အခန်း (၈၅၇-၈၆၀)
Vol. 44 Ch. 857-860
အခန်း ၈၅၇ - ရှင့် နောက်လိုက်တချို့ရှိနေရင် ကောင်းမယ်
ရှဲ့ချောင် သည် သူမ၏ ခြင်းတောင်းအတွင်းမှ တခြား သစ်သားဓားတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းသည် မက်မွန်သားနှင့် မတူပဲထူးခြားလေသည်။
သစ်သားဓား ပေါ်လာသည့်အခိုက်တွင် မကောင်းဆိုးဝါးဝိညာဥ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ "မင်းက…ဘယ်သူလဲ!"
သူ့အတွေးသာ မမှားခဲ့ပါလျှင် ထိုအမျိုးသမီးခြေထောက်အနီးမှ ဝါးခြင်းတောင်းအတွင်း၌ သူ့ကို ဖမ်းချုပ်ထားနိုင်သောပစ္စည်းများနှင့် ပြည့်နှက်နေလိမ့်မည်လား?
ထို့အပြင် ဤဓားအား မိုးကြိုးဒဏ်ခံထားသည့် သစ်သားဖြင့် ပြုလုပ်ထားခဲ့သည်လား?
"နင့်ကို ငရဲပြည် ပို့ပေးမယ့်သူလေ" ရှဲ့ချောင်က ပြုံးလိုက်သည်။ သူမသည် မိုးကြိုးထိမှန်ထားသည့် သစ်သားပေါ်တွင် အဆောင်မန္တန်စာလုံးအချို့ကို ကူးရေးထား၏။
“မိုးကြိုး၊ နှင်းနဲ့ လေတွေကို ကောင်းကင်ဘုံရဲ့ တန်ခိုးအာဏာနဲ့ စီးနင်းလို့ ဘယ်ဘက်မှာ ကြက်သွေးရောင်နဂါး၊ ညာဘက်မှာ ပင်လယ်လိပ်။ သံမြို့တော် ခရမ်းရောင်လိုဏ်ဂူ… နတ်ဘုရားရဲ့အမည်နာမနဲ့ဆင့်ခေါ်ပြီး မကောင်းဆိုးဝါးတွေကို နှင်ထုတ်မယ်… ငါ့အမိန့်ကို နာခံစေ” ရှဲ့ချောင်သည် ဂါထာရွတ်ဆိုနေစဉ်တွင် လျှပ်စီးက သူမ၏ ဓမ္မဓားရှည်အား နောက်တစ်ကြိမ် ဖြတ်စီးသွားသကဲ့သို့ ထင်ရလေသည်။
အပြင်ဘက်တွင် ကြည်လင်နေသော မိုးကောင်းကင် နှင့် မြေပြင်မှ မိုးခြိမ်းသံသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။ မိုးခြိမ်းသံသည် အနီးအနားမှသော်လည်းကောင်း အလှမ်းဝေးဝေးမှသော်လည်းကောင်း ဖြစ်နေသော်လည်း လူတိုင်းက ထိုအရာကို နားကြားလွဲသည်ဟုသာ ထင်နေပုံပင်။
ရှဲ့ချောင် သည် လျှပ်စီးကြောင်းနှင့်အတူ သူမ၏ဓားတွင် ယှဥ်တွဲထားသည့် စွမ်းအားကို မြင်လိုက်ရပြီးသည့်နောက် မကောင်းဆိုးဝါးကို ခုတ်ပိုင်းလိုက်သည် ။
မကောင်းဆိုးဝါးဝိညာဥ်သည် ကြောက်လန့်တကြားခုန်လိုက်ပြီးနောက် ဒေါသချောင်းချောင်းထွက်လာခဲ့သည်။
ထိုထူးဆန်းသည့် မကောင်းဆိုးဝါးဝိညာဥ်သည် ကောင်းကင်ဆီသို့ တဟုန်ထိုးပျံတက်သွားပြီး တစ်ချက်အော်ဟစ်လိုက်သည်။ ထို့နောက် အရှေ့သို့ လွင့်မျောသွားကာ သူ့လက်အတွင်း၌ လက်နက်ပစ္စည်းတစ်ခု ပေါ်ထွက်လာလေသည်။ ထိုအရာက ဝိညာဉ်ဆင့်ခေါ်သည့် ခေါင်းလောင်းဖြစ်သည်။
ထိုဝိညာဉ်ဆင့်ခေါ်ခေါင်းလောင်းသည် ရှဲ့ချောင် အသုံးပြုလေ့ရှိသည့် ခေါင်းလောင်းနှင့် မတူပေ။
ထိုအရာကို အမှောင်စွမ်းအားများနှင့် ကာဆီးထားပြီး မကောင်းဆိုးဝါးစွမ်းအင် ထူထပ်နေကာ အေးစက်သော အငွေ့အသက်တို့နှင့် ပြည့်နှက်နေသည်။
ရှဲ့ချောင် သည် တရှဲရှဲမြည်သံကို ကြားရလိုက်ပြီး ခဏအကြာတွင် ဂူသင်္ချိုင်း၏ အနက်ရှိုင်းဆုံးအပိုင်းမှ မရေမတွက်နိုင်သော အနက်ရောင်
ပိုးကောင်များ တွားသွားကာထွက်လာကြ၏။ ပိုးကောင်များသည် ထူးဆန်းပြီး ရွံရှာဖွယ်ကောင်းကာ ရှဲ့ချောင်နှင့် အခြားနှစ်ယောက်ဆီသို့ အုံလိုက်ခဲလိုက်ပင် ဦးတည်လာကြ၏။
"ချီးပဲ...ဒီဟာတွေက ဘာတွေလဲ!" ရှဲ့ဖင်းကန်းသည် မတတ်သာတော့ပဲ သူ့ဦးရေခွံမှာ ထုံထိုင်းသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
ကျောက်ရွှမ်ကျင်း သည် အသင့်ပြင်ထားနှင့်ပြီး ဖြစ်သည်။ သူသည် ဘယ်လက်ဖြင့် ဓားကိုထုတ်ကာ နေရောင်အောက်တွင် ချဉ်းကပ်လာသော ပိုးကောင်များကို ခုတ်ပိုင်းလိုက်သည်။
ယခုအချိန်တွင် ပိုးကောင်များသည် ရှဲ့ချောင်၏အနားသို့ မကပ်ဝံ့ပေ။
သူတို့သည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အားကောင်းသော ရောင်ဝါကို ခံစားမိပုံပေါ်သည်။
“အနံ့တစ်ခုခု နံလာပုံပဲ… အနံ့က ပိုပိုပြီး ပြင်းလာပြီ” ကျောက်ရွှမ်ကျင်း သည် တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ ခံစားရသော်လည်း စိတ်မသက်မသာဖြစ်ခြင်းကို မခံစားရပေ။
"ရှင်တို့ကို ကျွန်မပေးခဲ့တဲ့ အဆောင်တွေအားလုံး ရှိသေးတယ်မလား" ရှဲ့ချောင် က မေးလိုက်သည်။
နှစ်ယောက်သား ခေါင်းညိတ်ပြသည်။
“အဲဒါဆို ကောင်းပြီ။ အဲဒါရှိရင် အဆင်ပြေတယ်” ရှဲ့ချောင်က ချက်ချင်းပြန်ပြောလိုက်သည်။
ဤနေရာရှိ အနံ့သည် အရေးပေါ်ဖြစ်သည့်အပြင် ပြင်းထန်လာသည်။ မကောင်းဆိုးဝါးဝိညာဥ်များ ရောက်လာကြလေပြီ။ ဤအရာက သူ့တို့၏ တိုက်ခိုက်ရေးနည်းလမ်းများမှ တစ်ခုဖြစ်လေသည်။
ပြင်ပမှ လေဝင်ပေါက်က ကျယ်သည့်အပြင် သူတို့တွင် အဆောင်များပါ ရှိနေသည့်အတွက် ထိခိုက်မှု သိပ်မရှိပါချေ။
ရှဲ့ချောင်သည်သာ အကျပ်ရိုက်သည့် အခြေအနေအတွင်း ရောက်နေလေသည်။
မကောင်းဆိုးဝါးဝိညာဥ်၏လက်အတွင်းမှ ဝိညာဉ်ဆင့်ခေါ်ခေါင်းလောင်းအား မကောင်းသောလူတစ်ယောက်က လှုပ်ရမ်းပစ်လိုက်၏။ ထိုအရာသည် အလွန်ပင် အစွမ်းထက်သည့်အတွက် ခေါင်းလောင်းသံမြည်သောအခါ ရှဲ့ချောင်သည်
သူမ၏ဝိညာဉ်မှာ ကောင်းကင်ဘုံသို့ တက်တော့မလိုပင် တစ်ကိုယ်လုံး မသက်မသာ ခံစားလိုက်ရသည်။
ရှဲ့ချောင် ၏ နဖူးတွင် ချွေးစေးများထွက်လာပြီး နဖူးပေါ်ရှိ မိတ်ကပ်များပင် အနည်းငယ် ပျက်ပြယ်သွားခဲ့သည်။
သူမသည် စိတ်အာရုံစူးစိုက်ပြီး လျှပ်ပန်းလျှပ်နွယ်နှင့် မီးတောက်အချို့ကို ရိုက်ထုတ်လိုက်သည်။
ဝိညာဉ်ဆင့်ခေါ်ခေါင်းလောင်းအား သူ့လက်ထဲ၌ ဆုပ်ကိုင်မထားနိုင်လုနီးပါး ဖြစ်သည်ထိ တာအိုဆရာမက အစွမ်းထက်နေမည်ဟု မကောင်းဆိုးဝါးဝိညာဥ်က ထင်မှတ်မထားခဲ့ပေ။
"အရှင့်သား၊ ရှင့်အနားက မကောင်းဆိုးဝါး ဝိညာဥ်
တွေအားလုံး ဘယ်ကို ရောက်သွားတာလဲ" ရှဲ့ချောင်သည် ပြန်လှည့်မေးကာ ကျောက်ရွှမ်ကျင်းအား ကြည့်လိုက်သည်။
ထိုသူ၏နောက်လိုက်များအား မမြင်ရသည်မှာ အတော်ကြာပြီပင်။ သူတို့ ဘယ်ရောက်သွားကြတာလဲ?
"သူတို့ကို လိုတာလား" ကျောက်ရွှမ်ကျင်း မေးလိုက်သည်။
"တချို့တလေရှိနေရင် ကောင်းမယ်။" ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
ရှဲ့ချောင် ပြောပြီးသည်နှင့် ကျောက်ရွှမ်ကျင်း သည် ချက်ချင်းပင် ကြွေဝီစီကို ထုတ်လိုက်ပြီး ပါးစပ်နဲ့ ညင်သာစွာ မှုတ်လိုက်သည်။ ခဏအကြာ
တွင် မကောင်းဆိုးဝါးဝိညာဥ် ဆယ်ကောင် ပျံဝဲလာသည်… တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်… ဆယ်ကောင်ပင်!
ထိုမကောင်းဆိုးဝါးဝိညာဥ်ဆယ်ကောင်လုံးသည် အစောင့်တပ်သားဝတ်စုံကို ၀တ်ဆင်ထားကြသည်။ သူတို့အားလုံးသည် မကောင်းဆိုးဝါးဝိညာဥ်များကြားတွင် အံ့သြစရာကောင်းအောင်ပင် အစွမ်းထက်သည့် ပုံပေါက်နေကြသည်။
ရှဲ့ချောင်သည် အနည်းငယ် ဇဝေဇဝါဖြစ်ကာ "ရှင့် အစောင့်တပ်သားတွေ အများကြီး သေသွားတာလား"
“ကိုယ် သူတို့ကိုအဝတ်အစားတွေ မီးရှို့ပေးခဲ့တာ။ သူတို့က ကိုယ့်အတွက် အလုပ်လုပ်ပေးနေတာပဲလေ။ ကိုယ် သူတို့ကို ခွဲခြားမဆက်ဆံပါဘူး။" ကျောက်ရွှမ်ကျင်းသည် အမှန်ပင် အလေး
အနက်ထားခဲ့သည်။
အဝတ်အစားများအပြင် မြင်းများ၊ လက်နက်များနှင့် အမွှေးတိုင်များအပါအဝင် အခြားသော အရာများကိုပင် မီးရှို့ပေးခဲ့သည်။
•••••
အခန်း ၈၅၈: ယင်းယန်၏ တာအိုဝါဒ
ရှဲ့ချောင် သည် သူ့ကိုကြည့်ကာ တစ်ခဏမျှ အံ့သြမှင်တက်မိသွားခဲ့သည်။
သူသည် အဘယ်ကြောင့် ထိုကဲ့သူ ထူးချွန်သူတစ်ဦး ဖြစ်သွားပါသနည်း? အနှောင့်အယှက်ပေးသည့် ဝိညာဉ်အုပ်စုတစ်စုအား ဤကဲ့သို့ဖြစ်လာစေရန် မည်ကဲ့သို့ သင်ပြလိုက်ပါသနည်း?။
သူမသည် အာရုံပျံ့လွင့်နေချိန်၌ မကောင်းဆိုးဝါးဝိညာဥ်၏ ဝိညာဉ်ဆင့်ခေါ် ခေါင်းလောင်းသံကြောင့် တုန်လှုပ်ကာ ဟန်ချက်ပျက်သွားခဲ့သည်။ သူမ၏အသက် ဆုံးရှုံးလုနီးပါးပင်။
ကံကောင်းထောက်မစွာဖြင့် သူမတွင် လက်နက်ကိရိယာ လုံလုံလောက်လောက်ရှိနေသေးသည်။
ရှဲ့ချောင် သည် အာရုံမပျံ့လွင့်ရဲတော့ပဲ သူမ၏အလုပ်ကို ဆက်လုပ်လိုက်သည်။
အိမ်ရှေ့စံမင်းသား၏နောက်လိုက် မကောင်းဆိုးဝါးဝိညာဥ်များသည် မကောင်းဆိုးဝါးစွမ်းအင် လုံးဝမရှိပေ။ ထို့အပြင် သူတို့အား သူ၏ နဂါးစွမ်းအင်ဖြင့် ကျွေးမွေးထားသောကြောင့် သူတို့၏ ဝိညာဉ်စွမ်းအားသည် အစွမ်းထက်ပြီး လုံးဝကိုအသုံးဝင်လေသည်။ သူတို့သည် တောင်ထိပ်ပေါ်တွင် ဖရိုဖရဲအရှိန်အဝါနှင့် ပရမ်းပတာရစ်ဝဲနေကြသော ဝိညာဉ်များနှင့် မတူပေ။
“အုပ်ချုပ်မှု ခုနှစ်ပါးနဲ့ စိတ်ဝိညာဥ်ရှစ်ပါး။ ဝိညာဥ်တစ်သောင်းကပြန်လာပြီး မြင့်မြတ်တဲ့ အကြွင်းမဲ့အာဏာနဲ့ မကောင်းဆိုးဝါးနဲ့ သက်တမ်း
ရှည်ခေါင်းဆောင်သားရဲကြီးတွေကို မောင်းထုတ်လိမ့်မယ်။ ငါ့အမိန့်ကို နာခံကြစေ။ သွား!” ရှဲ့ချောင် သည် သူမ၏ အဆောင်စာရွက်ကို ဝှေ့ယမ်းကာ ဂါထာရွတ်ဆိုလိုက်သည်။
ယင်းတပ်သား ဆယ်ယောက်၏ ရောင်ဝါသည် တဟုန်ထိုး တက်လာပြီး တခဏတာမျှ ကောင်းကင်အား အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းကာ ဖုန်မှုန့်များကို မွှေနှောက်သွားသည်။
ရှဲ့ချောင် သည် ကျောက်ရွှမ်ကျင်း ကိုကြည့်နေစဥ် ရုတ်တရက် တစ်ခုခုအား နားလည်သဘောပေါက်သွားသည်။ “ဧကရာဇ်ငါးပါးနဲ့ နဂါးငါးကောင်၊ မီးတောက်နတ်ဘုရား… အုပ်ချုပ်သူ ခေါင်းဆောင်မှာ အမိန့်ပြန်တမ်းတစ်ခုရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့ အရာရှိတွေက စိတ်အားထက်သန်မှုနှင့် နာခံမှုရှိတယ်။ တရားမျှတပြီး ဖြောင့်မတ်တဲ့စွမ်းအင်ကို ကာကွယ်ပြီး မကောင်းဆိုးဝါးကို သုတ်သင်စေ”
ရှဲ့ချောင်၏ မန္တန်ကို ကျောက်ရွှမ်ကျင်း ၏သွေးဖြင့် ရေးထိုးထားသော အဆောင်နှင့် ပေါင်းစပ်ပြီးနောက် သူမသည် နောက်တစ်ကြိမ် မော့ကြည့်လိုက်သည်။ ကျောက်ရွှမ်ကျင်း ၏ ဦးခေါင်းမှ မီးနဂါးတစ်ကောင် ပျံထွက်သွားပြီး သစ်သားရုပ်ငယ်ကို မီးလောင်ကျွမ်းစေလိုက်သကဲ့သို့ပင်။
ရှဲ့ချောင်သည် သူမ၏ခေါင်းကို တိတ်တဆိတ်ဖုံးကွယ်လိုက်မိသည်။
ဧကရာဇ်မင်းတစ်ပါး၏ ရောင်ဝါသည် စင်စစ်ထူးခြားသည်ပင်။ ဤရောင်ဝါသည် အိမ်ရှေ့စံမင်းသားတစ်ဦးတည်း၌သာ ရှိသည်။
ချွေတာပြီး သုံး၊ လျှော့လျှော့ပေါ့ပေါ့ သုံး။
သူမသည် ခရိုင်လမ်းပေါ်တွင် တစ်ခုအသုံးပြုခဲ့ပြီး ယခုက နောက်ထပ်တစ်ခုပင်။ ကျန်သေးသည်က…
ရှဲ့ချောင်သည် အဆောင်စာရွက်ကို ရှာလိုက်ပြီး အထူကို စမ်းကြည့်လိုက်သည်။ သူမ၏ နှလုံးသားမှာ ဆို့နင့်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏အရှေ့မှ မကောင်းဆိုးဝါးဝိညာဥ်အား ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက အေးစက်လာ၏။
ကျောက်ရွှမ်ကျင်း သည် သူကိုယ်တိုင်နှင့် ပတ်သက်၍ တစ်စုံတရာ ထူးဆန်းနေသည်ကို သတိပြုမိနိုင်လေသည်။ ထိုအရာမှာ လေထုပါးပါးဆီမှ ဒေါသထွက်လာသကဲ့သို့ပင်။ သူ၏ခြေထောက်အောက်မှ ပိုးကောင်များသည် ချက်ချင်းပင် ရှောင်ထွက်သွားပြီး အနီးသို့တိုးကပ်မလာရဲတော့ပေ။
သူသည် မျက်လုံးကို အနည်းငယ်မှိတ်လိုက်ပြီး တစ်ခုခုဝိုးတဝါးမြင်ရသကဲ့သို့ ခံစားမိလိုက်သည်။
မီးလောင်နေတဲ့ သစ်သားရုပ်လား?။
သို့သော် ထိုအရာအား သူ့၏ စိတ်အထင်ဟုလည်း ခံစားနေရသည်။ ထိုအရာသည် အစစ်အမှန်မဟုတ်ချေ။
မိုးကြိုး၊ မကောင်းဆိုးဝါးဝိညာဥ်များနှင့် မီးနဂါးတို့သည် တစ်ခုပြီးတစ်ခု မကောင်းဆိုးဝါးဝိညာဥ်ဆီမှ သစ်သားရုပ်အား မီးရှို့ဖျက်ဆီးကာ ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ဂူသင်္ချိုင်း၏အပေါ်ရှိ ကောင်းကင်မှ သစ်သားရုပ်ငယ်သည် ချက်ချင်းပြုတ်ကျလာကာ မည်းနက်နေသော ရေထဲသို့ ထိုးကျသွားသည်။ ယခု ထိုအရာသည် အသုံးမဝင်တော့ပေ။
ရှဲ့ချောင်သည် စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။
ထိုအချိန်အတွင်း၌ မကောင်းဆိုးဝါးဝိညာဥ်သည် တုန်လှုပ်နေပြီး အပြင်ဘက်တွင် မီးလောင်ကျွမ်းနေကာ အတွင်းဘက်၌ မိုးကြိုးဒဏ်ခံရသောကြောင့် နာကျင်နေ၏။
ရှဲ့ချောင်၏အမိန့်အရ မကောင်းဆိုးဝါးဝိညာဥ်များသည် ထိုမကောင်းဆိုးဝါးဝိညာဥ်အား ချည်နှောင်ပြီး သူမဆီသို့ ယူဆောင်လာကြသည်။
သူတို့သည် တက်ညီလက်ညီ ဒူးထောက်လိုက်ကြကာ “ပြဿနာဖြစ်စေတဲ့ကောင်ကို အပြစ်ပေးပြီးပါပြီ။ ဆရာမ၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမိန့်ပေးပါ!”
ရှဲ့ချောင်သည် တံတွေးမျိုချလိုက်ပြီး ကြက်သေသေနေမိသည်။
ဤမကောင်းဆိုးဝါးဝိညာဥ်အစောင့်များသည် ကျောက်ရွှမ်ကျင်း၏ အသက်ရှင်နေသောအစောင့်များထက် ပို၍စိတ်အားထက်သန်ပြီး ဖြောင့်မတ်ကာ ကတိတည်သည်ဟု သူမတွေးမိလိုက်သည်။
“က-ကောင်းပြီ။ ကျေးဇူးပြုပြီး ထကြပါ…” ရှဲ့ချောင် သည် ထိုကဲ့သို့မြင်ကွင်းမျိုးအား ယခင်က လုံးဝ မမြင်ဖူးခဲ့ပေ။ ထိုအရာက အမှန်ပင် တွေ့ရခဲလေသည်။
ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားသည်။
သူမသည် အလွန်ကျေနပ်နေသည်ဟု ထင်ရသည်။
သူက ကောင်းမွန်သောအလုပ်တစ်ခုကို လုပ်ခဲ့သည်ပင်။ မှန်တယ်မလား!
"ဆရာမမှာ တခြားညွှန်ကြားချက်မရှိသေးရင် ကျွန်တော်တို့ ဘေးမှာစောင့်ပေးနေပါမယ်!" အစောင့်များက ထပ်ပြောသည်။
ရှဲ့ချောင် သည် ထပ်တလဲလဲ ခေါင်းညိတ်ကာ “ကောင်းပြီ ကောင်းပြီ ။ မြန်မြန်သွား…”
သူတို့သည် အလွန် စဥ်းစားချင့်ချိန်တတ်ကြသည်။ ထို့အပြင် ဤမကောင်းဆိုးဝါးဝိညာဥ်များသည် ရုပ်ဆိုးခြင်းလည်းမရှိပေ။ သူတို့သည် လူသားနှင့်တူသည့် အဝတ်အစားများကို ၀တ်ဆင်ထားကြကာ ခန့်ညားပုံပေါ်သည်။ သူတို့က အမှန်တကယ် အံ့သြစရာပင်။
ရှဲ့ချောင် ၏ခွင့်ပြုချက်ရရှိပြီးနောက် အစောင့်များသည် ကျောက်ရွှမ်ကျင်း အား ရိုသေစွာ နှုတ်ဆက်ကြသည်။
မှန်ပါသည်၊ ကျောက်ရွှမ်ကျင်း သည် ဘာမှ မကြားရပေ။ သူတို့သည် ထုံးစံများကို လိုက်နာပြီးနောက် အဝေးသို့ ပျံဝဲသွားကြသည်။
ရှဲ့ချောင် သည် ကျောက်ရွှမ်ကျင်းအား ရှုပ်ထွေးနက်နဲသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
“ကိုယ်တော်က ကောင်းကင်ဘုံရဲ့ သားတော်ပဲလေ။ယင်း နဲ့ ယန်နှစ်ခုလုံးရဲ့ တာအိုဝါဒကို လိုက်နာပါတယ်” ကျောက်ရွှမ်ကျင်း သည် ထိုနေရာ၌ သပ်ရပ်ကြော့မော့စွာ ရပ်နေခဲ့၏။ သူ၏ အဖြူရောင်အဝတ်အစားများမှာ အညစ်အကြေးကင်းစင်နေလေ၏။
ရှဲ့ချောင် သည် သူ့ကို ပိုကြည့်လေလေ၊ သူသည် အလွန်ပရောပရည်လုပ်သည်ဟု သူမတွေးမိလေလေပင်…။
•••••
အခန်း ၈၅၉- သူ့ရဲ့နောက်ခံက ဘာများလဲ
ရှဲ့ချောင်၏မျက်နှာသည် တိတ်တဆိတ် နီရဲလာ၏။
ထို့နောက် သူမသည် တည်ငြိမ်ဟန်ဆောင်ကာ ယင်းအစောင့်သားများ ချုပ်နှောင်ထားခဲ့သော မကောင်းဆိုးဝါးဝိညာဥ်ကိုကြည့်ရန် သူမ၏ခေါင်းကို လှည့်လိုက်သည်။
"ဘာတွေဖြစ်ခဲ့တာလဲ? ငါ့ကိုပြောပြ" ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိညာဥ် ကိုကြည့်ကာ မေးမြန်းလိုက်သည်။ "ငါကြားခဲ့တာ နင်အသက်ရှင်တုန်းက ပင်လယ်ဓားပြ ဖြစ်ခဲ့တယ်ဆိုလား။ နင်ဘယ်မှာအလုပ်လုပ်ခဲ့လဲ ပြီးတော့ နင့်နာမည်ဘယ်လိုခေါ်လဲ။ မြန်မြန်ပြော!”
ထိုအခိုက်တွင် မကောင်းဆိုးဝါးဝိညာဥ်က ထိတ်လန့်တုန်လှုပ်နေသည်။
တုန်တုန်ယင်ယင်ဖြစ်နေခြင်းကြောင့် ရှဲ့ချောင်သည် ထိုသူက အင်အားကြီးသော ပင်လယ်ဓားပြတစ်ယောက်နှင့် မတူဟု ယူဆမိသည်။
“ငါ-ငါ…” မကောင်းဆိုးဝါးဝိညာဥ်သည် သူ၏ ခြေလက်များကို မည်သို့ရွှေ့ရမည်ကို မသိပါချေ။ မီးကျွမ်းနေသော သူ၏ ခန္ဓာကိုယ်သည် တစ်စစီ ကျိုးပဲ့လုနီးပါးဖြစ်နေသည်။ "ဆရာမ ငါ့အသက်ကို ချမ်းသာပေးပါ... ငါ တကယ် ပင်လယ်ဓါးပြမဟုတ်ဘူး..."
"နင်က မဟုတ်ဘူးလား? ဒါပေမယ့် နင် အဲဒီမကောင်းဆိုးဝါးဝိညာဥ်တွေကို ကြွားနေခဲ့တယ်မလား” ရှဲ့ချောင် သံသယဖြစ်မိသည်။
ဤမကောင်းဆိုးဝါးဝိညာဥ်သည် အလွန်ပင်ရုပ်ဆိုးလှသည်။ သူမသည် သူ့မျက်နှာအား အမှန်ပင်မကြည့်ဝံ့ချေ။
သို့သော်ငြား သူပြောသည့်စကားကို ကြားပြီးသည့်နောက်တွင် ရှဲ့ချောင်သည် ရွံရှာမှုကို သည်းခံ၍ သူ့အား အကြိမ်အနည်းငယ် ကြည့်လိုက်မိသည်။
သူမသည် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ၏ အရိုးတည်ဆောက်ပုံမှာ အတော်ပင် သိသာထင်ရှားလှသည်။ သူသည် မျက်တွင်းဟောက်ပက်ကျနေကာ ပါးရိုးများက ကျနေပြီး ပါးလျသည့်အပြင် နဖူးပြင်လည်း နိမ့်ပြီး ကျဉ်းသည်။ ဤကဲ့သို့လူမျိုးက…အမှန်ပင် သတ္တိရှိသည့်လူ မဟုတ်ပါချေ။ အမှန်ပြောရလျှင် ထိုအရာက အတိအကျဆန့်ကျင်ဘက်သာ ဖြစ်သည်။ သူသည် ငကြောက်
တစ်ယောက်သာ ဖြစ်သင့်သည်။
“ငါ အသက်ရှင်နေတုန်းက… သာမန်လူတစ်ယောက်ပါပဲ။ ငါ့မိသားစုမှာ စီးပွားရေးလုပ်ငန်းတွေ အများကြီးရှိခဲ့ပြီးတော့ ငါ့စီးပွားရေးလုပ်ငန်းတွေကလည်း မဆိုးခဲ့ပါဘူး။ ဒါပေမဲ့ ငါ့ကို တခြားသူတွေက ခဏခဏ အနိုင်ကျင့်ကြတယ်။ ငါ့ဝမ်းကွဲက လူဆိုးတွေကို ခေါ်ပြီးတော့ မကြာခဏ ငါ့ကို ဖိနှိပ်ဖို့လာကြတယ်။ ငါက ပိန်ပြီး အားနည်းတယ်၊ သူတို့ကို မနိုင်နိုင်ဘူး။ ငါ့မှာ ပိုက်ဆံရှိပေမဲ့ ကျောထောက်နောက်ခံတစ်ခုမရှိခဲ့ဘူး။ ပြီးတော့ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့လည်း မဝံ့ရဲခဲ့ဘူး။ ရလဒ်အနေနဲ့ ဒါကြောင့်ပဲ ငါ့က မကြာခဏ နှိပ်စက်ခံခဲ့ရတယ်။ နောက်တော့ ငါသည်းမခံနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ…”
သူသေဆုံးပြီးနောက်မှာ နာကျည်းမှုနှင့် မလိုလားသောဆန္ဒကို ခံစားခဲ့ရသည်။
သူ၏ဘဝတစ်သက်တာလုံး အလွန်ဂရုတစိုက်ဖြင့် မကောင်းသောအရာကို မလုပ်ရဲခဲ့သော်လည်း မကောင်းသောလူများက သူ့အား သေခြင်းတရားအဆုံးထိ တွန်းပို့ခဲ့ကြသည်။
မည်သို့ ဖြစ်သွားရပါသနည်း?
သူသည် တွန့်ဆုတ်နေခဲ့သောကြောင့်ပင်။ သူသေဆုံးပြီးနောက်ပင်လျှင် အခြားသူများအား ဒုက္ခမပေးဝံ့ပါချေ။
နောက်ပိုင်းတွင် သူ၏မိခင်နှင့် ဇနီးသည် သူ့အား ဤနေရာ၌ သင်္ဂြိုဟ်ခဲ့သည်။
ဤနေရာသည် ကနဦးအစ၌ တောင်ချိုင့်တစ်ခု
ဖြစ်ခဲ့၏။ ထိုအတွင်း၌ ရေအနည်းငယ်ရှိခဲ့သည်။ ထိုနေရာသည် ရေကန်တစ်ခုမဟုတ်သော်လည်း နေရာကောင်းတစ်ခုဖြစ်ခဲ့လေသည်။ တောင်ပေါ် ရှုခင်းမှာ ကောင်းမွန်သည့်အတွက် သူနှစ်သက်ခဲ့သည်။
သို့သော်ငြား သူသည် အလွန်ပင် ရှက်ကြောက်နေခဲ့သည်။ ထိုအရာကြောင့် သင်္ဂြိုဟ်ပြီးသည့်နောက်တွင် သူသည် ဤနေရာတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သည့်နေရာကိုမှ မသွားနိုင်ခဲ့ပါချေ။
နှစ်ပေါင်းများစွာ ကုန်ဆုံးသွားသည်။
သူ့မိဘများ ဆုံးပါးသွားခဲ့ပြီး သူ့ဇနီးသည် နောက်အိမ်ထောင်ပြုလိုက်သည်။ ဇနီးသည် သူ၏သားသမီးများအား မိသားစုအသစ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ၏သင်္ချိုင်းကို မည်သူ
ကမှဂရုမစိုက်ခဲ့ပေ။ထို့ကြောင့် သူ့သင်္ချိုင်း ပျက်ဆီးခဲ့ရသည်။
“နောက်တစ်နှစ်နေတော့ တာအိုဆရာတစ်ယောက် ရောက်လာတယ်။ ဒီပတ်ပတ်လည်မှာ သစ်ပင်တချို့စိုက်ပေးပြီး ငါ့သင်္ချိုင်းထဲကို ဝင်လာခဲ့တယ်။ သူက ငါ့ကို ပိုအစွမ်းထက်စေမယ့် လက်ဆောင်နှစ်ခု ပေးခဲ့တယ်…” မကောင်းဆိုးဝါးဝိညာဥ်က ရိုးသားစွာ ပြောပြသည်။
လက်ဆောင်များသည် သစ်သားရုပ်နှင့် ဝိညာဉ်ဆင့်ခေါ် ခေါင်းလောင်းဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပို၍ အားကောင်းလာခဲ့သည်။
လွန်ခဲ့သောတစ်လက သူ့၏သားစဥ်မြေးဆက်
ရောက်လာခဲ့သည်။ ထိုမျိုးဆက်သည် သူ့၏မြေးမြစ်ဖြစ်သည်။
သူ၏မိသားစုသည် ဆုတ်ယုတ်လာကာ စည်းစိမ်ဥစ္စာများ အားလုံး ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏မြေးမြစ်သည် သူနှင့်တူသည်။ သူရဲဘောကြောင်ပြီး အခြားသူများ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။ ယခုချိန်တွင် သူသည် ဇနီးတစ်ယောက်ပင် လက်မထပ်နိုင်ပဲ မကြာခဏ ရိုက်နှက်ခံနေရလေသည်။
သူ့မျိုးဆက်သည် အလွန်ဆင်းရဲသဖြင့် နှစ်ပေါင်းများစွာပင် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လာရသည်။ သူသည် သူ့ဘိုးဘေးအား ဤနေရာ၌ မြှုပ်နှံထားသည်ကို ကြားသောအခါ သင်္ချိုင်းပစ္စည်းများကို ရောင်းချရန် ခိုးယူချင်ခဲ့သည်။
သင်္ချိုင်းအတွင်းသို့ ဝင်ပြီးနောက်တွင် သူ့မျိုးဆက်အား မကောင်းဆိုးဝါး စွမ်းအင်အချို့နှင့် စွန်းထင်းစေခဲ့သည်။ ထိုသို့လုပ်ခြင်းဖြင့် သူသည် သူ့မျိုးဆက်၏အိမ်မက်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။
တစ်ကြိမ်တည်းမှာပင် သူ့မျိုးဆက်သည် သူ့စကားအား နားထောင်သည်။ သူသည် လင်ဇီးမှိုကိုကောက်ယူပြီး မကောင်းဆိုးဝါးဝိညာဥ်များကို စုဆောင်းရန် သူ့ကိုနေရာအနှံ့သို့ ခေါ်ဆောင်သွားခဲ့သည်။ သူ၏ ခါးသီးသောခံစားချက်ကို ကျေနပ်စေခြင်းက သူ့အား ပို၍ ပို၍ အစွမ်းထက်ရန် ပြုလုပ်ပေးနိုင်လေသည်။
အမှန်အားဖြင့်…
အတိတ်တွင် သူ့၏ နာကြည်းမှုများက ထိုမျှ မပြင်းထန်သော်လည်း သစ်သားရုပ်အား ရပြီးသည့်
နောက်တွင် သူသည် တခြားသူများကို အနိုင်ကျင့်ရန် အဆက်မပြတ် တွေးနေခဲ့သည်။
ရှဲ့ချောင် သည် ထိုအကြောင်းကို ကြားပြီးနောက် သူမ၏အမူအရာက လေးနက်လာသည်။
ထိုတာအိုကျင့်ကြံသူဆရာကြီး၏ နောက်ခံက အဘယ်နည်း။
သစ်သားရုပ်သည် မြေဆိုးမြေညစ်တွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့၏။ သူသည် အတော်ပင် အစွမ်းထက်နေပြီးဖြစ်သော်လည်း ဆက်လက်၍ လူသေကောင်၏ဝိညာဉ်များကို မကောင်းမှုပြုလုပ်ရန် ဆက်လက်ခွင့်ပြုနေပါက သစ်သားရုပ်၏ မကောင်းဆိုးဝါးစွမ်းအင်များသည် ပို၍ အားကောင်းလာလိမ့်မည်။ ထိုသို့ဖြစ်လာလျှင်... သူမပင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ မတတ်နိုင်တော့ပေ။
ထိုအချိန်တွင် ရှဲ့ချောင် မသိသည့် နေရာတစ်ခု၌ တာအိုကျင့်ကြံသူဆရာတစ်ဦးသည် သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ခဏအကြာ၌ သူထလာခဲ့ပြီး သူ၏မျက်လုံးများက အငြိုးတရားနှင့် နာကျည်းမှုများ ပြည့်နှက်နေခဲ့သည်။
တစ်စုံတစ်ယောက်သည် သူနှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည့် ရုပ်သေးရုပ်အား အမှန်တကယ် ဖျက်ဆီးပစ်လိုက်သည်ပင်!
•••••
အခန်း ၈၆၀ - အကြောင်းတရား နှင့် အကျိုးသက်ရောက်မှု
တာအိုကျင့်ကြံသူဆရာသည် ဒဏ်ရာအပြင်းအထန်ရကာ အလွန်အမင်း ဒေါသထွက်လာသည်။
သူသည် ရုပ်သေးရုပ်အား မွေးမြူရန်အတွက် ထိုသင်္ချိုင်းတွင် နေရာချထားခဲ့သည်။ ကနဦးအစ၌ အလွန်အသုံးဝင်ခဲ့သော်လည်း ယခုတော့... ဘာမှမဟုတ်သကဲ့သို့ပင် ဖျက်ဆီးခံလိုက်ရသည်။
သို့တိုင်…
ဤလူက မည်သည့်နောက်ခံအင်အားမျိုး ရှိနေပါသနည်း။ သူမတွင် ထူးကဲပြောင်မြောက်သော အရည်အချင်းမျိုး ဧကန်ရှိနေတာပင်!!
သူသည် သစ်သားရုပ် ဓမ္မလက်နက်အား နှစ်ပေါင်းများစွာတိုင်အောင် မကောင်းဆိုးဝါးစွမ်းအင် ကျွေးမွေးခဲ့သည်။ ထိုအရာ၏စွမ်းရည်မှာ သာမန်ထက်ပိုထူးခြားလေသည်။ ယွီရွှီဘုရားကျောင်းမှ မိုက်ရူးရဲဆန်သော တာအိုဆရာများပင်လျှင် ၎င်းကို လုံးလုံးလျားလျား မဖျက်ဆီးနိုင်ကြပေ ။
တာအိုဆရာကြီး၏ မျက်နှာထားက သုန်မှုန်လာ၏။ သူသည် သူ၏အသက်ရှုပုံအနေအထားကို ထိန်းညှိလိုက်သည်။ ခဏကြာပြီးနောက် သူသည် ကလေးငယ်တစ်ဦးကိုရှာတွေ့ခဲ့ပြီး ခိုတမန်တစ်ကောင်ကို ပေးပို့စေလိုက်သည်။
ထိုအချိန်တွင် ရှဲ့ချောင်သည် တစ်ခုခုအား နားလည်သဘောပေါက်လာသည်။
သူမသည် သေခြင်းတရားအားမြတ်နိုးနေသည့် မကောင်းဆိုးဝါးဝိညာဉ်ကို အသက်မပါသောမျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။ “နင့်မျိုးဆက်ရဲ့ နာမည်က ဘာလဲ။ သူဘယ်မှာနေတာလဲ"
ထိုအခိုက်မှာ မကောင်းဆိုးဝါးဝိညာဥ်က ငိုသည်။
“ဆရာမရယ်… ငါ့- ငါ့မြေးမြစ်ကလေးက တကယ်သနားဖို့ကောင်းပါတယ်။ သူ့မိဘတွေက ဆုံးသွားတာကြာပြီ။ သူကဦးလေးအိမ်မှာ ကြီးပြင်းလာရတော့ တခြားတစ်ယောက်ယောက်ကို အမြဲမှီခိုနေရတယ်။ အစားအသောက်ဆိုလည်း အများကြီးမစားရဲဘူး။ အလုပ်ဆိုလည်း နည်းနည်းပဲ မလုပ်ဝံ့ဘူး။... သူကဘာမှမသိပါဘူး။ ငါ့ကို နေရာအနှံ့ခေါ်သွားပေးဖို့ တောင်းဆိုခဲ့တဲ့သူက ငါပါ။ သူက အပြစ်ကင်းပါတယ်…”
အကျည်းတန်သောမကောင်းဆိုးဝါးဝိညာဥ်က ငိုပြန်သည်။ ရှဲ့ချောင် သည်သာ သူ၏အထက်စီးဆန်ကာ မာနထောင်လွှားသော အသွင်အပြင်ကို မတွေ့ခဲ့ဖူးပါက ယခုချိန်တွင် သူ့အား သနားစဖွယ်ကောင်းသည်ဟု တွေးမိနိုင်သည်။
“ နင် အများကြီးတွေးမနေပါနဲ့။ သူက သက်ရှိလောကမှာ ပြစ်မှုကျူးလွန်ခဲ့တာမှ မဟုတ်တာ။ သူက သင်္ချိုင်းဂူဖောက်တယ် ဆိုရင်တောင် သူ့ဘိုးဘေးဆီက ခိုးတာပဲလေ။ သူ့ကို ဖမ်းစရာအကြောင်း မရှိပါဘူး။ နင့်မျိုးဆက်ရဲ့နာမည်ကို ပြောပြခိုင်းတာက နင့်ကြောင့် သူ့ဘဝက ဘယ်လောက်တောင် သနားစရာကောင်းနေပြီလဲဆိုတာ ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်အောင်လို့ပဲ” ရှဲ့ချောင်သည် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ သူမသည် စိတ်ခံစားမှုမရှိပဲ အကြင်နာတရားကင်းမဲ့ပုံပေါ်သည်။
မကောင်းဆိုးဝါးဝိညာဥ်သည် ခဏတာမျှ ကြက်သေသေသွားကာ "အဲဒါက ငါ့ကြောင့်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဆရာမ! အဲဒါ ဘာကိုပြောချင်တာလဲ!”
“မကောင်းဆိုးဝါး ဝိညာဥ်တစ်ကောင်အနေနဲ့ သေပြီးတဲ့အခါ အသက်ရှင်နေတဲ့သူတွေကို မကောင်းတာလုပ်ရင် ဝဋ်လည်မယ်ဆိုတာ သိထားသင့်တယ်။ ဘယ်သူက ဝဋ်လည်တာကို ခံစားရမှာလဲ? နင့်ရဲ့မျိုးဆက်က ခံစားရမယ့်သူတွေထဲက တစ်ယောက်ပဲလေ”
“ပြီးတော့ နင့်မျိုးဆက်က သင်္ချိုင်းဂူဖောက်ဖို့ လာတော့ နင့်ကို အရင်ဆုံးကန်တော့ခဲ့တာပဲ မဟုတ်လား။ အဲတော့ ဒီဆက်ဆံရေးက သဘာဝအတိုင်း ဆက်နွယ်ပြီးသွားပြီလေ” ရှဲ့ချောင် က ထပ်ပြောသည်။
ရှဲ့ချောင်သည် ကံမည်မျှကောင်းမည်ဆိုသည်ကို မသေချာသော်လည်း ဤနေရာသည် ဖုန်းရွှေ မကောင်းကြောင်းကို သိသည်။ ထို့အပြင် သက်ရှိလူတစ်ဦးသည် ပုံမှန်မဟုတ်သော မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်အား တစ်ချိန်လုံးနီးပါး သယ်ဆောင်ထားပါက သူ၏ခန္ဓာကိုယ်အား ထိခိုက်မည်မှာ အသေအချာပင် ဖြစ်သည်။
သူ့မျိုးဆက်၏ သက်တမ်းသည် အလွန်ရှည်မည်မဟုတ်ကြောင်းကို သူမ ခန့်မှန်းမိသည်။
ရှဲ့ချောင် ၏ စကားကြောင့် မကောင်းဆိုးဝါးဝိညာဥ်သည် အံ့သြသင့်သွားခဲ့သည်။
သူသည် ဤအကြောင်းကို လုံးဝ မတွေးဖူးခဲ့ပါချေ...
ထိုအရာအား သိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ သူသေဆုံးပြီးစ အချိန်၌ အခြားသော မကောင်းဆိုးဝါးဝိညာဥ်များသည် မကောင်းဆိုးဝါး ဝိညာဥ်တစ်ကောင် ဖြစ်တည်ခြင်း၏ စည်းမျဉ်းစည်းကမ်းများအကြောင်း ပြောကြသည်ကို ကြားခဲ့ဖူးသော်လည်း...
သူသည် မည်ကဲ့သို့အချိန်အတော်ကြာ အကျဉ်းချခံခဲ့ရပြီး သူ အသက်ရှင်နေစဥ် လူတိုင်းသည် သူ့ကို မည်သို့အနိုင်ကျင့်ခဲ့ကြသည်ကို စဥ်းစားမိသောအခါ လက်စားချေချင်ခဲ့သည်။ သူ့တွင် တခြားမည်သည့်အရာကိုမှ ဂရုစိုက်နေရန် အချိန်မရှိခဲ့ပေ!
"ငါ့ကို ကယ်ပေးဖို့ တောင်းပန်ပါတယ် ဆရာမ!" ချုပ်နှောင်ခံထားရသော မကောင်းဆိုးဝါးဝိညာဉ်က တောင်းပန်တိုးလျှိုးနေသည်မှာ အတော်သနားစရာကောင်းပုံပေါက်နေသည်။
သို့သော် ရှဲ့ချောင် သည် သူ့အား အမှန်ပင် မကယ်တင်နိုင်ပါချေ။
သူမသည် ဘုရားမဟုတ်ပေ။
ထို့ပြင် သူကိုယ်တိုင်က ထိုသို့ လုပ်ခဲ့ခြင်းဖြစ်သည်။ ဘိုးဘေးဖြစ်သူက မသိခဲ့ခြင်းကို ထည့်မပြောလျှင်တောင်မှ ထိုလူငယ်သည် အမှန်တကယ်ပင် မသိခဲ့ခြင်းကတော့ လုံးဝမဖြစ်နိုင်ပါချေ။
ထိုအတိုင်းအတာအထိ မည်သူကမှ တုံးအနေမည် မဟုတ်ပေ။ သူတို့သာ အမှန်ပင်တုံးအနေခဲ့လျှင် သင်္ချိုင်းဂူအား ဖောက်ထွင်းရန် စဥ်းစားမိမှာပင် မဟုတ်ချေ။
နောက်ဆုံးတွင် သူ့မျိုးဆက်သည် လူများကို ဒုက္ခပေးနေကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ရသော်လည်း သူက ခွင့်လွှတ်ပေးနေဆဲဖြစ်သည်။
မိမိစိုက်ပျိုးခဲ့သမျှကို မိမိရိတ်သိမ်းရသည်ပင်။
သို့သော်လည်း ရှဲ့ချောင်က ထို့သို့ပြောပြီးနောက်တွင် သူမ၏အရှေ့ရှိ မကောင်းဆိုးဝါးဝိညာဥ်သည် လိမ်ညာရန်မဝံ့ရဲတော့ပေ။ မြေးမြစ်ဖြစ်သူ၏ ကိုယ်ပိုင်အထောက်အထားအား ကျိုးနွံစွာ ပြောပြလေသည်။
ထိုအခါမှ ရှဲ့ချောင် သည် ခေါင်းညိတ်လိုက်ပြီး သူ့အား သိမ်းဆည်းထားလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် မကောင်းသော စွမ်းအင်
အမြောက်အများ စွန်းထင်းနေပြီး သူ့မျိုးဆက်ကို အခြားသူများအား ထိခိုက်နစ်နာစေရန် အားပေးကူညီခဲ့သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင် ရှဲ့ချောင် သည် သူ့ကို မကောင်းသောစွမ်းအင်များအား ဖယ်ရှားရန် ကူညီပေးမည် မဟုတ်ပေ။ တစ်ချိန်ချိန်ရောက်လာသည့်အခါ သူမသည် သူ၏ဝိညာဉ်ကို အတင်းအဓမ္မ လွှတ်ပေးလိုက်မည်။ သူ ငရဲဆီသို့သွားသည့်အခါ မည်သည့်တန်ဖိုးအား ပေးဆပ်ရမည်ဆိုသည်ကို သူမက ကန့်သတ်ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
သင်္ချိုင်းအတွင်းရှိ အင်းဆက်ပိုးကောင်အများစုမှာ သေဆုံးသွားကြခဲ့သည်။
ကျန်ရှိနေသည့်ပိုးကောင်များသည်လည်း ထွက်ပြေးသွားကြလေသည်။
"ပြန်တက်ကြရအောင်" ရှဲ့ချောင်သည် ပြန်လှည့်
ပြီး ရှဲ့ဖင်းကန်း နှင့် ကျောက်ရွှမ်ကျင်း အား ပြောလိုက်သည်။
•••••