← Chapters

အခန်း (၈၆၅-၈၆၈)

Vol. 45 Ch. 865-868

အခန်း (၈၆၅-၈၆၈)

Vol. 45 Ch. 865-868

အခန်း(၈၆၅) သူတစ်ပါး၏အမိုးကို ခိုခြင်း

လီယန်၏ ခြေထောက်များပျော့ခွေလာပြီး မြေပေါ်သို့ လဲကျသွားသည်။

"ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးလေ" ရှဲ့ဖင်းကန်း၏ ခါးမှ တံဆိပ်ပြားကိုမြင်ပြီး လီယန်ကြောက်ရွံ့ တုန်ယင်သွားသည် "ဆရာ ဆရာ... ကျွန်တော် ရာဇဝတ်မှု မကျူးလွန်ထားဘူး"

"တစ်ခုခုကိုင်ပြီး လမ်းလိုက်လျှောက်နေရုံပါ ဒီလိုလုပ်ဖို့ကိုလည်း ဘိုးဘွားတစ်ယောက်က အိမ်မက်ထဲမှာလာပြောလို့ပါ ဘယ်သူ့ကိုမှလည်း မထိခိုက်စေပါဘူး" လီယန် ကထပ်ပြောပြန်သည်။

"မင်းက သိပ်ကိုသတ္တိရှိနေတယ်ပေါ့” သူကဆက်လိမ်ရဲသေးသည်။

ရှဲ့ဖင်းကန်းက သေချာအောင်အတည်ပြုပြီးနောက် ဘာမှ ထပ်ပြော‌မနေဘဲ လှည့်ပြန်လာခဲ့သည်။

ထိုကောင်လေးက တကယ် အပြစ်ကင်းလျှင် သူ့ရဲ့ ဘိုး‌ဘေးတွေ‌ကြောင့်ဖြစ်‌သောဆိုးရွားလှတဲ့ကံကြမ္မာကို ဖယ်ရှားပေးဖို့ ဆရာမော့ကို သူကူပြောပေးမည်ပေ။

သို့သော် သူ့နဲ့ထိုက်တန်သည်မလို့ ဂရုစိုက်နေမတော့ပေ။

ရှဲ့ဖင်းကန်း ထွက်သွားပြီးတာတောင် လီယန် မလှုပ်ရဲသေးပေ။

ထိုသခင် ဘာပြောနေသည်ကို သူသိသည်…

အရင်တုန်းက သူ့ရဲ့ ဘိုးဘေးတွေ အလိုအရ လျှောက်သွားခဲ့ပေမဲ့ နောက်ပိုင်း၌ ယဲ့ရှစ်မှို ဘယ်နေရာကိုသွားသွား ထိုနေရာရှိလူတွေက ကံဆိုးတတ်ပြီး ပြင်းထန်မှုကတော့ ကွာခြားမှန်း သူသိလိုက်ရသည်!

ထို့နောက် ညဘက်တွင် အဲဒီတောင်သို့ သူသွားခဲ့သည်။ ‌အေးစိမ့်လှသော လေကြောင့် သက်သောင့်သက်သာ မရှိလှပေ။ ထိုအချိန်မှာ သူ့ဘိုးဘေး‌များတွင် ထူးခြားသော စွမ်းရည်များ ရှိတာဖြစ်လောက်သည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူ့ဘိုးဘေး‌များ၏ အုတ်ဂူတွင် ဆုတောင်းမှုတောင် ပြုခဲ့သေးသည်။

"ဆရာမမော့ ကျွန်တော်တို့ သွားကြတော့မလား" ရှဲ့ဖင်းကန်းက မေးမြန်းသည်။

"အလျင်မလိုပါနဲ့ သူ့ရဲ့ဝမ်းကွဲ‌တွေ တစ်ခုခုဖြစ်နေသလိုပဲ သခင်လေးရှဲ့ ကျွန်မနဲ့အတူ လိုက်ကြည့်မလား ရှဲ့ချောင်က‌ ပြောသည်။

"တစ်ခုခုဖြစ်နေတယ် ဟုတ်လား" ရှဲ့ဖင်းကန်း နားမလည်နိုင်ပေ။

"လီယန် က သူ့ဘိုးဘေးများတွေစွမ်းအားကိုသိနေရင် သူ့ရဲ့ပြဿနာတွေကို မညည်းညူဘဲ နေမလား" ရှဲ့ချောင်က ပြော၏။

"ဆရာမပြောတာက... လီယန်က ဘာမှမသိချင်ယောင်ဆောင်နေပေမဲ့ တကယ့်တမ်းက သူဘယ်လိုအနိုင်ကျင့်ခံနေရကြောင်း မကောင်းဆိုးဝါးဝိဉာဉ်ကိုပြောပြီး သူ့အတွက် လက်စားချေဖို့သွေးထိုးပေးတယ်ဆိုတဲ့.. သဘောလား? ကျွန်တော် အခုမေးကြည့်လာသလောက်ဆို သူ့ဦးလေးမိသားစုက သူ့ကိုကောင်း‌ကောင်းမွန်မွန် ဆက်ဆံပါတယ်၊ သူ့ကိုအော်ငေါက်တာမျိုး ရိုက်ပုတ်တာမျိုး မလုပ်ဘူး သူ့ဝမ်းကွဲတွေနဲ့လည်း အဆင်ပြေတာပဲ"

"ဒါပေမယ့် မကောင်းဆိုးဝါးဝိဉာဉ်‌ ပြောတာက သူ့ရဲ့သားက အစားကောင်းကောင်းမစားရဘဲ အရိုက်နှက်ခံရတယ်တဲ့၊ အိမ်နီးချင်းနဲ့ မကောင်းဆိုးဝါးဝိဉာဉ်‌ကလိမ်တာမဟုတ်ဘူးဆိုရင် လီယန်က သူတို့ကို ပေါက်ကရပြောထားတာလို့ပဲနေမှာ" ရှဲ့ချောင်က ဆက်ပြောသည်။

လီယန့်မှာ ကျေးဇူးရှင်ရှိရမည်။

သူ၏ မိဘများကို အသက် ၁၀ နှစ်တွင် ဆုံးရှုံးခဲ့ရပြီး ဘဝကို အေးအေးဆေးဆေးဖြတ်သန်းခဲ့နိုင်ပုံအရဆိုလျှင် ထို ကျေးဇူးရှင်က ဦးလေး၏ အမျိုးဖြစ်ရမည်။

လီယန်ထင်သော အနိုင်ကျင့်ခံရခြင်းဆိုသည်က သူများအမိုးအောက်မှာနေရတာကြောင့် အတွေးလွန်ခြင်းသာ ဖြစ်သည်။

ထို့အပြင် သူက အသက်၁၇-၁၈တွင် လက်မထပ်ခဲ့ရသဖြင့် မကျေမချမ်းဖြစ်နေသည်။ သူ၏ ကံဆိုးမှုများနှင့် တရားမမျှတမှုများအတွက် လောကကြီးအား အပြစ်တင်သည်။ သူက အလွန်တွေးလွန်းသောအခါ ရှိရှိသမျှလူတိုင်းက သူ့အပေါ်အနိုင်ကျင့်သည်ဟု ထင်လာ၏။

ထိုကိစ္စဟုတ်မဟုတ်ဆိုတာတော့ သူတို့ ‌စစ်ဆေးကြည့်ရဦးမည်။

ရှဲ့ဖင်းကန်းက တိုက်ရိုက်သွားရောက် စုံစမ်းလိုက်သည်။

ရှဲ့ချောင်ကလည်း လီယန်၏ ဦးလေးအိမ်သို့ဝင်သွားခဲ့ပြီး စိတ်မကောင်းခြင်းနှင့် စိတ်ပျက်ခြင်းတို့ကို မြင်ခဲ့ရသည်။

ဦးလေးမိသားစုမှ ကလေးသုံးယောက်အား လိုက်ကပ်နေသော တစ္ဆေများရှိနေလေသည်။ ထိုမကောင်းဆိုးဝါးဝိဉာဉ်‌များက သွေးစွန်းပြီး စွမ်းအားလည်း ကြီးသဖြင့်လွှမ်းမိုးမှုကလည်း ပြင်းထန်ပေသည်။

ရှဲ့ချောင်ဘာမှ ပြောမနေဘဲ မကောင်းဆိုးဝါးဝိဉာဉ်‌များကို မောင်းထုတ်ပစ်လိုက်သည်။ မိသားစုဝင်များက ဇဝေဇဝါဖြစ်နေကြပေမဲ့ လာရောက်သူများမှာ သာမန်များမဟုတ်ပုံရတာကြောင့် ဘာမှ မပြောရဲကြချေ။

ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်‌များကို နှင်ပြီးနောက် ကုတင်ပေါ်က လူနာသုံးယောက်၏ အသက်ရှူသံများပိုမို ညင်သာလာကြသည်။

"ဆရာမ ဒီကလေးတွေ အစီးခံရတာလား အခုအဆင်ပြေသွားကြပြီလား " အိမ်တော်သခင်မှာ ပူပင်ကြောင့်ကြရောက်နေဟန်ပင်။

သား‌သုံးယောက်စလုံးက တစ်‌ယောက်ပြီးတစ်ယောက် နာမကျန်းဖြစ်ခဲ့ကြသည်။ ဝိဉာဉ်ပျောက်ဆုံးထားသည့်အလား နဝေတိမ်တောင်ဖြစ်နေကြလျက်။ သမားတော်များက အကြိမ်ကြိမ်လာရောက်ခဲ့ကြသော်လည်း သူတို့က ဆေးမသောက်‌ကြပေ။

"သူတို့ကောင်းသွားပါပြီ" ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာမ! ကျွန်တော် နားမလည်လို့ပါ။ ကျွန်‌တော့်သားတွေကအဆင်ပြေသွားပြီဆို သူတို့ဘယ်လိုလုပ်ပြီး အပူးခံရတာလဲ…" သူကပြောရင်း မျက်ရည်များကို သုတ်ရုံကလွဲ၍ ဘာမှ မတတ်နိုင်ချေ။

••••

အခန်း(၈၆၆) : အခွင့်ကောင်းယူပြီး...

ရှဲ့ချောင် စကားမပြောခင်မှာတင် ရှဲ့ဖင်းကန်းက နေမကောင်းဖြစ်ရသည့် အကြောင်းအရင်းကို ပြောပြပြီးနေလေပြီ။

သခင်ကြီးသည် သူ့တူက ညစ်ညမ်းသောအရာတစ်ခုကို အိမ်သယ်လာကြောင်းသိသောအခါ လန့်ဖျပ်သွားခဲ့သည်။

"ကျုပ်တူ... သူအဆင်ပြေရဲ့လား၊ မင်းတို့ရောက်လာတဲ့အချိန်ကလွဲသွားတယ်၊ သူအခုပဲထွက်သွားတာ၊ ဒီ‌နောက်ပိုင်း သူနည်းနည်းမူမမှန်မှန်းသတိတော့ထားမိတယ်၊ ဆရာတို့ ခဏလောက်စောင့်ပါဦးလား၊ သူ့ကို သွားပြီးခေါ်လိုက်ဦးမယ်၊ သူ့ကိုလည်း ကုပေးပါဦး…”

အနှီသခင်ကြီးက ပြောပြောဆိုဆိုနှင့် ထွက်သွားတော့မည်ဖြစ်ကာ စိတ်ရှုပ်ထွေးဟန်လည်း ပေါ်နေသည်။

"မလိုဘူး၊ ဒီအညတရဆရာက ရှင့်တူကိုတွေ့ခဲ့ပြီးပြီ သူ့အခြေအနေက ကုလို့မရတော့ဘူး” ရှဲ့ချောင်က ပြောသည်။

ယင်းလူသုံးယောက်မှာ အပြင်းအထန် ဖျားနာနေဟန်ရှိသော်လည်း မကောင်းဆိုးဝါးများ၏ သက်ရောက်မှုကြောင့်သာဖြစ်သည်။ သူတို့ရဲ့ ကံဆိုးမှုကို ဖယ်ရှားနိုင်မည့် မျှော်လင့်ချက်လေးတော့ ရှိနေဆဲ။ အများဆုံးမှ ယန်စွမ်းအင်ကိုဆုံးရှုံးရရုံသာ။ နောက်ပိုင်း၌ သူတို့၏ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ယခင်ကလောက် ကောင်းတော့မည်မဟုတ်၊ အဆိုးဆုံးဆိုလျှင် ဘဝသက်တမ်းပါ ထိသွားနိုင်ပေသည်။

သို့သော် လီယန်က မတူ။ မကောင်းဆိုးဝါးဝိဥာဥ်များ၊ ဖုန်းရွှေနဲ့ ကြမ္မာဆိုးဆီကနေ ဝ်ိုင်းအပြစ်ပေးခံထားရသည်။ အလွန်ကို ဆိုးရွားပေ၏။

ရှဲ့ချောင်က ထိုသို့ပြောသောအခါ ဦးလေးဖြစ်သူ

မှာ ကြက်သေသေသွားသည်။

"ငါ ငါ့ညီမမှာ ကလေးတစ်ယောက်ပဲရှိတာ..."

"ခင်ဗျားရဲ့ တူက တစ်ခုခုမှားနေမှန်းသိသိကြီးနဲ့တောင် အိမ်ကိုတမင်တကာခေါ်လာခဲ့တာ၊ ခင်ဗျားတို့မိသားစုအပေါ် သူ့မှာ ကောင်းတဲ့ရည်ရွယ်ချက်မရှိဘူး၊ ဒါကြောင့် သူ့အတွက် စိတ်မကောင်းမဖြစ်နေနဲ့ သူနဲ့ထိုက်တာသူရတာပဲ" ရှဲ့ဖင်းကန်းက မညှာမတာပြောလိုက်သည်။

ထိုစကားများက လူကို လှီးဖြတ်နေသည့် ဓားများအလား။

မိသားတစ်စုလုံး ကြက်သေသေသွားကြသည်။ သူတို့အားလုံး မယုံနိုင်ကြပေ။

ရှဲ့ဖင်းကန်းက သခင်ကြီးဆီမှာ သားသုံးယောက် အဆင်ပြေကြောင်း အတည်ပြုပြီးသည်နှင့် ဆက်မနေတော့ဘဲ သူမကို စောင့်ရှောက်ကာ လိုက်ပို့ပေးသည်။

သူတို့ထွက်သွားသည်နှင့် အိမ်ထဲတွင် ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။ အဒေါ်က မြေခွေးလိုကောင်ကို ပျိုးထောင်ခဲ့မိသဖြင့် သူ့ကလေးများအား ပြန်သတ်လုနီးနီးဖြစ်ခဲ့ရကြောင်းတွေးမိပြီး ကျယ်လောင်စွာကျိန်ဆဲသည်။

သို့သော် ဦးလေးက မယုံချင်သေးဘဲ လီယန့်ကိုသွားရှာခဲ့သည်။

သူ့အား မေးမြန်းခဲ့သည်။

လီယန် အစပိုင်းတွင် ဝန်မခံသဖြင့် ဦးလေးက ခြိမ်းခြောက်အကြပ်ကိုင်သည်။ နောက်ဆုံးမှာတော့ အမှန်တိုင်း ပြောပြခဲ့သည်။

သူက ဦးလေး၏ မိသားစုလုပ်ငန်းကို ဆက်ခံလိုသည်။

သို့သော်...

သူ့တွင်ဝမ်းကွဲသုံးယောက်ရှိနေ၏။ သူတို့ကို ပျောက်ကွယ်သွားအောင်လုပ်ပစ်ဖို့လိုသည်။ ဒါတောင် မလုံလောက်သေးပေ။ဘယ်လိုပဲဖြစ်ဖြစ် သူက အပြင်လူတစ်‌ယောက်သာဖြစ်သည်။ ဦးလေးတွင် မျိုးဆက်များ မရှိတော့လျှင်တောင် မျိုးနွယ်စုဝင်များက အမွေဆက်ခံလိမ့်မည်။ သူ့အလှည့်ကို ရောက်မည်မဟုတ်ပေ။

ထို့ကြောင့် ဤကိစ္စကို သူသေချာစဉ်းစားခဲ့သည်။ ဝမ်းကွဲများသေဆုံးသွားလျှင် ဦးလေးနှင့် အဒေါ်က ဝမ်းနည်းပြီး သူ့အား ဝမ်းကွဲညီမနှင့် လက်ထပ်ပေးမည်။

ထိုကဲ့သို့ ဆုံးဖြတ်ချက်ချရခြင်းအပေါ် သူကြောက်ရွံ့ခဲ့၏။

သို့သော် မကောင်းဆိုးဝါးဝိဉာဉ်က ပုံရိပ်ယောင်တစ်ခုသာဖြစ်၏။ အဆိပ်လည်းမရှိသလို လက်နက်သုံးစရာလည်းမလို။ မည်သူမျှ သိလိမ့်မည်မဟုတ်ပေ..

သူမမျှော်လင့်ခဲ့သည်က...

လီယန် အမှန်အတိုင်းဝန်ခံလိုက်သည့်အခါ ဦးလေးမိသားစုက ချက်ချင်းအေးစက်သွားကြသည်။ သူ့ကို မောင်းထုတ်ကြတော့သည်။

သူတို့ ဤပြဿနာအား အာဏာပိုင်များထံတော့ သတင်းမပို့ခဲ့ပေ။

နှစ်များစွာ ပြုစုပျိုးထောင်ခဲ့ရသော်လည်း ယခုလိုဖြစ်သွားခဲ့ရသည်။ကံကောင်းစွာဖြင့် သူက အသက်၁၉ နှစ်ရှိပြီ ဖြစ်၍ အခုချိန် သူ့ကိုမောင်းချလျှင်တောင် ရက်စက်သည်ဟု ဘယ်သူကမှပြောမည်မဟုတ်။

လီယန်တွင် ကိုယ်ပိုင်ငွေများရှိသည်။ ဦးလေးမိသားစုမှ ထွက်လာခဲ့ရသော်လည်း သိပ်တော့ ဝမ်းမနည်းမိပေ။ ထိုနေ့မှာပင် ခြံဝန်းတစ်ခုရှာကာ အခြေချ နေထိုင်ခဲ့ပေမဲ့ စတင်ဖျားနာလာခဲ့သည်။

ဤရောဂါအား မည့်သည့် သမားတော်မှ မ

ကယ်တင်ပေးနိုင်ကြ။

သူ့အား ခြံဝန်းငှားသူသည် ဂ်ြိုလ်ဆိုးတစ်ယောက်ဟုထင်ပြီး မောင်းချလိုက်ပြန်သည်။

အိမ်နီးချင်းများက ဦးလေးအိမ်သို့သွားခဲ့ကြပေမဲ့ သူတို့က ထပ်ပြီး အမြတ်ထုတ်လိုစိတ်မရှိတော့။ရက်စက်စွာဖြင့် သူ့ကိုလစ်လျူရှုလိုက်ကြသည်။ မိသားစုရှိ သားသုံးယောက်သည် နာမကျန်းဖြစ်ခဲ့ပြီး ဦး‌လေး၏ အိမ်မှ လီယန်အား ရည်ရွယ်ချက်ရှိရှိ အပြစ်တင်ခဲ့သည်။ နောက်တော့ အိမ်နီးချင်းများလည်း ဖြစ်ကြောင်းကုန်စဉ်သိသွားကြပြီး သူ့ကိုပြန်ခေါ်ဖို့ တွန်းအားမပေးကြတော့ချေ။

ဘယ်သူမှ ဂရုမစိုက်သလို၊ သတင်းလည်း မမေးကြ။ သုံးရက်ကြာပြီးနောက် လီယန်လည်း သေဆုံးသွားခဲ့သည်။

ရှဲ့ချောင်သည် အနီးနားတွင်နေ၍ စောင့်ကြည့်ခဲ့သည်။ လီယန်၏ ဝိဉာည်ထွက်သွားသည်အား မြင်ရတော့မှသာ ဤကိစ္စအား လုံးဝလက်လွှတ်လိုက်

တော့သည်…

••••

အခန်း(၈၆၇) : သူ့အပေါ်လောင်းကြေးထပ်လိုက်

လီယန်သည် အသက်ရှင်နေစဉ်က အမှောင် စွမ်းအား၏ သက်ရောက်ခြင်းကို ခံရသည့်အပြင် သေသောအခါတွင်လည်း လမ်းဘေးတွင် သေခဲ့သည်။ သူက မကောင်းဆိုးဝါး အဖြစ်ပြောင်းပြီး လူများကို ဒုက္ခလိုက်ပေးမည်ကို ရှဲ့ချောင် စိုးရိမ်မိသည်။ ထိုကဲ့သို့ ဖြစ်မလာသောအခါမှ လမ်းသွားလမ်းလာများ မကြောက်အောင် လူငှား၍ အလောင်းမြုပ်ခိုင်းလိုက်သည်။

အားလုံးလုပ်ဆောင်ပြီးစီးသောအခါ ရှဲ့ချောင် မုန့်ကျားပေါင်ဆီ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ယခုတစ်ခေါက်က သူမ၏ ဆရာတူမောင်နှစ်ယောက်ကိုလည်း တွေ့ရမည်ဖြစ်၍ … သူမရဲ့ နှုတ်ဆက်လက်ဆောင်က ကြီးမားဖို့လိုပေသည်။

ဆရာတူ အစ်မကြီးဖြစ်သည့်အလျောက် မုန့်ကျားပေါင်ရောက်လျှင် စားသောက်ရေးအတွက် ကုန်ကျစရိတ်‌တချို့ကိုတော့ ကျခံရလိမ့်မည်။

တတိယမြောက်မောင်နှင့် ပဉ္စမမြောက် မောင်တို့က စကားနားထောင်သည် မထောင်သည် မသိ။

ရှဲ့အိမ်‌တော်သို့ပြန်သွားပြီးနောက် ခရီးလမ်းအတွက် သူမ လိုအပ်သည်များကို ဂရုတစိုက် ပြင်ဆင်တော့သည်။

သူမနှင့် အတူ ဝါးတောင်းကို ယူသွားရပေမည်။ သာ့ရှုန်းကိုလည်း.. ဒီတစ်ခေါက် လိုရမယ်ရ ခေါ်သွားရမည်။

လတ်တလော‌လေးတင်မှ အဆောင်စာရွက်များစွယ သုံးခဲ့ပြီးသဖြင့် သိပ်ပြီး မကျန်တော့ချေ။ လမ်းတစ်လျှောက်တွင် ရေးဆွဲရပေဦးမည်။

သူမ ကူးယူရေးဆွဲထားသည့် ဆရာကြီးယွင်ဝေ့၏ တံဆိပ်တုံးပါသော ထိပ်တန်းအဆင့် ပန်း ပန်းချီ နှင့် အခြားပစ္စည်းတချို့… ရှဲ့ချောင် သက်ပြင်းချမိသည်။ သူမအဖို့ ဆရာသည် ဖခင်တစ်ယောက်လိုဖြစ်ပြီး ဂိုဏ်းညီကိုမောင်နှမ

များသည် သွေးသားရင်းများကဲ့သို့ ဖြစ်၏။ သူမ ပိုပြီး အားစိုက်ထုတ်ရမည်!

ရှဲ့ချောင်က သေတ္တာအနည်းငယ်ကို ထုတ်ပိုးသည်။

သူမ၏ ဆရာဟောင်းကို မြို့တော်သို့ ခေါ်သွားခြင်းက သူမြို့တော်သို့ရောက်သည့်အခါ ပြန်ပို့ခြင်းနှင့် မကွာလှသော်လည်း...

နှုတ်ဆက်လက်ဆောင်ကတော့… သူ့ကိုတွေ့လျှင် သူမ ‌ပေးရမည်။ နောက်မှ ပေးလျှင် မသိတတ်ရာရောက်သွားလိမ့်မည်။

"ချွင်းအာ! ငါပြန်လာဖို့ ဘယ်လောက်ကြာမယ်မသိဘူး သခင်လေးဝမ်ရဲ့ မင်္ဂလာဆောင်တောင် မီ၊ချင်မှမီမှာ၊ အဲ့အချိန်က ငါပြင်ထားပေးခဲ့တဲ့ လက်ဆောင်ကိုသွားပေးလိုက်၊ နောက်ပြီး ငါ‌စာတစ်စောင်လည်း ထားခဲ့တယ်၊ မိန်းမ‌လေးယင်းကို ကိုယ်တိုင်ရှင်းပြလိုက်ဦး” ရှဲ့ချောင်က ဘာတစ်ခုကိုမျှ မမေ့ခဲ့ချေ။

ရှဲ့ချောင်အနေဖြင့်ဆိုလျှင် မြို့တော်တွင် နေရမည်။ အခြားသူများ အတွေးမလွန်စေရန်အတွက် သူမ၏ ရုပ်ပိုင်းဆိုင်ရာအဆင်မပြေမှုကိုသာ ဆင်ခြေအဖြစ် သုံးရလိမ့်မည်။

ချွင်းအာ ကလည်း ထိုရတနာများအတွက် စိတ်မကောင်းဖြစ်မိသည်။ "ကျွန်မ နားလည်ပါတယ် သခင်မလေး စိတ်မပူပါနဲ့"

"အိမ်မှာ..." ရှဲ့ချောင် ခဏစဉ်းစားက "ငါ့အစ်ကိုက ရှန့်ဟိုင်ကျောင်းတော်ကို သွားပြီးလက်နက်ပြိုင်ပွဲ အနိုင်ယူဖို့ လုပ်နေတယ်ဟုတ်၊ အဲ့ကျရင် ... ဒီငွေစက္ကူတွေကိုသုံးပြီး လောင်းလို့ရတယ်၊ ဘာပဲဖြစ်နေနေ သူ့ဆီမှာပဲ လောင်းကြေးထပ်”

ရှဲ့ချောင် က သေတ္တာကလေးထဲမှ ငွေစက္ကူများကို ထုတ်လိုက်သည်။

ချွင်းအာ လက်ထဲသို့ ရက်ရက်ရောရော ထည့်ပေးလိုက်သည်။

ချွင်းအာ အံအားသင့်သွားသည်။ "သခင်မလေး ငွေနှစ်ထောင်ကျော်တောင်..."

ဘာလို့ ဒီလောက်တောင် လောင်းရတာလဲ။ အဲ့ဒီအစား မြေဝယ်တာက ပိုမကောင်းဘူးလား

" အနည်းဆုံးတော့ အစ်ကိုကြီးက အလောင်းအစားရှုံးရင်တောင် သိက္ခာတော့မကျတော့ဘူးပေါ့ ရှန့်ဟိုင်ကျောင်းတော်မှာအနိုင်ရဖို့ဆိုတာ မလွယ်ဘူး၊ သူ့ကို အပြင်လူတွေ အထင်သေးမှာစိုးလို့၊ ဒါက ငွေအများကြီးဆိုပေမဲ့ ငါ့စေတနာလောက်တော့ အရေးမကြီဘူးလေ ဟုတ်တယ်မလား" ရှဲ့ချောင်က သွားဖြဲကာ ဆိုသည်။

"သခင်မလေးက သခင်လေးနိုင်မယ်ထင်နေတာမလား” ချွင်းအာက ငွေပြန်မပေးဘဲ ပြောသည်။

"ငါ့မှာ ငွေတုံးသိပ်မကျန်တော့ဘူး ဒါငါပေးနိုင်သလောက် အများဆုံးပဲ" ရှဲ့ချောင်က သက်ပြင်းချသည်။

ရက်အနည်းငယ်မတိုင်ခင်က ရွှေတုံးအချို့ကို လဲခဲ့သေးသည်။ တချို့အား ရွှေ‌ခေါင်းလောင်း လက်ကောက်နှစ်စုံအဖြစ် လုပ်ခဲ့သည်။ ဆူတောင်းပြီးသည့်‌နောက် ညီမအား အဟောင်းတစ်ခုကို အစားထိုးရန် ပေးလိုက်သည်။ ကျန်တစ်ကွင်းကို သူမ လက်‌မှာဝတ်ထားလိုက်သည်။

ကာကွယ်ရေး ခေါင်းလောင်းအပြင် အဆောင်စာရွက်ရေးဆွဲဖို့အတွက် ရွှေမှုန်များကိုပါထောင်ခဲ့သေးသည်။ မိုးကြိုးငါးသွယ် ရွေီတံဆိပ်ပြားနှစ်ခု၊ ဝိဉာဉ်ရိုင် ရွှေချောင်းတစ်ချောင်းနှင့် ရွှေမြွေခေါင်းကြိုးတစ်ချောင်းကိုလည်း လုပ်ခဲ့သေးသည်။

သူမငယ်ငယ်လေးကတည်းက ရွှေကို အင်မတန် သဘောကျခဲ့သည်။ အခု သူမမှာ ငွေပိုငွေလျှံရှိလာပြီဖြစ်လို့ ရွေနှင့် တခြား အသုံးဝင်တာအတွက် လဲလှယ်ခဲ့ပေသည်။

ရွှေ့အပြင် ကြေးဓမ္မတူရိယာလိုမျိုး ငွေကြေး

မြောက်များစွာတန်သည့် အခြားတန်ဖိုးကြီး ပစ္စည်းများစွာလည်း ရှိသေးသည်။

တန်ဖိုးအကြီးဆုံးမှာ အရည်အသွေးကောင်းသည့် ရူယီပင်။

အားလုံးကို ငွေတုံးဖြင့် ဝယ်ယူလို့ရသည်။

ယခင်ကနှင့် ယှဉ်လျှင် ချမ်းသာလာသည်ဟု အထင်ခံနေရတာကြောင့်သာမဟုတ်လျှင် အရင်တစ်ခေါက်တုန်းက မကောင်းဆိုးဝါးဝိဉာဉ်ကို ဖမ်းဖို့အတွက် သူမရဲ့.. အဖိုးတန် လျှပ်စီးရိုက်ချက်သစ်သား အားသုံးခဲ့မှာမဟုတ်ပေ…

••••

အခန်း(၈၆၈) : အရွယ်ရောက်လာ

စေ့စပ်ရန်ငွေ၊ သတို့သမီးမှ သတို့သားအား ပေးရန် အသွင်းဥစ္စာနှင့် မုန်ကျားပေါင်သို့ယူသွားရမည့် ‌ ငွေအားလုံးပေါင်းလျှင်တောင် သူမမှာ ငွေငါးထောင်မျှသာ ကျန်သည်။

သူမအစ်ကို ရှန့်ဟိုင်ကျောင်းတော်မှာ စိန်ခေါ်သည့်အချိန် လောင်းကစားရုံဖွင့်မဖွင့်ကို သိချင်နေမိသည်။

မဖွင့်ခဲ့လျှင် ဤငါးထောင်ကို ဆက်သိမ်းထားရုံကလွဲပြီး တခြားအပိုငွေရှိလာလိမ့်မည်မဟုတ်..

စီစဉ်စရာရှိတာစီစဉ်ပြီးသွားသည့်‌နောက် ညနေခင်းတွင် ရှဲ့ချောင်က မိသားစုနှင့် ညစာစားခဲ့သည်။

သူတို့က မုန့်ကျားပေါင်ကိုသွားပြီး ဆရာ့ကိုကြိုမှာဖြစ်၏။ ဒါကြောင့် ကျောက်ရွှမ်ကျင်းနှင့် သူမ

အပြင် ဆရာရှောင်လည်း လိုက်မည်ဖြစ်၏။

သို့သော် ရှောင်းယွိရုန် ထွက်သွားသည်နှင့် ရှဲ့ဖင်းဟွိုက်က ယခင်ကလို ပြန်ဖြစ်ပြီး အမှားပြုလုပ်မည်ကို ကြောက်နေမိသည်။

"အဟွတ်..." ရှဲ့ချောင် ရေတစ်ငုံသောက်အပြီး ရုတ်တရက် ချောင်းထဆိုး၏။

သူမချောင်းဆိုးသောအခါ ညစာစားပွဲရှိ လူများအားလုံး လုပ်လက်စကို ရပ်လိုက်ကြသည်။

ရှဲ့နျိူရှန်းက မျက်မှောင်ကြုတ်နေသည်မှာ တစ်ယောက်ယောက်ကိုထသတ်တော့မည့်အလား။ ရှဲ့ဖင်းကန်း၏ မျက်နှာကလည်း မှုန်မှိုင်း နေပြီး သွားပြီးပြဿနာရှာလို့မသင့်သည့်လူတစ်ယောက်ပုံပေါ်နေသည်။ ရှဲ့ရှီ၏ မျက်လုံးများမှာတော့ စိုးရိမ်မှုများဖြင့် ပြည့်နေပြီး ရှဲ့ဖင်းဟွိုက်မှာ အပြစ်ရှိခြင်းနှင့် စိုးရိမ်ခြင်းကို ခံစားနေရ၏။

"အစ်မ ဘာလို့ ချောင်းပြန်ဆိုးရတာလဲ” ရှဲ့ဖင်းဟွိုက်မှာ ခံစားချက်ကောင်းမနေ။

ရှဲ့ချောင် က ပါးစပ်ကို ကာရင်း "အရင် ပြဿနာပါပဲ အရင်တစ်ခေါက်ကလည်း မူးလဲခဲ့သေးတယ်.. မဟုတ်ဘူး ငါက အမြဲအဲ့လိုပဲလေ နင့်ကြောင့်မဟုတ်ပါဘူး မောင်လေး"

သူမ ဒီလိုလှည့်စားမှုနှင့် ရင်းနှီးနေလေပြီ။

ရှဲ့ဖင်းဟွိုက်ကြားသောအခါ ရင်ကို ဓားစိုက်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ "အစ်မကြီး ….အကုန်ကျွန်တော့်အပြစ်တွေပါ"

"ဟင်း..." ရှဲ့ချောင် သက်ပြင်းချသည်။ "မင်းမှားတာ မင်းသိပြီပဲ၊ ဘာလို့ အပြစ်တင်နေတော့မှာလဲ၊ ဒါပေမဲ့ ငါကျန်းမာရေးက ကောင်းတာမဟုတ်ဘူး၊ အခုက ရာသီအကူးပြောင်းအချိန် ၊ပူလိုက်အေးလိုက်နဲ့ဆို နေမကောင်းဖြစ်လွယ်တယ်၊ ပြင်းရင်တော့ ဒီဆောင်းတောင်ကျော်နိုင်မယ်မထင်

ဘူး…”

ရှဲ့ဖင်း‌ဟွိုက်၏ ရင်ထဲ အလွန်စိတ်ဆင်းရဲသွားသည်။

" ငါသေဖို့က အနှေးနဲ့အမြန်ပဲ၊ အဲ့လိုဟာတွေကို ဂရုမစိုက်ဘူးဆိုပေမဲ့ အဲ့တာက..." ရှဲ့ချောင်၏ မျက်နှာတွင် နူးညံ့ညင်သာ မှုကိုတွေ့ရ၏။ "မင်းက ငါ့မောင်လေးလေ၊ မင်းအရွယ်ရောက်လာတာကို ငါအခုထိမမြင်ရသေးဘူး၊ မင်း ကြီးလာတဲ့အခါကျရင် စစ်ရေးရော လူမှုရေးရောမှာ သူရဲကောင်းတစ်ယောက် ကျိန်းသေပေါက်ဖြစ်မှာ ဟုတ်တယ်မလား၊ အဲ့တာကို မမြင်ရတာ နှမြောဖို့ကောင်းချက်…”

ပြောရင်းဆိုရင်းနှင့် ရှဲ့ချောင်က ကိုယ့်ကိုယ်ကို ဆွဲဆိတ်လိုက်ရာ နာကျင်မှုကြောင့် မျက်ရည်နှစ်စက်ကျလာလေသည်။

သူတို့က မိသားစုများဖြစ်ပြီး သွေးသားရင်းချာ

များဖြစ်သည်။ သူမရဲ့‌မောင်လေးက အနိုင်ကျင့်လို့ဆိုပြီး သူမကို အပြစ်မတင်လောက်ပေ။

"အစ်မကြီး! စိတ်မပူပါနဲ့ အစ်မစိတ်မပျက်စေရဘူး” ရှဲ့ဖင်းဟွိုက်က အလျင်အမြန် ကတိပေးသည်။

"ဟ" ရှဲ့ဖင်းကန်း လှောင်ရယ်လေသည်။

ရှဲ့ဖင်းဟွိုက်က သူ့ကို ဒေါသတကြီး လှည့်ကြည့်လိုက်၏။

"ငါ့မောင်ကို ငါယုံတယ် အစ်ကိုကြီးရဲ့ ဖိအားအောက်မှာတောင် ကိုယ့်လမ်းကိုယ်ဖောက်နိုင်ခဲ့တာပဲကို၊ မင်းရဲ့ ဆရာက ရှောင်းယွိရုန်၊ မင်းရဲ့ သိုင်းဆရာက မင်းအစ်ကိုကိုတောင် အနိုင်ယူနိုင်သေးတာ ဒီတော့မင်းအနေနဲ့ဆိုးစရာအကြောင်းမရှိဘူး၊ ဒါပေမဲ့ မင်းကနည်းနည်းကျီစယ်တတ်တော့.. အဲဒါကိုမထိန်းနိုင်ရင်…” ရှဲ့ချောင်ရုတ်တရက် သူမရင်ဘတ်ကို ဆုတ်ကိုင်ကာ အသက်မရှုနိုင်တော့။

သူမ၏ မျက်နှာက ရဲနေပြီး မကြာခင်သေတော့မည့်အလား။

ဆေးလုံးတစ်လုံးကို အမြန်ထုတ်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

"ကျွန်တော်မကျီစားတော့ပါဘူး၊ အရင်တုန်းက ငယ်သေးတာကို၊ အခုလည်း ကြီးလာပြီမဟုတ်ဘူးလား?! စိတ်မပူပါနဲ့ အစ်မ၊... အစ်မရဲ့ ကျန်းမာရေးက ဆိုးနေပြီ ကျွန်တော် ဘာမှ မတတ်နိုင်ပေမဲ့ ကျွန်တော်ကြိုးစားမယ်လို့ ကတိပေးပါတယ်၊ တကယ်သေရတော့မယ့်ဆို ငြိမ်းချမ်းစွာအနားယူပါ ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့" ရှဲ့ဖင်းဟွိုက်က ရုတ်တရက် ရင်ဘတ်ပုတ်ပြီး ပြောလေသည်။

ရှဲ့ချောင်က ခေါင်းညိတ်လိုက်သည်။"ဒါဆို ငါပြန်နာလန်ထူနိုင်ဖို့အတွက်တော့ သွားတော့မယ်၊ အိမ်မှာရှိမှာမဟုတ်ဘူး၊ တစ်လလောက်‌နေမှ ပြန်လာမှာ... လုံးဝ ပြန်မလာနိုင်တော့တာလည်း ဖြစ်နိုင်

တာပဲ....

“ပြန်လာဖို့ တစ်သန်းမှာ တစ်ကြိမ်လေးပဲ အခွင့်ရေးရှိခဲ့ရင် ငါ့မောင်လေးတိုးတက်လာတာကိုမြင်ရဖို့မျှော်လင့်တယ် ရွယ်တူတွေကြားမှာ အောင်မြင်မှုတွေနဲ ဂုဏ်ယူနေရမယ့်သူတစ်ယောက်အဖြစ်..”

ရှဲ့ချောင်က သူ့ကို ပြင်းပြစွာကြည့်လိုက်သည်။

မျက်ရည်များက သူမမျက်ဝန်းဆီမှ ထွက်လို့နေလျက်။

ရှဲ့နျိုရှန်း၏ မျက်လုံးတို့ နီရဲနေလေပြီ။

ဒီသမီးလေးက .. ဟူး…ဘယ်လောက်တောင်အဖြစ်ဆိုးလိုက်သလဲ...

•••••

All Chapters