← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

🫧 Chapter 257

ငရဲပြည် တံခါးဝတွင်

ညစာအတွက် သေချာအောင် စီစဉ်ပြီးနောက် ချင်ကျိုးကျိုး သည် ထိုမီးပုံးလေးကို ကိုင်ကာ ပတ်ဝန်းကျင်တွင် ဆက် လက် လမ်းလျှောက်နေတော့၏။ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ရှိသလို၊ ဒီအတိုင်း လျှောက်လည်နေသည့်ပုံလည်း ပေါက်နေပေသည်။

ကျန်းလင်သည်လည်း တာဝန်ဌာနသို့သွားကာ ယနေ့လုပ် ဆောင်ခဲ့သော တာဝန်များကို အပ်နှံလိုက်၏။

ထူးခြားသော နယ်မြေ တာဝန်ကို ရှင်းလင်းတွက်ချက်ရာတွင် ကျန်းလင် ယူဆောင်လာခဲ့သော ပစ္စည်းများနှင့် သတင်းအချက်အလက်များကြောင့် နောက်ဆုံး တွက်ချက်ပြီးချိန်တွင် အကျိုးအမြတ်မှာ နှစ်ဆ တိုးလာခဲ့ပေသည်။

အဘယ်ကြောင့်ဆိုသော် သူ့မှာသတ်မှတ်ထားသည်ထက် ပိုမို ပြီးမြောက်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ကျန်းလင်သည် ကျင့်ကြံခြင်း ကတ်ပြား နှစ်ကတ် ထပ်မံ လဲလှယ်လိုက်ပြီး ပါဝင်ပံ့ပိုးမှုအမှတ်များကို အသုံး ပြု၍ တောင်ဘက် ခန်းမဆောင်၏ကျင့်ကြံရေး လမ်းညွှန်စာအုပ် တစ်အုပ်ကိုပါလဲလှယ်လိုက်တော့သည်။

ပါဝင်ပံ့ပိုးမှု အမှတ်များ တစ်ခဏချင်း ဗလာကျင်းသွားသည်ကို မြင်လိုက်ရသော အခိုက်အတန့်တွင် ကျန်းလင်စိတ်ထဲ၌ ပိုက်ဆံအိတ် ပြားကပ်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

သူ လဲလှယ်ခဲ့သော ဤလမ်းညွှန်စာအုပ်မှာ သိုင်းကွက်များနှင့် ကျွမ်းကျင်မှု အားလုံး၏အခြေခံပင်။

လီစုန့် ၏အဆိုအရ သိုင်းကွက်များနှင့် ကျွမ်းကျင်မှုအား လုံးသည် အစပိုင်းတွင် ဤအခြေခံမှနေ၍ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်ဟု ဆိုပေသည်။

ထိုအတောင်ပံများ ဖြစ်စေ၊ မီးတောက် ဝတ်ရုံများ ဖြစ်စေဆင့်ကဲပြောင်းလဲလာမှုများဟုဆို၏။

ထို့အပြင် မွေးရာပါ ပါရမီ မြင့်မားသော သရဲအချို့သည် ဤကျင့်ကြံရေး လမ်းညွှန်ကို သင်ယူပြီးသည်နှင့် မိမိဘာသာ သိုင်းကွက် အချို့ကို ဖန်တီးယူနိုင်ကြ၏။

သို့သော် အနည်းငယ် ဂျင်းထည့်ခံရသကဲ့သို့ ဖြစ်သည်မှာ ဤကဲ့သို့သော အခြေခံလမ်းညွှန်စာအုပ်ကို သုံးအုပ် ခွဲထားခြင်းပင် ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ကျန်းလင်သည် နောက်ပိုင်းတွင် ကျန်ရှိသော နှစ်အုပ်ကို ဆက်လက်လဲလှယ်ရဦးမည် ဖြစ်၏။

ပို၍ဆိုးရွားသည်မှာ စာအုပ် တစ်အုပ်စီတိုင်း အတွက် လိုအပ်သော ပါဝင်ပံ့ပိုးမှု အမှတ်များမှာ မနည်းလှချေ။

သို့သော် ကျန်းလင်လည်း မလောပါချေ။

သူတို့၏အဖွဲ့သည် တောင်ဘက် ခန်းမဆောင်တွင် အချိန်အတန်ကြာ ဆက်လက်နေထိုင်ရဦးမည် ဖြစ်ပေသည်။

သူက အခြေခံကို အရင်ဆုံး သေချာအောင် တည်ဆောက်ထားမည်ဖြစ်၏။

အကယ်၍ အရာအားလုံးသည် လီစုန့် ပြောသကဲ့သို့ အမှန်တကယ် ဖြစ်နေမည် ဆိုပါက ဤအခြေခံ လမ်းညွှန်စာအုပ်ကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။

၎င်းသည်ဖန်တီးမှုများ၏ မူလ ဇာစ်မြစ်ပင် ဖြစ်၏။

ဤအရာကို တတ်ကျွမ်းထားပါက နောက်ပိုင်းတွင် ကျွမ်း ကျင်မှု တစ်ခု နှစ်ခုလောက်တော့ သေချာပေါက် သင်ယူတတ်မြောက်နိုင်မည်ဖြစ်ပေသည်။

ရိုးရှင်းသော သိုင်းကွက်များဆိုလျှင် ဝယ်စရာပင် မလိုဘဲ မိမိဘာသာ စဉ်းစား ဖန်တီးနိုင်ကောင်းဖန်တီးနိုင်မည် ဖြစ်၏။

"ဒီနေ့တော့ ဒီလောက်ပါပဲ"

ထို့နောက်ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုသို့ လှမ်း၍ တစ်ခွန်း ပြောလိုက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်တော့သည်။

[Streamer ကြီး ကောင်းသောညပါ၊ မနက်ဖြန်မှ တွေ့ကြမယ်]

[ညစာ သွားစားလိုက်ဦးမယ်၊ ဆယ့်နှစ်နာရီ ကျော်ရင် ပြန်တွေ့မယ်]

"ဟင်"

လီစုန့် သည် ငရဲပြည် အတွင်းတွင် လွင့်မျောနေရင်း ခေါင်းလှည့်ကြည့်လိုက်ရာ တာဝန်ဌာနမှ ခုလေးတင် ထွက်လာသော ကျန်းလင်ကို ရုတ်တရက်တွေ့လိုက်ရ၏။

'ဝိညာဉ်တမန်တော် ကျန်းက ဘာလို့ ဒီမှာ ရှိနေသေးတာလဲ'

'သူ ကျင့်ကြံရေး အခန်းကို သွားရမှာ မဟုတ်ဘူးလား'

လီစုန့် စိတ်ထဲတွင် ထူးဆန်းသွားပြီး "ဝိညာဉ်တမန်တော် ကျန်း၊ ခင်ဗျား အမ်" ဟု မေးမည်ကြံလိုက်၏။

သို့သော်စကားထွက်သွားသည်နှင့် တစ်ပြိုင်နက် သူတစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ခြေသည်း နှစ်ဖက်ဖြင့် ပါးစပ်ကို အမြန်ပိတ်ထားလိုက်တော့သည်။

သူ့ မျက်လုံးများမှာ လည်ပတ်နေပြီး မျက်နှာအမူအရာတွင် အနည်းငယ် စိုးရိမ် ထိတ်လန့်နေမှုများ ပေါ်လွင်နေပေသည်။

'ငါက ဝိညာဉ်တမန်တော်ကျန်းကို ကျင့်ကြံရေးအခန်းနေရာလုရတဲ့အကြောင်း မပြောပြရသေးဘူး ထင်တယ်'

အထူးသဖြင့် ညဘက် အချိန်များတွင် ဖြစ်၏။

အကယ်၍ စောစောစီးစီးသွားပြီး နေရာမယူထားပါက တံခါးကိုပင် ကိုင်ကြည့်ခွင့် ရမည် မဟုတ်ချေ။

ထိုမြင်ကွင်းမှာ လူ့လောကမှ အဒေါ်ကြီးများ ဈေးလျှော့ပစ္စည်းများ လုဝယ်ကြသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသေး၏။

ဘေးနားမှ ဝိညာဉ်တမန်တော် တစ်ပါး ဖြတ်သွားသည်ကို မြင်သောအခါ သူသည် ထိုဝိညာဉ်တမန်တော်၏ အနောက်တွင် အမြန် ပုန်းအောင်းလိုက်တော့သည်။

သူသည်ထိုသူ၏ နောက်သို့ လိုက်ကာ တိတ်တဆိတ် ထွက်ပြေးရန် ကြံရွယ်လိုက်ခြင်းဖြစ်ပေသည်။

ထိုစဉ်"လီစုန့်၊ ရပ်လိုက်စမ်း" ဟူ၍အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့၏။

"...."

ထိုအခါလီစုန့် ၏ ခိုး၍ထွက်ပြေးမည့် လှုပ်ရှားမှုများ တောင့် တင်းသွားပြီး ကျန်းလင် ရှိရာဘက်သို့ အမြန် လှမ်းကြည့်လိုက်ပေသည်။

ကျန်းလင်သည် ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ဝေးကွာစွာ ထွက်ခွာသွားပြီ ဖြစ်ကြောင်းမြင်တွေ့ရသောအခါမှ သူ သက် ပြင်းချနိုင်တော့၏။

သူ အနောက်သို့ လှည့်ကာ အနောက်ဘက်ရှိ သရဲကို ကြည့်ရင်း "ဘာဖြစ်လို့လဲ ဦးလေးမုန့်" ဟု ပြန်မေးလိုက်သည်။

လီစုန့် ကို လှမ်းခေါ်လိုက်သူမှာ အနက်ရောင် ဝိညာဉ်ဖမ်းတမန်တော် ဝတ်စုံကို ဝတ်ဆင်ထားသော မုန့်ရှန်းပင်။

သူ့မှာရင့်ကျက်သော မျက်နှာသွင်ပြင် ရှိပြီး ခန္ဓာကိုယ် အထက်ပိုင်းရှိ အနက်ရောင် ဝတ်ရုံမှာ တင်းကြပ်နေကာ ကြည့်ရသည်မှာ အလွန် အင်အားပြည့်ဝမည့်ပုံ ပေါက်နေ၏။

"မင်းက ခိုးကြောင်ခိုးဝှက်နဲ့ ဘာတွေ လုပ်နေတာလဲ" ဟု မုန့်ရှန်းက မေးလိုက်သည်။

လီစုန့် အကြည့်များက အနည်းငယ် ရှောင်လွှဲသွားပြီး ပါးပြင်ကို ကုတ်ကာ "ဘာမှမလုပ်ပါဘူး၊ ဘာမှမလုပ်ပါဘူး၊ ဦးလေးမုန့် ကျွန်တော့်ကို ကိစ္စရှိလို့လား"

မုန့်ရှန်း စိတ်အခြေအနေမှာ ကောင်းမွန်နေပုံရပြီး လေသံမှာလည်း အလွန် အေးချမ်းနေပေသည်

"အင်း၊ သခင်ကြီးကျုံးခွေက မင်းကို ခေါ်နေတယ်"

"ဟင်"

လီစုန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့၏။

'သခင်ကြီးကျုံးခွေ က ငါ့ကို ဘာလုပ်ဖို့ ခေါ်တာလဲ'

ဇဝေဇဝါ ဖြစ်နေသော်လည်း လီစုန့် သည် ကျုံးခွေ သခင်ကြီး ရှိရာသို့ အမြန် သွားရောက်ခဲ့ပေသည်။

အခြားတစ်ဖက်တွင်

ကျုံးခွေသည် လင်းထိန်နေသော ခန်းမဆောင် အတွင်းတွင် ထိုင်နေ၏။

သူသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ကြည့်ကာ တည်ကြည်သော မျက်နှာပေါ်တွင် နှုတ်ခမ်းထောင့်များက တစ်ခါတစ်ရံ အထက်သို့ ကွေးတက်သွားလေ့ ရှိပေသည်။

ဤနှစ်ရက် အတွင်းမှာပင် တောင်ဘက် နယ်မြေအတွင်းရှိ အမွှေးတိုင်များနှင့် ငရဲပိုက်ဆံများ ရုတ်တရက် ပိုမိုများပြားလာခဲ့ပေသည်။

စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ လူအများအပြားသည် ငရဲပိုက်ဆံများ မီးရှို့ရာတွင် အပြင်ဘက်မှ စက္ကူဖြူတစ်ထပ်ထုပ်ပိုးကာ 'တောင်ဘက် ခန်းမဆောင်'၊ 'တောင်ပိုင်း ငရဲပြည်' စသဖြင့် ရေးသားထားကြကြောင်း တွေ့ရ၏။

သိသာထင်ရှားစွာပင် သူတို့သည် တောင်ဘက် ခန်းမဆောင် အတွက် မီးရှို့ပေးချင်ကြောင်း ဖြစ်ပေသည်။

သို့သော် လိပ်စာ စသည့် အချက်အလက်များ တိကျမှုမရှိသဖြင့် ငရဲပြည်သို့ တိုက်ရိုက်ရောက်ရှိလာခြင်း မရှိခဲ့ချေ။

လမ်းဖြတ်သွားသော သရဲများ သို့မဟုတ် မကောင်းဆိုးဝါးများ၏လုယူခြင်းကို ခံလိုက်ရပေသည်။

ထိုမြင်ကွင်းမှာ ကောင်းကင်ယံမှ ပိုက်ဆံမိုး ရုတ်တရက် ရွာချလာသကဲ့သို့ အလွန်ကြီးကျယ်ခမ်းနားပြီး အလွန်လည်း စည်ကားလှပေသည်။

ဝိညာဉ်တမန်တော် အတော်များများပင် အချို့ကိုကောက်ရခဲ့ကြ၏။

သို့သော် ဤငွေများသည် ငရဲပြည် အာဏာပိုင်များထံသို့ တိုက်ရိုက် မရောက်လာခဲ့သော်လည်းငရဲပြည်ရှိ သရဲတစ္ဆေများနှင့် မကောင်းဆိုးဝါးများ၏လက်ထဲတွင် ငွေများ ရှိလာပြီး ချမ်းသာလာကြသောအခါ သေချာပေါက် သုံးစွဲကြမည်သာ ဖြစ်ပေသည်။

ငရဲပိုက်ဆံများ လည်ပတ်လာသည်နှင့်အမျှ သရဲတစ္ဆေများကို လက်ခံထားသော တောင်ဘက် ခန်းမဆောင်အနေဖြင့်လည်း သေချာပေါက် အကျိုးအမြတ်ရရှိမည်သာ ဖြစ်၏။

၎င်းမှာ တောင်ဘက် ခန်းမဆောင်သို့ သွယ်ဝိုက်သော နည်းဖြင့် ရောက်ရှိလာခြင်းနှင့် အတူတူပင်ဖြစ်ပေသည်။

ယေဘုယျအားဖြင့် ပြောရမည် ဆိုပါက ၎င်းမှာ ကောင်းသော နိမိတ်လက္ခဏာ တစ်ခုဖြစ်၏။

ခန်းမဆောင် အတွင်းတွင်

အမိန့်ပေးမည့် အချိန်ကို အသင့်စောင့်ဆိုင်းနေသော ရှင်းရှီ သည် စားပွဲရှေ့ရှိ ကျုံးခွေ သခင်ကြီးကို မနေနိုင်ဘဲ တစ်ချက် ခိုးကြည့်လိုက်မိပေသည်။

ထို့နောက် ထပ်မံ၍ နောက်တစ်ချက် ကြည့်လိုက်ပြန်၏။

'ကျုံးခွေကြီးက ပြုံးနေတယ်လား'

'အဲဒါ အပြုံးလေ၊ ဟုတ်တယ်မလား'

'ကြည့်ရတာ နည်းနည်းတော့ ကြောက်စရာကောင်းနေပေမယ့်ပေါ့'

သခင်ကြီးကျုံးခွေ ဤမျှလောက် ဝမ်းသာနေခဲ့သည့် ပြီးခဲ့သောအကြိမ်ကို သူ ပြန်လည် စဉ်းစားကြည့်လိုက်၏။

၎င်းမှာ ရက်စက်သော သရဲဝိညာဉ် တစ်ကောင်နှင့် သုံးရက်သုံးညတိုင်အောင် တိုက်ပွဲဝင်ခဲ့ပြီးနောက် တစ်ဖက်လူကို တစ်လုတ်တည်းဖြင့် ဗိုက်ထဲသို့ မျိုချလိုက်သည့် အချိန်ကဖြစ်ပေသည်။

သရဲများ၏အရသာက ဘယ်လို နေသနည်း ဆိုသည်ကိုတော့ သိသော သရဲများ သိပ်မရှိလှချေ။

ဝိညာဉ်တမန်တော်များပင်လျှင် သရဲများကို မျိုချလေ့ သိပ်မရှိကြပေ။

ထို့အပြင်ထိုအရာက အစာကြေရန် မလွယ်ကူလှချေ။

ဝိညာဉ်အငွေ့အသက် အများအပြားကို စုပ်ယူနိုင်သော်လည်း တစ်ချိန်တည်းမှာပင် အထဲ၌ ရှုပ်ထွေးသော အရာများစွာလည်း ပါဝင်နေပေသည်။

ဆိုးရွားပါက ထိုရှုပ်ထွေးသော အငွေ့အသက်များ၏ လွှမ်းမိုးမှုကိုပင် ခံရနိုင်သေး၏။

သို့သော် သခင်ကြီးကျုံးခွေသည် ငရဲပြည် ဝိညာဉ်တမန်တော် ရာထူးကို စတင် တာဝန်ယူချိန်ကတည်းက အလွန် စွမ်းအားကြီးမားကြောင်း ပြသခဲ့ပေသည်။

တိုက်ခိုက်ရေး စွမ်းရည်တွင် ဖြစ်စေ၊ အလုပ်တွင် ဖြစ်စေ အတူတူပင်။

သရဲများကို မျိုချရာတွင် ပြောပြီးလျှင်လည်း မျိုချသလို၊ မပြောဘဲလည်း မျိုချတတ်ပေသည်။

၎င်းမှာ ဝိညာဉ်တမန်တော် အများစု လွယ်လွယ်ကူကူ မစမ်းသပ်ရဲသော ကိစ္စတစ်ခု ဖြစ်၏။

သို့သော် သခင်ကြီးကျုံးခွေ အတွက်မူ အစာကြေနိုင် မကြေနိုင် ဆိုသည်မှာ ထည့်သွင်း စဉ်းစားရမည့် အရာတစ်ခု မဟုတ်သည့်ပုံ ပေါက်နေပေသည်။

တောင်ဘက် ခန်းမဆောင်တွင် ဝိညာဉ်တမန်တော် အများအပြားသည် ဤကိစ္စကြောင့်ပင် ကျုံးခွေ ကို သူတို့၏ စံပြပုဂ္ဂိုလ် အဖြစ် အမြဲ သတ်မှတ်ထားခဲ့ကြပေသည်။

ရှင်းရှီလည်း ထိုနည်းတူပင် ဖြစ်၏။

သခင်ကြီးကျုံးခွေက အမှန်တကယ်ကိုကို ရဲစွမ်းသတ္တိ ရှိလွန်းလှပေသည်။

ထို့အပြင် ထိတွေ့ဆက်ဆံကြည့်ပါက ကျုံးခွေ၏ ပညာအရည်အချင်းမှာလည်း အလွန်ထူးချွန်ကြောင်း တွေ့ရှိရပေမည်။

သူသည် လူ့လောကတွင် ရှိနေစဉ်ကလည်း ပညာရေးတွင် ထူးချွန်သူ တစ်ဦးဖြစ်ခဲ့သော်လည်း စွမ်းရည်ပြသရန် အခွင့်အရေး မရခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုကြ၏။

၎င်းမှာအလွန် နှမြောစရာကောင်းလှပေသည်။

ထိုအချိန်မှာပင် ရှင်းရှီသည် ကျုံးခွေ သခင်ကြီး၏အသံကို ရုတ်တရက် ကြားလိုက်ရတော့၏။

ထိုအခါ သူသည် ချက်ချင်းပင် မျက်နှာထားကို ပြင်လိုက်ပြီး အာရုံစူးစိုက်ကာ နားထောင်နေလိုက်သည်။

"လီစုန့် အဲဒီကလေးလေး ဘာလို့ မရောက်လာသေးတာလဲ ဆိုတာ သွားကြည့်စမ်းပါဦး၊ အိမ်တွေ ဘာတွေ သွားဖျက်နေပြန်ပြီလား မသိဘူး" ဟု ကျုံးခွေ က ပြောလိုက်၏။

"ဟုတ်ကဲ့ပါ၊ သခင်ကြီး"

ထိုစကားကြောင့်ရှင်းရှီသည် ချက်ချင်း မတ်တတ်ရပ်ကာ ခန်းမဆောင် အပြင်ဘက်သို့ ပျံထွက်သွားတော့သည်။

'ခန်းမဆောင်' ဟု ဆိုသော်လည်း တကယ်တမ်းတွင် အလှဆင်ထားမှုမှာ အလွန်ရိုးရှင်းပြီး သာမန် နေအိမ်များထက် သိပ်မသာလှချေ။

အရှေ့ဘက် ခန်းမဆောင်လောက် သေသပ်လှပမှုမရှိသကဲ့ သို့၊အမျိုးမျိုးသော ပန်းပုလက်ရာများ မရှိဘဲ၊ စွမ်းအင်များပြည့်ဝသော ဝိညာဉ်ချီများလည်းမရှိပေ။

🫧 Chapter 258

တခြားတစ်ဘက်တွင်

ရှင်းရှီ အပြင်သို့ ထွက်သွားပြီး မကြာမီမှာပင် ဤဘက်သို့ အပြေးအလွှား လာနေသော လီစုန့်နှင့် ဆုံတွေ့လိုက်ပေသည်။

"မြန်မြန်သွားရအောင်၊ သခင်ကြီးကျုံးခွေက မင်းကို စောင့်နေတယ်"

ထိုအခါ လီစုန့်သည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး စုံစမ်းမေးမြန်းလိုက်၏။

"အစ်ကိုကြီးရှင်း၊ ကျုံးခွေကြီးက ကျွန်တော့်ကို ဘာကိစ္စများ ရှိလို့ ရှာနေတာပါလော"

'ကိစ္စကောင်းလား ကိစ္စဆိုးလား'

ရှင်းရှီသည် ရယ်မောချင်စိတ်ဖြင့် ပြောလိုက်ပေသည်။

"ငါက မင်းကို ပြောပြမယ်လို့ ထင်နေတာလား၊ ချစ်စရာကောင်းအောင် လုပ်ပြနေလည်း အလကားပဲ"

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးရှင်း"

လီစို ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

ရှင်းရှီ၏ ပေါ့ပါးနေသော လေသံကို ကြည့်ရလျှင် ကိစ္စဆိုးတစ်ခုတော့ မဖြစ်နိုင်ချေ။

သို့မဟုတ်ပါက လေထုက စောစောစီးစီးပင် လေးလံနေမည် ဖြစ်ပေသည်။

ထိုအခါ ရှင်းရှီသည်လည်း ခေါင်းယမ်းလိုက်တော့၏။

"မင်းကတော့ ဉာဏ်များတဲ့ တစ္ဆေလေးပဲ"

လီစုန့်သည်လည်း ဟီးဟီး ဟု ရယ်မောလိုက်ပေသည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ ဟီးဟီး"

များမကြာမီမှာပင် တစ္ဆေနှစ်ကောင်သည် ခန်းမဆောင် တံခါးဝသို့ ရောက်ရှိသွားကြပေသည်။

သူတို့သည် တိုင်ပင်ထားခြင်း မရှိဘဲ တစ်ပြိုင်နက်တည်း ရပ်တန့်လိုက်ကြပြီး မျက်နှာအမူအရာကို တည်ငြိမ်အောင် ပြင်ဆင်လိုက်ကြ၏။

ထို့နောက်တစ်ယောက်နောက် တစ်ယောက် အစဉ်လိုက် ဝင်ရောက်သွားကြတော့သည်။

ဝင်သွားသည်နှင့် တစ်ပြိုင်နက် လီစုန့်စိတ်ထဲတွင် အခြေ အနေ မကောင်းမှန်း ခံစားလိုက်ရပေသည်။

ဤလေထုက အနည်းငယ် ထူးဆန်းနေ၏။

ပတ်ပတ်လည်ရှိ ယင်စွမ်းအင်များမှာ သက်ဝင်လှုပ်ရှားနေခြင်း မရှိဘဲ တစ်စုံတစ်ခု၏ ဖိနှိပ်ထားခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပေသည်။

သူသည် အရှေ့တည့်တည့်ရှိ သခင်ကြီးကျုံးခွေ ကို ခိုးကြည့်လိုက်၏။

ထိုစဉ် သခင်ကြီးကျုံးခွေ သည် စားပွဲရှေ့တွင် ထိုင်နေပြီး လက်တစ်ဖက်က စာရွက်စာတမ်းကို ကိုင်ထားကာ အလွန် တည်ကြည်လေးနက်သော မျက်နှာအမူအရာ ရှိနေသည်ကို တွေ့လိုက်ရပေသည်။

ထို့ကြောင့် လီစုန့် ၏မူလက ပေါ့ပါးနေသော စိတ်အခြေ အနေသည်လည်း တင်းမာလာတော့၏။

"သခင်ကြီး၊ လီစုန့် ရောက်လာပါပြီ"

ရှင်းရှီ အကြောင်းကြားလိုက်ပြီး တုံ့ပြန်ချက် ရရှိပြီးနောက် ဘေးတစ်ဖက်သို့ ဆုတ်ခွာကာ ရပ်နေလိုက်ပြီး အချိန်မရွေး အမိန့်ပေးခံရရန် စောင့်ဆိုင်းနေပေသည်။

"သခင်ကြီးကျုံးခွေ"

လီစုန့် သည် သေသေချာချာ အရိုအသေပေးလိုက်သော်လ ည်း စိတ်ထဲတွင်မူ သူ ဤနှစ်ရက်အတွင်း အမှားတစ်ခုခုများ လုပ်မိခဲ့သလောဟု ပြန်လည် စဉ်းစားနေတော့၏။

သူ ဤနှစ်ရက်အတွင်း အလုပ်ရှာနေခဲ့ပြီး အလုပ်လုပ်နေခဲ့သည်သာ ဖြစ်ပေသည်။

'ဖြစ်နိုင်တာကတော့ အင်း တကယ့် ပြဿနာကြီး ဘာမှမဖြစ်ခဲ့ပါဘူးနော်'

အရှေ့ဘက်တွင်

ကျုံးခွေသည် လက်ထဲရှိ စာရွက်စာတမ်းကို ချထားလိုက်ပြီး လီစုန့်ကို ဖြည်းညင်းစွာ လှမ်းကြည့်လိုက်ပေသည်။

သို့သော်သူ စကားစတင် ပြောလိုက်သည်နှင့် လီစုန့်၏စိတ်အစဉ်မှာလေးလံသွားတော့သည်။

"မင်းနဲ့တန်းရန်တို့ လွန်ခဲ့တဲ့ နှစ်ရက်က အိမ်ခြောက်လုံးကို ဖျက်ဆီးခဲ့တယ်၊ ပိုက်ဆံ ဘယ်လောက်ပြန်ဆပ်ပြီးပြီလဲ"

ထိုအခါ လီစုန့်သည် အင်္ကျီစကို ပွတ်သပ်လိုက်ပြီး ခေါင်းငုံ့ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်ပေသည်။

"ဒီနေ့မှ ဆယ်ပုံတစ်ပုံ ပြန်ဆပ်ရပါသေးတယ်"

ကျုံးခွေသည် ဘာမျှ ထပ်မပြောဘဲ "အင်း" ဟုသာ တစ်ချက် အသံပြုလိုက်၏။

လီစုန့် : "...."

'အင်း ဆိုတာ ဘာအဓိပ္ပာယ်ပါလိမ့်၊ ပိုက်ဆံ ပြန်ဆပ်တဲ့ အရှိန်က နှေးနေတယ်လို့ ထင်လို့များလားဟင်'

လီစုန့် စိတ်ထဲတွင် ဂနာမငြိမ်ဖြစ်နေပြီး ငွေကြွေးတောင်းခံရတော့မည်ဟု ထင်နေချိန်တွင် ကျုံးခွေ နှုတ်ခမ်းထောင့်များ ရုတ်တရက် ကွေးတက်သွားသည်ကို တွေ့လိုက်ရပေသည်။

"မင်းကို ပိုက်ဆံရှာလို့ရမယ့် အလုပ်တစ်ခု ပေးမယ်၊ လုပ်မလား"

"ကျွန်တော်တို့ အမြန်ဆုံး ပြန်ဆပ်ပါ့မယ် အင်း ပိုက်ဆံရှာရမယ် ဟုတ်လား၊ သေချာပေါက် လုပ်မှာပေါ့"

လီစုန့် သည် အချိန်အနည်းငယ် ကြာမှသာ သတိပြန်ဝင်လာတော့၏။

အကြွေးတောင်းခြင်း မဟုတ်သည့်အပြင် သူ့ကို အလုပ်တစ်ခု ရှာပေးမည်ဟု ကြားလိုက်ရသောအခါ သူသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ရင်ထဲမှ အလုံးကြီးကျသွားပေသည်။

သူ ချက်ချင်း သဘောတူလိုက်ပြီးနောက်မှသာ အလုပ်အကြောင်းအရာကို မေးရန် သတိရသွားတော့၏။

"သခင်ကြီးကျုံးခွေ၊ အဲဒါက ဘာအလုပ်များပါလော၊ ကျွန်တော် ဘာလုပ်ပေးဖို့ လိုပါသလဲ"

ထိုအခါကျုံးခွေ သည် ထပ်မံ၍ နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်မိပြီး အလွန်နက်နဲဆန်းကြယ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက်ပေသည်။

ထို့နောက် စကားလုံး နှစ်လုံးကို ဖြည်းညင်းစွာ ထုတ်ပြောလိုက်၏။

"ပိုက်ဆံရှာဖို့"

လီစုန့် : "...." အယ်

"...."

လီစုန့်သည် ကျုံးခွေထံသို့ သွားနေချိန်တွင် ကျန်းလင်သည်လည်း အမှတ်(၂) အဆောက်အအုံသို့ ပြန်ရောက်လာခဲ့ပေသည်။

သို့သော် မပြန်မီတွင် သူသည် ကျင့်ကြံခြင်း အခန်းများဘက်သို့ သွားရောက်ကြည့်ရှုခဲ့သေး၏။

အမှန်တကယ်ပင် နေရာများက စောစောစီးစီး ပြည့်နေခဲ့သည်လေ။

ကျန်းလင်သည် စိတ်ထဲတွင် တောင်ဘက် နန်းဆောင် နှင့် ပတ်သက်သော သူ့အသိအမြင်များကို အသစ်ပြန်လည် ပြင်ဆင်လိုက်တော့၏။

တောင်ဘက် နန်းဆောင် တွင် ကျင့်ကြံခြင်း အရင်းအမြစ် မှန်သမျှသည် အလုအယက် ရယူရသော အရာများဖြစ်ပေသည်။

သူသည် ယခင်က ဤအချက်ကို သတိပြုမိခဲ့သော်လည်း အရှေ့ဘက် နန်းဆောင် တွင် ဖြစ်တည်ခဲ့သော အခြေခံ အသိပညာနှင့် အလေ့အထများက သူ့ကို မသိစိတ်မှနေ၍ လျစ်လျူရှုမိစေခဲ့၏။

'ကျင့်ကြံရေးအခန်းထဲ ဝင်ဖို့ဆိုတာ ကတ်ရှိရုံနဲ့ ရတာ မဟုတ်ဘူးလား'

"...."

'ဒေါင်'

'ဒေါင်'

'ဒေါင်'

ထိုစဉ် ခေါင်းလောင်းသံသုံးချက်က အဝေးမှနေ၍ ထွက်ပေါ်လာသည်။

သို့သော်များမကြာဆယ့်နှစ်နာရီ ကျော်လွန်သွားသည်နှင့် ကျန်းလင် ၏ အခန်းတံခါးမှာ ခေါက်ခံလိုက်ရတော့၏။

တံခါး ဖွင့်လိုက်သောအခါ အပြင်ဘက်တွင် ရပ်နေသော အရိပ်နှစ်ခုကို တွေ့လိုက်ရပေသည်။

အသားကင်စင်ကိုကိုင်ထားသော ချင်ကျိုးကျိုး နှင့် သူ၏ အိမ်အပေါ်ထပ်တွင် နေထိုင်ကာ မျက်နှာကြက်တစ်ခုလုံးကို အပေါက်ဖောက်ခဲ့သော တစ္ဆေလက်နက်အလုပ်ရုံ အဖွဲ့ဝင် အားစစ်တို့ပင်ဖြစ်၏။

"သာယာတဲ့ ညချမ်းလေးပါ"

အားစစ်သည် ရယ်မောကာ နှုတ်ဆက်လိုက်သော်လည်း မျက်နှာအမူအရာက အနည်းငယ် အားနာနေပုံပေါ်ပေသည်။

ဟုတ်ပေသည်၊ သူသည် အလကား ထမင်းလာစားပြန်ခြင်း ဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင် သူ ကိုယ်တိုင်လာခြင်း မဟုတ်ဘဲ ချင်ကျိုးကျိုးက သူ့ကို ခေါ်လာခြင်း ဖြစ်ပေသည်။

ချင်ကျိုးကျိုးသည်လည်း ယခင်အတိုင်း တည်ကြည်လေး နက်နေသော မျက်နှာဖြင့်ရှိနေ၏။

"တူတူစားရအောင်၊ ပိုပြီးစည်ကားတာပေါ့၊ အားလုံးက နောက်ပိုင်းကျရင် ထမင်းစားဖော်စားဖက်တွေ ဖြစ်သွားပြီလေ"

အကယ်၍ ချင်ကျိုးကျိုး မည်သည့်အကြောင်း ပြောနေသည်ကိုသာမသိပါက သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် အားလုံးက သူတို့သည် ကြီးလေးသော အကြောင်းအရာ တစ်ခုခုကို ဆွေးနွေးနေကြသည်ဟု ထင်မှတ်သွားကြမည် ဖြစ်ပေသည်။

ထမင်းစားမည့် အကြောင်း ပြောနေခြင်း မဟုတ်သကဲ့သို့ပင် ဖြစ်၏။

"ဝင်ခဲ့ကြလေ"

ကျန်းလင် ဘေးသို့ ရှောင်ပေးလိုက်ပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်ပေသည်။

တစ္ဆေတစ်ကောင်ပိုကာ ထမင်းစားရခြင်းသည် သူ့အတွက် အရေးကြီးသောကိစ္စ မဟုတ်ချေ။

ချင်ကျိုးကျိုး ကိုယ်တိုင်ခေါ်လာသည် ဆိုမှတော့ သူမ ပြောမည့် သတင်းကို အားစစ်လည်း နားထောင်နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။

"ဒီည အသားကင် စားမယ်"

ချင်ကျိုးကျိုး သည် အသားကင်စင်ကိုကိုင်ကာ ဝင်သွားပြီးနောက် ကျွမ်းကျင်စွာဖြင့် တအိုင် နှင့် ရှောင်အာ တို့ကို ထုတ်လွှတ်လိုက်ပြီး ပန်းကန်လုံးများနှင့် တူများ၊ အစားအသောက် ကုန်ကြမ်းများကို ထုတ်ယူလိုက်တော့၏။

အားစစ်သည်လည်း ဘေးတွင်ထိုင်နေပြီး အလကား ထမင်း စားရန် အလွန် အလေးအနက်ထားနေပေသည်။

ကျန်းလင်သည် တံခါးကို ပိတ်လိုက်ပြီး အခန်းတွင်းရှိ ထိုအရိပ်နှစ်ခုကို ကြည့်ကာ တစ်ခဏမျှ အာရုံလွင့်ပါးသွားတော့၏။

သူ့ တစ္ဆေတမန်တော် ဘဝ တစ်လျှောက်တွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တွေ့ရခဲပေသည်။

ယခုအခြေအနေမှာမူ အရာအားလုံးက သဘာဝကျကျ ဖြစ်ပေါ်လာသကဲ့သို့ ရှိနေသည်မဟုတ်ပါလော။

"....”

All Chapters