← Chapters

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း (၂၉၈-၃၀၀)

Vol. 20 Ch. 298-300

အခန်း - (၂၉၈)

စစ်သားက တံခါးဖွင့်ပြီး “ကပ္ပတိန်ကျင်း ၊ ရဲဘော်ကျိူး ကျွန်တော် ဒီမှာပဲစောင့်နေမယ်” လို့ ပြောလိုက်တယ်။

ကျင်းရွှီယန်းက သူ့စေ့စပ်ထားသူရဲ့လက်ကိုကိုင်၍ ဂိုဒေါင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။ အခြေစိုက်စခန်းမှ ပြင်ဆင်ထားသော ဂိုဒေါင်က အသုံးမပြုတော့သော အဆောက်အအုံတစ်ခု မဟုတ်တော့ဘဲ စက်ရုံများမှာ ပုံမှန်အသုံးပြုလေ့ရှိသော သင့်လျော်သော သိုလှောင်ရုံတစ်ခု ဖြစ်သည်။

သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ဂိုဒေါင်က အသစ်တည်ဆောက်ထားခြင်းဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ စက်ရုံဂိုဒေါင်လောက် မကြီးမားသော်လည်း စတုရန်းမီတာ ၅၀၀၀ ခန့် ကျယ်ဝန်းသည်။

သူတို့နှစ်ယောက်က အဝေးဆုံးနေရာကို လျှောက်သွားလိုက်ပြီး ကျိူးလီဇီက ဆေးတွေစထုတ်ယူလိုက်တယ်။ ကမ္ဘာပျက်ကပ်အတွင်းမှာဆို အအေးမိတာနဲ့ ဖျားနာတာတွေက အဖြစ်များတာကြောင့် သူမက ဂိုဒေါင်ရဲ့တစ်ဝက်လောက်ကို သာမန်ဆေးဝါးတွေနဲ့ နာကျင်မှုသက်သာဆေးတွေဖြင့် ဖြည့်လိုက်သည်။

ဂိုဒေါင်ရဲ့ ကျန်အပိုင်းများကိုတော့ ခွဲစိတ်မှုများနှင့် နာတာရှည်ရောဂါများအတွက် လိုအပ်သော ဆေးဝါးများဖြင့် ဖြည့်တင်းထားလိုက်သည်။ သူမက အရေးပေါ်ဆေးသေတ္တာ ရာပေါင်းများစွာ၊ ခွဲစိတ်ကိရိယာများ၊ ခွဲခန်းဝင်စက်များနှင့် MRI၊ CT စကင်န်များနှင့် X-ray ကဲ့သို့သော ရောဂါရှာဖွေရေးစက်များစွာကိုလည်း ယူထုတ်လိုက်သည်။

ထိုစက်များလည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လည်းထည့်သွင်းစဉ်းစားကာ သူမက အပိုဆိုလာပြားများနှင့် မီးစက်များကိုလည်း ထားခဲ့သည်။ ဂိုဒေါင်က ပြည့်သွားပြီးနောက်တော့ “အစ်ကိုယန်း နောက်ဂိုဒေါင်ကို သွားကြရအောင်” ဟု သူမကပြောလိုက်သည်။

"ကောင်းပြီ"

ကျိူးလီဇီက မြို့တော်သွားမယ့်လမ်းတစ်လျှောက်တွင် ရိက္ခာပစ္စည်းများ ပိုမိုစုဆောင်းရန် စီစဉ်ထားပြီး သူမရဲ့နေရာလွတ်က ကျီ(စပါးကျီ)ကိုလည်း နေရာပိုရအောင် ပြုလုပ်ချင်သည်။ ထို့ကြောင့် အစာခြောက်အချို့နှင့် ရေကန်ကြီးများစွာကို ရေဖြည့်ခြင်းအပြင် သူမရဲ့နေရာလွတ်ရှိ ကျီမှ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံနှင့် ဆန်များကိုလည်း သူမက ဂိုဒေါင်ထဲမှာဖြည့်ပေးခဲ့သည်။

အစေ့အဆန်တွေကို (အခွံချွတ်)ပြုပြင်ပြီးသွားပေမယ့် ထုပ်ပိုးမထားတာကြောင့် သူမက ဂိုဒေါင်ထဲမှာပဲ တောင်ကုန်းငယ်လေးတွေလို စုပုံထားခဲ့လိုက်သည်။

နာရီဝက်လောက်ကြာတော့မှ သူတို့နှစ်ယောက်က ဂိုဒေါင်ထဲကနေ ထွက်လာကြတယ်။ ကျင်းရွှီယန်းက စစ်သားဘက်ကို လှည့်ပြီး “ငါတို့ကို လိုက်ပို့စရာမလိုပါဘူး” လို့ ပြောလိုက်တယ်။

စစ်သားက သူ့ကို အလေးပြုပြီး "နားလည်ပါပြီ" လို့ ပြန်ဖြေတယ်။

သူတို့ထွက်သွားပြီးနောက်မှာတော့ စစ်သားက ဂိုဒေါင်ကို စစ်ဆေးရန် သွားသည်။ ဂိုဒေါင်များထဲတွင် ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာကိရိယာများသာမက ရိက္ခာများပါ ပြည့်နေတာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားကာ ပျော်ရွှင်သွားလေသည်။ အချိန်ကိုမဖြုန်းတီးဘဲ လုံခြုံရေးကိုတင်းကျပ်ရန် ရဲဘော်ရဲဘက်များအား အကြောင်းကြားပြီး ရွှီချွန်းထံ သွားရောက်သတင်းပို့လေသည်။

ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့ နေအိမ်သို့ ပြန်ရောက်သောအခါတွင် မနက်စာက အဆင်သင့်ဖြစ်နေပါပြီ။ အဖွဲ့သားများက အတူတူစားသောက်လ်ိုက်ကြတယ်။

သူတို့ထွက်ခွာမသွားခင်မှာ ကျင်းရွှီယန်းက အဖွဲ့ကိုစုဝေးလိုက်ပြီး “ဒီတစ်ခါမှာတော့ ကယ်ဆယ်ရေးမစ်ရှင် သွားရမှာမို့ အားလုံးကို ခေါ်မသွားတော့ဘူး” လို့ ပြောလိုက်တယ်။

သူက ကလေးတွေဘက်ကို လှည့်ပြီး ဆက်ပြောတယ် “မင်းတို့အားလုံးကနေခဲ့ပြီး စခန်းရဲ့လေ့ကျင့်ရေးတွေကိုတက်ရောက်ကြ။ ငါတို့ပြန်ရောက်တာနဲ့ မင်းတို့ရဲ့ တိုးတက်မှုကို ငါကိုယ်တိုင် စစ်ဆေးပေးမယ်”

"ကုရှကျယ်နှင့် ရုန်မိုအာကတော့ မင်းတို့နှစ်ယောက်ရဲ့ မိသားစုတွေကို သွားရှာလို့ရတယ်။ ငါတို့နောက် လိုက်လာစရာမလိုဘူး။ ပြီးသွားရင် အခြေစိုက်စခန်းကို ပြန်လိုက်ရုံပဲ"

"နားလည်ပါပြီ" ဟု တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျင်းရွှီယန်းက ထပ်ပြောသည် “အများကြီး စဉ်းစားပြီးတဲ့နောက်မှ လျှို့ဝှက်သတင်းတချို့ကို မင်းတို့အားလုံးနဲ့ မျှဝေဖို့ ဆုံးဖြတ်လိုက်တယ်”

ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ လူတိုင်းက တောင့်တင်းသွားပြီး သူ့ဆီကို အာရုံစိုက်လာကြတယ်။

ကျင်းရွှီယန်းက သူတို့ကိုကြည့်ပြီး "ကမ္ဘာပျက်ကပ်အစ ပထမဆုံးမိုးရွာသွန်းမှုကြောင့် ဇွန်ဘီတွေ ပိုအားကောင်းလာပြီး လူသားတွေက စွမ်းရည်တွေ နိုးထလာတာ ဒါမှမဟုတ် ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားတာကို မင်းတို့အားလုံး သတိထားမိကြမယ်လို့ ငါထင်တယ်"

သူတို့က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြကြတယ်။

"နှစ်လအတွင်းမှာ ဒုတိယအကြိမ် မိုးရွာလိမ့်မယ်။ ဒီတစ်ခါတော့ တစ်လကျော်ကြာသွားနိုင်တယ်။ ဘယ်လိုမျိူးပြောင်းလဲမှုတွေ ယူဆောင်လာမလဲဆိုတာကို ငါတို့ မသိဘူး။ အခြေအနေက အခုထက်ပိုအန္တရာယ်များလာနိုင်ပြီး ဇွန်ဘီအရေအတွက်ကလည်း သိသိသာသာ တိုးလာနိုင်တယ်" ဟု ကျင်းရွှီယန်းက လေးနက်စွာ ပြောလိုက်သည်။

"ဒုတိယမိုးမရွာခင်မှာ အားလုံးကပြန်လာပြီး အခြေစိုက်စခန်းရဲ့ ခံစစ်ကို အားကောင်းအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်တယ်။ နံရံတွေကို အားဖြည့်ပြီး ရိက္ခာတွေ စုဆောင်းထားဖို့ လိုတယ်" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

သူ့စကားတွေကိုကြားတော့ လူတိုင်းကအံ့အားသင့်သွားကြတယ်။ သူတို့ရဲ့ကပ္ပတိန်က ဒီအချက်အလက်တွေကို ဘယ်ကရတယ်ဆိုတာကို မသိပေမယ့် သူ့ကိုတော့ အားလုံးကအပြည့်အဝယုံကြည်ကြသည်။

ကျင်းရွှီယန်း စကားပြောပြီးသည်နှင့် ကျိူးလီဇီက ရိက္ခာပစ္စည်းတစ်ပုံတစ်ပင်ကြီးကို ထုတ်ယူပြီး “ဒန်ယူ၊ ဒါတွေကို မင်းရဲ့နေရာလွတ်မှာ သိမ်းထား။ လုံးဝလိုအပ်တဲ့အခါမှ သုံး”

"မင်းတို့အားလုံးကို ကောင်းကောင်းဂရုစိုက်ဖို့ အခြေစိုက်စခန်းရဲ့ခေါင်းဆောင်ကို ငါတို့အကြောင်းကြားပြီးပြီ။ တခြားသူတွေနောက်ကိုလိုက်ပြီး ကန်တင်းမှာပဲ စားလိုက်၊ အာရုံစိုက်မှုအရမ်းရအောင် မနေနဲ့။ တစ်ခုခုဖြစ်လာရင် အလယ်အဆောက်အဦးမှာရှိတဲ့ ရွှီချွန်းကိုသွားရှာ"ဟုပြောလိုက်သည်။

ရှုဒန်ယူက ခေါင်းညိတ်ပြီး ပစ္စည်းတွေကို သူ့နေရာလွတ်မှာသိမ်းကာ “အစ်မ ကျွန်တော်နားလည်ပါတယ်” လို့ပြောလိုက်တယ်။

ဝိန့်ညီအစ်ကိုတို့ကလည်း ကလေးများ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စေရန်အတွက် လေသေနတ်များ၊ ကျည်ဆန်များနှင့် ဓားမြှောင်များကို ပေးအပ်ခဲ့သည်။ အရာအားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျိူးလီဇီက သူတို့ရဲ့ သံချပ်ကာယာဉ်များနှင့် SUV ကားတစ်စီးကို သူမနေရာလွတ်မှ ထုတ်ယူလိုက်သည်။

လူတိုင်း ကားပေါ်တက်ပြီး မောင်းထွက်သွားကြချိန်အထိ ကလေးများက ဝင်ပေါက်တွင်ရပ်ကာ သူတို့ထွက်သွားသည်ကို ကြည့်နေကြတယ်။

ထွက်ခွာသွားသော ကားများကိုကြည့်ရင်း လင်ကျောင်း‌ကျောင်းက ဇန်းချန်ချောင်ရဲ့ လက်ကိုဆုပ်ကိုင်ကာ "အစ်ကို၊ ကျွန်မတို့ရဲ့ အစ်ကို ၊ အစ်မတွေ ပြန်လာဦးမှာလား" ဟု မေးလိုက်သည်။

ဇန်းချန်ချောင်က သူမရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး ခိုင်မာစွာပြန်ဖြေလိုက်တယ် "သူတို့လာလိမ့်မယ်။ ငါတို့က အဖွဲ့တစ်ဖွဲ့ဖြစ်တာကြောင့် သူတို့က ငါတို့ကို စွန့်ပစ်မှာမဟုတ်ဘူး"

ခဏကြာတော့မှ သူက သူမရဲ့ခေါင်းလေးကိုပုတ်ပြီး တခြားသူတွေကို ပြောလိုက်တယ် "အားလုံးပဲ၊ ကပ္ပတိန်က ငါတို့အပေါ် မျှော်လင့်ချက်တွေ အများကြီးထား ထားတာမို့ ငါတို့က အပြင်းအထန် လေ့ကျင့်သင့်တယ်။ သူ့ကို စိတ်ပျက်အောင် မလုပ်နဲ့။ သွားကြစို့။ ရှစ်နာရီ မတိုင်ခင် လေ့ကျင့်ရေးစင်တာကို သတင်းပို့ရမယ်"

"ဟုတ်ကဲ့ အစ်ကို" ဟု ကလေးများက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

အိမ်တံခါးများကို သော့ခတ်ပြီးနောက်မှာတော့ သူတို့က လေ့ကျင့်ရေးစင်တာသို့ အတူတူ လျှောက်သွားလိုက်ကြသည်။

မိနစ်လေးဆယ်အကြာတွင်တော့ မရေမတွက်နိုင်သော အမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများစွာက ကွင်းပြင်တွင် အတူတကွရပ်နေကြတာကို သူတို့‌တွေ့လိုက်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ လက်ရှိအသက်အရွယ်တွင် တစ်စုံတစ်ရာ သင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်သောကြောင့် သက်ကြီးရွယ်အိုများ မရှိပါ။ အလုပ်တစ်ခုရှာပြီး အစားအစာရှာဖွေခြင်းကသာ ပိုကောင်းသည်။

သူတို့ရဲ့အရှေ့မှာတော့ တောင့်တင်းတဲ့ ခန္ဓာကိုယ်နှင့် တင်းမာတဲ့ ကိုယ်ဟန်အမူအရာတွေရှိတဲ့ စစ်သားတွေ ရပ်နေကြတယ်။ခဏနေတော့ သူတို့အားလုံး စောင့်နေကြတဲ့ ရွှီချွန်း ရောက်လာတယ်။

ဒီလေ့ကျင့်ရေးမှာ ပါဝင်သူအရေအတွက်က သူမျှော်လင့်ထားတာထက် ပိုများနေတာကို မြင်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ အမျိုးသမီးတွေက ဒါကိုမြင်တော့ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။

ဘယ်ခေတ်၊ ဘယ်အခြေအနေမှာပဲရှိရှိ လူတွေဟာ ချောမောတဲ့ယောက်ျားတွေအပါအဝင် လှပတဲ့အရာတွေကို တန်ဖိုးထားတတ်ကြပါတယ်။

အမျိုးသမီးတွေရဲ့ အကြည့်တွေကို သူကသတိမထားမိဘဲ စင်မြင့်ပေါ်မှာရပ်ကာ "အားလုံးပဲ၊ ကျွန်တော်က အခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ရွှီချွန်း ပါ" လို့ ပြောလိုက်တယ်။

အခန်း - (၂၉၉ )

ရွှီချွန်းက လက်နှစ်ဖက်ကို အနောက်ပို့ပြီး အောက်ကလူအုပ်ကို စိုက်ကြည့်ကာ “လေ့ကျင့်ရေးစခန်းက ကြိုဆိုပါတယ်” ဟု ပြောလိုက်သည်။

"ဒီလေ့ကျင့်ရေးစခန်းကို လူတိုင်းတက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် လူတိုင်းရဲ့တိုးတက်မှုကို စစ်ဆေးဖို့အတွက်တော့ သုံးလမှာတစ်ကြိမ် စာမေးပွဲတစ်ခုရှိလိမ့်မယ်။ ကောင်းကောင်းလုပ်ဆောင်နိုင်သူတွေကတော့ တစ်နှစ်ကြာ လေ့ကျင့်ပြီးရင် အစောင့်အဖွဲ့နဲ့ ပူးပေါင်းနိုင်ပြီး အခြေစိုက်စခန်းအတွက် အလုပ်လုပ်ခွင့်ရရှိမှာပါ"

"အားလုံးသိကြတဲ့အတိုင်းပဲ အစောင့်တွေက အခြေစိုက်စခန်းကနေ လစဉ်လစာနဲ့ ရိက္ခာပစ္စည်းတွေ ရရှိမှာဖြစ်ပါတယ်။ အိမ်ငှားတဲ့အခါ ဒါမှမဟုတ် ဆေးဝါးဝယ်ယူတဲ့အခါတွေမှာလည်း လျှော့စျေးလိုမျိုး တခြားအကျိုးကျေးဇူးတွေကိုလည်း ရရှိမှာပါ"

သူဒီလိုပြောလိုက်တာနဲ့ လူတိုင်းရဲ့မျက်လုံးတွေက တောက်ပသွားကြတယ်။ အစောင့်တွေရဲ့ အကျိုးခံစားခွင့်တွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို သူတို့ကြားဖူးပေမယ့် တရားဝင်မဟုတ်တဲ့အတွက် ဘယ်သူကမှ မယုံခဲ့ကြဘူး။

အခုတော့ အခြေစိုက်ခေါင်းဆောင်ကိုယ်တိုင်က ဒီကောလာဟလကို အတည်ပြုလိုက်တဲ့အခါ သင်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ကို အားလုံးကစိတ်အားထက်သန်လာကြပါတယ်။ သူတို့ကိုသာ အစောင့်တွေအဖြစ် ငှားရမ်းလာမယ်ဆိုရင် စားစရာမရှိ၊ နေစရာမရှိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ ငွေစုပြီး လက်ထပ်နိုင်ပါလိမ့်မယ်။

မျှော်လင့်ချက်အသစ်ကို ရည်မှန်းချက်တစ်ခုအဖြစ် ထားရှိခြင်းနှင့်အတူ သူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။

ဒါကိုမြင်တော့ ရွှီချွန်းက ပြုံးပြီးဆက်ပြောတယ် “လူတိုင်းက ပိုကောင်းလာဖို့ကို ကြိုးစားကြမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က အတူတကွလုပ်ဆောင်ပြီး စည်းလုံးညီညွတ်နေသရွေ့ ကျွန်တော်တို့ မိသားစုတွေနှင့် အနာဂတ်မျိုးဆက်တွေအတွက် ဘေးကင်းတဲ့ ခိုလှုံရာတစ်ခုကို တည်ဆောက်နိုင်မှာပါ”

သူ့စကားအဆုံးမှာ ဝမ်းသာအားရ လက်ခုပ်တီးသံများ ထွက်ပေါ်လာပြီး လူတိုင်းက အားရပါးရ တီးတိုးပြောဆိုကြသည်။ နတ်ဆိုးအဖွဲ့ဝင်ငယ်များမှာလည်း ထိုလေထုရဲ့ သက်ရောက်မှုကိုခံခဲ့ရပြီး သူတို့တစ်ဦးစီတိုင်းဟာ ပိုမိုအားကောင်းလာပြီး သူတို့ဂရုစိုက်သော လူများကို ကာကွယ်မည်ဟု ကတိပြုခဲ့ကြသည်။

သူလိုချင်တဲ့ ရလဒ်ကိုရရှိပြီးနောက်မှာတော့ ရွှီချွန်းက နှောင့်နှေးမနေတော့ဘဲ လူတိုင်းရဲ့ အားပေးသံတွေအောက်မှာပဲ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ သူ့မှာက လုပ်စရာအလုပ်တွေ အများကြီးရှိနေသေးပြီး ဆေးဝါးတွေနှင့်ပစ္စည်းအသစ်တွေစီစဉ်ဖို့ ဂိုဒေါင်နေရာကို အမြန်သွားလိုက်တယ်။

ရွှီချွန်းက အခြေစိုက်စခန်းမှာ ပျားတစ်ကောင်လို မနားမနေ အလုပ်လုပ်နေချိန်တွင် နတ်ဆိုးအဖွဲ့နှင့် ကုရှကျယ် ၊ ရုန်မိုအာတို့မှာတော့ ဆန့်ကျင်ဘက်ဦးတည်ရာဆီကို သွားရတော့မယ့်အချိန်ဖြစ်နေသည်။

ကားကို လမ်းဘေးတွင်ရပ်ပြီးနောက်တွင် ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့က ကားပေါ်မှဆင်းပြီး ကုရှကျယ်ရဲ့ SUV ဆီသို့ လျှောက်သွားကြသည်။

သူတို့ရဲ့ကပ္ပတိန်လာတာကိုမြင်တော့ နှစ်ယောက်သားကလည်း ကားထဲက ထွက်လာကြတယ်။

သူတို့မမေးခင်မှာပဲ ကျင်းရွှီယန်းက သူတို့ကို ဂြိုလ်တုဖုန်းနှစ်လုံးပေးပြီး "ဒီဖုန်းတွေမှာ အဖွဲ့ဝင်တွေရဲ့ ဖုန်းနံပါတ်အားလုံးရှိပြီးသား။ ဒီဖုန်းကနေပဲ ဆက်သွယ်လ်ိုက်။ ငါးရက်တစ်ကြိမ် သတင်းပို့ပါ" လို့ ပြောလာတယ်။

ကုရှကျယ်က ဖုန်းကိုလက်ခံပြီး "ကျေးဇူးတင်ပါတယ် ကပ္ပတိန်။ ကျွန်တော်တို့ အမြန်ဆုံးပြန်လာပါ့မယ်" လို့ ပြန်ဖြေလိုက်တယ်။

ကျင်းရွှီယန်းက သူ့ပခုံးကိုပုတ်ပြီး "မင်းတို့နှစ်ယောက် အချိန်မီပြန်မရောက်နိုင်ရင် ဘေးကင်းတဲ့နေရာရှာလိုက်။ မိုးထဲမှာ မပိတ်မိစေနဲ့။ တိရစ္ဆာန်နဲ့ အပင်တွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကိုလည်း သတိထားပါ"

"တိရစ္ဆာန်တွေ ဒါမှမဟုတ် အပင်တွေပြည့်နေတဲ့ နေရာတွေကိုရှောင်။ နံရံမြင့်မြင့်နဲ့ ခိုင်ခံ့တဲ့ အကာအကွယ်ရှိတဲ့ နေရာတွေကို ရှာတာက ပိုကောင်းတယ်။ အချိန်မီ ပြန်မလာနိုင်ရင်လည်း ဒုတိယအကြိမ်မိုးရွာပြီးတာနဲ့ ငါတို့ လာကြိုမယ်"လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ကုရှကျယ်က ခေါင်းညိတ်လိုက်သည်။ သူ့ကပ္ပတိန်ထံမှ အာမခံချက်ကြောင့် အလုပ် လုပ်ရာတွင် သူပိုမိုယုံကြည်မှုရှိလာခဲ့သည်။

သူတို့နှစ်ယောက် စကားပြောနေချိန်မှာ ကျိူးလီဇီက SUV ကားကို ပစ္စည်းတွေ ဖြည့်နေခဲ့တယ်။ ကုရှကျယ်က ရေအမျိုးအစား စွမ်းရည်သုံးသူဖြစ်တာကြောင့် ရေမပေးဘဲ အစာ ခြောက်တွေနဲ့ ဘီစကွတ်တွေ၊ အလိုအလျောက် အပူပေးတဲ့ အစားအစာတွေနဲ့ ခေါက်ဆွဲခြောက်တွေလိုမျိုး အစားအစာတွေကိုပဲ ပြင်ဆင်ပေးခဲ့တယ်။

ဒါ့အပြင် ရုန်မိုအာအတွက်လည်း အရေးပေါ်ဆေးသေတ္တာ၊ ဆေးဝါးနှင့် အမျိုးသမီးသုံးပစ္စည်းတွေကိုလည်း သူမကပြင်ဆင်ပေးခဲ့သည်။ ပြီးသွားတဲ့အခါမှာတော့ ဓာတ်ဆီဂါလံပေါင်းများစွာ၊ ပစ္စတိုနှစ်လက်၊ ကျည်ဆန်နှစ်ကပ်နဲ့ အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ လက်ပစ်ဗုံးအချို့ကိုလည်း ထည့်ပေးခဲ့ပါတယ်။

"ညီမကျိူး ဒါကများသွားပြီ" ဟု ရုန်မိုအာက ပြောလိုက်သည်။

ကျိူးလီဇီက ပြုံးပြီး ခေါင်းခါရင်း "သိပ်မများပါဘူး။ ကျွန်မတို့အဖွဲ့မှာ ဒီထက်များတဲ့ပစ္စည်းတွေရှိတယ်။ ကားထဲက နေရာကသာ အကန့်အသတ်နဲ့ရှိလို့ ကျွန်မ ပိုမပေးနိုင်တာ" လို့ ပြောလိုက်တယ်။

စကားဆုံးတာနဲ့ သူမရဲ့နေရာလွတ်မှ ကျောပိုးအိတ်တစ်လုံးကို ထုတ်ယူကာ "အထဲမှာက အမြုတေစုစုပေါင်း ၅၀၀၀ ရှိပြီး ကျွန်မရဲ့စွမ်းရည်ကိုအသုံးပြုပြီး ဖန်တီးထားတဲ့ ရေပုလင်းအတော်များများ ရှိတယ်။ အရေးပေါ်အခြေအနေမှာ အသုံးပြုပါ" ဟု ထပ်ပြောလိုက်သည်။

ဒီတစ်ခါတော့ ရုန်မိုအာက မငြင်းဆန်တော့ဘဲ အမြုတေနှင့် ရေကို လက်ခံခဲ့တယ်။ ဇွန်ဘီအုပ်စုနဲ့ တိုက်ပွဲအတွင်းမှာ အဖွဲ့သားတွေရရှိခဲ့တဲ့ အမြုတေတွေအားလုံးကိုတော့ ယူဆောင်သွားကြပြီး လစဉ်ထောက်ပံ့ကြေးအနေနဲ့ပဲ ပြန်ပေးခဲ့ပါတယ်။

သူမက ဘာမှမပြောပေမယ့် ရင်ထဲမှာတော့ မသက်မသာဖြစ်နေမိတယ်။ အခုတော့ ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့က လောဘကြီးသူတွေ မဟုတ်ဘူးဆိုတာကို သူမ သဘောပေါက်လာတယ်။ သူတို့အတွက် အဆင်မပြေမဖြစ်အောင် အရာအားလုံးကို နေရာမှာတင် ချက်ချင်း ခွဲဝေမပေးခဲ့ဘူး။

ကျောပိုးအိတ်ကိုကိုင်ပြီး သူမက “ကျေးဇူးတင်ပါတယ် ညီမကျိူး” လို့ ပြောလိုက်တယ်။

"အဆက်အသွယ်မပြတ်စေနဲ့၊ မိသားစုကို အမြန်ဆုံးရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ကျိူးလီဇီက ပြုံးကာပြောသည်။

ခဏတာ စကားပြောဆိုပြီးနောက်မှာတော့ သူတို့က ကိုယ်ပ်ိုင်ကားများပေါ်တက်ကာ ဆန့်ကျင်ဘက်သို့ မောင်းနှင်သွားကြသည်။ နတ်ဆိုးအဖွဲ့က နယ်စပ်သို့ ဦးတည်သွားသောအခါတွင် ကုရှကျယ်က မြို့လယ်သို့ မောင်းနှင်သွားခဲ့သည်။

သူတို့ရဲ့ဦးတည်ရာက လင်အန်းမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ယွန်ရှန်မြို့ဖြစ်ပြီး နတ်ဆိုးအဖွဲ့ရဲ့ ဦးတည်ရာကတော့ လင်အန်းမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ မြို့တော်ဖြစ်ပါတယ်။

ကုရှကျယ်က ကားမောင်းနေချိန်မှာ ရုန်မိုအာက သူ့ရည်းစားကို ကျိူးလီဇီက ဘာပစ္စည်းတွေပေးလဲ၊ အမြုတေဘယ်နှစ်ခုပေးလဲဆိုတာ ပြောပြလိုက်တယ်။

သူမရဲ့စကားတွေကိုကြားပြီးနောက်တော့ သူကပြောလိုက်တယ် “မိုအာ၊ ငါတို့ဒီအဖွဲ့နဲ့ဆက်နေသင့်တယ်လို့ ငါထင်တယ်။ ဇွန်ဘီအုပ်ကြီးအတွင်းက သူတို့ရဲ့အစွမ်းသတ္တိကို ငါတို့နှစ်ယောက်စလုံးလည်းမြင်တွေ့ပြီးပြီ”

" သူတို့နဲ့အတူ မစ်ရှင်တွေသွားတဲ့အခါမှာ အန္တရာယ်တွေရှိပေမယ့်၊ သူတို့ရဲ့စွမ်းရည်တွေ သစ္စာရှိမှုတွေနဲ့အတူဆို တိုက်ပွဲအတွင်းက ငါ့တို့ရဲ့အခြေအနေက ဘယ်လောက်ပဲဆိုးရွားပါစေ၊ သူတို့က ငါတို့အသက်ရှင်နေစေဖို့တော့ သေချာစေမှာပဲ"

သူ့စကားတွေကို ရုန်မိုအာကလည်းသဘောကျပြီး ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ် “ငါလည်း မင်းနဲ့ အတွေးတူတူပဲ”

ကျင်းရွှီယန်းက သူတို့ကို စမ်းသပ်နေချိန်မှာပဲ သူတို့ကလည်း နတ်ဆိုးအသင်းကို စမ်းသပ်နေကြတာပါ။ အသင်းက ယုံကြည်စိတ်ချရမှုမရှိဘူးဆိုတာကို သူတို့တွေ့ခဲ့ရင် ကလေးတွေကို ခေါ်ပြီးထွက်သွားကြမှာပါ။ ကံကောင်းထောက်မစွာပဲ အသင်းရွေးချယ်ရာမှာ သူတို့ မမှားခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ ကျိူးလီဇီက သူမရဲ့စေ့စပ်ထားသူကို လှမ်းကြည့်ပြီး "အစ်ကိုယန်း၊ မင်းရဲ့မိသားစုကို ပြန်ရှာတွေ့ဖို့ စဉ်းစားဖူးလား" လို့ မေးလိုက်တယ်။

သူမရဲ့ ရုတ်တရက်မေးခွန်းကြောင့် ကျင်းရွှီယန်းကအံ့အားသင့်သွားပြီး ပြန်မေးလိုက်တယ် "အာဇီ ဘာလို့ ဒီကိစ္စကို ရုတ်တရက်ကြီး မေးလာတာလဲ”

အခန်း-(၃၀၀)

ကျိူးလီဇီက ခဏလောက် တိတ်ဆိတ်သွားပြီးမှ "အစ်ကိုယန်း၊ ကျွန်မတို့က မိဘမဲ့ဂေဟာမှာ အတူတူကြီးပြင်းလာခဲ့ပေမယ့် မင်းကတော့ထွက်သွားတယ်လို့ မင်းပြောခဲ့တယ်။ အဲဒီတုန်းက မင်းထွက်သွားခဲ့တာဆိုရင် မွေးစားခံရတယ်လို့ မဆိုလိုဘူးလား" လို့ မေးလိုက်တယ်။

ကျင်းရွှီယန်းက ခဏလောက် အတွေးထဲမှာ နစ်မြုပ်သွားပြီးနောက်မှ "မကြာခင်မှာပဲ ကိုယ့်ကို နှင်ထုတ်လိုက်တယ်" လို့ ပြန်ဖြေတယ်။

ဒါကိုကြားတော့ ကျိူးလီဇီက အံ့အားသင့်သွားပြီး "မင်းရဲ့မွေးစားမိဘတွေက မင်းကိုပြန်ပို့ခဲ့ရင် မင်းမိဘမဲ့ဂေဟာကို ပြန်မလာသင့်ဘူးလား" လို့ မေးလိုက်တယ်။

သူမ ဒီလိုမေးပြီးတဲ့နောက်တော့ ကျင်းရွှီယန်းက အတော်ကြာ တိတ်ဆိတ်သွားပြီးမှ "ကိုယ့်ကို မွေးစားခဲ့တဲ့သူက က်ိုယ့်ရဲ့ အဖေရင်းပဲ။ ကိုယ့်ရဲ့အဖေ အသက်ရှင်နေသေးတာကြောင့် မိဘမဲ့ဂေဟာက ကိုယ့်ကို ပြန်လက်ခံဖို့ အကြောင်းပြချက် မရှိဘူး" လို့ ပြောလိုက်တယ်။

ဒီတစ်ခါမှာတော့ သူ့ရဲ့စကားတွေကြောင့် ကျိူးလီဇီ အံ့အားသင့်သွားတယ်။ သူကိုကြည့်လိုက်တော့လည်း သူက တည်ငြိမ်နေပြီ သူ့မျက်လုံးထဲမှာလည်း ဘာခံစားချက်အရိပ်အယောင်ကိုမှ မတွေ့ရပေ။ အဲဒါကို ခံစားခဲ့ရတဲ့သူက သူ့ကိုယ်တိုင်မဟုတ်ဘဲ တခြားလူတစ်ယောက်လိုပါပဲ။

သူမကတော့ အကြောင်းရင်းကိုမသိရဘဲ သူ့အတွက် ဝမ်းနည်းကြေကွဲမိသည်။ သူမရဲ့ ယခင်ဘဝတုန်းက မိုဘင်းရှန်ရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရသောအခါမှာ သူမက အလွန်ဒေါသထွက်ပြီး ဝမ်းနည်းကြေကွဲခဲ့ရသည်။

သူငယ်ချင်းတစ်ယောက်ကတောင် သူမကို ဒီလောက်ထိ ထိခိုက်နစ်နာစေနိုင်ရင် သူကရော။

သူ့အဖေက သူ့ကို မျှော်လင့်ချက်ကြီးပေးခဲ့ပြီး မကြာခင်မှာပဲ သစ္စာဖောက်သွားတယ်။ သူတို့ကအလင်းကို မမြင်ဖူးဘူးဆိုရင် အဲဒါကိုတောင့်တမှာမဟုတ်ဘူး။ ဒါပေမယ့် အလင်းကို မြင်ပြီးတဲ့နောက်မှာတော့ သူတို့က ဘယ်လိုလုပ်ပြီး အမှောင်ထဲ ပြန်သွားနိုင်မှာလဲ။

သတိတောင်မထားမိလိုက်ဘဲ သူမရဲ့မျက်လုံးတွေက ရဲတက်လာပြီး မျက်လုံးထောင့်တွေကနေ မျက်ရည်တွေ စီးကျလာတယ်။

ဒါကို သတိထားမိတော့ ကျင်းရွှီယန်းက အံ့အားသင့်သွားပြီး စိုးရိမ်တကြီးနဲ့ သူမရဲ့လက်ကို မြန်မြန်ဆုပ်ကိုင်ကာ "အာဇီ ဘာဖြစ်နေတာလဲ။ မသက်မသာဖြစ်နေလို့လား" လို့ မေးတယ်။

ခေါင်းခါပြီး ကျိူးလီဇီက သူမရဲ့စေ့စပ်ထားသူရဲ့လက်ကို ပြန်ကိုင်ကာ အက်ကွဲကွဲအသံနဲ့ပြောလိုက်တယ် "အစ်ကိုယန်း ၊ ကျွန်မတို့သူတို့ကို မတွေ့တော့ဘူး။ ကျွန်မက မင်းရဲ့မိသားစုဝင်ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် နောက်ထပ်ဝမ်းနည်းမနေပါနဲ့"

ဒါကိုကြားတော့ ကျင်းရွှီယန်ရဲ့ရင်ထဲမှာ နွေးထွေးမှုကို ခံစားလိုက်ရတယ်။ မိသားစု ပြည့်ပြည့်စုံစုံဆိုတဲ့ အိပ်မက်နှင့် သူ့အဖေရဲ့အချစ်တွေကို တမ်းတနေရာကနေ နိုးထလာတာကြာပါပြီ။

တစ်ကြိမ်သေဆုံးပြီး အမှန်တရားကို သိရှိပြီးနောက်တွင်တော့ သူသည် ထိုလူကို သူရဲ့ဖခင်အဖြစ် မယူဆတော့ပါ။ ယခုအခါတွင်တော့ ထိုဖခင်ဆိုတဲသူဟာ အာဇီကို သူကာကွယ်နိုင်ရန်အတွက် သတ်ဖြတ်ခံရမည့် လူတစ်ယောက်သာ ဖြစ်တော့သည်။

ဒါပေမယ့် သူ့ရဲ့အာဇီက စိတ်မကောင်းဖြစ်တာ ရှားတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး သူတို့ရဲ့ ဆက်ဆံရေးကို နက်ရှိုင်းစေလိုက်တယ်။

သူ့စိတ်ထဲမှာတော့ အတွေးတွေကမြန်ဆန်စွာလည်ပတ်နေပြီး ခဏလေးအတွင်းမှာပဲ "အာဇီ ကိုယ့်ကို သနားရင် ကလေးတစ်ယောက် ပေးတာမကောင်းဘူးလား" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ ကျိူးလီဇီက အံ့အားသင့်သွားပြီး အငိုရပ်သွားတယ်။ အံ့သြတုန်လှုပ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်ပြီး "အစ်ကိုယန်း၊ ဘာပြောလိုက်တာလဲ" လို့ သူ့ကိုပြန်မေးလိုက်တယ်။

သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျင်းရွှီယန်းက လမ်းဘက်ကို အကြည့်လွှဲပြီး တိုးတိုးလေးပြန်ပြောလိုက်တယ်။ "အာ့ဇီ မင်းက ကိုယ့်မိသားစုဖြစ်လာမယ်လို့ ပြောခဲ့တာလေ။ ကိုယ်ကလည်း မိသားစုစုံစုံလင်လင်း အမြဲရှိချင်ခဲ့တာ။ မင်းရှိရုံနဲ့တင် လုံလောက်ပါတယ်။ ဒါပေမယ့် မင်းရဲ့ အငယ်စားလေးကိုလည်းလိုချင်တယ်။ ကိုယ်တို့မှာသာ သမီးလေးတစ်ယောက်ရနိုင်ရင် ပိုကောင်းမှာပဲလို့ မင်းမထင်ဘူးလား"

အစပိုင်းမှာတော့ ကျိူးလီဇီက သူ အရမ်းလောနေတယ်လို့ ထင်ခဲ့တယ်။ ကမ္ဘာပျက်ကြီးမှာ ကလေးယူဖို့က မလွယ်ကူဘူး။ ဒါ့အပြင် သူတို့မှာက ဘေးကင်းတဲ့နေရာတောင် မရှိသေးပါဘူး။ သူမက ဗိုက်ကြီးကြီးနဲ့ပဲ ဇွန်ဘီတွေကို တိုက်ခိုက်ပြီး ခရီးတွေသွားမယ်လို့တော့ သူ မမျှော်လင့်ထားဘူး မဟုတ်လား။

ဒါပေမယ့် သူ့စကားတွေကို ကြားပြီးတဲ့နောက်မှာတော့ သူ့ရဲ့တောင်းဆိုချက်က ကျိုးကြောင်းဆီလျော်တယ်လို့ သူမခံစားလိုက်ရတယ်။ သူမတို့နှစ်ယောက်စလုံးက မိဘမဲ့တွေဖြစ်ပြီး ပြီးပြည့်စုံတဲ့မိသားစုဆိုတာ မရှိခဲ့ဖူးဘူး။ သူနဲ့တူတဲ့ သားတစ်ယောက်နှင့် သူမနဲ့တူတဲ့ သမီးတစ်ယောက်ကို မြင်ယောင်ကြည့်ရုံနဲ့တင် သူမပျော်ရွှင်သွားတယ်။

"အစ်ကိုယန်း ၊ ကျွန်မတို့နှစ်ယောက်အတူတူ ကလေးယူဖို့ဆိုတာက မဖြစ်နိုင်တဲ့အရာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒါမတိုင်ခင်မှာ အနည်းဆုံးတော့ ဒုတိယအကြိမ်မိုးရွာပြီးနောက်မှ အခြေအနေတည်ငြိမ်သွားတဲ့အထိစောင့်ပြီး လုံခြုံတဲ့နေရာတစ်ခု ရှာရမယ်။ မဟုတ်ရင် ကျွန်မနှင့် ကလေးအတွက် အရမ်းအန္တရာယ်များလိမ့်မယ်" လို့ မပြောခင်မှာ ဒီကိစ္စကို အချိန်အတော်ကြာ စဉ်းစားနေခဲ့တယ်။

ဒီတစ်ခါမှာတော့ ကျင်းရွှီယန်း အံ့အားသင့်ရမယ့်အလှည့်ပါ။ သူမကိုစနောက်ချင်ရုံပဲရှိပြီး အခုချိန်မှာ ကလေးယူဖို့ ရည်ရွယ်ချက်မရှိပါဘူး။

သူက သူမနဲ့ မကြာသေးခင်ကမှ တွဲနေတာဆိုတော့ သူမနဲ့ တစ်ယောက်တည်း အချိန်ပိုဖြုန်းချင်သေးတယ်။ ကလေးတစ်ယောက်သာရှိရင် သူ့အာဇီရဲ့အာရုံစိုက်မှုတွေကို အဲဒီကလေးနဲ့ မျှဝေရမှာဖြစ်ပြီး အဲဒါက သူလိုချင်တာမဟုတ်ဘူး။

ဒါပေမယ့် အဲဒါက သူ ကလေးမလိုချင်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့အာ့ဇီနဲ့အတူ မျောက်ကလေးတွေအများကြီး မွေးချင်ပေမယ့် ကလေးအရေအတွက်က သူမဘယ်လောက်ယူမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူမက တစ်ယောက်တည်းယူရင်တောင် သူ့အတွက် လုံလောက်ပါတယ်။

အရာအားလုံးကို စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြီး "မင်းပြောတာ နားထောင်မယ်။ ကလေးယူဖို့ နှစ်နည်းနည်းထပ်စောင့်လို့ရတယ်။ ဒါပေမယ့် ကြိုတင်လေ့ကျင့်လို့ရတာပဲ။ မင်းရဲ့နေရာမှာ ထီးငယ်လေးတွေ အများကြီး တွေ့လိုက်တယ်။ အဲဒါက ကိုယ်တို့ ကြာကြာသုံးဖို့ လုံလောက်ပါတယ်" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ ကျိူးလီဇီကရှက်သွားပြီး သူ့လက်ကို လွှတ်ပေးလိုက်တယ်။ သူ့ရဲ့စကားကြောင့် သူမ မငိုတော့ဘဲ သူ့အကြည့်ကို မြန်မြန်ရှောင်လိုက်တယ်။ လမ်းကိုပဲကြည့်နေပြီး ထစ်ထစ်ငေါ့ငေါ့ပြောလိုက်တယ် "အဲဒါက မင်းရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်တယ်"

သူမရဲ့စကားတွေက သူ့အတွက် လုံလောက်ပါတယ်။ ခရီးတစ်လျှောက်လုံးမှာ ကျင်းရွှီယန်းက စိတ်ခံစားချက်ကောင်းနေခဲ့တယ်။ သူက ကားမောင်းရင်းနဲ့ပဲ သီချင်းတွေကိုတောင် မပီမပြင်ညည်းနေခဲ့တယ်။

သူ့ကို ဒီလိုမြင်ရတော့ ကျိူးလီဇီပြုံးလိုက်တယ်။ ထိုင်ခုံမှာမှီပြီး မျက်လုံးတွေကိုမှိတ်ကာ သူမရဲ့စိတ်စွမ်းအားကို အသုံးပြုပြီး သူမရဲ့နေရာလွတ်ကို စစ်ဆေးလိုက်တယ်။

ဖူကွေ့က အထဲမှာပဲရှိနေသေးပြီး သူ့ကို အမြုတေတွေကျွေးဖို့ လိုအပ်နေသေးတယ်။ ကျွေးရမယ့်သူတစ်ယောက် ထပ်ပိုလာတာကြောင့် ဇွန်ဘီတွေကိုပိုသတ်ပြီး အမြုတေတွေပိုရအောင် ပိုကြိုးစားရမယ်။ မဟုတ်ဘဲ သူက စွမ်းအင်နည်းလို့ သေသွားရင်တော့ မကောင်းဘူး။

ဒီအတွေးနဲ့ သူမက သူ့ကို အမြုတေလက်တစ်ဆုပ်စာနှင့် ပေါင်းထားတဲ့ ပေါင်မုန့်နှစ်ချပ် ပေးလိုက်တယ်။ သူက အခုဆို လူသားအစားအစာတွေ စားနိုင်နေပြီလားဆိုတာကို သူမ သိချင်ခဲ့တယ်။

သူ့ရှေ့တွင် အမြုတေများပေါ်လာတာကို မြင်လိုက်ရတော့ ဖူကွေ့ရဲ့မျက်လုံးများက တောက်ပသွားပြီး မြက်ခင်းပြင်မှ ၎င်းတို့ကို ကောက်ယူလိုက်သည်။ သူ့မှာက အမြုတေ နောက်ထပ်လက်တစ်ဆုပ်စာ ရှိနေသေးသောကြောင့် သူက ချွေတာမှုမရှိတော့ဘဲ အမြုတေများစွာကို တစ်ပြိုင်နက် စားလိုက်တော့သည်။

All Chapters