← Chapters

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း (၂၈၉-၂၉၁)

Vol. 20 Ch. 289-291

အခန်း-(၂၈၉)

သူမရဲ့ ပထမတိုက်ခိုက်မှုကမအောင်မြင်တဲ့အတွက် ကျိူးလီဇီက သူမရဲ့လက်ဖဝါးတွေကိုဖြန့်လိုက်တော့ ရေဓားနှစ်ချောင်းက လက်ဖဝါးပေါ်မှာ ပေါ်လာခဲ့တယ်။ ဖူကွေ့ကို ထပ်မံမတိုက်ခိုက်နိုင်ခင်မှာပဲ ကျင်းရွှီယန်းက သူမကို အနောက်ကနေဖက်ပြီး “အာ့ဇီ သူက ရန်သူမဟုတ်ပါဘူး။ သူက ကိုယ့်သူငယ်ချင်းပဲ” လို့ ပြောလိုက်တယ်။

ဒီစကားကိုကြားတော့ ကျိူးလီဇီက အံ့အားသင့်သွားတယ်။ သူမရဲ့ချစ်သူကိုကြည့်ပြီး "အစ်ကိုယန်း၊ ဘာပြောလိုက်တာလဲ။ သူက ဗီဇပြောင်းလဲသွားတဲ့သူတစ်ယောက်လို့ မင်းပြောခဲ့တာလေ။ သူက ဘယ်လိုလုပ်ပြီး မင်းရဲ့သူငယ်ချင်းဖြစ်နိုင်မှာလဲ။ ပြီးတော့ သူ့ရဲ့ပစ်မှတ်ကလည်း မင်းပဲ။ သူက မင်းကိုသတ်ဖို့လာတာ"

"အာ့ဇီ စိတ်အေးအေးထားပြီး ကိုယ်ရှင်းပြတာကို နားထောင်ပါအုံး။ ကိုယ်မင်းကို အားလုံးပြောပြမယ်" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။

ဒါကိုကြားတော့ ကျိူးလီဇီက ဖူကွေ့ကို ခဏလောက်စိုက်ကြည့်နေပြီးနောက်မှ သူမရဲ့စွမ်းအင်ကို ပြန်သိမ်းလိုက်တယ်။ နောက်တစ်ခဏမှာတော့ ရေဓားတွေက ရေစက်လေးတွေအဖြစ် ပြောင်းလဲသွားသည်။

"ကောင်းပြီ၊ အခုပြောပြလို့ရပြီ" ဟု သူမက ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူမကိုမလွှတ်ပေးဘဲ ဆိုဖာပေါ်ကိုခေါ်သွားတယ်။ သူတို့ထိုင်လိုက်သောအခါတွင် ဖူကွေ့ကတော့ ထိုနေရာတွင်သာရပ်နေပြီး အတွေးများကြားတွင် နစ်မြုပ်နေသည်။ ရုတ်တရက်ကြီး သူ့လက်ဖဝါးကို ဖြန့်လိုက်တဲ့အခါမှာတော့ ရေဓားတစ်ချောင်းက ထိုလက်ဖဝါးပေါ်တွင် ပေါလောမျောနေသည်။

ဒါကိုမြင်တော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး "သူက ရေခဲအမျိုးအစား စွမ်းရည်အသုံးပြုသူ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် ကျွန်မရဲ့ကျွမ်းကျင်မှုတွေကို အသုံးချနိုင်နေတာလဲ" လို့ အံ့သြတကြီး ပြောလိုက်တယ်။

ဒီလိုပြောပြီးတဲ့နောက်မှာ သူမဟာ သူတို့ရဲ့ အရင်ကတိုက်ပွဲကို ပြန်အမှတ်ရလိုက်ပြီး ကျင်းရွှီယန်းရဲ့ တိုက်ခိုက်မှုတွေနှင့် တိုက်ရိုက်ထိမှန်ခံရပြီးနောက်မှာတောင် ဘာကြောင့် လုံးဝမထိခိုက်ခဲ့တာလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားခဲ့သည်။

အစကတော့ သူက ဗီဇပြောင်းလဲသူဖြစ်တာ‌ကြောင့် ဇွန်ဘီတွေထက် ပိုအားကောင်းလို့ ဖြစ်မှာပါဆိုပြီး သူမကထင်ခဲ့တယ်။ အခုကတော့ သူ့ရဲ့စွမ်းရည်ကြောင့်ဖြစ်တယ်ဆိုတာ သိလိုက်ရပြီ။

သူမရဲ့ အရင်ဘဝမှာတုန်းကဆို ထူးဆန်းတဲ့ စွမ်းရည်တွေ အများကြီး ကြားဖူးခဲ့တယ်။ ဒါကြောင့် တစ်ယောက်ယောက်က တခြားလူတွေရဲ့စွမ်းရည်တွေကို ကူးယူနိုင်စွမ်း ရှိတယ်ဆိုတာက မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။

ဒီဖြစ်နိုင်ခြေကို သူမ စဉ်းစားနိုင်တာကြောင့် ကျင်းရွှီယန်းကလည်း ဒီကောက်ချက်ကို ချနိုင်လိမ့်မယ်။ သူက သူငယ်ချင်းဖြစ်သူကိုကြည့်လိုက်ပြီး “ဖူကွေ့ မင်းရဲ့စွမ်းရည်က ပုံတူပွားတာလား” လို့ မေးလိုက်တယ်။

ဒါကိုကြားတော့ ဖူကွေ့ သူတို့ကိုလှည့်ကြည့်ပြီး ခေါင်းခါလိုက်တယ်။ သူပြောနေတဲ့ စွမ်းရည်က ဘာလဲဆိုတာကို သူ မသိဘူး။

သူ့ရဲ့မှတ်ဉာဏ်တွေကမှုန်ဝါးနေပေမယ့် အရင်တုန်းကတုန်းက တစ်ယောက်ယောက်ဟာ သူတို့ရဲ့စွမ်းရည်တွေကို အသုံးပြုနေတာကို မြင်တိုင်း အဲဒီစွမ်းရည်တွေကို သူ အသုံးပြုနိုင်တယ်ဆိုတာကို သိခဲ့တယ်။

"ဒါဆို တခြားလူတွေရဲ့ စွမ်းရည်တွေကို မြင်ပြီးရင် အသုံးပြုနိုင်တာလား"လို့ ကျင်းရွှီယန်းက ထပ်မေးလိုက်သည်။

ဒီတစ်ခါမှာတော့ ဖူကွေ့က ခေါင်းညိတ်ပြတယ်။

ခဏလောက်စဉ်းစားပြီးနောက်မှ ကျင်းရွှီယန်းက သူ့လက်ဖဝါးကို ဖွင့်လိုက်တော့ အနက်ရောင်မီးတောက်တစ်ခုက လက်ဖဝါးအပေါ်တွင် လွင့်မျောနေသည်။ ဒါကိုမြင်တဲ့အခါမှာတော့ ဖူကွေ့က မီးတောက်ကို အတော်ကြာအောင်ကြည့်နေပြီးမှ သူ့လက်ဖဝါးကို ဖြန့်လိုက်သည်။

သူတို့သုံးယောက်က သူ့(ဖူကွေ့)ရဲ့လက်ဖဝါးကို စိုက်ကြည့်နေကြပေမယ့် အချိန်အတော်ကြာပြီးနောက်မှာတော့ အနက်ရောင်မီးတောက်အစား အနီရောင်မီးတောက်ကသာ သူ့လက်ဖဝါးအပေါ်မှာ လွှင့်မျောနေခဲ့တယ်။

ဒါကိုမြင်တော့မှ ကျင်းရွှီယန်းက ပြောလာတယ် "မင်းရဲ့စွမ်းရည်က တကယ်ကို စွမ်းရည်ပုံတူကူးတာ ဖြစ်ရမယ်။ ဒါပေမယ့် မင်းမြင်ခဲ့ရတဲ့ စွမ်းရည်အသုံးပြုသူရဲ့ အခြေခံစွမ်းရည်အဆင့်ကိုပဲ သုံးနိုင်တဲ့ပုံပဲ"

"အစ်ကိုယန်း၊ ဒီလူက တခြားလူတွေရဲ့ စွမ်းရည်တွေကို ကူးယူနိုင်ပေမယ့် သူတို့ရဲ့ စွမ်းရည်အဆင့်ကိုတော့ ကူးယူလို့မရဘူးလို့ ပြောချင်တာလား" လို့ ကျိူးလီဇီက မေးလိုက်သည်။

"ကိုယ်လည်း သေချာမသိဘူး။ ကိုယ်တို့ ပိုပြီးစမ်းကြည့်ရမယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူက ကိုယ်တို့ရဲ့ စွမ်းရည်တွေကို ကူးယူနိုင်တယ်ဆိုတာ သေချာပေမယ့် ကိုယ်တို့ရဲ့ စွမ်းရည်အဆင့်ကိုတော့ ကူးယူလို့မရဘူး။ ဒါကြောင့် သူက ကိုယ်တို့နဲ့တူညီတဲ့ စွမ်းရည်ကိုသုံးရင်တောင် တိုက်ခိုက်မှုစွမ်းအားက ကွာခြားတယ်" ဟု ကျင်းရွှီယန်းက ပြန်ဖြေသည်။

သူဒီလိုပြောပြီးတဲ့နောက်တော့ ကျိူးလီဇီနှင့် ဖူကွေ့တို့ နှစ်ယောက်စလုံးက ခေါင်းညိတ်လိုက်ကြတယ်။ သူတို့အပေါ် ရန်လိုတာမျိုး မရှိတော့တာကို မြင်တော့မှ ကျိူးလီဇီက နောက်ဆုံးတော့ မေးလိုက်တယ် "အစ်ကိုယန်း ၊ အခုတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြောပြနိုင်ပြီလား"

"အာ့ဇီ ၊ ကိုယ် မင်းရဲ့ မေးခွန်းကိုမဖြေခင်မှာ မင်းကိုတစ်ခုအရင်မေးရမယ်" လို့ ကျင်းရွှီယန်းက ပြောလိုက်သည်။

"အစ်ကိုယန်း မေးပါ" ဟုပြောကာ သူမက ခေါင်းညိတ်ပြသည်။

ခဏတာ တွန့်ဆုတ်နေပြီးနောက်မှ နောက်ဆုံးတော့ ကျင်းရွှီယန်းက မေးလိုက်သည် “အာ့ဇီ မင်းရဲ့နေရာလွတ်က ဇွန်ဘီဗိုင်းရပ်စ်ကို စုပ်ယူနိုင်လား”

ဒီစကားကိုကြားတော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး "အစ်ကိုယန်း ၊ ဘာလို့အဲဒါကိုမေးတာလဲ" လို့ ပြန်မေးလိုက်တယ်။

"မင်းသတိလစ်နေတုန်းမှာ ဖူကွေ့ရဲ့ခန္ဓာကိုယ်ထဲကနေ အနက်ရောင်မြူတွေထွက်လာပြီး သူက လူသားတစ်ယောက်လို ဖြည်းဖြည်းချင်းပြန်ဖြစ်သွားတယ်။ ကိုယ် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်တော့ သူ့ကိုယ်အထဲမှာ ဇွန်ဘီဗိုင်းရပ်စ်မရှိတော့ဘူး" လို့ ကျင်းရွှီယန်းက ရှင်းပြသည်။

ဒါကိုကြားလိုက်တော့ ကျိူးလီဇီသည် ဇွန်ဘီဖြစ်နေတဲ့ မိုဘင်းရှန်ရဲ့ခန္ဓာကိုယ်ကနေ အနက်ရောင်မြူခိုးတွေ ထွက်လာပြီး သူမရဲ့အာကာသနေရာလွတ်က စုပ်ယူလိုက်ကာ စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့တာကို သတိရသွားသည်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ သူမက စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ဘာကမှမကျန်ရစ်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

မိုဘင်းရှန်နှင့် ဖူကွေ့တို့ရဲ့ အခြေအနေတွေကို နှိုင်းယှဉ်ကြည့်လိုက်တော့ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်များက ဇွန်ဘီဗိုင်းရပ်စ်ဖြင့် ညစ်ညမ်းနေသော်လည်း မိုဘင်းရှန်ကတော့ ဇွန်ဘီပိုး အပြည့်အဝ ကူးစက်ခံထားရပြီး ဖူကွေ့‌ကတော့ ဇွန်ဘီပိုးတစ်ဝက်သာရှိကာ လူသားဆန်သော စရိုက်လက္ခဏာများကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်းကို သဘောပေါက်လာခဲ့သည်။

အဲဒီလိုဖြစ်တဲ့အတွက် ဖူကွေ့ရဲ့ခန္ဓာကိုယ်ထဲက ဇွန်ဘီဗိုင်းရပ်စ်တွေကို သူမရဲ့နေရာလွတ်က စုပ်ယူပြီးနောက်မှာတော့ သူအသက်ရှင်နေဖို့က မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ပါဘူး။

နောက်ဆုံးတော့မှ ကျိူးလီဇီက ခေါင်းညိတ်ပြီး "အစ်ကိုယန်း အမှန်အတိုင်းပြောရရင် ဒီနေရာလွတ်က စွမ်းအင်လိုအပ်တယ်။ အမြုတေတွေကို နေ့တိုင်းစုပ်ယူတယ်။ ဇွန်ဘီဗိုင်းရပ်စ်ပါတဲ့ အရာမှန်သမျှကိုလည်း စွမ်းအင်အဖြစ် ပြောင်းလဲပြီး စုပ်ယူတယ်" လို့ ပြောလိုက်တယ်။

သူတို့ရဲ့ အဝတ်အစားတွေပေါ်က အနက်ရောင်သွေးတွေနှင့် ပုပ်နေတဲ့ အသားတွေက နေရာလွတ်ကို ဝင်လိုက်တာနဲ့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာကို စဉ်းစားရင်း ကျင်းရွှီယန်းက မေးလိုက်တယ် "ဇွန်ဘီတွေရဲ့ သွေးနှင့်အသားတွေရောလား"

ကျိူးလီဇီက ခေါင်းညိတ်ပြီးပြန်ဖြေလိုက်တယ် "ကျွန်မရဲ့ အာကာသနေရာလွတ်ထဲကို ဇွန်ဘီတွေထည့်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး"

"မင်းရဲ့နေရာလွတ်ထဲကို ဇွန်ဘီတွေမထည့်နိုင်ရင် အဲဒီအမျိုးသမီးဖုတ်ကောင် နှင့် ဖူကွေ့ကို ဘယ်လိုလုပ်ပြီးခေါ်လာနိုင်မှာလဲ"လို့ ကျင်းရွှီယန်းက သံသယဖြင့် မေးလိုက်သည်။

"ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျွန်မလည်း ဒီအချက်ကို နားမလည်ဘူး" ကျိူးလီဇီက ပြောရင်းခေါင်းခါလိုက်သည်။

ကျင်းရွှီယန်းက မျက်မှောင်ကြုတ်ပြီး "မင်းရဲ့နေရာလွတ်ထဲကို ဇွန်ဘီတွေ ဆွဲခေါ်လာနိုင်မယ့် လိုအပ်ချက်တစ်ခုခု ရှိရမယ်" လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ခဏလောက်စဉ်းစားပြီးမှ "အစ်ကိုယန်း ၊ မှတ်ဉာဏ်ပြန်ရလာတဲ့ ဇွန်ဘီတွေကိုပဲ ကျွန်မရဲ့နေရာလွတ်ထဲ ဆွဲခေါ်နိုင်မယ်လို့ မင်းထင်လား" လို့ မေးလိုက်တယ်။

"ကျွန်မတို့ သူ့နဲ့ တိုက်ခိုက်နေတုန်းက မင်းကိုမြင်တော့ သူ့မျက်လုံးတွေ သတိပြန်ဝင်လာတာကို သတိထားမိလိုက်တယ်။ အဲဒီအချိန်မှာပဲ သူ့ရဲ့ လူသားမှတ်ဉာဏ်တချို့ကို ပြန်ရသွားတာ ဖြစ်နိုင်တယ်" လို့ သူမက ထပ်ပြောလိုက်တယ်။

"ဒါဆို အဲဒီအမျိုးသမီး ဇွန်ဘီကော"ဟု ကျင်းရွှီယန်းက မေးလိုက်သည်။

အခန်း-(၂၉၀)

ကျိူးလီဇီက ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်တယ် "အဲဒီဇွန်ဘီမိန်းကလေးက တကယ်တော့ ကျွန်မရဲ့ အတန်းဖော်တစ်ယောက်ပဲ။ သူမရဲ့နာမည်က မိုဘင်းရှန် ပြီးတော့ သူမက ပိုင်ရီကျီးတို့အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းလေ။ သူမက ဘာဖြစ်သွားလဲဆိုတာကို ကျွန်မ မသိပေမယ့် နောက်တစ်ခါ သူမနဲ့ တွေ့တဲ့အခါမှာတော့ သူမက ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီးပြီ"

"ဒါပေမယ့် သူမ ဇွန်ဘီမဖြစ်ခင်ကတော့ ကုသနိုင်တဲ့စွမ်းရည်တစ်ခုရှိတယ်။ ကျွန်မတို့ရဲ့တိုက်ပွဲအတွင်းမှာတော့ သူမက ကျွန်မကို ပစ်မှတ်ထားနေပြီး သူမရဲ့မှတ်ဉာဏ်တွေကို မှတ်မိနေပုံရတယ်လို့ ကျွန်မသတိထားမိတယ်။ သူမမှာ သတိတောင်ရှိတယ်" ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

သူ့ချစ်သူရဲ့ ရှင်းပြချက်ကို ကြားပြီးတဲ့နောက်တော့ ကျင်းရွှီယန်းက ရုတ်တရက် မေးလိုက်တယ် "အာ့ဇီ သူ့နာမည်က ဘာလဲ"

"မိုဘင်းရှန်"

သူမရဲ့ချစ်သူက မျက်မှောင်ကြုတ်တာကိုမြင်တော့ ကျိူးလီဇီ "အစ်ကိုယန်း၊ သူ့ကို သိလို့လား" လို့ မေးလိုက်တယ်။

"သူမက မိုဂျွန်ဂျီနဲ့ဝမ်းကွဲတော်တဲ့သူ ဖြစ်နိုင်တယ်။ မိုဂျွန်ဂျီက သူ့ဝမ်းကွဲကိုရှာနေပြီး ရွှီချွန်းရဲ့ စခန်းမှာ လူပျောက်အကြောင်းကြားစာ ကပ်ထားတယ်လို့ အဘိုးကြီးကျန်းကကိုယ့်ကို ပြောပြတယ်။ သူရှာနေတဲ့လူကလည်း မိုဘင်းရှန် လို့ ခေါ်တယ်တဲ့" ဟု ကျင်းရွှီယန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

ဒီစကားကိုကြားတော့ ကျိူးလီဇီ အံ့အားသင့်သွားတယ်။ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်မှမေးလိုက်တယ် "အစ်ကိုယန်း ၊ မိုဂျွန်ဂျီကို ဒီအကြောင်း ကျွန်မတို့ ပြောပြသင့်လား။ သူမ မရှိတော့တဲ့အချိန်မှာ ဆက်ရှာနေတာက သူ့အတွက် မကောင်းဘူး"

"ရွှီချွန်းရဲ့ အခြေစိုက်စခန်းကို ပြန်ရောက်ရင် ကိုယ်တို့ သူ့ကို အမှန်အတိုင်း ပြောပြလိုက်မယ်။ သူက ထွက်သွားချင်တယ်ဆိုရင်တော့ သူ့ကို အတင်းနေခိုင်းမှ မဟုတ်ဘူး" လို့ ကျင်းရွှီယန်းက ပြန်ဖြေသည်။

"သူ့ဝမ်းကွဲကိုသတ်လိုက်လို့ ကျွန်မတို့ကို မုန်းသွားမှာလား" ဟု ကျိူးလီဇီက မေးလိုက်သည်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက ပြုံးပြီးပြန်ဖြေတယ် "စိတ်မပူပါနဲ့။ ကိုယ်တို့သတ်ခဲ့တာက လူသားမဟုတ်ဘဲ ဇွန်ဘီတစ်ကောင်ပဲ။ သူမကိုသတ်တဲ့သူတွေက ကိုယ်တို့ဆိုတာကို သူသိသွားရင်တောင် ကိုယ်တို့ကို မုန်းစရာဘာအကြောင်းမှမရှိဘူး။ ဘာပဲဖြစ်ဖြစ် သူမကသာ လာပြီး ကိုယ်တို့ကို သတ်ဖို့ကြိုးစားနေလို့ ကိုယ်တို့ကပြန်လုပ်ခဲ့တာ"

ကျိူးလီဇီက ခေါင်းညိတ်ပြပြီး သူ့ကိုထပ်မေးလိုက်တယ် "ဒါဆို မင်းရဲ့သူငယ်ချင်းကရော"

ကျင်းရွှီယန်းက သူ့သူငယ်ချင်းကို ကြည့်လိုက်တော့ သူတို့ကို စိတ်ဝင်တစားနဲ့ စိုက်ကြည့်နေတာကို သတိပြုမိလိုက်သည်။ သူ့ရဲ့ကိုယ်အတွင်းတွင် ဇွန်ဘီဗိုင်းရပ်စ် မရှိတော့သော်လည်း စက်ရုံက သူ့အပေါ်တွင် ခြေရာခံကိရိယာတစ်ခု တပ်ဆင်ထားသည်။

သူတို့သာ သူ့ကိုလွှတ်ပေးလိုက်ရင် အဲဒီစက်ရုံက သူ့ရဲ့တည်နေရာကို ခြေရာခံမိပြီး သူ့ချစ်သူနှင့်သူ့အဖွဲ့ကို အန္တရာယ်ဖြစ်စေနိုင်တယ်။ သူမှာ လုံလောက်တဲ့အင်အား မရှိခင်အချိန်ထိ အဲဒီစက်ရုံကို ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ဘူး။

အားသာချက်၊ အားနည်းချက်တွေကို ချိန်ဆပြီးတဲ့နောက်မှာ သူက ပြောလိုက်တယ်"အာ့ဇီ ၊ ဖြစ်နိုင်ရင် သူ့ကို နေရာလွတ်ထဲမှာပဲ နေခိုင်းလိုက်တာ ပိုကောင်းတယ်။ မင်း စိုးရိမ်နေရင်တော့ မျိူးပြောင်းတိရစ္ဆာန်တွေလိုပဲ သူ့အပေါ် ကန့်သတ်ချက်တွေ ထားထားလို့ရတယ်"

ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့ချစ်သူကိုကြည့်လိုက်ပြီး "အစ်ကိုယန်း မင်းနဲ့သူနဲ့က ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ကျွန်မထင်တယ်" လို့ ပြောလိုက်တယ်။

"ကိုယ်တို့က အကောင်းဆုံးသူငယ်ချင်းတွေလေ အတူတူကြီးပြင်းလာကြတာ" ဟု ကျင်းရွှီယန်းက ပြန်ဖြေသည်။

"ဒါဆို ဘယ်လိုလုပ်ပြီး သူ့ကို ဗီဇပြောင်း တိရစ္ဆာန်တွေလို ဆက်ဆံနိုင်မှာလဲ" လို့ သူမက မေးလိုက်တယ်။

"ဒါက ဥပမာတစ်ခုပဲ" လို့ သူက အကူအညီမဲ့စွာ ပြန်ပြောလိုက်တယ်။

ကျိူးလီဇီက သူ့ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီးနောက်မှ "ကျွန်မ သူ့ကို ကန့်သတ်ထားမှာမဟုတ်ဘူး။ သူ ကျွန်မရဲ့နေရာလွတ်မှာရှိနေသရွေ့တော့ သူ့ရဲ့လှုပ်ရှားမှုတွေကို ကျွန်မက ဆက်လက်စောင့်ကြည့်နေနိုင်ပြီး သူ ရုတ်တရက် ရူးသွပ်သွားရင်တောင် ကျွန်မရဲ့အသိစိတ်ကို အသုံးပြုပြီး ထိန်းချုပ်နိုင်တယ်" လို့ ပြောလိုက်တယ်။

"ကောင်းပြီ၊ ကိုယ် မင်းပြောတာကို နားထောင်မယ်"လို့ ကျင်းရွှီယန်းက ပြုံးကာ ပြောလိုက်သည်။

သူတို့ဆွေးနွေးပြီးနောက်တော့ ကျိူးလီဇီက မီးဖိုချောင်သို့သွားပြီး အစားအစာအချို့ကိုချက်ပြုတ်သည်။ သူမက ထမင်းတစ်အိုးပေါင်းလိုက်ပြီး၊ ကြက်သားကင်၊ ငါးချဉ်စပ်နှင့် ဟင်းချိုချက်ပြီး ကြက်ဥအတော်များများလည်းကြော်ခဲ့သည်။

အစားအစာတွေ ကျွေးတဲ့အခါမှ သူမကမေးလိုက်တယ် “အစ်ကိုယန်း ၊ မင်းရဲ့သူငယ်ချင်းက လူသား‌တွေရဲ့အစားအစာကို စားနိုင်မယ်လို့ ထင်လား”

ကျင်းရွှီယန်းက ဖူကွေ့ကို လှမ်းကြည့်လိုက်ပြီး “သူလုပ်နိုင်သင့်တယ်” လို့ ပြောလိုက်တယ်။

သူဒီလိုပြောပြီးတာနဲ့ ဖူကွေ့ သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့ကို တိုက်တွန်းတဲ့အကြည့်နဲ့ ကြည့်လာတယ်။

ဒါကိုမြင်တော့ ကျင်းရွှီယန်းက ထမင်းတစ်ပန်းကန် ခူးပေးလိုက်တယ်။ ပန်းကန်ကို သူ့ရှေ့ချပေးလိုက်တာနဲ့ ဖူကွေ့က သူ့လက်နှင့်နှိုက်ပြီး ထမင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။

"ဟေး ၊ လက်ကိုမသုံးနဲ့ တူသုံး" လို့ ကျိူးလီဇီက ပြောသည်။

"အာ့ဇီ သူက အသုံးဆောင်ပစ္စည်းတွေကို မသိလောက်ဘူး" ဟု ကျင်းရွှီယန်းက ဝမ်းနည်းစွာပြောသည်။

'သူရဲ့စားသောက်ပုံအရဆိုရင် သူ့က စက်ရုံထဲမှာ တိရစ္ဆာန်တစ်ကောင်လို ကြီးပြင်းလာခဲ့ပုံရမယ်' လို့ သူ စိတ်ထဲမှာ တွေးနေမိတယ်။

ဖူကွေ့က ဟင်းတွေကို မစားဘဲ ထမင်းဖြူကိုသာ စားလိုက်သည်။ စားလို့ကုန်တာနဲ့ စားပွဲကိုရိုက်ပြီး ထပ်တောင်းတယ်။

ဒီတစ်ခါမှာတော့ ကျိူးလီဇီက ပန်းကန်ပြားကြီးကို သုံးလိုက်တယ်။ သူမက ထမင်းထပ်ခူးပေးပြီး သူ့အတွက် ဟင်းတွေထည့်ပေးလိုက်တယ်။ ဖူကွေးက ဟင်းတွေကို မြည်းစမ်းကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေက တောက်ပလာပြီး စားတဲ့နှုန်းလည်း မြန်လာသည်။

သူတို့စားနေတုန်းအချိန်မှာ ကျင်းရွှီယန်းက သူ့ဘေးမှာထိုင်ပြီး သူ့အတွက်ဟင်းတွေထပ်ထည့်ပေးတယ်။ သူတို့စားပြီးတဲ့အခါမှာတော့ ဖူကွေ့ကို ရေချိုးပေးပြီး သန့်ရှင်းတဲ့အဝတ်အစားတွေလဲဖို့ ကူညီပေးတယ်။

ရေချိုးပြီးတဲ့နောက်အနေအထားနှင့် သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ ကျိူးလီဇီက မေးလိုက်တယ် "အစ်ကိုယန်း သူက မင်းရဲ့ညီမဟုတ်ဘူးဆိုတာ သေချာလား။ မင်းတို့နှစ်ယောက်က အရမ်းတူတာပဲ"

သူမရဲ့စကားတွေကိုကြားတော့ ကျင်းရွှီယန်းက ပြုံးလိုက်ပေမယ့် ဘာမှတော့မပြောပေ။ ဒီစက်ရုံရဲ့အကြောင်းတွေကို သူ မပြောပြချင်သေးဘူး။ သူ ပိုသန်မာလာတဲ့အထိ စောင့်ပြီးမှ အားလုံးကို ပြောပြမယ်။

ဖူကွေ့အတွက် အစားအစာနှင့်ရေ ထားခဲ့ပေးပြီးနောက်တော့ ကျိူးလီဇီက သူမချစ်သူရဲ့လက်ကိုကိုင်ပြီး နေရာလွတ်မှ ထွက်သွားခဲ့သည်။

သူတို့ပြန်ပေါ်လာတာတော့ ရေမတွက်နိုင်လောက်အောင်များတဲ့ ဇွန်ဘီတွေက သူတို့ကိုဝန်းရံထားတာကို ရင်ဆိုင်လိုက်ရတယ်။ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံက အရမ်းကိုကျယ်လောင်လွန်းလို့ နားစည်တွေတောင် ပေါက်ထွက်သွားတော့မလိုဘဲ ကျိူးလီဇီ ခံစားလိုက်ရတယ်။

ဇွန်ဘီတွေကတော့ သူတို့ရဲ့အနံ့ကိုရလိုက်တာနဲ့ ချက်ချင်း ခုန်အုပ်လာကြတယ်။

ဒါကိုမြင်တော့ ကျင်းရွှီယန်း သူ့ချစ်သူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

" ဘွမ်းးး"

ဇွန်ဘီတွေရဲ့ လက်သည်းနှင့် သွားတွေက သူတို့ကို မထိနိုင်ခင်မှာပဲ သူ့ခန္ဓာကိုယ်ကနေ အနက်ရောင်မီးတောက်တစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့ပတ်ပတ်လည်မှာ မီးအတားအဆီးတစ်ခု ဖြစ်လာသည်။

"ရားးးး"

ဇွန်ဘီအုပ်ကြီးရဲ့အလယ်ဗဟိုမှာရှိနေပြီး သူက စွမ်းအင်တွေကိုမတားဆီးဘဲ ၃၀% ကို ထုတ်လွှတ်လိုက်တယ်။ အနက်ရောင်မီးလျှံက သူ့ရဲ့စွမ်းအားကို စုပ်ယူလိုက်တဲ့အခါမှာတော့ အပူချိန်က မြင့်တက်လာသည်။ မီးလျှံနဲ့ထိတွေ့တဲ့ ဇွန်ဘီတိုင်းဟာ ချက်ချင်းပဲ ပြာကျသွားခဲ့တယ်။

မကြာခင်မှာပဲ မီးတံတိုင်းက အနက်ရောင်မီးတောက်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံကို ထိုးတက်သွားခဲ့တယ်။

အလယ်ဗဟိုတွင်ရပ်နေသော ကျင်းရွှီယန်းက အတားအဆီးကို အပြင်ဘက်သို့ ထပ်ချဲ့လိုက်တယ်။ စက္ကန့်ပိုင်းလောက် အကြာမှာတော့ မီးတောက်တိုင်က အချင်းသုံးဆယ်မီတာနှင့် အမြင့်ဆယ်မီတာအထိ ကြီးထွားလာသည်။

သတ္တုနံရံထိပ်တွင်ရပ်နေသော နတ်ဆိုးအဖွဲ့ဝင်များ၊ လင်းယုန်အဖွဲ့နှင့် ရွှီချွန်းမှစေလွှတ်လိုက်သော စစ်သားများအားလုံးက ထိုမြင်ကွင်းကို အတူမျက်မြင်တွေ့ခဲ့ကြသည်။

အခန်း-(၂၉၁)

ရှောင်ချီက အနက်ရောင်မီးတောက်တိုင်ကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "အဲဒါက ကပ္ပတိန်နှင့်ခယ်မပဲ သူတို့ အသက်ရှင်နေကြသေးတယ်"

ချင်လူဇီကလည်း သူ့မြေပုံကို စစ်ဆေးပြီး ခေါင်းညိတ်ပြကာ "သူတို့ပြန်လာပြီ" ဟု သူက ပြောလိုက်သည်။

"အဆင့်မြင့်ဇွန်ဘီကော" လို့ ကျန်းယွမ်က မေးလိုက်သည်။

"ကျွန်တော့်စိတ်မြေပုံမှာ မတွေ့ရဘူး။ ကပ္ပတိန်နဲ့ခယ်မက သတ်ပစ်လိုက်တာဖြစ်ရမယ်" ဟု ချင်လူဇီက အတည်ပြုပြောသည်။

ဒါကိုကြားတော့ ကျန်းယွမ်က စိတ်သက်သာရာရသွားပြီး "ကောင်းတယ်" လို့ ပြောလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ကျင်းရွှီယန်းက ခေါင်းငုံ့ပြီး "အာ့ဇီ မင်းအဆင်ပြေရဲ့လား" လို့ သူ့ရင်ခွင်ထဲကချစ်သူကို မေးလိုက်သည်။

ကျိူးလီဇီကတော့ အပူချိန်မြင့်မားမှုကြောင့် ချွေးတွေထွက်နေတယ်။ ကံကောင်းထောက်မလို့ သူမရဲ့ ရေစွမ်းရည်ကို အသုံးပြုပြီး ရေခဲပါးပါးနှင့် အရေပြားကို ဖုံးအုပ်နိုင်ခဲ့ပြီး အပူဒဏ်ကို လျော့ကျစေခဲ့တယ်။

သူမက ခေါင်းညိတ်ပြီး “အစ်ကိုယန်း၊ ကျွန်မ အဆင်ပြေပါတယ်” လို့ ပြန်ဖြေလိုက်တယ်။

သူ့ချစ်သူက မသက်မသာဖြစ်နေဆဲဆိုတာကိုမြင်တော့ ကျင်းရွှီယန်းက သူမကိုချီပြီး သတ္တုနံရံဆီ အပြေးသွားလိုက်သည်။ မီးအတားအဆီးက သူတို့ကို ဝိုင်းရံထားတာကြောင့် ဘယ်ဇွန်ဘီကမှ သူတို့အနားကို မရောက်လာနိုင်ဘူး။

နံရံနှင့် မီတာနှစ်ဆယ်အကွာသို့ ရောက်သောအခါတွင်တော့ ကျင်းရွှီယန်းက မီးအတားအဆီးကို ငြှိမ်းသတ်လိုက်ပြီး နံရံထိပ်သို့ ခုန်တက်လိုက်သည်။ သူ နံရံ‌ပေါ် ခြေချလိုက်တာနှင့် နတ်ဆိုးအဖွဲ့ဝင်တွေက အပြေးအလွှား ရောက်လာကြတယ်။

"ကပ္ပတိန်၊ ခယ်မ အဆင်ပြေကြရဲ့လား" ဟု ရှောင်ချီက မေးလိုက်သည်။

ကျင်းရွှီယန်းက သူ့ချစ်သူကို ချထားလိုက်ပြီး "ငါတို့ အဆင်ပြေပါတယ်" လို့ ပြန်ဖြေလိုက်တယ်။

သူတို့ဘေးကင်းကြောင်း အတည်ပြုပြီးနောက်မှ အဖွဲ့က ဇွန်ဘီများကို ပြန်လည်သတ်ဖြတ်ခဲ့ကြသည်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ဟာ သူမရဲ့နေရာလွတ်တွင် အနားယူပြီးလို့ စားသောက်လို့လည်း ပြီးပြီဖြစ်တာကြောင့် တိုက်ပွဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

နောက်တစ်နေ့ မနက်ဆယ်နာရီမှာမှ နောက်ဆုံးသော ဇွန်ဘီကို သတ်နိုင်ခဲ့သည်။

ဒါကိုမြင်တာနဲ့ စစ်သားတွေက ဝမ်းသာအားရ အော်ဟစ်လိုက်ကြတယ်။ နှစ်ရက်နှင့်တစ်ညပဲ တိုက်ခိုက်ရသေးပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကြပါပြီ။

နတ်ဆိုးအဖွဲ့ နှင့် လင်းယုန်အဖွဲ့ဝင်တွေက ဇွန်ဘီအလောင်းတွေကို သန့်ရှင်းရေးလုပ်ပြီး အမြုတေတွေကို စုဆောင်းနိုင်သေးတာကို မြင်တဲ့အခါ သူတို့ကြားက ကွာဟချက်က ဘယ်လောက်တောင် ကြီးမားလဲဆိုတာကို နောက်ဆုံးတော့ သဘောပေါက်သွားကြတယ်။

စစ်မြေပြင်ကို ရှင်းလင်းပြီးနောက်မှာတော့ ဝိန့်မိုက ဧရာမသတ္တုနံရံကို ကြည့်ကာ “ကပ္ပတိန်၊ ဒီနံရံကို ကျွန်တော်တို့ ဘာလုပ်သင့်လဲ” ဟု မေးလိုက်သည်။

ပုံမှန်အားဖြင့်ဆို သူက သတ္တုနံရံ‌တွေကို ကျည်ဆန်များအဖြစ် ပြောင်းလဲလေ့ရှိသော်လည်း ယခုတစ်ကြိမ်မှာတော့ သတ္တုနံရံရဲ့ ထုထည်က အလွန်ကြီးမားသည်။ သူသာ အားလုံးကို ကျည်ဆန်များအဖြစ် ပြောင်းလဲပါက ဒါတွေအားလုံးက နေရာလွတ်အမျိုးအစား အသုံးပြုသူများရဲ့ သိုလှောင်မှုနေရာများစွာကို ယူသွားမည်ဖြစ်သည်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှ " သတ္တုတုံးအဖြစ် ခဏတော့ ပြောင်းလိုက်ဦး။ နောက်ကြရင် အဲတာတွေကို ငါတို့ လိုအပ်လာနိုင်တယ်" လို့ ပြောလိုက်တယ်။

အရာအားလုံးကို ပြန်လည်အသုံးပြုမယ်ဆိုတဲ့ ကပ္ပတိန်ရဲ့စည်းမျဉ်းကို လိုက်နာတဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဝိန့်ခိုင်က ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ ပြောပါတယ်။

လူတိုင်းက သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးနေချိန်မှာ သူကတော့ ထိုင်ပြီး အမြုတေတွေကို စုပ်ယူလိုက်တယ်။ အဖွဲ့သားတွေ ထုပ်ပိုးပြီးသွားတဲ့အချိန်မှာတော့ သူ့ရဲ့စွမ်းအင်တွေ ကပြန်ရနေပါပြီ။

လူတိုင်းရဲ့အကြည့်တွေအောက်မှာပဲ သူက သတ္တုနံရံကို ကြီးမားတဲ့ သတ္တုတုံးတွေအဖြစ် ပြောင်းလဲလိုက်တယ်။ သတ္တုတွေကို လမ်းပေါ်မှာ သေသပ်စွာစီထားပြီး ကျိူးလီဇီက သူမရဲ့လက်ကိုဝှေ့ယမ်းကာ နေရာလွတ်မှာ သိမ်းဆည်းလိုက်သည်။ တိုက်ပွဲမှာအသုံးပြုခဲ့တဲ့ သတ္တုကျည်ဆန်အားလုံးကိုလည်း သူမစုဆောင်းလိုက်တယ်။

ကျည်ဆန်များနှင့် သတ္တုတုံးများက သူမရဲ့နေရာလွတ်အတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် ပေါ်လာတော့ ၎င်းတို့ဆီကနေ အနက်ရောင်မြူခိုးများ ထွက်လာပြီး စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားကာ ထိုစွမ်းအင်များကိုတော့ နေရာလွတ်က စုပ်ယူလိုက်သည်။

ယခင်ကနှင့်မတူဘဲ၊ ယခုတစ်ကြိမ်တွင်တော့ ဇွန်ဘီဗိုင်းရပ်စ်စွမ်းအင်က အမှုန်အမွှားတစ်ခုအဖြစ် ဖွဲ့စည်းသောအခါတွင် ၎င်းရဲ့အစိတ်အပိုင်းတစ်ခုကို ဖူကွေ့က စုပ်ယူလိုက်သည်။

စွမ်းအင်ကို စုပ်ယူလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ရဲ့ မျိုးရိုးဗီဇပြောင်းလဲမှု အစိတ်အပိုင်းက တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားတယ်။ ပြောင်းလဲမှုက အနည်းငယ်သာရှိပေမယ့် သူ့ကို ပိုပြီး လူသားဆန်တဲ့ပုံပေါက်စေတယ်။

ထို့နောက်မှာတော့ သူက ရေကန်ဆီသွားပြီး ရေအနည်းငယ် သောက်လိုက်သည်။

သူ့ရဲ့ခန္ဓာကိုယ်က လူတစ်ဝက် ဇွန်ဘီတစ်ဝက်ဖြစ်တာကြောင့် လူသားအစားအစာကို မစားနိုင်ဘူး။ ရှင်သန်ဖို့အတွက် အမြု‌တွေကို စုပ်ယူရမယ်။ အခုက ဘာမှမရနိုင်တော့တဲ့အတွက် တူညီတဲ့စွမ်းအင်ရှိတဲ့ ရေကန်ကရေကိုပဲ အားကိုးနေရတယ်။

သူက နေရာအနှံ့ လှည့်လည်သွားလာနေပြီး ကျိူးလီဇီက တော့ သူမရဲ့ အသိစိတ်ကနေစောင့်ကြည့်နေခဲ့တယ်။ ခဏကြာတော့မှ သူမက မျက်လုံးဖွင့်ပြီး တိုးတိုးလေးပြောလိုက်တယ် "အစ်ကိုယန်း သူ အဲဒီမှာ အဆင်ပြေနေပုံပဲ"

"ကောင်းတယ်" ဟု ကျင်းရွှီယန်းက ကားမောင်းရင်း ပြောသည်။

လင်းယုန်အဖွဲ့နှင့် ရွှီချွန်းမှ စေလွှတ်လိုက်သော စစ်သားများ ပါဝင်လာခြင်းကြောင့် လမ်းတစ်လျှောက်တွင် လှည့်လည်သွားလာနေသော ဇွန်ဘီများအတွက် စိတ်ပူစရာမလိုတော့ပေ။

သူနှင့် သူ့ချစ်သူကလွဲလို့ ကျန်နတ်ဆိုးအဖွဲ့ဝင်တွေဟာ အရမ်းပင်ပန်းနေကြလို့ ကားမောင်းဖို့ကို ဘယ်သူမှဆန္ဒမရှိကြဘူး။ ဒါကြောင့် နတ်ဆိုးအဖွဲ့ဝင်တွင် အိပ်ပျော်နေချိန်မှာ လင်းယုန်အဖွဲ့က ကားတွေကို မောင်းပေးသည်။

ရွှီချွန်းရဲ့ အခြေစိုက်စခန်းကို သူတို့ရောက်တဲ့အချိန်မှာတော့ ကောင်းကင်က အရောင်ပြောင်းသွားခဲ့ပါပြီ။

ဂိတ်စောင့်တွေက ယာဉ်တန်းကိုမြင်သောအခါတွင်တော့ သူတို့ထဲကတစ်ဦးက သူ့ရဲ့ ဝေါ်ကီတော်ကီကို လျင်မြန်စွာ ကောက်ယူပြီး “ဒုတိယဗိုလ်ကြီး၊ လင်းယုန်အဖွဲ့က ကျွန်တော်တို့ရဲ့ စစ်သားတွေနှင့်အတူ ပြန်လာပါပြီ” ဟု သတင်းပို့လိုက်သည်။

" တံခါးဖွင့်ပြီး စစ်ဆေးလိုက် ပြီးရင်အထဲဝင်ခွင့်ပေးလိုက်"

"နားလည်ပါပြီ"

အမိန့်အတိုင်းပဲ စစ်သားက “တံခါးဖွင့်ပြီး အတားအဆီးကို ဖယ်ရှားလိုက်” လို့ အော်ပြောလိုက်တယ်။

မကြာခင်မှာပဲ ကားအတော်များများက စခန်းအပြင်ဘက်ကို ရောက်လာကြပါတယ်။ လင်းယုန်အဖွဲ့နှင့် စစ်သားတွေ ကားထဲထွက်လာတဲ့အခါမှာတော့ အားလုံးက မျှော်လင့်ချက်နဲ့ စောင့်မျှော်နေကြပါတယ်။ ခဏအကြာမှာတော့ နတ်ဆိုးအဖွဲ့ဟာလည်း ယာဉ်တွေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြပါသည်။

သူတို့ကိုမြင်တဲ့အခါမှာ စစ်သားများ အားလုံးက တစ်ပြိုင်နက်တည်း အလေးပြုကာ “ရဲဘော်တို့၊ ပြန်လည်ကြိုဆိုပါတယ်” ဟု ပြောကြသည်။

နတ်ဆိုးအဖွဲ့၊ လင်းယုန်အဖွဲ့နှင့် ရွှီချွန်းရဲ့စစ်သားများကလည်း ပြန်လည်အလေးပြုခဲ့ကြသည်။ သူတို့က စစ်တပ်တွင် အမှုမထမ်းတော့သော်လည်း လူသားမျိုးနွယ်ရဲ့ ရှင်သန်ရပ်တည်ရေးအတွက် ပံ့ပိုးကူညီခွင့်ရသည့်အတွက် ဂုဏ်ယူကြသည်။

"ရဲဘော်တို့၊ ခင်ဗျားတို့မှာ ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ လိုပါတယ်။ တဲဆီကို ကျွန်တော်တို့နောက်ကနေ လိုက်ခဲ့ပါ" ဟု စစ်သားတစ်ဦးက ပြောသည်။

ဤသည်မှာ ပုံမှန်လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း သိရှိထားသောကြောင့် မည်သူကမျှ ကန့်ကွက်ခြင်းမရှိပေ။ တဲအတွင်းတွင်တော့ စစ်သားများက သူတို့ရဲ့ခန္ဓာကိုယ်များကို သေချာစွာစစ်ဆေးနိုင်ရန်အတွက် သူတို့အား အဝတ်အစားများချွတ်ဖို့ တောင်းဆိုခဲ့ကြသည်။

ကျိူးလီဇီရဲ့အလှည့်ရောက်တော့ ကျင်းရွှီယန်းက “ငါ့ချစ်သူကို စစ်ဆေးစရာမလိုဘူး။ အခြေစိုက်စခန်းထဲမဝင်ခင် နှစ်နာရီစောင့်မယ်” လို့ ပြောလိုက်တယ်။

အမျိုးသမီးစစ်သားများ သို့မဟုတ် ဝန်ထမ်းများ မရှိသောကြောင့် စစ်ဆေးပေးတဲ့စစ်သားက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်"ကောင်းပြီ"

သူ့ချစ်သူနှင့်အတူစောင့်ဖို့ ရည်ရွယ်ထားတဲ့အတွက် ကျင်းရွှီယန်းကလည်း စစ်ဆေးမှုမခံယူခဲ့ပါဘူး။ နှစ်ယောက်သားက အနားယူနိုင်ဖို့အတွက် စစ်သားတွေက ပိုသေးတဲ့တဲတစ်လုံးကို ခေါ်သွားခဲ့ပါတယ်။

စစ်သားက ထွက်ခွာမသွားခင်မှာ “ရဲဘော်တို့၊ ဒီမှာ ရေနဲ့အစာခြောက်တွေ ရှိတယ်။ ဗိုက်ဆာရင် ဒါမှမဟုတ် ရေငတ်ရင် ကိုယ့်ကိုကိုယ် ယူစားလိုက်ပါ” လို့ ပြောတယ်။

ဒါကိုကြားတော့ ကျိူးလီဇီက မေးလိုက်တယ်"ရဲဘော်၊ ရေနဲ့အစားအစာကို ဒီမှာထားခဲ့တော့ တစ်ယောက်ယောက်က ခိုးသွားမှာကို မစိုးရိမ်ဘူးလား”

All Chapters