← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃) စူးရှင်းမုန်းနှင့် ပထမဆုံး တွေ့ဆုံခြင်း

နောက်နေ့ စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။

မျက်နှာသစ် နံနက်စာ စားပြီးနောက် နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီး၏ လမ်းပြမှုဖြင့် နန်းတော်သို့ ရောက်ရှိလာလေသည်။

ပို၍တိတိကျကျ ပြောရလျှင် ၎င်းကို အရံနန်းဆောင် ဟု ခေါ်ဆိုသင့်ပေသည်။

ချင်းယို ဧကရာဇ်မြို့တော်တွင် နန်းတော်ကို အဓိကနန်းဆောင်နှင့် အရံနန်းဆောင် ဟူ၍ တိကျစွာ ခွဲခြားထားသည်။

အဓိကနန်းဆောင်သည် နန်းတော်တစ်ခုလုံး၏ အလယ်ဗဟိုတွင် တည်ရှိပြီး မယ်တော်ကြီး၊ ဧကရာဇ်၊ သူ၏ မိဖုရားများနှင့် မင်းသား မင်းသမီးများ၏ နေအိမ်အဖြစ် အသုံးပြုလေသည်။

အရံနန်းဆောင်များတွင် တော်ဝင်မိသားစု၏ ဘိုးဘေးကြီး တရားကျင့်ကြံရာ တားမြစ်နယ်မြေ၊ ကိုးကွယ်မှု ခန်းမဆောင်၊ အိမ်ရှေ့မင်းသား၏ စံအိမ်နှင့် အသက်ဆယ်နှစ်အထက် မင်းသားများ၏ စံအိမ်များနှင့် အခြားအရာများ ပါဝင်ပေသည်။

ချန်ချင်း ခန်းမဆောင်နှင့် မဟာငြိမ်းချမ်းရေးခန်းမဆောင် ကဲ့သို့သော အဆောက်အအုံများသည် အမှန်တကယ်တွင် အဓိကနန်းဆောင်နှင့် အရံနန်းဆောင်ကြား လမ်းဆုံတွင် တည်ရှိပြီး အဓိကနန်းဆောင်နှင့် အရံနန်းဆောင် နှစ်ခုစလုံးနှင့် သက်ဆိုင်လေသည်။

ယနေ့ နန်ကုန်းယွီ သွားမည့် ကြီးကြပ်ရေးရုံးမှာ အရံနန်းဆောင်တွင် တည်ရှိပြီး နန်းတော်အစောင့်တပ်၏ ဘေးနှင့် တော်ဝင်နန်းတော် ခန်းမနှင့် မဝေးလှသော နေရာတွင် တည်ရှိပေသည်။

ကြီးကြပ်ရေးရုံးသည် အဓိကနန်းဆောင်ကို ဖယ်ထားလျှင် နန်းတော်တစ်ခုလုံးတွင် အလုံခြုံဆုံး နေရာဖြစ်သည်ဟု ဆိုနိုင်လေသည်။

ထိုအုပ်စုသည် ကြီးကြပ်ရေးရုံး အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် အစောင့်လေးဦးက တံခါးဝတွင် လူငယ်တစ်ဦးကို တားဆီးထားသည်ကို တွေ့လိုက်ရပေသည်။

"မင်းက ဘယ်မိသားစုကလဲ... ကျေးဇူးပြုပြီး မင်းရဲ့ အထောက်အထားကို ပြပါ..."

ဤသည်ကို မြင်ချိန်တွင် လူငယ်လေးမှာ အံ့အားသင့်သွားပုံရလေသည်။

"မင်္ဂလာပါ... ကျွန်တော့်နာမည်က စူးရှင်းမုန်းပါ... မနေ့က အရှင်မင်းကြီးဆီကနေ ကြီးကြပ်ရေးရုံးကို ဝင်ခွင့်ပြုတဲ့ အထူးခွင့်ပြုချက် ရခဲ့ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ တံဆိပ်ပြား မရှိပါဘူး..."

"တံဆိပ်ပြား မရှိဘူးလား... တံဆိပ်ပြား မပါဘဲ နန်းတော်ထဲကို ဘယ်လိုဝင်လာတာလဲ... မင်း ခိုးဝင်လာတာလား..."

အစောင့်လေးဦး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး စူးရှင်းမုန်းကို သတိထား၍ ကြည့်လိုက်ကြလေသည်။

ဝိညာဉ်ပြောင်းလဲခြင်းအဆင့်၏ အရှိန်အဝါ လေးခုက လှုပ်ခတ်သွားပြီး အချိန်မရွေး တိုက်ခိုက်ကာ သူတို့ရှေ့ရှိ လူငယ်လေးကို နှိမ်နင်းရန် အသင့်ဖြစ်နေပုံရပေသည်။

စူးရှင်းမုန်းက အလျင်အမြန် ခေါင်းခါပြလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် နန်းတော်ရဲ့ အနောက်ဘက် တံခါးကနေ ဝင်လာတာပါ... အမိန့်တော်အရ ကြီးကြပ်ရေးရုံးကို ဝင်ဖို့ အထူးခွင့်ပြုချက် ရထားတယ်လို့ အစောင့်တွေ ကြားတော့ သူတို့က ကျွန်တော့်ကို ပေးဝင်လိုက်တယ်... ပြီးတော့ နောင်မှာ အဆင်ပြေအောင် တံဆိပ်ပြားတစ်ခု သွားယူဖို့ ကြီးကြပ်ရေးရုံးရဲ့ ကျောင်းအုပ်ကြီးဆီ သွားဖို့တောင် ပြောလိုက်သေးတယ်..."

ဤစကားကို ကြားချိန်တွင် အစောင့်လေးဦးက သံသယဖြင့် ကြည့်လိုက်ကြသည်။

"အဲ့ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်... တံဆိပ်ပြား မပါဘဲ ကြီးကြပ်ရေးရုံးထဲကို ဝင်လို့ မရဘူး... တကယ်လို့ ဒါက မင်းရဲ့ ပထမဆုံး အကြိမ်ဆိုရင် မင်းကို လမ်းပြပေးမယ့်သူ တစ်ယောက်ယောက် ရှိရမယ်လေ..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် ခါးသက်သက် ပြုံးမိသွားသည်။

"ဒါပေမဲ့ ကျွန်တော် မြို့တော်ကို အခုလေးတင် ရောက်တာပါ... ဘယ်သူ့ကိုမှလည်း မသိဘူး... ကျွန်တော့်ကို လမ်းပြပေးဖို့ ဘယ်သူ့ကို သွားခိုင်းရမှာလဲ..."

"အဲ့ဒါကို ငါတို့ ဂရုမစိုက်ဘူး... မင်းကို ခေါ်သွားဖို့ ဆရာတစ်ယောက် (ဒါမှမဟုတ်) အဆင့်မြင့် အရာရှိ တစ်ယောက်ယောက် ရှိရမယ်... မဟုတ်ရင် မင်းကို ဝင်ခွင့်မပေးနိုင်ဘူး..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် ငိုချင်သလို ခံစားလိုက်ရလေသည်။ သူမသည် အမိန့်တော်ကို လက်ခံရရှိထားပြီးဖြစ်ရာ ကြီးကြပ်ရေးရုံးထဲသို့ ဝင်ရမည်ဖြစ်ပြီး မဟုတ်ပါက အမိန့်တော်ကို မနာခံရာ ရောက်ပေလိမ့်မည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သူမသည် ဧရာမ အင်ပါယာကြီးနှင့် ယှဉ်နိုင်သူ မဟုတ်ချေ။ အမိန့်ကို သူမ ဘယ်လိုလွန်ဆန်ရဲမည်နည်း။

ဒါပေမဲ့ အခု အစောင့်တွေက သူမကို ပေးမဝင်တော့ သူမက ကျောင်းအုပ်ကြီးနဲ့ တွေ့ပြီး တံဆိပ်ပြား မယူနိုင်ဘူး... ပြီးတော့ တံဆိပ်ပြားမရှိရင် သူမ ဝင်လို့မရဘူးလေ။

ဒါက ပြဿနာ သံသရာလည်နေသလို ဖြစ်သွားပုံရတယ်။

အစောင့်က သူမကို ခေါ်သွားဖို့ တစ်ယောက်ယောက်ကို ရှာနိုင်တယ်လို့ ပြောပေမဲ့ သူမက ချင်းယို ဧကရာဇ်မြို့တော်ကို အသစ်ရောက်လာတာဖြစ်ပြီး ဘယ်သူ့ကိုမှလည်း မသိဘူးလေ။ လူတစ်ယောက်ကို သူမ ဘယ်လိုရှာနိုင်မှာလဲ။

"ကောင်းပြီ... မြန်မြန်ထွက်သွားတော့... မင်း ဝင်ချင်တယ်ဆိုရင် တံဆိပ်ပြား ပြပါ... ဒါမှမဟုတ် မင်းကို လမ်းပြပေးမယ့်သူ တစ်ယောက်ယောက်ကို ရှာခဲ့"

အစောင့်က တွေဝေနေသော စူးရှင်းမုန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

စူးရှင်းမုန်း အကူအညီမဲ့သွားပြီး အခြားနည်းလမ်းတစ်ခု စဉ်းစားရန် ထွက်သွားတော့မည့်ဆဲဆဲ သူမ၏ အနောက်မှ ကလေးဆန်သော အသံတစ်ခုကို ကြားလိုက်ရပေသည်။

"ငါ သူ့ကို ခေါ်သွားလို့ ရမလား... အဲ့ဒီလို လုပ်ပိုင်ခွင့် ငါ့မှာ ရှိ၊ မရှိ မသိဘူးနော်..."

စူးရှင်းမုန်း လှည့်ကြည့်လိုက်ရာ သူမအနောက် မလှမ်းမကမ်းတွင် အမျိုးသမီးတစ်ဦး၏ လက်ကိုဆွဲထားသော ကောင်လေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

သူ၏နောက်တွင် အစေခံမလေးတစ်ဦး ရှိပြီး သူမ၏ ပခုံးတစ်ဖက်တစ်ချက်စီတွင် အရောင်အသွေးစုံလင်သော စာကလေးတစ်ကောင်နှင့် နဂါးဖြူလေး တစ်ကောင်တို့ နားခိုနေကြပေသည်။

ရောက်လာသူများကို မြင်ချိန်တွင် အစောင့်လေးဦးက အနည်းငယ် ဦးညွှတ်လိုက်ကြပြီး ပြောလိုက်၏။

"ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်... ကျန်းပေ့မင်းသားကို ဂါရဝပြုပါတယ်..."

" မလိုပါဘူး..."

နန်ကုန်းယွီက သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏လက်ထဲရှိ တံဆိပ်ပြားကို မြှောက်ပြလိုက်သည်။

"ဒီတံဆိပ်ပြားနဲ့ သူ့ကို ခေါ်သွားလို့ ရမလား..."

အစောင့်က တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။

"သေချာတာပေါ့... အထဲကြွပါ..."

အစောင့် စကားပြောနေစဉ် သူသည် အလျင်အမြန် တံခါးဖွင့်ပေးကာ လမ်းဖယ်ပေးပြီး အနည်းငယ် ဦးညွှတ်လိုက်ပေသည်။

နန်းတော် အစောင့်ဟောင်းများအနေဖြင့် ထိုတံဆိပ်ပြား၏ အဓိပ္ပာယ်ကို သဘာဝကျကျ သိထားကြလေ၏။ ၎င်းက သူတို့ကို နန်းတော်အတွင်း မည်သည့်နေရာကိုမဆို သွားခွင့်ပေးထားပေသည်။

ဧကရာဇ်၏ အိပ်ဆောင်ဖြစ်သော ဖုန်းရှန်း ခန်းမဆောင်ကိုတောင် သွားခွင့်ရှိလေသည်။

နန်ကုန်းယွီက သူ၏ဘေးရှိ လူငယ်လေးကို ကြည့်လိုက်သည်။

"ဒီ... အစ်ကိုကြီး... အတူတူ ဝင်သွားကြရအောင်..."

စူးရှင်းမုန်း အခြေအနေကို နားလည်သွားပြီး အလျင်အမြန် အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

"ကျန်းပေ့မင်းသားကို ကျေးဇူးတင်ပါတယ်... ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်..."

"မလိုပါဘူး..."

နန်ကုန်းယွီက လက်ယမ်းပြလိုက်ပြီး ထိုအုပ်စုသည် ကြီးကြပ်ရေးရုံး အတွင်းသို့ ဝင်ရောက်သွားကြလေသည်။

ထိုအချိန်တွင် နန်ကုန်းယွီက ပြုံးကာ မေးလိုက်သည်။

"အစ်ကိုကြီး... အစ်ကိုကြီးက မနေ့က ဒီကြီးကြပ်ရေးရုံးကို ဝင်ဖို့ အရှင်မင်းကြီးဆီက အထူးခွင့်ပြုချက် ရခဲ့တယ်လို့ ခုနက ပြောလိုက်တာလား..."

"ဟုတ်ပါတယ် မင်းသားငယ်..."

စူးရှင်းမုန်းက အလျင်အမြန် ခေါင်းညိတ်လိုက်၏။

"အရှင်မင်းကြီးရဲ့ ထူးခြားတဲ့ စွမ်းရည်က တကယ်ကို အံ့ဩစရာပါပဲ... အင်ပါယာရဲ့ တောင်ဘက်ကနေ လမ်းတစ်လျှောက်လုံး ကျွန်တော် လုပ်ခဲ့သမျှကို သိပြီး ကျွန်တော့်ကို ဆုချတဲ့အနေနဲ့ ဒီကြီးကြပ်ရေးရုံးကို ဝင်ခွင့်ပေးခဲ့တာပါ... ရှင်းမုန်းက အများကြီး ကျေးဇူးတင်ပါတယ်..."

မြေနတ်ဆိုးများက နန်ကုန်းအောက်ထျန်းထံ တိုက်ရိုက်သွားကာ သူတို့၏ အမိန့်ကို လုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်မည်ဟု နန်ကုန်းယွီ ခန့်မှန်းမိပြီး ချက်ချင်း နားလည်သွားလေသည်။

သူက စူးရှင်းမုန်းကို ကြည့်လိုက်သည်။

"အမိန့်ပြန်တမ်း ရှိလား..."

"ရှိပါတယ်..."

စူးရှင်းမုန်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး အမိန့်ပြန်တမ်းကို ထုတ်ယူကာ လက်ဖဝါးထဲတွင် ကိုင်၍ ကမ်းပေးလိုက်ပေသည်။

နန်ကုန်းယွီက လက်ယမ်းပြလိုက်သည်။

"ပြန်သိမ်းထားလိုက်ပါ... တကယ်တော့ မင်း အဲ့ဒီအမိန့်ပြန်တမ်းကို သူတို့ကို ပြလိုက်ရင် မင်းကို ပေးဝင်မှာပါ..."

အဲ့ဒီလိုလား...

စူးရှင်းမုန်း အံ့အားသင့်သွားသည်။ သူမ ထိုအကြောင်းကို တကယ် မသိခဲ့ချေ။

"ဒါဆို မင်းသားငယ်ကို ကျေးဇူးတင်ရဦးမယ်... မဟုတ်ရင် ရှင်းမုန်း ဒုက္ခရောက်နေတာ ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူသိမလဲ..."

"ကျောင်းအုပ်ကြီးဆီ အရင်သွား သတင်းပို့ကြတာပေါ့... အဲ့ဒါလုပ်နေတုန်း မင်းရဲ့ တံဆိပ်ပြားကိုလည်း ယူလိုက်ကြမယ်လေ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ပြီးရင် ဘယ်ဆရာတွေ အားလဲ၊ သူတို့ ဘယ်အချိန် စာသင်မလဲ၊ ပြီးတော့ မင်း ဘာကို စိတ်ဝင်စားလဲဆိုတာ ရှာကြည့်သင့်တယ်... ပြီးရင် အဲ့ဒါကိုပဲ လေ့လာပေါ့..."

စူးရှင်းမုန်းက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျွန်တော် အဲ့ဒါကို မသိခဲ့ဘူး... သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသားငယ်..."

နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းကာ ရှင်းပြလိုက်သည်။

"မကြာခင် မင်း ဒါတွေအားလုံးကို သိလာမှာပါ... ဒီကြီးကြပ်ရေးရုံးရဲ့ သင်ကြားရေးပုံစံက အရမ်းကို အထူးသီးသန့် ဆန်တယ်... အခြေခံသင်ကြားမှုက အသက် သုံးနှစ်အောက် ကလေးတွေအတွက်ဖြစ်ပြီး ကျင့်ကြံခြင်းဆိုင်ရာ အသိပညာ သင်ကြားမှုနဲ့ ကျင့်ကြံခြင်း လမ်းညွှန်မှု သင်ကြားမှုတွေကတော့ ကျောင်းသားတွေ တက်ရမယ့် အတန်းတွေလို့ ဆိုကြတယ်..."

"ဆေးဖော်စပ်ခြင်း၊ အဆောင်ရေးဆွဲခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ ဝင်္ကပါရေးဆွဲခြင်း၊ ဆေးပညာနဲ့ အဆိပ်ပညာ စတဲ့ အခြားစွမ်းရည်တွေက သီးခြား သတ်မှတ်ချက် မရှိဘူး... အားလုံးက ကိုယ်ပိုင်စိတ်ဝင်စားမှုအပေါ် အခြေခံပြီး သင်ယူရတာပဲ..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် သူမ၏ ကိုယ်ပိုင် အခြေအနေကို တွေးမိသွားကာ ခါးသက်သက် ပြုံးလိုက်လေသည်။

"ရိုးရိုးသားသား ပြောရရင် မင်းသားငယ်... ရှင်းမုန်းရဲ့ ဝိညာဉ်အမြစ်က အလုပ်မလုပ်ဘူး... ပြီးတော့ ကျင့်ကြံလို့လဲအဆင်မပြေတော့ ဆေးပညာနဲ့ အဆိပ်ပညာ အကြောင်းတချို့ပဲ လေ့လာလို့ ရမယ်ထင်တယ်..."

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဝိညာဉ်အမြစ် ပုံမှန်မဟုတ်တာက ကျင့်ကြံလို့ မရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး... ကြီးကြပ်ရေးရုံးရဲ့ သင်ကြားမှုက အတော်လေး စနစ်ကျပါတယ်... မင်း စိတ်ဝင်စားတယ်ဆိုရင် အတန်းတွေ ပိုတက်လို့ ရပါတယ်... သေချာတာပေါ့... တကယ်လို့ မင်းက အဲ့ဒီ အသိပညာတွေ အားလုံးကို နားလည်ပြီးသားဆိုရင်တော့ အဲ့ဒါက အခြားကိစ္စတစ်ခုပေါ့..."

"ရှင်းမုန်း သတိထားပါ့မယ်..."

စူးရှင်းမုန်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ အခွင့်အရေးမှာ ချင်းယိုအင်ပါယာတွင် ရှိကြောင်း သူမ၏ ဆရာ ပြောခဲ့သည်ကို ပြန်လည်အမှတ်ရသွားလေသည်။

ဤကြီးကြပ်ရေးရုံးသည် တော်ဝင်မိသားစုဝင်များနှင့် အဆင့်မြင့် အရာရှိများ၏ ကလေးများကို ပညာသင်ကြားပေးသည့် နေရာဖြစ်ပြီး သူမ၏ အခွင့်အရေးမှာ ဤကြီးကြပ်ရေးရုံး အတွင်း၌ ရှိနေနိုင်ပေသည်။

'ဒီလိုတွေးကြည့်ရင် သေချာလေ့လာကြည့်တာ တန်ကောင်း တန်နိုင်ပါတယ်’

မကြာမီမှာပင် ထိုအုပ်စုသည် ကျောင်းအုပ်ကြီး ဟန်မုဖုန်းနှင့် တွေ့ဆုံခဲ့ပြီး ကြီးကြပ်ရေးရုံး ကျောင်းသား တံဆိပ်ပြားနှင့် ကျောက်စိမ်းပြား တစ်ခုကို ရရှိခဲ့ကြလေသည်။

ထို ကျောက်စိမ်းပြားတွင် ကြီးကြပ်ရေးရုံး အကြောင်း ယေဘုယျ အသိပညာအချို့ ပါဝင်ပြီး နန်ကုန်းယွီ အခုလေးတင် ပြောပြခဲ့သော ဆရာအမျိုးအစားများ၊ အတန်းချိန်နှင့် အတန်းအမျိုးအစားများ၊ ကြီးကြပ်ရေးရုံး အဆောက်အအုံများ၏ နေရာချထားမှု စသည်တို့ ပါဝင်ပေသည်။

နန်ကုန်းယွီသည် ကြီးကြပ်ရေးရုံးမှ လျှောက်ထွက်လာစဉ် စူးရှင်းမုန်းကို ကြည့်ကာ တွေဝေဟန်ဆောင်လိုက်လေသည်။

အခန်း (၉၄) ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ သူမကို တောင်းဆိုပါ

“မင်းသားငယ်က ရှင်းမုန်းကို ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ... ရှင်းမုန်းဆီမှာ တစ်ခုခု မှားနေလို့လား'’

နန်ကုန်းယွီ၏ အမူအရာ မှားယွင်းနေသည်ကို သတိထားမိသွားသဖြင့် စူးရှင်းမုန်းက မေးမိသွားသည်။

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဘာမှမမှားပါဘူး... ခင်ဗျားက ကျွန်တော်နဲ့ နည်းနည်း ရင်းနှီးတဲ့ပုံ ပေါက်နေလို့ တစ်ခုခု သတိပေးချင်လို့ပါ... ခင်ဗျား ကြားချင်မလား မသိဘူးနော်..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက ရယ်မောကာ ပြောလိုက်လေသည်။

"ရှင်းမုန်းက မင်းသားငယ်ရဲ့ အကြံပေးချက်ကို သေချာပေါက် နားထောင်မှာပါ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အစ်မ... မိန်းကလေး တစ်ယောက်က ယောက်ျားလေးအသွင် ဝတ်ဆင်တာ သိပ်မသင့်တော်ပါဘူး... အခု အစ်မက အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို ရထားပြီဆိုတော့ ချင်းယို ဧကရာဇ်မြို့တော်မှာ ဘယ်သူမှ အစ်မကို မထိရဲလောက်ပါဘူး... အစ်မရဲ့ မူလပုံစံအတိုင်း ပြန်နေတာက အကောင်းဆုံး ဖြစ်နိုင်တယ်နော်"

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် အံ့အားသင့်သွားသည်။

"မင်းသားငယ်... မင်း... မင်း အဲ့ဒါကို ဘယ်လိုလုပ် သိတာလဲ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အစ်မ ရှင်းမုန်းရဲ့ ရုပ်ဖျက်စွမ်းရည်က သာမန်မဟုတ်ဘူး... တစ်ခုခုက ဖုံးကွယ်ပေးထားပုံရတယ်... မယ်တော်နဲ့ တခြားသူတွေတောင် အစက မသိခဲ့လောက်ဘူး... ဒါပေမဲ့ ကျွန်တော် အရင်ဆုံး မြင်လိုက်ရချိန်မှာ အစ်မ ရှင်းမုန်းက မိန်းကလေးတစ်ယောက် ဖြစ်သင့်တယ်လို့ ခံစားမိတယ်..."

"နာမည်ကြောင့်ပဲဖြစ်ဖြစ်၊ သိမ်မွေ့တဲ့ အမူအရာတွေကြောင့်ပဲဖြစ်ဖြစ်... သိဖို့ မခက်ပါဘူး..."

"ကြီးကြပ်ရေးရုံး ပတ်ဝန်းကျင်မှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်... အချိန်ကြာလာတာနဲ့အမျှ ဒီအခြေအနေကို မြင်ဖို့ မခက်တော့ဘူး... တချို့လူတွေက ဂရုစိုက်မှာ မဟုတ်ပေမဲ့ တချို့ကတော့ ဒီလို ဖုံးကွယ်ထားတာကို သဘောကျမှာ မဟုတ်ဘူး..."

"အစ်မ ရှင်းမုန်း... အစ်မရဲ့ အစစ်အမှန် ပုံစံအတိုင်း ပြန်နေပြီး အစ်မ ဖြစ်တဲ့အတိုင်း နေထိုင်လိုက်ပါလား... အဲ့ဒါက အစ်မ အစစ်အမှန်ပဲလေ..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမရှေ့ရှိ ကောင်လေးကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မင်းသားငယ်... ရှင်းမုန်း အများကြီး သင်ယူခဲ့ရပါတယ်... ဒီနေ့တော့ အဆင်မပြေလောက်ဘူး... ဒါပေမဲ့ မနက်ဖြန်ကျရင် ပြောင်းလိုက်ပါ့မယ်..."

ဤမြင်ကွင်းကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် အံ့အားသင့်သွားသည်။ နန်ကုန်းယွီ ပြောသကဲ့သို့ပင် စူးရှင်းမုန်းက ယောက်ျားလေးအသွင် ဝတ်ဆင်ထားသည်ကို သူမ မသိခဲ့ချေ။

နန်ကုန်းယွီ မည်သို့လုပ်ဆောင်မည်ကို သိချင်သဖြင့် သူမသည် လမ်းတစ်လျှောက်လုံး စကားအလွန်နည်းခဲ့သော်လည်း ရလဒ်ကတော့ သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေခဲ့ပေသည်။

စူးရှင်းမုန်းနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ ဟန်မုဖုန်းနဲ့ တွေ့တာပဲဖြစ်ဖြစ်... နန်ကုန်းယွီရဲ့ လုပ်ဆောင်ချက်က ချီးကျူးစရာကောင်းပြီး အပြစ်ပြောစရာ မရှိပေ။

ဤနည်းအားဖြင့် နန်ကုန်းယွီသည် ကြီးကြပ်ရေးရုံးတွင် ပညာသင်ကြားခြင်းက သူမ၏ စိုးရိမ်ပူပန်မှုများစွာကို သက်သာစေခဲ့လေသည်။

'ဖြစ်နိုင်တာက ဒီကောင်လေးက ငါ့ရှေ့မှာပဲ သူ့ရဲ့ မှီခိုအားထားတတ်တဲ့ ဘက်ကို ပြတာနေမယ်’

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည်။

"ယွီအာ... သား ဒီနေ့မှ ရောက်တာဆိုတော့ သားရဲ့ အစ်မတော်ကြီးကို သွားတွေ့လို့ရတယ်... အဲ့ဒီနောက်မှာ သား သင်ချင်တာ သင်လို့ရပြီလေ... သား မသင်ချင်ရင်လည်း ချင်းလင်တို့နဲ့ ဒီမှာ ကစားနေလို့ရတယ်... မယ်တော် နန်းတော်ကို အရင်ပြန်တော့မယ်နော်... ဟုတ်ပြီလား..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူက ပြောလိုက်လေသည်။

"မယ်တော်... မယ်တော် ကျင့်ကြံဖို့ အရင်ပြန်သွားသင့်ပါတယ်... ဒီည ယွီအာ ချင်းလင်နဲ့ တခြားသူတွေကို ခေါ်ပြီး ကိုယ့်ဘာသာကိုယ် ပြန်လာခဲ့ပါ့မယ်..."

သို့သော် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းခါပြလိုက်သည်။

"အဲ့ဒါက အဆင်မပြေဘူး... ဒီည မယ်တော် ကိုယ်တိုင် သားကို လာကြိုမယ်လေ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ချက်ချင်း ပြုံးလိုက်ပြီး ရှင်းလင်းသော အသံဖြင့် ပြောလိုက်သည်။

" ကောင်းပါပြီ... ကျေးဇူးတင်ပါတယ် မယ်တော်..."

"ဒီကောင်ဆိုးလေး... သားက မယ်တော်နဲ့တောင် စနောက်နေပြီပေါ့..."

ရှန်ကွမ်ယွဲ့ရှီးက စိတ်ဆိုးဟန်ဆောင်ကာ တိုးတိုးလေး ရယ်မောလိုက်လေသည်။

"ဟီးဟီး..."

နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလိုက်ပြီး စကားတစ်ခွန်းမှ မပြောခဲ့။

"ကောင်းပြီ... မယ်တော် အခု ပြန်တော့မယ်..."

ရှန်ကွမ်ယွဲ့ရှီးက ပြုံးလိုက်ပြီး သားရဲနှစ်ကောင်ဖြစ်သော ချွဲချိုက်အာနှင့် ယင်ရွှမ်တို့ကို လှည့်ကြည့်လိုက်သည်။

"မင်းတို့နှစ်ကောင် ယွီအာကို သေချာ ကာကွယ်ပေးပြီး သူ့ကို အနိုင်ကျင့်မခံရစေနဲ့နော်... နားလည်လား..."

"နားလည်ပါပြီ..."

သားရဒနှစ်ကောင်က သဘောတူသည့်အနေဖြင့် အလျင်အမြန် ခေါင်းညိတ်လိုက်ကြလေသည်။

ရှန်ကွမ်ယွဲ့ရှီးသည် ညွှန်ကြားချက် အနည်းငယ် ထပ်ပေးပြီးနောက် ထွက်သွားလေသည်။

နန်ကုန်းယွီ၏ အေးဆေးတည်ငြိမ်သော အကြည့်နှင့် ပြုံးရွှင်နေသော မျက်နှာကို မြင်ချိန်တွင် စူးရှင်းမုန်းသည် အနည်းငယ် ဝမ်းနည်း မိသွားသည်။

'ဒါဆို မိခင်မေတ္တာဆိုတာ ဒီလိုမျိုးပေါ့…’

နန်ကုန်းယွီက သူမကို လှည့်ကြည့်လိုက်သည်။

"အစ်မ ရှင်းမုန်း... အစ်မကို တစ်ခုခုက အနှောင့်အယှက် ပေးနေမိလို့လား..."

စူးရှင်းမုန်းက အလျင်အမြန် ခေါင်းခါပြလိုက်ပြီး အပြုံးတစ်ခု ပေါ်လာလေသည်။

"ဘာမှမဖြစ်ပါဘူး မင်းသားငယ်... မင်း ဘယ်သွားမလို့လဲ... ရှင်းမုန်း အဖော်လိုက်ခဲ့ပေးရမလား..."

နန်ကုန်းယွီ ပြောသကဲ့သို့ပင် အကြောင်းရင်းတစ်ခုခုကြောင့် သူမသည် နန်ကုန်းယွီနှင့် ရင်းနှီးမှုတစ်ခုကို အမှန်တကယ် ခံစားနေရပေသည်။

"ကောင်းပြီလေ... ကျွန်တော့်ရဲ့ အစ်မကြီးဆီ ခေါ်သွားမယ်... သူက ချင်းယိုရဲ့ မင်းသမီးကြီးလေ... သူက ကြီးကြပ်ရေးရုံးမှာ နေလာတာ ဆယ်နှစ်ကျော်ပြီ... ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ သူ့ကို တောင်းဆိုလို့ ရတယ်လေ..."

"ကာကွယ်ပေးဖို့ ဟုတ်လား..."

စူးရှင်းမုန်း ရှုပ်ထွေးသွားပြီး ထိုစကားလုံး၏ အဓိပ္ပာယ်ကို သိပ်နားမလည်ခဲ့။

နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။

"အဲ့ဒါက အကာအကွယ်ကို ဆိုလိုတာပါ... အစ်မကြီးက အခု အမြုတေဖွဲ့စည်းခြင်း နောက်ပိုင်းအဆင့် ကျင့်ကြံသူလေ... သူမက ဒီကြီးကြပ်ရေးရုံးထဲမှာ ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ လုံလောက်တာထက် ပိုပါတယ်..."

ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက ပြုံးလိုက်သည်။

"မင်းသားငယ်... ဒီကြီးကြပ်ရေးရုံးထဲမှာ မင်းက အကာအကွယ် လိုလို့လား... ဘယ်သူက မင်းကို အနိုင်ကျင့်ရဲမှာလဲ..."

နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး ရယ်မောလိုက်လေသည်။

"ဟုတ်တာပေါ့... အရင်တုန်းက ဘယ်သူမှ ကျွန်တော့်ကို အနိုင်မကျင့်ရဲကြဘူး... အဲ့ဒီလိုဆိုရင် ကျွန်တော်ကလည်း အစ်မ ရှင်းမုန်းကို ကာကွယ်ပေးလို့ ရတာပေါ့..."

"ကျေးဇူးအများကြီးတင်ပါတယ် မင်းသားငယ်..."

စူးရှင်းမုန်းက ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်ရာ သူမ၏ မိန်းကလေးဆန်သော အမူအရာကို အနည်းငယ် ဖော်ပြနေပေသည်။

ဒါက သူမရဲ့ လက်ရှိ ယောက်ျားလေးအသွင်အပြင်နဲ့ ဝတ်စားဆင်ယင်မှုနဲ့ သိပ်မလိုက်ဖက်ပေ။ သိပ်ပြီး ဟန်ချက်ညီညီ မရှိဘူးပေါ့။

"ရပါတယ်..."

နန်ကုန်းယွီကလည်း ပြုံးလိုက်သည်။

မကြာမီမှာပင် သူတို့သုံးဦးသည် ကြီးကြပ်ရေးရုံး၏ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာကြလေသည်။

ကျောက်စိမ်းပြားပေါ်ရှိ ဟန်မုဖုန်း၏ မှတ်စုများအရ ယနေ့တွင် တိုက်ခိုက်ရေး သင်ခန်းစာတစ်ခု ရှိသင့်ပေသည်။

ကြီးကြပ်ရေးရုံးရှိ ကျောင်းသားများ၏ အသက်အရွယ်နှင့် ပညာရေးအဆင့်မှာ ကွာခြားသော်လည်း ဤသင်တန်းကို တစ်ပြိုင်နက်တည်း ပြုလုပ်ခြင်း ဖြစ်လေသည်။

ရည်ရွယ်ချက်မှာ ကျောင်းသားအားလုံး လမ်းညွှန်မှု လုပ်ငန်းစဉ်မှ အကျိုးအမြတ် ရရှိစေရန် သေချာစေရန် ဖြစ်ပေသည်။

ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းသည် လူများဖြင့် စည်ကားနေပြီး ဆူညံသံများမှာလည်း နားကွဲမတတ် ဖြစ်နေလေသည်။

လေ့ကျင့်ရေး စင်မြင့်၏ တစ်ဖက်တွင် ကြီးကြပ်ရေးရုံးမှ ဆရာအချို့ ထိုင်နေကြပြီး သူတို့၏ အမူအရာများမှာ တည်ကြည်လေးနက်ကာ သူတို့၏မျက်လုံးများက လေ့ကျင့်ရေး စင်မြင့် ငါးခုပေါ်ရှိ ကျောင်းသား ဆယ်ဦးကို သေချာစွာ အာရုံစိုက်နေကြပေသည်။

သိုင်းကွင်း၏ အခြားတစ်ဖက်တွင် ကျောင်းသား ရာပေါင်းများစွာသည် ကြည့်ရှုသည့် စင်မြင့်ပေါ်တွင် ထိုင်နေကြလေသည်။ ဤကျောင်းသား အများစုမှာ စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကြသည်။

သူတို့ထဲမှ အချို့က အခြားသူများ ကစားသည်ကို ကြည့်ခြင်းဖြင့် တစ်ခုခု သင်ယူနိုင်ပြီး သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို တိုးတက်လာစေရန် မျှော်လင့်နေကြပေသည်။

သို့သော် အချို့ကမူ အနည်းငယ် စိတ်မဝင်စားပုံရပြီး တိုက်ခိုက်ရေး သင်ခန်းစာကို အထူးတလည် စိတ်အားထက်သန်မှု မရှိကြပေ။

သူတို့ထဲမှ အချို့မှာ ရှုပ်ထွေးနေပုံရသေးသော်လည်း သူတို့အားလုံးမှာ အသက် သုံးနှစ်အောက် ကလေးများ ဖြစ်ကြလေသည်။

ထိုအချိန်တွင် သူတို့ထဲမှ အများအပြားသည် မကြာမီ ကျင်းပမည့် တိုက်ပွဲအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပေသည်။

"မင်းသမီးကြီးနဲ့ ကျောက်ဝူအန်း... ဘယ်သူက ပိုတော်မယ်လို့ မင်းထင်လဲ..."

တစ်စုံတစ်ဦးက မေးလိုက်ပြီး အလယ်ရှိ သိုင်းပြိုင်ကွင်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

"အဲ့ဒါက ပြောစရာတောင် မလိုဘူး... နှစ်ယောက်စလုံးက အမြုတေဖွဲ့စည်းခြင်း နောက်ပိုင်းအဆင့်တွေဆိုပေမဲ့ ကျောက်ဝူအန်းက ဓားဆန္ဒရဲ့ အခြေခံကို နားလည်ထားတယ်လို့ သတင်းထွက်နေတာလေ... မင်းသမီးကြီးကတော့ အဲ့ဒီလို မဟုတ်ဘူး... သူမက ဘယ်လိုလုပ်ပြီး သူ့ရဲ့ ပြိုင်ဘက် ဖြစ်နိုင်မှာလဲ..."

"အဲ့ဒါ မတိကျဘူး... မင်းသမီးကြီးက အဆောင်ပညာရှင်လေ... သူမက စတုတ္ထအဆင့် အဆောင်ပညာရှင်လို့ ပြောကြတယ်... သူမရဲ့ အဆောင်တွေရဲ့ စွမ်းအားက အသေးအဖွဲ မဟုတ်ဘူးနော်..."

"ကြီးကြပ်ရေးရုံးက တိုက်ခိုက်ရေး လေ့ကျင့်မှုမှာ အဆောင်တွေနဲ့ ဆေးလုံးတွေ သုံးတာကို ခွင့်မပြုဘူးဆိုတာ မင်း မေ့သွားပြီလား... ဒါက အပြင်ဘက်က တိုက်ပွဲလို့ မင်းထင်နေတာလား..."

"အဲ့ဒါတော့ မှန်တယ်... ဒါဆို ဒီတိုက်ပွဲမှာ ကြည့်စရာ ဘာမှမရှိတော့ဘူး... တခြားအကောင်တွေကိုပဲ သွားကြည့်ကြရအောင်... တကယ့်တိုက်ပွဲတွေမှ အကြိတ်အနယ် ရှိတာ..."

"မင်း အရမ်းတွေးနေတာပဲ... တိုက်ခိုက်ရေး လေ့ကျင့်မှုမှာ တကယ့်တိုက်ပွဲကို မရောက်အောင် ရပ်တန့်ဖို့ လိုတယ်... မင်းက ဘယ်လိုလုပ်ပြီး တကယ့်တိုက်ပွဲကို လုပ်နိုင်မှာလဲ..."

"ဟားဟား... အဲ့ဒါတော့ မှန်ပဲ..."

"ကောင်းပြီ... သေချာကြည့်ထား... ဒါက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ပွဲပဲလေ... သင်ယူစရာတွေ အများကြီး ရှိပါတယ်..."

"..."

လူအုပ်ကြီး၏ တီးတိုးစကားပြောသံများကြားတွင် ကြည့်ရှုသည့် စင်မြင့်အနောက်မှ ကလေးဆန်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

All Chapters