← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 24 Ch. 233-234

🫧 Chapter 233

ကောင်းကင်ယံ ကြီးတစ်ခုလုံး လင်းထိန်လာပြီး နေမင်းကြီး ထွက်ပေါ်လာချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည်လည်း တစ်စထက်တစ်စ ပို၍များပြားလာတော့၏။

ကျန်းလင်တို့ ချိတ်ပိတ်ရေး အဖွဲ့နောက်သို့ လိုက်ပါသွားသော ဤနေ့တစ်ဝက် အချိန်အတွင်း ပရိသတ်များသည်လည်း အလိုအလျောက် အုပ်စု နှစ်စု ကွဲသွားခဲ့ပေသည်။

တစ်စုကမူ အလွန် စိတ်ဝင်တစား နားထောင်နေကြပြီး အခြား တစ်စုကမူ 'ငါ ဘယ်သူလဲ၊ ငါ ဘယ်ရောက်နေတာလဲ၊ ဒါက ငါလို စာမေးတဲ့သူ နားလည်နိုင်တဲ့ အရာလား' ဟု တွေးတောနေကြတော့၏။

[ဟို ဝိညာဉ်တမန်တော်ကြီးလျို ရဲ့ အခြေအနေက အခု ငါ့အခြေအနေနဲ့ အတူတူပဲ]

[ပညာရပ်နယ်ပယ် အသီးသီးမှာ ကိုယ်ပိုင် ကျွမ်းကျင်မှုတွေ ရှိကြတယ် ဆိုတာ တကယ် မလိမ်ပါဘူး၊ ငါက စာတော်ပေမယ့် အခုတော့ ငါလည်း ခေါင်းတွေ ကြီးနေပြီ ဒါပေမယ့် ငါ့ညီမလေးကတော့ အရမ်းအာရုံစိုက်ပြီး ကြည့်နေတယ်၊ သူ စာကျက်တာထက်တောင် ပိုပြီးအာရုံစိုက်နေသေးတယ်]

[အပေါ်ကလူ၊ မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ ငါ့အိမ်က ခွေးလေးကတောင် ငါ့ထက်ပိုပြီး အာရုံစိုက် ကြည့်နေသေးတယ်]

[လခွမ်း၊ အစ်ကို မင်းကတော့ မိုက်သွားပြီ၊ မင်းအိမ်က ခွေးလေးကိုများ သရဲဝင်စီးထားတာလား မသိဘူး]

'ခွေးလေးက သရဲဝင်စီးနေတာလား'

မိမိအိမ်မှ ခွေးလေး အကြောင်းကို ပြောလိုက်သော ထိုပရိသတ်သည် ဖန်သားပြင် အရှေ့မှ ခေါင်းမော့ကာ ဘေးနားရှိ ခွေးလေးကို လှမ်းကြည့်လိုက်၏။

၎င်းမှာ ရွှေရောင် အမွေးအမှင်များနှင့် ကြီးမားသော ခွေးကြီး တစ်ကောင်ပင် ဖြစ်ပေသည်။

ထိုအချိန်တွင် ထိုရွှေရောင် ခွေးကြီးသည် သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် မျက်လုံးပြူးကြီးများဖြင့် ဖန်သားပြင်ကို စိုက်ကြည့်နေပြီး သူထက်ပင် ပိုအာရုံစိုက်နေသကဲ့သို့ ရှိပေသည်။

ရုတ်တရက် ရွှေရောင် ခွေးကြီးသည် မျက်လုံးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး လျှာလေးထုတ်ကာ သူ့ကို ကြောင်တောင်တောင်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ကိုယ့်ခြေထောက်ကို ပြန်ငုံ့ကြည့်လိုက်၏။

ယင်းမှာအပြစ်ကင်းစင်ပြီး ချစ်စရာ ကောင်းလှပေသည်။

ထိုအခါပရိသတ်သည် ပြုံးလိုက်ပြီး ရွှေရောင် ခွေးကြီး၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ဖန်သားပြင်ကို ပြန်ကြည့်လိုက်သည်။

'ငါက ငတုံးပါလား'

အင်တာနက်ပေါ်တွင် အိမ်မွေးတိရစ္ဆာန် အများအပြား ရှိပြီး ဈေးဝယ်တတ်သော အကောင်များ၊ မတ်တတ်ရပ်ကာ ပြေးလွှားနိုင်သော အကောင်များနှင့် ဂဏန်းတွက်တတ်သော အကောင်များပင် ရှိပေသည်။

သူ့အိမ်က ကောင်လေးကတော့ ကွန်ပျူတာ ကြည့်ရတာကို ကြိုက်ရုံသာ ဖြစ်၏။

ထို့နောက်ပရိသတ်သည် ကွန်ပျူတာ မျက်နှာပြင်ကို နှစ်စက္ကန့်ခန့် ကြည့်ပြီးနောက် ဘေးနားရှိ ခွေးလေးဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြန်သည်။

ရွှေရောင် ခွေးကြီးသည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေပြီး ဤဘက်သို့ လှည့်မလာချေ။

"ဖူး"

ဤတစ်ကြိမ်တွင်မူ ပရိသတ်သည် တကယ်ကို ရယ်မောသွားတော့၏။

"ငါ့အိမ်က ဒီခွေးလေးကတော့ သရဲဝင်စားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူးလေ"

သူသည် လက်ကို ကီးဘုတ်ပေါ် တင်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်များကို စိတ်အေးလက်အေး ပြန်လည် ဖြေကြားနေတော့သည်။

တကယ်လို့ သူ့အိမ်က ခွေးလေးသာ သရဲဝင်စီးခဲ့ရင် ဒီလောက် နှစ်တွေ အကြာကြီး ဘာအရိပ်အယောင်မှ မပြဘဲ နေမှာ မဟုတ်ဘူးလေ။

ဘေးဘက်တွင်မူ

ပြတင်းပေါက် အပြင်ဘက်ကို ကြည့်နေသော ထိုရွှေရောင် ခွေးကြီးသည် မျက်လုံးများကို ကစားလိုက်ပြီး မျက်လုံးထောင့်မှနေ၍ ဤဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်၏။

ထို့နောက် ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး နားရွက်များက တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းမှ အသံများကို ဆက်လက် နားထောင်နေရင်း သူ၏ဟာသဉာဏ်ရွှင်သော သခင်ဖြစ်သူကို တစ်ချက် ပွတ်သီးပွတ်သပ်လုပ်လိုက်လေသည်။

....

မွန်းလွဲ ၂:၀၀ နာရီ

ရွှီယိုကျိနှင့် ယွီပိုင်ရှင်းတို့သည် ချိတ်ပိတ်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြ၏။

အခြားသော အသစ်တက်လာသည့် အဖွဲ့မှူးကြီးများမှာမူ လမ်းခွဲကာ ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် အသက်မွေးဝမ်း ကျောင်း နယ်ပယ်များအလိုက် စူးစမ်းလေ့လာမှုများစတင်နေကြပြီ ဖြစ်ပေသည်။

ကျန်းလင်နှင့် လျိုပုဝေတို့ကမူ မုန့်ရှန်းနှင့် အတူ ဝိညာဉ်လမ်းပြတာဝန်ကို သွားရောက် ကြည့်ရှုကြမည် ဖြစ်၏။

သတင်းအချက်အလက် အဖွဲ့မှ ချင်ကျိုးကျိုးမှာမူ ဘယ်ရောက်သွားမှန်း မသိတော့သော်လည်း သတင်းအချက် အလက်များကို သွားရောက် စုံစမ်းနေသည်မှာ သေချာလှပေသည်။

ဝိညာဉ်လက်နက် အလုပ်ရုံမှ အဖွဲ့သားများကတော့ တောင်ဘက် ခန်းမဆောင်၏ ဝိညာဉ်လက်နက်အလုပ်ရုံသို့ ရောက်သွားလောက်ပြီဟု ခန့်မှန်းရ၏။

လူတိုင်းတွင် ကိုယ်လုပ်ချင်သော သို့မဟုတ် လုပ်ရမည့် အလုပ်များ အသီးသီး ရှိနေကြပေသည်။

"ငါတို့ သွားကြစို့"

မုန့်ရှန်းသည် တာဝန်ကတ်ပြားပေါ်ရှိ အချိန်ကို တစ်ချက် ကြည့်လိုက်ပြီး ကျန်းလင်နှင့် လျိုပုဝေ တို့ကို ခေါ်ဆောင်ကာ လူ့လောကသို့ ဝိညာဉ်တစ်ခုကို လမ်းပြရန် ထွက်ခွာသွားတော့သည်။

၎င်းမှာမြေအောက်ကမ္ဘာ တာဝန်ဌာနမှ လုယူလာသော တာဝန်ကောင်း တစ်ခုပင် ဖြစ်၏။

လူ့လောက

ဤနေရာသည် အလွန် တိတ်ဆိတ်ငြိမ်သက်သော ရပ်ကွက်တစ်ခု ဖြစ်ပြီး ကျယ်ဝန်းသော လမ်းမကြီး၏ဘေးတစ်ဖက်တစ်ချက်စီတွင် မြင့်မားသော သစ်ပင်ကြီး နှစ်တန်း ရှိပေသည်။

၎င်း၌ရင့်ရော်နေသော သစ်ရွက်များ အားလုံး ကြွေကျသွားခဲ့ပြီ ဖြစ်ပြီး သစ်ကိုင်းဖျားများတွင် ထွက်ပေါ်လာသော သစ်ရွက်နုလေးများသည် အဝေးမှ ကြည့်လိုက်လျှင် အသစ်ပြန်လည် မွေးဖွားလာသော အင်အားတစ်ခုကဲ့သို့ ဖြစ်နေ၏။

ယနေ့ ရာသီဥတုက အတော်လေး ကောင်းမွန်ပြီးကောင်းကင် ယံတွင် နေမင်းကြီးက ထွန်းလင်းနေသဖြင့် အအေးဒဏ်ကို များစွာ ပြေပျောက်စေကာ လေထုထဲတွင် သစ်ပင်ပန်းမန်များ၏ မွှေးရနံ့ကိုပင် သင်းပျံ့စွာ ရရှိနေပေသည်။

လမ်းမပေါ်တွင်လည်း လူများ သုံးစု သို့မဟုတ် လေးစုခန့် ဖြည်းညင်းစွာ လမ်းလျှောက်နေကြ၏။

တစ်ခါတစ်ရံတွင် လူကြီးများ၏ဘေးမှ ပြေးလွှားသွားတတ်သော ကလေးငယ်များသည် အဝတ်အစားသစ်များကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် အနီရောင်ဆံကွင်းလေးများ ပန်ထားသဖြင့် အလွန်ချစ်စရာကောင်းလှပေသည်။

ထိုသို့ ချစ်စရာကောင်းပြီး တက်ကြွလန်းဆန်းနေသော ကလေးငယ်လေးများတွင်လည်း သူတို့၏ ကိုယ်ပိုင်သေးငယ်သော စိတ်ညစ်စရာလေးများ ရှိတတ်ကြသေး၏။

သူတို့သည် တစ်ခါတစ်ရံ လူကြီးများကို ခေါင်းစောင်းကြည့်ကာ နှုတ်ခမ်းစူ၍ တစ်ခုခုကို ပြောဆိုတတ်ကြပြီး၊ တစ်ခါတစ်ရံတွင်မူ လူကြီးတစ်ယောက်လို မျက်မှောင်ကြုတ်ကာ တခစ်ခစ် ရယ်မောတတ်ကြသဖြင့် အလွန် လည်ဝယ်ပြီး ချစ်စရာ ကောင်းလှပေသည်။

'ဂလောက် ဂလောက်'

အကြွေစေ့ တစ်စေ့သည် ဘယ်ဆီကမှန်း မသိ ကြမ်းပြင်ပေါ်သို့ လိမ့်ကျလာပြီး ကြည်လင်သော အသံတစ်သံထွက်ပေါ် လာ၏။

အနီရောင် အင်္ကျီထူထူ ဝတ်ဆင်ထားသော ကောင်မလေးသည် ခြေနှစ်လှမ်းခန့် ပြေးသွားပြီးနောက် ပြန်လည် ရပ်တန့်သွားရာ သူမ ဘွတ်ဖိနပ်လေးမှ ထွက်ပေါ်လာသော 'ဂွတ် ဂွတ်' ဟူသောအသံလေးမှာလည်း တိတ်ဆိတ်သွားတော့သည်။

သူမသည် ခေါင်းလှည့်ကာ မြေပြင်ပေါ်တွင် အကြည့်ဖြင့် ရှာဖွေလိုက်ပြီးနောက် အရှေ့သို့ တိုးသွားကာ ထိုင်ချပြီး ထိုအကြွေစေ့ကို ကောက်ယူလိုက်၏။

ဤအရာကို အကြွေစေ့လို့တောင် ခေါ်လို့ ရနိုင်တော့မလား မသိပေ။

ကောင်မလေးသည် ခေါင်းကို စောင်းလိုက်ပြီး သူမ၏ မျက်လုံးပြူးကြီးများထဲတွင် သံသယများ ပြည့်နှက်နေတော့၏။

ဤ တစ်ယွမ်တန် အကြွေစေ့၏ အလယ်ဗဟိုတွင် အပေါက်ငယ် တစ်ခု ရှိနေပြီး '၁' ဆိုသော ဂဏန်းကို ကွက်တိ ဖောက်ထွက်သွားခြင်း ဖြစ်ပေသည်။

ကြည့်ရသည်မှာ ပီကေကွင်းလေး တစ်ခုနှင့်ပင် တူနေတော့ ၏။

ကောင်မလေးသည် အကြွေစေ့ကို မျက်လုံးအရှေ့သို့ ယူဆောင်လာပြီး အလယ်ရှိ အပေါက်ငယ်မှတစ်ဆင့် ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်ဖြင့် လှမ်းကြည့်လိုက်သည်။

မူလနေရာတွင် တစ်ပတ် လှည့်ကြည့်လိုက်ပြီးနောက် သူမသည် သစ်ပင်အောက်တွင် ထိုင်နေသော လူကြီးတစ်ယောက်ကို ရုတ်တရက် မြင်တွေ့သွား၏။

သူမက အကြွေစေ့ အပေါက်မှတစ်ဆင့် ထိုလူကို ကြည့်နေသကဲ့သို့ ထိုလူကလည်း သူမကို တိတ်ဆိတ်စွာ ပြန်ကြည့်နေပေသည်။

ထို့နောက်ကောင်မလေးသည် အကြွေစေ့ကို မျက်လုံးရှေ့မှ ဖယ်ရှားလိုက်ပြီး ခေါင်းကို စောင်းကာ တစ်ဖက်လူကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေပုံ ရ၏။

နှစ်စက္ကန့်ခန့်မျှအကြာတွင် သူမသည် တစ်လှမ်းချင်း လျှောက်သွားပြီး ထိုသစ်ပင်ကြီး အရှေ့တွင် ရပ်တန့်လိုက်သည်။

"ဒါ ဦးဦး ဟာလား"

ကောင်မလေးက ကြည်လင်ပြတ်သားစွာ မေးလိုက်ရာ သူမ၏ ပါးပြင်လေးများမှာ အနီရောင် အင်္ကျီထူထူလေးကြောင့် ပို၍ပင် နီရဲနေသကဲ့သို့ ရှိပေသည်။

"အင်း"

ထိုလူသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ခြေထောက်ပေါ်တွင် စောင်တစ်ထည်ကို ခြုံထား၏။

ဆံပင်များမှာ ဖြူတစ်ဝက် မည်းတစ်ဝက် ဖြစ်နေပြီး ကြံ့ခိုင်သော မျက်နှာထားတွင် ဘဝ၏အနိမ့်အမြင့် ဒဏ်ရာဒဏ် ချက်များ ပြည့်နှက်နေသည်ကို တွေ့ရပေသည်။

သူ့ကို ကြည့်ရသည်မှာ အသက် လေးငါးဆယ်ခန့်သာ ရှိသေးသော်လည်း သေမင်းနှင့် နီးကပ်နေပြီး သက်တမ်း မရှည်တော့မည့် ခံစားချက်မျိုးကို ပေးစွမ်းနေ၏။

"ဒါ တစ်ယွမ်လား" ဟု ကောင်မလေးက မေးလိုက်သည်။

"အရင်ကတော့ ဟုတ်တယ်" ဟု ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသားက ပြန်ဖြေလိုက်၏။

"ဒါဆို သူက ဘာလို့ ဒီလို ဖြစ်သွားတာလဲ" ကောင်မလေးက နှာခေါင်းကို တွန့်လိုက်ပြီး "သမီး မေမေက ပြောတယ်၊ ပိုက်ဆံကို ကစားလို့ မရဘူးတဲ့"

ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသားသည်ကြောင်အမ်း အမ်း ဖြစ်သွားပြီး ရှားရှားပါးပါး ပြုံးလိုက်ရာ သူ၏ အသံမှာ အနည်းငယ် အက်ကွဲနေပေသည်။

"ဖြစ်နိုင်တာက သူ့မှာလည်း ဒီလိုဖြစ်ရမယ့် မလွှဲမရှောင်သာတဲ့ အကြောင်းပြချက် ရှိလို့နေမှာပေါ့"

"ဟုတ်ပါပြီ"

ကောင်မလေးသည် နားလည်သွားသလား ဆိုတာတော့ မသိပေ၊ ဖြစ်နိုင်သည်မှာ သူမသည် အကြောင်းပြချက် တစ်ခုကိုသာ ရိုးရှင်းစွာ နားထောင်ချင်နေခဲ့ခြင်း ဖြစ်နိုင်၏။

သို့မဟုတ် အလွတ်သဘော မေးကြည့်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

"ဒါဆို ပြန်ပေးမယ်"

ကောင်မလေးသည် အပေါက်ဖောက်ခံထားရသော အကြွေစေ့ကို ထိုလူ၏ စောင်ခြုံထားသော ခြေထောက်ပေါ်သို့ တင်ပေးလိုက်ပြီး ဘွတ်ဖိနပ်လေးဖြင့် ပြေးထွက်သွားတော့သည်။

ဘီးတပ်ကုလားထိုင်ပေါ်မှ အမျိုးသားသည် ထိုအကြွေစေ့ကို ကောက်ယူကာ လက်မဖြင့် အကြိမ်အနည်းငယ် ပွတ်သပ်လိုက်၏။

ခဏမျှ ဆက်ထိုင်နေပြီးနောက် သူ လက်မြှောက်လိုက်ရာ မလှမ်းမကမ်းမှ အမျိုးသမီးတစ်ဦး အနားသို့ ရောက်လာပြီး အမျိုးသားကိုတွန်းကာ အခြား တစ်ဖက်သို့ ထွက်ခွာသွားလေသည်။

"သူက အထူးတပ်ဖွဲ့ဝင် တစ်ယောက်ပဲ၊ ပါရမီ အရမ်း ပါတယ်၊ အသက် နှစ်ဆယ်ကျော်လေးနဲ့တင် အထူးတပ်ဖွဲ့ဝင်တွေထဲမှာ ထူးချွန်တဲ့သူ တစ်ယောက် ဖြစ်နေပြီ၊ အန္တရာယ်များတဲ့ တာဝန်တွေကိုလည်း အကြိမ်ကြိမ် ထမ်းဆောင်ခဲ့ဖူးတယ်"

မုန့်ရှန်းသည် တာဝန်ရှိရာ နေရာသို့ လွင့်မျောသွားရင်း ကျန်းလင်နှင့် လျိုပုဝေ တို့ကို မကြာမီ လမ်းပြပေးရမည့် ဝိညာဉ်အကြောင်း ရှင်းပြနေ၏။

"ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေ အများကြီးပဲ။ သူ အသက် ၂၇ နှစ်မှာ တာဝန်တစ်ခု ထမ်းဆောင်ရင်း ပြင်းထန်တဲ့ ဒဏ်ရာရသွားတယ်၊ တစ်ချိန်တည်းမှာပဲ ခြေထောက်နှစ်ဖက်လုံးကိုပါ ဆုံးရှုံးလိုက်ရတယ်"

"အဲဒီ နောက်ပိုင်းကစပြီး တွက်ရင် အခုဆို ငါးနှစ်တောင် ရှိသွားပြီ"

ကျန်းလင်နှင့် လျိုပုဝေ တို့သည် တိတ်ဆိတ်စွာ နားထောင်နေကြပြီး သူတို့ ဝိညာဉ်လမ်းပြရမည့် နေရာသို့ ရောက်ရှိသွားချိန်တွင် ထိုယခင်က စစ်သားဖြစ်ခဲ့သူမှာ ခုတင်ပေါ်တွင် မျက်လုံးများကို မှိတ်ထားခဲ့ပြီ ဖြစ်ပေသည်။

သူ့ ဆံပင်များက ဖြူဖွေးနေပြီး မျက်နှာပေါ်တွင်လည်း အိုမင်းရင့်ရော်နေသည့် အရိပ်အယောင်များ အပြည့်ရှိကာ ကြည့်ရသည်မှာ အနည်းဆုံး အသက် လေးငါးဆယ်ခန့် ရှိနေမည့်ပုံ ပေါက်နေ၏။

စောင်၏ အောက်ဘက်၊ မူလက ခြေထောက် ရှိရမည့် နေရာတွင်မူ ဘာမှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေပေသည်။

သူသည် မျက်လုံးများကို မှိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ တိတ်ဆိတ် ငြိမ်သက်နေ၏။

အခန်းတံခါး အပြင်ဘက်တွင်မူ

အမျိုးသား အမျိုးသမီး အနည်းငယ်သည် ကျောကို မတ်မတ်ဆန့်ကာ ခြေထောက်များကို စုထားပြီး အခန်းတံခါးဆီသို့ ညာဘက်လက်ကို မြှောက်ကာ မျက်ခုံးနှင့် တစ်ပြေး တည်း ထားရှိ၍ အလေးပြုနေကြပေသည်။

သို့သော်သူတို့ တစ်ဦးချင်းစီ၏ မျက်နှာထားများမှာ တင်းမာနေပြီး လှုပ်ရှားမှုများမှာလည်း စက်ရုပ်များကဲ့သို့ ခံစားချက် ကင်းမဲ့နေသကဲ့သို့ ရှိနေ၏။

သို့သော် သူတို့၏ မျက်လုံးများကမူ တောက်ပနေကြပေသည်။

🫧 Chapter 234

ကျွမ်းယောင် တိတ်ဆိတ်စွာ ထွက်သွားချင်ရုံသာ ဖြစ်၏။

သူ ဘာလုပ်ခဲ့သနည်း ဆိုသည်ကို အခြားသူတွေ သိဖို့ မလိုအပ်ပေ။

သူ ထွက်သွားတဲ့ အချိန်မှာလည်း အခြားသူတွေကို အသိပေးနေဖို့ မလိုပါချေ။

ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးသွားတဲ့ အချိန်ကစပြီး သူ့ရဲ့ ဘဝက ခေတ္တရပ်နားခြင်း ခလုတ် နှိပ်ခံလိုက်ရသလို ဖြစ်သွားခဲ့ပြီး အရာအားလုံးက သူ့အသက် ၂၇ နှစ်မှာ ရပ်တန့်သွားခဲ့တော့၏။

အဲဒီ တာဝန်အတွက် သူ နောင်တမရခဲ့ချေ။

သူ မကျေမနပ် ဖြစ်ရတာက သူ နောက်ထပ် တာဝန်တွေကို မထမ်းဆောင်နိုင်တော့တာကိုပဲ ဖြစ်ပေသည်။

သူ အရှေ့ဆုံးကနေ ပြေးထွက်ပြီး ဆူးညှောင့်ခလုတ်တွေကို မရှင်းလင်းပေးနိုင်တော့ဘူးလေ။

အသက် ၂၇ နှစ် မတိုင်ခင်က အရာအားလုံးက တောက်ပနေခဲ့ကာ အသက် ၂၇ နှစ် နောက်ပိုင်း အချိန်တွေများသည်တော့ ပြောပြစရာတောင် မကောင်းလောက်အောင် ဖြစ်သွားခဲ့ရပေသည်။

ကျွမ်းယောင် ၏ဘဝတွင်တာဝန် တစ်ခုကိုပဲ မှတ်သားထား ခဲ့၏။

သို့သော်သူအသက် ၂၇ နှစ်မှာတော့ အဲဒီ တာဝန်က ခေတ္တရပ်နားခြင်း ခလုတ် နှိပ်ခံလိုက်ရတော့သည်။

အခု ငါးနှစ်ကြာပြီးနောက်တွင်တော့ အဲဒီ တာဝန်ကလည်း သူနဲ့အတူ ထွက်ခွာသွားတော့မည် ဖြစ်ပေသည်။

သို့သော် သူ့နောက်တွင် ဤတာဝန်ကို ဆက်လက် ထမ်းဆောင်မယ့်သူများ အများကြီး ရှိလာမယ် ဆိုသည်ကို သူ သိနေခဲ့၏။

သူက နည်းနည်းလေး မကျေမနပ် ဖြစ်နေရုံသာ ဖြစ်ပေသည်။

"ဟေး နိုးတော့ ထတော့"

မုန့်ရှန်းက သူ့ကို နှိုးလိုက်ပြီး မေးလိုက်၏။

"ကျွမ်းယောင် အရင်က အထူးတပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးတယ်၊ လက်ရှိ အသက် ၃၂ နှစ်၊ ဟုတ်တယ် မဟုတ်လော"

ကျွမ်းယောင်သည် မျက်လုံးများကို အမြဲတမ်း ဖွင့်ထားခဲ့သော်လည်း မုန့်ရှန်း က သူ့ကို ခေါ်လိုက်သည့် အခိုက်အတန့်တွင် သူသည် အခြားသော အခြေအနေ တစ်ခုမှ ရုတ်တရက် နိုးထလာသကဲ့သို့ ဖြစ်သွားတော့၏။

ခုမှသာ အမှန်တကယ် အိပ်ရာမှ နိုးလာသကဲ့သို့ ဖြစ်ပေသည်။

ထို့နောက်သူသည် မျက်စိရှေ့ရှိ သူစိမ်း၏မျက်နှာကို ကြည့်လိုက်ပြီး ချက်ချင်း သတိဝင်သွားတော့သည်။

မကြာမီမှာပင် ဤနေရာ၌ အခြား လူနှစ်ယောက် ရှိနေသေးကြောင်း သူ သတိပြုမိသွား၏။

သို့သော် ကျွမ်းယောင် သည် ကျန်းလင်ကို မြင်လိုက်ရသော အခိုက်အတန့်တွင် သူ၏ မျက်ဝန်းအိမ် အတွင်းပိုင်းမှ ရုတ်တရက် အလင်းရောင် တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။

'သူ ဒီဝိညာဉ်တမန်တော်ကြီးနဲ့ တကယ် ဆုံတွေ့သွားတာလား'

"ဒီဘက်ကို ကြည့်၊ ဒီဘက်ကို ကြည့်"

မုန့်ရှန်းသည် သူ၏ မျက်စိရှေ့တွင် လက်ယမ်းပြလိုက်ပြီး စောစောက စကားကို ထပ်မံ ပြောလိုက်၏။

"မင်းကို မေးနေတယ်လေ"

ထိုအခါ ကျွမ်းယောင်သည် အတွေးများကို ရုပ်သိမ်းလိုက်သည်။

ဝိညာဉ်တမန်တော် သုံးပါးဘာကြောင့် ရောက်နေသနည်း ဆိုသည်ကို သူ မသိသော်လည်း လက်ရှိ အခြေအနေက အတော်လေး ကောင်းမွန်နေပြီ ဖြစ်ပေသည်။

"ဟုတ်ပါတယ်" သူသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ ပြန်ဖြေလိုက်၏။

"ဒါဆိုလည်း ရပြီ"

မုန့်ရှန်း သည် အလုပ်ကတ်ပြားကို သိမ်းဆည်းလိုက်ပြီး အင်္ကျီလက်ကို ပင့်တင်ကာ လက်ကောက်ဝတ်ကို လှည့်၍ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"လာ ချကြရအောင်"

ထိုအခါ ကျွမ်းယောင်၏ လေးနက်နေသော မျက်နှာထားသည် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည် : "...."

'ချမယ်'

'ဝိညာဉ်တမန်တော်ကြီးက သူနဲ့ ချမယ်'

ကျွမ်ယောင်းသည် ကျန်းလင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ့အရှေ့ရှိ အင်္ကျီလက် ပင့်တင်နေသော ဝိညာဉ်တမန်တော်ကြီးကိုလည်း တစ်ချက် လှမ်းကြည့်လိုက်၏။

'ဒါက ဘာအခြေအနေလဲ'

'ဒါက သူ သိထားတာနဲ့ နည်းနည်းတော့ မတူဘူးနော်'

မုန့်ရှန်း သည် ခေါင်းမော့ကာ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး "မင်းက အထူးတပ်ဖွဲ့ဝင်ဟောင်း မဟုတ်ဘူးလား ၊ လာစမ်း မင်းရဲ့ ကိုယ်ခံပညာ ဘယ်လောက်ရှိလဲ ဆိုတာကို ငါ့ကို ပြစမ်းပါ"

[ဟမ်]

ထိုအခါကျွမ်းယောင် သာမက တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များပင် ကြောင်အမ်းအမ်း ဖြစ်သွားကြတော့၏။

[ဝိညာဉ်လမ်းပြရမှာ မဟုတ်ဘူးလား၊ ဘာလို့ ချနေရဦးမှာလဲ]

[အရင်တုန်းက ဒီဝိညာဉ်တမန်တော်ကြီးမုန့် က ဒါကို တာဝန်ကောင်း တစ်ခုလို့ အမြဲပြောနေခဲ့တာ]

[တစ်ဖက်လူက ချနိုင်လို့များလား]

[ဒါကို ဘယ်လို လုပ်ချမှာလဲ၊ ဒီစစ်သား အစ်ကိုကြီးက သာမန် ဝိညာဉ်လေး တစ်ခုပဲလေ]

[ဝိညာဉ်တမန်တော်ကြီးက လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့တင် ဝိညာဉ်က လွင့်စင်သွားလောက်တယ် မဟုတ်ဘူးလား]

[ငါ့ဆီမှာ ခန့်မှန်းချက် တစ်ခု ရှိတယ်၊ ရှုံးသွားရင်များ ငရဲပြည်ကို သွားခွင့် မပေးဘူးဆိုတာမျိုး ဖြစ်နေမလား]

[အပေါ်ကလူ ခန့်မှန်းသလိုဆိုရင် နိုင်သွားရင်ကော ဆုရမှာလား]

[ဆု]

[ဘာဆုလဲ၊ မေ့ဆေးရည် တစ်ခွက်ဆုချမှာလား]

[မဟုတ်သေးဘူး၊ ဝိညာဉ်တမန်တော်နဲ့ ဝိညာဉ်က တစ်ယောက်ချင်း ချမယ် ဆိုတာကတင် တော်တော်လေးလွန် ကျူးနေပြီ]

[တောင်ဘက် ခန်းမဆောင်ရဲ့ ထူးခြားချက်တွေက အမြဲတမ်း လူတွေကို နားလည်ရ ခက်စေတာပဲ]

[တကယ်တော့ ဝိညာဉ်တမန်တော်တွေ နားလည်လည် မလည်လည် ဘာကွာခြားမှုမှ မရှိဘူး ထင်တာပဲ]

"လာပြီ"

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

မုန့်ရှန်းသည် ရှင်းပြချက် အများကြီး မပေးတော့ဘဲ ချက်ချင်းပင် တစ်ကွက် စတင် တိုက်ခိုက်လိုက်တော့၏။

ကျွမ်းယောင်သည် ဘာတွေ ဖြစ်နေမှန်း မသိသော်လည်း သူ့ ခန္ဓာကိုယ်ကမူ မသိစိတ်အရ ရှောင်တိမ်းသည့် လှုပ်ရှားမှုကို ပြုလုပ်လိုက်ပေသည်။

နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့မှုများသည် သူ့ အရိုးထဲ၊ ဝိညာဉ်ထဲအထိ စွဲမြဲနေခဲ့ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် ကျွမ်းယောင်သည် သူ၏ လက်ရှိ အခြေအနေကို ရုတ်တရက် သတိပြုမိသွားတော့သည်။

သူက ဝိညာဉ် အခြေအနေ ဖြစ်နေပြီး သူ့ ခန္ဓာကိုယ်သည် လေထဲတွင် တိုက်ရိုက် ပျံသန်းနိုင်နေပေသည်။

အရေးအကြီးဆုံးမှာ သူ့ခြေထောက်များ ပြန်လည်ရောက်ရှိလာခြင်းပင် ဖြစ်၏။

'ဘယ်လောက်တောင် ကြာခဲ့ပြီလဲ' သူ ခြေထောက်များ ရှိနေခြင်းကို မခံစားရတာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။

သို့သော် ယခုအခါ သူသည် ရှောင်တိမ်းခြင်းနှင့် လေထဲသို့ ခုန်ကန်ခြင်း လှုပ်ရှားမှုများကို ပြုလုပ်ရန် သူ၏ ခြေထောက်များကို ရှင်းလင်းစွာ ခံစား သိရှိနိုင်ပြီး ထိန်းချုပ်နိုင်နေပြီ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်သည် ယခင်ကထက်ပင် ပိုပေါ့ပါးသွက်လက်နေတော့သည်။

နာကျင်မှုများ မရှိတော့သကဲ့သို့ သူ့ကို အခါအားလျော်စွာ နှိပ်စက်နေတတ်သော ရောဂါဟောင်းများလည်း မရှိတော့ချေ။

ကျွမ်းယောင်သည် ဤအချက်ကို သတိပြုမိသွားပြီးနောက် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ လှုပ်ရှားမှုများသည်လည်း ပိုမိုလျင်မြန် ဖျတ်လတ်လာတော့၏။

သူက ဝိညာဉ်တမန်တော်ကို ထိခိုက်ဒဏ်ရာ မရစေနိုင်ဘူး ဆိုသည်ကို သိထားသဖြင့် သူ၏ မှတ်ဉာဏ်ထဲရှိ ရန်သူကို သတ်ဖြတ်သည့် အမျိုးမျိုးသော တိုက်ကွက်များကိုလည်း တစ်ဝကြီး အသုံးပြုလိုက်တော့သည်။

ဤအခိုက်အတန့်တွင် သူသည် 'အသက်ရှင်' နေသည်မဟုတ်ပါလော။

ဘေးတစ်ဖက်တွင် ကျန်းလင်နှင့် လျိုပုဝေ တို့သည် သေချာစွာ ကြည့်ရှုနေကြ၏။

အချို့သော အရာများကို ပရိသတ်များ မမြင်နိုင်သော်လည်း သူတို့ကမူ မြင်တွေ့နိုင်ပေသည်။

စောစောက မုန့်ရှန်း လှုပ်ရှားလိုက်ချိန်တွင် သူ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်အငွေ့အသက်များသည် တစ်ခဏအတွင်း လုံးဝ ပျောက်ကွယ်သွားပြီး သာမန် သရဲတစ္ဆေ တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ပေသည်။

အကယ်၍ ဝိညာဉ်အငွေ့အသက်ကို ဖုံးကွယ်ထားရုံ သက်သက် ဆိုလျှင် သူတို့လည်း လုပ်နိုင်ပေသည်။

သို့သော် မုန့်ရှန်း ကဲ့သို့ ချက်ချင်း ဖုံးကွယ်လိုက်၊ ပြန်ထုတ်လိုက် လုပ်နိုင်ရန်မှာမူ ထိုမျှလောက် မလွယ်ကူလှချေ။

ရုတ်တရက် ကျန်းလင်၏ မျက်လုံးများ စူးရှသွားတော့၏။

သူသည် အရှေ့မှ တိုက်ပွဲကို ကြည့်လိုက်ပြီး 'ဒါက တောင်ဘက် ခန်းမဆောင်ရဲ့ ရည်ရွယ်ချက်များလား' ဟု တွေးလိုက်မိသည်။

"ထပ်လာခဲ့"

မုန့်ရှန်း နှင့် တိုက်ခိုက်နေစဉ်အတွင်း ကျွမ်းယောင် သည် တိုက်လေတိုက်လေ ပိုမို စိတ်အားထက်သန်လာပြီး သူ၏ ဝိညာဉ် တစ်ခုလုံး စတင် လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရ၏။

လှုပ်ရှား၍မရခဲ့သော ဤငါးနှစ်တာ ကာလအတွင်း သူသည် လူများနှင့် တိုက်ခိုက်သည့် တိုက်ကွက်များကို သူ့ ခေါင်းထဲတွင် အကြိမ်ကြိမ် ပုံဖော်နေခဲ့ပြီး အိပ်မက်ထဲတွင်လည်း အကြိမ်ကြိမ် ရှေ့တန်းမှနေ၍ ရန်သူများကို ဝင်ရောက် တိုက်ခိုက်နေခဲ့သည် မဟုတ်လော။

သို့သော် ယခုတော့ သူ တကယ်ပဲလုပ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

သူ ထပ်မံ၍ မတ်တတ်ရပ်နိုင်ခဲ့ပြီ ဖြစ်၏။

သူ့ လက်သီးများကို ထပ်မံ၍ ဝှေ့ယမ်းနိုင်ခဲ့ပြီ ဖြစ်ပေသည်။

အသက်အန္တရာယ် ပေးနိုင်သော ထိုတိုက်ကွက် တစ်ခုပြီး တစ်ခုကို တကယ်တမ်း လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်၏။

အကြိမ်ကြိမ် တိုက်ခိုက်နေရင်းနှင့် ကျွမ်ယောင်းသည် တစ်ခါတစ်ရံတွင် ဝိညာဉ်အငွေ့အသက်ကို ဖုံးကွယ်ထားသော မုန့်ရှန်းကိုပင် ထိခိုက်အောင် တိုက်ခိုက်နိုင်ပြီး တစ်ဖက်လူကို အနောက်သို့ပင် ဆုတ်သွားစေခဲ့ပေသည်။

ထို့နောက်သူ့ တုံ့ပြန်မှုများက ပိုလျင်မြန်လာပြီး လက်သီးထိုးသည့် အင်အားကလည်း ပိုပြင်းထန်လာတော့၏။

သူသည် ယခု လက်ရှိ အခြေအနေနှင့် အလွန်လျင်မြန်စွာ အသားကျနေပြီ ဖြစ်ပြီး ဝိညာဉ်၏ ထူးခြားချက်များကို အသုံးပြု၍ တိုက်ခိုက်ရန် ပိုမိုလျင်မြန်စွာ လိုက်လျောညီထွေ ဖြစ်နေပေသည်။

သူသည် တစ်ချက် ခုန်တက်လိုက်ပြီး တစ်ဖက်လူ ခုခံတော့မည့် အချိန်တွင် နောက်ထပ် တစ်ချက် အရှိန်မြှင့်လိုက်ကာ တစ်ဖက်လူ၏ အနောက်သို့ တိုက်ရိုက် လှည့်ပတ်သွားပြီး ရုတ်တရက် တိုက်ခိုက်လိုက်တော့၏။

မုန့်ရှန်းသည် တောင်ဘက် ခန်းမဆောင်၏ ဝိညာဉ်တမန်တော် တစ်ပါး ဖြစ်သဖြင့် ဝိညာဉ်အငွေ့အသက်ကို ဖုံးကွယ်ထားလျှင်တောင်မှ သူ့ ဝိညာဉ်ခန္ဓာကိုယ်တွင် စုဆောင်းထားသော အတွေ့အကြုံ မျိုးစုံနှင့် နှစ်ပေါင်းရာချီ လေ့ကျင့်ထားသော တုံ့ပြန်မှု အမြန်နှုန်းမှာလည်း လျှော့တွက်၍ မရနိုင်ချေ။

မုန့်ရှန်းသည် ကျွမ်းယောင်၏ တိုက်ခိုက်မှုကို လျင်မြန်စွာ တားဆီးလိုက်ပြီး အကွာအဝေးတစ်ခုဖန်တီးကာ နောက်ထပ် တစ်ကြိမ် တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေလိုက်ပေသည်။

အရိပ်နှစ်ခုသည် လေထဲတွင် အဆက်မပြတ် တိုက်ခိုက်နေကြပြီး နေရာသည်လည်း တစ်ဖက်မှ အခြား တစ်ဖက်သို့ ပြောင်းလဲသွားကာ ဤတိုက်ပွဲတွင် လုံးဝနစ်မြုပ်ပြီး ပျော်ရွှင်စွာ ခံစားနေကြတော့၏။

တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင်

ဤတိုက်ပွဲကို အချိန်ကြာမြင့်စွာကြည့်ရှုနေသော ပရိသတ်များသည် အံ့သြစရာတစ်ခုကို တွေ့ရှိသွားကြတော့သည်။

ဤတိုက်ပွဲ အတွင်းတွင်

ကျွမ်းယောင်၏လှုပ်ရှားမှုများ ပိုမိုလျင်မြန်လာသည်နှင့်အမျှ အမည်းရောင် မြူခိုးများသည် အရပ်လေးမျက်နှာမှ လွင့်မျောလာကြ၏။

၎င်းတို့သည် ကျွမ်းယောင် ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကြားတွင် မသဲမကွဲ ရစ်ပတ်နေပြီး သူ့ လှုပ်ရှားမှုတိုင်းနှင့်အတူ လည်ပတ်နေကြပေသည်။

ထို့နောက်သူ၏ မူလတစ်ဝက် ဖောက်ထွင်းမြင်နေရသော ဝိညာဉ်ခန္ဓာကိုယ်သည် တဖြည်းဖြည်းသိပ်သည်းလာတော့ ၏။

သူ့ မူလက အိုမင်းရင့်ရော်နေသော ရုပ်ရည်သွင်ပြင်သည်ပင် တဖြည်းဖြည်း ပြောင်းလဲလာပေသည်။

ဆံပင်များအားလုံး အမည်းရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး အသားအရေသည်လည်း ပြန်လည် တင်းရင်းလာကာ မျက်လုံးများကလည်း တောက်ပလာတော့၏။

ခန္ဓာကိုယ်ထဲမှ စတင် ထွက်လာချိန်တွင် ကျွမ်ယောင်း၏ ရုပ်ရည်သည် သူ့ခန္ဓာကိုယ်နှင့် အတော်လေးဆင်တူပြီး ကြည့်ရသည်မှာ အသက် လေးငါးဆယ်ခန့် ရှိနေမည့်ပုံ ပေါက်နေပေသည်။

သို့သော် ယခုတော့ သူသည် ပိုမိုငယ်ရွယ်ပြီးသန်မာလာနေပြီ ဖြစ်၏။

အသက် ၃၂ နှစ် ဆိုသည်မှာ မူလက အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ် အခြေအနေ အကောင်းဆုံးအချိန် ဖြစ်သင့်သော် လည်း ကျွမ်ယောင်းမှာမူ အကြောင်းအမျိုးမျိုးကြောင့် အိုမင်းရင့်ရော်မှု မြန်ဆန်နေခဲ့ခြင်း ဖြစ်ပေသည်။

ယခုတော့ သူသည် သူ၏အသက် ၃၂ နှစ်အရွယ်တွင် မူလက ရှိသင့်သော ရုပ်ရည်နှင့် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။

ဤပြောင်းလဲမှုသည် အလွန်သိသာထင်ရှားပြီး မိနစ်အနည်း ငယ် အတွင်းမှာပင် ပြီးစီးသွားခဲ့ပေသည်။

ပရိသတ်များသည် ခါးကိုင်းနေသော သက်ကြီးရွယ်အို တစ်ဦးက ကျောကို ဖြည်းညင်းစွာ မတ်လိုက်ပြီး မြောက်ဘက်‌ တောအုပ်ထဲမှကျားကို လက်သီးဖြင့် ထိုးနိုင်ကာ တောင်တန်း မြစ်ချောင်းများကို ခြေဖြင့်ကန်နိုင်ခဲ့သော ထိုအချိန်သို့ ပြန်လည် ရောက်ရှိသွားသည်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေတော့၏။

[သူ သူ သူ သူ သူ ပြောင်းလဲသွားပြီ၊ သူ ရုပ်ပြောင်းနေတာ]

[ဒါက သိပ္ပံနည်းကျ မဟုတ်ဘူး၊ လူငယ် ပြန်ဖြစ်သွားတာလား]

[ဘယ်လို လုပ်လိုက်တာလဲ၊ သူက မူလကတည်းက ဒီလို ဖြစ်သင့်တာလား၊ အရမ်း မိုက်တာပဲ]

ကျွမ်းယောင်သည် သူ့ ဝိညာဉ် လောင်ကျွမ်းနေသည်ကိုသာ ခံစားရပြီး ယခင်က ဤမျှလောက် တစ်ခါမှ မလန်းဆန်းခဲ့ဖူးချေ။

သို့သော် သူသည် သူ့ ကိုယ်ပေါ်ရှိ ပြောင်းလဲမှုများကိုမူ လုံးဝ သတိမထားမိပေ။

ယခင်က သူ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေစဉ် ထိုကောင်မလေးက သူ့အတွက် ထိုအကြွေစေ့ကိုကောက်ပေးလိုက်ချိန်တွင် သူ့ မျက်လုံးများက အရောင်အဝါ ကင်းမဲ့နေပြီး မျက်နှာထားကလည်း ခံစားချက် ကင်းမဲ့နေခဲ့၏။

တစ်ကိုယ်လုံးတွင်လည်း သေမင်းနှင့် နီးကပ်နေသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့ပေသည်။

တစ်ခါတစ်ရံတွင် လူတစ်ယောက်၏သေဆုံးခြင်း ဆိုသည်မှာ နှလုံးသားမှ စတင်၍ တဖြည်းဖြည်း ခြောက်သွေ့ သေဆုံးသွားခြင်းပင် ဖြစ်၏။

သို့သော် ယခုတော့ သူ့ မျက်လုံးများထဲတွင် မီးတောက် တစ်ခု လောင်ကျွမ်းနေပြီး ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများအောက်တွင် အကြည့်များက အလွန်စူးရှနေတော့သည်။

သူကိုယ်တိုင် အတွင်းမှလှိုက်၍လောင်ကျွမ်းနေသည်ကိုမူ သူ မသိရှိချေ။

ယခုမူထိုသေမင်း၏ အငွေ့အသက်များကို လောင်ကျွမ်းပစ်လိုက်ပြီး သူ့ကို ဟန့်တားနေသော အရာအားလုံးကို လောင်ကျွမ်းပစ်လိုက်ပြီဖြစ်ပေသည်။

All Chapters