← Chapters

အခန်း (၈၄၅-၈၄၈)

Vol. 44 Ch. 845-848

အခန်း (၈၄၅-၈၄၈)

Vol. 44 Ch. 845-848

အခန်း ၈၄၅။ အကြီးအကဲဝိဉာဉ်

ရှဲ့ဖင်းကန်း တခြားလူတွေကို တစ်ချက်ကြည့်ကြည့်လိုက်၏။ ကံမကောင်းချင်တော့ မှောင်နေတာကြောင့်သူတို့ရဲ့ မျက်နှာအမူအရာတွေကိုရှင်းရှင်းလင်းလင်းမမြင်ရခဲ့။

ခဏစဉ်းစားကြည့်ပြီးသည့်နောက် အရှေ့ကိုလျှောက်သွားကာ အိမ်ရှေ့စံမင်းသားအား ပြောလိုက်၏။ “အရှင့်သား… ကျွန်တော်တို့တွေ အစောင့်တွေကို.. ခပ်ဝေးဝေးမှာနေခိုင်းလိုက်ရင်ရော”

အိမ်ရှေ့စံမင်းသားသည် သူ့ရဲ့ရည်ရွယ်ချက်ကိုနားလည်တာကြောင့် မတားခဲ့။

အစောင့်ရဲမက်အုပ်စုသည် စက်ဝိုင်းပုံစံရှိနေကာ ရှဲ့

ချောင်နှင့် အကွာအဝေးတစ်ခုအထိခွာပြီးနေနေကြ၏။ ရှဲ့ချောင်ရဲ့ အသံကို မကြားနိုင်လောက်‌တော့ချေ။

“ဆရာမမော့က မကောင်းဆိုးဝါးဝိဉာဉ်တွေကို စစ်မေးတဲ့အချိန်ဆိုရင် သူတို့ကိုခြောက်ဖို့ အဆောင်စာရွက်တွေသုံးတယ်, ပြီးတော့ ရက်စက်တဲ့စကားလုံးတွေလည်း ပြောတတ်တယ်၊ ကလေးမတစ်ယောက်လို မဖြစ်စေနဲ့၊ ရက်ရက်စက်စက်သာ ပြောပစ်” ရှဲ့ဖင်းကန်းက ရှဲ့ချောင်ကိုညွှန်ကြားလိုက်၏။

ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမက မကောင်းဆိုးဝါးဝိဉာဉ်အား “ငါ့ကိုအခုပြောစမ်း, မဟုတ်လို့ကတော့ နင့်ဝိဉာဉ်ကို ဖျက်ဆီးပစ်မယ်!”

“ ဟုတ်တယ်၊ အဲ့လိုဖြစ်ရမှာ” ရှဲ့ဖင်းကန်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းတို့တွန့်ကွေးသွား၏။ သူ့ရဲ့ အနာဂတ်ယောက်ဖလောင်းက အရမ်းတုံးတာပဲ..

သူ့လို တုံးတုံးအအလူတစ်ယောက်မှာ ဘယ်လိုလုပ် ရှဲ့ချောင်လို ထက်မြက်ပြီးစဉ်းစားချင့်ချိန်နိုင်စွမ်းရှိတဲ့ ညီမတစ်ယောက်မျိုး ရှိနေနိုင်တာလဲ? သူ့ရဲ့ ယောက်ဖကို ဝောာင်ပေါ်ကနေများ ကောက်လာတာလား?

မကောင်းဆိုးဝါးဝိဉာဉ်သည် အစောကတည်းက ရှဲ့ချောင်ရဲ့အဆောင်စာရွက်ရဲ့ ထိန်းချုပ်တာခံနေရတဲ့အပြင်ကိုမှ သူမရဲ့စကားကိုထပ်ပြီး ကြားလိုက်ရသည့်အခါ “ငါ-ငါတို့က ဒီမှာ အကြီးအကဲဝိဉာဉ် နဲ့အတူရှိနေတာ..”

“အစ်ကိုကြီး သူပြောတာတော့ သူက.. အကြီးအကဲဝိဉာဉ် ရဲ့လက်ပါးစေတဲ့” ရှဲ့ချောင်က တဆင့်ပြန်ပြောပေးလိုက်၏။

ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွားကာ “ဒါဆိုသူ့ကိုမေးလိုက်.. အကြီးအကဲဝိဉာဉ် ဆိုတာဘယ်သူလဲလို့၊ သေသွားပြီလား အသက်ရှိနေသေးလား။ဘယ်မှာပုန်းနေတာလဲ၊ ဘာလို့လူတွေကိုဒုက္ခပေးနေရတာလဲလို့”

ရှဲ့ချောင်သည် ကြောင်တောင်တောင်ပုံစံလေးဖြင့် ကြားထဲကနေတဆင့်ပြောပေးနေလေ၏။

ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်သည်။ ဒီကောင်မလေးက အရမ်းတုံးတာပဲ၊ သင်ပြပေးမှရမယ်...

မကောင်းဆိုးဝါးဝိဉာဉ်ကလည်း လိမ္မာစွာဖြင့် တုန်တုန်ယင်ယင်နဲ့ ပြန်ဖြေရှာ၏။ “ အကြီးအကဲဝိ

ဉာဉ် ဆိုတာလည်း ငါတို့လိုပဲ.. ဒါပေမဲ့ သူကအရမ်းအင်အားကြီးတယ်၊ ငါတို့သူ့နောက်ကိုလိုက်ရင် သူ့ရဲ့အစွမ်းကပိုပိုပြီးကြီးလာတာ.. အကြီးအကဲဝိဉာဉ် အသက်ရှိတုန်းက ပင်လယ်ဓားပြတစ်ယောက်ဖြစ်ခဲ့တာတဲ့.. ငါတို့သူ့စကားကိုနားမထောင်ရင် ငါတို့ကိုစားပစ်လိမ့်မယ်.. သူ့-သူ့မှာ အစွမ်းထက်တဲ့ရတနာတစ်ခုရှိတယ်”

ရှဲ့ချောင် ပိုပြီးမျက်နှာတည်သွားခဲ့သည်။

မကောင်းဆိုးဝါးဝိဉာဉ်တွေအများကြီးကိုဆင့်ခေါ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်။

“နင်တို့ ခေါင်းဆောင်က အစွမ်းထက်တယ်ဆိုပြီး သူဘာလို့ ဒီနားမှာမရှိတာလဲ..” ရှဲ့ချောင်ထပ်မေးလိုက်ပြန်သည်။

ဆာလောင်နေသည့်ဝိဉာဉ်ကို ရှဲ့ချောင်ဖမ်းဆီးပြီးသွားကတည်းက တခြားသောဝိဉာဉ်များအားလုံးထွက်ပြေးကုန်ကြလေပြီ။

ကြည့်ရတာ သူမဒီလောက်ထိအစွမ်းရှိလိမ့်မယ်လို့မထင်ထားကြသည့်ပုံပင်။

သူတို့အားလုံး အဝေးတစ်နေရာမှာပုန်းပြီးစောင့်ကြည့်နေကြ၏။

ဆာလောင်နေသည့်ဝိဉာဉ်ဟာ ပြန်မဖြေခဲ့။ တဆက်ဆက်တုန်နေပြီး အင်မတန်အားနည်းနေပုံရသည်။ ရှဲ့ချောင်ကတွေးကြည့်လိုက်၍ “သူက တစ်နေရာရာမှာ အပိတ်ခံထားရပြီး သွားလို့မရတာလား”

စဉ်းစားကြည့်တော့မှ တစ်ခုခုလွဲနေတာဆိုတာသိသွားသည်။ သူက လှုပ်ရှားပြီးသွားလာလို့မရဘူးဆိုရင် ဒီလိုလက်အောက်ငယ်သားတွေအများကြီးကို

စုဆောင်းဖို့ဆိုတာ မဖြစ်နိုင်။

“အဲဒီ အကြီးအကဲဝိဉာဉ်ကနင်တို့ကို အရှင်လက်လက်ဝါးစားပစ်နိုင်သလို ငါကလည်းနင်တို့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး သနားစရာကောင်းတဲ့သူတစ်ယောက်ဖြစ်သွားအောင်လုပ်ပစ်နိုင်တယ်။ နင်ပြန်ဝင်စားတဲ့ဘဝတိုင်းမှာ ဆင်းဆင်းရဲရဲနဲ့ အစာရေစာငတ်မွတ်ပြီးသေရတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်” ရှဲ့ချောင်ရဲ့ မျက်နှာမှာ ထိုသို့စကားလုံးအကြီးကြီးများကိုပြောနေသည့်အချိန်၌ နီရဲနေလေသည်။

သူမမှာ ထိုအတိုင်းအတာလောက်ထိတော့ အရည်အချင်းမရှိ။

သူမဟာ မရဏမင်းလည်းမဟုတ်။

သို့သော် သူမဟာ လောကနှစ်ခုစလုံးနဲ့ဆက်သွယ်နိုင်သူဖြစ်နေလေရာ မကောင်းဆိုးဝါးဝိဉာဉ်အတွက်တော့ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် လူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ ကျိန်းသေပေါက် ကြောက်တော့ကြောက်သွားမည်ပေ။

အမှန်ကိုပင်၊ သူမထိုသို့ပြောလိုက်သည်နှင့် ဆာလောင်နေသည့်ဝိဉာဉ်ရဲ့မျက်နှာထားက အကျည်းတန်သွားတော့သည်။

ကျန်တဲ့ဘဝတစ်လျှောက်လုံး ငတ်မွတ်ပြီး သေသွားရမယ်!

မဖြစ်ချင်ဘူး!

ဆာလောင်ရသည့် ခံစားချက်ကြီးက အင်မတန်နာကျင်လှ၏။ သူရဲ့ ခန္ဓာကိုယ်ကြီးဟာ ဘယ်တော့မှ

မပြည့်နိုင်သည့် အပေါက်ကြီးတစ်ခုလိုမျိုး။ အမြဲတမ်းတစ်ခုခုလိုနေတာ!

“အကြီးအကဲဝိဉာဉ်က အခေါင်းနားမှာပဲ ကန့်သတ်ခံထားရပေမဲ့.. သူ့မှာမျိုးဆက်တစ်ယောက်ရှိတယ်၊ သူ့ရဲ့မျိုးဆက်က သူ့ကိုခေါ်လာပြီး ငါတို့ကိုဖမ်းထားတာ..” ဆာလောင်နေသည့်ဝိဉာဉ်ဟာ အလွန်ကြောက်ရွံ့နေခဲ့သည်။

ရှဲ့ချောင်အံ့ဩသွားသည်။ သူမ ထင်ထားသည်က မကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ပဲဆိုင်နေလိမ့်မယ်ဟု၊ သက်ရှိလူသားတွေပါ ပါဝင်နေလိမ့်မယ်မထင်ထားခဲ့။

“ပြောရရင်၊ ဒီည အဲဒီမျိုးဆက်ကရှိမနေဘူးဆိုတော့ ငါတို့ရောက်နေမှန်း နင်တို့ရဲ့အကြီးအကဲဝိဉာဉ် သိသွားရင်တောင် သူလာပြီး ငါတို့ကိုသတ်လို့မရဘူးပေါ့” ရှဲ့ချောင်ခပ်ရေးရေးပြုံးလိုက်သည်။

ယခုအချိန်၌ ညဟာ မှောင်မိုက်ကာ အုံ့ဆိုင်းနေသည်။အခုအချိန်၌ လှုပ်ရှားလို့မရသေး။ နေ့ဘက်ရောက်လျှင် သူတို့ရဲ့အင်အားက သိသိသာသာကိုအားနည်းနေလောက်သည်။

သို့သော် ထိုမျိုးဆက်က ဘယ်သူလဲဆိုတာတော့ ရှာရလိမ့်မည်ပေ။

•••••

အခန်း ၈၄၆။ တစ်သက်လုံးဖုံးကွယ်ထား

ဆာလောင်နေသည့်ဝိဉာဉ်၏ အသံဟာတဖြည်းဖြည်း အားပျော့လို့လာသည်။

ရှဲ့ချောင်၏ လူယုတ်မာအပြုံးကို ရှဲ့ဖင်းကန်းမြင်သည့်အခါ သူမကိုယ်သူမမေ့သွားမည်ကို စိုးရိမ်၍ “မေးစရာရှိတာမေးပြီးသွားပြီမလား, ဒါဆို တခြားဟာတွေကို မင်းစိတ်ပူစရာမလိုတော့ဘူး၊ မနက်ဖြန်ကျရင် ဆရာမမော့ကို ခေါ်ဖို့လူလွှတ်လိုက်မယ်၊ အဲ့ကျတော့မှ အခြေအနေကိုသူ့ကိုရှင်းပြလိုက်၊နောက်ပိုင်းကိစ္စကို သူ့ကိုပဲရှင်းခိုင်းလိုက်တော့”

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်ကာ “အစ်ကိုကြီးက ညီမလေးကိုဆို အသုံးမကျဘူးပဲထင်နေတာမလား..”

အခု သူမက အသုံးဝင်နေပြန်တော့လည်း.. ကိုင်တွယ်ခွင့်မပေးဘူး..

“မင်း အသက်ကဘယ်လောက်မလို့လဲ, ဒီလိုကိစ္စမျိုးက ဆရာမမော့ပဲကိုင်တွယ်သင့်တာ, တွေးပူမနေနဲ့!” ရှဲ့ဖင်းကန်းပြောလိုက်ပြန်သည်။

သူ ဒီလိုအရှက်မရှိတဲ့စကားတွေကိုပြောခဲ့သည်။

သူမကိုယ်တိုင် မကောင်းဆိုးဝါးဝိဉာဉ်တွေကိုဖမ်းဆီးစေချင်ပေမဲ့ သူမ မလုပ်နိုင်လောက်ဘူးဟုထင်နေဆဲ။ ကောင်းကင်ဘုံကြီးရယ်.. ရှဲ့ဖင်းကန်းကို အားပြင်းပြင်းနဲ့မိုးကြိုးတစ်ချက်လောက် ပစ်ချလိုက်စမ်းပါလား,

ရှဲ့ချောင် ဘာမှသိပ်မပြောခဲ့။ သူမ ဆာလောင် နေသည့်ဝိဉာဉ်ကိုဖမ်းဆီးရန်အတွက်အဆောင်စာရွက်တစ်ရွက်နှင့် ပုလင်းအသေးလေးတစ်လုံးကိုယူထုတ်လိုက်သည်။

တခြားဝိဉာဉ်များ မြင်ကြသည့်အခါ, သူတို့အနားကိုထပ်ပြီးကပ်မလာရဲကြတော့။ ဘေးပတ်ဝန်းကျင်မှာသာ ပြဿနာရှာဖို့ ကြိုးစားနေကြတော့သည်။

ထို့နေညက ထူးဆန်းသည့်အရာမှန်သမျှကို တွေ့မြင်ကြုံတွေ့ခဲ့ကြရသည်။

ရက်စက်သည့်‌တောရိုင်းကောင်များအပြင်ကို ည၏ ဒုတိယပိုင်းအချိန်လောက်၌ အဖြူရောင်ပန်းပွင့်တစ်စုသည် တောင်၏ဘယ်နေရာကနေမှန်းမသိ လွင့်မျောလာ၏။ ပန်းပွင့်များသည် လေထဲ၌ ဝိဉာဉ်မီးတောက်နှင့်အတူ ကခုန်နေကြသည်။ ပိုပြီးတောင် ခြောက်ခြားစရာကောင်းလှပေသည်။ ဤမြေပေါ်၌ တစ်ခုခုတော့လွဲနေတယ်ဆိုတာကို လူတိုင်းခံစားမိလိုက်ကြသည်။

နေထွက်လာသည့်အခါ လေတိုက်ခြင်းလည်း ရပ်တန့်

သွားခဲ့၏။

နေရောင်ဟာ တဖြည်းဖြည်းချင်းစီပေါ်လာနေကာ မြေပေါ်တွင် တောက်ပလို့နေသည်။ နေရောင်ကိုကြောက်သည့်ဝိဉာဉ်များက ပုန်းကွယ်ပြီးနေနေကြသည်။ ကျန်ရှိနေသည့်‌အကောင်များကလည်း အစွမ်းမရှိကြတော့။

ရှဲ့ချောင် ညည့်နက်ပိုင်း၌ နှစ်နာရီကျော်ကြာအိပ်ပျော်သွားခဲ့သည်။ သူမလည်း စိတ်အခြေနေကောင်းနေတာတော့မဟုတ်ပေမဲ့ လုံးဝမအိပ်ထားရသေးသည့် ဖုန်ယင်းယင်းထက်စာလျှင်တော့ကောင်းနေသေးသည်။

“ချောင်အာ ဆရာမမော့ဘယ်မှာရှိနေလဲသိလား” ကျောက်ရွှမ်ကျင်းက ဖုံးကွယ်ထားတဲ့အဓိပ္ပာယ်များနှင့် မေးလာလေသည်။

“သိတယ်လေ, ကြမ္မာဥယျာဉ်မှာ” ရှဲ့ချောင်က ပြန်ဖြေလိုက်သည်။

“ပေါက်ကရ” ရှဲ့ဖင်းကန်း ပြန်ငြင်းလေသည် “ငါမနေ့ညက တံခါးသွားခေါက်တော့ အဲ့မှာမရှိဘူး၊ ဆရာမမော့က ခြေရာတောင်မကျန်ဘဲပျောက်နေတာ. ဒီနေ့ရှာတောင်ရှာတွေ့ပါ့မလားမသိဘူး…”

ရှဲ့ဖင်းကန်း သူမကိုရှာလိမ့်မယ်ဟု ရှဲ့ချောင်မထင်ထားခဲ့။ သူမခဏလောက်စဉ်းစားလိုက်၍ “ အစ်ကိုကြီးက ညနက်သန်းခေါင်ကြီးတံခါးသွားခေါက်တာလေ. မသိတဲ့သူက ဓားပြလိုက်တိုက်တယ်ထင်မှာပေါ့၊ ဆိုင်ရှင်က ကြောက်လန့်ပြီး အမှန်အတိုင်းမပြောရဲတာနေမှာ။ နောက်မှ ညီမလေး ဆရာယွီရယ် ဖုန်ယင်းယင်းရယ်နဲ့အတူသွားပြီး ဆရာမမော့ကိုသွားခေါ်လိုက်မယ်၊ ဒီနေရာက မကောင်းဆိုးဝါးဝိဉာဉ်တွေက ယုတ်မာတဲ့ကောင်တွေ၊ သူတို့ကိုစောစောစီးစီးဖြေရှင်းထားရင်အကောင်းဆုံးပဲ၊ ဒါမှ နောက်တစ်ချိန် တခြားသူတွေကို အန္တရာယ်မပြုရဲမှာ”

တောထဲမှာ စောင့်ကြည့်နေမယ့်လူတစ်စုတော့ရှိမှဖြစ်မည်, မဟုတ်လျှင် ထိုမျိုးဆက်ဆိုတဲ့သူ ရောက်လာပြီး ‘အကြီးအကဲဝိဉာဉ်’ ကိုခေါ်ထုတ်သွားရင် ဘယ်လိုလုပ်မလဲ?

တခြားသူများသည်လည်း မကောင်းဆိုးဝါးဝိဉာဉ်များကိုမမြင်နိုင်ခဲ့။ ဝိဉာဉ်များသည် သူတို့စိတ်တိုင်းကျသွားလိုက် လာလိုက်‌လုပ်နေကြသည်။ တစ်ရက်လောက်နှောင့်နှေးသွားပါက အပြင်မှာ အသေအပျောက်တွေ ပိုပြီးများလာလိမ့်မည်ပေ။

သူမ တရားခံကိုအခုချက်ချင်းဖမ်းပစ်ချင်နေပေမဲ့ ကြမ္မာဥယျာဉ်ကို အရင်ပြန်သွားရဦးမည်။

သူမရဲ့ ကိရိယာတန်ဆာပလာတွေလိုအပ်သည်။

ဝိဉာဉ်အကြီးအကဲခေါင်းဆောင်သည် ဘယ်လောက်

ထိအင်အားကြီးမှန်း သူမ သေချာမသိ။ မ‌တော်တဆဖြစ်လာမှာကို ရှောင်ရှားနိုင်ဖို့အတွက်… သူမအကောင်းဆုံးလက်နက်ကို ပြင်ဆင်ထားရမှာပင်။

ရှဲ့ဖင်းကန်း သူမကိုမယုံခဲ့။

အဲ့တုန်းက ဆိုင်ရှင်ပြောလိုက်တဲ့ပုံစံက.. လိမ်နေတာနဲ့လည်းမတူပါဘူး..

သို့သော် သူတောင်ဘာမှမပြောရသေးခင် အိမ်ရှေ့စံမင်းသားက “ကောင်းပြီလေ, ဒါပေမဲ့ ဆရာ့ကို‌လမ်းမှာ‌ကောင်းကောင်းနားခိုင်းဖို့တော့ မမေ့နဲ့၊ အားပြည့်နေရင် မကောင်းဆိုးဝါးဝိဉာဉ်တွေဖမ်းတဲ့အချိန်ကျ ဘာမတော်တဆမှ ရှိလာမှမဟုတ်ဘူး”

အသွားအပြန်လုပ်ဖို့ဆို နာရီပေါင်းများစွာကြာမြင့်လိမ့်မည်။

သွားနေတဲ့လမ်းတစ်လျှောက် သူမ လှည်းထဲမှာအိပ်နေလို့ရသည်။

“ဒါဆို အခုသွားတော့မယ်၊ နေလည်းအရမ်းမမြင့်သေးဘူး...ဆရာမမော့ကိုစောစောလေးခေါ်နိုင်အောင် ကြိုးစားကြည့်လိုက်မယ်” ရှဲ့ချောင် ကျောက်ရွှမ်ကျင်းကိုပြုံးပြလိုက်သည်။ သူဟာသိက္ခာရှိပြီး သဘောထားပြည့်ဝကာ သိမ်မွေ့တဲ့သူဆိုပေမဲ့ သူ့ရဲ့မျက်လုံးထဲ၌ ကလိမ်ကကျစ်ကျမှုတွေရှိလို့နေ၏။

သူမရဲ့ သရုပ်မှန်ကို တစ်သက်လုံးဖုံးကွယ်ထားလို့ရလောက်ပါတယ်‌နော်?….

••••

အခန်း ၈၄၇။ ဂရုမစိုက်မိခြင်း

လူတိုင်းရဲ့ရှေ့၌ ရှဲ့ချောင်ဟာ သာမန်သခင်မလေးတစ်ယောက်ထက်မပို။

တစ်ခဏအကြာ၌ လှည်းတွင် မြင်းကိုတပ်ဆင်ပြီးသွားပြီး၍ ရှဲ့ချောင်သည် တခြားသခင်မလေးနှစ်ယောက်အပါအဝင် ကျို့ဝေ့ကျုံး, ချင်းကျီ, ဝမ်လန်ချန်းတို့နဲ့အတူပြန်သွားခဲ့ကြသည်။

ထိုနေရာကနေ ပြန်ထွက်သွားဖို့က အခက်အခဲမရှိခဲ့။

သို့သော် ယွီရှန်းက မနေ့ကသူမထားထားခဲ့သည့် အမှတ်အသားများကိုသတိထားမိလိုက်၏။

ရိုးရှင်းတဲ့လမ်းကြောင်းတစ်ခုဆိုတာ သိသာနေရဲ့

သားနဲ့ အပြင်ကိုမထွက်နိုင်ခဲ့တာကြောင့် သူမပိုပြီးသိချင်စိတ်ဖြစ်သွားမိသည်။

“ ရှဲ့သခင်မလေး, အဲဒီဆရာ‌မမော့ဆိုတဲ့သူက ဘယ်လောက်‌တောင်အင်အားကြီးတာလဲ?” ယွီရှန်းမေးလိုက်၏။

ဆရာမမော့အကြောင်းကို ပြောလိုက်သည်နှင့် ရှဲ့ချောင် ခေါင်းမော့လာကာ “သူက… သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကိုမြင်နိုင်စွမ်းရှိတဲ့ပညာရှင်တစ်ယောက်၊ ဝိဉာဉ်ဖမ်းတာ ၊ကံကြမ္မာဖတ်တာနဲ့ ဖုန်းရွှေကြည့်တာ.. ဘာမဆိုလုပ်နိုင်တယ်၊ နင်နောက်တစ်ချိန်ပြဿာနာတစ်ခုရှိလာရင် သူ့ကို ကြမ္မာဥယျာဉ်မှာသွားရှာလို့ရတယ်, ငါက သူနဲ့ရင်းနှီးတော့ နင့်ကိုဈေးအများကြီးတောင်းမှာမဟုတ်ဘူး”

ရှဲ့ချောင်ဟာ ပြောနေရင်းနှင့် သူမခြင်းတောင်းထဲက သစ်သားတံဆိပ်ပြားနှစ်ခုကို ယူထုတ်လိုက်ကာ ဖုန်ယင်းယင်းတို့အား တစ်ယောက်တစ်ခုစီပေးလိုက်

သည်။

“ဒီတံဆိပ်ပြားနဲ့ဆို ပထမဆုံးအကြိမ်သွားတဲ့အခေါက်မှာ ၁၀ ရာခိုင်နှုန်းလျှော့ဈေးတောင်ရဦးမှာ” ရှဲ့ချောင်၏ နွေးထွေးစွာပြုံးပြနေမှုက လူတွေကို နွေဦးလေပြေကြားမှာရောက်နေသလိုခံစားရစေသည်။

နှစ်ယောက်သားသည် သစ်သားတံဆိပ်ပြားကိုကြည့်လိုက်ပြီး ဘာမှထူးခြားနေတာမျိုး မခံစားကြရပေ။

သစ်သားသည်သာမန်သစ်သားအမျိုးအစားဆိုပေမဲ့ ထွင်းထုထားသည့်ပညာကတော့ မဆိုးလှ။ တကယ်တော့ ထိုသစ်သားနှစ်ခုပေါ်က ထွင်းထုပေါ်ပုံထားသည့်ပုံစံက ကွဲပြားနေ၏။

ဘာအဓိပ္ပာယ်မှန်းမသိသည့် သစ်ထွင်းစာအပြင် တခြားတစ်ဖက်၌ ပုံစံကွဲနေသည့် အမျိုးသားနှစ်

ယောက်ပုံကို ထွင်းထားသည်။

“ဒီသစ်သားပေါ်ကလူက ဘယ်သူလဲ” ယွီရှန်းက သစ်သားတံဆိပ်ပြားကိုညွှန်ပြရင်းမေးလိုက်၏။

မြင်းလှည်းပြတင်းပေါက်သည် ဖွင့်ထားတာဖြစ်၍ ကျို့ဝေ့ကျုံးက သစ်သားတံဆိပ်ပြားကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူက မြင်းစီးနေရင်းနှင့် ခေါင်းဆန့်ကာ “ကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်လို့ရမလား”

“ရတယ်လေ” ယွီရှန်းက သူ့ရဲ့ဝမ်းကွဲဆီတံဆိပ်ပြားကို ချက်ချက်းလှမ်းပေးလိုက်သည်။

ကျို့ဝေ့ကျုံးလှမ်းယူပြီးကြည့်လိုက်ရာ အံ့ဩသွားခဲ့သည်။

“ဒါဆရာကြီးလီမလား, အရှင့်သားရဲ့ဆရာ, လောက

မှာ နံပါတ်တစ်စာသင်သား…”

ရှဲ့ချောင်က နှုတ်ခေါင်းကိုကုတ်လိုက်ရင်း “ဆရာကြီးလီက ငါ့ရဲ့ဂိုဏ်းတူဒေါ်လေးရဲ့ဆရာဆိုလည်းဟုတ်တယ်လေ , သူ့ကိုသစ်သားပြားပေါ်မှာ ထွင်းထုထားပြီးလေးစားမှုကိုပြတဲ့အနေနဲ့နေ့တိုင်းဂါရဝပြုရတာ”

သူမထွင်းထုထားသည့်ပုံစံက အဝေးမှမြင်ကွင်းတစ်ခုပုံစံမျိုးဖြစ်၏။

ကျို့ဝေ့ကျုံး၏ မျက်လုံးအမြင်အာရုံက အတော်အားကောင်းလှ၏။ ဒီလိုဟာကိုတောင် မြင်နိုင်သည်။

“ဒီဟာကရော…” ဖုန်ယင်းယင်းမေးလိုက်သည်။

ရှဲ့ချေင် နေရခက်သွားသည့်ပုံဖြင့် “သူက… ငါ့ရဲ့ဆရာ မော့လင်းကျစ်၊ သူနဲ့ဆရာမမော့နဲ့က ဂိုဏ်းတူတပည့်တွေလေ”

“ဒါဆို ဒီဟာကို ဆရာမမော့ကိုယ်တိုင်ထွင်းထားထားတာပေါ့” ကျို့ဝေ့ကျုံးက ပြုံးလျက် “ဆရာမမော့ရဲ့အရည်အချင်းတွေက တကယ့်ကိုသာမန်ထက်ထူးခြားတယ်, ဒီလို သစ်သားထွင်းထုတဲ့အတတ်မျိုးဆိုတာ ရှားပါးတဲ့ဟာကိုတောင်မှ သစ်သားတံဆိပ်ပြားပေါ်မှာ လက်ရာမြောက်မြောက်နဲ့ပုံထွင်းနိုင်ခဲ့တာ, သူမရဲ့ လက်ရေးပညာနဲ့ ပန်းချီပညာကလည်း ကောင်းလောက်မယ်ဆိုတာ ပြောရဲတယ်”

“ဒီပစ္စည်းတွေကို သေချာသိမ်းထား, မပျောက်စေနဲ့ , ပြန်ပြင်တာမျိုးလည်းမလုပ်နဲ့၊ မဟုတ်ရင် နောက်တစ်ချိန်ကျတခြားသူတွေကိုပြလို့်မကောင်းဘူး” ရှဲ့ချောင်သည် ကျို့ဝေ့ကျုံးကိုလစ်လျူရှုထားပြီး သခင်မလေးနှစ်ယောက်ကိုသတိပေးလိုက်သည်။

သူတို့နှစ်ယောက်လည်း ဆရာမမော့ဆိုတာ

အထင်ကြီးစရာကောင်းတဲ့သူမှန်းသိကြတာကြောင့်

သစ်သားတံဆိပ်ပြားအား တန်ဖိုးထားပြီးသိမ်းထားခဲ့ကြသည်။

စင်စစ်, ရှဲ့ချောင်မှာ ကြမ္မာဥယျာဉ်မှာထားထားတဲ့သစ်သားတံဆိပ်ပြားတချို့ရှိနေသေးသည်။

အခုက တောင်းပန်တဲ့လက်ဆောင်အနေနဲ့ သူမရဲ့အန္တရာယ်ကင်းတံဆိပ်ပြားနှစ်ခုကိုပေးလိုက်ခြင်းသာ။

သို့သော် ကျို့ဝေ့ကျုံးက ယွီရှန်းကိုပြန်မပေးရသေးခင် ဝမ်လန်ချန်းကလှမ်းယူပြီးကြည့်ကြည့်လိုက်၏။

သစ်သားထွင်းထားသည့်ပုံစံကို မြင်ပြီး ဝမ်လန်ချန်းမျက်မှောင်ကြုတ်သွားသည်။

“ဒီလက်ရာက… နာမည်ကျော်ဆရာကြီးတစ်ယောက်

ရဲ့ အရမ်းကိုမှရှားတဲ့ပန်းချီနဲ့… ဆင်တူနေသလိုပဲ၊တော်ဝင်ကျောင်းတော်မှာလည်း ‘ရှင်သန်ခြင်းရဲ့ပျော်ရွှင်မှု’ ဆိုတဲ့‌တော်တော်လေး အံ့ဩစရာကောင်းတဲ့ ပန်းချီတစ်ခုရှိတယ်”

ရှဲ့ချောင် မျက်နှာထားတည်သွားခဲ့သည်။ “ဆရာမမော့က ပုံစံတူလိုက်ဆွဲရတာကို သဘောကျတတ်တော့..”

ထိုသို့တူညီသည့် ပန်းချီလက်ရာမျိုးကို ဈေးထဲမှာဝမ်လန်ချန်းရှာလို့မတွေ့ခဲ့။

ဒါဆို ဆရာကြီးယွင်ဝေ့ရဲ့ ပန်းချီဆွဲနည်းကိုအတုယူပြီး ဆရာမမော့ဖန်တီးထားတဲ့ လက်ရာပေါ့?

အဲလိုဆိုရင် ဆရာမမော့ရဲ့ ပန်းချီပညာက ဆရာကြီးယွင်ဝေ့လောက်နီးနီးရှိတယ်လို့ ဆိုလိုနေတာမလား?

လောကကြီးထဲမှာ အရည်အချင်းတူ, လက်ရာတူတဲ့ ဆရာနှစ်ယောက်ရှိတယ်ဆိုတာက ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ?

သူမရှေ့နောက်မကြည့်ဘဲလုပ်မိသွားသည်ဟု ရှဲ့ချောင်ခံစားလိုက်ရသည်။ ကြမ္မာဥယျာဉ်၌ရောင်းချသောပန်းပုလက်ရာအများစုမှာ အဆောက်အဦးပုံစံများ, သစ်သားရုပ်များဖြစ်၍ ရှောင်းယွိရုန်ကအများကြီးဝယ်သွားလျှင်တောင် ဆရာကြီးယွင်ဝေ့ရဲ့သရုပ်မှန်ကို သံသယဖြစ်လိမ့်မည်မဟုတ်။

ဒါပေမဲ့, ဒီ သစ်သားတံဆိပ်ပြားနှစ်ခုကျမှ…

သူမ ဂရုမစိုက်မိတာ!

•••••

အခန်း ၈၄၈။ မင်းရဲ့ ကြင်နာတဲ့သဘောထားကို ငါလက်ခံတယ်

ရှဲ့ချောင်ရဲ့မျက်နှာထားမှာ အနည်းငယ်ပူပင်သောကရောက်နေပုံပေါ်နေခဲ့သည်။

လက်ရေးလှပညာနှင့် ပန်းချီပညာမှာဆရာတစ်ဆူဖြစ်ဖို့ဆိုလျှင် မော့ချူးရှန်းက ငယ်လွန်းသေးသည်။ ဝမ်လန်ချန်းသာ ထိုအချက်ကိုရှာတွေ့သွားပါက သူမရဲ့ ပန်းချီတန်ဖိုးတွေက လျော့ကျသွားနိုင်ချေရှိနေပေသည်….

ဝမ်လန်ချန်းသည်လည်း မသိမသာသံသယဝင်နေမိ၏။

ဘာပဲဖြစ်ဖြစ်, ဤအရာဟာ သစ်သားပန်းပုလက်ရာသက်သက်သာဖြစ်ပြီး စာရွက်ပေါ်ကပန်းချီလည်းမဟုတ်။ ထင်မြင်ယူဆချက်လွဲသွားနိုင်တာ ပုံမှန်ပင်။

“ဆရာမမော့ကလည်း ဆရာကြီးယွင်ဝေ့နဲ့ ရင်းနှီးနေမယ်ထင်တယ်။ မဟုတ်ရင် ပန်းချီလက်ရာကိုဒီလောက်အတိုင်းအတာအထိ ကူးယူနိုင်မှာမဟုတ်ဘူး” ဝမ်လန်ချန်းက သစ်သားတံဆိပ်ပြားအား ယဉ်ယဉ်ကျေးကျေး ပြန်ပေးလိုက်ရင်း ဆိုလေသည်။

ဆရာမမော့နဲ့ ဆရာကြီးယွင်ဝေ့နဲ့က ရင်းနှီးတဲ့ဆွေမျိုးတွေများလား?

ကောလဟာလများအရဆိုလျှင် ဆရာကြီးယွင်ဝေ့ဟာ အသက်ရှစ်ဆယ်ရှိပြီးဖြစ်ကာ အတွေ့အကြုံလည်းအများကြီးရှိသည်။ ဒါကြောင့် သူ့ရဲ့ ပန်းချီများနှင့် သူရေးသမျှကဗျာတိုင်းဟာ လောကီရေးရာ အမြင်အာရုံခံစားချက် အငွေ့အသက်များ ပါနေခြင်းပင်။

လူအများထိုသို့ ပြောရခြင်းမှာလည်းအကြောင်းရှိသလို သူကိုယ်တိုင်လည်း ဆရာကြီးယွင်ဝေ့ရဲ့ ပန်းချီတချို့ကို လေ့လာဖူးသည်။ ဆရာကြီးယွင်ဝေ့၏ စုတ်ချက်များ၌ သူ့ရဲ့အားနည်းချက်များကို တစ်ခါတစ်‌လေ မြင်ရတတ်သည်။ ဒါကြောင့်လည်း ဆရာကြီးယွင်ဝေ့က အသက်ရှည်ရှည်ရတော့မှာမဟုတ်ဘူးဟု လူတိုင်းက ပြောနေကြခြင်းဖြစ်သည်။ ဈေးထဲ၌ ရောင်းချနေသည့် ပန်းချီများသည် နောင်တစ်ချိန်၌ နာမည်ကျော်ကြားလာမှာအသေချာပင်။

ရှဲ့ချောင် နှုတ်ခမ်းတို့ကိုစုဝိုင်း၍ ပြုံးလိုက်ကာ “ကျွန်မလည်း ‌ဒေါ်လေးမော့ရဲ့ကိစ္စတွေကိုတော့ သိပ်ပြီးတော့ မသိဘူးရယ်”

“ဆရာကြီးယွင်ဝေ့ရဲ့ ပန်းချီတွေအကုန်လုံးက အရမ်းအံ့ဩဖို့ကောင်းတယ်, သူ့ကိုတစ်နေ့ကျ ကိုယ်တိုင်တွေ့နိုင်ဖို့မျှော်လင့်မိတယ်” ဝမ်လန်ချန်းရဲ့ အမူအရာတို့က ရိုသေလေးစားမှုတို့ပါဝင်နေခဲ့သည်။

ရှဲ့ချောင်က ရုပ်သေဖြင့် ‘လိမ္မာတဲ့ကောင်လေး, မင်းရဲ့ ကြင်နာတဲ့သဘောထားကို ငါလက်ခံတယ်!’

“ရှဲ့သခင်မလေး, နင်မနေ့က လေစိမ်းနဲ့ထိထားတာဆိုတော့ နေလို့ရောကောင်းရဲ့လား, နင့်မျက်နှာနည်းနည်းနွေးနေသလိုပဲ” ယွီရှန်းက စိတ်ပူနေ၏။

ရှဲ့ချောင် ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ “ဆရာကြီးယွင်ဝေ့အကြောင်းတွေးမိရင် လေးစားအားကျမှုတွေအပြည့်ဖြစ်ရတယ်, ငါလည်းသူ့ကိုတွေ့ခွင့်ရမယ်ဆို အပျော်လွန်ပြီး စိတ်လှုပ်ရှားနေမိမှာ”

ယွီရှန်း နားမလည်နိုင်ခဲ့။

သူက အသက်ကြီးကြီးအဖိုးအရွယ်လောက်လေ၊ ဘာများ ကြည့်ချင်စရာရှိလို့လဲ? ရုပ်ချောချောလည်း

မဟုတ်.. ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်လည်းမဟုတ်ဘဲနဲ့။

ခဏတဖြုတ်စကားစမြည်ပြောကြပြီးနောက် သခင်မလေးသုံးယောက်သည် မျက်လုံးမှိတ်ကာ အနားယူကြတော့သည်။ သူတို့မျက်လုံးပြန်ဖွင့်လာသည့်အခါ မြို့တော်ထဲတောင် ပြန်ရောက်လာလေပြီ။

ဝမ်လန်ချန်းက သူ့ရဲ့လက်မထပ်ရသေးတဲ့ဇနီးနဲ့အတူ နေရစ်ခဲ့ပြီး ယွီရှန်းကတော့ ရှဲ့အိမ်တော်ကို ပြန်လိုက်သွားခဲ့သည်။

ရှဲ့ချောင်တစ်ယောက်တည်းသာ ကျို့ဝေ့ကျုံး၏ စောင့်ကြပ်မှုအောက်၌ ကြမ္မာဥယျာဉ်ဆီသွားခဲ့လေသည်။

ကြော့ရှင်းသည့် တာအိုဝတ်စုံကိုလဲဝတ်လိုက်ပြီးနောက် မျက်နှာသစ်, မျက်နှာချေနည်းနည်းလိမ်းကျံ၍ သူမမှာရှိသမျှပစ္စည်းတွေထဲက ကောင်းနိုးရာရာမှန်သမျှကိုရွေးယူကာ မြင်းလှည်းပေါ်တက်၍ ကျို့ဝေ့ကျုံးရဲ့ဦးဆောင်မှုနောက်ကနေ ထိုနေရာဆီပြန်သွားခဲ့သည်။

ကျို့ဝေ့ကျုံးသည် ဆရာမမော့အားကြည့်လိုက်၍, ဆရာမမော့တစ်ယောက် မျက်လုံးမှိတ်ထားရင်းအနားယူနေတာကိုမြင်သည့်အခါ အခြေနေကိုအရင်ဦးဆုံးရှင်းပြဖို့ပြင်လိုက်၏။

“ဘာမှထပ်ပြောစရာမလိုဘူး, ဒီတာအိုဆရာက သိထားပြီးသား” ရှဲ့ချောင်ရဲ့မျက်နှာထားက ခန့်မှန်းရခက်ကာ တည်ငြိမ်လို့နေလျက်။

ကျို့ဝေ့ကျုံးရဲ့မျက်နှာထက်၌ လေးစားမှုအပြည့်ဖြင့်

“‌ဆရာမမှာဖြေရှင်းဖို့နည်းလမ်းရှိလား”

“ရောက်ရင်သိလိမ့်မယ်” ရှဲ့ချောင်က ပိုပြီးခပ်တန်းတန်းဖြစ်နေလေသည်။

ကျို့ဝေ့ကျုံး ဂရုတစိုက်ခေါင်းညိတ်လိုက်၏။

ခရီးလမ်းတစ်လျှောက် ဘာမှမဖြစ်ခဲ့။ မြင်းများသည်အရှိန်မြန်မြန်ဖြင့်သွားနေခဲ့သည်။ မွန်းတည့်အကျော်၌ ရှဲ့ချောင်သည်သူမ မနေ့ညက ရှိခဲ့သည့်နေရာသို့ ပြန်ရောက်သွားခဲ့လေပြီ။

နေရောင်သည် တောက်ပစွာသာနေခဲ့၏။ တောထဲ၌ အပြင်လူများရှိနေ၍ပဲလားတော့မသိ၊ မကောင်းဆိုးဝါးဝိဉာဉ်များ ပုန်းနေခဲ့ကြကာ ဆူဆူညံညံလှုပ်ရှားနေမှုများကိုစောင့်ကြည့်နေခဲ့ကြသည်။

ဒါလည်းကောင်းတာပင်, သူမ တစ်ကောင်ချင်းစီကိုလိုက်ဖမ်းနေစရာမလိုတော့...

“ငါ အဲ့တစ်ယောက်အကြောင်းကြားဖူးတယ်, သူက မယုံကြည်နိုင်စရာကောင်းတယ်…ငါကြားဖူးတာ‌ေတာ့ထူးဆန်းတဲ့ တံခါးကိုတောင် ဖွင့်နိုင်တဲ့သူဆိုပြီး… မနေ့ကလာတဲ့သူထက်တောင် ပိုပြီးအစွမ်းထက်နေမလားမသိဘူး!”

“ အဲ့ အသက်ကြီးကြီးအရုပ်ဆိုးဆိုးစုန်းမက သူများကိစ္စမှာ ဝင်ပါနေတာ, အကြီးအကဲဝိဉာဉ်ကသူ့ကို သေချာပေါက်သတ်ပစ်မှာ!”

“သူ ငါ့ကိုကြည့်နေတယ်..”

မော့ချူးရှန်းသည် အတော်လေးနာမည်ကြီး၏။ မြို့တော်ကိုရောက်ဖူးတဲ့ မကောင်းဆိုးဝါးဝိဉာဉ်မှန်

သမျှ ကြမ္မာဥယျာဉ်ရဲ့ပိုင်ရှင်ဟာ သွားမရှုပ်သင့်တဲ့သူမှန်းသိကြသည်။ သူမစိတ်မကြည်နေရင်…အဆောင်စာရွက်က လေထဲမှာပျောက်ကွယ်သွားပြီး..သူတို့အတွက် ငိုဖို့တောင်အချိန်ရှိလိမ့်မည်မဟုတ်!

•••••

All Chapters