← Chapters

အခန်း (၇၀၁-၇၀၂)

Vol. 71 Ch. 701-702

အခန်း (၇၀၁-၇၀၂)

Vol. 71 Ch. 701-702

အခန်း (၇၀၁) - ဟွမ်ချွမ်တန်ခိုးစွမ်းအား ၊ မိုးပေါက်သဏ္ဌာန် လှံသိုင်း ၊ မင်းကို ငါမှတ်ထားတယ်

လီယန်ချူး၏ လက်ဖဝါးအတွင်း၌ ကျင့်စဉ်စွမ်းအားတစ်ခု ရုတ်ချည်း တိုးထွက်လာသည်။

ကျားခေါင်းရွှေလှံ ကို သူ မြဲမြံစွာ ဆုပ်ကိုင်လိုက်သည့်ခဏ အားကောင်းလှသော အရှိန်အဝါတစ်ခု ချက်ချင်းပင် လွင့်ပျံလာတော့သည်။ ဝတ်ရုံနက်အဘိုးအို၏ မျက်ခုံးများ တလှုပ်လှုပ် တုန်ယင်သွားပြီး ဒေါသများမှာလည်း တဟုန်ထိုး ထွက်ပေါ်လာ၏။

သူသည် ကျင့်စဉ်စွမ်းအားကို လှည့်ပတ်ကာ ထောင်ထနေသော သူ၏ ဆံပင်ဖြူများကို ပြန်လည် နူးညံ့ပျော့ပျောင်းသွားအောင် လုပ်ဆောင်လိုက်သည်။

သူက လီယန်ချူးကို မျက်မှောင်ကြုတ်၍ ကြည့်ကာ အေးစက်စက် အသံဖြင့် မေးလိုက်သည်။

"မင်းက ဘယ်သူလဲ"

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ လောကအလယ် ကျင်လည်သူတိုင်းသည် ဝါရင့်လာသည်နှင့်အမျှ ပို၍ သတိကြီးလာကြသည်။ သူသည် ဤမျှနှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ခြင်းမှာ တစ်ဖက်သတ် မောက်မာရိုင်းစိုင်းနေရုံဖြင့် မရဘဲ၊ အခြေအနေကို ကြည့်တတ်၍သာ ဖြစ်သည်။ ထို့ကြောင့် အရင်ဆုံး အခြေအနေကို စုံစမ်းရန် လေသံကို လျှော့လိုက်ခြင်း ဖြစ်၏။

"မင်းအိမ်ပြန်ပြီး မင်းအမေကို သွားမေးလိုက်!ာ "

လီယန်ချူးက အေးစက်စွာ ရယ်မောလိုက်ပြီး

ရှူး

လှံတစ်ချက် ထိုးသွင်းလိုက်သည်။

လှံဖျားမှ အအေးဓာတ်က အရင်ဆုံး ရောက်ရှိလာပြီးနောက်၊ လှံအိမ်မှာ နဂါးတစ်ကောင်ကဲ့သို့ တိုးဝင်သွားတော့သည်။

အရှိန်အဝါမှာ ကြီးမားထည်ဝါလှပြီး အရာရာကို ချေဖျက်ပစ်နိုင်မည့် အဟုန်မျိုးပင်။

"..."

ဝတ်ရုံနက်အဘိုးအို၏ နှုတ်ခမ်းအစုံ တုန်ယင်သွားသည်။

သူ့ရှေ့မှောက်သို့ ပို၍ နီးကပ်လာသော ထက်ရှသည့် လှံဖျားကို ကြည့်ရင်း သူ၏ ကျင့်စဉ်စွမ်းအားဖြင့် ကာကွယ်ရေး အလွှာတစ်ခုကို တည်ဆောက်လိုက်သည်။

ဒေါင်

ကောင်းကင်နှင့် မြေကြီးကြားတွင် ကြေးစည်ကြီး တစ်ခုကို တီးခတ်လိုက်သကဲ့သို့ အသံကြီး မြည်ဟည်းသွားသည်။

သူတို့နှစ်ဦးကို ဗဟိုပြု၍ မမြင်ရသော လေလှိုင်းတစ်ခု အပြင်ဘက်သို့ ရိုက်ခတ်သွားကာ ကျောက်စိုင် ကျောက်ခဲများ လွင့်စင်ကုန်၏။

"မင်းရဲ့ ဒီလောက် အဆင့်မရှိတဲ့ အတတ်ပညာလေးနဲ့ ငါကိုယ်တော်ကို ဒဏ်ရာရအောင် လုပ်ချင်တာလား"

ဝတ်ရုံနက်အဘိုးအို၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်လာသည်။

ရှူး

လီယန်ချူးက နောက်ထပ် လှံတစ်ချက် ထပ်မံ ထိုးသွင်းလိုက်ပြန်သည်။ လှံဖျားပေါ်မှ အားကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဝတ်ရုံနက်အဘိုးအို၏ ကာကွယ်ရေးကို ခဏချင်းအတွင်း ထိုးဖောက်သွားတော့သည်။

"..." ဝတ်ရုံနက်အဘိုးအို။

ယခုအချိန်တွင် သူ၏ ကျင့်စဉ်မှာ တတိယအဆင့်ဝက် ခန့်သာ ဖိနှိပ်ထားခြင်း ဖြစ်ပြီး၊ လင်ရွှီးနတ်ဘုရားနယ်မြေ၏ နိယာမများ ထပ်မံ ပြောင်းလဲလာမှသာ ယန်ဝိညာဥ် အဆင့်အထိ ဖော်ထုတ်နိုင်မည် ဖြစ်သည်။

သို့သော် တတိယအဆင့်ဝက် အစွမ်းသည်ပင် ဤမျိုးဆက်သစ် လူငယ်ကို ဖိနှိပ်ရန် လုံလောက်သည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။

သို့သော် တစ်ဖက်လူ၏ လှံမှာ ဤမျှအထိ မြန်ဆန်ပြီး လေးလံနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ရှပ်

သူ၏ ကိုယ်ဟန်မှာ နောက်သို့ ဆုတ်ခွာသွားပြီး လက်ချောင်းဖြင့် ခပ်ဖွဖွ တောက်လိုက်သည်။

ဝေါခနဲ

ကောင်းကင်ယံမှ လျှပ်စစ်ပိုက်ကွန်ကြီး တစ်ခု ကျဆင်းလာပြီး လီယန်ချူးကို ခဏချင်းအတွင်း လွှမ်းခြုံသွားတော့သည်။

သူ ပိုင်ဆိုင်ထားသော လျှို့ဝှက်ပညာရပ်များမှာ အလွန်ပင် များပြားလှရာ ဤကဲ့သို့သော လူငယ်လေးတစ်ဦးကို ကိုင်တွယ်ရန်မှာ ပြဿနာ မရှိဟု သူ ယူဆထား၏။

လီယန်ချူးသည် တည်ငြိမ်သော မျက်နှာထားဖြင့် လှံကို ဝေ့ယမ်းလိုက်ရာ လှံဖျားက ထိုလျှပ်စစ်ပိုက်ကွန်ကို ချက်ချင်းပင် ဖြတ်တောက်လိုက်သည်။

ထို့နောက် ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ လေထုထဲ၌ ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။

လှံမှာ နဂါးတစ်ကောင်ကဲ့သို့ ကခုန်လျက်

ဝတ်ရုံနက်အဘိုးအိုထံသို့ တစ်ဖန် တိုးဝင်သွားပြန်သည်။

ဝတ်ရုံနက်အဘိုးအိုမှာ မလှုပ်မယှက်ဘဲ ထိုလှံချက်ကို အေးအေးဆေးဆေး လက်ခံလိုက်၏။

လီယန်ချူး လှံဖြင့် ထိုးလိုက်သောအခါ ထိုသူမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝတ်ရုံနက်အဘိုးအိုသည် လီယန်ချူး၏ နောက်ကျောဘက်သို့ အသံတိတ် ရောက်ရှိသွားပြီး လီယန်ချူး၏ ဦးခေါင်းနောက်ဘက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

ဤလက်ဝါးချက်တွင် ကြီးမားလှသော စွမ်းအားများ ကိန်းဝပ်နေပြီး လက်ဖဝါးပေါ်တွင် ဆန်းကြယ်သော သင်္ကေတများ ပေါ်ထွက်နေ၏။ သို့သော် ကြည့်ရသည်မှာ လမ်းမှန်မှ ကျင့်စဉ်မျိုး မဟုတ်ပေ။

သူက လီယန်ချူး၏ ဦးခေါင်းနောက်ဘက်သို့ ရိုက်ချလိုက်သော်လည်း လီယန်ချူး၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှသည်။ လှံကို လေထဲတွင် လှပသော အကွေးအဝိုင်းတစ်ခု ဖြစ်အောင် ဝေ့ယမ်းလိုက်ပြီး ဝတ်ရုံနက်အဘိုးအို၏ ကိုယ်ပေါ်သို့ အားပါပါဖြင့် ရိုက်ချလိုက်သည်။

ဗုန်း

ဝတ်ရုံနက်အဘိုးအို၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရဘဲ လွင့်ထွက်သွားတော့သည်။

လီယန်ချူးမှာလည်း လက်ဝါးချက်၏ အရှိန်ကြောင့် အနည်းငယ် ယိုင်သွားရသည်။

သို့သော် သူ၏ ကိုယ်ပေါ်တွင် အကာကွယ်ရှိနေသည်။ ထိုစွမ်းအားမှာ အလွန်စင်ကြယ်ပြီး အထွတ်အထိပ် ယန်စွမ်းအား ဖြစ်သောကြောင့် ထိုအဘိုးကြီး၏ ပြင်းထန်လှသော လက်ဝါးအငွေ့အသက်ကို အတင်းအကျပ် ဟန့်တားပေးနိုင်ခဲ့သည်။

"မင်းက တကယ်တော့ ဘယ်သူလဲ"

ဝတ်ရုံနက်အဘိုးအိုက အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

ယခု သူ အစိုးရိမ်ဆုံးအချက်မှာ ဤလူငယ်၏ နောက်ခံ မဟုတ်ပေ။

မည်မျှပင် ကြီးမားပါစေ သူ၏ ငရဲတောင် ထက်တော့ ကြီးနိုင်မည် မဟုတ်။

သူ စိုးရိမ်နေသည်မှာ ဤသူသည်လည်း သူကဲ့သို့ပင် နည်းလမ်းတစ်ခုခုဖြင့် ခိုးဝင်လာသော ယန်ဝိညာဥ်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေမည်ကိုပင်။

"ချန်ရှန်းမှ ကျောက်ကျိလုံ ပဲ"

လီယန်ချူးက ဟိန်းဟောက်လိုက်ပြီး လက်ထဲမှ လှံရှည်ကြီးမှာ ကောင်းကင်အနှံ့ ပုံရိပ်ယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ဝတ်ရုံနက်အဘိုးအိုမှာ သူ၏ မှတ်ဉာဏ်ထဲ၌ ချန်ရှန်း ဆိုသည်မှာ ဘယ်နေရာလဲဟု လိုက်လံ ရှာဖွေနေစဉ်

ရှပ် ရှပ် ရှပ်

ကောင်းကင်အနှံ့မှ လှံပုံရိပ်များက တိုးဝင်လာတော့သည်။

သူသည် နောက်သို့ အမြန် ဆုတ်ခွာလိုက်သော်လည်း သူ၏ ကာကွယ်ရေး အလွှာမှာ လှံချက်များကြောင့် စုတ်ပြတ်သတ်သွားချေပြီ။

သူ၏ တတိယအဆင့်ဝက် အစွမ်းမှာ ဤလူငယ်၏ ရှေ့မှောက်တွင် မည်သည့် အသာစီးမှ မရနိုင်သကဲ့သို့ပင်။

တစ်ဖက်လူ၏ ကျင့်စဉ်အဆင့်မှာ မိမိလောက် မမြင့်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ အလွန်ပင် ထူးချွန်လှသည်။

သူက စိတ်အာရုံကို လှုပ်ရှားလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး၌ မရေမတွက်နိုင်သော ယင်လေ များ လွှမ်းခြုံသွားတော့သည်။

ထိုယင်လေများအတွင်းမှ သေဆုံးသွားသူများ၏ အသံများ ထွက်ပေါ်လာ၏။ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ ကလေးများ၏ ငြင်းခုံသံများ၊ အသားတုံး စဉ်းသံများ၊ မီးလောင်သံများ၊ ရေထဲကျသံများ...

တစ်ခဏအတွင်းမှာပင် ဟွမ်ချွမ်ငရဲ သို့ ရောက်ရှိသွားသကဲ့သို့ ရှိတော့သည်။

ဟွမ်ချွမ် တန်ခိုးစွမ်းအား

သို့သော် သူ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုယင်လေများသည် ဤလူငယ်၏ ဘေးနားသို့ ရောက်သည်နှင့် ရပ်တန့်သွား၏...

အားကောင်းသော စွမ်းအားတစ်ခုက ထိုယင်လေများကို လုံးဝ ပိတ်ဆို့ထားသကဲ့သို့ပင်။

၎င်းတင်မကသေးဘဲ ထိုလူငယ်မှာ ခေတ္တမျှသာ စိတ်လွင့်သွားပြီးနောက်၊ ဓားကဲ့သို့ ထက်ရှသော မျက်ခုံးများကို တွန့်ချိုးကာ သူ့ထံသို့ ထပ်မံ ထိုးနှက်လာပြန်သည်။

"မိုးပေါက်သဏ္ဌာန် လှံသိုင်း"

လီယန်ချူးက ဟိန်းဟောက်လိုက်ရာ သာယာသော ကောင်းကင်ယံမှ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်

ဝတ်ရုံနက်အဘိုးအိုမှာ လန့်ဖျန့်သွားပြီး လီယန်ချူး၏ အရှိန်အဝါကြောင့် တုန်လှုပ်သွားရ၏။

သူက လက်ကွက် များကို အမြန်ဖော်ထုတ်လိုက်ရာ သူ့ရှေ့တွင် ရှေးဟောင်း လိပ်ခွံကြီး တစ်ခု ပေါ်လာသည်။

ထိုလိပ်ခွံပေါ်တွင် မျက်စိမှိတ်ထားသော လူမျက်နှာတစ်ခု ပါရှိ၏။

ငရဲတောင် လျှို့ဝှက်ပညာ

လိပ်ခွံကာကွယ်ရေး

သို့သော် လီယန်ချူးက "မိုးပေါက်သဏ္ဌာန် လှံသိုင်း" ဟု အော်ဟစ်လိုက်သော်လည်း လှံဖြင့် ထိုးခြင်း မပြုဘဲ ကိုယ်ဟန်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

ဝတ်ရုံနက်အဘိုးအို စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ သူ၏ နောက်ကျောဘက်မှ လေခွဲသံ ပြင်းပြင်းတစ်ခု အမှန်တကယ်ပင် ထွက်ပေါ်လာတော့သည်။

"ဗုန်း"

ဝတ်ရုံနက်အဘိုးအို၏ ခါးမှာ လီယန်ချူး၏ ပြင်းထန်လှသော ခြေကန်ချက်တစ်ခုကို ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်အတွင်းမှ ကျင့်စဉ်စွမ်းအားများကို အချိန်မီ လှုံ့ဆော်နိုင်ခဲ့သဖြင့် ဒဏ်ရာ အပြင်းအထန် မရသော်လည်း သူ၏ ခါးအိုကြီးမှာမူ တင်းခနဲ ဖြစ်သွားရသည်။

ဝတ်ရုံနက်အဘိုးအိုသည် ဤမျှအထိ အစော်ကားခံရဖူးခြင်း မရှိပေ။

သူ၏ အကြည့်များမှာ အေးစက်သွားပြီး မျက်လုံးများအတွင်း မီးတောက်များ ရှိနေသကဲ့သို့ပင်။

"မျိုးမစစ်လေး မင်းပဲ မိုးပေါက်သဏ္ဌာန် လှံသိုင်း ဆို"

ဝတ်ရုံနက်အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူသည်လည်း တခါတရံ အစွမ်းထက်သော ကွက်စိပ်များကို သုံးသည့်အခါ အမည်ကို အော်ဟစ်ရသည်ကို သဘောကျတတ်သည်။

တစ်ကြောင်းမှာ မိမိ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်ဖြစ်ပြီး၊ နောက်တစ်ကြောင်းမှာ ရန်သူကို တုန်လှုပ်သွားစေရန် ဖြစ်သည်။

ယခုမူ ဤကောင်လေးက သူ့ကို လှည့်စားပြီး နောက်ကနေ ကန်သွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"မင်းလို ဦးနှောက်နဲ့များ ရတနာရှာပြီး သူများပစ္စည်း လုချင်သေးတယ်ပေါ့"

လီယန်ချူးက လှောင်ပြုံး ပြုံးလိုက်သည်။

"..." ဝတ်ရုံနက်အဘိုးအို။

သူက ကျင့်စဉ်ကို လှုံ့ဆော်လိုက်ရာ ပတ်ဝန်းကျင်ရှိ ယင်လေများအတွင်းမှ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် ဝိညာဉ်ဆိုးများ ထွက်ပေါ်လာပြီး လီယန်ချူးထံသို့ တိုးဝင်လာတော့သည်။

လီယန်ချူး၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

ထိုရွှေရောင်အလင်းမှာ သူ၏ ဝမ်းဗိုက်အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ ဦးခေါင်းထက်၌ ဝဲပျံနေသည်။ ၎င်းမှာ တောက်ပလှသော ရွှေအမြုတေတစ်လုံးပင် ဖြစ်သည်။

ရွှေအမြုတေ၏ အလင်းရောင်အောက်တွင် မရေမတွက်နိုင်သော ဝိညာဉ်ဆိုးများမှာ ခဏချင်းအတွင်း ပျောက်ကွယ်သွားရတော့သည်။

ရွှေအမြုတေ တစ်လုံးက အတတ်ပေါင်း တစ်သောင်းကို ချေဖျက်နိုင်သည်။

ဝတ်ရုံနက်အဘိုးအို၏ အကြည့်များ ပြောင်းလဲသွားပြီး မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိသည်။

"ရွှေအမြုတေ"

"မင်းက ကျင့်ကြံသူ တစ်ယောက်လား"

သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

လီယန်ချူးသည် ရွှေအမြုတေဖြင့် ဝတ်ရုံနက်အဘိုးအို၏ ကျင့်စဉ်ကို ချေဖျက်လိုက်ပြီးနောက်

ရှပ်

လှံဖြင့် တိုက်ရိုက် ထိုးလိုက်ပြန်သည်။ လေပြင်းမိုးကြိုးသံများ ဟိန်းထွက်လာပြီး တစ်ခဏအတွင်းမှာပင် တစ်လောကလုံး နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားတော့သည်။

ဝတ်ရုံနက်အဘိုးအိုမှာ ကျင့်စဉ်ကို သုံး၍ ရှောင်တိမ်းလိုက်သော်လည်း သူ၏ ပုံရိပ်မှာ ထိုးခွဲခံလိုက်ရသည်။

လီယန်ချူး၏ လှံချက်သည် အဘိုးအို၏ ကာကွယ်ရေး အလွှာ ၁၂ ထပ်ကို ဆက်တိုက် ထိုးဖောက်သွားပြီးနောက်မှသာ ထိုလှံချက်တွင် ပါဝင်သော ကြီးမားသည့် စွမ်းအားများမှာ ပြေလျော့သွားတော့သည်။

သူက လီယန်ချူးကို ကြည့်နေသော အကြည့်မှာ ထူးဆန်းလာတော့၏။

ဤလူသည် ဖုံးကွယ်ထားသော အဘိုးကြီး မဟုတ်လျှင်ပင် ရှေးဟောင်းအင်အားစုကြီး တစ်ခုခု၏ အမွေဆက်ခံသူ ဖြစ်ရပေမည်။

သူသည် ယခုအချိန်တွင် ပြဿနာအသစ်များ ထပ်မတက်ချင်တော့သဖြင့် ထို ကြေးညိုဖလားကြီး နှင့် ငါးရောင်ခြယ် နတ်မြေ ကို နှမြောတသစွာ တစ်ချက် ကြည့်လိုက်ပြီး

"ကျောက်ကျိလုံ... မင်းကို ငါမှတ်ထားတယ်"

ဝတ်ရုံနက်အဘိုးအိုက ဒေါသတကြီး ဟောက်လိုက်ပြီး

သူ၏ ခန္ဓာကိုယ်မှာ အနက်ရောင် အခိုးအငွေ့တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

ခဏချင်းအတွင်းမှာပင် အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။

လီယန်ချူး၏ မျက်ခုံးများမှာ ဓားကဲ့သို့ ထက်ရှနေပြီး အကြည့်များမှာ အေးစက်လှကာ ရှေးဟောင်း ကျားခေါင်းရွှေလှံကို ကိုင်ဆောင်ထားသည်။

သူ၏ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်လှ၏။

ယခင်က သူနှင့် ဤဝတ်ရုံနက်အဘိုးအို တိုက်ခိုက်ခဲ့သည်မှာ အသက်ရှူသံ အနည်းငယ်အတွင်းသာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

ပြောရလျှင် နှေးကွေးနေသော်လည်း အမှန်တကယ်တွင် လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှ၏။

ဝတ်ရုံနက်အဘိုးအို ထွက်ပြေးသွားသည်ကို တွေ့ရသော်လည်း သူ လိုက်မဖမ်းတော့ပေ။

ဤကဲ့သို့သော ခွဲထွက်ခြင်းအတတ် ပိုင်ဆိုင်ထားသူများကို တစ်ချက်တည်းဖြင့် အပြတ်မသတ်နိုင်ပါက အချိန်ကုန်ရုံသာ ရှိပေလိမ့်မည်။

"ခွေးအိုကြီး"

"မင်းကို ချန်ရှန်းမှာသာ တွေ့လိုက်ရင် မင်းရဲ့ အရေခွံကို ငါကိုယ်တိုင် ခွာပစ်မယ် "

လီယန်ချူး၏ အသံမှာ ထိုနယ်မြေတစ်ခုလုံး၌ ဟိန်းထွက်သွားတော့သည်။

ဝတ်ရုံနက်အဘိုးအို၏ ကိုယ်ဟန်မှာ ခေတ္တ တောင့်တင်းသွားပြီး၊ ဤစကားကို ကြားလိုက်ရသည့်အခါ လှည့်ပြန်လာပြီး လီယန်ချူးကို သတ်ပစ်ချင်စိတ် ပေါက်သွားရ၏။

"ကောင်းပြီလေ... ချန်ရှန်းက ကျောက်ကျိလုံ"

"တကယ်ကို မောက်မာလွန်းတယ်"

သူသည် ထိုအမည်ကို မှတ်သားထားလိုက်ပြီး နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"လောကအတွေ့အကြုံကတော့ နုသေးတာပဲ။ ငါကိုယ်တော်က အခုပဲ ခုနစ်ကြယ်စင် ကံကြမ္မာထိန်းချုပ်ခြင်း အတတ်နဲ့ မင်းကို သေအောင် ကျိန်စာတိုက်ပြမယ် "

ဝတ်ရုံနက်အဘိုးအို၏ အကြည့်များ အေးစက်သွားသည်။

သူ၏ ပါးစပ်မှ "ကျစ် ကျစ် ကျစ်" ဆိုသော ရယ်သံများ ထွက်ပေါ်လာသည်။

ခုနစ်ကြယ်စင် ကံကြမ္မာထိန်းချုပ်ခြင်း။

တစ်ဖက်လူ၏ အမည်ကို သိရရုံနှင့်ပင် ထိုသူကို သေအောင် ကျိန်စာတိုက်နိုင်သော အလွန်အစွမ်းထက်သည့် ပညာဖြစ်၏။

သူသည် ထို ကျောက်ကျိလုံ ကို အရှင်လတ်လတ် ကျိန်စာတိုက်၍ သတ်ပစ်ရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း (၇၀၂) - လောကအလယ် လှည့်လည်သူ ဂျီးဇိလုံ ၊ တောင်တန်းခြေရင်း ၊ သဘာဝကပေးသော မြူဆွယ်ညှို့ယူမှု ၊ ကျိုးရွှန့်ဖုန်း

အကယ်၍ လင်ရွှီးနတ်ဘုရားနယ်မြေ၏ ပြင်ပတွင်သာဆိုလျှင် ဝတ်ရုံနက်အဘိုးအိုသည် ရှေးဟောင်းအင်အားစုကြီးဖြစ်သော ချန်ရှန်း နှင့် အလွယ်တကူ ထိပ်တိုက်တွေ့ရန် ဝံ့ရဲမည်မဟုတ်ပေ။

သို့သော် ယခုအခါ နတ်ဘုရားနယ်မြေအတွင်းသို့ ရောက်ရှိနေခြင်းမှာ ကျိုရှောင်နတ်ဘုရားကျမ်း ကို လုယူရန်အတွက်ဖြစ်ရာ လူတိုင်းသည် ပြိုင်ဘက်များသာ ဖြစ်ကြပြီး ရှင်းလင်းဖယ်ရှားပစ်ရန် လိုအပ်သည်။

ထို့ကြောင့် သူသည် ရှေးဟောင်းအင်အားစု ချန်ရှန်းကို ရန်စမိမည့် အန္တရာယ်ကို ဂရုမစိုက်တော့ဘဲ ဤ ကျောက်ကျိလုံ ကို ကျိန်စာတိုက် သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

သူ ပိုင်ဆိုင်ထားသော မှော်အတတ်များမှာ အလွန်ပင် ဆန်းကြယ်လှရာ ခဏချင်းအတွင်းမှာပင် ခုနစ်ကြယ်စင် ကံကြမ္မာထိန်းချုပ်ခြင်း အစီရင်ကို ပြင်ဆင်လိုက်တော့သည်။

သူသည် လက်ထဲတွင် ကြေးညိုဓားတစ်လက်ကို ဆုပ်ကိုင်ထား၏။

ထိုကြေးညိုဓားပေါ်တွင် နက်နဲသော မှော်သင်္ကေတများ ပါရှိသည်။ ဝတ်ရုံနက်အဘိုးအို၏ အမည်မှာ ချွေယွမ် ဖြစ်ပြီး ငရဲတောင် ၏ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးငါးဦးအနက် တစ်ဦးအပါအဝင် ဖြစ်၏။

သူသည် ငရဲတောင်၏ လျှို့ဝှက်ပညာရပ် ခုနစ်ကြယ်စင် ကံကြမ္မာထိန်းချုပ်ခြင်းကို စတင်အသုံးပြုကာ ပါးစပ်မှ "ချန်ရှန်းမှ ကျောက်ကျိလုံ" ဟူသော အမည်ကို တီးတိုးရွတ်ဆိုလိုက်သည်။

ထို့နောက် နားလည်ရခက်သော ကျိန်စာများကို ဆက်တိုက် ရွတ်ဖတ်တော့၏။

ကျိန်စာရွတ်ဖတ်ခြင်း ပြီးဆုံးသွားသော်လည်း ယခုအချိန်မှာ အချိန်ကောင်း မဟုတ်သေးပေ။ သူသည် လင်ရွှီးနတ်ဘုရားနယ်မြေအတွင်း၌ သူ၏ အစွမ်းအကုန်ကို ထုတ်ဖော်နိုင်ခြင်း မရှိသေးပေ။

တတိယအဆင့်ဝက် အစွမ်းဖြင့် ဤကျိန်စာအတတ်ကို သုံးခြင်းမှာ မိမိကိုယ်ကို ပြန်လည် ထိခိုက်ဒဏ်ရာရစေနိုင်၏။

သို့သော် တိုက်ရိုက် ထိပ်တိုက်တွေ့ပြီး ဒဏ်ရာရခြင်းထက်စာလျှင် ဤမျှ ဒဏ်ရာရရုံမှာ သူ့အတွက် တွက်ခြေကိုက်လှသည်။

ချွေယွမ်သည် ကျိန်စာအတတ်ကို အသုံးပြုပြီးနောက် သွေးတစ်လုတ်ကို မအောင့်နိုင်ဘဲ အန်ထုတ်လိုက်ရပြီး သူ၏ အရှိန်အဝါမှာလည်း အနည်းငယ် ကျဆင်းသွားတော့သည်။

ထို့နောက် သူက ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏...

လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်...

အမွှေးတိုင် တစ်ဝက်စာ အချိန်...

အမွှေးတိုင် တစ်တိုင်စာ အချိန်...

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသော်လည်း သူ၏ ကျိန်စာက မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။

ချွေယွမ်၏ အောင်နိုင်သူအလား ပြုံးနေသော မျက်နှာမှာ တဖြည်းဖြည်း ပုံပျက်သွားပြီး မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်မိတော့သည်။

ကျိန်စာတိုက်ခြင်း ရှုံးနိမ့်သွားလျှင်ပင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဤမျှအထိ ငြိမ်သက်နေမည် မဟုတ်ပေ။

ချွေယွမ်၏ ဉာဏ်ထဲ၌ အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်မိသည်။

"လီးပဲ ကျောက်ကျိလုံ နာမည်အတု ပေးသွားတာကိုး "

ချွေယွမ်မှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲမတတ် ဖြစ်သွားရသည်။

သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများ တိုက်ခိုက်ကြလျှင် တစ်ဦးနှင့်တစ်ဦး တန်ခိုးစွမ်းအားများဖြင့်သာ ယှဉ်ပြိုင်ကြလေ့ရှိသည်။

ပထမအချက်မှာ မြင်ကွင်းက ကြီးကျယ်ခမ်းနားရန် ဖြစ်ပြီး၊ ဒုတိယအချက်မှာ ပြင်းထန်သော အစွမ်းများဖြင့် ချေမှုန်းရန် ဖြစ်သည်။

ထို့ကြောင့် ဤမျှအထိ ယုတ်မာရိုင်းစိုင်းပြီး ကျိုးကြောင်းဆင်ခြင်မှုမရှိသော တိုက်ခိုက်မှုမျိုးကို သူ မကြုံတွေ့ရသည်မှာ ကြာလှချေပြီ။

ဗူး

ချွေယွမ်မှာ စဉ်းစားလေ ဒေါသထွက်လေဖြစ်ကာ နောက်ထပ် သွေးတစ်လုတ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။

ဤသွေးကို အန်ထုတ်ပြီးနောက် သူ၏ ကိုယ်ဟန်မှာ ပို၍ပင် ပိန်ချော်သွားတော့၏။

ထိုအချိန်တွင် ချောမောခန့်ညားသော လူငယ်တစ်ဦး အဝေးမှ ပျံသန်းရောက်ရှိလာသည်။

ဤလူသည် မျက်ခုံးများက ဓားကဲ့သို့ ထက်ရှကာ မျက်လုံးများမှာ ကြယ်ပမာ တောက်ပနေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် တည်ငြိမ်သော အပြုံးတစ်ခု ရှိနေပြီး အရာရာကို အောင်နိုင်ထားသကဲ့သို့ပင်။

သူ၏ ရှည်လျားသော ကျင့်ကြံသူဝတ်စုံမှာ အချိုးအစားကျကျ ချုပ်လုပ်ထားပြီး ခါးတွင် ရှေးဟောင်းဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ ထိုဓားအမည်မှာ လုံချွဲ ဖြစ်ပြီး အစွမ်းထက်သော ဓား တစ်လက် ဖြစ်၏။

သူသည် ချွေယွမ်၏ ဘေးနားသို့ တင့်တယ်စွာ ဆင်းသက်လာပြီး ချွေယွမ်၏ ပုံစံကို မြင်လိုက်ရသည့်အခါ အံ့သြတုန်လှုပ်သွားရသည်။

"ဆရာ... ဘာဖြစ်တာလဲ"

ဤလူငယ်၏ အမည်မှာ ဂျီးဇိလုံ ဖြစ်ပြီး ငရဲတောင်၏ မျိုးဆက်သစ် ပါရမီရှင် ဖြစ်၏။

ယခင်က ပါရမီရှင် သတ်ဖြတ်ခံလိုက်ရပြီးနောက် သူက ထိုရာထူးကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။

ချွေယွမ်၏ အရှိန်အဝါမှာ အားနည်းနေပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သိသာသည်မှာ ဒေါသကြောင့် ဖြစ်ရခြင်းတည်း။

သူက ဂျီးဇိလုံကို ကြည့်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း။

ရုတ်တရက် အကြည့်များ ပြောင်းလဲသွားပြီး လက်ဝါးဖြင့် ဖြတ်ရိုက်လိုက်တော့သည်။

ဂျီးဇိလုံက နာကျင်စွာဖြင့် မေးလိုက်သည်။

"ဆရာ... ဘာလို့လဲ"

"မင်းရဲ့နာမည်ကို အခုချက်ချင်း ပြောင်းလိုက်စမ်း နောက်နောင် ဇိလုံ ဆိုတဲ့ နာမည်ကို မသုံးရဘူး၊ သုံးရင် ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ် "

ချွေယွမ်၏ အသံမှာ အေးစက်လှသည်။

ဂျီးဇိလုံမှာ ကြောက်ရွံ့တုန်လှုပ်သွားပြီး ပါးကို အုပ်ကာ ခေါင်းငြိမ့်ပြလိုက်ရတော့သည်။

...

လီယန်ချူးသည် လှံချက်အနည်းငယ်ဖြင့် ထိုဝတ်ရုံနက်အဘိုးအိုကို မောင်းထုတ်ပြီးနောက် ငါးရောင်ခြယ် နတ်မြေကို ကြေးညိုဖလားကြီးအတွင်းမှ ထုတ်ယူလိုက်သည်။

ထို့နောက် ကြေးညိုဖလားကြီးကို အသေအချာ လေ့လာကြည့်ရာ ဖလားအတွင်း၌လည်း ဆန်းကြယ်သော သင်္ကေတများ ရှိနေသည်ကို တွေ့ရ၏။ သို့သော် သူသည် ဤကြေးညိုဖလားကြီးအကြောင်း အသိနည်းလွန်းသဖြင့် မည်သို့အသုံးပြုရမှန်း မသိပေ။

ထို့ကြောင့် ထိုရတနာနှစ်ပါးလုံးကို သူ၏ သိုလှောင်အိတ် အတွင်းသို့ တိုက်ရိုက် ထည့်သွင်းလိုက်တော့သည်။

"မဟာရှအင်ပါယာရဲ့ တာအိုရတနာ... ကျင့်ကြံသူ..."

လီယန်ချူး၏ မျက်လုံးများမှာ စဉ်းစားခန်းဝင်နေဟန် ရှိ၏။ ထိုဝတ်ရုံနက် ခွေးအိုကြီးမှာ တစ်ခုခုကို သိနေပုံရသည်။

သူသည် တောင်တန်းကြီးများရှိရာသို့ ဆက်လက် ခရီးနှင်ခဲ့၏။

သို့သော် ယခုတစ်ခါ လင်ရွှီးနတ်ဘုရားနယ်မြေအတွင်းသို့ ရောက်ရှိလာသော ကျင့်ကြံသူဦးရေမှာ မနည်းလှပေ။ ရတနာအချို့ ရှိလျှင်ပင် အခြားသူများ၏ လက်ဦးမှုကို ခံလိုက်ရလောက်ပြီ ဖြစ်သည်။

တချို့သော ပစ္စည်းများမှာလည်း အလွန်ပင် နက်နဲသော နေရာတွင် ရှိနေသဖြင့် သူသွားရာ လမ်းကြောင်းပေါ်တွင် မရှိပေ။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် လီယန်ချူးမှာ မည်သည့် ရတနာကိုမျှ ထပ်မံ ရှာမတွေ့တော့ပေ။

သူသည် တောင်တန်းကြီးများ၏ ခြေရင်းသို့ ရောက်ရှိလာခဲ့၏။

"ဟင်"

သူ အံ့သြတကြီး အသံထွက်မိသွားပြီး မျက်မှောင်ကြုတ်ကာ အမြန် ပြေးဝင်သွားလိုက်သည်။ သူ၏ ကိုယ်ဟန်မှာ လေထုထဲ၌ ပုံရိပ်ယောင်များစွာ ချန်ရစ်ခဲ့၏။

တောင်ခြေရင်းသို့ ရောက်သည့်အခါ တဲခုနစ်လုံး ရှစ်လုံးခန့် ရှိနေသည်ကို တွေ့ရပြီး ထိုတဲများအတွင်း၌ ကျင့်ကြံသူအချို့ သွားလာနေကြသည်ကို တွေ့လိုက်ရသည်။

"တဲတွေလား ဒီမှာပဲ အခြေချ နေထိုင်တော့မလို့လား"

လီယန်ချူး အံ့သြစွာ ရေရွတ်မိ၏။

သူ အနားသို့ ကပ်သွားသည့်အခါ လူရင်းနှစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။

တစ်ဦးမှာ တရားရုံးချုပ် မှ ချန်ရန် ဖြစ်ပြီး၊ နောက်တစ်ဦးမှာ ဘုရားကျောင်း မှ ကျဲ့ခုံး ကိုယ်တော်ဖြစ်၏။

ကျဲ့ခုံးကို မတွေ့ရသည်မှာ ကြာပြီဖြစ်ရာ သူ၏ကိုယ်ပေါ်မှ ဗုဒ္ဓတရားတော် အရှိန်အဝါများမှာ ယခင်ကထက် ပိုမို ထူထပ်လာချေပြီ။

"ဘာလို့ ဒီလောက်များတဲ့ ကျင့်ကြံသူတွေက နတ်ဘုရားနယ်မြေကို ဆက်ပြီး မရှာဖွေတော့ဘဲ ဒီနေရာမှာ စုဝေးနေကြတာလဲ "

လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။

အစီအစဉ်တကျ ရှိလွန်းနေခြင်းမှာ ကျိုးကြောင်းဆင်ခြင်မှု မရှိပေ။

သူ ရောက်ရှိသွားသည့်အခါ ကျင့်ကြံသူ သုံးလေးဦးခန့်က သူ့ကို သတိပြုမိသော်လည်း စကားမပြောကြပေ။ အချို့၏ အကြည့်များတွင် စေတနာပါသော်လည်း အချို့မှာမူ သူ့ကို လျစ်လျူရှုထားကြသည်။

လီယန်ချူးက အကြမ်းဖျင်း ကြည့်လိုက်ရာ ယခု ဤနေရာတွင် ရှိနေသူများမှာ ကျင့်စဉ်အဆင့် မနိမ့်ကြပေ။

ယခင်က သူတွေ့ခဲ့သော ဖေဟေးဟု နှင့် ကလေးငယ် နှစ်ဦးစလုံးလည်း ဤနေရာတွင် ရှိနေကြ၏။

လီယန်ချူး အနားသို့ တိုးသွားသည့်အခါမှ အခြားတစ်ဖက်တွင်လည်း ကျင့်ကြံသူအချို့ ပြန့်ကျဲနေသည်ကို တွေ့ရပြီး စုစုပေါင်း လူ ၃၀ ကျော်ခန့် ရှိနေသည်။

လူတိုင်းမှာ တောင်တန်းများဆီသို့ အကြည့်ပို့ကာ တစ်ခုခုကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြပုံရ၏။

ထိုလူများအနက် အမျိုးသမီးတစ်ဦးမှာ ခြင်္သေ့ကြီးတစ်ကောင်၏ ကျောပေါ်တွင် ပျင်းရိစွာ မှီအိပ်နေသည်။

ထိုခြင်္သေ့မှာ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းလှပြီး အလွန်ပင် ခန့်ညားလှ၏။

၎င်း၏ အရှိန်အဝါမှာ လီယန်ချူးအတွက် ရင်းနှီးနေသဖြင့် အနည်းငယ် စဉ်းစားကြည့်လိုက်ရာ ချက်ချင်းပင် သိလိုက်ရတော့သည်။

နီးဆွန်း

ဤခြင်္သေ့၏ ကိုယ်ပေါ်တွင် နီးဆွန်း၏ အငွေ့အသက်များ ပါရှိနေသည်။

ထို့နောက် သူ၏ အကြည့်မှာ ထိုအမျိုးသမီးပေါ်သို့ ကျရောက်သွား၏။

ထိုအမျိုးသမီးမှာ မျက်နှာပေါက် အလွန်ပင် လှပကျော့ရှင်းပြီး အသားအရေမှာလည်း ပုလဲရတနာကဲ့သို့ ဝင်းလက်နေသည်။

သူမ၏ အလှအပမှာ လီယန်ချူး မြင်ဖူးသမျှ အမျိုးသမီးများထဲတွင် အနည်းဆုံး ထိပ်ဆုံး ၃ ဦးစာရင်းဝင်ပေလိမ့်မည်။

သူမသည် ပါးလွှာသော ပိတ်စရှည်ကို ဝတ်ဆင်ထားပြီး ဝတ်စုံမှာ ဘေးဘက်တွင် အဟိုက်ကြီး ဖြစ်နေသဖြင့် ဝင်းဝါစိုပြည်သော ခြေတံရှည်ကြီး တစ်ဖက်မှာ ပေါ်လွင်နေ၏။

ခြေကျင်းဝတ်တွင် အနီရောင် ကြိုးတစ်ချောင်း ချည်ထားပြီး

ခြေဗလာ ဖြစ်နေသည်။

တစ်ကိုယ်လုံးမှာ ပျင်းရိပုံ ပေါက်သော်လည်း ညှို့ယူဖမ်းစားနိုင်စွမ်း အပြည့် ရှိနေ၏။

ထိုနေရာရှိ ကျင့်ကြံသူများ၏ အကြည့်မှာ သူမထံသို့ မသိမသာ ဆွဲဆောင်ခြင်း ခံနေရသည်။

ဤအမျိုးသမီး၏ ကိုယ်ပေါ်တွင် သဘာဝအတိုင်း ပါရှိနေသော ဆွဲဆောင်မှုမှာ လူတိုင်းကို သူမကို ပိုင်ဆိုင်ချင်စိတ် ပေါက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိ၏။

"သဘာဝကပေးသော မြူဆွယ်ညှို့ယူမှု"

လီယန်ချူး၏ ဉာဏ်ထဲ၌ ဤစကားလုံးလေးလုံး ပေါ်လာတော့သည်။

သို့သော် ဤအမျိုးသမီးမှာ ဆွဲဆောင်မှုရှိသော်လည်း သူမ၏ မျက်ဝန်းများမှာမူ အေးစက်လှ၏။ ဤကဲ့သို့သော ဆန့်ကျင်ဘက် အသွင်အပြင်က သူမ၏ ဆွဲဆောင်မှုကို ပို၍ပင် တိုးစေသည်။

သာမန် အမျိုးသားများမှာမူ သူမအနားသို့ ချဉ်းကပ်ရန်ပင် ဝံ့ရဲမည်မဟုတ်ဘဲ မိမိကိုယ်မိမိ နိမ့်ကျသည်ဟု ခံစားရပေလိမ့်မည်။

"လောကကြီးမှာ ဒီလောက်အထိ လှပတဲ့ အမျိုးသမီး ရှိနေပါလား "

လီယန်ချူး၏ ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာသဖြင့် သူ လှည့်ကြည့်လိုက်ရာ

ထိုလူကို သူ မြင်ဖူးနေသည်။

ယခင်က နတ်ဘုရားနယ်မြေအတွင်းသို့ မဝင်မီ တစ်ချက်တွေ့ခဲ့ရသော လူငယ်ပင် ဖြစ်သည်။

မည်းကြီး ၏ ကျော်တက်ခြင်းကို ခံရပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ နတ်ဘုရားနယ်မြေအတွင်းသို့ အမြန် ဝင်သွားသူမှာ သူပင် ဖြစ်သည်။

လီယန်ချူးက အနည်းငယ် ပြုံးပြလိုက်သည်။

ထိုလူသည် အမျိုးသမီးကို အကြာကြီး ငေးကြည့်နေပြီးမှ အကြည့်လွှဲလိုက်၏။

"မိတ်ဆွေ... ခင်ဗျားပဲ"

လူငယ်က အံ့သြတကြီး ပြောလိုက်သည်။

နတ်ဘုရားနယ်မြေထဲ မဝင်ခင်က သူသည် လီယန်ချူးကို ဖော်ဖော်ရွေရွေ ပြုံးပြခဲ့ဖူးသူ ဖြစ်၏။

ထပ်မံတွေ့ဆုံရသဖြင့် လီယန်ချူးသည်လည်း အေးစက်စက် မလုပ်ဘဲ ခေါင်းအသာ ငြိမ့်ပြလိုက်သည်။

"ထပ်တွေ့ကြပြန်ပြီနော်။" လီယန်ချူးက ပြုံး၍ ဆိုလိုက်၏။

"မိတ်ဆွေ... ကျွန်တော့်နာမည်က ကျိုးရွှန့်ဖုန်း ပါ။ ခင်ဗျားကို ကြည့်ရတာ ဖြောင့်မတ်တဲ့ အရှိန်အဝါတွေ ရှိနေတယ်၊ ကျွန်တော်တို့ အဖွဲ့ဖွဲ့ကြမလား"

ရွှန့်ဖုန်း ... လီယန်ချူးက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းခါ၍ ငြင်းလိုက်သည်။

"ကျွန်တော်တို့က မရင်းနှီးကြဘူး၊ အဖွဲ့ဖွဲ့လိုက်ရင် အန္တရာယ် ပိုများသွားလိမ့်မယ် "

ကျိုးရွှန့်ဖုန်းက ရယ်မောကာ

"ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ စိတ်ချပါ၊ ကျွန်တော်က လုံဟူရှန်း က တပည့်တစ်ယောက်ပါ။ ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး "

လီယန်ချူးကတော့ ဆက်ပြီး ငြင်းနေဆဲပင်။ မရင်းနှီးသူနှင့် ဤကဲ့သို့သော နေရာမျိုးတွင် အဖွဲ့ဖွဲ့ခြင်းမှာ နောက်ကျောကို ဓားဖြင့် အထိုးခံရရန် အခွင့်အရေး ပေးခြင်းနှင့် အတူတူပင်။

ကျိုးရွှန့်ဖုန်းသည်လည်း လီယန်ချူးက ငြင်းသဖြင့် အတင်းအကျပ် မလုပ်တော့ဘဲ

"ဒါဆိုလည်း အားနာပါတယ်ဗျာ။" ဟု ပြုံး၍ ပြောလိုက်သည်။

လီယန်ချူးက သူ့ကို ဆက်ဂရုမစိုက်တော့ဘဲ တောင်တန်းများဆီသို့သာ အကြည့်ပို့လိုက်၏။

ရှူး

တောင်တန်းများအတွင်းမှ ပုံရိပ်တစ်ခု အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ပေါ်လာသည်။

ထိုသူမှာ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်လုံးကိုယ်ထည်မှာ ကြီးမားသန်မာလှသည်။

"ရွှီထျန်းနန် ... သူလည်း ရောက်လာတာလား"

လီယန်ချူးက တိုးတိုးလေး ရေရွတ်လိုက်မိသည်။

သို့သော် သူ၏နားထဲတွင် ကျိုးရွှန့်ဖုန်း၏ အသံကို ထပ်မံ ကြားလိုက်ရပြန်၏။ သူသည် အလတ်တန်းစား တာအိုဆရာတစ်ဦးကို ထပ်မံတွေ့ရှိသွားပြီး ယဉ်ကျေးပျူငှာစွာ ပြောနေခြင်း ဖြစ်သည်။

"မိတ်ဆွေ... မင်္ဂလာပါ။ ကျွန်တော့်နာမည်က ကျိုးရွှန့်ဖုန်း ပါ၊ လုံဟူရှန်း တပည့်တစ်ယောက်ပါ။ ခင်ဗျားကို ကြည့်ရတာ ဖြောင့်မတ်တဲ့ အရှိန်အဝါတွေ ရှိနေတယ်၊ ကျွန်တော်တို့ အဖွဲ့ဖွဲ့ကြမလား "

"..."

လီယန်ချူး အံ့သြတကြီး လှည့်ကြည့်လိုက်မိရာ နှုတ်ခမ်းထောင့်များပင် တွန့်သွားတော့သည်။

ဒီကောင့်ကိုတော့ဖြင့်...

All Chapters