← Chapters

အခန်း (၈၇၇-၈၈၀)

Vol. 45 Ch. 877-880

အခန်း (၈၇၇-၈၈၀)

Vol. 45 Ch. 877-880

အခန်း(၈၇၇) နူးညံသောစရိုက်လက္ခဏာ ရှစ်ခု

ရှောင်းယွိရုန်၏ ခြေထောက်သည် ခဲများပြည့်နေသယောင် ခံစားနေရ၏။ လမ်းပင်မလျှောက်နိုင်တော့ချေ။

ရှဲ့ချောင်က အလုပ်ကိစ္စပြီးစီးသည်နှင့် ရထားလုံးထဲသို့ ဝင်ကာ ခရီးဆက်တော့သည်။ ရှောင်းယွိရုန်က သူမနောက်ကနေ လေးတိလေးကန်လိုက်လာ၏။ သူ့နောက်ကျောဘက်ကနေ ချမ်းစိမ့်နေမှုကို ခံစား‌မိနေသည်။ တစ်စုံတစ်ခုက သူ့ကို ကြည့်နေသလိုလို။

သူ သက်တောင့်သက်သာ မရှိလှပေ။

သို့သော် သူ့အားမသက်မသာဖြစ်စေသည့် အရာများက မရောက်လာသေးပေ။

အဓိကလမ်းမပေါ်တွင် မကောင်းဆိုးဝါးဝိဉာဉ်တချို့ ရှိနေသေး၏။

ရံဖန်ရံခါ အချို့ကတောအုပ်ထဲကနေ ရစ်သီရစ်သီထွက်လာတတ်ကြသည်။ အချို့က ပြန်မဝင်စားချင်ကြသေးပဲ တဝဲလည်လည်လုပ်နေကြ၏။ ရှဲ့ချောင်က ဂရုမစိုက်ပေမဲ့ စိတ်ဆန္ဒမရှိပုံပေါ်ကာ ဆန္ဒတစ်ခုရှိနေသည့် သူတချို့ရှိနေ၏။ ရှဲ့ချောင်သူတို့ကို ခေါ်ပြီးမေးမြန်းသည်။

ထိုမကောင်းဆိုးဝါးဝိဉာဉ်များ၏ ဆန္ဒများသည် ဖြည့်ဆည်းပေးဖို့ရာ သိပ်မခက်လှ။

ဆန္ဒဖြည့်ပေးလို့ရသည့် ဝိဉာဉ်များအား ရှဲ့ချောင်ဖမ်းထားလိုက်သည်။။

ဆန္ဒများအား တစ်ခုချင်းစီ မှတ်ထားခဲ့သည်။

သူမ၏ အမူအကျင့်က ထူးဆန်းနေ၏။ ကျောက်ရွှမ်ကျင်းနှင့် သူ၏ လူများအတွက် အသားကျနေ

ကြပြီးဖြစ်သော်လည်း ရှောင်းယွိရုန် အဖို့တော့ ထူးဆန်းနေပေသေးသည်။

အရင်တုန်းက ဆရာတူအစ်မဟာ သူအနှစ်သက်ဆုံး ပုဂ္ဂိုလ်ဖြစ်‌ခဲ့သော်လည်း များစွာ မတွေ့ဆုံခဲ့ရချေ။ တစ်ယောက်နှင့်တစ်ယောက်လည်း ကောင်းကောင်းမသိခဲ့တာကြောင့် သူမကိုလုံးဝနားမလည်ခဲ့ပေ။ သို့သော် သူမနှင့်အတူတူ စားသောက် ခရီးသွားပြီးနောက် သူမအကြောင်းပိုသိလာခဲ့သည်။

သူ့ရဲ့ ဆရာတူအစ်မက အဆောင်စာရွက်များဘယ်လိုရေးဆွဲရမလဲဆိုတာကိုသာ သိရုံတင်မကဘဲ…

ဘာမှမရှိသည့်နေရာမှာ တစ်ယောက်တည်း တတွတ်တွတ်ရေရွတ်နေတတ်သေးသည်။ တစ်ခါတစ်ခါ အဆောင်စာရွက်တချို့ကိုပါ ထုတ်သုံးသေး၏။ အဆောင်စာရွတ်တို့ သိမ်မွေ့စွာဝေ့ဝဲသွားသည်နှင့်အတူ တချို့က လေထဲမှာ

လောင်ကျွမ်းသွားတတ်သည်။ လမ်းမပေါ်က မျက်လှည့်များနှင့်တောင် တူသေးသည်။

‌၎င်းအား လမ်းမပေါ်မှာတွေ့ရတာဆိုလျှင် လက်ခုပ်တီးပြီး ငွေစတချို့ပင်ပေးဦးမည်။ သို့သော် ထိုသူက သူ့ဆရာတူအစ်မဖြစ်‌နေ၍ စိတ်ရှုပ်ထွေးရသည်။ ဘယ်လိုလုပ်ရမှန်း မသိ။

သူ အနည်းငယ် ပျာယာခတ်‌နေမိ၏။

ရက်အနည်းငယ်အကြာတွင် တစ္ဆေကြီးများပွဲတော် ရောက်ရှိလာခဲ့သည်။

ရှဲ့ချောင်၏မျက်နှာသည် ခါတိုင်းထက်ပိုပြီး သိသိသာသာတည်ကြည်နေသည်။ ဇူလိုင်လတစ်လျှောက်လုံး အခြားလများထက်ကို မကောင်းဆိုးဝါးဝိဉာဉ်များ ပိုများလိမ့်မည်။ တစ္ဆေကြီးများပွဲတော်သည် မမကောင်းဆိုးဝါးဝိဉာဉ်အများဆုံးရက်ဖြစ်၏။

ကောင်းကင်တွင် ‌တိမ်မည်းများ စုစည်းနေကာ ပတ်ဝန်းကျင်မှ အမှောင်စွမ်းအင်က သိပ်သည်းလျက်ရှိသည်။ ရှဲ့ချောင်တစ်ယောက်တည်းကသာ မြင်နိုင်လေသည်။

"ဆရာတူအစ်မမော့ ကျွန်တော်တို့ဒီနေ့ ခရီးမဆက်တော့ဘူးလား” ရှောင်ယွိရုန်က စိတ်လှုပ်ရှားနေ၏။

သူတို့ အခုတည်းခိုဆောင်မှာရောက်နေကြတာဖြစ်သည်။ ခရီးတစ်ဝက်တော့ကျိုးလာခဲ့ပြီ။ ဤတည်းခိုးဆောင်က ရိုးရှင်းပြီး အကြမ်းထည်ဆန်သည်။ တည်းခိုဆောင်တစ်ခုလုံး၌ သူဌေးကလွဲလျှင် သူတို့နှင့် သူတို့ရဲ့အုပ်စုသာ ရှိသည်။

"ဒီနေ့က အထူးနေ့ပဲ ငါတို့ ခရီးမသွား‌သင့်ဘူး၊ အဖွဲ့ထဲမှာ နူးညံတဲ့စရိုက်လက္ခဏာ ရှစ်ခုနဲ့သူပါနေရင် တစ်ယောက်နဲ့တစ်ယောက်ရဲ့ ကံတရားတွေပဋိပက္ခဖြစ်ကုန်မှာစိုးတယ်” ရှဲ့ချောင်က အလေးအနက် ရှင်းပြသည်။

ရှောင်းယွိရုန် အိုးတိုးအမ်းတမ်းဖြင့်ပြုံးလိုက်၏။

ဆရာတူအစ်မပြောတာတွေကို သူနားမလည်ခဲ့။ သူ့ဘဝမှာ မကောင်းဆိုးဝါးဝိဉာဉ်ကိုတောင် မမြင်ဖူးခဲ့ပေ။ အတိတ်တွင် လူအများ‌ပြောတုန်းကြားဖူးပေမဲ့ စေ့စေ့ပေါက်ပေါက်‌မတွေးဖြစ်ခဲ့။ ဒါကြောင့် အခုအချိန်၌ သူမယုံကြည်ရဲ‌သေးပေ။

သို့သော် သူ မယုံပြန်လျှင်လည်း သူ့အစ်မကလှည့်စားနေသည်ဟုသာ သံသယဝင်နေသလိုဖြစ်နေပေမည်။

သူ့အစ်မရေးဆွဲပေးသည့် အဆောင်စာရွက်အကြောင်း တွေးကြည့်တော့မှ သူ၏ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်လား‌တော့မသိ။ ပညာရေးအဆောင်ကို သုံးတဲ့အခါတိုင်း သူ့ရဲ့အတွေးစိတ်ကူးတွေက ရေပန်းတစ်ခုလို တလသောစီးဆင်းတတ်ပြီး အာရုံစူးစိုက်ဖို့ လွယ်ကူလေသည်…

ရှောင်းယွိရုန်အဖို့ ဆရာတူအစ်မမော့ ရှေ့တွင်ထိုစကားလုံးများပြောရန် မသင့်တော်လှ။ ထို့ကြောင့် အိမ်ရှေ့စံမင်းသားဆီသွားခဲ့လေသည်။

"အစ်မက ဝိဉာဉ်ဖမ်းနည်းကို အရမ်းစွဲလမ်းလွန်းနေတာ၊ ဆရာတွေ့သွားရင် မကောင်းဘူးလားလို့၊ ပြီးတော့ တတိယညီကလည်း ဒီလိုဟာမျိုးတွေကို အယုံအကြည်ရှိတာမဟုတ်ဘူး၊ ဆရာတူညီ၅ရောပဲ၊ သူသာ အစ်မက ဒီလိုဟာတွေလုပ်နေမှန်းသိရင် တစ်ခုခုပြောမှစိုးတယ်” ရှောင်းယွိရုန်က အနည်းငယ် စိတ်ပူမိသည်။

တတိယညီသည် သန့်ရှင်းမှုနှင့် ပတ်သက်ပြီးအစွဲအလမ်းကြီးသည်။ သူဟာ ပန်းပင်များနှင့် သစ်ပင်များကို သဘောအကျဆုံးဖြစ်သည်။ ဝိဉာဉ်နှင့် နတ်ဆိုး‌ဆိုတာတွေကို ယုံကြည်သူမဟုတ်။ သူ့ကိုယ်သူသာယုံကြည်သည်။ မာနကြီးပြီး အထက်စီးဆန်းသူတစ်ယောက်ဖြစ်၏

ဆရာတူညီ၅က ပိုတောင်ဆိုးသေးသည်..

သူရဲ့ နောက်ခံကကောင်းတာမဟုတ်…

သူခရီးသွားနေတုန်း ဆရာကခေါ်လာခဲ့ခြင်းဖြစ်သည်။ သူ၏အမေက နာမကျန်းဖြစ်၍ စုန်းမတစ်ယောက်ဆီသွားခဲ့ကာ အလိမ်မိပြီး သေခဲ့ရတာဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်စေ၊ တာအိုဘာသာဖြစ်စေ “မကောင်းဆိုးဝါးဝိဉာဉ်” ၊ “ ညစ်ညမ်းသည့်အရာ” စတဲ့စကားလုံးများအား သူ့ရှေ့လာပြောတဲ့သူတွေအပေါ် အမြင်မကြည်ပေ…။

••••

အခန်း(၈၇၈) ပွဲသုံးရာ အနိုင်ယူမယ်

ဆရာတူအစ်မမော့သည် တာအိုဘုရားကျောင်းကမှန်းသိထားကြပေမဲ့ ကျင့်ကြံမှုပြုတယ်ဟုသာ ထင်ထားကြသည်။

ဤလောကကြီး၌ တာအိုဆရာများစွာရှိပြီး အနည်းကျဉ်းသာ ဝိဉာဉ်များကိုဆင့်ခေါ်နိုင်ကာ မိစ္ဆာများ ဖမ်းနိုင်ကြသည်။

ထို့ကြောင့် ဆရာတူညီ၅သည် ဆရာတူအစ်မအား အင်မတန်ရိုသေလေးစား၏။ သို့သော် သူမ လုပ်နေသည်ကိုသာ .. သိသွားလျှင်တော့ သဘောထားပြောင်းလဲသွားနိုင်သည်။

"ညီ၅က ချင့်ချိန်နိုင်စွမ်းမရှိတာမဟုတ်ပေမဲ့ ဆရာရော ကျွန်တော်ရောရှိနေရင်တော့ အပြစ်လုပ်ရဲမှာမဟုတ်ပါဘူး” ကျောက်ရွှမ်ကျင်းက အာရုံမထားသလို ပြောသည်။

ရှဲ့ချောင်နဲ့ အချိန်ကြာကြာနေကြည့်ပါက သူမလုပ်နိုင်သည့်အရာများက စစ်မှန်သည့်အရည်အချင်းများဖြစ်ကြောင်း အလိုလိုနားလည်သွားကြလိမ့်မည်။ရှဲ့ချောင်သည် ထိုဆရာအယောင်ဆောင်များနှင့် မတူပေ။

ရှောင်းယွိရုန်က သက်ပြင်းချသည်။ "အခုလေးတင် ဆရာတူအစ်မကိုတွေ့လာတယ်၊ ရိုးရာပွဲပေးဖို့ပြင်‌နေတဲ့ ပုံပဲ၊ ဘာလုပ်မလို့လဲတော့ မသိဘူး…”

"သိချင်တယ်ဆို သွားချောင်းကြည့်လေ” ကျောက်ရွှမ်ကျင်းက မျက်ရိပ်မျက်ခြေ ပြလိုက်သည်။

ရှောင်းယွိရုန်လည်း တကယ်သွားကြည့်ချင်နေသည်။

ဆရာတူအစ်မသည် တည်းခိုဆောင်တစ်ခုလုံးကို

ငှားရမ်းထား၏။ သူဌေးကိုတောင်မှ အရှေ့မှာပဲ နေခိုင်းထားသည်။ နောက်သို့ဝင်လာခွင့်မပြုခဲ့။ ဒါတင်မက မနက်ကတည်းက ခြံဝန်းတစ်ခုလုံးမှာ ပတ်လျှောက်လို့နေကာ အဆောင်စာရွက်များကိုလည်း နေရာတိုင်းမှာ ကပ်ထားလျက်။

ယနေ့ သူမ အဖြူရောင်ဝတ်မထားတော့ချေ။ အပြာရောင်ဝတ်ရုံကိုသာ ဝတ်ဆင်ထားသည်။ သူမ၏ အသားအရည်က သိပ်ပြီးမကောင်း

သူမက ခါတိုင်းလိုတောက်ပမနေတော့။ အသားအရေက မည်းလို့နေသည်။ ရုတ်တရက်ဆိုသလို ပိုပြီး သာမန်ဆန်သွားသည်။။ သူမ၏ လျှို့ဝှက်ဆန်းကြယ်သည့်ပုံရိပ်က ပျောက်ကွယ်သွားသည့်ပုံပင်။

ဒီနေ့ဘာဖြစ်နေတာလဲ?

ရှောင်းယွိရုန်သည် ဒုတိယထပ် ပြတင်းပေါက်တွင် ရပ်၍ အောက်ထက်က ခြံဝန်းအားစိုက်ကြည့်နေ၏။

ရှဲ့ချောင်က အဆင့်သင့်ဖြစ်တာနှင့် အမွှေးတိုင်းကိုထွန်းပြီး ရိုးရာပွဲကို စတင်သည်။

သူမက တစ်ခုခုကိုရွတ်နေပေမဲ့ ဝေးလွန်းနေတာကြောင့် ရှောင်းယွိရုန်မှာ ရှင်းရှင်းလင်းလင်း မကြားရ။ သူ့မျက်လုံးနှင့် မြင်လိုက်ရသည့်အရာက သူ့ရဲ့အာရုံကိုသိသိသာသာဖမ်းစားသွားသည်။

ဆရာတူအစ်မက တစ်နေရာတည်းတွင် ကနေဟန်ရှိသည်။ သူမ၏ ခြေလှမ်းများက ဆန်းကြယ်ပြီး ထူးဆန်းလှ၏။ ထပ်မကြည့်မိဘဲ မနေနိုင်ခဲ့။

ရုတ်တရက် နောက်ဘက်ခြံဝန်းထဲမှာ လေပြင်းတိုက်ခတ်လာသည်။ မှောင်လွန်းသဖြင့် လူအများကို မွန်းကြပ်သလိုခံစားရပြီး မသက်မသာဖြစ်စေသည်။ သို့သော် သူ့ရဲ့ဆရာတူအစ်မက ထိုလေပြင်းကြားတွင် ရပ်နေသည်မှာ အပန်းဖြေ လမ်းလျှောက်ထွက်လာသည့်အလား။ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ‌အဆောင်စာရွက်တို့ကို တစ်ရွက်ပြီးတစ်ရွက် ဝှေ့ယမ်းနေပေ

မဲ့ သူမ ဘာလုပ်နေလဲဆိုတာကိုတော့ ဘယ်သူကမှမသိခဲ့ပေ။

တကယ်တော့ ရှဲ့ချောင်မှာ ပင်ပန်းနေလေပြီ။

ယခင်တုန်းကဆိုလျှင် ဇူလိုင်လတွင်အပြင်ထွက်ချင်ပါက သေချာမပြင်ဆင်ထားဘဲနဲ့ မထွက်ရဲခဲ့ချေ။

သူမက လမ်းတစ်လျှောက်လုံး ဝိဉာဉ်များစွာကို ဖမ်းယူစုဆောင်းခဲ့သည့်အပြင် ကြမ္မာဥယျာဉ်ကနေပါ ယူလာခဲ့သေးသည်။

အကုန်လုံးကို ပို့ပစ်ရမည်ဖြစ်၏။

ယခုဆိုလျှင် ငရဲတံခါးသည် ခပ်ကျယ်ကျယ်ပွင့်နေပြီဖြစ်လို့ အောက်ဘက်ကနေလာသည့် ဝိဉာဉ်များသည် လမ်းကြောင်းနှင့်ရင်းနှီးနေပါက ပြန်နိုင်လိမ့်မည်။ ရှဲ့ချောင်နှင့်အတူရှိနေသည့်တစ်ယောက်ကတော့ စာရင်းသွင်းထားတာမျိုးမရှိ၍ ငရဲကိုသွားဖို့လွယ်ကူလိမ့်မည်မဟုတ်။

ရှဲ့ချောင်လုပ်ရမည်က လက်ရှိ အမှောင်စွမ်းအားကိုအသုံးချပြီး ဤဝိဉာဉ်တွေကိုဆွဲဆောင်ဖို့ဖြစ်သည်။

ဝိဉာဉ်ပေါင်းများစွာရှိနေခြင်းကြောင့်သာမဟုတ်လျှင် ယနေ့ ငရဲသို့ပို့ပေးခြင်းက အတော်လေးလွယ်ကူပေမည်။

တစ္ဆေကြီးများပွဲတော် မဟုတ်သည့် အချိန်နှင့်ယှဉ်လျှင်‌ေတာ့ တော်သေးသည်။ ငရဲတွင် လုပ်ထုံးလုပ်နည်းများက တင်းကြပ်လွန်းသည်။ တန်းစီချင်လျှင်တောင် စီလို့မရနိုင်။ နောက်ထက်ရက်နည်းနည်း‌ေလာက်ထပ်ပြီး မန္တာန်များရွတ်ဖတ်ပေးရဦးမည်ဖြစ်လို့ အားစိုက်ထုတ်ရမည့်အလုပ်တစ်ခုပင်။

ရှဲ့ချောင် ဤတစ်ကြိမ်တွင် အချိန်တော်တော်ယူခဲ့ရသည်။

ရှဲ့ချောင်သည် အနောက်ဘက်ဝန်းထဲမှာ နေ

နေ၏။ ဂါထာမန္တန်များကို ရွတ်ရလွန်းသဖြင့် ပါးစပ်တို့ခြောက်သွေ့နေပြီး သူမနှုတ်ခမ်းအစုံပင် အက်ကွဲလုနီးနီး။ နေ့လည်ခင်းတွင် နောက်ဆုံး မကောင်းဆိုးဝါးဝိဉာဉ်ကို ပို့ပေးနိုင်ခဲ့လေသည်။

လေတိုက်ရပ်သွားပြီး အဆောင်စာရွက်များလည်း အကုန်သုံးလိုက်လေပြီ။

ရှဲ့ချောင်၏ နှဖူးတွင် ချွေးများစိုရွှဲနေကာ သူမ၏ ခန္ဓာကိုယ်တွင် အားမကျန်တော့ချေ။

သို့သော် သူမ အနားမယူရဲသေး။ အနားဝန်းကျင်အား သတိကြီးကြီးထားပြီး ကြည့်ရသေးကာ ရူးကြောင်ကြောင် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ပြေးလာပြီး သူမကိုဝင်ပူးမှာ ကြောက်နေခဲ့သည်။

သူမ၏ ခန္ဓာကိုယ်က ပြန်ကောင်းနေပြီဖြစ်သော်လည်း ထိုကိစ္စများကို တွေးပူနေလို့မဖြစ်သေး။ သို့သော် သူမပင်ပန်းနေလေပြီ။

နောက်ထပ် စွမ်းအားကြီးမကောင်းဆိုးဝါးတစ်ကောင်ရောက်လာပြီး သူမ မခံနိုင်မှာ‌ကြောက်နေမိသည်။

"ဆရာတူအစ်မ ပြီးသွားပြီဆို ကျွန်တော်နဲ့ ကျားထိုးရအောင်လေ” ရှဲ့ချောင်က တင်ပျဉ်ခွေထိုင်ပြီး အနားယူဖို့လုပ်နေစဉ် ကျောက်ရွှမ်ကျင်းက ရုတ်တရက် ပေါ်လာသည်။

ရှဲ့ချောင်က သူ့ကို လှည့်ကြည့်လိုက်သည်။

သူမ၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။ "အကြံကောင်းပဲ၊ ငါကျားစေ့ကစားရတာကြိုက်တယ်၊ ဒီအညတရဆရာက မင်းကို ပွဲ၃၀၀လောက် ကျိန်းသေပေါက် အနိုင်ယူပစ်

မှာ…”

••••

အခန်း(၈၇၉) ပျင်းစရာကောင်းသော ဘဝ

ကျောက်ရွှမ်ကျင်းက သူမနှင့် အတူ ‌သင်္ချုင်းသို့ မကောင်းဆိုးဝါးသွားဖမ်းသည်။ ဝိဉာဉ်များဖမ်းယူစုဆောင်းခြင်းကနေ ကောင်းသည့်ကုသိုလ်ကံများ ရနိုင်ပေသည်။

သူ့ရဲ့ နဂါးစွမ်းအင်က စိမ့်ထွက်ဆဲဆိုပေမဲ့ ယခင်ကထက်တော့ ပိုပြီးအားကောင်းလာသည်။ သူသာ သူမဖက်တွင် ရှိနေလျှင် သူမ မကောင်းဆိုးဝါးဝိဉာဉ်ဝင်ပူးခံရသည့်အခါ သူ့သွေးကအသုံးဝင်ပေလိမ့်မည်။

ကျောက်ရွှမ်ကျင်းက ရှဲ့ချောင်ကို ဆွဲထူလိုက်၏။

ရှောင်းယွိရုန်တစ်ယောာက် ဇဝေဇဝါဖြစ်လို့နေဆဲ။

လေက... ဘာလို့ ဒီလိုရပ်သွားတာလဲ

ခုနလေးကတင်… ဆရာတူအစ်မ လေထဲမှာဝေ့

ယမ်းနေသည့် မြင်ကွင်းက..

ကဗျာပင် ဖွဲ့လို့ရ၏!

သူ့ ဦးနှောက်တစ်ခုလုံး ကမောက်ကမဖြစ်နေပြီး ဉာဏ်ကွန့်မြူးမှုတချို့ပင်ရသွားသည်။ သူက ဂရုစိုက်မနေတော့ဘဲ ပြတင်းပေါက်နှင့်

တံခါးများကိုပိတ်လိုက်၏။ မှင်ကိုသွေး၍ စာရွက်ကိုဖြန့်ကာ စတင်ရေးသားတော့သည်။

ရှဲ့ချောင်က ကျောက်ရွှမ်ကျင်းနှင့် ကျားစေ့ကစားနေခဲ့သည်။

ဝိဉာဉ်ဝင်အပူးမခံရစေဖို့အတွက် သူမ၏စိတ်အား အကောင်းဆုံးကြိုးစားပြီး တက်ကြွအောင်နေနေရသည်။ သူမက စိတ်ကို အာရုံပြုထားပြီး ကျောက်ရွှမ်ကျင်းကို အနိုင်ယူသည်။ သို့သော် သူကလည်း ခေသူမဟုတ်ပေ။ ‌သူတို့နှစ်ယောက်စလုံး သရေကျအောင်ကစားနိုင်စွမ်းရှိသည်။

အနိုင်အရှုံးပေါ်သည်က ရှား၏။

ကျောက်ရွှမ်ကျင်းက အမှန်တကယ် အံ့ဩနေမိသည်။ သူ၏ ကျားစေ့ကစားသည့်အရည်အချင်းက ကျွမ်းကျင်သည်ဟု သတ်မှတ်လို့ရနေတာတောင် ရှဲ့ချောင်က....

သူမက တာအိုကို လေ့လာသင်ယူရသသို ကျန်းမာရေးကလည်းချို့ယွင်းနေ၏။ သူမရဲ့ ကျားစေ့ကစားသည့်အရည်အချင်းက တော်ရုံသင့်ရုံလောက်သာဟု ထင်ခဲ့မိသည်။ သူမ၏ စေ့စပ်တိကျသည့်အတွေးက ရှောင်းယွိရုန်ထက်ပင်သာနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ!

ယခင်ကဆို ရှောင်းယွိရုန်နှင့်ပြိုင်ကစားသည့်အခါတိုင်း အသာစီးပေးရတတ်သည်။ မဟုတ်လျှင် သူ့ကို အမြန်နိုင်ယူရတာက အဓိပ္ပာယ်ရှိမနေပေ။ သို့သော် ရှဲ့ချောင်နှင့် ပြိုင်သည့်အခါ သူ အာရုံစိုက်ထားရသည်။သူသာဂရုမစိုက်မိပါက အကွက်ရွှေ့မှားပြီး ကစားပွဲတစ်ခုလုံးရှုံးသွား

လိမ့်မည်။

"ဆရာတူမောင်လေးရဲ့ ကျားထိုးအရည်အချင်းက မဆိုးပါဘူး၊ ငါ့ဘယ်လက်ထက်တော့သာတယ်” ရှဲ့ချောင်က ‌အလေးအနက် ချီးကျူးသည်။

ကျောက်ရွှမ်ကျင်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "ဆရာတူအစ်မကတစ်ယောက်တည်း ကစားလေ့ရှိတာလား”

"ဒါပေါ့ တာအိုဘုရားကျောင်းမှာနေရတာ အရမ်း ပျင်းဖို့ကောင်းတာ၊ သစ်ပင်ပန်းပင်တွေအပြင် ကြက်တို့ ဘဲတို့၊ ပြီးတော့ ငှက်တို့ ပိုးမွှားကောင်တွေတော့ရှိပါရဲ့၊ ဆရာက ငါ့ကို နှစ်နှစ်လောက် အဖော်ပြုပေးပေမဲ့ သူထွက်သွားတာ‌တော့ ငါ့မှာ ပြိုင်ဘက်မရှိတော့ဘူးလေ” ရှဲ့ချောင်က ပြောပြသည်။

တာအိုဘုရားကျောင်း၌ သူမ၏ဘဝဟာ အင်မတန် ပျင်းစရာကောင်းလှသည်။

စာဖတ်လည်း သတိလစ်၊ ကျားစေ့ကစားလည်း သတိလစ်၊ သစ်သားထွင်းလျှင်လည်း သတိလစ်နှင့်....။ ပန်းချီဆွဲရင်တောင် သတိလစ်သေးသည်။

ထိုအတိုင်းသံသယလည်နေပြီး တစ်ခုလေးတောင် လွဲကျန်ခဲ့ခြင်းမရှိ။

နောက်ပိုင်းတွင် သူမခန္ဓာကိုယ်က အနည်းငယ်ပိုကောင်းလာသည့်အခါ တောင်အောက်ဆင်းပြီး လမ်းလျှောက်ထွက်နိုင်လာသည်။ သို့သော်လည်း အစပိုင်းမှာတော့ ရှား၏။ သူမတောင်အောက်ဆင်းတဲ့အခါတွင်လည်း မေ့လဲတတ်သေး၏။ကံကောင်းစွာဖြင့် မြန်မြန်ပြန်နိုးလာတာကြောင့် တစ်နေလုံး အိပ်ယာထဲမှာလှဲနေစရာမလိုခဲ့ပေ။

လွန်လွန်ကြူးကြူးဆိုခြင်းမဟုတ်၊ နှစ်ပေါင်းများစွာ ခဏခဏသတိလစ်ပြီးနောက် မမေ့မြောခင် ဘယ်လိုကြည့်ကောင်းအောင်လုပ်ရမလဲ သို့မဟုတ် ရုပ်ဆိုးဆိုးဖြစ်မနေအောင် နေနည်းကို

ပင် သင်ယူတတ်မြောက်သွားသေးသည်…

"လေ့ကျင့်ခြင်းက ပြည့်စုံခြင်းကို ဖြစ်စေသည်" ဟုသည့် ဆိုရိုးစကားအတိုင်းပင်။

ကျောက်ရွှမ်ကျင်း သူမပြောတာကိုနားထောင်ပြီးတဲ့အခါ သူမအတွက်စိတ်မကောင်းဖြစ်မိရုံကလွဲပြီး မတတ်နိုင်ပေ။

"နောက်ပိုင်း ကျားစေ့ကစားချင်တယ်ဆို ကျွန်တော့်ဆီလာလို့ရပါတယ်” ကျောက်ရွှမ်ကျင်းက ခံစားချက်များကို ထိန်းချုပ်ထားသည်။

ရှဲ့ချောင်က ခေါင်းညိတ်သည်။ "ကောင်းပြီလေ.. ဒါပေမဲ့ ငါက ပင်ကို ဉာဏ်ထက်ပြီးသားဆိုတော့ ဘာမဆို သင်လွယ်တတ်လွယ်တယ်၊ အခု မင်းရဲ့အရည်အချင်းက ငါနဲ့တန်းတူလောက်ဆိုပေမဲ့ နှစ်နည်းနည်းလောက်ဆို ဒီလို ဖြစ်မှာ မဟုတ်တော့ဘူး၊ ဒါကြောင့်မလို အချိန်ရရင်ရသလို စာပိုဖတ်၊ ပိုပြီးတိုးတက်အောင်လုပ်၊ အဲ့ဒါမှ ငါ့ရဲ့လက်

ရည်အောက်မှာ ကြာကြာခံနိုင်မှာ”

"ဆရာတူအစ်မပြောတဲ့စကားကိုပဲ ကျွန်တော်ပြန်ပြောရလိမ့်မယ်” ကျောက်ရွှမ်ကျင်းက သူမအား အကျောမပေးခဲ့။

ရှဲ့ချောင်က တခစ်ခစ်ရယ်၏။

စောင့်နေလိုက်၊ သူမသူ့ကို တစ်နေ့အနိုင်ယူပြမည်။ ကျားစေ့တစ်စေ့ချတာနဲ့ လက်တောင်မြှောက်နိုင်မှာမဟုတ်ဘူး၊ သူမရှေ့တွင် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုစေရမယ်။

သူမရဲ့ သက်တမ်းကတိုပေမဲ့ ယုံကြည့်ချက်အပြည့်ရှိသည်။ ပြိုင်ဘက်ကိုတွေ့လျှင် သူမက အရှုံးမပေးတတ်ချေ။

ညရောက်နေပြီဖြစ်လို့ ရှဲ့ချောင် ပြန်သင့်လေပြီ။ မိန်းမနှင့် ယောက်ျားတို့က မတူညီကြ.. သို့သော် သူမက ကျောက်ရွှမ်ကျင်းအား အရှက်မဲ့စွာနှင့်ပဲ

ဆွဲခေါ်ထားကာ တစ်ညလုံးကျားစေ့ကစားခဲ့လေသည်!

တစ္ဆေကြီးများပွဲ‌တော်ပြီးသည့်နောက် ရှဲ့ချောင်၏ စိတ်တို့ အတော်လေးပေါ့ပါးနေခဲ့သည်။

ဒုတိယလဝက်တွင် ခါတိုင်းထက်ပိုပြီး မကောင်းဆိုးဝါးဝိဉာဉ်များစွာ ရှိနေသေးသော်လည်း အမှောင်စွမ်းအင်၏ပြင်းအားက သူမ၏ ဝိဉာဉ်ကို မတည်မငြိမ်ဖြစ်စေပြီး ဝင်ပူးခံရမှာကို စိုးရိမ်နေရသည်အထိတော့ မဖြစ်တော့။

တစ်ရက် အချိန်ဖင့်သွားသဖြင့် အမြန်ခရီးဆက်ရမည်။ ရက်အနည်းငယ်အကြာတွင် ‌မုန့်ကျားပေါင်သို့ ရောက်ခဲ့လေသည်…

•••••

အခန်း(၈၈၀) မုန့်ကျားပေါင်

မုန့်ကျားပေါင်သည် လှပ‌သော တောင်တန်းနှင့် မြစ်ချောင်းများရှိရာ နေရာကောင်းတစ်ခုဖြစ်၏။ မြို့ရိုးဟောင်းကြီးတွင်ကား တမူထူးခြားသည့် အငွေ့အသက်များရှိနေသည်။

မြို့သည် အခြားမြို့များနှင့် ကွာခြားချက်ကြီးကြီးမားမားသိပ်မရှိ။ ဤနေရာကို မုန့်ကျားပေါင်ဟု ခေါ်ရခြင်းအကြောင်းမှာ ဤနေရာရှိ အဓိကမိသားစုကြီးများက မုန့်မျိုးနွယ်စုက ဦးဆောင်နေတာကြောင့်ပင်။

မုန့်မျိုးနွယ်စုသည် ယခင်မင်းဆက်ကတည်းက ခိုင်မာစွာရပ်တည်ခဲ့သည် မျိုးနွယ်စုကြီးတစ်ခုဖြစ်သည်။ မျိုးနွယ်စုထဲ၌ မှူးမတ်အရာရှိများမရှိပေမဲ့ ကုန်သည်သူဌေးတွေချည်းသာ။

နေရာတိုင်းတွင် မုန့်မိသားစုများမှ ကုန်သည်အဖွဲ့အစည်းများရှိတတ်သည်။

ထို့အပြင် မုန့်မျိုးနွယ်စုသည် မျိုးနွယ်စုကြီးတစ်ခုဖြစ်၏။ ဤနေရာသည် မုန့်မိသားစုကုန်သည်များ၏ မွေးရပ်မြေဟုသတ်မှတ်လို့ရသည်။ ထိုကုန်သည်များသည် ငွေမြောက်များစွာရှာနိုင်သလို မျိုးနွယ်စု၏ မွေးရပ်မြေအား ဂရုစိုက်ဖို့လည်း မမေ့ခဲ့ကြ။

ဒါကြောင့် မြို့ရိုးက အိုဟောင်းနေသည့်တိုင် မြို့အတွင်းပိုင်းက တင့်တယ်ခမ်းနားပေသည်။

မုန့်ကျားပေါင်နှင့်ပတ်သက်ပြီး နာမည်အကြီးဆုံးမှာ တစ်လောကလုံးက ရှားပါးကုန်ပစ္စည်းများ စုဝေးနေခြင်းဖြစ်၏။

ထို့ကြောင့် အနီးဝန်းကျင်မြို့များမှ သာမန်ပြည်သူများနှင့် ကုန်သည်ငယ်များသည် မုန့်ကျားပေါင်သို့လာကာ ကုန်များကို ဈေးချိုချိုဖြင့် လာရောက်ဝယ်ယူကြပြီး ပြန်ရောင်းတတ်ကြသည်။

ပုံမှန်အားဖြင့် ထိုရှားပါးကုန်များသည် မုန့်ကျားပေါင်တွင် ထုတ်လုပ်ခြင်းမဟုတ်။ ထိုပစ္စည်းများကို မုန့်သားစု၏ ကုန်သည်များမှ မုန့်ကျားပေါင်သို့ တင်ပို့ထားခြင်းဖြစ်သည်။ သို့နှင့် တခြားနေရာများမှရလာသည့် ပစ္စည်းများအား မုန့်ကျားပေါင်တွင် တုပပြုလုပ်ကြလေသည်။

‌ရှဲ့ချောင်သည် ဝေးလံလွန်းသည့်နေရာသို့ တစ်ခါမှမရောက်ဖူးပေ။ ရွှေယွဲ့ တာအိုဘုရားကျောင်းတွင်လည်း ကုန်သည်အများအပြားရှိပေမဲ့ ထိုကဲ့သို့လှပသော မြို့ကိုမူ ပထမဆုံးအကြိမ်မြင်ဖူးတာပင်။

လမ်းမများအား အုတ်ခင်းထားပြီး လမ်းတစ်ဖက်တစ်ချက်ဆီရှိ ဆိုင်တန်းဆိုင်ခန်းများက သန့်ရှင်းသပ်ရပ်လှသည်။

လမ်း‌ပေါ်တွင် ရောင်းချကြသောပစ္စည်းများက အမျိုးမျိုးအထွေထွေဖြစ်ရာ လူများကိုဖမ်းစားနိုင်၏။

ထို့စဉ် မုန့်ကျားပေါင်ရှိ အိမ်များက..

သေသပ်စွာ ဆောက်လုပ်ထားပြီး လမ်းဘေးတွင် ပန်းမန်သစ်ပင်များစိုက်လို့ထား၏။ တမူထူးခြားလှသည်။

မြို့သည်လည်း မသေးလှ။ လိပ်စာအတိုင်း သုံးယောက်သား ဝင်သွားကြသည်။ မြို့တော်သို့ ဝင်ပြီးနောက် မြင်းလှည်းဖြင့် အတော်ကြာအောင်လှည့်ပတ်သွားပြီးတော့မှ နေရာကိုရှာတွေ့ခဲ့ကြသည်။

မြို့တွင်းပိုင်းမှ ကြီးမားသောအိမ်တစ်အိမ်ဖြစ်၏။

"ဆရာက စာထဲမှာ သေချာမပြောထားဘူး... ဒီမုန့်ကျားပေါင်မြို့တွင်းပိုင်းမှာက အိမ်ဝယ်တာ ဖြစ်ဖြစ် ငှားတာ ဖြစ်ဖြစ် လွယ်လွယ်မရဘူး.. ဒီတော့ အိမ်က တစ်ယောက်ယောက်ပိုင်တာဖြစ်လောက်တယ်၊ သူတိုကိုကြိုပြီး အကြောင်းမထားတော့ အလျင်စလိုသွားလိုက်ရင် ရိုင်းရာကျလိမ့်မယ်” ရှောင်းယွိရုန် က မြင်းလှည်း‌ပေါ်က အရင်

ဆင်းပြီး ရှဲ့ချောင်၏မြင်းလှည်းရှေ့မှာ ရပ်နေသည်။ သူက အနည်းငယ်တွန့်ဆုတ်နေ၏။

ဆရာသည် ကျင့်ဝတ်ထုံးတမ်းများကို အလေးထားသူဖြစ်သလို ‌။ ရှောင်းယွိရုန်လည်း အလားတူပင်။

စိတ်ကိုပြင်ဆင်ခါနီးအချိန် အိမ်တော်ထဲကနေ အစေခံကတစ်ဦးပြေးလာပြီး ရှောင်းယွိရုန်ကို ဦးညွတ်လိုက်ရင်း... "မြိုတော်က လာတဲ့သူတွေလားမသိဘူး”

"ဟုတ်ပါတယ်" ရှောင်ယွိရုန်က ခပ်သွက်သွက် ပြန်ဖြေသည်။ "ငါတို့သုံးယောက်က ဆရာကိုလာကြိုကြတာ၊ မင်းတို့ဆီမှာ လီမျိုးရိုးနဲ့ ဧည့်သည်များရှိသလား”

"ဟုတ်ပါတယ်. ဟုတ်ပါတယ်...ဆရာကြီးလီက ကျွန်တော်တို့က ညွှန်ကြားထားပြီးသားပါ၊.. ကျွန်တော်တို့ စောင့်နေကြတာ၊ အထဲဝင်လာခဲ့ပါ ဧည့်သည်တော်တို့” အစေခံက ချက်ချင်းပြော

ပြသည်။ ထို့နောက် သူက တစ်ယောက်ယောက်ကိုလှမ်းခေါ်ပြီး မြင်းများကို လမ်းညွှန်ခိုင်းသည်။

သူကထိုသို့ဆိုလာသည့်အတွက် ရှောင်းယွိရုန်လည်းရပ်မနေတော့၊ ရှဲ့ချောင်အားမြင်းလှည်းပေါ်ကနေ ဆင်းခိုင်းလိုက်သည်။

ရှဲ့ချောင် ဆင်းလိုက်ပြီး လူကုံထံမိသားစု အိမ်တော်ကို ကြည့်လိုက်၏။ သူမ အနည်းငယ် ရင်သပ်ရှုမောနေ၏။

မုန့်ကျားပေါင်က တကယ်ကို ချမ်းသာလှသည်။ ကုန်သည်၏ အိမ်တော်က မြိုတော်ရှိ ဘုရင့်နန်းဆောင်နှင့်တောင် ယှဉ်လို့ရပေသည်။

မန်ကျားပေါင်၏ အခြေအနေက ထူးခြားသည်။ ဤအိမ်တော်နှင့် ပတ်သက်ပြီး ဘယ်သူမှ မရှုပ်ဝံ့ကြချေ။

"ဒီ အိမ်တော်ရဲ့ သခင်က ဘယ်သူလဲသိခွင့်ရှိမလား” ရှောင်းယွိရုန်က မေးသည်။

အစေခံက ရိုသေစွာ ပြန်ဖြေသည်။ "ကျွန်တော့်သခင်ရဲ့ မျိုးရိုး နာမည်က မုန့်ပါ၊ သူက မုန့်မိသားစုရဲ့ မျိုးဆက်၊ သခင်ကြီးက အပြင်မှာစီးပွားရေးလုပ်နေတုန်း ဆရာကြီးလီနဲ့ သိလာကြတာ၊ အဲ့ဒါကြောင့်မလို့ ဒီမှာနေနေတာပါ၊ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက မြိုတော််ကိုပြန်မလို့၊ ဒါပေမဲ့ ဆရာကြီးရဲ့တပည့်တစ်ယောက် နာမကျန်းဖြစ်သွားတာနဲ့ အလောတကြီးသွားလို့မရဘူးဖြစ်သွားတာ၊ သခင်လေးတို့ စိတ်ပူနေမှာစိုးတာနဲ့ စာတစ်စောင်ပို့လိုက်တာပါ”

သူတို့ကြားသောအခါ ရှဲ့ချောင်နှင့် ကျန်တဲ့နှစ်ယောက် မျက်နှာအနေအထား ပြောင်းသွားကြသည်။

သူတို့ကို စိတ်မပူရန် စာရေးလိုက်သည်ဟုပြောပေမဲ့ မုန့်ကျားပေါင်က မြို့တော်နှင့် သိပ်မဝေးတာကြောင့် ဆယ်ရက်လောက်နှင့် ရောက်နိုင်သည်။ ရောဂါက.. တော်တော် ဆိုးလို့လား။

ဆရာ့ကိုကြိုဖို့ရောက်လာကြပေမဲ့.. လက်တွေ့မှာတော့..ကျောက်ရွှမ်ကျင်းခေါ်လာသည့် သမားတော်အတွက်လား..ဒါမှမဟုတ် သူတို့ရဲ့နေမကောင်းဖြစ်နေတဲ့ ဆရာတူညီလေးကိုနှုတ်ဆက်စကားဆိုဖို့လားတောင် မသိတော့ပေ။

••••

All Chapters