← Chapters

အခန်း (၈၅၃-၈၅၆)

Vol. 44 Ch. 853-856

အခန်း (၈၅၃-၈၅၆)

Vol. 44 Ch. 853-856

အခန်း ၈၅၃- ရတနာတစ်ပါး

ရှဲ့ချောင် သည် ဓားကိုဖယ်ကာ သူမ၏နေရာသို့ပြန်သွားလိုက်သည်။

ထို့နောက် သူမ အသက်ရှူသွင်းလိုက်ကာ “သန့်ရှင်းရေးလုပ်လို့မရရင်လည်း ထားလိုက်တော့။ ဒီကြေးမှန်တွေက နောက်လည်း ထပ်သုံးလို့မှမရတော့တာ။”

ကျို့ဝေ့ကျုံးနှင့် အခြားသူများကစိတ်သက်သာရာရသွားသလိုသက်ပြင်းချလိုက်ကြသည်။

"အခုရော မင်း ဝန်ကြီး ရှဲ့ နဲ့ ကိုယ်တော့်အကူအညီကို လိုအပ်ပြီလား”

ကျောက်ရွှမ်ကျင်းက သူနှင့် ရှဲ့ဖင်းကန်း သည် ပတ်ဝန်းကျင်ရှိ ပန်းပင်များ၊သစ်ပင်များနှင့်မကွာခြားတော့ဘဲ သစ်သားတောင်ဝှေးနှစ်ချောင်းနှင့်တူနေသည်ဟု ခံစားရ၏။

“ဒါက အစပဲရှိသေးတာ။ နောက်မှပေါ့…”

ရှဲ့ချောင် က ကျောက်ရွှမ်ကျင်း ကို မျက်နှာချိုသွေးသည့်အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ကျွန်မ ရှင့်ကို အသုံးချမှာပါ"

“ဆရာတူအစ်မ၊ ကိုယ်တော် ဘာလုပ်ရမလဲသာ ပြောပါ” ကျောက်ရွှမ်ကျင်းက အတော်လေး ပျော်ရွှင်သွားပုံပင်။

ထို့နောက် သူက ရှဲ့ဖင်းကန်း ကို စိမ်ပြေနပြေ

ကြည့်လိုက်ပြီး "ဝန်ကြီး ရှဲ့၊ အချောင်ခိုမနေနဲ့တော့။ မင်းက ဒီလောက်လူကြီးဖြစ်နေပြီ။ဒီနေရာမှာ အဆင့်အတန်းက အနှောင့်အယှက်တစ်ခုပဲ။နောက်ပိုင်းမှာ တစ်ယောက်ယောက်က မင်းကို နည်းနည်းလောက်လုံ့လထုတ်ခိုင်းရင် ဂရုမစိုက်ပဲ ကြန့်ကြာအောင်မလုပ်နဲ့”

အိမ်ရှေ့မင်းသားက ဒီနေ့မှထူးထူးဆန်းဆန်း ဇီဇာကြောင်နေသည်။

သူကဝိညာဉ်တွေကို ဘယ်လိုဖမ်းရမည်လဲ မသိပေ။

“ကောင်းပါပြီ!” ရှဲ့ဖင်းကန်း အဆင်သင့်ပင် သဘောတူလိုက်သည်။

"သခင်လေးရှဲ့ ရှင် အခု အလုပ်လုပ်လို့ရပြီ" ရှဲ့

ချောင် က မည်းနက်နေတဲ့ မြေပြင်ကို ညွှန်ပြလိုက်သည်။ “တူးတော့!”

“ကောင်းပြီ!” ရှဲ့ဖင်းကန်းသည် ချက်ချင်း ရှေ့သို့ ထွက်သွားကာ လက်အောက်ငယ်သားများအား ခိုင်းစေလိုက်သည်။

သူတို့ ခုနကထိ မြေကြီးကို တိုက်ရိုက်တူးပစ်လို့မရခဲ့ပေမယ့် အခုတော့ တူးလို့ရလေသည်။ သို့သော်ငြား ဤနေရာအား လုံးဝသန့်စင်သွားအောင် မလုပ်နိုင်သေးချေ ။ မတိုင်မီက ပျံ့နှံ့သွားသည့် မကောင်းဆိုးဝါး စွမ်းအင်မှာ သိပ် မများသော်ငြား ဤနေရာအောက်တွင် သင်္ချိုင်းဂူတစ်ခု ရှိကောင်းရှိလိမ့်မည်ဟု သူမ မှန်းဆမိသည်။

“ဒီမှာ သစ်ဆွေးစတစ်ခု ရှိနေတယ်။” ရှဲ့ဖင်းကန်း သည် နှစ်ကြိမ်ခန့်တူးဆွလိုက်ပြီးတဲ့နောက် တစ်ခုခုကို ဆွဲထုတ်လိုက်သည်။

"ဒါက အဝတ်နဲ့ပတ်ထားတာပဲ။"

ရှဲ့ချောင် က အဲဒါကို ကြည့်ပြီး စိတ်ဝင်စားပုံမရပေ။

“အဲဒါက လင်ဇီးမှိုပဲ။ အခုလောလောဆယ်တော့ ဘာမှမဟုတ်ပေမဲ့ ဒီလိုအရာမျိုးကိုမသေမျိုးကျင့်ကြံသူရဲ့လက်ထဲမှာဆိုရင်တော့ အသုံးဝင်လာနိုင်တယ်။”

"လင်ဇီးမှိုက ဆေးဖက်ဝင်တယ်မဟုတ်လား"

ကျောက်ရွှမ်ကျင်း အံ့အားသင့်ပြီး စဥ်းစားမရဖြစ်နေ၏။

“လင်ဇီးမှိုက ဆေးဖက်ဝင်အပင်ဖြစ်ပေမဲ့ သင်္ချိုင်းဂူတွေမှာပေါက်ရင်တော့ မဟုတ်တော့ဘူးလေ။

မြင်တဲ့အတိုင်းပဲ ခေါင်းတလားကနေ ပေါက်လာတာမျိုးပေါ့။သင်္ချိုင်းမှာရှိတဲ့ သာမန်ဆေးဖက်ဝင်အပင်တွေကို ပုံမှန်အတိုင်း အသုံးပြုနိုင်ပေမဲ့ ဒီတစ်ခုကတော့မရဘူး။ ဒီအပေါ်မှာ သွေးစွမ်းအင်နဲ့ အမှောင်စွမ်းအင်တွေ ရှိတယ်။ ဒီလိုကပ်ပါးခေါင်းတလားကို မကောင်းတဲ့နေရာမှာ မြှုပ်ထားတဲ့အခါ အမှောင်စွမ်းအင်များလွန်းတဲ့အတွက် ပေါက်လာတဲ့ မှိုကလည်း မကောင်းတဲ့အရာပဲ။ အဲဒါက အမှောင်စွမ်းအင်ရှိနေလို့ လောလောဆယ်မှာမကောင်းဆိုးဝါးဝိညာဥ်တွေ စားသောက်နေကြတာပေါ့။”

“တချို့ မကောင်းဆိုးဝါးဝိညာဉ်တွေက တစ်နေရာထဲမှာ ပိတ်မိနေပြီး လှုပ်ရှားသွားလာလို့မရဘူး။ ဒါပေမဲ့ သူတို့မှာ လင်ဇီးမှိုနဲ့ သယ်ဆောင်ပေးတဲ့ သက်ရှိလူသားရှိရင် သွားချင်တဲ့နေရာကို သွားလို့ရတယ်” ဟု ရှဲ့ချောင် က ဆက်လက်ပြောသည်။

အချို့သောမကောင်းဆိုးဝါးဝိညာဥ်များသည် ရန်

မိသားစုမှ ဖြတ်စက်များကဲ့သို့ အရာဝတ္ထုများပေါ်တွင် မွေးဖွားရှင်သန်လာကြသည်။ထိုကဲ့သို့ မကောင်းဆိုးဝါးဝိညာဉ်များသည် သူတို့နှင့် သက်ဆိုင်သည့် အရာဝတ္ထုပေါ်တွင်သာ အသက်ရှင်နေနိုင်၏။

သို့သော်ငြား လင်ဇီးမှိုပေါ်တွင် မည်သည့် မကောင်းဆိုးဝါးဝိညာဉ်မဆိုအသက်ရှင်နိုင်သည်။ ထို့အပြင် မကောင်းဆိုးဝါးဝိညာဉ်အား အမှောင်စွမ်းအင်ဖြည့်တင်းပေးနိုင်ပြီး ထိုဝိညာဉ်ကို ပိုမိုအားကောင်းလာစေသည်။

ကျောက်ရွှမ်ကျင်း နားလည်သွားသည်။

"ကျွန်တော်တို့ ဆက်တူးရဦးမလား" ရှဲ့ဖင်းကန်းက မေးသည်။

ရှဲ့ချောင်က ခေါင်းညိတ်လိုက်ကာ

“အင်း” ဟု ဖြေလိုက်သည်။

အမျိုးသားများက လင်ဇီးမှိုကို ဘေးသို့ ပစ်ချ၍ အလုပ်ဆက်လုပ်ကြ၏။ ရှဲ့ချောင်ရှေ့သို့ တိုးသွားကာ လင်ဇီးမှိုကို အဆောင်လက်ဖွဲ့ကို ထုတ်၍ ကပ်လိုက်ပြီး ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

"ဒါကို တခြားနေရာမှာသုံးစရာရှိသေးတာလား" ကျောက်ရွှမ်ကျင်းသည် မျက်ဝန်းထဲတွင် အပြုံးရိပ်များဖြင့် မေးလိုက်သည်။

ရှဲ့ချောင် ၏လက်ကရပ်တန့်သွားပြီး ဘာမှမသိသောပုံစံဖြင့် မော့ကြည့်လိုက်သည်။ "ကျွန်မ... ကြက်စွပ်ပြုတ်သောက်ဖို့ အိမ်ယူသွားမလို့"

ကျောက်ရွှမ်ကျင်း၏ မျက်နှာမှာ ဆွံ့အသွားတော့သည်။

"မှာသွားတာ တကယ်က ကြက်စာ ကျွေးမလို့။"

ရှဲ့ချောင်က ပြုံးဖြီးဖြီးရယ်လိုက်ကာ “ဒါက ကောင်းပါသေးတယ်။ သူ့မှာ အမှောင်စွမ်းအင်နည်းနည်း ရှိပေမယ့်၊ ကျွန်မ ကိုင်တွယ်လို့ရပါတယ်… ဒါကိုဖြေရှင်းဖို့အတွက် အိမ်ပြန်ယူသွားပြီး အိမ်က ကြက်ဖရဲ့ သွားတွေကို ချွန်မြနေအောင်လုပ်ဖို့ သုံးလိုက်မယ်။”

"မင်းရဲ့ကြက်ဖမှာ သွားရှိတာလား"

ကျောက်ရွှမ်ကျင်း သည် သူမပြောနေသည့် အဓိပ္ပာယ်မရှိသောစကားကို လေးလေးနက်နက် နားထောင်နေခဲ့သည်။

ရှဲ့ချောင်သည် ခဏမျှ နှုတ်ဆိတ် သွားကာ

ရိုးသားလိုက်ဖို့ကိုသာရွေးချယ်လိုက်သည်။

"ဒါက အမှောင်စွမ်းအင်သိပ်သည်းလွန်းတယ်။ကျွန်မသာ ဒါကို ဖော်စပ်လိုက်ရင် ငရဲကို ခနသွားတာဖြစ်ဖြစ် မကောင်းဆိုးဝါးဝိညာဉ်တွေကိုဆင့်ခေါ်တာဖြစ်ဖြစ် လုပ်နိုင်တယ်။ ဒါပေမယ့် ပြောရတော့ အခက်သား။ ဘာပဲ​ဖြစ်ဖြစ်… ဒါက ရတနာတစ်မျိုးပဲလေ။ ဒီအကြောင်းတွေကို လူတွေသိသွားပြီး ကျွန်မနဲ့တိုက်ခိုက်မယ်ဆိုရင် တော်တော်ဆိုးရွားသွားမှာ ဟုတ်တယ်မလား?”

•••••

အခန်း ၈၅၄: ဂူသင်္ချိုင်းအတွင်းသို့ဝင်ရောက်ခြင်း။

ရှဲ့ချောင်သည် လင်ဇီးမှိုကို ဝါးခြင်းတောင်း၏အောက်ခြေသို့ သိပ်ထည့်လိုက်ကာ မကြာခဏမျက်လုံးဝေ့ကြည့်နေ၏။

သူမ၏ အလေးအနက်ထားသောအကြည့်အောက်တွင် ကျောက်ရွှမ်ကျင်းမှာ ဤသစ်ဆွေးစ သည် တန်ဖိုးကြီးမည်ဟု ခန့်မှန်းနိုင်လေသည်။

"ဆရာတူအမ၊ ငရဲကို သွားဖူးလား" ကျောက်ရွှမ်ကျင်း က သူမပြောခဲ့တာကို ပိုသိချင်လာသည်။

ရှဲ့ချောင်ခေါင်းခါလိုက်သည်။ “ဟင့်အင်း”

သူမ၏ဒီခန္ဓာကိုယ်ဖြင့် ငရဲမှ ပြန်မလာနိုင်လောက်ပေ။ ထိုနေရာသည် အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။ အကယ်၍မကောင်းဆိုးဝါးဝိညာဥ်များအတွက်မဟုတ်ခဲ့ပါက၊အမှောင်မိုက်စွမ်းအင်အမြောက်အများမရှိဘဲ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

လင်ဇီးမှိုကိုအသုံးပြုနည်းအများအပြားရှိလေသည်။

ကျောက်ရွှမ်ကျင်း သည် ငရဲကို စိတ်မဝင်စား။ သူသေပြီးသည့်အခါ ထိုနေရာက ဘယ်လိုလဲဆိုတာ သူသိလာမှာပင်။ အလောကြီးစရာမလိုပါချေ။

"ဆရာတူအမ၊ ဒါပြီးရင် အချိန်ရလား”

ကျောက်ရွှမ်ကျင်း က အကြောင်းအရာပြောင်း၍ မေးလိုက်သည်။

ရှဲ့ချောင် က သူ့ကို မသင်္ကာသလို ကြည့်လိုက်သည်။ ကျောက်ရွှမ်ကျင်းကဆက်၍ "ဆရာက အခု မုန့်ကျားပေါင် မှာ ရှိနေတယ်။ သူထွက်လာလို့မရဘူးလို့ သတင်းပါးလာတယ်။ ဆရာတူအမအချိန်ရရင် ကျွန်တော်တို့ သူ့ကို သွားခေါ်ပြီး မြို့တော်ကို ပြန်သင့်တယ် ထင်လို့ပါ။”

"ရှင် သူ့ကို ဘယ်တုန်းက အရမ်းလေးစားသွားတာလဲ" ရှဲ့ချောင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ကျောက်ရွှမ်ကျင်း က ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

ရှဲ့ချောင်သည် သူ့မစကားကနားထောင်ရ အဆင်မပြေမှန်း သိလိုက်သည့်အတွက် လေသံပြောင်းကာ ချက်ချင်းပင်

“အရင်တုန်းက ဆရာက ရှင်ကျမ်းဂန်တွေကို မလေ့လာဘူး၊ သူ သွန်သင်တာကို နားမထောင်ဘူးလို့ စာတစ်စောင် ပို့ဖူးတယ်။ ရှင်ကလေ့လာသင်ယူဖို့အတွက် ရှင့်ကိုယ်ပိုင်ဥာဏ်ကိုပဲ အားကိုးပြီးတော့ ဆရာတူမောင်လေးရှောင်းလိုမျိုး စကားနားထောင်ပြီးလေးလေးနက်နက်မရှိဘူး ဆိုလို့ပါ။”

ဆရာအိုကြီး၏ ကနဦးစကားမှာ အိမ်ရှေ့မင်းသား၏တော်ဝင်အဆင့်အတန်းကြောင့် သူ့ကို သင်ကြားပေးရန် အလွန်ခက်ခဲကြောင်းပင်။

ဆရာဖြစ်လာတဲ့ အချိန်မှာ အိမ်ရှေ့စံက အတော်လေးစဥ်းစားတတ်နေပြီဖြစ်တဲ့အတွက် ငယ်ငယ်ကလိုချော့မော့မြှောက်ပင့်ဖို့မလွယ်ကူဘူးလို့

ပြောထားသည် ။ သူ့ရဲ့အကျင့်စရိုက်က အလွန်လေးနက်တည်ကြည်ကာ အကြီးဆုံးဆရာတူအမဖြစ်သည့်သူမနှင့် အတော်ကွာခြားလွန်းနေသည်။

သူကအရမ်းကိုလေးနက်ပြီး ငြီးငွေ့စရာကောင်းသည်ကိုသာ ကြိုသိခဲ့လျှင် သူပထမဆုံးရောက်လာစဥ်တုန်းက စိတ်ဝင်စားခဲ့မှာမဟုတ်ဘူးလို့ ဆရာကပြောခဲ့သည်။ သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရတာက နစ်နာလွန်းလှသည်။

အဲဒီတုန်းက သူမဆရာ ဘယ်လောက် ဒုက္ခရောက်ခဲ့လဲဆိုတာ သူမ မသိပေ။ ဆရာရေးထားသည့် စာရွက်အနည်းငယ်မှာ ကျောက်ရွှမ်ကျင်းနှင့် ပတ်သက်သည့် ဆိုးဝါးသော အရာများသာ။

“သူ့တပည့်ဖြစ်လာပြီးတဲ့ နောက်မှာ ကိုယ်တော်က အိမ်ရှေ့စံမင်းသားဆိုတော့ သူလည်းနန်းတော်ထဲမှာ ခဏနေဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။

သူ့ကို နေရာတိုင်းက စည်းကမ်းတွေ ကန့်သတ်ထားတာကြောင့် စိတ်ဆိုးနေမှာ အသေအချာပါပဲ” ကျောက်ရွှမ်ကျင်း က ရှင်းပြသည်။

နန်းတော်မှ ပြောင်းရွှေ့ပြီး တော်ဝင်ကျောင်းတော်သို့ သွားခဲ့သော်လည်း အရှေ့နန်းတော်၏ အရာရှိများနှင့် အစောင့်များစွာဖြင့် ခြံရံထားသည့်အတွက် သူ့ဆရာက တော်ဝင်ကျောင်းအုပ်ဆရာကြီး၏ အသွင်အပြင်ကို အချိန်တိုင်း ဂရုစိုက်နေရသောကြောင့် ခံစားနေခဲ့ရပုံပင်။

အလွန်ပင် အနေရခက်ခဲ့ပုံရသည်။

"ဆရာက မုန့်ကျားပေါင်မှာ ဘာလုပ်နေတာလဲ။ အရေးကြီးတာတစ်ခုခုလုပ်နေလို့ အခုထိ ကြန့်ကြာနေတာလား" ရှဲ့ချောင် က မုန့်ကျားပေါင် ၏တည်နေရာသည် မြို့တော်နှင့် သိပ်မဝေးကြောင်းမှလွဲ၍ တခြားအကြောင်းအရာကိုများ

များစားစားမသိပါချေ။

“စာထဲမှာ အများကြီး မရေးထားဘူး။ သူ ထွက်သွားလို့ မရဘူးပဲရေးခဲ့တာလေ။ ပြီးတော့ အစောင့်အကြပ်နည်းနည်း ပို့ပေးခိုင်းတယ်။ အဲဒါကြောင့် ပုံမှန်မဟုတ်တာ တစ်ခုခုတော့ ဖြစ်နေပြီ” ကျောက်ရွှမ်ကျင်း က ထပ်လောင်းပြောသည်။

ဆရာက စာမပြန်သည်မှာ အတော်ကြာခဲ့ပြီ။

ယုတ္တိကျကျပြောရလျှင် ဆရာရောက်လာသင့်သည်မှာ ကြာပြီဖြစ်သည်။

သို့သော် ဆရာသည် မုန့်ကျားပေါင် တွင် ကြန့်ကြာနေခဲ့၏။ မထင်မှတ်ထားတဲ့ အရာတစ်ခုဖြစ်လာမှာကို သူစိုးရိမ်နေခဲ့သည်။။

ရှဲ့ချောင် သည် သူမ၏ဆရာကို ရိုသေလေးစားဆဲဖြစ်သည်။ သူမက မဆိုင်းမတွ ခေါင်းညိတ်လိုက်ကာ "ကောင်းပြီ ကျွန်မရှင်နဲ့အတူ လိုက်ခဲ့မယ်"

ရှဲ့ချောင်၏ စကားပြီးပြီးချင်း သိပ်မကြာခင်မှာပင် ရှဲ့ဖင်းကန်းနှင့် တခြားသူများသည် တူးဖော်နေရာမှ တစ်ခုခုကို တွေ့လိုက်ရသည်။

အမှန်ပင် ၎င်းမှာဂူသင်္ချိုင်းဝင်ပေါက်တစ်ခုဖြစ်နေခဲ့သည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတို့ ဝင်ရောက်ကြည့်ရှုရုံသာ ရှိပေတော့သည်။

“ဒီသင်္ချိုင်းက သိပ်မကြီးဘူး။ အရွယ်အစားက အစုအဝေးသစ်ပင်ငါးမျိုးရဲ့တည်နေရာထက် ကျော်မှာမဟုတ်ဘူး။” ရှဲ့ချောင် ပြောပြီးနောက် ရှဲ့ဖင်းကန်း ဦးဆောင်ပြီး အခြားလူတွေကိုပါ

ဆင်းခိုင်းလိုက်သည်။

ကျောက်ရွှမ်ကျင်းလည်း ဝင်သွားဖို့ပြင်လိုက်ချိန် ကျို့ဝေ့ကျုံးသည် ခါးခါးသီးသီးအမူအရာဖြင့်သူ့အား ကြည့်လာ၏။

"အရှင့်သား ဒီမှာပဲ စောင့်သင့်တယ်မလား" အောက်မှာအန္တရာယ်များတယ်လေ!

“ဆရာတူအစ်မက ဒီသင်္ချိုင်းရဲ့အရွယ်အစားကို ပြောထားပြီးသားဆိုတော့ ဒီနေရာက သာမန်သင်္ချိုင်းတစ်ခုပဲ ဖြစ်မှာပါ။ ငါက ဘာလို့ဝင်လို့မရရမှာလဲ" ကျောက်ရွှမ်ကျင်း အခိုင်အမာပြောလိုက်သည်။

•••••

အခန်း ၈၅၅ - မလှုပ်နဲ့

ဤကဲ့သို့သင်္ချိုင်းအတွင်း၌ ကံဆိုးမှုအနည်းငယ်မျှသာ ရှိနေနိုင်၏။ သို့သော် ယခုက သင်္ချိုင်း၏ပင်မခန်းဆောင်သို့ တိုက်ရိုက်ရောက်သည့်သင်္ချိုင်းအဝင်ပေါက်ကို ဖွင့်ထားသည်ဖြစ်ရာ မကောင်းသော စွမ်းအင်များကလည်း ထွက်ပေါ်လာနိုင်သေးသည်။

သူတို့ဝင်၍မရလျှင်မရကြောင်းကို ရှဲ့ချောင်ကသိမှာပင်။

အိမ်ရှေ့စံမင်းသားက ဝင်ချင်နေတာကြောင့် ကျို့ဝေ့ကျုံး မလိုက်ပဲနေခဲ့လျှင်လည်း စိတ်သက်သာရာရမှာ မဟုတ်ပေ။

“သင်္ချိုင်းက အတော်လေးသေးတာပဲကို မင်း

အပေါ်မှာ စောင့်နေလည်းရတယ်။ ဝန်ကြီးရှဲ့လည်း ရှိတယ်။" ကျောက်ရွှမ်ကျင်းသည် ရှဲ့ဖင်းကန်းနောက်မှ တည့်တည့်မတ်မတ်ပင်လိုက်သွားခဲ့သည်။

ကျို့ဝေ့ကျုံးသည် သူ့လက်အား လှမ်းကာဆန့်ထုတ်လိုက်၏။ သူအနည်းငယ်စိတ်ရှုပ်သလိုခံစားလိုက်ရသည်ပင်။

ရှဲ့ဖင်းကန်းက လုံလောက်ပါ့မလား။

အိမ်ရှေ့စံမင်းသားရဲ့ ကိုယ်ရံတော်တပ်မှူးက သူ မဟုတ်ဘူးလား။

ရှဲ့ဖင်းကန်း ရှိလာကတည်းက အရှင့်သားသည် သူတို့လို အစောင့်တွေကို မပိတ်ပင်တော့တာပင်!

ရှဲ့ချောင်လည်း ပုံမှန်အတိုင်းပင် အိမ်ရှေ့စံနောက်မှလိုက်လာလေသည်။

“အရှင်သား ဘာလို့များ ဒီကိုရောက်လာတာလဲ။ ဒီလိုနေရာကို စစ်ဆေးကြည့်ဖို့နည်းလမ်း အရင်ရှာတာက လက်အောက်ငယ်သားတွေပဲလုပ်ဖို့ ပိုသင့်တော်ပါတယ်။ အစောင့်တွေက အပေါ်မှာ စောင့်နေပြီး အရှင့်သားက ဘာလို့ဝင်လာတာလဲ။ ဒါက မသင့်တော်ဘူးမလား"

ရှဲ့ဖင်းကန်းက သင်္ချိုင်းအောက်ခြေကို ရောက်ပြီးသည့်နောက်တွင် ပြန်လှည့်ကာ အနေရခက်သည့်အမူအရာဖြင့်ကြည့်နေ၏။

အလွန်ကြီးမားသောသင်္ချိုင်းဝင်ပေါက်မှ အလင်းရောင်များစွာ ဝင်လာသောကြောင့်

အတွင်းဘက်တွင် မှောက်မိုက်မနေပါချေ။

သင်္ချိုင်းဂူကမနက်ပေ။ ရှဲ့ဖင်းကန်းဝင်လာပြီးသည့်နောက်တွင် စကားပြောရန်အတွက် ခေါင်းငုံ့လိုက်သည်။

"မင်းကို ပြောထားသလိုပဲ လုပ်" ကျောက်ရွှမ်ကျင်း သူ့ကို ဘာမှ ထပ်မပြောတော့ပေ။

ရှဲ့ဖင်းကန်း ပါးစပ်ပိတ်ထားလိုက်သည်။

သူတို့ဝင်လာတဲ့သင်္ချိုင်းက အထူးပြင်ဆင်ထားတာမျိုး မရှိပေ။ အတွင်း၌ မြေအိုးနှင့် အဖိုးတန် ပစ္စည်းတချို့သာ ရှိ၏။ ကြေးပြားနှင့်ငွေပြားတစ်ပြားပင် မရှိချေ။ မြေအိုးများပင် ကွဲအက်ခါနီးဖြစ်နေကာ အဖိုးတန်သည့် မည်သည့်အရာမှ မမြင်ရပေ။

“ဒီသင်္ချိုင်းက စိတ်ဝင်စားစရာကောင်းသားပဲ။ မြေအိုးတွေကို ကွဲအောင် ခွဲထားပြီဆိုတော့ အထဲကပစ္စည်းတွေကိုတစ်ယောက်ယောက်က ယူသွားနှင့်ပြီ မဟုတ်လား။ ဒါပေမဲ့ ဝင်ခဲ့တဲ့သင်္ချိုင်းကိုတော့ကောင်းကောင်း ပြန်ပိတ်ထားခဲ့တယ်။ ဒီသူခိုးက အသိတရားရှိတဲ့ပုံပဲ။” ရှဲ့ဖင်းကန်း က ထေ့ငေါ့၍ပြုံးလိုက်၏။

“ကံဆိုးချင်တော့ သင်္ချိုင်းကို သေသေချာချာ ချိတ်မပိတ်ခဲ့ရဘူး။ သင်္ချိုင်းဝင်ပေါက်မှာ စိမ့်ဝင်ပေါက်နည်းနည်းရှိနေပုံပဲ။ဒီနေရာက အမှောင်စွမ်းအင် တော်တော်များတယ်။ခေါင်းတလားက ရေမြုပ်နေပြီထင်တယ်” ရှဲ့ချောင် တစ်ချက်ကြည့်လိုက်သည်။

သူမပိုဂရုစိုက်တာက မကောင်းဆိုးဝါးဝိညာဥ်ပြောခဲ့သည့် ရတနာဖြစ်သည်။

လင်ဇီးမှိုကိုရည်ညွှန်းခြင်းမဟုတ်ပါက အဘယ်အရာကရတနာဖြစ်သင့်ပါသနည်း။

ရှဲ့ချောင် အသေအချာ နားမလည်ပါချေ။

ရှဲ့ဖင်းကန်း သည် ခြေလှမ်းသွက်သွက်ဖြင့် နံဘေးရှိ ခေါင်းတလားဆီသို့ လျှောက်သွားခဲ့သည်။

ထိုအရာက အဓိကခေါင်းတလားဖြစ်ကာ အရွယ်အစားပိုကြီးလေသည်။ ၄င်းအား ထားရာနေရာက အနည်းငယ်နိမ့်သောကြောင့် မည်းမှောင်နေသောရေများက မြေကြီးကိုအလွှာတစ်ခုသဖွယ် ဖုံးလွှမ်းထား၏။ ခေါင်းတလားသည် အမှန်ပင် တစစီဆွေးမြေ့နေကာ အလောင်းကရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေကာ ရွံရှာဖွယ်ကောင်းသော အနံ့အသက်ကို ထုတ်လွှတ်နေလေသည်။ ၎င်းအား မြင်ချိန် ရှဲ့ချောင်မှာ

အန်ထွက်လုမတတ်ပင်။

သူမမှာ အတွေ့အကြုံရော ဗဟုသုတပါ ရှိပါတယ်၊ ဒါပေမဲ့ ဒါတော့ မပါဘူးလေ!

ရှဲ့ချောင် က သူမနှာခေါင်းကို အသာအယာ အုပ်လိုက်ပြီး...

"သ..သခင်လေးရှဲ့ မလှုပ်နဲ့။" ရှဲ့ချောင်က ရုတ်​တရက်​​အော်​ပြီး ရှဲ့ဖင်းကန်း ကို လက်လှမ်းကာ တားလိုက်​၏​။

“ကျွန်တော် အရူးမဟုတ်ပါဘူး။ မြေကြီးက ရေဆိုးရေညစ်တွေ ပြည့်နေတာကို ဘယ်လို ဆင်းနိုင်မှာလဲ။ ဒါပေမဲ့ ဟိုအောက်ဘက်မှာ အခေါင်းတစ်ခုတွေ့လို့…” ရှဲ့ဖင်းကန်း က အတွင်းဘက်ကို ညွှန်ပြသည်။

“အဲဒီဘက်က အသုဘပစ္စည်းအနေနဲ့ တိရိစ္ဆာန်တွေကိုထည့်ပေးတဲ့နေရာထင်တယ်။” ရှဲ့ချောင် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ ထို့နောက် ရေမည်းများအား ညွှန်ပြကာ “ဒီရေနဲ့ မထိစေနဲ့။ ထိမိရင် နေမကောင်းဖြစ်လိမ့်မယ်။"

"အဲလောက် အစွမ်းထက်တာလား" သူကတော့မယုံကြည်ပေ။

ဟုတ်ပါသည်၊ သူမယုံကြည်ပေမဲ့ သေလမ်းကိုလည်း မရှာခဲ့ပါချေ။

"ဒီအလောင်းမှာ တစ်ခုခုရှိနေပုံရတယ်။" ကျောက်ရွှမ်ကျင်း က မျက်မှောင်ကြုတ်လိုက်သည်။

ရှဲ့ချောင် အနီးကပ်ကြည့်လိုက်သည့်အခါ ၎င်းမှာ အဆောင်လက်ဖွဲ့ရေးထိုးထားသည့် အဝါရောင်အဝတ်စတစ်ခုဖြစ်ကာ အနည်းငယ်ရှုတ်ထွေးနေ၏။

သူမ၏အကြည့်များက ဂူသင်္ချိုင်း၏နံရံများပေါ်တွင် ပို၍အာရုံစိုက်လာခဲ့သည်။ နံရံများတွင် ထူးဆန်းသော ပန်းချီကားတချို့ ရှိနေပြီး ခန်းမ၏ထောင့်လေးထောင့်တွင် တစ်ခုခုက တွဲလောင်းကျလို့နေ၏။ ထို့အပြင် ဂူသင်္ချိုင်းအလယ်တည့်တည့် အပေါ်နေရာတွင် သစ်သားရုပ်တစ်ခု ချိတ်ဆွဲထားသည်။

“ဒါက… ရုပ်သေးရုပ်အလောင်းပဲ” ရှဲ့ချောင်ပြောရင်း နောက်ပြန်ဆုတ်လိုက်၏။ “အမတကျင့်ကြံသူအရှင်က အစွမ်းထက်တယ်လို့ အဲဒီ မကောင်းဆိုးဝါးဝိညာဉ်တွေပြောခဲ့တာကို မအံ့သြတော့ပါဘူး…”

ရှဲ့ချောင်၏စကားမဆုံးခင်မှာပင် ကြောက်စရာကောင်းသည့် မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်သည် အခြားခေါင်းတလားတစ်ခုမှ ပျံဝဲလာတော့သည်။

•••••

အခန်း ၈၅၆ - မင်းလို စိတ်အနှောင့်အယှက်ဖြစ်စရာ တာအိုဆရာကများ

မကောင်းဆိုးဝါးဝိညာဉ်အား ကြည့်ရသည်မှာ အလွန်ကျောချမ်းစရာကောင်းလှသည်။

သာမာန်ဝိညာဉ်တစ်ကောင်သည် သေဆုံးစဥ်အချိန်မှ အသွင်အပြင်အတိုင်းပင် ဆက်လက်တည်မြဲနေ၏။ အနည်းငယ်မျှ အရုပ်ဆိုးလျှင်ပင် လူတစ်ဦးဖြစ်ခဲ့ကြောင်းကို ပြောနိုင်ပေသည်။

သို့သော် သူမ၏အရှေ့မှ မကောင်းဆိုးဝါးဝိညာဥ်သည် ရေပေါ်၌မျောနေသည့် အလောင်းထက်ပင် ပို၍ကြည့်ရဆိုးနေ၏ ။

သူ၏ ကိုယ်ခန္ဓာသည် အရိုးပြိုင်းပြိုင်းကျနေကာ ခြောက်ကပ်ကပ်ဆံပင်များက နဖူးပေါ်တွင် ကပ်ငြိ

နေသည်။ သူ့မျက်နှာသည် ပုပ်ဆွေးနေပြီး အသားစအရေပြားက ပြုတ်ကျလုနီးနီး ဖြစ်နေသည်။ သို့သော်လည်း ထိုအရေပြားသည် တွဲလောင်းကျနေသေးကာ အက်ကွဲရာအချို့လည်း ရှိလေသည်။

သူသည် အရပ်ပုပြီး တစ်ကိုယ်လုံး အနံ့အသက်ဆိုးများ ထွက်နေ၏။ သူ့ရင်ဘတ်ပေါ်၌ ကြိုးတစ်ချောင်း ဆွဲထားကာ ကြိုးပေါ်တွင် အမည်မသိ တိရစ္ဆာန်ငယ်များ၏ ဦးခေါင်းခွံနှစ်ခုလည်း ရှိနေသည်။

ဤမျှ ပိန်ရှုံ့နေသော မကောင်းဆိုးဝါးဝိညာဉ်အား သူမသည် တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ သူအသက်ရှင်စဉ်၌ အရေပြားနှင့် အရိုးများသာရှိခဲ့သလိုပင်။

ပို၍ကြောက်စရာကောင်းသည်က သူ့အနောက်

တွင် သစ်သားရုပ်ကြီးတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

သစ်သားရုပ်၌ မျက်လုံးများနှင့် နှာခေါင်းမပါသော်လည်း ၎င်း၏အမှောင်စွမ်းအင်မှာ အလွန်ပြင်းထန်နေသည်။ ထိုအရာက အလွန်ပင် ထူးဆန်းနေလေသည်။

"မင်း ဘာတွေ့လို့လဲ?" ကျောက်ရွှမ်ကျင်း သည် တစ်ဖက်သို့ စိုက်ကြည့်နေသော ရှဲ့ချောင် ကိုမြင်သောအခါ ချက်ချင်း မေးမြန်းလိုက်သည်။

ရှဲ့ချောင်က အနည်းငယ် တောင့်တင်းနေသော အပြုံးကို အားတင်းပြုံးကာ “အဲဒါက… လူတွေလန့်ပြီး သေလောက်အောင် ရုပ်ဆိုးလွန်းတဲ့ အကောင်တစ်ကောင်ပဲ။ မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်နဲ့ သူမွေးထားတဲ့ သစ်သားရုပ်တစ်ခုလေ။"

"သစ်သားရုပ်လား" ရှဲ့ဖင်းကန်း သည် သူ့အပေါ်တွင် ချိတ်ထားသည့် လက်ဖဝါးအရွယ် သစ်သားရုပ်ကို ညွှန်ပြ၍ "ဒီတစ်ခုလား? ဟမ်။”

"မဟုတ်ဘူး၊ အဲသစ်သားရုပ်က ရှင့်လောက်ကြီးတယ်" ရှဲ့ချောင် ၏ အပြုံးသည် အထူးတလည် လုပ်ယူထားရသည့်ပုံပင်။

ရှဲ့ဖင်းကန်းသည် ပွင့်ပွင့်လင်းလင်းပင် ရှဲ့ချောင် အား တွေ့ရခဲသည့် စာနာသောအကြည့်တစ်ချက်ပေးရှာသည်။

"ဆရာမမော့က အလုပ်ကြိုးစားတယ်နော်။" ရှဲ့ဖင်းကန်း သည် ထိုစကားအား ပြောပြီးနောက် နောက်ပြန်ဆုတ်သွားသည်။ “ကျွန်တော်က ဆရာမကို ဘာမှ မကူညီနိုင်ဘူး၊ပြီးတော့

ကျွန်တော်ကြောင့်လည်း အနှောင့်အယှက် မဖြစ်စေရပါဘူး..."

ရှဲ့ချောင် က သူ့ကို မျက်စောင်းထိုးလိုက်သည်။

ထိုအချိန်တွင် မကောင်းဆိုးဝါးဝိညာဥ်၏မျက်နှာပေါ်၌ ဒေါသထွက်ပုံပေါ်လာကာ အရေပြားစသည် ပို၍ပင် တဆတ်ဆတ် တုန်လှုပ်လာလေသည်။ ရှဲ့ချောင် သည် ထိုအဖြစ်ကို ကြည့်မိသောအခါ ယင်းပိုနေသည့်အရေပြားစကို သူမလှမ်းပြီး ဆုတ်ဖြဲပစ်လိုက်နိုင်စေရန်သာ ဆုတောင်းမိ၏။

"မင်းတို့… တောကြောင်ရိုင်းလိုကောင်တွေ… ငါ့သင်္ချိုင်းထဲကို ဘယ်လိုများ ဝင်လာရဲတာလဲ..."

မကောင်းဆိုးဝါးဝိညာဥ်၏ အသံက နားဝင်ဆိုးလှ

သည်။

သူ့တွင် ​ကောင်းသည့်အရာဘာမှပင် ရှိမနေပါချေ။

ဤကဲ့သို့ မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်အား မြင်လိုက်ရသောအခါ ရှဲ့ချောင် တွေးလိုက်သည်က… သူမ သေဆုံးသည့်အခါ ဘာပဲဖြစ်ဖြစ်…လှပတင့်တယ်နေရမည်ဟုပင်!

ရှဲ့ချောင် သူမ၏ဓားကို ဆွဲထုတ်လိုက်သည်။

“ငါ့ကို မှန်မှန်ပြောစမ်း၊ နင် ဘာအပြစ်တွေ ကျူးလွန်ဖူးလဲ။ ငါနင့်ကို မြန်မြန်ပျောက်ကွယ်သွားအောင် လုပ်ပစ်လို့ရတယ်၊ ဒါမှမဟုတ် ကောင်းကင်ဘုံက မိုးကြိုးနဲ့ ပထဝီမြေကြီးရဲ့မီးတောက်က နင့်ကို သေတဲ့အထိ ဖောက်ခွဲ

ဖျက်ဆီးပစ်လိမ့်မယ်။” ရှဲ့ချောင်သည် တည်ငြိမ်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သော်လည်း သူမ၏စကားကြောင့် ရှဲ့ဖင်းကန်းမှာ ဆို့နင့်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သူက ထိုအရာအား မမြင်နိုင်ပါချေ။ ထို့ကြောင့် ဆရာမမော့သည် လေထုအား ဤသို့နှုတ်ဆက်နေသည်ကို မြင်သောအခါ သူက မကူညီနိုင်သော်လည်း စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရသည်။

အထူးသဖြင့် ဆရာမမော့၏ သေးသေးသွယ်သွယ် ခန္ဓာကိုယ်သည် အမှန်ပင် လုံလုံလောက်လောက်သန်မာပုံ မရချေ။ သူမသည် သူမ၏ အစွမ်းအစကို ပြကာ ကြောက်စရာကောင်းသော တစ်ခုခုအား ပြောပြချင်နေသည့် ချစ်စရာကောင်းသော ကလေးတစ်ယောက်နှင့်တူလှသည်။

“ဟားဟား… မင်းလို စိတ်အနှောင့်အယှက်ဖြစ်စရာ တာအိုဆရာကများ” မကောင်းဆိုးဝါးဝိညာဥ်သည် ဟာသတစ်ခုကြားမိသကဲ့သို့ သဘောထား၍ ရှဲ့ချောင်အား အထင်အမြင်သေးစွာ ကြည့်လာသည်။

ထိုစကားကို ပြောပြီးနောက်တွင် သူ၏ လက်ကို မြှောက်လိုက်၏။

အနက်ရောင် မကောင်းဆိုးဝါးဝိညာဥ်၏ဓားသည် သူ့လက်ထဲ၌ ပေါ်လာပြီး လက်ကိုမြှောက်၍ ဓားကိုလွှဲယမ်းလိုက်သည်က ရှဲ့ချောင်ဆီသို့ပင်!

ရှဲ့ချောင်၏ မက်မွန်သစ်သားဓားသည် ထိုအရာအား ချက်ချင်းပင် တားဆီးလိုက်သည်။

အနက်ရောင် မကောင်းဆိုးဝါးဝိညာဥ်၏ ရောင်ဝါ

သည် မဖယ်ရှားနိုင်သောရွှံ့ကဲ့သို့ပင် ရှဲ့ချောင်၏ မက်မွန်သစ်သားဓား၌ ရုတ်တရက် စွဲကပ်သွားသည်။ ထိုအရာသည် တဖြည်းဖြည်းနှင့် မက်မွန်သစ်သားဓားအတိုင်းလိုက်ကာ ရှဲ့ချောင်၏လက်ဆီသို့ ပျံ့နှံ့လာသည်။

“မက်မွန်သစ်သား ဓားကျိုးတစ်ချောင်းကို သုံးပြီး ငါ့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ။ ရယ်စရာကောင်းလိုက်တာ!" သူပြောသည့်အတိုင်းပင် သူ့ရောင်ဝါက တဟုန်ထိုးတိုးလာလေသည်။ သူ၏အနောက်မှ သစ်သားရုပ်သည်လည်း လှုပ်ရှားမှုအလွန်မြန်ဆန်ကာ သူ့အတိုင်းပင် ရွေ့လျားနေသည်။

ရုပ်သေးရုပ်အလောင်းသည် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင် ဖြစ်နေလျှင်ပင် ထိုအရာက ရုပ်သေးရုပ်တစ်ခုသာ ဖြစ်လေသည်။

အမှန်တကယ် ကြောက်စရာကောင်းသည်မှာ သူ့ရှေ့မှ မကောင်းဆိုးဝါးဝိညာဥ်မဟုတ်ပဲ သူ့နောက်မှ သစ်သားရုပ်ပင်!

ထို့ပြင် ဤသစ်သားရုပ်သည်...

မကောင်းဆိုးဝါးဝိညာဥ်၏ သားစဥ်မြေးဆက်များက အတွင်း၌ထားခဲ့ခြင်း မဖြစ်နိုင်ပါချေ။ မကောင်းသော တစ်ယောက်ယောက်ကသာ ထိုအရာကို လုပ်ခဲ့သည်ပင်!

ရှဲ့ချောင်သည် သူမလက်ဆီသို့ မကောင်းဆိုးဝါးစွမ်းအင်များ ရောက်ခါနီးလာသည်ကို မြင်လိုက်ရသဖြင့် သူမသည် မက်မွန်သားဓားကို ချက်ချင်း လက်လွှတ်ပစ်လိုက်သည်။

အမှောင်စွမ်းအင်သည် ရှဲ့ချောင်၏နဖူးအား တည့်

တည့်ပင် ထိမိသွား၏။

သို့သော်လည်း ကောင်းမွန်သော ယန်စွမ်းအင်များက တရှိန်ထိုးပြန်ကန်ထွက်လာသည့်အတွက် ရှဲ့ချောင်အား မထိခိုက်သွားခဲ့ပေ။

သူမ၏လက်အတွင်းရှိ အဆောင်များသည်တော့ ဖျက်ဆီးခံလိုက်ရလေပြီ… ။

•••••

All Chapters