← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 22 Ch. 219-220

🫧 Chapter 219

အရှေ့ဘက် ငရဲနယ်မြေ

မြောက်ဘက် ခန်းမဆောင်၏ စက္ကူကြိုးကြာ အဖွဲ့သည် အရှေ့ဘက် ခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်မှာ အချိန်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

ပြီးခဲ့သော နှစ်ရက်က ယမမင်းကြီးသည် ဝိညာဉ်တမန်တော် တစ်ဖွဲ့ကို ရွေးချယ်ပြီး ထိုစက္ကူကြိုးကြာ အဖွဲ့နှင့်အတူ မြောက်ဘက် နယ်မြေသို့ စေလွှတ်လိုက်ပြီ ဖြစ်၏။

သရဲဈေးတန်း အတွင်း၌မူ ယခင်က မြေအောက်ကမ္ဘာမှ ထုတ်ပြန်ခဲ့သော သတင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနေကြသည့် သရဲတစ္ဆေ အများအပြားရှိနေဆဲ ဖြစ်သည်။

လက်ဖက်ရည်ဆိုင်များတွင် ပုံပြင်ပြောသူများက မြောက်ဘက် ခန်းမဆောင်မှ စက္ကူကြိုးကြာ အဖွဲ့ ရောက်ရှိလာချိန်က မြင်ကွင်းများကို ပုံပြင်တစ်ပုဒ်ကဲ့သို့ ပြောပြနေကြသည်ကိုပင် တွေ့ရ၏။

"အဲဒီအချိန်က ငါ တစ်ချက် ကြည့်လိုက်တာနဲ့ ဟေး! ဒီကိစ္စက ရိုးရှင်းတာ မဟုတ်ဘူး ဆိုတာကို သိလိုက်တယ်"

"အားလုံးပဲ သိကြတဲ့အတိုင်း နယ်မြေ လေးခု အကြားမှာ သွားလာခွင့် ကန့်သတ်ချက်တွေ ရှိတယ်လေ၊ ဝိညာဉ်တမန်တော်တွေ အချင်းချင်း အခြား နယ်မြေတွေကို အလွယ်တကူ ဝင်ထွက်ခွင့် မရှိသလို၊ အခြား နယ်မြေက ကိစ္စတွေကိုလည်း ဝင်ပါခွင့် မရှိဘူး"

"အဲဒါကြောင့် မြောက်ဘက် ခန်းမဆောင်က ဒီတစ်ခေါက် ရောက်လာတာက သေချာပေါက် သာမန် ကိစ္စလေးတော့ မဟုတ်ဘူး"

အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ပုံပြင်ပြောသူက လက်ကို မြှောက်ကာ စားပွဲကို 'ဖတ်' ခနဲ ရိုက်လိုက်ရာ လက်ဖက်ရည်ဆိုင် အတွင်း ထိုင်နေကြသော သရဲတစ္ဆေများ အားလုံး ချက်ချင်းစိတ်ဝင်စားသွားကြတော့၏။

ထိုနေ့က ဤမြင်ကွင်းကို သရဲတစ္ဆေ အများအပြား မြင်တွေ့ခဲ့ကြသော်လည်း ဤမျှလောက် စိတ်ဝင်စားစရာကောင်းအောင် ပုံပြင်တစ်ပုဒ်ကဲ့သို့ ပြောပြနိုင်သူမှာ မည်သူမျှ မရှိချေ။

မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ အရှေ့ဘက် ခန်းမဆောင်သို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြပြီးနောက် ပုံပြင်ပြောသူသည် မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များနှင့် အတူတကွ ထွက်ခွာသွားခဲ့ကြသော အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ အကြောင်းကို ဆက်လက် ပြောပြလေ၏။

"ငါတို့ အရှေ့ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်ကြီးတွေကတော့ သာမန်မှမဟုတ်တာ အဝေးကြီးကနေတောင် ပထမတန်းစား ဝိညာဉ်တမန်တော်ကြီးတွေရဲ့ အငွေ့အသက်ကို ငါတို့ ခံစားလို့ ရတယ်"

"စုစုပေါင်း ဝိညာဉ်တမန်တော် ငါးဆယ် တိတိပါသွားတယ်၊ တစ်ယောက်ချင်းစီတိုင်းက တကယ့်ကို ထူးချွန်တဲ့ သူတွေချည်းပဲ မြောက်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေ အဲဒါကို မြင်တော့ မျက်နှာတွေ ဖြူလျော့သွားပြီး ငါတို့ အရှေ့ဘက် ခန်းမဆောင်ကိုကြည့်တဲ့ အကြည့်တွေတောင် ပြောင်းလဲသွားတယ်"

"ခဏကြာတော့ ပထမတန်းစား ဝိညာဉ်တမန်တော်ကြီး တစ်ပါးက မျက်ဝန်းတွေ ကျဉ်းမြောင်းသွားပြီး 'ထွက်ခွာကြစို့' လို့ ပြောလိုက်တယ်"

"အဲဒီ အကြည့်တစ်ချက်တည်းနဲ့တင် မြောက်ဘက်ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေ အားလုံး ပြိုင်တူ အနောက်ကို တစ်လှမ်းဆုတ်သွားကြတာပဲ၊ စစ်တိုက်ရတော့မလို့တောင် ထင်လိုက်ရတယ်"

ပုံပြင်ပြောသူ ဤအပိုင်းကို ပြောပြီးသွားသောအခါ လက် ဖက်ရည်ဆိုင် အတွင်းရှိ သရဲတစ္ဆေ အချို့ကရယ်မောကာ ပြောလိုက်ကြ၏။

"မြောက်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေက အဲဒီလောက်တောင် ကြောက်တတ်တာလား ဟားဟားဟား"

"အဲဒီနေ့က ငါ မြင်လိုက်တယ်၊ မြောက်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေက မူလကတည်းက အသားဖြူကြတာပါ၊ ဆရာ ဆရာပဲ သူတို့ကို အထင်ကြီးနေတာ မဟုတ်ဘူးလား"

"မြောက်ဘက် ခန်းမဆောင်ကတကယ်တော့ ဘယ်လို ပုံစံမျိုးလဲ တောင်ဘက် ခန်းမဆောင်နဲ့ အနောက်ဘက် ခန်းမဆောင်ကော ငါတို့ တစ်ခါမှ မမြင်ဖူးဘူး"

"ဟုတ်တယ် ဟုတ်တယ်၊ ဆရာ ဆရာက ကျွန်တော် တို့ကို တခြား ခန်းမဆောင်တွေ အကြောင်းနည်းနည်းလောက် ပြောပြပါဦး"

သရဲများ၏ဆွေးနွေးပြောဆိုသံများကို ကြားသောအခါ စင်မြင့်ထက်မှ ပုံပြင်ပြောသူသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး "တခြား ခန်းမဆောင်တွေ အကြောင်းကို ငါ တကယ်ပဲ နည်းနည်းပါးပါးတော့ သိထားတယ်" ဟု ပြောလိုက်၏။

'ဖတ်'

ထို့နောက် သူသည် စားပွဲကို တစ်ချက် ရိုက်လိုက်ပြီး သရဲတစ္ဆေများ အားလုံးတိတ်ဆိတ်သွားကာ သေချာစွာ နားထောင်ရန် ပြင်ဆင်နေချိန်တွင် ပုံပြင်ပြောသူသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်လေသည်။

ထို့နောက် ဟီးဟီးဟီး ရယ်မောကာ "အဆက်ကို သိချင်ရင်တော့ နောက်တစ်ခေါက်မှ ဆက်နားထောင်ကြတာပေါ့" ဟု ပြောလိုက်၏။

"ချီး"

လက်ဖက်ရည်ဆိုင်အတွင်းတွင် ဝိုင်းဝန်း နှာခေါင်းရှုံ့သံများ ထွက်ပေါ်လာတော့သည်။

----

လက်ဖက်ရည်ဆိုင်မှ ထွက်လာပြီးနောက် ပုံပြင်ပြောသူသည် သရဲဈေးတန်း၏ အနောက်ဘက်ရှိ လူနေရပ်ကွက်ဆီသို့ လျှောက်သွားရင်း နောက်တစ်ကြိမ် လူ့လောကသို့ မည်သည့်အချိန်တွင် အိပ်မက်သွားပေးရမည်နည်းဟု စဉ်းစားနေလေ၏။

အခြား သရဲများ အိပ်မက်ပေးသည်မှာ တစ်ခုခု မှာကြားစရာ ရှိ၍ သို့မဟုတ် မိသားစုဝင်များကို ငွေပိုပို့ပေးရန် တောင်းဆိုလို၍ ဖြစ်ပေသည်။

သို့သော် ပုံပြင်ပြောသူ အိပ်မက်ပေးခြင်းမှာမူ အိမ်ရှိမျိုး ဆက်သစ်များကို [မရဏလောကမှအံ့ဖွယ်နေ့ရက်များ] တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာများကို ပြောပြခိုင်းရန်အတွက် ဖြစ်၏။

ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် ပုံမှန်အားဖြင့် အိပ်မက်ပေးခြင်း၊ ဝိညာဉ်များကို လမ်းပြခေါ်ဆောင်ခြင်း စသည်တို့ကိုသာ ပြသလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင်မူ သူတို့ ပုံမှန် မမြင်တွေ့နိုင်သော အကြောင်းအရာ အချို့ကိုလည်း ပြသတတ်ပေသည်။

ဥပမာအားဖြင့် ယခင် မုန့်ပေါ်၏လူရှာသည့် တာဝန် ကိစ္စတွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သရဲ အများအပြား မသိခဲ့ကြသကဲ့သို့ မုန့်ပေါ် ရာထူးအဘယ်ကြောင့် လူစားလဲသွားသနည်း ဆိုသည်ကိုလည်း မသိခဲ့ကြချေ။

သိထားသင့်သည်မှာ ယခင် မုန့်ပေါ်သည် သရဲအများအပြား ၏အိပ်မက်ထဲမှ နတ်ဘုရားမ တစ်ပါးဖြစ်ပြီး အားလပ်ချိန်တိုင်းတွင် သွားရောက်၍ တိတ်တဆိတ် ခိုးကြည့်လေ့ရှိကြပေသည်။

သရဲဈေးတန်းရှိ နာမည်ကြီး ပန်းချီဆရာအချို့ပင်လျှင် ယခင် မုန့်ပေါ်၏ပန်းချီကား အချို့ကို ဆွဲသားရောင်းချခဲ့ကြသေး၏။

နောက်ထပ် ဥပမာ တစ်ခုအနေဖြင့်

ယခင် ဝိညာဉ်ဆိုင်ရှင် ကိစ္စမှထွက်ပေါ်လာသော သတင်း အချက်အလက်များမှာ အလွန်အမင်း များပြားလွန်းလှပေသည်။

ပုံပြင်ပြောသူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ထိုနေ့က ယမမင်းကြီးနှင့်အတူ မြောက်ဘက် ခန်းမဆောင်တွင် ထွက်ပေါ်လာခဲ့သော အခြားပုဂ္ဂိုလ်သုံးဦးမှာ ကျန်ရှိနေသော ခန်းမဆောင်သုံးခုမှ ယမမင်းကြီးများပင် ဖြစ်ပေလိမ့်မည်။

ဝိညာဉ်ဆိုင်ရှင် ကိစ္စမှ ထွက်ပေါ်လာသော သတင်းများ အများအပြား ရှိသော်လည်း ပုံပြင်ပြောသူ သိထားသည်မှာ ဤအထဲမှ အများစုကို အပြင်သို့ ပြန်လည် ပြောပြ၍မရနိုင်ကြောင်းပင်ဖြစ်၏။

သို့သော် မြောက်ဘက် ခန်းမဆောင်၏မြေအောက်ကမ္ဘာက မည်သို့ ပုံစံမျိုးလဲ ဆိုသည်ကတော့ ပြန်ပြောပြ၍ရနိုင်ပေသည်။

ထိုသို့ တွေးမိသောအခါ ပုံပြင်ပြောသူသည် ပြုံးလိုက်ပြီး "Streamer ကြီး ဒီတစ်ခေါက် ခရီးစဉ်မှာ အကျိုးအမြတ် တစ်ခုခု ရလာပါစေလို့ မျှော်လင့်ပါတယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုသို့ဆိုလျှင် နောက်ထပ် နှစ်ရက်ခန့် ကြာလျှင် လူ့လောကသို့ အိပ်မက်သွားပေးပြီး အခြေအနေကို သွားရောက် ကြည့်ရှုနိုင်ပြီဖြစ်သည်။

----

အခြားတစ်ဖက်တွင်၊ နန်းဆောင်၁၈ အတွင်း၌

ကျန်းလင်သည် ခရီးမထွက်မီ လိုအပ်သည့် ပြင်ဆင်မှုများကို ပြုလုပ်နေလေ၏။

မြောက်ဘက် ခန်းမဆောင်သို့ သွားမည့် အဖွဲ့သည် လွန်ခဲ့သော နှစ်ရက်ကတည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

ကျန်းလင် တွေးထားသည့်အတိုင်းပင် သွားရောက်သူများမှာ အတွေ့အကြုံရင့် စီနီယာကြီးများသာ ဖြစ်ကြပေ၏။

ကျန်းလင် ယခုပြင်ဆင်နေသည်မှာ အခြား ကိစ္စတစ်ခုအတွက် ဖြစ်သည်။

မြောက်ဘက် ခန်းမဆောင်သို့ သွားမည့် အဖွဲ့ ထွက်ခွာသွားပြီး ဒုတိယနေ့တွင် ယမမင်းနန်းဆောင်သို့ လာရန် သရဲကလေးတစ်ကောင်က ကျန်းလင်ကို လာရောက်ခေါ်ဆောင်ခဲ့၏။

ယမမင်းနန်းဆောင် အတွင်းတွင် သူအပြင် အခြားသော ဝိညာဉ်တမန်တော် အချို့လည်း ရှိနေပေသည်။

ကျန်းလင် သတိပြုမိသည်မှာ ထိုဝိညာဉ်တမန်တော်များသည် သူအပါအဝင် အားလုံး မကြာသေးမီကမှ အသစ်တက်လာသော အဖွဲ့မှူးကြီးများ ဖြစ်ကြခြင်းပင်ဖြစ်၏။

ထို့နောက်ယမမင်း ရာထူးနေရာမှ ယန်လော်က ရှင်းပြလေသည်။

"မကြာသေးခင်က အခြား ခန်းမဆောင် သုံးခုကနေ သတင်း ရောက်လာတယ် သူတို့ရဲ့ ချိတ်ပိတ်မှုတွေကို ကူညီပြီးအား ဖြည့်ပေးဖို့အတွက် ငါတို့ဆီက ကျွမ်းကျင်တဲ့ ချိတ်ပိတ်ရေး အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ပေးစေချင်တယ်တဲ့"

"အဲဒီ အခွင့်အရေးကို အသုံးချပြီး အချင်းချင်း အပြန်အလှန် ဖလှယ် သင်ယူကြတာပေါ့"

ဤနေရာသို့ အရောက်တွင် ယန်လော်၏ အကြည့်များသည် အောက်ရှိ ဝိညာဉ်တမန်တော် တစ်ပါးချင်းစီတိုင်းကို ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"မင်းတို့ အားလုံးက အရှေ့ဘက် ခန်းမဆောင်ရဲ့ ထွန်းသစ်စ ကြယ်ပွင့်လေးတွေပဲ၊ ဒီတစ်ခေါက် သူတို့နဲ့ အတူတူ လိုက်သွားပြီး သေချာ လေ့လာသင်ယူကြ၊ ဗဟုသုတတွေ ပိုရ အောင် လုပ်ကြ"

အခြား ခန်းမဆောင် သုံးခုဆိုသည်မှာ သဘာဝကျကျပင် အနောက်ဘက် ခန်းမဆောင်၊ မြောက်ဘက် ခန်းမဆောင်နှင့် တောင်ဘက် ခန်းမဆောင်တို့ကို ဆိုလိုခြင်း ဖြစ်ပေသည်။

ကျန်းလင် ယခင်က မြောက်ဘက် ခန်းမဆောင်သို့ သွားချင်ခဲ့ခြင်းမှာလည်း ထိုနေရာတွင် နယ်မြေ လေးခုမှ ဝိညာဉ်တမန်တော်များ စုစည်းနေမည် ဖြစ်သဖြင့် အကြောင်းအရာ အများအပြားကို သင်ယူနိုင်မည်ဟု ယူဆသောကြောင့် ဖြစ်၏။

ယခု ချိတ်ပိတ်ရေး အဖွဲ့နှင့်အတူ အခြား ခန်းမဆောင် သုံးခုသို့ တိုက်ရိုက် သွားရောက်ခွင့် ရမည် ဆိုပါက အသစ်အဆန်းများ သင်ယူရန် အတွက်ဖြစ်စေ၊ ဗဟုသုတ တိုးပွားစေရန် အတွက်ဖြစ်စေ အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် ယမမင်းကြီး"

အသစ်တက်လာသော အဖွဲ့မှူးကြီးများသည် ဤခရီးစဉ်၏ အကျိုးကျေးဇူးများကို ကောင်းစွာ သိရှိကြသဖြင့် အားလုံးက လက်သီးဆုပ်အရိုသေပြုကာ ကျေးဇူးတင်စကားဆိုလိုက်ကြ၏။

----

ထို့ကြောင့် ကျန်းလင်သည် ဤနှစ်ရက်အတွင်း ခရီးဝေး သွားရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။

ပထမဆုံး အနေဖြင့် အလုပ်ကိစ္စများကို ဆယ့်ရှစ်တပ်ဖွဲ့ အဖွဲ့သားများမှတစ်ဆင့် အဖွဲ့ ၉ ၏အဖွဲ့မှူး (ကျန့်အန်းမင်းသား) ထံသို့ ယာယီလွှဲပြောင်းပေးအပ်ခဲ့၏။

ထို့နောက် သူသည် ရွှီရှို့စစ်၏အိမ်သို့ တစ်ခေါက်သွား ရောက်ခဲ့သည်။

ညီအစ်ကိုနှစ်ယောက်သည် သရဲဈေးတန်းသို့ အတူတကွ သွားရောက်ကာ ထမင်းတစ်နပ်စားခဲ့ကြ၏။

ကျန်းလင် "ကျွန်တော် အပြင်ထွက်နေတဲ့ အချိန်အတွင်း ခင်ဗျားမှာ တစ်ခုခု အခက်အခဲ ရှိရင် ကျန့်အန်းမင်းသားဆီ သွားရောက် အကူအညီ တောင်းလို့ ရတယ်နော်" ဟု ပြောလိုက်သည်။

"အရှေ့ဘက်ခန်းမဆောင် ဆိုတာ ငါ့အိမ်ပဲလေ၊ ဒီမှာ ဘာအခက်အခဲ ရှိနိုင်မှာလဲ"

ရွှီရှို့စစ်သည် ကျန်းလင်၏ပခုံးကို ပုတ်ကာ "မင်းသာ သတိ ထား၊ သူများပြောသလို အိမ်အပြင်ထွက်ရင် သူငယ်ချင်း အပေါင်းအသင်းကို အားကိုးရတယ်တဲ့ မင်းက အဲဒီဘက်မှာ သူငယ်ချင်း တစ်ယောက်မှမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ် သတိ ထားပြီး ဂရုစိုက်နော်" ဟု ပြောလိုက်၏။

စကားပြောနေရင်းနှင့်ပင် သူသည် အင်္ကျီလက်စွပ်ထဲမှ ချည်ကြိုးလေး တစ်ခုကိုထုတ်ယူလိုက်သည်။

"ဒါ မင်းမရီး မင်းအတွက် ပြင်ဆင်ပေးထားတာ"

ထိုချည်ကြိုးလေးသည် အကြွေစေ့ အရွယ်အစားခန့်သာ ရှိပြီး တစ်ခုလုံး ဖြူဖွေးတောက်ပနေကာ အမည်းရောင် ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားပေသည်။

"မရီးကို ကျွန်တော့် ကိုယ်စား ကျေးဇူးတင်ပေးပါဦး"

ကျန်းလင်သည် ပြုံးလျက်လက်လှမ်းယူလိုက်ပြီး သိုလှောင်အိတ်ထဲသို့ သေချာစွာသိမ်းဆည်းထားလိုက်၏။

ရွှီရှို့စစ်၏လေးနက်နေသော မျက်နှာထားကိုကြည့်ရင်း သူက ပြုံးကာ ပြောလိုက်သည်။

"တကယ်တော့ အဲဒီလောက်လည်း မဆိုးပါဘူး၊ အဖွဲ့ထဲမှာ ချိတ်ပိတ်ရေး အဖွဲ့က စီနီယာကြီးတွေလည်း ပါတယ်လေ"

"လူ့လောကက ကုမ္ပဏီစရိတ်နဲ့ ခရီးထွက်ရတာမျိုးနဲ့ တူတူပါပဲ"

နောက်ဆုံး စကားတစ်ခွန်းကို ကြားသောအခါ ရွှီဆူဇီသည် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

"မင်းကတော့ တော်တော်လေး တွေးတတ်တာပဲ ဒါပေမယ့် သေချာ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလိုပဲ"

'ကိုယ်တိုင် ပိုက်ဆံထုတ်စရာမလိုဘဲ စီနီယာကြီးတွေက ဦးဆောင်ပြီးခေါ်သွားပေးတယ် ဆိုတော့ ကုမ္ပဏီစရိတ်နဲ့ ခရီးထွက်ရတာနဲ့ ဘာကွာတော့မှာလဲ'

ကျန်းလင် ဤသို့ တွေးမိခြင်းမှာ အမှန်တကယ်တော့ ကျန့်အန်းမင်းသားနှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကြောင့်ပင် ဖြစ်ပေသည်။

ခရီးဝေး သွားရမည်ဟူသော သတင်းကို ရရှိပြီးနောက် ကျန်းလင်သည် ကိုးတပ်ဖွဲ့သို့ တစ်ခေါက် သွားရောက်ခဲ့ပြီး ကျန့်အန်းမင်းသားထံမှ အကြံဉာဏ်များ တောင်းခံရန် သို့မဟုတ် အခြား ခန်းမဆောင်များနှင့် ပတ်သက်သော သတင်းအချက် အလက် အချို့ကို ရယူရန်ရည်ရွယ်ခဲ့၏။

သို့သော် ကျန့်အန်းမင်းသားသည်မည်သည့်အရာမှ မပြောခဲ့သည့်အပြင် နောက်ပြောင်ကာ "မဆိုးပါဘူး၊ အချိန်ကျရင် ငါ့အတွက်လည်း အဲဒီဘက်က ဒေသထွက် ကုန်ပစ္စည်းလေးတွေ နည်းနည်းပါးပါး ဝယ်ခဲ့ပေးဦး" ဟုပင် ပြောလိုက်သေးသည်။

ကျန်းလင် ထိုစကားကို ကြားသောအခါ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သော်လည်း ထိုစကားကြောင့်ပင် သူ၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားခဲ့ပေသည်။

....

ဤနှစ်ရက်တာ ပြင်ဆင်မှုများ ပြုလုပ်နေစဉ် အတွင်း ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ နေ့စဉ်တာဝန်များကိုလည်း မမေ့မလျော့ လုပ်ဆောင်ခဲ့၏။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်း၌လည်း သူ အခြား ခန်းမဆောင်များသို့ ခရီးဝေး သွားရမည့် အကြောင်းကို အပြတ် ပြောပြခဲ့သည်။

သူ ပြောပြီးသည်နှင့် တစ်ပြိုင်နက် မှတ်ချက်ကဏ္ဍသည် ချက်ချင်းပင် အလွန်စည်ကားသွားတော့၏။

[Streamer ကြီး ဘယ်သွားမှာလဲ ဘယ်သွားမှာလဲ ပထမဆုံး သွားမယ့် နေရာက ဘယ်နေရာလဲ]

[အား အား အား Streamer ကြီး ကျွန်တော်တို့ဆီ လာခဲ့ပါ! တောင်ဘက်ကို လာခဲ့ပါ]

[Streamer ကြီး အနောက်ဘက်ကို လာခဲ့ပါ! အနောက်ဘက်မှာ ဆော့စရာတွေ အများကြီး ရှိတယ်ဗျ]

[မြေအောက်ကမ္ဘာက စီစဉ်ပေးတာလား ဒါဆို ကုမ္ပဏီစရိတ်နဲ့ ခရီးထွက်ရတာပေါ့ ]

[စနစ် တာဝန် - ထူးချွန်သော ပထမတန်းစားဝိညာဉ်တမန်တော် တစ်ပါးဖြစ်လာရန်၊ တာဝန်ပြီးမြောက်မှု အခြေအနေ - ၃၅%]

🫧 Chapter 220

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၁) ကို စတင်လိုက်ပါပြီ တောင်ဘက် ခန်းမဆောင်၏ မြေအောက်ကမ္ဘာ ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေရန်]

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၂) ကို စတင်လိုက်ပါပြီ အနောက်ဘက် ခန်းမဆောင်၏ မြေအောက်ကမ္ဘာ ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေရန်]

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၃) ကို စတင်လိုက်ပါပြီ မြောက်ဘက် ခန်းမဆောင်၏ မြေအောက်ကမ္ဘာ ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေရန်]

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၄) ကို စတင်လိုက်ပါပြီ - အထူးအဆင့် တာဝန် တစ်ခုကို အနည်းဆုံး တစ်ကြိမ် ပြီးမြောက်ရန်]

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၅) ကို စတင်လိုက်ပါပြီ ကျွမ်းကျင်မှု အသစ်တစ်ခုကို အနည်းဆုံး သင်ယူရန်]

ကျန်းလင်သည် နန်းဆောင်၁၈ မှ ထွက်ခွာလာပြီး ချိန်းဆိုထားသော စုရပ်နေရာသို့ သွားနေစဉ် စနစ်၏ အသိပေးသံများသည် တီးမှုတ်နေသကဲ့သို့ 'ဒင် ဒင် ဒင်' ဟူ၍ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

ကျန်းလင် သေချာစွာ နားထောင်လိုက်ရာ ချက်ချင်းပင် ဘေးထွက်တာဝန် အသစ် ငါးခုတောက်လျှောက် ပွင့်လာခဲ့ကြောင်း သိလိုက်ရသည်။

'ထူးချွန်သော ပထမတန်းစား ဝိညာဉ်တမန်တော်တစ်ပါး ဖြစ်လာရန်' ဟူသော တာဝန်မှာ မပြီးဆုံးသေးသဖြင့် ထိုတာဝန်ပြီးဆုံးမှသာ တာဝန်သစ်များ ထွက်ပေါ်လာမည်ဟု ကျန်းလင် အမြဲတမ်းထင်မှတ်ထားခဲ့မိ၏။

ကြည့်ရသည်မှာ စနစ်၏တာဝန်များသည် သူ့ရွေးချယ်မှု သို့မဟုတ် ပတ်ဝန်းကျင် အပြောင်းအလဲများအပေါ် မူတည်၍ တာဝန်သစ်များထွက်ပေါ်လာနိုင်ပုံ ရပေသည်။

ပုံသေ သတ်မှတ်ထားခြင်း မဟုတ်ပါချေ။

ထို့ပြင် ဤဘေးထွက်တာဝန် ငါးခုမှာ ကြည့်ရသည်မှာ များပြားလှသော်လည်း ပထမ သုံးခုမှာ အခြားသော မြေအောက်ကမ္ဘာများ၏ ယဉ်ကျေးမှု ထူးခြားချက်များကို ဖြန့်ဝေရန်သာ ဖြစ်ပေသည်။

သူ၏ ဤတစ်ခေါက်ခရီးစဉ်မှာ ထိုနေရာ သုံးခုသို့သွား ရောက်ရမည် ဖြစ်ရာ တစ်ဆက်တည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်မှာ သေချာလှ၏။

အရံတာဝန်လေးနှင့်ပတ်သက်၍မူ အထူးအဆင့် တာဝန်ဆိုသည်ကို ကျန်းလင် တစ်ခါမှ မထိတွေ့ဖူးခဲ့ချေ။

သို့သော် အခြားသော ဝိညာဉ်တမန်တော်များ ပြောပြဖူးသည်ကို သူ ကြားဖူးထား၏။

မြေအောက်ကမ္ဘာ၏ တာဝန်များ အားလုံးထဲတွင် ပုံမှန် သူတို့ ထိတွေ့နေရသော တာဝန်များအပြင် အထူးအဆင့် တာဝန် ဆိုသည်မှာလည်း ရှိနေသေးပေသည်။

အထူးအဆင့် တာဝန်များကို လုပ်ဆောင်ဖူးသူများမှသာလျှင် မြေအောက်ကမ္ဘာ၏ အထက်တန်းအဆင့် ဝန်ထမ်းများဟု ခေါ်ဆိုနိုင်ပေသည်။

သာမန် ဝိညာဉ်တမန်တော်များသည် အထူးအဆင့် တာဝန်များကို လုံးဝ မြင်တွေ့ခွင့် မရကြသကဲ့သို့ မည်သည့်နေရာတွင် သွားရောက် ရှာဖွေရမည်ကိုလည်း မသိကြချေ။

ဝိညာဉ်တမန်တော် အချို့က အထူးအဆင့် တာဝန်များကို ယမမင်းကြီး ကိုယ်တိုင်ထုတ်ပြန်ပေးခြင်း ဖြစ်မည်ဟု ခန့်မှန်းကြပေသည်။

ကျန်းလင်သည် ဤတာဝန်များကို မည်သို့ ပြီးမြောက်အောင် လုပ်ဆောင်ရမည်နည်းဟု စဉ်းစားနေရင်း အရှေ့ဘက် ခန်းမဆောင်၏ဝင်ပေါက် တစ်ခုသို့ ရောက်ရှိလာခဲ့၏။

ထိုနေရာတွင် လူနှစ်ဆယ်၊ သုံးဆယ်ခန့် ဆံ့သော အလတ်စား ဝိညာဉ်လက်နက် သင်္ဘောတစ်စင်း ရပ်နားထားပေသည်။

သင်္ဘောပေါ်တွင် ဝိညာဉ်တမန်တော်သုံးပါး ကြိုတင်ရောက်ရှိနေကြပြီဖြစ်၏။

ဦးဆောင်နေသူမှာ ချိတ်ပိတ်ရေးအဖွဲ့မှ အတွေ့အကြုံရင့် စီနီယာကြီး ဖြစ်ပြီး သူ့ဆံပင်များမှာ ဖြူဝပ်နေကာ အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်မှာ ထင်းရှူးပင် တစ်ပင်ကဲ့သို့ မတ်မတ်မတ် ရပ်နေပေသည်။

"စီနီယာကြီး၊ ဒီတစ်ခေါက် ခရီးစဉ်အတွက် အနှောင့်အယှက် ပေးရတော့မယ်"

ကျန်းလင်က အရင်ဆုံး နှုတ်ဆက်လိုက်၏။

ထိုအခါချိတ်ပိတ်ရေး အဖွဲ့မှ စီနီယာကြီးက ခေါင်းညိတ်ပြပြီး "အရင် တက်လာခဲ့ပါ" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့"

ကျန်းလင် ထိုဝိညာဉ်လက်နက် သင်္ဘောပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် သူ့ ခေါင်းထဲ၌ စနစ်၏ အသိပေးသံ တစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်၏။

[ဒင် စနစ်ပိုင်ရှင်သည် အရံတာဝန် (၆) ကို စတင်လိုက်ပါပြီ မူလစိတ်ရင်းကို ထိန်းသိမ်းရန်]

[စနစ် အသိပေးချက် ယခုတစ်ကြိမ် အရံတာဝန်များ အားလုံးသည် စနစ်ပိုင်ရှင် အရှေ့ဘက် ခန်းမဆောင်သို့ ပြန်လည် ရောက်ရှိမည့် အချိန်ကို နောက်ဆုံး သတ်မှတ်ရက် အဖြစ် သတ်မှတ်ထားသည် အကယ်၍ အရှေ့ဘက် ခန်းမဆောင်သို့ ပြန်လည် ရောက်ရှိချိန်တွင် တာဝန်များ မပြီး မြောက်သေးပါက တာဝန်ကိုစွန့်လွှတ်လိုက်သည်ဟု သတ်မှတ်မည် ဖြစ်သည်။]

ဤအသိပေးသံ နှစ်သံကိုကြားသောအခါ ကျန်းလင် ကြောင် အမ်းအမ်း ဖြစ်သွားခဲ့၏။

'မူလစိတ်ရင်းကို ထိန်းသိမ်းရမယ်'

'ဒီတစ်ခေါက် အပြင်ထွက်တဲ့ အခါ ငါ့ရဲ့ အတွေးတွေကို သွေဖည်သွားစေမယ့် ကိစ္စမျိုးတွေများ ကြုံတွေ့ရမှာမို့လို့လား'

ကျန်းလင် အနည်းငယ် စဉ်းစားကြည့်သော်လည်း မည်သည့် အစအနကိုမျှ မရှာတွေ့သဖြင့် ဤကိစ္စကို ယာယီဘေးဖယ် ထားလိုက်ရတော့သည်။

မည်သို့ပင်ဖြစ်စေ စနစ်၏သတိပေးချက်ကို သူ ရရှိထားပြီး ဖြစ်ရာ အချိန်တန်၍ ဘေးထွက်တာဝန် ခြောက်နှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ကြုံတွေ့ရပါက သူ သတိပြုမိလာမည်မှာ သေချာလှ၏။

ကျန်းလင် တွေးတောနေစဉ် အတွင်း ဤခရီးစဉ်တွင် လိုက်ပါမည့် ဝိညာဉ်တမန်တော်များသည် ဝိညာဉ်လက်နက် သင်္ဘောပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြပေသည်။

ချိတ်ပိတ်ရေးအဖွဲ့မှ စီနီယာကြီးသည် သင်္ဘောဦးပိုင်းတွင် ရပ်နေပြီး အဖွဲ့သားများ စုံလင်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ အရှေ့သို့ တစ်လှမ်းတိုးလာကာ စကားစလိုက်၏။

"ငါက ချိတ်ပိတ်ရေး အဖွဲ့သုံးရဲ့ အဖွဲ့မှူးရွှီယိုကျိပါ၊ ဒီတစ်ခေါက် ခရီးစဉ်ရဲ့ ဦးဆောင်အဖွဲ့မှူးလည်းဖြစ်တယ်"

"နောက်ထပ် ခန်းမဆောင်သုံးခုကို သွားရမယ့် ခရီးစဉ် တစ်လျှောက်မှာ ငါတို့ အချင်းချင်းအပြန်အလှန် ကူညီဖေးမသွားနိုင်ကြဖို့ မျှော်လင့်ပါတယ်"

"အခု ငါ အရင်ဆုံး နာမည် ခေါ်မယ်၊ နာမည် ခေါ်ခံရတဲ့ သူတွေက ထူးပေးကြပါ"

စကားပြောရင်း ချိတ်ပိတ်ရေး အဖွဲ့မှ စီနီယာကြီး ရွှီယိုကျိ သည် စာရင်းစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ထိုင်နေကြသော ဝိညာဉ်တမန်တော်များကို မျက်လုံးဝေ့ကြည့်လိုက်၏။

"ချိတ်ပိတ်ရေး အဖွဲ့ကိုးရဲ့အဖွဲ့မှူး၊ ယွီပိုင်ရှင်း"

"ရှိပါတယ်"

ဘေးဘက်ရှိ ရွှေရောင်အနားကွပ်ထားသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောဘက်တွင် 'ချိတ်ပိတ်' ဟူသော စာလုံး ရေးသားထားသည့် ယွီပိုင်ရှင်းက ထူးလိုက်ပေသည်။

သူသည် မကြာသေးမီ နှစ်များအတွင်းကမှ အသစ်တက်လာသော ချိတ်ပိတ်ရေး အဖွဲ့မှူးတစ်ဦးဖြစ်ပြီး ဤတစ်ကြိမ် ခန်းမဆောင် သုံးခုသို့ သွားရောက်မည့် ချိတ်ပိတ်ရေး တာဝန်၏အဓိက အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်၏။

ယခုအချိန်တွင် ချိတ်ပိတ်ရေးနယ်ပယ်မှ ဤအတွေ့အကြုံရင့် စီနီယာကြီးနှင့် ရင်ဆိုင်ရသောအခါ ယွီပိုင်ရှင်း၏ ခန္ဓာကိုယ်သည် တင်းမာနေပြီး အသံများပင် အက်ကွဲနေတော့သည်။

မိမိအားကျရသော အိုင်ဒေါကို တွေ့လိုက်ရသည့် လူသစ်လေး တစ်ယောက်နှင့် ပုံစံတူနေပေ၏။

ရွှီယိုကျိသည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ဆက်လက်၍ ခေါ်လိုက်သည်။

"ပိုင်ဝူချန် အဖွဲ့ ၁၈ ရဲ့အဖွဲ့မှူး၊ ကျန်းလင်"

ဘေးထွက်တာဝန် အကြောင်းကိုတွေးတောနေသော ကျန်းလင်သည် ချက်ချင်းပင် အတွေးများကိုရုပ်သိမ်းလိုက်ပြီး "ရှိပါတယ်" ဟု ထူးလိုက်၏။

ရွှီယိုကျိ၏ အကြည့်များသည် ကျန်းလင် ကိုယ်ပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားပြီး တစ်ခုခုကိုတွေးမိသွားသကဲ့သို့ မသိမသာ ခေါင်းညိတ်ပြလိုက်သည်။

"ဟေးဝူချန်(အမည်းရောင်ဝိညာဉ်တမန်တော်) အဖွဲ့၁၆ ရဲ့ အဖွဲ့မှူး၊ လျိုပုဝေ"

"ရှိပါတယ်"

"သတင်းအချက်အလက် အဖွဲ့"

ချိတ်ပိတ်ရေး အဖွဲ့မှ စီနီယာကြီးသည် နာမည်များကို တစ်ယောက်ချင်းစီ ခေါ်ယူလိုက်ရာ အဖွဲ့သားများကို အချင်းချင်း မိတ်ဆက်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေသည်။

ဤခရီးစဉ်တွင် ဝိညာဉ်တမန်တော် စုစုပေါင်းခြောက်ပါး ပါဝင်၏။

ထိုအထဲတွင် ရွှီယိုကျိ အပါအဝင် ချိတ်ပိတ်ရေးအဖွဲ့မှ ဝိညာဉ်တမန်တော် နှစ်ပါးပါဝင်ပြီး ခန်းမဆောင် အသီးသီး ၏ချိတ်ပိတ်ရေး တာဝန်များကို သူတို့က အဓိက လုပ်ဆောင်ရမည်ဖြစ်သည်။

ကျန်ရှိသော သူများမှာလေ့လာသင်ယူရန် လိုက်ပါလာသော ဝိညာဉ်တမန်တော်များ ဖြစ်ကြ၏။

ဟေးဝူချန်(အမည်းရောင်ဝိညာဉ်တမန်တော်) တစ်ပါး၊ ပိုင်ဝူချန် တစ်ပါး၊ သတင်းအချက်အလက် အဖွဲ့မှတစ်ပါး၊ ဝိညာဉ်လက်နက် ဖန်တီးရေးအလုပ်ရုံမှ အဖွဲ့ဝင် တစ်ပါးတို့ ဖြစ်ကြပေသည်။

"အားလုံး စုံပြီဆိုတော့ ငါတို့ ထွက်ခွာကြစို့"

ရွှီယိုကျိ ခေါင်းညိတ်လိုက်ပြီး ညာဘက်လက်ကိုဆန့်ထုတ်လိုက်ရာ လက်ထဲမှ ဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။

"ရွက်လွှင့်မယ်"

ထိုအမိန့်သံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သင်္ဘော တစ်စင်းလုံး အနည်းငယ် တုန်ခါသွားပြီး ကြီးမားလှသော ဝိညာဉ်အငွေ့အသက်များသည် သင်္ဘောကိုယ်ထည်မှနေ၍ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် သင်္ဘော တစ်စင်းလုံးသည် ရုတ်တ ရက်မြင့်တက်သွား၏။

အမြန်နှုန်းမှာ အလွန်လျင်မြန်လှပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် လူ့လောက၏ကောင်းကင်ယံ အထက်သို့ ရောက်ရှိသွားတော့သည်။

ပတ်ဝန်းကျင်တွင် အလွှာထပ်နေသော တိမ်တိုက်ဖြူများ သည် ဝိုင်းရံနေပေသည်။

သို့သော် သင်္ဘောဖြတ်သန်းသွားချိန်တွင် ထိုတိမ်တိုက်များသည် မျက်မြင်မရသော အတားအဆီး တစ်ခုနှင့် တိုက်မိသွားသကဲ့သို့ သင်္ဘော၏ ဘေးနှစ်ဖက်သို့ ဖယ်ရှားသွားကြရ၏။

ဤတစ်ကြိမ် ခန်းမဆောင်သုံးခုသို့ သွားမည့် ခရီးစဉ်သည် တရားဝင် စတင်ခဲ့ပြီ ဖြစ်ပေသည်။

ရွှီယိုကျိသည် သင်္ဘော၏အရှေ့ဆုံးတွင် ရပ်နေပြီး ရှင်းပြလေ၏။

"ဒီတစ်ခေါက် ငါတို့ရဲ့ ခရီးစဉ်အစီအစဉ်က အရင်ဆုံး တောင်ဘက် ခန်းမဆောင်ကို သွားမယ်၊ ပြီးရင် အနောက်ဘက် ခန်းမဆောင်၊ နောက်ဆုံးမှ မြောက်ဘက် ခန်းမဆောင်ကို သွားမယ်"

"မြေအောက်ကမ္ဘာက ခန်းမဆောင် အသီးသီးကို ကြိုတင် အကြောင်းကြားထားပြီးပြီ ဖြစ်လို့ ငါတို့ အရင်ဆုံးတောင်ဘက် ခန်းမဆောင်ကို တိုက်ရိုက် သွားကြမယ်"

"မြေအောက်ကမ္ဘာကနေ သွားမယ် ဆိုရင် အန္တရာယ်များတဲ့ နေရာတွေနဲ့ တားမြစ်နယ်မြေ အချို့ကို မလွှဲမသွေ ကြုံတွေ့ရနိုင်လို့ ငါတို့က လူ့လောကကနေတစ်ဆင့် တိုက်ရိုက် သွားကြမယ် တောင်ဘက် ခန်းမဆောင်က အဲဒီဘက်ကနေ ကြိုတင် လာရောက်ကြိုဆိုပေးလိမ့်မယ်"

ခရီးစဉ် အစီအစဉ်ကို ပြောပြပြီးနောက် ရွှီယိုကျိ က မေးလိုက်၏။

"မင်းတို့ မေးစရာ တစ်ခုခုများ ရှိသေးလား"

ချိတ်ပိတ်ရေး အဖွဲ့မှ ယွီပိုင်ရှင်းသည် အနည်းငယ် စိုးရိမ်တ ကြီးဖြင့် "စီနီယာကြီး၊ တောင်ဘက် ခန်းမဆောင်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သိပါသလား" ဟု မေးလိုက်သည်။

ရွှီယိုကျိ အနည်းငယ် စဉ်းစားလိုက်ပြီး "အခုအချိန်မှာ နယ် မြေလေးခုက သိပ်ပြီး အဆက်အသွယ် မလုပ်ကြတော့လို့ ငါလည်း သိပ်ပြီးမသိပါဘူး" ဟု ပြန်ဖြေလိုက်၏။

"အဲဒါကြောင့် တောင်ဘက်ခန်းမဆောင်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို မင်းတို့ ကိုယ်တိုင် သွားရောက်လေ့လာကြရလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် စီနီယာကြီး၊ ကျွန်တော် ဒီခရီးစဉ်မှာ သေချာပေါက် အကျိုးရှိအောင် လုပ်ပါ့မယ်"

ယွီပိုင်ရှင်း၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာများ ထွက်ပေါ်လာခဲ့၏။

သူသည် တောင်ဘက် ခန်းမဆောင်အကြောင်းကို တွေးမိ၍ စိတ်လှုပ်ရှားနေခြင်းလား သို့မဟုတ် သူ့ အိုင်ဒေါနှင့် စကား ပြောလိုက်ရ၍ စိတ်လှုပ်ရှားနေခြင်းလား ဆိုသည်ကိုမူ မသိနိုင်ချေ။

ထို့နောက် ရွှီယိုကျိ သည် မည်သူကမျှ ထပ်မံ မေးမြန်းစရာ မရှိတော့သည်ကို မြင်သောအခါဆက်ပြောလိုက်၏။

"ဒီခရီးစဉ်က နောက်ထပ် နေ့တစ်ဝက်လောက် ကြာဦးမှာမို့ အားလုံးပဲ ခဏလောက် အနားယူပြီး ခွန်အားတွေကို မွေးထားကြပါ"

စကားပြောရင်း သူသည် သင်္ဘောပေါ်ရှိ နေရာတစ်ခုကို အရင်ဆုံးရှာ၍ ထိုင်ချလိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤခရီးစဉ်တွင် သူတို့ ဝိညာဉ်တမန်တော် အနည်းငယ်သာ ပါဝင်ပေသည်။

လမ်းခရီးတွင် တစ်ခုခုများ ဖြစ်လာမည်လား၊ တောင်ဘက် ခန်းမဆောင်သို့ ရောက်ပြီးနောက် မည်သည့်အရာများနှင့် ကြုံတွေ့ရမည်လား ဆိုသည်မှာ အားလုံး မသိနိုင်သေးသော အရာများသာ ဖြစ်၏။

သူတို့ လုပ်နိုင်သည်မှာ ခွန်အားများကို ကောင်းစွာ မွေးမြူထားပြီး မိမိကိုယ်ကိုယ် အကောင်းဆုံး အခြေအနေတွင် အသင့်ရှိနေစေရန်ပင် ဖြစ်ပေသည်။

တစ်ခဏအတွင်းမှာပင် သင်္ဘောပေါ်တွင် မည်သူကမျှ စကားမပြောကြတော့ချေ။

အလွန်အမင်း တိတ်ဆိတ်သွားပြီး သင်္ဘောလျင်မြန်စွာ ရွေ့လျားနေချိန်တွင် တိုက်ခတ်နေသော လေတိုက်သံ 'ဝှီး ဝှီး' ကိုသာ ကြားနေရတော့၏။

စောစောက စီနီယာကြီး ရွှီယိုကျိ ဦးဆောင်နေသဖြင့် မည်သူကမျှ သတိမထားမိခဲ့ကြပေ။

သို့သော် ယခု တိတ်ဆိတ်သွားသည့် အချိန်တွင်မူ ဤအသစ်တက်လာသော အဖွဲ့မှူးကြီးများသည် အချင်းချင်းမျက်နှာ ချင်းဆိုင် ကြည့်မိသွားကြပြီး ရုတ်တရက်သတိပြုမိသွားကြသည်။

'သူတို့တွေ နှစ်ပတ်လည်ပွဲတော်မှာ တွေ့ခဲ့ဖူးကြတာပဲ'

'ဘေးနားက ဒီကောင်တွေက ငါတို့ရဲ့ အတိတ်က အရှက်ကွဲစရာ ကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြတဲ့ သူတွေပဲ'

ထိုအချိန်မှစ၍အနေရခက်သော လေထုတစ်ခုသည် သင်္ဘော ပေါ်တွင် တိတ်တဆိတ် စတင်ပျံ့နှံ့လာခဲ့တော့သည်။

All Chapters