← Chapters

အခန်း (၈၇၃-၈၇၆)

Vol. 45 Ch. 873-876

အခန်း (၈၇၃-၈၇၆)

Vol. 45 Ch. 873-876

အပိုင်း(၈၇၃) မင်းကြားတယ်

ရှောင်းယွိရုန်က ကျောက်ရွှမ်ကျင်းအား ဆက်တိုက်မျက်စိမှိတ်ပြနေပြီး အိမ်ရှေ့စံမင်းသားသည် ချင့်ချိန်နိုင်စွမ်းရှိပြီး ဆရာတူအစ်မအပေါ် သိတတ်ဖို့ မျှော်လင့်နေမိသည်။

သို့သော် ကျောက်ရွှမ်ကျင်းက မမြင်သလိုပင်နေနေ၏။

ရှဲ့ချောင်က ဆင်းရဲသော်လည်း ဆရာတူအစ်မတစ်ယောက်အနေဖြင့် အပြင်ထွက်တဲ့အခါမျက်နှာပျက်လို့မဖြစ်။ သူမသာ အခုချိန်မှာပိုပြီးငွေကုန်ခံထားလျှင် နောင်တစ်ချိန် မတော်တဆသူမရဲ့သရုပ်မှန်ပေါ်သွားခဲ့လျှင်တောင် ဤဆရာတူမောင်များသည် သူမရဲ့ကြင်နာမှုကိူလက်ခံထားပြီးပြီဖြစ်လို့ လွန်လွန်ကြူးကြူးပြုရဲမှာမဟုတ်။

ထို့ကြောင့် ကျောက်ရွှမ်ကျင်းက စကားနားထောင်နေတာကိုမြင်ရသည့်အခါ စိတ်ကောင်းဝင်နေလေသည်။

"ဘာပဲဖြစ်ဖြစ် ဒါစားသောက်ဆိုင်ကြီးလည်း မဟုတ်‌ဘူး ဝိုင်ကောင်းအစားသောက်ကောင်းတွေလည်း ရှိတာမဟုတ်ဘူး မုန့်ကျားပေါင်က ဝိုင်ကောင်းတယ်ကြားတယ် အဲ့ကျမှ မင်းတို့ကို‌ကောင်းကောင်းလိုက်ကျွေးမယ်” ရှဲ့ချောင်က မတ်မတ်ထိုင်ပြီး ခေါင်းကိုအသာမော့လိုက်သည်။ သူမက အကြီးတစ်ယောက်နှင့်ပင်တူ၏။

"ကျေးဇူးတင်ပါတယ် အစ်မ” ကျောက်ရွှမ်ကျင်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

ရှောင်းယွိရုန် အနည်းငယ်မှင်သက်သွားမိသည်။ ထိုမင်းသားက ထူးဆန်းနေသည်ဟု သူတွေးမိသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ဆရာတူညီဟာ တော်ဝင်အဆင့်အတန်းတစ်ခုရှိသူတစ်ယောက်။ သူက လူတိုင်းရှေ့မှာအေးစက်ပြီး ခပ်ခွာခွာ နေတတ်ကာ.. အခုသူ့အစ်မလုပ်နေသလို ဟန်ပန်အမူအရာကို

အမြဲတမ်းထိန်းထားခဲ့သူဖြစ်သည်။ ဒါပေမဲ့ အခု သူ့ရဲ့အဆင့်အတန်းကပြောင်းသွားတာလား၊ မသိသည့်သူ‌‌ဆိုလျှင် ဆရာတူအစ်မက.. အိမ်ရှေ့စံမင်းသားဖြစ်လာတယ်ဟုတောင် ထင်လောက်ပေသည်။

ရှောင်းယွိရုန် ထိုအကြောင်းကိုဆက်တွေးမနေတော့။ အိမ်ရှေ့စံမင်းသားက ဆရာတူအစ်မအား အင်မတန်လေးစားနေခြင်းဖြစ်မည်ဟုသာ တွေးလိုက်တော့သည်။

ရှည်လျားလှသည့် တစ်နေ့တာအပြီး ရိုးရိုးရှင်းရှင်းစားစရာတစ်နပ်စားပြီးနောက် အခန်းဆီပြန်ပြီး အနားယူခဲ့သည်။

ရှဲ့ချောင်က ဒီနေ့တစ်နေလုံး မြင်းလှည်းထဲမှာရှိခဲ့ပေမဲ့ မကောင်းဆိုးဝါးဝိဉာဉ်များစွာ မတွေ့ခဲ့ချေ။ ၎င်းက သူမအဖို့ ရှားရှားပါးပါး ငြိမ်းချမ်းမှုပင်။

ညတစ်ဝက်‌လောက် သူမ ကောင်းစွာ အိပ်ပျော်ခဲ့၏။

သို့သော် နောက်တစ်ဝက်တွင်တော့ ရှဲ့ချောင် ထူးဆန်းသော အသံတစ်ခုကိုခပ်ရေးရေးကြားလိုက်ရသည်။ အရက်နံ့လိုလိုပင်။

"ချွင်..."

အသံက နားအူစေပြီး ချွန်ထက်သည့်လက်နက်နှစ်ခု အပြန်အလှန်ပွတ်ခတ်နေသံသည့်အလား။ ထို့ကြောင့် ရှဲ့ချောင်နိုးလာပြီး အိပ်ချင်မူးတူးဖြင့် ဘေးဘီဝဲယာကြည့်လိုက်ပေမဲ့ ဘာမှရှိမနေ။

ရှဲ့ချောင် တံခါးကို ဖွင့်လိုက်ရာ အပြင်၌အစောင့်တစ်ယောက် ရှိနေ၏။ ရှဲ့ချောင်ပေါ်လာတော့ သူအနည်းငယ် ပဟေဠိဖြစ်သွားသည်။ "ဆရာမမော့ ဘာများ မှာစရာရှိလို့လဲ ခင်ဗျ"

"အခုလေးတင် တစ်ခုခု ကြားလိုက်သေးလား " ရှဲ့ချောင်က မေးသည်။

တစ်ဖက်လူက ခေါင်းခါ၏။ " လက်အောက်ငယ်သားအစောင့်တွေ တာဝန်အလွှဲအပြောင်းလုပ်‌တဲ့အချိန်ဆိုတော့ အဲ့က ခြေသံဖြစ်မယ်ထင်တယ်”

ရှဲ့ချောင်က ခေါင်းခါသည်။

ခြေသံများမဟုတ်ချေ...

ခုနကအသံက လက်သည်းဖြင့် သံပြားကိုခြစ်နေသည့်အသံဖြစ်၏။ အသံစူးလွန်းသဖြင့် သက်‌တောင့်သက်သာ မရှိလှပေ။ သို့သော် အသံကို အစောင့်များ မကြားပုံထောက်လျှင် မကောင်းဆိုးဝါးထံမှ အသံဖြစ်လောက်ပေသည်။

ရှဲ့ချောင် အခန်းသို့ လှည့်ပြန်လိုက်သည်။ တံခါးပိတ်လိုက်ချိန်တွင် ခုတင်အောက်မှ သဏ္ဌာန်တစ်ခု တွားသွား ထွက်လာသည်ကို တွေ့ရ၏။

ထိုသဏ္ဌာန်မှ ဆံပင်ရှည်ရှည်သည် ကြမ်းပေါ်ပုံကျနေပြီး နှင်းလိုဖြူနေသည့်လက်တို့ကို ဖုံးအုပ်နေသည်။

"မင်းကြားရတယ်.... မင်းကြားရတယ်...." အသံက ကျောချမ်းစရာကောင်းလှသည်။

ရှဲ့ချောင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွား၏။ မကောင်းဆိုဝါးကို သူမ မမြင်ရတာ မဆန်း‌တော့။ ၎င်းက အိပ်ယာအောက်တွင် ပုန်းနေခဲ့တာပင်။ သက်ပြင်းချလိုက်ပြီး အဆောင်စာရွက်တစ်ရွက် ထုတ်လိုက်၏။ မကောင်းဆိုးဝါးက ချဉ်းကပ်လာသည်နှင့် ခေါင်းမှာအဆောင်စာရွက်ကပ်ပစ်လိုက်လေသည်။

"နင်က ပြန်ဝင်စားရမယ့်အစားဘာလို့ အိပ်ယာထဲ ပုန်းနေခဲ့တာလဲ" ရှဲ့ချောင်က လက်ဖက်ရည်တစ်ခွက်ငှဲ့၏။

မကောင်းဆိုးဝါးသည် ရုတ်တရက်ကြီး လှုပ်မရ

တော့သည်ကိုသာ ခံစားမိသွားကာ အကြောက်တရား အပြည့်ပါသော မျက်လုံးများဖြင့် ရှဲ့ချောင်ကို ကြည့်နေသည်။

ဖရိုဖရဲဖြစ်နေသည့် ခေါင်းကနေ နောက်‌ဆုံးတော့ မကောင်းဆိုးဝါးဝိဉာဉ်၏မျက်နှာကို မြင်လိုက်ရသည်။ ရုပ်မဆိုးလှချေ။

သို့သော် သာမန်လူတစ်ယောက်အိပ်လျှင် ဝိဉာဉ်သုံးခုနှင့် နာမ် ခုနစ်ခုတို့သည် မတည်ငြိမ်လှချေ။ ညများသည် မှောင်ပြီး အမှောင်စွမ်းအင်ဖြင့် ပြည့်နေ၏။ သန်မာသေ ခန္ဓာကိုယ်ရှိသည့် လူသည်ပင်လျှင် တစ်ညလုံးထိုသို့သော မမကောင်းဆိုးဝါးဝိဉာဉ်ဆီကနေအကြည့်ခံရလျှင် မနက်နိုးလာသည့်အခါ သူတို့၏ ခန္ဓာကိုယ်က လေးလံပြီး မသက်မသာဖြစ်နေလိမ့်မည်။

အားနည်းသည့်ခန္ဓာကိုယ်ပိုင်ရှင်ဆိုလျှင် ပိုဆိုးနိုင်ပေသည်။ သူတို့ရဲ့ဝိဉာဉ်က မ‌ကောင်းဆိုးဝါးဝိဉာဉ်ကို မြင်ရ၊ အသံကိုကြားရပြီး အိပ်မက်ဆိုးများမက်ကာ အပြင်းအထန်ဖျားပေလိမ့်မည်။

မကောင်းဆိုဝါးကလည်း ရှဲ့ချောင်ကို လန့်သွား၏။

သူမအား မယုံကြည်နိုငိစွာဖြင့် စိုက်ကြည့်ရင်း... "မင်း- မင်းဘယ်သူလဲ"

•••••

အခန်း(၈၇၄) နောက်ဆုံး ဆန္ဒ

သူက အသက်ရှင်နေတဲ့လူမလား?! ဘာလို့ သူမကိုမြင်နိုင်နေတာလဲ?

"ငါက တာအိုဆရာတစ်ယောက်ပဲ" ရှဲ့ချောင်က လက်ဖက်ရည်တစ်ငုံသောက်၍ ပြောလိုက်သည်။ "နင်က ငါအိပ်နေတာကိုလာနှောင့်ယှက်တာ၊ ဒါပေမဲ့ နင်နဲ့ငါက ရေစက်ပါလာမှတော့ နင့်ရဲ့နောက်ဆုံးဆန္ဒကို ပြော... ငါဖြည့်စည်းပေးမယ်၊ ပြီးရင် ပြန်ဝင်စားဖို့ ပို့ပေးမယ်”

လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ မကောင်းဆိုးဝါးဝိဉာဉ် အုပ်စုကြီးကို ဖမ်းမိခဲ့တာမလို့ သူမ၏ခန္ဓာကိုယ်က အင်မတန်အစွမ်းထက်နေလေသည်။

သို့သော် ဘယ်လောက်သေးငယ်တဲ့ခြင်တစ်ကောင်ဖြစ်ဖြစ် အထင်မသေးသင့်ပေ။ မကောင်းဆိုးဝါးတစ်ကောင်နှင့်ဆုံခဲ့လျှင်၊ အကောင်းဆုံးလုပ်ပြီး အသက်ရှည်ဖို့ကြိုးပမ်းရ

မည်သာ။

မကောင်းဆိုးဝါးဝိဉာဉ်က တံတွေးမျိုချလိုက်သည်။

တာအိုဆရာ… ယွီရွှီဘုရားကျောင်းကများလား?

"ငါ့ရဲ့နောက်ဆုံးဆန္ဒကို…. တကယ်ဖြည့်ပေးမှာလား" မကောင်းဆိုးဝါးဝိဉာဉ်က စိတ်လှုပ်ရှားစွာဖြင့်မေးသည်။

"ဟုတ်တယ်" ရှဲ့ချောင်က ခေါင်းကိုဖြည်းညင်းစွာ ညိမ့်သည်။

မကောင်းဆိုးဝါးဝိဉာဉ်က ခဏကြာတွေးတောနေပြီး မြေပေါ်သို့ ကိုယ်ကိုပစ်လှဲချလိုက်သည်။ "ဆ-ဆရာ ကျွန်မ မတရားသဖြင့်သေခဲ့ရတာပါ!.. ဒီကုတင်အောက်ကနေ ချောင်းကြည့်ဖို့ မရွယ်ပါဘူး.. ကျွန်မ.. သေတုန်းက.. ဒီအောက်မှာလှဲနေခဲ့တာမလို့”

စကားပြောနေရင်းနှင့် မကောင်းဆိုးဝါးဝိဉာဉ်က မျက်ရည်များကိုသုတ်ကာ လက်ညှိုးထိုးပြသည်။ "ကျွန်မက.. ဆရာအိပ်တဲ့ကုတင်အောက်မှာ သေခဲ့တာ”

ရှဲ့ချောင် ခုတင်ကို လှမ်းကြည့်လိုက်ပြီးမအိပ်နိုင်တော့ပေ။ သူမ၏ အသံက ပျင်းတိပျင်းရွဲ့ဖြစ်နေသော်ငြား လေးနက်သည့်အရိပ်ယောင်တို့ရှိသည်။ "ပြောကြည့်လေ… နင့်ရဲ့ အုတ်ဂူကိုရွေ့ပေးရမလား မင်းအတွက် တရားမျှတမှု ရှိအာင်လုပ်ပေးရမလား ဒါပေမဲ့ နင်သေတာကြာနေပြီမလို့ နင့်ရန်သူတွေ မရှိတော့ရင်တော့ ဘာမှမလုပ်ပေးနိုင်တဲ့အတွက် ခွင့်လွှတ်ပါ”

မကောင်းဆိုးဝါးဝိဉာဉ်က ဂရုတစိုက်ပြောသည်။ "ကျွန်မအသက်ရှင်တုန်းက- ဒီအနီးနားကမြို့ရဲ့ လူကုံထံမိသားစုမှာ နေခဲ့တာ၊ မြို့တော်က သူဌေးမိသားစုတွေနဲ့တော့ မယှဉ်သာပေမယ့် ကျွန်မမိသားစုမှာလည်း စီးပွားရေးလုပ်ငန်းအသေးလေးတစ်ခုရှိပါတယ်၊ တစ်ခေါက်က.. ကျွန်မ

ယောက်ျားဖောက်ပြန်နေတယ်လို့ ထင်ခဲ့လို့၊ သူက မြို့တော်မှာ ကုန်သွားရောင်းမယ်ပြောတော့ ကျွန်မ ဒီနေရာကို စောရောက်အောင်လာပြီး အဲ့နေ့ညက သူ့အိပ်ယာအောက်မှာပုန်းနေခဲ့တာ..."

ထိုနေ့ညက သူမ မကြားသင့်သည့်တစ်စုံတစ်ခုကို ကြားလိုက်ရသည်။

ကံမကောင်းစွာဖြင့် သူမယောကျာ်းက မိန်းမတစ်ယောက်နှင့် ရှိနေခြင်းမဟုတ်။ ယောကျာ်းတစ်ယောက်နှင့် ဖောက်ပြန်နေခဲ့ခြင်းပင်။

( ဪ 🥹🥹)

၎င်းက မမျှော်လင့်ထားသည့်အခြေနေတစ်ခုဖြစ်ခဲ့၏။

သူမလည်း ငိုရုံကလွဲ အခြားမတတ်နိုင်တော့ပေ။

သူမထိုယောကျာ်းနှစ်ယောက်ဆီမှာ မိသွားခဲ့သည်။ အထဲမှာပုန်းနေမှန်းတွေ့သည့်အခါ သူမကိုကြိုးတုတ် လည်ပင်းညှစ်ပြီး သူမလည်‌ချောင်း

တွင်းသို့အရက်များ လောင်းထည့်လေတော့သည်။

သူမခင်ပွန်းမိသားစု၏ စီးပွားရေးမှာ အရက်ရောင်းခြင်းဖြစ်သည်။ ဤတစ်ခေါက်တွင် အရက်အမြောက်အမြားပါလာသဖြင့် သူမကို သတ်ဖို့ လုံလောက်ပေ၏။

အနှီလူသည် ဝိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်၍ ဝိုင်သောက်ခြင်းက လူကို‌သေစေနိုင်မှန်းသိရာ သူမအား အလွန်အကြူးတိုက်ခဲ့ခြင်းပင်။

တိုက်ပြီးနောက် သူမကို ခုတင်အောက်ထဲ ထိုးထည့်ခဲ့ကြသည်။

ဤအမျိုးသမီးသည် အမူးလွန်ပြီး ‌သေခဲ့ရသည်။

ခုတင်က သိပ်မကျယ်သည့်အပြင် ကျဉ်းကျဉ်းကြပ်ကြပ်ဖြစ်နေ၍ အစောင့်က ဧည့်သည်ခန်းကို သန့်ရှင်းရေးလုပ်တဲ့အချိန် ဘာမှရှာမတွေ့ခဲ့ပေ။

သို့သော် ထိုရက်ပိုင်းအတွင်း အခန်းထဲရှိဝိုင်နံ့ကို

ပျောက်အောင်လုပ်၍မရခဲ့။ အဖိုးတန်ဧည့်သည်က ဝိုင်မှောက်သွားပြီး သစ်သားမှာဆွဲကျန်နေခဲ့တာဖြစ်မည်ထင်ကာ အနံ့ကိုပျောက်အောင်လုပ်‌ဖို့ မလွယ်ကူခဲ့။ တခြားဧည့်သည်များအား ထိုအခန်းတွင် နေခွင့်မပြုခဲ့ပေ။

ထို့ကြောင့် ရက်အတော်ကြာအောင် လွတ်နေခဲ့၏။

ရက်အနည်းငယ်ကြာပြီးနောက် အစောင့်က နောက်တစ်ခါသန့်ရှင်းရေးလာလုပ်သည့်အခါ အလောင်းပုပ်နံ့ရခဲ့လေသည်။

ခဏကြာရှာဖွေကြည့်ပြီးနောက် အိပ်ယာအောက်ရှိအလောင်းအား ရှာတွေ့ခဲ့သည်။

ယောကျာ်းဖြစ်သူက မြို့တော်သို့ သွားခဲ့၏။ မြို့ဆီ ပြန်လာသောအခါ အစိုးရက အမှုကို စတင်စစ်ဆေးတော့သည်။

တည်းခိုဆောင်သို့ နေရက်တိုင်းဝင်ထွက်နေကြ

သည့် လူပေါင်းများစွာရှိသလို သူကအမျိုးသမီးကိုဖွက်ခဲ့သူဖြစ်နေ၍ ခင်ပွန်းဖြစ်သူက သူဘာမှမသိပါဘူးဟု ဆိုလာသည့်အခါ အမျိုးသမီးကသူ့နောက်လိုက်လာခြင်းဖြစ်မည်ဆိုတာနှင့်သာ အမှုပိတ်သွားခဲ့သည်။သူမက အဝလွန်ပြီး အရက်သောက်ထားတာကြောင့် ကုတင်အောက်မှာပိတ်မိကာ အသက်ရှုကျပ်သေသွားခဲ့သည်ဟူ၍။

ကုတင်အောက်ကနေရာဟာ ကျဉ်းမြောင်းတာကြောင့် အမျိုးသားသည် ဆင်ခြေတစ်ခုတည်းဖြင့် ပြစ်မှုကနေ လွတ်သွားခဲ့၏။

"ဒီကိစ္စဖြစ်တာ ဘယ်လောက်ကြာခဲ့ပြီလဲ" ရှဲ့ချောင်က မေးသည်။

"ကျွန်မ မသိဘူး..." မကောင်းဆိုးဝါးဝိဉာဉ်သည် ခေါင်းငုံ့ထားက သတ္တိကြောင်နေပုံရသည်။

ရှဲ့ချောင် သက်ပြင်းချသည်။ "နင့်ရဲ့ဆန္ဒက လက်စားချေဖို့လား၊ ... ဒီကိစ္စကို အုပ်ချုပ်ရေးရုံးကို ပြောပြလိုက်ရင် နင့်နာမည်ကိုရှင်းနိုင်လိ့မ်မယ်”

"အချိန်ဘယ်လောက်ကြာပြီလဲ မသိပေမဲ့.. အတော်လေးတော့ကြာပြီထင်တယ် လက်စားချေချေ မချေချေ ကိစ္စမရှိဘူး.. ငါက.. ဝိုင်နည်းနည်းလောက် သောက်ချင်ရုံလေးရယ်..”

•••••

အခန်း(၈၇၅) အသေးအဖွဲ့

ရှဲ့ချောင်က သူမကို အံ့ဩစွာကြည့်နေမိကာ မကောင်းဆိုးဝါးဝိဉာဉ်၏ ဆန္ဒကို နားကြားမှားသွားသလားဟုတောင် တွေးမိလုနီးနီးပင်။

သူမသည် အသတ်ခံခဲ့ရကာ အလွန်ပုပ်ဖောင်းနေသည့်ပုံဖြင့် သေခဲ့ရသူတစ်ယောက်။ အသက်ရှင်စဉ်ကလည်း အလိမ်အညာတွေကြားမှာနေခဲ့ရသည်။ ပုံမှန်အခြေနေဆိုလျှင်.. နာကြည်းချက်တို့က.. ထိန်းမနိုင်သိမ်းနိုင်ဖြစ်ပြီး..လက်တုံ့ပြန်နေသင့်တာ မဟုတ်လား?

သို့သော် သူမက ထိုအခွင့်အရေးကိုပေးနေတာတောင် ဝိုင်သောက်ချင်နေသည်။

သူမ လာလှည့်စားနေတာများလား?

ရှဲ့ချောင်၏ အကြည့်က သံသယများဖြင့်

ရှုပ်ထွေးနေသည်။ "သေချာလို့လား...ဒီအညတရဆရာက ပြောရဆိုရလွယ်တယ်၊ နင့်ရဲ့ နောက်ဆုံးဆန္ဒက ဒုက္ခများလွန်းနေရင်တောင် ငါမကြောက်ဘူး”

"ဆရာ ဒီတည်းခိုဆောင်က အရမ်း ဟောင်းနေပြီ... ကျွန်မ ဒီကိုလာတုန်းကဆို အသစ်တိုင်းလေးပဲရှိသေးတာ” မကောင်းဆိုးဝါးဝိဉာဉ်က ကူကယ်ရာမဲ့နေလေ၏။

ရှဲ့ချောင်လည်း ထိတ်လန့်သွားသည်။

သူမ မြို့တော်သို့ပထမဆုံးအကြိမ်လာခဲ့တုန်းက ဤတည်းခိုဆောင်မှာ နေခဲ့ဖူးသည်။ ထိုအချိန်တုန်းက ဤတည်းခိုဆောင်ဟာ နှစ်တစ်ရာသက်တမ်းရှိသည်ဟု‌ပြောကြသည်ကိုတောင် ကြားခဲ့ဖူးသည်။။ မကောင်းဆိုးဝါးဝိဉာဉ်ပြောပုံအရဆိုလျှင် ဆယ်စုနှစ်များစွာ ကြာမြင့်လောက်ပြီးဖြစ်ကာ သူမ၏ခင်ပွန်းနှင့် ဖောက်ပြန်သည့် အမျိုးသားသည်လည်း သေသွားလောက်လေပြီ။

သူတို့မှာသာ ကလေးတစ်ယောက်မှမရှိဘူးဆိုလျှင်၊ သူမ၌ ဒီလိုဆန္ဒမျိုးရှိတာ မထူးဆန်းတော့။

"ကောင်းပြီလေ၊ နင့်ကိုဂါရဝါပြုတဲ့အနေနဲ့ အစောင့်တစ်ယောက်ကို မနက်ဖြန်ဝိုင်ပို့ခိုင်းလိုက်မယ်”

ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။

ဤအလုပ်က လွယ်ကူလွန်းပေသည်။

ငွေလိုတယ်ဆိုပေမဲ့ သူမအတွက်တော့ အသားကျနေပြီဖြစ်သည်။ မကောင်းဆိုးဝါးဝိဉာဉ်များစွာ၏ ဆန္ဒများက ငွေသုံးပေးဖို့ လိုတာချည်းပင်။

သို့သော် ရှဲ့ချောင်အနားယူရန်အတွက် ထိုအိပ်ယာဆီမသွားတော့။ အစောင့်တစ်ယောက်ကိုခေါ်ကာ အခန်းပြောင်းခိုင်းလိုက်သည်။

နောက်တစ်နေ့မနက်တွင် ရှဲ့ချောင်က အစောင့်အား ဝိုင်အိုးငါးအိုးဝယ်ခိုင်းကာ အနောက်ဘက်ခြံဝန်းအား ကြိုတင်မှာထားခိုင်းလိုက်သည်။ မကောင်းဆိုးဝါးဝိဉာဉ်၏ နာမည်နှင့် အိမ်ထောင်စုမှတ်တမ်းများကို မေးမြန်းပြီးနောက် တစ်အိုးပြီးတစ်အိုး လောင်းပေးလိုက်သည်။

"အစ်မ ဘာလုပ်နေတာလဲ" ရှောင်းယွိရုန် ဇဝေဇဝါဖြစ်လို့နေ၏။ ရှဲ့ချောင် နောက်ဆုံးဝိုင်အိုးအား လောင်းချပြီးနောက် မေးကြည့်လေသည်။

"လမ်းခရီးအန္တရာယ်ကင်းဖို့ဆုတောင်းနေတာ”

ရှဲ့ချောင်က လေးနက်စွာပြန်ဖြေသည်။

ထိုအခိုက်တွင် မကောင်းဆိုးဝါးဝိဉာဉ်က ဝိုင်သောက်ရသဖြင့် ကျေနပ်နေပုံရသည်။

ရှောင်းယွိရုန် အနည်းငယ် သံသယဖြစ်မိသည်။

ခုနလေးတင် သူရဲ့အစ်မက တတွတ်တွတ်နဲ့ရွတ်နေကာ ပူဇော်ခြင်းအခမ်းအနားမျိုးနှင့်တူသည်။ မကြာခင် တစ္ဆေကြီးများပွဲ‌တော်ရောက်တော့မည်မလို့ အပြင်ထွက်တဲ့အခါ ဆုတောင်းတာကောင်းပေသည်။

"ဆရာတူအစ်မမော့ ဘာလို့ အစ်ကိုကြီးကို လိမ်ပြောလိုက်တာလဲ၊ အခု အတူတူခရီးထွက်လာပြီပဲဟာ လမ်းတစ်လျှောက် မသန့်ရှင်းတဲ့အရာတွေနဲ့ ဘယ်လောက်တောင် ကြုံရမလဲ သိနိုင်တာမဟုတ်ဘူး၊ တစ္ဆေကြီးများပွဲတော်နဲ့ရောက်တော့မှာဆိုတော့ အစ်မကတတွတ်တွတ်နဲ့ရွတ်နေရင် ဆရာတူအစ်ကိုရှောင်း ကြောက်နေမှာပေါ့ "ကျောက်ရွှမ်ကျီး က ယပ်ခပ်ရင်းနှင့်ပြောနေကာ တိုင်းပြည်၏ အိမ်ရှေ့စံမင်းသားတစ်ပါးနှင့်တောင်မတူတော့။ ရုပ်ချောချော ဒုတိယမျိုးဆက်အမွေဆက်ခံသူတစ်ယောက်နှင့် ပိုတူနေလေသည်။

"အကြံကောင်းလို့တော့ မထင်ဘူး" ရှဲ့ချောင်က တွန့်ဆုတ်နေသည်။

ရှောင်းယွိရုန်ဟာ စာသင်သားတစ်ယောက်။ သူက ကြောက်တတ်လေသည်။

"ညီလေးပြောချင်တာ ဘာအဓိပ္ပာယ်လဲ” ရှောင်းယွိရုန်ခမျာ အတော်လေးဖြူစင်ရှာသည်။

ပုံမှန်ဝတ်စားထားသော တခြား အစောင့်များက ရှောင်းယွိရုန်အား ဂရုဏာသက်စွာ ကြည့်လိုက်ကြသည်။

သိက္ခာရှိတဲ့ ဆရာရှောင်းအနေနဲ့ တစ်လမ်းလုံး ကြောက်ဒူးတုန်နေလို့မသင့်။

လောကကြီးတွင် ယင်နှင့် ယန်ရှိသည်ဟု ဆရာမမော့ဆီကနေ ကြားဖူးသည်။ သို့သော် သက်ရှိလူသားများက မကောင်းဆိုးဝါးဝိဉာဉ်များကို မမြင်နိုင်သဖြင့် တည်ရှိ‌နေသည်ဟု မထင်ကြ။ အမှန်တော့ မကောင်းဆိုးဝါးဝိဉာဉ်များတည်ရှိနေရုံတင်မက အရေအတွက်ကလည်း များလှပေသည်!

ဆရာမမော့နှင့် ဆုံပြီးကတည်းက များစွာတွေ့မြင်ခဲ့ရသည်။

အခု ဆရာမမော့က ပူ‌ဇော်ပစ္စည်းများပေးနေမှန်းမြင်သည့်အခါ တည်းခိုဆောင်ထဲ၌ မသန့်ရှင်းသည်အရာတစ်ခုခုရှိမှန်း ခန့်မှန်းနေစရာတောင်မလိုတော့ပေ။

သို့သော် ဒီတည်းခိုဆောင်က… ဘာမှမဟုတ်သေး။

ယခင်ကဆို ပိုပြီး‌ကြောက်စရာကောင်းသည့်အရာများကို မြင်ခဲ့ဖူးသည်။ ဆရာမမော့၏ အမူအရာအရ ဤမကောင်းဆိုးဝါးဝိဉာဉ်က စကားထဲထည့်ပြောနေစရာလောက်မလိုမှန်း အတပ်ပြောနိုင်သည်။

"အစ်ကိုရှောင်း, ဆရာတူအစ်မမော့က ဘာလုပ်နေတယ်လို့ထင်လဲ” ကျောက်ရွှမ်ကျင်းက ယပ်ခပ်ရင်း ဖြည်းညှင်းစွာ‌ဆို၏။

"ဆရာတူအစ်မက အဆောင်စာရွက်တွေရေးနိုင်သလို၊ မကောင်းတဲ့ဝိဉာဉ်တွေကို နှင်ထုတ်နိုင်ပြီး ကံကြမ္မာဖတ်ပေးနိုင်တဲ့ တာအိုဆရာတယောက် လက်ရှိမင်းဆရာကြီးလိုပဲ၊ အကုန်လုံးက ပညာရှင်တွေ”

ရှောင်းယွိရုန်၏ စကားများက သဘောတွေ့စရာကောင်းပေ၏။

ရှဲ့ချောင်ခေါင်းညိတ်လျက် “မင်းရဲ့ သုံးသပ်ချက်တွေက ကောင်းသားပဲ"

••••

အခန်း(၈၇၆) မကြောက်ပါနဲ့ မောင်လေး

သူမသည် ပညာရှင်တစ်ယောက်ဖြစ်၏။ သူမရဲ့ အကြီးဆုံးဆရာတူမောင်လေး၌ စကားချိုချိုပြောတတ်သည့်ပါးစပ်တစ်ခုကလွဲ ကောင်းတာမရှိ။ သူပြောတာကို နား‌ထောင်ရတာသဘောတွေ့ပေသည်!

"ဆရာတူအစ်ကိုရှောင်းလည်း အပြင်က ကောလဟာလတွေကိုကြားဖူးမှာပေါ့” ကျောက်ရွှမ်ကျင်းက ပြုံးတုံ့တုံ့ပြောလေရာ ရှောင်းယွိရုန်ခမျာ အနည်းငယ် ကသိကအောင့် ဖြစ်ရသည်။

"ဆရာတူအစ်မက ယင်နဲ့ယန် ကို သိတယ်ဆိုတာမလား၊ ငါသိတယ်လေ” ရှောင်ယွိရုန်က ရိုးစင်းနေဆဲ။

သူမက ယင်နှင့်ယန်ကို သိတယ် တာအိုဆရာတွေအကုန် ဒီလိုပဲမဟုတ်ဘူးလား?

ကျောက်ရွှမ်ကျင်းက ပြုံးသည်။ "ဆရာတူအစ်မက ဝိုင်တွေကို မကောင်းဆိုးဝါးဝိဉာဉ်‌ဆီပို့ပေးနေတာ.. အဲဒီဝိဉာဉ်က အစ်ကိုရှောင်းရဲ့ ဘယ်ဘက်သုံးလှမ်းအကွာလောက်မှာရပ်နေလောက်တယ်”

"မင်းဘယ်လိုသိတာလဲ" ရှဲ့ချောင်က အံ့ဩသွားသည်။

"ဆရာတူအစ်မက အဲ့နေရာကိုပဲဆက်တိုက်ကြည့်နေတာလေ”

ရှဲ့ချောင် အနည်းငယ် စိတ်ပျက်သွားမိသည်။ အိမ်ရှေ့စံမင်းသားလည်း မြင်နိုင်နေသည်ဟု သူမ ထင်သွား၏။

"မကောင်းဆိုးဝါးဝိဉာဉ်?” ရှောင်းယွိရုန် ရယ်သည်။ "အစ်မတို့ သိပ်နောက်တာပဲ၊ မကောင်းဆိုးဝါးဝိဉာဉ်က ဘာလို့ကျွန်တော့်နောက်လိုက်ရမှာလဲ၊ အရိပ်တွေကို မကြောက်

တတ်ဘူးနော်၊ ဘာမှလည်း အမှားမလုပ်ခဲ့ဖူးတာမဟုတ်ဘူး…”

ရှောင်းယွိရုန်က အားတင်းထားကာ အင်မတန်တည်ငြိမ်နေပုံရသည်။

ရှဲ့ချောင်ရဲ့အမြင်မှာတော့ စာသင်သားများသည်သတ္တိရှိသူများမဟုတ်ကြ။ ဥပမာ ဝမ်လန်ချန်းလိုလူမျိုး။ လွန်ခဲ့သည့်ရက်ပိုင်း မြို့စွန်ပိုင်းမှာတွေ့တုန်းက ကျောက်ရွှမ်ကျင်းနှင့် သူမ၏ဆရာတူမောင်တွေအကုန် ပုံမှန်အတိုင်း တည်ငြိမ်နေကြပေမဲ့ ဝမ်လန်ချန်းတစ်ယောက်တည်းကသာ ဖြူဖပ်ဖြူရော်နှင့် အဆင်မပြေဖြစ်နေခဲ့သည်။

ရှောင်းယွိရုန် လည်း အတူတူပင်။

မမျှော်လင့်စွာပင် သူက တည်ငြိမ်နေကာ ဣန္ဒြေမပျက်။ သူ့ သတ္တိကဘယ်ဆိုးလို့လဲ?

"ဆရာတူမောင်‌လေးရှောင်းရဲ့စိတ်ကူးတွေက

ကောင်းသားပဲ၊ မင်းရဲ့နှလုံးသားထဲမှာ ဖြောင့်မတ်မှုအငွေ့အသက်တွေ့ရှိတယ်၊ မကောင်းဆိုးဝါးတွေမင်းကို အန္တရာယ်ပြုနိုင်မှာမဟုတ်ဘူး၊ ငါဒီနေ့ လွှတ်ပေးလိုက်တဲ့ မကောင်းဆိုးဝါးဝိဉာဉ် အသက်ရှင်တုန်းကသိပ်သနားဖို့ကောင်းတာ၊ မကျေနပ်ချက်တွေနဲ့ သေခဲ့တာတောင် ဝိုင်နည်းနည်းလောက်သောက်ချင်တဲ့စိတ်ပဲရှိတယ်၊ အဲ့တော့ မနေ့ညက ငါကုတင်အောက်မှာပုန်းပြီး သူ့လက်သည်းနဲ့ဆက်တိုက်ခြစ်ရင်း ငါအိပ်မရအောင် နှောင့်ယှက်ခဲ့တယ်…” ရှဲ့ချောင်က မကောင်းဆိုးဝါးဝိဉာဉ်၏ ပုံပန်းသွင်ပြင်ကိုပါ အကျဉ်းချုံးပြောပြလိုက်သည်။

သူမ မြင်ဖူးသမျှ မကောင်းဆိုးဝါးဝိဉာဉ်များတွင် ဤဝိဉာဉ်က လှသည်ဟုသတ်မှတ်လို့ရသည်။

သူမက နှင်းဆီးပွင့်လိုနှင့်တူကာ ဆံပင်တို့ကသာ ဖရိုဖရဲဖြစ်‌လို့နေသည်။

ရှောင်းယွိရုန်က မတ်တပ်ရပ်နေသေးပေမဲ့ သူမျက်နှာက‌ တောင့်တင်းနေလေပြီ။

‌ကျောက်ရွှမ်ကျင်းက ပြုံးလိုက်သည်။

ဆရာတူအစ်မမော့က သူ့ကိုလိမ်မှာမဟုတ်မှန်း ရှောင်းယွိရုန်သိသည်။

ဒါဆိုလျှင်....

မကောင်းဆိုးဝါးဝိဉာဉ် ရှိနေတာလား?

သူဘာလုပ်သင့်လဲ...ရပ်နေသင့်လား... ထိုင်လိုက်ရမလား ဒါမှမဟုတ်... လှုပ်ရှားလိုက်သင့်တာလား..?

သူ အတော်ကြာတဲ့အထိ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေခဲ့သည်။ နောက်ဆုံးမှာမှ သူ့ဆရာတူအစ်မနှင့် ဆရာတူညီလေးတို့ ငြိမ်ငြိမ်လေးနေနေကြတာကို သတိရသွားပြီး ကြောက်စိတ်ကို ထိန်းချုပ်ထားလိုက်သည်။ သို့‌သော်လည်း သူကြက်သီးမထမိဘဲ မနေနိုင်။ ခဏအကြာ၌ ချွေးစေးများကျလာ

တော့သည်။

ရှဲ့ချောင် သူ့ကို ဆက်ပြီးအာရုံစိုက်မနေတော့။ မကောင်းဆိုးဝါးဝိဉာဉ် ဝိုင်သောက် ပြီးတဲ့အထိ စောင့်နေ၏။ အတည်ပြုပြီးနောက် မကောင်းဆိုးဝါးဝိဉာဉ်ကို နှင်ထုတ်လိုက်သည်။

တစ္ဆေကြီးပွဲတော်နီးလာသည်နှင့် မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိသလို သူမက မုန့်ကျားပေါင်ကို သွားမည်ဖြစ်သည်။ လမ်းခရီးမှာ မလုံခြုံတာကြောင့် ပစ္စည်းများစွာကို ယူလာခဲ့သည်။ သူမတွင် မကောင်းဆိုးဝါးဝိဉာဉ်များကိုသိမ်းသည့် ပုလင်းများစွာ ပါလာ၏။ အခမ်းအနားပြုလုပ်သည့် ပစ္စည်းများတောင် ယူလာသေးသည်။ ထို့နေ့ရောက်တဲ့အခါ အားလုံးကို ငရဲသို့တစ်ခါတည်းလွှတ်ပေးမည်ဖြစ်ကာ လမ်းမှာလည်း မကောင်းဆိုးဝါးဝိဉာဉ်များကို နှင်ထုတ်မည်ဖြစ်သည်။

ထိုမြင်ကွင်းက ကျိန်းသေပေါက်ပေါ်သွားမှာပင်။ ထို့ကြောင့် ရှောင်းယွိရုန်အား စိတ်ပိုင်းဆိုင်ရာ

ပြင်ဆင်ထားနိုင်ရန် ကြိုတင်ပြောပြထားရခြင်းဖြစ်၏။

ရှဲ့ချောင်၏ မကောင်းဆိုးဝါးဝိဉာဉ်များစုဆောင်းသည့်လုပ်ရပ်က ရှောင်းယွိရုန် ပိုဆိုးသွားစေသည်။

"မကြောက်ပါနဲ့ ဆရာတူမောင်လေးရယ်၊ လူတွေဆိုတာ တစ်ချိန်သေကြရမှာပဲ၊ သေသူတွေကလည် ရှင်သူတွေလိုပါပဲ၊ သူတို့က တိမ်လို ဂွမ်းလို ပေါ့်ပါးနေကြရုံရယ်၊ ငါ့မှာဒီလိုစွမ်းရည်မျိုးရှိနေတာကိုပဲ တော်သေးတယ်၊ နောင်တစ်ချိန် မင်းသေသွားလို့ နောက်ဆုံးဆန္ဒတွေရှိတယ်ဆို ငါ့ဆီလာခဲ့လေ၊ အဲဒီအခါကျ မင်းရဲ့ဆန္ဒတွေကို ဖြည့်ပေးမှာပေါ့၊ နောင်တတရားတွေနဲ့ မသေစေရပါဘူး” ရှဲ့ချောင်က ပြောပြန်သည်။

ကျောက်ရွှမ်ကျင်း ရယ်ပဲရယ်နေတော့၏။

သူမ မပြောလျှင်တောင် ကောင်းဦးမည်။ သူမက ကွက်ကွက်ကွင်းကွင်းကြီးပြောလိုက်ပြီဖြစ်လို့

ရှောင်းယွိရုန်ခံနိုင်ရည်ရှိနေရင်တောင် ထူးဆန်းပေဦးမည်။

ရှောင်းယွိရုန်၏ မျက်နှာစိမ်းပြီး ဖြူဖျော့သွားတာကို မြင်လိုက်ရသည်။ သူက အံ့ကိုကြိတ်ထားရင်း အပြုံးတစ်ခု ဖျစ်ညှစ်ပြုံး၍ "ကျေး- ကျေးဇူးပါ ဆရာတူအစ်မ…”

••••

All Chapters