← Chapters

အခန်း (၈၆၉-၈၇၂)

Vol. 45 Ch. 869-872

အခန်း (၈၆၉-၈၇၂)

Vol. 45 Ch. 869-872

အခန်း(၈၆၉) : အေးဆေးလေးပဲ

ရှဲ့နျိုရှန်းက ဝိုင်ကောင်းတစ်ခွက်ကို ပါးစပ်ပြည့်သောက်ချလိုက်သည်။ ယခုအခိုက်အတန့်၌ စားပွဲပေါ်ရှိ စားသောက်ဖွယ်များကလည်း အနံ့အရသာရှိမနေတော့ချေ။

ရှဲ့ဖင်းကန်းကတော့ မတူ။ ထိုစကားလုံးများကို ကြားပြီးနောက် ရှဲ့ချောင်ဟန်ဆောင်နေကြောင်း သိသော်လည်း သူမကို မတားခဲ့။

ဆရာမမော့ ခရီးရှည်ထွက်သွားပြီးကတည်းက သူရဲ့ ညီမက ကြမ္မာဥယျာဉ်ကို စောင့်ရှောက်ရသည်။ ဆရာမမော့၏ဂရုစိုက်မှုသာမရှိလျှင် သူ့ညီမရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတာဖြစ်လောက်သည်။ ဒါကြောင့် ဒီလိုအသေးဖွဲ့ကိစ္စများမှာ သူဝင်မရှုပ်ချင်ပေ။

‌ဒါ့အပြင် ရှောင်းယွိရုန်လည်း သွားတော့မှာဖြစ်၏။

ဒီလိုနည်းဖြင့်…

ထိုကောင်လေးကို သင်ခန်းစာတစ်ခုပေးခြင်းက တချို့သောကိစ္စတွေကို နားလည်သဘောပေါက်သွားအောင်လုပ်နိုင်ပေသည်။

သူ့ညီမက တကယ်ကို ဖြတ်ထိုးဉာဏ်ရှိတဲ့သူတစ်ယောက်ပင်။

"အစ်မ! ကျွန်တော် ကြိုးစားပမ်းစား သင်ယူပြီး သိုင်းပညာကိုလည်း လေ့ကျင့်မှာပါ၊ အစ်မစောင့်ကြည့်လိုက်၊ အစ်မသာ အိမ်ပြန်လာနိုင်မယ်ဆို လူတိုင်းချီးကျူးရတဲ့သူတစ်ယောက်ဖြစ်လာမယ့် ကျွန်တော့်ကိုမြင်ရဖို့ အာမခံတယ်” ရှဲ့ဖင်းဟွိုက်က ခပ်သုတ်သုတ် ပြောလိုက်သည်။

ထိုတဇွတ်ထိုးလုပ်ချင်သည့်စိတ်ပေါ်လာတာနှင့် သူဟာ သူ့ရဲ့ ခွန်အားကို ဂရုစိုက်‌မနေတော့ချေ။

"တကယ်လား ဒါဆို... လာမယ့် ဖေဖော်ဝါရီမှာ

တော်ဝင်စာမေးပွဲကို ဖြေနိုင်မှာလား” ရှဲ့ချောင်၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်တို့ပြည့်နေလျက်။ "ဒီဆောင်းကို ကျော်နိုင်ရင် ငါနွေဦးအစပိုင်းမှာ လက်ထပ်နိုင်လိမ့်မယ်၊ ငါတို့မိသားစုမှာ ပျော်စရာကိစ္စနှစ်ခုရှိရင် သိပ်ကောင်းတာပေ့ါ..”

ရှဲ့ချောင်က မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး သူ့ကို ပြုံးပျော်စွာ ကြည့်လိုက်၏။

"အစ်မ... ကျွန်တော် ကတိမပေးချင်လို့မဟုတ်ဘူး... ယုံကြည်ချက်မရှိလို့လည်း မဟုတ်... အဓိကက... ဒီစာမေးပွဲကိုဖြေလည်း ဘာမှ အကျိုးမရှိဘူးလေ ဟုတ်တယ် မဟုတ်လား" ရှဲ့ဖင်းဟွိုက်က ခေါင်းခါသည်။

"ဘာလို့.. အဟမ်း.. အသုံးမဝင်ရမှာလဲ? မင်းမှာ ဂုဏ်ပုဒ်ရှိရင် ကြီးကြီးငယ်ငယ် ပညာတတ်ပဲ၊ မင်းကိုဘယ်သူမှ လက်ညှိုးထိုးရဲမှာမဟုတ်ဘူး... မင်းမှာ ဂုဏ်ပုဒ်တစ်ခုရှိရင် ကြွေပန်းခြံဝန်းကနေ နှင်းပန်းခြံဝန်းတီပဲပြောင်းပြောင်း၊ ဂန္ဓမာခြံဝန်းဆီ

ပဲပြောင်းပြောင်း၊ ပျိုနီပန်းခြံဝန်းဆီတောင် ပြောင်းချင်ပြောင်းလို့ရတယ် မင်းပေါင်းတဲ့သူတွေကလည်း ပိုကောင်းလိမ့်မယ် နောက်မှ စာပေမလေ့လာချင်လည်း သိုင်းပညာပဲသင်သင် စာပေပဲဆက်သင်သင် ကြိုက်သလိုလုပ်” ရှဲ့ချောင်ရဲ့လေသံဟာ အလျင်မလိုဘဲ နာမကျန်းဖြစ်နေသူတစ်ယောက်ပမာ ပြောနေလေသည်။

သူမမောင်က အောင်မြင်မှုများစွာမရရင်တောင်မှ အနာဂတ်မှာ သိပ်ပြီးအခြေနေဆိုးလိမ့်မည်မဟုတ်။

ဒါပေမဲ့ မိသားစုရဲ့ အကာအကွယ်နဲ့ဆို ဘယ်လိုလုပ်ပြီး သူမထက် သာနိုင်မှာလဲ?

အစပိုင်းတွင် အစ်ကိုကြီးက လူရိုင်းများကို အနိုင်တိုက်ပြီး မြို့တော်ဆီ ရောက်လာခဲ့ပြီး အရာရှိရာထူးကို ရခဲ့သည်။ နောက်ပိုင်း အလုပ်ဖြုတ်ခံရတာတောင် တခြားလမ်းကြောင်းဖြင့် ဆက်သွားပြီး တိုးတက်ခဲ့သည်။

အဆုံးမှာ‌တော့ သူ့မအစ်ကိုကြီး တစ်ကျော့ပြန်လာနိုင်ရခြင်းက သူဟာ အစွမ်းအစရှိနေ၍သာ။

သူမ၏ ခပ်တုံးတုံး မောင်လေး အချိန်အကြာကြီး လိမ္မာနေဖို့အရေး ရေတိုပန်းတိုင်လေးတစ်ခု ရှာပေးချင်ခဲ့သည်။

ရှဲ့ချောင်၏ စကားက ခပ်ဖြည်းဖြည်းဖြစ်ပြီး ရှဲ့ဖင်းကန်း၏ ဒေါသက ခပ်မြန်မြန်ဖြစ်သည်။ ပုံမှန်ဆို ထိုစကားလုံးများကိုကြားလျှင် နည်းနည်းလေးမျှသည်းခံနိုင်မည် မဟုတ်သော်လည်း ရှဲ့ချောင်က သေတော့မည့်ပုံဖြစ်နေလေရာ ဒေါသထွက်မရက်ပေ။

"တော်ဝင်စာမေးပွဲကို အောင်စေချင်တယ်ပေါ့? ဝက်တစ်ကောင်ကမှ သူ့ထက် အောင်နိုင်ချေရှိဦးမယ်" ရှဲ့ဖင်းကန်းက အချိန်ကိုက်လှောင်ရယ်လေသည်။

“အစ်ကိုကြီးကလည်း ဘာလို့ ကိုယ့်ညီကိုသံသယဝင်နေရတာလဲ၊ သူလုပ်နိုင်ပါတယ်၊ ဒီ‌နောက်ပိုင်း

လိမ်လည်းလိမ်မာလာတယ်၊ ဝီရိယလည်းရှိလာတယ်၊ သူ့အတွက်တော့ စာမေးပွဲက အေးဆေးလေးပဲ ဟုတ်တယ်မလား မောင်လေး" ရှဲ့ချောင်၏ အားဖျော့သောမျက်နှာတွင် ပျော်ရွှင်မှု အရိပ်သန်းနေ၏။

ရှဲ့ဖင်းကန်း အနည်းငယ်ရှက်နေမိသည်။

စာမေးပွဲက... မလွယ်လှပေ။

ကျောင်းတော်တွင် ထိုအကြောင်းမကြာခဏကြားခဲ့ရသည်။ လူငယ်မျိုးဆက်များအတွက် စာမေးပွဲကိုတောင် ဖြေဆိုနိုင်ခြင်းမရှိသည့် လူကြီးများစွာရှိပေ၏။

ဒီတော့...

"မင်းက သူ့အစ်မဆိုတော့ သေချာမတွေးနိုင်ဘူးပဲ၊ ကျောင်း‌တော်ကို သွားမေးကြည့်လိုက်၊ သူ့လို ‌ငတုံးတစ်ယောက် စာမေးပွဲအောင်မယ်ဆိုတာ ဘယ်သူယုံမလဲလို့၊ စာမေးပွဲအောင်တာ

အသာထားဦး၊ တစ်နှစ်ကျော်လေးပဲဖြစ်ဖြစ် စာသင်ရတာတောင် သူ့အတွက် နတ်ပြည်တက်တာထက် ပိုခက်နေဦးမယ် သူသာ စာမေးပွဲအောင်လို့ကတော့ ငါ မြေကြီးပေါ်လှဲပြီး သူရိုက်တာခံလိုက်မယ်" ရှဲ့ဖင်းကန်းက တိုက်ရိုက်ပင်ပြောချသည်။

သူရဲ့ပန်းတိုင်က အလွန်ရိုးရှင်းသည်။ သူ့ညီ ခဏလောက်ပဲဖြစ်ဖြစ် လိမ္မာသွားဖို့သာ…

စာမေးပွဲကတော့ ... ‌ဒီအရူးညီလေးက ဘယ်နည်းနဲ့မှ ‌အောင်နိုင်မှာမဟုတ်၍ သူပြောတာမှန်ပေသည်!

••••

အခန်း(၈၇၀): ကျွန်တော်မှားသွားပါတယ် သခင်လေးဟွိုက်

ရှဲ့ချောင်လည်း ဒေါသပေါက်ကွဲထွက်သွားပုံရသည်။ ရှဲ့ဖင်းကန်း၏ စကားကိုကြားသောအခါ ဒယီးဒယိုင်ထရပ်လေသည်။

သူမရဲ့အစ်ကိုကြီးအား စိတ်ဆိုးမာန်ဆိုးဖြင့်စိုက်ကြည့်ကာ "အဟမ်း… အစ်ကိုကြီးကိုယ်တိုင်ပြောတာနော်..မောင်လေးသာတကယ်စာမေးပွဲအောင်ရင် မြေကြီးပေါ်လှဲပြီး သူ့ဆီကနေ..ဆယ့်ငါးမိနစ်အရိုက်ခံရမယ်.. ပြန်ခုခံခွင့်မရှိဘူး”

"ဟမ့်! ရတယ်လေ” ရှဲ့ဖင်းကန်းက ဂရုမစိုက်သည့်မျက်နှာဖြင့်။

ထိုအထင်သေးသည့် အကြည့်က ရှဲ့ဖင်းဟွိုက်အား ဆွပေးရာရောက်သွားသည်။

"မောင်လေး မင်းကိုအစ်မယုံတယ်။ မင်းလုပ်နိုင်ပါတယ်..." ရှဲ့ချောင်က ရှဲ့ဖင်းဟွိုက်၏ ပခုံးကိုပုတ်

ကာပြောလေသည်။

ထို့နောက် ခပ်ဖြည်းဖြည်းထိုင်ချသည်။

"မင်းစာမေးပွဲမအောင်ရင်ရော..." ရှဲ့ဖင်းကန်းက တခစ်ခစ်ရယ်လျက် "အဲဒါဆို…မင်းကိုယ်မင်း ငတုံးဆိုတာဝန်ခံရမယ်… မင်းရင်ဘတ်မှာ သစ်သားတံဆိပ်ပြားဆွဲပြီး ငါ့ကိုသုံးလခစားရမယ်မှတ်"

စော်ကားလိုက်တာ ။ဘယ်လိုတောင် စော်ကားတာတုန်း.!..

ရှဲ့ဖင်းဟွိုက် နှလုံးသားမှာ ဒေါသဖြင့် လောင်ကျွမ်းနေလေပြီ။

"‌စိန်လိုက်လေ! အစ်ကိုကြီးကို မကြောက်ဘူး ကျွန်တော်ဘယ်တော့မှ မရှုံးဘူး" ရှဲ့ဖင်းကန်းက အော်လိုက်သည်။

သူကို အထင်သေးတယ်ပေါ့?. စာမေးပွဲလေးပဲ

မဟုတ်လား?... သူလုပ်နိုင်တယ်!

သူမ၏မောင်သည် ရှုံးနိုင်ချေများမှန်း ရှဲ့ချောင်သိသည်။ စာမေးပွဲက ရိုးရှင်းသည်ထင်ရသော်လည်း မလွယ်ကူလှပေ။ မှူးမတ်အရာရှိများ၏ကလေးအများစုသည် လေးငါးနှစ်ကတည်းက လေ့လာကြသည်။ အဆင်ပြေလျှင်တောင်မှ ဆယ်ကျော်သက်အရွယ်လောက်မှ ပထမဆုံးစာမေးပွဲကို အောင်မြင်ကြတာပင်။

အဆင်မပြေခဲ့လျှင်တာ့ …. တစ်သက်လုံး စာ‌မေးပွဲအောင်နိုင်ချေမရှိတော့သည်မှာ ပုံမှန်အရာတစ်ခုသာ။

သူမ၏မောင်သည် အသက်ဆယ်နှစ်ရောက်မှ တော်ဝင်ကျောင်းတော်ကိုဝင်ရောက်ခဲ့သည်။ ပထမနှစ်နှစ်၌ စာလေ့လာရာတွင်လုံးဝအာရုံမစိုက်ခဲ့။ ယခုနှစ်မှသာ ဆရာရှောင်း၏ ဖိအားကြောင့် အနည်းငယ်တိုးတက်လာခဲ့သည်။

ဖြေဆိုရန် နှစ်တစ်ဝက်လောက်ကျန်သေးသော်လည်း အချိန်ကသိပ်ပြီးမများလှ။

ရှဲ့ချောင်က သူ့ကို ထိတ်လန့်မသွားစေလိုပါ။ ထို့အစား သူမက "မောင်လေး မင်းသေချာပေါက်လုပ်နိုင်မှာ! ဒီအလောင်းအစားကို ဒီအတိုင်းတော့ ထိုင်မကြည့်နိုင်ဘူး၊ ဒီလိုဆိုရင်ရော၊ မင်းနိုင်ရင် ဆုအနေနဲ့ ငွေစတစ်ရာပေးမယ်လေ”

ရှဲ့ဖင်းကန်းသည် ကပ်စီနည်းသူဖြစ်သည်။ ထိုစကားကိုကြားသောအခါ အတော်လေးပျော်သွားသည်။

ရှဲ့ဖင်းဟွိုက်လည်း ထို့နည်း လည်း‌ကောင်းပင်။သူရဲ့လစဉ်ထောက်ပံ့ငွေက နည်းလှသည်။ ယခင်က သူ့အစ်မအဖို့ အခေါင်းနှင့် ပတ်သက်သောပစ္စည်းများဝယ်ရုံတင်မက ငွေပါချေးခဲ့သေးသည်။ လစဉ်ဆပ်နေရသဖြင့် မုန့်ဖိုးမရှိပေ။

နိုင်လျှင် ငွေလည်းရမည်။ အစ်ကိုကြီးကိုလည်း ၁၅မိနစ် ရိုက်ခွင့်ရမည်။ ဒီအပေးအယူက သိပ်မ

ဆိုးဘူး!

"မင်းနိုင်ရင် ငါ့လည်းမြေကြီးပေါ်လှဲပြီး ရိုက်ခွင့်ပေးမယ်" ရှဲ့နျိုရှန်းက ရုတ်တရက်

ဝင်ပြောသည်။ ထို့နောက် ရှဲ့ချောင်ကိုဆက်ပြောလိုက်သည်။ "သမီး ငါ့ကိုလည်း ငွေတစ်ရာပေးနိုင်မလား"

ရှဲ့ချောင်ခမျာ ခေတ္တခဏ မွန်းကြပ်သွားရသည်။

တကယ်ဆိုသူမအဖေက “ဒီအလောင်းအစား” အတွက် ငွေထုတ်ပြီး မတည်ပေးသင့်တာလေ ဟုတ်တယ်မလား? အခုက အဲ့လိုမလုပ်ပေးရုံတင်မဟုတ်ဘူး.. သူကပါ တောင်းဆိုနေရတယ်လို့!

တရားလွန်လိုက်တာ!

ရှဲ့ချောင်က သူ့အား မသိမသာစိုက်ကြည့်ပြီး “ဆုတောင်းလေ အဖေ”

ရှဲ့နျိုရှန်းက လူဆိုးနှစ်ယောက်အား စိတ်ပျက်စွာ ကြည့်လိုက်သည်။ "မင်းတို့ကို ဘာလို့များမွေးထားမိပါလိမ့်၊ သားသမီးတာဝန်မသိတတ်ကြတော့ဘူးလား"

ခဏကြာတွေးတောပြီးနောက် သူက ထပ်ပြောသည်။ "ဒီမိသားစုမှာ အလောင်းအစားခွင့်မပြုဘူး တကယ်လို့မရမက လောင်းနေဦးမယ်ဆို နိုင်တဲ့သူက..ငါ့ကိုငွေစနှစ်ဆယ်ပေးရမယ်”

အများကြီးတောင်းလို့ကတော့ မကောင်း။ ပိုက်ဆံရှာဖို့အရေး စိတ်ဓာတ်ကျကုန်လိမ့်မည်။

ရှဲ့ဖင်းကန်း၏ လက်များက ခဏတာရပ်တန့်သွားပြီး ဘာစကားမှတော့မပြောခဲ့ချေ။

သူသာနိုင်လျှင် သူ့လက်ထဲကငွေကို သူ့အဖေယူနိုင်လိမ့်မည်မဟုတ်၊ သူ လုံးဝစိတ်ပူစရာမရှိပေ။

ဒါကြောင့် ဒီကိစ္စက သူ့အပေါ်သက်ရောက်မှုသိပ်မရှိခဲ့။

ရှဲ့ဖင်းဟွိုက် မငြင်းနိုင်ခင်မှာတင် ရှဲ့ဖင်းကန်းက ခေါင်းညိတ်သဘောတူပြီးနေလေပြီ။

သူ ဘာမှ မပြောနိုင်တော့ချေ။

သို့သော် ထိုအခိုက်မှာ ရှဲ့ဖင်းကန်းအား ပိုပြတ်သားသည့် အကြည့်ဖြင့် ကြည့်လိုက်၏။

တစ်နေ့နေ့တစ်ချိန်ချိန်မှာ အစ်ကိုကြီးက သူ့ရှေ့ဒူးထောက်ပြီး "ကျွန်တော်မှားသွားပါတယ်။ သခင်လေးဟွိုက်” ဟုပြောလာစေရမည်။

ဟမ့်!

ရှဲ့ဖင်းဟွိုက်နှင့်ညှိနှိုင်းပြီးသွားသည့်နောက် ရှဲ့ချောင်မှာစိတ်ပူစရာမရှိတော့ပေ။ ရှဲ့ရှီအတွက်တော့ ထိုမိန်းကလေးက ဆင်ခြင်နိုင်စွမ်းရှိသည်။

ယခုတော့ သူမမှာ အိမ်ထိန်းတစ်ယောက်၏အာဏာရှိနေပြီး ငွေအများအပြားလည်း ရှိသောကြောင့် ကျေနပ်နေလေသည်။

နောက်တစ်ရက်တွင်တော့ သူမ၏ဆရာတူမောင်နှစ်ယောက်နှင့် တွေ့ခဲ့လေသည်။

••••

အခန်း(၈၇၁) အကြိုက်ပြိုင်ကြခြင်း

ရှောင်းယွိရုန်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်လျက် ခါးတွင် ကျောက်စိမ်းပလွေချိတ်ထားသည်။ သူဟာ အသက်သုံးဆယ် ဝန်းကျင်လောက်ရှိသော်လည်း ဆယ်ကျော်သက် နှစ်ဆယ်ကျော်များထက် အားအင်အပြည့်ရှိသည်။ သူသည် လေပြည်ညင်းနှင့်အတူ မြင်းလှည်းရှေ့မှာမတ်တပ်ရပ်နေ၏။ တောက်ပသောလရောင်အောက် ရပ်နေသည့် ချောမောခန့်ညားသည့် အမျိုးသားတစ်ယောက်၏ပန်းချီကားသဖွယ်ဖြစ်နေလေသည်။

ရှောင်းယွိရုန်သည် မျက်နှာကြောင့် ချောမောနေခြင်းမျိုးမဟုတ်ဘဲ သူ၏ စာပေပညာရှင်ဆန်ဆန် အရှိန်အဝါကြောင့်ဖြစ်သည်။ သူ့ကို မြင်ရသူအပေါင်းမှာ ချက်ချင်း စာအုပ်ပုံပေါ်ကျသွားသလို ခံစားသွားရပြီး မျက်စိတစ်မှိတ်အတွင်း စိတ်အေးချမ်းနိုင်ကြသည်။

ဒါဟာ သူမ၏ အကြီးဆုံး‌ဆရာတူမောင်လေးပင်။

ရှဲ့ချောင် ကြက်သေသေသွား၏။

တွေဝေနေခိုက် ခေါက်ယပ်တောင်တစ်ချပ်က ရှဲ့ချောင်ရှေ့က မြင်ကွင်းကိုပိတ်သွားသည်။

"ဆရာတူအစ်မ ဘယ်ကိုကြည့်နေတာလဲ" ကျောက်ရွှမ်ကျင်းက ရုတ်တရက်ပေါ်လာပြီးမေးသည်။

ရှဲ့ချောင်က ခဏတာ ကြောင်ကြည့်နေပြီးမှ သူ့ကို သတိထားမိသွား၏။

ထို့နောက်...

"ဆရာတူမောင်လေး ဒီနေ့ဝတ်စားထားတာ …မတူဘူးပဲ" ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။

ကျစ် ဒီဆရာတူမောင်‌လေးတွေက ဘာကြောင့်များ သူမကို မှေးမှိန်တဲ့ပုံပေါက်စေရတာလဲ?!

အိမ်ရှေ့စံမင်းသားဖြစ်သော သူမ၏ ဆရာတူမောင်လေးသည်လည်း အဖြူရောင် ဝတ်ဆင်ထားသည်။ သို့သော် မတူသည်က သူ့၏ ဝတ်စုံတွင် ငွေရောင်ပန်းထိုးလက်ရာများဖြင့် အနားကွပ်ထားသည်။ပန်းထိုးလက်ရာက သာမန်ထက်ထူးခြား၏။ မှိန်ဖျော့ဖျော့မီးရောင်အောက်၌ မသေမျိုးတစ်ယောက်အလား။ နဂိုတည်းက ကြည့်ကောင်းတာမှန်ပေမဲ့ အခုလိုကျောက်စိမ်းဖြူရောင်ကိုဝတ်ဆင်ထားချိန်တွက်တော့ အေးမြသည့် တောင်တစ်တောင်သဖွယ်ဖြစ်နေပေသည်။ မွေးရနံ့ကလည်း ပြင်းလှ၏။ ၎င်းက….

ချက်ချင်းဆိုသလို ရှဲ့ချောင်က နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်သည်။

သူမ၏ ခေါင်းကိုငုံ့၍ သူမကိုယ်ကို ပြန်ကြည့်မိသည်။

သူမက မီးခိုရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ ယင်းမှာ အလွန်ကိုရိုးရှင်းပြီး အပေအတေခံသည်။

"ဆရာတူမောင်လေး ဘာလို့ ယပ်တောင်ကို ဒီနေ့ယူလာတာလဲ အရင်ကယူလာနေကျမဟုတ်ပါဘူး" ရှဲ့ချောင်က ယပ်တောင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

လှပသည့် ယပ်တောင်တစ်ချောင်းပင်။

ယပ်တောင်ပေါ်မှ ပန်းများသည် လှပပြီး ယပ်တောင်သားကကောင်းလှသည်။ သူယပ်ခပ်လိုက်တိုင်း ထွက်ပေါ်လာသည့် အသံက လူအများ၏ စိတ်အာရုံကိုဆွဲဆောင်နေပေသည်။

သူက အာရုံစိုက်ခံခြင်းနေတာလား

မုန့်ကျားပေါင်...ဆရာ...

ရှဲ့ချောင်က အတည်ပေါက်ဖြင့် သူတို့ကို ကြည့်လိုက်သည်။

ဆရာတူညီအစ်ကိုမောင်နှမများစွာရှိကာ တကယ်ကို ဒုက္ခများပေသည်။ဆရာက သူမကိုအချစ်ဆုံး

မှန်း သိလို့ သူတို့နှစ်ယောက်က ဆရာအကြိုက်ကို ပြိုင်လု‌ချင်နေကြတာလား..?

"ရာသီဥတုက အေးပြီး ခရီးက ဝေး‌သေးတယ် တစ်လမ်းလုံးခြင်တွေကလည်း ပေါမှပေါ ယပ်ခပ်နေတာ ပိုကောင်းတယ်" ကျောက်ရွှမ်ကျင်းက အပြုံးမမည်သော အပြုံးဖြင့် ပြောလိုက်သည်။

အမူအရာတိုင်းနှင့် လှုပ်ရှားမှုတိုင်းက ကြိုတင် စီမံထားသလိုပင်။ ဘယ်လိုကြည့်ကြည့် ပြီးပြည့်စုံနေ၏။

ရှဲ့ချောင် ခဏကြာအောင် တွေးနေမိသည်။ "မင်းတို့တွေ.... ငါ့ကို ခဏစောင့်ဦး ပြန်လာခဲ့မယ်"

ထို့နောက် ရှဲ့ချောင် က ရထားလုံးထဲသို့ ပစ္စည်းများအားထည့်ခိုင်း၍ သူမကတော့ လှည့်ထွက်သွားသည်။

"အစ်မ ဘာလိုလို့လဲ" ရှောင်းယွိရုန်က သံသယဖြစ်

စွာ လမ်းလျှောက်လာသည်။

ကျောက်ရွှမ်ကျင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ "ဆရာတူအစ်ကို အပြင်ထွက်ရင် အင်္ကျီ အဖြူတွေပေသွားမှာ မစိုးဘူးလား"

"အရှင့်သား.. ဆရာတူညီလေးလည်း အဖြူရောင်ဝတ်ထားတာပဲလေ” ရှောင်းယွိရုန်က ယဉ်ကျေးစွာ ပြောလိုက်သည်။

"ဆရာကိုသွားတွေ့တဲ့ဟာကို ဝတ်ကျေတမ်းကျေလုပ်လို့ ဘယ်ဖြစ်မလဲ၊ အဖြူရောင် အဝတ်‌စားတွေချည်း အိတ်အပြည့်တစ်အိတ် ယူလာခဲ့တယ်၊ ပိုပြီးကျက်သရေရှိကျော့ရှင်းတဲ့ပုံပေါက်စေတယ်လေ၊ ဆရာသာမြင်ရင် ငါ့ရဲ့လုပ်ရည်ကိုင်ရည်တိုးတက်လာတဲ့အတွက် ချီးကျူးနေတော့မှာ”

‌ကျောက်ရွှမ်ကျင်းက တခစ်ခစ်ရယ်၏။

ဒီအဖိုးကြီးပေါက်စ ရှောင်းယွိရုန် ကို မရိုးဖြောင့်မှန်း သူသိသည်။ ကံကောင်းစွာဖြင့် သူ ဒီနေ့

အားထုတ်လှ၍သာ။ မဟုတ်လျှင် ထင်ပေါ်မှုကသူ့ဆီပါသွားမည်ပေ။

ခုနတုန်းက ရှောင်းယွိရုန်အပေါ် ရှဲ့ချောင် ၏အကြည့်ကိုတွေးမိလျှင်...

ကျောက်ရွှမ်ကျင်းသူ့ကို ဝါးစားပစ်ချင်သည်။

တစ်နာရီကြာပြီးနောက်တွင် ရှဲ့ချောင် ပြန်လာသည်။

သူမက အဝတ်လဲပြီး သူမနှင့် အတူပါလာသော အစေခံက အိတ်ကြီးကို သယ်လာသည်။ အကုန်လုံးကို ရထားလုံးထဲသို့ ထိုးသိပ်ပြီးထည့်လိုက်သည်။

ရှဲ့ချောင်က မီးခိုးရောင် အဝတ်များကို ချွတ်ပစ်ခဲ့သည်။ သူမသည်လည်း အဖြူရောင်ဝတ်စုံကိုဝတ်ထားကာ ၎င်းကတူညီဝတ်စုံလို့သတ်မှတ်လို့ရသည်။ ခေါင်းထက်တွင် ဆံထုံးထုံးထားကာ သာမန်ကျောက်စိမ်းဆံထိုးတစ်ချောင်းဖြင့် မြဲမြံ

အောင် ထိုးထားပြီး အခုလေးတင်မှဝယ်လာသည့် စိမ်းပြာရောင်ဓားအား ခါးမှာချိတ်ဆွဲထားသည်။

ရှဲ့ချောင်က မသိမသာ ပြုံးသည်။ "ဒီအညတရဆရာ အသင့်ဖြင့်ပြီ၊ အခုထွက်ခွာလို့ရပြီ!"

ထိုသို့ပြောပြီးနောက် လေပြေတစ်ချက် တိုက်ခတ်သွားရာ .... ရှဲ့ချောင်၏ အဖြူရောင်ဝတ်စုံက တဖျတ်ဖျတ်လွင့်သွားသဖြင့် မသေမျိုးအဖြစ် တတ်လှမ်းနေသည့်အလားပင်။

•••••

အခန်း(၈၇၂)။ ငွေကြေးထောက်ပံ့သူ သုံးယောက်

မော့ချူးရှန်း၏သွင်ပြင်က ဤကလိမ်ကကျစ်ကျသည့်မောင်နှစ်ယောက်ကိုမယှဉ်နိုင်ပေမဲ့ ဆိုးနေတာတော့မဟုတ်။

ထို့ပြင် သူတို့နှင့်ယှဉ်လျှင် တည်ငြိမ်ရင့်ကျက်မှုနည်းနေ၏။ စိတ်နေသဘောထား အရဆိုလျှင်တော့ သေချာပေါက်ရှုံးမည်မဟုတ်!

သူမ၏ အားနည်းချက်ကိုရှောင်ရှားဖို့ ခွန်အားကိုသုံးလို့မရသလို မျက်နှာချေများကိုဖယ်ရှားပစ်လို့မရပေမဲ့ ပညာရှင်တစ်ယောက်၏ ပုံရိပ်ကိုဆောင်ကြဉ်းနိုင်ခဲ့သည်။

ရှဲ့ချောင်က လေပြေအဝှေ့မှာ ပြုံးလိုက်သည်။ ကျို့ဝေ့ကျုံးတို့လည်း မြင်လိုက်ရတဲ့အရာကြောင့် ထွေပြားကုန်ကြသည်။

‌ဒူးထောက်မိလုနီးပါးပင်။

သူ ခစားရမယ့် သခင်သုံးယောက်လုံး စိတ်လွတ်သွားကြတာလား?

အပြင်သွားဖို့ဆို အနက်ရောင် အပြာရောင်မီးခိုရောင်ဝတ်စုံတွေက ပိုမကောင်းဘူးလား၊ သန့်သန့်ရှင်းရှင်းနှင့် သဘာဝကျသည်။ လမ်းမှာ အန္တရာယ်တစ်ခုခုကြုံလျှင်လည်း သိသာမြင်သာစေမည်မဟုတ်!

သို့သော် သုံးယောက်စလုံးက အဖြူရောင်ဝတ်ချလာ၏။ အာရုံစိုက်ခံချင်နေရာ မကျဘူးလား?

ထို့ပြင် ထိုလူသုံးယောက်၏ ဟန်ပန်အမူအရာတို့က ‌နေ နှင့်လလို တောက်ပနေကြသည်။ အစကတည်းက သူတို့ကိုလူတွေက စေ့စေ့ကြည့်ရဲကြတာမဟုတ်။ အခုလို ထင်ပေါ်လွန်းနေသည့်အခါ.. အို့...သွားပြီ

လမ်းဘေးမှ လူအများလည်း လှမ်းမကြည့်ဘဲမနေနိုင်။

ရှဲ့ချောင်က မြင်းမြီးကြာပွတ်ကို ဝှေ့လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးသည်။ မသိမသာခေါင်းညိတ်ပြီး ရထားလုံးထဲ ဝင်လိုက်သည်။

ရှောင်းယွိရုန် နှင့် ကျောက်ရွှမ်ကျင်း တို့လည်း နောက်ကနေ ကပ်လိုက်လာကြသည်။ ရထားလုံးထဲ ဝင်ပြီးနောက် ထွက်ခွာခဲ့ကြသည်။

မုန့်ကျားပေါင်က သိပ်မဝေးသော်လည်း နီးသည်ဟုလည်းဆိုလို့မရပြန်။

ရှဲ့ချောင်၏ရထားလုံးက အကောင်းဆုံး ထဲက တစ်ခုဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမက အစ်မအကြီးဆုံးဖြစ်နေ၏။ ယခုလို ခရီးထွက်ကြသည့်အခါ ဝါစဉ်အရတန်ဖိုးထားခံရသည်။ အိမ်ရှေ့စံမင်းသားရာထူးသည် ဤအခိုက်အတန့်၌ အသုံးမဝင်ပေ။

သူမက အဆောင်‌စာရွက်ရေးဆွဲခြင်းတွင်သာ အာရုံစိုက်နေ၏။

သူမက အဆောင်စာရွက် တစ်ရွက်နှစ်ရွက်လောက်ရေးဆွဲပြီးခဲ့ကာ အဆင်ပြေချောမွေ့နေခဲ့သည်။

လမ်းတွင် နှစ်ကြိမ်ရပ်နားခဲ့ပေမဲ့ သိပ်တော့မကြာ။ အနားယူဖို့အတွက်‌ တောထဲကတည်းခိုးခန်းတစ်ခုကိုရောက်သည့်အချိန် ညနေတောင် မစောင်းသေးပေ။

တည်းခိုဆောင်သည် လမ်းမကြီးဘေးတွင်ရှိကာ စီးပွားရေးအဆင်ပြေသည်။ ရှဲ့ချောင်က ရထားလုံးမှ ထွက်ရန် အလျင်မလိုသေး။ သူမ၏မောင်နှစ်ယောက် အရင်ဆုံးနေရာချပြီးတော့မှ မြင်းလှည်းနောက်ဆုံးက ခန်းဆီးစကိုမ၍ ဆင်းလာခဲ့သည်။

မောင်နှစ်ယောက်သည် အသိတရားရှိသူများဖြစ်

လို့ သူမကို လာကူပေးကြသည်။

ရှဲ့ချောင်က ညင်သာစွာ ခေါင်းညိတ်ပြ၏။

နှလုံးသားနှင့် စိတ်အရဆိုလျှင် သူမ၏မောင်များသည် အကြီးဆုံးအစ်မဖြစ်သည့် သူမအား ယှဉ်လို့မရ။

"အစ်မ ပင်ပန်းနေပြီလား အပေါ်ခန်းက အဆင်သင့်ဖြစ်နေပြီ" ကျောက်ရွှမ်ကျင်း က

ယခုအချိန်တွင် သာမန်ဆရာတူမောင်တစ်ယောက်လိုပဲဖြစ်ကာ ဟိတ်ဟန်များမနေချေ။

"အရင်ဆုံးတစ်ခုခုစားရအောင်" ရှဲ့ချောင်က ညင်သာစွာပြုံးလိုက်သော်လည်း သူမ၏ဟန်ပန်အမူအရာအား ထိန်းထားဆဲဖြစ်ကာ ပြစ်ချက်သေးသေးလေးတောင် ထုတ်မပြခဲ့။ ဘယ်လိုကြည့်ကြည့် သူမက မြို့တော်က တာအိုဆရာတစ်ယောက်ပင်။

ထိုအခိုက် စားသောက်ဆိုင်တွင် ထိုင်နေကြသူများ လန့်သွားမိကြသည်။

စားပွဲထိုးများလည်း ကြောင်ပြီးရပ်ကြည့်နေ၏။

ကျို့ဝေ့ကျုံးက ဦးအောင်သွားပြီး အခန်းများကို စီစဉ်သည်။ သို့သော် ထိုအခိုက်တွင် မတူကွဲပြားသော ဧည့်သည်သုံးယောက်ကို တွေ့ရပြီးစားပွဲထိုးများ တံတွေးမျိုချမိသွားကြသည်။

"ဆိုင်ရှင်က စားပွဲထိုး၏ ခေါင်းကို ရိုက်လိုက်ပြီး "အမြန်လုပ်.... လက်ဖက်ရည်နဲ့ဧည့်ခံစမ်း!”

"ဟမ် အမ်" စားပွဲထိုးက ဂွမ်းပေါ်လမ်းလျှောက်နေသလို ခံစားရသည်။

ဒါက.. တည်းခို‌ဆောင်ထဲမှာ။ ဘာမှန်းမသိသည့်နေရာ၏ အလယ်မှာဖြစ်ပြီး.. ဆိုင်နောက်ဘက်က ဗလာချည်းပင်။ ဧည့်သည်များက ခရီးသွားများသာ!

ရထားလုံးမှ ထွက်လာသော ဆရာများတောင်မှ ပင်ပန်းနွမ်းနယ်ပုံပေါ်သေးသည်။ အားအင်မရှိသည့်ပုံပေါ်ကာ… ထိုသုံးယောက်နှင့်မတူပေ..

သူတို့က ထူးခြားတဲ့နောက်ခံမျိုးရှိပြီး.. စည်းစိမ်ဥစ္စာတွေအများကြီးရှိမှန်း သိသာပေသည်..

"အစ်မကြီးတစ်ယောက်အနေနဲ့ အပြင်ရောက်တုန်း မင်းတို့ကို စောင့်ရှောက်ဖို့ ငါ့မှာ တာဝန်ရှိတယ်၊ ဘာစားချင်လဲ၊ ကြိုက်တာမှာ ၊ ခရီးတစ်လျှောက် ကျသင့်ငွေအားလုံးကို ငါဒကာခံမယ်” ရှဲ့ချောင်က မောင်နှစ်ယောက်ကို ကြင်ကြင်နာနာပြုံးပြီး ပြောသည်။

ရှောင်းယွိရုန်က မျက်နှာချိုသွေး၍ "အစ်မကို လေးစားရမှာ ကျွန်တော်တို့တာဝန်လေ၊ ပိုက်ဆံအကုန်ခံခိုင်းလို့ ဘယ်ဖြစ်မလဲ”

"ဒါဆိုလည်း အစ်မကကျွန်တော့်အတွက်ပဲရှင်းပေးလေ၊ အစ်ကိုကြီးက သူ့ဖို့သူရှင်းလိမ့်မယ်" ကျော

က်ရွှမ်ကျင်းက သာမန်အတိုင်းပြောလိုက်၏။

ရှောင်းယွိရုန်က သူ့ကိုစိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။

အရှင့်သားက ငွေပြတ်နေတာလည်းမဟုတ်ဘဲနဲ့!

အစ်မကြီး၏ ဆိုင်က ငွေဘယ်လောက်ဝင်နေလို့လဲ?

ဒီလောက်အများကြီး ဘယ်လိုလုပ်သုံးနိုင်မှာလဲ?

ဤခရီးက.. အဝေးကြီးလိုသေးသည်။ မုန့်ကျားပေါင်းကို ရောက်လျှင် နေရာအများစုတွင်ငွေများသုံးရဦးမည်။ သူတို့၏ အစ်မကြီးကို စောင့်ရှောက်ရပေမည်။

••••

All Chapters