့် အောင်းရှန် အနေဖြင့် မတော်တဆ ဝဲဂယက်ထဲ မဝင်သွားစေရန် အာရုံအပြည့်စိုက်ပြီး မောင်းနှင်နေရသည်။

ရှန်မိုက သူတို့၏ ဘဝကံကြမ္မာစနစ်များကို ကြည့်ခြင်းအားဖြင့် အမှန်တရားကို သိနေ၏။ ရှန့်ယွမ်က မြေကမ္ဘာမဟာတာအိုကို နားလည်ထားပြီး အောင်းရှန်မှာ ခွန်အားမဟာတာအိုကို နားလည်ထားခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်လုံး ဟင်းလင်းပြင်ထဲတွင် သွားလာရသည်ကို မကျွမ်းကျင်ကြပေ။ သူတို့မှာ ဝဲဂယက်တွေ ရှိနေသည်အား ကြိုတင် မသိနိုင်ဘဲ မျက်စိနှင့် မြင်မှသာ ရှောင်နိုင်ကြသည်။

ရလဒ်အနေဖြင့် သူတို့မှာ အန္တရာယ်ရှိသော အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ရသည်။

ရှန်မိုသည် နောက်ဆုံးတွင် ဆက်မကြည့်နိုင်တော့ဘဲ စကားပြောလိုက်သည်။

"ဘယ်ဘက် အရှေ့နားမှာ ဟင်းလင်းပြင် ဝဲဂယက်တစ်ခု ရှိတယ်"

အောင်းရှန်မှာ မယုံကြည်ပေ။

ဒီဂျူနီယာလေးက သူ့ထက် အတွေ့အကြုံ ပိုရှိနိုင်ပါ့မလား။

သို့သော် မကြာခင်မီမှာပင် ဘယ်ဘက် အရှေ့နားတွင် ဝဲဂယက်တစ်ခု ပေါ်လာသည်။ နဂါးရိုးသင်္ဘောမှာ ထိုထဲသို့ ဆွဲသွင်းခံရလုနီးပါး ဖြစ်သွားခဲ့၏။ ထိုစဉ် ရှန်မိုက ထပ်ပြောပြန်သည်။

"ညာဘက် အရှေ့မှာတော့ ပျက်စီးနေတဲ့ ကမ္ဘာငယ်လေးတစ်ခု ရှိတယ်… အဲ့ဒီနားက ဝဲဂယက်တွေက အရမ်းပြင်းတယ်… အမြန်ရှောင်လိုက်ပါ"

အောင်းရှန်မှာ သံသယ ရှိနေဆဲပင်။

သို့သော် ရှန့်ယွမ် ချက်ချင်းပင်

"အောင်းရှန်… ရှန်မိုက ဟင်းလင်းပြင် မဟာတာအိုကို နားလည်ထားတဲ့သူပဲ… သူ့ရဲ့ ဟင်းလင်းပြင်အပေါ် နားလည်မှုက ငါတို့ထက် သာတာ သဘာဝကျပါတယ်… သူ့စကားကို ယုံလိုက်တာ အကောင်းဆုံးပဲ"

ထိုအခါမှသာ အောင်းရှန် နှာခေါင်းရှုံ့လိုက်ပြီး

"ကောင်းပြီ… မင်းပြောသလို လုပ်မယ်"

သူ လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။ အမှန်တကယ်ပင် ခဏအကြာတွင် သူတို့ ညာဘက်ခြမ်း၌ ဖုန်မှုန့်များစွာကို တွေ့လိုက်ရ၏။ ဤသည်မှာ ကမ္ဘာငယ်တစ်ခု ပြိုကျပြီးနောက် ကျန်ရစ်ခဲ့သော အစအနများပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ဟင်းလင်းပြင် လျှပ်စီးကြောင်းများ၏ တိုက်စားမှုကို ခံရပြီးနောက်တွင် ထိုအစအနများမှာ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

ကသောင်းကနင်း ဟင်းလင်းပြင်ထဲတွင် နေ့နှင့်ည မရှိဘဲ အဆုံးမရှိသော အမှောင်ထုသာ ရှိသည်။ ကမ္ဘာကြီးများမှ ထွက်ပေါ်လာသော အလင်းတန်းများကသာ လမ်းညွှန်ချက် ဖြစ်သည်။ သူတို့ သွားရမည့် ခရီးမှာ အလွန်ဝေးကွာလှ၏။ နဂါးရိုးသင်္ဘောမှာ စွမ်းအင် ဖြည့်တင်းရန်အတွက် သူတော်စင် ဝိညာဉ်ကျောက်တုံးများ လိုအပ်သည်။ စွမ်းအင် ဖြည့်တင်းနေစဉ်တွင် သင်္ဘောက ဆက်သွား၍ မရဘဲ ရပ်ထားရသည်။ ထို့ကြောင့် သူတို့သည် လမ်းတစ်လျှောက်ရှိ ကမ္ဘာအမျိုးမျိုးတွင် ခဏနားခဲ့ကြရသည်။

ရှန်မိုသည်လည်း လမ်းတစ်လျှောက်ရှိ ကမ္ဘာတစ်ခုချင်းစီ၏ ထူးခြားသော ဓလေ့စရိုက်များကို တွေ့မြင်ခဲ့ရသည်။

ယနေ့တွင် နဂါးရိုးသင်္ဘောက ခဏနားဖို့ ပြင်ဆင်နေပြန်သည်။

"အရှေ့မှာ လသူတော်စင် ကမ္ဘာ ရှိတယ်… အဲ့ဒါက ငါတို့ နတ်ဆိုးမျိုးနွယ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာ"

ရှန့်ယွမ် ပြုံးရင်း ပြောလိုက်သည်။

ရှန်မိုမှာ နားလည်သလို ခေါင်းညိတ်လိုက်၏။ နတ်ဆိုးမျိုးနွယ်စုတွင် အပြင်လောက၌ လှည့်လည်သွားလာနေသော သူတော်စင်များစွာ ရှိသည်။ နတ်ဆိုးနှင့် နဂါးမျိုးနွယ်စုများ၏ သက်တမ်းမှာ လူသားများထက် အဆမတန် ရှည်လျားလှသဖြင့် နှစ်ပေါင်းများစွာအတွင်း သူတို့သည် ကမ္ဘာအနှံ့ လှည့်လည်သွားလာရင်း ယဉ်ကျေးမှု မျိုးစေ့များကို ချန်ထားခဲ့ကြသည်။ လသူတော်စင် ကမ္ဘာမှာလည်း လူသိများသော ကမ္ဘာငယ်လေး တစ်ခုပင် ဖြစ်သည်။ ရှန့်ရွှမ်းလောကတွင် နေထိုင်သော ရှန်မိုကဲ့သို့ လူသားတစ်ယောက်ပင် ထိုနာမည်ကို ကြားဖူးပေသည်။ တကယ်တော့ ဤကမ္ဘာငယ်လေးများသည် သူတော်စင်များ အတွက် ခရီးတစ်ထောက် နားနားနေနေ သွားလာနိုင်ရန် လမ်းပြမြေပုံများကဲ့သို့ပင် ဖြစ်သည်။

ဤသို့ကြားရသောအခါ ရှန်မိုနှင့် အောင်းရှန်တို့မှ ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ"

ဟင်းလင်းပြင်ထဲတွင် အချိန်အတော်ကြာ သွားလာနေရပြီး ဘာမှမပြောင်းလဲသော အမှောင်ထုကိုသာ မြင်နေရခြင်းမှာ သူတော်စင်များအတွက်ပင် စိတ်ပင်ပန်းစရာ ကောင်းလှသည်။ သူတို့လည်း ခဏနားဖို့ လိုအပ်၏။ သူတို့သည် နှစ်ပေါင်းများစွာ သူတော်စင် ဖြစ်နေခဲ့ကြသော ဝါရင့်သူတော်စင်များ မဟုတ်ဘဲ အခုမှ တက်လှမ်းလာကြသော သူတော်စင်များ မဟုတ်ပါလား။

"ငါမှတ်မိသလောက်ဆိုရင် အောင်းရှန်အတွက် ဒီ လသူတော်စင် ကမ္ဘာမှာ အခွင့်အရေးကြီးတစ်ခု စောင့်ကြိုနေတယ်"

ရှန်မို စိတ်ထဲတွင် ရေရွတ်လိုက်သည်။ နဂါးရိုးသင်္ဘောသည် လသူတော်စင် ကမ္ဘာအနီးသို့ ရောက်ရှိလာပြီး အသာအယာ ဆိုက်ကပ်လိုက်၏။ သူတို့ သုံးဦးလုံး စွမ်းအင်များကို ဖုံးကွယ်ထားလိုက်ကြပြီး ထိုကမ္ဘာငယ်လေးထဲသို့ လွယ်လင့်တကူပင် ဝင်ရောက်သွားကြလေတော့သည်။

Chapter 749 - မြစ်ချောင်းအင်းအိုင်များကို ပြောင်းပြန်လှန်ပြီး တောင်တန်းကြီးများကို ဖြိုချခြင်း - အားလုံးက စိတ်အလိုအတိုင်းပင်

ရှန်မိုသည် အောင်းရှန်၏ နဂါးဘဝကံကြမ္မာစနစ်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

[မကြာမီရရှိမည့် အခွင့်အရေး (၁) - လသူတော်စင်ကမ္ဘာတွင် ဆိုက်ကပ်ပြီးနောက် နတ်ဆိုးများ၏ ဖျက်ဆီးမှုကို ခံထားရသည်ကို တွေ့ရှိမည်။ အားစိုက်စရာမလိုဘဲ ရှင်းလင်းပြီးနောက် လသူတော်စင်ရေကန် အောက်ခြေတွင် နဂါးသူတော်စင်၏ ပြောင်းပြန်အကြေးခွံ တစ်ခုကို တွေ့ရှိမည်။ အကြေးခွံထဲတွင် ကျန်ရှိနေသော ဆန္ဒကို စုပ်ယူပြီးနောက် ခွန်အားမဟာတာအိုအပေါ် နားလည်မှု မြင့်တက်လာကာ ဒုတိယအဆင့် မြေခွင်းနဂါးသူတော်စင်အဖြစ် အဆင့်တက်လှမ်းမည်။]

[မကြာမီရရှိမည့် အခွင့်အရေး (၂) - ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီး အနီးသို့ ရောက်ရှိမည်။ ရှောင်ကွင်းရန် ကြိုးစားသော်လည်း ရွှံ့နွံအိုင်ကြီးက စတင်ကျယ်ပြန့်လာမည်။ နဂါးရိုးသင်္ဘောမှာ ပိတ်မိသွားမည်။ အောင်းရှန်သည် ရှန်မို၊ ရှန့်ယွမ်တို့နှင့် လူစုကွဲသွားပြီး ယူဝါးကိုယ်ပွား၏ အခွင့်ကောင်းယူခြင်းကို နောက်တစ်ကြိမ် ခံရကာ ယုံကြည်ချက်များ တဖြည်းဖြည်း ပြောင်းလဲသွားမည်။ ထိုကိုယ်ပွား၏ လမ်းညွှန်မှုဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ရွှံ့နွံထဲတွင် မြုပ်နှံခံခဲ့ရသော နဂါးသူတော်စင်၏ ရုပ်ကြွင်းကို ရှာဖွေတွေ့ရှိကာ သူ၏ အထူးမြတ်ဆုံး သူတော်စင်လက်နက်ထဲသို့ ထည့်သွင်းသန့်စင်ပြီး မဟာတာအို သူတော်စင်လက်နက် အဖြစ် မြှင့်တင်နိုင်မည်။]

[မကြာမီရရှိမည့် အခွင့်အရေး (၃) - ...]

လသူတော်စင်ကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက်။ သူတော်စင် သုံးပါး ရောက်ရှိလာခြင်းကို ဒေသခံ နတ်ဆိုးမျိုးနွယ်စုများက စိတ်အားထက်သန်စွာ ကြိုဆိုကြသည်။ အထူးသဖြင့် နတ်ဆိုးသူတော်စင် ရှန့်ယွမ်မှာ အထူးတလည် ကြိုဆိုမှုကို ရရှိ၏။ ထို့ပြင် နတ်ဆိုးမျိုးနွယ်စုများသည် အောင်းရှန်ကဲ့သို့သော နဂါးမျိုးနွယ်ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။

လူသားတစ်ဦးဖြစ်သည့် ရှန်မို တစ်ယောက်သာ ကောင်းကောင်းမွန်မွန် အဆက်အဆံ မခံရပေ။

လသူတော်စင်ကမ္ဘာတွင် နတ်ဆိုးများသာ ရှိပြီး လူသားများ မရှိပေ။ ဤနတ်ဆိုးများတွင် စွဲမြဲနေသော ယုံကြည်ချက်တစ်ခု ရှိ၏။ လွန်ခဲ့သော ရှေးယခင်က နဂါးမျိုးနွယ်သည် ကောင်းကင်ဘုံအားလုံးကို အုပ်စိုးခဲ့ပြီး လူမျိုးအားလုံးက နဂါးမျိုးနွယ်ကို ရိုသေခဲ့ကြသည်။ နောက်ပိုင်းတွင် နဂါးမျိုးနွယ်မှာ တဖြည်းဖြည်း ဆုတ်ယုတ်လာပြီး နတ်ဆိုးမျိုးနွယ်များ ထွန်းကားလာခဲ့သည်။ သူတို့သည် နတ်ဆိုးမျိုးနွယ် အရှိန်အဝါ ကြီးထွားလာချိန်တွင် ဤနေရာ၌ အခြေချခဲ့ကြသူများ ဖြစ်၏။ သူတို့၏ အတွေးအခေါ်မှာ နတ်ဆိုးမျိုးနွယ်က အမြင့်ဆုံးဖြစ်ပြီး နဂါးနှင့် လူသားမျိုးနွယ်တို့က နောက်သို့ ဆုတ်ပေးရမည်ဟူ၍ ဖြစ်သည်။ သို့သော် နဂါးမျိုးနွယ်၏ အတိတ်က ဘုန်းအာနုဘော်ကြောင့် သူတို့ကိုမူ လေးစားမှု ပေးကြသည်။

ရှန်မိုမှာ လူသားဖြစ်နေသဖြင့် လသူတော်စင်ကမ္ဘာမှ နတ်ဆိုးများ၏ အထင်အမြင်သေးခြင်းကို သဘာဝအတိုင်း ရင်ဆိုင်ရသည်။ ရှန်မိုကမူ ထိုအရာကို ဂရုမစိုက်ပေ။ ဤနတ်ဆိုးများ၏ အမြင်မှာ ခေတ်နောက်ကျနေပြီဖြစ်ပြီး သူတို့ကို ပြုပြင်ပေးရန်လည်း အစီအစဉ်မရှိပေ။

ရှန့်ယွမ်နှင့် အောင်းရှန်တို့ နတ်ဆိုးများ၏ ဝန်းရံကြိုဆိုခြင်းကို ခံနေရစဉ် ရှန်မိုသည် လှည့်ထွက်လာခဲ့ပြီး အခွင့်အရေးကို ရှာဖွေရန် လသူတော်စင်ရေကန်ဆီသို့ ဦးတည်လိုက်သည်။

ရှန်မို ထွက်ခွာသွားသည်ကို မြင်သောအခါ အောင်းရှန် စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်သည်။

ရှန်မိုသည် သူတို့ရရှိသော ကြိုဆိုမှုနှင့် မိမိအပေါ် လျစ်လျူရှုမှု ကွာခြားချက်ကြောင့် ဒေါသထွက်ပြီး ထွက်သွားသည်ဟု သူ ထင်နေခြင်း ဖြစ်သည်။ ဤအတွေးက သူ့ကို ကျေနပ်ပီတိ ဖြစ်စေ၏။

ထိုအတောအတွင်း ရှန်မိုသည် လသူတော်စင်ရေကန်၏ အောက်ခြေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူအများစုမှာ ရတနာများ၏ တည်နေရာအမှန်ကို မသိသဖြင့် အခွင့်အရေးများကို လက်လွတ် ဆုံးရှုံးတတ်ကြသည်။ သို့သော် ယခုအခါ ရှန်မိုသည် နဂါးသူတော်စင်၏ ပြောင်းပြန်အကြေးခွံ တည်ရှိရာနေရာ အတိအကျကို သိနေပြီဖြစ်သည်။ ထို့ကြောင့် သူ လက်လွတ်ခံမည် မဟုတ်ပေ။

နာရီဝက်၏ လေးပုံတစ်ပုံခန့်အတွင်းမှာပင် သူသည် နဂါးသူတော်စင်၏ ပြောင်းပြန်အကြေးခွံကို ရှာတွေ့သွားသည်။

"ရပြီ"

ရှန်မို ပြုံးလိုက်၏။ ပြောင်းပြန်အကြေးခွံဆိုသည်မှာ နဂါးတစ်ကောင်၏ ခန္ဓာကိုယ်တွင် အထူးခြားဆုံးသော အကြေးခွံဖြစ်သည်။ ဒဏ္ဍာရီများအရ ၎င်းသည် နဂါးတစ်ကောင်၏ ဘဝတစ်ခုလုံးကို မှတ်တမ်းတင်ထားသည်ဟု ဆိုသည်။ ဤအကြေးခွံမှာ ခွန်အားမဟာတာအိုကို နားလည်ခဲ့သော နဂါးသူတော်စင် တစ်ပါး၏ အကြေးခွံဖြစ်သည်။ ၎င်းတွင် ထိုနဂါးသူတော်စင်၏ ခွန်အားမဟာတာအိုအပေါ် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများ ကိန်းအောင်းနေသည်။

ရှန်မိုကိုယ်တိုင်က ဟင်းလင်းပြင်မဟာတာအိုကို နားလည်ထားသူ ဖြစ်သော်လည်း ယခုကဲ့သို့ ခွန်အားမဟာတာအို၏ နက်ရှိုင်းသော အသိများကို ရရှိနိုင်ခွင့်ကို သူ အဘယ်ကြောင့် ငြင်းပယ်ရမည်နည်း။ ရှန်မိုသည် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေကာ တရားထိုင်လိုက်ပြီး ဤနဂါးသူတော်စင်၏ ပြောင်းပြန်အကြေးခွံကို စတင် သန့်စင်လိုက်သည်။ သူ၏ ရှေ့မှောက်တွင် ကောင်းကင်မှ ကျဆင်းလာသော ကြီးမားလှသည့် မြို့တော်ကြီးကဲ့သို့သော အရာတစ်ခု ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်မှုန့်အဖြစ် ပြိုလဲသွားသည်။ ဤသည်မှာ ခွန်အားမဟာတာအိုပင် ဖြစ်သည်။

ရှန်မိုသည် ပြောင်းပြန်အကြေးခွံထဲမှ အသိများကို အပြည့်အဝ စုပ်ယူရန် နှစ်ရက်သာ အချိန်ပေးလိုက်ရသည်။ သူ၏ ခွန်အားမဟာတာအိုအပေါ် နားလည်မှုမှာ ဒုတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားသည်။

သူ မျက်လုံးများကို မှိတ်ထားလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ တိုးဝှေ့စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ စိတ်ကူးလိုက်ရုံမျှဖြင့် သူ ဤစွမ်းအားကို အားစိုက်စရာမလိုဘဲ အသုံးပြုနိုင်၏။

ဝုန်း။

တောင်တန်းများနှင့် မြစ်ချောင်းများမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး သူ စိတ်ကြိုက် ပုံဖော်နိုင်သည့် မုန့်ညက်ခဲများကဲ့သို့ ဖြစ်နေသည်။ မြစ်ချောင်းအင်းအိုင်များကို ပြောင်းပြန်လှန်ပြီး တောင်တန်းကြီးများကို ဖြိုချခြင်း အားလုံးမှာ စိတ်အလိုအတိုင်းပင်။

ရှန်မို ပြန်လည်မတ်တပ်ရပ်လိုက်ပြီး သူ၏ မျက်နှာတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာသည်။ သူတော်စင်များသည် မဟာတာအို တစ်ခုတည်းကိုသာ နားလည်ရန် ကန့်သတ်မထားပေ။ ယေဘုယျအားဖြင့် သူတို့သည် နှစ်ခု သို့မဟုတ် သုံးခုခန့်ကို နားလည်တတ်ကြသည်။ တစ်ခုကို အဓိကအဖြစ် ထားရှိပြီး ကျန်သည့်အရာများကို ဖြည့်စွက်ချက်အဖြစ် ထားရှိကြသည်။ သူတို့၏ ကျင့်စဉ်အဆင့်မှာ အဓိကမဟာတာအိုအပေါ် နားလည်မှုအပေါ် မူတည်ပြီး ဖြည့်စွက်မဟာတာအိုများမှာမူ သူတို့၏ အစွမ်းသတ္တိကို ဘေးတိုက် မြှင့်တင်ပေးခြင်းသာ ဖြစ်သည်။

လက်ရှိတွင် ရှန်မို၏ ဟင်းလင်းပြင်မဟာတာအိုမှာ တတိယအဆင့်သို့ ရောက်ရှိနေပြီး ခွန်အားမဟာတာအိုမှာ ဒုတိယအဆင့်တွင် ရှိနေသည်။ "အချိန်ကို တွက်ကြည့်ရင်တော့ ငါတို့ ထွက်ခွာသင့်ပြီ"

ရှန်မိုသည် ဟင်းလင်းပြင်ကို နင်းလျှောက်ကာ နဂါးရိုးသင်္ဘော ဆိုက်ကပ်ထားသည့် နေရာသို့ ပြန်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း အောင်းရှန်နှင့် ရှန့်ယွမ်တို့မှာ စောင့်နေသည်မှာ အတန်ကြာပြီ ဖြစ်သည်။

အဝေးမှ ရှန်မိုကို မြင်သည်နှင့် အောင်းရှန် မျက်မှောင်ကြုတ်ကာ ဟောက်လိုက်သည်။

"မင်း ဘယ်တွေ သွားနေတာလဲ"

"ငါတို့ မင်းကို ရှာနေတာ အတော်ကြာပြီ… အကယ်၍ မင်းသာ ဒီနေ့ ပေါ်မလာဘူးဆိုရင် ငါတို့ မင်းကို ထားခဲ့ပြီး ထွက်သွားတော့မလို့ပဲ"

ရှန်မို အသာအယာ ပြုံးလိုက်ပြီး

"အကျိုးအမြတ် အနည်းငယ် ရခဲ့လို့ နည်းနည်း ကြန့်ကြာသွားတာပါ"

ရှန့်ယွမ် စကားပြောရန် ပြင်လိုက်စဉ် ရှန်မို၏ ပြောင်းလဲမှုကို ရုတ်တရက် ခံစားမိသွားပြီး အံ့အားသင့်စွာဖြင့်

"သူငယ်ချင်းလေး… မင်း နောက်ထပ် မဟာတာအို တစ်ခုကို နားလည်သွားတာလား"

ရှန်မို ပြုံးလျက် ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်"

ရှန့်ယွမ်သည် ဤစကားကို ကြားသောအခါ ပို၍ပင် မှင်တက်သွားသည်။ ဒုတိယမြောက် မဟာတာအိုကို နားလည်သွားခြင်းမှာ အံ့သြစရာ မဟုတ်သော်လည်း ရှန်မိုမှာ သူတော်စင်အဆင့်သို့ တက်လှမ်းသည်မှာ မကြာသေးဘဲ ဒုတိယမဟာတာအိုကိုပါ ထိတွေ့နိုင်ခဲ့သည်မှာ အံ့သြဖွယ်ပင် ဖြစ်သည်။ အရာအားလုံး မြန်ဆန်လွန်းလှသည်။

အောင်းရှန်၏ ဆူပူကြိမ်းမောင်းသံများမှာ လည်ချောင်းထဲတွင်ပင် တစ်ဆို့သွား၏။

သူ ဘာပြောရမှန်း မသိတော့ပေ။ ရှန်မို၏ အစွမ်းတိုးလာခြင်းသည် နတ်ဆိုးများကို တိုက်ခိုက်ရာတွင် များစွာ အထောက်အကူ ဖြစ်မည်ဖြစ်သည်။ သူ ဆူပူနေမည့်အစား ချီးကျူးပြီး ဝမ်းသာသင့်သည်။ သို့သော် အကြောင်းရင်း မသိရဘဲ သူ ဝမ်းမသာနိုင်ပေ။ မိမိထက် ငယ်ရွယ်သော ဤဂျူနီယာက မိမိကို ကျော်တက်သွားခြင်းက သူ့ကို မနာလိုဖြစ်စေ၏။

ရှန်မို၏ အသက်နှင့် အတွေ့အကြုံမှာ သူ၏ အစိတ်အပိုင်းလေးမျှသာ ရှိသေးသော်လည်း ဘယ်အချက်ပေါ် မူတည်ပြီး မိမိထက် သာလွန်နေရသနည်း။

သို့သော် ဤအတွေးများကို သူ အပြင်သို့ မထုတ်ပြဘဲ စိတ်မပါသော ဂုဏ်ပြုစကားကိုသာ ပြောလိုက်သည်။

"သွားကြစို့… ငါတို့ လသူတော်စင်ကမ္ဘာမှာ အချိန်ဖြုန်းတာ များနေပြီ"

သူတို့ သုံးဦးစလုံး နဂါးရိုးသင်္ဘောပေါ် တက်လိုက်ကြပြီး လသူတော်စင်ကမ္ဘာ၏ ဆွဲငင်အားမှ ရုန်းထွက်ကာ အမှောင်ထုဖုံးလွှမ်းနေသော ဟင်းလင်းပြင်ထဲသို့ ဆက်လက် ခရီးနှင်ကြသည်။ သူတို့ သွားရမည့် ပန်းတိုင်မှာ ရွှေဖီးနစ် ချန်ထားခဲ့သော တည်နေရာအတိုင်းပင် ဖြစ်သည်။

အချိန်အတော်ကြာ ဖြတ်သန်းပြီးနောက် ရှန့်ယွမ်မှ လေးနက်စွာ ပြောလိုက်သည်။

"စီနီယာ ရွှေဖီးနစ်ရဲ့ တည်နေရာအရဆိုရင် အရှေ့မှာ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီး ရှိနေတယ်… အဲ့ဒီနေရာက အရမ်းအန္တရာယ်များတယ်… ငါတို့ အဝေးကနေ ရှောင်ကွင်းသွားတာ အကောင်းဆုံးပဲ"

အောင်းရှန်ကလည်း ရှန့်ယွမ်၏ စကားကို သဘောတူကာ နဂါးရိုးသင်္ဘောကို အရှေ့ဘက်သို့ ချက်ချင်း ဦးတည်လိုက်သည်။

ရှန်မိုသည် ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြန်စဉ်းစားလိုက်သည်။ ဤအန္တရာယ်ရှိသော နေရာမှာ အလွန်ပင် ထူးခြားလှ၏။ ၎င်းသည် ဟင်းလင်းပြင် ဝဲဂယက်နှင့် ညစ်ညမ်းသော မြေသားတို့ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ညစ်ညမ်းသော မြေသားဆိုသည်မှာ အညစ်အကြေး နတ်ဆိုးမျိုးနွယ်စုများက ဖန်တီးထားသော အရာဖြစ်၏။ ၎င်းသည် ဟင်းလင်းပြင်အတွင်း အဆက်မပြတ် ကျယ်ပြန့်ပျံ့နှံ့နေတတ်သည်။

ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးမှာ အရောင်အဆင်းမရှိ၊ အနံ့အသက်မရှိဘဲ မမြင်နိုင်သလောက်ပင် ဖြစ်သည်။ ၎င်းသည် ဟင်းလင်းပြင်အတွင်း ဤအတိုင်းပင် ပျံ့နှံ့နေတတ်သည်။ မသိနားမလည်သော သက်ရှိတစ်ခုသာ ခြေချမိပါက ထိုနေရာတွင် နစ်ဝင်သွားမည်ဖြစ်သည်။ ရုန်းကန်လေလေ ပို၍ နစ်လေလေပင် ဖြစ်သည်။

သူတော်စင်များပင် ထိုရွှံ့နွံအိုင်ကြီးကို ရှောင်ကွင်းကြရသည်။

ရွှေဖီးနစ်နှင့် အခြားနတ်ဆိုးသူတော်စင်များသည် ကမ္ဘာအနှံ့ လှည့်လည်သွားလာဖူးသဖြင့် ကြီးမားသော ညစ်ညမ်းသည့် ရွှံ့နွံအိုင်ကြီးများ တည်ရှိရာနေရာကို ကောင်းစွာ သိကြ၏။ အချို့သော ရွှံ့နွံအိုင်များမှာ တည်ငြိမ်ပြီး အပြင်သို့ ကျယ်ပြန့်လာခြင်း မရှိပေ။ အချို့မှာမူ တဖြည်းဖြည်း ကျယ်ပြန့်နေတတ်သည်။ အရှေ့တွင် ရှိနေသော အိုင်ကြီးမှာမူ တည်ငြိမ်သော အိုင်ကြီးများထဲတွင် ပါဝင်သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းကျော်ကတည်းက တည်ငြိမ်ခဲ့သော ဤရွှံ့နွံအိုင်ကြီးမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာသည်ကိုမူ ရွှေဖီးနစ် မသိခဲ့ပေ။

ရှန်မိုတို့ သုံးဦးမှာမူ ထိုအရာနှင့် တည့်တည့် တိုးတော့မည် ဖြစ်သည်။

Chapter 750 - ငါတို့ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးထဲကို နက်နက်ရှိုင်းရှိုင်း ရောက်နေပုံရတယ်

ဂျိန်း။

နဂါးရိုးသင်္ဘောမှ ရုတ်တရက် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်ဆောင်တစ်ခုကို တိုက်မိလိုက်သကဲ့သို့ပင်။

အောင်းရှန်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ ရှန့်ယွမ်လည်း ထပ်တူပင် ထိတ်လန့်သွားပြီး "ဘာဖြစ်တာလဲ… တစ်ခုခုကို တိုက်မိတာလား"

အောင်းရှန် ခေါင်းခါလိုက်သည်။

"မဖြစ်နိုင်ဘူး… အနီးအနားမှာ ဘာအပျက်အစီးမှ မရှိဘူး၊ ဘယ်လိုလုပ် တိုက်မိမှာလဲ"

သူ နဂါးရိုးသင်္ဘောကို အရှိန်အကုန်မြှင့်၍ မောင်းနှင်သော်လည်း သင်္ဘော၏ အရှိန်မှာ အလွန်နှေးကွေးနေဆဲ ဖြစ်သည်။ ထို့အပြင် ပို၍ ပို၍ပင် နှေးကွေးလာသည်။

ရွှံ့နွံထဲမှာ နစ်နေသကဲ့သို့ပင်။

ရှန့်ယွမ် ဤအခြေအနေကို စဉ်းစားလိုက်ပြီး သူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။

"ငါတို့ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးထဲကို ရောက်သွားတာတော့ မဟုတ်ပါဘူးနော်"

အောင်းရှန် ထပ်ခါထပ်ခါ ခေါင်းခါယမ်းရင်း

"အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်… ရွှံ့နွံအိုင်ကြီးက အနောက်ဘက် အဝေးကြီးမှာ ရှိတာလေ… ဘယ်လိုလုပ် ဒီမှာ လာတိုးမှာလဲ"

ရှန်မို ရုတ်တရက် စကားပြောလာသည်။

"ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးက ကျယ်ပြန့်လာတတ်တယ်… ငါတို့ ထဲထဲဝင်ဝင် ရောက်သွားတာ ဖြစ်နိုင်တယ်"

အောင်းရှန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "နောက်မနေနဲ့… ဒီရွှံ့နွံက တည်ငြိမ်နေတာ ကြာပြီ… အပြင်ကို ကျယ်မလာနိုင်ဘူး"

ရှန်မို အသာအယာ ပြုံးလိုက်ပြီး

"အဲ့ဒီအိုင်က ကျယ်မလာဘူးလို့ ဘယ်လိုလုပ် အသေအချာ ပြောနိုင်မှာလဲ"

အောင်းရှန် ပြန်ပြောရန် ပြင်သော်လည်း တစ်ခုခုကို တွေးမိသွားပြီး စကားမပြောနိုင်တော့ပေ။

ရှန့်ယွမ်ကလည်း လေးနက်စွာဖြင့်

"ဟုတ်တယ်… ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးတွေက တည်ငြိမ်နေတဲ့ အခြေအနေနဲ့ ကျယ်ပြန့်လာတဲ့ အခြေအနေဆိုပြီး အမြဲ ပြောင်းလဲနေတတ်တာ… လွန်ခဲ့တဲ့ အချိန်အတော်ကြာက တည်ငြိမ်ခဲ့ပေမဲ့ အခုလည်း တည်ငြိမ်နေမယ်လို့ မဆိုလိုဘူး… အောင်းရှန်… ငါတို့ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးထဲကို နက်နက်ရှိုင်းရှိုင်း ရောက်နေပုံရတယ်… အခုချက်ချင်း လှုပ်ရှားမှ ဖြစ်မယ်"

ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးသည် ၎င်းအတွင်းရှိသမျှ အရာအားလုံးကို ဝါးမြိုပစ်တတ်သည်။ နဂါးရိုးသင်္ဘောမှာ ပျက်စီးနေပြီ ဖြစ်သည်။ အကယ်၍ လွတ်မြောက်နိုင်ခဲ့လျှင်တောင် အချိန်များစွာ ကုန်ဆုံးသွားမည် ဖြစ်သည်။ သူတို့မှာ စောင့်ဆိုင်းရန် အချိန်မရှိပေ။ ဖူကျူ၊ ကျိုရင် သူတော်စင်နှင့် အခြားသူများကလည်း စောင့်ဆိုင်းနေနိုင်မည် မဟုတ်ပေ။ သူတို့ အခုချက်ချင်း လွတ်အောင် ရုန်းရမည်။

ရှန့်ယွမ်နှင့် အောင်းရှန်တို့ နည်းလမ်းရှာနေစဉ်မှာပင် နဂါးရိုးသင်္ဘောကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သင်္ဘော၏ အောက်ဘက်မှ တစ်ခုခုက အတင်းဝင်တိုက်နေသကဲ့သို့ပင်။

အောင်းရှန်နှင့် ရှန့်ယွမ်တို့၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးမှာ သက်မဲ့နေရာ မဟုတ်ပေ။ ဟင်းလင်းပြင် သားရဲများစွာမှာ ဤပတ်ဝန်းကျင်ကို နှစ်သက်ကြသည်။

အကြောင်းမှာ ရွှံ့နွံထဲတွင် ပိတ်မိနေသော သတ္တဝါများမှာ ရုန်းမထွက်နိုင်သဖြင့် သူတို့အတွက် အလွယ်တကူ စားရမည့် သားကောင်များ ဖြစ်နေသောကြောင့်ပင်။

"သင်္ဘောကို စွန့်လွှတ်ကြစို့… အခုချက်ချင်း"

ရှန့်ယွမ်မှ အော်ဟစ်လိုက်သည်။

တစ်ခုခုက သူတို့ဆီသို့ ပို၍ ပို၍ နီးကပ်လာနေသည်ကို သူ ခံစားမိသည်။ နဂါးရိုးသင်္ဘောမှာ ယခုအခါ သွေးနံ့ထွက်နေသော သားကောင်ကဲ့သို့ ဖြစ်နေပြီး ငါးမန်းများကို ဆွဲဆောင်နေသကဲ့သို့ပင်။

ရှန့်ယွမ်သည် မဆိုင်းမတွပင် သင်္ဘောပေါ်မှ ခုန်ချကာ ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးထဲသို့ ဆင်းသက်လိုက်သည်။ ရှန်မိုလည်း ထပ်တူပင် လုပ်ဆောင်လိုက်သည်။

ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးထဲသို့ ခြေချမိသည်နှင့် ပင့်ကူအိမ်ထဲမှာ ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။ ရုန်းလေလေ ပို၍ တင်းကျပ်လာလေလေပင်။

သို့သော် ရှန်မိုသည် ဟင်းလင်းပြင်မဟာတာအိုကို နားလည်ထားသူ ဖြစ်သည်။

ညစ်ညမ်းသော ရွှံ့နွံအိုင်ကြီးမှာလည်း အမှန်တကယ်တွင် ဟင်းလင်းပြင်မဟာတာအိုနှင့် ပေါင်းစပ်နေခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် အချိန်အနည်းငယ် ရင်းနှီးအောင် လုပ်ပြီးနောက် သူသည် ရွှံ့နွံအိုင်၏ သဘောသဘာဝကို လျင်မြန်စွာ နားလည်သွားသည်။ လမ်းလျှောက်ရသည်မှာ မြေပြန့်ပေါ်တွင် လျှောက်ရသကဲ့သို့ လွယ်ကူသော်လည်း အနည်းငယ်တော့ နှေးကွေးနေသေးသည်။

အောင်းရှန်မှာမူ သူ၏ နဂါးရိုးသင်္ဘောအတွက် နှမြောနေသဖြင့် အချိန်အနည်းငယ် ကြာသွား၏။ နောက်တစ်ခဏမှာပင် နဂါးရိုးသင်္ဘောမှာ ဟင်းလင်းပြင် သားရဲများ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည်။ အောင်းရှန်လည်း သွေးအန်ကာ အဝေးသို့ လွင့်စင်သွားလေ၏။

ရှန့်ယွမ် သက်ပြင်းအရှည်ကြီး ချလိုက်သော်လည်း သူ ဝင်မကယ်နိုင်ပေ။ အဝေးသို့သာ ရှောင်ထွက်သွားလိုက်ရသည်။ သူ ကောင်းစွာ သိထားသည်မှာ အကယ်၍ သူသာ အောင်းရှန်ကို ကယ်ရန် ပြန်လှည့်ပါက သူပါ ပိတ်မိသွားမည် ဖြစ်ပြီး နှစ်ယောက်လုံး သေဆုံးသွားမည် ဖြစ်သည်။ တစ်ယောက်တည်း ထွက်သွားပါက သူ အသက်ရှင်နိုင်ပေမည်။ သူတစ်ပါးကို ကယ်ဆယ်ခြင်းက မွန်မြတ်သော်လည်း မိမိကိုယ်တိုင် အရင် အသက်ရှင်ရန် လိုအပ်သည်။ အထူးသဖြင့် သူတို့ကဲ့သို့သော သူတော်စင်များ ဖြစ်သည်။ သူတော်စင် တစ်ပါး ကျဆုံးခြင်းမှာ ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပြီး သူတော်စင် နှစ်ပါး တစ်ပြိုင်နက် ကျဆုံးခြင်းမှာမူ ကမ္ဘာပေါ်က မျိုးနွယ်စုအားလုံးအတွက် ကြေကွဲစရာ ထိုးနှက်ချက် ဖြစ်လိမ့်မည်။

ရှန်မိုသည်လည်း လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်သွားသည်။ သူသည် ရွှံ့နွံအိုင်၏ အနက်ဆုံးနေရာသို့ အရင်ရောက်ရန်နှင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤနေရာ၌ ကျဆုံးခဲ့သော နဂါးသူတော်စင်၏ ရုပ်ကြွင်းကို ရှာဖွေလိုသည်။ အကယ်၍ လမ်းတွင် ယူဝါးကိုယ်ပွားနှင့် တွေ့ပါကလည်း တစ်ခါတည်း ရှင်းပစ်လိုက်မည် ဖြစ်သည်။ အောင်းရှန်၏ အသက်ရှင်သန်မှုမှာ သူ၏ ကိစ္စမဟုတ်ပေ။ သူတို့ သုံးဦးမှာ မတူညီသော လမ်းကြောင်း သုံးခုသို့ ခွဲထွက်သွားကြသည်။ ရှန်မိုသည် ရွှံ့နွံအိုင်ကြီးအတွင်းသို့ ဖြည်းဖြည်းချင်း တိုးဝင်သွားသည်။ သူ၏ ခြေလှမ်းတိုင်းမှာ သတိကြီးလှပြီး ရုတ်တရက် ပေါ်လာနိုင်သော အန္တရာယ်များကို သတိထားနေသည်။

အစပိုင်းတွင် သူ၏ အရှိန်မှာ နှေးကွေးသော်လည်း ရွှံ့နွံအိုင်ထဲတွင် အချိန်ပိုကြာလာသည်နှင့်အမျှ သူ၏ နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။

ယခုအခါ သူသည် အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်နေပြီ ဖြစ်သည်။

"ဟင်… တစ်ခုခု ရှိနေတာလား"

ရှန်မို၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သတ္တဝါအငယ်စားလေးများ သူ၏ ဘေးပတ်ပတ်လည်တွင် စုဝေးလာသည်ကို ခံစားလိုက်ရသည်။ အစပိုင်းတွင် သူတို့က အားနည်းသဖြင့် ဂရုမစိုက်ခဲ့သော်လည်း သူတို့၏ အရေအတွက် ပိုများလာသည်နှင့်အမျှ သူတို့၏ အစွမ်းမှာလည်း ထိတ်လန့်စရာကောင်းလောက်အောင် မြင့်တက်လာသည်။ သူတို့က သေးငယ်သော အကောင်လေးများဖြစ်ပြီး လက်မအရွယ်ခန့်သာ ရှိကာ မျက်လုံးတစ်လုံးနှင့် ပါးစပ်တစ်ခုစီ ပါရှိသည်။ သူတို့၏ အမြီးများက အဆက်မပြတ် လှုပ်ခါနေပြီး ရွှံ့နွံထဲတွင် အလွန်မြန်ဆန်စွာ သွားလာနိုင်ကြကာ ရှန်မို နောက်သို့ လိုက်နေကြသည်။

ရှန်မို၏ အသိစိတ်အရ တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ ဤသတ္တဝါများက ရန်လိုသည့် ပုံစံ မပြသေးသော်လည်း ယခုအခါ အရေအတွက်မှာ တစ်သန်းကျော်နေပြီ ဖြစ်သည်။ အကယ်၍ ထပ်တိုးလာပါက သူတို့ ပြန်တိုက်ခိုက်လာနိုင်သည်။ ရှန်မို အရှိန်မြှင့်ပြီး သူတို့ကို အပြတ်အသတ် ခွာရန် ကြိုးစားသော်လည်း ထိုသတ္တဝါများက ရှန်မို၏ အရှိန်နှင့်အညီ လိုက်ပါလာကြသည်။

ရှန်မို မျက်မှောင်ကြုတ်လိုက်ပြီး နဂါးဖြူ လက်သီးဖြင့် လှမ်းတိုက်လိုက်သည်။

ဝုန်း ဝုန်း ဝုန်း။

ပြင်းထန်သော လက်သီးချက်များ၏ ဒဏ်ကြောင့် ရေတွက်၍မရသော သတ္တဝါများမှာ ချက်ချင်း သေဆုံးကုန်သည်။ သို့သော် သေဆုံးသွားသော အကောင်များကို သူတို့၏ အဖော်များက ချက်ချင်းပင် ဝါးမြိုပစ်လိုက်ကြသည်။ ထိုအုပ်စုကြီးမှာ ရှန်မိုနောက်သို့ သားကောင်ကို လိုက်နေသော အမဲလိုက်ကောင်များကဲ့သို့ ဆက်လက် လိုက်ပါနေဆဲပင်။

မကြာမီတွင် အရပ်မျက်နှာ အသီးသီးမှ သတ္တဝါများ ထပ်မံ ရောက်ရှိလာကြပြီး အရေအတွက်မှာ ငါးသန်းကျော်သွားပြီ ဖြစ်သည်။ ရှန်မို မည်မျှပင် အမြန်တိုက်ခိုက်ပါစေ သူတို့၏ ပွားများနှုန်းကို မမီပေ။ ရှန်မိုသည် စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ဆွေ့ရှင်း ကို အနီးသို့ လာရန် သတင်းပို့လိုက်သည်။ သူ ရှန့်ရွှမ်းလောကမှ ထွက်လာကတည်းက ဆွေ့ရှင်းကို အနီးအနားတွင် ကင်းလှည့်ခိုင်းထားခြင်း ဖြစ်သည်။ အောင်းရှန်နှင့် ရှန့်ယွမ်တို့ မသိနိုင်သော်လည်း သူ လိုအပ်လျှင် ချက်ချင်း ရောက်လာနိုင်ပေသည်။

ဤအခြေအနေမှာ အလွန်ထူးဆန်းနေသည်။ ဆွေ့ရှင်း၏ မူလပုံစံမှာ ဟင်းလင်းပြင် သားရဲ ဝါးမြိုသူ ဖြစ်ရာ ဟင်းလင်းပြင်အပေါ် နားလည်မှုမှာ ရှန်မိုထက် သာလွန်သည်။ မကြာမီတွင် တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ ရွှံ့နွံအိုင်၏ အစွန်းသို့ ရောက်ရှိလာသည်။ သို့သော် ထိုအထဲသို့ ဝင်ရန် ဝန်လေးနေပုံရသည်။

"အဖေ… ကျွန်မ ရွှံ့နွံအပြင်ဘက်မှာ ရောက်နေပြီ… အဖေ ဘယ်မှာလဲ"

ရှန်မိုမှ

"မင်း အထဲကို ဝင်လို့ မရဘူးလား"

ဆွေ့ရှင်း စိတ်မကောင်းစွာဖြင့်

"အထဲမှာ ကျွန်တော့်အရှိန်က အရမ်းနှေးသွားတယ်… ပြီးတော့ ဒီထဲက ရှေးဟောင်းအရာအချို့က ကျွန်တော့်ကို မကြိုက်ကြဘူး… ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် ပြဿနာရှာတုန်းက သူတို့က ကျွန်တော့်ကို သိသွားကြတယ်လေ… သူတို့က ကျွန်တော့်ကို မသတ်နိုင်သလို ကျွန်တော်ကလည်း သူတို့ကို ဘာမှလုပ်လို့မရဘူး… ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ကြဖို့ သဘောတူထားကြတယ်"

ရှန်မိုမှာ ထိုသတ္တဝါလေးများအကြောင်းကို ဆွေ့ရှင်းအား ပြောပြလိုက်သည်။

ဆွေ့ရှင်းကဝမ်းသာအားရဖြင့်

"အဲ့ဒါ ဟင်းလင်းပြင်သန်းတွေပဲ မဟုတ်လား… အရမ်းအရသာရှိတာ… ကိုက်လိုက်ရင် အရည်တွေ ထွက်လာတာပဲ… ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ကျွန်တော် သူတို့အုပ်စုလိုက်ကို ဒီရွှံ့နွံထဲအထိ လိုက်ဖမ်းခဲ့သေးတယ်… အဖေ… အဲ့ဒီမှာ သူတို့တွေ အများကြီး ရှိနေတာလား… ကျွန်တော့်ဆီကို နည်းနည်းလောက် ခေါ်လာပေးပါလား"

ရှန်မို စကားမပြောနိုင်တော့ပေ။

မင်းအတွက်ကတော့ ဒါတွေက အစားအစာတွေပဲပေါ့လေ။

"ကောင်းပြီ… ငါ လာခဲ့မယ်"

ရှန်မိုသည် ဆွေ့ရှင်း ရှိရာနေရာကို ခံစားမိလိုက်ပြီး အရှိန်မြှင့် ပျံသန်းလိုက်သည်။ သူ၏ နောက်မှ ဟင်းလင်းပြင်သန်းများမှာ ယခုအခါ သန်းတစ်ရာကျော်နေပြီဖြစ်ပြီး တောက်လျှောက် လိုက်ပါလာနေကြသည်။ သူတို့၏ မျက်လုံးများတွင် ရုတ်တရက် ရက်စက်သော အရိပ်အယောင်များ ပေါ်လာကြပြီး ရှန်မိုကို အပြတ်အသတ် ဝါးမြိုပစ်ရန် ကြံစည်နေကြလေတော့၏။

All Chapters