← Chapters

အခန်း (၈၄၁-၈၄၄)

Vol. 44 Ch. 841-844

အခန်း (၈၄၁-၈၄၄)

Vol. 44 Ch. 841-844

အခန်း ၈၄၁။မင်းကိုဘယ်သူကရိုက်ခွင့်ပေးလို့လဲ

ဤနေရာရှိသစ်ပင်၊ ပန်းပင်များအားလုံးနီးပါးဟာ တူညီလုနီးပါးဖြစ်နေကြကာ ပတ်ဝန်းကျင်ကလည်း အမှောင်အတိဖုံးလို့နေ၏။ မီးတုတ်များကို အကြိမ်ကြိမ်မီးညှိနေသည့်တိုင် ပြန်ငြိမ်းသွားသည့်နှုန်းက အင်မတန်မြန်ဆန်လွန်းနေသဖြင့် တစ်လက်မလောက်ရွေ့နိုင်ဖို့တောင် ခက်ခဲနေခဲ့သည်။

ရှဲ့ချောင် ဘယ်နေရာမှာရှိနေမှန်း သူတို့အခုထိရှာလို့မတွေ့သေး။

ကျောက်ရွှမ်ကျင်းသည် သူ့အနားတစ်ဝိုက်ကလှုပ်ရှားသံများကိုစူးစမ်း‌နေရင်းတောအုပ်ထဲမှတချွတ်ချွတ်မြည်သံများကိုရုတ်တရက်ကြားလိုက်ရသည်။ မျက်စိတစ်မှိတ် အတွင်း မလှမ်းမကမ်းဆီကနေ ရစ်ငှက်တစ်ကောင်ပြေးလာသည်ကို မြင်လိုက်ရလေသည်။

ညည့်နက်သန်းခေါင်အချိန်ကြီးရောက်နေပြီဖြစ်၍ တစ်ခုခုလွဲနေပြီဆိုတာ သိသာနေသည်

“ဖမ်းလိုက်” ကျောက်ရွှမ်ကျင်းက လိုရင်းတိုရှင်း အမိန့်ပေးလိုက်သည်။

သူသည် မြင်းပေါ်တွင်ထိုင်နေကာ ထိုညတွင်မှပထမအဆုံးအကြိမ်အဖြစ် ရွှေချည်များဖြင့် ပန်းထိုးပုံဖော်ထားသည့် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားလေရာ အလွန်ကျက်သရေရှိပြီး ချောမောလှသည်။ ညအမှောင်ထဲ၌ သူဟာ တခြားသူတွေထက်ပိုပြီး စွဲမက်စရာကောင်းနေခဲ့သည်။

ညဘက်အမြင်အာရုံကောင်းသည့် လက်အောက်ငယ်သာများမှာ အင်မတန်အသုံးဝင်လှ၏။ ရစ်ငှတ်ဖမ်းဖို့က သူတို့အတွက် မခက်ခဲလှ။

တစ်ခဏအတွင်း ဖမ်းမိသွားခဲ့ကြသည်။

“သူ့ကိုလမ်းပြခိုင်းလိုက်” ကျောက်ရွှမ်ကျင်းကဆို၏။

ဝမ်လန်ချန်းမှာ ရစ်ငှက်အားဇဝေဇဝါဖြစ်စွာနဲ့ကြည့်နေလေပြီး အိမ်ရှေ့စံမင်းသားဆိုလိုချင်သည့်အဓိပ္ပာယ်ကို နားမလည်နိုင်ခဲ့ပေ။

ရှဲ့ဖင်းကန်းကတော့ စဉ်းစားကြည့်လိုက်ပြီး‌နောက် သဘောပေါက်သွားခဲ့သည်။

ညလယ်ခေါင်အချိန်မျိူး၌ ဒီလိုအန္တရာယ်မပေးနိုင်သည့် တိရိစ္ဆာန်ငယ်များဟာ သူတို့ရဲ့အသိုက်ထဲမှာသာ ပုန်းပြီးအိပ်နေတတ်ကာ အပြင်ကို လျှောက်ထွက်ပြီး မပြေးလွှားရဲကြ။သို့သော် ခုနကရစ်ငှက်

ကတော့ သူ့အနားမှာ ဘယ်သူမှရှိမနေသည့်အတိုင်း ဖြတ်ပြေးသွားခဲ့သည်။

သူနဲ့အရှင့်သားသည် ဆရာမမော့နဲ့အတူ ရွှင်းပြည်နယ်ကို သွားဖူးတာကြောင့် လောကကြီးထဲက မကောင်းဆိုးဝါးဝိဉာဉ်တွေဟာ ဒီလိုတိရိစ္ဆာန်တွေအပေါ်သက်ရောက်နိုင်စွမ်းရှိမှန်းသိထားသည်။

ဒါကြောင့် ဒီရစ်ငှက်သည်လည်း မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ လွှမ်းမိုးခြင်းခံထားရသည့်အတွက် အခုလို ပြေးလွှားနေတာဖြစ်နိုင်သည်။

အရှင့်သားခိုင်းတဲ့အတိုင်း သူချက်ချင်း ဆောင်ရွက်လိုက်သည်။

ရစ်ငှက်ရဲ့ ခြေထောက်ကို ကြိုးချည်လိုက်ပြီးနောက် လွှတ်ပေးလိုက်သည်။

ရစ်ငှက်သည် လေထဲမှာ တဖျက်ဖျက်ဝဲလျက်၊ တစ်ခါတစ်လေ ပျံသန်းလိုက်၊ တစ်ခါတစ်လေ ခုန်လိုက်နှင့်၊ ဦးတည်ရာတစ်ခုတည်းကို တန်းတန်းမတ်မတ်ပျံသန်းသွားခဲ့သည်။

“အို့, သွားပြီ! ငါ အသံတွေအများကြီးကြားလိုက်ရတယ်.. မြင်းခွာသံတွေလိုမျိုး၊ ဘယ်လိုသားရဲမျိုးလည်းမသိဘူး!” ယွီရှန်းသည် မြေကြီးနားကိုကပ်၍ အသံကိုနားထောင်နေရင်း သူမမျက်နှာက ဖြူဖျော့သွားခဲ့သည်

ဖုန်ယင်းယင်းလည်း ကြောက်ကြောက်လန့်လန့်နှင့် ခေါင်းကိုငုံ့ထားပြီး တုန်ယင်နေသည့်အသံဖြင့် “မီးငြိမ်း‌တော့မယ်..”

သူမ စကားဆုံးသည်နှင့် မီးအိမ်ထဲမှ မီးစဟာ တစ်စတစ်စပိုပြီးသေးငယ်သွားခဲ့သည်။

ယွီရှန်းသည် လက်ထဲတွင် ဓား‌မြှောင်ကိုကိုင်လျက် ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ သတ်ဖို့ အသင့်ဖြစ်နေလေပြီ။

ထိုအချိန်, တိုက်ခိုက်နေကြသည့်အသံများကို အရင်ဦးဆုံးကြားလိုက်ရသည်။

“တောရိုင်းကောင်မဟုတ်ဘူးလား?” ဓားကိုင်ထားသည့် ယွီရှန်း၏ လက်မှာတုန်ယင်နေလျက် “ညသန်းခေါင်ကြီးဆိုတော့ ဓားပြတွေတော့မဟုတ်လောက်ဘူးမလား”

“ငါတို့ကို ကယ်ဖို့ရောက်လာတာ” ရှဲ့ချောင် သက်ပြင်းချလိုက်သည်။

သူမ နိမိတ်ဖတ်ရသလောက် ဒီနေ့ဟာ အမှန်တကယ်ကိုကံဆိုးသည့်နေ့ပင်။

သို့သော် ပြောင်းလဲနိုင်ချေဆိုတာ အမြဲတမ်းရှိတတ်ရာ သူမတို့ ကျိန်းသေပေါက် လွတ်မြောက်နိုင်လိမ့်မည်။

ဒါတင်မက တကယ်လို့ ဘယ်သူမှရောက်မလာခဲ့ရင်တောင်, နောက်ဆုံးအထိသူမအတတ်နိုင်ဆုံး ကြိုးစားမည်ပေ။ အဆိုးဆုံးအခြေနေဖြစ်၍ သူမရဲ့ဝါးခြင်းတောင်းထဲက ပစ္စည်းအားလုံးကိုသုံးလိုက်ရပြီး အားအင်အကုန်ကုန်ခမ်းသွားလျှင်တောင် ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့ကို ဘာမှအဖြစ်မခံနိုင်။

ကျောက်ရွှမ်ကျင်းနှင့် သူ့လူတစ်စု တောရိုင်းကောင်များနှင့် မနီးခင် အလင်းရောက်တချို့ကို ခပ်ရေးရေးမြင်နေရတာကြောင့် ဘာစကားတစ်ခွန်းမှမဆိုဘဲ လာခဲ့ကြသည်။

တောရိုင်းကောင်တွေဆိုတာမှန်ပေမဲ့ အရမ်းကြီးကြောက်စရာကောင်းတဲ့အကောင်တွေမဟုတ်။ ဝံပုလွေ နှစ်ကောင် သုံးကောင်နှင့် ဝက်ဝံရိုင်းများသာ။ ထိုသားရဲကောင်များအဖြစ် မြွေ, ကြွက်နှင့် အင်းစက်ပိုးကောင်တို့လို့ အကောင်ငယ်တချို့လည်း ရှိသေးသည်။ ထိုအကောင်များကိုတော့ သူတို့အသာလေးဖြေရှင်းနိုင်သည်။

တိရိစ္ဆာန်များသည် လူတွေထက်တောင်ပိုပြီးကြောက်တတ်ကြသေးသည်။ အစကတော့ ရှဲ့ချောင်နှင့်တခြားနှစ်ယောက်ဟာ သူတို့အတွက်အရသာရှိတဲ့အသားတုံးတွေ ဖြစ်နေသော်လည်း အခုတခြားလူအုပ်စုကပါ ရုတ်တရက်ကြီးပေါ်လာလေရာ ထိုတိရိစ္ဆာန်တွေ ခြေဦးတည့်ရာ ပြေးထွက်သွားကြတော့သည်။ တစ်ခဏအတွင်း ပတ်ဝန်းကျင်၌ ရှင်းလင်းသွားခဲ့လေသည်။

ကျောက်ရွှမ်ကျင်း၏ ဘယ်ဘက်လက်ထဲ၌ ဓားတစ်

ချောင်းကိုကိုင်ထားသည်။ ထိုဓားဟာ သွေးများစွန်းထင်းနေလျက်။

သူရဲ့ ကြည့်ကောင်းလှတဲ့ မျက်ခုံးနှစ်သွယ်ဟာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်လို့နေပြီး အတော်ကြောက်စရာကောင်းလှသည်။

ဒီလိုမှောင်မည်းနေတဲ့ နေရာမျိုးမှာ တိုက်ခိုက်ရတာ လွယ်ကူသည်မဟုတ်။ ကံကောင်းစွာဖြင့် ဤအစောင့်ရဲမက်များအားလုံး လေ့ကျင့်ထားကြ၍သာ။ မဟုတ်ပါက, မမြင်မကန်းနှင့် တိုက်နေလျှင် ကိုယ့်လူကိုယ် ပြန်ရိုက်မိနေမှာပင်။

ယွီရှန်းက မြေကြီးပေါ်တွင်ထိုင်လျက် “ငါ ဒီနေ့သေရတော့မယ် ထင်လိုက်တာ”

ရှဲ့ဖင်းကန်းက အပြေးသွားပြီး ရှဲ့ချောင်ရဲ့ ခေါင်းကိုရိုက်လိုက်သည်။ “မင်းရူးနေတာလား၊ ကိုယ့်ကိုကိုယ်

ဆရာ‌မမော့များထင်နေလား, ငါ့မှာ ညနက်သန်းခေါင်ကြီးမင်းကိုကယ်ဖို့အတွက်နဲ့ လူတွေခေါ်လာရတယ်၊ မင်းဒီလိုမျိုးတွေ လျှောက်လုပ်နေမယ်ဆိုရင်, မင်းကိုကြိုးချည်ပြီး ဘယ်နေရာမှ သွားခွင့်မပြုတော့ဘူး”

ရှဲ့ချောင်ခေါင်းနာသွားသည်။

သူမ ဘာလုပ်လို့ရမှာလဲ?

အဲ့မကောင်းဆိုးဝါးဝိဉာဉ်တွေကို လိုက်မဖမ်းရင် သူမ သေမှာလေ!

နောက်ပြီး ဒီနေရာက အဲ့လောက်ကြောက်စရာကောင်းလိမ့်မယ်လို့မှ မထင်တာ, သူမမှာ ဘာအပြစ်မှမရှိဘူး

အဲ့တာကို အစ်ကိုကြီးက မနှစ်သိမ့်ပေးတဲ့အပြင် ရိုက်

တောင်ရိုက်လိုက်သေးတယ်

“ ဝန်ကြီးရှဲ့၊ဘာလုပ်လိုက်တာလဲ” ကျောက်ရွှမ်ကျင်း၏ အေးစက်လှသည့်အသံက ရှဲ့ဖင်းကန်းနားထဲ ဖြတ်ဝင်သွားလေသည်။

“ဒါ ကိုယ်တော့်ရဲ့ ကြင်ရာတော်မင်းသမီး...မင်းကိုဘယ်သူကရိုက်ခွင့်ပေးလို့လဲ”

•••••

အခန်း ၈၄၂။ ယုတ်မာသည့်ကြင်ရာတော်

အိမ်ရှေ့စံမင်းသားပြောလိုက်သည့်စကားကြောင့် ရှဲ့ဖင်းကန်းမှာရုတ်တရက် ရင်ဘတ်ထဲတင်းကျပ်သွားရသည်။ စိတ်ထဲကနေ လှောင်လိုက်ပေမဲ့ ထုတ်တော့မပြရဲ။ဗလုံးဗထွေးအသံဖြင့် “ငါ ရိုက်တာမနာပါဘူး..”

သူမရဲ့ နဖူးကနီတောင်နီသွားတာကို အစ်ကိုကြီးက ကရုဏာစိတ်တစက်လေးတောင် မပြဘူး!

“ချောင်အာရဲ့ ခန္ဓာကိုယ်ကကျန်းမာတာမဟုတ်ဘူး, ဘာလို့ အဲ့လိုလုပ်ရတာလဲ” ကျောက်ရွှမ်ကျင်းက ပြောရင်းနှင့် ရှဲ့ချောင်ကိုသူ့နောက်ဆွဲခေါ်လိုက်၏။

“နောက်တစ်ခါဆို ရှောင်၊ မင်းရဲ့အစ်ကိုကြီးက ဖွဖွလေးရိုက်တာမဟုတ်ဘူး၊ အခုတစ်ခေါက်က မင်းရဲ့ခေါင်းရှိနေသေးပေမဲ့ နောက်တစ်ခေါက်ဆို မင်းရဲ့ခေါင်းပြတ်သွားရင်ဘယ်လိုလုပ်မလဲ”

ရှဲ့ဖင်းကန်းတစ်ယောက် ထိုစကားကြောင့် ဒေါသထွက်သွားသည်။

သူ့လက်ထဲမှာ တူတစ်ချောင်းကိုင်ထားတာမှမဟုတ်တာ, ဖွဖွလေးပုတ်ရုံလောက်နဲ့ ဘယ်လိုလုပ်ပြီး ခေါင်းပြတ်မှာလဲ

ဒါက သူ့ရဲ့ညီမ, အရှင့်သားရဲ့ ညီမလည်း မဟုတ်ဘူး၊ သူ လုပ်ရက်မှာတဲ့လား?

ရှဲ့ဖင်းကန်းမှာ ထုတ်တော့မပြောရဲ, ပိုပြီး နာခံနေသည့်ပုံတောင် ပေါ်နေသေးသည်။ “ ဒါဆိုလည်း ကျွန်တော်သူ့ကိုဘာမှမလုပ်တော့ဘူး၊ ဒါပေမဲ့ အရှင့်သား သူ့ကိုနည်းနည်းတော့ဆူသင့်တယ်မဟုတ်ဘူးလား၊ မဟုတ်ရင် နောက်ပိုင်းကျ ပိုပြီးလုပ်ချင်တာလုပ်တော့မှာ၊ဒီတစ်ခေါက်က ကံကောင်းပြီး သူတို့ကို ရှာတွေ့လို့၊ ရှာမတွေ့ရင်ရော… သူတို့ဝံပုလွေတွေစာဖြစ်သွား‌တော့မှာလေ”

ရှဲ့ချောင်ခမျာ ကူကယ်ရာမဲ့နေလေသည်။

သို့သော် သူမဒီတစ်ခေါက် ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့ကိုပါ အန္တရာယ်ထဲ ခေါ်လာခဲ့မိတာကို ပြန်တွေးမိသည့်အခါ သူမမှားသွားကြောင်းခံစားလိုက်ရသည်။

ဒါကြောင့် သူမ လိမ်လိမ်မာမာနှင့် အမှားကိုဝန်ခံလိုက်၏။

“ အစ်ကိုကြီး.. ညီမလေးနောက်ဆို ဒီလိုမလုပ်တော့ပါဘူး”

နောက်တစ်ခေါက်ထပ်ရှိလာခဲ့လျှင် သူမတစ်ယောက်တည်းသာလုပ်ပေမည်။

သူမရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကိုအိမ်ထဲမှာနေပြီး ကိုယ့်အရေးကိစ္စကိုပဲလုပ်ရင်းနေသွားဖို့ဆိုတာ မဖြစ်နိုင်။

“ဝန်ကြီးရှဲ့ပြောတာလည်း အဓိပ္ပါယ်တော့ရှိတယ်၊ နောက်ပိုင်း အရေးကြီးကိစ္စတစ်ခုခုရှိတယ်ဆိုရင်၊ ကိုယ့်ဆီကိုလူလွှတ်ပြီး စာပို့ခိုင်းလိုက်၊ လက်ထပ်ပြီးသွားရင် ကိုယ်တို့က ခင်ပွန်းနဲ့ဇနီးသည်ဖြစ်လာပြီလေ၊ ဘာမှရှက်နေစရာမလိုဘူး” ကျောက်ရွှမ်ကျင်းက ‌စိတ်မဆိုးခဲ့။ “မကောင်းဆိုးဝါးဝိဉာဉ်နဲ့ ပတ်သက်ပြီးစိတ်ပူ‌တာကို ကိုယ်သိတယ်၊ မင်း ဘာမှမလုပ်ဘူးဆိုရင် အပြစ်ကင်းတဲ့သူတွေပေါ် အန္တရာယ်ကျရောက်မှာ၊ ဒါပေမဲ့ မင်းကိုယ်မင်းအရင်ကာကွယ်ဖို့လိုတယ်”

ရှဲ့ချောင် ခေါင်းညိတ်လိုက်ကာ ပြန်လည်ချေပခြင်းမပြုခဲ့။

တကယ်ဆိုလျှင် သူမဘဝကို စွန့်စားခဲ့တာ ကြာနေ

လေပြီ။

မကောင်းဆိုးဝါးဝိဉာဉ်များကိုဖမ်းဆီးရတာနှင့် နှင်ထုတ်ရတာက အန္တရာယ်ကင်းသည့်အလုပ်မဟုတ်။ ကျရောက်လာမယ့် ဘေးအန္တရာယ်များအတွက် ပြင်ဆင်ထားတာ ကြာခဲ့ပြီဖြစ်သည်။ သူမအတွက်တော့ သူမရဲ့ဘေးကင်းလုံခြံမှုက မကောင်းဆိုးဝါးဝိဉာဉ်တွေကိုဖမ်းတာလောက် အရေးမကြီး။ နှစ်များစွာကြာနေပြီဖြစ်၍ ‌ကျင့်သားတောင်ရနေပြီဖြစ်သည်။

သူမသာ မကောင်းဆိုးဝါးဝိဉာဉ်တွေကိုမဖမ်းလျှင် သူမ စောစောစီးစီးသေရလိမ့်မည်။ ထို ဝိဉာဉ်တွေကို သတ္တိရှိရှိမောင်းထုတ်ပစ်တာ ပိုပြီးကောင်းသည်။ ဒါက ကောင်းမှုတစ်ခုလည်းဖြစ်သဖြင့် သူမရဲ့နောက်ဘဝအတွက် ကောင်းချီးရလိမ့်မည်ပေ။

ဒါတင်မက…

တခြားလူတွေကသူမလို့မဟုတ်။ သူမဟာ အသက်ရှူလိုက်ရုံနဲ့တောင် မေ့လဲသွားမလိုဖြစ်ခဲ့ရသည့် အချိန်များကိုရင်ဆိုင်ခဲ့ရသည်။

မကောင်းဆိုးဝါးဝိဉာဉ်များကို ဖမ်းပြီးသွားပြီလျှင် သာမာန်လူတစ်ယောက်လိုနေနိုင်သည်။

ရှဲ့ချောင် စိတ်ထဲဝမ်းနည်းသွားမိ၏။ သူမ ခေါင်းမော့၍ ကျောက်ရွှမ်ကျင်းအားပြုံးပြလိုက်ကာ “အရှင့်သားက ကျွန်မကိုလျှော့တွက်နေတာလား၊ ဆရာမမော့နဲ့ ကျွန်မက ဂိုဏ်းတစ်ခုတည်းကသူတွေ… ညနက်သန်းခေါင်ကြီးပေါ်လာတဲ့အနက်ရောင်စွမ်းအင်ကြောင့်သာမဟုတ်ရင် ဒီဟာလောက်က… ဘာမှတောင်မဟုတ်ဘူး”

“အရှင့်သား ကြည့်ပါလား.. သူ ကြီးကြီးကျယ်ကျယ်တွေပြောနေတုန်း!" ရှဲ့ဖင်းကန်း ဒေါသထွက်သွားသည်။

“အဟမ်း ဒီမသန့်ရှင်းတဲ့အရာတွေက နတ်ဘုရားရဲ့မြေကို ပြဿနာရှာနေတာလို့ ကိုယ်တော်လည်း ယုံတယ်” ကျောက်ရွှမ်ကျင်းက သဘောတူလိုက်၏။ သူဟာ ထိုစကားများကိုပြောနေတဲ့အချိန်, ရှက်စိတ်တောင်တစ်စက်ကလေးမှမဖြစ်၊ တည်တည်တံ့တံ့‌နှင့် ပြောနေခဲ့တာပင်။

ရှဲ့ချောင်က‌တော့ ကျေနပ်သွားလေသည်။ “အမှန်ပဲ”

ရှဲ့ဖင်းကန်း ခေါင်းတခါခါဖြစ်သွားခဲ့ရသည်။

ထက်မြက်လှတဲ့ အိမ်ရှေ့စံမင်းသားတောင် စိတ်မနှံ့တဲ့မိန်းကလေးကိုတွေ့ပြီး စုံလုံကန်း‌သွားပြီ!

သူ့ညီမက ယုတ်မာတဲ့ကြင်ရာတော်တစ်ပါးဖြစ်နိုင်ချေများရှိနေလား?

ကျောက်ရွှမ်ကျင်းက နေရာမှာ ယာယီစခန်းချဖို့အတွက် သူ့ရဲ့လက်အောက်ငယ်သာများကိုစေခိုင်းလိုက်သည်။ တောရိုင်းကောင်များသာ တိုက်ခိုက်လာခဲ့ပါက သတ်ပစ်ပြီး မနက်ဖြန်စားဖို့အတွက် မီးကင်ပစ်မည်ပင်။

သို့သော် တောထဲ၌ သားရဲတိရိစ္ဆာန်ကောင်အများကြီးမရှိ။ အများစုမှာ အသတ်ခံထားရပြီဖြစ်ကာ အသတ်မခံရသည့်ကောင်များသည်လည်း ထွက်ပြေးကုန်ကြလေပြီ။ မကောင်းဆိုးဝါးဝိဉာဉ်များရဲ့ သက်ရောက်မှုကိုခံထားရသော်လည်း အရှေ့ကို တိုးမလာရဲကြ။

ထိုအချိန်၌ တောရိုင်းကောင်များထွက်ပြေးကုန်တာကိုမြင်ပြီး မကောင်းဆိုးဝါးဝိဉာဉ်များမှာ ပိုပြီးမကျေမနပ်ဖြစ်ကုန်ကြသည်။

မီးအိမ်မီးငြိမ်းသွားသည်နှင့် လူအုပ်နားမှာ ရစ်သီရစ်သီလုပ်နေကြတော့သည်

လေတိုးနေသည့်အသံက အင်မတန်ကိုကျယ်နေသေး၏။ ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများဆီကနေ ပဲ့အက်သည့်အသံများပေါ်လာပြီး တော်‌တော်များများ ကျိုးကြကုန်သည်။ လေတိုက်လိုက်သည့်အခါတိုင်း ၎င်းတို့ဟာ အနက်ရောင်မြှားများပမာ , အလွန်အန္တရာယ်ရှိလှသည်။

သို့သော် အစောင့်များအတွက်ကတော့ မှုတောင်မမှုပေ။

•••••

အခန်း ၈၄၃။ အဖြစ်ဆိုး

ထိုတောရိုင်းကောင်များမရှိပါက ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်များကို ဖြေရှင်းဖို့ကိုသာ အာရုံစိုက်ထားလို့ရသည်။

“မကောင်းဆိုးဝါးဝိဉာဉ်ဘယ်နှကောင်တွေ့မိလဲ” ကျောက်ရွှမ်ကျင်းက ဝမ်လန်ချန်းနှင့် ရှဲ့ဖင်းကန်း မကြားအောင် အသံတိုးတိုးဖြင့်မေးလိုက်၏။

“အများကြီးပဲ၊ ဒါပေမဲ့ ထူးဆန်းတယ်.. သူတို့အကုန်… စဉ်းစားဉာဏ်ရှိတယ်၊ တော်တော်များများက ရန်ငြိုးရယ်လို့မရှိကြဘူး၊ ဒါပေမဲ့ ဘာလို့ မြို့ထဲသွားပြီးမကောင်းတာလုပ်ကြလဲဆိုတာ နားမလည်ဘူး.. တချို့ဆို ကိုယ်ပေါ်မှာ သွေးတွေနဲ့.. အဲ့ဒါက သူတို့ဒီနေ့မှစပြီး လူတွေကိုဒုက္ခပေးတာမဟုတ်ဘူးဆိုတာ ပြနေတာ”

မကောင်းဆိုးဝါးဝိဉာဉ်အများစုသည် ဆိုးသွမ်းတဲ့အရာတစ်ခုခုလုပ်မိပါက သူတို့မျိူးဆက်တွေဆီကနေ အပြစ်ပေးတာခံရမှာကိုကြောက်သည့်အတွက် စည်းမျဉ်းများကို လိုက်နာကြသည်။

“မင်းပြောတဲ့ မကောင်းတဲ့လုပ်ရပ်ဆိုတာ ဘယ်လိုဟာမျိုးလဲ” ကျောက်ရွှမ်ကျင်းမေးလိုက်၏။

ရှဲ့ချောင် နေ့ခင်းကဖြစ်ပျက်ခဲ့သည်များကို ပြန်ရှင်းပြလိုက်သည်။

ရှဲ့ချောင်ရဲ့စကားကြောင့် ကျောက်ရွှမ်ကျင်းမျက်နှာ တည်တင်းသွားသည်။

“ဒီတလော.. မီးစောင့်ကြည့်စင်အသစ်ကို မြောက်ဘက်လမ်းမပေါ်မှာ ဆောက်နေတာ.. ကိစ္စအားလုံး ‌အဆင်ပြေနေပေမဲ့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ငြမ်း

စင်ရုတ်တရက်ကြီး ကျိုးသွားပြီးတော့.. လူသုံးယောက်ပြုတ်ကျပြီးသေသွားတယ်”

ပြုတ်ကျပြီးသေသွားသည့်လူသုံးယောက်စလုံးမှာ ဆင်းရဲသားမိသားစုကတွေချည်းဖြစ်ကြ၏။ အရာရှိများက လျော်ကြေးငွေပေးခဲ့သဖြင့် ပြဿနာတော့ကြီးမသွားခဲ့။

သူ ထိုကိစ္စကို အာရုံစိုက်နေရခြင်းမှာ လတ်တလော၌ မတော်တဆမှုတွေခဏခဏကိုဖြစ်နေတာကြောင့်ပင်။

မီးစောင့်ကြည့်စင်အပြင် တိုင်လုံးပြုတ်ကျမှုကြောင့် သေသွားရသည့်လူနှစ်ယောက်လည်းရှိသည်။

လွန်ခဲ့သည့် ဆယ်ရက်အတွင်း ထိုသို့သော မတော်တဆမှုများဟာ တစ်ခုပြီးတစ်ခုဆက်တိုက်ဆိုသလိုဖြစ်နေခဲ့သည်။ စု‌စုပေါင်း လူဆယ်ယောက်

ကျော်သေဆုံးခဲ့ပြီး ခုနစ်ယောက်ရှစ်ယောက်လောက် ဒဏ်ရာရခဲ့ကြသည်။

အရာရှိများသည်လည်း တစ်ခုခုမူမမှန်ဘူးဟုတွေးမိကြတာကြောင့် စုံစမ်းစစ်ဆေးလို့ရရန်အတွက် မတော်တဆဖြစ်သည့်မှတ်တမ်များအား မှုခင်းစီရင်ရေးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

ဒါကြောင့် ရှဲ့ချောင်ပြောတာကိုနားထောင်ပြီးသည့်အခါ မြို့တော်ထဲကမတော်တဆမှုများနှင့် ထို မကောင်းဆိုးဝါးဝိဉာဉ်များ တစ်နည်းနည်းနှင့် ဆက်စပ်မှုရှိနေလောက်မယ်ဆိုတာကို သိသွားခဲ့သည်။

ရှဲ့ချောင် ခဏတာနှုတ်ဆိတ်သွားခဲ့ကာ မျက်မှောင်ကြုတ်၍ “ဒီတောင်ထဲမှာ တစ်ခုခုရှိနေလိမ့်မယ်လို့ သံသယရှိတယ်.. မနက်ဖြန်ရှာကြည့်ရမယ်..အခုလောလောဆယ်တော့.. တစ်ကောင်နှစ်ကောင်လောက်ကိုအရင်ဖမ်းပြီး.. မေးမလို့”

အိမ်ရှေ့စံမင်းသားရှေ့၌ သူမ ဘာကိုမှဖုံးကွယ်နေစရာမလို။

သို့သော် သူမအစ်ကိုကြီးပါ ရှိနေသဖြင့်နည်းနည်းတော့ ဒုက္ခများသည်။

ရှဲ့ချောင်စကားဆုံးသည်နှင့် ‌အစောင့်တစ်ယောက်သည် မြေကြီးပေါ်ငုတ်တုတ်ထိုင်ချလိုက်၏။ ထို့နောက် ရစ်ငှက်အကောင်လိုက်ကိုကောက်ယူကာ ပါးစပ်ထဲတန်းထည့်လိုက်လေသည်။

သူပါးစပ်ထဲ၌ အမွေးတွေးအပြည့်!

“ချင်းကျီ!” ကျို့ဝေ့ကျုံးအပြေးအလွှားသွားပြီး သူ့ပါးစပ်ထဲကအရာကိုဆွဲထုတ်ပစ်လိုက်၏။ “မင်းဘာလုပ်တာလဲ၊ မင်းအတွက် အိမ်ရှေ့စံမင်းသားနောက်

ကိုလိုက်နိုင်ဖို့ မလွယ်ဘူး၊ ဘာလို့ မဆင်မခြင်လုပ်ရတာလဲ”

ဒီကောင်လေး ရူးများရူးနေတာလား?!

“ ငါ့ကိုပြန်ပေး၊ ငါစားချင်တယ်. ငါစားချင်တယ်လို့!” ချင်းကျီက ပြန်လိုက်လုနေ၏။

ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အသံများကိုကြား၍ ရှဲ့ချောင် ထိုအစောင့်ကိုလှမ်းကြည့်လိုက်သည်။ သူမ သက်ပြင်းချလိုက်၍ “ သူက ဒီလို အနက်ရောင်စွမ်းအင်များတဲ့နေရာမျိုးမှာနေဖို့မသင့်တော်ဘူး”

ကျောက်ရွှမ်ကျင်းသည် သူ့နောက်ကို နေ့တိုင်းလိုက်‌နေသည့် အစောင့်စစ်သည်များအားဂရုမစိုက်နိုင်။

ထိုအစောင့်အားလုံးသည် ရွေးချယ်ထားသူများဖြစ်၏။ ချင်းကျီသည် အခြားလူများကိုအနိုင်ယူနိုင်သည့်အရည်အချင်းရှိမှသာ သူ့အတွက်အလုပ်လုပ်ပေးနိုင်တော့မည်။

“အမတအရှင်ရှဲ့….” ကျို့ဝေ့ကျုံးမှာ စိတ်ပူနေတာကြောင့် ရှဲ့ချောင်အားချက်ချင်လှမ်းခေါ်လိုက်၏။

သူ ရှဲ့ချောင်ကိုဖော်မိမလို့တောင်ဖြစ်သွားခဲ့သည်။

“ ရှဲ့သခင်မလေး၊ သူ ဘာဖြစ်သွားတယ်လို့ထင်လဲ”

“ဆာလောင်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောက် သူ့ဆီဝင်ပူးနေတာ” ရှဲ့ချောင်ကတော့ အေးအေးလူလူပင်။ ထို့နောက် ပန်းကန်လုံးတစ်လုံးနှင့် ရေအိတ်ကို ယူထုတ်လိုက်၏။ ဘာစကားတစ်ခွန်းမှမဆိုဘဲ အဆောင်စာရွက်အား ရေထဲတွင်နှစ်ကာ ချင်းကျီရဲ့ပါးစပ်ထဲကို ထိုးထည့်ပစ်လိုက်သည်။

ဆာလောင်နေသည့်ဝိဉာဉ်သည် ချက်ချင်းဆိုသလို တွန်းထုတ်ခံလိုက်ရကာ သူ့ခန္ဓာကိုယ်ကနေ မီးခိုးငွေ့များထွက်လာခဲ့သည်။

ချင်းကျီတစ်ယောက် ‌သတိလစ်သွားလေသည်။

ကျို့ဝေ့ကျုံးတောင်မှ ထိုကောင်လေးကိုသနားမိသည်။

ချင်းကျီသည် အမှားတစ်ခုလုပ်မိ၍ မောင်းထုတ်ခံလိုက်ရပြီးကတည်းက ဒုက္ခမျိုးစုံခံစားခဲ့ရသည်။ လွန်ခဲ့သောလများအတွင်း သူနေပြန်ကောင်းလာပြီးနောက်ပိုင်း နေ့ရက်တိုင်း လေ့ကျင့်ခဲ့သည်။ သူ့ရဲ့ သစ္စာရှိမှုကို ထောက်ထား၍ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့သည်။

ဒီနေ့က…. သူ့ကိုပထမဆုံးအကြိမ် အပြင်ကိုခေါ်လာခဲ့တဲ့နေ့!

အခုလို ဖြစ်သွားရပြန်သည်!

လူတွေအများကြီးရှိနေပြီး.၊ အားလုံး အဆင်ပြေနေကြသော်လည်း.. သူတစ်ယောက်တည်း ဝင်ပူးခံခဲ့ရသည်… အဖြစ်ဆိုးလှပေသည်။

•••••

အခန်း ၈၄၄။ စကားတွေပေါက်ကြားသွားရင်မကောင်းဘူး

ကျို့ဝေ့ကျုံးခမျာ ဇဝေဇဝါဖြစ်သွားခဲ့ရကာ “ရှဲ့သခင်မလေး, ဘာလို့ဒီလိုဖြစ်ရတာလဲ, တခြားသူတွေကျတော့ အကောင်းအတိုင်းရှိနေကြရဲ့သားနဲ့….”

“သူက အငြိုးကြီးဝိဉာဉ်လိုက်တာတစ်ခါခံထားရဖူးတော့, တခြားသူတွေနဲ့ ဘယ်တူမှာလဲ၊ သူ ယန်စွမ်းအင်ဆုံးရှုံးထားတယ်၊ တစ်နှစ် နှစ်နှစ်အတွင်းမှာ ပြန်သက်သာလာနိုင်တယ်ဆိုပေမဲ့ ရှင်တို့တွေထက်တော့ ပိုပြီးအားနည်းနေတုန်းပဲ” ရှဲ့ချောင် ဖြည်းဖြည်းချင်းရှင်းပြလိုက်သည်။

ကျောက်ရွှမ်ကျင်းနားမှာ ရှိကြသည့်သူများအားလုံး ယန်စွမ်းအင်အပြည့်ရှိကြ၏။

မကောင်းဆိုးဝါးဝိဉာဉ်များက သူတို့ကိုထိတွေ့လို့ရသည့်တိုင် ဝင်ပူးတာထိတော့လုပ်လို့မရ။

ချင်းကျီတစ်ယောက်တည်းကသာ အားနည်းသူဖြစ်နေတာမို့ ထိုဝိဉာဉ်အတွက် ပစ်မှတ်ထားစရာဖြစ်လာခဲ့ရတာပင်။

“ကြည့်ရတာ သူ့ကိုအခုကစပြီး အရှင့်သားနောက် လိုက်ခိုင်းလို့မဖြစ်တော့ဘူးထင်ပါတယ်လေ…” ကျို့ဝေ့ကျုံးမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းတခါခါဖြစ်နေလေသည်။

အရှင့်သားသည် အခုဆိုလျှင် အမတအရှင်ရှဲ့နှင့်ရော ဆရာမမော့နှင့်ပါ ရင်းနှီးနေ၏။ သူတို့နှစ်ယောက်သည် လောကနှစ်ခုစလုံးနှင့်ဆက်သွယ်နိုင်သည့်သူများဖြစ်နေသည့်အတွက် မကောင်းဆိုးဝါးဝိဉာဉ်များနှင့် ပိုပြီးပတ်သက်လာမှာ ငြင်းပယ်၍မရ။ သူတို့အနေနဲ့ အန္တရာယ်ကိုရင်ဆိုင်ရသည့်အခါ တည်

တည်ငြိမ်ငြိမ်ဖြစ်နေသင့်သည်။

ချင်းကျီသည် ဘာမှမလုပ်ခဲ့ဘဲနဲ့တောင် မကောင်းဆိုးဝါးဝိဉာဉ်ဝင်ပူးတာခံခဲ့ရ၏။ သူ့ကို ဘယ်သူကအားကိုးတော့မှာလဲ?

သို့သော် သူအရှင့်သားနောက်ကို လိုက်လို့မရလျှင်တောင် အရှင့်သားအတွက် တခြားအလုပ်တွေလုပ်ပေးလို့ရသေးသည်။ အခုလောက် မတင့်တယ်တော့ရုံသာ။

“ ရှဲ့သခင်မလေး၊သူ့ကို ဖြေရှင်းဖို့နည်းလမ်းရှိလား,ဒီကလေးက…. တော်တော်လေး ကြိုးစားတဲ့သူဆိုတော့..”

ကျို့ဝေ့ကျုံးသည် ညီအစ်ကိုသံယောဇဉ်ကိုတန်းဖိုးထားသူမို့ ချင်းကျီအခုလိုမျိုးဖြစ်နေသည့်ပုံကိုမြင်ရတာ ခံနိုင်ရည်မရှိ။

“မရှိဘူး.. သူ့မှာခြေလက်လေးဖက်လုံးလည်းရှိနေသေးတယ်, အသက်လည်းရှိနေသေးတယ်.. အဆင်ပြေ‌နေတာပဲလေ. လောဘမကြီးနဲ့ ဟုတ်ပြီလား..” ရှဲ့ချောင်သည် အကြင်နာမဲ့လှ၏။

ကျို့ဝေ့ကျုံး သက်ပြင်းချလိုက်မိသည်။

ယွီရှန်းသည် သူမရဲ့ဝမ်းကွဲကိုကြည့်ကာ ပဟေဠိဖြစ်နေခဲ့၏။

ရှဲ့သခင်မလေးအပေါ် သူမဝမ်းကွဲရဲ့သဘောထားက နည်းနည်းထူးဆန်းနေ၏။ တလေးတစားပြောဆိုဆက်ဆံတာမှန်ပေမဲ့ လွန်လွန်ကြူးကြူးဖြစ်နေသည်။ မသိလျှင် ရှဲ့သခင်မလေးက အံ့ဖွယ်ဆေးလုံးတစ်လုံးအတိုင်း, ဒီလိုအသေးအမွှားကိစ္စလေးကိုတောင် သူမရဲ့ထင်မြင်ချက်ကိုမေးနေခဲ့

သည်။

ရှဲ့သခင်မလေးက တာအိုဘုရားကျောင်းမှာနေခဲ့သူမလို့ အရည်အချင်းတချို့ရှိတယ်ဆိုရင်တောင်မှ သူမဟာ ‌မြင့်မြတ်တဲ့မိသားစုတစ်ခုက သခင်မလေးတစ်ယောက်သာ.. သူတော်စင်အစစ်မဟုတ်။

ယွီရှန်း နားမလည်နိုင်ခဲ့ပေ။

…

ဆာလောင်နေသည့်မကောင်းဆိုးဝါးဝိဉာဉ်သည် ရစ်သီရစ်သီလုပ်နေကာ သူ့ရဲ့ဝိဉာဉ်ဟာ အလွန်အားနည်းနေ၏။

ရှဲ့ချောင်က အခွင့်အရေးယူ၍ အဆောင်စာရွက်အားပစ်လိုက်ရာ ရွေရောင်အလင်းက ၎င်းအားရစ်ပတ်သွားခဲ့သည်။

“နင်တို့တွေ ဘာလို့ဒီမှာနေနေကြတာလဲ” ရှဲ့ချောင်မေးလိုက်၏။

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွားသည်။

ဆာလောင်နေသည့်မကောင်းဆိုးဝါးဝိဉာဉ်မှာ အလွန်မသက်မသာဖြစ်နေလေ၏။ လွတ်မြောက်နိုင်ဖို့ ရုန်းကန်ပေမဲ့ ရှဲ့ချောင်ရဲ့ အဆောင်စာရွက်က ထိန်းချုပ်ထားခဲ့သည်။ လုံးဝ မလွတ်မြောက်နိုင်ခဲ့။ တစ်အောင့်အကြာတွင်တော့ ဒူးထောက်ကာ သက်ညှာပေးဖို့ တောင်းပန်တော့သည်။

“ဆရာ.. အသက်ချမ်းသာပေးပါ၊ ငါ ဘယ်သူ့ကိုမှ

အန္တရာယ်မပေးခဲ့ဘူး.. ခုနတုန်းက တစ်ခုခုစားချင်သွားတာမလို့…”

သူတို့သည် ဆာလောင်ငတ်မွတ်မှုကြောင့် သေဆုံးခဲ့ရသည်။ မကောင်းဆိုးဝါးဝိဉာဉ်များဖြစ်လာပြီးနောက်မှာလဲဆာလောင်နေကြဆဲ။ သူတို့ တစ်ချိန်လုံးဆာလောင်နေခဲ့ကြတာကြောင့် မြို့တော်ဆီသွားပြီး ဆိုးသွမ်းတဲ့လုပ်ရပ်တွေမလုပ်ခဲ့ကြ။

သူတို့အစာကို ဘယ်လောက်ပဲစုပ်ယူနေပါစေ, ပြည့်သွားတယ်ရယ်လို့မရှိ။ ဒါကြောင့် ခန္ဓာကိုယ်တစ်ခုကိုဝင်ပူးလိုက်လျှင် .. စားလို့ရပြီး.. နေသာထိုင်သာရှိသွားလောက်တယ်ဟု တွေးမိတာကြောင့်..

“ညီမလေး, နင် ဆရာမမော့‌ပုံစံအတိုင်းလိုက်လုပ်ပြီး မကောင်းဆိုးဝါးဝိဉာဉ်တွေကို စစ်ဆေးနေတာလား” ရှဲ့ဖင်းကန်းသည် သိလည်းသိချင်နေသလို ယုံလည်းမယုံနိုင်ခဲ့။

ရှဲ့ချောင်ရင်တုန်ပမ်းတုန်ဖြစ်သွားရသည်။ ထို့နောက် သူမရဲ့အမူအရာပြောင်းသွားကာ သူမအစ်ကိုကြီးရဲ့နောက်ကို ဝင်ပုန်းလိုက်၏။

“အစ်ကိုကြီး.. အရမ်းကြောက်စရာကောင်းတာပဲ! သူက လူတွေကိုစားချင်နေတာ.”

“မင်း သတ္တိရှိလာပြီလို့ထင်လိုက်တာလေ..” ရှဲ့ချောင်ရဲ့တုံ့ပြန်ပုံထူးဆန်းနေတာကို ရှဲ့ဖင်းကန်းခံစားလိုက်မိသည်။

“မဟုတ်ပါဘူး, ဒါပေမဲ့.. ဒီကိစ္စကဖြေရှင်းမှာရမှာလေ.. ဒေါ်လေးမော့လည်းမရှိတော့ ညီမလေးကပဲ အရဲစွန့်ရတော့မှာပေါ့.. မဟုတ်ရင် နောက်တစ်ခါသူ့ကိုမျက်နှာတောင်ပြနိုင်မှာမဟုတ်ဘူး…” ရှဲ့ချောင် ပြောလိုက်၏။ ထို့နောက် ဝမ်းနည်းပြီး ချီတုံချတုံဖြစ်နေသည့် မျက်နှာထားဖြင့် ဆက်၍ “ဟူး… ဒီလောက်ကြောက်ဖို့ကောင်းနေတဲ့ဟာတွေကို ဘယ်လိုတောင် ဆက်ပြီးစစ်ဆေးရမှာလဲ…”

ရှဲ့ဖင်းကန်း ခေါင်းညိတ်လိုက်၍ အသံတိုးတိုးနှင့်ဆိုသည်။

“ထိန်းထိန်းသိမ်းသိမ်းလည်းလုပ်ဦး၊ ဒီမှာ အပြင်လူတွေလည်းရှိနေတာ .. စကားတွေပေါက်ကြားသွားရင်မကောင်းဘူး”

တစ်ယောက်ယောက်ကသာ မနာမခံနှင့် ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်တွေကိုမြင်နိုင်တယ်ဆိုတဲ့သတင်းသာ ဖြန့်လိုက်ပါက သူမရဲ့သိက္ခာဆုံးရှုံးသွားမယ်မဟုတ်လား?

ကျို့ဝေ့ကျုံးသည် အာရုံစိုက်ပြီး နားစွင့်နေတာကြောင့် ရှဲ့ချောင်တို့ပြောနေတဲ့စကားတွေကို ကြားလိုက်ရ၏။

ကူကယ်ရာမဲ့စွာနှင့်ပဲ ခေါင်းကိုငုံ့ထားလိုက်ရင်း မြေကြီးကိုသာ တက်နင်းနေတော့သည်။

သူတို့.. ဟိုးအရင်ကတည်းက ရှဲ့သခင်မလေးရဲ့အရည်အချင်းတွေကိုသိထားတာလို့ .. ပြောလို့ရမလား?

ရှဲ့သခင်မလေးလေးကလည်း ရွှေယွဲ့ဘုရားကျောင်းကလေ.. သူ့အရည်အချင်းတွေက နိမ့်မှာတဲ့လား?

သူတို့ပထမဆုံးအကြိမ်တွေ့ခဲ့တုန်းကဆိုရင်.. သူမက အရိုးစုကိုတောင် တူးနေခဲ့တာလေ!

ရှဲ့ဖင်းကန်းကကို အတွေးလွန်နေတာဟု ဆိုရမည်ပေ။ သူတို့အားလုံးဟာ အိမ်ရှေ့စံမင်းသားအပေါ်သစ္စာရှိကြသည်။ အိမ်ရှေ့စံမင်းသားကသာ သူတို့ကို ဘာမှထုတ်ပြောခွင့်မပြုထားပါက သူတို့လည်ပင်းမှာ ဓားထောက်ထားလျှင်တောင် ဘာတစ်ခွန်းမှဆိုမှ

မဟုတ်။

ကံမကောင်းချင်တော့…အခုချိန်ဟာ ရှဲ့ဖင်းကန်းနဲ့အငြင်းပွားလို့ကောင်းတဲ့အချိန်ဟုတ်မနေခဲပေ။

••••

All Chapters