အခန်း (၈၄၉-၈၅၂)
Vol. 44 Ch. 849-852
အခန်း ၈၄၉။ သေချင်နေပြီလားမသိဘူး
စင်စစ်, မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာသည် ပြန်ဝင်စားနိုင်ဖို့ကို စောင့်မျှော်နေကြ၏။
သို့သော် မကောင်းဆိုးဝါးဝိဉာဉ်များဖြစ်လာကြပြီးနောက်, လူသားတွေထက်ပိုပြီး သိလာကြသည်။
ငရဲဆိုတာလည်း နေလို့ကောင်းတဲ့နေရာတစ်ခုမဟုတ်။ ကံကောင်းတဲ့သူများဆိုလျှင် သူတို့ရဲ့ကောင်းမှုအကျိုးပေးအရ ပြန်ဝင်စားနိုင်ကြသည်။ သို့သော် မကောင်းဆိုးဝါးဝိဉာဉ်အများစုကတော့ ပြန်မဝင်စားခင် အနည်းငယ်တော့ ဒုက္ခခံရမည်ဖြစ်ကာ သူတို့ရဲ့ဝဋ်ကြွေးကိုဆပ်ကြရသည်။ ထိုသို့မလုပ်လျှင်…. သူတို့ရဲ့နောက်ဘဝက အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်။
ထို့ကြောင့် အစွဲကျန်နေကြသေးသည့်
မကောင်းဆိုးဝါးဝိဉာဉ်များမှာ ကြောက်လန့်ကာပူပန်နေကြသည့်အတွက် သက်ရှိလူသားတွေရဲလောကထဲမှာ အချိန်အကြာကြီးဆက်နေနေကြခြင်းပင်။
လောကကြီးထဲ၌ မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိကြ၏။ စည်းမျဉ်းတွေကိုသာ မချိုးဖောက်လျှင် အန္တရာယ်ကင်းကင်းနေနိုင်လိမ့်မည်။
သို့သော်
ပြဿနာက သူတို့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တာပင်။
တစ်ခါက ယွီရွှီဘုရားကျောင်းမှ တာအိုဆရာကြီးသည် သူတို့နောက်ကနေလိုက်ပြီးမောင်းထုတ်ခဲ့ဖူး၏။ ကံကောင်းစွာဖြင့် မြန်မြန်ပြေးနိုင်ခဲ့၍, အထိအခိုက်မရှိခဲ့။
ဒါပေမဲ့ ပိုပြီးအင်အားကြီးတဲ့ဆရာတစ်ယောက်ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ကြပေ။
အဲဒီတာအိုဆရာကိုပဲကြည့်, သူ့ရဲ့ ယင်းယန်မျက်ဝန်းတစ်စုံက သူတိုကိုမြင်နိုင်နေတာ၊ သူတို့ လှုပ်ရှားချင်တယ်ဆိုလျှင်တောင် မလုပ်ရဲခဲ့ကြချေ။
ရှဲ့ချောင် ထိုနေရာကိုရောက်သည်နှင့် ဝိဉာဉ်ဆင့်ခေါ်ခေါင်းလောင်းကိုထုတ်ယူကာ အကြိမ်အနည်းငယ်တီးလိုက်၏။ သူမ နှုတ်ကနေရေရွတ်နေရင်းဖြင့် အဆောင်စာရွက်တစ်ရွက်ကို ပစ်လိုက်သည်။ တစ်ခဏအတွင်း သူမနဲ့အနီးဆုံးမှာရှိနေသည့် ဝိဉာဉ်ဟာ အဖမ်းခံလိုက်ရလေသည်။
“လမ်းပြ, ခိုင်းတဲ့အတိုင်းလုပ်နော်၊ ငါ့ရဲ့အဆောင်စာရွက်က မသက်ညှာတတ်ဘူး” ရှဲ့ချောင်ရဲ့ မျက်နှာဟာ ခံစားချက်ကင်းမဲ့နေလျက်။
ရှဲ့ချောင်ရုပ်အပြောင်းအလဲဖြစ်သွားတာကို ကျောက်ရွှမ်ကျင်းအနေနဲ့ ထူးဆန်းတယ်လို့မခံစားရ။
“ဆ-ဆရာမ!” မကောင်းဆိုးဝါးဝိဉာဉ်ဟာ ပါးစပ်အဟောင်းသားဖြစ်နေလျက် တဆတ်ဆတ်တုန်နေလေပြီး “ဘယ်.. ဘယ်နေရာ”
“အကြီးအကဲဝိဉာဉ်ရဲ့ နေရာကိုရှာဖို့. အဲဒါက ခေါင်းတလားလား.. ဂူလား? တစ်နေရာရာမှာတော့ ရှိမှာပဲ ဟုတ်တယ်မလား” ရှဲ့ချောင် ဖြည်းဖြည်းချင်းစီပြောလိုက်ကာ ယုံကြည်ချက်အပြည့်ရှိပုံပေါ်လေသည်။
သူမရဲ့ ပြောပုံဆိုပုံတွေက ရှဲ့ဖင်းကန်းအား ပြဿနာဖြေရှင်းနိုင်သွားပြီလို့ ခံစားရစေခဲ့သည်။
“ငါ.. ငါ”
မကောင်းဆိုးဝါးဝိဉာဉ်မှာ တုံ့ဆိုင်းနေလျက်။
သို့သော်, ချက်ချင်းဆိုသလို ဆရာမမော့ပစ်လိုက်သည့်အခြားအဆောင်စာရွက်တစ်ရွက်သည် ခပ်ဖျော့ဖျော့မီးတောက်နဲ့အတူ ပေါက်ကွဲသွား၏။ မီးတောက်က သူ့ရဲ့ကိုယ်ကို လောင်မြိုက်သွားစေခဲ့သည်။
“ဟုတ်ပါတယ်” သူ အမြန်ဝန်ခံလိုက်သည်။
ရှဲ့ချောင် ကျောက်ရွှမ်ကျင်းကို ကြည့်လိုက်၏။ “သွားကြစို့, သူတို့ရဲ့ အသိုက်ကိုအရင်သွားရှာပြီး အခြေနေကို အနီးကပ်သွားကြည့်ရအောင်”
အစောင့်ရဲမက်များ၌ ယန်စွမ်းအင် အလုံအလောက်ရှိသည်။ ယန်စွမ်းအင် လျော့နည်းနေသူဆိုလို့ ချင်းကျီ တစ်ယောက်တည်းသာ။ သူ့ကိုတော့ မြို့တော်ကိုပြန်ပို့လိုက်ကြသည်။
သို့တိုင် လုံခြုံစိတ်ချစေရန်အတွက် ရှဲ့ချောင်က တစ်ယောက်ချင်းစီကို အဆောင်စာရွက်တချို့ ပေးခဲ့၏။
စစ်စစ်, ထိုအစောင့်ရဲမက်များမှာ ဆရာမမော့ မရောက်လာသေးခင်က တောင်ကိုရှာဖွေချင်နေကြပေမဲ့ အိမ်ရှေ့စံမင်းသားက ခွင့်မပြုခဲ့ပေ။
အိမ်ရှေ့စံမင်းသားရဲ့ ပြောပုံအရဆိုလျှင် ဤနေရာကအနက်ရောင်စွမ်းအင်များဖြင့်ပြည့်နေပြီး ယင်းယန်သဘောကို သူတို့နားမလည်ကြ။ မထိသင့်သည့်အရာတစ်ခုကိုသာ မတော်တဆသွားထိမိခဲ့ပါက မကောင်းတာတွေဖြစ်လာလိမ့်မည်။
တောရိုင်းကောင်အသားပိုင်းတချို့ကို ချက်ပြုတ်စားသောက်ပြီးကြပြီဖြစ်ကာ ကျန်နေတဲ့အသားပိုင်းများကို မြင်းပေါ်မှာချည်ပြီးချိတ်ထားကြသည်။
အစောင့်နှစ်ယောက်က ပစ္စည်းများကို စောင့်ကြည့်ဖို့
နေရစ်ခဲ့ကာ ကျန်တဲ့သူများက ရှဲ့ချောင်နောက်ကိုလိုက်သွားခဲ့ကြသည်။
“ဆရာမမော့, ဆရာမတို့ရဲ့ တာအိုဘုရားကျောင်းကလူတွေက.. မသန့်စင်တဲ့အရာတွေကိုတွေ့တိုင်း တရားမျှတမှုအပြည့်ရှိကြတာလား” ခြေလှမ်းအနည်းငယ် လျှောက်ပြီးတဲ့နောက် ရှဲ့ဖင်းကန်းက တွေးမိသွားပြီး မေးလိုက်၏။
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။ “အနည်းနဲ့အများပေ့ါ”
အတတ်ပညာကို သင်ယူပြီးတဲ့နောက်, သူမ အနေနဲ့ တချို့အရာများကို တာဝန်ယူရလိမ့်မည်။
သူမရဲ့ ဘယ်နေရာမှာမကောင်းသည့်ဆရာ, လူအိုကြီးတောင်မှ နှစ်စဥ်နှစ်တိုင်း ကောင်းမှုတချို့တော့
လုပ်ရသည်။ မဟုတ်လျှင် သူ့ရဲ့ပညာတွေက ဖြုန်းတီရာရောက်သွားမည်လေ။
“ ကျွန်တော့်ညီမလေးက မွေးလာကတည်းက ကျန်းမာရေးမကောင်းဘူး, နေ့ရက်တိုင်းကို သူ့ရဲ့နောက်ဆုံးနေ့လိုမျိုး နေနေရတာ။ ဆရာမသူ့ကို အဲ့ကိစ္စနဲ့ပတ်သက်ပြီး အရမ်းကြီးစိတ်ထဲမထားအောင် နည်းနည်းပါပါးသင်ပြပေးလို့ရမလား” ရှဲ့ဖင်းကန်းဟာ အရေထူသူတစ်ယောက်ဖြစ်၏။ “ ကျွန်တော် ကပ်စီးနည်းပြီး တစ်ကိုယ်ကောင်းဆန်တာတော့မဟုတ်ဘူး၊ သူက ငယ်ငယ်ကတည်းက ပုံမှန်မဟုတ်တဲ့ဘဝနဲ့နေလာရတာလေ, ဟိုလူအိုကြီးနောက်ကိုပဲ အကြာကြီးလိုက်လာခဲ့တာ၊ အခု သူမအိမ်ပြန်ရောက်လာပြီဆိုတော့. ဒီအတိုင်း ချမ်းသာတဲ့သခင်မလေးတစ်ယောက်လိုမျိုးနေပြီး အိမ်ထောင်ပြု၊ ကလေးမွေး.. အဲ့လိုမျိုးလေးနေသွားဖို့ မျှော်လင့်မိတယ်”
ရှဲ့ဖင်းကန်းရဲ့ နူးနူးညံ့ညံ့ပြောဆိုနေသည့်ပုံစံမျိုးကို ကြားရဖို့ရာ အတော်လေးရှားပါး၏။ ရှဲ့ချောင်
အပြစ်ရှိစိတ်တောင်ဝင်သွားမိသည်။
သို့သော် သူမတောင် ကြည်နူးလို့မဝသေး၊ ရှဲ့ဖင်းကန်းပြောလိုက်သည်က “အဲ့ကောင်မလေးက မဆင်မခြင်နဲ့...သေချင်နေတာလားမသိဘူး မနေ့က ဘာမှမသိတဲ့သခင်မလေးနှစ်ယောက်ကို ဒီနေရာဆီခေါ်ချလာတယ်လေ.. ”
•••••
အခန်း ၈၅၀။ ကံအကျိူးပေးမကောင်း
ရှဲ့ဖင်းကန်းလည်း တကယ်ကိုမကျေမနပ်ဖြစ်နေမိ၏။
သူဟာ လူပိန်းတစ်ယောက်မဟုတ်၊ သူ့ရဲ့ မိုက်မဲတဲ့ညီမလေးက တကယ်စွမ်းဆောင်ရည်ရှိတယ်ဆိုတာကိုသူသိသည်။ ကံကြမ္မာလည်း ဖတ်ပေးနိုင်သလိုဝိဉာဉ်လည်းဖမ်းနိုင်သည်။ မကောင်းဆိုးဝါးဝိဉာဉ်တွေကို ကြောက်တယ်ဆိုပေမဲ့ သာမန်မိန်းကလေးတွေထက်တော့ လုပ်ရဲသေးသည်။
ဒါပေမဲ့ စွမ်းဆောင်ရည်ရှိတဲ့လူတစ်ယောက်ဆိုတိုင်း မကောင်းဆိုးဝါးဝိဉာဉ်တွေကိုဖမ်းဖို့နဲ့ မိစ္ဆာတွေကိုသတ်ဖို့အတွက် ဒုက္ခခံနေစရာလိုလို့လား?
သူမက ဆရာမမော့လို နှစ်၃၀, ၄၀ အထိနေလာခဲ့တဲ့သူတစ်ယောက်မဟုတ်သလို ထိပ်တန်းတာအိုဆရာ
တစ်ယောက်လည်းမဟုတ်။
သူမ(မော့ချူးရှန်း)က အဖြစ်အပျက်မှန်သမျှကိုမြင်ခဲ့ဖူးသည်။ သူမ သေသွားလျှင်တောင် သေတယ်ဟုမှတ်လိုက်ရုံသာ။ သူမအတွက် စိတ်မကောင်းဖြစ်ပေးနေစရာမလို။
သူ့ညီမလေးသည်တော့ ပန်းလေးတစ်ပွင့်လိုနုပျိုငယ်ရွယ်သေးသည်။ ရုပ်ရည်လေးလည်း မဆိုးလှ။ အိမ်ရှေ့စံမင်းသားလို ခင်ပွန်းကောင်းတစ်ယောက်ရှာတွေ့ဖို့ဆိုတာလည်း လွယ်ကူတဲ့အရာမဟုတ်။ သူမထိုအရာများကို တန်ဖိုးထားရမည်။ သူမဆီမှာ ဘာတစ်ခုမှ အဖြစ်မခံနိုင်ပါပေ!
အန္တရာယ်တွင်းထဲ တိုးဝင်တယ်?
အကြိမ် တစ်သောင်းလောက်ထိကို သူကန့်ကွက်ပါ၏!
“ရှဲ့သခင်လေး…ဒီကိစ္စက, ညီမဖြစ်သူရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ပဲသတ်ဆိုင်ပါတယ်” ရှဲ့ချောင် ကျောက်ရွှမ်ကျင်းကို လှမ်းကြည့်လိုက်ကာ သက်ပြင်းချ၍ ပြောလိုက်၏။
“အိမ်မှာဆိုရင်, သူ့အဖေနဲ့အစ်ကိုရဲ့စကားကို နားထောင်ရမယ်, လက်ထပ်ပြီးရင်လည်း သူ့ယောကျာ်းရဲ့စကားကို နားထောင်ရမယ်၊ သူ့ဆန္ဒတွေ ဘာတွေက အရေးမကြီးနေဘူး!”
ရှဲ့ဖင်းကန်းက နွားထီးအိုကြီးအလား တရှူးရှူးတရှဲရှဲဒေါသထွက်နေ၏။
ဒီ ရှဲ့ဖင်းကန်းကတော့ အရိုက်ခံချင်လို့ဒီလိုစကားတွေပြောနေတာလား!
“သူ့(မ)က ကံအကျိုးပေးကောင်းတာမဟုတ်ဘူး, ကောင်းမှုမလုပ်ဘဲနေရင် သူမ သေသွားရမှာလေ, ရှဲ့
သခင်လေးက ဒါတွေကိုနားမလည်ပါဘူး” ရှဲ့ချောင် ရှဲ့ဖင်းကန်းအားမျက်လုံးလှိမ့်ပြလိုက်သည်။
ရှဲ့ဖင်းကန်း ခဏတာနှုတ်ဆိတ်သွားခဲ့ကာ။ “ကံအကျိုးပေးကောင်းအောင်လုပ်ဖို့အတွက်က အဲ့တစ်နည်းပဲရှိတာလား, ကျွန်တော်တို့က လူသားတွေလေ, ကျွန်တော့်ညီမရဲ့ဘဝကျမှ ဘာလို့အဲလောက် ကံဆိုးနေရတာလဲ, ဖြစ်နိုင်တာက….”
“ ကျွန်တော့်မိဘတွေရဲ့ အဖိုးအဖွားတွေက မကောင်းတဲ့လုပ်ရပ်တွေအများကြီးလုပ်ခဲ့လို့.. သူမကအဲ့လို ဝဋ်ကြွေးခံနေရတာလား၊ မဟုတ်သေးဘူး, သူမက ငယ်ငယ်လေးရှိသေးတာ၊ မိသားစုမျိုးရိုးကို ဆက်ခံနိုင်မယ့်သူလည်းမဟုတ်ဘူး.. အပြစ်ပေးခံရမယ်ဆိုရင်တောင် ခံရတဲ့သူက ကျွန်တော်ပဲဖြစ်ရမှာလေ.. ဟုတ်တယ်မလား၊ ဒါမှမဟုတ်လည်း ကျွန်တော့်မှာညီတစ်ယောက်ရှိသေးတယ်.. အဲ့ကောင်က အသုံးကျတာမဟုတ်ဘူး. သူ့ကိုပဲ အဲ့မျက်လုံးတစ်စုံနဲ့ အားနည်းတဲ့ခန္ဓာကိုယ်ကို ပေးလိုက်ပါတော့လား..”
ရှဲ့ချောင် သည်းမခံနိုင်တော့လုနီးနီးဖြစ်သွားခဲ့သည်။
မဖြစ်ဘူး!
“ဝန်ကြီးရှဲ့, ဝဋ်လည်တယ်ဆိုတဲ့ကိစ္စက အဓိပ္ပာယ်မရှိဘူး” ကျောက်ရွှမ်ကျင်းထပ်ပြီးသည်းမခံနိုင်တော့။
“ရှဲ့သခင်မလေးက ထက်မြက်တဲ့သူတစ်ယောက်အနေနဲ့ မွေးလာတာကို ကောင်းကင်ဘုံကြီးကမြင်လို့ သူ့(မ)ကို တာဝန်ကြီးတချို့ပေးလိုက်တာပဲနေမှာပါ..”
“ဒါက ….” အဓိပ္ပာယ်မရှိဘူးလေ
ရှဲ့ဖင်းကန်းသည် ပထမစကားနှစ်လုံးကိုသာ ပြောလိုက်နိုင်၏။ ပြောသူက အိမ်ရှေ့စံမင်းသားဆိုသည်ကို သတိရလိုက်သည့်အချိန် နောက်ဆုံးစကားလုံး
များကို ပြန်မျိုချလိုက်ရသည်။
လောကကြီးမှာ ထက်မြက်တဲ့သူတွေမှ အများကြီး၊ တော်ဝင်ကျောင်းတော်ထဲမှာဆိုရင်လည်း ဆရာတွေအပြည့်၊ အကုန်လုံးကို တော်ပြီးစွမ်းဆောင်ရည်ရှိကြတဲ့သူတွေချည်း!
ပြောရမယ်ဆို အိမ်ရှေ့စံမင်းသားကတောင် မွေးရာပါပါရမီရှင်တစ်ယောက်မဟုတ်ဘူးလား?
အိမ်ရှေ့စံမင်းသားဆိုတဲ့ ကြီးမြတ်တဲ့သူ, သူ့ညီမက ဘာမှတောင်မဟုတ်ဘူး, ဘာလို့ သာမန်မိန်းကလေးတစ်ယောက် မဖြစ်နိုင်ရတာလဲ?
ငရဲမင်းက မျက်လုံးကန်းနေတာပဲနေမှာ.. သူ့မျက်လုံးကို ရှဲ့ချောင်ဆီထည့်ပေးလိုက်တာဆိုတော့...
“အရှင့်သားပြောတာမှန်တယ်…” ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံအား အရင်ဆုံးမျက်နှာချိုသွေးပြီးနောက် ရှဲ့ချောင်ဘက်လှည့်၍ “ဆရာမမော့.. တကယ်လို့ကျွန်တော့်မိသားစုက အနာဂတ်မှာ စားရတွေလှူမယ်, တံတားတွေဆောက်၊လမ်းတွေပြင်၊ သူပုန်တွေကို နှိမ်နင်းတာလိုမျိုး ကောင်းမှုတွေအများကြီးလုပ်ရင် ညီမလေးရဲ့ ကျန်းမာရေးကောင်းလာမှာလား?”
“မသိဘူး” သူမ တခြားအခြေအနေတွေကို အဖြေပေးနိုင်ပေမဲ့ သူမရဲ့ကိုယ်ပိုင်ပြဿနာကိုတော့ အဖြေရှာမရပေ။
“ကောင်းတာတော့ ကောင်းပေမဲ့ ဝိဉာဉ်တွေလွှတ်ပေးတာလောက် မကောင်းတော့…” ရှဲ့ချောင်ရဲ့အသံတိုးသွားခဲ့သည်။
“မဟုတ်သေးဘူး” ရှဲ့ဖင်းကန်း ခေါင်းရမ်းလိုက်သည်။ “သခင်မလေး တစ်ယောက်တစ်နေကုန်တစ်နေခမ်း ဝိဉာဉ်တွေနဲ့နှစ်ပါးသွားနေတာက ကိစ္စမရှိပေ
မဲ့.. အသက်၃၀ ၄၀ အရွယ်လောက်ရောက်တဲ့အချိန်ကျ, ဆရာမမော့လိုဖြစ်….”
“အဟမ်း!” ကျောက်ရွှမ်ကျင်း အချက်ပြလိုက်သည်။
ရှဲ့ဖင်းကန်း ပြန်ထိန်းကာ “ဆရာမမော့ကို ကျွန်တော်အထင်သေးတာမဟုတ်ပါဘူး, ဒါပေမဲ့…. ဆရာမမော့ခရီးတွေပတ်သွားတဲ့အချိန်ဆို အနားမှာစောင့်ရှောက်ပေးမယ့်သူတစ်ယောက်မှမရှိဘူးလေ.. ဟုတ်တယ်မလား၊ အပြင်သွားတဲ့အချိန်ကျ တော်တော်လေးဒုက္ခခံရမှာ…”
တာအိုဆရာများသည် များသောအားဖြင့် ခံစားချက်ကင်းမဲ့နေကြကာ လူသားတစ်ယောက်နှင့်မတူ။
သခင်မလေးတစ်ယောက်ဆိုတာ ခံစားချက်နှင့်အမူအရာမျိုးစုံရှိသင့်သည်။ ဆရာမမော့လို လမ်းလျှောက်နေတဲ့အလောင်းကောင်လိုမျိုးသာဆို
ရင်တော့ သေသွားတာမှကောင်းဦးမည်။
ဒါတင်မက, ဆရာမမော့သည် အသက်၃၀, ၄၀ လောက်သာရှိသေးပေမဲ့ လူသေလိုလို ရှင်နေတဲ့သူလိုလိုနေနေသည်။ အသက်ကြီးလာတဲ့တစ်ချိန်, ပိုပြီးတောင် အကြင်နာတရားမဲ့လာဦးမည်မဟုတ်လား?
မဖြစ်ဘူး! သူ့ညီမ လုံးဝ အဲ့လိုမျိုးဖြစ်သွားလို့မရဘူး!
•••••
အခန်း ၈၅၁- ဂုဏ်သိက္ခာရှိရှိ သေဆုံးခြင်း
ရှဲ့ဖင်းကန်း၏ အတွေးများက သာမန်လူများနှင့် မတူ။
အသက်ရှင်သန်နေခြင်းက အဓိပ္ပါယ်မရှိဟု သူထင်သည်။
ရှဲ့ချောင် သည် သူမဘဝအတွက် တာအိုဆရာမမော့ကဲ့သို့ပင် မကောင်းဆိုးဝါးဝိညာဉ်များကိုဖမ်းရန် အဆက်မပြတ်အားကုန်ထုတ်ကြိုးစားရပေမည်။ ဝိညာဉ်များကိုကယ်တင်ရန်အတွက်လည်း သူမကတော်တော်လေးအားနည်းရှာသည်။ တကယ့်ကို သနားစဖွယ်ပင်။
သူ့ညီမကိုအိမ်တွင်ပင် ပျော်ပျော်ရွှင်ရွှင်နေစေလိုသည်။ သူမ မပျော်ရွှင်တော့တဲ့အခါ ဝေဒနာအကြီးအကျယ်ခံစားနေရတာထက် သူမကို မြန်မြန်
သေစေချင်သည်။
ရှဲ့ဖင်းကန်းသည် ဆရာမမော့ခံစားရပုံကို အမှန်ပင် နားလည်နိုင်သည်။
တစ်ခါတရံ ဆရာမသည် မကောင်းဆိုးဝါဝိညာဉ်များကို မြင်သောအခါ သူမ၏ မျက်လုံးများသည် စိတ်ပျက်မှုတို့နှင့် ပြည့်နှက်နေသည်ကို မျက်စိရှိသူတိုင်း မြင်နိုင်ပေသည်။
အထူးသဖြင့် ရွှင်းပြည်နယ်သို့သွားရာလမ်းတွင် သူမကို မကောင်းဆိုးဝါးကိုယ်လုပ်တော်ပေါင်းများစွာရဲ့ဝိညာဉ်များ စိုက်ကြည့်နေချိန်တုန်းက သူမသည် အန်ထွက်လုနီးပါးပင်။
သူ့ညီမသာဒီလိုဖြစ်ခဲ့ရင်…
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်၏ မျက်နှာလေးကို တွေးနေမိသည်။ သူလက်မခံချင်ပေမဲ့ သူ့ညီမလေးက လှပချောမောတယ်ဆိုတာကို သူသိသည်။ ဒီလို လှပချောမောတဲ့မိန်းမပျိုလေးအား မကောင်းဆိုးဝါးဝိညာဥ်များ မြင်အောင်မပြသင့်ပေ။
ယခုအချိန်တွင် ရှဲ့ချောင်သည် ရှဲ့ဖင်းကန်း၏ အတွေးထဲ ပြင်းပြင်းထန်ထန်ကိုနေရာယူလျက်ရှိနေ၏။
ဒီအတိုင်းသာဆိုရင် အသက် ၃၀ ၊ ၄၀ အရွယ်ရောက်လာတဲ့အခါ သူမ စိတ်ဆင်းရဲနေရမှာမလား။
ရှဲ့ချောင်သည် အသက်ပြင်းပြင်းရှူပြီး ဒေါသမထွက်စေရန် အစွမ်းကုန်ကြိုးစားနေရ၏။ သူမ ဟန်ဆောင်ပြုံးပြီး ပြောလိုက်သည်။
"သခင်မလေးရှဲ့က ဒီလိုဆင်းရဲမွဲတေနေတဲ့ ဆရာမနဲ့
ကောင်းတဲ့အရာတွေ လုပ်နေတာ ဘာဖြစ်မှာမလို့လဲ။ သေသွားတာထက် အသက်ရှင်နေရတာက ပိုကောင်းပါတယ်။ သူမရဲ့ သက်တမ်းကို ရှည်အောင်ဆွဲဆန့်ထားနိုင်သရွေ့တော့ စျေးကောင်းပေးရတာ ထိုက်တန်ပါတယ်။”
“အဲဒါက သိပ်မမှန်ဘူး”
ရှဲ့ဖင်းကန်းသည် ပညာရှိပုံစံဖြင့် ပြောလာ၏။
“ဒါက သဘာဝတရားကို ဆန့်ကျင်နေတယ်လို့ ကျွန်တော် ထင်တယ်။ ရက်နည်းနည်းလောက်ထပ်ပြီးအသက်ဆက်ရှင်နိုင်ဖို့ အားကုန်ထုတ်ကြိုးစားနေရတဲ့အပြင် မကောင်းဆိုးဝါးဝိညာဉ်တွေကြောင့်သေရမှာကိုလည်းကြောက်ရွံ့နေတာထက်စာရင် စောစောသေပြီး လူပြန်ဝင်စားတာက ပိုကောင်းတယ်လေ။ ဘယ်သူသိမလဲ။ နောက်ဘဝမှာလည်း သူမက ကျွန်တော်တို့မိသားစုဝင်ဖြစ်နိုင်သေးတာပဲလေ။ ”
ရှဲ့ချောင်သည် ထိုစကားကြောင့် အံ့အားသင့်သွား
သည်။
ဒီတော့ သူမအစ်ကိုအရင်းဆိုလိုတာက သူမကို ‘စောစောသေခွင့်ပြုလိုက် ပြီးရင် ရှဲ့မိသားစုထဲမှာ လူပြန်ဝင်စား’ အဲလိုမျိုးလား။
ဆုတောင်းနေလိုက်လေ! သူမအကိုကရက်စက်လွန်းတယ်…
အသေအချာပင်။ သူ့ထံ အမှန်တရားအား ဖုံးကွယ်ထားသည်က မှန်သည်။
မဟုတ်ရင်တော့ သူမရဲ့ ကြမ္မာဥယျာဉ်ကိုတောင် လည်ပတ်နိုင်မှာ မဟုတ်လောက်ဘူး!
"ဝန်ကြီးရှဲ့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား" ကျောက်ရွှမ်ကျင်း သည် ရှဲ့ချောင်၏တိတ်ဆိတ်ပြီး သနားစရာကောင်းသောအကြည့်ကိုမြင်သောအခါ မ
နေနိုင်တော့ဘဲ ရှဲ့ဖင်ကန်းအား မေးလိုက်သည်။
ဤမောင်နှမနှစ်ဦးမှာ တစ်ယောက်ထက်တစ်ယောက် ပို၍ပင် ရန်ထောင်နေကြသည်။ ရှဲ့ချောင် ထပြီးရိုက်နှက်ပစ်ရန် ထူးဆန်းစွာကြံနေချိန် ရှဲ့ဖင်းကန်းကတော့ ရိုးရှင်းစွာပင် အရူးတစ်ယောက်ဖြစ်နေခဲ့သည်။
"အရှင့်သား၊ ကျွန်တော်ဆိုလိုချင်တာက အဲလိုမဟုတ်ပါဘူး" ရှဲ့ဖင်းကန်း က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။
"ဝန်ကြီးရှဲ့ မှာ တစ်ယောက်တည်းအထီးကျန်ရမယ့် ကံကြမ္မာရှိတယ်မဟုတ်လား။ ဇနီးတစ်ယောက်နဲ့လက်ထပ်လို့မရတဲ့ကံတရားလေ။မိသားစုမျိုးရိုးကိုတောင် ဆက်မပြန့်ပွားနိုင်တော့တာ။ အသက်ရှင်နေတာနဲ့ သေသွားတာလည်း သိပ်ကွာခြားမှုမရှိပါဘူး။” ကျောက်ရွှမ်ကျင်းသည် တရားမျှတပြီး ကျိုးကြောင်းဆီလျော်ပုံပေါ်သည်။
ရှဲ့ချောင်ခေါင်းညိတ်လိုက်သည်။ "မှန်တယ်။"
ဆိုရိုးစကားအတိုင်း၊ ဘယ်အရာကိုမှ မကျော်ဖြတ်နိုင်စရာမရှိပါဘူး။ သူမ အကြောက်ဆုံးသူက လူတွေကို ဘယ်လိုရိုက်ရမယ်ဆိုတာပဲသိတဲ့ ဒီယုတ္တိမရှိတဲ့ အကြီးဆုံးအစ်ကို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကောင်းကောင်းကြီးကိုကိုင်တွယ်နိုင်လိုက်တာပဲ အရှင့်သား…
“အဲဒါက မတူပါဘူး။ ကျွန်တော့်မှာ ဇနီးတစ်ယောက်မှမရှိမှာကို မကြောက်ဘူး။ ဒါပေမယ့် ကျွန်တော့်ညီမလေးကတော့ မကောင်းဆိုးဝါးဝိညာဉ်တွေနဲ့ ရွံစရာကောင်းတဲ့အရာတွေကို ကြောက်တတ်တယ်။ အရှင့်သား၊ သူမခြံဝန်းကို မမြင်ဖူးသေးလို့ပါ။ ကောင်းကင်ဘုံလိုမျိုး ပန်းတွေ၊အပင်တွေနဲ့ တန်ဆာဆင်ထားပြီး သူမကိုယ်ပေါ်မှာ ဖုန်တစ်မှုန့်တောင်မရှိဘူး။ ကျွန်တော် ချွေးနံ့တွေနဲ့အိမ်ပြန်လာခဲ့ရင်တောင်
သူမကကျွန်တော်နဲ့ ဆယ်ပေကျော်လောက် ဝေးဝေးမှာပဲ နေချင်တာ…”
ရှဲ့ဖင်းကန်းသည် မနေနိုင်တော့ပဲ ရှဲ့ချောင်အားအလှမွေးထားသကဲ့သို့ပြုစုစောင့်ရှောက်ထားပုံကို ပြောပြနေလေသည်။
ရှဲ့ချောင်သည် သူမကိုယ်သူမ ထိုမျှလောက် အမှန်တကယ် ဂရုမစိုက်ပါချေ။
ခြံဝန်းအတွင်းအလှဆင်ထားသည်များမှာ အလွန်ပင်ရိုးရှင်းလှသည်။ ထိုပန်းများမှာ…
အိမ်ရှေ့စံမင်းသား ပေးခဲ့တာပင်။
သူမနှင့်ဘာမှမဆိုင်ပေ။
“ဝန်ကြီးရှဲ့က မကောင်းဆိုးဝါးဝိညာဉ်ထက် ပိုကြောက်စရာကောင်းပြီး အနံ့အသက်လည်း ပိုပြင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီဘဝက ချောင်အာအပိုင်ပဲလေ။ အစ်ကိုကြီးအနေနဲ့ ကိုယ့်ကိုကိုယ်သာ အရင်ဂရုစိုက်လိုက်ပါ"
ကျောက်ရွှမ်ကျင်း သည် ရှဲ့ချောင်၏ စိတ်အားထက်သန်သောအမူအရာကိုကြည့်ကာ ချက်ချင်းပြောလိုက်သည်။
ရှဲ့ချောင် ခေါင်းညိတ်ကာ။
"မှန်တယ်။"
ရှဲ့ဖင်းကန်းက ‘ဟွန့်'ခနဲအသံပြု၍ ထေ့ငေါ့လိုက်သည်။
အိမ်ရှေ့မင်းသားသည် ရှဲ့ချောင်နှင့်အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပေသည်။ သူနားမလည်နိုင်ပေ။ သူ့ညီမက မာနကြီးကာအထက်စီးဆန်၏။ ဆရာမမော့နှင့်အတူ မကောင်းဆိုးဝါးဝိညာဉ်တွေကိုဖမ်းဖို့ ပြေးလွှားနေရတာထက် ဂုဏ်သိက္ခာရှိရှိအသေခံပေလိမ့်မည်။
•••••
အခန်း ၈၅၂။ အစုအဝေးငါးမျိုးကို ပေါင်းစည်းခြင်း။
ရှဲ့ဖင်းကန်းသည် သူ့ညီမကိုယ်စား တစ်ခုခုကို ပြောချင်နေသေးသော်လည်း အိမ်ရှေ့စံမင်းသားက သူ့ကို ဆန့်ကျင်နေတဲ့အတွက် ထိုစကားကို ပြောရန် ခက်ခဲစေသည်။
သူ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး
“ဘာပဲဖြစ်ဖြစ် အဲဒါက ကျွန်တော့်ညီမပါ…”
အဲဒါ သူတို့ကိစ္စမှ မဟုတ်တာ!
ကျောက်ရွှမ်ကျင်းသည် အနည်းငယ် မပျော်ရွှင်သောပုံစံဖြင့် မျက်ခုံးပင့်လိုက်၏။
“သူမကငါကိုယ်တော့်ရဲ့ အနာဂတ် ဇနီးလေ။ သူမအတွက် ကိုယ်တော့်ခံစားချက်ကိုတောင် ရင်ဖွင့်လို့မရဘူးလား။ မင်းက တကယ်အထီးကျန်စေချင်တာလား။ အဲဒီအကြောင်းကိုထပ်မကြားချင်တော့ဘူးနော်။ မဟုတ်ရင် မင်းညီမတစ်ခုခုဖြစ်သွားရင် မင်းလုပ်ခဲ့တာလို့ သံသယဖြစ်ရလိမ့်မယ်။ အဲအချိန်ကျမှ မင်းကိုနှိပ်စက်လို့ ငါကိုယ်တော့်ကို အပြစ်မတင်နဲ့။"
ရှဲ့ဖင်းကန်းသည် မသိမသာ ထေ့ငေါ့လိုက်သည်။
သူသာညှဉ်းပန်းနှိပ်စက်ခံရမှာကို ကြောက်ရင် တောင်ပေါ်စခန်းတွင်သာနေ၍ တောပုန်းဓားပြလုပ်နေမှာပင်။ မြို့တော်ကို လာပြီး အဆင့်မြင့်အရာရှိ ဖြစ်လာဖို့ ဘယ်လိုလုပ် သတ္တိရှိပါ့မလဲ။
ရှဲ့ချောင် တိတ်တဆိတ်သာနေပြီး အစ်ကိုကြီး၏ စောင့်ကြည့်မှုအောက်တွင် ဘယ်လိုကြာကြာအသက်ရှင်ရမလဲကို တွေးနေခဲ့သည်။
ရှဲ့ချောင်၏ ရှေ့မှဦးဆောင်ခေါ်သွားနေသည့် မကောင်းဆိုးဝါးဝိညာဥ်သည် ယခုအခါ သနားစရာကောင်းလောက်အောင် တဖြည်းဖြည်းနှေးကွေးစွာ လွင့်မျောနေလေသည်။
ပတ်ဝန်းကျင်မှ အမှောင်စွမ်းအင်များ ပိုမိုထူထပ်လာသည်ကို ရှဲ့ချောင် ခံစားမိလာသည်။
နောက်ထပ် ၁၅မိနစ်ခန့်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ သူမရပ်တန့်လိုက်လေသည်။
"ဆရာမမော့၊ ကျွန်တော်တို့ရောက်ပြီလား" ရှဲ့ဖင်းကန်း က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြီးနောက်
အနီးတဝိုက်ကို လှမ်းကြည့်လိုက်သည်။
ဤပတ်ဝန်းကျင်သည် တခြားနေရာများနှင့် မတူ ကွဲပြားနေ၏။သစ်ပင်များမှလွဲ၍ အခြားပန်းပင်များ၊ ဆူးချုံရိုင်းပင်များနှင့် တောစပျစ်နွယ်ပင်များသာရှိသည်။ အုတ်ဂူရှိပုံမပေါ်ပေ။
ရှဲ့ချောင် သည် သံလိုက်အိမ်မြှောင်ကို ထုတ်ကာ ဘယ်ညာသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
ခဏအကြာတွင် သူမသည် ရုတ်တရက် ရှေ့သို့ လှမ်းလာပြီး သူမပတ်ဝန်းကျင်ရှိ သစ်ပင်များကို လှမ်းကြည့်လိုက်သည်။
"တောင်ဘက်ပိုးစာ၊ မြောက်ဘက်မိုးမခ၊ အရှေ့ပေါက်ပန်း၊ အနောက်ထင်းရှူး၊ ဗဟိုမှာ လိဗနာ ။
အစုအဝေးငါးမျိုးကိုစုလိုက်” ရှဲ့ချောင်က အတိုချုပ်ပြောပြီးမြေပြင်ကိုကြည့်လိုက်တဲ့အခါ သေးငယ်တဲ့အစက်လေးတစ်ခုကို သူမ မြင်လိုက်ရ၏။ မြေကြီးသည် မည်းနက်ကာထူးဆန်းနေသည်။သူမသည် ထိုနေရာကိုအလွယ်တကူ ချဉ်းကပ်မသွားပဲ လူတိုင်းကို နောက်ပြန်ဆုတ်ခိုင်းပြီး သူတို့ပတ်ဝန်းကျင် အခြေအနေကို ဂရုတစိုက် စောင့်ကြည့်စေလိုက်သည်။
“မြေကြီးကမဲနက်နေတာကလွဲရင် ရေငွေ့က တော်တော်လေးများတယ်။ အရင်ကလိုတောင်ကြားရေကန်ငယ်လေး ဖြစ်မနေတော့မှာကိုပဲ စိုးရိမ်မိတယ်။ ဘာလို့ ရေတွေပြည့်သွားလဲတော့ မသိဘူး။"ရှဲ့ချောင်ခဏလောက်
စဉ်းစားပြီးဝါးခြင်းတောင်းထဲကတစ်ခုခုကိုထုတ်ယူလိုတယ်။
ခဏအကြာတွင် သေးငယ်သော ပါးကွမှန်ချပ်အချို့ကိုပါ ထုတ်ယူလိုက်သည်။
သူမသည် အစုလိုက်အပင်ငါးမျိုးပေါ်တွင် တစ်ခုစီဆွဲထားသည်။ပြီးသည်နှင့် သူမသည် ဓားကို လက်တစ်ဖက်တည်း ကိုင်ကာ မြေပြင်ပေါ် လျှောက်သွားလိုက်သည်။ သူမ၏ခြေရာများသည် ဒြပ်စင်နှစ်မျိုး၊ အရပ်မျက်နှာလေးပါးနှင့်သဘာဝစွမ်းအင်ရှစ်မျိုး၏သုံးကြောင်းသင်္ကေတတို့ကို ရေးဆွဲနေသကဲ့သို့ပင်။ သူမ၏ ခြေလှမ်းများသည် ထူးဆန်းပြီး လျှင်မြန်ကာကိုယ်ဟန်အနေအထားကလည်းမသေမျိုးကဲ့သို့ပင်ပြေပြစ်ချောမွေ့နေသည်။ သူမ၏ဓားက အမှောင်ထုကို ထိုးဖြတ်သွားခဲ့သည်။
သူမသည် ဂါထာမန္တရားများကို အကြိမ်ကြိမ်တီးတိုးရွတ်ဆိုနေခဲ့သည်။ အဲဒါလုပ်နေတာကပဲ သက်ရှိလူတွေကို ငြိမ်းချမ်းမှုအနည်းငယ် အမှန်ပင်ခံစားရစေသည်။
သို့သော်ငြား ယခုအချိန်တွင် အနက်ရောင်မြေဆီလွှာအောက်တွင် စုစည်းထားသည့် အမှောင်စွမ်းအင်သည် နိုးကြားလာပြီး တစ်မဟုတ်ချင်းပျံ့နှံ့သွားပုံရသည်။
မရေတွက်နိုင်သည့် ပြန့်ကျဲနေသော ဝိညာဉ်များနှင့်အတူရောနှောနေသော အမှောင်စွမ်းအင်သည် ချွန်ထက်သော လက်သည်းများကဲ့သို့ ရှဲ့ချောင် ကို တိုက်ခိုက်လာကြသည်။
ရှဲ့ချောင် ၏ အမူအရာမှာ လေးနက်နေသော်လည်း သူမ လုံးဝ မကြောက်ပေ။
ဤအချိန်တွင်၊ ကျောက်ရွှမ်ကျင်း နှင့် အခြားသူများသည် စုစည်းထားသောသစ်ပင်ငါးပင်ပေါ်ရှိ ကြေးမှန်များက လေတိုက်ခံနေရသကဲ့သို့ လှုပ်ယမ်းနေကြသည်ကို တွေ့လိုက်ရသည်။ သို့တိုင်အောင် သူတို့၏ဆံချည်မျှင်များကရွေ့ပင်မ
ရွေ့သည့်အတွက် အလွန်ပင်ထူးဆန်းနေသည်မှာ သိသာလှသည်။
ကြေးမှန်များပေါ်တွင် မြူမှုန်အလွှာတစ်ခု ရှိနေသကဲ့သို့ပင်။ ခဏအကြာတွင် လူများအား မြူမှုန်များဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်မြင်ကွင်းကိုပင် ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့ချေ။
“မှန်တွေကို သန့်ရှင်းရေးလုပ်ဖို့ ရှင်တို့တာဝန်ယူပေး။ ဒီကြေးဝါမှန်တွေကို မြူခိုးတွေ ၊ အမှောင်စွမ်းအင်တွေကြောင့် ညစ်ညမ်းမသွားရအောင်သေချာလုပ်ကြဦး” ရှဲ့ချောင် အခွင့်အရေးကိုအရယူကာ အစီအစဉ်ချလိုက်သည်။
ကျောက်ရွှမ်ကျင်းသည် လူများအား ချက်ချင်းပင် စေလွှတ်လိုက်သည်။
သူနှင့်အတူ အစောင့်အကြပ်များစွာ ခေါ်ဆောင်လာခဲ့သည်။ သူတို့က ဒီလိုတာဝန်ငယ်မျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။
"မိုးကောင်းကင်နှင့်ကမ္ဘာမြေရဲ့အရှင်သခင်၊မြင့်မြတ်တဲ့တရားစီရင်ရေးရွှေမျှော်စင်နဲ့မြေပြင်၊ကောင်းကင်ကိုးဘုံနှင့်စစ်သုံ့ပန်းငါးဦး၊စိတ်ဝိညာဉ်တစ်သောင်းကိုတိုင်တည်ပါတယ်။မိုးကောင်းကင်ရဲ့ဖယ်ရှားခြင်းစွမ်းအားနဲ့မကောင်းဆိုးဝါးကိုထာဝရဖျက်ဆီးပစ်စေ။ အခုချက်ချင်း ငါ့အမိန့်ကိုနာခံစေ။ ကြေမွသွားကြစမ်း!” ရှဲ့ချောင် က အော်ဟစ်လိုက်ပြီး အနက်ရောင်ဝိညာဉ်တွေကို ဓားဖြင့်ရွယ်လိုက်သည်။ မက်မွန်သားဓားပေါ်မှ စွမ်းအင်များက ခုန်ပေါက်နေတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေကို တစ်စချင်းရစ်ပတ်ကာ ဝါးမျိုပစ်လိုက်သည်။
“ဝုန်း…ဝုန်း…ဝုန်း…” ဆက်တိုက်ပေါက်ကွဲပြီးနောက်မှာတော့ကြေးမှန်များ၏ထိပ်များက
တကယ်ပင်မိုးကြိုးထိမှန်၍ အနက်ရောင်အက်ကွဲကြောင်းများဖြင့်ဖုံးလွှမ်းနေသကဲ့သို့ ထင်ရလေသည်။
ကျောက်ရွှမ်ကျင်း နှင့် အခြားသူများလည်း အံ့သြသွားကြသည်။
“အ…အခု မှန်တွေကို ကြည်လင်အောင်နေအောင် တိုက်ချွတ်ပစ်လို့ မရတော့ဘူးမလား”
•••••