← Chapters

အခန်း (၇၀၇-၇၀၈)

Vol. 71 Ch. 707-708

အခန်း (၇၀၇-၇၀၈)

Vol. 71 Ch. 707-708

အခန်း (၇၀၇) - ပုံရိပ်ယောင်အတတ် ၊ စေတနာ ၊ရှေးဟောင်းပစ္စည်း ဆေးလုံးများ ၊ ဒီသူငယ်ချင်းကိုတော့ ငါ အပိုင်ပေါင်းပြီ

ဗုန်း ဗုန်း ဗုန်း

ဗောဓိပင်အောက်ဝယ် မုယုံလုံချန်သည် ချင်းချန်တောင်မှ ထျယ်ရှန်းတာအိုဆရာ အပါအဝင် အခြားသော ကျင့်ကြံသူအချို့နှင့် အပြင်းအထန် လုံးထွေးတိုက်ခိုက်နေကြသည်။

ဤရုတ်တရက် ဖြစ်ပျက်လာသော အပြောင်းအလဲကြောင့် လီယန်ချူးပင် ခဏမျှ မှင်တက်သွားရ၏။ ရှေးဦးစွာက သူသည် လူအုပ်ကြီး၏ စကားဝိုင်းကို သေချာနားမထောင်ခဲ့ဘဲ အချင်းချင်း ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေကြသည်ကိုသာ မရေမရာ ကြားခဲ့ရခြင်းဖြစ်သည်။ တစ်စုံတစ်ခုသော မနှစ်မြို့ဖွယ်ကိစ္စ ဖြစ်ပျက်သွားပုံရပေသည်။

အခြားတစ်ဖက်တွင်မူ ကျူယန့်သားရဲကြီးသည် သားရဲဆိုးအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ရွှီထျန်းနန်ကို နောက်သို့ ဆုတ်သွားစေသည်။

ဒုန်း

ကျူယန့်က လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ မြက်ခင်းပြင်မှ ကျင့်ကြံသူတစ်ဦးမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားရ၏။ အော်ဟစ်ညည်းတွားရန်ပင် အချိန်မရလိုက်ပေ။

ရွှီထျန်းနန်၏ မျက်နှာမှာလည်း ဖြူဖျော့နေသည်။ စောစောက သူသည် ကျူယန့်၏ ဝိညာဉ်ကို သတ်ဖြတ်ရန် ပြင်းထန်သော နည်းဗျူဟာတစ်ခုကို အသုံးပြုခဲ့သော်လည်း ထိုကျူယန့်၏ ခန္ဓာကိုယ်အတွင်း၌ ဘာဝိညာဉ်မှ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။

ထို့ပြင် ကျူယန့်က အတင်းဝင်လုံးပြီး လက်သီးဖြင့် ထိုးနှက်လိုက်သဖြင့် သူ ပြန်လည် ခံစစ်ယူလိုက်ရသေးသည်။ အကယ်၍ သူ၏ အာရုံခံစွမ်းအား က ခန္ဓာကိုယ်ရှေ့တွင် အကာအကွယ် အလွှာတစ်ခု မပြုလုပ်ထားနိုင်ပါက ထိုလက်သီးတစ်ချက်က သူ၏ အသက်ကိုပင် ရန်ရှာသွားနိုင်ပေသည်။

ရွှီထျန်းနန်၏ မျက်နှာမှာ တည်တင်းသွား၏။ ထိုကျူယန့်သည် သွားရာမှ ပြန်လှည့်လာကာ သူ့ကို ထပ်မံ သတ်ဖြတ်ရန် ပြေးဝင်လာပြန်သည်။

"မကောင်းတော့ဘူး ဒီနေရာမှာတင် ငါ အရှက်ကွဲပြီး သေရတော့မှာလား "

ရွှီထျန်းနန်၏ နှုတ်ခမ်းများ တွန့်သွားပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်သည်။

"အဲဒီ အဖိုးကြီးကို ကူညီပြီး ဒီကို လာဖို့ သဘောတူခဲ့တာ မှားပြီ"

ကျူယန့်သည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး လမ်းတွင်ရှိသော ကျင့်ကြံသူတစ်ဦးကို တိုက်မိကာ လူမှာ အစအနမကျန် ကြေမွသွားရ၏။ ၎င်းသည် ရွှီထျန်းနန်၏ ရှေ့သို့ တည့်တည့်မတ်မတ် ရောက်လာတော့သည်။

ရွှီထျန်းနန်၏ မျက်ဝန်းထဲတွင် ပြတ်သားသော အကြည့်များ ပေါ်လာ၏။ နှစ်ပေါင်းများစွာ သူ အပြင်းအထန် ကျင့်ကြံခဲ့ပြီး စိတ်ဓာတ်ကိုလည်း ကြံ့ခိုင်အောင် တည်ဆောက်ထားခဲ့ရာ ဤကျူယန့်လက်ထဲတွင် အလွယ်တကူ အသေခံရန် မရည်ရွယ်ပေ။

"မင်းလို တိရစ္ဆာန်ရိုင်းကို ငါ သတ်ပစ်ရမယ် ဝိုင်းဝန်းပျံသန်းသော ဓားမြှောင်ပေါင်း သောင်းခြည်"

ရွှီထျန်းနန်က အေးစက်စွာ ဟစ်ကြွေးရင်း လက်ဖြင့် မန္တန်ဖွဲ့လိုက်ရာ သူ၏ နောက်ကျောဘက်တွင် ထောင်နှင့် သောင်းနှင့်ချီသော ဓားမြှောင်များ စုစည်း ပေါ်ပေါက်လာတော့သည်။

"တကယ့်ကို ခန့်ညားတဲ့ အထူးပြုလုပ်ချက် ပါလား"

လီယန်ချူးက တစ်ချက် ကြည့်လိုက်ပြီး ရွှီထျန်းနန်ထံမှ ထွက်ပေါ်လာသော ထိုပြင်းထန်လှသည့် အငွေ့အသက်ကို ခံစားမိကာ အနည်းငယ် အားကျသွားရသည်။

ဟိုလူ့ရဲ့ အစွမ်းပြပုံက အရမ်းမိုက်တာပဲ၊ ငါကျတော့ အမြဲတမ်း လက်သီးနဲ့ပဲ ထိုးနေရတာ နည်းနည်းတော့ ခေနေသလိုပဲ။ သို့သော် ပြန်စဉ်းစားကြည့်လိုက်သည့်အခါ သူ၏ သိုင်းပညာထဲတွင် "မဟာကရုဏာ လက်ကွက်တစ်ထောင်" ကဲ့သို့ ကောင်းကင်ယံအနှံ့ လက်သီးရိပ်များ ပစ်လွှတ်နိုင်သော အကွက်မျိုး ရှိနေသေးသည်ကို သတိရကာ စိတ်သက်သာရာ ရသွားတော့သည်။

ရွှီထျန်းနန်၏ မျက်နှာတွင် အသေခံတိုက်မည့် အရိပ်အယောင်များ ပေါ်လာ၏။ သူသည် ကျူယန့်ကို ဤနေရာတွင်တင် အပြတ်နှိမ်နင်းရန် အစွမ်းကုန် ထုတ်ဖော်တော့မည် ဖြစ်သည်။

နှစ်ပေါင်းများစွာ သူသည် မူလဝိညာဉ် အာရုံခံစွမ်းအားဖြင့် လောကအနှံ့ နာမည်ကြီးခဲ့ရာ ဤတိရစ္ဆာန်ရိုင်းလက်ထဲတွင် အရှုံးပေး၍ မဖြစ်ပေ။ နှလုံးသွေးကြောများ ထိခိုက်ဒဏ်ရာရမည့်အဖြစ်မျိုး ကြုံရလျှင်ပင် ဤနေရာ၌ အရှုံးမပေးနိုင်ပေ။

ဝူး...

ပြင်းထန်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြန်သည်။

နောက်ထပ် ကျူယန့်တစ်ကောင် ထပ်မံ ရောက်ရှိလာပြန်၏။ ဤတစ်ကောင်၏ အငွေ့အသက်က ပို၍ပင် ပြင်းထန်လှသည်။ ၎င်းမှာ ရွှီထျန်းနန် စောစောက မြူဆွယ်ခေါ်ထုတ်သွားခဲ့သော ကျူယန့်ပင် ဖြစ်သည်။

လူတိုင်းမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြပြီး ဦးရေပြားများပင် ထုံကျဉ်သွားရ၏။ ရုပ်ချင်း ဆင်တူလှသော ကျူယန့် နှစ်ကောင်ကို ကြည့်ကာ အသက်ရှူပင် မှားသွားကြတော့သည်။ ထိုသူများမှာ ကျင့်စဉ်စွမ်းအား ကြီးမားသူများ ဖြစ်ကြသဖြင့် အလွန်အမင်း ထိတ်လန့်သွားကြရာ ပတ်ဝန်းကျင်ရှိ လေထုမှာပင် လီယန်ချူး ခံစားမိသည်အထိ အေးစက်သွားတော့သည်။

ယခုအခါတွင်မူ ရွှီထျန်းနန်သည် သူတို့ကို ထောင်ချောက်ဆင်ခြင်း မဟုတ်ဘဲ သူကိုယ်တိုင်ပင် အသုံးချခံလိုက်ရခြင်း ဖြစ်သည်ကို လူတိုင်း ယုံကြည်သွားကြပြီ ဖြစ်သည်။

"အခြေအနေ မဟန်တော့ဘူး အမြန်ဆုတ်ကြ"

ရွှီထျန်းနန်က မျက်လုံးချင်း ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"ချန်ယန်၊ မြန်မြန်သွား"

ရွှီထျန်းနန်မှာ တကယ့်ကို စိတ်ထားကောင်းသူ ဖြစ်၏။ သူသည် ကိုယ်လွတ်ရုန်းပြေးရန် မစဉ်းစားဘဲ နောက်ဆုံးမှနေ၍ အကာအကွယ် ပေးရန် ဆုံးဖြတ်လိုက်သည်။ ယခုကဲ့သို့ ကမ္ဘာပျက်မည့် ကာလကြီးတွင် အပြောင်းအလဲများစွာ ရှိနေသည်ကို ယန်ဝိညာဉ် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ ခံစားမိသည်။

စောစောက သူသည် စေတနာရှေ့ထား၍ ချန်နိုင်ငံ ကျင့်ကြံသူများ ဗောဓိသီး ရရှိနိုင်ရန် လမ်းစဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် မကောင်းသောသူအချို့ ပါဝင်နေလျှင်ပင် သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် သူ အသုံးချခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဤနေရာတွင် ကျူယန့် နှစ်ကောင် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ထို့ကြောင့် ရွှီထျန်းနန်၏ စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း ထွက်ပြေးရန် မရည်ရွယ်ဘဲ ကျူယန့် နှစ်ကောင်ကို အံတုရန် စိတ်ပိုင်းဖြတ်လိုက်သည်။

ဝူး... ဝူး...

ကျူယန့်၏ အားနည်းနေသော အခြေအနေမှာ ရုတ်တရက် ပြန်လည် ကောင်းမွန်လာပုံရသည်။ ရွှီထျန်းနန် သိထားသည်မှာ ဤကျူယန့်သည် အချိန်အပိုင်းအခြားတစ်ခုတိုင်း၌ အစွမ်းကျဆင်းသွားတတ်သည် ဟူ၍ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဤမျှ မြန်မြန်ဆန်ဆန် ပြန်လည် အားပြည့်လာလိမ့်မည်ဟု မထင်ထားပေ။

"တောက် ဒီတစ်ခါတော့ တကယ်ပဲ ဒီမှာတင် ပွဲသိမ်းရတော့မှာလားမသိဘူး"

ရွှီထျန်းနန်က မျက်နှာပျက်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။

ဗုန်း ဗုန်း

ကျူယန့် နှစ်ကောင်မှာ အဟုန်ပြင်းစွာ ပြေးဝင်လာပြီး တစ်ကောင်မှာ လမ်းတွင်ရှိသော ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်လိုက်ပြီးနောက် ရွှီထျန်းနန်ဆီသို့ ဦးတည်လာကြသည်။

ရွှီထျန်းနန်သည် အသက်ပြင်းပြင်း ရှူကာ အားရပါးရ အော်ဟစ်လိုက်၏။ ကောင်းကင်ယံသို့ မော်ကြည့်ကာ ဟိန်းဟောက်လိုက်သော သူ၏ အရှိန်အဝါမှာ သက်တန့်ကဲ့သို့ တောက်ပနေတော့သည်။

"လာကြစမ်း မင်းတို့ တိရစ္ဆာန်ရိုင်း နှစ်ကောင် ငါ ရွှီထျန်းနန်က ဘာကို ကြောက်ရမှာလဲ"

ဤအချိန်မှာပင် သူ၏ ဘဝတွင် အတောက်ပဆုံး အခိုက်အတန့် ဖြစ်ပေလိမ့်မည်။ သို့သော် ကျူယန့် နှစ်ကောင်မှာ သူ၏ ရှေ့သို့ ရောက်ခါနီးမှာပင် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။

ရွှီထျန်းနန် - "..."

သူ၏ ရင်ဘတ်ထဲတွင် အားအင်များ ပြည့်လျှံနေဆဲဖြစ်သော်လည်း မျက်လုံးများ ပြူးကာ ဘာဖြစ်သွားသည်ကို မသိဘဲ မှင်တက်ကျန်ရစ်ခဲ့သည်။

"အဲဒီ ငါးရောင်ခြည် အလင်းတန်းက ဘာလဲ"

စောစောက ငါးရောင်ခြည် အလင်းတန်း နှစ်ခု ပျံတက်သွားပြီး ကျူယန့် နှစ်ကောင်ကို ရိုက်ချလိုက်သည်ကို သူ သတိထားမိလိုက်သည်။ ထို့နောက်တွင် ကျူယန့်များမှာ ပျောက်ကွယ်သွားခြင်း ဖြစ်၏။

"ဆေးလုံးလား"

ရွှီထျန်းနန်၏ မူလဝိညာဉ် အာရုံခံစွမ်းအားမှာ အလွန်ပင် အားကောင်းလှရာ ကောင်းကင်ယံမှ ဆေးလုံး နှစ်လုံး အောက်သို့ လွင့်ကျလာသည်ကို လျင်မြန်စွာ မြင်လိုက်ရသည်။ နောက်တစ်စက္ကန့်တွင် ထိုဆေးလုံးများမှာလည်း ပျောက်ကွယ်သွားပြန်သည်။

ရွှီထျန်းနန်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားရ၏။ သူ၏ မျက်လုံးများမှာ မှေးစင်းသွားပြီး

"အဲဒီ ငါးရောင်ခြည် အလင်းတန်းက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ"

ထိုအလင်းတန်းသာမက ယခုကဲ့သို့ အဖြစ်အပျက်မျိုးကိုပါ သူ ရင်းနှီးနေသကဲ့သို့ ခံစားရသည်။ သူ လှည့်ကြည့်လိုက်သည့်အခါ ဤနေရာရှိ ကျင့်ကြံသူများမှာလည်း အံ့သြထိတ်လန့်နေကြသည်ကို တွေ့ရ၏။

"တကယ်တော့ ဘာတွေ ဖြစ်သွားတာလဲ"

ရွှီထျန်းနန်သည် သူ၏ အာရုံခံစအားကို လူအုပ်ကြားသို့ ဖြန့်ကြက်ကြည့်သော်လည်း ဘာထူးခြားမှုမှ မတွေ့ရပေ။ အရပ်ရှည်ရှည် လူငယ်တစ်ဦးကတော့ မျက်နှာအမူအရာ အမျိုးမျိုး လုပ်ပြနေသည်ကို တွေ့လိုက်ရသည်။

သူသည် မျက်မှောင်ကြုတ်ကာ

"ကျိုးရွှန့်ဖုန်း ဆိုတဲ့ ဒီကောင်လေးကတော့... ငါသာ လုံဟူရှန်းက နတ်ဆရာ ဆိုရင် သူ့ကို ဂိုဏ်းကနေ ထုတ်ပစ်လိုက်တာ ကြာပြီ"

ဟု တွေးတောကာ အကြည့်လွှဲလိုက်တော့သည်။

လီယန်ချူးသည် အသာအယာ ပြုံးလိုက်မိသော်လည်း စိတ်ထဲတွင်မူ အလွန်ပင် ဝမ်းသာနေမိသည်။ စောစောက သူသည် လှံဖြင့် ကျူယန့်၏ ကိုယ်ထဲသို့ ထိုးလိုက်စဉ်ကတည်းက သွေးသားခန္ဓာကိုယ် မဟုတ်ဘဲ ထူးဆန်းနေသည်ကို သတိပြုမိခဲ့သည်။ ထို့ပြင် ကျူယန့်၏ အရှိန်အဝါများ ရုတ်တရက် ကျဆင်းသွားခြင်းကလည်း ထူးဆန်းလှသည်။

ပုံမှန်အားဖြင့် နတ်ဆိုးမျိုးနွယ်များ၏ ကိုယ်ခန္ဓာမှာ အလွန် သန်မာလှပြီး ဤကဲ့သို့သော နတ်သားရဲများဆိုလျှင် ပို၍ပင် ပြောစရာမလိုပေ။ သူတို့၏ စွမ်းအားများ ကုန်ခမ်းသွားလျှင်ပင် ကိုယ်ခန္ဓာမှာ ဆက်လက် သန်မာနေရမည်ဖြစ်ပြီး စွမ်းအားလျော့သည်နှင့်အမျှ ကိုယ်ခန္ဓာပါ အားနည်းသွားစရာ အကြောင်းမရှိပေ။

ထို့ကြောင့် လီယန်ချူးသည် စမ်းသပ်သည့်အနေဖြင့် ငါးရောင်ခြည် အလင်းတန်း နှစ်ခုကို ကျောက်စိမ်းပေတံ ဖြင့် ထုတ်လွှတ်ကာ ရိုက်ချလိုက်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ၎င်းမှာ တကယ့်ကို အလုပ်ဖြစ်သွားခဲ့၏။

"ဒီကျူယန့် နှစ်ကောင်က ဆေးလုံးတွေကနေ အသွင်ပြောင်းထားတာကိုး "

လီယန်ချူး၏ စိတ်ထဲတွင် ရင်ခုန်သွားရသည်။ ဤအရာမှာ ရှေးဟောင်း လက်နက် တစ်မျိုး ဖြစ်ရမည်ဖြစ်ပြီး ဤနေရာကို စောင့်ကြပ်ရန် ကျူယန့်အသွင် ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုဆေးလုံးထဲရှိ စွမ်းအားများ လျော့နည်းလာသောကြောင့်သာ ခံစစ်စွမ်းအားပါ ကျဆင်းသွားရခြင်း ဖြစ်သည်။

"ဒါဆိုရင် စောစောက ပုံရိပ်ယောင်အတတ်က တကယ်တော့ ပုံရိပ်ယောင် မဟုတ်ဘူးပဲ။ အဲဒီ ဆေးလုံးတွေက ဒီမှာ အရင်ကတည်းက ရှိနေပြီးတော့ တစ်စုံတစ်ခုကြောင့် အစွမ်းပြလာပြီး ကျူယန့်တွေ ရုတ်တရက် ပေါ်လာတာပဲ ဖြစ်ရမယ်"

ဟု လီယန်ချူးက တွေးတောလိုက်သည်။

သူ ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ ကျိုးရွှန့်ဖုန်းက သူ့ကိုကြည့်ကာ သွားဖြဲနားဖြဲဖြင့် အားရပါးရ ပြုံးပြနေသည်ကို တွေ့လိုက်ရ၏။

"ကျိုးညီလေး... ဘာဖြစ်လို့လဲ"

လီယန်ချူးက မေးလိုက်သည်။

ကျိုးရွှန့်ဖုန်းက ခေါင်းခါပြသော်လည်း လီယန်ချူးကို ကြည့်ကာ ပြုံးနေဆဲဖြစ်ပြီး သူ၏ အကြည့်များမှာ အလွန်ပင် နူးညံ့နေသည်။ ရတနာကြီး တစ်ခုခုကို တွေ့ရှိထားသကဲ့သို့ပင်။

လီယန်ချူးမှာ မျက်မှောင်ကြုတ်သွားရသည်။ ထိုလူသည် ဘာကြောင့် ထူးထူးဆန်းဆန်း ဖြစ်နေရသနည်း။ သူသည် မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဝိုင်းဝန်းတိုက်ခိုက်ခံနေရသော မုယုံလုံချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထျယ်ရှန်းတာအိုဆရာမှာ ဆံပင်များ ထောင်ထနေပြီး ဒေါသတကြီး ဆဲဆိုနေ၏။

"မင်းလို ကျူယန့်အကောင်ပေါက်က တကယ့်ကို ဓာတ်ငွေ့ကို နဂါးအသွင်ပြောင်းတဲ့အတတ် ကိုတောင် တတ်နေသေးတာပဲ "

"သွားစမ်းပါ ကွာ သူခိုး တာအိုဆရာ ခင်ဗျားကိုယ်တိုင်က ကျူယန့်၊ ခင်ဗျား တစ်မိသားစုလုံးက ကျူယန့်တွေ "

မုယုံလုံချန်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်နဂါးများကို ထျယ်ရှန်းတာအိုဆရာဆီသို့ စေလွှတ်လိုက်တော့သည်။

လီယန်ချူး - "..."

သူသည် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ တစ်ဖက်နှင့် တစ်ဖက် စကားပြောနေကြသည်မှာ နွားနားပန်းသီးတီးနေသကဲ့သို့ ဖြစ်မနေဘူးလား သူတို့အားလုံး ပုံရိပ်ယောင်အတတ် ထဲ ရောက်နေကြတာလား။

ဘေးမှ ကျိုးရွှန့်ဖုန်းကမူ လီယန်ချူးကို ကြည့်ကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်နေ၏။

အရမ်းမိုက်တာပဲ ဒီလူက ဒီလောက်တောင် ကောက်ကျစ်စဉ်းလဲ နိုင်တာပဲ၊ သူ့နောက်ကို လိုက်မယ်ဆိုရင်တော့ တကယ့်ကို မမှားနိုင်ဘူး။

စောစောက လီယန်ချူး၏ လက်ထဲမှ ငါးရောင်ခြည် အလင်းတန်း ထွက်လာပြီး ကျူယန့်များ ပျောက်ကွယ်သွားသည်ကို ကျိုးရွှန့်ဖုန်း တစ်ယောက်တည်းသာ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

လက်တစ်ဖျောက်တီးလိုက်ရုံဖြင့် တတိယအဆင့် သားရဲဆိုး နှစ်ကောင်ကို ပျောက်ကွယ်သွားစေနိုင်ခြင်းမှာ အံ့မခန်းစွမ်းအား မဟုတ်လျှင် ဘာဖြစ်နိုင်ပါဦးမည်နည်း။

ဒီသူငယ်ချင်းကိုတော့ ငါ အပိုင်ပေါင်းပြီ

အခန်း (၇၀၈) - ရိုက်နှက်လိုက်တာကတော့ ရိုက်နှက်လိုက်တာပဲ ၊ မင်းက ငါ့ကို အင်အားနည်းတယ်ဆိုပြီး အနိုင်ကျင့်တာပဲ ၊ လောကကြီးအတွက် ဒီလူယုတ်မာကို ငါကိုယ်တိုင် သတ်ဖြတ်ပေးမယ်

လီယန်ချူးမှာမူ ကျိုးရွှန့်ဖုန်းက မိမိကို စောစောကတည်းက သတိထားမိနေသည်ကို မသိရှိဘဲ၊ ဤလူသည် တစ်စုံတစ်ရာသော စိတ်ဝေဒနာ ခံစားနေရသလားဟုပင် ထင်မှတ်နေမိသည်။

ရွှီထျန်းနန်သည် ရှေ့သို့တက်ကာ ထျယ်ရှန်းတာအိုဆရာကို ခေါ်ယူနှိုးဆွလိုက်မှသာ တာအိုဆရာမှာ အိပ်မက်မှ နိုးလာသကဲ့သို့ သတိဝင်လာတော့သည်။

သူ၏ရှေ့မှ ကျူယန့်အကောင်ပေါက်မှာ ကျူယန့်မဟုတ်ဘဲ မုယုံလုံချန် ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါမှသာ မိမိမှာ မသိမသာဖြင့် ပုံရိပ်ယောင်အတတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း ထျယ်ရှန်းတာအိုဆရာ သဘောပေါက်သွားတော့သည်။

သူသည် မုယုံလုံချန်ကို ကြည့်ကာ အနည်းငယ် တောင်းပန်စကားဆိုရန် ပြင်လိုက်သော်လည်း၊ တစ်ဖက်လူမှာ မြက်ခင်းပြင် ရွှေရောင်တဲနန်း မှ အရိုင်းအစိုင်းတစ်ဦး ဖြစ်နေသည်ကို သတိရသွားသဖြင့် ဘာစကားမျှ မဆိုတော့ဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရုံသာ ပြုလိုက်တော့သည်။

"ကိစ္စမရှိပါဘူး၊ ဒီမြေးလေးကို ရိုက်နှက်လိုက်တာကတော့ ရိုက်နှက်လိုက်တာပါပဲ"

ရွှီထျန်းနန်က အနားသို့ လျှောက်လာပြီး နှစ်သိမ့်စကား ဆိုသည်။ သူသည် ထျယ်ရှန်းတာအိုဆရာနှင့် ရင်းနှီးသူဖြစ်သဖြင့် အခြေအနေကို ချက်ချင်းဝင်ရောက် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

တာအိုဆရာက ခေါင်းညိတ်လိုက်သည်

"ဒါပေါ့... မှန်တာပေါ့"

မုယုံလုံချန်၏ မျက်ဝန်းအစုံထဲတွင် အေးစက်သော လူသတ်လိုသည့် အရိပ်အယောင်များ ပေါ်လာ၏။

"မင်း ဘာပြောလိုက်တာလဲ"

ရွှီထျန်းနန်က ခေါင်းကို မော့ကာ အေးစက်စွာ တုန့်ပြန်လိုက်သည်။

"ငါက မင်းကို မြေးလေးလို့ ပြောတာလေ၊ ဘာလဲ... မကျေနပ်လို့လား "

တတိယအဆင့် ယန်ဝိညာဉ်ကျွမ်းကျင်သူဆိုတာကို တစ်ချက်လောက် သတိရပေးပါဦး ဟု ဆိုလိုသည့်ဟန်ဖြင့် ရွှီထျန်းနန်က စိန်ခေါ်လိုက်သည်။

မုယုံလုံချန်၏ မျက်နှာမှာ အေးစက်သွားပြီး တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင်၊ ဗောဓိပင်ကြီးသည် ရုတ်တရက် ခြေထောက်နှစ်ချောင်း ပေါက်လာကာ နောက်သို့ အတင်း ပြေးထွက်သွားတော့သည်။

သူသည် ရွှီထျန်းနန်၏ နောက်ကျောဘက်တွင် ခြေထောက်များဖြင့် ပြေးလွှားနေသော ဗောဓိပင်ကြီးကို ကြည့်ကာ မျက်နှာပျက်သွားရသည်။

"ဗောဓိပင် ပြေးနေပြီ"

"ဒီလို ကလေးကလား လှည့်ကွက်တွေ လာမသုံးနဲ့ ငါ့ရှေ့မှာ ဒီလိုကစားဖို့ မင်းက နုသေးတယ် "

ရွှီထျန်းနန်က မိမိရှေ့မှ မုယုံလုံချန်ကို ကြည့်ကာ ဆဲရေးတိုင်းထွာလိုက်သည်။

မုယုံလုံချန် - "..."

ရွှီထျန်းနန်သည် ရှေ့သို့ တစ်လှမ်းတက်ကာ မုယုံလုံချန်၏ လမ်းကို ပိတ်ဆို့လိုက်ပြီး မျက်လုံးများက တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်။

"ဗောဓိပင် တကယ်ကြီး ပြေးနေတာပါဆို"

မုယုံလုံချန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ဘယ်သူ့ကို လာလိမ်နေတာလဲ"

ရွှီထျန်းနန်က လုံးဝ မယုံကြည်ပေ။

မုယုံလုံချန်သည် မိမိကို လှည့်ကြည့်အောင် လိမ်ညာနေခြင်းသာ ဖြစ်သည်ဟု သူ ယူဆလိုက်သည်။ ဤကဲ့သို့သော လှည့်ကွက်မျိုးမှာ ကလေးသူငယ်များကိုသာ လှည့်စား၍ ရပေလိမ့်မည်။

မုယုံလုံချန်၏ နှုတ်ခမ်းများ တွန့်သွားရ၏။ သူ၏ အကြည့်မှာ ဗောဓိပင်ကြီးထံသို့ ရောက်သွားသည့်အခါ ထိုအပင်မှာ အလင်းတန်းများ အကြိမ်ကြိမ် လက်သွားပြီးနောက် လုံးဝ ပျောက်ကွယ်သွားကာ အစအနပင် မကျန်တော့သည်ကို မြင်လိုက်ရသည်။

မုယုံလုံချန်မှာ ဒေါသတကြီးဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဝတ်ရုံစကို ခါထုတ်ရင်း သူ၏ မြက်ခင်းပြင် ကျင့်ကြံသူ အခြံအရံများနှင့်အတူ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။

ရွှီထျန်းနန်မှာလည်း လက်ရှိတွင် ယန်ဝိညာဉ် အစစ်အမှန်အဆင့်သို့ ပြန်မရောက်သေးဘဲ ဒဏ်ရာလည်း ရထားသူ ဖြစ်သည်။ သူသည် နှုတ်ကြမ်းလျှာကြမ်း ဆဲဆိုနေသော်လည်း တကယ်တမ်း တိုက်ခိုက်ရန်တော့ မရည်ရွယ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာရှိ လူများမှာ ကောက်ကျစ်စဉ်းလဲသူများ ဖြစ်ကြရာ၊ မည်သည့်အချိန်တွင် မိမိကို ဝိုင်းကိုက်ကြမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။

"အရာရှိမင်း... ဗောဓိပင်က တကယ်ကြီး ပြေးသွားတာပါ"

ချန်ယန်က အနားသို့ တိုးကပ်လာပြီး သတိပေးလိုက်သည်။

ထိုအခါမှ ရွှီထျန်းနန် လှည့်ကြည့်လိုက်ရာ ဆွံ့အသွားရတော့သည်။ ဤမျှ ကြီးမားသော ဗောဓိပင်ကြီးက တကယ်ပဲ ပြေးသွားသည်လား။

"ရပါတယ်၊ ပြေးလည်း ပြေးပါစေပေါ့... ဘယ်သူမှလည်း မစားရတော့ဘူး"

ရွှီထျန်းနန်က ခဏမျှ စဉ်းစားပြီးနောက် ဆဲလိုက်ပြန်သည်။

စောစောက သူသည် မြင့်မြတ်သော စိတ်ထားဖြင့် ကျူယန့်ကို မြူဆွယ်ခေါ်ထုတ်သွားခဲ့သော်လည်း၊ အရေးကြုံသည့်အခါတွင်မူ ဤလူများမှာ ကိုယ်စီ အကြံအစည်များဖြင့် သူ့ကိုပင် "မြေခွေးအိုကြီး" ဟု ထင်မြင်နေကြသေးသည်။ ရွှီထျန်းနန်ကဲ့သို့ ဒေါသကြီးသူတစ်ဦးအဖို့ ဤကိစ္စကို စိတ်ထဲမထားဘဲ မနေနိုင်ပေ။

လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြပြီး အချို့မှာ စတင် ထွက်ခွာသွားကြသည်။ ဗောဓိပင်မှာ နတ်ပစ္စည်းဖြစ်ပြီး ဗောဓိသီးမှာလည်း တန်ဖိုးဖြတ်မရသော ရတနာဖြစ်ရာ တစ်လုံးရရုံဖြင့် ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး များစွာရှိသော်လည်း၊ ယခုမူ အားလုံးမှာ လက်ချည်းဗလာဖြင့် ပြန်ကြရတော့မည် ဖြစ်သည်။

လူများ တဖြည်းဖြန်း ထွက်ခွာသွားကြရာ၊ ဖေးဟေးဟု မှာလည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းခါကာ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် ရွှီထျန်းနန်နှင့် အဖွဲ့က သူ့ကို ဝိုင်းလိုက်ကြ၏။

"ဟေ့ အိုဖေး... ခုနက တော်တော်လေး ဟိတ်ဟန်ထုတ်နေပြီးတော့ အခုကျတော့ ဘာလို့ ထွက်သွားမလို့လဲ "

ဖေးဟေးဟုက အေးစက်စွာ ရယ်မောလိုက်သည်

"မုယုံလုံချန် ထွက်သွားတုန်းကတော့ ခင်ဗျား မတားရဲဘူး၊ အခု ငါက အင်အားနည်းနေတာကို မြင်လို့ အနိုင်ကျင့်ချင်တာလား "

ရွှီထျန်းနန်က အလေးအနက် ခေါင်းညိတ်ပြသည်

"မှန်တယ်... အဲဒီအတိုင်းပဲ"

ဖေးဟေးဟု၏ နှုတ်ခမ်းများ တွန့်သွားသည်

"ဒါ တရားရုံးချုပ် ရဲ့ လုပ်ရပ်ပေါ့... အတူတူ လာခဲ့တဲ့သူကိုမှ ပြန်လုပ်တယ် "

"ဟုတ်တယ်... မှန်တယ်... မင်း ခန့်မှန်းတာ မှန်တယ်၊ ဘာလဲ... မင်းမှာ ကန့်ကွက်စရာ ရှိလို့လား "

ရွှီထျန်းနန်၏ အကြည့်များက မကောင်းတော့ပေ။

ဖေးဟေးဟု - "..."

ရွှီထျန်းနန်သည် တရားရုံးချုပ် အကြီးအကဲ ဝမ်အဘိုးကြီး နှင့် အတူရှိနေသည်မှာ ကြာပြီဖြစ်ရာ သူ၏ စရိုက်မှာလည်း အဘိုးကြီးနှင့် တဖြည်းဖြည်း တူလာခဲ့ခြင်း ဖြစ်သည်။

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အစွမ်းထက် ကျင့်ကြံသူ အများအပြားက ဖေးဟေးဟုကို ဝိုင်းလိုက်ကြသဖြင့် ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်တော့မည့် အခြေအနေသို့ ရောက်သွားတော့သည်။

လီယန်ချူးကလည်း ထိုအခြေအနေကို စောင့်ကြည့်နေမိသည်။ သူတင်မကဘဲ အခြားသော ကျင့်ကြံသူများစွာမှာလည်း ဘေးမှနေ၍ အေးအေးဆေးဆေး ကြည့်နေကြခြင်း ဖြစ်သည်။

ဖေးဟေးဟု၏ အကြည့်များမှာ အေးစက်နေပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"အစ်ကိုရွှီ... အခု ကျွန်တော် အမှားဝန်ခံရင် မှီသေးလား"

လီယန်ချူး - "..."

မျက်ခုံးထူထူ မျက်လုံးပြူးပြူးနှင့် ခန့်ညားလှသော ဤဖေးဟေးဟုမှာ ဤမျှအထိ လျင်မြန်စွာ အလျှော့ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သို့သော် ရလဒ်မှာ မထူးခြားခဲ့ဘဲ ဖေးဟေးဟုမှာ ဝိုင်းဝန်း ရိုက်နှက်ခြင်းကို ခံလိုက်ရတော့သည်။ သူသည် ချန်ယန်ကဲ့သို့သော ပါရမီရှင်များနှင့် အဆင့်ချင်း တူညီသလို၊ မိမိကိုယ်တိုင်ကလည်း ယန်ဝိညာဉ် အဆင့်ရှိသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်သည်။ သူ၏ မြင်းဖြတ်ဓား မှာလည်း အလွန်ထက်မြက်ပြီး လူသတ်အငွေ့အသက်များ ပြည့်နှက်နေ၏။

သို့သော် ဤ လင်ရွှီ နယ်မြေထဲသို့ ရောက်လာသူများမှာ သာမန်လူများ မဟုတ်ကြပေ။ မကြာမီမှာပင် ဖေးဟေးဟုမှာ ဒဏ်ရာအပြင်းအထန် ရသွားတော့သည်။

သူက ဒေါသတကြီး အော်ဟစ်လိုက်သည်

"ကိစ္စတွေကို ဒီလောက်အထိ အစွန်းမရောက်စေနဲ့ငါ တရားရုံးချုပ်ထဲ ဝင်ပေးမယ်၊ ရမလား"

ရွှီထျန်းနန်က တည်ကြည်စွာ ပြန်ပြောလိုက်သည်

"တရားရုံးချုပ်ဆိုတာ မင်းလို အညစ်အကြေးတွေ ခိုလှုံရာနေရာ မဟုတ်ဘူး "

ဖေးဟေးဟု၏ နှုတ်ခမ်းများ တွန့်သွားပြန်၏။ စောစောက သူ ရန်မစခဲ့သင့်ကြောင်း နောင်တရနေမိသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မကောင်းဆိုးဝါးအငွေ့အသက် များ ပေါက်ကွဲထွက်လာ၏။ သူသည် ရှေးဟောင်းအလောင်းကောင်မှ ဝိညာဉ်ဝင်စားလာသူဖြစ်ပြီး အသိဉာဏ် ရရှိလာသော်လည်း ဖုတ်ကောင် တော့ မဖြစ်သွားခဲ့ပေ။ သူ၏ ယန်ဝိညာဉ် ခန္ဓာကိုယ်ကို အသုံးပြုကာ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခုခံလိုက်သည်။

ရှပ် ရှပ် ရှပ်

မြင်းဖြတ်ဓားမှာ အလွန်ထက်မြက်လှပြီး ယခုအခါတွင်မူ အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်နေသဖြင့် ဝိုင်းရံထားသော အလွှာကို အပေါက်ဖောက်နိုင်သွားတော့သည်။

ရွှီထျန်းနန်၏ အကြည့်များ ပြောင်းလဲသွား၏။ ယနေ့ ဤဖေးဟေးဟုကို လုံးဝ အလွတ်မပေးနိုင်ပေ။ ဤလူ၏ ကိုယ်ပေါ်မှ အလောင်းကောင် အငွေ့အသက်မှာ အလွန်ပြင်းထန်လှရာ အနှေးနှင့်အမြန် ဘေးဒုက္ခဖြစ်လာပေလိမ့်မည်။ ယခုပင် ရန်စရဲနေလျှင် နောက်နောင်တွင် ပုန်ကန်ရန် ဝန်လေးမည် မဟုတ်ပေ။

စောစောက အခြေအနေအရ ရွှီထျန်းနန် အောင့်အီး သည်းခံခဲ့သော်လည်း၊ ယခုအခါ အခွင့်အရေး ရနေသဖြင့် တရားရုံးချုပ်၏ ဂုဏ်သိက္ခာကို စော်ကား၍မရကြောင်း သူ ပြသရပေမည်။ ဤကဲ့သို့သော လူဆိုးမျိုးကို သေချာပေါက် သတ်ဖြတ်ရမည် ဖြစ်သည်။

ဖေးဟေးဟုက ဒေါသတကြီး အော်ဟစ်ကာ သူ၏ ဓားကို ပစ်လွှတ်လိုက်ရာ ချန်ယန်မှာ နောက်သို့ ဆုတ်သွားရ၏။

ချန်ယန်သည် ပြင်းထန်သော စွမ်းအားကြီးတစ်ခု မိမိဆီသို့ ဦးတည်လာသည်ကို ခံစားလိုက်ရပြီး သူ၏ စိတ်အာရုံထဲတွင်လည်း သွေးပင်လယ်၊ အလောင်းတောင်ပုံများ၏ အငွေ့အသက်များ ပေါ်လာတော့သည်။

ယန်ဝိညာဉ်ကျွမ်းကျင်သူတစ်ဦး ကွယ်လွန်သွားသည့်တိုင် ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်သော စိတ်စွဲလမ်းမှုမှာ အလွန်ပြင်းထန်လှရာ၊ ထိုစွဲလမ်းမှုမှတစ်ဆင့် ဖေးဟေးဟု၏ အသိဉာဏ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဖေးဟေးဟုသည် သူ၏ ဓားကို ပြန်လည် သိမ်းဆည်းလိုက်ရာ ၎င်းမှာ အနက်ရောင် အလင်းတန်းအဖြစ် သူ၏ လက်ထဲသို့ ပြန်ရောက်လာ၏။ ဤသည်မှာ သူ၏ နောက်ဆုံးလှည့်ကွက်ဖြစ်ပြီး လွတ်မြောက်နိုင်ရန် လမ်းစပင် ဖြစ်သည်။ ယခုအခါ သူ၏ အငွေ့အသက်များမှာ အားနည်းနေပြီဖြစ်သော်လည်း အံကြိတ်ကာ ကြိုးစားလျှင် လွတ်မြောက်ရန် အခွင့်အရေး ရှိသေးသည်။

"ကောင်းပြီလေ... တရားရုံးချုပ် ငါသာ အပြင်ရောက်သွားရင် ချန်နိုင်ငံက ပြည်သူတွေကို သတ်ဖြတ်ပြီး မင်းတို့ကို လက်စားချေပြမယ် "

ဖေးဟေးဟုက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။

ရှူး...

သူ၏ စကားပင် မဆုံးသေးမီ၊ မျက်စိရှေ့၌ တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာ၏။ ထက်မြက်လှသော လှံရှည်တစ်စင်းမှာ ဆီးနှင်းကြယ်ပွင့်ကဲ့သို့ သူ၏ ရှေ့သို့ တိုးဝင်လာပြီး ပို၍ ပို၍ ကြီးမားလာတော့သည်။

ဖောက်...

ထိုလှံသည် သူ၏ နဖူးပေါ်မှ ဒဏ်ရာဟောင်းမှတစ်ဆင့် ထွင်းဖောက်သွားပြီး သူ့ကို မြေကြီးပေါ်တွင် တစ်ပါတည်း စိုက်ပိတ် သတ်ဖြတ်လိုက်တော့သည်။

လူတိုင်းမှာ အနားသို့ စုရုံးရောက်ရှိလာကြရာ၊ မျက်ခုံးများက ဓားကဲ့သို့ ထက်မြက်ပြီး ဆွဲဆောင်မှုရှိသော မျက်ဝန်း ပိုင်ရှင် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။

"လောကကြီးအတွက် ဒီလူယုတ်မာကို ငါကိုယ်တိုင် သတ်ဖြတ်ပေးမယ်၊ ဒါ ငါ့ရဲ့ တာဝန်ပဲ "

လီယန်ချူးက တည်ကြည်စွာ ပြောလိုက်သည်။

တကယ်တော့ ဒီလူရဲ့ သွေးတန်း က အရမ်းနည်းနေပြီးတော့ ငါ့ရှေ့မှာ လာကခုန်နေလို့ သတ်လိုက်တာ မဟုတ်ပါဘူး... ရမှတ် လုချင်လို့ လုံးဝ မဟုတ်ပါဘူး...

ရွှီထျန်းနန် ရောက်ရှိလာပြီး လီယန်ချူးကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

"ဒီညီလေးရဲ့ ကူညီမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ် "

"နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်ဖို့က ကျွန်တော့်ရဲ့ မရှောင်လွှဲသာတဲ့ တာဝန်ပါ"

လီယန်ချူးက ပြုံးကာ ပြန်ပြောလိုက်သည်။

ကုသိုလ်မှတ် (၈၀၀၀) ရပြီဟေ့ ဆက်သလာတဲ့ ရမှတ်ကိုတော့ အလကား အဆုံးရှုံးမခံနိုင်ပေ။

ထိုစဉ်မှာပင် တောင်တန်းများထဲမှ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် အလင်းတန်းတစ်ခု စတင် လက်လာတော့သည်။ ထိုအလင်းတန်းမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ကောင်းကင်ပေါ်တွင် အလင်းစက်ကွင်း တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအလင်းစက်ကွင်းထဲတွင် ပြည့်ဖြိုးလှသော စပါးစေ့ပေါင်း များစွာမှာ လှုပ်ခါနေကြသည်။

ထိုသဘာဝလွန် ထူးခြားချက်ကြောင့် လင်ရွှီနယ်မြေထဲရှိ ကျင့်ကြံသူ အားလုံးမှာ သတိထားမိသွားကြတော့သည်။ တောင်ထဲရှိ ကျင့်ကြံသူများမှာ ထိုအလင်းစက်ကွင်းရှိရာသို့ တစ်ယောက်တစ်လှည့် ကြည့်လိုက်ကြပြီး

"နတ်ဘုရားအခွင့်ရေး ဒါက နတ်ဘုရားအခွင့်ရေးပေါ်လာတာပဲ"

တစ်စုံတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်လိုက်တော့သည်။

All Chapters