← Chapters

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 7 Ch. 93-94

အပိုင်း(၉၃)

ကျင်းမြစ် နဂါးမင်းသည် ယွမ်ရှိုချန်၏ ဗေဒင်တွက်ချက်မှု စွမ်းရည်များမှာ အလွန်တရာ သေသပ်လှကြောင်းကို သိရှိထားပြီး ဖြစ်သည်။ ထိုသို့မဟုတ်လျှင် တံငါသည်များ ကျင်းမြစ်အတွင်း ငါးဖမ်းထွက်တိုင်း ငါးအပြည့်အမောက်ဖြင့် ပြန်လာနိုင်ရန် သူက လမ်းညွှန်ပေးနိုင်ခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ယွမ်ရှိုချန်၏ ဗေဒင်ပညာ နက်ရှိုင်းကြောင်း ကျန်းလျို၏ သွယ်ဝိုက်ပြောဆိုမှုအပေါ် သူ သိပ်ပြီး အလေးအနက် မတွေးတောခဲ့ဘဲ သူ၏ ကိုယ်ပိုင် လောင်းကြေးအပေါ်တွင်သာ အပြည့်အဝ ယုံကြည်မှု ရှိနေခဲ့လေသည်။

သို့သော်လည်း ထို့နောက်တွင် ကျန်းလျို မေးမြန်းလိုက်သော မေးခွန်းက နဂါးမင်း၏ ရင်ထဲ၌ တင်းကျပ်သွားစေခဲ့ပြီး သူ၏ တောက်လောင်နေသော စိတ်အားထက်သန်မှုအပေါ် ရေအေးတစ်ခွက်ဖြင့် ရုတ်တရက် ပက်လောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားစေလေသည်။

အမှန်ပင် ခေတ်အဆက်ဆက်တွင် နတ်ဘုရားစွမ်းရည် ရှိသူအများစုသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး ဘေးအန္တရာယ်များကို ရှောင်လွှဲကာ ကံကောင်းမှုများကို ဆွဲဆောင်နိုင်ခဲ့ကြသော်လည်း ကောင်းကင်ဘုံရှိ နတ်မင်းများနှင့် ဗောဓိသတ်များ အပါအဝင် ထိုသို့သော နတ်ဘုရားစွမ်းရည်ရှိသူ အများအပြားသည် အဘယ်ကြောင့် ကျဆုံးခဲ့ရသနည်း။

အကြောင်းမှာ ကြီးမားလှသော ကပ်ဘေးကြီးတစ်ခု ကျရောက်လာသောအခါ ယင်းက ပညာရှိတို့၏ အမြင်အာရုံကို ဖုံးကွယ်သွားစေပြီး အရာရာကို ဝေဝါးသွားစေသည်။ ကပ်ဘေးအလယ်၌ တွေဝေလွင့်မျောရင်း သူတို့ ကျဆုံးသွားခဲ့ရခြင်းကြောင့်ပင် ဖြစ်လေသည်။

ကျန်းလျို၏ မေးခွန်းကို ရင်ဆိုင်လိုက်ရသောအခါ ယွမ်ရှိုချန်မှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့ပြီး သူက ပြန်မဖြေနိုင်ခြင်းလော သို့မဟုတ် မည်သို့ ပြန်ဖြေရမည်ကို မသိခြင်းလော ဆိုသည်မှာ မသေချာလှပေ။

ယွမ်ရှိုချန်၏ အဖြေကိုမူ ကျန်းလျိုက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သို့သော် သူ၏ မျက်လုံးများကမူ ဘေးနားရှိ ကျင်းမြစ် နဂါးမင်းထံသို့ မသိမသာ ဝေ့ကြည့်လိုက်လေသည်။

နဂါးမင်း၏ မျက်လုံးများထဲရှိ တွေးတောဆင်ခြင်မှု အရိပ်အယောင်တစ်ခုကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်ကြောင်း သိလိုက်လေသည်။

လက်အုပ်ချီကာ ဦးညွှတ်အရိုအသေပေးပြီးနောက် ကျန်းလျိုသည် နောက်သို့လှည့်ကာ ဧကရာဇ်နန်းတော်ဆီသို့ ဦးတည်၍ ဆိုင်ထဲမှ ခပ်သွက်သွက် ထွက်လာခဲ့လေသည်။

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း၏ ခမ်းနားကြီးကျယ်သော ဇာတ်အိမ်ကြီးတွင် သူသည် အလွန်အရေးကြီးသော စစ်တုရင် နယ်ရုပ်လေးတစ်ခု ဖြစ်နေသည်။သို့သော်လည်း မြတ်စွာဘုရားကပင် သူ့ကို ကောင်းယန်အား ကယ်တင်ရန် ခွင့်ပြုပေးခဲ့သည်။ သူ၏ လှုပ်ရှားရုန်းကန်မှုများသည် အလုံးစုံသော အစီအစဉ်ကြီးကို မထိခိုက်စေသောကြောင့်သာ မြတ်စွာဘုရားက သူ၏ အနှောင့်အယှက်များကို သည်းခံခွင့်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် အကယ်၍ သူက တမင်သက်သက် ရှေ့ထွက်ကာ အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း၏ အရေးပါသော လုပ်ငန်းစဉ်ကြီးကို နှောင့်ယှက်တားဆီးမည်ဆိုပါက မြတ်စွာဘုရားအနေဖြင့် သူ့ကို ဖယ်ရှားပစ်ပြီး အခြားတစ်ယောက်ကို စေလွှတ်မည်လော သို့မဟုတ် ရွှေပုစဉ်းဆရာတော်ကို နောက်တစ်ကြိမ် ပြန်လည်ဝင်စားခွင့် ပြုခြင်းလော တစ်ခုခုကို လုပ်ဆောင်ရပေလိမ့်မည်။

ထို့ကြောင့် ကျန်းလျိုသည် အလွန်အမင်း တားဆီးနှောင့်ယှက်ချင်နေသော်လည်း သူက လူသိရှင်ကြား ရှေ့ထွက်၍ မရခဲ့ပေ။ ကျင်းမြစ် နဂါးမင်းကို ဤမျှအထိ အရိပ်အမြွက် ပေးလိုက်ပြီးပြီဖြစ်ရာ သူ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီးပြီဟု မှတ်ယူလိုက်သည်။ နဂါးမင်းအနေဖြင့် သူ့အတွက် အချိန်ပိုရလာစေရန် လုပ်ဆောင်ပေးနိုင်လောက်အောင် ပညာရှိလိမ့်မည်ဟု မျှော်လင့်လိုက်လေသည်။

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ဇာတ်အိမ်ကြီးထဲတွင် စစ်တုရင် ကစားသူနှင့် ယှဉ်ပြိုင်နပန်းလုံးလိုသော နယ်ရုပ်လေးတစ်ခုအနေဖြင့် သူ ပြုလုပ်သမျှ ရွှေ့ကွက်တိုင်းသည် ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အလွန်တရာ အန္တရာယ်များလှပေသည်။

ကျန်းလျို ထွက်ခွာသွားပြီးနောက် ကျင်းမြစ် နဂါးမင်းသည်လည်း တွေးတောဆင်ခြင်နေသော အမူအရာဖြင့် ချန်အန်းမြို့တော်မှ ထွက်ခွာသွားလေသည်။ သူ၏ ထွက်ခွာသွားမှုနှင့်အတူ ချန်အန်းမြို့တော်အတွင်းရှိ ဆူညံပွက်လောရိုက်နေသော ထူးကဲသည့် ဖြစ်စဉ်များသည်လည်းလွင့်စဉ်ပျောက်ကွယ်သွားလေတော့သည်။

သို့သော်လည်း ယွမ်ရှိုချန်ကမူ ထွက်ခွာသွားသော ကျန်းလျို၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

ကျင်းမြစ် နဂါးမင်း ရှေ့မှောက်တွင် ရွှမ်ကျန်းဆရာတော် ပြောဆိုသွားခဲ့သော စကားများသည် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ပြောဆိုသွားခြင်းလော သို့မဟုတ် တိုက်ဆိုင်မှုတစ်ခုမျှသာ ဖြစ်လေသလော။

မကြာမီမှာပင် ကျန်းလျိုသည် ဧကရာဇ်နန်းတော်သို့ ရောက်ရှိလာခဲ့ရာ သူ့ကို မည်သူကမျှ မတားဆီးကြသည့်အပြင် အစောင့်အချို့က သူ ရောက်ရှိလာကြောင်း သတင်းပို့ရန်ပင် အတွင်းသို့ အပြေးအလွှား ဝင်သွားကြလေသည်။

ရွှမ်ကျန်းဆရာတော် ရောက်ရှိလာကြောင်းကို သိရှိသွားသောအခါ လီရှီမင် ကိုယ်တိုင် အပြင်သို့ ထွက်လာကာ ကြိုဆိုလေသည်။

သူ၏ အနောက်တွင် ယွမ်ထျန်းကန်း ကလည်း အနီးကပ် လိုက်ပါလာလေသည်။

နှုတ်ဆက်စကားများ အပြန်အလှန် ပြောဆိုပြီးနောက် ကျန်းလျို၏ အကြည့်များက ယွမ်ထျန်းကန်းထံသို့ ကျရောက်သွားပြီး ခေတ္တမျှ စဉ်းစားပြီးနောက် သူက မေးလိုက်လေသည်။

"တာအိုအရှင် ယွမ်... သင့်မှာ ယွမ်ရှိုချန် လို့ခေါ်တဲ့ ဦးလေးတစ်ယောက်များ ရှိနေသလား...”

"ကျွန်တော့် ဦးလေး ဟုတ်လား..."

ယွမ်ထျန်းကန်းသည် ကျန်းလျိုက သူ၏ ဦးလေးအကြောင်းကို ရုတ်တရက် ထုတ်ပြောလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သည်မှာ ထင်ရှားပြီး ကျန်းလျိုအား အံ့အားသင့်စွာ ကြည့်လိုက်လေသည်။

သို့သော်လည်း သူက ခေါင်းညိတ်ကာ...

"ဟုတ်ပါတယ်… ကျွန်တော်မျိုးမှာ ယွမ်ရှိုချန် လို့ခေါ်တဲ့ ဦးလေးတစ်ယောက် ရှိပါတယ်… ရွှမ်ကျန်းဆရာတော်က သူ့ကို ဘယ်လိုလုပ် သိနေတာလဲ..."

"ခုနလေးတင် ငါ ချန်အန်းမြို့တော်ထဲ လမ်းလျှောက်လာတုန်းက ဗေဒင်ဟောတဲ့ နေရာလေးတစ်ခုကို တွေ့ခဲ့တယ်… အဲဒီပိုင်ရှင်က သင်နဲ့ အတော်လေး ဆင်တူနေတာကို သတိပြုမိလိုက်လို့ သူ့နဲ့ စကားခဏ ပြောဖြစ်ခဲ့တာပါ..."

ကျန်းလျိုက ခေါင်းကို အနည်းငယ် ညိတ်ပြရင်း ပြန်ဖြေလိုက်လေသည်။

"ကျွန်တော့်ဦးလေးက အလုပ်မရှိတဲ့အခါမျိုးကျရင် ကျွန်တော့်နာမည်ကို သုံးပြီး ဗေဒင်ဟော ငွေပြားလေးတွေ ရှာတတ်ပါတယ်… ဒါပေမဲ့ သူ့ရဲ့ ဗေဒင်ပညာကတော့ သိပ်မကျွမ်းကျင်ပါဘူး… ရွှမ်ကျန်းဆရာတော်အတွက်တော့ ရယ်စရာတစ်ခု ဖြစ်သွားမလားလို့ စိုးရိမ်မိပါတယ်..."

ကျန်းလျို၏ စကားကို ကြားသောအခါ ယွမ်ထျန်းကန်းက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြောလိုက်လေသည်။

"ဒီလိုလား..."

ယွမ်ထျန်းကန်း၏ အဖြေကို ကြားသောအခါ ကျန်းလျိုမှာ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ မူရင်းဇာတ်လမ်းကို ပြန်ကြည့်မည်ဆိုလျှင် မိုးရွာသွန်းစေရန် အမိန့်ပေးခြင်းသည် နဂါးမင်း၏ တာဝန်ဝတ္တရားများထဲတွင် အမှန်တကယ် ပါဝင်သော်လည်း အချိန်ကို အနည်းငယ် လွဲချော်စေခြင်းနှင့် မိုးရေချိန် အနည်းငယ်ကို လျှော့ချလိုက်ရုံမျှဖြင့် ကွပ်မျက်ခံရမည် ဟုတ်သလော။ ဤသည်မှာ လုံးဝကို ယုတ္တိမတန်လှပေ။

ယုတ္တိကျကျ တွေးကြည့်မည်ဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် အများဆုံးအနေဖြင့် ကျောက်စိမ်းဧကရာဇ်ထံသို့ သတင်းပို့ခံရပြီး နဂါးမင်းသည် တာဝန်ပျက်ကွက်မှုအတွက် သာမန် ပြစ်ဒဏ်လောက်သာ ခံရမည် မဟုတ်ပါလော။

ထိုသို့မဟုတ်ဘဲ ကောင်းကင်ဘုံ၏ စည်းမျဉ်းစည်းကမ်းများက အမှန်တကယ်ပင် ထိုမျှလောက် တင်းကျပ်နေမည်ဆိုပါက သတ္တိတွေ ဘယ်လောက်ပဲ ထပ်မံဖြည့်တင်းထားပါစေ ကျင်းမြစ် နဂါးမင်းသည် ကိန်းဂဏန်းများကို လိမ်လည်ပြောင်းလဲရဲမည် မဟုတ်ပေ။

ထို့အပြင် မူရင်းဇာတ်လမ်းတွင် ရာသီဥတုကို ဝင်ရောက်စွက်ဖက် ပြောင်းလဲခဲ့သည့် အဖြစ်အပျက်များစွာ ရှိခဲ့သည် မဟုတ်ပါလော။ ချယ်ချီ တိုင်းပြည် တိုက်ပွဲအတွင်း မိုးရွာစေရန်အတွက် လေနတ်မင်းနှင့် မိုးနတ်မင်းတို့ကို ခေါ်ယူရန် မိုးကြိုးငါးသွယ် သိုင်းပညာကို အသုံးပြုခဲ့စဉ်က စွန်ဝူခုန်း ခုန်ထွက်လာပြီး တားဆီးခဲ့သည်မှာလည်း အချိန်နှောင့်နှေးစေခဲ့ခြင်းပင် မဟုတ်ပါလော။

မီးကောင်လေး နှင့် တိုက်ခိုက်ချိန်တွင်လည်း စွန်ဝူခုန်းသည် နဂါးမင်းထံမှ မိုးတောင်းခဲ့သေးသည်။ ထို့အပြင် ကျူးကျစ် တိုင်းပြည်၏ ဘုရင်အတွက် အမြစ်မဲ့ရေဖြင့် ဆေးဖော်စပ်ပေးရန် မိုးခေါ်ခဲ့သည်မှာလည်း ပုဂ္ဂလိက မိုးရွာသွန်းစေခြင်းပင် မဟုတ်ပါလော။

အကယ်၍သာ မိုးရွာသွန်းမှု ကိစ္စရပ်က အမှန်တကယ်ပင် ဤမျှ တင်းကျပ်လွန်းနေမည်ဆိုပါက၊ ထိုသူများအားလုံး ကွပ်မျက်ခံခဲ့ရမည်မှာ အသေအချာပင် ဖြစ်လေသည်။

ထို့ကြောင့် ကျင်းမြစ် နဂါးမင်း ကွပ်မျက်ခံရခြင်းမှာ အခြားသူများ၏ နယ်ရုပ်တစ်ခုအဖြစ် အသုံးချခံရပြီး စတေးခံလိုက်ရခြင်းဖြစ်သည်ဟု ယူဆနိုင်ပေသည်။

ယွမ်ရှိုချန်မှာမူ ပို၍ပင် နက်နဲဆန်းကြယ်နေသေးသည်။ ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်သည် အထက်မှအောက်သို့ ဆင်းသက်ကာ ကျင်းမြစ် နဂါးမင်းထံသို့ တိုက်ရိုက် ရောက်ရှိလာသင့်ပေသည်။ စနစ်အတွင်းရှိ အတွင်းရေး ဆက်သွယ်မှုများမှာ အမြန်ဆုံး ဖြစ်ရမည် မဟုတ်ပါလော။ သို့သော် ထူးဆန်းစွာပင် သူက ကျင်းမြစ် နဂါးမင်းထက်ပင် စော၍ သိရှိနေခြင်းမှာ လုံးဝကို ယုတ္တိမတန်လှပေ။

ထို့အပြင် ကျင်းမြစ် နဂါးမင်းသည် သူ၏ ဆိုင်ကို သွားရောက်မှောက်လှန်ချိန်တွင် ယွမ်ရှိုချန်က နဂါးမင်း ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း ချက်ချင်း ဟောကိန်းထုတ်နိုင်ခဲ့သည်။ ကျောက်စိမ်းဧကရာဇ်၏ အမိန့်တော်က ထွက်ပင် မထွက်ရသေးဘဲနှင့် သူက မည်သို့ ကြိုတင် သိရှိနေသနည်း။ ထိုမျှမက ကွပ်မျက်မည့်သူမှာ ဝေ့ကျန်း ဖြစ်ကြောင်းကိုပင် သူက မည်သို့ သိရှိနိုင်သနည်း။

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကမ္ဘာကြီးထဲတွင် ကြီးမားသော နတ်ဘုရားစွမ်းရည်များ ပိုင်ဆိုင်ထားသူများ ရှိနေခြင်းမှာ မထူးဆန်းလှပေ။သို့သော်လည်း ကျောက်စိမ်းဧကရာဇ်၏ ကိစ္စရပ်များကိုပင် ကြိုတင်ခန့်မှန်းနိုင်လောက်အောင် စွမ်းအားကြီးမားသော ဗေဒင်ပညာ ရှိနေသည်ဆိုခြင်းကိုမူ ကျန်းလျိုက လုံးဝ မယုံကြည်ခဲ့ပေ။

ထို့ကြောင့် ယွမ်ထျန်းကန်းနှင့် တွေ့ဆုံချိန်တွင် သူက အမှတ်တမဲ့ မေးကြည့်ခဲ့ခြင်းဖြစ်ပြီး ယွမ်ထျန်းကန်း၏ အဖြေကလည်း ကျန်းလျိုအား ကြောက်ရွံ့ထိတ်လန့်မှု တစ်ခုကို ခံစားသွားရစေလေသည်။

အစစ်အမှန် ယွမ်ရှိုချန်မှာ ယခုအခါတွင် တည်ရှိနေတော့မည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်က သူသည် ကျင်းမြစ် နဂါးမင်းကို တတ်နိုင်သမျှ ကယ်တင်ရန် ရည်ရွယ်ခဲ့သော်လည်း ယုတ္တိမတန်သော အပြုအမူမျိုး တစ်ခုမျှ မပြသခဲ့မိပေ။

ကျန်းလျိုက အမှတ်တမဲ့ မေးမြန်းခဲ့ခြင်းဖြစ်ရာ ယွမ်ထျန်းကန်းသည်လည်း ယင်းကို အလေးအနက် မတွေးတောခဲ့ပေ။ ထို့နောက်တွင် မဟာထန် ဧကရာဇ်သည် ကျန်းလျိုအား မဟာထန်၏ သူတော်စင်ဆရာတော် ဂုဏ်ပုဒ်ကို ကိုယ်တိုင်ကိုယ်ကျ အပ်နှင်းခဲ့လေသည်။ အခမ်းအနားကို သေချာစွာ ပြင်ဆင်ထားပြီးဖြစ်ရာ အလွန်တရာ စည်ကားသိုက်မြိုက်လှပေသည်။

သို့သော်လည်း ကျန်းလျို၏ စိတ်ထဲတွင်မူ သူ၏ အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကိစ္စရပ်များဖြင့်သာ လွှမ်းမိုးနေသဖြင့် အနည်းငယ် စိတ်လွင့်နေခဲ့လေသည်။

ကျန်းလျို၏ အမြင်တွင်မ အချိန်ကုန်လူပန်းဖြစ်ရသော အခမ်းအနား အရှုပ်အထွေးများ နောက်ဆုံးတွင် ပြီးဆုံးသွားပြီးနောက် သူသည် မဟာဗုဒ္ဓကျောင်းတော်သို့ ပြန်လည်ရောက်ရှိလာခဲ့လေတော့သည်။

***

အပိုင်း(၉၄)

မဟာဗုဒ္ဓကျောင်းတော်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ကျန်းလျိုသည် တိုက်ပွဲဝင်၍ အဆင့်တင်ရန်အတွက် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် သို့ သွားရောက်ရန် အလျင်စလို မလုပ်တော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ သိုင်းပညာကို ဆက်လက် ကျင့်ကြံအားထုတ်ပြီး အတွေ့အကြုံမှတ် များကို မြှင့်တင်နေလေသည်။

တစ်ချိန်တည်းမှာပင် မနက်ဖြန်တွင် အဆုံးအဖြတ်ပေးခံရမည့် ကျင်းမြစ် နဂါးမင်း၏ ကံကြမ္မာ အဆုံးသတ်ကို သေချာစွာ စောင့်ဆိုင်းနေလိုက်လေသည်။ ထိုနဂါးမင်း အနေဖြင့် သူ၏ သတိပေးချက်မှ တစ်ဆင့် ကံကြမ္မာကို ပြောင်းလဲနိုင်ပါမည်လား သူ သိလိုသည်။

နောက်တစ်နေ့တွင် မဟာဗုဒ္ဓကျောင်းတော်မှ တပည့်အချို့သည် ဘာသာရေး ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ရန် ကျောင်းတော်မှ ထွက်ခွာဖို့အတွက် သူတို့၏ အထုပ်အပိုးများကို ပြင်ဆင်နေကြလေသည်။ အဝေးမှနေ၍ ကျန်းလျို၏ ဇင်အခန်းငယ်ကို လှမ်းကြည့်လိုက်သောအခါ သူသည် ပြတင်းပေါက်နားတွင် ထိုင်ကာ ကောင်းကင်ကြီးကို မော့ကြည့်နေသည်ကို သူတို့ မြင်တွေ့လိုက်ကြရလေသည်။

"ဟေ့... နောင်တော်.. သူတော်စင်ဆရာတော်က မနက်စောစောကတည်းက ပြတင်းပေါက်ကနေ အပြင်ကိုငေးပြီး တွေဝေနေတဲ့ပုံပဲ… သူ ဘာတွေ စဉ်းစားနေတယ်လို့ ထင်လဲ... မင်းသမီး ကောင်းယန် အကြောင်းများ တွေးနေတာ ဖြစ်နိုင်မလား..."

ကိုရင်လေး တစ်ပါးက တိုးတိုးလေး မေးလိုက်လေသည်။

"တိတ်စမ်း..."

ဘေးနားရှိ အသက်အနည်းငယ် ပိုကြီးသော ဘုန်းတော်ကြီးက မျက်နှာထား တင်းမာသွားကာ တိုးညင်းသောအသံဖြင့် ပြောလိုက်လေသည်။

ထိုသို့ပြောဆိုရင်း သူတို့သည် ပြတင်းပေါက်နားတွင် ထိုင်နေသော ကျန်းလျိုထံသို့လည်း လှမ်းကြည့်လိုက်ကြလေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက...

"သူတော်စင်ဆရာတော်က ငယ်ရွယ်သေးပေမဲ့… ဆရာတော့်ရဲ့ ပုံသဏ္ဌာန်မဲ့ ဂါထာတော်ကိုတော့ တစ်လောကလုံးမှာ ရွတ်ဖတ်ပူဇော်နေကြပြီလေ... ဗုဒ္ဓတရားတော်အပေါ် ဆရာတော့်ရဲ့ နားလည်သဘောပေါက်မှုက နက်နဲလွန်းလို့ ငါတို့ တွေးတောမှန်းဆနိုင်တဲ့ အရာထက်ကို အများကြီး သာလွန်နေတာပါ… ဆရာတော်က တစ်နေကုန် ဗုဒ္ဓတရားတော်တွေကို တွေးတောဆင်ခြင်နေတာများ ဖြစ်မလားပဲ..."

ဆရာတော်ကျန်းလျိုကိုကြည့်၍ ပြောလေသည်။

ကျန်းလျိုသည် ပြတင်းပေါက်နားတွင် တိတ်ဆိတ်စွာ ထိုင်နေရင်း ကောင်းကင်ကြီးကို ငေးကြည့်နေလေသည်။ ထိုနေ့က သူ စောစောစီးစီး နိုးထနေခဲ့သည်။ ယမန်နေ့က ကျင်းမြစ် နဂါးမင်းနှင့် ယွမ်ရှိုချန်တို့ကြားရှိ လောင်းကြေးတစ်ခုလုံးကို အပြည့်အစုံ မကြားခဲ့ရပေ။သို့သော်လည်း မိုးရေချိန် မည်မျှရွာမည် ဆိုသည်ကိုတော့ သူ မှတ်မိနေသေးသည်။

ထို့ကြောင့် ယနေ့တွင် ကျန်းလျိုသည် မိုးရွာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ နဂါးမင်းသာ လောင်းကြေးရှုံးသွားမည်ဆိုလျှင် အသက်ရှင်နိုင်မည့် အခွင့်အရေးလေး အနည်းငယ်မျှ ကျန်ရှိနေသေးကြောင်း သူ တွေးတောနေခဲ့သည်။ ထိုသို့မှမဟုတ်လျှင်ကား အခြေအနေသည် သူ တွေးထင်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ် ကောင်းနေမည်သာ ဖြစ်လေသည်။

"သူတော်စင်ဆရာတော်ကို ဂါရဝပြုပါတယ်..."

မဟာဗုဒ္ဓကျောင်းတော်မှ တပည့်အချို့ ဖြတ်သန်းသွားစဉ် ကျန်းလျိုအား ရိုသေစွာ ဦးညွှတ်အရိုအသေ ပေးလိုက်ကြလေသည်။

"အင်း... အားလုံးပဲ မင်္ဂလာပါ… ဘယ်ကိုသွားကြမလို့လဲ..."

ကျန်းလျိုက ရင်းနှီးဖော်ရွေသော ဟန်ပန်ဖြင့် ပြန်လည်နှုတ်ဆက်လိုက်လေသည်။

"မိုင်ငါးဆယ်လောက်ဝေးတဲ့ နေရာမှာနေတဲ့ သူဌေးလီက ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီး ဝိညာဉ်တွေကို ကျွတ်လွတ်စေဖို့ တပည့်တော်တို့ကို ပင့်ဖိတ်ထားလို့ပါ..."

ကျန်းလျို၏ အမေးကို ကြားသောအခါ အသက်အကြီးဆုံး ဘုန်းတော်ကြီးက ပြန်လည်လျှောက်ထားလေသည်။

"မိုင်ငါးဆယ်တောင် ဟုတ်လား… ဒါဆိုရင် ထီးတွေ ယူသွားသင့်တယ်နော်... တပည့်တော် ထင်တာမမှားဘူးဆိုရင် ဒီနေ့ မိုးရွာလိမ့်မယ်..."

ကျန်းလျိုက သတိပေးစကား ပြောလိုက်လေသည်။

"မိုး... မိုးရွာမယ် ဟုတ်လား..."

ဘုန်းတော်ကြီးများမှာ ခေတ္တမျှ မှင်တက်သွားကြပြီးနောက် တိမ်ကင်းစင်နေသော ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်ကြရာ မိုးရွာမည့် အရိပ်အယောင် လုံးဝ ရှိမနေသည်ကို တွေ့လိုက်ကြရလေသည်။

သို့သော်လည်း သူတော်စင်ဆရာတော် ကိုယ်တိုင်က ပြောဆိုနေပြီဖြစ်ရာ အသက်ကြီးသော ဘုန်းတော်ကြီးသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် နောက်သို့လှည့်ကာ အားလုံးကို ထီးများ ယူဆောင်လာရန် ညွှန်ကြားလိုက်လေသည်။

ဂျိန်း... ဒလိမ်း...

တိမ်တိုက်များ အုံ့ဆိုင်းလာသည်နှင့်အတူ မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။ သူတို့ ထီးများ ယူဆောင်လာပြီး မဟာဗုဒ္ဓကျောင်းတော်မှ ထွက်ခွာရန် ပြင်ဆင်နေဆဲမှာပင် ကောင်းကင်ကြီးမှ မိုးခြိမ်းသံများ ရုတ်တရက် ဟိန်းဟောက်လာပြီး မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ထူထပ်သည့် တိမ်တိုက်မည်းကြီးများ ပေါ်ထွက်လာလေတော့သည်။

မကြာမီမှာပင် သဲကြီးမဲကြီး မိုးသည်းထန်စွာ ရွာသွန်းလာလေတော့သည်။

"ဒါက... သူတော်စင်ဆရာတော်က တကယ်ကို ကြိုသိနေတာပဲ..."

ကျောင်းတော်မှ မထွက်ခွာရသေးသော တပည့်များသည် အံ့အားသင့်နေသော မျက်နှာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေသည်။

ကျန်းလျိုကမူ မိုးရွာသွန်းလာခြင်းအပေါ် အံ့အားသင့်မှု မရှိခဲ့ဘဲ တိတ်ဆိတ်စွာပင် ဆက်လက် စောင့်ဆိုင်းနေခဲ့လေသည်။

နှစ်နာရီ၊ သုံးနာရီခန့် အကြာတွင် တိမ်တိုက်များနှင့် မိုးစက်များ စတင် ကင်းစင်သွားသောအခါ ကျန်းလျိုသည် အပြင်သို့ ထွက်လာပြီး ကျောင်းတော်ရှိ ဘုန်းတော်ကြီးများအား ယနေ့ မိုးရေချိန် မည်မျှရှိကြောင်း မေးမြန်းလိုက်လေသည်။

ကျန်းလျို၏ အမေးကို ကြားသောအခါ တပည့်ဖြစ်သူသည် အလွန်ထူးဆန်းနေသည်ဟု ခံစားရသော်လည်း အပြေးအလွှား သွားရောက်ကာ ဂရုတစိုက် တိုင်းတာပြီးနောက် ရိုသေစွာ ပြန်လည်လျှောက်ထားလေသည်။

"သူတော်စင်ဆရာတော်ကို လျှောက်တင်ပါတယ်… ဒီနေ့ မိုးရေချိန်က သုံးပေနဲ့ အမှတ်လေးဆယ် ရှိပါတယ်..."

"ပြီးသွားပြီပဲ..."

ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ကျန်းလျို၏ ရင်ထဲ၌ လေးလံသွားမှုကို ခံစားလိုက်ရလေသည်။

အချိန်အတိအကျကို သူမမှတ်မိတော့သော်လည်း ကျန်းလျိုသည် မိုးရေချိန် ပမာဏကိုတော့ ရှင်းလင်းစွာ မှတ်မိနေလေသည်။ ယွမ်ရှိုချန် ပြောခဲ့သည်မှာ သုံးပေ၊ သုံးလက်မနှင့် အမှတ်လေးဆယ့်ရှစ် ဟူ၍ ဖြစ်သည်။

ယခုအချိန်တွင် ကိန်းဂဏန်းများ ကိုက်ညီမှု မရှိတော့သဖြင့် မူရင်းဝတ္ထုဇာတ်လမ်းထဲကအတိုင်း ကျင်းမြစ် နဂါးမင်းသည် မိုးရေချိန် အချို့ကို လျှော့ချခဲ့ပြီး မိုးရွာရမည့် အချိန်ကိုလည်း နောက်ဆုတ်ခဲ့ကြောင်း ထင်ရှားလှပေသည်။

မိုးရေချိန် ပမာဏ မှားယွင်းနေပြီဖြစ်ရာ ကျင်းမြစ် နဂါးမင်းက ဆိုင်ရှေ့တွင် သွားရောက် ရမ်းကားမည့် ကိစ္စနှင့် ပတ်သက်၍လည်း ဆက်လက် စောင့်ကြည့်နေစရာ အကြောင်း မရှိတော့ပေ။

ကျန်းလျိုသည် သက်ပြင်းချလိုက်ပြီး သူ၏ ဇင်အခန်းငယ် သို့ ပြန်သွားကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံအားထုတ်မှုများကို စတင်လိုက်လေတော့သည်။

သူ့အတွက် အချိန်များ သိပ်မကျန်တော့ပေ။

အမှန်တကယ်ပင် ရက်အနည်းငယ်အတွင်းမှာပဲ ချန်အန်းမြို့တော် တစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။

ကောင်းကင် တိမ်တိုက်များဆီမှ နဂါးခေါင်းကြီးတစ်ခု ပြုတ်ကျလာခဲ့ရာ လူအုပ်ကြီးက ဝိုင်းအုံကြည့်ရှုနေကြလေသည်။ ချင်ရှုသည် အမှတ်မထင် ဖြတ်သန်းသွားရင်း ထိုနဂါးခေါင်းကြီးကို ကောက်ယူကာ နန်းတော်သို့ သွားရောက် သတင်းပို့လေတော့သည်။

...

သတိပေးချက် - အတွေ့အကြုံမှတ် +၂။

သတိပေးချက် - အတွေ့အကြုံမှတ် +၂။

သတိပေးချက် - အတွေ့အကြုံမှတ် +၂။

သတိပေးချက် - ၁ အဆင့်တက်သွားပါပြီ၊ လက်ရှိအဆင့် ၁၆။

...

တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံ နတ်ဘုရားစွမ်းရည်ကို တိတ်ဆိတ်စွာ အသုံးပြုနေရင်း သဲပွင့်လေးများကို စုဆောင်း၍ စေတီတစ်ဆူ တည်ဆောက်သကဲ့သို့ အတွေ့အကြုံမှတ် များသည်လည်း တစ်စတစ်စ တိုးပွားလာနေလေသည်။

အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ကိစ္စရပ်မှာ နီးကပ်လာပြီဖြစ်ရာ ရင်ထဲရှိ အလောတကြီး ဖြစ်နေမှုက ကျန်းလျိုအား အချိန်တစ်စက္ကန့်လေးမျှပင် အလဟဿ မဖြုန်းတီးမိစေရန် တားဆီးထားလေသည်။ မကြာသေးမီ ရက်များအတွင်း ချန်အန်းမြို့တော်၌ မည်မျှပင် စည်ကားသိုက်မြိုက်နေစေကာမူ သူက ဂရုမစိုက်ဘဲ သူ၏ အဆင့် ၁၆ သို့ ရောက်ရှိသွားသည်အထိ သူ၏ ကျင့်ကြံအားထုတ်မှုများကိုသာ ဆက်လက် ပြုလုပ်နေခဲ့လေသည်။

အဆင့်သည် ၁၆ သို့ ရောက်ရှိသွားသောအခါ သူသည် ကျွမ်းကျင်မှတ် တစ်မှတ်ကို အပိုဆောင်း ရရှိသွားလေသည်။ ဤအပိုရရှိလာသော ကျွမ်းကျင်မှတ်ကို မိစ္ဆာနှိမ်နင်းရေး ဂါထာ နှင့် ကွမ်ယင် ဂါထာ တို့အကြား မည်သည့်နေရာတွင် ထည့်သွင်းရမည်ကို ခေတ္တမျှ စဉ်းစားလိုက်သည်။ ပြီးနောက် ကျန်းလျိုသည် အလျင်စလို ချက်ချင်း အသုံးမပြုသေးဘဲ မိစ္ဆာများနှင့် တိုက်ခိုက်သည့် အချိန်ရောက်မှသာ ဆုံးဖြတ်ရန် ရွေးချယ်လိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ ကျွမ်းကျင်မှတ် များသည် သူ၏ လက်ထဲတွင် ရှိနေသရွေ့ အချိန်မရွေး အသုံးပြုနိုင်သည် မဟုတ်ပါလော။

မိစ္ဆာနှိမ်နင်းရေး ဂါထာ သည် မိစ္ဆာနှိမ်နင်းရေး ခန်းမဆောင် အတွင်းရှိ မိစ္ဆာစစ်သူကြီး အဆင့်ရှိ လျှပ်စီးအလင်း ကျားသစ် ထံမှ ကျလာသော ကျွမ်းကျင်မှု စာအုပ်တစ်အုပ် ဖြစ်သည်။ ယင်းမှာ အထောက်အပံ့စွမ်းရည် အာနိသင်ဖြင့် တိုက်ခိုက်ရေးစွမ်းအား ကို အမှန်တကယ် တိုးမြှင့်ပေးနိုင်သော အဆင့် ၁၅ ဘုန်းကြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု စာအုပ်ပင် ဖြစ်လေသည်။

၎င်းသည် အခြေခံအဆင့် သာ ရှိသေးသော်လည်း မဟာမိတ်များအတွက် တိုက်ခိုက်ရေးစွမ်းအား မှတ် ၁၀၀ ကို သိသိသာသာ ပေါင်းထည့်ပေးနိုင်လေသည်။ ဤအချက်က ယင်းကျွမ်းကျင်မှု တစ်ခုတည်းကပင် ပြီးပြည့်စုံသော အရည်အသွေး ရှိသည့် မိစ္ဆာနှိမ်နင်းရေး တောင်ဝှေးမှ ပေးစွမ်းနိုင်သော တိုက်ခိုက်ရေးစွမ်းအား ထက် ပိုမိုမြင့်မားသည့် အထောက်အပံ့ကို ပေးစွမ်းနိုင်ကြောင်း သက်သေပြနေသည်။ ဘုန်းကြီး အသက်မွေးဝမ်းကျောင်း၏ အလွန်တရာ ထူးခြားပြောင်မြောက်သော အထောက်အပံ့ပေးနိုင်စွမ်းများကို ထင်ရှားစွာ ပြသနေလေသည်။

***

All Chapters