← Chapters

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း (၂၉၂-၂၉၄)

Vol. 20 Ch. 292-294

အခန်း-(၂၉၂)

ကျိူးလီဇီရဲ့ မေးခွန်းကိုကြားတဲ့အခါ စစ်သားကပြုံးပြီးပြန်ဖြေပါတယ် “ဒီတဲက စစ်သားတွေ အနားယူဖို့ပါ။ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကမှ ဝင်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ စိတ်မပူပါဘူး”

ကျိူးလီဇီက ခေါင်းညိတ်ပြီး နားလည်စွာ ပြောလိုက်တယ် “ကျွန်မ နားလည်ပါပြီ”

"ကပ္ပတိန်ကျင်း ကျွန်တော်က ရောက်လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို သွားစစ်ဆေးရအုံးမယ်၊ ဒါကြောင့် ခင်ဗျားတို့နှစ်ယောက်ကို ဒီမှာပဲထားခဲ့မယ်"

"သွားပါ။ ငါတို့က တစ်ရေးတစ်မော အိပ်ကြမှာ" ဟု ကျင်းရွှီယန်းက ပြောသည်။

စစ်သားက ထွက်သွားပြီးတဲ့နောက်မှာပဲ ကျိူးလီဇီက တဲရဲ့ဇစ်ကိုဆွဲတင်ပြီး သူ့ချစ်သူကို အသံတိုးတိုးနဲ့ မေးလိုက်တယ် "အစ်ကိုယန်း ကျွန်မ ရေချိုးခန်းသုံးချင်လို့။ ကျွန်မနဲ့အတူလိုက်ခဲ့မလား"

ကျင်းရွှီယန်း ခေါင်းညိတ်ပြီး “မင်းသွားလေရာ ကိုယ်လိုက်မယ်” လို့ ပြောလိုက်တယ်။

သူမကပြုံးပြီး သူ့လက်ကိုကိုင်လိုက်ကာ နှစ်ယောက်သား သူမရဲ့ နေရာလွတ်ထဲကို ဝင်သွားကြသည်။ သူတို့ပေါ်လာပြီးတာနဲ့ချက်ချင်း သူမက အိပ်ခန်းထဲကို အပြေးအလွှားဝင်သွားသည်။

ရေချိုးခန်းကို အသုံးပြုပြီးနောက်မှာတော့ ချွေးနှင့် အညစ်အကြေးများကို ဆေးကြောရန်အတွက် သူမက အမြန်ရေချိုးလိုက်သည်။ တစ်ရက်လောက် ရေမရချိုးခြင်းက သူမကို မသက်မသာဖြစ်စေတယ်။

သူမရဲ့ခန္ဓာကိုယ်မှာ အနံ့သက်ဆိုးတွေ မရှိပေမယ့်၊ ပုပ်ပွနေတဲ့ အသားနှင့်သွေးတွေကတော့ သူမရဲ့ကိုယ်မှာ ကပ်ငြိနေဆဲပါပဲ။

ဒီအချိန်မှာတော့ သူမရဲ့ဆံပင်တွေက ဘယ်လောက်တောင်မြန်မြန် ရှည်လာလဲဆိုတာကို သူမ မညည်းညူဘဲ မနေနိုင်ခဲ့ဘူး။ ဆံပင်ညှပ်တာ ၂၃ ရက်ပဲရှိသေးပေမယ့် ခါးအထိ ရှည်လာပြီး အဖျားတွေကလည်း အနည်းငယ်ကောက်နေတယ်။

သူမက ဆံပင်ကို ပြန်ညှပ်ဖို့ စဉ်းစားခဲ့ပေမယ့် သူတို့ဖက်ထားတဲ့အခါမှာ သူ့ချစ်သူက သူမရဲ့ဆံပင်တွေနှင့် ဆော့ကစားရတာကို ကြိုက်တယ်။ သူက ဆံပင်ရှည်တာကို ပိုနှစ်သက်တယ်လို့ထင်ပြီး ဆံပင်ကိုမညှပ်‌တော့ဖို့ သူမဆုံးဖြတ်လိုက်တယ်။

ဖျော်ဖြေရေးတွေမရှိတဲ့ကမ္ဘာမှာ သူမရဲ့ဆံပင်ညှပ်လိုက်ခြင်းက သူ့ရဲ့သေးငယ်တဲ့ပျော်ရွှင်မှုတစ်ခုကို ဆုံးရှုံးသွားစေမယ်ဆိုရင် သူ့ရဲ့ပျော်ရွှင်မှုအတွက် သူမရဲ့အဆင်ပြေမှုကို စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။

သူမကိုယ်သူမ "ဦးနှောက်ဆေးခြင်း"ပြုလုပ် ပြီးတဲ့နောက်မှာတော့ သူမက ရေချိုးပြီး အဝတ်အစားများလဲလိုက်သည်။ ကံကောင်းလို့ပဲ သူမက စက်ရုံခရိုင်မှာ အဝတ်အစားများစွာကို စုဆောင်းထားခဲ့သည်။ သူမက ပုံစံတူဝတ်စုံကိုသာ ဝတ်ဆင်ထားသောကြောင့် မည်သူကမျှ ပြောင်းလဲမှုအား သိလိုက်ကြမှာမဟုတ်ပေ။

သူမရဲ့ဆံပင်ကို အခြောက်ခံပြီး အိပ်ခန်းထဲကနေ ထွက်လာတဲ့အခါမှာပဲ သူမရဲ့ချစ်သူကလည်း တခြားအိပ်ခန်းကနေ ထွက်လာတာကို တွေ့လိုက်ရတယ်။

သူ့ရဲ့စိုစွတ်နေတဲ့ဆံပင်ကို သတိထားမိလိုက်တော့ သူမကပြောလိုက်တယ် "အစ်ကိုယန်း၊ ဆံပင်ကို သေချာခြောက်အောင်သုတ်သင့်တယ်"

ကျင်းရွှီယန်းက ပြုံးလိုက်ပြီး သူ့ရဲ့စွမ်းအင်တွေကို လည်ပတ်လိုက်တယ်။ ငါးစက္ကန့်အတွင်းမှာပဲ သူ့ဆံပင်တွေက ခြောက်သွားတယ်။

ဒါကိုမြင်တော့ ကျိူးလီဇီက မနာလိုစွာပြောလိုက်တယ် "အစ်ကိုယန်း၊ မင်းရဲ့စွမ်းရည်က အရမ်းအဆင်ပြေတာပဲ"

ကျင်းရွှီယန်းက လျှောက်လာပြီး သူမရဲ့ဆံပင်တွေကို လက်ချောင်းတွေနှင့် သပ်ကာ "အာ့ဇီ မင်းလိုချင်ရင် မင်းရဲ့ဆံပင်တွေကိုလည်း ကိုယ်ခြောက်အောင်လုပ်ပေးလို့ရတယ်" လို့ ပြောလိုက်တယ်။

သူမရဲ့ ၈၀% ခြောက်သွေ့နေပြီးတဲ့ ဆံပင်ကို ထိကာ "အခုက ခြောက်တော့မှာ နောက်တစ်ခါမှ လုပ်ကြရအောင်" လို့ ပြန်ဖြေလိုက်တယ်။

“ကောင်းပြီ” ကျင်းရွှီယန်းက ပျော်ရွှင်စွာ သဘောတူလိုက်သည်။

နေရာလွတ်ကနေ မထွက်ခွာခင်မှာ သူမဟာ အစားအစာနှင့် ရေကန်ထဲကရေတချို့ကို ယူခဲ့ပါတယ်။ သူတို့ အပြင်မှာ ပြန်ပေါ်လာတဲ့အခါမှာပဲ တဲအပြင်ဘက်က အသံတစ်ခုကို ကြားလိုက်ရပါတယ်။

"ဗိုလ်ကြီး၊ ကပ္ပတိန်ကျင်း နှင့် သူ့ချစ်သူက အထဲမှာ အိပ်ပျော်နေကြပုံပဲ"

"သူတို့က စစ်ဆေး မခံဘူးလား" ဟု ရွှီချွန်းက မေးလိုက်သည်။

စစ်သားက ခေါင်းကုတ်ပြီး ရှက်ရွံ့စွာ ပြန်ဖြေတယ် “ဗိုလ်ကြီး၊ ရဲဘော်ကျိူးလီဇီက ကပ္ပတိန်ကျင်းရဲ့ ချစ်သူပါပါ။ ကျွန်တော်တို့မှာက အမျိုးသမီးဝန်ထမ်း မရှိဘူး။ ဘယ်သူက သူ့ကို စစ်ဆေးရဲမှာလဲ”

ပြဿနာကို သဘောပေါက်သွားသောအခါမှ ရွှီချွန်းက ခေါင်းညိတ်ပြီးပြောလိုက်သည် "အမျိုးသမီးဝန်ထမ်းတွေမပါရင် တကယ်ကို အဆင်မပြေဘူး"

အခြေစိုက်စခန်းရဲ့ အုပ်ချုပ်ရေးဝန်ထမ်းများဘက်သို့ လှည့်၍ “အမျိုးသမီးဝန်ထမ်းတွေလည်း ခန့်အပ်ဖို့ ကြော်ညာချက် ထုတ်ပြန်လိုက်လို့ " ထပ်ပေါင်းပြောလိုက်တယ်။

"နားလည်ပါပြီ"

နောက်ထပ်ညွှန်ကြားချက်အနည်းငယ်ပေးပြီးနောက်မှာတော့ ရွှီချွန်း နှင့် သူ့အဖွဲ့က ရုံးခန်းဆီသို့ ပြန်သွားကြသည်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့က နှစ်နာရီကြာအောင် စောင့်ရမည်ဖြစ်သောကြောင့် အချိန်အကြာကြီးနေရန် မလိုအပ်ပေ။ မနက်ဖြန်ကြမှ သူတို့ဆီကို ပြန်သွားလည်နိုင်တယ်။

နှစ်နာရီအကြာတွင် ကျိူးလီဇီနှင့် ကျင်းရွှီယန်း၌ မျိုးရိုးဗီဇပြောင်းလဲမှု လက္ခဏာမပြတာကြောင့် နောက်ဆုံးတော့ အခြေစိုက်စခန်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ ညစာစားချိန်နီးပြီဖြစ်သောကြောင့် နှစ်ယောက်သားက အိမ်ကိုပဲ တည့်တည့်မတ်မတ် ကားမောင်းသွားခဲ့ကြသည်။

အိမ်ကိုရောက်တော့ သူတို့ရဲ့ဘေးအိမ်မှာ လူတွေရှိနေတယ်ဆိုတာကို သတိထားမိလိုက်တယ်။ ခဏလောက်ကြည့်လိုက်ပြီးမှ သူတို့ရဲ့အိမ်ထဲကိုဝင်သွားကြတယ်။ ဧည့်ခန်းထဲ ဝင်လိုက်တာနဲ့ ရွှီချွန်း နှင့် ဝေယင်းတို့ရဲ့အသံကို ကြားလိုက်ရတယ်။

မျက်ခုံးကိုပင့်လိုက်ပြီး ကျင်းရွှီယန်း ထမင်းစားခန်းကို သွားလိုက်တော့ သူတို့က စကားစမြည်ပြောရင်း သစ်သီးတွေစားနေတာကို တွေ့လိုက်ရတယ်။ ဒါကိုမြင်တော့ သူကမေးလိုက်တယ် "ဝေယင်း၊ ရွှီချွန်း မင်းတို့နှစ်ယောက်က ငါ့နေရာမှာ ဘာလာလုပ်နေကြတာလဲ"

သူ့ရဲ့စကားကိုကြားတော့ သူတို့ကလှည့်လာပြီး နှုတ်ဆက်တယ် “ကျင်းရွှီယန်း နောက်ဆုံးတော့ မင်းပြန်ရောက်လာပြီ”

မီးဖိုချောင်ထဲက ထွက်လာတဲ့ ယူဖူယွင်က “ကပ္ပတိန် ၊ ခယ်မ ညစာ အဆင်သင့်ဖြစ်ပါပြီ။ နှစ်ယောက်သားက အရင်ဆုံး ရေချိုးသင့်တယ်” လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟုဆိုသည်။

သူမရဲ့ချစ်သူက ဧည့်သည်တွေကို စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပဲ သူ့ကိုဒုတိယထပ်ဆီ အမြန်ဆွဲခေါ်သွားပြီး "အစ်ကိုယန်း၊ အိမ်ရှင်အနေနဲ့ ဧည့်သည်တွေကို ပိုယဉ်ကျေးသင့်တယ်။ သူတို့က အရေးကြီးတဲ့ကိစ္စတွေ ဆွေးနွေးချင်လို့လို့ ညဉ့်နက်တဲ့အထိ စောင့်နေတာဖြစ်မှာပါ" လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက နှာခေါင်းရှုံ့ပြီး "အဲဒီမြေခွေးအိုနှစ်ကောင်က ငါတို့ရဲ့ညစာတွေကို မျိုချဖို့ပဲလာတာ" လို့ ပြောလိုက်တယ်။

ကျိူးလီဇီက သူ့စကားတွေကိုကြားတော့ သဘောတကျရယ်လိုက်ကာ "ကျွန်မတို့မှာ ရိက္ခာတွေ အများကြီးရှိတယ်။ သူတို့ကို စားခွင့်ပေးလိုက် ဘာမှမဖြစ်ဘူး" လို့ ပြောလိုက်တယ်။

သူ့ချစ်သူက ပျော်ရွှင်နေတာကိုမြင်တော့ ကျင်းရွှီယန်းက ပြောလိုက်တယ် “မင်းပြောတာကို နားထောင်ပါ့မယ် "

သူကတော့ ရွှီချွန်းနှင့် ဝေယင်းတို့ကို သူတို့ရဲ့ အစားအစာတွေ စားခွင့်မပေးလိုဘူး။ သူတို့နှစ်ယောက်က ဒီမှာရှိနေလို့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် အချိန်အတော်ကြာမှာမို့ သူ မပျော်ပါ။

သူ့ရဲ့အာ့ဇီက မောပန်းနေပြီး သူမက စောစောအိပ်တတ်တယ်။ သူမအိပ်ပျော်နေချိန်မှာပဲ သူအဖော်လုပ်ပေးချင်ပြီး လူပျိုကြီးနှစ်ယောက်နဲ့ စကားပြောဖို့ကို အချိန်မဖြုန်းချင်ဘူး။

သူမရဲ့ချစ်သူက တခြားအကြောင်းပြချက်ကြောင့် စိတ်ကောက်နေတာကိုမသိဘဲ ကျိူးလီဇီကတော့ အိမ်တွင်းဝတ်စားဆင်ယင်မှုအဖြစ် သက်တောင့်သက်သာရှိရှိ ဝတ်ဆင်ခဲ့ပါတယ်။ အဝတ်လဲခန်းထဲက ထွက်လာတဲ့အခါမှာတော့ သူမရဲ့ချစ်သူက ဘောင်းဘီတစ်ထည်တည်းကိုပဲဝတ်ပြီး သူ့ရဲ့ကျောပိုးအိတ်ကို လှန်လှောနေတာကို တွေ့လိုက်ရပါတယ်။

ရုတ်တရက်ကြီးမြင်ရတဲ့ လှပတဲ့မြင်ကွင်းကြောင့် မှင်သက်သွားပြီး သူမဟာ အဲဒီမှာ အချိန်အတော်ကြာအောင် မလှုပ်မယှက်ရပ်နေကာ သူ့ရဲ့ လှပတဲ့ကျောဘက်ကြွက်သားတွေနှင့် သန်မာပေမယ့် ပိန်ပိန်ပါးပါး ခါးတွေကို ကြည့်နေတယ်။

အဝါရောင်အတွေးတွေထဲမှာ သူမ နစ်မြုပ်နေတုန်းမှာပဲ ကျင်းရွှီယန်းက သေတ္တာလေးကို ရှာတွေ့သွားခဲ့တယ်။ လှည့်ကြည့်လိုက်တော့ သူ့ချစ်သူက သူ့ရဲ့ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း မိုက်မဲစွာပြုံးနေတာကို တွေ့လိုက်ရတယ်။

သူ့ရဲ့နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားပြီး "အာ့ဇီ မြင်ရတာတွေကို မင်းသဘောကျရဲ့လား" လို့ မေးလိုက်တယ်။

"ကျွန်မ သဘောကျတယ်" ဟု ကျိူးလီဇီက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

သူမ ထိုစကားများကို ပြောလိုက်ပြီးသည်နှင့် သူမတော့ လက်ပူးလက်ကြပ်မိသွားပြီဆိုတာကို သဘောပေါက်လိုက်တယ် "အစ်ကိုယန်း ၊ အအေးမိမှာကို မစိုးရိမ်ဘူးလား။ အဝတ်အစားတွေ ဘာလို့မဝတ်ထားတာလဲ" ဟု သူမက ရှက်ရွံ့စွာမေးလိုက်သည်။

အခန်း -(၂၉၃)

သူ့ရဲ့ယုန်လေးက အပြစ်တင်နေတာကိုမြင်တော့ ကျင်းရွှီယန်းက လျှောက်လာပြီး "ဟင်းးးး၊ အဝတ်မဝတ်ထားမိတာက ကိုယ့်အပြစ်ပါပဲ။ အာ့ဇီက စိုက်ကြည့်နေတာ မဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။

"အစ်ကိုယန်း ၊ ရှင်..."

သူမစကားမဆုံးခင်မှာပဲ သူမရဲ့လက်သူကြွယ်ပေါ် အေးစက်တဲ့ အရာတစ်ခု လျှောကနဲကျသွားတာကို ခံစားလိုက်ရတယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ မသိရတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး တောက်ပတဲ့ ကျောက်မျက်ရတနာပါရှိတဲ့ လှပတဲ့လက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။

သူမသည် စကားလုံးများ ရှာမတွေ့နိုင်ဘဲ လက်စွပ်ကိုပဲ အတော်ကြာ စိုက်ကြည့်နေမိတယ်။ ခေါင်းမော့ကြည့်လိုက်သောအခါတွင်တော့ သူမရဲ့ ချစ်သူ၏ လက်သူကြွယ်တွင်လည်း အလားတူ ဒီဇိုင်းရှိသည့် လက်စွပ်ကိုဝတ်ထားပြီး ပြသရန်အတွက် လက်ကိုမြှောက်ထားသည်။

"အာဇီ စုံတွဲလက်စွပ်လေ" ဟု ကျင်းရွှီယန်းက ပြုံးရင်းပြောလေသည်။

သူက သူမရဲ့လက်ကိုကိုင်ပြီး သူတို့ရဲ့လက်ချောင်းတွေကို အပြန်အလှန်ချိတ်ဆက်လိုက်တယ်။ သူတို့ရဲ့လက်ချောင်းတွေက လက်စွပ်တွေကိုကြည့်ပြီးဆက်ပြောလိုက်တယ် "အာဇီ၊ မင်းက အရမ်းထူးချွန်ပြီး လှတယ်။ အခုချိန်မှာ ကိုယ်က မင်းရဲ့ချစ်သူဖြစ်နေရင်တောင်မှ တခြားယောက်ျားတွေက မင်းကို လုယူသွားမှာကို ကိုယ်စိုးရိမ်တယ်။ ဒါကြောင့် ပိုကောင်းတဲ့ ခေါင်းစဉ်တစ်ခုကို မင်းကိုယ့်အတွက်ပေးနိုင်မလား"

သူ့ရဲ့စကားတွေကိုနားလည်ဖို့ ကျိူးလီဇီ အချိန်အတော်ကြာယူခဲ့တယ်။ ကမ္ဘာပျက်ကြီးက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာကို သူမ သိတဲ့အတွက် တွန့်ဆုတ်နေခဲ့တယ်။

ဒါကို သတိထားမိတဲ့ ကျင်းရွှီယန်းက သူမရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး "အာဇီ ဘယ်အချိန်မှာမှ ဘေးကင်းတဲ့နေရာတစ်ခုရှာတွေ့ပြီး တည်ငြိမ်တဲ့ဘဝကို ဖြတ်သန်းနိုင်မလဲဆိုတာ ကိုယ်မသိဘူး။ ဒါပေမယ့် အဲဒီနေ့ရောက်ရင်တော့ ကိုယ်တို့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အတူတူဖြတ်သန်းသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားပြီးတဲ့နောက်တော့ ကျိူးလီဇီက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ မေးလိုက်တယ်"အစ်ကိုယန်း ၊ ကျွန်မက သုံးနှစ်ထက် ပိုမနေနိုင်ရင် ဘယ်လိုလုပ်မလဲ။ တစ်နေ့မှာ ကျွန်မကို ဇွန်ဘီတွေ စားသွားရင်ရော ဘယ်လိုလုပ်မလဲ"

သူမရဲ့ အမေးစကားကိုကြားလိုက်တော့ ကျင်းရွှီယန်းက သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ခိုင်မာစွာပြောလိုက်တယ်။ "အာဇီ ၊ ကိုယ်ဘယ်တော့မှ အဲဒီလိုနေ့ကို ရောက်ခွင့်မပြုဘူး။ ကိုယ့်အသက်ကို ပေးဆပ်ရမယ်ဆိုရင်တောင် မင်းကို ကာကွယ်ပေးမယ်။ ဒီတစ်ခါတော့ ဘယ်တော့မှ ကိုယ့်အရှေ့မှာ မင်းကို သေခွင့်မပေးဘူး"

ဒါကိုကြားတာနဲ့ ကျိူးလီဇီက သူ့ကိုပြန်ဖက်ပြီး သူ့ရဲ့နွေးထွေးတဲ့ ပွေ့ဖက်မှုထဲမှာ နစ်မြုပ်နေလိုက်တယ်။

ခဏကြာတော့မှ သူမကပြောလိုက်သည် “အစ်ကိုယန်း ၊ ဆံပင်တွေဖြူသွားတဲ့အထိ မင်းနဲ့အတူနေပြီး ရှင်သန်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်”

ဒီစကားကိုကြားတော့ ကျင်းရွှီယန်းရဲ့မျက်လုံးတွေက တောက်ပသွားပြီး "ကျေးဇူးတင်ပါတယ်၊ ကိုယ့်ရဲ့စေ့စပ်ထားသူ" လို့ ပြောလိုက်တယ်။

နှစ်ဦးသားက အချိန်အနည်းငယ် ပွေ့ဖက်နေပြီးနောက်မှ ခွဲခွာလိုက်ကြသည်။‌ နောက်တော့ ကျင်းရွှီယန်းက သန့်ရှင်းသော အဝတ်အစားတစ်စုံကို လဲလိုက်ပြီး အခြားသူများနှင့်အတူ ညစာစားရန် နှစ်ယောက်သားက အောက်ထပ်သို့ အတူဆင်းလာကြသည်။

ထမင်းစားခန်းထဲ ဝင်လာတာနဲ့ မိုဂျွန်ဂျီက သေတော့မလို ချောင်းဆိုးနေတာကို တွေ့လိုက်ရတယ်။

"အဟွတ် အဟွတ် အဟွတ် "

ဒါကိုမြင်တော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး "အစ်မကျောင်း အစ်ကိုကုန်း သူ ဘာဖြစ်နေတာလဲ" လို့ မေးလိုက်တယ်။

ဒါကိုကြားတော့ ကျောင်းလီရှင်းက သက်ပြင်းရှည်ကြီးချပြီးမှပြောပြသည် "သူ့မှာက ဘာဖြစ်နေမှန်းလဲ မသိဘူး။ နောက်ဆုံးအကြိမ် သူ့ကို ကုသပေးတုန်းကတော့ သူ့အခြေအနေက တိုးတက်လာနေပြီး ချောင်းဆိုးတာက မရှိတော့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်လောက်ကပဲ သူ ချောင်းပြန်ဆိုးလာတယ်။ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ အမည်းစက်တွေ ပြန်ပေါ်လာပြီး အဆုတ်က ထိခိုက်နေတယ်"

"သူ့ကို လုံးဝပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းမရှိဘူးလား" လို့ ကျိူးလီဇီက ထပ်မေးလိုက်သည်။

ခဏလောက် ချောင်းဆိုးနေပြီးနောက်မှ မိုဂျွန်ဂျီက စိတ်ငြိမ်သွားအောင် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အက်ရှရှအသံဖြစ် ပြန်ဖြေသည် "တကယ်တော့ မင်းရဲ့အစွမ်းနဲ့ ဖန်တီးထားတဲ့ ရေကို သောက်ပြီးတဲ့နောက်တော့ ငါ့အခြေအနေက တိုးတက်လာတာပဲ"

သူဒီလိုပြောလိုက်တာနဲ့ လူတိုင်းက ကျိူးလီဇီကို လှည့်ကြည့်လိုက်ကြပြီး သူမရဲ့ ရေအမျိုးအစားစွမ်းရည်က တစ်နည်းနည်းနဲ့ ကွဲပြားနေမလားလို့ တွေးနေကြတယ်။ သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူတွေဟာလည်း သူတို့ရဲ့စွမ်းအားနှင့် မတူညီတဲ့သတ္တုအမျိုးအစားတွေကို ဖန်တီးနိုင်တာကြောင့် တခြားဒြပ်စင်အသုံးပြုသူတွေဟာလည်း မတူညီတဲ့ဂုဏ်သတ္တိရှိတဲ့ အရာတွေကို ဖန်တီးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

တခြားလူတွေအားလုံးက ဒီဖြစ်နိုင်ခြေကို ထင်ကြေးပေးနေကြပေမယ့် ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ကပဲ မိုဂျွန်ဂျီကို ကူညီပေးခဲ့တဲ့ရေဟာ သူမရဲ့နေရာလွတ်ရေကန်က ကန်ရေဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ကြတယ်။

သူမရဲ့စွမ်းရည်ကို အသုံးပြုလို့ရတဲ့ရေနဲ့ပတ်သက်လို့ကတော့ ဘာမှထူးခြားတယ်လို့ သူတို့မထင်ကြဘူး။ သေသေ ချာချာစဉ်းစားပြီးတဲ့နောက်မှာ သူရည်ညွှန်းတဲ့ရေဟာ သူမရဲ့ရေကန်က ရေဖြစ်မှန်း သေချာသိလိုက်ရသည်။

နောက်ဆုံးတော့ သူ ဘယ်လောက်တောင်ဆိုးဆိုးရွားရွား ချောင်းဆိုးနေတာကို မြင်ပြီး "အစ်ကိုမို၊ ကျွန်မပေးတဲ့ရေကို သောက်ပြီးရင် သက်သာလာတယ်ဆိုတော့ မင်းနေ့တိုင်း သောက်နိုင်အောင် ကျွန်မပြင်ဆင်ပေးရမလား။ အဲဒီလိုသာဆိုရင် အနည်းဆုံးတော့ မင်းရဲ့ချောင်းဆိုးတာကို သက်သာစေလိမ့်မယ်" လို့ သူမကပြောလိုက်တယ်။

ဒါကိုကြားလိုက်တာနဲ့ မိုဂျွန်ဂျီက မြန်မြန်ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ် ခယ်မ" လို့ ပြောလိုက်တယ်။

သူတို့ ခဏတာ စကားပြောဆိုပြီးနောက်မှာတော့ ကျိူးလီဇီက နောက်ဖေးခြံထဲကိုလျှောက်သွားပြီး သူမရဲ့နေရာလွတ်ကနေ ရေတိုင်ကီတစ်လုံးကို ထုတ်ယူလိုက်သည်။

သူမရဲ့အသိစိတ်ကို အသုံးပြု၍ ရေကန်ကရေများကို ပေါလောမျောနေသော ရေဘောလုံးပုံသဏ္ဍာန်များစွာအဖြစ် ဖန်တီးပြီး သူမရဲ့နေရာမှဆွဲထုတ်လိုက်သည်။ ထို့နောက် ရေကို လမ်းညွှန်ရန်အတွက် သူမရဲ့စွမ်းအင်ကိုအသုံးပြု၍ ရေတိုင်ကီကို အပြည့်ဖြည့်လိုက်သည်။

သူမရဲ့‌နေရာလွတ်ထဲက ကန်ရေဟာ အပျော့စားရောဂါတွေကို ကုသနိုင်တဲ့ ဂုဏ်သတ္တိတွေရှိနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အခြေအနေကို တိုးတက်ကောင်းမွန်လာစေနိုင်လိမ့်မယ်လို့ တွေးပြီး ရေတိုင်ကီလေးလုံးကို ထပ်ထုတ်ကာ ရေဖြည့်လိုက်သည်။

ရေဖြည့်ပြီးသွားတဲ့အခါမှာပဲ သူမရဲ့ရေကန်ကို စစ်ဆေးကြည့်လိုက်တော့ ရေမျက်နှာပြင်က မလျော့ကျသွားတာကို အံ့သြသင့်ဖွယ်ကောင်းစွာ တွေ့ရှိခဲ့ရတယ်။ သူမက ရေလီတာ ၁၅၀၀၀ ကို ဆွဲထုတ်ခဲ့ပေမယ့် ရေကန်ရဲ့ ရေမျက်နှာပြင်ကတော့ မပြောင်းလဲဘဲ ရှိနေဆဲပါပဲ။

သူမရဲ့နေရာလွတ်ကို အဆင့်မြှင့်တင်ထားလို့များလား။

အဲဒီမေးခွန်းကို စိတ်ထဲမှာ တွေးနေရင်းပဲ သူမက ထမင်းစားခန်းကို ပြန်သွားလိုက်ပြီး “အားလုံးပဲ၊ ကျွန်မ ရေတိုင်ကီ ငါးလုံးကို ဖြည့်ထားပြီးပြီ။ ကျွန်မရဲ့ရေက အနည်းငယ် ကုသနိုင်တဲ့ အာနိသင်ရှိနိုင်တာကြောင့် ဒါကို ကျွန်မတို့ရဲ့ အဓိကသောက်ရေအဖြစ် သုံးကြရအောင်” လို့ ပြောလိုက်တယ်။

ယူဖူယွင်က ခေါင်းညိတ်ပြီးပြောတယ် “ခယ်မ၊ ဒါဆိုရင် ချက်ပြုတ်ဖို့အတွက် မင်းရဲ့ရေကို သုံးလိုက်မယ်”

ထိုသို့ပြောပြီးနောက်မှာပဲ သူက ကန်ရေကို ရေအိုးများစွာအမြန်ယူ၍ သောက်သုံးရန်အတွက် ဆူအောင်တည်လိုက်သည်။ ရေဆူအောင်စောင့်နေစဉ်တွင်ပဲ အားလုံးက ညစာစားလိုက်ကြတယ်။

သူတို့ရဲ့အဖွဲ့ဝင်အရေအတွက်က ကလေးတွေအပါအဝင် အယောက်သုံးဆယ်အထိ တိုးလာတာကြောင့် သူတို့အားလုံးက တစ်စားပွဲတည်းမှာ ထိုင်လို့မရတော့ပါဘူး။ ဒါကိုမြင်တော့ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကနေ ထမင်းစား စားပွဲနှစ်လုံးနှင့်ထိုင်ခုံအပိုတွေကို ထုတ်ယူလိုက်တယ်။

ကံကောင်းထောက်မစွာဖြင့် သူတို့ကို ခွဲဝေပေးထားသော အိမ်က လုံလောက်အောင်ကျယ်ဝန်းပြီး ထမင်းစားခန်းတွင်လည်း စားပွဲသုံးလုံး ထားနိုင်သည်။

ဒါကို သတိထားမိတဲ့ ရွှီချွန်းက “ကျင်းရွှီယန်းရေ၊ ဒီအိမ်က မင်းတို့အဖွဲ့အတွက် မလုံလောက်တော့သလိုပဲ။ ငါ မင်းတို့အဖွဲ့အတွက် အိမ်တွေထပ်ခွဲပေးရင် ဘယ်လိုလဲ။ ဒါမှမဟုတ်လည်း မင်းက ဗီလာတစ်လုံး ၊ နှစ်လုံး ရွေးလို့ရတယ်”

အခန်း-(၂၉၄)

ရွှီချွန်းရဲ့ စကားတွေကိုကြားတဲ့အခါမှာပဲ ကျင်းရွှီယန်းက သူ့အဖွဲ့ဝင်တွေကို ကြည့်ပြီးမေးလိုက်တယ် "မင်းတို့ရော ဘယ်လိုထင်လဲ"

အခြားအသင်းများနှင့်မတူဘဲ နတ်ဆိုးအသင်းကတော့ အရာအားလုံးကို အတူတကွဆွေးနွေးလေ့ရှိပြီး ကပ္ပတိန်က လူတိုင်းနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို သူတို့ရဲ့ အကြံပြုချက်မပါဘဲ ဘယ်တော့မှ ဆုံးဖြတ်ချက်မချခဲ့ပါဘူး။

ဤအရာကိုမြင်သောအခါတွင်တော့ လက်အောက်ငယ်သားများနှင့် မတိုင်ပင်ဘဲ အမြဲတမ်း ဆုံးဖြတ်ချက်များချလေ့ရှိသော ရွှီချွန်း နှင့် ဝေယင်းတို့ အံ့အားသင့်သွားကြတယ်။

သူတို့က အဖွဲ့ဝင်တွေရဲ့ အမြင်တွေကိုမလေးစားလို့ ဒါမှမဟုတ် အကြံပြုချက်တွေ ဒါမှမဟုတ် ဝေဖန်မှုတွေကို လက်မခံလို့ မဟုတ်ပါဘူး။ ခေါင်းဆောင်တွေအနေနဲ့ အခြေခံအခွင့်အာဏာကို ထိန်းသိမ်းရမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ သူတို့ဟာ ဆုံးဖြတ်ချက်မချနိုင်သူ ဒါမှမဟုတ် အားနည်းသူလို့ ထင်ရတာမျိုး မဖြစ်သင့်ပါဘူး။

အခုတော့ ကျင်းရွှီယန်းက သူ့အဖွဲ့နှင့် ဘယ်လိုတောင်ပေါ့ပေါ့ပါးပါး ဆက်ဆံခဲ့လဲဆိုတာကိုကြည့်ပြီး သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ဘယ်လောက်ပဲ ကောင်းကောင်းဆက်ဆံပါစေ သူတို့ကြားမှာ နံရံတစ်ခု အမြဲရှိနေခဲ့တာကို နောက်ဆုံးတော့ သူတို့ နားလည်သွားကြတယ်။ ဒါဟာ သူတို့အဖွဲ့ရဲ့ ပြဿနာမဟုတ်ဘဲ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာပါ။

သူတို့ရဲ့ နံရံတွေကိုနှိမ့်ချပြီး အဖွဲ့ဝင်တွေကို မိတ်ဆွေတွေလို မိသားစုဝင်တွေလို ဆက်ဆံလို့မရဘူးဆိုရင် အဲဒီလို ပြန်ဆက်ဆံလာတာကိုလည်း ဘယ်လိုလုပ်ပြီး မျှော်လင့်နိုင်မှာလဲ။

ထိုအချက်ကို သဘောပေါက်သွားတော့ အမျိုးသားနှစ်ဦးစလုံးဟာ သူတို့ရဲ့အဖွဲ့များနှင့် ဆက်ဆံပုံကို ပြောင်းလဲရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။

ရွှီချွန်းက အခုဆို အခြေစိုက်စခန်းရဲ့ ခေါင်းဆောင်ဖြစ်နေပြီဆိုတော့ လူတိုင်းကို တန်းတူဆက်ဆံဖို့က မဖြစ်နိုင်တော့ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ သူနှင့်အတူ ရှင်သန်ရေးတိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့ပြီး အစကတည်းက သူနှင့်အတူ ရှိနေခဲ့တဲ့ ညီအစ်ကိုတွေအပေါ် ကိုတော့ ကွဲပြားစွာ ဆက်ဆံနိုင် သင့်တယ်။

ခေါင်းဆောင်နှစ်ဦး အတွေးနေစဉ်တွင် နတ်ဆိုးအဖွဲ့ဝင်များကတော့ အချင်းချင်း ဆွေးနွေးနေကြသည်။

ကုရှကျယ်၊ ရုန်မိုအာ၊ ကလေးများ၊ မိုဂျွန်ဂျီ နှင့် လီချီရွှမ်တို့က တိတ်ဆိတ်စွာကြည့်နေတာကို သတိပြုမိတဲ့အခါ ကျင်းရွှီယန်းက သူတို့ဘက်ကို လှည့်ပြီးမေးလိုက်သည် "အဖွဲ့ဝင်သစ်တွေရေ၊ မင်းတို့မှာ ပြောစရာမရှိဘူးလား"

ရုန်မိုအာက ခဏလောက် တွန့်ဆုတ်နေပြီးနောက်မှ "ကပ္ပတိန်၊ ကျွန်မတို့လည်း ကျွန်မတို့ရဲ့အမြင်တွေကို ပြောလို့ရလား" ဟု မေးလိုက်သည်။

ကျင်းရွှီယန်းက မျက်ခုံးတစ်ဖက်ပင့်ပြီး မေးလိုက်တယ် “မင်းက ငါ့တို့အဖွဲ့ရဲ့ အဖွဲ့ဝင်မဟုတ်ဘူးလား”

သူမက ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်" လို့ ပြန်ဖြေတယ်။

"ဒါဆို ဘာလို့ မင်းကို တခြားသူတွေနဲ့ မတူအောင် ဆက်ဆံမယ်လို့ ထင်နေတာလဲ။ ငါ့ရဲ့အသင်းမှာ လူတိုင်းကို တန်းတူဆက်ဆံတယ်။ ငါ့ရဲ့ အာဇီကလွဲလို့ပေါ့" ဟု သူက တည်ငြိမ်စွာ ထပ်ပြောသည်။

သူ့ရဲ့စကားကြောင့် လူတိုင်းက အံ့အားသင့်သွားကြတယ်။ သူတို့ အလေးအနက်ဆွေးနွေးနေကြချိန်မှာ သူတို့ရဲ့ ကပ္ပတိန်ကတော့ ဘာမှမပြောဘဲ ခွေးစာကို ပေါ့ပေါ့တန်တန် ပစ်ပေးလိုက်တယ်။

သူတို့စုံတွဲထံမှ နှစ်နာရီကြာ အဆက်မပြတ် ချစ်ခင်ကြင်နာမှု ပြသခြင်းဖြင့် လေ့ကျင့်ပေးခံခဲ့ရသော လီချီရွှမ်မှလွဲ၍ ကျန်အဖွဲ့ဝင်သစ်များကတော့ အတော်လေး ရှုပ်ထွေးသော အမူအရာများ တပ်ဆင်ထားကြသည်။

ဒါကိုမြင်တော့ ကျိူးလီဇီက သူမရဲ့ စေ့စပ်ထားသူရဲ့ ခါးကို ဆွဲဆိတ်ပြီး တိုးတိုးလေးပြောလိုက်တယ် "အစ်ကိုယန်း၊ အဲဒီနောက်ဆုံးစကားက မလိုအပ်ဘူး"

သူ့ရဲ့အာဇီ ဆွဲဆိတ်တာက နည်းနည်းလေးမှ မနာကျင်ပါဘူး။ ကျင်းရွှီယန်းရဲ့ ခန္ဓာကိုယ်ကပူနွေးလာပြီး သူ့ရဲ့အစိတ်အပိုင်းတစ်ခုက ဗီဇအတိုင်း တုံ့ပြန်လာသည်။ သူက သူမရဲ့ ဆိုးသွမ်းတဲ့ လက်ကို ဆွဲပြီး “အာ့ဇီ ကိုယ့်ကို ချမ်းသာပေးပါ။ ရုတ်တရက်ကြီး မထိလ်ိုက်နဲ့လို့” လို့ တိုးတိုးလေး ပြောလိုက်တယ်။

သူ့စကားတွေရဲ့အဓိပ္ပာယ်ကို သတိထားမိတဲ့အခါမှာ ကျိူးလီဇီရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး "အစ်ကိုယန်း အလေးအနက်ပြောပေးနိုင်မလား။ ကျွန်မတို့ ဆွေးနွေးနေကြတယ်" လို့ ပြောလိုက်သည်။

သူက သူမရဲ့အနားကို ကိုင်းညွှတ်ပြီး တိုးတိုးလေး ပြောလိုက်တယ် "အာဇီ ၊ ကိုယ် အရမ်းအတည်ပြောနေတာပါ။ မင်းသာ ကိုယ့်ရဲ့ခါးကို ဆက်ထိနေမယ်ဆိုရင် ကိုယ်တို့ အခန်းထဲကို အရင်ပြန်ရလိမ့်မယ်"

သူ့လေသံပြောင်းလဲသွားတာကို သတိထားမိတာနဲ့ ကျိူးလီဇီက သူမရဲ့လက်ကိုအမြန်ရုပ်ပြီး ထိုင်ခုံကိုတောင် သူ့ဆီကနေ အဝေးကိုရွှေ့လိုက်တာကြောင့် သူ့ထိုင်ခုံအနားကို ပိုနီးအောင် ဆွဲခေါ်ခံလိုက်ရတယ်။

အဲဒီအချိန်မှာပဲ အဖွဲ့သားတွေရဲ့ဆွေးနွေးမှုက ပြီးဆုံးသွားပြီး ကျန်းယွမ်ကပြောလိုက်တယ် "ကပ္ပတိန် ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချပြီးပါပြီ"

ကျင်းရွှီယန်းက သူတို့ဘက်ကို ပြန်လှည့်ပြီး ခေါင်းညိတ်ကာအချက်ပြလိုက်တယ် "ဆက်ပြောပါ"

"တိုက်ခန်းရပ်ကွက်ထဲက ဇွန်ဘီတွေကို ရှင်းလင်းတာ မပြီးသေးတဲ့အတွက် တိုက်ခန်းတွဲမှာပဲ နေချင်တယ်။ တစ်ခန်းတည်းမှာ အတူတူနေစရာမလိုပါဘူး။ ကျွန်တော်တို့တစ်ယောက်ချင်းစီတိုင်းက အခြေစိုက်စခန်းကနေ ကိုယ့်တိုက်ခန်းကို ဝယ်နိုင်သလို ငှားလည်းငှားနိုင်ပါတယ်။ အဲဒီလိုသာဆိုရင် ဘဝကို ဖြည်းဖြည်းချင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်တယ်" ဟု ကျန်းယွမ်က ပြောသည်။

ကျင်းရွှီယန်း ပြန်မဖြေနိုင်ခင်မှာပဲ ရွှီချွန်းက ဝင်ပြောလ်ိုက်တယ် "အဲဒါက အကြံကောင်းပဲ။ ဘယ်တိုက်ခန်းအဆောက်အအုံကို လိုချင်တာလဲ။ မင်းတို့အဖွဲ့ အခြေစိုက်စခန်းက မထွက်ခွာခင်က ရှင်းလင်းထားတဲ့ တိုက်ခန်းကို သန့်ရှင်းရေးလုပ်ပြီးသားမို့ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပြီ"

" ပရိဘောဂတွေမပါပေမယ့် အခြေစိုက်စခန်းကနေ ပရိဘောဂတွေကို ပြန်ယူလို့ရပါတယ်။ ငါ့တို့ ဂိုဒေါင်ထဲမှာ ပရိဘောဂတွေအပြည့်အစုံ သိမ်းထားတယ်။ ကြီးကြီးသေးသေး၊ အားလုံးရှိတယ်"

သူ့စကားကိုကြားတော့ ကျင်းရွှီယန်းက အေးစက်စက်ပြောလိုက်တယ် "ရွှီချွန်း ၊ ငါ့အဖွဲ့ကိုဆက်နေပြီး မင်းရဲ့အခြေစိုက်စခန်းတည်ဆောက်ရာမှာ ကူညီစေချင်တယ်ဆိုရင် အနည်းဆုံးတော့ ငါ့တို့ကို တစ်ခုခုပေးသင့်တယ်။ မင်းက ငါ့တို့ရဲ့အကူအညီကို လိုချင်ပေမယ့် ဘာအကျိုးကျေးဇူးမှ မပေးဘူး။ မင်းရဲ့ အိပ်မက်က နည်းနည်းကြီးလွန်းနေတယ် မဟုတ်ဘူးလား"

ရွှီချွန်းက ရယ်မောပြီး ပြန်ဖြေတယ်“ဟုတ်ပါတယ်၊ မင်းတို့အဖွဲ့က အကျိုးခံစားခွင့်တွေ ရလိမ့်မယ်။ မင်းတို့က ဘယ်တိုက်ခန်းကိုမဆို ရွေးချယ်နိုင်ပြီး အခြေခံပရိဘောဂတွေကိုတော့ အခြေစိုက်စခန်းကထောက်ပံ့ပေးလိမ့်မယ်။ တိုက်ခန်းဝယ်ယူမှုမှာလည်း ၅၀% လျှော့စျေးရမှာပါ”

အခြေစိုက်စခန်းကို မကြာသေးမီကမှ တည်ဆောက်ထားတာဖြစ်တဲ့အတွက် ချဲ့ထွင်ရေးနှင့် ဇွန်ဘီ ရှင်းလင်းရေးမှာ ကူညီပေးနိုင်တဲ့ စွမ်းရည်အသုံးပြုသူတွေကို လိုအပ်ပါတယ်။

ဒါကို အခြေစိုက်စခန်းမှ ပေးအပ်သော အကျိုးကျေးဇူးတစ်ခုအဖြစ် ပုံဖော်ထားသော်လည်း အမှန်တကယ်တွင်တော့ အခြေစိုက်စခန်းက ဆုံးရှုံးစရာ ဘာမှမရှိ‌ပေ။ ဇွန်ဘီများကို ရှင်းလင်းရာတွင် အသက်အန္တရာယ်ရှိသူများမှာကား သူတို့ကိုယ်တိုင်ပင်ဖြစ်သည်။

အခွင့်အရေးအရဆို သူတို့ကို အိမ်ရာတွေအခမဲ့ပေးသင့်တယ်။ ဒါပေမယ့်လည်း အခြေစိုက်စခန်း အလုပ်လုပ်ဖို့ အမြုတေတွေ အရမ်းလိုအပ်နေသေးတာကြောင့် လျှော့စျေးက အကောင်းဆုံးညှိနှိုင်းမှုပါပဲ။

သူ့ရဲ့ကမ်းလှမ်းချက်ကိုကြားတော့ ဝေယင်းက ထပ်ပြောလိုက်တယ် "အဘိုးကြီးရွှီ၊ မင်းက နတ်ဆိုးအဖွဲ့နှင့် ငါ့ရဲ့ လင်းယုန်အဖွဲ့ကို ခွဲခြား ဆက်ဆံလို့မရဘူး"

ရွှီချွန်းက ရယ်ပြီးပြန်ဖြေတယ် "စိတ်မပူပါနဲ့ အဘိုးကြီးဝေ မင်းရဲ့အဖွဲ့အတွက်လည်း အကျိုးကျေးဇူးတွေက အတူတူပါပဲ"

"ကောင်းပြီ" ဝေးယင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကိစ္စပြီးသွားသည်နှင့် ကျင်းရွှီယန်းက သူ့အဖွဲ့ဘက်ကို ပြန်လှည့်လိုက်သည်"ဒါဆို တိုက်ခန်းတွေကို ဘယ်လိုခွဲဝေကြမလဲ"

"ကပ္ပတိန် ၊ ကျွန်တော်တို့တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အခန်းတွေရှိတာက အလဟဿဖြစ်စေလိမ့်မယ်။ တခြားအဖွဲ့ဝင်တွေနှင့်မျှဝေလို့ရတယ်" ဟု ရှန်းကျင်းဇီ အကြံပြုသည်။

"အစ်ကိုကျင်းဇီ၊ တစ်နေ့နေ့မှာ ရည်းစားရလာပြီး အတူတူနေချင်ရင် ဘယ်လိုလုပ်မလဲ။ ညီအစ်ကိုတွေရှိနေတာက မင်းရဲ့အချစ်ရေးကို ထိခိုက်စေလိမ့်မယ်" ဟု ရှောင်ချီက စနောက်သည်။

သူ့စကားကို သဘောတူတဲ့အနေနဲ့ လူတိုင်းကခေါင်းညိတ်လိုက်ကြတယ် ရှန်းကျင်းဇီက အလေးအနက်ပြောတယ် “ရှောင်ချီ ၊ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားရရင် တော့ အမျိုးသမီးအရေအတွက်က ဆက်လက်ကျဆင်းနေဦးမှာပဲ”

"နောက်ဆုံးဇွန်ဘီအုပ်စုထဲမှာ အမျိုးသမီးနဲ့ အသက်ကြီးတဲ့ ဇွန်ဘီတွေ ဘယ်လောက်များများ တွေ့ခဲ့ရလဲဆိုတာကို မပြောနဲ့အုံး အမျိုးသမီးတွေက လစဉ်ရာသီလာနေချိန်မှာဆို အားနည်းသွားတာကြောင့် သူတို့ကို ပိုပြီးထိခိုက်လွယ်စေတယ်”

All Chapters