← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

🫧 Chapter 225

ဝိညာဉ်သင်္ဘောသည် လေထဲတွင် တိတ်ဆိတ်စွာ လွင့်မျောနေပြီး တောင်ဘက် နယ်မြေ၏ အစွန်းတွင် ရပ်နားလိုက်၏။

ပရိသတ်များသည်လည်း ပျင်းရိခြင်း မရှိဘဲ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ ရှုခင်းများကို လိုက်လံ ကြည့်ရှုနေကြပေသည်။

[ဒီနေရာက ဘယ်နေရာလဲ ဆိုတာကို ငါ သိတယ်၊ ငါ အရင်က ရောက်ဖူးတယ်] ဟု ပရိသတ် အချို့က အခါအားလျော်စွာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုနေကြ၏။

[အား အား အား၊ Streamer ကြီးက ဒီဘက်ကနေ တောင်ဘက်ကို လာမယ်မှန်း ကြိုသိခဲ့ရင် ငါ ကိုယ်ပိုင် လေယာဉ်နဲ့ ကြိုတင်ပြီး လာကြိုနေမှာပေါ့]

[နှစ်သစ်ကူး အချိန်က တကယ် ကောင်းတာပဲ ဟီးဟီးဟီး၊ တစ်နေကုန် တိုက်ရိုက်ထုတ်လွှင့်မှုကို ထိုင်စောင့်ကြည့်နေလို့ ရတယ်လေ]

[အပေါ်ကလူ သတိထားဦး၊ နောက်ထပ် တစ်ပတ်တောင် မလိုတော့ဘူး ကျောင်းဖွင့်တော့မှာ]

[ငါ မကြားချင်ဘူး ငါ မကြားချင်ဘူး၊ မကောင်းဆိုးဝါးတွေ ထွက်သွားစမ်း]

ကျန်းလင်တို့ ဝိညာဉ်တမန်တော် တစ်စုသည် ဝိညာဉ်လက် နက် သင်္ဘောပေါ်တွင် အချိန်ခဏမျှ စောင့်ဆိုင်းပြီးနောက် ဝိညာဉ်တမန်တော် နှစ်ပါး ဤဘက်သို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရ၏။

ထိုဝိညာဉ်တမန်တော် နှစ်ပါးထဲမှ တစ်ပါးမှာ ရင့်ကျက်သော မျက်နှာထား ရှိပြီး မေးစေ့တွင် မုတ်ဆိတ်မွေးရေးရေး ရှိကာ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ တင်းကျပ်နေပြီး ခွန်အားများ ပြည့်ဝနေသည့် ပုံစံမျိုး ရှိပေသည်။

အခြား တစ်ပါးမှာမူ အနည်းငယ် ပိုငယ်ရွယ်ပြီး ရှည်လျားသော ဆံပင်များကိုအနောက်တွင် မြင့်မားစွာ စည်းနှောင်ထားကာ မျက်လုံးထောင့်များမှာ အပေါ်သို့ ကော့တက်နေသဖြင့် ကြည့်ရသည်မှာ အလွန် ကြမ်းတမ်းမည့်ပုံ ပေါက်နေလေ၏။

သူတို့ နှစ်ဦးစလုံးသည် အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကြသော်လည်း ကော်လံနေရာတွင်မူ အဖြူရောင် 'တောင်' ဟူသော စာလုံး တစ်လုံး ပါရှိပေသည်။

လျိုပုဝေသည် သူတို့၏ ကိုယ်ပေါ်မှ ရင်းနှီးနေသော အငွေ့အ သက်များကို ခံစားလိုက်ရ၏၊ ၎င်းမှာ ဟေးဝူချန် (အမည်းရောင် ဝိညာဉ်တမန်တော်) များ၏အငွေ့အသက်ပင်ဖြစ် သည်။

ဝိညာဉ်လက်နက် သင်္ဘောဘေးသို့ ရောက်ရှိလာပြီးနောက် ထိုရင့်ကျက်သော မျက်နှာထားနှင့် ဝိညာဉ်တမန်တော်က "မင်းတို့က အရှေ့ဘက် ခန်းမဆောင်က လာတဲ့ အဖွဲ့တွေ မဟုတ်လား" ဟု စကားစလိုက်၏။

"ငါက တောင်ဘက် ခန်းမဆောင်ကနေ မင်းတို့ကို လာကြိုတဲ့ ဝိညာဉ်တမန်တော် မုန့်ရှန်းပါ"

သူသည် စကားပြောရင်းနှင့်ပင် မိမိ၏အလုပ်ကတ်ပြားကို ထုတ်ပြလိုက်ရာ ထိုအပေါ်တွင် တောင်ဘက် ခန်းမဆောင်ကို ကိုယ်စားပြုသော အချက်အလက်များပါရှိနေပေသည်။

ဘေးဘက်ရှိ ကြမ်းတမ်းမည့်ပုံ ပေါက်နေသော လူငယ် ဝိညာဉ်တမန်တော်ကလည်း သူ့ အလုပ်ကတ်ပြားကို ထုတ်ပြကာ "ဖန်းရိ" ဟု ပြောလိုက်၏။

"ရွှီယိုကျိ" သင်္ဘောဦးတွင် ရပ်နေသော ရွှီယိုကျိသည်လည်း အရှေ့ဘက် ခန်းမဆောင်မှပေးလိုက်သော စာလွှာကို ထုတ်ပြလိုက်၏။

၎င်းမှာဖြတ်သန်းခွင့် လက်မှတ်နှင့် အတူတူပင် ဖြစ်ပေသည်။

"ငါတို့က တောင်ဘက် ခန်းမဆောင်မှာ ချိတ်ပိတ်ဖို့ လာတာပါ ဒါက ခွင့်ပြုချက်စာလွှာပဲ"

မုန့်ရှန်းသည် ထိုစာလွှာကို လှမ်းယူကာ ကြည့်ရှုလိုက်ပြီး အထောက်အထားကို အတည်ပြုပြီးနောက် ရွှီယိုကျိထံသို့ ပြန်ပေးလိုက်၏။

"အရှေ့ဘက် ခန်းမဆောင်က မိတ်ဆွေများ မင်္ဂလာပါ တောင်ဘက် ခန်းမဆောင်ကိုလာရောက်တာ ကြိုဆိုပါတယ်"

သူ့ မျက်နှာပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး "တကယ်တော့ မင်းတို့ကို စောစောကတည်းက လာကြိုရမှာပါ ဒါပေမယ့် ရုတ်တရက် သတင်းရလိုက်တာက စောင့် ကြပ်နေတဲ့ သရဲတစ်ကောင် ဒီဘက်ကနေ ထွက်ပြေးသွားတယ် ဆိုလို့ ငါတို့ အဲဒီဘက်မှာ သွားရှာနေရလို့ပါ" ဟု ပြောလိုက်သည်။

ရွှီယိုကျိ က မျက်ခုံးပင့်လိုက်ပြီး "အတောင်ပံ ပါတဲ့ သရဲလား"

ထိုအခါမုန့်ရှန်း သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး "မင်းတို့ မြင်ဖူးလို့လား"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် သင်္ဘောပေါ်ရှိ အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များသည် ဘေးနှစ်ဖက်သို့ ပြိုင်တူ ဖယ်ပေးလိုက်ကြပြီး အနောက်ဘက်တွင် ရွှေရောင် ကြိုးဖြင့် တုပ်နှောင်ခံထားရသော အတောင်ပံသရဲကို မြင်တွေ့လိုက်ရစေ၏။

'ဒါပေါ့ '

သေချာပေါက်ပင် အတောင်ပံများမှာ ယခု မရှိတော့ချေ။

သူတို့ စကားပြောနေခိုက် အခွင့်ကောင်းယူ၍ လစ်ထွက်ရန် ပြင်နေသော အတောင်ပံသရဲသည် ချက်ချင်းပင်ပေါ်ပေါ်ထင်ထင် ဖြစ်သွားတော့သည်။

ထိုအခါ အတောင်ပံသရဲလည်း အံ့ဩမှင်သက်သွား၏။

'တစ်ခုခု မှားနေသလိုပဲ၊ အရမ်း တိတ်ဆိတ်လွန်းနေတာ မဟုတ်ဘူးလား'

သူ ဖြည်းညင်းစွာ ခေါင်းလှည့်ကြည့်လိုက်ရာ ဝိညာဉ်တမန်တော် တစ်အုပ်စုက ဤဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။

အတောင်ပံသရဲသည် အခြေအနေ မကောင်းကြောင်း မြင်လိုက်ရသဖြင့်ချက်ချင်း ခုန်ထကာ သင်္ဘောအပြင်ဘက်သို့ ပြေးထွက်ရန် ပြင်လိုက်၏။

'ဖြန်း'

ထိုအခါ ဝိညာဉ်တမန်တော် အဖွဲ့ထဲမှ အရိပ်တစ်ခုသည် ဘေးမှနေ၍ ခြေတစ်ဖက်ဖြင့် လှမ်းကန်လိုက်၏။

အတောင်ပံသရဲသည်လည်း သင်္ဘောကြမ်းပြင်ပေါ်သို့ ပြန်လည် လဲကျသွားပြီး ကျောကုန်းပေါ်တွင်လည်း ခြေထောက်တစ်ဖက် ထပ်မံ ရောက်ရှိလာခဲ့သည်။

ချင်ကျိုးကျိုး ၏ ရှည်လျားသော ဆံပင်အောက်မှ မျက်ဝန်းအစုံသည် သူ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး "မင်း ဘယ်ကို ပြေးချင်လို့လဲ"

ငရဲပြည်တောင်ပိုင်းမှ မုန့်ရှန်း သည်လည်းအနည်းငယ် အံ့သြသွားပြီး "မင်းတို့နဲ့ တကယ်ကြီး သွားဆုံလိမ့်မယ်လို့ မထင်ထားဘူး အားလုံးကို ကျေးဇူးတင်ပါတယ်၊ တောင်ဘက် ခန်းမဆောင် ရောက်သွားရင် ကိစ္စရှိရင် ငါ့ကို လာရှာလို့ ရတယ်"

ရွှီယိုကျိသည် ရွှေရောင် ကြိုးကို ပြန်ရုပ်သိမ်းလိုက်ပြီး "အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ၊ အဆင်သင့်လို့ ကူညီလိုက်တာပါ"

ထို့နောက် မုန့်ရှန်းသည် အတူပါလာသော ဖန်းရိကို အတောင် ပံသရဲအား အရင်ဆုံးခေါ်သွားပြီး ချုပ်နှောင်ထားရန် စေခိုင်းလိုက်၏။

ဆွဲခေါ်ခံရချိန်တွင် အတောင်ပံသရဲသည် သင်္ဘောကြမ်းပြင်ကို အသေအလဲ ဖက်တွယ်ထားပြီး နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်နေတော့သည်။

"ငါ မသွားဘူး၊ ငါ အဲဒီကို ပြန်မသွားချင်ဘူး၊ ဒီမှာပဲ တစ်သက်လုံး ကြိုးတုပ်ခံထားရပါစေ"

"ငါ့ကို လွှတ်ပေး၊ ကယ်ကြပါဦး"

အတောင်ပံသရဲသည် သင်္ဘောကြမ်းပြင်မှ တဖြည်းဖြည်း ခွာထုတ်ခံလိုက်ရပြီး နောက်ဆုံးတွင် အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကိုပင် အကူအညီ တောင်းခံချင်နေတော့၏။

"ငါ့ကို ကယ်ပါ၊ ကယ်ကြပါဦး"

သူ မည်မျှပင် သနားစရာ ကောင်းအောင် အော်ဟစ်နေစေကာမူ ဖန်းရိ ဟု အမည်ရသော ဝိညာဉ်တမန်တော်မှာမူ မျက်နှာ အမူအရာ တစ်ချက်မျှ မပြောင်းလဲဘဲ တောင်ဘက် ခန်းမဆောင်ဆီသို့ ခိုင်မာပြတ်သားစွာ ပျံသန်းသွားလေသည်။

သူတို့ ထွက်ခွာသွားပြီးနောက် သင်္ဘောပေါ်ရှိ အသစ်တက်လာသော အဖွဲ့သားများသည် သင်္ဘောကြမ်းပြင်ပေါ်ရှိ နက်ရှိုင်းသော ခြစ်ရာအချို့ကို ကြည့်ရင်း တစ်ခဏမျှ တိတ်ဆိတ်သွားကြတော့၏။

'တောင်ဘက် ခန်းမဆောင်က ဘာတွေ လုပ်ခဲ့လို့လဲ၊ ဒီအထဲမှာ ဘာဇာတ်လမ်းတွေ ရှိနေတာလဲ'

[ဒါ ငါက အတောင်ပံပါလည်း မလွတ်နိုင်ဘူးဆိုတာက စကားပုံ တစ်ခု သက်သက်ပဲလို့ ထင်ထားတာ၊ တကယ်တမ်း လက်တွေ့မှာလည်း ရှိနေလိမ့်မယ်လို့ မထင်ထားဘူး]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည်လည်း တစ်ခဏမျှ တိတ်ဆိတ်သွားကြလေသည်။

[ဒီမြင်ကွင်းက ငါ လူကောင်းနဲ့ လူဆိုး မှားရွေးမိပြီလားလို့တောင် သံသယ ဝင်လာစေတယ်]

[အပေါ်ကလူ၊ မင်း တစ်ယောက်တည်း မဟုတ်ဘူးနော်]

[စကားပြောနေရင်းနဲ့ ဘယ်လိုဖြစ်လို့ ဆဲတဲ့ဘက် ရောက်သွားတာလဲ]

[ဘယ်သူ ဆဲနေတာလဲ၊ ဆွဲထုတ်ခဲ့စမ်း]

ပရိသတ်များ အလွန်အကျွံ တွေးတောနေကြခြင်း မဟုတ်ပေ။

ဤအခြေအနေ၊ ဤမြင်ကွင်းက သူတို့ကို အလွန်အကျွံ မတွေးဘဲ မနေနိုင်အောင် ဖန်တီးနေခြင်းသာ ဖြစ်၏။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ များစွာ၊ ခွေးသွေး ဝတ္ထု များစွာကို သူတို့ အလကား ကြည့်ထားခဲ့ခြင်း မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပေသည်။

စောစောက မြင်ကွင်းကို မြင်လိုက်ရသောအခါ ပရိသတ် အချို့သည် မသိစိတ်ကပင် ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းခေါ်ဆိုရန် ဂဏန်းခလုတ်များကို ဖွင့်လိုက်ကြ၏။

ဖုန်းခေါ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားကြသည်။

သို့သော် အနည်းငယ် နှေးကွေးသော ပရိသတ် အချို့လည်း ရှိနေပြီး သူ သတိပြုမိချိန်တွင် ဖုန်းက ခေါ်ဆိုပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်၏။

"ဟယ်လို"

တစ်ဖက်မှ ထွက်ပေါ်လာသော အသံကိုကြားလိုက်ရသော အခါ ထိုနှေးကွေးသော ပရိသတ်သည် ပါးစပ်ကို ဟလိုက်သော်လည်း စကားလုံးများသည် လည်ချောင်းထဲတွင် ရုတ်တရက် တစ်ဆို့သွားတော့သည်။

'ဘာပြောရမလဲ'

'ရဲဦးလေးကြီး မြန်မြန်လာပြီး သရဲကို ကယ်ပါဦးလို့လား'

:ဒါက ရဲတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စမှ မဟုတ်တာ'

'မြေအောက်ကမ္ဘာ'

'မြေအောက်ကမ္ဘာဆိုတော့ ဘယ်သူ့ကို သွားရှာရမလဲ'

'ဝိညာဉ်တမန်တော်'

'ဒါပေမယ့် အဲဒီ အတောင်ပံသရဲကို ခေါ်သွားတာကလည်း ဝိညာဉ်တမန်တော်ကြီး ကိုယ်တိုင်ပဲလေ'

ထို့ကြောင့်လည်းပရိသတ်သည် ဖုန်းကို တိတ်တဆိတ် ပြန်ချထားလိုက်တော့၏။

'ကောင်းရာသုဂတိလားပါစေ အတောင်ပံသရဲရေ'

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် မုန့်ရှန်း သည် အရှေ့ဘက် ခန်းမဆောင်မှ လာသော ဝိညာဉ်တမန်တော်များကို ပြုံးလျက် ရှင်းပြနေ၏။

"အားလုံး စိုးရိမ်စရာ မလိုပါဘူး၊ သူက အချုပ်ခန်းထဲကနေ ထွက်ပြေးလာတာမို့ ငါတို့က သူ့ကို မူလ နေရာဆီ ပြန်ခေါ်သွားရုံပါပဲ"

"အခု ငါ မင်းတို့ကို တောင်ဘက် ခန်းမဆောင်ဆီ အရင် ခေါ်သွားပေးပါ့မယ်"

"ကောင်းပါပြီ"

ရွှီယိုကျိသည် ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်လက်နက် သင်္ဘောကို သိမ်းဆည်းကာ ကျန်းလင်တို့ကို နောက်မှ လိုက်လာရန် အချက်ပြလိုက်သည်။

သူတို့သည် တောင်ဘက် ခန်းမဆောင်သို့ ပထမဆုံး အကြိမ် ရောက်ရှိလာခြင်း ဖြစ်သဖြင့် တောင်ဘက် ခန်းမဆောင်၏ လုပ်ဟန်ကို မသိကြသကဲ့သို့ ထိုအတောင်ပံသရဲက အမှန်တကယ် မည်သို့သော အခြေအနေမျိုး ဖြစ်သနည်း ဆိုသည်ကိုလည်း နားမလည်ကြချေ။

ထို့ကြောင့် တိတ်တဆိတ် နေခြင်းကသာ အကောင်းဆုံး ဖြစ်ပေ၏။

မုန့်ရှန်း သည် အရှေ့မှ လမ်းပြရင်း တစ်ဖက်မှလည်း စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"ငါ ကြားဖူးတာက မင်းတို့ အရှေ့ဘက် ခန်းမဆောင်က လူ့လောကမှာ အချိန်မရွေး နေရာမရွေး မြေအောက်ကမ္ဘာရဲ့ ဝင်ပေါက်ကို ဖွင့်လို့ ရတယ်ဆို"

ရွှီယိုကျိ : "ဖွင့်လို့ မရတဲ့ နေရာတွေလည်း ရှိပါတယ်"

"တကယ် ကောင်းတာပဲ"

မုန့်ရှန်းသည် ခေါင်းကို ကုတ်လိုက်ပြီး "တောင်ဘက် ခန်းမဆောင်မှာတော့ သတ်မှတ်ထားတဲ့နေရာတွေမှာပဲ မြေအောက် ကမ္ဘာရဲ့ ဝင်ပေါက်ကို ဖွင့်လို့ ရတယ်၊ အားရင် မင်းတို့ကို သွားရင်းလာရင်း ရင်းနှီးအောင် လုပ်ပေးမယ်"

'သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ မြေအောက်ကမ္ဘာရဲ့ ဝင်ပေါက်ကို ဖွင့်လို့ ရတယ်ဆိုလား'

အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များသည် အနည်းငယ် အံ့သြသွားကြပြီး ၎င်းသည်လည်း တောင်ဘက် ခန်းမဆောင်၏ ထူးခြားချက်များထဲမှ တစ်ခုလားဟု စိတ်ထဲတွင် တွေးတောနေကြတော့သည်။

ကျန်းလင်ကမူ နျဲ့ကျို တစ်ယောက် တောင်ဘက်ခန်းမဆောင်သို့ မရောက်လာသည်မှာ တော်သေးသည်ဟု တွေးလိုက်မိ၏။

သို့မဟုတ်ပါက အပြင်ထွက်သွားပြီးနောက် ပြန်လာနိုင်တော့မည် မဟုတ်တော့ချေ။

အချိန်ခဏမျှ ကြာပြီးနောက် မုန့်ရှန်း သည် မြစ်တစ်စင်း၏ အထက်တွင် ရပ်တန့်လိုက်ပြီး လက်ကိုဆန့်ထုတ်ကာ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်ကို ဖွင့်လှစ်လိုက်သည်။

"ဒီနေရာပဲ ငါတို့ ဝင်ကြစို့"

ထို့‌နောက်ကျန်းလင်သည် ပတ်ဝန်းကျင် အခြေအနေကို တစ်ချက် ကြည့်ရှုလိုက်ပြီး ဤဝင်ပေါက်၏တည်နေရာကို မှတ်သားထားပြီးနောက်မှ အဖွဲ့၏ အနောက်ဆုံးမှနေ၍ မြေအောက်ကမ္ဘာ ဝင်ပေါက် အတွင်းသို့ ဝင်ရောက်သွား‌တော့သည်။

မြေအောက်ကမ္ဘာ အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ၏ မျက်လုံးများကပြာမှိုင်းသွားတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ကင်မရာသည်လည်း မြေအောက်ကမ္ဘာ အတွင်းသို့ လိုက်ပါရောက်ရှိလာခဲ့၏။

တစ်ခဏအတွင်းမှာပင် မှတ်ချက်ကဏ္ဍတွင်

[လခွမ်း]

[အိုမိုင်ဂေါ့]

ဟူသော စကားလုံးများကလည်း တသီတတန်းကြီး ထွက်ပေါ်လာတော့သည်။

[ဒါ တောင်ဘက်နယ်မြေရဲ့ မြေအောက်ကမ္ဘာလား]

🫧 Chapter 226

ငရဲပြည် တောင်ဘက်ခန်းမဆောင်

ဝိညာဉ်တမန်တော် တစ်ပါးပြီး တစ်ပါးလေထဲတွင် ဖြတ်သန်း ပျံသန်းနေကြ၏။

သူတို့၏ကျောဘက်တွင်လည်း တောက်ပလှပသော၊ဖြူဖွေးသော ငှက်အတောင်ပံများ၊ အရောင်စုံ လိပ်ပြာအတောင်ပံများနှင့် လင်းယုန်အတောင်ပံများ စသည်ဖြင့်အတောင်ပံ တစ်စုံစီက ဖြည်းညင်းစွာ ခတ်နေကြပေသည်။

ထိုစဉ်ရုတ်တရက် လေထဲမှ စူးရှသော အနီရောင် တစ်ခုက လျင်မြန်စွာ ဖြတ်သန်းသွားပြန်သည်။

၎င်းမှာ ဆံပင်အရှည်များ လွင့်မျောနေပြီး အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဝိညာဉ်တမန်တော် တစ်ပါးပင် ဖြစ်၏။

ထိုအနီရောင် ဝတ်ရုံသည် လှုပ်ရှားနေသော မီးတောက်တစ်ခုကဲ့သို့ ဖြစ်နေပြီး အစွန်းနေရာများတွင် မီးပွားများပင် လွင့်စင်နေသည်ကို မြင်တွေ့ရသည်။

ကြည့်ရာသည်မှာအစစ်ဟုပင်မထင်ရပေ။

[လခွမ်း လခွမ်း၊ ခုနက ဖြတ်သွားတဲ့ အနီရောင် အရိပ်လေးကို မြင်လိုက်ကြလား၊ အရမ်း လှတာပဲလို့ ခံစားရတယ်]

[အဲဒါက ဘယ်လို လုပ်တာလဲ၊ မီးတောက် တစ်ခုလိုပဲနော်]

[အတောင်ပံတွေ အများကြီးပဲ ဟိုလိပ်ပြာ အတောင်ပံတွေကလည်း အရမ်းလှတာပဲ ဝိညာဉ်တမန်တော် မမကလည်း အရမ်း လှတယ်]

[အင်းလေ၊ ချောတဲ့ လှတဲ့ သူတွေ အားလုံးကို ငရဲပြည်က အပိုင်သိမ်းထားတာကိုး]

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိပရိသတ်များသည် မျက်စိမလည်နိုင်အောင် ဖြစ်နေကြတော့၏။

ဟိုဟာကို ကြည့်လိုက်လျှင် သည်အရာကို လွတ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။

အချို့သော ပန်းချီဆရာကြီးများသည်လည်း မိမိတို့၏ စွမ်းရည်ကို ပထမဆုံးအကြိမ် စတင် သံသယ ဝင်လာကြတော့၏။

'ငါတို့ရဲ့ လက်အမြန်နှုန်းက ဝိညာဉ်တမန်တော်ကြီးတွေ ပျံသန်းသွားတဲ့ အမြန်နှုန်းကို လုံးဝ မီအောင် မဆွဲနိုင်ပါလား'

[အား အား အား Streamer ကြီး ကျွန်တော့်ကို လက်အမြန်နှုန်းနဲ့ မျက်လုံးအမြန်နှုန်းလေး ပေးသနားတော်မူပါ]

[မဆွဲနဲ့တော့၊ ဘာတွေ ဆွဲနေတာလဲ၊ ကြောင်ကြည့်မနေနဲ့တော့လေ]

ထိုအချိန်မှာပင် အပြင်ဘက်မှ ဝိညာဉ်တမန်တော် တစ်အုပ်စု ထပ်မံ ရောက်ရှိလာပြန်၏။

သူတို့၏ခြေအောက်တွင်မူ အပြာရောင် မီးတောက်များ ထွက်ပေါ်နေပြီး ထိုအရာက သူတို့၏အမြန်နှုန်းကို တစ်ခဏအတွင်း အလွန်အမင်း လျင်မြန်သွားစေခဲ့သည်။

ထို့နောက် မျက်တောင်တစ်ခတ် အတွင်းမှာပင် ကင်မရာ မြင်ကွင်းမှ ပျောက်ကွယ်သွားကြတော့၏။

ထို့အပြင် ပရိသတ်များသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝိညာဉ်တမန်တော် တစ်ပါးကိုလည်း မြင်တွေ့လိုက်ရသည်။

သို့သော် သူ၏အဝတ်အစားများက အပြာရောင် ဖြစ်ရုံသာမက အသားအရေကပါ အပြာရောင် ဖြစ်နေပေသည်။

ထို့နောက် သူသည် လျှောက်သွားရင်းနှင့် ကင်မရာ မြင်ကွင်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားတော့၏။

ပရိသတ်များ : "......"

[ခုနက ဘာတွေ ဖြစ်သွားတာလဲ ငါ မျက်တောင် မခတ်လိုက်ပါဘူး၊ မျက်လုံးကြီးကို ပြူးထားတာပါ]

[ငါ့ဖုန်းလေး ခုနက ခဏလောက် ထစ်သွားတယ်လို့တောင် သံသယ ဝင်မိတယ်]

[အစ်ကိုတို့ရေ မရူးကြပါနဲ့တော့၊ လက်တွေ့ကိုပဲ ယုံကြည်လိုက်ကြပါ အဲဒီ ဝိညာဉ်တမန်တော်ကြီးက ကင်မရာ အရှေ့မှာတင် ရုတ်တရက် ပျောက်သွားတာပါ]

[ဒါဆို မေးစရာ ရှိလာတာက စောစောက အပြာရောင် ဝိညာဉ်တမန်တော်ကြီး ဘယ်ရောက်သွားတာလဲ]

[ညာဘက် အောက်ထောင့်ကို မြန်မြန်ကြည့်လိုက်၊ အဲဒါ မင်းတို့ ပြောနေတဲ့ အပြာရောင် ဝိညာဉ်တမန်တော်ကြီး မဟုတ်လား]

ရုတ်တရက် ပရိသတ် တစ်ဦးက သတိပေးလိုက်၏။

အခြား ပရိသတ်များ အားလုံး ချက်ချင်း လှမ်းကြည့်လိုက်ရာ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း၏ ညာဘက် အောက်ထောင့်တွင် အပြာရောင် အရိပ်တစ်ခုက အပြင်သို့ လျှောက်သွားနေသည်ကို မြင်တွေ့လိုက်ရသည်။

သေချာ မမြင်ရတော့သော်လည်း အပြာရောင်ဖြစ်သည်ကတော့ သေချာလှ၏။

ထို့အပြင် လွန်ခဲ့သော စက္ကန့်ပိုင်းအနည်းငယ်က ထိုနေရာတွင် အပြာရောင် ဘာမှ မရှိခဲ့ချေ။

[ဘုရားရေ ဘယ်လို လုပ်လိုက်တာလဲ ဒီကျွမ်းကျင်မှုကို ငါ သင်ချင်တယ်]

[လက်ခံတယ် ]

[Streamer ကြီး ကြိုးစားပါ ဒီနည်းလမ်းတွေ အားလုံးကို သင်ယူခဲ့ပါ]

....

ပရိသတ်များသာမက အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များပင် အံ့ဩမှင်သက်နေကြတော့၏။

ယခင်က တွေ့ခဲ့ရသော အတောင်ပံသရဲမှာ ခြွင်းချက်တစ်ခုသာ ဖြစ်မည်ဟု သူတို့ ထင်မှတ်ထားခဲ့မိသည်။

'တောင်ဘက် ခန်းမဆောင်မှာ ဒီလောက် အတောင်ပံတွေ ပေါများနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး'

ပရိသတ်များသည် ထိုအရာများ မည်သို့ဖြစ်တည်လာသနည်းဆိုသည်ကို မသိကြသော်လည်း ကျန်းလင်တို့ကမူ ထိုအတောင်ပံများနှင့် အသက်ဝင်လှုပ်ရှားနေသော မီးတောက်အနီရောင် ဝတ်စုံတို့မှာ ဝိညာဉ်လက်နက်များနှင့် လုံးဝသက် ဆိုင်မှု မရှိကြောင်း သေချာပေါက် သိရှိနေကြပေသည်။

ထိုအရာများထံမှ ဝိညာဉ်အငွေ့အသက်များကိုသာ သူတို့ ခံစားရ၏။

ဆိုလိုသည်မှာ ဤအရာများသည် ယခင်က တွေ့ခဲ့ရသော အတောင်ပံသရဲကဲ့သို့ပင် တောင်ဘက် ခန်းမဆောင်၏ သီးသန့် ကျင့်စဉ်နည်းလမ်းများပင် ဖြစ်ပေသည်။

တစ်ခဏအတွင်းမှာပင် အရှေ့ဘက်ခန်းမဆောင်၏ အသစ်တက်လာသော အဖွဲ့မှူးကြီးများ အားလုံး စိတ်လှုပ်ရှားသွားကြတော့၏။

'တောင်ဘက် ခန်းမဆောင်ကိုလာခဲ့တာ တကယ် မှန်သွားပြီ'

'ဘာပဲဖြစ်ဖြစ် အရည်အချင်း တစ်ခုခုကိုတော့ သေချာ ပေါက် သင်ယူသွားဦးမှပဲ'

....

မုန့်ရှန်းသည် ဘေးတွင်ရပ်နေပြီး အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ ကြောင်အမ်းအမ်းဖြစ်ကာ ကြည့်နေကြသည်ကို မြင်သောအခါ အလောတကြီး မနှိုးဆော်တော့ဘဲ အေးအေးဆေးဆေးစောင့်နေလိုက်၏။

သူသည် ခါးထောက်လျက် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး မျက်လုံးများထဲတွင်မူ ဂုဏ်ယူနေသည့် အရိပ်အယောင်များ ထွက်ပေါ်နေပေသည်။

သူတို့၏တောင်ဘက် ခန်းမဆောင်သည် အရှေ့ဘက်ခန်းမဆောင်ကဲ့သို့ လူ့လောကတွင် အချိန်မရွေးနေရာမရွေး မြေအောက်ကမ္ဘာ၏ဝင်ပေါက်ကို မဖွင့်လှစ်နိုင်သကဲ့သို့ အရှေ့ဘက် ခန်းမဆောင်က မည်သို့သော ပုံစံမျိုးရှိသည်ကိုလည်း သူ မသိချေ။

သို့သော် ယခု မျက်စိရှေ့ရှိ မြင်ကွင်းများကတော့သူတို့ တောင်ဘက် ခန်းမဆောင်၏သီးသန့် အရာများသာ ဖြစ်ကြောင်း အသေအချာပင်။

နယ်မြေ လေးခုအကြား သွားလာခွင့် ကန့်သတ်လိုက်သည့် နှစ်များအတွင်း တောင်ဘက် ခန်းမဆောင်သည် မိမိကိုယ်ကို ရှာဖွေလေ့လာမှုများနှင့် ခွန်အားကို လိုလားတောင့်တမှုများကို မည်သည့်အခါမျှ ရပ်တန့်ခဲ့ခြင်း မရှိချေ။

ခဏအကြာတွင် ရွှီယိုကျိ သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သက်ပြင်းချကာပြောလိုက်၏။

"နယ်မြေ လေးခုအကြား သွားလာခွင့် ကန့်သတ်လိုက်ပြီးကတည်းက အားလုံးက ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုဘက်ကို ရောက်သွားကြတယ်"

"တောင်ဘက် ခန်းမဆောင်ရဲ့အခု ပြောင်းလဲမှုက တကယ်ကို ကြီးမားလွန်းပါတယ်"

သူ့အသံထဲတွင် မသိမသာ ဝမ်းနည်းနေသည့် လေသံလေး ပါဝင်နေပေသည်။

အကယ်၍များ နယ်မြေ လေးခုအကြား ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး အရင်က မှတ်တမ်းတွေထဲကလို ခန်းမဆောင် လေးခုက ဝိညာဉ်တမန်တော်တွေ မကြာခဏ စုစည်းပြီး အချင်းချင်း ဖလှယ် သင်ယူနိုင်မယ် ဆိုလျှင်။

'နှမြောစရာပဲ'

ထိုစကားကို ကြားသောအခါ မုန့်ရှန်းက ရယ်မောလိုက်ပြီး

"တောင်ဘက် ခန်းမဆောင်မှာလည်း ပျော်စရာ နေရာတွေ အများကြီး ရှိပါသေးတယ်၊ အချိန်ရရင် မင်းတို့ အားလုံး လိုက်လည်လို့ ရပါတယ်" ဟု ပြောလိုက်သည်။

သူကတော့ အများကြီးနှမြောစရာ ကောင်းသည်ဟု မထင်မိချေ။

မည်သို့ပင်ဖြစ်စေ ခေတ်ကာလ တစ်ခုစီတိုင်းတွင် ကိုယ်ပိုင် တိုးတက်မှုများ ရှိစမြဲပင်မဟုတ်လော။

ယခုလို အခြေအနေမျိုးကလည်း ဆိုးရွားလှသည်တော့ မဟုတ်ပေ။

အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ အားလုံး သတိပြန်ဝင်လာပြီးနောက်မှ မုန့်ရှန်းသည် ဆက်လက် လမ်း ပြလေတော့၏။

"အခု ကျွန်တော် ခင်ဗျားတို့ကို အရင်ဆုံး နေထိုင်ရမယ့် နေရာဆီကို ခေါ်သွားပေးမယ်၊ ပြီးမှ မင်းတို့ အရင် နားမလား၊ ဘယ်လို စီစဉ်မလဲ ဆိုတာကို ဆုံးဖြတ်လို့ ရပါတယ်"

ထိုသို့ ပြောပြီးနောက် သူသည် ခြေလှမ်းကို ခေတ္တ ရပ်တန့်လိုက်ပြီး "ဒါနဲ့ မင်းတို့ကို ပြောဖို့ မေ့နေတာ၊ တောင်ဘက် ခန်းမဆောင်မှာ စည်းမျဉ်းတစ်ခု ရှိတယ်" ဟု ပြောလိုက်၏။

"နေ့တိုင်း ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ မဖြစ်မနေ အလုပ်လုပ်ရမယ့် ဝိညာဉ်တမန်တော်တွေကလွဲရင် ကျန်တဲ့ လောလောဆယ် အလုပ်မရှိတဲ့ သူတွေ အားလုံး အခန်းထဲမှာပဲ နေရမယ်"

"ဒါပေါ့၊ အဲဒီ အခန်း ဆိုတာက နားနေဆောင်လည်းဖြစ်နိုင်သလို၊ ကျင့်စဉ် အခန်းလည်းဖြစ်နိုင်တယ် အပြင်ထွက်ပြီး မလှုပ်ရှားဖို့ပဲ အရေးကြီးတာ"

'အပြင်ထွက်ပြီး မလှုပ်ရှားရဘူး'

အရှေ့ဘက် ခန်းမဆောင်မှ အဖွဲ့သားများသည် ကြောင်အမ်း အမ်း ဖြစ်သွားကြ၏။

၎င်းက မည်သို့ စည်းမျဉ်းမျိုးနည်း။

ရွှီယိုကျိ ထပ်မံအတည်ပြုမေးမြန်းလိုက်သည်။

"ညတိုင်း ၁၂ နာရီကနေ မနက် ၄ နာရီအထိလား"

မုန့်ရှန်း : "ဟုတ်ပါတယ် ခင်ဗျားတို့ စိတ်မခုပါနဲ့လို့ မျှော်လင့်ပါတယ် ကျွန်တော်ကိုယ်တိုင်တောင် အလုပ်မရှိတဲ့အချိန်တွေဆိုရင် အခန်းထဲမှာပဲ နေရတာပါ"

ရွှီယိုကျီး ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်တို့ မှတ်ထားပါ့မယ်" ဟု ပြန်ဖြေလိုက်၏။

အကြောင်းရင်းကို မသိရသော်လည်း သူ ယခင်က ကျန်းလင်တို့ကို ပြောခဲ့သကဲ့သို့ပင်။

ဧည့်သည် အနေဖြင့် အိမ်ရှင်၏အလိုကျ နေထိုင်ရမည်ဖြစ် ၏။

တောင်ဘက် ခန်းမဆောင်၏နယ်မြေသို့ ရောက်လာပြီ ဖြစ်သဖြင့် တောင်ဘက် ခန်းမဆောင်စည်းမျဉ်းများကို လိုက်နာရမည်သာ ဖြစ်ပေသည်။

------

[ညဘက် အပြင်မထွက်ရဘူး ညဘက်ဆိုရင် သတ္တဝါကြီးတွေ ထွက်လာလို့များလား]

[တောင်ဘက် ခန်းမဆောင်က တကယ်ကို ထူးဆန်းတာပဲ၊ မြေအောက်ကမ္ဘာ အသစ် တစ်ခုကို ပြောင်းသွားသလိုပဲ အင်း နေပါဦး ဒါက တကယ်လည်း မြေအောက်ကမ္ဘာ တစ်ခုကို ပြောင်းသွားတာပဲလေ]

[မင်းတို့ ပြဿနာတစ်ခုကို သတိမထားမိကြဘူးလား]

မုန့်ရှန်းသည် အရှေ့ဘက် ခန်းမဆောင်အဖွဲ့ကို ခေါ်ဆောင်ကာ မြေအောက်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ အစပိုင်းကအံ့ဩမှုများ အပြီးတွင် ပရိသတ်အချို့သည် ထူးခြားချက်တစ်ခုကို တဖြည်းဖြည်းသတိပြုမိလာကြတော့၏။

[တောင်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေက တော်တော်လေးမိုက်ပေမယ့် ဒီအိမ်တွေကကျတော့]

[ဒီအိမ်တွေက အရှေ့ဘက် ခန်းမဆောင်က အိမ်တွေထက် နည်းနည်း ပိုညံ့နေတယ်လို့ မခံစားရဘူးလား ]

[ငါတို့ တောင်ဘက်နယ်မြေက ပရိသတ်တွေ အားလုံး ဝိုင်းပြီး တောင်ဘက် ခန်းမဆောင်ကို အလှူငွေလေး ဘာလေး ကောက်ပေးကြမလား]

[ကြည့်ရတာ ငါတို့တွေ တောင်ဘက် ခန်းမဆောင်ရဲ့ မြေ အောက်ကမ္ဘာကို ဂရုစိုက်မှု အရမ်းနည်းနေသေးတာပဲ၊ မနက်ဖြန် အရင်ဆုံး ပိုက်ဆံနည်းနည်းလောက် သွားရှို့ပေးဦးမှပဲ (〃 ̄ω ̄〃)]

-----

ကျန်းလင်သည် မှတ်ချက်ကဏ္ဍကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ အိမ်များကို လှမ်းကြည့်လိုက်၏။

ပရိသတ်များ မပြောခဲ့လျှင် သူလည်း သတိထားမိမည် မဟုတ်ချေ။

ယခုလို သေချာ ကြည့်လိုက်သောအခါ တောင်ဘက် ခန်းမဆောင်၏အိမ်အပြင်အဆင်ပုံစံသည် အရှေ့ဘက် ခန်းမဆောင်နှင့် အတော်လေး ဆင်တူသော်လည်း နှိုင်းယှဉ်ကြည့်မည် ဆိုပါက အရှေ့ဘက်ခန်းမဆောင်က အနည်းငယ် ပိုကောင်းနေသကဲ့သို့ ရှိပေသည်။

ဆက်လက် လျှောက်သွားရာ ကျန်းလင်၏မြင်ကွင်းထဲတွင် အတော်လေး ကောင်းမွန်သော လူနေရပ်ကွက် တစ်ခုထွက်ပေါ်လာခဲ့၏။

၎င်းမှာ စနစ်တကျရှိပြီး မကြာသေးမီကမှ ဆောက်လုပ်ပြီးစီးထားသည့် ပုံစံမျိုးဖြစ်ပေသည်။

နောက်တစ်စက္ကန့်တွင် မုန့်ရှန်း သည် ထိုကောင်းမွန်သော လူနေရပ်ကွက် အရှေ့တွင် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ပြုံးလျက် မိတ်ဆက်လိုက်လေ၏။

"ဒီနေရာက"

ကံမကောင်းစွာပင် သူ့စကားမဆုံးမီ ညာဘက်အရပ်မှ လျင်မြန်သော လေပြင်းတစ်ခု ရုတ်တရက် တိုက်ခတ်လာတော့သည်။

ထိုလေပြင်းထဲတွင် မီးခိုးရောင် အရိပ်တစ်ခု ပါဝင်နေပြီး အမြောက်ဆန် တစ်လုံးကဲ့သို့ လွင့်စင်လာခြင်းဖြစ်၏။

ထို့‌နောက်ထိုအရိပ်သည် လူနေရပ်ကွက်ပေါ်သို့ ပြင်းပြင်း ထန်ထန်ကျဆင်းသွားပြီး အနောက်သို့ တရွတ်တိုက်ပါသွားကာ အိမ်သုံးလုံး ဆက်တိုက်ပြိုကျသွားတော့သည်။

တစ်ခဏအတွင်းမှာပင် ပြိုကျသံများ ဆက်တိုက်ထွက်ပေါ်လာပြီး သဲမှုန့်များ ဖုန်တလုံးလုံးထနေတော့၏။

မုန့်ရှန်း : "...."

အရှေ့ဘက် ခန်းမဆောင် အဖွဲ့က မုန့်ရှန်း ကို ကြည့်ကာစဥ်းစားလိုက်ကြသည် : "..."

'သူ ခုနက ဘာပြောလိုက်တာလဲ’

All Chapters