အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း-(၂၉၅)
အခန်းထဲက အမျိုးသမီးတွေကို လှမ်းကြည့်လိုက်ပြီးမှ ရှန်းကျင်းဇီက ဆက်ပြောသည် “ကမ္ဘာပျက်ကြီးမှာဆို သွေးနံ့က သေစေနိုင်တယ်။ သူတို့ကို အခြေစိုက်စခန်း ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူစခန်းတွေမှာသာ မကာကွယ်ထားဘူးဆိုရင် အပြင်မှာ အသက်ရှင်နိုင်ဖို့ ဖြစ်နိုင်ခြေကဘယ်လောက်ရှိမလဲ”
သူက ခဏလောက် ရပ်တန့်ပြီးမှ “ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေအပြင်၊ သူတို့က အင်အားကြီးအဖွဲ့တွေရဲ့ ရက်စက်မှုကိုပါ ရင်ဆိုင်နေရနေရတုန်းပဲ။ အမျိုးသမီးတွေ ဘယ်လောက်များများက အရှက်ခွဲခံရပြီး သတ်ဖြတ်ခံခဲ့ရလဲဆိုတာကို မြင်ဖူးမှာပါ” လို့ ဆက်ပြောပါတယ်။
"တချို့က ကံကောင်းပြီး တခြားသူတွေ ကယ်တင်တာခံရနိုင်တယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးကို မရဘဲ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ သေဆုံးသွားတဲ့ နောက်ထပ်ဘယ်နှစ်ယောက်ရှိ နေဦးမလဲ"
"ဒါကြောင့် ရည်းစားရှာတွေ့ဖို့က မျှော်လင့်ချက်မထားဘူး လက်ထပ်ဖို့ကလွဲလို့ပေါ့။ ကျွန်တော့်မိသားစုကို ရှာတွေ့ပြီး ဒီကမ္ဘာပျက်ကြီးကို ကျော်ဖြတ်နိုင်ရင် လုံလောက်ပါပြီ"
သူ့စကားဆုံးသွားသောအခါ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
သူမှန်တယ်ဆိုတာ လူတိုင်းကသိပေမယ့် အမှန်တရားက နာကျင်စေတုန်းပါပဲ။ တစ်ချိန်က အစားအစာကွင်းဆက်ရဲ့ထိပ်ဆုံးမှာရှိခဲ့တဲ့ လူသားမျိုးနွယ်ဟာ ပိရမစ်ရဲ့အောက်ခြေကို ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာပျက်ကပ်အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ လူအများဟာ သူတို့ရဲ့လူသားဆန်မှုကို စွန့်လွှတ်ပြီး ကိုယ့်လူမျိုးကိုယ်သတ်တဲ့ သားရဲတွေဖြစ်လာခဲ့ကြပါတယ်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ကျင်းရွှီယန်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး "ကောင်းပြီ။ အိမ်ထောင်ရေးဆွေးနွေးမှုတွေကို အနာဂတ်အတွက် ထားခဲ့ကြရအောင်။ အခုချိန်မှာတော့ မင်းတို့ရဲ့အခန်းဖော်တွေကို ရွေးချယ်ပြီး စာရင်းကို ရွှီချွန်းဆီ ပေးလိုက်" လို့ ပြောလိုက်သည်။
ထို့နောက် သူက ကလေးတွေကို တစ်ချက်ကြည့်လိုက်ပြီးမှ ရွှီချွန်းဘက်လှည့်ကာ "ရွှီချွန်း ကလေးတွေအတွက် မူကြို ဒါမှမဟုတ် ကျောင်းဆောက်ပေးဖို့ အစီအစဉ်ရှိလား" ဟု မေးလိုက်သည်။
ရွှီချွန်းက ခေါင်းညိတ်ပြီး “ငါတို့ စီစဉ်ထားတယ်။ ဒါပေမယ့် အဆောက်အဦးတွေကို ပြန်တည်ဆောက်ဖို့က မြေကြီး၊ သတ္တုနှင့်သစ်သားစွမ်းရည်အသုံးပြုသူတွေ လိုအပ်နေသေးတယ်။ အခုအချိန်မှာက အသက်ရှင်ကျန်ရစ်သူတွေအများကြီးရောက်လာတာကြောင့် အိမ်ရာတွေကိုပဲ ဦးစားပေးနေရတယ်။ ဒါကြောင့် အစီအစဉ်ကို ရွှေ့ဆိုင်းထားတာ” လို့ ပြန်ဖြေတယ်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး မေးလိုက်တယ် "ကလေးတွေကို အခြေခံတိုက်ခိုက်ရေးသင်တန်းပေးဖို့ လူတွေရှာပေးရင် ဘယ်လိုလဲ"
ရွှီချွန်းက ခဏစဉ်းစားပြီးမှ ခေါင်းညိတ်လိုက်သည်။ "ဒါဖြစ်နိုင်တယ်။ ငါတို့ အခြေစိုက်စခန်းမှာက စစ်သားတွေ အများကြီးရှိတယ်၊ ပြီးတော့ တိုက်ခိုက်ရေးသမားကောင်းတွေလည်း အများကြီးပဲ။ ကလေးတွေကို လေ့ကျင့်ပေးတာက ပြဿနာမရှိဘူး"
ဒါကိုကြားတော့ ဝေယင်းက ထပ်ပြောလိုက်တယ် "လူတိုင်းကို အချိန်တိုင်း မကာကွယ်ပေးနိုင်တာကြောင့် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုပဲ သင်ပေးထားတာက ပိုကောင်းတယ်"
"ငါ့တို့အဖွဲ့မှာ အနီးကပ်တိုက်ခိုက်ရေးလက်နက်တွေနှင့်နည်းဗျူဟာတွေမှာကျွမ်းကျင်တဲ့ အဖွဲ့ဝင်တွေ အများကြီးရှိတယ်။ သူတို့မှာက စွမ်းရည်တွေ မနိုးထသေးတာကြောင့် အန္တရာယ်များတဲ့ မစ်ရှင်တွေမှာ ပါဝင်လို့မရဘူး။ ဒါပေမယ့် သူတို့က အခြေစိုက်စခန်းမှာရှိတဲ့ ကလေးတွေကို လေ့ကျင့်ပေးနိုင်တယ်"
"ကလေးတွေအပြင် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုပါ ပါဝင်ခွင့်ပြုလို့ရမလား" ဟု ကျိူးလီဇီက မေးလိုက်သည်။
"ပြဿနာမရှိပါဘူး" ဟု ရွှီချွန်းက ပြုံးပြီးပြန်ဖြေသည်။ " သင်ယူဖို့ ဆန္ဒရှိနေသရွေ့ သင်တန်းကို သူတို့တက်ရောက်နိုင်တယ်"
သူတို့ရဲ့ အနာဂတ်အစီအစဉ်ကို ဆွေးနွေးပြီးနောက်မှာတော့ ရွှီချွန်းရဲ့ မျက်နှာအမူအရာက တည်ကြည်သွားပြီး "ကျင်းရွှီယန်း ၊ ဝေယင်း မင်းတို့နှစ်ယောက် မြို့တော်က သတင်းတစ်ခုခု ရပြီလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ နှစ်ယောက်သား ခေါင်းခါလိုက်ကြပြီး ဝေယင်းက "မြို့တော်ကနေ သတင်းတစ်ခုခုရလာလား" လို့ မေးလိုက်တယ်။
ရွှီချွန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်" ငါ့ရဲ့လက်အောက်ငယ်သားတွေက မြို့တော်ကနေ မနေ့ကရောက်လာကြပြီး မြို့တော် ကျဆုံးသွားပြီဆိုတဲ့ သတင်းကို ပြန်ယူလာကြတယ်။ ခေါင်းဆောင်အများစုက ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားကြတာ မဟုတ်ရင် သူတို့လက်ချက်နဲ့ သေဆုံးသွားကြတာပဲတဲ"
"အခြေအနေတွေက ငါတို့ရဲ့မိသားစုတွေကို ရှာမတွေ့နိုင်လောက်အောင်အထိကို ရှုပ်ထွေးလွန်းတယ်။ သူတို့ အသက်ရှင်နိုင်ခြေက ၅% အောက်ပဲ ရှိတယ်" ဟု လက်သီးကို ဆုပ်ရင်း သူက ထပ်ပေါင်းပြောလိုက်တယ်။
သူဒီလိုပြောလိုက်တော့ နတ်ဆိုးအဖွဲ့ဝင်တွေ တုန်လှုပ်သွားကြတယ်။ သူတို့ရဲ့မိသားစုတွေကို အထက်လူကြီးတွေကမကာကွယ်ပေးရင်တောင် အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်ပြီး အသက်ရှင်သန်ကျန်ရစ်သူစခန်းတွေမှာ ပါဝင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို သူတို့အမြဲဆုပ်ကိုင်ထားခဲ့ကြတယ်။
သဘာဝကျကျပြောရရင် အစိုးရအနေနဲ့ စစ်ပွဲတွေရုတ်တရက်ဖြစ်ပွားလာရင် ခိုလှုံရာမြေအောက်စခန်းတွေ အများကြီးထားရှိသင့်သလို စစ်စခန်းတွေလည်း မရေမတွက်နိုင်အောင် ထားရှိသင့်သည်။ အဲဒီနေရာတွေကို ပြည်သူတွေအတွက် ဘေးကင်းတဲ့ခိုလှုံရာနေရာတစ်ခု တည်ဆောက်ဖို့အတွက် အသုံးပြုနိုင်တယ်။
ဒါပေမယ့် မျှော်လင့်ထားသလိုမဟုတ်ဘဲ မြို့တော်က ပြိုလဲသွားခဲ့ပါတယ်။ ခေါင်းဆောင်တွေသာ အမိန့်မပေးရင် စစ်သားတွေဟာ လေထဲကသဲတွေလို လွင့်စင်သွားကြနိုင်တယ်။ နိုင်ငံရေးသမားတွေ ဒါမှမဟုတ် ချမ်းသာတဲ့ မိသားစုတွေက ရွှံ့နွံရေထဲမှာ ငါးမျှားဖို့ ဒီအခြေအနေကို အခွင့်ကောင်းယူလိုက်မယ်ဆိုရင် သာမန်လူတွေအတွက် အခြေအနေက ပိုပြီး အန္တရာယ်များလာလိမ့်မယ်။
ဒီအတွေးက သူတို့စိတ်ထဲမှာ ဖြတ်ပြေးသွားတဲ့အခါမှာတော့ စိုးရိမ်နေတဲ့အကြည့်တွေနဲ့ သူတို့ရဲ့ကပ္ပတိန်ကို ကြည့်လိုက်ကြတယ်။
ကျင်းရွှီယန်းရဲ့ မိသားစုအခြေအနေက သူတို့မိသားစုအခြေအနေနဲ့မတူပေမယ့် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနှင့် ချစ်ရသူတွေကို ရှာဖို့ စိတ်အားထက်သန်မှုကို သူ နားလည်ပါတယ်။ အခွင့်အလမ်းနည်းရင်တောင် သူတို့ကို ရှာတွေ့တဲ့အထိ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ လက်မလျှော့ပါဘူး။
ဆုံးဖြတ်ချက်ချပြီးနောက် ကျင်းရွှီယန်းကပြောလိုက်တယ် "ရွှီချွန်း ငါ့တို့အဖွဲ့က အခြေစိုက်နယ်မြေချဲ့ထွင်တဲ့အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်တော့မယ့်ပုံမပေါ်ဘူး။ ငါတို့က မြို့တော်ကို အမြန်ဆုံးသွားလိုက်မယ်။ မစ်ရှင်အတွက် ဆုလာဘ်အနေနဲ့ကတော့ ဘာမှမယူဘူး"
ရွှီချွန်းက ဒီဆုံးဖြတ်ချက်ကို မျှော်လင့်ထားပြီးသား ဖြစ်တာကြောင့် အလိုက်သင့်ပဲပြောလိုက်တယ် "မင်းတို့က မစ်ရှင်ရဲ့ တစ်စိတ်တစ်ပိုင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပြီဆိုတော့ ငါတို့က မင်းတို့ကိုလျော်ကြေးပေးမယ်။ မင်းတို့ စိတ်ချလက်ချနေပြီး မင်းတို့ရဲ့ မိသားစုတွေကို ရှာဖွေဖို့ပဲ အာရုံစိုက်နိုင်တယ်"
"ငါအဖွဲ့ကဆက်နေပြီး မင်းတို့ရဲ့တာဝန်ကို ပြီးအောင်ဆက်လုပ်သွားမယ်လို့" ဟု ဝေယင်းက ဝင်ပြောသည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
"စကားမစပ်၊ ငါတို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အပြင်မှာ ဆိုလာပြားတွေနှင့် မီးစက်တွေအများကြီး တွေ့ခဲ့တယ်။ မင်း လိုချင်လား" လို့ သူက မေးလိုက်တယ်။
သူဒီလိုပြောလိုက်တာနှင့် ရွှီချွန်းရဲ့မျက်လုံးတွေ တောက်ပသွားပြီး "မင်းတို့အဖွဲ့က ဆိုလာပြားဘယ်နှစ်ခုရှာတွေ့လဲ" လို့ မေးလိုက်တယ်။
"ကျွန်မတို့ မရေတွက်ခဲ့ဘူး။ ဒါပေမယ့် အရေးကြီးတဲ့ အဆောက်အဦး အတော်များများကို ထောက်ပံ့ပေးဖို့တော့ လုံလောက်တယ်" ဟု ကျိုးလီဇီက ပြန်ဖြေလိုက်သည်။
"အရမ်းကောင်းတာပဲ။ ဆိုလာပြားတွေကို ဘယ်တော့ရနိုင်မလဲ" ဟု ရွှီချွန်းက မေးလိုက်သည်။
"ငါတို့က အခုချက်ချင်းပေးနိုင်ပေမယ့် လာယူခိုင်းဖို့တော့ လူတွေကိုစေလွှတ်ပေးရလိမ့်မယ်။ မနက်ဖြန်ကြရင် ထွက်ခွာဖို့ ပြင်ဆင်ရအုံးမယ်" ဟု ကျင်းရွှီယန်းက ပြန်ဖြေသည်။
ဒါကိုကြားတော့ ရွှီချွန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ။ ဈေးနှုန်းနဲ့ပတ်သက်ပြီးတော့ကတော့ မစ်ရှင်ဆုလာဘ် တွေအတိုင်း ပေးချေလို့ရမလား" လို့ မေးလိုက်တယ်။
"ဆိုလာပြားတွေ၊ မီးစက်တွေ ၊ ဆေးဘက်ဆိုင်ရာစက်တွေနဲ့ ပစ္စည်းကိရိယာတွေကိုရှာဖွေဖို့ မစ်ရှင်တွေလည်း ငါ့တို့တင်ထားတယ်။ ခွဲစိတ်မှုနဲ့ နာတာရှည်ရောဂါတွေအတွက်လည်း သီးခြားဆေးဝါးတွေအများကြီး လိုအပ်နေတယ်"
ဒါကိုကြားတော့ ကျိူးလီဇီကပြောလိုက်တယ် “ဗိုလ်ကြီးရွှိီ၊ ရှင်ကံကောင်းတာပဲ။ ဒီကိုမလာခင်က စက်ရုံခရိုင်ထဲက ပစ္စည်းတွေရှင်းခဲ့တော့ ဆေးဝါးတွေရှာတွေ့ခဲ့တယ်။ ဆေးဘက်ဆိုင်ရာစက်တွေနဲ့ ကိရိယာတွေကတော့ ကျွန်မတို့မှာ တချို့လောက်ပဲရနိုင်တယ်”
ဒီတစ်ခါမှာတော့ သူမရဲ့စကားကြောင့် ရွှီချွန်းကအံ့အားသင့်သွားပြီး "ရဲဘော်ကျိူး ၊ မင်းရဲ့နေရာလွတ်က ဘယ်လောက် တောင်ကြီးလဲ" လို့ မေးလိုက်တယ်။
အခန်း - ( ၂၉၆)
ကျိူးလီဇီက သူမရဲ့ချစ်သူကို မျက်လုံးချင်းဆုံကြည့်ပြီးမေးလိုက်တယ်။ သူခေါင်းညိတ်ပြတာကိုမြင်တော့ သူမက “ဘောလုံးကွင်း နှစ်ကွင်း သုံးကွင်းစာလောက် ရှိမယ်ထင်တယ်” လို့ ပြောလိုက်တယ်။
သူမရဲ့ နေရာလွတ်အကျယ်အဝန်းအကြောင်း စဉ်းစားမိတော့ သူ့ရဲ့စေ့စပ်ထားသူ မိန်းကလေးက အရမ်းနှိမ့်ချလွန်းတယ်လို့ ကျင်းရွှီယန်းက ခံစားလိုက်ရတယ်။ အရွယ်အစားက ဒီထက် အများကြီးပိုကြီးတယ်။ မြက်ခင်းပြင်တစ်ခုတည်းကကို ၃၀ ဟက်တာကျော်လောက် ရှိမှာဖြစ်ပြီး ဘောလုံးကွင်းသုံးခုက ၂.၁၃ ဟက်တာလောက်ပဲရှိတယ်။
သူက ထိုသို့တွေးနေစဉ်တွင် အခန်းထဲကကျန်တဲ့သူတွေကတော့ အံ့အားသင့်သွားကြသည်။ လူသိများသော အာကာသအမျိုးအစားစွမ်းရည်အသုံးပြုသူမှာ ဖုန်းယွင်ဖြစ်ပြီး သူရဲ့နေရာလွတ်က ၀.၁၈ ဟက်တာခန့်သာရှိသည်။
ရှောင်ချီကတော့ ရေခဲဖုံးနေတဲ့ ခရမ်းချဉ်သီးလို ညှိုးနွမ်းနေပါပြီ။ သူတို့အဖွဲ့မှာ အာကာသအမျိုးအစား စွမ်းရည်ပိုင်ရှင် သုံးဦးရှိပြီး သူ့ရဲ့နေရာလွတ်ကတော့ အသေးဆုံးပါပဲ။ စတုရန်းမီတာ ၁၀၀ ရှိတယ်။ ကျန်နှစ်ယောက်နှင့် ယှဉ်ရင် သူ့ရဲ့စွမ်းရည်က ကလေးကစားစရာလိုပါပဲ။
သူမသိခဲ့တာကတော့ တခြားအာကာသအမျိုးအစားစွမ်းရည်အသုံးပြုသူတွေနှင့်ယှဉ်ရင် သူ့ရဲ့အာကာသနေရာလွတ်က အဆင့်မြင့်တယ်လို့ သတ်မှတ်နိုင်တယ်ဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် အာကာသအမျိုးအစားစွမ်းရည်တွေက ရှားပါးပြီး နေရာလွတ်ရဲ့အရွယ်အစားက အသုံးပြုသူရဲ့ စိတ်စွမ်းအားပေါ်မှာ မူတည်တယ်။ စိတ်စွမ်းအား ပိုအားကောင်းလေ နေရာကပိုကျယ်လေပဲ။
သူ့ရဲ့နေရာလွတ်က တခြားသူတွေထက် ပိုကြီးရတဲ့ အကြောင်းရင်းက အထူးတပ်ဖွဲ့စစ်သားတစ်ယောက်အနေနဲ့ လေ့ကျင့်ထားလို့ဖြစ်ပြီး၊ ဖုန်းယွင်ရဲ့ ကြီးမားတဲ့နေရာလွတ်ကတော့ သေလုမျောပါးအတွေ့အကြုံကနေလာတာပါ။ နှစ်ယောက်ကြားက ကွာခြားချက်က ကောင်းကင်နှင့် မြေကြီးလိုပါပဲ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကလည်း ကွာခြားချက်ကြီးတယ်။
ကျိူးလီဇီကတော့ သူမဟာ သေခြင်းကို ကြုံတွေ့ခဲ့ရတာတင် မဟုတ်ပါပဲ သစ္စာဖောက်မှုကြောင့်ပါ သေဆုံးခဲ့ရတာပါ။ နောင်တတွေ၊ နက်ရှိုင်းတဲ့အမုန်းတရားတွေနှင့် မလိုလားမှုတွေနဲ့အတူ နိုးထလာခဲ့တယ်။
သူမသာ ပြန်လည်မွေးဖွားလာခြင်းမရှိခဲ့ရင် သူမဟာ အသက်ကိုတောင်းဆိုနေတဲ့ မကောင်းဆိုးဝါးဝိညာဉ် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် သူမရဲ့ စိတ်စွမ်းအားဟာ ဖုန်းယွင်ရဲ့ စိတ်စွမ်းအားထက်တောင် အများကြီး သာလွန်ပါတယ်။
အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ဝေယင်းက အသံတိုးတိုးလေးနဲ့ ရေရွတ်လိုက်သည်။ "သူမက တကယ်ကို ကျင်းရွှီယန်းရဲ့ ချစ်သူပဲ။ သူမရဲ့စွမ်းရည်ကတောင် မကောင်းဆိုးဝါးဆန်တယ်"
သူက တိုးတိုးလေးပြောလိုက်ပေမယ့် စွမ်းရည်အသုံးပြုသူတွေတိုင်းမှာက အာရုံခံစားမှုတွေ တိုးတက်လာတာကြောင့် လူတိုင်းက သူ့စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။ သူတို့က စုံတွဲကို ကြည့်လိုက်တော့ ကျင်းရွှီယန်းရဲ့ မည်းမှောင်နေတဲ့ မျက်နှာကို မြင်လိုက်ရတယ်။ သူ့ချစ်သူကို မကောင်းဆိုးဝါးလို့ ခေါ်တာကို သူ စိတ်အနှောင့်အယှက်ဖြစ်နေတယ်လို့ သူတို့က ယူဆလိုက်ကြတယ်။
မျှော်လင့်ထားသလိုမဟုတ်ဘဲ ကျင်းရွှီယန်းကတော့ သူ့လက်ချောင်းတွေကို ကျိူးလီဇီရဲ့ လက်ချောင်းတွေနှင့် ရောယှက်ပြီး အားလုံးကိုမြင်အောင် လက်မြှောက်ပြလိုက်တယ်။ မီးရောင်အောက်မှာ သူတို့ရဲ့ လက်စွပ်တွေက တောက်ပစွာလင်းလက်နေပြီး တစ်ကိုယ်တည်းခွေးတွေရဲ့ မျက်လုံးတွေကိုတောင် ကန်းလုနီးပါး ဖြစ်သွားစေတယ်။
"အာဇီက အခု ငါ့ရဲ့စေ့စပ်ထားသူပဲ" ဟု သူက ဂုဏ်ယူစွာ ပြောလိုက်သည်။
သူဒီလိုပြောတာကြားလိုက်တော့ ဝေယင်းနှင့်ရွှန်းချီတို့က အံ့အားသင့်သွားကြပြီး နတ်ဆိုးအဖွဲ့ဝင်တွေကတော့ 'မျှော်လင့်ထားတဲ့အတိုင်းပဲ' ဆိုတဲ့ အမူအရာတွေ ပေါ်လွင်နေကြတယ်။
"ရဲဘော်ကျိူး ၊ မင်းက အရမ်းကိုငယ်ရွယ်ပြီး လှပတယ်၊ အရမ်းလည်းသန်မာတယ်။ ဘာလို့ ဒီအဘိုးကြီးနှင့် ဒီလောက်မြန်မြန် အခြေချလိုက်တာလဲ။ ပိုပြီး စူးစမ်းမလေ့လာချင်ဘူးလား။ သူ့ထက် ပိုကောင်းတဲ့လူကို မင်းရှာတွေ့နိုင်လိမ့်မယ်" ဟု ဝေယင်းက မစဉ်းစားဘဲ ပြောလိုက်မိသည်။
သူကတော့ ကျင်းရွှီယန်းထက် ၁၁ နှစ်ကြီးပေမယ့် စေ့စပ်ထားသူမပြောနဲ့ ရည်းစားတောင်မရှိဘူး။ သူ့ကိုယ်သူ ကျင်းရွှီယန်းနှင့် နှိုင်းယှဉ်တာက သူ့ကို ခါးသီးစေတယ်။
သူက ရွှီချွန်း ဒါမှမဟုတ် ကျင်းရွှီယန်း လောက် မချောမောပေမယ့်လည်း သူ့ရဲ့ နေလောင်ထားတဲ့ အသားအရေကို လျစ်လျူရှုထားရင် ပျမ်းမျှထက်သာလွန်ပါတယ်။ ဘာလို့များ ဘယ်သူကမှ သူ့ကိုမကြိုက်ဘဲ ချောမောတဲ့ ယောက်ျားလေးတွေကိုပဲ ပိုနှစ်သက်ကြတာလဲဆိုတာကို သူ နားမလည်နိုင်ဘူး။
သူ့ရဲ့စကားတွေကိုကြားတဲ့အခါမှာတော့ လူတိုင်းကသူတို့ရဲ့နှလုံးသားထဲမှာ သူ့အတွက် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိပေးလိုက်ကြတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ကျင်းရွှီယန်းရဲ့မျက်နှာက မည်းမှောင်သွားပြီး "အဘိုးကြီးဝေ၊ အခုထွက်သွားလို့ရပြီ။ ပြီးတော့ ငါ့ရဲ့ အာ့ဇီအနားက ဆယ်မီတာအတွင်းမှာ မနေနဲ့၊ မင်းက သူမရဲ့စိတ်ကို ညစ်ညမ်းအောင် မလုပ်သင့်ဘူး" လို့ပြောလိုက်တယ်။
ဝေယင်းက စကားမပြောနိုင်ခင်မှာပဲ သူက ဆက်ပြောလိုက်တယ် "ရှောင်ချီ၊ ဧည့်သည်ကို ပြန်လွှတ်လိုက်တော့"
"ဟေး...ငါ မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး။ ငါ စိတ်ရှုပ်ထွေးသွားလို့ပါ" ဟု ဝေယင်းက ပြောသည်။
လူတိုင်းရဲ့အကြည့်အောက်မှာ သူ့က အိမ်ထဲကနေ ခေါ်ထုတ်သွားခံရတယ်။
အပြင်ရောက်တော့ ရှောင်ချီက သက်ပြင်းချပြီး "ကပ္ပတိန်ဝေ မင်းပြောချင်တာပြောလို့ရတယ်၊ ဒါပေမယ့် ကျွန်တော် ကပ္ပတိန် နဲ့ မရီးရဲ့ဆက်ဆံရေးအကြောင်းတော့ မနောက်ပါနဲ့" လို့ ပြောလိုက်တယ်။
သူ့ရဲ့ နားထင်ကို လက်ညှိုးထိုးပြီး တိုးတိုးလေးပြောလိုက်တယ် “ကျွန်တော့်တို့ မရီးနဲ့ပတ်သက်လာရင် ကျွန်တော့်တို့ ကပ္ပတိန်ရဲ့ ဦးနှောက်က တခြားနည်းနဲ့ အလုပ်လုပ်တယ်။ ရုတ်တရက် ပေါက်ကွဲသွားမယ့် မြေမြှုပ်မိုင်းလိုပဲ”
နောက်ဆုံးသော အခြေအနေကို နားလည်သွားတော့မှ ဝေယင်းက ညည်းတွားလိုက်တယ် "ငါတကယ်ကို သိချင်ရုံပါ။ အဲဒီကောင်က အရမ်းကံကောင်းတာပဲ"
ရှောင်ချီက မှတ်ချက်မပေးရဲဘဲ သူ့စကားတွေကိုကြားတော့ ပြုံးပဲနေလိုက်တယ်။ သူ့ကို နှုတ်ဆက်ပြီးတဲ့နောက် ဧည့်ခန်းထဲပြန်ဝင်လာတော့ လူတိုင်းကဘာမှမဖြစ်သလိုမျိူး စကားပြောနေတာကို တွေ့လိုက်ရသည်။
ရွှီချွန်းကတော့ နောက်ထပ် ၁၅ မိနစ်လောက်နေပြီးနောက်မှ ထွက်သွားခဲ့သည်။ သူထွက်သွားတာနဲ့ လူတိုင်းက မနက်ဖြန်အတွက် ပြင်ဆင်ရန် သူတို့ရဲ့ ပစ္စည်းကိရိယာများနှင့် ရိက္ခာများကို စစ်ဆေးနေကြသည်။
လက်ရှိအခြေအနေအရဆို လင်အန်းမှ မြို့တော်သို့ အကွာအဝေးသည် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် ခရီးသွားရလိမ့်မည်။ လမ်းတစ်လျှောက်တွင် တစ်ခုခုဖြစ်ခဲ့ရင်တော့ ပို၍ပင်ကြာနိုင်သည်။
ဆိုလာပြားများနှင့် မီးစက်ကို ရွှီချွန်းရဲ့ လက်အောက်ငယ်သားများထံ လွှဲပြောင်းပေးပြီးတာနဲ့ ကျိူးလီဇီက သူမရဲ့စေ့စပ်ထားသူကို ရှာပြီး "အစ်ကိုယန်း၊ မိုးရွာတော့မယ်လို့ ရွှီချွန်းကို သတိပေးသင့်လား" ဟု မေးလိုက်သည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး ပြန်ဖြေတယ်"ကိုယ်သူ့ကို သတိပေးထားပြီးပြီ။ ခံတပ်တွေကို ခိုင်မာအောင်လုပ်ဖို့၊ အထူးသဖြင့် နံရံကို ခိုင်မာအောင်လုပ်ဖို့လည်း ပြောထားတယ်"
သူမရဲ့ အရင်ဘဝက ဒုတိယအကြိမ် မိုးရွာမှုကို စဉ်းစားရင်း ကျိူးလီဇီ ထပ်မေးလိုက်တယ် "အစ်ကိုယန်း ဇွန်ဘီအုပ်စုနဲ့ ကြုံရရင် ပိုအဆင်ပြေဖို့ သူတို့အတွက် ရိက္ခာတွေပိုပြင်ဆင်ပေးသင့်လား"
သူ့ရဲ့အတိတ်ဘဝက အချက်အလက်တွေကို ပြန်ပြောင်းသတိရသွားတဲ့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီးပြောလိုက်တယ် "အရေးပေါ်အခြေအနေမှာဆိုရင်တော့ သူတို့ကို ထောက်ပံ့ရေးပစ္စည်းတွေ ထပ်ပေးနိုင်ပါတယ်"
"ဒါပေမယ့် စက်ရုံခရိုင်တွေနှင့် လင်အန်းတက္ကသိုလ်က ဇွန်ဘီတွေကို ကိုယ်တို့ ရှင်းလင်းပြီးသွားပြီဆိုတော့ ဒီနေရာကို ဇွန်ဘီအုပ်လိုက်ကြီး ရောက်လာနိုင်ခြေက နည်းသွားပြီ။ ပြီးတော့ နယ်စပ်က ဇွန်ဘီတွေကလည်း ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါဘူး"
ဒါကိုကြားတော့ ကျိူးလီဇီက စိတ်သက်သာရာရသွားပြီးခေါင်းညိတ်တယ်" ဒီတစ်ခါတော့ လင်အန်းမြို့ကို S အဆင့် ဇွန်ဘီမြို့ မဖြစ်လာအောင် တားဆီးနိုင်မယ်လို့ မျှော်လင့်တယ်" လို့ ပြောလိုက်တယ်။
"အာ့ဇီ စိတ်မပူပါနဲ့။ အရင်ဘဝကလို ကိုယ်တို့တွေ ဒီလိုအရာတွေနဲ့ ရင်မဆိုင်ရတော့ဘူးလို့ ကတိမပေးနိုင်ပေမယ့် မင်းကို ကောင်းကောင်းကာကွယ်ပေးမယ်လို့တော့ ကတိပေးတယ်" ကျင်းရွှီယန်းက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းရင်း ပြောလိုက်သည်။
သူ့ရင်ခွင်ထဲက လုံခြုံတယ်လို့ ခံစားရတာကြောင့် ကျိူးလီဇီက ပြုံးပြီး "အစ်ကိုယန်း၊ ရှင် ကျွန်မနဲ့အတူရှိနေတာကို ဝမ်းသာတယ်။ ကျွန်မတစ်ယောက်တည်း တိုက်ခိုက်စရာမလိုတော့ဘူး" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းရဲ့နှလုံးသားက သူမအတွက် နာကျင်သွားပြီး 'အရင်ဘဝက ငါသာ ဒီထက်ပိုပြီး ရဲရင့်ခဲ့ရင်... ငါ့ရဲ့ အာ့ဇီကလည်း ဇွန်ဘီတွေရဲ့ ဆွဲဖြဲစားသောက်ခံရမှာကို ရှောင်ရှားနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သေဆုံးမှုကို ရှောင်ရှားနိုင်မလား" လို့ တွေးနေမိတယ်။
ဒီအတွေးက သူ့ရင်ထဲမှာ အမြဲတမ်းရှိနေတဲ့ ဆူးတစ်ချောင်းလိုပါပဲ။ ဘယ်လိုပဲ ဆက်သွားဖို့ ကြိုးစားပါစေ သူ့ကိုယ်သူ အပြစ်ရှိတယ်လို့ ခံစားနေရတာကိုတော့ မစွန့်လွှတ်နိုင်ခဲ့ဘူး။
အခန်း(၂၉၇)
ခဏလောက်ဖက်ထားပြီးနောက်မှ ကျိူးလီဇီက ရေချိုးရန်နှင့် အဝတ်အစားလဲရန်အတွင် သူမရဲ့စေ့စပ်ထားသူကို သူမအခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ နှစ်ယောက်သားက ဖူကွေ့ရဲ့ အခြေအနေကို စစ်ဆေးရန်လည်း သွားခဲ့သည်။
အိမ်ထဲမှာ သူ့ကို ရှာမတွေ့တဲ့အတွက် သူမရဲ့ စိတ်စွမ်းအားကို အသုံးပြုပြီး သူ့ကိုရှာခဲ့တယ်။ ခဏကြာတော့မှ မြက်ခင်းပြင်ပေါ်မှာလှဲနေတဲ့ သူ့ကို နောက်ဆုံးတော့ သူမ တွေ့လိုက်ရသည်။
ဒီတစ်ခါမှာတော့ မျိုးပြောင်း အပင်ငယ်လေးတွေက သူ့ကို မတိုက်ခိုက်တော့ဘူး။ အဲဒီအစား ပုံပြင်တစ်ပုဒ်ကို ပြောပြနေသလိုမျိူး သူ့ရဲ့ ညာဘက်နားရွက်ဘေးမှာ ယိမ်းနွဲ့နေခဲ့တယ်။ ဖူကွေ့ကတော့ မျက်လုံးမှိတ်ထားပေမယ့် နှုတ်ခမ်းထောင့်မှာ အပြုံးလေးတစ်ခု ပေါ်နေတယ်။ သူ့ရဲ့ရင်ဘတ်က အနည်းငယ် မြင့်တက်လိုက်ကျလိုက်ဖြစ်နေလို့ပေါ့ မဟုတ်ရင်တော့ သူမက သူ့ကို အလောင်းလို့ပဲထင်မိသွားမှာ။
သူ့ကို ခဏလောက်ကြည့်ပြီးနောက် သူမက “အစ်ကိုယန်း၊ မင်းရဲ့သူငယ်ချင်းက အရင်ကနဲ့ မတူတော့ဘူး။ သူ့ခန္ဓာကိုယ်မှာ ဇွန်ဘီဗီဇပြောင်းလဲမှုရဲ့ လက္ခဏာတွေကို ကျွန်မ မမြင်ရတော့ဘူး။ ဒါပေမယ့် သူက ပုံမှန်လူသားတစ်ယောက်လိုလည်း မဟုတ်တော့ဘူး။ သူက ကျွန်မတို့လောက်တော့ မကြာခဏ အသက်ရှူလေ့မရှိဘူး” လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက ခဏလောက်စဉ်းစားပြီးမှပြောလိုက်တယ် "သူ့ရဲ့ DNA နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံရဲ့ ပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်တယ်။ စစ်ဆေးမှုတချို့ မလုပ်ရမချင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ အတိအကျကို ကိုယ်တို့ မသိနိုင်ဘူး"
ကျိူးလီဇီက ဖူကွေ့ရဲ့အခြေအနေကို စပ်စုချင်ပေမယ့် သူ့ကိုဒီနေရာကနေ ခေါ်ထုတ်သွားလို့ မရသေးဘူးဆိုတာကို သူမသိတယ်။ သူက အန္တရာယ်ရှိလား မရှိဘူးလားကို သူမတို့ လည်းသေချာမသိဘူး။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမကမေးလိုက်တယ်။ "အစ်ကိုယန်း ၊ မင်းရဲ့သူငယ်ချင်းက အစာမစားရင် သေသွားလိမ့်မယ်လို့ မင်းထင်လား။ ကျွန်မသိသလောက်ဆို ဇွန်ဘီတွေက လူ့အသား ဒါမှမဟုတ် အမြုတွေကို မကြာမကြာမစားရင် သူတို့ရဲ့စွမ်းအားတွေ ဆုံးရှုံးသွားလိမ့်မယ်တဲ့"
တစ်ချိန်က ဇွန်ဘီအဖြစ် နေထိုင်ခဲ့ဖူးသူတစ်ယောက်အနေနဲ့ လူ့အသားနှင့်အင်္ဂါအစိတ်အပိုင်းတွေကို ဝါးမျိုချင်စိတ်ကို တွန်းလှန်ရတာက ဘယ်လောက်တောင် နာကျင်ရလဲဆိုတာကို ကျင်းရွှီယန်း သိတယ်။
သူ့ရဲ့ လူသားဆန်မှုကို ဆုံးရှုံးသွားတဲ့အခါမှာတောင် လူသားတွေကို သားကောင်အဖြစ် သဘောမထားခဲ့သလို သူဇွန်ဘီ ဖြစ်လာခဲ့တဲ့ အချိန်မှာလဲ သူ့ချစ်သူကို ခေါ်ဆောင်သွားခဲ့တဲ့ ဒီဇွန်ဘီမျိူးနွယ်ကို မုန်းတီးခဲ့သည်။ သူက ဇွန်ဘီတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ အမြုတေတွေကို စားသုံးခြင်းအားဖြင့် အသက်ရှင်ကျန်ရစ်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူဟာ စွမ်းအင်ကုန်သွားပြီးနောက် သေဆုံးသွားခဲ့သည်။
ဒီအကြောင်းစဉ်းစားပြီး “သူက အမြုတေတွေကနေ စွမ်းအင်ကို စုပ်ယူနိုင်သင့်တယ်” သူ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက သူ့ကို သံသယမဝင်ခဲ့ပါဘူး။ သူမရဲ့မျက်လုံးထဲမှာတော့ သူမရဲစေ့စပ်ထားသူက အရာအားလုံးကို သိနေတဲ့ပုံပေါက်နေတယ်။ ခေါင်းညိတ်ပြီး "အစ်ကိုယန်း၊ ကျွန်မတို့မှာ အမြုတေတွေ အများကြီး စုဆောင်းထားတယ်။ သူ့ကို စမ်းကြည့်ဖို့ တစ်ခုပေးလိုက်ရင်ကောင်းမလား" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ကန့်ကွက်ခြင်းမရှိဘဲ “ကိုယ် မင်းပြောတာ နားထောင်မယ်” ဟု ပြန်ဖြေခဲ့သည်။
သူ သဘောတူတာနဲ့ ကျိူးလီဇီက သူမရဲ့ အသိစိတ်ကို အသုံးပြုပြီး အဆင့်တစ် အကြည်ရောင်အမြုတေတွေပါတဲ့ သေတ္တာတစ်လုံးကို ကန့်သတ်ဧရိယာထဲကနေရွှေ့ပြီး ဖူကွေ့ဘေးမှာ ထားလိုက်တယ်။
သေတ္တာပေါ်လာတာနဲ့ မျိုးပြောင်းအပင်ဟာ ပိုပြီးတက်ကြွလာပြီး စွမ်းအင်ကိုစုပ်ယူဖို့ ကြိုးစားတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဖူကွေးက မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်တယ်။
သူ့မျက်လုံးအိမ်က ဇွန်ဘီတစ်ကောင်နဲ့ မတူတော့ပေမယ့် မျက်ဝန်းမှာတော့ ငွေရောင်အရိပ်တစ်ခု ကျန်နေခဲ့တယ်။ သူကထထိုင်ပြီး သေတ္တာကိုဖွင့်ကာ အမြုတေတစ်ဆုပ်စာကို ယူလိုက်တယ်။
တွန့်ဆုတ်ခြင်းမရှိဘဲ သူက ၎င်းတို့ကို ပါးစပ်ထဲသို့ ထိုးထည့်ကာ ဝါးချေလိုက်သည်။ ကျိူးလီဇီက မျက်လုံးပြူးပြူးဖြင့် ကြည့်နေပြီး အမြုတေများကိုဝါးစားနေတဲ့ အသံက လယ်ကွင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
ကျင်းရွှီယန်းက ဘာတွေဖြစ်နေမှန်း မမြင်နိုင်တာကြောင့် "အာ့ဇီ ဘာမှားနေလို့လဲ" လို့ မေးလိုက်တယ်။
ကျိူးလီဇီက ပြန်ဖြေဖို့ ခဏကြာသွားတယ်။ "အစ်ကိုယန်း မင်းရဲ့သူငယ်ချင်းက... အမြုတေတွေကို သကြားလုံးလို စားလိုက်တာ။ အဲဒါနဲ့ သူ ဗိုက်နာသွားမှာလား။ ရေနဲ့ပဲ ဆေးလိုက်တာ။ ဘက်တီးရီးယားတွေ နဲ့ ကပ်ပါးကောင်တွေ ရှိနေသေးလား မသိဘူး"
ဒါကိုကြားတော့ ကျင်းရွှီယန်က ရယ်လိုက်မိသည်။
သူရယ်တာကိုမြင်တော့ ကျိူးလီဇီက သူ့ကိုစိုက်ကြည့်ပြီး "ဘာတွေအဲလောက်ရယ်စရာကောင်းနေတာလဲ" လို့မေးလိုက်တယ်။
သူ့ရဲ့စေ့စပ်ထားသူ စိတ်အနှောင့်အယှက်ဖြစ်နေတာကို သဘောပေါက်လိုက်တာနဲ့ သူက အလျင်အမြန်ပဲ ရယ်ချင် စိတ်ကိုထိန်းပြီး "အဟမ်း..အာဇီ သူက ဇွန်ဘီတစ်ပိုင်းပဲ။ ဇွန်ဘီဗိုင်းရပ်စ်ကတောင် သူ့ကို မသတ်နိုင်ဘူး။ ဘက်တီးရီးယားတွေ ဒါမှမဟုတ် ကပ်ပါးကောင်တွေက တကယ်သတ်နိုင်တယ်လို့ မင်းထင်လား" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျိူးလီဇီက "ဒါပေမယ့် သူက ဇွန်ဘီတစ်ပိုင်းလို မဟုတ်တော့ဘူး။ အခု သူက လူသားတစ်ယောက်လို ဖြစ်သွားသလိုပဲ" လို့ ပြန်ဖြေလိုက်တယ်။
သူက စပ်စုချင်စိတ်နဲ့ "သူ့ကိုတွေ့ဖို့ ခေါ်သွားပေးနိုင်မလား" လို့ မေးလိုက်တယ်။
"ကောင်းပြီ"
သူ့လက်ကိုကိုင်ပြီး ကျိူးလီဇီက စိတ်ကို စုစည်းလိုက်တယ်။ နောက်တစ်ခဏအတွင်းမှာပဲ သူတို့နှစ်ယောက်ဟာ အိမ်ထဲကနေ ပျောက်ကွယ်သွားပြီး ဖူကွေ့နဲ့ မဝေးတဲ့နေရာမှာ ပြန်ပေါ်လာကြတယ်။
မြက်ခင်းပြင်ပေါ်တွင် ပေါ်လာစဉ်မှာပဲ မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျင်းရွှီယန်းအံ့အားသင့်သွားသည်။ သူ့ချစ်သူက အဘယ်ကြောင့် စိတ်ပူနေသည်ကို နောက်ဆုံးတော့ သူ နားလည်သွားတယ်။ ဖူကွေ့ကတော့ စွမ်းအင်တွေအလွန်အကျွံစားသုံးမိသွားမှာကို စိုးရိမ်ပုံမပေါ်ပေ။ အဲဒီအစား သူစားလိုက်သောအစားအစာများကြောင့် ပေါက်ကွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပုံပေါ်သည်။
စွမ်းအင်လွန်ကဲမှုကြောင့် သူသေသွားမှာကို ကျိူးလီဇီကစိုးရိမ်နေခဲ့တယ်။ ဒါကြောင့် ဖူကွေ့က နောက်ထပ် အမြုတေလက်တစ်ဆုပ်ကို ကောက်ယူတာကိုမြင်တာနဲ့ သူမက သေတ္တာကို ကန့်သတ်ဧရ်ိယာမှာ ပြန်သိမ်းဆည်းလိုက်တယ်။
အမြုတေတွေက ရုတ်တရက်ပျောက်ကွယ်သွားတော့ ဖူကွေ့က စားနေတာ ရပ်တန့်သွားသည်။ သူ ပတ်ပတ်လည်ကို ကြည့်သော်လည်း သေတ္တာကို ရှာမတွေ့ပေ။
ခဏကြာတော့မှ ကျန်နေတဲ့အမြုတေတွေကို သူ့အိတ်ကပ်ထဲထည့်ပြီး ပြန်လှဲချလိုက်တယ်။ ဒီတစ်ခါမှာတော့ တစ်ယောက်ယောက်က သူ့ရဲ့အမြုတေတွေ ခိုးယူသွားမှာကို စိုးရိမ်နေသလိုမျိုး လက်တစ်ဖက်ကို သူ့အိတ်ကပ်အပေါ်မှာတင် ကာကွယ်ထားလိုက်သည်။
ဒါကိုမြင်တော့ ကျိူးလီဇီပြောလိုက်တယ် "အစ်ကိုယန်း မင်းရဲ့သူငယ်ချင်းက ကလေးလေးလို ပြုမူနေတယ်လို့ ကျွန်မထင်တယ်"
ကျင်းရွှီယန်းကလည်း အဲဒီလိုပဲတွေးခဲ့ပေမယ့် ဘာမှပြန်မပြောခဲ့ဘူး။ တစ်နေ့မှာတော့ ဖူကွေ့ကပြန်ကောင်းလာပြီး ဒီနှစ်တွေအတွင်း သူ့မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူတို့ကို ပြောပြလာနိုင်မယ်လို့ပဲ မျှော်လင့်နေခဲ့တယ်။
ဖူကွေ့က အဆင်ပြေရဲ့လားဆိုတာကို သေချာစစ်ဆေးပြီးတဲ့နောက်မှ စုံတွဲဟာ နေရာလွတ်ကထွက်လာပြီး သူတို့ရဲ့အိပ်ခန်းထဲမှာ ပြန်ပေါ်လာကြတယ်။ နောက်တစ်နေ့မနက်မှည အစောကြီး ထွက်သွားရမှာမို့ အိပ်ရာဝင်လိုက်ပြီး ခေါင်းအုံးနှင့် ခေါင်းထိတာနဲ့ အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့မနက်အစောပိုင်းတွင်တော့ နတ်ဆိုးအဖွဲ့ဟာ မိုးမလင်းခင်မှာပဲ နိုးလာခဲ့တယ်။ အဖွဲ့ဝင်တွေက မနက်စာပြင်ဆင်နေချိန်မှာ ကျင်းရွှီယန်းက ကားမောင်းပြီး ကျိူးလီဇီကို ဂိုဒေါင်ဧရိယာကို ခေါ်သွားခဲ့သည်။
သူတို့က မနေ့ကတည်းက ရွှီချွန်းကို အကြောင်းကြားပြီးသွားပြီဖြစ်သလို ရွှီချွန်းကလည်း ဂိုဒေါင်တွေကို စီစဉ်ပြီးသွားပြီ။ သူတို့ရောက်လာတော့ စစ်သားတစ်ယောက်က သူတို့ကို လာကြိုဆိုပြီး "ကပ္ပတိန်ကျင်း ရဲဘော်ကျိူး ဂိုဒေါင်တွေကို ပြင်ဆင်ပြီးပါပြီ။ ဒီဘက်ကို လာခဲ့ပါ" လို့ ပြောလာတယ်။
သူတို့နှစ်ယောက်က ခေါင်းညိတ်ပြီး စစ်သားနောက်ကို လိုက်သွားကြတယ်။ ရိက္ခာပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာနဲ့ မတူဘဲ ဆေးဝါးတွေ သိုလှောင်ဖို့ ပြင်ဆင်ထားတဲ့နေရာကိုတော့ စစ်သားတွေ ပိုစောင့်ကြပ်နေပြီး လုံခြုံရေးကလည်း အများကြီး ပိုတင်းကျပ်သည်။
ဒါကိုမြင်တော့ သူတို့ကမအံ့သြသွားကြဘူး။ ဘာပဲဖြစ်ဖြစ် ဆေးဝါးက ရဖို့ခက်ခဲတယ်။
ပိုမိုရရှိရန်အတွက် ဆေးရုံများကို ဝင်ရောက်စီးနင်းရပြီး ဆေးရုံများရှိ ဇွန်ဘီအရေအတွက်က အခြားနေရာများထက် အဆပေါင်းများစွာ ပိုများသည်။ ၎င်းသည်ကလည်း ကြေးစားအဖွဲ့အများစုက ထိုကဲ့သို့သော မစ်ရှင်များကို မလုပ်ဆောင်ရဲကြသည့် အကြောင်းရင်းဖြစ်သည်။