← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

🫧 Chapter 265

ဟာလာဟင်းလင်း ဖြစ်နေသော စာသင်ခန်းထဲတွင် ကျန်းလင် တစ်ယောက်တည်းသာ ထိုင်ကာ စာမေးပွဲ ဖြေဆိုနေ၏။

ကျောက်သင်ပုန်းပေါ်တွင် အချိန်မှတ်စက်ကလည်းဆက်လက် လည်ပတ်နေသည်။

ကျန်းလင်သည် ဦးစွာ မေးခွန်းလွှာကို ပေါ့ပေါ့ပါးပါး တစ်ချက် လှန်လှောကြည့်လိုက်ပြီးမှ ခဲတံကို စတင်ကိုင်လိုက်၏။

ထို့နောက် ဘယ်ဘက်ခြမ်းတွင် နာမည်ကို ရေးလိုက်သည်။

ထို့နောက် ရွေးချယ်စရာ မေးခွန်းများ၏ ကွင်းစကွင်းပိတ်များထဲတွင် A, B, C, D များကို အစီအစဉ်တကျ မဟုတ်ဘဲ ကျပန်း ဖြည့်သွင်းလိုက်၏။

ပြီးလျှင်ချက်ချင်း သူသည် ခဲတံကို ချထားလိုက်တော့သည်။

'ဒီမေးခွန်းတွေက အရမ်း ခေါင်းစားလွန်းတယ်၊ ကိုယ့်ကိုယ်ကိုယ် အခက်တွေ့အောင် လုပ်နေစရာ မလိုပါဘူးလေ'

သူသည် ဝိညာဉ်တမန်တော် တစ်ပါးသာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း ပထမဆုရှင် မဟုတ်ပါချေ။

ခဲတံ ချထားလိုက်ပြီးနောက် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကွန်မန့်နေရာတွင် ကြည့်ရှုသူများက သွယ်ဝိုက်၍ ပေးပို့နေကြသော အဖြေများကို သတိပြုမိလိုက်၏။

သို့သော် သူသည် ထိုအဖြေများကို အတိုင်းအတာ တစ်ခုအထိ ကူးယူရေးသားခြင်း မပြုခဲ့သကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများနှင့်လည်း စကားမပြောခဲ့ချေ။

ကြည့်ရှုသူများ စကားပြောရာတွင် သတိထားရုံသာမက သူကိုယ်တိုင်သည်လည်း ဤတစ္ဆေနယ်မြေကို စူးစမ်းလေ့လာနေဆဲ ဖြစ်သည်။

ဤတစ္ဆေနယ်မြေ၏ အခြေအနေကို နားမလည်မီအချိန်အထိ သူသည် ပေါ့ပေါ့ဆဆ လှုပ်ရှားမည် မဟုတ်ပေ။

ထို့အပြင် တာဝန်ပေးစင်တာက တာဝန်ကို ထုတ်ပြန်စဉ်က အဆင့်အတန်းကိုသာ တောင်းဆိုထားခဲ့သည်လေ။

ထို့ကြောင့် သူ ဤသို့ မေးခွန်းဖြေဆိုသည့် နည်းလမ်းမှာ ပြဿနာ သိပ်မကြီးလောက်ပါချေ။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသော်လည်း ပတ်ဝန်း ကျင်လေဟာနယ်တွင် မည်သည့် အပြောင်းအလဲမျှ မရှိသေးချေ။

ကျန်းလင်သည် တစ်ဖက်မှ စားပွဲကို ဖွဖွလေး ခေါက်နေရင်း တစ်ဖက်မှလည်း အထက်ရှိ အချိန်ကို သတိပြုနေကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ကွန်မန့်နေရာကိုလည်း မကြာခဏ အကဲခတ်နေ၏။

စာမေးပွဲ အချိန်ကုန်ဆုံးရန် ၅ မိနစ် အလိုတွင် အခန်းထဲ၌ သတိပေးသံ တစ်ခု ထွက်ပေါ်လာတော့သည်။

"စာမေးပွဲ ပြီးဆုံးဖို့ ငါးမိနစ် ကျန်ပါသေးတယ်၊ စာမေးပွဲဖြေဆိုသူများ အချိန်ကို ဂရုစိုက်ဖို့ သတိပေးပါတယ်"

ထိုအသံမှာ အကြင်နာကင်းမဲ့သော စက်ရုပ်အသံနှင့် တူနေ၏။

အကယ်၍ ဤလေဟာနယ်မှာ အလွန် ထူးခြားမနေခဲ့လျှင် စာမေးပွဲ ဖြေဆိုသည့် လုပ်ငန်းစဉ် တစ်ခုလုံးမှာ လူ့လောကနှင့် အမှန်တကယ် တူညီနေပေလိမ့်မည်။

နောက်ဆုံးတွင် အချိန်မှတ်စက်မှာ သုညသို့ ရောက်ရှိသွားတော့၏။

'ဒေါင် ဒေါင်'

ရင်းနှီးနေသော ခေါင်းလောင်းသံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။

ခေါင်းလောင်းသံ ရပ်တန့်သွားပြီးနောက် ကျန်းလင် ၏ ရှေ့ရှိ ဟာလာဟင်းလင်း နီးပါး ဖြစ်နေသော မေးခွန်းလွှာသည်လည်း လေထဲသို့ ပေါလောပေါ်လာကာ ရှေ့သို့ လွင့်ပျံသွားတော့၏။

ထို့နောက် ကျောက်သင်ပုန်း၏ ရှေ့ မီတာဝက်ခန့် အကွာတွင် ရပ်တန့်သွားသည်။

ပြီးနောက် မေးခွန်းလွှာပေါ်တွင် အနီရောင် အမှတ်အသားများ စတင် ပေါ်လာတော့၏။

၎င်းမှာဆရာတစ်ယောက်က စာမေးပွဲ အဖြေလွှာကို စစ်ဆေးနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ကျန်းလင် သည် လေဟာနယ် တစ်ခုလုံးကို အာရုံခံကြည့်လိုက်ရာ ဤနေရာတွင် အမှန်တကယ် သူတစ်ဦးတည်းသာ ရှိနေခဲ့၏။

ခဏအကြာတွင် မေးခွန်းလွှာမှာ ကျန်းလင် ရှေ့ရှိ စားပွဲပေါ်သို့ ပြန်လည် ကျဆင်းလာတော့သည်။

တောက်ပသော အနီရောင် ရမှတ် တစ်ခုသည် မေးခွန်းလွှာ၏ အပေါ်ပိုင်းတွင် ပေါ်လာ၏။

" ၁၅ မှတ်"

မျှော်လင့်ထားသည့်အတိုင်း သူစာမေးပွဲ ကျသွားခဲ့သည်လေ။

ကျန်းလင်သည် ရမှတ်ကို အများကြီး ဂရုမစိုက်တော့ဘဲ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်ကာ အကဲခတ်နေလိုက်၏။

နောက်တစ်စက္ကန့်တွင် အခန်းတစ်ခုလုံး စတင် ဝါးတားတား ဖြစ်လာကာ လှိုင်းဂယက်များထလာတော့သည်။

စာကြည့်စားပွဲ၊ ကျောက်သင်ပုန်း၊ အဖြူရောင် နံရံများ အားလုံး ပျောက်ကွယ်သွားကြ၏။

စာအံသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာတော့ သည်။

"ကြိုးကြိုးစားစား ပညာသင်ပြီး နေ့တိုင်း တိုးတက်အောင် လုပ်ပါ"

"လူတွေ မွေးဖွားလာစမှာ စိတ်သဘောထားက ကောင်းမွန်ကြတယ်၊ သဘာဝချင်း တူညီကြပေမယ့် အလေ့အကျင့်တွေကတော့ ကွာခြားသွားကြတယ်"

"ကိုးကိုး လီ ရှစ်ဆယ့်တစ်၊ ရှစ်ကိုး လီ ခုနစ်ဆယ့်နှစ်၊ ခုနစ်ကိုး လီ ခြောက်ဆယ့်သုံး"

ထိုအသံများမှာကလေးများစွာက ဆရာ၏ တောင်းဆိုချက်အတိုင်း ပြိုင်တူ စာအံနေကြသကဲ့သို့ပင် ဖြစ်၏။

ကြည်လင်ပြီး ညီညာနေသော်လည်း ထူးဆန်းကြောက်မက်ဖွယ် ကောင်းသော အရိပ်အယောင်တစ်ခု ပါဝင်နေသည်။

[......]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည် မသိစိတ်မှပင် အသက်အောင့်ထားလိုက်မိကြ၏။

'ဒီမြင်ကွင်း၊ ဒီအသံတွေက ဘာကြောင့်များ ငါတို့ စာမေးပွဲ ဖြေပြီးတိုင်း မက်လေ့ရှိတဲ့ အိပ်မက်ဆိုးတွေနဲ့ ဒီလောက် တူညီနေရတာလဲ'

ဘယ်တော့မှ မပြီးဆုံးနိုင်သော စာမေးပွဲများ၊ ဘယ်တော့မှ ဖြေမရနိုင်သော မေးခွန်းများတို့သည် လူတိုင်းကြောက်ရသည့်အရာများမဟုတ်ပါလော။

နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွား၏။

ပိတ်လှောင်နေသော စာသင်ခန်း ပျောက်ကွယ်သွားပြီး ထိုစာအံသံများလည်း ပျောက်ကွယ်သွားတော့သည်။

ကျန်းလင် သည် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ပေါ်လာပြီး ခြေအောက်တွင် မြေဝါများ ရှိကာ ပတ်ပတ်လည်တွင် သံမဏိနှင့် ဘိလပ်မြေများသာ ရှိနေ၏။

လေထဲတွင် စက်ယန္တရားများ လည်ပတ်နေသံနှင့် အလေးအ ပင်များ ကျဆင်းလာသော 'ဝုန်း' အသံများ မကြာခဏ ထွက်ပေါ်နေသည်။

အဝါရောင် အန္တရာယ်ကင်း ဦးထုပ်များ ဆောင်းထားသော အလုပ်သမား အများအပြားသည် မပြီးစီးသေးသော အဆောက်အအုံများပေါ်တွင် အသွားအပြန် လုပ်နေကြ၏။

အချို့က သံချောင်းများကို မနေကြပြီး အချို့က အုတ်နီခဲများကို သယ်ယူနေကာ အချို့ကမူ ကိရိယာများကို ကိုင်ဆောင်၍ သံချောင်းများကို ချည်နှောင်နေကြသည်။

နေပူကျဲကျဲတွင် ထိုလူများ၏ခန္ဓာကိုယ်မှ ချွေးသီးချွေးပေါက်ကြီးများ ကျဆင်းလာပြီး သူတို့၏ ပါးလွှာသော အင်္ကျီများကို စိုရွှဲသွားစေ၏။

ကျန်းလင်သည် ထိုအရာများကြားတွင် ရပ်နေရင်း အပူရှိန် အနည်းငယ်ကိုပင် ခံစားလိုက်ရသည်။

ထိုအရာက သူ့အား ဤတစ္ဆေနယ်မြေကို ဖန်တီးခဲ့သော ပြန်လည်မွေးဖွားလာသူအပေါ် ပို၍ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာစေတော့၏။

'ပြန်လည်မွေးဖွားခြင်း မပြုမီက ဒီနတ်ဘုရားက အတိအကျ ဘယ်လောက်အထိ အစွမ်းထက်ခဲ့တာလဲ'

'ဂလု ဂလု'

ကျန်းလင် ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် အဝါရောင် အန္တရာယ်ကင်း ဦးထုပ်ဆောင်းထားသောအလုပ် သမား တစ်ယောက်သည် အုတ်နီခဲများ အပြည့်တင်ထားသော လက်တွန်းလှည်း တစ်စီးကို တွန်းကာ သူ၏ဘေးမှ ဖြတ်သွား၏။

"မင်း"

ထို့နောက် ထိုအလုပ်သမားသည် ရုတ်တရက် ရပ်တန့်သွားပြီး ကျန်းလင် ဘက်သို့ လှည့်ကြည့်ကာ "မင်းကို မေးမယ်၊ ဆလင်ဒါရဲ့ မျက်နှာပြင်ဧရိယာ ဖော်မြူလာက ဘာလဲ" ဟု မေးလိုက်သည်။

စကားဆုံးသည်နှင့် သူ့ မျက်နှာပေါ်တွင် ကြီးမားသော ဂဏန်း ၁၀ တစ်ခု ပေါ်လာတော့၏။

ထို့အပြင် ၎င်းသည် ဆက်တိုက် သေးငယ်သွားနေသည်။

"၉၊ ၈၊ ၇ "

ကျန်းလင် : '......'

'ဒါကရော ဘာ စည်းမျဉ်းကြီးလဲ အတန်းထဲမှာ မေးခွန်းမေးနေတာလား'

"၂၊ ၁၊ ၀"

အလုပ်သမား၏ မျက်နှာပေါ်ရှိ ဂဏန်းမှာ သုညသို့ ရောက်ရှိသွားပြီး မျက်နှာအမူအရာမှာ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလာတော့၏။

"ဘာလို့ ငါ့ကို မဖြေတာလဲ ဘာလို့ ကြိုးကြိုးစားစား စာမလုပ်တာလဲ"

သူသည် ကျန်းလင်ကို အမုန်းတရားများဖြင့် စိုက်ကြည့်ကာ လက်တစ်ဖက်ဖြင့် လက်တွန်းလှည်းထဲမှ အုတ်နီခဲ တစ်လုံးကိုကောက်ယူလိုက်သည်။

ထို့နောက် ချက်ချင်းပင် ကျန်းလင် ဆီသို့ ရိုက်ချလိုက်တော့၏။

"ဘာလို့ ကြိုးကြိုးစားစား စာမလုပ်ရတာလဲ စာလုပ်တာ မကောင်းလို့လား"

'ဖတ်'

ကျန်းလင်သည် ကိုယ်ကို အနည်းငယ်စောင်းလိုက်ရာ လွင့်ပျံလာသော ထိုအုတ်နီခဲသည် မြေပြင်ပေါ်သို့ ကျဆင်းသွားတော့သည်။

ထိုအလုပ်သမား၏လက်ထဲတွင် လျင်မြန်စွာပင် အုတ်နီခဲ အသစ်တစ်လုံး ထပ်မံ ပေါ်လာပြီး ကျန်းလင် ဆီသို့ ဆက်လက် ရိုက်ချလာပြန်၏။

"တစ်လုံး၊ နှစ်လုံး ငါးလုံး"

ကျန်းလင်သည် ထိုအလုပ်သမား၏ အုတ်နီခဲ ပစ်ပေါက်သည့် အရှိန်မှာ ပိုမြန်ဆန်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

ဆယ်လုံးမြောက်သို့ ရောက်သောအခါ ထိုလက်သည် ပြုပြင်ပြောင်းလဲထားသကဲ့သို့ ဖြစ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း လက်ပေါ်တွင် အုတ်နီခဲ တစ်လုံးပေါ်လာနိုင်တော့၏။

တစ်စက္ကန့်လျှင် အုတ်နီခဲ တစ်လုံးနီးပါးပင်။

'ဖတ်'

'ဖတ်'

'မေးခွန်းမဖြေရင် တိုက်ခိုက်တာလား ဒါဆို စောစောက ဆယ်စက္ကန့်က အဖြေဖြေဖို့ အချိန်ပေါ့'

ကျန်းလင်သည် ထိုအလုပ်သမား ပစ်ပေါက်လာသော အုတ်နီခဲများကို ပေါ့ပေါ့ပါးပါး ရှောင်တိမ်းရင်း အသစ်ပေါ်လာသော ဤလေဟာနယ်ကို ခွဲခြမ်းစိတ်ဖြာကာ အကဲခတ်နေလိုက်၏။

'အရင်တစ်ခုက စာမေးပွဲ ဖြေရတာ၊ ဒီတစ်ခါက မေးခွန်း ဖြေရတာ တကယ်ပဲ အတန်းတက်တဲ့ ပုံစံအတိုင်းလာတာလား ဒါဆိုရင် အတန်းဆင်းတဲ့ အချိန်ရော ရှိဦးမလား'

'ဖတ်'

'ဖတ်'

"မင်း ဘာလို့ ငါ့မေးခွန်းကို မဖြေတာလဲ"

အဝါရောင် အန္တရာယ်ကင်း ဦးထုပ် ဆောင်းထားသော အလုပ်သမားသည် မောပန်းခြင်းကို မသိသကဲ့သို့ တစ်ခဏမျှ မရပ်နားဘဲ ရိုက်ချနေ၏။

၎င်း၏မျက်နှာအမူအရာမှာ ဖခင်ကို သတ်သွားသော ရန်သူကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်သည်။

သူသည် တစ်ဖက်မှ ရိုက်ချနေရင်း တစ်ဖက်မှလည်း မကြာ ခဏ ဒေါသတကြီး အော်ဟစ်နေ၏။

"ဘာလို့ ကြိုးကြိုးစားစား စာမလုပ်တာလဲ ဘာလို့လဲ"

'......'

ကျန်းလင် သည် ခွဲခြမ်းစိတ်ဖြာ၍ ပြီးသွားသောအခါ လက်ကိုပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ ဒေါသတကြီး ဖြစ်နေသော ထိုအလုပ်သမားသည် နောက်သို့ လွင့်စင်သွားတော့၏။

ထိုဆူညံနေသော အသံမှာလည်း နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။

[အလုပ်သမား: ငါ လွင့်သွားတာလား]

[ငါထင်တာတော့ အဲဒီ အလုပ်သမားလည်း တော်တော်လေး သံသယ ဝင်သွားလောက်တယ်၊ ငါ့ရဲ့ ချီလင်လက်ဝါး ကျင့်စဉ်က အမြင့်ဆုံးအဆင့်ထိ ရောက်နေပြီကို မင်းက ဘယ်လိုလုပ်ပြီး ရှောင်နိုင်သေးတာလဲ လို့လေ]

[ငါတစ်ယောက်တည်း နည်းနည်း ကြောက်စရာကောင်းတယ်လို့ ခံစားနေရတာလား အုတ်နီခဲနဲ့ အပေါက်ခံရမှာကို မကြောက်ဘူး၊ အဲဒီလူက အရူးတစ်ယောက်လို ဆက်တိုက်မေးခွန်းမေးနေမှာကိုသာ ကြောက်ရတာ]

[ဘယ်လိုလုပ်ပြီး ငါ မက်တဲ့ အိပ်မက်ဆိုးနဲ့ သွားတူနေရတာလဲ၊ တစ်ချိန်လုံး တစ်ခုခုက နောက်ကနေ လိုက်ပြီး မေးခွန်းဖြေခိုင်းနေတာမျိုးလေ]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများမှာ အောင့် အည်းထားရလွန်း၍ နေရခက်နေကြ၏။

ထို့ကြောင့် တချို့က လက်တစ်ဖက်တွင် ကွန်ပျူတာ၊ လက်တစ်ဖက်တွင် ဖုန်း၊ သို့မဟုတ် ဖုန်းနှစ်လုံးကို ရှေ့တွင် ချထားလိုက်ကြသည်။

တစ်လုံးက Live ကို ကြည့်ရန် ဖြစ်ပြီး နောက်တစ်လုံးကမူ စကားပြော ဆော့ဖ်ဝဲလ်များကို ဖွင့်ကာ အုပ်စုထဲရှိ ကြည့်ရှုသူများနှင့် အချင်းချင်း ဆွေးနွေးရန် ဖြစ်၏။

[group ထဲမှာတော့ သတိထားပြီး စကားပြောစရာ မလိုလောက်တော့ဘူးမလား]

[အလုပ်သမား: ငါ့ရဲ့ ဇာတ်ညွှန်းက ဖတ်လို့ မပြီးသေးဘူး၊ ငါ့ကို ပြန်လာခွင့်ပေးဦး]

[ညီအစ်ကိုတို့၊ ဒီတစ်ခါ တစ္ဆေနယ်မြေက အရင်တုန်းက မြင်ဖူးတာတွေနဲ့ နည်းနည်း မတူဘူးလို့ ငါ ခံစားနေရတယ်]

[အရင်တုန်းက တစ္ဆေနယ်မြေတွေကို လွတ်လပ်စွာ ဆော့ကစားရတဲ့ ဂိမ်းတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါကတော့ အခက်အခဲ အဆင့်မြင့်တဲ့ ဗျူဟာဂိမ်းပဲ]

[အပေါ်ထပ်ကလူကရော ဗျူဟာဂိမ်း ဖိုရမ်တွေမှာ ဆော့တဲ့သူလား]

ကြည့်ရှုသူများသည် တစ်ဖက်မှ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်ရင်း တစ်ဖက်မှ အုပ်စုလိုက် စကားပြောနေကြသဖြင့် အလွန် အလုပ်ရှုပ်နေကြ၏။

သို့သော် ပျော်ရွှင်မှုကလည်း နှစ်ဆ ဖြစ်နေသည်။

အထူးသဖြင့် ဂိမ်းဗျူဟာများကို ရေးဆွဲရသည်ကို နှစ်သက်သော ကြည့်ရှုသူများမှာ အလွန်စိတ်လှုပ်ရှားနေကြ၏။

'ဒါက သူတို့ ကျွမ်းကျင်တဲ့ နယ်ပယ်ကို ရောက်လာပြီ မဟုတ်လား'

'အရင်တုန်းက ဘိုးဘေးတွေကို ရှာတာဖြစ်ဖြစ်၊ မုန့်ပေါ် တာဝန်ကို လုပ်တာဖြစ်ဖြစ် သူတို့အတွက် နေရာ မရှိခဲ့ဘူးလေ ဒီတစ်ခါကတော့ သူတို့ အလှည့် ရောက်လာပြီ‌လေ'

ထိုသို့ဆိုလျှင် ဂိမ်းဗျူဟာ ရေးဆွဲခြင်း၏ ပထမခြေလှမ်းမှာ ဂိမ်းကို နားလည်အောင် လုပ်ပြီး သဲလွန်စများကို ရှာဖွေခြင်းပင် ဖြစ်သည်။

[ညီအစ်ကိုတို့၊ မျက်လုံးကို သေချာဖွင့်ထားကြ]

သူတို့သည် တစ္ဆေနယ်မြေထဲသို့ တိုက်ရိုက် မဝင်ရောက်နိုင်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကင်မရာမှတစ်ဆင့် Streamer အတွက် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိအောင် ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်မည် မဟုတ်ပါလော။

🫧 Chapter 266

'ဝုန်း'

ထိုအုတ်နီခဲ ပစ်ပေါက်သော အလုပ်သမားသည် ကျန်းလင် ၏ ရိုက်ချမှုကြောင့် မြေပြင်ပေါ်သို့ လွင့်ကျသွားပြီးနောက် ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုလုံးသည် တစ်ခဏမျှ တိတ်ဆိတ်သွားတော့၏။

ထို့နောက်ရေတွက်၍ မရနိုင်သော အကြည့်များစွာသည် ကျန်းလင် အပေါ်သို့ ပြိုင်တူ ကျရောက်လာကြသည်။

ခါးကိုင်းကာ သံချောင်းများကို ချည်နှောင်နေသော အလုပ်သမားများသည် ခေါင်းမော့လာကြပြီး ပစ္စည်းများကို သယ်မနေသော အလုပ်သမားများသည်လည်း ခြေလှမ်းများကို ရပ်တန့်ကာ ဤဘက်သို့ လှမ်းကြည့်လာကြ၏။

အထက် ကောင်းကင်ယံမှ ကရိန်းကို ထိန်းချုပ်နေသော သူသည်ပင် အောက်ဘက်သို့ ငုံ့ကြည့်လာကာ မြေပြင်ပေါ်ရှိ ကျန်းလင် ကို ခံစားချက် ကင်းမဲ့သော မျက်နှာဖြင့် စိုက်ကြည့်နေတော့သည်။

'ဂလွတ်'

ထို့နောက်လေထဲရှိ ကရိန်းသည် အနည်းငယ်လှုပ်ရှားသွား၏။

မီတာဆယ်ဂဏန်းခန့် မြင့်သော လေထဲတွင် တွဲလောင်း ချိတ်ဆွဲထားသော ဘိလပ်မြေပြားကြီးသည် ဖြည်းညင်းစွာ ရွေ့လျားလာပြီး ဦးတည်ရာကို ပြောင်းလဲကာ ကျန်းလင် ၏ အထက် ကောင်းကင်ယံဆီသို့ ရွေ့လျားလာတော့သည်။

ကြည့်ရသည့် ပုံစံအရ ကျန်းလင် အပေါ်သို့ တိုက်ရိုက် ဖိချမည့်ပုံ ပေါ်နေ၏။

တစ်ချိန်တည်းမှာပင် အခြားသော အဝါရောင်အန္တရာယ် ကင်း ဦးထုပ် ဆောင်းထားသည့် အလုပ်သမားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် စတင် လှုပ်ရှားလာကြသည်။

သူတို့သည် တစ်ဖက်မှ ရေရွတ်နေရင်း တစ်ဖက်မှ အဆင်ပြေမည့် လက်နက်များကို ကိုင်ဆောင်ကာ ကျန်းလင် ရှိရာသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြ၏။

"ဆလင်ဒါရဲ့ မျက်နှာပြင်ဧရိယာ ဖော်မြူလာက ဘာလဲ"

"ဆလင်ဒါရဲ့ ထုထည်ကို ဘယ်လို တွက်ရမလဲ"

လူတိုင်းသည် ခံစားချက် ကင်းမဲ့နေကြပြီး လှုပ်ရှားမှုများမှာလည်း တစ်ပြေးညီ ဖြစ်နေကြသည်။

၎င်းမှာ ထူးဆန်းကြောက်မက်ဖွယ် ကောင်းသော ခံစားချက် တစ်ခုကို ဖော်ညွှန်းနေ၏။

"ငါမသိဘူးကွ မမေးကြနဲ့တော့၊ ဘာတွေ လာမေးနေတာလဲ"

ကျန်းလင် စတင် လှုပ်ရှားတော့မည့် အချိန်တွင် အဝေးမှ ခြေသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုနောက်မှကျယ် လောင်သော အော်ဟစ် ငိုယိုသံများလည်း ထပ်ကြပ်မကွာ ထွက်ပေါ်လာတော့သည်။

"မင်းတို့ အကြိမ်တစ်ရာ ထပ်မေးလည်း ငါ သိမှာ မဟုတ်ဘူးကွ"

ထိုလူငယ်သည် အရပ်တစ်မီတာ ခုနစ်ဆယ့်ရှစ်ခန့် ရှိပြီး အပြာရောင် ကျောင်းဝတ်စုံ အင်္ကျီစများမှာ အထက်အောက် လွင့်ပျံနေကာ သူ၏ ခေါင်းပေါ်တွင် လက်ဝါးအရွယ်အစားခန့်ရှိသော အနီရောင် Iron Manအရုပ်လေး တစ်ခုကို တင်ထား၏။

သူသည်ရှည်လျားသော ခြေတံကြီးများဖြင့် အဖြူရောင် အားကစား ဖိနပ်ကိုစီးကာ အလွန် လျင်မြန်စွာ ပြေးလွှားနေပြီး သူ ဖြတ်သန်းသွားသော နေရာတိုင်း၏နောက်ကွယ်တွင် ဖုန်လုံးကြီးများ တစ်လုံးပြီးတစ်လုံး ထောင်းထောင်းထ သွားတော့သည်။

သို့သော် ကျန်းလင် အာရုံစိုက်၍ ကြည့်လိုက်၏။

ထိုလူငယ်၏ နောက်ကွယ်ရှိ ကောင်းကင်ယံအထိ လွင့်ပျံနေသော ဖုန်လုံးများထဲတွင် လက်နက်များကို ကိုင်ဆောင်ကာ ပြေးလွှားလာနေကြသည့် အရိပ်များစွာရှိနေသည်မှာ ထင်ရှားလှပေသည်။

ထို့အပြင် မေးခွန်းထုတ်နေသော အသံများစွာကိုလည်း ဝိုးတဝါး ကြားနေရ၏။

"Sin နဲ့ Cosinဖော်မြူလာတွေက ဘာလဲ"

"စက်ဝိုင်းရဲ့ အထွေထွေညီမျှခြင်းက ဘာလဲ"

"ပြေးမလို့လား မင်း ဘယ်ကို ပြေးမလို့လဲ မေးခွန်းကို မြန်မြန် ပြန်လာမဖြေဘူးလား"

------

"ဒီကလေးကို လွှတ်ပေးကြပါဗျာ ကျွန်တော် အရွယ်တောင် မရောက်သေးပါဘူး"

ထိုလူငယ်သည် နောက်ကို လှည့်မကြည့်ဘဲ လေပြင်းတစ်ချက်ကဲ့သို့ ကျန်းလင် ဘေးမှ ဖြတ်ပြေးသွားတော့၏။

သို့သော် ခြေနှစ်လှမ်းခန့် ပြေးသွားပြီးနောက် ထိုလူငယ်သည် ရုတ်တရက် ဘရိတ်အုပ်လိုက်ပြန်သည်။

ထို့နောက် ကျန်းလင်ကို ရုတ်တရက် လှည့်ကြည့်လာ၏။

ထို့ပြင် ဘေးတွင် လက်နက်များ ကိုင်ဆောင်ကာ တဖြည်း ဖြည်း ချဉ်းကပ်လာနေသော အလုပ်သမားများနှင့် အထက် ကောင်းကင်ယံမှ ကျန်းလင်၏ ခေါင်းပေါ်သို့ ရောက်ရှိလာတော့မည့် ကရိန်းကိုပါ လှမ်းကြည့်လိုက်သည်။

'...'

'သောက်ကျိုးနည်း ဒါ အသစ်ရောက်လာတဲ့သူမလား'

'ဒီလောက်တောင် တည်ငြိမ်နေတာလား'

'ဒါမှမဟုတ် ကြောက်လွန်းလို့ ကြောင်သွားတာများလား'

လူငယ်သည် အံ့သြတုန်လှုပ်စွာဖြင့် မျက်လုံးပြူးကြည့်ရင်း ကျန်းလင်ကို လှမ်းအော်လိုက်၏။

"ပြေးလေ မင်းက ဘာလို့ ကြောင်တောင်တောင် ရပ်နေတာလဲ၊ အဲဒီကောင်တွေ ရိုက်ရင် သေလောက်အောင် နာတယ်ကွ"

ပြောပြီးသည်နှင့် သူသည် ခြေကုန်သုတ်၍ ပြေးတော့သည်။

ထိုအမြန်နှုန်းမှာ ရှည်လျားသော ခြေတံကြီး နှစ်ချောင်း ပိုင်ဆိုင်ထားသည်နှင့် အမှန်တကယ် ထိုက်တန်လှပေ၏။

ကျန်းလင်သည် လူငယ်ကို တစ်ချက် ကြည့်လိုက်ပြီး နောက်မှ လိုက်လာသော အလုပ်သမားအချို့ကို ပေါ့ပါးစွာ ရိုက်လွှင့်လိုက်ကာ အနောက်မှ လိုက်သွားတော့သည်။

၎င်းမှာ တာဝန်ပေးစင်တာမှ လူများပြောခဲ့သော ဤကိစ္စတွင် ပါဝင်ပတ်သက်နေသည့် လူသားဖြစ်လောက်ပေသည်။

သို့သော် အခြားသော ဝိညာဉ်တမန်တော်များ မည်သည့်နေရာတွင် ရှိနေသည်ကိုမူ သူ မသိပါချေ။

လိုက်သွားရင်းဖြင့် ကျန်းလင်အကြည့်များသည် ထိုလူငယ်၏ ခေါင်းပေါ်သို့ မသိမသာ ရောက်ရှိသွားတော့၏။

'ဘာလို့ အနီရောင်ကစားစရာ အရုပ်ကြီးကို ခေါင်းပေါ်မှာ တင်ထားရတာလဲ'

'ဘာလို့များ'

'ဒီလောက် ပြေးနေတာတောင် အဲဒီ အရုပ်က မကျရတာလဲ'

'ခေါင်းပေါ်မှာများ ပေါက်နေတာလား'

----

"ဒီဘက် ဒီဘက်"

ခေါင်းပေါ်တွင် အနီရောင်အရုပ် တင်ထားသော လူငယ်သည် အတွေ့အကြုံ အလွန်များပြားပုံရပြီး ကျန်းလင်ကို ခေါ်ဆောင်ကာ ဘယ်ကွေ့ ညာကွေ့ဖြင့် နောက်ဆုံးတွင် ကျဉ်းမြောင်းသော သံပြားတဲလေး တစ်ခုထဲသို့ ပုန်းအောင်းဝင်ရောက်သွားတော့သည်။

ထို့နောက် လျင်မြန်စွာ တံခါးပိတ်ပြီး သော့ခတ်လိုက်ကာ တံခါးကြားမှတစ်ဆင့် အပြင်ဘက်ရှိ ထိုမိစ္ဆာ အလုပ်သမားများ ထွက်ခွာသွားသည်ကို ကြည့်လိုက်၏။

ထိုအခါမှသာ ဖူကျဲသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး တံခါးရွက်ကို မှီကာ မြေပြင်ပေါ်သို့ လျှောကျသွားရင်း သူ့ အသက်ရှူနှုန်းကို ထိန်းညှိနေတော့သည်။

အသက်ရှူ မှန်သွားသောအခါမှ သူသည် တံခါးကြားမှတစ်ဆင့် အပြင်ဘက်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ထိုမိစ္ဆာ အလုပ်သမားများ ဝေးကွာသွားပြီဖြစ်ကြောင်း သေချာအောင် လုပ်လိုက်၏။

"ဟေး မင်းက ဒီနေ့မှ အသစ်ရောက်လာတာလား"

သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်ရှိ ဦးထုပ်မြင့်ကြီးတွင် 'တစ်ချက်မြင်ရုံဖြင့် ဓနဥစ္စာ တိုးပွားစေသည်' ဟု ရေးသားထားသော ကျန်းလင်ကို ကြည့်လိုက်သည်။

"မင်း ဝတ်ထားတာက အဖြူရောင် ဝိညာဉ်တမန်တော်ရဲ့ ဝတ်စုံမလား မင်းက အဖြူရောင်ဝိညာဥ်တမန်တော် ဖြစ်ချင်နေတာလား"

"အရမ်းမိုက်တယ်ကွာ"

ဖူကျဲသည် တိုးညင်းသော အသံဖြင့် ပြောလိုက်ပြီး ကျန်းလင် ကို လက်မ ထောင်ပြလိုက်၏။

ကျန်းလင်သည် တစ်ဖက်လူ၏ စကားများကို စဉ်းစားနေရင်း သူ့ အကြည့်များက ထိုလူငယ်၏ ခေါင်းပေါ်ရှိ အနီရောင် အရုပ်လေးပေါ်သို့ ကျရောက်သွားကာ "မင်းရဲ့ ဒါကရော" ဟု မေးလိုက်သည်။

ဖူကျဲသည် နှုတ်ခမ်းထောင့်ကို တွန့်လိုက်ပြီး "ငါ့ခေါင်းပေါ်က ဒါကို ပြောတာလား Iron man လေ၊ မိုက်တယ်မလား" ဟု ပြန်ဖြေလိုက်၏။

ကျန်းလင် : '......'

မိုက်သလား၊ မမိုက်ဘူးလား ဆိုတာကိုတော့ သူ မသိသော် လည်း အဘယ်ကြောင့် ဤကဲ့သို့ ခေါင်းပေါ်တွင် တင်ထားရသနည်း။

လူငယ် ယခုလေးတင် ပြောသွားခဲ့သော စကားများကို ဆက်စပ်တွေးတောကြည့်လိုက်သောအခါ ကျန်းလင်၏ ခေါင်းထဲတွင် အတွေးတစ်စ လျင်မြန်စွာထွက်ပေါ်လာတော့သည်။

ဤလေဟာနယ်သည် စိတ်ကူးယဉ်မှု အချို့ကို လက်တွေ့ အကောင်အထည် ပေါ်လာစေနိုင်သော စွမ်းရည် ရှိလောက်ပေသည်။

လူငယ်၏အမြင်တွင် ကျန်းလင် သည် အဖြူရောင် ဝိညာဉ်တမန်တော်ဖြစ်ချင်သောကြောင့် အဖြူရောင် ဝိညာဉ်တမန်တော်၏ပုံစံဖြင့် ပေါ်လာခြင်း ဖြစ်သည်လော။

ဤသို့ တွေးကြည့်မည်ဆိုလျှင် ဤလူငယ်က Iron man ဖြစ်ချင်နေခြင်း မဟုတ်ပါလော။

"ငါ့နာမည်က ဖူကျဲ၊ ပေးဆပ်ခြင်း ဆိုတဲ့ ဖူ၊ မကာရရာသီ ဆိုတဲ့ ကျဲ လေ၊ မင်း နာမည်က ဘယ်လိုခေါ်လဲ"

ဖူကျဲ စကားလမ်းကြောင်း လွှဲလိုက်ပြီး မေးလိုက်၏။

ထိုအခါ ကျန်းလင်သည် လူငယ်ကို တစ်ချက် ကြည့်လိုက်သည်။

ကြည့်ရသည်မှာ တစ်ဖက်လူက သူ့အား လူသား တစ်ယောက်ဟု ထင်မှတ်နေပုံရ၏။

သို့သော် ဤထူးဆန်းသော တစ္ဆေနယ်မြေထဲတွင် ကျန်းလင် သည် အများကြီး အံ့သြမနေခဲ့ပါချေ။

မည်သို့ပင်ဖြစ်စေ အကယ်၍ တစ္ဆေနယ်မြေ၏ အပြင်ဘက်တွင်သာ ဆိုပါက ဤလူငယ်နှင့် ထိုအလုပ်သမားများသည် သူ၏ အနီးသို့ ချဉ်းကပ်လာနိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

တစ္ဆေနယ်မြေ၏ သဘောတရားအရ ပြောရမည်ဆိုလျှင် သူသည်လည်း လူငယ်နှင့် တူညီနေပြီး အားလုံးမှာ စာမေးပွဲ လာဖြေကြသူများသာဖြစ်သည်။

"ကျန်းလင်"

ထို့နောက်ကျန်းလင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

----

[...]

ထိုအရာကို မြင်သောအခါ Streamer ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ အားလုံး၏မျက်လုံးများ ပြိုင်တူ အရောင်လက်သွားကြတော့သည်။

နောက်ဆုံးတော့ သူတို့ Streamer ရဲ့ နာမည်အပြည့်အစုံကို သိသွားကြပြီလေ။

[ဒီတစ်ခါရလိုက်တဲ့ အမြတ်က သေးမနေဘူး၊ မှတ်စုစာအုပ် သေးသေးလေး တစ်အုပ်ယူပြီး သေချာ မှတ်ထားရမယ်]

[ဒီညီအစ်ကိုဖူ ၊ မင်း လုပ်တာ အရမ်းကောင်းတယ်ကွ]

-----

သံပြားတဲလေး အတွင်း၌

ဖူကျဲ တီးတိုး ရေရွတ်လိုက်သည်။

"ကျန်းလင် မြစ်ကမ်းဘေးက သစ်တောဆိုတဲ့ အဓိပ္ပါယ်လား"

ကျန်းလင် : "မင်း အဲဒီလို နားလည်ချင်လည်း ရပါတယ်"

စာလုံးကတော့ မမှားပါချေ။

"ဒါတွေက အရေးမကြီးပါဘူး"

ဖူကျဲ သည် ရုတ်တရက် ကိုယ်ကို မတ်မတ် ထိုင်လိုက်ပြီး မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်၏။

"ဘာသာရပ် အားလုံးထဲမှာ မင်း ကျွမ်းကျွမ်းကျင်ကျင် ရှိတဲ့ ဘာသာရပ် တစ်ခုခုရှိလား"

'ကျွမ်းကျွမ်းကျင်ကျင်ရှိတဲ့ ဘာသာရပ် ဟုတ်လား'

ကျန်းလင် ခဏမျှ စဉ်းစားလိုက်ပြီး "နည်းနည်းပါးပါး ရိုက်နှက်တတ်တာကိုရော ထည့်တွက်လို့ ရလော" ဟု မေးလိုက်သည်။

"အားကစား ဘာသာရပ်လား ဒါဆိုရင် ငါနဲ့ တူတူပဲပေါ့"

ဖူကျဲမျက်နှာအမူအရာမှာ ချက်ချင်းပင် ညှိုးနွမ်းသွားပြီး နှုတ်ခမ်းကို ရွဲ့လိုက်ကာ "ဒါပေမယ့် ပြေးနိုင်တာကလည်း ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ"

"ဖြေမရတဲ့ မေးခွန်းတွေနဲ့ ကြုံလာရင် အားကုန်သုံးပြီးသာ ပြေးပေတော့"

ကျန်းလင် : "အကယ်၍ ပြေးမလွတ်ရင်ကော"

ဖူကျဲသည် မျက်လုံးကို ပျင်းရိစွာ ပင့်ကြည့်လိုက်ပြီး "ဒါဆိုရင် သေဖို့သာ စောင့်နေတော့"

ကျန်းလင် : "ပြန်ရိုက်လို့ မရနိုင်ဘူးလား"

ဤလေဟာနယ်တွင် မေးခွန်းဖြေခြင်းနှင့် ပြေးခြင်း ဆိုသော ရွေးချယ်စရာ နှစ်ခုတည်းသာရှိနေသည်လော။

သို့သော် သူ စောစောက ထိုအုတ်နီခဲ ပစ်ပေါက်သော အလုပ် သမားကို ရိုက်လွှင့်လိုက်ချိန်တွင် ဤတစ္ဆေနယ်မြေသည် မည်သည့် တုံ့ပြန်မှု ယန္တရားမျှ ပြသခဲ့ခြင်း မရှိပါချေ။

'နေပါဦး၊ ရှိခဲ့ပုံပေါ်တယ်'

ထိုအချိန်က အလုပ်သမားများ အားလုံးကြည့်လာကြပြီး ဝိုင်းဝန်း တိုက်ခိုက်ရန်ပြင်ဆင်နေခဲ့ကြသည်လေ။

"ပြန်ရိုက်မယ် ဟုတ်လား"

ဖူကျဲ သဲ့သဲ့လေး ရယ်မောလိုက်ပြီး "မင်းက တစ်ဖက်လူကို လူသားလို့ ထင်နေတာလား အဲဒီမိစ္ဆာတွေက မသေနိုင်ဘူးကွ"

"သေသွားရင်တောင် ပိုများပြားတဲ့ မိစ္ဆာတွေ ထပ်ပေါ်လာဦးမှာပဲ"

"တကယ့်ကို အိပ်မက်ဆိုးကြီးပါပဲ"

ဖူကျဲ တီးတိုး ရေရွတ်လိုက်၏။

"ဟုတ်တယ်၊ အိပ်မက်ဆိုးပဲ၊ ဒါက ဘယ်တော့မှ နိုးထလာနိုင်မှာ မဟုတ်တဲ့ အိပ်မက်ဆိုးကြီး တစ်ခုပဲ"

ထိုအခါကျန်းလင် မေးလိုက်သည်။

"ဒီနေရာက အတိအကျ ဘယ်လို နေရာမျိုးလဲ"

ဖူကျဲ အနောက်ရှိ တံခါးရွက်ကို ထပ်မံ မှီလိုက်ပြီး "ငါလည်း သေချာ မသိဘူး၊ ဘာပဲဖြစ်ဖြစ် နေ့တိုင်းနိုးလာတာနဲ့ ဒီမှာ ရောက်နေတာပဲ"

"ဒီနေရာက ကျောင်းတစ်ကျောင်းနဲ့ တူတယ်၊ နေ့တိုင်း အတန်းတက်ရတယ်၊ အတန်းဆင်းရတယ်၊ ကျောင်းဆင်းရတယ်"

သို့သော် ဤ 'ကျောင်း၏ သင်ကြားရေး နည်းလမ်း' က အနည်းငယ် ကြောက်မက်ဖွယ် ကောင်းပြီး အနည်းငယ် တစ်မူထူးခြားနေခြင်းသာ ဖြစ်သည်။

"ဒီအချိန်က သင်္ချာအတန်းချိန်ပဲ၊ ငါတို့က အတန်းဆင်းတဲ့အချိန် ရောက်တဲ့အထိ တောင့်ခံနိုင်ရင် ရပြီ၊ အဲဒီအချိန်ကျရင် တခြားသူတွေနဲ့ သွားဆုံကြတာပေါ့" ဟု ဖူကျဲ က ပြောလိုက်၏။

အကယ်၍ လမ်းခုလတ်တွင် ပြေးရင်းကွဲမသွားခဲ့လျှင် သူသည်လည်း ဤဘက်တွင် တစ်ယောက်တည်း အသက်လု၍ ပြေးနေရမည် မဟုတ်ပါချေ။

မူလကတော့ အသစ်ရောက်လာသော ဤသူသည် သင်္ချာ အနည်းငယ် တတ်ကျွမ်းလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော် လည်း ရလဒ်မှာမူ သူနှင့် အတူတူပင်ဖြစ်နေသည်။

'ဟူး'

ယခုအခါ ဤအိပ်မက်ဆိုးမှ အတန်းဆင်းမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

'တောက်'

'တောက်'

တိတ်ဆိတ်‌နေစဉ်သူတို့နှစ်ဦး ရှိနေသော တဲလေး၏ အပြင်ဘက်မှ ထူးဆန်းသော အသံတစ်သံ ရုတ်တရက်ထွက်ပေါ် လာတော့၏။

ထိုအခါဖူကျဲ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ချက် ချင်းထကာ တံခါးကြားမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"သောက်ကျိုးနည်း”

All Chapters