အခန်း (၇၀၉-၇၁၀)
Vol. 71 Ch. 709-710
အခန်း (၇၀၉) - အလင်းစက်ကွင်း ၊ ကျောက်တိုင်တော ၊ လမ်းဟောင်းအတိုင်းမလိုက်သော ကျိုးရွှန့်ဖုန်း
ရွှီထျန်းနန်သည်လည်း ထိုအလင်းစက်ကွင်းကို ကြည့်ကာ
"ကြည့်ရတာ ကျိုရှောင်နတ်ဘုရားကျမ်းစာ ကမ္ဘာပေါ် ပေါ်ထွန်းလာတော့မယ် ထင်တယ်"
သူသည် တွန့်ဆုတ်မနေတော့ဘဲ လူအများကို ဦးဆောင်ကာ တောင်ပေါ်သို့ ချက်ချင်း ပြေးတက်သွားတော့သည်။ လမ်းတွင်လည်း သူ၏ စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာစေရန် ဆေးလုံးများကို အဆက်မပြတ် သောက်သုံးနေ၏။
လီယန်ချူးသည် ကောင်းကင်ယံရှိ ထိုကြီးမားလှသော အလင်းစက်ကွင်းကို ကြည့်ရင်း တစ်စုံတစ်ခုကို တွေးတောနေပုံရသည်။
"နတ်ဘုရားတွေလည်း စပါးစိုက်တာပဲလား"
ဟု သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
မမျှော်လင့်ဘဲ ကျိုးရွှန့်ဖုန်းက အနားသို့ တိုးကပ်လာကာ ကောင်းကင်မှ အလင်းစက်ကွင်းကို ကြည့်ပြီး အလေးအနက် ပြန်ဖြေလိုက်၏။
"တကယ်လို့ သူတို့ စပါးစိုက်တယ်ဆိုရင်... ထမင်းကို ဘာဟင်းနဲ့ မြိန်အောင် စားကြမလဲလို့ မင်း ထင်သလဲ "
လီယန်ချူး - "..."
ခြင်္သေ့ဖြူကြီးကို စီးနင်းထားသော ဝတ်စုံဖြူဝတ် အမျိုးသမီး ချင်လော့ရွှန်း မှာ ထိုသူနှစ်ဦး၏ စကားဝိုင်းကို ကြားသွားသည့်အခါ မနေနိုင်ဘဲ လှည့်ကြည့်လိုက်မိသည်။ သူမ၏ အကြည့်များမှာ အလွန်ပင် ထူးဆန်းနေတော့သည်။
...
လူအုပ်ကြီးမှာ နတ်ဘုရားတောင်ရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် သွားနေကြသဖြင့် လူရိပ်များမှာ လေထဲတွင် ဝဲပျံနေကြသကဲ့သို့ပင်။
လင်ရွှီနယ်မြေထဲတွင် လေပေါ်ပျံခြင်းကို တားမြစ်ထားသော ပြင်းထန်သည့် ကန့်သတ်ချက် များ ရှိနေသော်လည်း ဤသူများ၏ အရှိန်အဟုန်ကိုတော့ မတားဆီးနိုင်ပေ။ တစ်လှမ်းစောရောက်ခြင်းက နတ်ဘုရားအခွင့်အရေးကို ဦးသူယူစတမ်း ရရှိနိုင်ခြင်းပင် မဟုတ်ပါလား။
လီယန်ချူးသည် လူအုပ်ကြီးနောက်မှ လိုက်ပါရင်း တောင်ခြေသို့ ရောက်သွားသည့်အခါ ထပ်မံရောက်ရှိလာသော ကျင့်ကြံသူများကိုလည်း တွေ့ရ၏။ သူ သေချာကြည့်လိုက်သည့်အခါ ထိုနတ်ဘုရားတောင်မှာ အလွန်ပင် မြင့်မားခန့်ညားလှသည်ကို တွေ့ရသည်။
တောင်ခြေတွင် ကျောက်တိုင်တောတစ်ခု ရှိနေပြီး ကျောက်တိုင်တစ်ခုချင်းစီပေါ်တွင် နက်နဲသော မန္တန်စာလုံးများ ကို ထွင်းထုထား၏။ တောင်ပေါ်သို့ တက်လိုလျှင် ဤကျောက်တိုင်တောကို မဖြစ်မနေ ဖြတ်ကျော်ရပေမည်။
ကောင်းကင်ယံထက်မှ အလင်းတန်းများမှာ ပိုမိုပြင်းထန်လာပြီး နတ်ဘုရားတေးသံများမှာလည်း သာယာနာပျော်ဖွယ် ပေါ်ထွက်လာရာ နတ်ဘုရားများ သီချင်းဆိုနေသကဲ့သို့ပင်။ ၎င်းက ကျင့်ကြံသူများ၏ စိတ်ကို အလွန်ပင် လှုပ်ရှားစေတော့သည်။
တစ်စုံတစ်ဦးက မနေနိုင်ဘဲ ကျောက်တိုင်တောထဲသို့ အရင်ဆုံး ဝင်သွားသော်လည်း ရုတ်တရက် မျက်နှာပျက်သွားကာ အကျယ်ကြီး အော်ဟစ်ရင်း အပြင်သို့ အမြန်ပြန်ပြေးထွက်လာရ၏။
"ဘာဖြစ်တာလဲ" ဘေးမှလူက စိုးရိမ်တကြီး မေးလိုက်သည်။
"ကျောက်တိုင်တောထဲ ဝင်လိုက်တာနဲ့ နားထဲမှာ မိုးကြိုးသံတွေ ဟိန်းထွက်လာတာပဲ၊ နားစည်တွေ ကွဲထွက်တော့မမလိုပဲ "
ထိုသူ၏ မျက်နှာမှာ ဖြူဖျော့နေ၏။ စောစောက သူသည် သတိမထားမိဘဲ ဝင်သွားသဖြင့် မိုးကြိုးသံစဉ်၏ တုန်ခါမှုကြောင့် စိတ်ဝိညာဉ်မှာ ထိတ်လန့်တုန်လှုပ်သွားခြင်း ဖြစ်သည်။ အကယ်၍သာ စတင်လေ့ကျင့်သူအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါက ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။
အခြားတစ်ဦးက ကျောက်တိုင်တောကို ကြည့်ကာ တိုးတိုးလေး ဆိုလိုက်သည်။
"ဒါက နတ်ဘုရားက ငါတို့ကို ပေးတဲ့ စမ်းသပ်ချက် ဖြစ်လိမ့်မယ်"
လီယန်ချူး ရောက်ရှိလာသည့်အခါ ကျောက်တိုင်တောထဲတွင် လူအတော်များများ ရောက်နေကြပြီ ဖြစ်သည်။ သို့သော် ထိုသူများ လမ်းလျှောက်နေသည့် ပုံစံမှာ အလွန်ပင် ထူးဆန်းနေသည်ကို သူ သတိထားမိလိုက်၏။ တစ်ယောက်ချင်းစီမှာ မျက်နှာများ ဖြူဖျော့နေပြီး တည်ကြည်လေးနက်သော အမူအရာများဖြင့် အလွန်ပင် နှေးကွေးစွာ လျှောက်လှမ်းနေကြရသည်။
"အင်း... ဒီကျောက်တိုင်တောမှာ ဘာထူးခြားချက် ရှိနေတာလဲ"
လီယန်ချူး ကြည့်လိုက်သည့်အခါ ရွှီထျန်းနန်ကိုလည်း တွေ့ရ၏။ သူသည် အစောကြီး ရောက်နေပုံမရသော်လည်း ကျောက်တိုင်တောထဲတွင် အမြန်ဆုံး လျှောက်လှမ်းနေသူ ဖြစ်သည်။ သို့သော် သူ၏ ခြေလှမ်းများမှာ ယိုင်တိယိုင်တိုင် ဖြစ်နေပြီး သာမန်လူ လမ်းလျှောက်တာထက်ပင် ပိုနှေးနေသေးသည်။ ရွှီထျန်းနန်ပင် ဤမျှ ဖြစ်နေလျှင် ကျန်သောသူများမှာ လိပ်ထက်ပင် နှေးနေကြသည်ဟု ဆိုနိုင်ပေသည်။
"ရွှီထျန်းနန်တောင် ဒီလောက် ခက်ခဲနေတာလား"
လီယန်ချူး၏ စိတ်ထဲတွင် လေးလံသွားရ၏။
ဤကျောက်တိုင်တောမှာ အတော်ပင် ကျယ်ဝန်းလှသည်။ လက်ရှိတွင် အစောဆုံး ဝင်သွားသောသူမှာ အဆင့် (၁၀) ဆင့်ခန့်သာ ရှိသေးသော်လည်း အမူအရာမှာ တည်တင်းနေပြီး ချွေးများမှာလည်း မိုးရေကဲ့သို့ စီးကျနေသည်။
သူ၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် ထိုသူမှာ အနောက်တိုင်းမှ လျှို့ဝှက်ဂိုဏ်းဝင် ဘုန်းကြီးတစ်ပါး ဖြစ်ကြောင်း လီယန်ချူး သိလိုက်သည်။ ထိုဘုန်းကြီးသည် ပါးစပ်မှ မန္တန်များကို တတွတ်တွတ် ရွတ်ဖတ်နေ၏။
လီယန်ချူး ရှေ့သို့ ဆက်ကြည့်လိုက်သည့်အခါ သူသိသောသူအချို့လည်း ခက်ခက်ခဲခဲ လျှောက်လှမ်းနေကြသည်ကို တွေ့ရသည်။
ဥပမာအားဖြင့် တရားရုံးချုပ်မှ လူငယ်စစ်ဗိုလ် ချန်ယန်သည်လည်း မျက်နှာမှာ ဖြူဖျော့နေပြီး လမ်းလျှောက်နေသည့်ပုံမှာ မူးဝေနေသူကဲ့သို့ ယိုင်တိုင်တိုင် ဖြစ်နေသည်။
ဆန့်ကျင်ဘက်အားဖြင့် သူနှင့်အတူရှိနေသော ကျောက်ခုန်းဘုန်းကြီးမှာတော့ ပို၍ တည်ငြိမ်နေပုံရသည်။
တစ်ယောက်က အရက်နှစ်ပိဿာ သောက်ထားသူနှင့် တူပြီး နောက်တစ်ယောက်ကတော့ အရက်ခွဲသားလောက်သာ သောက်ထားသူနှင့် တူနေ၏။
ဗုဒ္ဓဘာသာတွင် စိတ်ကို ခိုင်မာသည့် အတတ်ရှိရာ မူလဝိညာဉ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသည့် ကျဲ့ခုံးဘုန်းကြီးအတွက် ဤနေရာက ပို၍ အားသာချက် ရှိနေပုံရသည်။
အခြားသော နတ်ဆိုးအငွေ့အသက်၊ မိစ္ဆာအငွေ့အသက်များ ဝန်းရံနေသည့် ကျင့်ကြံသူများမှာမူ ဒူးထောက်လုနီးပါး ဖြစ်နေကြပြီ။ အဆင့် ၁၀ ဆင့်ခန့်သာ လျှောက်ရသေးသော်လည်း တစ်ကိုယ်လုံး တုန်ယင်ကာ ရူးသွပ်တော့မည့်အလား ဖြစ်နေသော ကျင့်ကြံသူတစ်ဦးကို လီယန်ချူး တွေ့လိုက်ရ၏။
သူသည် အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ သူ၏ မူလအသွင်သဏ္ဌာန်မှာ ပေါ်လာတော့သည်။ ၎င်းမှာ သစ်ကျားသစ်မိစ္ဆာ တစ်ဦး ဖြစ်နေ၏။
"မိုးကြိုးသံစဉ်က စိတ်ကို ခိုင်မာလေ့ကျင့်ပေးတာပဲ၊ ဒီအဆင့်က နတ်ဆိုးမျိုးနွယ်တွေအတွက်တော့ တော်တော်လေး ရက်စက်ရာ ရောက်တယ်"
ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာရာ လီယန်ချူး လှည့်ကြည့်လိုက်သည့်အခါ ကျိုးရွှန့်ဖုန်း ဖြစ်နေသည်ကို တွေ့ရသည်။
"မိုးကြိုးသံစဉ် ဒီကျောက်တိုင်တောထဲမှာ မိုးကြိုးသံတွေ ရှိနေတာလား"
လီယန်ချူးက မေးလိုက်သည်။
"ဟုတ်တယ်၊ စောစောက ငါဝင်ပြီး စမ်းကြည့်လိုက်တာ... နားထဲမှာ ရုတ်တရက် မိုးကြိုးသံတွေ ဟိန်းထွက်လာလို့ ငါတောင် လန့်သွားတယ် "
ကျိုးရွှန့်ဖုန်းက ထိတ်လန့်နေဆဲ အမူအရာဖြင့် ပြောလိုက်သည်။
လီယန်ချူးက ခေါင်းညိတ်လိုက်၏။ မိုးကြိုးအတတ်မှာ လောကကြီး၏ ယန်ဓာတ် အစွမ်းဖြစ်ရာ၊ မိုးကြိုးသံစဉ်သည် တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်စေကာမူ နတ်ဆိုးမိစ္ဆာများအတွက် ဖိနှိပ်မှုအရှိန်အဝါ အပြည့်ရှိနေပေသည်။
သူ အကဲခတ်ကြည့်လိုက်ရာ အငွေ့အသက်များ မသန့်ရှင်းသော ကျင့်ကြံသူအချို့မှာ ရှေ့ဆက်မတိုးရဲတော့ဘဲ အပြင်သို့ ပြန်ဆုတ်သွားကြသည်ကို တွေ့ရ၏။ ထိုအထဲမှ တစ်ဦးမှာ အခြားနည်းလမ်းကို ရှာမတွေ့သဖြင့် အသက်ကို ပြင်းပြင်းရှူကာ ရှည်လျားသော ကြိုးတစ်ချောင်းကို ကျောက်တိုင်တောထဲသို့ ပစ်လွှတ်လိုက်သည်။
ကြိုးသည် ပေ ၁၀၀ ခန့် လွင့်သွားပြီး ကျောက်တိုင်တစ်ခုတွင် သွားရောက် ချိတ်မိသွားသည့်အခါ ထိုကျင့်ကြံသူမှာ လေပေါ်သို့ ခုန်တက်ကာ ကြိုးကိုဆွဲပြီး ဝင်ရောက်ရန် ကြိုးစားတော့သည်။
ဒါက ဖြတ်လမ်းနည်းနဲ့ ကျော်တက်မလို့ပေါ့... လီယန်ချူးက ခေါင်းခါလိုက်မိသည်။ ဤမျှ လွယ်ကူရိုးရှင်းသော နည်းလမ်းဖြင့် ဤကျောက်တိုင်တောကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် ဤနေရာရှိ ကျွမ်းကျင်သူများကို အထင်သေးရာ ရောက်ပေလိမ့်မည်။
"ဒီကောင်တော့ ကံဆိုးတော့မှာပဲ"
ကျိုးရွှန့်ဖုန်းက နှုတ်ခမ်းမဲ့ကာ ဆိုလိုက်သည်။
မှန်ပေသည်၊ ထိုကျင့်ကြံသူသည် လေပေါ်မှာတင် အသည်းယားဖွယ် အော်ဟစ်လိုက်ပြီး မြေကြီးပေါ်သို့ ချက်ချင်း ပြုတ်ကျသွားကာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။
ကြည့်ရသည်မှာ အသက်ရှင်ရန် မျှော်လင့်ချက် သိပ်မရှိတော့ပုံရသည်။ ကျောက်တိုင်တော၏ စွမ်းအားမှာ လူတိုင်းကို ထိတ်လန့်သွားစေ၏။
ထိုသူမှာ ကျင့်စဉ်စွမ်းအား မနည်းလှဘဲ ချန်နိုင်ငံတွင် နာမည်ကျော်လှသော ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ ယခု နတ်ဘုရားအခွင့်အရေးကို လာရောက်လုယူရာတွင် ဤမိုးကြိုးသံစဉ်ကပင် သူ၏ အသက်ကို တစ်ဝက်ခန့် နှုတ်ယူသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ဖြတ်လမ်းနည်းကို သုံးခဲ့ခြင်းဖြစ်သော်လည်း နေရာတင် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။
"စည်းမျဉ်းကို ဖောက်ဖျက်ဖို့ဆိုရင် မခန့်မှန်းနိုင်တဲ့ စွမ်းအားရှိဖို့ လိုအပ်တယ်၊ ဒီလိုနေရာမျိုးမှာ စည်းမျဉ်းအတိုင်း သွားတာက အကောင်းဆုံးပဲ"
ဟု ကျိုးရွှန့်ဖုန်းက ခပ်အေးအေး ပြောလိုက်သည်။
သူသည် အတွေ့အကြုံရှိသော ရတနာရှာဖွေသူ တစ်ဦး ဖြစ်ပေသည်။ ကျောက်တိုင်တော၏ ကန့်သတ်ချက် ကို ဖျက်ဆီးလိုပါက ဤကန့်သတ်ချက်ကို ထားရှိခဲ့သူထက် များစွာ သန်မာနေရမည် ဖြစ်သည်။
အကယ်၍ ထိုမျှအထိ သန်မာနေပါက ဖြတ်လမ်းသုံးစရာ မလိုဘဲ အသာလေး ဖြတ်ကျော်သွားနိုင်မည် မဟုတ်ပါလား။ ကျိုးရွှန့်ဖုန်းက ခေါင်းခါလိုက်၏။ ဤကဲ့သို့သော နေရာတွင် ဖြတ်လမ်းနည်းသုံးခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်သည်။ တရားရုံးချုပ်မှ ယန်ဝိညာဉ် အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတောင်မှ စည်းကမ်းတကျ လမ်းလျှောက်နေသည်ကို မတွေ့ဘူးလား။
မုယုံလုံချန်၏ ထွားကျိုင်းသော ခန္ဓာကိုယ်မှာ လီယန်ချူး၏ အာရုံကို ဖမ်းစားလိုက်သည်။ ထိုသူမှာ ခန္ဓာကိုယ် ကြီးမားသော်လည်း ကျောက်တိုင်တောထဲတွင် နှေးမနေဘဲ ရွှီထျန်းနန်နှင့် အရှိန်ချင်း မတိမ်းမယိမ်းဖြင့် လျှောက်လှမ်းနေပြီး မကြာမီမှာပင် အမီလိုက်နိုင်တော့မည့်ဟန် ရှိသည်။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ရွှီထျန်းနန်မှာ ကျောက်တိုင်တောကို အရင်ဆုံး ဖြတ်ကျော်နိုင်သွားပြီး တောင်ခြေရှိ ကျောက်လှေကားထစ်များပေါ်သို့ ရောက်ရှိသွားတော့သည်။
သူ၏ ကျင့်စဉ်အဆင့်နှင့်ပင် သူ၏ နဖူးပေါ်တွင် ချွေးစက်များ စို့နေ၏။ ဤလင်ရွှီနယ်မြေထဲတွင် ကျင့်စဉ်စွမ်းအားများ ဖိနှိပ်ခံထားရသဖြင့် သူ၏ စွမ်းအားအပြည့်ကို ထုတ်ဖော်၍မရခြင်းကြောင့်လည်း ဖြစ်သည်။
ရွှီထျန်းနန်ပြီးနောက် နောက်ထပ်တစ်ဦးမှာလည်း ကျောက်တိုင်တောကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ အံ့သြစရာအကောင်းဆုံးမှာ ထိုသူသည် မုယုံလုံချန် မဟုတ်သလို၊ ကျဲ့ခုံးဘုန်းကြီးလည်း မဟုတ်ပေ။ ၎င်းမှာ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားကျလှပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီး ချင်လော့ရွှန်း ဖြစ်နေ၏။ သူမသည် အလွန်အမင်း မြန်မြန်ဆန်ဆန် မဟုတ်သော်လည်း အမူအရာမှာ ပင်ပန်းနွမ်းနယ်နေပုံ မပေါ်ပေ။
ကျိုးရွှန့်ဖုန်းသည် ဘေးမှနေ၍ အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက် သူကိုယ်တိုင်လည်း ကျောက်တိုင်တောထဲသို့ ခြေချလိုက်တော့သည်။ လီယန်ချူးသည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကြောင်တောင်တောင် ဖြစ်သွားရ၏။
"ဟကောင်... မင်းကတော့ တကယ့်ကောင်ပဲ"
အမြဲတမ်း တည်ငြိမ်လှသော လီယန်ချူးပင်လျှင် ယခုအချိန်တွင် စိတ်ကို မထိန်းနိုင်တော့ပေ။ ထိုကောင်သည် ကျောက်တိုင်တောထဲကို ဗိုက်နှင့် ဝမ်းလျားထိုးပြီး တွားသွားဝင်သွားတာ မဟုတ်ပါလား။
သူသည် ကျိုးရွှန့်ဖုန်း မြေကြီးပေါ်တွင် ပက်လက်တစ်လှည့်၊ မှောက်လျက်တစ်လှည့် တွားသွားနေသည်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကောင်က တကယ်ပဲ လုံဟူရှန်း ဂိုဏ်းသား ဟုတ်ရဲ့လား သူ့ကြည့်ရတာ လိမ်စားနေတဲ့ အောက်လမ်းသမားတစ်ယောက်နဲ့ မတူဘူးလား "
လီယန်ချူးသည် လုံဟူရှန်းဂိုဏ်းနှင့် အဆက်အသွယ် များစွာရှိပြီး နတ်ဆရာကြီးကိုယ်တိုင်က သူ့ကို လုံဟူရှန်းရဲ့ လျှို့ဝှက်မန္တန်အချို့ကို သင်ကြားပေးခဲ့ဖူးသည်။
သူသည် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်၏။ အကယ်၍ ဤလူသည် လုံဟူရှန်းနာမည်ကို အသုံးချပြီး လိမ်လည်လှည့်ဖြားနေသောသူ ဖြစ်ပါက၊ ခဏနေလျှင် အခွင့်အရေးရှာပြီး သူ့ကို အသေသတ် ရိုက်နှက်ပေးရပေဦးမည်။
အခန်း (၇၁၀) - မိုးကြိုးသံစဉ်ဖြင့် စိတ်ကိုခိုင်မာလေ့ကျင့်ခြင်း ၊ မိုးကြိုးပစ်ခံရခြင်း ၊ မင်း... အနားမလာနဲ့ဦးနော် ၊ အဆွေတို့... ဖြည်းဖြည်းချင်းပဲ ကြွကြပါ
ကျိုးရွှန့်ဖုန်းသည် ဝမ်းလျားထိုးကာ တွားသွားနေသော်လည်း သူ၏အရှိန်မှာ ကျင့်ကြံသူအချို့ထက်ပင် ပိုမိုမြန်ဆန်နေသေးသည်။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအချို့မှာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများ တွန့်သွားကြရ၏။
‘မြေကြီးပေါ်မှာ တွားသွားရင် ဖိအားက ပိုနည်းသွားတာလား’ ဟူသော အတွေးမျိုး သူတို့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာကြသည်။
သို့သော် ဤနေရာသို့ ရောက်လာသူများမှာ ဂိုဏ်းကြီးများ၏ အကြီးအကဲများ သို့မဟုတ် ဂုဏ်သရေရှိသော ကျင့်ကြံသူကြီးများ ဖြစ်ကြရာ၊ မည်သူက ကျိုးရွှန့်ဖုန်းကဲ့သို့ ပုံပျက်ပန်းပျက် တွားသွားချင်ပါမည်နည်း။ ကျိုးရွှန့်ဖုန်းမှာမူ လူသုံးလေးယောက်ကို တဖြည်းဖြည်း ကျော်တက်သွားတော့သည်။
စောစောက သစ်ကျားသစ်ခေါင်းနှင့် လူကိုယ်ခန္ဓာပိုင်ရှင် အမျိုးသားမှာ အရင်ဆုံး အောင့်မခံနိုင်တော့ဘဲ မြေကြီးပေါ်တွင် ကျိုးရွှန့်ဖုန်း၏ ပုံစံအတိုင်း ဝမ်းလျားထိုးကာ တွားသွားတော့သည်။ သူကတော့ အခြေအနေကို အရှိအတိုင်း လက်ခံနိုင်သူဖြစ်ရာ
‘ငါက မူလကတည်းက နတ်ဆိုးမျိုးနွယ်ပဲ၊ တွားသွားတာက သဘာဝကျတာပဲ မဟုတ်လား’ ဟု တွေးလိုက်သည်။
သို့သော် သူဝမ်းလျားမှောက်လိုက်သည်နှင့် တစ်ကိုယ်လုံးပေါ်တွင် ပိဿာချိန် တစ်ထောင်မကသော ဝန်ထုပ်ဝန်ပိုးကြီး ပိကျလာသကဲ့သို့ ခံစားလိုက်ရပြီး၊ မတ်တပ်ရပ်နေစဉ်ကထက်ပင် ပို၍ ပင်ပန်းသွားတော့သည်။
"ဒီကောင်ယုတ်မာ"
သူက ကျိုးရွှန့်ဖုန်း၏ ကျောပြင်ကို ကြည့်ကာ ဆဲရေးလိုက်ရင်း ခေါင်းကို အားယူမော့ရန် ကြိုးစားသော်လည်း၊ အားလျော့ပြီး မှောက်ချလိုက်သည့်နောက်တွင် ထိုမိုးကြိုးသံစဉ်မှာ လျော့ကျမသွားဘဲ ပြန်အထတွင် ပို၍ပင် ခက်ခဲသွားသည်ကို တွေ့လိုက်ရသည်။
နောက်ဆုံးတွင် ထိုသစ်ကျားသစ်ခေါင်းနှင့် အမျိုးသားမှာ သူ၏ မူလအသွင်သဏ္ဌာန်ဖြစ်သော သစ်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီးမှသာ ဆက်လက်တွားသွားနိုင်တော့သည်။
လီယန်ချူးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ဤကျောက်တိုင်တောထဲသို့ ခြေချလိုက်သည်။ သူသည် အရင်ဆုံး စိတ်ကြည်လင်ပုတီး ကို အသက်သွင်းကာ ဖြတ်လမ်းနည်း သုံး၍ရမလားဟု စမ်းကြည့်လိုက်၏။ သို့သော်လည်း စိတ်ကြည်လင်ပုတီး၏ အစွမ်းအောက်မှာပင် သူ၏နားထဲတွင် ဟိန်းဟောက်နေသော မိုးကြိုးသံများမှာ ပျောက်ကွယ်မသွားပေ။
ဝုန်း...
သူ၏ နားစည်ထဲတွင် မိုးကြိုးသံမှာ ကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ မြည်ဟီးလာပြီး သူ၏ မူလဝိညာဉ်ကို တိုက်ရိုက် ထုနှက်တော့သည်။
"ဒီမိုးကြိုးသံက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား "
လီယန်ချူး မျက်မှောင်ကြုတ်သွားပြီး ခဏမျှ ကြောင်သွားရ၏။ သူသည် ကျောက်တိုင်တောထဲ ဝင်နေသော သူများကို လှမ်းကြည့်လိုက်ရာ၊ ထိုသူများမှာ သူထင်ထားသည်ထက် ပို၍ ကြံ့ခိုင်နေကြသည်ကို တွေ့ရသည်။ သို့သော် သူ မသိသည်မှာ... လက်ရှိတွင် ကျောက်တိုင်တောထဲရှိ ကျင့်ကြံသူ အားလုံးမှာ သွေးတစ်လုပ်စီ အပြိုင်အဆိုင် အန်ထုတ်နေကြရခြင်း ဖြစ်သည်။
ပွက်...
လူတိုင်း၏ နားထဲတွင် မိုးကြိုးသံကြီး တစ်ချက် ပေါက်ကွဲသွားသဖြင့် ကျင့်စဉ်အားနည်းသော နတ်ဆိုးကျင့်ကြံသူ နှစ်ဦးမှာ နေရာတင် မေ့လဲသွားတော့သည်။ ကျောက်တိုင်တောမှ ထွက်ရန် ခြေလှမ်း တစ်ဆယ်ကျော်သာ လိုတော့သော မုယုံလုံချန်မှာလည်း မိုးကြိုးပစ်ခံရသကဲ့သို့ တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။
"ဒီမိုးကြိုးသံက ဘာလို့ ရုတ်တရက်ကြီး ပြင်းထန်လာတာလဲ "
လူတိုင်း နားမလည်နိုင်ဖြစ်နေစဉ်မှာပင် နားထဲမှ မိုးကြိုးသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ လီယန်ချူးသည် နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
မိုးကြိုးသံစဉ်မှာ ရုပ်လုံးပေါ်လာသကဲ့သို့ လူတိုင်း အတိုင်းသား ကြားလိုက်ရသည်။ ယခုအခါ ကျောက်တိုင်တောထဲတွင် မိုးကြိုးသံနှစ်မျိုး ရှိနေ၏။ တစ်မျိုးမှာ သူတို့၏ စိတ်ထဲတွင် မြည်နေသော ပုံမှန်မိုးကြိုးသံဖြစ်ပြီး၊ နောက်တစ်မျိုးမှာ ကျောက်တိုင်တောတစ်ခုလုံးကို တုန်ခါသွားစေသော မိုးကြိုးဟိန်းသံကြီး ဖြစ်သည်။
ဒုတိယအမျိုးအစားမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းလှရာ သူတို့အားလုံး ကျောချမ်းသွားကြရ၏။ အကယ်၍သာ ဤမိုးကြိုးသံက မူလဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားလိုက်လျှင် နေရာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။
"တကယ်တော့ ဘာတွေဖြစ်နေတာလဲ ကျောက်တိုင်တောက ဘာလို့ အပြောင်းအလဲတွေ ဖြစ်ကုန်တာလဲ"
လူတိုင်း၏ စိတ်ထဲတွင် မသေချာမရေရာမှုများဖြင့် ထိတ်လန့်နေကြသည်။ ဒုတိယမိုးကြိုးသံက သူတို့၏ မူလဝိညာဉ်ထဲသို့ မည်သည့်အချိန်တွင် ကျရောက်လာမည်ကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် သူတို့အားလုံး အံကြိတ်ကာ အရှိန်မြှင့်၍ လျှောက်လှမ်းကြတော့သည်။
ဂျိန်း... ဝုန်း...
ကောင်းကင်ယံမှ မိုးကြိုးအလင်းတန်းတစ်ခု တည့်တည့်ကျဆင်းလာပြီး ပစ်ချလိုက်တော့သည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"ဒါ... ဒါက တကယ်ကြီး လူသတ်ဖို့ လုပ်နေတာလား"
ဤမိုးကြိုးသံစဉ်ကပင် ကြောက်စရာကောင်းလှပြီဖြစ်ရာ၊ အဘယ်ကြောင့် ကောင်းကင်မိုးကြိုးပါ ထပ်ကျလာရသနည်း။ လူတိုင်း၏ မျက်စိရှေ့တွင် ဖြူဖွေးသွားကာ မျက်လုံးများပါ ကျိန်းစပ်သွားသော်လည်း မည်သူမျှ ဒဏ်ရာမရသည်ကို တွေ့လိုက်ရသည်။
"..." ကျောက်တိုင်တောထဲရှိ လူအများမှာ ဆွံ့အသွားကြ၏။
ဘာလဲ... လန့်ရုံသက်သက်ပဲလား
သို့သော် အခြားလူအချို့ကမူ အံ့သြစွာ တွေ့ရှိလိုက်သည်။
စောစောက ကောင်းကင်မိုးကြိုးသည် ကျောက်တိုင်တောထဲရှိ ရှေးဟောင်းလှံရှည်ကို ကိုင်ဆောင်ထားကာ၊ မျက်ခုံးများက ဓားကဲ့သို့ ထက်မြက်ပြီး အေးစက်သော အမူအရာရှိသည့် လူငယ်ကို တည့်တည့်ပစ်ချလိုက်ခြင်း ဖြစ်သည်။ ထိုလူငယ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိုင်သွားသော်လည်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေဆဲပင်။
"ဒီကောင် ဘယ်လောက်တောင် မကောင်းမှုတွေ လုပ်ထားလို့လဲ ကျောက်တိုင်တော လမ်းလျှောက်တာတောင် မိုးကြိုးပစ်ခံရတယ် "
အချို့ကမူ သူတစ်ပါး ဘေးတွေ့သည်ကို ဝမ်းသာအားရ ကြည့်နေကြသည်။
လီယန်ချူးကိုယ်တိုင်လည်း ကြောင်အမ်းအမ်း ဖြစ်နေ၏။ သူသည် ကျောက်တိုင်တောထဲ ဝင်လိုက်သည်နှင့် မိုးကြိုးပစ်ခံရလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သို့သော် လီယန်ချူးသည် ကောင်းကင်ကို အသာအယာ မော့ကြည့်လိုက်ပြီးနောက်
‘ဘာလို့ အပစ်ခံရတာက ငါ့အတွက် တော်တော်လေး နေလို့ကောင်းနေရတာလဲ’
ဟု တွေးလိုက်မိသည်။
သူသည် ခရမ်းရွှေရောင်စွမ်းအင် သို့မဟုတ် မီးနတ်ဘုရားကျမ်းစာ ကို သုံးကြည့်သော်လည်း နားထဲမှ မိုးကြိုးသံကို မကာကွယ်နိုင်သည်ကို တွေ့ရသည်။ ထို့ကြောင့် သူသည် ပုံစံဖမ်းမနေတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်တော့သည်။ သူများတွေ ခံနိုင်လျှင် သူလည်း ခံနိုင်သည် မဟုတ်ပါလား။
ဝုန်း...
ဂျိန်း...
လီယန်ချူး၏ အရှိန်မှာ မနှေးလှသဖြင့် လူများစွာက သူ့ကို သတိထားမိသွားကြသည်။ သူ၏ အရှိန်အဟုန်ကိုသာမက၊ ခြေလှမ်းတိုင်းတွင် မိုးကြိုးပစ်ခံနေရသည်ကိုပါ အံ့သြနေကြခြင်း ဖြစ်သည်။ ထိုမိုးကြိုးမှာ တဖြည်းဖြည်း ပို၍ ကြီးမားလာရာ၊ အစပိုင်းတွင် လက်မောင်းခန့်သာ ရှိသော်လည်း နောက်ပိုင်းတွင် လီယန်ချူး တစ်ကိုယ်လုံးကို မိုးကြိုးအလင်းတန်းများက ဖုံးလွှမ်းသွားတော့သည်။
လီယန်ချူးသည် ရင်ကိုကော့၊ ခေါင်းကိုမော့ကာ အားရပါးရ လျှောက်လှမ်းနေပြီး သူ၏ မျက်နှာတွင်လည်း တောက်ပသော အပြုံးတစ်ခု ပေါ်နေသည်။
"..."
ဒီလူ... စိတ်မမှန်တာတော့ မဟုတ်ပါဘူးနော် လူတိုင်း အချင်းချင်း ကြည့်ကာ အံ့အားသင့်နေကြသည်။
လီယန်ချူးမှာမူ လက်ရှိတွင် အလွန်ပင် နေလို့ကောင်းနေသည်။ မိုးကြိုးများ ကျရောက်လာခြင်းက သူ၏ မူလဝိညာဉ်ကိုသာမက ခန္ဓာကိုယ်ကိုပါ သန့်စင်ပေးနေခြင်း ဖြစ်သည်။
၎င်းကို "မိုးကြိုးမီးဖြင့် ရွှေကိုယ်ထည် တည်ဆောက်ခြင်း" ဟု ခေါ်ဆိုနိုင်ပေသည်။ မိုးကြိုးထဲတွင် ပါဝင်သော အလွန်ပြင်းထန်လှသော ယန်စွမ်းအားများမှာ သူ၏အတွက်တော့ အလွန်ကောင်းမွန်သော အာဟာရများပင်။
"ဒါက ကံထူးတာပဲ၊ ဒီနေရာမှာ ဒီလို ကံကောင်းခြင်းမျိုး ရှိလိမ့်မယ်လို့ ထင်မထားဘူး"
လီယန်ချူး ပျော်သွားတော့သည်။
မိုးကြိုးများ အဆက်မပြတ် ကျရောက်လာသည်နှင့်အမျှ နောက်ပိုင်းတွင် လီယန်ချူးကို မိုးကြိုးအလင်းတန်းများက လုံးဝ ဝန်းရံသွားတော့သည်။
ဖျတ်... ဖျတ်... ဝုန်း...
ဟင်းလင်းပြင်ထဲမှ မိုးကြိုးများမှာ အဆက်မပြတ် ပစ်ချနေ၏။ သို့သော် လီယန်ချူး၏ ခြေလှမ်းများမှာ ပို၍ ပေါ့ပါးလာပြီး နောက်ဆုံးတွင်မူ ပြင်ပရှိ မြေပြန့်လမ်းပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ မည်သည့်ဖိအားမျှ မရှိတော့ပေ။
ဤလျှို့ဝှက်ကျောက်တိုင်တောကို အောင်မြင်စွာ ဖြတ်ကျော်သွားသည့် ရွှီထျန်းနန်နှင့် ချင်လော့ရွှန်းတို့မှာလည်း အံ့သြမှင်သက်နေကြသည်။
"ချင်မိန်းကလေး... ဒီနေရာက စိတ်ကို ခိုင်မာအောင် လေ့ကျင့်ဖို့ သက်သက်ပဲ မဟုတ်လား၊ ကောင်းကင်မိုးကြိုးတွေ ပစ်စရာ အကြောင်းမရှိဘူးလေ "
ရွှီထျန်းနန်က တိုးတိုးလေး ဆိုသည်။
"ဟုတ်ပါတယ်၊ မိုးကြိုးသံစဉ်နဲ့ စိတ်ကို လေ့ကျင့်တာက နတ်ဘုရားနယ်မြေ တော်တော်များများမှာ ရှိတတ်ပေမဲ့ မူလဝိညာဉ်ကိုပဲ ဦးတည်တာပါ။ အခုလို ကောင်းကင်မိုးကြိုးတွေ တည့်တည့်ပစ်ချနေတာကတော့ ကျင့်ကြံသူတွေကို သတ်ဖြတ်ဖို့ ကြံစည်နေသလို ဖြစ်မနေဘူးလား"
ချင်လော့ရွှန်းက ပြန်ပြောလိုက်သည်။
လီယန်ချူးကိုယ်တိုင်လည်း ဘာကြောင့် ဤကဲ့သို့ ဖြစ်နေသည်ကို မသိသော်လည်း၊ ခံစားချက်တစ်ခုတော့ ရှိနေသည်။ အကယ်၍သာ ဤမိုးကြိုးတွေက ဒီအတိုင်း ဆက်ပစ်နေဦးမယ်ဆိုရင်
ဒါက တကယ့်ကို အရသာရှိလွန်းတယ်...
ထို့ကြောင့် လီယန်ချူးသည် အပြင်သို့ ထွက်ရန် မလောတော့ဘဲ ကျောက်တိုင်တောထဲတွင် ဝိုင်းပတ်လမ်းလျှောက်နေတော့သည်။ ဤသည်မှာ သူ၏ ဘေးနားရှိ ကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်သွားစေ၏။ သူတို့မှာ တောင်ကြီးတစ်လုံး ပိထားသကဲ့သို့ ခံစားနေရပြီး နားထဲတွင်လည်း မိုးကြိုးသံများကြောင့် ဖိအားဒဏ်ကို အလူးအလဲ ခံနေရခြင်း ဖြစ်သည်။
သို့သော် လီယန်ချူး လမ်းလျှောက်နေသည့် ပုံစံမှာမူ ထူးခြားချက် များဖြင့် အလွန်ပင် ခန့်ညားလှသည်။
မိုးကြိုးအလင်းများ လက်နေပုံမှာ နတ်ပြည်မှ မိုးကြိုးနတ်မင်း ဆင်းသက်လာသကဲ့သို့ပင်။ မသိလျှင် ထိုမိုးကြိုးအလင်းများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည်ဟုပင် ထင်ရပေမည်။
သို့သော် လူတိုင်း သိသည်မှာ ဤသည်မှာ သူထုတ်လွှတ်သည့် မိုးကြိုးမဟုတ်ဘဲ မိုးကြိုးပစ်ခံရသည့် အကြိမ်ရေ စိပ်လွန်းနေခြင်းကြောင့် ဖြစ်သည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦးမှာ လီယန်ချူးကို အံ့သြတုန်လှုပ်စွာ ကြည့်နေစဉ်၊ လီယန်ချူးက ပြုံးလျက် သူ၏ဆီသို့ လျှောက်လာတော့သည်။
"မင်း... မင်း အနားမလာနဲ့ဦးနော် အနားမလာနဲ့ "
ထိုမိစ္ဆာကျင့်ကြံသူမှာ လီယန်ချူး အနားသို့ ကပ်လာမည်ကို အလွန်ပင် ကြောက်ရွံ့နေရှာသည်။ သို့သော် လီယန်ချူးမှာမူ ဂရုမစိုက်ဘဲ အေးအေးလူလူပင် လျှောက်လာမြဲ ဖြစ်သည်။
ဂျိန်း... ဝုန်း...
လီယန်ချူး သူ၏ အနားသို့ ရောက်လာသည်နှင့် ထိုမိစ္ဆာကျင့်ကြံသူမှာ မျက်နှာ ဖြူဖျော့သွားကာ နား၊ နှာခေါင်း၊ မျက်စိတို့မှ သွေးများ ထွက်လာပြီး ပက်လက်လှန် လဲကျသွားတော့သည်။
"ကုသိုလ်မှတ် (၈၀၀၀) ရရှိသည်"
လီယန်ချူး၏ နားထဲတွင် အသံကို ကြားလိုက်ရသဖြင့် သူ အနည်းငယ် ကြောင်သွားရ၏။
"ဒါလည်း ရတာပဲလား"
သူသည် ဤကျောက်တိုင်တောထဲတွင် ဖိအားဒဏ် မခံရသည်ကိုပင် ကျေးဇူးတင်လှပြီဟု ထင်ထားသော်လည်း၊ ယခုမူ ဤကောင်းကင်မိုးကြိုးများက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လေ့ကျင့်ပေးရုံသာမက၊ သူတစ်ပါးကို ဒုက္ခပေးရာတွင်လည်း "ငှားရမ်းသုံးစွဲ" လို့ ရနေသည် မဟုတ်ပါလား။ သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်သည်။
လူတိုင်း မျက်နှာများ ပျက်သွားကြပြီး နောက်ဆုတ်ရန် ပြင်ကြတော့သည်။
"သူရဲကောင်းကြီး အနားကို မလာပါနဲ့ဦး"
ကျင့်ကြံသူတစ်ဦးက ထိတ်လန့်တကြီး အော်ပြောလိုက်သည်။
လီယန်ချူးသည် ထပ်မံ လှုပ်ရှားရန် ပြင်နေသည်ကို သူတို့ တွေ့ရှိသွားခြင်း ဖြစ်သည်။ လီယန်ချူး ခေတ္တမျှ စဉ်းစားလိုက်၏။ စောစောက ထိုမိစ္ဆာကျင့်ကြံသူ သေသွားရခြင်းမှာ သူ၏ တကယ့် ရည်ရွယ်ချက် မဟုတ်ပေ။ အကယ်၍ ဤကျောက်တိုင်တောထဲတွင် မိုးကြိုးများကို အသုံးချပြီး လူသတ်နေမည်ဆိုလျှင် လူအများ၏ ဒေါသကို ဆွပေးသလို ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ထိုသို့ဖြစ်သွားမည်ဆိုလျှင်...
‘တကယ်တော့ အဲဒါက... သိပ်ကောင်းမှာပဲ’
သို့သော်လည်း နောက်ဆုံးတွင် လီယန်ချူးမှာ မိုးကြိုးအသုံးချပြီး လူသတ်သည့် နည်းလမ်းကို မသုံးတော့ဘဲ မိမိဘာသာသာ မိုးကြိုးဒဏ်ကို ခံယူနေလိုက်တော့သည်။
"ကျွန်တော်ပဲ အားလုံးအတွက် ဒီမိုးကြိုးဒဏ်ကို ခံယူပေးပါ့မယ်၊ အဆွေတို့... ဖြည်းဖြည်းချင်းပဲ ကြွကြပါ"
လီယန်ချူးက ပြုံးလျက် ဆိုလိုက်သည်။