ခေတ်သစ်က လူငယ်လေး တစ်ဦး အနောက်အရပ်သို့ ခရီးသွားခြင်း ကမ္ဘာထဲကို ကူးပြောင်း ရောက်ရှိလာပြီး ထန်ကိုယ်တော် ဖြစ်လာတဲ့ အခါ၊ မိစ္ဆာတွေကို တိုက်ခိုက်ပြီး လယ်ဗယ်တင်လို့ ရသလို၊ ပစ္စည်းတွေကိုပါ ကောက်ယူလို့ရတဲ့ ဂိမ်းစနစ် တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အတွက် အဲဒီအချိန်က စလို့ အနောက်အရပ်ကို သွားတဲ့ လမ်းတစ်လျှောက်က မိစ္ဆာတွေ အတွက်တော့ အန္တရာယ်ကြီး ကျရောက်လာပါတော့တယ်။ ရှားဝူကျင်း - “အစ်ကိုကြီး၊ ဒုက္ခပါပဲ၊ နောက်ထပ် မိစ္ဆာတစ်ကောင်ကို ဆရာတော် ဖမ်းသွားပြန်ပြီ...” ထန်ကိုယ်တော် - “မင်းတို့ အားလုံး ဒီနေ့ ငါပြောတာကို သေချာနားထောင်ကြ... အနောက်အရပ်ကို ကျမ်းစာသွားပင့်တဲ့ ခရီးစဉ်မှာ မင်းတို့က ငါ့ ကာကွယ်ပေးနေရတာ မဟုတ်ဘူး... ငါကသာ မင်းတို့ကို ဆွဲခေါ်သွားနေရတာ... သိကြလား... မင်းတို့သာ မပါရင် ငါ တစ်ပါးတည်း တိုက်ခိုက်... အဲလေ... အနောက်အရပ်ကို ရောက်နေလောက်ပြီ...”

